Diary of Poinciana: Blue Jaca...

By millaryoon

14K 560 128

ZG Poinciana Flower (စိန္​ပန္​း)ဟာ တမ္​းတလြမ္​းဆြတ္​ျခင္​း နဲ႔ တစ္​စံုတစ္​ေယာက္​ရဲ႕အေၾကာင္​းကို ေတြးေနျခင္​း... More

Author Note
Character Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
Noti
37
38
39
40
41
42
43
noti..noti
44
45
46
47

36

148 5 4
By millaryoon

Zawgyi

ေတာင္တန္းေတြပတ္ကာရံထားတဲ့အင္းေလးေရျပင္က်ယ္ဆီကေန ေျခတံရွည္အိမ္စုစုကေလးေတြရဲ႕ၾကားထဲ စက္ေလွ
တစ္စီးေရာက္ရွိလာသည္။ကြၽန္းပ်ဥ္ေထာင္နဲ႔အိမ္အိုႀကီးေရွ႕က ဆိုင္းဘုတ္ေလးျဖစ္တဲ့ အင္းေလးရိုးရာေငြထည္လုပ္ငန္းဆိုသည့္ဆိုင္းဘုတ္မွ ေဖာင္းႂကြစာလံုးမ်ားေတာင္ကြာက်ေနၿပီ။

"ေက်းဇူးပါဦးေလးေရ..."

ေမာင္သည္ ေလွသမားႀကီးကိုႏုတ္ဆက္လိုက္ကာေလွေပၚမွဆင္းလိုက္သည္။ထို႔အတူ အေနာက္ကေတာက္တက္လိုကပ္ပါလာသည့္ ရွင္းကလည္း သူနဲ႔အတူ ေလွေပၚမွခုန္ဆင္းလိုက္ျပန္သည္။

"ဒီေနရာလား..အရမ္းေခ်ာင္က်လြန္းတယ္မထင္ဘူးလား။"

"ေခ်ာင္က်တာမဟုတ္ဘူး။လက္တြဲေခၚဖို႔ထက္ လက္ဝါးႀကီးအုပ္ခ်င္ၾကတဲ့မင္းအေဖတို႔လို လုပ္ငန္းႀကီးေတြေပၚလာတာေတြနဲ႔ ျပည္တြင္းျဖစ္ကိုစိတ္မဝင္စားၾကေတာ့တဲ့လူေတြေၾကာင့္ ရိုးရာလက္မႈလုပ္ငန္းေတြတိမ္ေကာလာတာ။"

သူေျပာလိုက္တဲ့စကားကို တစ္ခြန္းမက်န္ႏုတ္ခမ္းေလးေထာ္ၿပီးျပန္ခံေျပာေနတဲ့ေမာင္ေၾကာင့္ ရွင္းသေဘာတက်ၿပံဳးရယ္လိုက္သည္။

"ဘာရယ္တာလဲ။"

"သေဘာက်လို႔ေလ။ေမာင္ေျပာတာ ကိုယ္လက္ခံပါတယ္။
လက္ခံလို႔လည္းဒီအထိ ေရာက္လာတာေပါ့။"

"ဘယ္သူလဲခဗ်ာ။"

တံတားငယ္ေပၚမွာ အေျခအတင္ျဖစ္ေနၾကတဲ့သူတို႔နွစ္ေယာက္စလံုးအိမ္ေပၚထပ္ကအသံေၾကာင့္ လွည့္ၾကည့္မိလိုက္သည္။အသားညိဳညိဳအရပ္ပုပုနဲ႔ရိုးသားသည့္မ်က္နာထားျဖင့္ေမးေနေသာ ဦးေလးႀကီးကိုနွစ္ေယာက္စလံုးၿပံဳးျပလိုက္သည္။နွစ္ေယာက္မွာတစ္ေယာက္က လက္တစ္ဖက္မရွိဘဲလက္တုတစ္ခုဝတ္ဆင္ထားသည္။သူတို႔နွစ္ေယာက္စလံုးမ်က္နာခ်ိဳေသြးလိုက္ေပမဲ့ အိမ္ေပၚကလက္တုနဲ႔ဦးေလးႀကီးကေတာ့ ေမာင့္ကိုျမင္တာနဲ႔ မ်က္နာေၾကာတင္းလာသည္။

"ကိုေသာ္ကေမာင္ ထပ္ၿပီးက်ေနာ့္ကိုစံုစမ္းျပန္ၿပီလား။
ဒီကတစ္ေယာက္ကေရာ ဘယ္သူလဲ"

"က်ေနာ္က GMကပါ။ဦးေလးနဲ႔ေတြ႕ၿပီးေျပာစရာေလးရွိလို႔"

"ျပန္ေတာ့.."

"ဗ်ာ!!!"

"အဲဒီကုမၼဏီကလူေတြကို ျမင္ေတာင္မျမင္ခ်င္လို႔ ထပ္ၿပီးမလာခဲ့နဲ႔။"

ရွင္းေျပျပစ္စြာႏုတ္ဆက္လိုက္ခါမွ ခါးခါးသည္းသည္းျငင္းခံရသည္။ထိုဦးေလး၏မ်က္နာသည္လည္း ခုနကနဲ႔မတူ သူ႔အား မ်က္လံုးကေန ေဒါသမီးထေတာက္မတတ္ၾကည့္ေနသည္။GMနဲ႔ပတ္သက္ၿပီး မေက်နပ္ခ်က္ေတြအပံုလိုက္ရွိခဲ့သည္ထင္ပါ၏။

"ဦးေလး ခန ခနေလးပါ။က်ေနာ္က သူတို႔နဲ႔မတူပါဘူး။
ဦးေလးကိုကူညီခ်င္လို႔လာခဲ့တာပါ။"

"ဘာရယ္..ဟားဟား။မင္းတို႔ကူညီမယ္ဆိုၿပီး ငါယံုစားမိခဲ့တာ ငါ့လုပ္ငန္းရႈံးရုံတင္မကဘူး ငါ့ရဲဦးေနာက္ကိုပါေဖာက္စားသြားတာကြ။"

တစ္ေျဖးေျဖးငိုသံစြက္လာတာေၾကာင့္ အသံေတြတိမ္ဝင္သြားသည္။ဟုတ္ပါသည္။ထိုဦးေလးရဲ႕ ေငြထည္ဒီဇိုင္းကိုခိုးယူၿပီးနိုင္ငံျခားေစ်းကြက္ျဖန္႔ခဲ့တာ GM လုပ္ငန္းစုျဖစ္သည္။သို႔ေသာ္
ီဦးလင္းေရာင္ရွိန္ရဲ႕လွည့္ကြက္ေတြေၾကာင့္ တရားစြဲဆိုခဲ့သည့္ အမႈပယ္ခ်ခံခဲ့ရသည္။၅နွစ္စလံုးအေဖျဖစ္သူနဲ႔အဆက္ျဖတ္ေနေပမဲ့ ဒီအေၾကာင္းကို ခြန္ၾကာကေနတစ္ဆင့္ ရွင္းနားထဲအားလံုးေရာက္ၿပီးသား။ဦးေကာင္းေခတ္ ထမင္းစားေရေသာက္သည့္ကိစၥမွအစ ရွင္းအေဝးကေနေစာင့္ၾကည့္ေနခဲ့သည္။

"တရားစြဲဖို႔ စာျပန္တင္ေပးပါ ဦးေလး။က်ေနာ္ကူညီပါ့မယ္"

"လြယ္မယ္ထင္လို႔လား။ေကာင္ေလး..မင္းဦးေကာင္းေခတ္ကိုဘယ္ေလာက္သိလဲ။ငါ့တန္ဖိုးထားတည္ေထာင္ခဲ့တဲ့ ေငြထည္လုပ္ငန္းမီးေလာင္ျပာက်သြားတာ ထိုင္ၾကည့္ေနခဲ့ရတယ္။ေငြထည္ေတြကိုပံုသြင္းထုဆစ္ခဲ့တဲ့ငါ့ရဲ႕လက္ တစ္ဖက္ဆံုးရႈံးသြားေပမဲ့ ငါဘာမွလုပ္လို႔မရခဲ့ဘူး။ ငါဘာမွမလုပ္နိုင္ဘူး ေကာင္ေလး။

အဟက္။

ထိုဦးေလးစကားက အားလံုးအဖို႔ဝမ္းနည္းစရာေကာင္းေနေသာ္လည္း ရွင္းတစ္ေယာက္သာေလွာင္ၿပံဳးၿပံဳးေနသည္။ပိုင္စိုးပိုင္နက္ အိမ္ႀကီးထဲဝင္ၿပီး ဟိုဟိုဒီဒီပတ္ၾကည့္ေနျပန္သည္။
အိမ္ႀကီးထဲက႐ြာခံဦးေလးႀကီးမ်ားသည္ ေရေနြးၾကမ္းထိုင္သာက္ေနၾကရာကေနထလာၾကသည္။ေမာင္ အားလံုးကိုလည္းမ်က္နာပူလာၿပီ။အားလံုးကလည္းသူတို႔အေပၚ မေက်နပ္သည့္ပံုစံျဖင့္ၾကည့္ေနၾကသည္။

"ရွင္း..မင္းဘာလုပ္ေနတာလဲ။"

သူေျပာတာရွင္းအေရးမလုပ္။

"ငါေျပာတာရီစရာပါလို႔လား ေကာင္ေလး။အခန္႔မသင့္ရင္ ငါ့မိသားစုအထိ ထိခိုက္နိုင္တယ္။"

"ဦးေကာင္းေခတ္အေၾကာင္း ဘယ္ေလာက္သိသလဲဆို သိပ္သိတာေပါ့။သူကက်ဳပ္အေဖေလ"

"ေဟ့..!!"

