ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

68

10K 1.6K 143
By Kiyoiko__

{Unicode}

"ဥာဏ်အကောင်းဆုံးမုဆိုး"

ကားလေးသည် ရန်ကျားလိအား ဖွံ့ဖြိုးတိုးတက်ဆဲ ဧရိယာတွင်ရှိသည့် ရုံးခန်းအဆောက်အအုံ တစ်နေရာဆီ မောင်းပို့ပေးခဲ့သည်။

တံခါးဖွင့်လိုက်သည့်အခါ ရန်ကျားလိသည် နောက်ပြန်လှည့်ပြီး ကစဥ့်ကလျား ဖြစ်နေသော ကားမောင်းသူအား စကားပြောလိုက်သည်။

"ဦးလေး၊ ကျေးဇူးပါ"

ထိုဦးလေးကြီး၏ အမူအရာသည် ဘာကြောင့်ရယ်မသိ၊ ဒေါသထွက်နေသလို ဖြစ်နေလေ၏။ သို့သော်လည်း နှုတ်ခမ်းထောင့်စွန်းတွင်တော့ တောင့်တောင့်တင်းတင်း အပြုံးတစ်ခု ပေါ်လာစမြဲသာ။

ရန်ကျားလိလည်း ငါးလွှာမှ ရုံးခန်းဆီသို့ အပြေးအလွှား တက်သွား၏။

မှန်တံခါးကို တွန်းဖွင့်ပြီး ရုံးခန်းထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလိုက်သည်။

ကျောက်ရှန့်ဟိုင်သည် ပြင်သစ်စတိုင် ပြတင်းပေါက်ဘေးတွင် ကော်ဖီတစ်ခွက် ကိုင်ကာရပ်နေပြီး လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည်။ အရပ်ရှည် ခန့်ညားပြီး ချောမောသည့်အပြင် တည်ကြည်လေးနက်သေးသည်။ စိတ်နေစိတ်ထားမှာလည်း ညချမ်းလေပြေကဲ့သို့ သိမ်မွေ့နူးညံ့သည်။ မျက်ခုံးနှင့် မျက်လုံးများကြားမှ ရွှေရောင် အနားကွပ် မျက်မှန်တစ်စုံသည် မှောင်နေသော အလင်းရောင်ကြောင့် အနည်းငယ် တောက်ပနေ၏။

တံခါးဖွင့်သံကြားတော့ ကျောက်ရှန့်ဟိုင်က လှည့်ကြည့်လာပြီး ပြုံးရင်း ပြောလာသည်။

"ဂုဏ်ယူပါတယ်၊ လွတ်လပ်သွားပြီ"

ရန်ကျားလိ၏ နှာခေါင်းက ချက်ချင်းဆိုသလို စူးတက်သွားပြီး အလျင်အမြန် ရှေ့တစ်လှမ်း တိုးကာ ကျောက်ရှန့်ဟိုင်၏ ရင်ခွင်ထဲ ပြေးဝင်လိုက်ပြီး အုံ့မှိုင်းနေသော လေသံနှင့်

"ဟိုင်ကော၊ ကျေးဇူးပါ၊ ကျေးဇူး..."

ကျောက်ရှန့်ဟိုင်က ကော်ဖီခွက်ကို ချလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလာသည်။

"ပါတီဘက်က ခြေလျင် စောင့်ကြည့်မှုတွေ ပေါ်လာမှာဆိုးလို့ ကားနံပါတ် အတုကိုပဲ သုံးလိုက်တယ်။ အဲ့လိုလိုင်စင် အတုနဲ့ကားက ဗဟို လမ်းမကြီးကနေ ဖြတ်လို့မရလို့ မင်းကို ဒီဘက်ကိုပဲ ခေါ်လာရတာ။ ကလိမ်ကျတဲ့ နည်းလမ်းနဲ့ပေါ့။ ပြီးရင် မင်းနောက်တစ်ကား ပြောင်းစီးရမယ်၊ နောက်တစ်စီးက မကြာခင် ရောက်လာလိမ့်မယ်၊ မပူနဲ့"

ရန်ကျားလိက တံတွေးမျိုချလိုက်ပြီး ကတိုက်ကရိုက် ခေါင်းညိတ်လာကာ

"ကျွန်တော့်ကို ကူညီပေးဖို့ အတွက်နဲ့ ဒီလောက်တောင် အားစိုက်ထုတ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်၊ ဟိုင်ကော"

ကျောက်ရှန့်ဟိုင်က ရယ်မောလိုက်ပြီး သူ့ အမူအရာသည်လည်း အနည်းငယ် ပြေလျော့သွားသည်။

သူက ပြုပြင်မွမ်းမံမှု မပြီးဆုံးသေးသည့် ရုံးခန်းကို လှည့်ပတ်ကြည့်ပြီး ပြောလာသည်။

"ကိုယ်က စီးပွားရေး မြို့တော် Hongye က ရှောက်ကျင်ဟုန်၊ ဥက္ကဌရှောက်နဲ့ ဒီကုမ္ပဏီမှာ အတူတူ ရင်းနှီးမြှုပ်နှံဖို့ လုပ်ထားကြတာ၊ အခုတော့ ဖွံ့ဖြိုးဆဲဆိုပေမယ့် နောက်ဆို Songhai အင်တာတိန်းမန့်ရဲ့ ဖြန့်ချီရေး အပိုင်းမှာ ပထမဆုံး ကွင်းဆက် ဖြစ်လာစေချင်တာလေ။ ရုံးခန်းကိုတော့ ဒီနေရာမှာလုပ်ဖို့ သတ်မှတ်ထားတယ်။ ကြည့်ကြည့်ပါဦး၊ ပတ်ဝန်းကျင်က ဘယ်လိုလဲလို့"

ရန်ကျားလိက ဘေးဘီဝဲယာကို တစ်ချက် အကဲဖြတ်လိုက်ပြီး နှစ်ထောင်းအားရစွာနှင့်

"အရမ်းကောင်းတယ်၊ ဒီဇိုင်းကာလာ ဘာညာ အနေအထားလည်း ရှိတယ်"

ကျောက်ရှန့်ဟိုင်၏ ရည်မှန်းချက်များက အတော်လေး မြင့်မားသည်။ သူသည် ရန်ကျားလိအား အနာဂတ်တွင် စီစဥ်ထားသည့် အကြောင်းအရာများကိုပင် ပြောပြလိုက်သေးသည်။

ရန်ကျားလိလည်း နားထောင်ရင်း နားထောင်ရင်းနှင့် ထိုအမျိုးသားအား လေးစားအားကျလာလေ၏။

သို့သော်လည်း သူ့စိတ်ထဲတွင် မပြောဖြစ်ဘဲ သိုဝှက်ထားမိသည့် စကားတစ်ခွန်းတော့ ရှိသည်။ ဤမျှ ထူးချွန်ထက်မြက်ပြီး ပြီးပြည့်စုံလုနီးပါး ဖြစ်နေသော အမျိုးသားက ဘယ်လိုလုပ်ပြီးတော့များ...

