{Zawgyi}
အနည္းငယ္ရွက္စရာေကာင္းသြားတာေၾကာင့္ ခဏေလာက္ အသံတိတ္သြားၾကတယ္။
လင္ရွန္းလည္း သူ႔အၿပဳံးကို ျပန္႐ုတ္သိမ္းၿပီး ေခါင္းလွည့္လိုက္တယ္။
သူနဲ႔ ေမာ့က်ဴးခ်န္က ေျခတစ္လွမ္းစာသာ ေဝးၿပီး ေခါင္းေတြကလည္း တစ္ဖက္စီကို လွည့္ထားတယ္။
ႏွစ္ေယာက္စလုံးက ရွင္းဆန္းေက်ာင္းယူနီေဖာင္းေတြ ဝတ္ဆင္ထားတယ္။ ဒီေန႔ဆို ေမာ့က်ဴးခ်န္ကေတာင္မွ သူ႔ရဲ႕ ရွပ္အက်ီၾကယ္သီးေတြကို အက်အနေသခ်ာတပ္ထားတယ္။ ကုတ္အက်ီလည္း ဝတ္ထားၿပီး ေက်ာပိုးအိတ္ကို ပုခုံးမွာ ဆြဲထားတယ္။
လင္ရွန္းကေတာ့ အၿမဲတမ္း စာႀကိဳးစားတဲ့ လူငယ္ေကာင္ေလးတစ္ေယာက္ျဖစ္တယ္။
ၾကည့္ေကာင္းတဲ့ေကာင္ေလးနဲ႔ ႏွစ္လိုဖြယ္ေကာင္းတဲ့ေကာင္ေလးတို႔က ဒီလိုမ်ိဳးတစ္ေယာက္နဲ႔တစ္ေယာက္ ဆန႔္က်င္ဘက္အရပ္ကို မ်က္ႏွာမူၿပီး ရပ္ေနၾကတယ္။
မသိရင္ ေတာင့္ခဲေနတဲ့ပန္းခ်ီကားတစ္ခ်ပ္နဲ႔တူၿပီး ရယ္ခ်င္စရာေကာင္းသလို အနည္းငယ္လည္း မျပတ္မသားျဖစ္ေနေစတယ္။
"လင္ရွန္း!" ေနာက္ေတာ့ အတန္းပိုင္ဆရာ လီရႈခ်န္ရဲ႕အသံ ထြက္ေပၚလာတယ္ "ေမာ့က်ဴးခ်န္! မင္းတို႔ေကာင္ေတြ ဘာလို႔ ဒီမွာရပ္ေနၾကေသးတာလဲ?"
သူက အခ်ိန္ကိုၾကည့္ကာ "မင္းတို႔ မနက္ခင္းစာဖတ္ခ်ိန္အတြက္ ေက်ာင္းေခါင္းေလာင္းတီးသြားတာကို မၾကားဘူးလား? အတန္းကို ျမန္ျမန္ျပန္သြားၾကေတာ့"
ဆရာရဲ႕စကားေတြက တိတ္ဆိတ္ျခင္းကို ေဖာက္ခြင္းလိုက္တဲ့ ခလုတ္တစ္ခုလိုပဲ။
"သြားမယ္!" ေမာ့က်ဴးခ်န္က အေပၚကိုတက္လိုက္ၿပီး လင္ရွန္းလက္ေမာင္းကို ဆြဲလိုက္တယ္။
ႏွစ္ေယာက္လုံးက အလ်င္စလို "Mr.လီ"လို႔ ႏႈတ္ဆက္ၿပီးတာနဲ႔ Fတန္းဆီကို ျမန္ျမန္ေျပးသြားၾကေတာ့တယ္။
အတန္းထဲမွာ မနက္ခင္းအခ်ိန္ေတြမွာ အားလုံးကို စာေလ့လာဖို႔ ႏႈိးေဆာ္ေလ့ရွိတဲ့ အတန္းပိုင္ဆရာက ေရာက္မလာေသးဘူး။
ႀကီးျမတ္လွတဲ့နတ္ဆိုးဘုရင္ႀကီး ေမာ့က်ဴးခ်န္လည္း ေရာက္မလာေသးဘူး။
ဒါေၾကာင့္ Fတန္းက ေက်ာင္းသားေတြလည္း ႏွစ္ေယာက္တစ္စု သုံးေယာက္တစ္စု စကားေျပာေနၾကတယ္။
ဖိုရမ္ေပၚက postကို တစ္ေယာက္မွ စာမျပန္ရဲၾကေပမယ့္ မ်က္လုံးရွိတဲ့လူတိုင္း ေမာ့က်ဴးခ်န္ရဲ႕ျပန္စာကို ျမင္ႏိုင္တယ္။
အထက္ျမင့္အေဆာက္အအုံထဲမွာ Fတန္းထဲက ေက်ာင္းသားေတြ မ်ားစြာပါဝင္ပက္သက္ေနၾကတယ္ဆိုတာ အတိုင္းသားျမင္ေတြ႕ေနရတယ္။
အခု ထိုေက်ာင္းသားေတြ အရမ္းစိတ္လႈပ္ရွားေနရၿပီ။
အစတုန္းကေတာ့ ေမာ့က်ဴးခ်န္နဲ႔ လင္ရွန္းက မတိုးသာမဆုတ္သာ အေျခအေနတစ္ခုမွာ ရွိေနၾကတာလို႔ သူတို႔ေတြ ထင္ခဲ့ၾကတယ္။
ထိုင္ခုံေတြကိုလည္း ေနာက္ဆုံးတန္းက ျပတင္းေပါက္နား ျပန္ေ႐ႊ႕သြားတာေၾကာင့္ လုံးဝျပတ္သြားၾကၿပီဆိုတဲ့ သေဘာသက္ေရာက္ေနတယ္။
ေက်ာင္းျမက္ႀကီးက ဒီေလာက္ထိ အမွ်င္မျပတ္ျဖစ္ေနမယ္လို႔ ဘယ္သူသိမွာလဲ!
ထိုေက်ာင္းသားေတြနဲ႔ သူတို႔ရဲ႕သူငယ္ခ်င္းေတြက အတူတူစုကာ အသံတိုးတိုးနဲ႔ ေဆြးေႏြးေနၾကတယ္။ ခပ္ပူပူဒယ္အိုးထဲ ေရာက္ေနတဲ့ ပု႐ြက္ဆိတ္လိုမ်ိဳး ေသာကေရာက္ေနတယ္။
လင္ရွန္းကို ႀကိမ္းေမာင္းခဲ့ၾကတဲ့ တျခားအတန္းက ေက်ာင္းသားေတြကေတာ့ ေတာင္းပန္လိုက္ရင္ အဆင္ေျပႏိုင္ေသးတယ္။ ဒါေပမယ့္ သူတို႔ေတြက ေမာ့က်ဴးခ်န္ရဲ႕ႏွာေခါင္းေအာက္မွာ ေန႔တိုင္းလႈပ္ရွားေနရတာ။
တစ္ဖက္လူက သူတို႔ကို တစ္ခါေတြ႕တိုင္း လင္ရွန္းကို က်ိန္ဆဲခဲ့တယ္ဆိုတာေတြကို တစ္ခါျပန္ေတြးမိေနမွာပင္။
ဒါဆို သူတို႔ေတြ ေက်ာင္းထဲမွာ အသက္ေရာရွင္ႏိုင္ပါအုံးမလား?
ဒီလူေတြ အသည္းအသန္ေသာကမ်ားေနေတာ့တယ္။
တကယ္ေတာ့ သူတို႔စိတ္ထဲမွာ ၾကက္ကန္းဆန္အိုးတိုးသလို အေတြးတစ္ခုေတာ့ရွိတယ္။
ျဖစ္ေကာင္းျဖစ္ႏိုင္တာက...
ျဖစ္ပ်က္သြားတာနဲ႔ ကိစၥရဲ႕သက္ေရာက္မႈကို ေမာ့က်ဴးခ်န္ အေျဖမရွာရေသးတာေၾကာင့္ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။
ဓာတ္ပုံက အတုလို႔ ထင္ေနတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္!
သူ အခ်က္အလက္ေတြကို ေဖာ္ထုတ္ၿပီးသြားတဲ့အခ်ိန္မွာ လင္ရွန္းက သူ႔ေနာက္ကြယ္မွာ တျခားသူေတြကို ခ်ိတ္ေနတယ္ဆိုတာ သိသြားလိမ့္မယ္။
အဲ့ေတာ့မွ သူ လင္ရွန္းကို ေဗ်ာတင္ေတာ့မွာ!
သူတို႔ေတြ အိမ္မက္,မက္ေနတာသာ။
အခန္းတံခါးနားကေန အေလာတႀကီးေျခသံေတြ ထြက္ေပၚလာတယ္။
အဲ့ေနာက္မွာ ခ်က္ခ်င္းဆိုသလို လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္တို႔ တစ္ေယာက္ၿပီးတစ္ေယာက္ စာသင္ခန္းထဲ အေလာတႀကီးဝင္လာၾကတယ္။
လင္ရွန္းက သူ႔ထိုင္ခုံဆီ အျမန္ေျပးကာ ထိုင္လိုက္ၿပီး လြယ္အိတ္ကို ခုံထဲထိုးထည့္ကာ တ႐ုတ္စာဖတ္စာအုပ္ကို ထုတ္ၿပီး စဖတ္ေနလိုက္တယ္။
သူ႔ေခါင္းက အေတာ္ေလးငုံ႔က်ေနၿပီး ေဘးဘီကိုေတာင္ ၾကည့္မေနဘူး။
ေမာ့က်ဴးခ်န္ကိုလည္း မၾကည့္ရဲဘူး။
ခုေလးတင္ တစ္ဖက္လူေျပာလိုက္တဲ့ စကားလုံးေတြက သူ႔ေခါင္းထဲမွာ ရွိေနတုန္း_
"ဒီလိုမ်ိဳး ထပ္ရယ္လို႔ကေတာ့ ငါမင္းကို ထပ္နမ္းေတာ့မွာ..."
