ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

554K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၅၀

4K 943 34
By Kay_Wine

{Zawgyi}

ဖိုရမ္ေတြေပၚက ျပန္စာေတြရဲ႕အဆုံးသတ္အတြက္ အေကာင္းဆုံးလက္နက္က အၿမဲတမ္း ေမာ့က်ဴးခ်န္သာ ျဖစ္ေနတယ္။

သူ တုံ႔ျပန္ၿပီးတာနဲ႔ ခုေလးတင္ ျမဴးတူးတက္ႂကြမႈအတိၿပီးေနဆဲ postမွာ တစ္ေယာက္မွ စာမျပန္ရဲေတာ့ဘူး။

သူတို႔ေရွ႕မွာ လင္ရွန္းကို ေပ်ာ္ေပ်ာ္ႀကီး ႀကိမ္းေမာင္းေနၾကတဲ့ ထိုေက်ာင္းသားေတြေတာင္မွ သူတို႔ေတြ ဒီလိုမ်ိဳး႐ူးေၾကာင္ေၾကာင္လုပ္ရပ္မ်ိဳးကို postမတင္ခင္အခ်ိန္ကို ျပန္သြားၿပီး သူတို႔ကိုယ္သူတို႔ ျပန္တားခ်င္သြားၾကတယ္။

မင္း သိထားသင့္တာက ဖိုရမ္ထဲမွာ လူမ်ားမ်ားစားစားမရွိေပမယ့္ ေမာ့က်ဴးခ်န္လိုမ်ိဳး သူတို႔ရဲ႕နာမည္အရင္းေတြကို နာမည္ေျပာင္အျဖစ္ထားၾကတဲ့ သူေတြလည္းရွိတယ္။

သို႔ေပမယ့္ အဲ့တာေတြက ေပၚလိုက္ေပ်ာက္လိုက္ပါပဲ၊ သူတို႔ထဲက ၉၀ရာခိုင္ႏႈန္းေလာက္က ရွင္းဆန္းေက်ာင္းက ေက်ာင္းသားေတြျဖစ္တယ္။ သူငယ္ခ်င္းေတြၾကားမွာဆို ပိုၿပီးတရင္းတႏွီးရွိၾကတာေၾကာင့္ စြပ္က်ယ္လိုမ်ိဳး လုံးဝမဖုံးကြယ္ႏိုင္ဘူး။

ဒီအခ်ိန္မွာ ဖိုရမ္တစ္ခုတည္း တိတ္ဆိတ္သြားတာ မဟုတ္ဘဲ ရွင္းဆန္းေက်ာင္းႀကီးပါ တိတ္ဆိတ္က်သြားတယ္။

လင္ရွန္းနဲ႔ စုတ်န္းတ်န္းက စာသင္ေဆာင္ရဲ႕ ေလွကားမွာ ရပ္ေနၾကတာျဖစ္ၿပီး သူတို႔ေတြ postကို အႀကိမ္ေပါင္းမ်ားစြာ ဖတ္ခဲ့ၾကေပမယ့္ ျပန္စာအသစ္တစ္ေစာင္ေတာင္ မရေတာ့ဘူး။

"ဟူး..." စုတ်န္းတ်န္းက သက္ျပင္းရွည္ႀကီးတစ္ခုခ်ၿပီး လင္ရွန္းကို ၿပဳံးတုံ႔တုံ႔နဲ႔ ေျပာလာတယ္ : "ေတာ္ေသးတာေပါ့ ေမာ့က်ဴးခ်န္က ေရွ႕ထြက္လာလို႔၊ မဟုတ္ရင္ ဒီေကာလဟလႀကီးက ဘယ္ေလာက္ထိေတာင္ အၾကာႀကီးဆက္ၿပီး ပ်ံ႕ေနမလဲမသိ"

"အင္း" လင္ရွန္း ျပန္ေျဖလိုက္တယ္။

သူက စုတ်န္းတ်န္း ဖုန္းျပန္ထည့္လိုက္တာကိုၾကည့္ၿပီး ႏွစ္ေယာက္သား ေဘးခ်င္းကပ္ စာသင္ေဆာင္အေပၚထပ္ကို တက္လာခဲ့ၾကတယ္။

"ဒါေပမယ့္" စုတ်န္းတ်န္း နည္းနည္းစပ္စုၾကည့္မိတယ္ "နင္တို႔ႏွစ္ေယာက္ၾကားမွာ ဘယ္လိုကေနဘယ္လို သေဘာထားကြဲလြဲသြားၾကတာလဲ? အရင္ေန႔တုန္းကမွ အဆင္ေျပေနၾကေသးတယ္မဟုတ္လား?"

"ေက်ာင္းသူ စုတ်န္းတ်န္း"

"ငါ့ကို တ်န္းတ်န္းလို႔ပဲ ေခၚစမ္းပါဟယ္" စုတ်န္းတ်န္းက လင္ရွန္းကို တအားႀကီးသူစိမ္းမဆန္ဖို႔ ဟန္ပန္ေလးလုပ္ျပလာတယ္။ [ T/N : ဇာတ္လိုက္မက ဒီလိုေလးျဖစ္ေနေတာ့ တအားခ်စ္ ]

သူလည္း စစခ်င္းမွာတုန္းက လင္ရွန္းကို သိပ္သေဘာက်တာမဟုတ္ဘူး။

သို႔ေပမယ့္ သူတို႔ေတြ အႀကိမ္ေပါင္းမ်ားစြာ ေျပာဆိုလို႔ၿပီးတဲ့ေနာက္ လင္ရွန္းနဲ႔ ရႈခ်န္းက တကယ္ကို အေတာ္ေလးဆင္တူတယ္လို႔ ခံစားမိလာတယ္။

သူတို႔ေတြက အေလးအနက္ရွိၾကၿပီး နည္းနည္းေလးမဆိုစေလာက္ေတာင္မွ ေျပာရဆိုရလြယ္တယ္။

တကယ္လို႔ အခက္အခဲတစ္ခုခုရွိလာခဲ့ရင္ လင္ရွန္းက သူ႔အေပၚ နည္းနည္းေလးပိုၿပီး ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းရွိတယ္ေသးတယ္။ အရမ္းကို တသီးတျခားႀကီးေနသလိုမ်ိဳးျဖစ္ေနတဲ့ ရႈခ်န္းနဲ႔ မတူဘူး။

အားလုံးက အထက္တန္းတတိယႏွစ္ ေရာက္ေနၾကၿပီး အခ်ိန္ကလည္း တင္းက်ပ္တယ္ဆိုတာ သိသာလွတယ္။ သို႔ေပမယ့္ ရႈခ်န္းကေတာ့ သူ႔ရဲ႕ကိုယ္ပိုင္စာေလ့လာခ်ိန္နဲ႔ တျခားကိစၥေတြကို အစီအစဥ္တက် ကိုင္တြယ္ႏိုင္တယ္။

ၿပီးေတာ့ ေန႔တိုင္းဆိုသလို စုတ်န္းတ်န္းကို စာလုပ္ဖို႔တိုက္တြန္းရမယ့္အခ်ိန္ကိုလည္း ရေအာင္ယူႏိုင္ေသးတယ္။

ရႈခ်န္းအေၾကာင္း ေတြးမိေတာ့ စုတ်န္းတ်န္းရဲ႕ျဖဴလြလြပါးျပင္ေလးေတြေတာင္ အနည္းငယ္ပူတက္လာတယ္။

သူက မ်က္ႏွာကို ခပ္ဆတ္ဆတ္ေလးပုတ္ၿပီး အျပစ္မကင္းသလိုမ်ိဳး ျမန္ျမန္ဆန္ဆန္ေျပာလာတယ္ : "နင္တို႔ႏွစ္ေယာက္ ရန္ျဖစ္ထားတယ္ဆိုတာကို သိတဲ့အခ်ိန္တုန္းက ရႈခ်န္းက အံ့ဩေနတာ၊ နင္သိလား သူက အၿမဲတမ္း ႐ုပ္တည္ႀကီးနဲ႔ ေပါ့ေပါ့ပါးပါးေနတတ္တာေလ"

စုတ်န္းတ်န္းကေျပာရင္း မေနႏိုင္စြာ ႏွာေခါင္းကို အသာေလးရႈံ႕မိလိုက္တယ္။

လင္ရွန္းကေတာ့ သူ႔ကို စိုက္ၾကည့္ေနဆဲ။

"အာ!" ႐ုတ္တရက္ စုတ်န္းတ်န္းက ဘယ္ဘက္လက္ကို လက္သီးဆုပ္ေလးလုပ္ကာ ညာဘက္လက္ဖဝါးေပၚ ႐ိုက္ခ်လိုက္တယ္ "အဲ့ေန႔တုန္းကေတာင္ ေမာ့က်ဴးခ်န္က နင္တို႔ႏွစ္ေယာက္ နမ္းခဲ့ၾကတယ္လို႔ ေျပာၿပီး ငါတို႔ေရွ႕မွာ ႂကြားေနလိုက္ေသးတယ္"

လင္ရွန္း "..."