တော်ပါပြီ။ ဟိုင်ကောရဲ့ ကိစ္စကို သူ များများစားစား ဝင်မစွက်ဖက်သင့်ဘူးလေ။

ရုံးစားပွဲပေါ်မှ ခေါ်ဆိုမှု အချက်ပြမီးက မြည်လာသောအခါ ကျောက်ရှန့်ဟိုင်က မလျှော့သော အပြုံးနှင့်

"မင်းကို လာကြိုတဲ့ကား ရောက်လာတာဖြစ်မယ်"

သူသည် ခေါ်ဆိုမှုကို ဖြေကြားရန် ခလုတ်ကို နှိပ်လိုက်သည်။

ဆက်သွယ်လာသည့်သူက လာကြိုသည့်ကား မဟုတ်လေဘဲ သူ၏ လက်ထောက်ဖြစ်နေသည်။ လက်ထောက်သည် အနည်းငယ် ပျာပျာယာယာ ဖြစ်နေသော အသံနှင့် ပြောလာသည်။

"ဥက္ကဌကျောက်၊ Guanghui အုပ်စုက ဥက္ကဌယဲ့က လူတွေခေါ်လာပြီး အောက်မှာ ရောက်နေပါတယ်။ ဆရာ့ကို တွေ့ချင်တယ်ပြောပြီး ကြိုတင်ချိန်းဆိုထားတာတော့ မရှိပါဘူးတဲ့"

ကျောက်ရှန့်ဟိုင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် တောင့်ခဲသွားသည်။

သူ့ မျက်နှာအရောင်သည် မယုံနိုင်လောက်အောင် ပြောင်းလဲသွားပြီး လေသံကပါ မတူကွဲပြားသွားကာ

"ယဲ့ထင်၊ သူက အောက်မှာတဲ့လား"

"ဟုတ်ပါတယ်"

လက်ထောက်က ဖြေသည်။

"အောက်ထပ်မှာပါ၊ ဆရာ့ဆီမှာ လူတစ်ယောက် လာရှာချင်တာ၊ တစ်လက်စတည်း ကောင်းကောင်းမွန်မွန် ဆွေးနွေးခဲ့ချင်လို့ပါတဲ့"

လက်ထောက်က အသံတိုးတိုးနှင့်

"ဥက္ကဌကျောက်၊ သူတို့ကို အပေါ်တက်လာ ခိုင်းလိုက်ရမလား"

ကျောက်ရှန့်ဟိုင်၏ လက်ချောင်းများက တုန်သွားကာ

"အရင် တားထားနှင့်လိုက်"

ဖုန်းချပြီးနောက် သူသည် ရန်ကျားလိအား ကြည့်လိုက်သည်။

ရန်ကျားလိသည် လွန်ခဲ့သော မိနစ်အနည်းငယ်က ပေါ့ပါးလန်းဆန်းနေသော မျက်နှာထား ရှိနေသည်။ သို့သော် ခဏအတွင်းမှာပဲ ထိတ်လန့်ချောက်ချားသွားပြီး အနှိုင်းအဆမဲ့ ဖြူဆုတ်သွားတော့သည်။

"ဘယ်လိုလုပ်"

ရန်ကျားလိသည် စိတ်လှုပ်ရှားလွန်း၍ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေကာ

"ဘယ်လိုလုပ် ဒီလောက်မြန်မြန် ဖမ်းမိသွားရတာလဲ"

ကျောက်ရှန့်ဟိုင်က ခေါင်းယမ်းလိုက်ပြီး နားထင်မှာလည်း ချွေးစေးများ ထွက်နေလေသည်။ သူ့တစ်ကိုယ်လုံးသည်လည်း အံ့သြမှုထဲမှ လွယ်လွယ်ကူကူ ရုန်းမထွက်နိုင်ပေ။

"မဖြစ်နိုင်ဘူး။ အဲ့ကားဆရာက လူဟောင်းပဲဟာ၊ ဒီလောက် လွယ်လွယ်နဲ့ ခြေရာခံမိ သွားနိုင်မှာ မဟုတ်ဘူး။ ယဲ့ထင်က ချက်ချင်း ရဲစခန်းကို စီစီတီဗီ စစ်ဆေးခိုင်းပြီး လမ်းကြောင်းရှာရင်တောင် ဒီလောက်မြန်မြန် လိုက်လာနိုင်မှာ မဟုတ်ဘူး"

ရန်ကျားလိသည် လန့်ဖြန့်နေ၍ သွားများက အချင်းချင်း တိုက်ခိုက်နေတော့သည်။

ကျောက်ရှန့်ဟိုင်သည်လည်း မျက်မှောင်ကို တင်းတင်းကြုတ်ထားပြီး ကသုတ်ကရက်နှင့် ဖရိုဖရဲ ဖြစ်ကုန်၏။

မဖြစ်သင့်ဘူးလေ။

ဤနေရာမှာ မြို့လယ်ခေါင်နှင့် ဝေးကွာသော ဖွံ့ဖြိုးတိုးတက်ဆဲ ဧရိယာဖြစ်၍ ယဲ့ထင်တစ်ယောက် ဤမျှ မြန်မြန်ဆန်ဆန် လိုက်လာဖို့ရန်မှာ မဖြစ်နိုင်ပါချေ။