လင္ရွန္းေခါင္းက ပိုလို႔ေတာင္ ငုံ႔သြားတယ္။ သူ ဘာဆိုဘာမွကို ခံစားလို႔မရခဲ့ဘူး။
အခုခ်ိန္မွာ သူက အတန္းထဲမွာထိုင္ၿပီး သင္ေထာက္ကူပစၥည္းေတြကို မ်က္ႏွာမူေနရတာ။
သူ႔အတြက္ ဒါက စာေလ့လာဖို႔တစ္ခုတည္းအတြက္ ေလးေလးနက္နက္ရွိသင့္တဲ့ေနရာတစ္ေနရာျဖစ္တယ္။
သူ႔ေခါင္းထဲမွာက ေမာ့က်ဴးခ်န္စကားေျပာခ်ိန္မွာျဖစ္ေနတဲ့ ႏႈတ္ခမ္းပါးတို႔နဲ႔သာ ျပည့္ေနတယ္။
လင္ရွန္း မ်က္ႏွာေတာင္ နည္းနည္းပူလာမိတယ္။
သူက အဂၤလိပ္ဖတ္စာကို လွန္ထားတယ္ဆိုတာ သိသာေပမယ့္ အခ်ိန္အေတာ္ၾကာတဲ့အထိ စာလုံးတစ္လုံးေတာင္ မဖတ္ျဖစ္ဘူး။
သူ႔ကို ႀကိမ္းေမာင္းထားၾကတဲ့ ေက်ာင္းသားေတြကလည္း ခုနတုန္းကထက္ေတာင္ ပိုၿပီးစိတ္ေသာကေရာက္လာၾကတယ္။
ဘာေၾကာင့္ဆို ေမာ့က်ဴးခ်န္က သူထိုင္ေနက် ေနာက္ဆုံးတန္းရွိ ျပတင္းေပါက္နားက ထိုင္ခုံဆီ ေလွ်ာက္သြားတာကို သူတို႔ေတြ႕လိုက္ရတယ္။
သူ မထိုင္လိုက္ဘူး!
႐ုတ္တရက္ ျပန္လွည့္လာတာ!
သူ လင္ရွန္းေနာက္ကို ထပ္ေလွ်ာက္သြားျပန္တယ္!
လင္ရွန္းေနာက္မွာထိုင္ေနတဲ့ ေက်ာင္းသားခမ်ာ လြယ္အိတ္ထဲ ထည့္သိမ္းဖို႔အခ်ိန္ေတာင္မရတဲ့အတြက္ စာအုပ္ေတြ လြယ္အိတ္ေတြကိုင္ကာ ထလိုက္ရတယ္။
သူ ဘာတစ္ခြန္းမွမေျပာဘဲ ေမာ့က်ဴးခ်န္ကို တည့္တည့္ပဲ ေနရာလဲေပးလိုက္တယ္။
ထို႔ေနာက္ ေနာက္ဆုံးတန္းက ျပတင္းေပါက္နားမွာ တည္ၿငိမ္စြာ ထိုင္လိုက္တယ္။
လင္ရွန္းကို ႀကိမ္းေမာင္းခဲ့တဲ့ ေက်ာင္းသားေတြကေတာ့ တကယ္ႀကီး ငိုေနပါၿပီေနာ္!
ဒီလိုနဲ႔ပဲ အဆင္ေျပသြားၾကေရာလား၊ဍ
လင္ရွန္းနဲ႔ ေက်ာင္းျမက္ႀကီးက ငါးမွ်ားျခင္းဥပေဒကို လိုက္နာေနၾကတာလားလို႔ေတာင္ သူတို႔ေတြ သံသယဝင္သင့္လား! [ T/N : ငါးမွ်ားသလိုမ်ိဳး ႀကိဳးကို နည္းနည္းေလးေလွ်ာ့ေပးလိုက္ ျပန္ဆြဲလိုက္ လုပ္ေနတာလို႔ ေျပာခ်င္တာထင္တယ္ ]
ကယ္ၾကပါ...
လင္ရွန္းက ေမာ့က်ဴးခ်န္ကို ၾကည့္မေနေပမယ့္ တစ္ဖက္လူရဲ႕လႈပ္ရွားမႈေတြကို သိႏိုင္ေသးတယ္။
ထိုအခ်ိန္မွာပဲ အတန္းထဲကို အတန္းပိုင္ဆရာဝင္လာတယ္။
သူက အတန္းသားေတြကို မ်က္ႏွာထားတင္းတင္းနဲ႔ စိုက္ၾကည့္ၿပီးေနာက္ ေခ်ာင္းအသာဟန႔္ကာ အတန္းထဲ စတင္လွည့္ပတ္ၾကည့္ေနေတာ့တယ္။
သူ လင္ရွန္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားၿပီး အတန္းေရွ႕ျပန္ေလွ်ာက္သြားခ်ိန္မွာ လင္ရွန္းရဲ႕ေနာက္ေက်ာက ယားက်ိက်ိျဖစ္သြားတယ္။
႐ုတ္တရက္ႀကီး ေမာ့က်ဴးခ်န္က သူ႔ေက်ာေပၚမွာ စာ,စၿပီးေရးလာတာျဖစ္တယ္။
သူေရးတာ ေတာ္ေတာ္ေလး ေႏွးတယ္။
ဒါက နည္းပညာေခတ္ျဖစ္တာေၾကာင့္ ျပႆနာတစ္ခုကို WeChatကေန ပို႔လိုက္ရင္ျဖစ္ျဖစ္ ေျဖရွင္းလို႔ရႏိုင္တယ္။
သူကေတာ့ လင္ရွန္းရဲ႕ပိန္ပါးပါးေနာက္ေက်ာေလးေပၚမွာသာ ဒီတိုင္းေရးျခစ္ခ်င္လို႔ျဖစ္တယ္။
လင္ရွန္းရဲ႕အာ႐ုံကလည္း သူ႔ေက်ာေပၚက ေျဖးေျဖးခ်င္းလႈပ္ရွားေနတဲ့ လက္ေခ်ာင္းေတြဆီမွာသာ ကပ္ၿငိေနတယ္။
အခ်ိန္အၾကာႀကီးေနမွ ထိုစကားလုံးေတြကို သတိထားမိႏိုင္ဖို႔ ႀကိဳးစားလိုက္တယ္ : 'မနက္စာ စားၿပီးၿပီလား?'
အင္း... အဆုံးမွာ question markေလးေတာင္ စနစ္တက်ပါလိုက္ေသးတယ္။
Question markက လင္ရွန္းရဲ႕ပုခုံးျပင္ေပၚကို ဖြဖြေလး က်ေရာက္လာတယ္။
သူ ယားက်ိက်ိျဖစ္ေနတာကို မခံစားႏိုင္သလို ခႏၶာကိုယ္ကလည္း လႈပ္ရွားလို႔ မရတာေၾကာင့္ သြက္သြက္ေလး ေခါင္းၿငိတ္ျပလိုက္တယ္။
'ဪ...'
ေမာ့က်ဴးခ်န္က သူ႔ေက်ာေပၚမွာ စာဆက္ၿပီးေရးေနတယ္။
ဒီလို႐ိုးရွင္းတဲ့စကားလုံးေလးတစ္ခုနဲ႔တင္ ေမာ့က်ဴးခ်န္ရဲ႕ ေအးတိေအးစက္မ်က္ႏွာႀကီးကို လင္ရွန္း ျမင္ေယာင္ေနမိတယ္။
မ်က္ႏွာေပၚမွာရွိေနတဲ့ မေပ်ာ္မ႐ႊင္ပုံစံႀကီး။
သူ ရယ္ခ်င္လာျပန္တယ္။
ဒီခံစားခ်က္က သိပ္ကို ထူးဆန္းေနတယ္။
ရက္ပိုင္းေလာက္ကတင္ ဒီကိစၥက တစ္မ်ိဳးႀကီးပဲလို႔ သူထင္ေနခဲ့တာ။
စိတ္ႀကီးဝင္ေနတဲ့ ဆယ္ေက်ာ္သက္ေလးနဲ႔ ေျပာရဆိုရတာ သူ႔အတြက္ အနည္းငယ္ခက္ခဲတယ္လို႔ေတာင္ ခံစားခဲ့ရေသးတယ္။
ခပ္သာသာေျပာရရင္ နည္းနည္းေတာင္ စိတ္အေႏွာင့္အယွက္ျဖစ္ေသးတယ္!
'ေန႔လည္က်ရင္ ေညာင္ပင္ႀကီးဆီ သြားမလား?'
ေမာ့က်ဴးခ်န္က ကစားေနရတာကို စြဲသြားပုံေပၚတယ္။
ခဏေနေတာ့ လင္ရွန္းရဲ႕ေက်ာေပၚမွာ စာထပ္ေရးလာျပန္တယ္။
လင္ရွန္း "..."
သူ အားနဲ႔ေ႐ႊ႕လိုက္ၿပီး စားပြဲမွာ ကပ္ေနလိုက္တယ္။
ဒါက တကယ္ႀကီးယားတာ။
ေနာက္ၿပီး တစ္ဖက္လူက မနက္ခင္းစာေလ့လာခ်ိန္ၿပီးဖို႔ကို မေစာင့္ႏိုင္ဘဲ သူ႔ကို အသက္မရႈစတမ္း ေမးေနတာလား?
ဒါေပမယ့္ သူ ျမန္ျမန္ဆန္ဆန္ ေခါင္းၿငိတ္ျပလိုက္ျပန္တယ္။
'ေကာင္းတယ္'
'ေန႔လည္...'