လင္ရွန္း ေက်ာက္႐ုပ္ျဖစ္သြားတယ္!

ဒီစာအုပ္ထဲက ေသခ်ာေပါက္ ဇာတ္လိုက္မ,ျဖစ္တဲ့ စုတ်န္းတ်န္းဆီက (ဒါမ်ိဳး)နားေထာင္ေနရတယ္။ သူနဲ႔ ေမာ့က်ဴးခ်န္ နမ္းတယ္ဆိုတဲ့အေၾကာင္းကို သူျပန္ေျပာျပတာကို နားေထာင္ေနရတာ။

သို႔ေပမယ့္ ဒီအေတာအတြင္းမွာ သူတကယ့္ကို အမ်ားႀကီးႀကဳံေတြ႕ခဲ့ရၿပီး ဒီလိုကိစၥမ်ိဳးအတြက္ ပုံစံမ်ိဳးစုံနဲ႔ တည္တည္ၿငိမ္ၿငိမ္ေနႏိုင္ၿပီ။ ဒီလိုေမးခြန္းမ်ိဳးကို ဘယ္လိုေျဖရမလဲဆိုတာသာ မသိတာ။

ဟုတ္တယ္! ဒါက တကယ္ကို ဆက္ႏြယ္ေနတာ။

သို႔ေပမယ့္ အဲ့တာက Truth or Dareရဲ႕ အမွားေတာ့ မဟုတ္ဘူး။

"အဲ့တာက အဲ့လိုရွိတယ္" သူ မေရမရာေျပာလိုက္တယ္ "တ်န္းတ်န္း ငါ နင့္အတြက္ ေမးခြန္းတစ္ခုရွိတယ္"

"ဟမ္?" စုတ်န္းတ်န္းက ေခါင္းကို အသာေလးေစာင္းငဲ့ကာ လင္ရွန္းကို မ်က္လုံးႀကီးႀကီးနက္နက္ေလးေတြနဲ႔ ၾကည့္လာတယ္။ သူက ခ်စ္စရာေကာင္းတဲ့ပုံေလး။

ထပ္ေပါင္းေျပာရရင္ မ်က္ႏွာအသြင္အျပင္က ေသးေသးေလးနဲ႔ အသားအရည္က ျဖဴျဖဴေလး။

စ႐ိုက္က အေတာ္ေလး တည့္တိုးဆန္ၿပီး ၾကည္ၾကည္လင္လင္နဲ႔ အေတာ္ေလးသေဘာက်စရာေကာင္းတယ္။

လင္ရွန္း သူ႔ကိုၾကည့္လိုက္တယ္။ သူ ခဏေလာက္ ႀကိဳးစားအားထုတ္ၿပီးမွ မေရမရာနဲ႔ ေမးလိုက္တယ္ "ငါနဲ႔ ေမာ့က်ဴးခ်န္က စုံတြဲေတြျဖစ္လိမ့္မယ္လို႔ နင္တို႔အားလုံးက ဘာလို႔ေသခ်ာေနရတာလဲ?"

"အဲ့လိုမဟုတ္ဘူးလား?" စုတ်န္းတ်န္း ေၾကာင္အသြားတယ္။

သူက ျမန္ျမန္ပဲ သတိျပန္ဝင္လာၿပီး "စစခ်င္းမွာ နည္းနည္းေတာ့ ထူးဆန္းတယ္ဆိုေပမယ့္ ၾကည့္ေလ..."

စုတ်န္းတ်န္းက ေျပာရင္းနဲ႔ သူ႔လက္ေခ်ာင္းေတြကို ခ်ိဳးကာ လင္ရွန္းကို စတင္ေရတြက္ျပေတာ့တယ္ "နင္နဲ႔ ေမာ့က်ဴးခ်န္က ေန႔တိုင္း စာအတူတူလုပ္ၾကတယ္၊ အတန္းထဲမွာ ေရွ႕ေနာက္ထိုင္တာကို မေျပာနဲ႔အုံး... ေန႔လည္နားခ်ိန္မွာလည္း အတူတူေနၾကတယ္ ၿပီးေတာ့ ေန႔ခင္းေက်ာင္းဆင္းေတာ့လည္း အတူတူေနတာပဲေလ"

သူ(စုတ်န္းတ်န္း)နဲ႔ေမာ့က်ဴးခ်န္က ျပန္လွန္ေလ့က်င့္ခန္းေတြ လုပ္ဖို႔အတြက္ဆိုတာ ရွင္းေနတာပဲကို!

အဆုံးမွာေတာ့ ဘာေၾကာင့္မွန္းမသိ ရႈခ်န္းက သူ႔အတြက္ ျပန္လွန္ေလ့က်င့္ခန္းေတြ လုပ္ေပးဖို႔ျဖစ္လာၿပီး လင္ရွန္းကေတာ့ ေမာ့က်ဴးခ်န္အတြက္ တာဝန္ယူလိုက္တယ္။

စုတ်န္းတ်န္း (ဒါကို) စိတ္ထဲမွာပဲ တိတ္တိတ္ေလး ထပ္ေပါင္းထည့္လိုက္တယ္။

"ၿပီးေတာ့ နင္က ေမာ့က်ဴးခ်န္အတြက္ လုေျမာင္ေျမာင္နဲ႔ ရန္ျဖစ္ခဲ့တယ္ေလ" စုတ်န္းတ်န္းက ခဏရပ္ၿပီး ဒုတိယလက္ေခ်ာင္းကို ခ်ိဳးကာ "ေမာ့က်ဴးခ်န္ကလည္း နင့္အတြက္နဲ႔ အိုးရန္ယင္းယီကို တိုက္ခိုက္ၿပီး သူ႔ရဲ႕လပတ္စာေမးပြဲရလဒ္နဲ႔ အေလာင္းအထပ္လုပ္ခဲ့တယ္ေလ"

လင္ရွန္း "..."

ဒီလိုနားလည္မႈလြဲတာႀကီးေတြက အံ့ဖြယ္ေကာင္းလြန္းတာေၾကာင့္ သူ ျငင္းေတာင္မျငင္းႏိုင္ေတာ့ဘူး။

"ရႈခ်န္းရဲ႕ေမြးေန႔" စုတ်န္းတ်န္းက သူ႔ရဲ႕တတိယလက္ေခ်ာင္းကို ဆက္ၿပီးခ်ိဳးတယ္ "လုေျမာင္ေျမာင္က နင့္ကို လက္တုံ႔ျပန္မွာကို စိတ္ပူလို႔ ေမာ့က်ဴးခ်န္က အတိအက် ရႈခ်န္းကိုေျပာၿပီး နင္ ဘိုကင္တင္ထားတဲ့ ေရပူစမ္းဟိုတယ္ဆီ ေမြးေန႔ပါတီလုပ္ဖို႔ တည္ေနရာေျပာင္းခိုင္းလိုက္တာ"

လင္ရွန္းႏွလုံးသား ႐ုတ္တရက္ လႈပ္ရွားသြားတယ္။

အဲ့ေန႔က ေရပူစမ္းဟိုတယ္မွာ ေမာ့က်ဴးခ်န္နဲ႔ ေတြ႕တာက တိုက္ဆိုင္မႈတစ္ခု မဟုတ္ဘူးလား?

"ၾကည့္ေလ!" စုတ်န္းတ်န္းက လက္သုံးေခ်ာင္းေထာင္ျပလာတယ္ " 'ကိစၥေတြပဲ ဒါေပမယ့္ သုံးခု'ဆိုတဲ့ စကားေတာင္ ရွိေသးတာပဲ မဟုတ္လား? ကိစၥသုံးခုျဖစ္ေနမွေတာ့ နင္နဲ႔ ေမာ့က်ဴးခ်န္ၾကားမွာ တကယ္ႀကီး ဟိုမေရာက္ဒီမေရာက္ ဆက္ဆံေရးရွိတယ္ဆိုတာ သက္ေသျပဖို႔ လုံေလာက္ေနၿပီ မဟုတ္ဘူးလား"

"ၿပီးေတာ့ ေသးေသးမႊားမႊားေလးေတြလည္း အမ်ားႀကီးပဲ၊ နင္တို႔ေတြ အခ်င္းခ်င္းဖို႔ မနက္စာတို႔ ေန႔လယ္စာတို႔ ယူလာေပးၾကတယ္ေလ..." သူ ခဏေလာက္ ေတြးၾကည့္ၿပီး "နင္က အရင္ဆုံး ေမာ့က်ဴးခ်န္ကို သေဘာက်ခဲ့တာလို႔ ေတာက္ရန္ေျပာေပမယ့္ နင့္ကိုငါ တိုးတိုးေလး ေျပာရအုံးမယ္၊ ေမာ့က်ဴးခ်န္က နင့္ကို ပိုႀကိဳက္တယ္ဆိုတာ သိသာေနတယ္လို႔ေတာ့ ငါထင္တာပဲ..!"

