'အိမ်မက်ဖြစ်လိုက်စမ်း'ဆိုသည့်စိတ်ဖြင့်
မေ့လဲခဲ့သော ကျွန်တော်
အခုရော စိတ်နဲ့လူနဲ့ တသားတည်း ဖြစ်သွားပြီလား?
မျက်လုံးမဖွင့်ချင်သေး
ဟင့်အင်း မဖွင့်ရဲသေး
မျက်နှာကြက်ဖြူဖြူကြီးဘဲ မြင်ရမလား?
မှောင်မဲနေသည့် အခန်းကြီးထဲရောက်နေမလား?
ဘယ်လိုနေရာမှာဖြစ်ဖြစ် အဆင်ပြေသည်
အဖြူလွင်လွင်လေးသာ ပြန်လာပေးနိုင်မလား?
ဦးဂျွန်သာ ဘာမှမဖြစ်ဘဲ အရင်လိုလေး
ပြန်ဖြစ်ပေးနိုင်မလား?......
ခန္ဓာက သက်တောင့်သက်သာရှိနေသေးသည်မို့
ကျွန်တော် စိတ်ဖြေရင်း ဖွင့်ကြည့်မိသည်
အင်း ထင်သည့်အတိုင်း
မြင်ရသော မျက်နှာကြက်ဖြူဖြူ
လိုက်ကာတွေကအစ အဖြူရောင်
မရင်းနှီနေသော နေရာတစ်ခု
ကြိုးစားရင်း ထမိတော့
လက်တွေ ဆေးပိုက်တန်းလန်း.....
"ဟင်?ဟျောင့် Jimin နှိုးပြီလား?
အသိစိတ်ကပ်ပြီးလား ငါဘယ်သူလဲ သိသေးလား?"
"......."
"Hey... ငါလေ ငါ ဂျာမနီသားလေကွာDellasလေ
သိလား မှတ်မိလား?"
ကျွန်တော်ခေါင်းငြိမ့်ပြလိုက်မှ ဆက်မမေးတော့ပေ
တော်တော်စိတ်ပူသွားပုံဘဲ ကျွန်တော့်သူငယ်ချင်းလေး
ကျွန်တော်ကရော ဘယ်လိုဖြစ်ပြီး ဆေးပိုက်နဲ့ဖြစ်နေရတာ
နောက်ပြီး ဒီနေရာကရော?
"ငါဘယ်လိုဖြစ်ပြီး ဒီရောက်နေတာ ဒါကရော ဘယ်နေရာလဲ"
"ဟေ ငါက မင်းပြန်မေးချင်တာ
မင်းဘာလို့ တစ်ယောက်တည်း
ပန်းခြံထဲ မေ့လဲနေရတာ
မင်းကို အသိတွေ့လို့ ထွက်သွားတယ်ထင်တာ
ငါလည်းမျှော်ရင်း မလာနိုင် မလာနိုင်ဆိုတော့ လိုက်ရှာလိုက်တာ
ဘုရားရှင်ကယ်လို့ပေါ့
ဒီလောက်အေးတဲ့နေရာမှာ
မင်းမေ့လဲနေတာ ဘာမှမဖြစ်လို့
ငါတော့ သွားပြီကို မှတ်တာာ
ငါကိုင်ကြည့်တော့ မင်းတကိုယ်လုံး အေးစက်နေပြီလေ တောင့်တောင့်ကြီး
ငလူးး ပြောရင် အခုတောင် အေးချင်လာပြီ"
"ငါတစ်ယောက်တည်းလား?"