'ဘာစားမလဲ'
ဒီေန႔လည္စာ စကားလုံးက ရႈပ္ေထြးလြန္းတာေၾကာင့္ ေမာ့က်ဴးခ်န္ အဲ့တာကို ခဏၾကာေရးခဲ့ရၿပီး လင္ရွန္းရဲ႕ေနာက္ေက်ာတစ္ခုလုံး ျပည့္လုနီးပါးျဖစ္တာေတာင္ ေရးလို႔မၿပီးသေလာက္ျဖစ္ေနတယ္။
လင္ရွန္း မသက္မသာနဲ႔ ခႏၶာကိုယ္ကို လႈပ္လိုက္တယ္။
ဒါက သူ ေခါင္းၿငိတ္ ေခါင္းခါ႐ုံနဲ႔ ေျဖလို႔ရတဲ့ အရာမွမဟုတ္တာ။
တာဝန္က်ဆရာက ထိုင္ခုံမွာ ရပ္ေနၿပီျဖစ္ကာ တစ္ခန္းလုံးကို ၾကည့္ေနတယ္။
ဘယ္လိုျပန္ေျဖသင့္တယ္ဆိုတာကို လင္ရွန္း စဥ္းစားေနတုန္းပဲ။
ေက်ာေပၚက လက္ေခ်ာင္းေတြ စတင္လႈပ္ရွားလာျပန္တယ္ _
'ေက်ာင္းျပင္မွာလား?'
လင္ရွန္း ေခါင္းခါလိုက္တယ္။
'ငါ လုပ္ေပးရမလား?'
လင္ရွန္း အသက္ကိုျပင္းျပင္းရႈသြင္းၿပီး ေခါင္းခါလိုက္ျပန္တယ္။
ေမာ့က်ဴးခ်န္ရဲ႕ အခ်က္အျပဳတ္စြမ္းရည္က ေကာင္းပါတယ္!
ဒါေပမယ့္ အခ်ိန္တိုေလးအတြင္းမွာေတာ့ တစ္ဖက္လူရဲ႕တိုက္ခန္းဆီကို တကယ္ျပန္မသြားခ်င္ေသးဘူး။
'ကန္တင္း?'
လင္ရွန္း ေခါင္းကို သြက္သြက္ေလး ၿငိတ္ျပလိုက္တယ္။
'ဪ'
ေမာ့က်ဴးခ်န္ ထိုစကားလုံးကို ေရးလာျပန္တယ္။
လင္ရွန္းလည္း ထပ္ၿပီးရယ္ခ်င္လာတယ္။
အေတြ႕အႀကဳံမရွိတဲ့ တေစၦေလး... သူ႔စိတ္သူေတာင္ မဖုံးဖိႏိုင္တဲ့ ခပ္ႏုံႏုံတေစၦေလး။
ထိုလူ႔ကို ေနာက္ေက်ာေပးထားၿပီး ေက်ာေပၚမွာ စာေရးတာကို ခံေနရတာေတာင္မွ တစ္ဖက္လူရဲ႕ခံစားခ်က္ကို သူခန႔္မွန္းလို႔ရေနတယ္။
ကေလးကလားတေစၦေလး ေမာ့က်ဴးခ်န္က အူျမဴးေနတာပဲ။
"စာဖတ္ေန!" လင္ရွန္း သူ႔စားပြဲဆီ ေျဖးေျဖးခ်င္းေလွ်ာက္လာတယ္။
သူက လက္ကိုဆန႔္ကာ စားပြဲကိုေခါက္ၿပီး ေမာ့က်ဴးခ်န္ကို အသံတိုးတိုးနဲ႔ သတိေပးလိုက္တယ္ "လာမယ့္တနၤလာေန႔မွာ လပတ္စာေမးပြဲရွိတယ္၊ စာျမန္ျမန္ဖတ္"
ေျပာၿပီးေနာက္ လီရႈခ်န္က အတန္းကို ဆက္ၿပီးလွည့္ပတ္ေနတယ္။
ေနာက္ဆုံးေတာ့ လင္ရွန္းေနာက္ေက်ာေပၚမွာ ထူးထူးဆန္းဆန္းေတြလုပ္ေနတဲ့ လက္ေခ်ာင္းေတြလည္း ရပ္သြားေတာ့တယ္။
သူ႔ေနာက္က တစ္ဖန္ တိတ္ဆိတ္သြားတယ္။
လီရႈခ်န္ရဲ႕စကားေတြက သူ႔ကိုပါ လာမယ့္လပတ္စာေမးပြဲအတြက္ ရက္ပိုင္းေလာက္သာ က်န္ေတာ့တယ္ဆိုတာကို သတိေပးၿပီးသားျဖစ္သြားတယ္။
ဒီအခ်ိန္အတြင္းမွာ သူက ၿပိဳင္ပြဲေမးခြန္းေတြနဲ႔သာ အလုပ္မ်ားေနခဲ့ၿပီး ေမာ့က်ဴးခ်န္ ဘယ္လိုျပင္ဆင္ေနလဲဆိုတာကို မသိခဲ့ရဘူး။
တကယ္ေတာ့ သူ႔(လင္ရွန္း)အျပင္ သူ(ေမာ့က်ဴးခ်န္)ကလည္း အိုးရန္ယင္းယီနဲ႔ အေလာင္းအစားလုပ္ထားေသးတယ္။
ဒါေၾကာင့္ ေန႔ခင္း စားေသာက္လို႔ၿပီးတဲ့ေနာက္ သူတို႔ေတြ မၾကာခဏသြားေနက် ေက်ာင္းေထာင့္နားက ေညာင္ပင္ေအာက္ကိုသြားကာ စာေလ့လာေတာ့တယ္။
လင္ရွန္း ေမာ့က်ဴးခ်န္ကို ေမးလိုက္တယ္ "ျပင္ဆင္တာ ဘယ္လိုေနလဲ?"
"မင္းက သတင္းႏႈိက္ခ်င္ေနတာလား?" ေမာ့က်ဴးခ်န္က သခ်ၤာနမူနာေမးခြန္းေတြကို တည္ၿငိမ္စြာထုတ္ၿပီး တစ္ဝက္ေလာက္ထိ လွန္ကာ စတင္ၾကည့္ေနေတာ့တယ္။
လင္ရွန္း "..."
သူက တေစၦတစ္ေကာင္ရဲ႕အသိဉာဏ္ကို သတင္းႏႈိက္ရအုံးမွာလား?!
စာအုပ္ထဲက အထက္တန္းေက်ာင္းရဲ႕ဗဟုသုတအမွတ္ေတြက တကယ့္ေလာကနဲ႔ မကြာလွဘူး။
သူက ဒီကိုေရာက္မလာခင္ တကၠသိုလ္ဒုတိယႏွစ္သာ ရွိေသးတယ္။
လင္ရွန္းက အထုံပါရမီရွိတဲ့ ေက်ာင္းသားတစ္ေယာက္ေတာ့ မဟုတ္ဘူး။
အုတ္ျမစ္ကို တစ္ဆင့္ခ်င္းစီ အတည္တက် ပ်ိဳးေထာင္းခဲ့ရတာျဖစ္တယ္။
သူ႔ရဲ႕အထက္တန္းေက်ာင္း ဗဟုသုတတခ်ိဳ႕ေလာက္ကိုသာ ေမ့ေန႐ုံျဖစ္တယ္။
ဒီအခ်ိန္အေတာအတြင္း ၿပိဳင္ပြဲေမးခြန္းေတြကို သာမန္ကာလွ်ံကာ လိုက္ၾကည့္တဲ့အခ်ိန္မွာ ဗဟုသုတအမွတ္ေတြကိုပါ ျပန္မွတ္မိေနၿပီ။
ေမာ့က်ဴးခ်န္က Fတန္းက ေက်ာင္းသားတစ္ေယာက္ ျဖစ္႐ုံဆိုတာကို ထည့္မေျပာနဲ႔အုံး။ သူက Aတန္း ဒါမွမဟုတ္ လက္ေ႐ြးစင္အတန္းက ေက်ာင္းသားတစ္ေယာက္ျဖစ္ေနတယ္ဆိုရင္ေတာင္မွ သူ႔ကို တိုက္ခိုက္ဖို႔ လင္ရွန္း ယုံၾကည္ခ်က္ရွိတယ္။
သူက သတင္းႏႈိက္စရာလိုလို႔လား?
"မင္းက ငါ့ကို စိုးရိမ္ေနတာလား?" ေမာ့က်ဴးခ်န္က ေခါင္းေမာ့မလာဘဲ ထပ္ေမးလိုက္တယ္ "အိုးရန္ယင္းယီကို ငါရႈံးသြားမွာ စိတ္ပူေနတာလား?"
လင္ရွန္း စကားမေျပာလာဘူး။
ေမာ့က်ဴးခ်န္က တအားဉာဏ္ေျပးတာကိုေတာ့ သူ ဝန္ခံပါတယ္။
တကယ္လို႔ တစ္ဖက္လူကိုသာ ႏွစ္ဝက္ေလာက္ အခ်ိန္ေပးၿပီး တ႐ုတ္နဲ႔ အဂၤလိပ္စာကို ထပ္ေပါင္းေတြးလိုက္ရင္ ဘာသာရပ္ေတြအတြက္ လိုအပ္ခ်က္ေတြကို ျဖည္းျဖည္းခ်င္း လုပ္ႏိုင္လိမ့္မယ္လို႔ သူထင္မိတယ္။
သခ်ၤာ၊ ႐ူပနဲ႔ ဓာတုေတြအတြက္ေတာ့ ေမာ့က်ဴးခ်န္က တကယ္ တိုးတက္လာႏိုင္တယ္။
လက္ေ႐ြးစင္အတန္းက အဆင့္ေတြကိုေတာင္ တိုက္႐ိုက္ဝင္ႏိုင္ဖို႔ ျဖစ္ႏိုင္တယ္။
ဒါေပမယ့္ အခုက တစ္လသာရွိေသးတယ္!
