Vampire's Limited Edition

By ShineSet9

181K 8.4K 553

ပထမဆုံးficလေးမို့လို့အရေးအသားညံ့တာသိပါတယ် အများကြီးထပ်ကြိုးစားဖို့လိုသေးတာမို့လို့လိုအပ်ချက်လေးတွေကိုသည်းခံပြ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10🔞🔞
Part-11
Part-12
Part-13
Part-15
Part-16
Part-17🔞🔞
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25🔞🔞
Part-26
Part-27(Final part)
Extra clip 💭
ရှင်းလင်းချက်ပိစိလေး
New fic & V Shine come back

Part-14

4.8K 256 10
By ShineSet9

(Unicode)

"Vampire's Limited Edition"

Part-14

Palaceစံအိမ်....
မြင့်မားသောအရပ်နဲ့အသားခပ်လတ်လတ်အမျိုးသားတစ်ဦး။ထိုလူကား King

ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာပြတင်းပေါက်နားရပ်၍ကောင်းကင်ကိုကြည့်ရင်းမထူမပါးနှုတ်ခမ်းထက်မဲ့ပြုံးတစ်ခုသေသပ်စွာဖန်တီးလိုက်သည်။

ထို့နောက် ဖုန်းကို,ကိုင်ကာနံပါတ်တစ်ခုကိုနှိပ်ရင်း

"Vကိုဖိတ်လိုက်"

"....."

"အင်း....ကျန်တာအကုန်အစီအစဉ်အတိုင်းပဲ...ဘာလုပ်ရမလဲသိတယ်နော်"

"..."

"Ok....ညကျမှငါလာမယ်"

"..."

"အင်း"

Kingသက်ပြင်းတစ်ချက်ချလိုက်ကာကောင်းကင်ကိုကြည့်လျက်ခပ်ယဲ့ယဲ့ပြုံးရင်း

"ကိုယ်မင်းကိုPalaceရောက်အောင်ပြန်ခေါ်ပြမယ်Prince"
🌸🌸🌸

1ပတ်လောက်ကြာတော့ရှိုင်းစိတ်အခြေအနေတော်တော်တိုးတက်လာပြီးVကိုခါးခါးသီးသီးမဖြစ်တော့။

စကားပြန်မပြောနိုင်သေးတာကလွဲရင်ကျန်တာတော့တော်တော်ကောင်းလာပြီဟုဆိုရမည်။

ဆေးတိုက်၍နေ့လည်နေ့ခင်းတစ်ရေးအိပ်ဖို့ရှိုင်းကိုသိပ်ပြီး Vအလုပ်ခန်းထဲ၀င်လာတော့အလုပ်ခန်းထဲမှာအသင့်စောင့်နေတာကမင်းမာန်။

Vစားပွဲမှာ၀င်ထိုင်လိုက်ပြီးမင်းမာန်ကိုတစ်ချက်ကြည့်တော့fileတစ်ခုကမ်းပေးလာသည်။

"အဲ့ကလေးကမိဘမဲ့တဲ့....စုံစမ်းရသလောက်တော့သူ့ကို foreignerလင်မယားနှစ်ယောက်ကမိဘမဲ့ဂေဟာတစ်ခုကမွေးစားပြီးလွန်ခဲ့တဲ့7နှစ် သူ့အသက်9နှစ်လောက်မှာမွေးစားမိဘနှစ်ယောက်လုံး ယာဉ်တိုက်မှုနဲ့ပွဲချင်းပြီးဆုံးပါးသွားခဲ့တယ်လို့သိရတယ်....ပြီးတော့သူ့ရဲ့မွေးစားမိဘတွေကမြန်မာနိုင်ငံမှာအခြေချနေပြီးမြန်မာပြည်မှာပဲခေါင်းချခဲ့ပေမယ့်နိုင်ငံခြားမှာတော့အသိတွေရှိခဲ့ပုံပဲ...အခုအချိန်အထိbankကနေအသုံးစရိတ်အမြဲထောက်ပံ့နေတယ်....ဒါပေမယ့်ဘယ်ကလဲဆိုတာတော့လုံး၀စုံစမ်းလို့မရဘူး"

မင်းမာန်စကားအဆုံးfileထဲကအချက်အလက်တွေကိုVတစ်ချက်ကြည့်လိုက်ရင်း

"အင်း...ပင်ပန်းသွားပြီ....ကျေးဇူးပဲကွာ"

