Part-2

9.8K 513 18
                                    

(Unicode)

"Vampire's Limited Edition"

Part-2

မနက်9နာရီကျော်ထဲက လူကိုဓားနဲ့ထောက်ပြီးသူများအိမ်ထဲအတင်း၀င်နေတာ နေ့ခင်းထမင်းစားချိန်တောင်ရောက်နေရော့ပြီ။

*ဒီလူတကယ်ကြီးငါ့အိမ်မှာနေမှာလား*

ခြိမ်းလားခြောက်လားနဲ့လူကိုအော်လိုက်ငေါက်လိုက်လုပ်ပြီးအခန်းထဲပိတ်ထားတာ....ရိုးရိုးတန်းတန်းမပိတ်ပဲကုတင်ပေါ်မှာတင်ကာကြိုးနဲ့ချည်ထားတော့ရုန်းရတာလဲနာလှပြီ။
ဗိုက်လဲဆာနေပြီ။

*ဟူး.....သူများအိမ်ထဲလဲကျူးကျူးကျော်ကျော်၀င်လာသေးတယ်....တွေ့မယ်....ငါလွတ်လို့ကတော့လား....ဟင်း...*

သက်ပြင်းချကာမျက်စိအစုံကိုမှိတ်လိုက်စဉ်

"ကျွီ..."

"ဟမ်...."

"အဟွန်း.....ဘာတွေရေရွတ်နေတာလဲပွစိပွစိနဲ့......ကိုယ့်ကိုမေတ္တာပို့ပေးနေတာတော့မဟုတ်လောက်ပါဘူးနော်"

ဘောင်းဘီအိတ်ထဲလက်နှိုက်ကာအခန်းထဲ၀င်လာသောထိုလူသား။

တစ်လှမ်းချင်းလျှောက်လာပြီးကုတင်ပေါ်မှာလှဲရက် အချုပ်ခံထားရတဲ့သူ့နံဘေးတင်ပါးလွှဲကာထိုင်လာတော့....

"ခင်ဗျား....ခင်ဗျားကျွန်တော့်ကိုချုပ်ထားတာကြာလှပြီဗျ....လွှတ်ပေး....ကျွန်တော့်လက်တွေနာလှပြီ....သူများအိမ်ထဲလဲအတင်း၀င်လာသေးတယ်....ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲလိုက်လို့
ပဲထမင်းစားနေရအုံးမယ်"

"ဟော်....ကိုယ့်ကိုရဲတိုင်မယ်ပေါ့မင်းက..."

Vမျက်ခုံးတစ်ဖက်ပင့်ကာ ခပ်ထေ့ထေ့ပြုံးပြီးမေးလိုက်မိတော့

"ဟုတ်တယ်....ခင်ဗျားကိုရဲတိုင်မှာ....ပြီးရင်ဖမ်းခိုင်းမယ်....ထောင်ချမယ်....ပဲထမင်းစားရအောင်လုပ်ပစ်မယ်"

"အော်.....ဒါဆိုအခုမင်းကို ကိုယ်တစ်ခုခုလုပ်ပစ်လိုက်လို့ရတယ်ဆိုတာရောသိလား....အဖမ်းခံရမှာချင်းအတူတူကိုကွာ....ပိုင်နက်ကျူးလွန်တာလေးတစ်ခုနဲ့ပဲဆို ဂျေးအောင်းရမှာမတန်ဘူးဗျ....ဆိုတော့....တန်အောင် အခုကိုယ့်ရှေ့ရောက်နေတဲ့ကလေးလေးကိုဆွဲစားပြီးမှအဖမ်းခံလိုက်မယ်လေ....ကိုယ်လဲမနစ်နာတော့ဘူး....မဟုတ်ရင် အမှုသေးသေးလေးတစ်ခုထဲနဲ့Vဂျေးအောင်းရမှာ....ဟာ...မမိုက်ဘူးဟျောင့်"

Vampire's Limited EditionWhere stories live. Discover now