လင္ရွန္း တိုက္႐ိုက္ ေရွာ့ခ္ရသြားတယ္!

ဒါက... လူဘယ္ႏွေယာက္ေတာင္ ရွိၿပီလဲ?

သူ႔အစ္ကိုႀကီး၊ သူ႔ရဲ႕ခပ္ဒူဒူသူငယ္ခ်င္း ခ်င္မင္းမင္း၊ ေတာက္ရန္နဲ႔ ရႈခ်န္း ၿပီးေတာ့အခု စုတ်န္းတ်န္း...

အားလုံးက သူနဲ႔ ေမာ့က်ဴးခ်န္ ခ်ိန္းေတြ႕ေနၾကၿပီလို႔ သတ္မွတ္ထားၾကတယ္!

အဲ့ေတာ့ ဒါက တကယ္ပဲ သူ႔ရဲ႕ျပႆနာလား?

"လင္ရွန္း? လင္ရွန္း?" စုတ်န္းတ်န္း လင္ရွန္းရဲ႕အက်ီလက္စကို ဆြဲလိုက္တယ္ "နင္ ဘာျဖစ္ေနတာလဲ? ခဏေနရင္ အတန္းထဲကို သြားရေတာ့မယ္ေလ"

"အိုး... အဆင္ေျပပါတယ္!" လင္ရွန္း သတိျပန္ကပ္သြားတယ္။

သူ စုတ်န္းတ်န္းေနာက္ ငိုင္တိုင္တိုင္နဲ႔ပါလာၿပီး အေပၚထပ္စာသင္ခန္းဆီကို ဆက္ၿပီးတက္လာတယ္။

လင္ရွန္း ဘယ္တုန္းကမွ ရည္းစားမထားဖူးဘူး။ ႐ုပ္ရွင္ကားေတြ ၾကည့္တယ္ဆိုတာလည္း ရွားတယ္။

ၾကည့္တဲ့အခ်ိန္တိုင္းလည္း ထင္ရွားေက်ာ္ၾကားတဲ့သူရဲ႕ကိုယ္ေရးအက်ဥ္း၊ မ်ိဳးစုံေသာသိပၸံဆိုင္ရာ မွတ္တမ္း႐ုပ္ရွင္ကားေတြသာ ျဖစ္တယ္။

တိုတိုေျပာရရင္ သူ႔မ်က္လုံးေတြနဲ႔ သင္ယူေနခဲ့တာသာျဖစ္တယ္။

အခ်စ္နဲ႔ပက္သက္လို႔ ထိေတြ႕ဖူးတဲ့ပထမဆုံးဝတၳဳက ဒီလို Mary Sue ဝတၳဳျဖစ္တယ္။

ထိုအခ်ိန္တုန္းက ခပ္သြက္သြက္ေလးဖတ္ၿပီး စာအုပ္ထဲက ဇာတ္လိုက္ေမာ့က်ဴးခ်န္ကိုပါ ေက်ာ္ခ်ခဲ့တယ္။

သို႔ေပမယ့္ ဒီစာအုပ္က သူ႔ကို ဉာဏ္အလင္းေတာ့ နည္းနည္းေလးပြင့္သြားေစခဲ့တယ္။ သူ႔ရဲ႕အစ္ကိုလိုျဖစ္ေနခဲ့တဲ့ ယန္ရႈိ႕ကိုေတာင္မွ အိမ္မက္ထည့္မက္ခဲ့တယ္ေလ။

ဒါက အိမ္ေဘးနားကအစ္ကိုႀကီး ယန္ရႈိ႕ေလ!

အဲ့ေတာ့ သူတကယ္ပဲ မွားခဲ့တာလား?

သူ ဟိုလိုလိုဒီလိုလိုကိစၥေတြ အမ်ားႀကီးလုပ္ခဲ့မိတာလား?!

အဲ့လိုသာဆို ေမာ့က်ဴးခ်န္...

အဲ့တာေၾကာင့္ ေမာ့က်ဴးခ်န္က ႐ုတ္တရက္ႀကီး သူ႔ကိုလာနမ္းတာေပါ့။

ဒါက ငါ့အမွားလား?

သူ(လင္ရွန္း)က သူ႔(ေမာ့က်ဴးခ်န္)ကို သေဘာက်ေနတယ္လို႔ထင္ေနၿပီး ႐ုတ္တရက္ ထိုးစစ္ဆင္လာတာလား?

လင္ရွန္း ေခါင္းရႈပ္ေနေတာ့တယ္။

ဆက္ဆံေရးက တကယ္ကို ရႈပ္ေထြးေနတာပဲ!

သူ ေငးေၾကာင္ေၾကာင္နဲ႔ပဲ ေျခေထာက္ကိုေျမႇာက္လိုက္တယ္။

ေနာက္စကၠန႔္မွာတင္ ေျခလွမ္းမွားသြားေတာ့တယ္။

လင္ရွန္း ေသခ်ာမရပ္ႏိုင္ေတာ့ဘဲ ေနာက္ျပန္လန္က်သြားတယ္။

"မင္းက အ႐ူးလား?" ႐ုတ္တရက္ လင္ရွန္းရဲ႕နားထဲကို ေမာ့က်ဴးခ်န္အသံက ျပင္းထန္စြာ ဝင္ေရာက္လာတယ္။

လင္ရွန္းက ေနာက္ျပန္ႀကီးလန္ေနၿပီး တစ္ဖက္လူရဲ႕ ေတာင့္တင္းအားေကာင္းတဲ့လက္ေမာင္းေတြက သူ႔ကို ၿမဲၿမံစြာ ေထာက္ေပးထားတယ္။

ထို႔ေနာက္ ေမာ့က်ဴးခ်န္က သူ႔လက္ေမာင္းကို ၾကက္ကေလးတစ္ေကာင္လို ဆြဲကာ ေလွကားထိပ္မွာ ေသခ်ာရပ္ႏိုင္ေအာင္ ဆြဲမေပးလိုက္တယ္။

ဒါကိုျမင္ေတာ့ စုတ်န္းတ်န္းက ခ်က္ခ်င္းပဲ လင္ရွန္းကို လွ်ာေလးထုတ္ျပကာ လက္ျပၿပီး ထြက္ေျပးသြားေတာ့တယ္။

"ေလွကားေပၚတက္ေနၿပီး ယိုင္တိယိုင္တိုင္နဲ႔!" ေလွ်ာက္လမ္းေထာင့္နားမွာ လွ်င္ျမန္စြာ ေပ်ာက္ကြယ္သြားတဲ့ စုတ်န္းတ်န္းရဲ႕ ေနာက္ေက်ာကိုၾကည့္ၿပီး ေမာ့က်ဴးခ်န္ ေခါင္းျပန္လွည့္လာကာ လင္ရွန္းကို ဆက္ေအာ္ေတာ့တယ္ "မင္းက အ႐ူးလားလို႔?"

လင္ရွန္း အသိျပန္ကပ္သြားၿပီး "ေတာင္းပန္... အာ! မဟုတ္ပါဘူး၊ ေက်းဇူးတင္ပါတယ္!"

သူ ေမာ့က်ဴးခ်န္ကို ထပ္တလဲလဲ ေက်းဇူးတင္ေနမိတယ္။

ခုက သူတကယ္မွားခဲ့တာ၊ အနည္းဆုံးေတာ့ ေလွကားအတက္အဆင္းလုပ္ေနခ်ိန္မွာ အခုလိုမ်ိဳး အာ႐ုံလြင့္မေနသင့္ဘူး။

"ဘာေတြ ေတြးေနတာလဲ?" ေမာ့က်ဴးခ်န္က လင္ရွန္းကို ဆက္ၿပီးေအာ္ခ်င္ေနေသးတာ သိသာတယ္။

ဒါေပမယ့္ ထူးဆန္းတာက၊ ေမာ့က်ဴးခ်န္တစ္ေယာက္ စိတ္မပါတပါနဲ႔ပဲ သူ႔ေဒါသကို ခ်ဳပ္တည္းလိုက္ပုံေပၚတယ္။

သူက အႀကိမ္အနည္းငယ္ အသက္ကိုျပင္းျပင္းရႈလိုက္တာေၾကာင့္ ရင္ဘတ္က လႈပ္လႈပ္ရွားရွားျဖစ္သြားတယ္။

ထို႔ေနာက္ သူက လင္ရွန္းကို ခပ္သြက္သြက္တစ္ခ်က္ၾကည့္လိုက္တယ္။

တစ္ခ်က္ၾကည့္ၿပီးတာနဲ႔ ေမာ့က်ဴးခ်န္က ခ်က္ခ်င္းေခါင္းလႊဲလိုက္ၿပီး အေဝးဆီက ေလွ်ာက္လမ္းကို ၾကည့္ေနေတာ့တယ္ "ငါက ေဒါသေတြထြက္ေနတယ္? သြားေတာင္ မသြားႏိုင္ဘူး... ဟမ္?" [ T/N : post ထဲမွာ ေျပာထားတာေတြ ျဖစ္ေလာက္မယ္ ]

"မဟုတ္ပါဘူး" လင္ရွန္းေျပာလိုက္တယ္။

သူက မ်က္လုံးေတြပင့္ကာ ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္တယ္။

တစ္ဖက္လူက သူ႔ထက္ေလွကားတစ္ဆင့္နိမ့္ၿပီး ရပ္ေနတာျဖစ္တဲ့အတြက္ လင္ရွန္း သူ႔မ်က္လုံးေတြထဲကို ၾကည့္ႏိုင္တယ္။

"ေမာ့က်ဴးခ်န္" သူခဏေလာက္ ေတြးၾကည့္ၿပီး ေမးလိုက္တယ္ "ငါက ဓာတ္ပုံထဲကလူနဲ႔ ဟိုမေရာက္ဒီမေရာက္ မဟုတ္ဘူးဆိုတာကို ဘာလို႔ ယုံတာလဲ?"