"ဪ....ဒါနဲ့...မနက်ဖြန်Diamond groupကdinnerဖိတ်ထားတယ်....မင်းမမေ့နဲ့အုံး"

"ကျစ်!ငါမလာဘူးလို့ပြောလိုက်ကွာ"

"V....မင်းမသွားလို့မရဘူးလေ"

"ဒါဆိုလဲငါ့အစားမင်းပဲသွားလိုက်"

မင်းမာန်သက်ပြင်းတစ်ချက်ချကာ

"V....မင်းကိုဖိတ်တာလေကွာ...ကျန်တဲ့နေရာတွေငါသွားလို့ရပေမယ့်Diamond groupကတခြား‌အုပ်စုတွေလိုသေးသေးလေးမှမဟုတ်တာ....မင်းသိပါတယ်... diamondဆိုတာငါတို့နဲ့ယှဉ်လို့ရတဲ့groupတွေထဲကတစ်ခုပဲဆိုတာ"

"ကျစ်!အေးကွာ....အေးကွာ....သွားမယ်ကွာ"

V စိတ်ပျက်လက်ပျက် ကျစ်တစ်ချက်စုတ်ကာသက်ပြင်းချမိတော့သည်။

မင်းမာန်ကတော့ခေါင်းတစ်ချက်ခါယမ်းကာအလုပ်ခန်းထဲက လင်တရူးVအားတစ်ယောက်ထဲထား၍ထွက်လာခဲ့တော့သည်။

*ကလေးကိုအချိန်ပေးပါမယ်ဆိုသောက်လုပ်ကတစ်ခုပြီးတစ်ခု....Shit!*

အလုပ်ကိစ္စအမျိုးမျိုးအားVစိတ်ထဲကမေတ္တာပို့ကာ အခန်းကိုပြန်ရင်းကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ရှိုင်းကိုကြည့်ကာခပ်ယဲ့ယဲ့ပြုံးမိသည်။

ပေါက်စီလိုပါးဖောင်းဖောင်းလေးကိုနစ်နေအောင်နမ်းရှိုက်ရင်းအိပ်ပျော်နေတဲ့ကောင်လေးရဲ့ခန္ဓာကိုယ်သေးသေးလေးကိုရင်ခွင်ထဲထည့်ကာ ရှိုင်းနဲ့အတူVပါရော၍အိပ်စက်လိုက်တော့သည်။
🌸🌸🌸

ရှိုင်းနိုးလာတော့ခပ်နွေးနွေးအထိအတွေ့တစ်ခုကြောင့်Vသူ့ကိုဖက်ထားမှန်းသိလိုက်သည်။

ထင်သည့်အတိုင်းပင်။မျက်စိဖွင့်ကြည့်လိုက်တော့Vရင်ခွင်ကျယ်ကြီးထဲရောက်နေပြီးရှိုင်းမော့ကြည့်မိတော့မဟူရာရောင်မျက်၀န်းအစုံကမှိတ်နေပြီးနှုတ်တစ်ခမ်းတစ်စုံစေ့ပိတ်နေသည်။

Vမျက်နှာချောချောကို ရှိုင်းမော့ကြည့်ရင်း ရင်ခွင်ထဲတိုး၀င်မိတော့ သူ့ကိုခပ်တင်းတင်းပြန်ဖက်လာတဲ့Vလက်တွေကြောင့်မော့ကြည့်မိတော့သူ့ကိုပြန်ငုံ့ကြည့်လာတဲ့Vရဲ့မဟူရာရောက်မျက်၀န်းနက်နက်တစ်စုံနဲ့တည့်တည့်တိုးလေသည်။

ရှိုင်းအကြည့်ချင်းမဆုံရဲသယောင်အမြန်အကြည့်လွှဲမိတော့Vကရှိုင်းကိုသူ့ရင်ခွင်ထဲခပ်တင်းတင်းဆွဲဖက်ကာလည်တိုင်နုနုလေးထက်နှာခေါင်းကြီးနစ်၀င်သွားတဲ့အထိဖိကပ်နမ်းလာသည်။

