မွန်းတည့်နေကခေါင်းအပေါ်တည့်တည့်သို့ကျရောက်နေချေပြီ။သို့သော်...အပူဒဏ်ကိုတော့ဖြင့် စောလွန်းတို့မခံစားရသည်မှာ တဲကိုအုပ်မိုးထားသည့်ဓနိမိုးကြောင့်ဖြစ်လိမ့်မည်။
"ခင်ဗျား ဦးနှောက်မှန်ရဲ့လား"
".............."
တည်ငြိမ်သည့်မျက်နှာနှင့်အတည်ပေါက်ကြီးလိုလိုပြောနေသည့်ဗိုလ်ရာဇဆိုသည့်လူကို စောလွန်းအော်မေးလိုက်သော်လည်း စောလွန်းမျက်နှာကိုစူးစိုက်ကြည့်ကာ ပြန်ဖြေကြားလာခြင်းမရှိပေ။ဘယ်လို...စောလွန်းကသူနဲ့အတူတူ တဲတစ်ခုတည်းမှာနေရမယ်။
*မသင့်တော်လိုက်တာ*
ဓားနှင့်ခုတ်မည်ကိုစိုးရိမ်နေသည့်ကြောက်စိတ်ကလေးတွေတောင် ကြက်ပျောက်ငှက်ပျောက်။
"ကိုယ်မုန်းတဲ့သူမျိုးနဲ့ ဘယ်သူကတစ်အိမ်တည်းနေချင်မှာလဲ"
"ဆိုတော့ကာ...ခင်ဗျားကဒီမှာပဲနေမယ်ပေါ့"
"ဟု..ဟုတ်တယ်"
ဆယ်ပေပတ်လည်လောက်သာကျယ်ဝန်းသည့်ယိုင်နဲ့နဲ့တဲကလေးကို မျက်စိကစားကြည့်ရင်းပြန်ဖြေမိသည်။
"သဘောဗျာ... ဒီတဲကအကာအရံမလုံ ထရံတွေကပေါက်ပြဲနဲ့ ညဘက်ဆိုလည်းအေးတော့ မြွေတွေဘာတွေလည်းတတ်လာနိုင်..."
"တော်..တော်တော့ ခင်ဗျားတမင်လျှောက်ပြောနေတာမလား မနေ့ညကလည်းကျွန်တော်ဒီမှာပဲနေရတာလေ မဟုတ်လား"
"မနေ့ကဒီတဲမှာကျုပ်တပည့်တစ်ယောက်စောင့်နေပေးလို့ခင်ဗျားအေးအေးဆေးဆေးနေနိုင်တာ မဟုတ်ရင် ပိုးထိပြီးသုဿန်သွားနေရလောက်ပြီဗျာ"
တပည့်တစ်ယောက်စောင့်ပေးတာမဟုတ်ဘဲ ရာဇကိုယ်တိုင် ခြင်တွေတုပ်သည့်ကြားကအိပ်မငိုက်အောင်ကြိုးစားရင်း စောင့်ပေးခဲ့တယ်ဆိုတာကိုတော့ထိုသိုးပေါက်လေးအားမပြောပြမိတော့ပေ။
"ကဲ...မယုံသပဆိုလည်းနေခဲ့ပေတော့ ကျုပ်သွားပြီ"
လက်ထဲတွင်ကိုင်ထားသောဆယ်လက်မလောက်ရှည်လျားသည့်ဓားမကြီးကို ညာမှဘယ်သို့ပြောင်းကိုင်ကာ ထိုသိုးပေါက်လေးအားကျောခိုင်းလိုက်သည့်အခါ...
"နေ..နေဦး"
တိုးညင်းသဲ့သဲ့ဟန့်တားသံလေးဖြစ်ပါသော်လည်း ရာဇ၏ခြေလှမ်းများသည်သခင့်အလိုကိုဆန့်ကျင်စွာ နေရာမှာတင်ရပ်တန့်ကုန်၏။
ခေါင်းကိုအနည်းငယ်စောင်းကြည့်လိုက်ကာ ဘာလဲဟူသည့်သဘောဖြင့်မေးငေ့ါပြလိုက်တော့ ပြောရခက်နေဟန်ဖြင့်နှုတ်ခမ်းရဲရဲလေးကိုတစ်တိတိကိုက်နေသည့်သိုးပေါက်လေး။ခဏကြာမှ
"အဲ့အကြောင်းကိုညမှထပ်ပြောကြတာပေါ့ အခုလည်းနေ့လည်နေ့ခင်းပဲရှိသေးတာမလား နော်"
အရည်လဲ့နေသည့်မျက်ဝန်းတစ်စုံကပေးသည့်အမိန့်ကိုမလွန်ဆန်နိုင်စွာ ခေါင်းညိတ်ရသည်က ဓားကိုင်ကာဓားပြတိုက်သည့်ဗိုလ်ရာဇဆိုသူပင်။
"ကျုပ်သွားပြီ"
"ခ..ခဏ"
"........"