"အေးပေါ့ မင်းမသွားစမ်းနဲ့ အဲ့ ပန်းခြံထဲက တောအနက်ထဲထိ ဘာကိစ္စသွားတာ မကြောက်မလန့် ဆောင်းတောင် ကုန်နေပြီကို မြူတွေက မကုန်သေးဘူး
အေးကအေးသေး
ပတ်ဝန်းကျင်ကိုက လန့်စရာပါဟာ"
"မင်းတွေ့လို့ တော်သေးတာပေါ့ ကျေးဇူးကွာ ငါ့ကောင်ကြီး"
"တော် ဟျောင့် မင်းကိုယ်ကြီးကို
ဆေးပေးခန်းထိ သယ်လာရတာ လွယ်မနေဘူး ထုလိုက်ရ နာတော့မယ် နောက်ခါသွားရင် မင်းဘာသာ လဲသေတော့"
"တကယ် ငါတစ်ယောက်တည်းလား?"
"ဟုတ်တယ်လို့ ကဲ ထ
အိမ်ပြန်ပြီးနားလိုက်တော့
ဆေးလည်းကုန်ပါပြီ စာကိုတော့မပူနဲ့ ငါကူးပေးမယ်
Ok bro? "
"Ok bro"
၂ယောက်သား ပြောပြောဆိုဆိုနှင့်
ကျွန်တော်လည်း ဆေးပေးခန်းက ဆရာမကို နှုတ်ဆက်ရင်း အိမ်ပြန်လမ်းဆီသို့
ကျွန်တော် ကြုံခဲ့ရသည်က အိမ်မက်လား
တကယ့်အဖြစ်အပျက်လား
မသဲကွဲတော့ပေ
အိမ်မက်ပါ ဆိုသော် ကိုယ်တွေ့ကြုံခဲ့ရသည်နှယ် ခံစားချက်ကြီးက မပျောက်ပြယ်
လက်တွေ့ပါ ဆိုသော် ဦးဂျွန်လို အေးတိအေးစက်က သူ့ကို ဒီလိုစကားမျိုး ပြောမည်လား?
"မဖြစ်နိုင်တာ ဦးဂျွန်က င်္ဒီလိုစကားတွေ ငါ့ကိုပြောပါ့မလား ငါစိတ်စွဲပြီး ရူးပြန်ပြီထင်တယ်
Yar.. ဟားဟား Park Jimin မင်းစိတ်ထိန်းစမ်း
မင်းဟာလေ အခုထိ ကလေးစိတ်မကုန် မရင့်ကျက်သေးဘူး ဇာတ်ကားအကြည့်လွန်ပြီး စိတ်ကူးယဉ်ရာက အိမ်မက်ထဲ ပါလာပြီ ဟားဟား "
"Jungkook~ka ငါ့ကို ငြင်းဆဲနေသလား
ခဏတာ ငါရူးခဲ့မိတဲ့ အကြည့်ကနေလေ အကြည့်လေးတစ်ခုကနေ.....
တကယ်ကို ချုပ်နှောင်မိနေတော့တာဘဲ...
တမ်းတမ်းတတ စွဲလမ်းစရာလေးက.....
ဒီမျက်ဝန်းဝိုင်းဝိုင်းများဆီမှ စခဲ့သည်လေ"
အခုထိလည်းကျွန်တော် တစ်ယောက်တည်း
ရေရွတ်တတ်တုန်း.....
အတွေးနယ်ချဲ့တတ်တုန်း.....
တမ်းတတုန်း.....
မရေမရာလေးအတွက်ပေါ့
🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂
အိမ်ပြန်လမ်းတွေက မှောင်မဲတုန်းဘဲ
အနက်ရောင်ကို မုန်းချင်လာပြီ...
ဒီရောက်စ ကသာ
လမ်းမှာ အိမ်မပျော်ခဲ့လျှင် လမ်းတွေကျွမ်းနေမလားဘဲ
အခုထိတော့ လမ်းတွေက ဝေဝါးနေဆဲ
အဲ့အချိန်တုန်းက
ဖေကြီးသည်လည်း အိမ်ရောက်မှ
ကျွန်တော်ကို နှိုးခဲ့သည်လေ
အေးရောပေါ့ဗျာ
ကျောင်းနဲ့အိမ်တော့ သွားတတ်နေသေးလို့
တော်သေးတယ်ဆိုရမည်
ရပ်ကွက်ငယ်ထဲသာ လျှောက်ပတ်မိလျှင်
လမ်းပျောက်ဦးမှာ သေချာပေါက်
အိမ်တံခါး passwordလေးရိုက်နှိပ်ထည့်ရင်း အိမ်ထဲသို့ဝင်လာခဲ့သည်
ဧည့်ခန်းထဲက ပန်းချီကားကို
ငေးမြဲငေးနေသော Jungkook
hummm......
