Vampire's Limited Edition

By ShineSet9

181K 8.4K 553

ပထမဆုံးficလေးမို့လို့အရေးအသားညံ့တာသိပါတယ် အများကြီးထပ်ကြိုးစားဖို့လိုသေးတာမို့လို့လိုအပ်ချက်လေးတွေကိုသည်းခံပြ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10🔞🔞
Part-11
Part-12
Part-14
Part-15
Part-16
Part-17🔞🔞
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25🔞🔞
Part-26
Part-27(Final part)
Extra clip 💭
ရှင်းလင်းချက်ပိစိလေး
New fic & V Shine come back

Part-13

5.3K 252 18
By ShineSet9

(Unicode)

"Vampire's Limited Edition"

Part-13

"ကလေးကိုအရမ်းအတင်းအကြပ်မဆက်ဆံပါနဲ့.....သူ့ကိုပျော်အောင်ထားပြီးသူကြုံခဲ့ရတာတွေကိုမေ့မေ့ပျောက်ပျောက်ဖြစ်အောင်လုပ်ပါ...ဆရာစိတ်ငြိမ်ဆေးနဲ့တခြားလိုတဲ့ဆေးတွေထည့်ပေးလိုက်မယ်...တစ်ပတ်တစ်ခါလောက်တော့ဆရာ၀န်နဲ့ပြန်ပြပေးပါ......အခြေအနေကတော့အရမ်းအဆိုးကြီးမဟုတ်ပါဘူး.....အိမ်ပြန်ခေါ်ရင်ခေါ်သွားလို့ရပါပြီ....ဆရာလဲတစ်ပတ်တစ်ခါလာကြည့်ပေးပါ့မယ်"

"ဟုတ်...ကျေးဇူးပါဆရာ"

"စကားပြန်ပြောနိုင်ဖို့တော့အချိန်ယူရအုံးမှာပေါ့....ပြန်ပြောနိုင်မှာပါ....အချိန်တော့လိုတာပေါ့...အရမ်းကြီးစိတ်ပူမနေပါနဲ့ကွာ"

"တော်ပါသေးရဲ့ဗျာ....ကျွန်တော်သူ့ကိုသေချာဂရုစိုက်ပါ့မယ်"

"ကောင်းပါပြီ....ဒါဆိုလူနာကိုအိမ်ပြန်ခေါ်လို့ရပါပြီ...သူ့ကိုပျော်‌အောင်ထားဖို့တော့လိုမယ်နော်"

"ဟုတ်ကဲ့ဆရာ"

ကလေးရဲ့လုံခြုံရေးအတွက်Vဆေးရုံကနေအိမ်ကိုပြန်ခေါ်ဖို့ အိမ်မှာပဲဆက်ကုသဖို့ဆရာ၀န်ကြီးနဲ့ညှိနှိုင်းပြီးခွင့်ပြုချက်ယူခဲ့သည်။

ဆေးရုံဆင်းဖို့အားလုံးပြင်ဆင်ပြီးသည့်တိုင်သူ့ရဲ့မှဲ့နက်လေးကတော့အိပ်ပျော်နေဆဲ။

*အိပ်ရေး၀အောင်အိပ်လိုက်ပါဇွတ်ကျားလေး.......နိုးလာရင် မင်းအပေါ်မှားခဲ့တာတွေအတွက်ကိုယ်အကုန်ပြန်ပေးဆပ်ပြီးပျော်အောင်ထားပေးမှာမို့လို့ဒီထက်ပိုပြီးမကြောက်ပါနဲ့တော့ကလေးငယ်*
🌸🌸🌸

မဟူရာစံအိမ်ထဲအနက်ရောင်ကားတစ်စီး၀င်လာပြီးအိမ်ရှေ့ထိုးရပ်လိုက်တော့ကောင်လေးတစ်ယောက်ကိုပွေ့ကာ ကားပေါ်ကဆင်းလာတဲ့သူကV

ပစ္စည်းတွေလာသယ်ကာနေရာချပေးသောအိမ်အကူအဒေါ်ကြီးများနဲ့ကားပေါ်ကဆင်းကာပစ္စည်းတွေကူသယ်ပေးနေသောမင်းမာန်ကို Vတစ်ချက်ဝေ့ကြည့်ရင်း