အတွေးစများက ဦးနှောက်ထဲတွင် ဝရုန်းသုန်းကား ပြည့်လျှံကုန်၏။ မရေမတွက်နိုင်သော ဖြစ်နိုင်ချေ များစွာတို့မှာ ပိုးဖလံများကဲ့သို့ တဖျပ်ဖျပ် ဝဲပျံနေကြ၏။ ကျောက်ရှန့်ဟိုင်သည် အလျင်အမြန် စဥ်းစားခန်း ဝင်နေရင်း ခေါင်းမော့လိုက်သောအခါ ရန်ကျားလိ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အနောက်တိုင်း ဝတ်စုံပေါ်သို့ အကြည့်များက သိချင်စိတ်နှင့်အတူ ကျရောက်သွား၏။

သူသည် ရန်ကျားလိ ကိုယ်ပေါ်မှ သာမန်မဟုတ်သည့် အနောက်တိုင်း ဝတ်စုံကို ကြည့်လိုက်သည်နှင့် ရုတ်တရက် မျက်လုံးများ မှေးစင်းကာ

"မင်းရဲ့ အဲ့ဝတ်စုံက Ferragamo ရဲ့ ဒီဇိုင်းအသစ်မလား"

ရန်ကျားလိက သူ့အဝတ်ကို ဆွဲပြလိုက်ပြီး

"ဒါက....ဟုတ်တယ်"

"မင်းဝယ်ထားတာလား"

ရန်ကျားလိက ခေါင်းယမ်းလိုက်ပြီး

"ကျွန်တော်က ဒီလောက် စျေးကြီးတဲ့ တံဆိပ်ကို မဝယ်နိုင်ပါဘူး။ ယဲ့ထင် သူ..."

ရန်ကျားလိ၏ မျက်ဝန်းများသည် ရုတ်ခြည်း ဝိုင်းစက်သွားပြီး ဖြစ်နိုင်ချေတစ်ခုကို ခန့်မှန်းမိသွားသလိုမျိုး ကိုယ်ခန္ဓာမှာလည်း ချက်ချင်းဆိုသလို ကြက်သီးမွှေးညှင်းများ ထလာသည်။

ကျောက်ရှန့်ဟိုင်၏ လေသံက အေးစက်လာပြီး အလောတကြီးနှင့်

"အင်္ကျီ ချွတ်လိုက်၊ ကိုယ် ကြည့်ကြည့်မယ်"

ရန်ကျားလိလည်း အပေါ်ဝတ်ကို လျင်လျင်မြန်မြန် ချွတ်ပေးလိုက်သည်။

ကျောက်ရှန့်ဟိုင်သည် အိတ်ကပ်ကို အလှန်လှန် အလှောလှော စစ်ဆေးကြည့်ပြီး အင်္ကျီအား ရုံးစားပွဲပေါ်တွင် တင်လိုက်ပြီး ရှာဖွေရာတွင်လည်း ဘာမှမရှိပေ။

သူသည် စူးရှသော အကြည့်ဖြင့် လှည့်ကြည့်လာပြီး ရန်ကျားလိ၏ ဘောင်းဘီကို စတင် ထိသပ် စစ်ဆေးကြည့်သည်။

ခန္ဓာကိုယ်တွင် ရှိသမျှ အရာအားလုံးကို စစ်ဆေးခဲ့သော်လည်း အမှားအယွင်း တချို့တစ်ဝက်ပင် မတွေ့ရှိခဲ့ရပေ။

ကျောက်ရှန့်ဟိုင်တစ်ယောက် စိုးရိမ်တကြီး ဖြစ်နေတုန်း မျက်လုံးပင့်လိုက်သောအခါ ရန်ကျားလိ၏ ခါးကို သွယ်ပတ်ပေးထားသော ခါးပတ်ကို တွေ့လိုက်ရသည်။

သူသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ လက်ဆန့်လိုက်ပြီး ရန်ကျားလိ၏ ခါးပတ်ကို လှမ်းဆွဲလိုက်ပြီး သွက်သွက်လက်လက်နှင့် ခါးပတ်ကို ဖြုတ်ပစ်လိုက်သည်။

"ဥက္ကဌကျောက်၊ အယ်..."

ရန်ကျားလိ စကားပြောလို့ မဆုံးသေးခင်မှာပဲ ကျောက်ရှန့်ဟိုင်က ခါးပတ်၏ အတွင်းဘက်ကို လှန်လိုက်ပြီး စူးရှသော မျက်လုံးများဖြင့် ကြယ်သီးများကို စစ်ဆေးသည်။ လက်ချောင်းများက အားသုံးလိုက်သည်နှင့် အထဲမှ ပါးလွှာသည့် အနက်ရောင် အပိုင်းအစလေးကို ဆွဲထုတ်ပစ်လိုက်သည်။

ကျောက်ရှန့်ဟိုင်က သရော်ပြုံး ပြုံးလိုက်ပြီး အံကြိတ်ကာ တစ်လုံးချင်း ပြောလာသည်။

"မိုက်ခရို ဂျီပီအက်စ်လေးပဲ"

ရန်ကျားလိသည် ထိုပစ္စည်းကို ကြည့်ရင်း တစ်ကိုယ်လုံးက ရေခဲတိုက်သဖွယ် အေးစက်တုန်ရီလာ၏။

​လျှပ်တပြက် အတွင်းမှာပဲ ရှုပ်ထွေးပွေလီနေသော အတွေးစများသည် လျှပ်စီးကဲ့သို့ လွင့်ပျံလာသည်။ ရုတ်တရက် သူသည် အရာအားလုံးကို သဘောပေါက်သွားတော့သည်။

သူနှင့် ကျောက်ရှန့်ဟိုင်တို့သည် အခြေအနေ အလုံးစုံကို ထိန်းချုပ်နိုင်ခဲ့သည် မဟုတ်ပါဘဲ ယဲ့ထင်ကသာ ထာဝရအတွက် အပါးနပ်ဆုံး မုဆိုးဖြစ်ခဲ့ရသည်။

ဒီရက်ပိုင်းတွင် သူသည် ယဲ့ထင်အား စိတ်ပျော့သွားအောင် လုပ်နိုင်ခဲ့သည်ဟု ထင်ခဲ့သည်။ သို့သော်ငြား သူ့အထင်မှားမှုက အဖတ်တောင် ဆယ်၍မရပေ။