"ကျွန်တော်သန့်ရှင်းရေးလုပ်ချင်လို့...အဲ့ဒါ"
ထိုကောင်လေးကိုမနေ့ညကတည်းကဒီတဲထဲမှာပဲချုပ်ထားခဲ့တာဆိုတော့ ကိုယ်လက်သန့်စင်တာတွေဘာတွေမလုပ်ခိုင်းရသေး။
ဘယ်တတ်နိုင်မလဲ ကိုယ်ခေါ်လာခဲ့တာဆိုတော့ကိုယ်ပဲတာဝန်ယူရုံပေါ့။
"ကျုပ်နောက်လိုက်ခဲ့"
ခပ်သွက်သွက်သွားနေသည့်သူ့နောက်သို့ ကောင်လေးကလည်းခပ်ကုပ်ကုပ်လိုက်ပါလာသည်ကို တိုးညှင်းတဲ့ခြေသံလေးတွေကိုအာရုံစိုက်နားထောင်ရင်းခန့်မှန်းနိုင်သည်။
"အာ...ခင်ဗျားဒီမယ်ခဏရပ်စောင့်နေဦး ဘယ်မှသွားမယ်မကြံနဲ့နော် တောထဲမယ်ကျားရှိတယ်"
ခြင်ကျားဆိုတာကိုတော့ရာဇစိတ်ထဲကနေပဲပြောလိုက်သည်။
"သွားစရာရှိတာမသွားဘဲ ဘယ့်နှယ့်ကြောင့်သူတစ်ပါးကိုခြိမ်းခြောက်နေရသလဲ သွားသွား ဒီမှာပဲရပ်စောင့်နေမယ်"
နေရာမှခြေလှမ်းကျဲကြီးတွေဖြင့်ထွက်ခွာသွားသူ၏ကျောပြင်ကျယ်ကျယ်ကိုကြည့်ရင်း စောလွန်းမကျေမနပ်ဖြစ်ကာခြေဆောင့်မိသည်။လူကိုအလားကားနေရင်း ဟိုဟာနဲ့ဖြဲခြောက်လိုက်ဒီဟာနဲ့ဖြဲခြောက်လိုက်လုပ်နေတာ။ဘယ်သူကမကြောက်လို့လဲ။
မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို သူတို့ဆီမှာဖမ်းခံထားရသည့်ဆက်ကြားတော့ သူတို့ထားသလိုနေ၊သူတို့ကျွေးတာစား၊သူတို့ခိုင်းတာလုပ်ရုံသာတတ်နိုင်တော့သည်။သူတို့ကိုသာငြင်းဆန်လို့ကတော့ ရက်စက်သည့်ထိုဓားပြတွေသည်စောလွန်းကိုကျားစာကျွေးနိုင်သည်။
အောင်မလေးလေး...ဘယ်သူ့ကိုမှမကောင်းတာမကြံစည်ခဲ့ဖူးပါဘူးနော်။ ဘာကြောင့်များစောလွန်းကျမှဒီလိုအဖြစ်ဆိုးတွေကြုံရပါသနည်း။ဒီနေရာကနေအလျင်အမြန်လွတ်မြောက်ချင်ပါသည်။
"ဒီမယ် ရော့"
အတွေးနယ်ချဲ့ကာပတ်ဝန်းကျင်နှင့်အဆက်အသွယ်ခေတ္တပျက်နေတုန်း လက်ထဲသို့ရောက်လာသည့်အဝတ်အစားတစ်စုံ။ဖျင်ပုဆိုးနှင့်စွပ်ကျယ်တစ်ထည်ကိုပစ်ထည့်ပေးလာသည့်လူကိုကြည့်လိုက်တော့ သူမဟုတ်သလိုခပ်တည်တည်မျက်နှာဘေးနှင့်။
ဖြေးဖြေးပေးလည်းရရဲ့သားနဲ့ကို လူကိုဆိုအမြဲအကြမ်းပတမ်း။
"ဒါဘယ်သူ့အဝတ်တွေလဲ"
"ကျုပ်ယူလာတာကျုပ်အဝတ်ပေါ့"
"မဝတ်ချင်ဘူး"
"ချွတ်နေ ဒါဆိုလည်း"
"ခင်ဗျား မမိုက်ရိုင်းနဲ့နော်"
"ဟော ကျုပ်ပြောတော့ရိုင်းတယ်ပေါ့ ခင်ဗျားရေချိုးပြီးရင်လဲရအောင်စေတနာထားပြီးသွားယူပေးလာတာကိုခင်ဗျားကသာဘုကလန့်တိုက်နေတာမဟုတ်လား"
သူပြောတာလည်းမှန်နေတာကြောင့် စောလွန်းနှုတ်ပိတ်လိုက်ရသော်လည်း ဒီလူ့အဝတ်တွေကိုမဝတ်ချင်ပေ။ဘယ်တတ်နိုင်မလဲ စောလွန်းရဲ့ကံပဲပေါ့။ဘဝကလည်းကိုယ်ကြည့်မရသော လူဆိုးတစ်ယောက်နှင့်အတူနေရရုံသာမက အခုတော့အဝတ်တွေပါဝတ်ရဦးမည်။
"ဒါကျုပ်အဝတ်တွေထဲကအသန့်ဆုံး နောက်နေ့မှကျုပ်တပည့်တွေကိုခင်ဗျားအတွက်အဝတ်အစားတွေသွားဝယ်ခိုင်းလိုက်မယ် ဒီနေ့တစ်ရက်တော့သည်းခံလိုက် ဟုတ်ပလား"
"အဲသလိုမလုပ်လို့တခြားနည်းလမ်းရောရှိသေးလို့လား တကတည်း"
ဆောင့်အောင့်ကာအရှေ့ကအရင်ထွက်သွားသည့်ကောင်လေးက ရာဇကိုမျက်စောင်းထိုးဖို့လည်းမမေ့ပေ။သိုးပေါက်လေးမဟုတ်ဘဲ နဂါးသာဆိုလျှင်် အခုချိန်ရာဇပြာပုံဘဝရောက်နေရောပေါ့။
"ဟေ့ ရေချိုးရမဲ့နေရာကိုသိလို့လား"
အော်ပြောကာနောက်ကလိုက်တော့ ခြေလှမ်းလေးတွေနှေးကွေးကုန်ကာ ရာဇကိုမကျေမချမ်းပြန်လှည့်ကြည့်လာသည်။
"မြန်မြန်လာ"
ရာဇကလူဆိုးဓားပြဆိုတာကိုထိုသိုးပေါက်လေးသတိရောရသေးရဲ့လားမသိ။မကြောက်မလန့်နဲ့ပြောလိုက်သည့်ပုံက ရာဇကပဲသူ့ကိုဆရာတင်ထားရသလိုလို။
*တကယ် တကယ်...ဒီသိုးပေါက်လေးကမလွယ်ပါ့လား...*
"မြန်မြန်လာပါဆို ဘယ့်နှယ်ကျောက်ချရပ်နေရသလဲ"
"လာပါပြီ ခင်ဗျားရယ်"
ဘယ်တတ်နိုင်မလဲ...ကိုယ်တွေကသူ့ကိုမတရားဖမ်းခေါ်လာတဲ့သူတွေပဲ။ သူ့ကိုရိုင်းရိုင်းစိုင်းစိုင်းမာမာထန်ထန်ဆက်ဆံလို့မသင့်တော်ပါဘူးလေ။
.