လင္ရွန္း သိခ်င္မိတယ္။

ေမာ့က်ဴးခ်န္ရဲ႕စ႐ိုက္နဲ႔ဆိုရင္ ဒါက မ်က္လုံးထဲ ဖုန္ဝင္သလို ျဖစ္ေနသင့္တာ မဟုတ္ဘူးလား...

သူ႔ေဒါသကို ၿမိဳသိပ္ၿပီး ဟန္ေဆာင္မေနႏိုင္တဲ့လူကေလ။

"အဓိပၸါယ္မရွိလိုက္တာ!" ေမာ့က်ဴးခ်န္ ယုံၾကည္ခ်က္ရွိရွိ ေျပာလာတယ္ "အဲ့တာက ခ်င္မင္းမင္းေလ ဟုတ္တယ္မွတ္လား?"

ခ်င္မင္းမင္းနဲ႔ လင္ရွန္းက သူငယ္ခ်င္းေကာင္းေတြဆိုတာ သူသိသားပဲ။

"မင္းတို႔ႏွစ္ေယာက္က ဟိုမေရာက္ဒီမေရာက္ ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ!"

"အဲ့တာေၾကာင့္လား?" လင္ရွန္း ထပ္ေမးလိုက္တယ္ "မင္းက အဲ့တာ ခ်င္မင္းမင္းမွန္း သတိထားမိလိုက္လို႔ ငါတို႔ၾကားမွာ ဘာမွမရွိဘူးဆိုတာ သိသြားတာလား"

"ေပါက္တတ္ကရ!" ေမာ့က်ဴးခ်န္က ပိုလို႔ေတာင္ ယုံၾကည္ခ်က္လြန္ကဲလာတယ္ "ငါက အဲ့တာကို ခ်င္မင္းမင္းမွန္း သတိမထားမိဘူးဆိုရင္ေတာင္မွ တစ္ဖက္လူရဲ႕ေက်ာင္းယူနီေဖာင္းကို သတိထားမိေနအုံးမွာပဲ!"

"ဟမ္?" လင္ရွန္းတစ္ေယာက္ ေမာ့က်ဴးခ်န္ရဲ႕ ဆင္ျခင္ေတြးေခၚမႈကို နားမလည္ႏိုင္ဘူး။

ေမာ့က်ဴးခ်န္ကေတာ့ ေဒါသထြက္ေနပုံေပၚတယ္။ သူက လင္ရွန္းရဲ႕မ်က္လုံးေတြထဲ စူးစိုက္ၾကည့္လာတယ္။

"မင္းငါ့ကို အထင္ေသးလို႔ေတာင္ မရပါဘူးကြာ!" ေနာက္ဆုံး ေမာ့က်ဴးခ်န္က ေဒါသတႀကီးေျပာလာတယ္ "ရွင္းဆန္းေက်ာင္းတစ္ခုလုံးမွာ မင္းက ငါ့ကိုအထင္ေသးမွာမို႔လို႔လား?!" [ T/N : ရွင္ဘာေတြေျပာလဲ ကြၽန္မေတာ့မသိပါဘူး~~ ဘာကိုဆိုလို တကယ္ကို နားမလည္ဘူး~~ ]

လင္ရွန္း "..."

သူက ကိုယ့္ကိုယ္ကိုအေရးပါအရာေရာက္တယ္လို႔ ထင္ေနတဲ့လူေတြကို ဘယ္တုန္းကမွ မျမင္ဖူးတာေတာ့မဟုတ္ဘူး!

ဒါေပမယ့္ ေမာ့က်ဴးခ်န္လိုမ်ိဳး စိတ္ႀကီးဝင္ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ျပင္းထန္ေနတာမ်ိဳးက်ေတာ့...

သူ တကယ္ကိုပဲ ဒီလိုမ်ိဳးျမင္ဖူးတာ ပထမဆုံးအႀကိမ္ျဖစ္တယ္!

"အဲ့လိုမဟုတ္လို႔ ဘာရွိရအုံးမွာလဲ?!" ေမာ့က်ဴးခ်န္ မ်က္ႏွာကိုလႊဲထားတယ္။

သူ႔ရဲ႕ၾကည့္ေကာင္းလွတဲ့ပါးေလးေတြေပၚမွာ အနီေရာင္ေဖ်ာ့ေဖ်ာ့ေလး စြန္းထင္းေနတယ္ "ၿပီးေတာ့ မင္းက အ႐ူးလား?!"

သူ ေခါင္းလွည့္ကာ လင္ရွန္းကို ေအာ္လာျပန္တယ္ "တစ္ေယာက္ေယာက္က ဒီလိုမ်ိဳးဓာတ္ပုံကို ႐ိုက္သြားတာေလ! မင္းနဲ႔ ခ်င္မင္းမင္းက ေက်ာင္းဆင္းတာေတာင္ အိမ္မျပန္ဘဲနဲ႔ စာသင္ခန္းထဲမွာ ဘာလုပ္ေနၾကတာလဲ?"

"ငါတို႔ ဘာမွမလုပ္ပါဘူး" လင္ရွန္း ေျပာလိုက္တယ္။

ဘာေၾကာင့္မွန္းမသိ သူ႔စိတ္အေျခအေနက ႐ုတ္တရက္ တက္တက္ႂကြႂကြျဖစ္လာတယ္။

ဒီလိုမ်ိဳး ကိုယ့္ဘက္ကိုယ္ယက္ကာ ယုံၾကည္ခ်က္ျပင္းလြန္းတဲ့ ေမာ့က်ဴးခ်န္ကိုၾကည့္ၿပီး တစ္ဖက္လူက သူ႔ကို ယုံၾကည္ခ်က္အျပည့္နဲ႔ ေအာ္ေနတာကို နားေထာင္ကာ သူ႔ကို မမုန္းဘူးလို႔ လင္ရွန္း ေတြးမိ႐ုံတင္မက ေတာ္ေတာ့္ကို... ခ်စ္ဖို႔ေကာင္းတယ္လို႔လည္း ထင္မိတယ္။

ၿပီးေတာ့ နည္းနည္းေလးေတာင္ အားက်မိတယ္။

လြန္ခဲ့တဲ့ရက္အနည္းငယ္ေလာက္က စုပုံေနခဲ့တဲ့ စိတ္ဓာတ္က်မႈေတြေတာင္ ေမာ့က်ဴးခ်န္ရဲ႕ မခ်င့္မရဲအသံေအာက္မွာ ျဖည္းျဖည္းခ်င္းေပ်ာက္ကြယ္သြားပုံေပၚတယ္။

"ငတုံး!" ေမာ့က်ဴးခ်န္က တိုးတိုးေလး ေျပာလိုက္ျပန္တယ္။

သူက လင္ရွန္းမ်က္ႏွာကို မၾကည့္ေသးဘဲ ေလွ်ာက္လမ္းဘက္ကိုသာ မ်က္လုံးေတြလႊဲထားတယ္။

မိနစ္ဝက္ေလာက္ၾကာၿပီးတဲ့ေနာက္ ေမာ့က်ဴးခ်န္က ႐ုတ္တရက္ ေခါင္းလွည့္လာတယ္။

သူက အသက္ကိုျပင္းျပင္းရႈသြင္းကာ လင္ရွန္းကို ေျပာလိုက္တယ္ "ငါ ဆုံးျဖတ္ၿပီးၿပီ!"