႐ြာခံဦးေလးႀကီးမ်ားနဲ႔ လုပ္ငန္းပိုင္ရွင္ဦးေလးသည္ မ်က္လံုးမ်ားျပဴးက်ယ္ကာရွင္းကိုၾကည့္လာၾကသည္။

"ဦးေလးတို႔ က်ေနာ့္ကိုယံုရင္ တရားနိုင္ေအာင္ က်ေနာ္လုပ္ေပးမယ္။ေခတ္အဆက္ဆက္ လိမ္ညာလာတဲ့အဲဒီလုပ္ငန္းကိုက်ေနာ္နဲ႔အတူ မဆြဲခ်ခ်င္ဘူးလား"

ရွင္းေျပာတဲ့စကားမ်ားကို လူႀကီးမ်ားတစ္ေယာက္မွမယံုၾကေခ်။မယံုေလာက္စရာပါဘဲ..ကိုယ့္အေဖကိုယ္ဒုကၡေရာက္ေအာင္ဘယ္သားကလုပ္မတဲ့လဲ။

"ငါတို႔ကေတာ့ မယံုဘူးေဝ့။"

"ေၾကာက္လို႔လား။နည္းနည္းေလးမွ စြန္႔စားခ်င္စိတ္မရွိရင္ ဘာေၾကာင့္လက္တစ္ဖက္တည္းနဲ႔အသက္ရွင္ေနေသးလဲဗ်ာ။"

ေမာင္သည္ ရွင္းရဲ႕ခါးကုိဆြဲလိမ္လိုက္သည္။စကားကိုလူခ်စ္တတ္ေအာင္ ဘယ္ေသာခါမွမေျပာတဲ့ရွင္းကိုေခၚလာမိတာသူ႔အမွားဟုေတြးမိလိုက္ျပန္သည္။ကိုယ္တစ္ခ်က္တြန္႔သြားေပမဲ့ ရွင္းရဲ႕ေလသံကေတာ့ လံုးဝအထက္စီးကျဖစ္ေနတုန္း။အေရွ႕ကလူေတြကလည္း ရွင္းစကားေၾကာင့္ မ်က္နာထားမာသထက္မာလာသည္။

"က်ဳပ္အေဖက ေၾကာက္တတ္တဲ့သူကို ပိုေၾကာက္ေအာင္လုပ္တတ္တယ္။လူေတြရဲ႕ရင္ထဲ အေၾကာက္တရားရိုက္သြင္းတာ သူအကြၽမ္းက်င္ဆံုးအလုပ္ဘဲ။"

ရွင္းရဲ႕စကားမ်ားေၾကာင့္ လုပ္ငန္းရွင္ဦးေလးနွစ္ေယာက္နဲ႔႐ြာခံလူႀကီးမ်ားသည္ သူတစ္ျပန္ကိုယ္တစ္ျပန္ၾကည့္ေနသည္။ခ်က္ခ်င္းေတာ့ စည္းရံုးလို႔မရမွာ ေမာင္ေရာရွင္းပါသိၿပီးသားပင္။

"သူ႔ကိုယံုလို႔ရပါတယ္ ဦးႀကီးတို႔။ဆံုးျဖတ္ခ်က္သာခ်ေပးပါ။
က်ေနာ္လည္း ဦးေလးတို႔ဖက္မွာရွိတယ္ေလ။ကိုေနရွင္းက ဦးေကာင္းေခတ္ကိုယွဥ္နိုင္တဲ့ တစ္ေယာက္တည္းေသာသူပါ။"

ေမာင္ေဖ်ာင္းျဖမႈေၾကာင့္ ဦးေလးႀကီးနဲ႔႐ြာခံရပ္မိရပ္ဖမ်ား မ်က္လံုးအေရာင္ေလးေတြလက္လာၾကသည္။ကူရာမဲ့ေနခ်ိန္ ကယ္တင္ရွင္တစ္ဦးေပၚလာသလို ေမ်ာ္လင့္ခ်က္မ်ားျပန္ရွင္သန္လာသည္။

"အဟမ္း..ငါတို႔ကေတာ့ ငါတို႔ဘက္မွာအင္အားရွိေပးမဲ့သူရွိရင္ ေကာင္းတာေပါ့။"

"အလ်င္မလိုပါဘူး။ဆံုးျဖတ္ၿပီးတာနဲ႔ က်ေနာ့္ကိုဆက္သြယ္ေပးပါ။အားလံုးကိုက်ေနာ္တာဝန္ယူတယ္။"

ရွင္းသည္ ဆက္သြယ္ရမည့္လိပ္စာကဒ္ေတြေပးၿပီး ေမာင့္ေရွ႕ကေနဦးေဆာင္ၿပီးႏုတ္ဆက္ကာ အိမ္ေလးေပၚကေနဆင္းသြားသည္။သူလုပ္ရမဲ့တာဝန္ကို ရွင္းကဘဲ ၾကားထဲကေနၿပီးျပတ္ေအာင္လုပ္ဖို႔ တာဝန္ခံခဲ့သည္။စက္ေလွဦးထိပ္ေပၚတက္ၿပီးေနရာတက်ထုိင္ေနတဲ့ရွင္းကို ေမာင္ေငးၾကည့္ရင္း

"ေနာက္ထပ္ဒီလိုမလုပ္နဲ႔ေတာ့။ငါ့ေၾကာင့္နဲ႔မင္းဒုကၡမ်ားရတာမ်ားၿပီေလ။"

"ဘယ္သူကေမာင့္ေၾကာင့္လို႔ေျပာလို႔လဲ။
ေမာင့္ေၾကာင့္အင္းေလးကုိလာခဲ့တာမဟုတ္ဘူး။အရင္ကတည္းကကိုယ့္မွာ  GMကိုဖ်က္စီးဖို႔အစီအစဥ္ရွိၿပီးသား"

"ဘာ!!မင္းတကယ္ဘဲ ဖ်က္စီးဖို႔ရည္႐ြယ္ထားတာလား။
ရူးေနလား"

"မရူးလို႔ဒီလိုဆံုးျဖတ္တာေပါ့။
ကိုယ္မပိုင္တဲ့အရာကို အနိုင္အထက္ျပဳၿပီးယူတာဟာ ဂုဏ္ယူဝင့္ႂကြားစရာလို႔မေခၚဘူး။လုယွက္တာလို႔ေခၚတယ္ ေမာင္ရဲ႕။အားလံုးကိုျပန္ေပးၿပီးေတာင္းပန္ရမွာေပါ့"

"ဟုတ္ပါၿပီ..ငါ့အတြက္ေတာ့ တစ္ေလာကလံုးမင္းအေတာ္ဆံုးဘဲ။"

ရွင္းစကားကို ေမာင္သေဘာက်စြာလက္မေထာင္ရင္းေထာက္ခံလိုက္ၿပီးေမာင္တို႔လည္း ႐ြာကေလးဆီကေန စက္ေလွနဲ႔ထြက္လာသည္။ေလေျပေအးေအးေလးနဲ႔အတူေလွကေလးစီးလာလိုက္တာ ကန္ေရျပင္ကေရေပၚစိုက္ခင္းေတြအနားေရာက္လာခဲ့ျပန္သည္။နီနီရဲရဲသီးေနတဲ့ခရမ္းခ်ဥ္သီးေလးေတြကိုရွင္းကၾကည့္ရင္း ဘယ္ရယ္ေၾကာင့္မသိ သေဘာက်စြာရယ္လိုက္သည္။

"ဒီေနရာေလးကို ေမာင္သတိရေသးလား?"