.
"ငါ့ကောင်တွေ ဆရာတို့ဘယ်သွားတာလဲ"
"အေးနော် နှစ်ယောက်တည်း"
"ငါတို့လိုက်ချောင်းရင်ကောင်းမလား"
ဖြောင်းခနဲဇာတ်ပိုးအုပ်ခံလိုက်ရသည့်အာဂ။
"လိုက်ချောင်းရအောင် သမီးရည်းစားချိန်းတွေ့တာမှမဟုတ်ဘဲကွ"
"ခွေးမသားမာန ပါးစပ်ကပြောတော့မင်းဖင်နူမှာစိုးလို့လား"
"အဲတာအသာထား အခုဆရာကကောင်လေးကိုသတ်ပြီးအလောင်းဖျောက်ဖို့ခေါ်သွားတာလာမသိဘူးနော် မင်းစဥ်းစားကြည့် ငါတို့ဓားပြတွေဆိုတာကိုတိုင်မှာစိုးလို့လေ"
"ဟာ...မင်းကလည်း ဆရာကလူသတ်အလောင်းဖျောက်တဲ့အထိတော့မရက်စက်တတ်ပါဘူး ပြီးတော့..စောနကဆရာ့မျက်နှာကလည်းပြုံးရွှင်နေတာများပျားရည်အိုးကြီးမျက်မှာပေါ်လောင်းချထားသလားမှတ်ရတယ် မဖြစ်နိုင်ပါဘူးကွာ"
"ဟေ့ကောင် မင်းရဲ့ဦးနှောက်ကမင်းဆံပင်လိုပဲငုတ်စိ ဆရာကအချိုသပ်ပြီးခေါ်သွားတာဆိုဘယ်နှယ့်လုပ်မတုန်း"
"ဟိုကောင် သော်ကမင်းရောဘယ်လိုထင်လဲ"
နှစ်ယောက်သားငြင်းခုံလို့ဝသွားတော့ ဘေးမှာအငြိမ်သားရပ်နေသည့်သော်က၏ထင်မြင်ယူဆချက်ကိုမေးလိုက်သည်။
သော်က ဆရာတို့ကိုကြည့်နေရာမှ အာဂနှင့်မာနဆီသို့အကြည့်ပို့လိုက်တော့ သူ့အဖြေကိုစိတ်ဝင်တစားစောင့်မျှော်နေသည့်မျက်နှာတွေနှင့်နှစ်ကောင်...
"ငါထင်တာကတော့...မင်းတို့နှစ်ကောင်လုံးရဲ့ဦးနှောက်ကမူမမှန်ဘူး"
ထိုစကားပြောပြီးလှည့်ထွက်သွားသော သော်က။
"မာန သော်ကဘာပြောသွားတာလဲ"
"အေး ငါလည်းနားမလည်ဘူး"
သော်က၏ရိုးရှင်းသည့်စကားအဓိပ္ပာယ်ကိုနားမလည်ဘဲ ကြောင်တောင်တောင်လေးကျန်ခဲ့သည့်အာဂနှင့်မာန။ထိုအချိန် ဆရာနှင့်ဟိုကောင်လေးမှာလည်းသူတို့၏မြင်ကွင်းထဲမှပျောက်ကွယ်သွားချေပြီ။
<<<<<<
>>>>>>
နေရောင်သည်စောလွန်းတို့ဆီသို့တိုက်ရိုက်မကျရောက်ဘဲ ထင်းရှူးပင်များကြောင့်ဟိုတစ်ပျောက်ဒီတစ်ပျောက်သာကျရောက်နေသည်။တောကြီးတစ်ခုဖြစ်သည့်အလျောက် အရိပ်ရသစ်ပင်များပြားလှသော်လည်း ယခုတောင်ကုန်းလေးမှာမူ ထင်းရှူးပင်များနှင့်သာပြည့်နှက်နေ၏။
ခပ်မောက်မောက်တောင်ကုန်းလေးက အရမ်မမက်စောက်တာကြောင့်အလွယ်တကူပဲတတ်နိုင်သည်။တောင်ကုန်းလို့သာပြောရတာ မြေပြန့်ထက်အနည်းငယ်မက်စောက်နေသည်မှလွဲ၍ မထူးမခြားနားပါ။
ထင်ရှူးပင်နှင့်မြေပြင်ရှိမြက်ပင်တချို့မှလွဲ၍မရှိသော်လည်း ထိုအရာများကပင်အလှတရားတစ်ခုလိုဖြစ်တည်နေသည်။ကောင်းကင်ပေါ်မော့ကြည့်လိုက်သည့်အခါတွင်လည်း ထင်ရှူးပင်ထိပ်ဖျားများကြားတွင် စွန်ငှက်နှစ်ကောင်တောင်ပံဖြန့်ကာပျံသန်းနေသည်မှာလွတ်လွတ်လပ်လပ်။
"ဒီနေရာလေးကသာယာသားပဲနော်"
ဖျင်ပုဆိုးနှင့်စွပ်ကျယ်ကလေးကိုပိုက်ရင်း ဘေးမှာငြိမ်သက်စွာလိုက်ပါလာသူကိုစောလွန်းပြောလိုက်သည်။သာယာသည့်နေရာလေးဖြစ်သော်လည်း စကားပြောသံတို့တိတ်ဆိတ်နေချေတော့အနည်းငယ်ခြောက်ခြားဖွယ်ကောင်းနေသည်။ကိုယ်မှစမပြောလျှင်ထိုလူကလည်းပြောလာမည့်ပုံမပေါ်တာကြောင့် မုန်းစိတ်ကိုနောက်ထားကာ စကားစလိုက်ရသည်ကတော့စောလွန်းသက်လယ်။
"ကြိုက်လား"
ရုတ်တရက်ကြီးခြေလှမ်းတို့ကိုရပ်တန့်ကာ စောလွန်းမျက်ဝန်းထဲသို့စိုက်ကြည့်ရင်းမေးလာတာကြောင့် စောလွန်းပါလှမ်းနေသည့်ခြေလှမ်းတို့ကိုခေတ္တရပ်နားလိုက်ရသည်။
"ဟင် ဘာကို...."