"မင်းမာန်"

သူခေါ်လိုက်တော့မင်းမာန်ကမေးဆတ်ပြကာ'
ဘာလဲ'ဟူသည့်သဘော။

V သူ့အနားလာဖို့မင်းမာန်ကိုခေါင်းတစ်ချက်
ဆတ်ခနဲငြှိမ့်ပြလိုက်တော့သယ်လက်စပစ္စည်းတွေချကာအနားရောက်လာသည်။

"ကလေးနဲ့ပတ်သက်တဲ့ကိုယ်ရေးအချက်အလက်တွေအားလုံးသိချင်တယ်...တစ်ချက်စုံစမ်းပေး...ဖြစ်မလား"

"Ok....ငါ့တာ၀န်ထား"

"အင်း"

Vမှာစရာရှိတာမှာကြားကာသူ့ရဲ့မှဲ့နက်လေးကိုပွေ့လျက်အပေါ်ထပ်တက်ခဲ့၏။

Vအခန်းထဲ၀င်ကာရှိုင်းရဲ့ကိုယ်လုံးသေးသေးလေးကိုကုတင်ပေါ်အသာအယာချပေးပြီးစောင်သေချာခြုံပေးကာခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးရင်းသက်ပြင်းတစ်ချက်ချမိသည်။

‌ရှိုင်းမနိုးခင် V၀တ်ထားတဲ့အင်္ကျီတွေချွတ်ကာရေချိုးဖို့ပြင်လိုက်၏။

လန်းသွားအောင်ရေစိမ်ချိုးပြီးနောက်
Bath ropeကိုသေချာချည်ကာနဲ့Vရေချိုးခန်းထဲကအထွက် ကုတင်ပေါ်ကမှဲ့နက်လေးကကြောင်စီစီနဲ့ထထိုင်နေပြီးသူ့ကိုမြင်သည်နှင့်

"ဒုန်း....ခွမ်း..."

ကြောက်ကာလန့်ကာကုတင်ဘေးခုံပေါ်ကပစ္စည်းတွေနဲ့ပန်းအိုးတွေကိုပစ်ခွဲပစ်လေသည်။

"ဟာ....ကလေး...."

Vခြေတစ်လှမ်းတိုးလာတိုင်း ရှိုင်းကနံရံဘက်ကိုဆုတ်ကာ,ဆုတ်ကာနှင့်ကိုယ်လေးကျုံ့၍စောင်ကိုရင်ဘတ်ထိဆွဲဖုံးပြီးမျက်ရည်‌စပ်လက်နဲ့ခေါင်းလေးတခါခါ မျက်၀န်းတွေက Vသူ့အနားမလာဖို့တောင်းဆိုနေသယောင်။
🌸🌸🌸

ချောင်ပိတ်မိနေသောရှိုင်း Vတစ်လှမ်းတိုးလာတိုင်းမျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာခန္ဓာကိုယ်သေးသေးလေးတဆတ်ဆတ်တုန်ရီလာပြီး သူ့အနားမလာဖို့သာတောင်းပန်တိုးလျှိုးမိနေမိသည်။

လက်ထဲမှာပိုက်ထားတဲ့စောင်ကိုရင်ဘတ်ထိဆွဲဖုံးကာဆုပ်ကိုင်ထားရင်းကြောက်ရွံ့မှုကြောင့်မျက်၀န်းအစုံဖိမှိတ်ပစ်ကာနှုတ်ခမ်းပါးပါးလေးများပင်တဆတ်ဆတ်တုန်ရီနေသည်။

မကြာမီ လက်မောင်းသားအိအိလေးကိုလက်ကြီးနဲ့ဆုပ်ကိုင်လာသောVကြောင့်ရုန်းကန်ကာအတင်းတွန်းထုတ်မိတော့လူကိုအတင်းအကြပ်ဆွဲဖက်ထားတာကြောင့် ရှိုင်းကိုယ်လုံးလေးတုန်တုန်ရီရီနှင့်Vလက်ထဲအထိတ်ထိတ်အလန့်လန့်ကျရောက်နေရသည်။

"ကိုယ်ဘာမှမလုပ်ဘူးလေကွာ...ကလေး...စိတ်ကိုငြိမ်ငြိမ်ထားနော်"

