စားပွဲပေါ်ကအဆက်မပြတ်မြည်နေတဲ့ဖုန်းကြောင့်ဆက်အိပ်လို့မရတာနဲ့ ကိုင်လိုက်သည်။
"မောနင်း နာနာ"
ကြားလိုက်တဲ့အသံကြောင့် မျက်လုံးပြူးသွားပြီးဖုန်း
contact ကိုကြည့်လိုက်တော့ အီဂျယ်နိုတဲ့။
အစောကြီးကတည်းကလူကိုစိတ်သောကလာပေးနေတဲ့
လူပါလား။အိပ်ချိန်မှန်းမသိ ဖုန်းဆက်ရအောင်သူရောအိပ်
မနေဘူးလားမသိဘူး။
"နာနာ....နာနာ....နာနာ...အိပ်ပျော်နေတာလား"
ပြန်မဖြေရင်လဲဆက်ရစ်နေမယ့်အီဂျယ်နိုကိုကြိုသိလို့
ကျစ်တစ်ချက်စုပ်ကာ စိတ်ညစ်ညစ်နဲ့ဖြေလိုက်ရသည်။
"အီဂျယ်နို ဒါအိပ်ချိန်ဆိုတာမသိဘူးလား"
"နာနာကလဲကွာ ခုကို၈နာရီရှိနေဘီလေ"
၈နာရီဆိုတာက ကျောင်းပိတ်တဲ့ရက်တွေဆိုကျွန်တော်
အိမ်မက်မက်ကောင်းနေတဲ့အချိန်။
ကျောင်းပိတ်ရက်ဆို၉နာရီ၁၀နာရီမှထတဲ့လူကိုအစောကြီး
လာနှိုးတော့ဘယ်သူကစိတ်မတိုဘဲနေတော့မလဲ။
နေပါအုံးဂျယ်နိုကဘာလို့များအစောကြီးနိုးနေတာပါလိမ့်
ဒီလောက်အစောကြီးထရမှာပျင်းတဲ့လူကမနက်၈နာရီကြီး
ဘာများထလုပ်တာပါလိမ့်။
ခေါင်းထဲကပေါ်လာတဲ့မေးခွန်းတွေကြောင့် ဂျယ်နိုရဲ့ဖုန်း
အဖြေကိုသတိလဲမရသလိုပြန်လည်းမဖြေမိ။
"နာနာလို့ ဘာလို့ငြိမ်နေတာလဲ"
"အာ..sorryမေ့သွားလို့"
"ဘာတွေလုပ်နေလို့မေ့နေတာလဲ ထမျက်နှာသစ်တော့
ကိုအခုမင်းအိမ်ရှေ့ရောက်နေဘီ"
အိပ်ယာထဲပြန်လှဲပြီးနှပ်ရင်းဖုန်းပြောမလို့လုပ်ထားပေ
မယ့်အိမ်ရှေ့ရောက်နေဘီဆိုတဲ့စကားကြောင့်အိပ်ယာ
ပေါ်ကပါထဆင်းမိသည်။
ပြတင်းပေါက်ကလိုက်ကာဖယ်ကြည့်လိုက်တော့
ကားကိုမှီပြီးဖုန်းပြောနေတဲ့ဂျယ်နိုက လက်လှမ်းပြသည်။
"ဒီချိန်ကြီးအိမ်ရှေ့ကိုဘာလာလုပ်တာလဲ"
"ဟီးဟီး ကိုယ်မင်းနဲ့မနက်စာအတူတူသွားစားမလို့လေ"
"ရူးနေလားအီဂျယ်နို ဒီလောက်အစောကြီးကို"
"မစောတော့ပါဘူးဂျယ်မင်းလေးရဲ့ ကိုယ်ကဖြစ်နိုင်ရင်
မနက်၆နာရီလောက်ကတည်းကမင်းနဲ့အတူတူရှိနေချင်တာ"
အပိုတွေလုပ်နေမှန်းသိပေမယ့် ရင်ကတော့ခုန်နေဆဲ။
"လွန်ခဲ့တဲ့နှစ်ရက်ကမှတွေ့ထားတယ်လေ"
ဂျယ်နိုနဲ့နှစ်ယောက်သားကော်ဖီဆိုင်မှာစကားပြောပြီးတဲ့