"သြော်...ဒီနေရာလေးကိုပြောပါတယ်"
ဒီနေရာလေးဟုပြောနေပါသော်လည်း မျက်ဝန်းအကြည့်တွေကတော့ဖြင့်စောလွန်းဆီမှာသာတဝဲလယ်လယ်။နက်မှောင်နေသည့်မျက်ခုံးမွှေးထူထူအောက်ကမျက်လုံးအကြည့်တွေကအလွန်တရာမှစူးရှလွန်းတာကြောင့် စော်လွန်းအမြန်အကြည့်လွှဲလိုက်ရသည်အထိ။
လူကိုဘာလို့အဲလောက်တောင်စိုက်ကြည့်နေရတာလဲ။
"အင်း ကြိုက်တယ်လေ"
"နို့ ဒါဖြင့်...ဒီနေရာမယ် ကျုပ်နဲ့ပဲတစ်သက်လုံးနေလိုက်ပါတော့လား"
"ဘယ်ဖြစ်မလဲ ရွာမှာကျွန်တော့်ချစ်သူကျန်ခဲ့တယ်"
လွှတ်ခနဲနှုတ်ကပြန်ဖြေလိုက်မိသော်လည်း အဖြေဆုံးတာနှင့်တပြိုင်နက် ဒေါင်းလုံရွာလေးတွင်ကျန်ခဲ့သည့်မောင့်ကိုသတိရမိသွားသည်။သူဒီကိုရောက်နေတာတစ်ရက်ခန့်ရှိပြီ။မောင်များစိတ်ပူပြီးလိုက်ရှာနေလေမလား မောင်အဆင်မှပြေနေရဲ့လားသိချင်မိ၏။
ချစ်သူကိုသတိရကာအတွေးလွန်နေသည့်စောလွန်းသည် ရာဇ၏ထိန်းမရနိုင်လောက်အောင်ပျက်ယွင်းသွားသည့်မျက်နှာကိုတော့ဖြင့်မမြင်လိုက်ပေ။
"ဘယ်လို....မင်းချစ်သူ....."
ကြားလိုက်ရသည့်စကားကရာဇကိုမထင်မှတ်ထားလောက်အောင်အံ့သြသွားစေသည်။အမည်မသိသည့်ရင်ဘတ်တစ်နေရာကနာကျင်မှုသည်ဘယ်ကလာပါသနည်း။ထပ်မံအတည်ပြုလိုသောကြောင့်မေးမည်ကြံလိုက်သော်လည်း မွေးခွန်းမဆုံးခဲ့ပေ။
ဝေါ....ဝေါ....
"ဟင် ရေသံကြားရတယ် ဒီနားမယ်ချောင်းရှိတာလား"
ရေသံကြားရာနောက်သို့မျက်ဝန်းတောက်တောက်လေးတွေဖြင့်ဆက်လျှောက်သွားသည့်ကောင်ကလေးသည်သူ့ကိုတောင်မေ့လျော့ကာချန်ထားခဲ့သည်။
သူ၏ခြေထောက်တစ်စုံကရောဘာလို့များတစ်လှမ်းမှဆက်မလှန်းချင်တော့အောင် အားယုတ်သွားရပါသနည်း။
တကယ်ဆိုရင်ထိုကောင်လေးကလည်းအရွယ်ရောက်နေပြီးသားပဲမလား။ ချစ်သူရည်းစားရှိတာအဆန်းမဟုတ်။ဒါကိုသူကဘာလို့များ....ဟာ စိတ်ရှုပ်လိုက်တာ။ကိုယ့်ကိုကိုယ်တောင်နားမလည်နိုင်သည့်အတွေးတချို့နဲ့အတူ ခေါင်းကိုလည်းတပျင်းပျင်းကုပ်မိသည်။
"ဟေ့လူကြီး"
ခြေလှမ်းတွေရပ်တန့်ပြီးနောက်လှည့်ကြည့်၍သူ့ကိုခေါ်လာသည့်ကောင်လေးကြောင့် အယောင်ယောင်အနနဖြင့်မော့ကြည့်မိတော့ မျက်မှောင်ကြုတ်ကာရာဇအားကြည့်နေသည်။
"လာလေဗျာ"
"ကျုပ်...."
"ဟော လာပါဆို"
ခေါ်နေသော်လည်းတစ်လှမ်းမှမရွေ့သည့်ဓားပြကြီးကိုစောလွန်းစိတ်မရှည်တော့တာကြောင့် အနားသွားကာလက်မောင်းကိုဆွဲ၍ခေါ်ရတော့သည်။
ကာယကံရှင်ဘက်ကသူ့ဆန္ဒအလျောက်လာရောက်ထိခတ်သည့်အထိအတွေ့လေးကရာဇခန္ဓာကိုယ်အတွင်းရှိအကြောတွေအားလုံးကိုလျှပ်စစ်နှင့်တို့လိုက်သလိုပင် ကျင်ခနဲဖြစ်သွားစေသည်။
"မထိနဲ့"
"ဟမ်"
"မင်း...လွှတ်!"