ယဲ့ထင်သည် ပထမအကြိမ် ထွက်ပြေးစဉ်က သူ့ကို ကူညီပေးခဲ့ကြသော လူများကို ဘယ်တုန်းကမှ မမေ့သွားခဲ့ဖူးပေ။ အစဥ်အမြဲ တရားခံကို ရှာဖွေချင်နေပြီး သက်သေအထောက်အထားများကို စုစည်းချင်နေခဲ့သည်။ သို့မဟုတ် သူ ကျောက်ရှန့်ဟိုင်အား လက်ဖက်ရည် ပူပူလေး ပေးလိုက်သည့် အချိန်မှ စတင်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီလိုမှ မဟုတ်ရင်လည်း သူယဲ့ထင်အား နာနာခံခံနှင့် မငြင်းဆိုခဲ့သည့် အချိန်က စတင်ခဲ့တာလည်း ဖြစ်နိုင်သည်။ ယဲ့ထင်ကဲ့သို့ အဘက်ဘက်တွင် ထက်မြက်သော ယောက်ျားမျိုးက သူ လီတာ့နှင့် လီအော့၏ ပါတီပွဲကို သွားမည်ဆိုကတည်းက သံသယဝင်သွားကာ တစ်စုံတစ်ခုကို မှန်းဆမိသွားဟန်ပေါ်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်နိုင်ချေမည်။

ထို့ကြောင့် ယဲ့ထင်သည် အတည်တစ်ဝက် ဟန်ဆောင်ခြင်း တစ်ဝက်နှင့် အလျှော့ပေးလိုက်ကာ အမူအရာပိုစွာနှင့် သက်တော်စောင့်များ ပိုထည့်ပေးလိုက်သည်။ ထို့နောက် သက်တော်စောင့်များအား ရန်ကျားလိ လွယ်လွယ်ကူကူနှင့် ဖယ်ထုတ်နိုင်အောင် နေဖို့စေခိုင်းထားကာ လွတ်မြောက်နိုင်မည့် အခွင့်အလမ်းကို ချမှတ်ပေးခဲ့သည်။

သူသည် ရန်ကျားလိ၏ ဆန္ဒအတိုင်း တစ်ခဏလောက် ထွက်ပြေးသွားစေချင်နေတာပင်။

ရန်ကျားလိက အခြားသူများနှင့် တွေ့သည့် အချိန်သည် ယဲ့ထင်တစ်ယောက် ပိုက်ကွန်ချသည့် အချိန်ဖြစ်မည်။

ခေါင်းပေါ်မှ ရေခဲရေများ လောင်းချခံလိုက်ရသကဲ့သို့ တစ်ခဏအတွင်းမှာပဲ ရန်ကျားလိ၏ အတွေးများက အေးခဲသွားသည်။

သူသည် အံတင်းတင်း ကြိတ်ထားကာ မျက်လုံးများက နီရဲနေသည်။

"ခွေးရူး! အဲ့ဒီ ခွေးရူး!"

ဤအဆင့်ထိတောင် ရောက်လာခဲ့ပြီးမှ ယဲ့ထင် ပြန်လာခေါ်သည့်နောက်ကို သူဘယ်တော့မှ လိုက်သွားလိမ့်မည် မဟုတ်ပေ။

ပြန်ခေါ်သွားခံရခြင်း၏ နောက်ဆက်တွဲအကြောင်းအရာ များကိုလည်း သူဘယ်လိုမှ ပုံဖော်ကြည့်၍ပင် မရတော့။

ကျောက်ရှန့်ဟိုင်တစ်ယောက် ယဲ့ထင်၏ ပြင်းထန်သော လက်စားချေမှုကို ခံရရုံမက သူ၏ အဆုံးသတ်သည်လည်း ပို၍ ကောင်းနေမည် မဟုတ်ပေ။

သူသည် ယဲ့ထင်၏ လှောင်ပိတ်မှုကြား ကျိန်းသေပေါက် အကျဥ်းကျသွားဦးမည်ဟု သံသယ တစိုးတစိမျှပင် မရှိပေ။

သေခြင်းတရား တိုင်သည်အထိပင်။
.
.
.
.
.
23/12/2021(Thu)

အိုင်ပဲ ပိန်းတိန်းနေတာလားတော့ မသိဘူး။ ဒီအပိုဒ်မဖတ်ခင်က ယဲ့ထင် အဲ့လို လုပ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး -_-

                          ×××

{Zawgyi}

"ဥာဏ္အေကာင္းဆံုးမုဆိုး"

ကားေလးသည္ ရန္က်ားလိအား ဖြံ႔ၿဖိဳးတိုးတက္ဆဲ ဧရိယာတြင္ရိွသည့္ ရံုးခန္းအေဆာက္အအံု တစ္ေနရာဆီ ေမာင္းပို႔ေပးခဲ့သည္။

တံခါးဖြင့္လိုက္သည့္အခါ ရန္က်ားလိသည္ ေနာက္ျပန္လွည့္ၿပီး ကစဥ့္ကလ်ား ျဖစ္ေနေသာ ကားေမာင္းသူအား စကားေျပာလိုက္သည္။

"ဦးေလး၊ ေက်းဇူးပါ"

ထိုဦးေလးႀကီး၏ အမူအရာသည္ ဘာေၾကာင့္ရယ္မသိ၊ ေဒါသထြက္ေနသလို ျဖစ္ေနေလ၏။ သို႔ေသာ္လည္း ႏႈတ္ခမ္းေထာင့္စြန္းတြင္ေတာ့ ေတာင့္ေတာင့္တင္းတင္း အၿပံဳးတစ္ခု ေပၚလာစၿမဲသာ။