နောက် အဆင်ပြေ ပြေလည်တဲ့အနေနဲ့ နှစ်ယောက်ထဲအတူတူနေရာအစုံလည်ခဲ့ကြသေးသည်။
"ဂျယ်မင်းကလဲကွာ အဲ့တာကအဲ့တာလေ အခုကမနက်စာအတူတူစားချင်တာပါဆို....ကဲမင်းဘဲဆင်းလာမလားကို
ဘဲခြံတံခါးကိုကျော်လာခဲ့းမလား"
"အမလေး မလုပ်နဲ့မလုပ်နဲ့ ခနပဲစောင့် မျက်နှာသစ်ပြီးမြန်မြန်လာခဲ့မယ်"
"ဒီလိုမှပေါ့ကွာ"
ခနနေတော့ဖုန်းတန်းချပြီးရေချိုးခန်းထဲတန်းဝင်ရတော့သည်။မျက်နှာမြန်မြန်သစ်ပြီး အဆင်ပြေမယ့်hoddieနဲ့
ဂျင်းဘောင်းဘီတစ်ထည်ကောက်ဝတ်ပြီးဖုန်းနဲ့ပိုက်ဆံအိပ်ယူပြီးအမြန်ဆင်းလာရသည်။
အိမ်ရှေ့ရောက်တော့ဆရာသမားက စောနကလိုဘဲ ကားကိုမှီပြီး ဇိမ်နဲ့ဖုန်းကြည့်ကောင်းနေတုန်း။
ခြံတံခါးဖွင့်သံကြားမှမော့ကြည့်လာတဲ့ဂျယ်နိုကဒီနေ့တော်
တော်လေးတက်ကြွနေပုံပေါက်နေသလို။
"သွားမယ်လေ"
ကျွန်တော့်အတွက်ကားတံခါးဖွင့်ပေးပြီးမှမောင်းမယ့်သူ့
နေရာဘက်ကိုသွားသည်။
အဆင်ပြေမယ့်ဆိုင်တစ်ဆိုင်သာသွားတော့ဟုပြောပြီး
ဒီနေ့တစ်ရက်တော့ကျွန်တော်ကတစ်နေကုန်လုံးဂျယ်နို
အပိုင်သာဖြစ်ရင်း ဘေးကနေသာထိုင်လိုက်ခဲ့ရသည်။
—————————————
"ဂျယ်မင်း ဂျယ်မင်း"
"လန့်လိုက်တာhyunရာ"
ဒီနေ့ဟိုကောင်တွေမပါလို့ တစ်ယောက်ထဲကန်တင်းမှာ
ထမင်းထိုင်စားနေတုန်း ဂျယ်ဟျွန်းဟျောင်းရဲ့အလန့်တကြားခေါ်သံကြောင့် ထမင်းပါသီးကုန်ရော။
"hyunရာဘာဖြစ်ရတာလဲအလန့်တကြားနဲ့"
ရောက်ရောက်ချင်းရေကိုအဝသောက်နေတဲ့ရှေ့က
hyunကိုမျက်မှောင်ကြုတ်၍ကြည့်မိသည်။
ဘာတွေများအဲ့လောက်အလောတကြီးအရေးကြီးနေရပါ
လိမ့်။
"ဖြေးဖြေးသောက်လေသီးကုန်အုံးမယ်"
ရေသောက်ပြီးတာတောင်အမောမပြေသေးတဲ့hyunကို
ဂျယ်မင်းတစ်ယောက်ခေါင်းသာခါမိတော့သည်။
ဟူး ဟူး နဲ့လေကိုအားမရစွာရှူလိုက်ထုတ်လိုက်လုပ်နေသည့်hyunကိုကြာတော့ဂျယ်မင်းစိတ်မရှည်တော့။
"hyunဘာဖြစ်လာတာလဲလို့"
တော်ကြာသေရမယ့်လူဆိုရင် သူအမောဖြေနေတာနဲ့တင်
ဟိုကသေနှင့်လောက်ပြီလေ။
အခုဟာကဟိုကောင်တွေကလဲဘာမှမပြောဘဲနဲ့ပေါ်မလာ