ရာဇကိုကြောင်တောင်တောင်နဲ့ပြန်ကြည့်နေသည့်ကောင်လေး၏ လက်မောင်းကိုဆုပ်ကိုင်ထားသည့်လက်ကိုဖြုတ်ချကာ နောက်ကိုနှစ်လှမ်းလောက်ဆုတ်လိုက်ရသည်။ဒီအတိုင်းသာကြာကြာနေရင် စိတ်တွေဖောက်ပြန်ကုန်မှဖြင့်ဒုက္ခ။အတင့်ရဲသည့်ကောင်လေးကသူ့ကိုမကြောက်တော့လေသလား လက်ရဲဇက်ရဲနိုင်လှသည်။
စောလွန်းလက်ကိုဖြုတ်ချကာ နောက်သို့ဆုတ်သွားသည့်ဓားပြကြီးကိုကြည့်ပြီးနားမလည်နိုင်စွာမျက်မှောင်ကြုတ်မိသည်။ထို့နောက်မှ...တစ်ခုခုကိုသဘောပေါက်လိုက်ကာ ဝတ်ထားသည့်တီရှုပ်လက်တိုလေးအားငုံ့နမ်းကြည့်တော့ ဆိုးရွားသည့်အနံ့အသက်လည်းမရှိပေ။
"ကျွန်တော်ရေမချိုးရသေးလို့လား အဲတာကြောင့် အနားမကပ်ခိုင်းတာလား"
"ဘာ"
"ခင်ဗျားကလည်း...အခုရေသွားချိုးတော့မှာပဲကို အဲ့လောက်ထိအသန့်ကြိုက်မနေပါနဲ့ ပိုကိုပိုလွန်းတယ်"
"မဟုတ်...."
"ဟုတ်ပြီဟုတ်ပြီ ကျွန်တော်ရှေ့ကသွားမယ် အဲတာဆိုရပြီမလား"
ပြောမည့်စကားကိုဆုံးအောင်နားမထောင်ဘဲ ကျောခိုင်းသွားသည့်ကောင်လေးကိုကြည့်ရင်း သက်ပြင်းတချချခေါင်းတခါခါနဲ့ပဲနောက်ကလိုက်ရတော့သည်။
.
.
"ဝါးးး လှလိုက်တာ ဒါဘာချောင်းလဲဗျ"
တသွင်သွင်စီးဆင်းနေကာ ကြည်တောက်နေသည့်ချောင်းကလေးကိုကြည့်ရင်း စောလွန်းမေးလိုက်သည်။ကျောက်စရစ်ခဲလေးတွေကရေအောက်ရတနာတစ်ပါးကဲ့သို့ ရေအောက်ကြမ်းပြင်တွင်အစုလိုက်အပြုံလိုက်။တကယ်ပါ...ချောင်းမဟုတ်ပါဘဲ နတ်ရေကန်လေးနှင့်ပင်တူရော့သည်။
"ကျုပ်တို့ကတော့ရေကြည်ချောင်းလို့ခေါ်တယ်"
"ရေကြည်ချောင်း"
"အင်း ဟိုးကတောင်ပေါ်မယ် ဝေါစုရေတံခွန်ဆိုတာရှိတယ် ဒီရေကြည်ချောင်းကရေတံခွန်ကစီးဆင်းလာတဲ့ရေတွေလေ"
ရာဇပြောလည်းပြောရင်း အဝေးမှလှမ်းမြင်နေရသည့်စိမ်းစိုစိုတောင်တန်းကြီးကိုလက်ညိုးထိုးပြသည့်အခါ ရွှန်းလဲ့နေသည့်မျက်ဝန်းလေးတွေဖြင့်လိုက်ကြည့်နေသည့်သိုးပေါက်ကလေး။
"အဲတာကရော ဘာတောင်လဲ"
"စွယ်တော်နှစ်လွှာတောင်တဲ့"
"ဟင် အဲတောင်မှာစွယ်တော်ပင်တွေရှိလို့အဲလိုခေါ်တာဟုတ်စ"
တကယ်ကိုသိချင်ဟန်ဖြင့်မေးနေသည့်ကောင်လေးကိုရာဇမပြောပြချင်သေးပေ။နောက်များမှစွယ်တော်နှစ်လွှာတောင်လို့ခေါ်ရသည့်အကြောင်းအရင်းကိုပြောပြပါမည်။အခုကတော့ပြောပြဖို့ရာ အချိန်မတန်သေးတာကြောင့် စကားလမ်းကြောင်းလွှဲဖို့သာကြိုးစားလိုက်သည်။
"ကဲ ခင်ဗျားစကားများမနေဘဲ ရေသာသွားချိုးပါတော့"
"ဟုတ်ပါပြီ"
မေးတာကိုမဖြေဘဲရေအတင်းချိုးခိုင်းနေသည့်ဓားပြကြီးကို မကြည်ကြည့်တစ်ချက်ကြည့်ပြီးချောင်းစပ်နားသို့လျှောက်လာလိုက်သည်။
"ဓားပြကြီး ခင်ဗျားအနောက်ကိုလှည့်ပြီးကျွန်တော့်ကိုကျောပေးထား"
"ဘာကြောင့်ကျုပ်ကလှည့်ရမှာလဲ"
"ဒီမယ် ကျွန်တော်ရေချိုးမလို့လေ ခင်ဗျားကြည့်နေရင်ဘယ်လိုများချိုးရမလဲ"
ထိုကောင်လေးပြောတာလည်းမှန်နေတာကြောင့် အလိုကျနောက်သို့လှည့်ပေးလိုက်ရသည်။ချောင်းကအရမ်းမနက်ပါ ထိုကောင်လေးရဲ့အရပ်နှင့်ဆို ရင်ခေါင်းလောက်ထိတော့ရှိလောက်မည်။ထို့ကြောင့် ရာဇစိတ်ချလက်ချနဲ့နောက်ကျောပေးကာ ထိုကောင်လေးရေချိုးလို့ပြီးမည့်အချိန်ကိုသာစောင့်နေလိုက်သည်။
မိနစ်ပိုင်းမျှကြာသော်....
"ကောင်လေး မင်းချိုးလို့ပြီးပြီလား"
"..........."
ရေသံများသာကြားနေရပြီး ထိုကောင်လေး၏ပြန်ဖြေလာသံကိုတော့မကြားရပေ။
"ကောင်လေး"
"............"
မဟုတ်သေးဘူး....ဘာလို့ပြန်မဖြေတာလဲ။တစ်ခုခုများဖြစ်နေလို့လား။ စိုးရိမ်တကြီးဖြင့်စဥ်းစားနိုင်စွမ်းကင်းမဲ့ကာ နောက်ကိုလှည့်ကြည့်လိုက်တော့...