သူေျပာလာတယ္ "ငါတို႔အေလာင္းအစားလုပ္တာမွာ တရားမွ်တဖို႔အတြက္"

ေမာ့က်ဴးခ်န္ ေခ်ာင္းအသာဟန႔္လိုက္ၿပီး "လပတ္စာေမးပြဲမတိုင္ခင္ မင္းရဲ႕လပတ္စာေမးပြဲလုပ္ေဆာင္ခ်က္ကို သက္ေရာက္ေစမွာမ်ိဳး ဘာမွမျဖစ္ေစဖို႔အတြက္ ေသခ်ာေအာင္လို႔... ဒီရက္ေတြမွာ၊ မင္း ငါ့ေနာက္လိုက္ရအုံးမယ္!"

"...အင္းပါ" လင္ရွန္း ရယ္ခ်င္လာျပန္တယ္။

ၿပီးေတာ့ သူ တကယ္အားပါးတရ ထရယ္လိုက္ေတာ့တယ္။

"ဘာလို႔ ရယ္ေနတာလဲ?!" ေမာ့က်ဴးခ်န္ ေျပာလိုက္တယ္ "မင္းက အ႐ူးလား? တစ္ေယာက္ေယာက္က ဒီလိုႏိုင္ကြက္ကို ဖမ္းမိထားတဲ့အခ်ိန္မွာ မင္းက ရယ္ႏိုင္ေသးတယ္!"

သူက ဘာမေျပာညာမေျပာ လင္ရွန္းဆီကို လက္လွမ္းလိုက္မိသြားတယ္။

လက္ေခ်ာင္းက တစ္ဖက္ေကာင္ေလးရဲ႕ ၿပဳံးေနတဲ့မ်က္ႏွာကို ထိေတာ့မယ့္အခ်ိန္မွာ ေမာ့က်ဴးခ်န္ ေအးခဲသြားပုံရတယ္။

သူ စကၠန႔္အနည္းငယ္ေလာက္ ၾကက္ေသေသေနၿပီးမွ ေျဖးေျဖးခ်င္း လက္ျပန္႐ုပ္ကာ ေခါင္းလွည့္သြားျပန္တယ္။

"ဒီလိုမ်ိဳး ထပ္ရယ္လို႔ကေတာ့!" ေမာ့က်ဴးခ်န္ ႏွာေခါင္းရႈတ္ကာ "ငါမင္းကို ထပ္နမ္းေတာ့မွာ" ပြစိပြစိေျပာေန‌ေတာ့တယ္။



___________________________________



{Unicode}

ဖိုရမ်တွေပေါ်က ပြန်စာတွေရဲ့အဆုံးသတ်အတွက် အကောင်းဆုံးလက်နက်က အမြဲတမ်း မော့ကျူးချန်သာ ဖြစ်နေတယ်။

သူ တုံ့ပြန်ပြီးတာနဲ့ ခုလေးတင် မြူးတူးတက်ကြွမှုအတိပြီးနေဆဲ postမှာ တစ်ယောက်မှ စာမပြန်ရဲတော့ဘူး။

သူတို့ရှေ့မှာ လင်ရှန်းကို ပျော်ပျော်ကြီး ကြိမ်းမောင်းနေကြတဲ့ ထိုကျောင်းသားတွေတောင်မှ သူတို့တွေ ဒီလိုမျိုးရူးကြောင်ကြောင်လုပ်ရပ်မျိုးကို postမတင်ခင်အချိန်ကို ပြန်သွားပြီး သူတို့ကိုယ်သူတို့ ပြန်တားချင်သွားကြတယ်။

မင်း သိထားသင့်တာက ဖိုရမ်ထဲမှာ လူများများစားစားမရှိပေမယ့် မော့ကျူးချန်လိုမျိုး သူတို့ရဲ့နာမည်အရင်းတွေကို နာမည်ပြောင်အဖြစ်ထားကြတဲ့ သူတွေလည်းရှိတယ်။

သို့ပေမယ့် အဲ့တာတွေက ပေါ်လိုက်ပျောက်လိုက်ပါပဲ၊ သူတို့ထဲက ၉၀ရာခိုင်နှုန်းလောက်က ရှင်းဆန်းကျောင်းက ကျောင်းသားတွေဖြစ်တယ်။ သူငယ်ချင်းတွေကြားမှာဆို ပိုပြီးတရင်းတနှီးရှိကြတာကြောင့် စွပ်ကျယ်လိုမျိုး လုံးဝမဖုံးကွယ်နိုင်ဘူး။

ဒီအချိန်မှာ ဖိုရမ်တစ်ခုတည်း တိတ်ဆိတ်သွားတာ မဟုတ်ဘဲ ရှင်းဆန်းကျောင်းကြီးပါ တိတ်ဆိတ်ကျသွားတယ်။

လင်ရှန်းနဲ့ စုတျန်းတျန်းက စာသင်ဆောင်ရဲ့ လှေကားမှာ ရပ်နေကြတာဖြစ်ပြီး သူတို့တွေ postကို အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ကြပေမယ့် ပြန်စာအသစ်တစ်စောင်တောင် မရတော့ဘူး။

"ဟူး..." စုတျန်းတျန်းက သက်ပြင်းရှည်ကြီးတစ်ခုချပြီး လင်ရှန်းကို ပြုံးတုံ့တုံ့နဲ့ ပြောလာတယ် : "တော်သေးတာပေါ့ မော့ကျူးချန်က ရှေ့ထွက်လာလို့၊ မဟုတ်ရင် ဒီကောလဟလကြီးက ဘယ်လောက်ထိတောင် အကြာကြီးဆက်ပြီး ပျံ့နေမလဲမသိ"

"အင်း" လင်ရှန်း ပြန်ဖြေလိုက်တယ်။

သူက စုတျန်းတျန်း ဖုန်းပြန်ထည့်လိုက်တာကိုကြည့်ပြီး နှစ်ယောက်သား ဘေးချင်းကပ် စာသင်ဆောင်အပေါ်ထပ်ကို တက်လာခဲ့ကြတယ်။

"ဒါပေမယ့်" စုတျန်းတျန်း နည်းနည်းစပ်စုကြည့်မိတယ် "နင်တို့နှစ်ယောက်ကြားမှာ ဘယ်လိုကနေဘယ်လို သဘောထားကွဲလွဲသွားကြတာလဲ? အရင်နေ့တုန်းကမှ အဆင်ပြေနေကြသေးတယ်မဟုတ်လား?"

"ကျောင်းသူ စုတျန်းတျန်း"

"ငါ့ကို တျန်းတျန်းလို့ပဲ ခေါ်စမ်းပါဟယ်" စုတျန်းတျန်းက လင်ရှန်းကို တအားကြီးသူစိမ်းမဆန်ဖို့ ဟန်ပန်လေးလုပ်ပြလာတယ်။ [ T/N : ဇာတ်လိုက်မက ဒီလိုလေးဖြစ်နေတော့ တအားချစ် ]

သူလည်း စစချင်းမှာတုန်းက လင်ရှန်းကို သိပ်သဘောကျတာမဟုတ်ဘူး။

သို့ပေမယ့် သူတို့တွေ အကြိမ်ပေါင်းများစွာ ပြောဆိုလို့ပြီးတဲ့နောက် လင်ရှန်းနဲ့ ရှုချန်းက တကယ်ကို အတော်လေးဆင်တူတယ်လို့ ခံစားမိလာတယ်။

သူတို့တွေက အလေးအနက်ရှိကြပြီး နည်းနည်းလေးမဆိုစလောက်တောင်မှ ပြောရဆိုရလွယ်တယ်။

တကယ်လို့ အခက်အခဲတစ်ခုခုရှိလာခဲ့ရင် လင်ရှန်းက သူ့အပေါ် နည်းနည်းလေးပိုပြီး ပျော့ပျော့ပြောင်းပြောင်းရှိတယ်သေးတယ်။ အရမ်းကို တသီးတခြားကြီးနေသလိုမျိုးဖြစ်နေတဲ့ ရှုချန်းနဲ့ မတူဘူး။

အားလုံးက အထက်တန်းတတိယနှစ် ရောက်နေကြပြီး အချိန်ကလည်း တင်းကျပ်တယ်ဆိုတာ သိသာလှတယ်။ သို့ပေမယ့် ရှုချန်းကတော့ သူ့ရဲ့ကိုယ်ပိုင်စာလေ့လာချိန်နဲ့ တခြားကိစ္စတွေကို အစီအစဉ်တကျ ကိုင်တွယ်နိုင်တယ်။

ပြီးတော့ နေ့တိုင်းဆိုသလို စုတျန်းတျန်းကို စာလုပ်ဖို့တိုက်တွန်းရမယ့်အချိန်ကိုလည်း ရအောင်ယူနိုင်သေးတယ်။

ရှုချန်းအကြောင်း တွေးမိတော့ စုတျန်းတျန်းရဲ့ဖြူလွလွပါးပြင်လေးတွေတောင် အနည်းငယ်ပူတက်လာတယ်။