ရန္က်ားလိလည္း ငါးလႊာမွ ရံုးခန္းဆီသို႔ အေျပးအလႊား တက္သြား၏။

မွန္တံခါးကို တြန္းဖြင့္ၿပီး ရံုးခန္းထဲသို႔ တန္းတန္းမတ္မတ္ ေျပးဝင္သြားလိုက္သည္။

ေက်ာက္ရွန္႔ဟိုင္သည္ ျပင္သစ္စတိုင္ ျပတင္းေပါက္ေဘးတြင္ ေကာ္ဖီတစ္ခြက္ ကိုင္ကာရပ္ေနၿပီး လက္တစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထားသည္။ အရပ္ရွည္ ခန္႔ညားၿပီး ေခ်ာေမာသည့္အျပင္ တည္ၾကည္ေလးနက္ေသးသည္။ စိတ္ေနစိတ္ထားမွာလည္း ညခ်မ္းေလေျပကဲ့သို႔ သိမ္ေမြ့ႏူးညံ့သည္။ မ်က္ခံုးႏွင့္ မ်က္လံုးမ်ားၾကားမွ ေရႊေရာင္ အနားကြပ္ မ်က္မွန္တစ္စံုသည္ ေမွာင္ေနေသာ အလင္းေရာင္ေၾကာင့္ အနည္းငယ္ ေတာက္ပေန၏။

တံခါးဖြင့္သံၾကားေတာ့ ေက်ာက္ရွန္႔ဟိုင္က လွၫ့္ၾကၫ့္လာၿပီး ၿပံဳးရင္း ေျပာလာသည္။

"ဂုဏ္ယူပါတယ္၊ လြတ္လပ္သြားၿပီ"

ရန္က်ားလိ၏ ႏွာေခါင္းက ခ်က္ခ်င္းဆိုသလို စူးတက္သြားၿပီး အလ်င္အျမန္ ေရ႔ွတစ္လွမ္း တိုးကာ ေက်ာက္ရွန္႔ဟိုင္၏ ရင္ခြင္ထဲ ေျပးဝင္လိုက္ၿပီး အံု႔မိႈင္းေနေသာ ေလသံႏွင့္

"ဟိုင္ေကာ၊ ေက်းဇူးပါ၊ ေက်းဇူး..."

ေက်ာက္ရွန္႔ဟိုင္က ေကာ္ဖီခြက္ကို ခ်လိုက္ၿပီး ေလးနက္ေသာ အမူအရာျဖင့္ ေျပာလာသည္။

"ပါတီဘက္က ေျခလ်င္ ေစာင့္ၾကည့္မႈေတြ ေပၚလာမွာဆိုးလို႔ ကားနံပါတ္ အတုကိုပဲ သံုးလိုက္တယ္။ အဲ့လိုလိုင္စင္ အတုနဲ႔ကားက ဗဟို လမ္းမႀကီးကေန ျဖတ္လို႔မရလို႔ မင္းကို ဒီဘက္ကိုပဲ ေခၚလာရတာ။ ကလိမ္က်တဲ့ နည္းလမ္းနဲ႔ေပါ့။ ၿပီးရင္ မင္းေနာက္တစ္ကား ေျပာင္းစီးရမယ္၊ ေနာက္တစ္စီးက မၾကာခင္ ေရာက္လာလိမ့္မယ္၊ မပူနဲ႔"

ရန္က်ားလိက တံေတြးမ်ိဳခ်လိုက္ၿပီး ကတိုက္ကရိုက္ ေခါင္းညိတ္လာကာ

"ကြၽန္ေတာ့္ကို ကူညီေပးဖို႔ အတြက္နဲ႔ ဒီေလာက္ေတာင္ အားစိုက္ထုတ္ေပးခဲ့တာ ေက်းဇူးတင္ပါတယ္၊ ဟိုင္ေကာ"

ေက်ာက္ရွန္႔ဟိုင္က ရယ္ေမာလိုက္ၿပီး သူ႔ အမူအရာသည္လည္း အနည္းငယ္ ေျပေလ်ာ့သြားသည္။

သူက ျပဳျပင္မြမ္းမံမႈ မၿပီးဆံုးေသးသည့္ ရံုးခန္းကို လွၫ့္ပတ္ၾကည့္ၿပီး ေျပာလာသည္။

"ကိုယ္က စီးပြားေရး ၿမိဳ႔ေတာ္ Hongye က ေရွာက္က်င္ဟုန္၊ ဥကၠဌေရွာက္နဲ႔ ဒီကုမၸဏီမွာ အတူတူ ရင္းႏွီးျမႇဳပ္ႏွံဖို႔ လုပ္ထားၾကတာ၊ အခုေတာ့ ဖြံ႔ၿဖိဳးဆဲဆိုေပမယ့္ ေနာက္ဆို Songhai အင္တာတိန္းမန္႔ရဲ့ ျဖန္႔ခ်ီေရး အပိုင္းမွာ ပထမဆံုး ကြင္းဆက္ ျဖစ္လာေစခ်င္တာေလ။ ရံုးခန္းကိုေတာ့ ဒီေနရာမွာလုပ္ဖို႔ သတ္မွတ္ထားတယ္။ ၾကည့္ၾကည့္ပါဦး၊ ပတ္ဝန္းက်င္က ဘယ္လိုလဲလို႔"

ရန္က်ားလိက ေဘးဘီဝဲယာကို တစ္ခ်က္ အကဲျဖတ္လိုက္ၿပီး ႏွစ္ေထာင္းအားရစြာႏွင့္

"အရမ္းေကာင္းတယ္၊ ဒီဇိုင္းကာလာ ဘာညာ အေနအထားလည္း ရိွတယ္"

ေက်ာက္ရွန္႔ဟိုင္၏ ရည္မွန္းခ်က္မ်ားက အေတာ္ေလး ျမင့္မားသည္။ သူသည္ ရန္က်ားလိအား အနာဂတ္တြင္ စီစဥ္ထားသည့္ အေၾကာင္းအရာမ်ားကိုပင္ ေျပာျပလိုက္ေသးသည္။

ရန္က်ားလိလည္း နားေထာင္ရင္း နားေထာင္ရင္းႏွင့္ ထိုအမ်ိဳးသားအား ေလးစားအားက်လာေလ၏။

သို႔ေသာ္လည္း သူ႔စိတ္ထဲတြင္ မေျပာျဖစ္ဘဲ သိုဝွက္ထားမိသည့္ စကားတစ္ခြန္းေတာ့ ရိွသည္။ ဤမ်ွ ထူးခြၽန္ထက္ျမက္ၿပီး ၿပီးျပည့္စံုလုနီးပါး ျဖစ္ေနေသာ အမ်ိဳးသားက ဘယ္လိုလုပ္ၿပီးေတာ့မ်ား...