"ရဘူး..မမွတ္မိေတာ့ဘူး"

ေမာင္သိပ္မွတ္မိတာေပါ့။ဒါသူတို႔ေက်ာင္းတက္တုန္းကအမွတ္တရေနရာေလး။ေမာင့္အတြက္ခရမ္းခ်ဥ္သီးေလးကို ရွင္းခူးေကြၽးခဲ့ေသးသည္။လူကိုအတင္းတိုးဖက္ၿပီး အေနာက္ကေန အနမ္းေျခြခဲ့သည့္အေၾကာင္းေတြကုိ သူဘယ္တုန္းကမွမေမ့ခဲ့။

"အဲဒီေန႔က ကိုယ္တအားေပ်ာ္ခဲ့တာ။"

ေမာင္ကမမွတ္မိဘူးဟုသာေျပာေနေပမဲ့ ရွင္းကေတာ့ ေမာင့္စကားကိုနားမေထာင္ဘဲသူစိတ္ရွိရာကိုသာေျပာေနသည္။ေလွဦးထိပ္ကေန ေမာင့္ကိုေနာက္ျပန္ၾကည့္ရင္း

"အဲဒီေနာက္ အရာအားလံုးကေမွာက္ကမျဖစ္ကုန္တယ္။
ေမာင့္ကိုေပးခဲ့တဲ့ကတိလည္း မတည္နိုင္ခဲ့ဘူး။"

ရွင္းရဲ႕ေနာင္တစကားေတြဟာ ေမာင့္ရဲ႕ရင္ထဲတစ္လွပ္လွပ္တုန္ခါေနေအာင္ခံစားရသည္။နွစ္ေယာက္သားမ်က္နာခ်င္းဆိုင္ေတြ႕ေနတာေတာင္ အလြမ္းေၾကာင့္ နွလံုးသားကတစ္ေျမ့ေျမ့ေလာင္ကြၽမ္းေနသည္။နီးရက္နဲ႔ေဝးဆိုတာ ဒီလိုအေျခအေနမ်ိဳးကိုမ်ားေခၚသလားဟုေမာင္ထင္မိသည္။

"အဲဒီကတိ အခုတည္ရင္ရတယ္ေလ။"

"ဘယ္လို?"

"ဟိုး..မွာ ေတြ႕လား။"

ေမာင့္ရဲ႕လက္သြယ္သြယ္ေလးနဲ႔ထိုးျပေနသည့္ အေဝးတစ္ေနရာကို ရွင္းလွမ္းေမ်ာ္ၾကည့္လိုက္သည္။ေျခတံတစ္ဖက္တည္းနင့္ေလွကိုေလွာ္ၿပီး ငါးဖမ္းေနတဲ့အင္းသားလူ႐ြယ္တစ္ေယာက္ကသူတို႔အား လက္ျပလိုက္ေလသည္။

"ငါ့အတြက္ မင္းဆြဲေပးနိုင္မလား။လက္ေဆာင္အျဖစ္ေပါ့"

သူတို႔ထပ္ေဝးကြာသြားခဲ့ၾကရင္ အသက္ေတြႀကီးသြားခဲ့ၾကရင္ ျပန္မဆံုျဖစ္ေတာ့ရင္အၿမဲအမွတ္ရေနေစဖို႔ ရွင္းရဲ႕အမွတ္တရပစၥည္းေလးတစ္ခုကုိေတာ့ သူရခ်င္မိပါေသးသည္။နွလံုးသားတစ္ေနရာကေန မွတ္မိနိုင္တယ္ဆိုရင္ေတာင္ ေပြ႕ဖက္စရာသက္ဆိုင္သူရဲ႕ပစၥည္းေလးတစ္ခုေတာ့ သူလိုခ်င္မိပါ၏။ေမာင့္ရဲ႕စကားေၾကာင့္ ရွင္းရဲ႕အၿပံဳးေလးကပိုအသက္ဝင္လာၿပီး ေခါင္းကိုျပဳတ္ထြက္မတတ္ၿငိမ့္လိုက္သည္။

"အင္း"

"ဘာမဆိုေပါ့။ေမာင္သာလိုခ်င္ရင္ အကုန္ေပးနိုင္ပါတယ္။"

အင္းဆိုေသာစကားလံုးရဲ႕ေနာက္က ထိုစကားေလးကိုေတာ့ ရွင္းထုတ္မေျပာမိခဲ့ေခ်။ဘယ္ေတာ့မွလည္းထုတ္ေျပာမွာမဟုတ္ေတာ့။ေရွ႕ဆက္ၿပီး ေမာင့္ကိုျပန္လာခဲ့ပါလို႔လည္းမေခၚေတာ့သလို အေဝးကိုထြက္သြားရင္လည္းတားေတာ့မည္မဟုတ္ေခ်။

________________________________

"ပယင္းေရာင္!!!"

အပ္က်သံပင္မၾကားသည့္ အိမ္ေလးတစ္အိမ္ထဲက အသံနက္ႀကီးဟိန္းထြက္လာသည္။ဧည့္ခန္းထဲက ပယင္းေရာင္သည္ အသံလာရာ အလွန္႔တၾကားထရပ္ၿပီးၾကည့္လိုက္သည္။

"တမာန္..ဘာေတြဒီေလာက္ ေလာေနရတာလဲ။အိမ္ထဲမွာ ဘယ္သူမွမရွိဘူးဆိုတိုင္း ေအာ္ခ်င္သလိုေအာ္ေနတာ က်မအတြက္အဆင္မေျပဘူးေနာ္"

"ဘာလဲ။မင္းနဲ႔ငါ ဒီအိမ္မွာ ခိုးေတြ႕ေနပါတယ္ဆိုတဲ့သတင္း
ျပန္႔ကုန္မွာေၾကာက္တာလား။"

ေနတမာန္ေခတ္ရဲ႕မ်က္နာသည္ အရင္ေန႔ေတြနဲ႔မတူေပ။ေဒါသႀကီးတတ္တာမွန္ေပမဲ့ ဒီေန႔က အရင္ကနဲ႔မတူဘဲ ဟိန္းေဟာက္စကားေတြနဲ႔ရိသဲ့သဲ့လုပ္ေနသည္။လက္သီးကိုက်စ္က်စ္ပါေအာင္ဆုတ္ၿပီး ပယင္းေရာင္အေပၚၾကည့္ေနတဲ့အၾကည့္ေတြက နာၾကည္းခ်က္ေတြျပည့္နက္ေနသည္။

"ဘာျဖစ္လာျပန္တာလဲ။ရွင္းနဲ႔ျပသာနာတက္လာတာလား။"

"အဟက္။ငါ့ကိုထားၿပီးရွင္းကိုေ႐ြးခဲ့တာဘာေၾကာင့္လဲမွတ္တယ္။ပိုင္ဆိုင္မႈေၾကာင့္ကုိး..ငါ့ကေတာ့အဲဒါကုိမသိဘဲ မင္းရဲ႕ေသာက္ျပသာနာေတြကုိ အေနာက္ကေနအေစခံသာသာလိုက္ရွင္းေပးရတယ္။"

"တမာန္ ဘာေတြလာရစ္ေနတာလဲ။နွစ္ေယာက္သားရန္ျဖစ္ရေလာက္ေအာင္ ယင္းမွာအခ်ိန္မရွိဘူး။"

"ေသြးသားရင္းကိုလိမ္ညာရေလာက္တဲ့အထိ မင္းမ်က္လံုးထဲဘာမွမျမင္ေတာ့တာလား။မင္းကြာ..ေတာက္"

"ဟင္!"