ရှိုင်း ခေါင်းကိုအတင်းခါယမ်းပြီးသူ့လက်ထဲကရုန်းရင်းကန်ရင်းမျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာတုန်ရီနေတဲ့လက်လေးတွေနဲ့အတင်းတွန်းထုတ်မိသည်။

"Ok....ok....မရုန်းနဲ့တော့....ဒဏ်ရာတွေပျောက်သေးတာမဟုတ်ဘူးကလေးရယ်....စိတ်ငြိမ်ငြိမ်ထားနော်"

Vစိတ်လျှော့ကာလွှတ်ပေးလိုက်ပြီး ရှိုင်းပခုံးနှစ်ဖက်ကဆုပ်ကိုင်ကာမျက်နှာချင်းဆိုင်စေလျက်

"ခဏလေး ကိုယ်အ၀တ်အစားလဲလိုက်အုံးမယ်...မင်းကိုဘာမှမလုပ်ဘူးမို့လို့စိတ်ငြိမ်ငြိမ်ထားနော်....ခဏပဲ"

ရှိုင်း အနည်းငယ်ငြိမ်ကျသွားမှVလဲဘီရိုထဲကအ၀တ်တစ်စုံထုတ်ကာ ရှိုင်းရှေ့မှာတင်အင်္ကျီကောက်လဲရသည်။

မဟုတ်ရင်ဒီကလေးထွက်ပြေးရင်ပြေးနေအုံးမှာ။မတတ်နိုင်....ရှေ့တင်လဲသင့်ရင်လဲရမည်။

Vအ၀တ်လဲဖို့bath ropeကိုချွတ်ရန်ပြင်လိုက်သည်နှင့်မျက်နှာလေးရဲကာသူ့ကိုကျောခိုင်းသွားတဲ့ကလေးပေါက်စရယ်ပါ။

Vအ၀တ်အစားလဲပြီးတော့ ကုတင်ဘေးခုံအောက်ကအံဆွဲထဲမှာထည့်ထားတဲ့ whiteboardပိစိလေးရယ် ဆော့ပင်ပိစိလေးရယ်ကိုထုတ်ကာရှိုင်းအနား၀င်ထိုင်လိုက်၏။

သူထိုင်လိုက်တော့ ရှိုင်းခန္ဓာကိုယ်လေးတုန်တက်သွားတာအနောက်အနည်းငယ်ရွှေ့သွားလေရဲ့။

*မင်းကဘာလေးလဲကွာ*

Vခပ်ယဲ့ယဲ့လေးပြုံးကာကြည့်မိတော့မျက်ရည်တွေဝိုင်းကာမရဲတရဲ‌သူ့ကိုမော့ကြည့်လာတဲ့ဇွတ်ကျားလေး။

ငိုထား၍မျက်ရည်စလေးတွေကျန်နေသေးတဲ့မျက်၀န်းလေးတွေကလဲတစ်မျိုးကြည့်ကောင်းသည်။မျက်လုံးအောက်ကမှဲ့နက်လေးကလဲသူ့ရဲ့ဆွဲဆောင်မှုတစ်ခုလိုပင်။

"ရော့..."

ရှိုင်းလက်ပိစိလေးတွေကို Vဆွဲယူကာ whiteboardနဲ့ဆော့ပင်လေး ထည့်ပေးရင်း

"အဲ့မှာရေးပြီးကိုယ့်ကိုယ်စကားပြော.....ဗိုက်ဆာပြီလားကလေး"

မရဲတရဲမော့ကြည့်ကာခေါင်းလေးငုံ့ပြီးခေါင်းတဆတ်ဆတ်ညှိမ့်ပြတဲ့ကလေးငယ်လေးကဘယ်လိုပဲနေနေသူ့အတွက်သိပ်ချစ်ဖို့ကောင်းလွန်းသည်။

"အင်း....ဒဏ်ရာတွေနာနေသေးလား....နေရတာအဆင်ပြေရဲ့လား...နေသာရဲ့လား"

Whiteboardလေးကိုလက်ပိစိလေးတွေနဲ့ကိုင်ကာရင်ဘတ်မှာပိုက်ထားရင်းသူ့ကိုတကြည့်ကြည့်နဲ့လုပ်နေတာကြောင့်