ေတာ္ပါၿပီ။ ဟိုင္ေကာရဲ့ ကိစၥကို သူ မ်ားမ်ားစားစား ဝင္မစြက္ဖက္သင့္ဘူးေလ။

ရံုးစားပြဲေပၚမွ ေခၚဆိုမႈ အခ်က္ျပမီးက ျမည္လာေသာအခါ ေက်ာက္ရွန္႔ဟိုင္က မေလ်ွာ့ေသာ အၿပံဳးႏွင့္

"မင္းကို လာႀကိဳတဲ့ကား ေရာက္လာတာျဖစ္မယ္"

သူသည္ ေခၚဆိုမႈကို ေျဖၾကားရန္ ခလုတ္ကို ႏိွပ္လိုက္သည္။

ဆက္သြယ္လာသည့္သူက လာႀကိဳသည့္ကား မဟုတ္ေလဘဲ သူ၏ လက္ေထာက္ျဖစ္ေနသည္။ လက္ေထာက္သည္ အနည္းငယ္ ပ်ာပ်ာယာယာ ျဖစ္ေနေသာ အသံႏွင့္ ေျပာလာသည္။

"ဥကၠဌေက်ာက္၊ Guanghui အုပ္စုက ဥကၠဌယဲ့က လူေတြေခၚလာၿပီး ေအာက္မွာ ေရာက္ေနပါတယ္။ ဆရာ့ကို ေတြ့ခ်င္တယ္ေျပာၿပီး ႀကိဳတင္ခ်ိန္းဆိုထားတာေတာ့ မရိွပါဘူးတဲ့"

ေက်ာက္ရွန္႔ဟိုင္၏ မ်က္ႏွာေပၚရိွ အၿပံဳးသည္ ခ်က္ခ်င္းပင္ ေတာင့္ခဲသြားသည္။

သူ႔ မ်က္ႏွာအေရာင္သည္ မယံုႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားၿပီး ေလသံကပါ မတူကြဲျပားသြားကာ

"ယဲ့ထင္၊ သူက ေအာက္မွာတဲ့လား"

"ဟုတ္ပါတယ္"

လက္ေထာက္က ေျဖသည္။

"ေအာက္ထပ္မွာပါ၊ ဆရာ့ဆီမွာ လူတစ္ေယာက္ လာရွာခ်င္တာ၊ တစ္လက္စတည္း ေကာင္းေကာင္းမြန္မြန္ ေဆြးေနြးခဲ့ခ်င္လို႔ပါတဲ့"

လက္ေထာက္က အသံတိုးတိုးႏွင့္

"ဥကၠဌေက်ာက္၊ သူတို႔ကို အေပၚတက္လာ ခိုင္းလိုက္ရမလား"

ေက်ာက္ရွန္႔ဟိုင္၏ လက္ေခ်ာင္းမ်ားက တုန္သြားကာ

"အရင္ တားထားႏွင့္လိုက္"

ဖုန္းခ်ၿပီးေနာက္ သူသည္ ရန္က်ားလိအား ၾကည့္လိုက္သည္။

ရန္က်ားလိသည္ လြန္ခဲ့ေသာ မိနစ္အနည္းငယ္က ေပါ့ပါးလန္းဆန္းေနေသာ မ်က္ႏွာထား ရိွေနသည္။ သို႔ေသာ္ ခဏအတြင္းမွာပဲ ထိတ္လန္႔ေခ်ာက္ခ်ားသြားၿပီး အႏိႈင္းအဆမဲ့ ျဖဴဆုတ္သြားေတာ့သည္။

"ဘယ္လိုလုပ္"

ရန္က်ားလိသည္ စိတ္လႈပ္ရွားလြန္း၍ အထစ္ထစ္ အေငါ့ေငါ့ ျဖစ္ေနကာ

"ဘယ္လိုလုပ္ ဒီေလာက္ျမန္ျမန္ ဖမ္းမိသြားရတာလဲ"

ေက်ာက္ရွန္႔ဟိုင္က ေခါင္းယမ္းလိုက္ၿပီး နားထင္မွာလည္း ေခြၽးေစးမ်ား ထြက္ေနေလသည္။ သူ႔တစ္ကိုယ္လံုးသည္လည္း အံ့ၾသမႈထဲမွ လြယ္လြယ္ကူကူ ရုန္းမထြက္ႏိုင္ေပ။

"မျဖစ္ႏိုင္ဘူး။ အဲ့ကားဆရာက လူေဟာင္းပဲဟာ၊ ဒီေလာက္ လြယ္လြယ္နဲ႔ ေျခရာခံမိ သြားႏိုင္မွာ မဟုတ္ဘူး။ ယဲ့ထင္က ခ်က္ခ်င္း ရဲစခန္းကို စီစီတီဗီ စစ္ေဆးခိုင္းၿပီး လမ္းေၾကာင္းရွာရင္ေတာင္ ဒီေလာက္ျမန္ျမန္ လိုက္လာႏိုင္မွာ မဟုတ္ဘူး"

ရန္က်ားလိသည္ လန္႔ျဖန္႔ေန၍ သြားမ်ားက အခ်င္းခ်င္း တိုက္ခိုက္ေနေတာ့သည္။

ေက်ာက္ရွန္႔ဟိုင္သည္လည္း မ်က္ေမွာင္ကို တင္းတင္းၾကဳတ္ထားၿပီး ကသုတ္ကရက္ႏွင့္ ဖရိုဖရဲ ျဖစ္ကုန္၏။

မျဖစ္သင့္ဘူးေလ။

ဤေနရာမွာ ၿမိဳ႔လယ္ေခါင္ႏွင့္ ေဝးကြာေသာ ဖြံ႔ၿဖိဳးတိုးတက္ဆဲ ဧရိယာျဖစ္၍ ယဲ့ထင္တစ္ေယာက္ ဤမ်ွ ျမန္ျမန္ဆန္ဆန္ လိုက္လာဖို႔ရန္မွာ မျဖစ္ႏိုင္ပါေခ်။