ဆံပင်ရှည်တို့ကို တစ်ဝက်စုစည်းပြီး ထုံးထားသည်
မမှီသော ဆံသားအချို့က ကပိုကရို ကျနေလျက်
ကြည့်ကောင်းနေတုန်းဘဲ...
"ပြန်လာပြီလား?"
"ဗျာ...ဟုတ် ပြန်လာပြီ"
ပန်းချီကားအား ကြည့်မြဲကြည့်ရင်း မေးလာသည်
ကျွန်တော် ဝင်လာသည်ကို အသံကြားပုံပင်
"ဟိုလေ ဦးဂျွန် မေးစရာရှိလို့"
"......"
စကားပြန်မရသော်လည်း ကျွန်တော်ကို လှည့်ကြည့်လာသည်
မျက်နှာသည်ကား ကြည်လင်ရှင်းလင်းနေ၏
မေးငေါ့ ပြသည်
'ပြောစေ မေးစေ' ဆိုသည့်သဘော
"ဒီနေ့လေ ဦးဂျွန် ကျောင်းလာသေးလားဟင်?"
"ကိုယ့်လိုလူက ဘာကိစ္စကျောင်းကို လာရပါ့မလဲ?
ကျောင်းသားမဟုတ် ကျောင်းသားမိဘလည်းမဟုတ်"
"ဟုတ်တော့လည်း ဟုတ်ပါတယ်.....ဒါမဲ့ အလည်အပတ် ဘာညာ ဆရာ ဆရာမနဲ့...တွေ့ရင်း ကျောင်းသားဟောင်းတွေက လာတတ်တယ်
အပြင်လူတွေကလည်း ကျောင်းတွင်းကို လေ့လာဖို့ ဘဘောကျလို့ လာကြတယ်လေ အဲတာ...အဲတာလေ
ဦးဂျွန်များ လာသလားလို့ပါ"
"အင်း အဲ့လိုလား....
ကိုယ်အဲလိုတွေ မနေတတ်ဘူး
လူသားတွေ တအားရှုပ်နေရင်
စိတ်ထဲ မနှစ်မြို့ဘူး သဘောမကျဘူး
ကိုယ်တွေ့ချင်တဲ့
မင်းလေးဆီ လာတယ်ဆိုရင်တော့ တစ်မျိုးပေါ့"
မျက်တောင်တစ်ချက် မခတ်ဘဲ ပြောလာသည့် ဦးဂျွန်ဆီမှ ပြန်စကား
ကျွန်တော်ကို တွေ့ချင်တယ် ဆိုဘဲ
ချုပ်စမ်း လူကြီးရာ ချုပ်စေ
ဒါဆို..... ဒီလိုဆို.....
ကျွန်တော် အိမ်မက် မက်ခဲ့သည်ပေါ့
အတွေးလွန်နေခဲ့သည်ပေါ့
ကျွန်တော်ပြောသား ဦးဂျွန်က
ကျွန်တော်ကို အဲလိုစကားတွေ ဘာလို့ပြောရမှာ
အော်ရမှာ စိတ်တိုရမှာလဲ?