ပယင္းတစ္ကုိယ္လံုးေအးစက္သြားေလသည္။ေနတမာန္ဘာကိုဆိုလိုေနတယ္ဆိုတာသူရိပ္မိေပမဲ့ အဆံုးထိထုတ္ေျပာရမွာမဝ့ံမရဲျဖစ္ေနသည္။သူေက်ာက္ရုပ္တစ္ရုပ္လိုရပ္ေနတုန္း စာအိပ္တစ္အိပ္နဲ႔အတူေဆးစစ္မွတ္တမ္းတစ္ခုကို တမာန္က စားပြဲေပၚခ်လိုက္သည္။၉၉.၉၉ရာခိုင္နႈန္း သားအဖစစ္မွန္ေၾကာင္း DNAစစ္ခ်က္က ပယင္းတစ္ကိုယ္လံုးကေသြးေတြနားထင္တက္ေလာက္ေအာင္ မူးေနာက္ေစသည္။

"တမာန္ ပယင္းရွင္းျပမယ္။"

"ဟားဟား။မင္းဘာမွထပ္ၿပီးမရွင္းျပနဲ႔..မင္းဘာမွမေျပာလည္း ငါအကုန္သိၿပီးၿပီ။"

ေနတမာန္ေခတ္တစ္ေယာက္ထူးထူးဆန္းဆန္း မ်က္ရည္ေတြတလေဟာက်ဆင္းလာခဲ့သည္။သိတတ္စအ႐ြယ္ကတည္းက အေဖ့အခ်စ္ကိုခံခဲ့ရေပမဲ့ တစ္ေလာကလံုးရဲ႕ေလွာင္ေျပာင္မႈေအာက္မွာအလူးအလဲခံစားခဲ့ရသည္။

သူလိုခ်င္တဲ့အဖြားရဲ႕ေမတၱာကိုေနရွင္းကသာရခဲ့သည္။တစ္ေလာကလံုးက ရွင္းကိုသာေျမာက္စားၾကသည္။မယားငယ္ရဲ႕သားဆိုတဲ့စကားတစ္ခြန္းေအာက္တင္ သူပိုင္ဆိုင္ရမည့္အရာမွန္သမ်ွ ေနရွင္းအတြက္သာျဖစ္ခဲ့သည္။အခုလည္း သူ႔ရဲ႕ပိုင္သမ်ွ ေနရွင္းကသာပိုင္ဆိုင္ေနခဲ့ျပန္၏။

"မင္း ေတာ္ေတာ္ ရက္စက္လြန္းတဲ့မိန္းမ။ငါက ငါေတာ့ အဲဒါက္ုေတာင္မသိခဲ့ဘဲ..ငါ့ကေလးဆိုတာမသိခဲ့ဘဲ အဲဒီကေလးပိစိေလးကို ရူးသြတ္မတတ္မုန္းမိေနခဲ့တယ္။မင္းဘယ္လိုစိတ္နဲ႔မ်ားလုပ္ရက္ရတာလဲ ပယင္းေရာင္"

တစ္စက္စက္က်ေနေသာမ်က္ရည္စေတြနဲ႔အရူးလိုေအာ္ဟစ္ေနတဲ့ နတမာန္ကိုပယင္းမဝံ့မရဲျပန္ေမာ့ၾကည့္လိုက္သည္။ထိပ္လန္႔ေနတဲ့စိတ္ကိုတည္ၿငိမ္ေအာင္ထိန္းခ်ဳပ္ၿပီးမွ

"ဒယ္ဒီ ဒယ္ဒီေျပာသလိုလုပ္ခဲ့ရတာပါ။
ယင္းတမင္လုပ္တာမဟုတ္ပါဘူး"

"ဘာ"

"ပယင္းေျပာျပခ်င္ခဲ့တာေပါ့။ဒယ္ဒီကေျပာတယ္ ဖြားနန္းသာ ကေလးက ရွင့္သားဆိုတာသိခဲ့ရင္ဘာလုပ္ခဲ့မယ္ထင္လဲတဲ့။"

"ရွင္ေရာဘယ္လိုထင္လဲ။အဲဒီအဖြားႀကီးက အခုလိုႀကိဳဆိုၿပီးသားသားေလးကိုလက္ခံမယ္ထင္လား.. ရွင့္ကိုေရာ သားေလးကိုေရာ ကာကြယ္ဖို႔ ဒီလိုေ႐ြးခ်ယ္ခဲ့တာ။ပယင္းေျပာဖူးတယ္ေလ..ပယင္းမွာတမာန္အျပင္မရွိဘူးလို႔"

ပယင္းေရာင္သည္ ေနတမာန္အနားတစ္ေျဖးေျဖးတိုးကပ္ၿပီး တမာန္႔မ်က္နာေပၚက မ်က္ရည္စကိုလက္ျဖင့္အသာအယာသုပ္လိုက္သည္။ေနတမာန္သည္ ရင္ခြင္ထဲကပယင္းေရာင္ရဲ႕စကားကို ညိဳ႕ယူခံထားရသည့္အလား နားေထာင္ေနမိသည္။သူဘာဆက္လုပ္ရမလဲမသိေသးေပမဲ့ ပယင္းေရာင္အေပၚေတာ့နည္းနည္းေလးမွမေက်နပ္။

"သိသြားရင္ ဖြားနန္းေရာ ဥကၠ႒ႀကီးေရာ ေကာ္ရုပ္ေလးအေပၚအရင္လိုဆက္ဆံေတာ့မွာမဟုတ္ဘူး။ေနရွင္းေရာဘဲ..ပယင္းတို႔သားအမိကို စြန္႔ပစ္လိုက္မလားမသိဘူး။"

ေနတမာန္သည္ မ်က္နာကိုလက္နွစ္ဖက္နဲ႔ပြတ္ၿပီး ဆယ္တီထိုင္ခံုေပၚထိုင္ခ်လိုက္သည္။ဆက္ခံသူေနရာအတည္မျဖစ္မခ်င္း သူ႔အေနနဲ႔ဘာျပသနာမွတက္လို႔မျဖစ္တာေၾကာင့္ သူဘယ္လိုဆံုးျဖတ္သင့္မွန္းမသိေတာ့ေခ်။

"ယင္းတို႔သားေလးကို ယင္းတို႔ကာကြယ္ရမွာေပါ့။"

ပယင္းေရာင္ရဲ႕စကားနာထိုးမႈအဆံုး ေနတမာန္သက္ပ်င္းတစ္ခ်က္ခ်လိုက္သည္။ထပ္ၿပီးသူတစ္ဦးတစ္ေယာက္ရဲ႕အသံုးခ်ခံအျဖစ္ရွင္သန္ေတာ့မည္မဟုတ္။

"ဟုတ္တယ္..မင္းေျပာသလို ငါ့သားကိုငါကာကြယ္ရမွာေပါ့။
ဒါေၾကာင့္မင္းရဲ႕ေသာက္ျပသာနာေတြေျဖရွင္းၿပီးရင္ ငါ့သားကိုထားခဲ့ၿပီး အေဝးကိုထြက္သြား"

"တမာန္..!!!"

"မင္းငါ့ကိုလြန္ခဲ့တဲ့၅နွစ္ကတည္းက စြန္႔ပစ္ခဲ့ၿပီးၿပီ။အရင္သံေယာဇဥ္ေတြေၾကာင့္မင္းကိုမမုန္းေပမဲ့ အခုကစၿပီးမင္းကိုငါကအရင္စြန္႔ပစ္မယ္။ေရွ႕ေလ်ာက္ မင္းျပသာနာမင္းရွင္း..ငါနဲ႔ဘာမွလာမပတ္သက္နဲ႔ ေဒၚပယင္းေရာင္"

ပယင္းေရာင္ ဘာစိတ္ကူးနဲ႔ဒီလိုလုပ္ရပ္မ်ိဳးလုပ္တယ္ဆိုတာသူသိၿပီးသားပါ။ထက္ျမက္တဲ့မိန္းမတစ္ဦးျဖစ္တဲ့အေလ်ာက္ လိုအင္ေလာဘလည္းႀကီးမားသည့္ပယင္းေရာင္ဟာ အျမင့္ဆံုးကိုတက္လွမ္းနိုင္ဖု႔ိဘာမဆိုလုပ္မည့္သူတစ္ဦးျဖစ္သည္။ဒီလိုစိတ္ဓာတ္ေတြေၾကာင့္လည္းသူစိတ္ဝင္စားခဲ့မိသည္။သူ႔လိုကပ္ပါးေကာင္တစ္ေကာင္ထက္ ဖြားနန္းလိုေက်ာေထာက္ေနာက္ခံရွိသည့္ ရွင္းကိုေ႐ြးခ်ယ္ခဲ့တဲ့အေပၚလည္းသူနားလည္လက္ခံေပးခဲ့သည္။သို႔ေသာ္အခုကိစၥကိုေတာ့ သူဘယ္လိုမွလက္မခံနိုင္။

"တမာန္ ရွင္ေနာင္တရလိမ့္မယ္။"

"ဟုတ္တယ္ မင္းနဲ႔ပတ္သက္မိခဲ့တာကမွ ငါ့ရဲ႕ေနာင္တဘဲ။"
ငါ့ကိုကေလးဗန္းျပၿပီးအသံုးခ်ဖို႔မႀကိဳးစားနဲ႔။မင္းထပ္လုပ္ရင္ ကေလးအေဖကငါဆိုတာ တစ္ေလာကလံုးသိေစရမယ္။"