သူက မျက်နှာကို ခပ်ဆတ်ဆတ်လေးပုတ်ပြီး အပြစ်မကင်းသလိုမျိုး မြန်မြန်ဆန်ဆန်ပြောလာတယ် : "နင်တို့နှစ်ယောက် ရန်ဖြစ်ထားတယ်ဆိုတာကို သိတဲ့အချိန်တုန်းက ရှုချန်းက အံ့ဩနေတာ၊ နင်သိလား သူက အမြဲတမ်း ရုပ်တည်ကြီးနဲ့ ပေါ့ပေါ့ပါးပါးနေတတ်တာလေ"

စုတျန်းတျန်းကပြောရင်း မနေနိုင်စွာ နှာခေါင်းကို အသာလေးရှုံ့မိလိုက်တယ်။

လင်ရှန်းကတော့ သူ့ကို စိုက်ကြည့်နေဆဲ။

"အာ!" ရုတ်တရက် စုတျန်းတျန်းက ဘယ်ဘက်လက်ကို လက်သီးဆုပ်လေးလုပ်ကာ ညာဘက်လက်ဖဝါးပေါ် ရိုက်ချလိုက်တယ် "အဲ့နေ့တုန်းကတောင် မော့ကျူးချန်က နင်တို့နှစ်ယောက် နမ်းခဲ့ကြတယ်လို့ ပြောပြီး ငါတို့ရှေ့မှာ ကြွားနေလိုက်သေးတယ်"

လင်ရှန်း "..."

လင်ရှန်း ကျောက်ရုပ်ဖြစ်သွားတယ်!

ဒီစာအုပ်ထဲက သေချာပေါက် ဇာတ်လိုက်မ,ဖြစ်တဲ့ စုတျန်းတျန်းဆီက (ဒါမျိုး)နားထောင်နေရတယ်။ သူနဲ့ မော့ကျူးချန် နမ်းတယ်ဆိုတဲ့အကြောင်းကို သူပြန်ပြောပြတာကို နားထောင်နေရတာ။

သို့ပေမယ့် ဒီအတောအတွင်းမှာ သူတကယ့်ကို အများကြီးကြုံတွေ့ခဲ့ရပြီး ဒီလိုကိစ္စမျိုးအတွက် ပုံစံမျိုးစုံနဲ့ တည်တည်ငြိမ်ငြိမ်နေနိုင်ပြီ။ ဒီလိုမေးခွန်းမျိုးကို ဘယ်လိုဖြေရမလဲဆိုတာသာ မသိတာ။

ဟုတ်တယ်! ဒါက တကယ်ကို ဆက်နွယ်နေတာ။

သို့ပေမယ့် အဲ့တာက Truth or Dareရဲ့ အမှားတော့ မဟုတ်ဘူး။

"အဲ့တာက အဲ့လိုရှိတယ်" သူ မရေမရာပြောလိုက်တယ် "တျန်းတျန်း ငါ နင့်အတွက် မေးခွန်းတစ်ခုရှိတယ်"

"ဟမ်?" စုတျန်းတျန်းက ခေါင်းကို အသာလေးစောင်းငဲ့ကာ လင်ရှန်းကို မျက်လုံးကြီးကြီးနက်နက်လေးတွေနဲ့ ကြည့်လာတယ်။ သူက ချစ်စရာကောင်းတဲ့ပုံလေး။

ထပ်ပေါင်းပြောရရင် မျက်နှာအသွင်အပြင်က သေးသေးလေးနဲ့ အသားအရည်က ဖြူဖြူလေး။

စရိုက်က အတော်လေး တည့်တိုးဆန်ပြီး ကြည်ကြည်လင်လင်နဲ့ အတော်လေးသဘောကျစရာကောင်းတယ်။

လင်ရှန်း သူ့ကိုကြည့်လိုက်တယ်။ သူ ခဏလောက် ကြိုးစားအားထုတ်ပြီးမှ မရေမရာနဲ့ မေးလိုက်တယ် "ငါနဲ့ မော့ကျူးချန်က စုံတွဲတွေဖြစ်လိမ့်မယ်လို့ နင်တို့အားလုံးက ဘာလို့သေချာနေရတာလဲ?"

"အဲ့လိုမဟုတ်ဘူးလား?" စုတျန်းတျန်း ကြောင်အသွားတယ်။

သူက မြန်မြန်ပဲ သတိပြန်ဝင်လာပြီး "စစချင်းမှာ နည်းနည်းတော့ ထူးဆန်းတယ်ဆိုပေမယ့် ကြည့်လေ..."

စုတျန်းတျန်းက ပြောရင်းနဲ့ သူ့လက်ချောင်းတွေကို ချိုးကာ လင်ရှန်းကို စတင်ရေတွက်ပြတော့တယ် "နင်နဲ့ မော့ကျူးချန်က နေ့တိုင်း စာအတူတူလုပ်ကြတယ်၊ အတန်းထဲမှာ ရှေ့နောက်ထိုင်တာကို မပြောနဲ့အုံး... နေ့လည်နားချိန်မှာလည်း အတူတူနေကြတယ် ပြီးတော့ နေ့ခင်းကျောင်းဆင်းတော့လည်း အတူတူနေတာပဲလေ"

သူ(စုတျန်းတျန်း)နဲ့မော့ကျူးချန်က ပြန်လှန်လေ့ကျင့်ခန်းတွေ လုပ်ဖို့အတွက်ဆိုတာ ရှင်းနေတာပဲကို!

အဆုံးမှာတော့ ဘာကြောင့်မှန်းမသိ ရှုချန်းက သူ့အတွက် ပြန်လှန်လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ဖြစ်လာပြီး လင်ရှန်းကတော့ မော့ကျူးချန်အတွက် တာဝန်ယူလိုက်တယ်။

စုတျန်းတျန်း (ဒါကို) စိတ်ထဲမှာပဲ တိတ်တိတ်လေး ထပ်ပေါင်းထည့်လိုက်တယ်။

"ပြီးတော့ နင်က မော့ကျူးချန်အတွက် လုမြောင်မြောင်နဲ့ ရန်ဖြစ်ခဲ့တယ်လေ" စုတျန်းတျန်းက ခဏရပ်ပြီး ဒုတိယလက်ချောင်းကို ချိုးကာ "မော့ကျူးချန်ကလည်း နင့်အတွက်နဲ့ အိုးရန်ယင်းယီကို တိုက်ခိုက်ပြီး သူ့ရဲ့လပတ်စာမေးပွဲရလဒ်နဲ့ အလောင်းအထပ်လုပ်ခဲ့တယ်လေ"

လင်ရှန်း "..."

ဒီလိုနားလည်မှုလွဲတာကြီးတွေက အံ့ဖွယ်ကောင်းလွန်းတာကြောင့် သူ ငြင်းတောင်မငြင်းနိုင်တော့ဘူး။

"ရှုချန်းရဲ့မွေးနေ့" စုတျန်းတျန်းက သူ့ရဲ့တတိယလက်ချောင်းကို ဆက်ပြီးချိုးတယ် "လုမြောင်မြောင်က နင့်ကို လက်တုံ့ပြန်မှာကို စိတ်ပူလို့ မော့ကျူးချန်က အတိအကျ ရှုချန်းကိုပြောပြီး နင် ဘိုကင်တင်ထားတဲ့ ရေပူစမ်းဟိုတယ်ဆီ မွေးနေ့ပါတီလုပ်ဖို့ တည်နေရာပြောင်းခိုင်းလိုက်တာ"

လင်ရှန်းနှလုံးသား ရုတ်တရက် လှုပ်ရှားသွားတယ်။

အဲ့နေ့က ရေပူစမ်းဟိုတယ်မှာ မော့ကျူးချန်နဲ့ တွေ့တာက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလား?

"ကြည့်လေ!" စုတျန်းတျန်းက လက်သုံးချောင်းထောင်ပြလာတယ် " 'ကိစ္စတွေပဲ ဒါပေမယ့် သုံးခု'ဆိုတဲ့ စကားတောင် ရှိသေးတာပဲ မဟုတ်လား? ကိစ္စသုံးခုဖြစ်နေမှတော့ နင်နဲ့ မော့ကျူးချန်ကြားမှာ တကယ်ကြီး ဟိုမရောက်ဒီမရောက် ဆက်ဆံရေးရှိတယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ မဟုတ်ဘူးလား"

"ပြီးတော့ သေးသေးမွှားမွှားလေးတွေလည်း အများကြီးပဲ၊ နင်တို့တွေ အချင်းချင်းဖို့ မနက်စာတို့ နေ့လယ်စာတို့ ယူလာပေးကြတယ်လေ..." သူ ခဏလောက် တွေးကြည့်ပြီး "နင်က အရင်ဆုံး မော့ကျူးချန်ကို သဘောကျခဲ့တာလို့ တောက်ရန်ပြောပေမယ့် နင့်ကိုငါ တိုးတိုးလေး ပြောရအုံးမယ်၊ မော့ကျူးချန်က နင့်ကို ပိုကြိုက်တယ်ဆိုတာ သိသာနေတယ်လို့တော့ ငါထင်တာပဲ..!"