အေတြးစမ်ားက ဦးေနွာက္ထဲတြင္ ဝရုန္းသုန္းကား ျပည့္လ်ွံကုန္၏။ မေရမတြက္ႏိုင္ေသာ ျဖစ္ႏိုင္ေခ် မ်ားစြာတို႔မွာ ပိုးဖလံမ်ားကဲ့သို႔ တဖ်ပ္ဖ်ပ္ ဝဲပ်ံေနၾက၏။ ေက်ာက္ရွန္႔ဟိုင္သည္ အလ်င္အျမန္ စဥ္းစားခန္း ဝင္ေနရင္း ေခါင္းေမာ့လိုက္ေသာအခါ ရန္က်ားလိ ကိုယ္ေပၚတြင္ ဝတ္ဆင္ထားေသာ အေနာက္တိုင္း ဝတ္စံုေပၚသို႔ အၾကည့္မ်ားက သိခ်င္စိတ္ႏွင့္အတူ က်ေရာက္သြား၏။

သူသည္ ရန္က်ားလိ ကိုယ္ေပၚမွ သာမန္မဟုတ္သည့္ အေနာက္တိုင္း ဝတ္စံုကို ၾကည့္လိုက္သည္ႏွင့္ ရုတ္တရက္ မ်က္လံုးမ်ား ေမွးစင္းကာ

"မင္းရဲ့ အဲ့ဝတ္စံုက Ferragamo ရဲ့ ဒီဇိုင္းအသစ္မလား"

ရန္က်ားလိက သူ႔အဝတ္ကို ဆြဲျပလိုက္ၿပီး

"ဒါက....ဟုတ္တယ္"

"မင္းဝယ္ထားတာလား"

ရန္က်ားလိက ေခါင္းယမ္းလိုက္ၿပီး

"ကြၽန္ေတာ္က ဒီေလာက္ ေစ်းႀကီးတဲ့ တံဆိပ္ကို မဝယ္ႏိုင္ပါဘူး။ ယဲ့ထင္ သူ..."

ရန္က်ားလိ၏ မ်က္ဝန္းမ်ားသည္ ရုတ္ျခည္း ဝိုင္းစက္သြားၿပီး ျဖစ္ႏိုင္ေခ်တစ္ခုကို ခန္႔မွန္းမိသြားသလိုမ်ိဳး ကိုယ္ခႏၶာမွာလည္း ခ်က္ခ်င္းဆိုသလို ၾကက္သီးေမႊးၫွင္းမ်ား ထလာသည္။

ေက်ာက္ရွန္႔ဟိုင္၏ ေလသံက ေအးစက္လာၿပီး အေလာတႀကီးႏွင့္

"အက်ႌ ခြၽတ္လိုက္၊ ကိုယ္ ၾကည့္ၾကည့္မယ္"

ရန္က်ားလိလည္း အေပၚဝတ္ကို လ်င္လ်င္ျမန္ျမန္ ခြၽတ္ေပးလိုက္သည္။

ေက်ာက္ရွန္႔ဟိုင္သည္ အိတ္ကပ္ကို အလွန္လွန္ အေလွာေလွာ စစ္ေဆးၾကည့္ၿပီး အက်ႌအား ရံုးစားပြဲေပၚတြင္ တင္လိုက္ၿပီး ရွာေဖြရာတြင္လည္း ဘာမွမရိွေပ။

သူသည္ စူးရွေသာ အၾကၫ့္ျဖင့္ လွၫ့္ၾကၫ့္လာၿပီး ရန္က်ားလိ၏ ေဘာင္းဘီကို စတင္ ထိသပ္ စစ္ေဆးၾကည့္သည္။

ခႏၶာကိုယ္တြင္ ရိွသမ်ွ အရာအားလံုးကို စစ္ေဆးခဲ့ေသာ္လည္း အမွားအယြင္း တခ်ိဳ႕တစ္ဝက္ပင္ မေတြ့ရိွခဲ့ရေပ။

ေက်ာက္ရွန္႔ဟိုင္တစ္ေယာက္ စိုးရိမ္တႀကီး ျဖစ္ေနတုန္း မ်က္လံုးပင့္လိုက္ေသာအခါ ရန္က်ားလိ၏ ခါးကို သြယ္ပတ္ေပးထားေသာ ခါးပတ္ကို ေတြ့လိုက္ရသည္။

သူသည္ အျခားအရာမ်ားကို ဂရုမစိုက္ႏိုင္ေတာ့ဘဲ လက္ဆန္႔လိုက္ၿပီး ရန္က်ားလိ၏ ခါးပတ္ကို လွမ္းဆြဲလိုက္ၿပီး သြက္သြက္လက္လက္ႏွင့္ ခါးပတ္ကို ျဖဳတ္ပစ္လိုက္သည္။

"ဥကၠဌေက်ာက္၊ အယ္..."

ရန္က်ားလိ စကားေျပာလို႔ မဆံုးေသးခင္မွာပဲ ေက်ာက္ရွန္႔ဟိုင္က ခါးပတ္၏ အတြင္းဘက္ကို လွန္လိုက္ၿပီး စူးရွေသာ မ်က္လံုးမ်ားျဖင့္ ၾကယ္သီးမ်ားကို စစ္ေဆးသည္။ လက္ေခ်ာင္းမ်ားက အားသံုးလိုက္သည္ႏွင့္ အထဲမွ ပါးလႊာသည့္ အနက္ေရာင္ အပိုင္းအစေလးကို ဆြဲထုတ္ပစ္လိုက္သည္။

ေက်ာက္ရွန္႔ဟိုင္က သေရာ္ၿပံဳး ၿပံဳးလိုက္ၿပီး အံႀကိတ္ကာ တစ္လံုးခ်င္း ေျပာလာသည္။

"မိုက္ခရို ဂ်ီပီအက္စ္ေလးပဲ"

ရန္က်ားလိသည္ ထိုပစၥည္းကို ၾကည့္ရင္း တစ္ကိုယ္လံုးက ေရခဲတိုက္သဖြယ္ ေအးစက္တုန္ရီလာ၏။

​လ်ွပ္တျပက္ အတြင္းမွာပဲ ရႈပ္ေထြးေပြလီေနေသာ အေတြးစမ်ားသည္ လ်ွပ္စီးကဲ့သို႔ လြင့္ပ်ံလာသည္။ ရုတ္တရက္ သူသည္ အရာအားလံုးကို သေဘာေပါက္သြားေတာ့သည္။