ေနတမာန္ေဒါသတႀကီးေအာ္ဟစ္ၿပီးထြက္သြားတာနဲ႔ ပယင္းေရာင္သည္ ေရွ႕က DNAစစ္ေဆးခ်က္မွတ္တမ္းကိုလက္ျဖင့္အားကုန္ုဆုပ္ၿဖဲလိုက္ျပန္သည္။ေဒါသေၾကာင့္နီေစြးေနတဲ့ေအက္ႏုတ္ခမ္းကို ေပါက္ၿပဲလုမတတ္ ဖိကိုက္ထားေလသည္။

______________

ဆက္ရန္

hi millar ျပန္လာပါၿပီ။
updateကေတာ့က်ဲမယ္ေနာ္
millarဆီမွာ လိုင္းမေကာင္းပါဘူး..လိုင္းတစ္ခါမိဖို႔အေရး ေတာင္ထိပ္ထိတက္ေနရလို႔🤣

Unicode

တောင်တန်းတွေပတ်ကာရံထားတဲ့အင်းလေးရေပြင်ကျယ်ဆီကနေ ခြေတံရှည်အိမ်စုစုကလေးတွေရဲ့ကြားထဲ စက်လှေ
တစ်စီးရောက်ရှိလာသည်။ကျွန်းပျဉ်ထောင်နဲ့အိမ်အိုကြီးရှေ့က ဆိုင်းဘုတ်လေးဖြစ်တဲ့ အင်းလေးရိုးရာငွေထည်လုပ်ငန်းဆိုသည့်ဆိုင်းဘုတ်မှ ဖောင်းကြွစာလုံးများတောင်ကွာကျနေပြီ။

"ကျေးဇူးပါဦးလေးရေ..."

မောင်သည် လှေသမားကြီးကိုနုတ်ဆက်လိုက်ကာလှေပေါ်မှဆင်းလိုက်သည်။ထို့အတူ အနောက်ကတောက်တက်လိုကပ်ပါလာသည့် ရှင်းကလည်း သူနဲ့အတူ လှေပေါ်မှခုန်ဆင်းလိုက်ပြန်သည်။

"ဒီနေရာလား..အရမ်းချောင်ကျလွန်းတယ်မထင်ဘူးလား။"

"ချောင်ကျတာမဟုတ်ဘူး။လက်တွဲခေါ်ဖို့ထက် လက်ဝါးကြီးအုပ်ချင်ကြတဲ့မင်းအဖေတို့လို လုပ်ငန်းကြီးတွေပေါ်လာတာတွေနဲ့ ပြည်တွင်းဖြစ်ကိုစိတ်မဝင်စားကြတော့တဲ့လူတွေကြောင့် ရိုးရာလက်မှုလုပ်ငန်းတွေတိမ်ကောလာတာ။"

သူပြောလိုက်တဲ့စကားကို တစ်ခွန်းမကျန်နုတ်ခမ်းလေးထော်ပြီးပြန်ခံပြောနေတဲ့မောင်ကြောင့် ရှင်းသဘောတကျပြုံးရယ်လိုက်သည်။

"ဘာရယ်တာလဲ။"

"သဘောကျလို့လေ။မောင်ပြောတာ ကိုယ်လက်ခံပါတယ်။
လက်ခံလို့လည်းဒီအထိ ရောက်လာတာပေါ့။"

"ဘယ်သူလဲခဗျာ။"

တံတားငယ်ပေါ်မှာ အခြေအတင်ဖြစ်နေကြတဲ့သူတို့နှစ်ယောက်စလုံးအိမ်ပေါ်ထပ်ကအသံကြောင့် လှည့်ကြည့်မိလိုက်သည်။အသားညိုညိုအရပ်ပုပုနဲ့ရိုးသားသည့်မျက်နာထားဖြင့်မေးနေသော ဦးလေးကြီးကိုနှစ်ယောက်စလုံးပြုံးပြလိုက်သည်။နှစ်ယောက်မှာတစ်ယောက်က လက်တစ်ဖက်မရှိဘဲလက်တုတစ်ခုဝတ်ဆင်ထားသည်။သူတို့နှစ်ယောက်စလုံးမျက်နာချိုသွေးလိုက်ပေမဲ့ အိမ်ပေါ်ကလက်တုနဲ့ဦးလေးကြီးကတော့ မောင့်ကိုမြင်တာနဲ့ မျက်နာကြောတင်းလာသည်။

"ကိုသော်ကမောင် ထပ်ပြီးကျနော့်ကိုစုံစမ်းပြန်ပြီလား။
ဒီကတစ်ယောက်ကရော ဘယ်သူလဲ"

"ကျနော်က GMကပါ။ဦးလေးနဲ့တွေ့ပြီးပြောစရာလေးရှိလို့"

"ပြန်တော့.."

"ဗျာ!!!"

"အဲဒီကုမ္မဏီကလူတွေကို မြင်တောင်မမြင်ချင်လို့ ထပ်ပြီးမလာခဲ့နဲ့။"

ရှင်းပြေပြစ်စွာနုတ်ဆက်လိုက်ခါမှ ခါးခါးသည်းသည်းငြင်းခံရသည်။ထိုဦးလေး၏မျက်နာသည်လည်း ခုနကနဲ့မတူ သူ့အား မျက်လုံးကနေ ဒေါသမီးထတောက်မတတ်ကြည့်နေသည်။GMနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေအပုံလိုက်ရှိခဲ့သည်ထင်ပါ၏။

"ဦးလေး ခန ခနလေးပါ။ကျနော်က သူတို့နဲ့မတူပါဘူး။
ဦးလေးကိုကူညီချင်လို့လာခဲ့တာပါ။"

"ဘာရယ်..ဟားဟား။မင်းတို့ကူညီမယ်ဆိုပြီး ငါယုံစားမိခဲ့တာ ငါ့လုပ်ငန်းရှုံးရုံတင်မကဘူး ငါ့ရဲဦးနောက်ကိုပါဖောက်စားသွားတာကွ။"

တစ်ဖြေးဖြေးငိုသံစွက်လာတာကြောင့် အသံတွေတိမ်ဝင်သွားသည်။ဟုတ်ပါသည်။ထိုဦးလေးရဲ့ ငွေထည်ဒီဇိုင်းကိုခိုးယူပြီးနိုင်ငံခြားဈေးကွက်ဖြန့်ခဲ့တာ GM လုပ်ငန်းစုဖြစ်သည်။သို့သော်
ီဦးလင်းရောင်ရှိန်ရဲ့လှည့်ကွက်တွေကြောင့် တရားစွဲဆိုခဲ့သည့် အမှုပယ်ချခံခဲ့ရသည်။၅နှစ်စလုံးအဖေဖြစ်သူနဲ့အဆက်ဖြတ်နေပေမဲ့ ဒီအကြောင်းကို ခွန်ကြာကနေတစ်ဆင့် ရှင်းနားထဲအားလုံးရောက်ပြီးသား။ဦးကောင်းခေတ် ထမင်းစားရေသောက်သည့်ကိစ္စမှအစ ရှင်းအဝေးကနေစောင့်ကြည့်နေခဲ့သည်။

"တရားစွဲဖို့ စာပြန်တင်ပေးပါ ဦးလေး။ကျနော်ကူညီပါ့မယ်"

"လွယ်မယ်ထင်လို့လား။ကောင်လေး..မင်းဦးကောင်းခေတ်ကိုဘယ်လောက်သိလဲ။ငါ့တန်ဖိုးထားတည်ထောင်ခဲ့တဲ့ ငွေထည်လုပ်ငန်းမီးလောင်ပြာကျသွားတာ ထိုင်ကြည့်နေခဲ့ရတယ်။ငွေထည်တွေကိုပုံသွင်းထုဆစ်ခဲ့တဲ့ငါ့ရဲ့လက် တစ်ဖက်ဆုံးရှုံးသွားပေမဲ့ ငါဘာမှလုပ်လို့မရခဲ့ဘူး။ ငါဘာမှမလုပ်နိုင်ဘူး ကောင်လေး။

အဟက်။

ထိုဦးလေးစကားက အားလုံးအဖို့ဝမ်းနည်းစရာကောင်းနေသော်လည်း ရှင်းတစ်ယောက်သာလှောင်ပြုံးပြုံးနေသည်။ပိုင်စိုးပိုင်နက် အိမ်ကြီးထဲဝင်ပြီး ဟိုဟိုဒီဒီပတ်ကြည့်နေပြန်သည်။
အိမ်ကြီးထဲကရွာခံဦးလေးကြီးများသည် ရေနွေးကြမ်းထိုင်သာက်နေကြရာကနေထလာကြသည်။မောင် အားလုံးကိုလည်းမျက်နာပူလာပြီ။အားလုံးကလည်းသူတို့အပေါ် မကျေနပ်သည့်ပုံစံဖြင့်ကြည့်နေကြသည်။

"ရှင်း..မင်းဘာလုပ်နေတာလဲ။"

သူပြောတာရှင်းအရေးမလုပ်။

"ငါပြောတာရီစရာပါလို့လား ကောင်လေး။အခန့်မသင့်ရင် ငါ့မိသားစုအထိ ထိခိုက်နိုင်တယ်။"

"ဦးကောင်းခေတ်အကြောင်း ဘယ်လောက်သိသလဲဆို သိပ်သိတာပေါ့။သူကကျုပ်အဖေလေ"

"ဟေ့..!!"