ဂျယ်ဟျွန်းဟျောင်းကလဲအခုလိုအလန့်တကြားနဲ့လာခေါ်
တာဆိုတော့ဟိုကောင်တွေများတစ်ခုခုဖြစ်နေတာလားလို့။
"မင်းကလဲကွာ ဖြေးဖြေးပေါ့"
"ဘာဖြေးဖြေးလဲ သေရေးရှင်ရေးဆိုဘယ်လိုလုပ်မလဲ"
"ဟာမင်းကတော့လုပ်ပြီ ဘယ်သေရေူရှင်ရေးရမှာလဲ
မေးစရာရှိလို့ကွ"
ခုမှရင်ထဲကအလုံးလိုက်ကြီးကျသွားသည်။
မေးစရာရှိတယ်ဆိုရင်တောင်ဒီလောက်အလန့်တကြား
လာဖို့လိုလို့လားhyunရဲ့။
ဘာကိစ္စမို့အဲ့လောက်အရေးကြီးတာပါလိမ့်။
ဂျယ်မင်းသိချင်လွန်း၍မေးမည့်မေးခွန်းကိုသာခေါင်းထဲ
စဉ်းစားနေမိသည်။
"ဟိုနေ့....ဟိုနေ့ကမင်းတို့အိမ်မှာညစာလာစားတော့လေ
"ခြံပေါက်မှာ....တွေ့တဲ့.....တွေ့တဲ့...."
ချက်ချင်းလဲတန်းမပြော သူပြောလို့ဒီကခေါင်းတငြိမ့်
ငြိမ့်နဲ့နားထောင်နေတာကို ဆက်မပြောဘဲ တွေ့တဲ့နဲ့တင်ရပ်နေတဲ့hyunကိုဘယ်လိုမှစိတ်မရှည်နိုင်တော့။
"hyunမပြောရင်ကျွန်တော်သွားပြီနော်"
"ဟာမင်းကလဲကွာ..နေ...နေပါအုံး"
"အာ့ဆိုလဲပြောလေဗျာ စိတ်မရှည်တော့ဘူး"
"ဒီလိုကွာ အဲ့နေ့ကမင်းတို့အိမ်မှာ ညစာလာစားတော့
ငါနဲ့ခြံဝမှာစုံတဲ့ကောင်လေးလေ သူ...သူ"
"အင်းအဲ့တော့"
"ဟာမင်းကလဲသဘောမပေါက်လိုက်တာ အဲ့တာဘယ်သူလဲလို့"
အဲ့နေ့ကခြံဝမှာစုံတဲ့တစ်ယောက်။
အော်လက်စသတ်တော့ထယ်ယုံးhyunကိုသူတွေ့သွားတာကိုး။
ဂျယ်ဟျွန်းဟျောင်းရဲ့မေးခွန်းကိုသဘောပေါက်ပေမယ့်
လဲစချင်သေးတာကြောင့်
"ဘယ်သူလဲ ကျွန်တော်မမှတ်မိတော့ဘူး အဲ့နေ့ကလာတဲ့သူတွေများတယ်လေhyunရဲ့"
ရှုံ့မဲ့သွားတဲ့hyunရဲ့မျက်နှာကိုကြည့်ပြီး ဂျယ်မင်းရယ်ချင်
ပေမယ့်လဲရယ်လိုက်ရင်စမှန်းသိသွားမှာဆိုရလို့မရီဘဲ
အောင့်ထားရသည်။
"ဟာဂျယ်မင်းကလဲ အဲ့နေ့ကမင်းတောင်ထွက်ကြိုသေးတယ်လေကွာ မနောက်ပါနဲ့ မင်းမှတ်မိပါတယ်"
"ဟာကျွန်တော်တကယ်မသိတာပါဆို"
"ဂျယ်မင်း မင်းသိရဲ့သားနဲ့လုပ်ပါကွာအဲ့တာဘယ်သူလဲလို့"
"ဟာhyunကျွန်တော်မေ့သွားပါဘီဆို"
တဖြည်းဖြည်းငိုတော့မယ့်မျက်နှာဖြစ်လာတဲ့hyunကို
ဆက်မစချင်တော့တာနဲ့ ဂျယ်မင်းအောင့်ထားသမျှကို