လင်ရှန်း တိုက်ရိုက် ရှော့ခ်ရသွားတယ်!

ဒါက... လူဘယ်နှယောက်တောင် ရှိပြီလဲ?

သူ့အစ်ကိုကြီး၊ သူ့ရဲ့ခပ်ဒူဒူသူငယ်ချင်း ချင်မင်းမင်း၊ တောက်ရန်နဲ့ ရှုချန်း ပြီးတော့အခု စုတျန်းတျန်း...

အားလုံးက သူနဲ့ မော့ကျူးချန် ချိန်းတွေ့နေကြပြီလို့ သတ်မှတ်ထားကြတယ်!

အဲ့တော့ ဒါက တကယ်ပဲ သူ့ရဲ့ပြဿနာလား?

"လင်ရှန်း? လင်ရှန်း?" စုတျန်းတျန်း လင်ရှန်းရဲ့အကျီလက်စကို ဆွဲလိုက်တယ် "နင် ဘာဖြစ်နေတာလဲ? ခဏနေရင် အတန်းထဲကို သွားရတော့မယ်လေ"

"အိုး... အဆင်ပြေပါတယ်!" လင်ရှန်း သတိပြန်ကပ်သွားတယ်။

သူ စုတျန်းတျန်းနောက် ငိုင်တိုင်တိုင်နဲ့ပါလာပြီး အပေါ်ထပ်စာသင်ခန်းဆီကို ဆက်ပြီးတက်လာတယ်။

လင်ရှန်း ဘယ်တုန်းကမှ ရည်းစားမထားဖူးဘူး။ ရုပ်ရှင်ကားတွေ ကြည့်တယ်ဆိုတာလည်း ရှားတယ်။

ကြည့်တဲ့အချိန်တိုင်းလည်း ထင်ရှားကျော်ကြားတဲ့သူရဲ့ကိုယ်ရေးအကျဉ်း၊ မျိုးစုံသောသိပ္ပံဆိုင်ရာ မှတ်တမ်းရုပ်ရှင်ကားတွေသာ ဖြစ်တယ်။

တိုတိုပြောရရင် သူ့မျက်လုံးတွေနဲ့ သင်ယူနေခဲ့တာသာဖြစ်တယ်။

အချစ်နဲ့ပက်သက်လို့ ထိတွေ့ဖူးတဲ့ပထမဆုံးဝတ္ထုက ဒီလို Mary Sue ဝတ္ထုဖြစ်တယ်။

ထိုအချိန်တုန်းက ခပ်သွက်သွက်လေးဖတ်ပြီး စာအုပ်ထဲက ဇာတ်လိုက်မော့ကျူးချန်ကိုပါ ကျော်ချခဲ့တယ်။

သို့ပေမယ့် ဒီစာအုပ်က သူ့ကို ဉာဏ်အလင်းတော့ နည်းနည်းလေးပွင့်သွားစေခဲ့တယ်။ သူ့ရဲ့အစ်ကိုလိုဖြစ်နေခဲ့တဲ့ ယန်ရှို့ကိုတောင်မှ အိမ်မက်ထည့်မက်ခဲ့တယ်လေ။

ဒါက အိမ်ဘေးနားကအစ်ကိုကြီး ယန်ရှို့လေ!

အဲ့တော့ သူတကယ်ပဲ မှားခဲ့တာလား?

သူ ဟိုလိုလိုဒီလိုလိုကိစ္စတွေ အများကြီးလုပ်ခဲ့မိတာလား?!

အဲ့လိုသာဆို မော့ကျူးချန်...

အဲ့တာကြောင့် မော့ကျူးချန်က ရုတ်တရက်ကြီး သူ့ကိုလာနမ်းတာပေါ့။

ဒါက ငါ့အမှားလား?

သူ(လင်ရှန်း)က သူ့(မော့ကျူးချန်)ကို သဘောကျနေတယ်လို့ထင်နေပြီး ရုတ်တရက် ထိုးစစ်ဆင်လာတာလား?

လင်ရှန်း ခေါင်းရှုပ်နေတော့တယ်။

ဆက်ဆံရေးက တကယ်ကို ရှုပ်ထွေးနေတာပဲ!

သူ ငေးကြောင်ကြောင်နဲ့ပဲ ခြေထောက်ကိုမြှောက်လိုက်တယ်။

နောက်စက္ကန့်မှာတင် ခြေလှမ်းမှားသွားတော့တယ်။

လင်ရှန်း သေချာမရပ်နိုင်တော့ဘဲ နောက်ပြန်လန်ကျသွားတယ်။

"မင်းက အရူးလား?" ရုတ်တရက် လင်ရှန်းရဲ့နားထဲကို မော့ကျူးချန်အသံက ပြင်းထန်စွာ ဝင်ရောက်လာတယ်။

လင်ရှန်းက နောက်ပြန်ကြီးလန်နေပြီး တစ်ဖက်လူရဲ့ တောင့်တင်းအားကောင်းတဲ့လက်မောင်းတွေက သူ့ကို မြဲမြံစွာ ထောက်ပေးထားတယ်။

ထို့နောက် မော့ကျူးချန်က သူ့လက်မောင်းကို ကြက်ကလေးတစ်ကောင်လို ဆွဲကာ လှေကားထိပ်မှာ သေချာရပ်နိုင်အောင် ဆွဲမပေးလိုက်တယ်။

ဒါကိုမြင်တော့ စုတျန်းတျန်းက ချက်ချင်းပဲ လင်ရှန်းကို လျှာလေးထုတ်ပြကာ လက်ပြပြီး ထွက်ပြေးသွားတော့တယ်။

"လှေကားပေါ်တက်နေပြီး ယိုင်တိယိုင်တိုင်နဲ့!" လျှောက်လမ်းထောင့်နားမှာ လျှင်မြန်စွာ ပျောက်ကွယ်သွားတဲ့ စုတျန်းတျန်းရဲ့ နောက်ကျောကိုကြည့်ပြီး မော့ကျူးချန် ခေါင်းပြန်လှည့်လာကာ လင်ရှန်းကို ဆက်အော်တော့တယ် "မင်းက အရူးလားလို့?"

လင်ရှန်း အသိပြန်ကပ်သွားပြီး "တောင်းပန်... အာ! မဟုတ်ပါဘူး၊ ကျေးဇူးတင်ပါတယ်!"

သူ မော့ကျူးချန်ကို ထပ်တလဲလဲ ကျေးဇူးတင်နေမိတယ်။

ခုက သူတကယ်မှားခဲ့တာ၊ အနည်းဆုံးတော့ လှေကားအတက်အဆင်းလုပ်နေချိန်မှာ အခုလိုမျိုး အာရုံလွင့်မနေသင့်ဘူး။

"ဘာတွေ တွေးနေတာလဲ?" မော့ကျူးချန်က လင်ရှန်းကို ဆက်ပြီးအော်ချင်နေသေးတာ သိသာတယ်။

ဒါပေမယ့် ထူးဆန်းတာက၊ မော့ကျူးချန်တစ်ယောက် စိတ်မပါတပါနဲ့ပဲ သူ့ဒေါသကို ချုပ်တည်းလိုက်ပုံပေါ်တယ်။

သူက အကြိမ်အနည်းငယ် အသက်ကိုပြင်းပြင်းရှုလိုက်တာကြောင့် ရင်ဘတ်က လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

ထို့နောက် သူက လင်ရှန်းကို ခပ်သွက်သွက်တစ်ချက်ကြည့်လိုက်တယ်။

တစ်ချက်ကြည့်ပြီးတာနဲ့ မော့ကျူးချန်က ချက်ချင်းခေါင်းလွှဲလိုက်ပြီး အဝေးဆီက လျှောက်လမ်းကို ကြည့်နေတော့တယ် "ငါက ဒေါသတွေထွက်နေတယ်? သွားတောင် မသွားနိုင်ဘူး... ဟမ်?" [ T/N : post ထဲမှာ ပြောထားတာတွေ ဖြစ်လောက်မယ် ]

"မဟုတ်ပါဘူး" လင်ရှန်းပြောလိုက်တယ်။

သူက မျက်လုံးတွေပင့်ကာ မော့ကျူးချန်ကို ကြည့်လိုက်တယ်။

တစ်ဖက်လူက သူ့ထက်လှေကားတစ်ဆင့်နိမ့်ပြီး ရပ်နေတာဖြစ်တဲ့အတွက် လင်ရှန်း သူ့မျက်လုံးတွေထဲကို ကြည့်နိုင်တယ်။

"မော့ကျူးချန်" သူခဏလောက် တွေးကြည့်ပြီး မေးလိုက်တယ် "ငါက ဓာတ်ပုံထဲကလူနဲ့ ဟိုမရောက်ဒီမရောက် မဟုတ်ဘူးဆိုတာကို ဘာလို့ ယုံတာလဲ?"