ရွာခံဦးလေးကြီးများနဲ့ လုပ်ငန်းပိုင်ရှင်ဦးလေးသည် မျက်လုံးများပြူးကျယ်ကာရှင်းကိုကြည့်လာကြသည်။

"ဦးလေးတို့ ကျနော့်ကိုယုံရင် တရားနိုင်အောင် ကျနော်လုပ်ပေးမယ်။ခေတ်အဆက်ဆက် လိမ်ညာလာတဲ့အဲဒီလုပ်ငန်းကိုကျနော်နဲ့အတူ မဆွဲချချင်ဘူးလား"

ရှင်းပြောတဲ့စကားများကို လူကြီးများတစ်ယောက်မှမယုံကြချေ။မယုံလောက်စရာပါဘဲ..ကိုယ့်အဖေကိုယ်ဒုက္ခရောက်အောင်ဘယ်သားကလုပ်မတဲ့လဲ။

"ငါတို့ကတော့ မယုံဘူးဝေ့။"

"ကြောက်လို့လား။နည်းနည်းလေးမှ စွန့်စားချင်စိတ်မရှိရင် ဘာကြောင့်လက်တစ်ဖက်တည်းနဲ့အသက်ရှင်နေသေးလဲဗျာ။"

မောင်သည် ရှင်းရဲ့ခါးကိုဆွဲလိမ်လိုက်သည်။စကားကိုလူချစ်တတ်အောင် ဘယ်သောခါမှမပြောတဲ့ရှင်းကိုခေါ်လာမိတာသူ့အမှားဟုတွေးမိလိုက်ပြန်သည်။ကိုယ်တစ်ချက်တွန့်သွားပေမဲ့ ရှင်းရဲ့လေသံကတော့ လုံးဝအထက်စီးကဖြစ်နေတုန်း။အရှေ့ကလူတွေကလည်း ရှင်းစကားကြောင့် မျက်နာထားမာသထက်မာလာသည်။

"ကျုပ်အဖေက ကြောက်တတ်တဲ့သူကို ပိုကြောက်အောင်လုပ်တတ်တယ်။လူတွေရဲ့ရင်ထဲ အကြောက်တရားရိုက်သွင်းတာ သူအကျွမ်းကျင်ဆုံးအလုပ်ဘဲ။"

ရှင်းရဲ့စကားများကြောင့် လုပ်ငန်းရှင်ဦးလေးနှစ်ယောက်နဲ့ရွာခံလူကြီးများသည် သူတစ်ပြန်ကိုယ်တစ်ပြန်ကြည့်နေသည်။ချက်ချင်းတော့ စည်းရုံးလို့မရမှာ မောင်ရောရှင်းပါသိပြီးသားပင်။

"သူ့ကိုယုံလို့ရပါတယ် ဦးကြီးတို့။ဆုံးဖြတ်ချက်သာချပေးပါ။
ကျနော်လည်း ဦးလေးတို့ဖက်မှာရှိတယ်လေ။ကိုနေရှင်းက ဦးကောင်းခေတ်ကိုယှဉ်နိုင်တဲ့ တစ်ယောက်တည်းသောသူပါ။"

မောင်ဖျောင်းဖြမှုကြောင့် ဦးလေးကြီးနဲ့ရွာခံရပ်မိရပ်ဖများ မျက်လုံးအရောင်လေးတွေလက်လာကြသည်။ကူရာမဲ့နေချိန် ကယ်တင်ရှင်တစ်ဦးပေါ်လာသလို မျော်လင့်ချက်များပြန်ရှင်သန်လာသည်။

"အဟမ်း..ငါတို့ကတော့ ငါတို့ဘက်မှာအင်အားရှိပေးမဲ့သူရှိရင် ကောင်းတာပေါ့။"

"အလျင်မလိုပါဘူး။ဆုံးဖြတ်ပြီးတာနဲ့ ကျနော့်ကိုဆက်သွယ်ပေးပါ။အားလုံးကိုကျနော်တာဝန်ယူတယ်။"

ရှင်းသည် ဆက်သွယ်ရမည့်လိပ်စာကဒ်တွေပေးပြီး မောင့်ရှေ့ကနေဦးဆောင်ပြီးနုတ်ဆက်ကာ အိမ်လေးပေါ်ကနေဆင်းသွားသည်။သူလုပ်ရမဲ့တာဝန်ကို ရှင်းကဘဲ ကြားထဲကနေပြီးပြတ်အောင်လုပ်ဖို့ တာဝန်ခံခဲ့သည်။စက်လှေဦးထိပ်ပေါ်တက်ပြီးနေရာတကျထိုင်နေတဲ့ရှင်းကို မောင်ငေးကြည့်ရင်း

"နောက်ထပ်ဒီလိုမလုပ်နဲ့တော့။ငါ့ကြောင့်နဲ့မင်းဒုက္ခများရတာများပြီလေ။"

"ဘယ်သူကမောင့်ကြောင့်လို့ပြောလို့လဲ။
မောင့်ကြောင့်အင်းလေးကိုလာခဲ့တာမဟုတ်ဘူး။အရင်ကတည်းကကိုယ့်မှာ  GMကိုဖျက်စီးဖို့အစီအစဉ်ရှိပြီးသား"

"ဘာ!!မင်းတကယ်ဘဲ ဖျက်စီးဖို့ရည်ရွယ်ထားတာလား။
ရူးနေလား"

"မရူးလို့ဒီလိုဆုံးဖြတ်တာပေါ့။
ကိုယ်မပိုင်တဲ့အရာကို အနိုင်အထက်ပြုပြီးယူတာဟာ ဂုဏ်ယူဝင့်ကြွားစရာလို့မခေါ်ဘူး။လုယှက်တာလို့ခေါ်တယ် မောင်ရဲ့။အားလုံးကိုပြန်ပေးပြီးတောင်းပန်ရမှာပေါ့"

"ဟုတ်ပါပြီ..ငါ့အတွက်တော့ တစ်လောကလုံးမင်းအတော်ဆုံးဘဲ။"

ရှင်းစကားကို မောင်သဘောကျစွာလက်မထောင်ရင်းထောက်ခံလိုက်ပြီးမောင်တို့လည်း ရွာကလေးဆီကနေ စက်လှေနဲ့ထွက်လာသည်။လေပြေအေးအေးလေးနဲ့အတူလှေကလေးစီးလာလိုက်တာ ကန်ရေပြင်ကရေပေါ်စိုက်ခင်းတွေအနားရောက်လာခဲ့ပြန်သည်။နီနီရဲရဲသီးနေတဲ့ခရမ်းချဉ်သီးလေးတွေကိုရှင်းကကြည့်ရင်း ဘယ်ရယ်ကြောင့်မသိ သဘောကျစွာရယ်လိုက်သည်။

"ဒီနေရာလေးကို မောင်သတိရသေးလား?"