အဝရယ်လိုက်တော့သည်။
"ဘာရယ်တာလဲ မင်းသိရဲ့သားနဲ့ ဂျယ်မင်း မင်းသိနေတဲ့ဟာကို"
"hyunကိုစချင်လို့ဗျာ ဘယ့်နှယ့်ဒါမေးဖို့အရေးကိုအလန့်တကြားနဲ့"
"ကဲပြောပါကွာ အဲ့တာဘယ်သူလဲ"
"အီထယ်ယုံးတဲ့ အီဟယ်ချန်းရဲ့အစ်ကိုလေ hyunလဲသိပါတယ်နိုင်ငံခြားမှာကျောင်းသွားတက်ပြီးအခုဒီကိုပြန်လာ
တယ်ဆိုတာလေ အဲ့တာအဲ့နေ့ကဘဲသူလာရင်းhyunနဲ့ဆုံ
တာဖြစ်မယ် ဒါနဲ့မေးပါအုံးမယ်ထယ်ယုံးhyunကိုဘာလို့
အဲ့လောက်တောင်သိချင်နေတာတုန်း"
"အဲ့တာတော့နောက်မှပြောပြမယ်အခုသိရဘီဆိုတော့ အတန်းလဲနောက်ကျနေဘီ သွားဘီဂျယ်မင်းရေ"
သိချင်တာသိတော့ထလစ်သွားတဲ့hyunကိုဂျယ်မင်းမနိုင်
တော့၍ပြုံးရင်းသာခေါင်းခါမိပါတော့သည်။
hyunပြန်သွားတော့မှစားလက်စထမင်းကိုပြန်စားရ
သည်။
စားနေတုန်းနောက်ထပ်အလန့်တကြားနဲ့ရောက်လာပြန်
တဲ့တစ်ယောက်။ဒီတစ်ခါတော့ခုနကလိုအလန့်တကြား
နဲ့ပြေးရောက်လာတာမဟုတ်ဘဲတစ်ယောက်ထဲထိုင်နေ
တဲ့ကျွန်တော့ရှေ့ကိုလာထိုင်တဲ့တစ်ယောက်သောသူ။
ဒါကဂျယ်နိုနဲ့လမ်းခွဲပြီးကျောင်းကကန်တင်းမှာနှစ်ယောက်ထဲအတူတူထမင်းပြန်စားတာဖြစ်သည်။နှစ်ယောက်ထဲ
အပြင်ထွက်လည်ကြတယ်ဆိုပေမယ့်လဲအခုလိုကျောင်း
မှာထမင်းတူတူထိုင်စားတာတော့ဒါပထမဆုံးဖြစ်သည်။
ရောက်ကတည်းကဘာမှမပြော မျက်နှာကြီးဆူပုတ်ပြီး
ထမင်းကိုမစားချင်စားချင်နဲ့စားနေတဲ့ရှေ့ကတစ်ယောက်ကို ဂျယ်မင်းတစ်ယောက်အလိုမကျစွာနဲ့မျက်မှောင်
ကြုတ်ပြီးကြည့်လိုက်သည်။
ကြည့်နေတာကြာနေပေမယ့်လဲ အခုထိဘာမှမပြောဘဲ
မျက်နှာကြီးဆူပုတ်ထားတုန်း။
ကြာလာတော့ဂျယ်မင်းလဲစိတ်မရှည်တော့။
"ဘာဖြစ်နေတာလဲ"
ဘာမှပြန်ပြောမလာသလို လူကိုတစ်ချက်မော့ကြည့်ပြီး
ပြန်ငုံ့သွားတဲ့ဂျယ်နိုကို ပိုလို့တောင်စိတ်တိုလာသည်။
"အီဂျယ်နို ဘာဖြစ်နေတာလဲလို့မေးနေတဲ့လေ အဲ့မကျေနပ်တဲ့မျက်နှာကဘာလဲ"
ဟုတ်တယ်လေ ရောက်ကတည်းကဆူပုတ်နေတဲ့မျက်နှာ
နဲ့ မေးတော့လဲ လူကိုမကျေနပ်သလိုကြည့်ပြီးမျက်စောင်း
ကထိုးသွားသေးတာ။
ဂျယ်မင်းတကယ်ဘဲအဲ့လူကိုနားမလည်တော့ပါ။