ဇာတ္လိုက္ရဲ႕အရွိန္အဝါက ေသခ်ာေပါက္ အားေကာင္းတာပဲ။
ဒါေပမယ့္ ဇာတ္လိုက္ရဲ႕အရွိန္အဝါက ဒီလိုမ်ိဳး Mary Sue စာအုပ္ထဲမွာလည္း သင္ယူျခင္းအေပၚ သက္ေရာက္မႈရွိတာပဲလား?
"မစိုးရိမ္ပါနဲ႔" ေမာ့က်ဴးခ်န္က နမူနာပုစာၦစာ႐ြက္ကို လွန္လိုက္တယ္ "ငါ မင္းကို မ်က္ႏွာမပ်က္ေစရပါဘူး"
"ငါက ဘာလို႔ မ်က္ႏွာပ်က္ရမွာလဲ?" လင္ရွန္း သူ႔ရဲ႕အေတြးအေခၚကို နားမလည္ႏိုင္ေတာ့ဘူး။
"မင္းက ငါ့ကို အိမ္စာေတြ သင္ေပးထားတာေလ" ေမာ့က်ဴးခ်န္ ေျပာလိုက္တယ္။ "စာေမးပြဲမွာ အိုးရန္ယင္းယီေတာင္ မေအာင္ဘူးေလ၊ အဲ့တာက ရွက္စရာႀကီး မဟုတ္ဘူးလား?"
'အိုးရန္ယင္းယီက စာေမးပြဲေတာင္... မေအာင္ဘူးလား?!'
လက္ေ႐ြးစင္အတန္းထဲမွာ အိုးရန္ယင္းယီက တကယ္ဘာမွ မဟုတ္ဘူးပဲ။
ဒါေပမယ့္!
အေၾကာင္းက လက္ေ႐ြးစင္တန္းကေက်ာင္းသားေတြက တျခားသူေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့တယ္! ဒါေပမယ့္ Fတန္းက ေက်ာင္းသားေတြနဲ႔ေတာင္ မယွဥ္ႏိုင္ခဲ့ဘူး!
လင္ရွန္း ႏႈတ္ခမ္းေတြ ေကြးသြားတယ္။
သူတကယ္ မေက်မနပ္ေျပာလိုက္ခ်င္တယ္။
'ေမာ့က်ဴးခ်န္ရဲ႕ ယုံၾကည္ခ်က္အျပည့္နဲ႔ တည္ၿငိမ္ေနတဲ့႐ုပ္ကို ၾကည့္စမ္းပါအုံး။ ငါပဲ တအားစိုးရိမ္ေနခဲ့မိတာလို႔ ခံစားမိတယ္ ထားလိုက္ပါေတာ့!'
သူ ေခါင္းငုံ႔ၿပီး စာ စဖတ္လိုက္တယ္။
အလြန္ဆုံးရွိမွ ရႈံးတယ္ေပါ့!
ဒါက ေမာ့မိသားစုထဲက ေမာ့က်ဴးခ်န္အဖို႔ ေရးႀကီးခြင္က်ယ္ဟုတ္မေနဘူး။
စာတစ္ပိုဒ္ဖတ္လို႔ၿပီးတဲ့ေနာက္ သူ ေမာ့က်ဴးခ်န္ကို ေမာ့ၾကည့္လိုက္တယ္။
တစ္ဖက္လူက ေမးခြန္းပင္လယ္ႀကီးထဲမွာ လုံးလုံးနစ္ေျမာေနတယ္။ ပုံစံက ေလးနက္ၿပီး တည္ၾကည္ေနတယ္။
ဒီေန႔က သိသိသာသာ တိမ္ထူၿပီး ေညာင္႐ြက္ေတြၾကားက ေနေပ်ာက္ေလးေတာင္ ထိုးမေနဘူး။
ေမာ့က်ဴးခ်န္က ကိုယ္ပိုင္အလင္းေရာင္နဲ႔ စာႀကိဳးစားေနပုံေပၚတယ္။
_ဆယ့္ခုနစ္ ဆယ့္ရွစ္ႏွစ္အ႐ြယ္ အသပ္ရပ္ဆုံးနဲ႔ အရပ္အရွည္ဆုံး ေက်ာင္းမင္းသားေလး။
လင္ရွန္း အၾကည့္ျပန္႐ုတ္လိုက္တယ္။
ေက်ာင္းဝင္းေထာင့္နားမွာ ေလေလးတိုက္ေနၿပီး တိတ္ဆိတ္ေနတဲ့ေနရာမွာ သစ္႐ြက္ေတြက အသာအယာလႈပ္ရွားေနတယ္။
တစ္ေန႔ခင္းလုံး စိတ္ေကာင္းဝင္ေနတယ္။
လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္တို႔လည္း အရင္အတိုင္း အဆင္ေျပတဲ့အေနအထားကို ျပန္ေရာက္သြားတယ္။
ညပိုင္းေတြ လင္ရွန္းက ေမာ့က်ဴးခ်န္ရဲ႕တိုက္ခန္းဆီ မသြားေတာ့တာကလြဲလို႔ေပါ့။
ေန႔ခင္း ႏွစ္ေယာက္သား စာအတူေလ့လာတဲ့ေနရာက ေက်ာင္းရဲ႕အနီးနားက အမ်ားပိုင္စာၾကည့္တိုက္တစ္ခုဆီကို ေနရာေျပာင္းသြားတယ္။ မၾကာမၾကာ ကိုးနာရီေလာက္အထိ စာဖတ္ေနတတ္ၿပီး ေနာက္မွသာ အသီးသီး အိမ္ျပန္ၾကတယ္။
ထိုေန႔က ဘားထဲမွာ ျဖစ္ပ်က္ခဲ့တာကို ထုတ္မေျပာၾကေတာ့ဘူး။
ေမာ့က်ဴးခ်န္ကလည္း တရင္းတႏွီးအျပဳအမူကို လုံးဝထပ္မလုပ္ေတာ့ဘူး။
လပတ္စာေမးပြဲနီးကပ္လာတာနဲ႔အမွ် ထိုေန႔က လင္ရွန္းကိုေျပာခဲ့တဲ့ သူ႔ရဲ႕ၿခိမ္းေျခာက္မႈကေတာင္ ေနာက္မွာခ်န္ထားခံေနရတယ္။
ပိတ္ရက္ႏွစ္ရက္မွာ အလြတ္က်က္ၿပီးတဲ့ေနာက္ လပတ္စာေမးပြဲေျဖမယ့္ေန႔ကို ေရာက္လာေတာ့တယ္။
ဒါ့အျပင္ ဘာသာစကား၊ ႐ူပေဗဒနဲ႔ ဓာတုေဗဒတို႔လည္းပါတယ္။
လပတ္စာေမးပြဲကို သုံးရက္ေျဖဆိုရတယ္။
သုံးရက္လုံး ရွင္းဆန္းေက်ာင္းဝင္းႀကီးထဲမွာ ေလထုက တည္ၿငိမ္လို႔ေနတယ္။
အထက္တန္းေက်ာင္းသားေတြအားလုံး မရီမၿပဳံးနဲ႔ အေလာတႀကီးပုံစံေတြသာ ျဖစ္ေနၾကတယ္။
တတိယေျမာက္ေန႔မွာ တကၠသိုလ္ဝင္တမ္းစာေမးပြဲေအာင္ျမင္ၿပီးသား လင္ရွန္းေတာင္မွ အနည္းငယ္ပင္ပန္းသလို ခံစားရတယ္။
တတိယေျမာက္ေန႔ မနက္ပိုင္း ဓာတုေဗဒစာေမးပြဲေျဖလို႔ၿပီးတဲ့အခါ ေန႔ခင္းပိုင္းအတြက္ ႐ူပေဗဒသာ က်န္ေတာ့တယ္။
ဓာတုေဗဒဆိုတာ လင္ရွန္း အရဆုံး ဘာသာရပ္တစ္ခုျဖစ္တယ္။
ေသခ်ာေပါက္ ႐ူပေဗဒမွာလည္း အမွတ္ျပည့္ရေအာင္လုပ္ႏိုင္တယ္။
ၿပီးခဲ့တဲ့သုံးရက္လုံးလုံး ေမာ့က်ဴးခ်န္နဲ႔ စာေတြ ျပန္ေလ့လာခဲ့ေပမယ့္ ဘယ္သူကမွ သူတို႔ေတြ ဘာကိုရႏိုင္တယ္ဆိုတာကို စၿပီးမေျပာခဲ့ၾကဘူး။
လြတ္အိတ္ကို ေျဖးေျဖးခ်င္း ထုတ္ပိုးေနတုန္း ၿပီးခဲ့တဲ့ႏွစ္ရက္တုန္းကလိုမ်ိဳး ေမာ့က်ဴးခ်န္က သူနဲ႔ထမင္းအတူစားဖို႔ လင္ရွန္းကို လာမေျပာဘူး။
ထိုအစား သူက ထိုင္ခုံမွာထိုင္ကာ ဖုန္းကိုကိုင္ထားၿပီး တစ္စုံတစ္ရာကို အားႀကိဳးမာန္တက္ၾကည့္ေနတယ္။
"ဘာျဖစ္လို႔လဲ?" လင္ရွန္း ေမးၾကည့္လိုက္တယ္။
အတန္းထဲက တျခားအတန္းေဖာ္ေတြက စားေသာက္ဖို႔ ထြက္သြားၾကၿပီျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္သာ က်န္ခဲ့တယ္။
ေမာ့က်ဴးခ်န္က "ဖိုရမ္ကို ၾကည့္ေနတာ"
"ဟုတ္လား?"