"ကိုယ်ဘာမှမလုပ်ပါဘူးကွာ.....ကတိပေးတယ်....ဟုတ်ပြီလား....မကြောက်နဲ့တော့လေကွာ"

Vကတိပေးတယ်လို့ပြောမိတော့ ရှိုင်းလက်သေးသေးလေးတွေကလက်သန်းနဲ့လက်မလေးထောင်ကာသူ့ဆီထိုးပေးလာသည်။

ဆိုလိုတာက ကတိပေးဆိုတဲ့သဘော။

လက်သန်းသေးသေးလေးကို Vလက်နဲ့ပြန်လည်ချိတ်ယူကာ

"ကတိ"

Vခပ်ယဲ့ယဲ့လေးပြုံးကာလေသံအေးအေးလေးနဲ့ပြန်ပြောမိတော့ကလေးငယ်မျက်နှာကအနည်းငယ်ပြုံးရိပ်သမ်းလာသယောင်။

"အဆင်ပြေလား...ဒဏ်ရာတွေနာနေသေးလား"

ရှိုင်း Whiteboardပိစိလေးမှာလက်သေးသေးလေးတွေနဲ့ဆော့ပင်လေးကိုင်ကာငုံ့ရေးပြီးVလက်ထဲထိုးပေးလာတော့အလိုက်သင့်ယူကာ ဖတ်ကြည့်လိုက်တဲ့အခါ ရှိုင်းရေးထားတာက

*နည်းနည်းနာသေးတယ်.....ခေါင်းလဲမူးတယ်.....အခုဗိုက်ဆာလို့...ပြီးတော့လှဲချင်တယ်*

"အင်း...ဆန်ပြုတ်,ပြုတ်ခိုင်းထားတယ်....စားပြီးရင်ဆေးသောက်....ပြီးမှအေးဆေးပြန်နားလေနော်"

သူ့လက်ထဲကwhiteboardလေးကိုပြန်ဆွဲယူကာအနားမှာရှိတဲ့tissue boxထဲကtissueတစ်ရွက်နဲ့စာတွေကိုဖျက်ပြီးစောစောကအတိုင်းခေါင်းလေးငုံ့ကာရေးပြ၍သူ့ဆီwhiteboardလေးထိုးပေးလာတော့

*ဆန်ပြုတ်မသောက်ချင်ဘူး...ခေါက်ဆွဲပြုတ်ပဲသောက်ချင်တာ*

Vသက်ပြင်းတစ်ချက်ချကာ

"Ready madeတွေစားတာကျန်းမာရေးအတွက်မကောင်းဘူးလေကွာ"

V ပြောမိတော့ရှိုင်းနှုတ်ခမ်းပါးပါးလေးဆူကာသူ့ဆီကwhiteboardလေးပြန်ဆွဲလုရင်းလက်သေးသေးလေးတွေနဲ့ဖျက်လိုက်ရေးလိုက်အလုပ်ရှုပ်နေလေရဲ့။

ခဏအကြာ whiteboardလေးသူ့ဆီပြန်ထိုးပေးလာတော့

*ခေါက်ဆွဲပြုတ်စားချင်လို့ပါဆိုမှ...သူများတကာကိုမသဒ္ဓါဘူးလား....Daddyလူယုတ်မာကြီး*

"ဟောဗျာ"

ရှိုင်းနှုတ်ခမ်းလေးဆူပြီးနှာတစ်ချက်မှုတ်ရင်းလက်သေးသေးလေးနှစ်ဖက်ကိုယှက်ကာလက်ပိုက်လျက်တစ်ဖက်ကိုလှည့်သွားပြန်တော့

"ဟုတ်ပါပြီဗျာ....ခေါက်ဆွဲပြုတ်လုပ်ခိုင်းပေးမယ်....ဟုတ်ပြီလား....ဒါပေမယ့်တစ်ခါတစ်လေပဲရမယ်နော်Babe.....ကလေးကလိမ္မာပါတယ်ကွာ"

ရှိုင်းခေါင်းလုံးလုံးလေးကိုလှမ်းပုတ်ကာVလေသံပျော့ပျော့နဲ့ပြောလိုက်တော့whiteboardလေးပေါ်မှာရေးပြီးပြသည်က