"မင်းကိုမကျေနပ်တာကွာ"
တော်တော်ကြာမှပြန်ဖြေတဲ့ဂျယ်နိုအသံကအလိုမကျတဲ့
အသံနဲ့အတူ သူဖြေတဲ့အဖြေကိုလည်းဂျယ်မင်းနားမ
လည်ပါ။
"ငါ့ကိုမကျေနပ်ဘူး ငါကဘာလုပ်လို့လဲ"
"အဲ့ဂျယ်ဟျွန်းဟျောင်းနဲ့နေတာ ကိုယ်မကြိုက်ဘူးဆိုတာသိရဲ့သားနဲ့"
လက်စသတ်တော့ဂျယ်နိုကသဝန်တိုနေတာကိုး။
သူသဝန်တိုတာကိုသိပေမယ့် ကိုယ်တွေကရိုးရိုးသားသား
ခင်ကြတာလေ။ပြီးတော့နှစ်ယောက်သားကြားမှလဲ
မဟုတ်တဲ့စိတ်မှမရှိတာ။
ဂျယ်ဟျွန်းဟျောင်းဆိုတာကလဲ ကိုယ့်အစ်ကိုတစ်ယော
က်လိုသဘောထားတဲ့လူ ဟိုကလဲညီလေးတစ်ယောက်လို
ရင်းနှီးတဲ့ဆက်ဆံရေး။
ပြီးတော့ဂျယ်ဟျွန်းဟျောင်းကထယ်ယုံးဟျောင်းကို
သဘောကျနေတယ်ဆိုတာဂျယ်မင်းသိသည်။
ပြေပြေလည်လည်နဲ့စကားပြောပြီး ချော့ဖို့လုပ်ထားပေ
မယ့်လည်း ဂျယ်နိုနားလည်အောင်တော့ဂျယ်မင်းပြောရ
မည်ဖြစ်သည်။
ခုလိုသူချစ်တဲ့ဂျယ်နိုကဒီလိုမျိုးအထင်လွှဲတာမျိုးကို
ဂျယ်မင်းမကြိုက်သလို ခံလဲမလံနိုင်ပါ။
အာ့ကြောင့်ဂျယ်နိုကိုနားလည်အောင် ဂျယ်ဟျွန်းhyun
ကိုလဲကြည်ဖြူအောင် ဂျယ်မင်းပြောရတော့သည်။
"ဂျယ်ဟျွန်းဟျောင်းက ငါ့ရဲ့စီနီယာ ငါ့အစ်ကိုလိုဘဲ
သူနဲ့ငါနဲ့ကြားမှဘာစိတ်မှမရှိဘူး။mark hyunတို့ဟယ်ချန်းတို့လိုခင်သလိုဘဲ။ပြီးတော့ဂျယ်ဟျွန်းဟျောင်းက အခြားလူကိုသဘောကျနေတာ။"
ဂျယ်မင်းအဲ့လိုပြောလိုက်မှ ခေါင်းပြန်ထောင်လာတဲ့
ဂျယ်နိုကစောစောကမျက်နှာနှင့် တစ်ခြားစီ။သူကိုအမျိုး
မျိုးတတ်နိုင်တဲ့လူပါလား။
လူကိုခုတစ်မျိုးတော်ကြာတစ်မျိုးပြောပြီး စိတ်မကောင်း
အောင်လုပ်တဲ့သူ။
အဲ့ဒီလူကိုဘဲဂျယ်မင်းကချစ်နေရတာမလား။
မဆန်းတော့ပါဘူး။
"ဟာ...ဟုတ်လား sorryပါကွာ ကိုယ်မသိခဲ့ဘူး။ကိုယ်က
မြင်မြင်ချင်းဂျယ်ဟျွန်းဟျောင်းကမင်းကိုကြိုက်နေတယ်
လို့ထင်နေတာ။အာ့ကြောင့်မို့လို အခုမင်းဆီပြန်ရောက်
လာတာပေါ့"
စပ်ဖြီးဖြီးနဲ့ပြောတဲ့ဂျယ်နိုကိုစိတ်ကောက်ချင်ပေမယ့်လဲ
သူပြောနေတဲ့စကားတွေကတကယ်မှန်းသိရတော့ဂျယ်
မင်းရင်တော့ခုန်မိသည်။