လင္ရွန္း အနည္းငယ္ထူးဆန္းသလိုျဖစ္ေနတာေၾကာင့္ ဖုန္းကိုထုတ္ၿပီး ရွင္းဆန္းေက်ာင္းဖိုရမ္ထဲ ဝင္လိုက္တယ္။
လြန္ခဲ့တဲ့နာရီဝက္ေလာက္ကျဖစ္တယ္။
အတိအက်ေျပာရရင္ သူတို႔ေတြ ဓာတုေဗဒစာေမးပြဲေျဖေနတုန္း ဖိုရမ္ေပၚမွာ postအသစ္တစ္ခု တက္လာတယ္။
တင္လိုက္တဲ့သူက ေလာေလာလတ္လတ္စာရင္းသြင္းထားတဲ့ နံပါတ္တစ္ခုက ျဖစ္တယ္။
Systemရဲ႕ avatarကို သုံးထားၿပီး ႀကဳံရာက်ပန္းစာလုံးေတြကို nicknameအျဖစ္ထားထားတယ္။
Post ရဲ႕ေခါင္းစဥ္ကေတာ့ အေတာ့္ကိုထူးျခားလွတယ္။
ထို႔အတြက္ေၾကာင့္ တင္ထားတာ နာရီဝက္ေလာက္သာ ရွိေသးေပမယ့္ ျပန္စာေတြကေတာ့ အေျမာက္အျမားျဖစ္ေနၿပီ _
"@လုေျမာင္ေျမာင္ @အိုးရန္ယင္းယီ! အေလာင္းအစားမွာ အႏိုင္ရၿပီး မ်က္ႏွာပန္းလွဖို႔အတြက္ နင္ရဲ႕အတန္းေဖာ္ကို ေက်ာင္းလာတဲ့လမ္းမွာ ၿခဳံခိုတိုက္ခိုက္ဖို႔ လူငယ္အဖြဲ႕ေတြကို ရွာခဲ့တာလား?!"
___________________________________
{Unicode}
အနည်းငယ်ရှက်စရာကောင်းသွားတာကြောင့် ခဏလောက် အသံတိတ်သွားကြတယ်။
လင်ရှန်းလည်း သူ့အပြုံးကို ပြန်ရုတ်သိမ်းပြီး ခေါင်းလှည့်လိုက်တယ်။
သူနဲ့ မော့ကျူးချန်က ခြေတစ်လှမ်းစာသာ ဝေးပြီး ခေါင်းတွေကလည်း တစ်ဖက်စီကို လှည့်ထားတယ်။
နှစ်ယောက်စလုံးက ရှင်းဆန်းကျောင်းယူနီဖောင်းတွေ ဝတ်ဆင်ထားတယ်။ ဒီနေ့ဆို မော့ကျူးချန်ကတောင်မှ သူ့ရဲ့ ရှပ်အကျီကြယ်သီးတွေကို အကျအနသေချာတပ်ထားတယ်။ ကုတ်အကျီလည်း ဝတ်ထားပြီး ကျောပိုးအိတ်ကို ပုခုံးမှာ ဆွဲထားတယ်။
လင်ရှန်းကတော့ အမြဲတမ်း စာကြိုးစားတဲ့ လူငယ်ကောင်လေးတစ်ယောက်ဖြစ်တယ်။
ကြည့်ကောင်းတဲ့ကောင်လေးနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ကောင်လေးတို့က ဒီလိုမျိုးတစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်အရပ်ကို မျက်နှာမူပြီး ရပ်နေကြတယ်။
မသိရင် တောင့်ခဲနေတဲ့ပန်းချီကားတစ်ချပ်နဲ့တူပြီး ရယ်ချင်စရာကောင်းသလို အနည်းငယ်လည်း မပြတ်မသားဖြစ်နေစေတယ်။
"လင်ရှန်း!" နောက်တော့ အတန်းပိုင်ဆရာ လီရှုချန်ရဲ့အသံ ထွက်ပေါ်လာတယ် "မော့ကျူးချန်! မင်းတို့ကောင်တွေ ဘာလို့ ဒီမှာရပ်နေကြသေးတာလဲ?"
သူက အချိန်ကိုကြည့်ကာ "မင်းတို့ မနက်ခင်းစာဖတ်ချိန်အတွက် ကျောင်းခေါင်းလောင်းတီးသွားတာကို မကြားဘူးလား? အတန်းကို မြန်မြန်ပြန်သွားကြတော့"
ဆရာရဲ့စကားတွေက တိတ်ဆိတ်ခြင်းကို ဖောက်ခွင်းလိုက်တဲ့ ခလုတ်တစ်ခုလိုပဲ။
"သွားမယ်!" မော့ကျူးချန်က အပေါ်ကိုတက်လိုက်ပြီး လင်ရှန်းလက်မောင်းကို ဆွဲလိုက်တယ်။
နှစ်ယောက်လုံးက အလျင်စလို "Mr.လီ"လို့ နှုတ်ဆက်ပြီးတာနဲ့ Fတန်းဆီကို မြန်မြန်ပြေးသွားကြတော့တယ်။
အတန်းထဲမှာ မနက်ခင်းအချိန်တွေမှာ အားလုံးကို စာလေ့လာဖို့ နှိုးဆော်လေ့ရှိတဲ့ အတန်းပိုင်ဆရာက ရောက်မလာသေးဘူး။
ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီး မော့ကျူးချန်လည်း ရောက်မလာသေးဘူး။
ဒါကြောင့် Fတန်းက ကျောင်းသားတွေလည်း နှစ်ယောက်တစ်စု သုံးယောက်တစ်စု စကားပြောနေကြတယ်။
ဖိုရမ်ပေါ်က postကို တစ်ယောက်မှ စာမပြန်ရဲကြပေမယ့် မျက်လုံးရှိတဲ့လူတိုင်း မော့ကျူးချန်ရဲ့ပြန်စာကို မြင်နိုင်တယ်။
အထက်မြင့်အဆောက်အအုံထဲမှာ Fတန်းထဲက ကျောင်းသားတွေ များစွာပါဝင်ပက်သက်နေကြတယ်ဆိုတာ အတိုင်းသားမြင်တွေ့နေရတယ်။
အခု ထိုကျောင်းသားတွေ အရမ်းစိတ်လှုပ်ရှားနေရပြီ။
အစတုန်းကတော့ မော့ကျူးချန်နဲ့ လင်ရှန်းက မတိုးသာမဆုတ်သာ အခြေအနေတစ်ခုမှာ ရှိနေကြတာလို့ သူတို့တွေ ထင်ခဲ့ကြတယ်။
ထိုင်ခုံတွေကိုလည်း နောက်ဆုံးတန်းက ပြတင်းပေါက်နား ပြန်ရွှေ့သွားတာကြောင့် လုံးဝပြတ်သွားကြပြီဆိုတဲ့ သဘောသက်ရောက်နေတယ်။
ကျောင်းမြက်ကြီးက ဒီလောက်ထိ အမျှင်မပြတ်ဖြစ်နေမယ်လို့ ဘယ်သူသိမှာလဲ!
ထိုကျောင်းသားတွေနဲ့ သူတို့ရဲ့သူငယ်ချင်းတွေက အတူတူစုကာ အသံတိုးတိုးနဲ့ ဆွေးနွေးနေကြတယ်။ ခပ်ပူပူဒယ်အိုးထဲ ရောက်နေတဲ့ ပုရွက်ဆိတ်လိုမျိုး သောကရောက်နေတယ်။
လင်ရှန်းကို ကြိမ်းမောင်းခဲ့ကြတဲ့ တခြားအတန်းက ကျောင်းသားတွေကတော့ တောင်းပန်လိုက်ရင် အဆင်ပြေနိုင်သေးတယ်။ ဒါပေမယ့် သူတို့တွေက မော့ကျူးချန်ရဲ့နှာခေါင်းအောက်မှာ နေ့တိုင်းလှုပ်ရှားနေရတာ။
တစ်ဖက်လူက သူတို့ကို တစ်ခါတွေ့တိုင်း လင်ရှန်းကို ကျိန်ဆဲခဲ့တယ်ဆိုတာတွေကို တစ်ခါပြန်တွေးမိနေမှာပင်။
ဒါဆို သူတို့တွေ ကျောင်းထဲမှာ အသက်ရောရှင်နိုင်ပါအုံးမလား?
ဒီလူတွေ အသည်းအသန်သောကများနေတော့တယ်။
တကယ်တော့ သူတို့စိတ်ထဲမှာ ကြက်ကန်းဆန်အိုးတိုးသလို အတွေးတစ်ခုတော့ရှိတယ်။
ဖြစ်ကောင်းဖြစ်နိုင်တာက...
ဖြစ်ပျက်သွားတာနဲ့ ကိစ္စရဲ့သက်ရောက်မှုကို မော့ကျူးချန် အဖြေမရှာရသေးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဓာတ်ပုံက အတုလို့ ထင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်!
သူ အချက်အလက်တွေကို ဖော်ထုတ်ပြီးသွားတဲ့အချိန်မှာ လင်ရှန်းက သူ့နောက်ကွယ်မှာ တခြားသူတွေကို ချိတ်နေတယ်ဆိုတာ သိသွားလိမ့်မယ်။
အဲ့တော့မှ သူ လင်ရှန်းကို ဗျောတင်တော့မှာ!