"ဟာ!"
လက်ကလေးနှစ်ဖက်မှလွဲ၍ ကျန်သည့်ခန္ဓာကိုယ်တစ်ခုလုံးရေထဲတွင် နစ်မြှပ်နေသည့်ကောင်လေး။
<<<<<<
>>>>>>
ချောင်းတွေရေတံခွန်တွေတောင်တွေ အကုန်ချီ့စိတ်ကူးထဲကဖန်တီးမှုတွေပါ တကယ်အပြင်မှာမရှိပါဘူးနော်။
ဆေးပန်းချီ🌸
၁၈.၁၂.၂၀၂၁💜
မြန္းတည့္ေနကေခါင္းအေပၚတည့္တည့္သို႔က်ေရာက္ေနေခ်ၿပီ။သို႔ေသာ္...အပူဒဏ္ကိုေတာ့ျဖင့္ ေစာလြန္းတို႔မခံစားရသည္မွာ တဲကိုအုပ္မိုးထားသည့္ဓနိမိုးေၾကာင့္ျဖစ္လိမ့္မည္။
"ခင္ဗ်ား ဦးႏွောက္မွန္ရဲ႕လား"
".............."
တည္ၿငိမ္သည့္မ်က္ႏွာႏွင့္အတည္ေပါက္ႀကီးလိုလိုေျပာေနသည့္ဗိုလ္ရာဇဆိုသည့္လူကို ေစာလြန္းေအာ္ေမးလိုက္ေသာ္လည္း ေစာလြန္းမ်က္ႏွာကိုစူးစိုက္ၾကည့္ကာ ျပန္ေျဖၾကားလာျခင္းမရွိေပ။ဘယ္လို...ေစာလြန္းကသူနဲ႕အတူတူ တဲတစ္ခုတည္းမွာေနရမယ္။
*မသင့္ေတာ္လိုက္တာ*
ဓားႏွင့္ခုတ္မည္ကိုစိုးရိမ္ေနသည့္ေၾကာက္စိတ္ကေလးေတြေတာင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္။
"ကိုယ္မုန္းတဲ့သူမ်ိဳးနဲ႕ ဘယ္သူကတစ္အိမ္တည္းေနခ်င္မွာလဲ"
"ဆိုေတာ့ကာ...ခင္ဗ်ားကဒီမွာပဲေနမယ္ေပါ့"
"ဟု..ဟုတ္တယ္"
ဆယ္ေပပတ္လည္ေလာက္သာက်ယ္ဝန္းသည့္ယိုင္နဲ႕နဲ႕တဲကေလးကို မ်က္စိကစားၾကည့္ရင္းျပန္ေျဖမိသည္။
"သေဘာဗ်ာ... ဒီတဲကအကာအရံမလုံ ထရံေတြကေပါက္ၿပဲနဲ႕ ညဘက္ဆိုလည္းေအးေတာ့ ေႁမြေတြဘာေတြလည္းတတ္လာနိုင္..."
"ေတာ္..ေတာ္ေတာ့ ခင္ဗ်ားတမင္ေလွ်ာက္ေျပာေနတာမလား မေန႕ညကလည္းကြၽန္ေတာ္ဒီမွာပဲေနရတာေလ မဟုတ္လား"
"မေန႕ကဒီတဲမွာက်ဳပ္တပည့္တစ္ေယာက္ေစာင့္ေနေပးလို႔ခင္ဗ်ားေအးေအးေဆးေဆးေနနိုင္တာ မဟုတ္ရင္ ပိုးထိၿပီးသုႆန္သြားေနရေလာက္ၿပီဗ်ာ"
တပည့္တစ္ေယာက္ေစာင့္ေပးတာမဟုတ္ဘဲ ရာဇကိုယ္တိုင္ ျခင္ေတြတုပ္သည့္ၾကားကအိပ္မငိုက္ေအာင္ႀကိဳးစားရင္း ေစာင့္ေပးခဲ့တယ္ဆိုတာကိုေတာ့ထိုသိုးေပါက္ေလးအားမေျပာျပမိေတာ့ေပ။
"ကဲ...မယုံသပဆိုလည္းေနခဲ့ေပေတာ့ က်ဳပ္သြားၿပီ"
လက္ထဲတြင္ကိုင္ထားေသာဆယ္လက္မေလာက္ရွည္လ်ားသည့္ဓားမႀကီးကို ညာမွဘယ္သို႔ေျပာင္းကိုင္ကာ ထိုသိုးေပါက္ေလးအားေက်ာခိုင္းလိုက္သည့္အခါ...
"ေန..ေနဦး"
တိုးညင္းသဲ့သဲ့ဟန့္တားသံေလးျဖစ္ပါေသာ္လည္း ရာဇ၏ေျခလွမ္းမ်ားသည္သခင့္အလိုကိုဆန့္က်င္စြာ ေနရာမွာတင္ရပ္တန့္ကုန္၏။
ေခါင္းကိုအနည္းငယ္ေစာင္းၾကည့္လိုက္ကာ ဘာလဲဟူသည့္သေဘာျဖင့္ေမးေင့ါျပလိုက္ေတာ့ ေျပာရခက္ေနဟန္ျဖင့္ႏႈတ္ခမ္းရဲရဲေလးကိုတစ္တိတိကိုက္ေနသည့္သိုးေပါက္ေလး။ခဏၾကာမွ
"အဲ့အေၾကာင္းကိုညမွထပ္ေျပာၾကတာေပါ့ အခုလည္းေန႕လည္ေန႕ခင္းပဲရွိေသးတာမလား ေနာ္"
အရည္လဲ့ေနသည့္မ်က္ဝန္းတစ္စုံကေပးသည့္အမိန့္ကိုမလြန္ဆန္နိုင္စြာ ေခါင္းညိတ္ရသည္က ဓားကိုင္ကာဓားျပတိုက္သည့္ဗိုလ္ရာဇဆိုသူပင္။
"က်ဳပ္သြားၿပီ"
"ခ..ခဏ"
"........"