ဒါပေမယ့်လည်းလူကို ခံစားရအောင်လုပ်တဲ့အတွက်
ပြန်တော့ပညာပေးချင်သေးသည်။မဟုတ်ရင် နာဂျယ်မင်း
ဘယ်ဟုတ်တော့မလဲ။
"သေလိုက်...အဲ့မှာလဲသေလိုက်"
အဲ့လိုပြောပြီးစားပွဲကနေထထွက်လာခဲ့တော့ နောက်ကနေ
ပြေးလိုက်လာတဲ့ဂျယ်နိုကို စချင်သေးလို့မစောင့်ဘဲနဲ့
မြန်မြန်ထွက်လာလိုက်သည်။
နာနာ နာနာနဲ့နောက်ကနေပြေးလိုက်နေတဲ့အီဂျယ်နိုကို
လူတွေအကုန်ကဝိုင်းကြည့်ကုန်ကြဘီ။
ကျောင်းဆောင်ဘက်ကိုသာခပ်မြန်မြန်လျှောက်သွားရင်း
နောက်ကနေအားနဲ့လှမ်းဆွဲလိုက်တာကြောင့်လူကအလို
လိုသူ့ရင်ခွင်ထဲရောက်သွားသည်။
ကျောင်းမှာလဲဖြစ်နေတဲ့အပြင် ခုဟာကကျောင်းဆောင်တွေကြားထဲမှာဆိုတော့ အခပ်မသင့်လို ဖြတ်သွားတဲ့လူများမြင်သွားရင်ရှက်စရာဖြစ်တယ်လေ။
တွန်းထုတ်ပြီး ရိုက်ထုတ်နေပေမယ့်လဲ လွတ်မပေးတဲ့
ဂျယ်နိုတစ်ယောက်ကို ဂျယ်မင်းဘယ်လိုမှမနိုင်တော့
ပါ။
"ဂျယ်နိုလွှတ်ပေးလို့"
"နိုးပါ မင်းကိုဖက်ဖို့ဆိုရင်ကိုယ်အရမ်းကြိုးစားမှရလိမ့်မယ်အခုလိုအခွင့်ရေးရတုန်းတော့မလွှတ်ဘဲဖက်ထားအုံးမှာ"
မျက်နှာနှစ်ခုကနီးကပ်လွန်းနေတဲ့အနေအထားဖြစ်တာကြောင့်ရောဂျယ်မင်းက ဘယ်လိုမှမနေတတ်တော့။
ရည်းစားဘဝတုန်းကလဲ ဖက်ဖူးကြပေမယ့်လဲ ပြတ်ပြီး
ခုလိုပြန်ဖတ်တာက ဂျယ်မင်းအတွက်နေသားမကျသေး
သလိုရှက်စရာတစ်ခုလိုလဲဖြစ်နေသည်။
အဖက်မခံချင်လို့တော့မဟုတ်ပါ ခုလိုနေရာမျိုးမှဋ
ခုလိုမျိုးလုပ်နေတာကို တစ်ယောက်ယောက်များမြင်သွား
ရင်ဆိုတဲ့စိတ်နဲ့ဂျယ်မင်းရှက်လွန်းလို့မျက်နှာတွေပါနီလာ
ရသည်။
အနီးကပ်စိုက်ကြည့်နေတဲ့ဂျယ်နိုကအဲ့တာကိုမြင်တော့
ပိုပြီးစလာလို့ ပိုလို့တောင်ရှက်လာရသည်။
"အယ်...အယ်..ဂျယ်မင်းနား ကိုယ်ကဖက်ဘဲဖက်ရသေး
တာလေကွာ ဒီလောက်ရှက်ပြီးမျက်နှာတွေနီနေရင်
ဟိုအချိန်ဆိုဘယ်လိုလုပ်မလဲ"
တဘုန်းဘုန်းနဲ့ဂျယ်နိုလက်မောင်းကိုအဆက်မပြတ်သာ
ရိုက်နေမိသည်။
အမြဲဘဲအဲ့လူရဲ့ခေါင်းထဲမှာ အချိန်ပြည့်ဒါတွေများတွေး
နေတာလားမသိဘူး။လူကိုတွေ့ရင်လဲဟိုထိဒီထိနဲ့ဘယ်