ရှိုင်းခန္ဓာကိုယ်လေးတုန်တက်သွားပြီးVရင်ဘတ်ကိုတွန်းထုတ်မိတော့

"ဘာမှမလုပ်ဘူးလေကွာ....နမ်းရုံပဲ"

သူ့နား,နားကပ်ကာပြောလာတဲ့လေသံတိုးလျလျကြောင့်ရှိုင်း Vရဲ့အင်္ကျီစကိုကျစ်နေအောင်စုပ်ကိုင်ကာ လည်တိုင်နုနုမှတစ်ဆင့်နှုတ်ခမ်းပါးပါးလေးနဲ့ညှပ်‌ရိုးလေးတွေဆီစုန်ချည်ဆန်ချည် တဖြည်းဖြည်းမွတ်စိပ်စွာကျရောက်လာတဲ့Vအနမ်းကြမ်းကြမ်းတွေကိုခံယူရင်း ရှိုင်းမောဟိုက်စွာတွန်းထုတ်မိတော့ Vကအနမ်းတွေကိုအရှိန်လျော့ကာအပြီးသတ်အနေနဲ့အောက်နှုတ်ခမ်းကိုခပ်ဖွဖွဖိကိုက်ကာနဖူးလေးနဲ့ပါးပြင်နုနုကိုအနမ်းတစ်ပွင့်စီခြွေမိရင်း ရင်ခွင်ထဲပြန်ထွေးဖက်ကာ

"ချစ်တယ်ကိုယ့်ရဲ့မှဲ့နက်လေး"

*သားလဲDaddyကိုချစ်တယ်*

စကားပြန်မပြောနိုင်သေးတဲ့ရှိုင်းရင်ထဲကစကားတွေကိုVမကြားနိုင်ခဲ့ပေမယ့် ရှိုင်းမျက်၀န်းတွေကတစ်ဆင့်တော့Vသိနှင့်ပြီးဖြစ်သည်။

*ကိုယ့်အသက်နဲ့ရင်းပြီးကာကွယ်သွားမှာမို့လို့....မင်းကဒီတိုင်းလေးပဲကိုယ့်အနားနေပေးပါ...ကိုယ်ကအဆိပ်ရှိတဲ့လူတစ်ယောက်ဆိုရင်တောင်မင်းကိုကာကွယ်ပေးဖို့အတွက်ကိုယ်ထုတ်သုံးနိုင်တဲ့အဆိပ်ကအဆုံးမရှိဘူးကလေးငယ်*

သူ့အနမ်းတွေကြောင့်မောဟိုက်နေတဲ့လူသားလေးကိုရင်ခွင်ထဲထွေးဖက်ကာဆံနွယ်ပျော့ပျော့တွေကိုပွတ်သပ်ရင်း ရှိုင်းရဲ့၀င်သက်ထွက်သက်လေးတွေသူ့ရင်ဘတ်ပေါ်ကျရောက်နေသည်ကိုVသတိထားမိပါသည်။

သာယာတဲ့နေ့လည်ခင်းလေးမှာ
ကောင်လေးနှစ်ယောက်ရဲ့ရင်ထဲအချစ်ပန်းတွေပွင့်ရင်းလေပြေလေးတွေကတောင်သူတို့နှစ်ဦးကြားမတိုး၀င်နိုင်သယောင်။

သူတို့သတိမထားမိလိုက်သည်က
မုန်တိုင်းမတိုက်ခင်လေငြိမ်နေ
တတ်တယ်ဆိုတာကိုပင်။

#Shine_Set

Part-15ဆက်ရန်

(Zawgyi)

"Vampire's Limited Edition"

Part-14

Palaceစံအိမ္....
ျမင့္မားေသာအရပ္နဲ႕အသားခပ္လတ္လတ္အမ်ိဳးသားတစ္ဦး။ထိုလူကား King

ေဘာင္းဘီအိတ္ကပ္ထဲလက္ထည့္ကာျပတင္းေပါက္နားရပ္၍ေကာင္းကင္ကိုၾကည့္ရင္းမထူမပါးႏႈတ္ခမ္းထက္မဲ့ၿပဳံးတစ္ခုေသသပ္စြာဖန္တီးလိုက္သည္။

ထို႔ေနာက္ ဖုန္းကို,ကိုင္ကာနံပါတ္တစ္ခုကိုႏွိပ္ရင္း

"Vကိုဖိတ္လိုက္"

"....."