"ကြၽန္ေတာ္သန့္ရွင္းေရးလုပ္ခ်င္လို႔...အဲ့ဒါ"
ထိုေကာင္ေလးကိုမေန႕ညကတည္းကဒီတဲထဲမွာပဲခ်ဳပ္ထားခဲ့တာဆိုေတာ့ ကိုယ္လက္သန့္စင္တာေတြဘာေတြမလုပ္ခိုင္းရေသး။
ဘယ္တတ္နိုင္မလဲ ကိုယ္ေခၚလာခဲ့တာဆိုေတာ့ကိုယ္ပဲတာဝန္ယူ႐ုံေပါ့။
"က်ဳပ္ေနာက္လိုက္ခဲ့"
ခပ္သြက္သြက္သြားေနသည့္သူ႕ေနာက္သို႔ ေကာင္ေလးကလည္းခပ္ကုပ္ကုပ္လိုက္ပါလာသည္ကို တိုးညွင္းတဲ့ေျခသံေလးေတြကိုအာ႐ုံစိုက္နားေထာင္ရင္းခန့္မွန္းနိုင္သည္။
"အာ...ခင္ဗ်ားဒီမယ္ခဏရပ္ေစာင့္ေနဦး ဘယ္မွသြားမယ္မႀကံနဲ႕ေနာ္ ေတာထဲမယ္က်ားရွိတယ္"
ျခင္က်ားဆိုတာကိုေတာ့ရာဇစိတ္ထဲကေနပဲေျပာလိုက္သည္။
"သြားစရာရွိတာမသြားဘဲ ဘယ့္ႏွယ့္ေၾကာင့္သူတစ္ပါးကိုၿခိမ္းေျခာက္ေနရသလဲ သြားသြား ဒီမွာပဲရပ္ေစာင့္ေနမယ္"
ေနရာမွေျခလွမ္းက်ဲႀကီးေတြျဖင့္ထြက္ခြာသြားသူ၏ေက်ာျပင္က်ယ္က်ယ္ကိုၾကည့္ရင္း ေစာလြန္းမေက်မနပ္ျဖစ္ကာေျခေဆာင့္မိသည္။လူကိုအလားကားေနရင္း ဟိုဟာနဲ႕ၿဖဲေျခာက္လိုက္ဒီဟာနဲ႕ၿဖဲေျခာက္လိုက္လုပ္ေနတာ။ဘယ္သူကမေၾကာက္လို႔လဲ။
မခ်စ္ေသာ္လည္းေအာင့္ကာနမ္းဆိုသလို သူတို႔ဆီမွာဖမ္းခံထားရသည့္ဆက္ၾကားေတာ့ သူတို႔ထားသလိုေန၊သူတို႔ေကြၽးတာစား၊သူတို႔ခိုင္းတာလုပ္႐ုံသာတတ္နိုင္ေတာ့သည္။သူတို႔ကိုသာျငင္းဆန္လို႔ကေတာ့ ရက္စက္သည့္ထိုဓားျပေတြသည္ေစာလြန္းကိုက်ားစာေကြၽးနိုင္သည္။
ေအာင္မေလးေလး...ဘယ္သူ႕ကိုမွမေကာင္းတာမႀကံစည္ခဲ့ဖူးပါဘူးေနာ္။ ဘာေၾကာင့္မ်ားေစာလြန္းက်မွဒီလိုအျဖစ္ဆိုးေတြႀကဳံရပါသနည္း။ဒီေနရာကေနအလ်င္အျမန္လြတ္ေျမာက္ခ်င္ပါသည္။
"ဒီမယ္ ေရာ့"
အေတြးနယ္ခ်ဲ့ကာပတ္ဝန္းက်င္ႏွင့္အဆက္အသြယ္ေခတၱပ်က္ေနတုန္း လက္ထဲသို႔ေရာက္လာသည့္အဝတ္အစားတစ္စုံ။ဖ်င္ပုဆိုးႏွင့္စြပ္က်ယ္တစ္ထည္ကိုပစ္ထည့္ေပးလာသည့္လူကိုၾကည့္လိုက္ေတာ့ သူမဟုတ္သလိုခပ္တည္တည္မ်က္ႏွာေဘးႏွင့္။
ေျဖးေျဖးေပးလည္းရရဲ႕သားနဲ႕ကို လူကိုဆိုအၿမဲအၾကမ္းပတမ္း။
"ဒါဘယ္သူ႕အဝတ္ေတြလဲ"
"က်ဳပ္ယူလာတာက်ဳပ္အဝတ္ေပါ့"
"မဝတ္ခ်င္ဘူး"
"ခြၽတ္ေန ဒါဆိုလည္း"
"ခင္ဗ်ား မမိုက္ရိုင္းနဲ႕ေနာ္"
"ေဟာ က်ဳပ္ေျပာေတာ့ရိုင္းတယ္ေပါ့ ခင္ဗ်ားေရခ်ိဳးၿပီးရင္လဲရေအာင္ေစတနာထားၿပီးသြားယူေပးလာတာကိုခင္ဗ်ားကသာဘုကလန့္တိုက္ေနတာမဟုတ္လား"
သူေျပာတာလည္းမွန္ေနတာေၾကာင့္ ေစာလြန္းႏႈတ္ပိတ္လိုက္ရေသာ္လည္း ဒီလူ႕အဝတ္ေတြကိုမဝတ္ခ်င္ေပ။ဘယ္တတ္နိုင္မလဲ ေစာလြန္းရဲ႕ကံပဲေပါ့။ဘဝကလည္းကိုယ္ၾကည့္မရေသာ လူဆိုးတစ္ေယာက္ႏွင့္အတူေနရ႐ုံသာမက အခုေတာ့အဝတ္ေတြပါဝတ္ရဦးမည္။
"ဒါက်ဳပ္အဝတ္ေတြထဲကအသန့္ဆုံး ေနာက္ေန႕မွက်ဳပ္တပည့္ေတြကိုခင္ဗ်ားအတြက္အဝတ္အစားေတြသြားဝယ္ခိုင္းလိုက္မယ္ ဒီေန႕တစ္ရက္ေတာ့သည္းခံလိုက္ ဟုတ္ပလား"