လောက်ထိဆိုလဲ လူရှေ့သူရှေ့ထိပါမရှောင်တော့။
ပြန်တွဲပြီးနောက်မှာ အဲ့လောက်ထိဂျယ်နိုက ဂျယ်မင်းကို
ဆိုမျက်စိအောက်ကကိုအပျောက်မခံတော့တာပါ။
"ဂျယ်မင်း"
အသံလာရာဘက်ကိုလှည့်ကြည့်မိတော့ ဟယ်ချန်းတို့
အုပ်စု။ကျွန်တော်တို့နှစ်ယောက်ကိုအကုန်လုံးကကြောင်
ပြီးရပ်ကြည့်နေသလို ကျွန်တော်တို့ကလဲအကုန်လုံးကို
ရပ်ပြီးကြောင်ကြည့်နေမိသည်။
ခနနေအသိစိတ်ပြန်ဝင်မှ ဖက်ထားတဲ့ဂျယ်နိုကိုတွန်း
ထုတ်မိသည်။
ခုချိန်ထိသူဂျယ်နိုနဲ့ပြန်တွဲနေတယ်ဆိုတာ သူတို့ကို
ဂျယ်မင်းမပြောပြရသေး။ဘယ်လိုပြောပြရမလဲဆိုတာ
ကိုစဉ်းစားနေရတာအတွက်လဲပါသည်။
ခေါင်းကုတ်ပြီး ရှေ့ကသူတို့သုံးယောက်ဆီသွားတော့
သုံးယောက်လုံးကကျွန်တော့်နောက်ကဂျယ်နိုကိုကြည့်
နေကြသည်။
"ဂျယ်မင်း"
"အာ....အဲ့တာ...အဲ့တာက ငါဂျယ်နိုနဲ့ပြန်တွဲနေတာ"
သုံးယောက်လုံးကစောနကထက်ပိုပြီးငြိမ်သွားကြသည်။
အခုချိန်ပြောလိုက်တော့လဲပိုကောင်းသွားတာပေါ့နောက်
ကျမှပြောမိသွားရင်ဒီထက်ပြသနာတွေပိုဖြစ်လားမလား
ပြောလို့မရဘူးလေ။
ဟယ်ချန်းကိုလှမ်းကြည့်လိုက်တော့ သူကလဲကျွန်တော့်
ကိုကြည့်နေသည်။
အကုန်လုံးကခေါင်းတငြိမ့်ငြိမ့်ဖြစ်နေကျပေမယ့် ဟယ်
ချန်းကတော့မတူ။မာ့ခုhyunစကားပြောမယ့်အလုပ်တင်
ဟယ်ချန်းကလှည့်ထွက်သွားသည်။
mark hyunကလှမ်းခေါ်မလို့လုပ်ပေမယ့်လဲကျွန်တော်
တားလိုက်တာကြောင့်hyunလဲငြိမ်သွားသည်။
"ရပါတယ်hyunကျွန်တော်သူနဲ့စကားပြောလိုက်ပါ့မယ်
hyuckအကြောင်းလဲသိရဲ့သားနဲ့အဲ့ကောင်အဲ့လောက်အ
ကြာကြီးစိတ်ကောက်တတ်တဲ့လူမှမဟုတ်တာ"
"အင်းပါဂျယ်မင်း ဒါဆိုhyunတို့သွားတော့မယ် နောက်ကြ
အကုန်လုံးတစ်ခုခုသွားစားရအောင်လေ"
ဂျယ်နိုကို မျက်စပစ်ပြပြီးပြောတော့ပြုံးမိသည်။
ခေါင်းလေးငြိမ့်ပြလိုက်တော့ သွားတော့မယ်ဆိုပြီးလက်
ပြရင်းအကုန်လုံးပြန်သွားကြသည်။
"ဂျယ်မင်း ဘာဖြစ်လို့လဲ"
mark hyunတို့သွားတာကိုရပ်ကြည့်နေတုန်းနောက်က
ဂျယ်နိုရောက်လာတာကြောင့် နဂိုကတည်းကအတွေး