"ဟုတ်ကဲ့Daddy"တဲ့လေ။
🌸🌸🌸

Vအလုပ်ကိစ္စဖုန်းပြောစရာရှိ၍မင်းမာန်ကိုခဏခေါ်ကာ ရှိုင်းနဲ့အဖော်ခဏနေပေးဖို့ပြောပြီးထားခဲ့လိုက်သည်။

မင်းမာန် အခန်းထဲရောက်တော့ကုတင်ပေါ်မှာထိုင်နေတဲ့ဖြူဖတ်ဖြူလျော်ကောင်‌လေးသေးသေးလေး။

Vချစ်ချင်လဲချစ်စရာပဲလေ။ဒီကောင်လေးချစ်မွှေးတော့ပါသည်ဟုမင်းမာန်ကောက်ချက်ချမိသည်။

"ညီလေး....အကိုဒီမှာခဏထိုင်မယ်နော်"

အနားသွားကာထိုင်ဖို့ခွင့်တောင်းတော့သူ့ကိုလှည့်ကြည့်ပြီးရှူရှူရှာရှာလေးကြောက်သလိုနောက်ဆုတ်သွားတော့

"Hey!အကို မင်းကိုဘာမှမလုပ်ပါဘူး....အကိုကVရဲ့သူငယ်ချင်းပါ...လက်ထောက်ဆိုလဲဟုတ်တယ်ကွာ.....စိတ်ငြိမ်ငြိမ်ထား....ok"

လေသံအေးအေးနဲ့စိတ်ရှည်ရှည်ပြောပြတော့လူကိုအနည်းငယ်စူးစမ်းသလိုကြည့်ကာငြိမ်ကျသွားတဲ့ကောင်ငယ်လေးကအူယားစရာ။

မင်းမာန်သက်ပြင်းတစ်ချက်ချကာရှိုင်းအနားထိုင်ရင်း

"Vကိုမုန်းလား"

သူမေးမိတော့အနည်းငယ်ငြိမ်ကာတွေးနေတဲ့ကောင်ငယ်လေးကဝေခွဲမရဖြစ်နေသယောင်။

မင်းမာန် ဒုတိယမ္ပိသက်ပြင်းထပ်ချလိုက်ရင်း

"နားလည်ပါတယ်.....ဘာပဲဖြစ်ဖြစ်Vကိုမမုန်းပါနဲ့ရှိုင်း"

သူပြောတော့မျက်လုံးလေးကလယ်ကလယ်နဲ့သူ့ကိုမော့ကြည့်လာတဲ့ရှိုင်း။

"ကိုယ်ပြောမှာကို ရှိုင်းသေချာနားထောင်ပေးပါ....တကယ်တော့Vကိုအရမ်းလွှမ်းမိုးနေတဲ့စိတ်တစ်ခုရှိတယ်"

"...."

မင်းမာန် ရှိုင်းအခြေအနေကိုတစ်ချက်ကြည့်တော့သူပြောတာကိုနားထောင်နေတာကြောင့်စကားကိုပြန်ဆက်ကာ

"Vငယ်ငယ်ကသူအရမ်းချစ်တဲ့သူတွေကသူ့အနားကတစ်နည်းမဟုတ်တစ်နည်းနဲ့အကုန်လုံးထွက်သွားကြတယ်....မိဘ....ဆွေမျိုး...သူငယ်ချင်း....အင်း...နောက်ဆုံးပြောရရင်....သူချစ်ရတဲ့ချစ်သူကအစပေါ့"

မင်းမာန် တတိယမ္ပိသက်ပြင်းနောက်တစ်ကြိမ်ထပ်ချကာ ရှိုင်းကိုကြည့်မိတော့သူပြောတာကိုစိတ်၀င်တစားနားထောင်နေတာကြောင့်

"အဲ့ဒါကြောင့်သူအရမ်းချစ်တဲ့မင်းကိုလဲသူ့အနားကထွက်မသွားစေချင်တဲ့စိတ်နဲ့ဒေါသဖြစ်ပြီးမလုပ်သင့်တာတွေလုပ်ခဲ့မိတာပါ"

