Part-15

4.5K 244 23
                                    

(Unicode)

"Vampire's Limited Edition"

Part-15

ရေချိုးပြီးတဘတ်အဖြူလေးထဲမှာနစ်နေတဲ့ခန္ဓာကိုယ်သေးသေးလေးကိုV‌ကုတင်ပေါ်ကနေချီကာမျက်နှာနုနုထက်သနပ်ခါးလိမ်းပေးတော့မျက်လုံးလေးမှိတ်ကာဇိမ်ခံနေတဲ့မှဲ့နက်လေး။

တစ်ချက်,တစ်ချက်လျှာလေးထုတ်ကာသနပ်ခါးကိုလိုက်ဟတ်တော့Vလက်နဲ့သနပ်ခါးနည်းနည်းကော်ကာပါးစပ်ထဲထည့်ပေးလိုက်မှငြိမ်သွားသည်။

သနပ်ခါးအမြစ်တုံးလေးဖွေးနေအောင်လူးပြီးပါးကွက်လေးကွက်ပေးလိုက်တော့သနပ်ခါးနံ့သင်းသင်းလေးကြောင့်Vပါးဖောင်းဖောင်းလေးကိုနမ်းမည်အပြုနှုတ်ခမ်းလေးဆူကာမျက်စောင်းလေးဒိုင်းခနဲထိုးပြီးခေါင်းခါပြတဲ့ဇွတ်ကျားလေး။

ဆိုလိုတာကသနပ်ခါးတွေမခြောက်သေးဘူး သူအလှပျက်ကုန်မယ်ဆိုတဲ့သဘော။

Vခပ်ယဲ့ယဲ့ပြုံးကာအင်္ကျီလဲပေးမယ်ကြံတော့သူ့ကိုတွန်းထုတ်ကာအပြင်ထွက်ခိုင်းတဲ့ကလေးပေါက်ကတကယ့်ကိုအသည်းယားစရာပါ။

"ကိုယ်အင်္ကျီလဲပေးမလို့လေ"

နှုတ်ခမ်းပါးပါးလေးစုထော်ကာဟွန်းခနဲနှာမှုတ်ပြီးမကြည်သလိုကြည့်လာတော့

"ဟုတ်ပါပြီဗျာ....အပြင်ထွက်ပေးပါ့မယ်....ရွှေစိတ်တော်မငြိုငြင်ပါနဲ့ဗျ"

Vပြောရင်းအပြင်ထွက်ပေးသည့်တိုင်မှဲ့နက်လေးကတော့နှုတ်ခမ်းလေးထော်ပုကာသူထွက်သွားတဲ့အထိစွေကြည့်နေဆဲ။

*မင်းကဘာလေးလဲကွာ*

ရှိုင်းသူ့ဟာသူအင်္ကျီလဲပြီးVကိုတံခါးလာဖွင့်ပေးရင်းwhiteboard
လေးနဲ့ဆော့ပင်ထည့်ထားတဲ့အိတ်လေးလွယ်ကာအခန်းပြင်ကိုခပ်တည်တည်နဲ့ခုန်ဆွ,ခုန်ဆွထွက်လာတော့

"ဒါကဘယ်ကို"

Vမေးမိတော့အပြင်ကိုလက်ညှိုးထိုးပြလာတဲ့မှဲ့နက်လေးကြောင့်

"နေကောင်းတာလဲမဟုတ်ပဲနဲ့...ပြန်ဖျားမယ်လေကွာ"

သူဆူမိတော့ရှိုင်းနှုတ်ခမ်းပါးပါးလေး‌ဆူကာပွစိပွစိရေရွတ်ရင်းမျက်စောင်းတွေတသီတတန်းထိုးပြီးတဟွန့်ဟွန့်နှာမှုတ်လျက်ခြေဆောင့်ရင်းကျောခိုင်းသွားသည်။

Vampire's Limited EditionWhere stories live. Discover now