များနေတဲ့သူမို့လန့်သွားရသည်။
ဂျယ်နိုဘက်ကိုလှည့်ပြီး ဘာမှမဖြစ်ဘူးဆိုတဲ့သဘော
နဲ့ပြုံးပြီးခေါင်းသာခါပြလိုက်တော့ ဂျယ်နိုမျက်နှာမှာ
စိတ်ပူနေမှုတွေကိုပိုလို့တောင်မြင်ရသည်။
"မလိမ်နဲ့ ဟယ်ချန်းမလား ကိုယ်မြင်လိုက်ပါတယ်
မင်းတို့ကအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဘဲကိုအဲ့လောက်အကြာကြီးစိတ်မဆိုးလောက်ပါဘူး။နောက်ကြ
သူ့ကိုလဲသေချာပြောပြလိုက်ပေါ့ ဘာမှမဖြစ်ဘူးကိုယ်
ရှိတယ်ဟုတ်ဘီလား။"
သူ့မူပိုင်အပြုံးလေးနဲ့လူကိုအားပေးစကားပြောနေတဲ့
ရှေ့ကလူကြီးကို ဂျယ်မင်းတစ်နေ့ထက်တစ်နေ့ပိုလို့
အချစ်တိုးရသည်။
အရင်ကအကြောင်းတွေပြန်မတွေးတော့ဘဲ လက်ရှိအချိန်မှာပျော်အောင်နေရမယ်မဟုတ်လား။
အခုကလဲဂျယ်နိုက လိုလိုချင်ချင်နဲ့သူ့ဆီပြန်လာတာဘဲ
မလား ဒီထက်ပိုပြီးသူဂျယ်နိုကိုဂရုစိုက်မယ် ဒီထက်ပို
ပြီးသူဂျယ်နိုကိုခွင့်လွှတ်ရမယ် ဒီထက်ပိုပြီးသူဂျယ်နို
ကိုနားလည်ပေးရမယ်။
လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ထားပြီး ဘေးမှာသူအမြဲ
ရှိနေတယ်ဆိုတဲ့အကြောင်းပြောနေတဲ့ ဒီလူသားကဘယ်
ဘဝကကုသိုလ်ကံတွေကြောင့် ဒီလောက်ချစ်ဖို့ကောင်း
နေရတာပါလိမ့်။
ဂျယ်မင်းကရော အရင်ဘဝကဘာတွေများလုပ်ခဲ့လို့
ဒီလူသားဆီမှာဘဲ အကြိမ်ကြိမ်ကျရှုံးနေရတာပါလိမ့်။
"ချစ်တယ် ဂျယ်နို အများကြီးချစ်တယ်"
———————————————————————
မေတ္တာနှင့်ချည်သမျှကြိုးတိုင်း
ထိုလူသားအပေါ်သာမြဲမြံပါစေ။
ချစ်ခြင်းမေတ္တာမိုးများ
ချစ်ရသောသူတစ်ယောက်တည်းပေါ်သာသည်းရပါစေ။
မြတ်နိုးရသော ဤလူသား
ကျွန်ုပ်အကြင်နာများဖြင့် နွေးစေသား...................။
————————။————————-
နောက်သုံးပိုင်းလောက်ဆိုရင်ပြီးတော့မယ်ထင်တယ်။
Jaeyongလေးကိုလဲကြားထဲကထည့်ရေးချင်သေးလို့။
😝
Jaeyongရယ်nominရယ်နှစ်ခုပေါင်းပြီးအိုင့်ကောင်လေး
တွေလေးယောက်ကိုတစ်ပုဒ်လောက်ရေးမလားလို့
ဖတ်ကြမလား ယော်ဒါးဘွန်းတို့💗
လောလောဆယ်တော့ဒါလေးအရင်ဖတ်သွားကြပါအုံး🤍