"အင္း....က်န္တာအကုန္အစီအစဥ္အတိုင္းပဲ...ဘာလုပ္ရမလဲသိတယ္ေနာ္"

"..."

"Ok....ညက်မွငါလာမယ္"

"..."

"အင္း"

Kingသက္ျပင္းတစ္ခ်က္ခ်လိဳက္ကာေကာင္းကင္ကိုၾကည့္လ်က္ခပ္ယဲ့ယဲ့ၿပဳံးရင္း

"ကိုယ္မင္းကိုPalaceေရာက္ေအာင္ျပန္ေခၚျပမယ္Prince"
🌸🌸🌸

1ပတ္ေလာက္ၾကာေတာ့ရွိုင္းစိတ္အေျခအေနေတာ္ေတာ္တိုးတက္လာၿပီးVကိုခါးခါးသီးသီးမျဖစ္ေတာ့။

စကားျပန္မေျပာနိုင္ေသးတာကလြဲရင္က်န္တာေတာ့ေတာ္ေတာ္ေကာင္းလာၿပီဟုဆိုရမည္။

ေဆးတိုက္၍ေန႕လည္ေန႕ခင္းတစ္ေရးအိပ္ဖို႔ရွိုင္းကိုသိပ္ၿပီး Vအလုပ္ခန္းထဲ၀င္လာေတာ့အလုပ္ခန္းထဲမွာအသင့္ေစာင့္ေနတာကမင္းမာန္။

Vစားပြဲမွာ၀င္ထိုင္လိုက္ၿပီးမင္းမာန္ကိုတစ္ခ်က္ၾကည့္ေတာ့fileတစ္ခုကမ္းေပးလာသည္။

"အဲ့ကေလးကမိဘမဲ့တဲ့....စုံစမ္းရသေလာက္ေတာ့သူ႕ကို foreignerလင္မယားႏွစ္ေယာက္ကမိဘမဲ့ေဂဟာတစ္ခုကေမြးစားၿပီးလြန္ခဲ့တဲ့7ႏွစ္ သူ႕အသက္9ႏွစ္ေလာက္မွာေမြးစားမိဘႏွစ္ေယာက္လုံး ယာဥ္တိုက္မႈနဲ႕ပြဲခ်င္းၿပီးဆုံးပါးသြားခဲ့တယ္လို႔သိရတယ္....ၿပီးေတာ့သူ႕ရဲ႕ေမြးစားမိဘေတြကျမန္မာနိုင္ငံမွာအေျခခ်ေနၿပီးျမန္မာျပည္မွာပဲေခါင္းခ်ခဲ့ေပမယ့္နိုင္ငံျခားမွာေတာ့အသိေတြရွိခဲ့ပုံပဲ...အခုအခ်ိန္အထိbankကေနအသုံးစရိတ္အၿမဲေထာက္ပံ့ေနတယ္....ဒါေပမယ့္ဘယ္ကလဲဆိုတာေတာ့လုံး၀စုံစမ္းလို႔မရဘူး"

မင္းမာန္စကားအဆုံးfileထဲကအခ်က္အလက္ေတြကိုVတစ္ခ်က္ၾကည့္လိုက္ရင္း

"အင္း...ပင္ပန္းသြားၿပီ....ေက်းဇူးပဲကြာ"

"ဪ....ဒါနဲ႕...မနက္ျဖန္Diamond groupကdinnerဖိတ္ထားတယ္....မင္းမေမ့နဲ႕အုံး"

"က်စ္!ငါမလာဘူးလို႔ေျပာလိုက္ကြာ"

"V....မင္းမသြားလို႔မရဘူးေလ"

"ဒါဆိုလဲငါ့အစားမင္းပဲသြားလိုက္"

မင္းမာန္သက္ျပင္းတစ္ခ်က္ခ်ကာ

"V....မင္းကိုဖိတ္တာေလကြာ...က်န္တဲ့ေနရာေတြငါသြားလို႔ရေပမယ့္Diamond groupကတျခား‌အုပ္စုေတြလိုေသးေသးေလးမွမဟုတ္တာ....မင္းသိပါတယ္... diamondဆိုတာငါတို႔နဲ႕ယွဥ္လို႔ရတဲ့groupေတြထဲကတစ္ခုပဲဆိုတာ"