သူႏွင့္ ေက်ာက္ရွန္႔ဟိုင္တို႔သည္ အေျခအေန အလံုးစံုကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည္ မဟုတ္ပါဘဲ ယဲ့ထင္ကသာ ထာဝရအတြက္ အပါးနပ္ဆံုး မုဆိုးျဖစ္ခဲ့ရသည္။

ဒီရက္ပိုင္းတြင္ သူသည္ ယဲ့ထင္အား စိတ္ေပ်ာ့သြားေအာင္ လုပ္ႏိုင္ခဲ့သည္ဟု ထင္ခဲ့သည္။ သို႔ေသာ္ျငား သူ႔အထင္မွားမႈက အဖတ္ေတာင္ ဆယ္၍မရေပ။

ယဲ့ထင္သည္ ပထမအႀကိမ္ ထြက္ေျပးစဉ္က သူ႔ကို ကူညီေပးခဲ့ၾကေသာ လူမ်ားကို ဘယ္တုန္းကမွ မေမ့သြားခဲ့ဖူးေပ။ အစဥ္အၿမဲ တရားခံကို ရွာေဖြခ်င္ေနၿပီး သက္ေသအေထာက္အထားမ်ားကို စုစည္းခ်င္ေနခဲ့သည္။ သို႔မဟုတ္ သူ ေက်ာက္ရွန္႔ဟိုင္အား လက္ဖက္ရည္ ပူပူေလး ေပးလိုက္သည့္ အခ်ိန္မွ စတင္လာတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ ဒီလိုမွ မဟုတ္ရင္လည္း သူယဲ့ထင္အား နာနာခံခံႏွင့္ မျငင္းဆိုခဲ့သည့္ အခ်ိန္က စတင္ခဲ့တာလည္း ျဖစ္ႏိုင္သည္။ ယဲ့ထင္ကဲ့သို႔ အဘက္ဘက္တြင္ ထက္ျမက္ေသာ ေယာက္်ားမ်ိဳးက သူ လီတာ့ႏွင့္ လီေအာ့၏ ပါတီပြဲကို သြားမည္ဆိုကတည္းက သံသယဝင္သြားကာ တစ္စံုတစ္ခုကို မွန္းဆမိသြားဟန္ေပၚၿပီး ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ျခင္းလည္း ျဖစ္ႏိုင္ေခ်မည္။

ထို႔ေၾကာင့္ ယဲ့ထင္သည္ အတည္တစ္ဝက္ ဟန္ေဆာင္ျခင္း တစ္ဝက္ႏွင့္ အေလ်ွာ့ေပးလိုက္ကာ အမူအရာပိုစြာႏွင့္ သက္ေတာ္ေစာင့္မ်ား ပိုထည့္ေပးလိုက္သည္။ ထို႔ေနာက္ သက္ေတာ္ေစာင့္မ်ားအား ရန္က်ားလိ လြယ္လြယ္ကူကူႏွင့္ ဖယ္ထုတ္ႏိုင္ေအာင္ ေနဖို႔ေစခိုင္းထားကာ လြတ္ေျမာက္ႏိုင္မည့္ အခြင့္အလမ္းကို ခ်မွတ္ေပးခဲ့သည္။

သူသည္ ရန္က်ားလိ၏ ဆႏၵအတိုင္း တစ္ခဏေလာက္ ထြက္ေျပးသြားေစခ်င္ေနတာပင္။

ရန္က်ားလိက အျခားသူမ်ားႏွင့္ ေတြ့သည့္ အခ်ိန္သည္ ယဲ့ထင္တစ္ေယာက္ ပိုက္ကြန္ခ်သည့္ အခ်ိန္ျဖစ္မည္။

ေခါင္းေပၚမွ ေရခဲေရမ်ား ေလာင္းခ်ခံလိုက္ရသကဲ့သို႔ တစ္ခဏအတြင္းမွာပဲ ရန္က်ားလိ၏ အေတြးမ်ားက ေအးခဲသြားသည္။

သူသည္ အံတင္းတင္း ႀကိတ္ထားကာ မ်က္လံုးမ်ားက နီရဲေနသည္။

"ေခြးရူး! အဲ့ဒီ ေခြးရူး!"

ဤအဆင့္ထိေတာင္ ေရာက္လာခဲ့ၿပီးမွ ယဲ့ထင္ ျပန္လာေခၚသည့္ေနာက္ကို သူဘယ္ေတာ့မွ လိုက္သြားလိမ့္မည္ မဟုတ္ေပ။

ျပန္ေခၚသြားခံရျခင္း၏ ေနာက္ဆက္တြဲအေၾကာင္းအရာ မ်ားကိုလည္း သူဘယ္လိုမွ ပံုေဖာ္ၾကည့္၍ပင္ မရေတာ့။

ေက်ာက္ရွန္႔ဟိုင္တစ္ေယာက္ ယဲ့ထင္၏ ျပင္းထန္ေသာ လက္စားေခ်မႈကို ခံရရံုမက သူ၏ အဆံုးသတ္သည္လည္း ပို၍ ေကာင္းေနမည္ မဟုတ္ေပ။

သူသည္ ယဲ့ထင္၏ ေလွာင္ပိတ္မႈၾကား က်ိန္းေသေပါက္ အက်ဥ္းက်သြားဦးမည္ဟု သံသယ တစိုးတစိမ်ွပင္ မရိွေပ။

ေသျခင္းတရား တိုင္သည္အထိပင္။
.
.
.
.
.
23/12/2021(Thu)

အိုင္ပဲ ပိန္းတိန္းေနတာလားေတာ့ မသိဘူး။ ဒီအပိုဒ္မဖတ္ခင္က ယဲ့ထင္ အဲ့လို လုပ္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့မိဘူး -_-

                          ×××

Continue Reading

You'll Also Like

193K 14.8K 21
💛 花花遊龍 Fanfic - One shot 💛 Not Translation Novel!!! #Just my own crazy imagine! #Burmese [ Z + U ] I don't own any main characters from the origina...
1M 154K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...
220K 20.5K 57
This is mm translation of Late for Love||遲愛|| Author: 藍淋 I do not own this work. I'm just a translator. All crd to original author.
332K 26.4K 29
Mini Story Uni Life Style Sweet Romance