"ရဘူး..မမှတ်မိတော့ဘူး"

မောင်သိပ်မှတ်မိတာပေါ့။ဒါသူတို့ကျောင်းတက်တုန်းကအမှတ်တရနေရာလေး။မောင့်အတွက်ခရမ်းချဉ်သီးလေးကို ရှင်းခူးကျွေးခဲ့သေးသည်။လူကိုအတင်းတိုးဖက်ပြီး အနောက်ကနေ အနမ်းခြွေခဲ့သည့်အကြောင်းတွေကို သူဘယ်တုန်းကမှမမေ့ခဲ့။

"အဲဒီနေ့က ကိုယ်တအားပျော်ခဲ့တာ။"

မောင်ကမမှတ်မိဘူးဟုသာပြောနေပေမဲ့ ရှင်းကတော့ မောင့်စကားကိုနားမထောင်ဘဲသူစိတ်ရှိရာကိုသာပြောနေသည်။လှေဦးထိပ်ကနေ မောင့်ကိုနောက်ပြန်ကြည့်ရင်း

"အဲဒီနောက် အရာအားလုံးကမှောက်ကမဖြစ်ကုန်တယ်။
မောင့်ကိုပေးခဲ့တဲ့ကတိလည်း မတည်နိုင်ခဲ့ဘူး။"

ရှင်းရဲ့နောင်တစကားတွေဟာ မောင့်ရဲ့ရင်ထဲတစ်လှပ်လှပ်တုန်ခါနေအောင်ခံစားရသည်။နှစ်ယောက်သားမျက်နာချင်းဆိုင်တွေ့နေတာတောင် အလွမ်းကြောင့် နှလုံးသားကတစ်မြေ့မြေ့လောင်ကျွမ်းနေသည်။နီးရက်နဲ့ဝေးဆိုတာ ဒီလိုအခြေအနေမျိုးကိုများခေါ်သလားဟုမောင်ထင်မိသည်။

"အဲဒီကတိ အခုတည်ရင်ရတယ်လေ။"

"ဘယ်လို?"

"ဟိုး..မှာ တွေ့လား။"

မောင့်ရဲ့လက်သွယ်သွယ်လေးနဲ့ထိုးပြနေသည့် အဝေးတစ်နေရာကို ရှင်းလှမ်းမျော်ကြည့်လိုက်သည်။ခြေတံတစ်ဖက်တည်းနင့်လှေကိုလှော်ပြီး ငါးဖမ်းနေတဲ့အင်းသားလူရွယ်တစ်ယောက်ကသူတို့အား လက်ပြလိုက်လေသည်။

"ငါ့အတွက် မင်းဆွဲပေးနိုင်မလား။လက်ဆောင်အဖြစ်ပေါ့"

သူတို့ထပ်ဝေးကွာသွားခဲ့ကြရင် အသက်တွေကြီးသွားခဲ့ကြရင် ပြန်မဆုံဖြစ်တော့ရင်အမြဲအမှတ်ရနေစေဖို့ ရှင်းရဲ့အမှတ်တရပစ္စည်းလေးတစ်ခုကိုတော့ သူရချင်မိပါသေးသည်။နှလုံးသားတစ်နေရာကနေ မှတ်မိနိုင်တယ်ဆိုရင်တောင် ပွေ့ဖက်စရာသက်ဆိုင်သူရဲ့ပစ္စည်းလေးတစ်ခုတော့ သူလိုချင်မိပါ၏။မောင့်ရဲ့စကားကြောင့် ရှင်းရဲ့အပြုံးလေးကပိုအသက်ဝင်လာပြီး ခေါင်းကိုပြုတ်ထွက်မတတ်ငြိမ့်လိုက်သည်။

"အင်း"

"ဘာမဆိုပေါ့။မောင်သာလိုချင်ရင် အကုန်ပေးနိုင်ပါတယ်။"

အင်းဆိုသောစကားလုံးရဲ့နောက်က ထိုစကားလေးကိုတော့ ရှင်းထုတ်မပြောမိခဲ့ချေ။ဘယ်တော့မှလည်းထုတ်ပြောမှာမဟုတ်တော့။ရှေ့ဆက်ပြီး မောင့်ကိုပြန်လာခဲ့ပါလို့လည်းမခေါ်တော့သလို အဝေးကိုထွက်သွားရင်လည်းတားတော့မည်မဟုတ်ချေ။

________________________________

"ပယင်းရောင်!!!"

အပ်ကျသံပင်မကြားသည့် အိမ်လေးတစ်အိမ်ထဲက အသံနက်ကြီးဟိန်းထွက်လာသည်။ဧည့်ခန်းထဲက ပယင်းရောင်သည် အသံလာရာ အလှန့်တကြားထရပ်ပြီးကြည့်လိုက်သည်။

"တမာန်..ဘာတွေဒီလောက် လောနေရတာလဲ။အိမ်ထဲမှာ ဘယ်သူမှမရှိဘူးဆိုတိုင်း အော်ချင်သလိုအော်နေတာ ကျမအတွက်အဆင်မပြေဘူးနော်"

"ဘာလဲ။မင်းနဲ့ငါ ဒီအိမ်မှာ ခိုးတွေ့နေပါတယ်ဆိုတဲ့သတင်း
ပြန့်ကုန်မှာကြောက်တာလား။"

နေတမာန်ခေတ်ရဲ့မျက်နာသည် အရင်နေ့တွေနဲ့မတူပေ။ဒေါသကြီးတတ်တာမှန်ပေမဲ့ ဒီနေ့က အရင်ကနဲ့မတူဘဲ ဟိန်းဟောက်စကားတွေနဲ့ရိသဲ့သဲ့လုပ်နေသည်။လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ပြီး ပယင်းရောင်အပေါ်ကြည့်နေတဲ့အကြည့်တွေက နာကြည်းချက်တွေပြည့်နက်နေသည်။

"ဘာဖြစ်လာပြန်တာလဲ။ရှင်းနဲ့ပြသာနာတက်လာတာလား။"

"အဟက်။ငါ့ကိုထားပြီးရှင်းကိုရွေးခဲ့တာဘာကြောင့်လဲမှတ်တယ်။ပိုင်ဆိုင်မှုကြောင့်ကိုး..ငါ့ကတော့အဲဒါကိုမသိဘဲ မင်းရဲ့သောက်ပြသာနာတွေကို အနောက်ကနေအစေခံသာသာလိုက်ရှင်းပေးရတယ်။"

"တမာန် ဘာတွေလာရစ်နေတာလဲ။နှစ်ယောက်သားရန်ဖြစ်ရလောက်အောင် ယင်းမှာအချိန်မရှိဘူး။"

"သွေးသားရင်းကိုလိမ်ညာရလောက်တဲ့အထိ မင်းမျက်လုံးထဲဘာမှမမြင်တော့တာလား။မင်းကွာ..တောက်"

"ဟင်!"

ပယင်းတစ်ကိုယ်လုံးအေးစက်သွားလေသည်။နေတမာန်ဘာကိုဆိုလိုနေတယ်ဆိုတာသူရိပ်မိပေမဲ့ အဆုံးထိထုတ်ပြောရမှာမဝံ့မရဲဖြစ်နေသည်။သူကျောက်ရုပ်တစ်ရုပ်လိုရပ်နေတုန်း စာအိပ်တစ်အိပ်နဲ့အတူဆေးစစ်မှတ်တမ်းတစ်ခုကို တမာန်က စားပွဲပေါ်ချလိုက်သည်။၉၉.၉၉ရာခိုင်နှုန်း သားအဖစစ်မှန်ကြောင်း DNAစစ်ချက်က ပယင်းတစ်ကိုယ်လုံးကသွေးတွေနားထင်တက်လောက်အောင် မူးနောက်စေသည်။

"တမာန် ပယင်းရှင်းပြမယ်။"

"ဟားဟား။မင်းဘာမှထပ်ပြီးမရှင်းပြနဲ့..မင်းဘာမှမပြောလည်း ငါအကုန်သိပြီးပြီ။"

နေတမာန်ခေတ်တစ်ယောက်ထူးထူးဆန်းဆန်း မျက်ရည်တွေတလဟောကျဆင်းလာခဲ့သည်။သိတတ်စအရွယ်ကတည်းက အဖေ့အချစ်ကိုခံခဲ့ရပေမဲ့ တစ်လောကလုံးရဲ့လှောင်ပြောင်မှုအောက်မှာအလူးအလဲခံစားခဲ့ရသည်။

သူလိုချင်တဲ့အဖွားရဲ့မေတ္တာကိုနေရှင်းကသာရခဲ့သည်။တစ်လောကလုံးက ရှင်းကိုသာမြောက်စားကြသည်။မယားငယ်ရဲ့သားဆိုတဲ့စကားတစ်ခွန်းအောက်တင် သူပိုင်ဆိုင်ရမည့်အရာမှန်သမျှ နေရှင်းအတွက်သာဖြစ်ခဲ့သည်။အခုလည်း သူ့ရဲ့ပိုင်သမျှ နေရှင်းကသာပိုင်ဆိုင်နေခဲ့ပြန်၏။