လင်ရှန်း သိချင်မိတယ်။

မော့ကျူးချန်ရဲ့စရိုက်နဲ့ဆိုရင် ဒါက မျက်လုံးထဲ ဖုန်ဝင်သလို ဖြစ်နေသင့်တာ မဟုတ်ဘူးလား...

သူ့ဒေါသကို မြိုသိပ်ပြီး ဟန်ဆောင်မနေနိုင်တဲ့လူကလေ။

"အဓိပ္ပါယ်မရှိလိုက်တာ!" မော့ကျူးချန် ယုံကြည်ချက်ရှိရှိ ပြောလာတယ် "အဲ့တာက ချင်မင်းမင်းလေ ဟုတ်တယ်မှတ်လား?"

ချင်မင်းမင်းနဲ့ လင်ရှန်းက သူငယ်ချင်းကောင်းတွေဆိုတာ သူသိသားပဲ။

"မင်းတို့နှစ်ယောက်က ဟိုမရောက်ဒီမရောက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!"

"အဲ့တာကြောင့်လား?" လင်ရှန်း ထပ်မေးလိုက်တယ် "မင်းက အဲ့တာ ချင်မင်းမင်းမှန်း သတိထားမိလိုက်လို့ ငါတို့ကြားမှာ ဘာမှမရှိဘူးဆိုတာ သိသွားတာလား"

"ပေါက်တတ်ကရ!" မော့ကျူးချန်က ပိုလို့တောင် ယုံကြည်ချက်လွန်ကဲလာတယ် "ငါက အဲ့တာကို ချင်မင်းမင်းမှန်း သတိမထားမိဘူးဆိုရင်တောင်မှ တစ်ဖက်လူရဲ့ကျောင်းယူနီဖောင်းကို သတိထားမိနေအုံးမှာပဲ!"

"ဟမ်?" လင်ရှန်းတစ်ယောက် မော့ကျူးချန်ရဲ့ ဆင်ခြင်တွေးခေါ်မှုကို နားမလည်နိုင်ဘူး။

မော့ကျူးချန်ကတော့ ဒေါသထွက်နေပုံပေါ်တယ်။ သူက လင်ရှန်းရဲ့မျက်လုံးတွေထဲ စူးစိုက်ကြည့်လာတယ်။

"မင်းငါ့ကို အထင်သေးလို့တောင် မရပါဘူးကွာ!" နောက်ဆုံး မော့ကျူးချန်က ဒေါသတကြီးပြောလာတယ် "ရှင်းဆန်းကျောင်းတစ်ခုလုံးမှာ မင်းက ငါ့ကိုအထင်သေးမှာမို့လို့လား?!" [ T/N : ရှင်ဘာတွေပြောလဲ ကျွန်မတော့မသိပါဘူး~~ ဘာကိုဆိုလို တကယ်ကို နားမလည်ဘူး~~ ]

လင်ရှန်း "..."

သူက ကိုယ့်ကိုယ်ကိုအရေးပါအရာရောက်တယ်လို့ ထင်နေတဲ့လူတွေကို ဘယ်တုန်းကမှ မမြင်ဖူးတာတော့မဟုတ်ဘူး!

ဒါပေမယ့် မော့ကျူးချန်လိုမျိုး စိတ်ကြီးဝင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြင်းထန်နေတာမျိုးကျတော့...

သူ တကယ်ကိုပဲ ဒီလိုမျိုးမြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်တယ်!

"အဲ့လိုမဟုတ်လို့ ဘာရှိရအုံးမှာလဲ?!" မော့ကျူးချန် မျက်နှာကိုလွှဲထားတယ်။

သူ့ရဲ့ကြည့်ကောင်းလှတဲ့ပါးလေးတွေပေါ်မှာ အနီရောင်ဖျော့ဖျော့လေး စွန်းထင်းနေတယ် "ပြီးတော့ မင်းက အရူးလား?!"

သူ ခေါင်းလှည့်ကာ လင်ရှန်းကို အော်လာပြန်တယ် "တစ်ယောက်ယောက်က ဒီလိုမျိုးဓာတ်ပုံကို ရိုက်သွားတာလေ! မင်းနဲ့ ချင်မင်းမင်းက ကျောင်းဆင်းတာတောင် အိမ်မပြန်ဘဲနဲ့ စာသင်ခန်းထဲမှာ ဘာလုပ်နေကြတာလဲ?"

"ငါတို့ ဘာမှမလုပ်ပါဘူး" လင်ရှန်း ပြောလိုက်တယ်။

ဘာကြောင့်မှန်းမသိ သူ့စိတ်အခြေအနေက ရုတ်တရက် တက်တက်ကြွကြွဖြစ်လာတယ်။

ဒီလိုမျိုး ကိုယ့်ဘက်ကိုယ်ယက်ကာ ယုံကြည်ချက်ပြင်းလွန်းတဲ့ မော့ကျူးချန်ကိုကြည့်ပြီး တစ်ဖက်လူက သူ့ကို ယုံကြည်ချက်အပြည့်နဲ့ အော်နေတာကို နားထောင်ကာ သူ့ကို မမုန်းဘူးလို့ လင်ရှန်း တွေးမိရုံတင်မက တော်တော့်ကို... ချစ်ဖို့ကောင်းတယ်လို့လည်း ထင်မိတယ်။

ပြီးတော့ နည်းနည်းလေးတောင် အားကျမိတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က စုပုံနေခဲ့တဲ့ စိတ်ဓာတ်ကျမှုတွေတောင် မော့ကျူးချန်ရဲ့ မချင့်မရဲအသံအောက်မှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပုံပေါ်တယ်။

"ငတုံး!" မော့ကျူးချန်က တိုးတိုးလေး ပြောလိုက်ပြန်တယ်။

သူက လင်ရှန်းမျက်နှာကို မကြည့်သေးဘဲ လျှောက်လမ်းဘက်ကိုသာ မျက်လုံးတွေလွှဲထားတယ်။

မိနစ်ဝက်လောက်ကြာပြီးတဲ့နောက် မော့ကျူးချန်က ရုတ်တရက် ခေါင်းလှည့်လာတယ်။

သူက အသက်ကိုပြင်းပြင်းရှုသွင်းကာ လင်ရှန်းကို ပြောလိုက်တယ် "ငါ ဆုံးဖြတ်ပြီးပြီ!"

သူပြောလာတယ် "ငါတို့အလောင်းအစားလုပ်တာမှာ တရားမျှတဖို့အတွက်"

မော့ကျူးချန် ချောင်းအသာဟန့်လိုက်ပြီး "လပတ်စာမေးပွဲမတိုင်ခင် မင်းရဲ့လပတ်စာမေးပွဲလုပ်ဆောင်ချက်ကို သက်ရောက်စေမှာမျိုး ဘာမှမဖြစ်စေဖို့အတွက် သေချာအောင်လို့... ဒီရက်တွေမှာ၊ မင်း ငါ့နောက်လိုက်ရအုံးမယ်!"

"...အင်းပါ" လင်ရှန်း ရယ်ချင်လာပြန်တယ်။

ပြီးတော့ သူ တကယ်အားပါးတရ ထရယ်လိုက်တော့တယ်။

"ဘာလို့ ရယ်နေတာလဲ?!" မော့ကျူးချန် ပြောလိုက်တယ် "မင်းက အရူးလား? တစ်ယောက်ယောက်က ဒီလိုနိုင်ကွက်ကို ဖမ်းမိထားတဲ့အချိန်မှာ မင်းက ရယ်နိုင်သေးတယ်!"

သူက ဘာမပြောညာမပြော လင်ရှန်းဆီကို လက်လှမ်းလိုက်မိသွားတယ်။

လက်ချောင်းက တစ်ဖက်ကောင်လေးရဲ့ ပြုံးနေတဲ့မျက်နှာကို ထိတော့မယ့်အချိန်မှာ မော့ကျူးချန် အေးခဲသွားပုံရတယ်။

သူ စက္ကန့်အနည်းငယ်လောက် ကြက်သေသေနေပြီးမှ ဖြေးဖြေးချင်း လက်ပြန်ရုပ်ကာ ခေါင်းလှည့်သွားပြန်တယ်။

"ဒီလိုမျိုး ထပ်ရယ်လို့ကတော့!" မော့ကျူးချန် နှာခေါင်းရှုတ်ကာ "ငါမင်းကို ထပ်နမ်းတော့မှာ" ပွစိပွစိပြောနေ‌ေတာ့တယ်။

_____

Thanks 🌹





Continue Reading

You'll Also Like

308K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
894K 59.7K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
845K 39.7K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
346K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်