အခုမှပင် စိတ်ပူပန်တာ ယုတ်လျော့သွားသည်
"ဦးဂျွန်လည်း လူဘဲကို ဘာလူသားတွေ တအားရှုပ်ရင် မနေတတ်ဘူးလဲ ဘာစကားကြီးပြောမှန်းမသိဘူး
ဦးဂျွန်လည်း လူမဟုတ်တာကျလို့"
"ကိုယ့်စကားက အဲ့လိုသဘောသက်ရောက်သွားလား ဟွန်း"
"OMM အဲ့သဘော အဲ့သဘော"
"Sorry ကိုယ်အတွက်လည်း မင်းကလွဲ ကျန်တာတွေ လူမထင်ဘူး ချာတိတ်"
ထိုစကားကိုဆိုရင်း ကျွန်တော်ဆီ လျှောက်လှမ်းလာကာ
ခါးသိမ်သိမ်ကို ဆွဲဖက်ရင်း မေးမှပင့်ကာ
ကျွန်တော့်မျက်နှာကို ငေးကြည့်နေသည်
ဘယ်လိုအနေအထားကြီးလဲ ဦးဂျွန်?
ဘယ်သောအခါမှ မနီးစပ်ရသော မျက်နှာပိုင်ရှင်သည်ကား
ယခု ကျွန်တော်နှင့် အနီးစပ်ဆုံးမှာပင်
ဖန်အိမ်ငယ် မျက်ဝန်းတွေက
ကြည်လဲ့နေသည်
ကျွန်တော်သည်လည်း ကျောက်ရုပ်ပမာ
အချိန်တွေ ခေတ္တခဏ ရပ်နားပေးပါ့လား?.....
အယောင်အယောင်အမှားမှား
မျက်ဝန်းဝိုင်းတွေဆီသို့ လက်လှမ်းမိသည်
မျက်တောင်ရှည်ရှည်လေးတွေနဲ့ တအားလိုက်ဖက်တာဘဲ
လက်ချောင်းလေးများနှင့် ထိတွေ့မိတော့
မျက်ဝန်းတို့အား မှိတ်ချပေးသည်
မျက်ခွံများသည်လည်း မို့မို့လေး
မျက်ခုံးသည်လည်း မည်းနက်ကာ မျက်ဝန်းတွေကို ပိုအသက်ဝင်အောင် ဖန်တ်ီးထားသယောင်
စိတ်ထဲ၌ တွေးရင်း လက်ချောင်းများသည်လည်း လိုက်ထိတွေ့မိရင်း
နောက်ဆုံးတွင် နှုတ်ခမ်းပါးအောက်ဆီက မှဲ့နက်လေးတင် အဆုံးသတ်၏
ခြုံငုံကြည့်မိလေတော့ လူကြီးပြုံးနေတယ်??
ကျွန်တော် အသိစိတ်လွတ်သွားသည်ဘဲ
စိတ်ကြိုက် အနီးကပ်ကြည့်မိနေသည်
ကြည့်ရုံပင်မက ထိတွေ့မိနေသည်လေ
"တောင်းပန်ပါတယ် ကျွန်တော်...ကျွန်တော်...
ဒီ...တိုင်း င်္ဒိတိုင်း ဟို မျက်လုံး ဟုတ်တယ် မျက်လုံးတွေက သူများနဲ့ မတူဘူး
ထူး... ထူးခြားနေလို့"
"အင်း ကိုယ်က ဘာပြောလို့ စိတ်ကြိုက် ကြည့်ဦး"
"ဗျာ ရပြီ ရပြီ ကျွန်တော် ဒီနေ့ နည်းနည်းနေလို့မကောင်းနေလို့ အဟမ်း နားပါတော့မယ်"
"အင်း....ဟုတ်ပြီ "
ခါးသိမ်သိမ်ကို ဖက်ထားသော လက်ဖဝါးပြင်သည် ဖက်ထားရာမှ တဖြည်းဖြည်းချင်း ဖြည်လျော့ပေးသည်...
အကြည့်သည်ကား တစ်ချက်မှ ခွာမသွားသေး
အိမ်မက်ကြောင့် ရူးရတော့မည်လား?
လူစင်စစ်ကြောင့် ရူးရတော့မည်လား?
Jeon Jungkookရေ.....
ကျွန်တော်ကို လာပွေ့ဖက်ပေးနိုင်မလား?
#Aji
အဟဲအဟမ်း😑
ဘာတွေရေးမိပါလိမ့်