သူတို့တွေ အိမ်မက်,မက်နေတာသာ။
အခန်းတံခါးနားကနေ အလောတကြီးခြေသံတွေ ထွက်ပေါ်လာတယ်။
အဲ့နောက်မှာ ချက်ချင်းဆိုသလို လင်ရှန်းနဲ့ မော့ကျူးချန်တို့ တစ်ယောက်ပြီးတစ်ယောက် စာသင်ခန်းထဲ အလောတကြီးဝင်လာကြတယ်။
လင်ရှန်းက သူ့ထိုင်ခုံဆီ အမြန်ပြေးကာ ထိုင်လိုက်ပြီး လွယ်အိတ်ကို ခုံထဲထိုးထည့်ကာ တရုတ်စာဖတ်စာအုပ်ကို ထုတ်ပြီး စဖတ်နေလိုက်တယ်။
သူ့ခေါင်းက အတော်လေးငုံ့ကျနေပြီး ဘေးဘီကိုတောင် ကြည့်မနေဘူး။
မော့ကျူးချန်ကိုလည်း မကြည့်ရဲဘူး။
ခုလေးတင် တစ်ဖက်လူပြောလိုက်တဲ့ စကားလုံးတွေက သူ့ခေါင်းထဲမှာ ရှိနေတုန်း_
"ဒီလိုမျိုး ထပ်ရယ်လို့ကတော့ ငါမင်းကို ထပ်နမ်းတော့မှာ..."
လင်ရှန်းခေါင်းက ပိုလို့တောင် ငုံ့သွားတယ်။ သူ ဘာဆိုဘာမှကို ခံစားလို့မရခဲ့ဘူး။
အခုချိန်မှာ သူက အတန်းထဲမှာထိုင်ပြီး သင်ထောက်ကူပစ္စည်းတွေကို မျက်နှာမူနေရတာ။
သူ့အတွက် ဒါက စာလေ့လာဖို့တစ်ခုတည်းအတွက် လေးလေးနက်နက်ရှိသင့်တဲ့နေရာတစ်နေရာဖြစ်တယ်။
သူ့ခေါင်းထဲမှာက မော့ကျူးချန်စကားပြောချိန်မှာဖြစ်နေတဲ့ နှုတ်ခမ်းပါးတို့နဲ့သာ ပြည့်နေတယ်။
လင်ရှန်း မျက်နှာတောင် နည်းနည်းပူလာမိတယ်။
သူက အင်္ဂလိပ်ဖတ်စာကို လှန်ထားတယ်ဆိုတာ သိသာပေမယ့် အချိန်အတော်ကြာတဲ့အထိ စာလုံးတစ်လုံးတောင် မဖတ်ဖြစ်ဘူး။
သူ့ကို ကြိမ်းမောင်းထားကြတဲ့ ကျောင်းသားတွေကလည်း ခုနတုန်းကထက်တောင် ပိုပြီးစိတ်သောကရောက်လာကြတယ်။
ဘာကြောင့်ဆို မော့ကျူးချန်က သူထိုင်နေကျ နောက်ဆုံးတန်းရှိ ပြတင်းပေါက်နားက ထိုင်ခုံဆီ လျှောက်သွားတာကို သူတို့တွေ့လိုက်ရတယ်။
သူ မထိုင်လိုက်ဘူး!
ရုတ်တရက် ပြန်လှည့်လာတာ!
သူ လင်ရှန်းနောက်ကို ထပ်လျှောက်သွားပြန်တယ်!
လင်ရှန်းနောက်မှာထိုင်နေတဲ့ ကျောင်းသားခမျာ လွယ်အိတ်ထဲ ထည့်သိမ်းဖို့အချိန်တောင်မရတဲ့အတွက် စာအုပ်တွေ လွယ်အိတ်တွေကိုင်ကာ ထလိုက်ရတယ်။
သူ ဘာတစ်ခွန်းမှမပြောဘဲ မော့ကျူးချန်ကို တည့်တည့်ပဲ နေရာလဲပေးလိုက်တယ်။
ထို့နောက် နောက်ဆုံးတန်းက ပြတင်းပေါက်နားမှာ တည်ငြိမ်စွာ ထိုင်လိုက်တယ်။
လင်ရှန်းကို ကြိမ်းမောင်းခဲ့တဲ့ ကျောင်းသားတွေကတော့ တကယ်ကြီး ငိုနေပါပြီနော်!
ဒီလိုနဲ့ပဲ အဆင်ပြေသွားကြရောလား၊ဍ
လင်ရှန်းနဲ့ ကျောင်းမြက်ကြီးက ငါးမျှားခြင်းဥပဒေကို လိုက်နာနေကြတာလားလို့တောင် သူတို့တွေ သံသယဝင်သင့်လား! [ T/N : ငါးမျှားသလိုမျိုး ကြိုးကို နည်းနည်းလေးလျှော့ပေးလိုက် ပြန်ဆွဲလိုက် လုပ်နေတာလို့ ပြောချင်တာထင်တယ် ]
ကယ်ကြပါ...
လင်ရှန်းက မော့ကျူးချန်ကို ကြည့်မနေပေမယ့် တစ်ဖက်လူရဲ့လှုပ်ရှားမှုတွေကို သိနိုင်သေးတယ်။
ထိုအချိန်မှာပဲ အတန်းထဲကို အတန်းပိုင်ဆရာဝင်လာတယ်။
သူက အတန်းသားတွေကို မျက်နှာထားတင်းတင်းနဲ့ စိုက်ကြည့်ပြီးနောက် ချောင်းအသာဟန့်ကာ အတန်းထဲ စတင်လှည့်ပတ်ကြည့်နေတော့တယ်။
သူ လင်ရှန်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားပြီး အတန်းရှေ့ပြန်လျှောက်သွားချိန်မှာ လင်ရှန်းရဲ့နောက်ကျောက ယားကျိကျိဖြစ်သွားတယ်။
ရုတ်တရက်ကြီး မော့ကျူးချန်က သူ့ကျောပေါ်မှာ စာ,စပြီးရေးလာတာဖြစ်တယ်။
သူရေးတာ တော်တော်လေး နှေးတယ်။
ဒါက နည်းပညာခေတ်ဖြစ်တာကြောင့် ပြဿနာတစ်ခုကို WeChatကနေ ပို့လိုက်ရင်ဖြစ်ဖြစ် ဖြေရှင်းလို့ရနိုင်တယ်။
သူကတော့ လင်ရှန်းရဲ့ပိန်ပါးပါးနောက်ကျောလေးပေါ်မှာသာ ဒီတိုင်းရေးခြစ်ချင်လို့ဖြစ်တယ်။
လင်ရှန်းရဲ့အာရုံကလည်း သူ့ကျောပေါ်က ဖြေးဖြေးချင်းလှုပ်ရှားနေတဲ့ လက်ချောင်းတွေဆီမှာသာ ကပ်ငြိနေတယ်။
အချိန်အကြာကြီးနေမှ ထိုစကားလုံးတွေကို သတိထားမိနိုင်ဖို့ ကြိုးစားလိုက်တယ် : 'မနက်စာ စားပြီးပြီလား?'
အင်း... အဆုံးမှာ question markလေးတောင် စနစ်တကျပါလိုက်သေးတယ်။
Question markက လင်ရှန်းရဲ့ပုခုံးပြင်ပေါ်ကို ဖွဖွလေး ကျရောက်လာတယ်။
သူ ယားကျိကျိဖြစ်နေတာကို မခံစားနိုင်သလို ခန္ဓာကိုယ်ကလည်း လှုပ်ရှားလို့ မရတာကြောင့် သွက်သွက်လေး ခေါင်းငြိတ်ပြလိုက်တယ်။
'ဪ...'
မော့ကျူးချန်က သူ့ကျောပေါ်မှာ စာဆက်ပြီးရေးနေတယ်။
ဒီလိုရိုးရှင်းတဲ့စကားလုံးလေးတစ်ခုနဲ့တင် မော့ကျူးချန်ရဲ့ အေးတိအေးစက်မျက်နှာကြီးကို လင်ရှန်း မြင်ယောင်နေမိတယ်။
မျက်နှာပေါ်မှာရှိနေတဲ့ မပျော်မရွှင်ပုံစံကြီး။
သူ ရယ်ချင်လာပြန်တယ်။
ဒီခံစားချက်က သိပ်ကို ထူးဆန်းနေတယ်။
ရက်ပိုင်းလောက်ကတင် ဒီကိစ္စက တစ်မျိုးကြီးပဲလို့ သူထင်နေခဲ့တာ။
စိတ်ကြီးဝင်နေတဲ့ ဆယ်ကျော်သက်လေးနဲ့ ပြောရဆိုရတာ သူ့အတွက် အနည်းငယ်ခက်ခဲတယ်လို့တောင် ခံစားခဲ့ရသေးတယ်။
ခပ်သာသာပြောရရင် နည်းနည်းတောင် စိတ်အနှောင့်အယှက်ဖြစ်သေးတယ်!
'နေ့လည်ကျရင် ညောင်ပင်ကြီးဆီ သွားမလား?'
မော့ကျူးချန်က ကစားနေရတာကို စွဲသွားပုံပေါ်တယ်။
ခဏနေတော့ လင်ရှန်းရဲ့ကျောပေါ်မှာ စာထပ်ရေးလာပြန်တယ်။
လင်ရှန်း "..."
သူ အားနဲ့ရွှေ့လိုက်ပြီး စားပွဲမှာ ကပ်နေလိုက်တယ်။
ဒါက တကယ်ကြီးယားတာ။
နောက်ပြီး တစ်ဖက်လူက မနက်ခင်းစာလေ့လာချိန်ပြီးဖို့ကို မစောင့်နိုင်ဘဲ သူ့ကို အသက်မရှုစတမ်း မေးနေတာလား?
ဒါပေမယ့် သူ မြန်မြန်ဆန်ဆန် ခေါင်းငြိတ်ပြလိုက်ပြန်တယ်။
'ကောင်းတယ်'
'နေ့လည်...'