"ကိုယ်ပြောချင်တာကညီလေးရှိုင်း....သူ့ကိုမမုန်းပါနဲ့ကွာ...သူကထုတ်မပြောတတ်ပေမယ့်မင်းကိုတော့သံယောဇဉ်ရှိရှာပါတယ်...အဲ့ဒါကြောင့်ကိုယ်ပြောတာကိုမင်းနားလည်မယ်ထင်ပါတယ်....Vကိုမမုန်းပါနဲ့ကွာ"

မင်းမာန်ရဲ့အပြောကို ရှိုင်းခေါင်းလေးဖြည်းဖြည်းချင်းငြှိမ့်ခါဖြေပြီးတာနဲ့မကြာခင်ပဲVရောက်လာတာကြောင့်စကားစဖြတ်ကာ

"V....မင်းကကြာလိုက်တာကွာ"

"Sorryကွာ....နည်းနည်းကြာသွားတာ...နိုင်ငံခြားရှယ်ယာ၀ယ်တဲ့ကိစ္စပြောနေတာနဲ့နည်းနည်းကြာသွားတယ်...ကျေးဇူးပဲကွာ....ကလေးနဲ့အဖော်နေပေးလို့"

"ပြောစရာမလိုပါဘူးကွာ...အချင်းချင်းတွေပဲ....ငါသွားပြီV"

"အေး....သားကြီး"

"ညီလေး...ရှိုင်း....အကိုသွားပြီနော်"

ခေါင်းလေးငြှိမ့်ကာပြန်နှုတ်ဆက်တော့မင်းမာန်အသိအမှတ်ပြုသလိုခေါင်းပြန်ငြှိမ့်ပြကာအခန်းထဲကပြန်ထွက်ခဲ့သည်။

မင်းမာန်ထွက်သွားတော့

"ကလေး....ခေါက်ဆွဲပြုတ်ရပြီ....စားတော့မယ်ဆိုယူလာခဲ့မယ်.....အခန်းထဲမှာပဲစားတော့.....အရမ်းမလှုပ်စေချင်လို့"

ခေါက်ဆွဲပြုတ်ဆိုတော့နှုတ်ခမ်းကိုလျှာလေးနဲ့သပ်ကာခေါင်းလေးတဆတ်ဆတ်ငြှိမ့်ပြတဲ့Vရှေ့ကမှဲ့နက်လေးကအဖြူထည်လေးရယ်သာ။

*အဲ့လိုလေးပဲနေပါကွာ....ဒီပုံစံလေးကမင်းနဲ့လိုက်တယ်...ဖြူစင်လွန်းတယ်...ကိုယ့်ရဲ့မှဲ့နက်လေး*

#Shine_Set

Part-14ဆက်ရန်

(Zawgyi)

"Vampire's Limited Edition"

Part-13









🌸🌸🌸
















🌸🌸🌸







































*ခေါကျဆှဲပွုတျစားခငြျလို့ပါဆိုမှ...သူမြားတကာကိုမသဒ်ဓါဘူးလား....Daddyလူယုတျမာကွီး*

"ဟောဗြာ"


"ဟုတျပါပွီဗြာ....ခေါကျဆှဲပွုတျလုပျခိုငျးပေးမယျ....ဟုတျပွီလား....ဒါပမေယ့ျတဈခါတဈလပေဲရမယျနောျBabe.....ကလေးကလိမ်မာပါတယျကှာ"


🌸🌸🌸















"...."

















#Shine_Set




Continue Reading

You'll Also Like

181K 8.4K 30
ပထမဆုံးficလေးမို့လို့အရေးအသားညံ့တာသိပါတယ် အများကြီးထပ်ကြိုးစားဖို့လိုသေးတာမို့လို့လိုအပ်ချက်လေးတွေကိုသည်းခံပြီးဝေဖန်ပေးကြပါဗျ🖤
99.1K 5.9K 34
Vampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်သူတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိ...
41K 2.7K 11
TaeKook Yaoi Start - 13/November/2019
122K 3.7K 19
Author - Vampire ရေးသားသော " Vampire ခြွေသောအနမ်းကြမ်း" intro ကို စာရေးသူက မရေးလို့ မတင်ပါဘူး ဖတ်ချင်တယ်ဆိုရင် ဖတ်ပေးကျပါ မင်မင်ရေးတဲ့ fic မဟုတ်ပါဘူ...