"က်စ္!ေအးကြာ....ေအးကြာ....သြားမယ္ကြာ"

V စိတ္ပ်က္လက္ပ်က္ က်စ္တစ္ခ်က္စုတ္ကာသက္ျပင္းခ်မိေတာ့သည္။

မင္းမာန္ကေတာ့ေခါင္းတစ္ခ်က္ခါယမ္းကာအလုပ္ခန္းထဲက လင္တ႐ူးVအားတစ္ေယာက္ထဲထား၍ထြက္လာခဲ့ေတာ့သည္။

*ကေလးကိုအခ်ိန္ေပးပါမယ္ဆိုေသာက္လုပ္ကတစ္ခုၿပီးတစ္ခု....Shit!*

အလုပ္ကိစၥအမ်ိဳးမ်ိဳးအားVစိတ္ထဲကေမတၱာပို႔ကာ အခန္းကိုျပန္ရင္းကုတင္ေပၚမွာအိပ္ေပ်ာ္ေနတဲ့ရွိုင္းကိုၾကည့္ကာခပ္ယဲ့ယဲ့ၿပဳံးမိသည္။

ေပါက္စီလိုပါးေဖာင္းေဖာင္းေလးကိုနစ္ေနေအာင္နမ္းရွိုက္ရင္းအိပ္ေပ်ာ္ေနတဲ့ေကာင္ေလးရဲ႕ခႏၶာကိုယ္ေသးေသးေလးကိုရင္ခြင္ထဲထည့္ကာ ရွိုင္းနဲ႕အတူVပါေရာ၍အိပ္စက္လိုက္ေတာ့သည္။
🌸🌸🌸

ရွိုင္းနိုးလာေတာ့ခပ္ႏြေးႏြေးအထိအေတြ႕တစ္ခုေၾကာင့္Vသူ႕ကိုဖက္ထားမွန္းသိလိုက္သည္။

ထင္သည့္အတိုင္းပင္။မ်က္စိဖြင့္ၾကည့္လိုက္ေတာ့Vရင္ခြင္က်ယ္ႀကီးထဲေရာက္ေနၿပီးရွိုင္းေမာ့ၾကည့္မိေတာ့မဟူရာေရာင္မ်က္၀န္းအစုံကမွိတ္ေနၿပီးႏႈတ္တစ္ခမ္းတစ္စုံေစ့ပိတ္ေနသည္။

Vမ်က္ႏွာေခ်ာေခ်ာကို ရွိုင္းေမာ့ၾကည့္ရင္း ရင္ခြင္ထဲတိုး၀င္မိေတာ့ သူ႕ကိုခပ္တင္းတင္းျပန္ဖက္လာတဲ့Vလက္ေတြေၾကာင့္ေမာ့ၾကည့္မိေတာ့သူ႕ကိုျပန္ငုံ႕ၾကည့္လာတဲ့Vရဲ႕မဟူရာေရာက္မ်က္၀န္းနက္နက္တစ္စုံနဲ႕တည့္တည့္တိုးေလသည္။

ရွိုင္းအၾကည့္ခ်င္းမဆုံရဲသေယာင္အျမန္အၾကည့္လႊဲမိေတာ့Vကရွိုင္းကိုသူ႕ရင္ခြင္ထဲခပ္တင္းတင္းဆြဲဖက္ကာလည္တိုင္ႏုႏုေလးထက္ႏွာေခါင္းႀကီးနစ္၀င္သြားတဲ့အထိဖိကပ္နမ္းလာသည္။

ရွိုင္းခႏၶာကိုယ္ေလးတုန္တက္သြားၿပီးVရင္ဘတ္ကိုတြန္းထုတ္မိေတာ့

"ဘာမွမလုပ္ဘူးေလကြာ....နမ္း႐ုံပဲ"