'ဘာစားမလဲ'
ဒီနေ့လည်စာ စကားလုံးက ရှုပ်ထွေးလွန်းတာကြောင့် မော့ကျူးချန် အဲ့တာကို ခဏကြာရေးခဲ့ရပြီး လင်ရှန်းရဲ့နောက်ကျောတစ်ခုလုံး ပြည့်လုနီးပါးဖြစ်တာတောင် ရေးလို့မပြီးသလောက်ဖြစ်နေတယ်။
လင်ရှန်း မသက်မသာနဲ့ ခန္ဓာကိုယ်ကို လှုပ်လိုက်တယ်။
ဒါက သူ ခေါင်းငြိတ် ခေါင်းခါရုံနဲ့ ဖြေလို့ရတဲ့ အရာမှမဟုတ်တာ။
တာဝန်ကျဆရာက ထိုင်ခုံမှာ ရပ်နေပြီဖြစ်ကာ တစ်ခန်းလုံးကို ကြည့်နေတယ်။
ဘယ်လိုပြန်ဖြေသင့်တယ်ဆိုတာကို လင်ရှန်း စဉ်းစားနေတုန်းပဲ။
ကျောပေါ်က လက်ချောင်းတွေ စတင်လှုပ်ရှားလာပြန်တယ် _
'ကျောင်းပြင်မှာလား?'
လင်ရှန်း ခေါင်းခါလိုက်တယ်။
'ငါ လုပ်ပေးရမလား?'
လင်ရှန်း အသက်ကိုပြင်းပြင်းရှုသွင်းပြီး ခေါင်းခါလိုက်ပြန်တယ်။
မော့ကျူးချန်ရဲ့ အချက်အပြုတ်စွမ်းရည်က ကောင်းပါတယ်!
ဒါပေမယ့် အချိန်တိုလေးအတွင်းမှာတော့ တစ်ဖက်လူရဲ့တိုက်ခန်းဆီကို တကယ်ပြန်မသွားချင်သေးဘူး။
'ကန်တင်း?'
လင်ရှန်း ခေါင်းကို သွက်သွက်လေး ငြိတ်ပြလိုက်တယ်။
'ဪ'
မော့ကျူးချန် ထိုစကားလုံးကို ရေးလာပြန်တယ်။
လင်ရှန်းလည်း ထပ်ပြီးရယ်ချင်လာတယ်။
အတွေ့အကြုံမရှိတဲ့ တစ္ဆေလေး... သူ့စိတ်သူတောင် မဖုံးဖိနိုင်တဲ့ ခပ်နုံနုံတစ္ဆေလေး။
ထိုလူ့ကို နောက်ကျောပေးထားပြီး ကျောပေါ်မှာ စာရေးတာကို ခံနေရတာတောင်မှ တစ်ဖက်လူရဲ့ခံစားချက်ကို သူခန့်မှန်းလို့ရနေတယ်။
ကလေးကလားတစ္ဆေလေး မော့ကျူးချန်က အူမြူးနေတာပဲ။
"စာဖတ်နေ!" လင်ရှန်း သူ့စားပွဲဆီ ဖြေးဖြေးချင်းလျှောက်လာတယ်။
သူက လက်ကိုဆန့်ကာ စားပွဲကိုခေါက်ပြီး မော့ကျူးချန်ကို အသံတိုးတိုးနဲ့ သတိပေးလိုက်တယ် "လာမယ့်တင်္နလာနေ့မှာ လပတ်စာမေးပွဲရှိတယ်၊ စာမြန်မြန်ဖတ်"
ပြောပြီးနောက် လီရှုချန်က အတန်းကို ဆက်ပြီးလှည့်ပတ်နေတယ်။
နောက်ဆုံးတော့ လင်ရှန်းနောက်ကျောပေါ်မှာ ထူးထူးဆန်းဆန်းတွေလုပ်နေတဲ့ လက်ချောင်းတွေလည်း ရပ်သွားတော့တယ်။
သူ့နောက်က တစ်ဖန် တိတ်ဆိတ်သွားတယ်။
လီရှုချန်ရဲ့စကားတွေက သူ့ကိုပါ လာမယ့်လပတ်စာမေးပွဲအတွက် ရက်ပိုင်းလောက်သာ ကျန်တော့တယ်ဆိုတာကို သတိပေးပြီးသားဖြစ်သွားတယ်။
ဒီအချိန်အတွင်းမှာ သူက ပြိုင်ပွဲမေးခွန်းတွေနဲ့သာ အလုပ်များနေခဲ့ပြီး မော့ကျူးချန် ဘယ်လိုပြင်ဆင်နေလဲဆိုတာကို မသိခဲ့ရဘူး။
တကယ်တော့ သူ့(လင်ရှန်း)အပြင် သူ(မော့ကျူးချန်)ကလည်း အိုးရန်ယင်းယီနဲ့ အလောင်းအစားလုပ်ထားသေးတယ်။
ဒါကြောင့် နေ့ခင်း စားသောက်လို့ပြီးတဲ့နောက် သူတို့တွေ မကြာခဏသွားနေကျ ကျောင်းထောင့်နားက ညောင်ပင်အောက်ကိုသွားကာ စာလေ့လာတော့တယ်။
လင်ရှန်း မော့ကျူးချန်ကို မေးလိုက်တယ် "ပြင်ဆင်တာ ဘယ်လိုနေလဲ?"
"မင်းက သတင်းနှိုက်ချင်နေတာလား?" မော့ကျူးချန်က သင်္ချာနမူနာမေးခွန်းတွေကို တည်ငြိမ်စွာထုတ်ပြီး တစ်ဝက်လောက်ထိ လှန်ကာ စတင်ကြည့်နေတော့တယ်။
လင်ရှန်း "..."
သူက တစ္ဆေတစ်ကောင်ရဲ့အသိဉာဏ်ကို သတင်းနှိုက်ရအုံးမှာလား?!
စာအုပ်ထဲက အထက်တန်းကျောင်းရဲ့ဗဟုသုတအမှတ်တွေက တကယ့်လောကနဲ့ မကွာလှဘူး။
သူက ဒီကိုရောက်မလာခင် တက္ကသိုလ်ဒုတိယနှစ်သာ ရှိသေးတယ်။
လင်ရှန်းက အထုံပါရမီရှိတဲ့ ကျောင်းသားတစ်ယောက်တော့ မဟုတ်ဘူး။
အုတ်မြစ်ကို တစ်ဆင့်ချင်းစီ အတည်တကျ ပျိုးထောင်းခဲ့ရတာဖြစ်တယ်။
သူ့ရဲ့အထက်တန်းကျောင်း ဗဟုသုတတချို့လောက်ကိုသာ မေ့နေရုံဖြစ်တယ်။
ဒီအချိန်အတောအတွင်း ပြိုင်ပွဲမေးခွန်းတွေကို သာမန်ကာလျှံကာ လိုက်ကြည့်တဲ့အချိန်မှာ ဗဟုသုတအမှတ်တွေကိုပါ ပြန်မှတ်မိနေပြီ။
မော့ကျူးချန်က Fတန်းက ကျောင်းသားတစ်ယောက် ဖြစ်ရုံဆိုတာကို ထည့်မပြောနဲ့အုံး။ သူက Aတန်း ဒါမှမဟုတ် လက်ရွေးစင်အတန်းက ကျောင်းသားတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင်မှ သူ့ကို တိုက်ခိုက်ဖို့ လင်ရှန်း ယုံကြည်ချက်ရှိတယ်။
သူက သတင်းနှိုက်စရာလိုလို့လား?
"မင်းက ငါ့ကို စိုးရိမ်နေတာလား?" မော့ကျူးချန်က ခေါင်းမော့မလာဘဲ ထပ်မေးလိုက်တယ် "အိုးရန်ယင်းယီကို ငါရှုံးသွားမှာ စိတ်ပူနေတာလား?"
လင်ရှန်း စကားမပြောလာဘူး။
မော့ကျူးချန်က တအားဉာဏ်ပြေးတာကိုတော့ သူ ဝန်ခံပါတယ်။
တကယ်လို့ တစ်ဖက်လူကိုသာ နှစ်ဝက်လောက် အချိန်ပေးပြီး တရုတ်နဲ့ အင်္ဂလိပ်စာကို ထပ်ပေါင်းတွေးလိုက်ရင် ဘာသာရပ်တွေအတွက် လိုအပ်ချက်တွေကို ဖြည်းဖြည်းချင်း လုပ်နိုင်လိမ့်မယ်လို့ သူထင်မိတယ်။
သင်္ချာ၊ ရူပနဲ့ ဓာတုတွေအတွက်တော့ မော့ကျူးချန်က တကယ် တိုးတက်လာနိုင်တယ်။
လက်ရွေးစင်အတန်းက အဆင့်တွေကိုတောင် တိုက်ရိုက်ဝင်နိုင်ဖို့ ဖြစ်နိုင်တယ်။
ဒါပေမယ့် အခုက တစ်လသာရှိသေးတယ်!
ဇာတ်လိုက်ရဲ့အရှိန်အဝါက သေချာပေါက် အားကောင်းတာပဲ။
ဒါပေမယ့် ဇာတ်လိုက်ရဲ့အရှိန်အဝါက ဒီလိုမျိုး Mary Sue စာအုပ်ထဲမှာလည်း သင်ယူခြင်းအပေါ် သက်ရောက်မှုရှိတာပဲလား?
"မစိုးရိမ်ပါနဲ့" မော့ကျူးချန်က နမူနာပုစ္ဆာစာရွက်ကို လှန်လိုက်တယ် "ငါ မင်းကို မျက်နှာမပျက်စေရပါဘူး"
"ငါက ဘာလို့ မျက်နှာပျက်ရမှာလဲ?" လင်ရှန်း သူ့ရဲ့အတွေးအခေါ်ကို နားမလည်နိုင်တော့ဘူး။
"မင်းက ငါ့ကို အိမ်စာတွေ သင်ပေးထားတာလေ" မော့ကျူးချန် ပြောလိုက်တယ်။ "စာမေးပွဲမှာ အိုးရန်ယင်းယီတောင် မအောင်ဘူးလေ၊ အဲ့တာက ရှက်စရာကြီး မဟုတ်ဘူးလား?"