"မင်း တော်တော် ရက်စက်လွန်းတဲ့မိန်းမ။ငါက ငါတော့ အဲဒါက်ုတောင်မသိခဲ့ဘဲ..ငါ့ကလေးဆိုတာမသိခဲ့ဘဲ အဲဒီကလေးပိစိလေးကို ရူးသွတ်မတတ်မုန်းမိနေခဲ့တယ်။မင်းဘယ်လိုစိတ်နဲ့များလုပ်ရက်ရတာလဲ ပယင်းရောင်"

တစ်စက်စက်ကျနေသောမျက်ရည်စတွေနဲ့အရူးလိုအော်ဟစ်နေတဲ့ နတမာန်ကိုပယင်းမဝံ့မရဲပြန်မော့ကြည့်လိုက်သည်။ထိပ်လန့်နေတဲ့စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ပြီးမှ

"ဒယ်ဒီ ဒယ်ဒီပြောသလိုလုပ်ခဲ့ရတာပါ။
ယင်းတမင်လုပ်တာမဟုတ်ပါဘူး"

"ဘာ"

"ပယင်းပြောပြချင်ခဲ့တာပေါ့။ဒယ်ဒီကပြောတယ် ဖွားနန်းသာ ကလေးက ရှင့်သားဆိုတာသိခဲ့ရင်ဘာလုပ်ခဲ့မယ်ထင်လဲတဲ့။"

"ရှင်ရောဘယ်လိုထင်လဲ။အဲဒီအဖွားကြီးက အခုလိုကြိုဆိုပြီးသားသားလေးကိုလက်ခံမယ်ထင်လား.. ရှင့်ကိုရော သားလေးကိုရော ကာကွယ်ဖို့ ဒီလိုရွေးချယ်ခဲ့တာ။ပယင်းပြောဖူးတယ်လေ..ပယင်းမှာတမာန်အပြင်မရှိဘူးလို့"

ပယင်းရောင်သည် နေတမာန်အနားတစ်ဖြေးဖြေးတိုးကပ်ပြီး တမာန့်မျက်နာပေါ်က မျက်ရည်စကိုလက်ဖြင့်အသာအယာသုပ်လိုက်သည်။နေတမာန်သည် ရင်ခွင်ထဲကပယင်းရောင်ရဲ့စကားကို ညို့ယူခံထားရသည့်အလား နားထောင်နေမိသည်။သူဘာဆက်လုပ်ရမလဲမသိသေးပေမဲ့ ပယင်းရောင်အပေါ်တော့နည်းနည်းလေးမှမကျေနပ်။

"သိသွားရင် ဖွားနန်းရော ဥက္ကဋ္ဌကြီးရော ကော်ရုပ်လေးအပေါ်အရင်လိုဆက်ဆံတော့မှာမဟုတ်ဘူး။နေရှင်းရောဘဲ..ပယင်းတို့သားအမိကို စွန့်ပစ်လိုက်မလားမသိဘူး။"

နေတမာန်သည် မျက်နာကိုလက်နှစ်ဖက်နဲ့ပွတ်ပြီး ဆယ်တီထိုင်ခုံပေါ်ထိုင်ချလိုက်သည်။ဆက်ခံသူနေရာအတည်မဖြစ်မချင်း သူ့အနေနဲ့ဘာပြသနာမှတက်လို့မဖြစ်တာကြောင့် သူဘယ်လိုဆုံးဖြတ်သင့်မှန်းမသိတော့ချေ။

"ယင်းတို့သားလေးကို ယင်းတို့ကာကွယ်ရမှာပေါ့။"

ပယင်းရောင်ရဲ့စကားနာထိုးမှုအဆုံး နေတမာန်သက်ပျင်းတစ်ချက်ချလိုက်သည်။ထပ်ပြီးသူတစ်ဦးတစ်ယောက်ရဲ့အသုံးချခံအဖြစ်ရှင်သန်တော့မည်မဟုတ်။

"ဟုတ်တယ်..မင်းပြောသလို ငါ့သားကိုငါကာကွယ်ရမှာပေါ့။
ဒါကြောင့်မင်းရဲ့သောက်ပြသာနာတွေဖြေရှင်းပြီးရင် ငါ့သားကိုထားခဲ့ပြီး အဝေးကိုထွက်သွား"

"တမာန်..!!!"

"မင်းငါ့ကိုလွန်ခဲ့တဲ့၅နှစ်ကတည်းက စွန့်ပစ်ခဲ့ပြီးပြီ။အရင်သံယောဇဉ်တွေကြောင့်မင်းကိုမမုန်းပေမဲ့ အခုကစပြီးမင်းကိုငါကအရင်စွန့်ပစ်မယ်။ရှေ့လျောက် မင်းပြသာနာမင်းရှင်း..ငါနဲ့ဘာမှလာမပတ်သက်နဲ့ ဒေါ်ပယင်းရောင်"

ပယင်းရောင် ဘာစိတ်ကူးနဲ့ဒီလိုလုပ်ရပ်မျိုးလုပ်တယ်ဆိုတာသူသိပြီးသားပါ။ထက်မြက်တဲ့မိန်းမတစ်ဦးဖြစ်တဲ့အလျောက် လိုအင်လောဘလည်းကြီးမားသည့်ပယင်းရောင်ဟာ အမြင့်ဆုံးကိုတက်လှမ်းနိုင်ဖု့ိဘာမဆိုလုပ်မည့်သူတစ်ဦးဖြစ်သည်။ဒီလိုစိတ်ဓာတ်တွေကြောင့်လည်းသူစိတ်ဝင်စားခဲ့မိသည်။သူ့လိုကပ်ပါးကောင်တစ်ကောင်ထက် ဖွားနန်းလိုကျောထောက်နောက်ခံရှိသည့် ရှင်းကိုရွေးချယ်ခဲ့တဲ့အပေါ်လည်းသူနားလည်လက်ခံပေးခဲ့သည်။သို့သော်အခုကိစ္စကိုတော့ သူဘယ်လိုမှလက်မခံနိုင်။

"တမာန် ရှင်နောင်တရလိမ့်မယ်။"

"ဟုတ်တယ် မင်းနဲ့ပတ်သက်မိခဲ့တာကမှ ငါ့ရဲ့နောင်တဘဲ။"
ငါ့ကိုကလေးဗန်းပြပြီးအသုံးချဖို့မကြိုးစားနဲ့။မင်းထပ်လုပ်ရင် ကလေးအဖေကငါဆိုတာ တစ်လောကလုံးသိစေရမယ်။"

နေတမာန်ဒေါသတကြီးအော်ဟစ်ပြီးထွက်သွားတာနဲ့ ပယင်းရောင်သည် ရှေ့က DNAစစ်ဆေးချက်မှတ်တမ်းကိုလက်ဖြင့်အားကုန်ုဆုပ်ဖြဲလိုက်ပြန်သည်။ဒေါသကြောင့်နီစွေးနေတဲ့အေက်နုတ်ခမ်းကို ပေါက်ပြဲလုမတတ် ဖိကိုက်ထားလေသည်။

_________________________

ဆက်ရန်

hi millar ပြန်လာပါပြီ။
updateကတော့ကျဲမယ်နော်
millarဆီမှာ လိုင်းမကောင်းပါဘူး..လိုင်းတစ်ခါမိဖို့အရေး တောင်ထိပ်ထိတက်နေရလို့🤣







Continue Reading

You'll Also Like

4.9K 800 7
The Weekend said , '𝐖𝐞 𝐝𝐨𝐧'𝐭 𝐩𝐫𝐚𝐲 𝐟𝐨𝐫 𝐥𝐨𝐯𝐞 , 𝐰𝐞 𝐣𝐮𝐬𝐭 𝐩𝐫𝐚𝐲 𝐟𝐨𝐫 𝐜𝐚𝐫𝐬' . Huh ! Someone got both ᡣ𐭩 Start : 07/06/2024...
3.3K 476 19
අසම්මතයකත් අසම්මත කතාවක් , . . . . . . . . . . . වේවිදෝ ...............
17.9K 2.8K 20
ආදරේ කියන්නෙ හුත්තක්. එච්චරයි __සිතුම් ආකාෂ් ෆ්‍රනෑන්ඩෝ
9.1K 353 58
𝑊𝑂𝐶 𝑆𝐸𝑅𝐼𝐸𝑆 𝑆𝐴𝑀𝑃𝐼𝑁𝐺𝐴𝑁 𝓧𝓪𝓿𝓲𝓮𝓻 𝓐𝓭𝓻𝓮𝓪𝓷 𝔁 𝓓𝓪𝓱𝓵𝓲𝓪 𝓐𝓻𝔂𝓪𝓷𝓪 Dahlia Aryana. Dipaksa bekerja di kelab malam oleh ibu...