သူ႕နား,နားကပ္ကာေျပာလာတဲ့ေလသံတိုးလ်လ်ေၾကာင့္ရွိုင္း Vရဲ႕အကၤ်ီစကိုက်စ္ေနေအာင္စုပ္ကိုင္ကာ လည္တိုင္ႏုႏုမွတစ္ဆင့္ႏႈတ္ခမ္းပါးပါးေလးနဲ႕ညွပ္‌ရိုးေလးေတြဆီစုန္ခ်ည္ဆန္ခ်ည္ တျဖည္းျဖည္းမြတ္စိပ္စြာက်ေရာက္လာတဲ့Vအနမ္းၾကမ္းၾကမ္းေတြကိုခံယူရင္း ရွိုင္းေမာဟိုက္စြာတြန္းထုတ္မိေတာ့ Vကအနမ္းေတြကိုအရွိန္ေလ်ာ့ကာအၿပီးသတ္အေနနဲ႕ေအာက္ႏႈတ္ခမ္းကိုခပ္ဖြဖြဖိကိုက္ကာနဖူးေလးနဲ႕ပါးျပင္ႏုႏုကိုအနမ္းတစ္ပြင့္စီေႁခြမိရင္း ရင္ခြင္ထဲျပန္ေထြးဖက္ကာ

"ခ်စ္တယ္ကိုယ့္ရဲ႕မွဲ႕နက္ေလး"

*သားလဲDaddyကိုခ်စ္တယ္*

စကားျပန္မေျပာနိုင္ေသးတဲ့ရွိုင္းရင္ထဲကစကားေတြကိုVမၾကားနိုင္ခဲ့ေပမယ့္ ရွိုင္းမ်က္၀န္းေတြကတစ္ဆင့္ေတာ့Vသိႏွင့္ၿပီးျဖစ္သည္။

*ကိုယ့္အသက္နဲ႕ရင္းၿပီးကာကြယ္သြားမွာမို႔လို႔....မင္းကဒီတိုင္းေလးပဲကိုယ့္အနားေနေပးပါ...ကိုယ္ကအဆိပ္ရွိတဲ့လူတစ္ေယာက္ဆိုရင္ေတာင္မင္းကိုကာကြယ္ေပးဖို႔အတြက္ကိုယ္ထုတ္သုံးနိုင္တဲ့အဆိပ္ကအဆုံးမရွိဘူးကေလးငယ္*

သူ႕အနမ္းေတြေၾကာင့္ေမာဟိုက္ေနတဲ့လူသားေလးကိုရင္ခြင္ထဲေထြးဖက္ကာဆံႏြယ္ေပ်ာ့ေပ်ာ့ေတြကိုပြတ္သပ္ရင္း ရွိုင္းရဲ႕၀င္သက္ထြက္သက္ေလးေတြသူ႕ရင္ဘတ္ေပၚက်ေရာက္ေနသည္ကိုVသတိထားမိပါသည္။

သာယာတဲ့ေန႕လည္ခင္းေလးမွာ
ေကာင္ေလးႏွစ္ေယာက္ရဲ႕ရင္ထဲအခ်စ္ပန္းေတြပြင့္ရင္းေလေျပေလးေတြကေတာင္သူတို႔ႏွစ္ဦးၾကားမတိုး၀င္နိုင္သေယာင္။

သူတို႔သတိမထားမိလိုက္သည္က
မုန္တိုင္းမတိုက္ခင္ေလၿငိမ္ေန
တတ္တယ္ဆိုတာကိုပင္။

#Shine_Set

Part-15ဆက္ရန္

Continue Reading

You'll Also Like

16.1K 2.5K 64
A love story that goes beyond love, from a chance encounter... ❤️ Story Starting: 2022 September 8 💙 End: xxxxxxxx? Rankings - ...
8.9K 1.6K 35
තමාට අවසානයේ සියල්ල අහිමි වී ගොස් තිබූ තැන... පරණ මතයන් අලුත් කරවමින්... අරමුණු අමතක කරමින් ප්‍රේමයෙන් මත් වූ මතකයක්... නමුත් අවසානයේ දී කුමක් වේවි ද...
1M 57.2K 54
မင်းကငါပိုင်တဲ့ Omega တစ်ယောက် 𝔚𝔞𝔫𝔤 𝔜𝔦𝔅𝔬 ငါသေသွားရင်တောင်မင်းကအတ္တကြီးနေဦးမှာလား 𝔛𝔦𝔞𝔬 ℨ𝔥𝔞𝔫 ❦︎❦︎❦︎❦︎❦︎❦︎❦︎❦︎ မင္းကငါပိုင္တဲ့ Omega တစ္...
950K 46.7K 68
မိုးငယ်( အိမ့်ဂျူး)