'အိုးရန်ယင်းယီက စာမေးပွဲတောင်... မအောင်ဘူးလား?!'
လက်ရွေးစင်အတန်းထဲမှာ အိုးရန်ယင်းယီက တကယ်ဘာမှ မဟုတ်ဘူးပဲ။
ဒါပေမယ့်!
အကြောင်းက လက်ရွေးစင်တန်းကကျောင်းသားတွေက တခြားသူတွေနဲ့ ယှဉ်ပြိုင်ခဲ့တယ်! ဒါပေမယ့် Fတန်းက ကျောင်းသားတွေနဲ့တောင် မယှဉ်နိုင်ခဲ့ဘူး!
လင်ရှန်း နှုတ်ခမ်းတွေ ကွေးသွားတယ်။
သူတကယ် မကျေမနပ်ပြောလိုက်ချင်တယ်။
'မော့ကျူးချန်ရဲ့ ယုံကြည်ချက်အပြည့်နဲ့ တည်ငြိမ်နေတဲ့ရုပ်ကို ကြည့်စမ်းပါအုံး။ ငါပဲ တအားစိုးရိမ်နေခဲ့မိတာလို့ ခံစားမိတယ် ထားလိုက်ပါတော့!'
သူ ခေါင်းငုံ့ပြီး စာ စဖတ်လိုက်တယ်။
အလွန်ဆုံးရှိမှ ရှုံးတယ်ပေါ့!
ဒါက မော့မိသားစုထဲက မော့ကျူးချန်အဖို့ ရေးကြီးခွင်ကျယ်ဟုတ်မနေဘူး။
စာတစ်ပိုဒ်ဖတ်လို့ပြီးတဲ့နောက် သူ မော့ကျူးချန်ကို မော့ကြည့်လိုက်တယ်။
တစ်ဖက်လူက မေးခွန်းပင်လယ်ကြီးထဲမှာ လုံးလုံးနစ်မြောနေတယ်။ ပုံစံက လေးနက်ပြီး တည်ကြည်နေတယ်။
ဒီနေ့က သိသိသာသာ တိမ်ထူပြီး ညောင်ရွက်တွေကြားက နေပျောက်လေးတောင် ထိုးမနေဘူး။
မော့ကျူးချန်က ကိုယ်ပိုင်အလင်းရောင်နဲ့ စာကြိုးစားနေပုံပေါ်တယ်။
_ဆယ့်ခုနစ် ဆယ့်ရှစ်နှစ်အရွယ် အသပ်ရပ်ဆုံးနဲ့ အရပ်အရှည်ဆုံး ကျောင်းမင်းသားလေး။
လင်ရှန်း အကြည့်ပြန်ရုတ်လိုက်တယ်။
ကျောင်းဝင်းထောင့်နားမှာ လေလေးတိုက်နေပြီး တိတ်ဆိတ်နေတဲ့နေရာမှာ သစ်ရွက်တွေက အသာအယာလှုပ်ရှားနေတယ်။
တစ်နေ့ခင်းလုံး စိတ်ကောင်းဝင်နေတယ်။
လင်ရှန်းနဲ့ မော့ကျူးချန်တို့လည်း အရင်အတိုင်း အဆင်ပြေတဲ့အနေအထားကို ပြန်ရောက်သွားတယ်။
ညပိုင်းတွေ လင်ရှန်းက မော့ကျူးချန်ရဲ့တိုက်ခန်းဆီ မသွားတော့တာကလွဲလို့ပေါ့။
နေ့ခင်း နှစ်ယောက်သား စာအတူလေ့လာတဲ့နေရာက ကျောင်းရဲ့အနီးနားက အများပိုင်စာကြည့်တိုက်တစ်ခုဆီကို နေရာပြောင်းသွားတယ်။ မကြာမကြာ ကိုးနာရီလောက်အထိ စာဖတ်နေတတ်ပြီး နောက်မှသာ အသီးသီး အိမ်ပြန်ကြတယ်။
ထိုနေ့က ဘားထဲမှာ ဖြစ်ပျက်ခဲ့တာကို ထုတ်မပြောကြတော့ဘူး။
မော့ကျူးချန်ကလည်း တရင်းတနှီးအပြုအမူကို လုံးဝထပ်မလုပ်တော့ဘူး။
လပတ်စာမေးပွဲနီးကပ်လာတာနဲ့အမျှ ထိုနေ့က လင်ရှန်းကိုပြောခဲ့တဲ့ သူ့ရဲ့ခြိမ်းခြောက်မှုကတောင် နောက်မှာချန်ထားခံနေရတယ်။
ပိတ်ရက်နှစ်ရက်မှာ အလွတ်ကျက်ပြီးတဲ့နောက် လပတ်စာမေးပွဲဖြေမယ့်နေ့ကို ရောက်လာတော့တယ်။
ဒါ့အပြင် ဘာသာစကား၊ ရူပဗေဒနဲ့ ဓာတုဗေဒတို့လည်းပါတယ်။
လပတ်စာမေးပွဲကို သုံးရက်ဖြေဆိုရတယ်။
သုံးရက်လုံး ရှင်းဆန်းကျောင်းဝင်းကြီးထဲမှာ လေထုက တည်ငြိမ်လို့နေတယ်။
အထက်တန်းကျောင်းသားတွေအားလုံး မရီမပြုံးနဲ့ အလောတကြီးပုံစံတွေသာ ဖြစ်နေကြတယ်။
တတိယမြောက်နေ့မှာ တက္ကသိုလ်ဝင်တမ်းစာမေးပွဲအောင်မြင်ပြီးသား လင်ရှန်းတောင်မှ အနည်းငယ်ပင်ပန်းသလို ခံစားရတယ်။
တတိယမြောက်နေ့ မနက်ပိုင်း ဓာတုဗေဒစာမေးပွဲဖြေလို့ပြီးတဲ့အခါ နေ့ခင်းပိုင်းအတွက် ရူပဗေဒသာ ကျန်တော့တယ်။
ဓာတုဗေဒဆိုတာ လင်ရှန်း အရဆုံး ဘာသာရပ်တစ်ခုဖြစ်တယ်။
သေချာပေါက် ရူပဗေဒမှာလည်း အမှတ်ပြည့်ရအောင်လုပ်နိုင်တယ်။
ပြီးခဲ့တဲ့သုံးရက်လုံးလုံး မော့ကျူးချန်နဲ့ စာတွေ ပြန်လေ့လာခဲ့ပေမယ့် ဘယ်သူကမှ သူတို့တွေ ဘာကိုရနိုင်တယ်ဆိုတာကို စပြီးမပြောခဲ့ကြဘူး။
လွတ်အိတ်ကို ဖြေးဖြေးချင်း ထုတ်ပိုးနေတုန်း ပြီးခဲ့တဲ့နှစ်ရက်တုန်းကလိုမျိုး မော့ကျူးချန်က သူနဲ့ထမင်းအတူစားဖို့ လင်ရှန်းကို လာမပြောဘူး။
ထိုအစား သူက ထိုင်ခုံမှာထိုင်ကာ ဖုန်းကိုကိုင်ထားပြီး တစ်စုံတစ်ရာကို အားကြိုးမာန်တက်ကြည့်နေတယ်။
"ဘာဖြစ်လို့လဲ?" လင်ရှန်း မေးကြည့်လိုက်တယ်။
အတန်းထဲက တခြားအတန်းဖော်တွေက စားသောက်ဖို့ ထွက်သွားကြပြီဖြစ်တာကြောင့် သူတို့နှစ်ယောက်သာ ကျန်ခဲ့တယ်။
မော့ကျူးချန်က "ဖိုရမ်ကို ကြည့်နေတာ"
"ဟုတ်လား?"
လင်ရှန်း အနည်းငယ်ထူးဆန်းသလိုဖြစ်နေတာကြောင့် ဖုန်းကိုထုတ်ပြီး ရှင်းဆန်းကျောင်းဖိုရမ်ထဲ ဝင်လိုက်တယ်။
လွန်ခဲ့တဲ့နာရီဝက်လောက်ကဖြစ်တယ်။
အတိအကျပြောရရင် သူတို့တွေ ဓာတုဗေဒစာမေးပွဲဖြေနေတုန်း ဖိုရမ်ပေါ်မှာ postအသစ်တစ်ခု တက်လာတယ်။
တင်လိုက်တဲ့သူက လောလောလတ်လတ်စာရင်းသွင်းထားတဲ့ နံပါတ်တစ်ခုက ဖြစ်တယ်။
Systemရဲ့ avatarကို သုံးထားပြီး ကြုံရာကျပန်းစာလုံးတွေကို nicknameအဖြစ်ထားထားတယ်။
Post ရဲ့ခေါင်းစဉ်ကတော့ အတော့်ကိုထူးခြားလှတယ်။
ထို့အတွက်ကြောင့် တင်ထားတာ နာရီဝက်လောက်သာ ရှိသေးပေမယ့် ပြန်စာတွေကတော့ အမြောက်အမြားဖြစ်နေပြီ _
"@လုမြောင်မြောင် @အိုးရန်ယင်းယီ! အလောင်းအစားမှာ အနိုင်ရပြီး မျက်နှာပန်းလှဖို့အတွက် နင်ရဲ့အတန်းဖော်ကို ကျောင်းလာတဲ့လမ်းမှာ ခြုံခိုတိုက်ခိုက်ဖို့ လူငယ်အဖွဲ့တွေကို ရှာခဲ့တာလား?!"
_____
Thanks 🌹