"အဲသလိုမလုပ္လို႔တျခားနည္းလမ္းေရာရွိေသးလို႔လား တကတည္း"
ေဆာင့္ေအာင့္ကာအေရွ႕ကအရင္ထြက္သြားသည့္ေကာင္ေလးက ရာဇကိုမ်က္ေစာင္းထိုးဖို႔လည္းမေမ့ေပ။သိုးေပါက္ေလးမဟုတ္ဘဲ နဂါးသာဆိုလွ်င္္ အခုခ်ိန္ရာဇျပာပုံဘဝေရာက္ေနေရာေပါ့။
"ေဟ့ ေရခ်ိဳးရမဲ့ေနရာကိုသိလို႔လား"
ေအာ္ေျပာကာေနာက္ကလိုက္ေတာ့ ေျခလွမ္းေလးေတြႏွေးေကြးကုန္ကာ ရာဇကိုမေက်မခ်မ္းျပန္လွည့္ၾကည့္လာသည္။
"ျမန္ျမန္လာ"
ရာဇကလူဆိုးဓားျပဆိုတာကိုထိုသိုးေပါက္ေလးသတိေရာရေသးရဲ႕လားမသိ။မေၾကာက္မလန့္နဲ႕ေျပာလိုက္သည့္ပုံက ရာဇကပဲသူ႕ကိုဆရာတင္ထားရသလိုလို။
*တကယ္ တကယ္...ဒီသိုးေပါက္ေလးကမလြယ္ပါ့လား...*
"ျမန္ျမန္လာပါဆို ဘယ့္ႏွယ္ေက်ာက္ခ်ရပ္ေနရသလဲ"
"လာပါၿပီ ခင္ဗ်ားရယ္"
ဘယ္တတ္နိုင္မလဲ...ကိုယ္ေတြကသူ႕ကိုမတရားဖမ္းေခၚလာတဲ့သူေတြပဲ။ သူ႕ကိုရိုင္းရိုင္းစိုင္းစိုင္းမာမာထန္ထန္ဆက္ဆံလို႔မသင့္ေတာ္ပါဘူးေလ။
.
.
"ငါ့ေကာင္ေတြ ဆရာတို႔ဘယ္သြားတာလဲ"
"ေအးေနာ္ ႏွစ္ေယာက္တည္း"
"ငါတို႔လိုက္ေခ်ာင္းရင္ေကာင္းမလား"
ေျဖာင္းခနဲဇာတ္ပိုးအုပ္ခံလိုက္ရသည့္အာဂ။
"လိုက္ေခ်ာင္းရေအာင္ သမီးရည္းစားခ်ိန္းေတြ႕တာမွမဟုတ္ဘဲကြ"
"ေခြးမသားမာန ပါးစပ္ကေျပာေတာ့မင္းဖင္ႏူမွာစိုးလို႔လား"
"အဲတာအသာထား အခုဆရာကေကာင္ေလးကိုသတ္ၿပီးအေလာင္းေဖ်ာက္ဖို႔ေခၚသြားတာလာမသိဘူးေနာ္ မင္းစဥ္းစားၾကည့္ ငါတို႔ဓားျပေတြဆိုတာကိုတိုင္မွာစိုးလို႔ေလ"
"ဟာ...မင္းကလည္း ဆရာကလူသတ္အေလာင္းေဖ်ာက္တဲ့အထိေတာ့မရက္စက္တတ္ပါဘူး ၿပီးေတာ့..ေစာနကဆရာ့မ်က္ႏွာကလည္းၿပဳံး႐ႊင္ေနတာမ်ားပ်ားရည္အိုးႀကီးမ်က္မွာေပၚေလာင္းခ်ထားသလားမွတ္ရတယ္ မျဖစ္နိုင္ပါဘူးကြာ"
"ေဟ့ေကာင္ မင္းရဲ႕ဦးႏွောက္ကမင္းဆံပင္လိုပဲငုတ္စိ ဆရာကအခ်ိဳသပ္ၿပီးေခၚသြားတာဆိုဘယ္ႏွယ့္လုပ္မတုန္း"
"ဟိုေကာင္ ေသာ္ကမင္းေရာဘယ္လိုထင္လဲ"
ႏွစ္ေယာက္သားျငင္းခုံလို႔ဝသြားေတာ့ ေဘးမွာအၿငိမ္သားရပ္ေနသည့္ေသာ္က၏ထင္ျမင္ယူဆခ်က္ကိုေမးလိုက္သည္။
ေသာ္က ဆရာတို႔ကိုၾကည့္ေနရာမွ အာဂႏွင့္မာနဆီသို႔အၾကည့္ပို႔လိုက္ေတာ့ သူ႕အေျဖကိုစိတ္ဝင္တစားေစာင့္ေမွ်ာ္ေနသည့္မ်က္ႏွာေတြႏွင့္ႏွစ္ေကာင္...
"ငါထင္တာကေတာ့...မင္းတို႔ႏွစ္ေကာင္လုံးရဲ႕ဦးႏွောက္ကမူမမွန္ဘူး"
ထိုစကားေျပာၿပီးလွည့္ထြက္သြားေသာ ေသာ္က။
"မာန ေသာ္ကဘာေျပာသြားတာလဲ"
"ေအး ငါလည္းနားမလည္ဘူး"
ေသာ္က၏ရိုးရွင္းသည့္စကားအဓိပၸာယ္ကိုနားမလည္ဘဲ ေၾကာင္ေတာင္ေတာင္ေလးက်န္ခဲ့သည့္အာဂႏွင့္မာန။ထိုအခ်ိန္ ဆရာႏွင့္ဟိုေကာင္ေလးမွာလည္းသူတို႔၏ျမင္ကြင္းထဲမွေပ်ာက္ကြယ္သြားေခ်ၿပီ။
<<<<<<
>>>>>>
ေနေရာင္သည္ေစာလြန္းတို႔ဆီသို႔တိုက္ရိုက္မက်ေရာက္ဘဲ ထင္းရႉးပင္မ်ားေၾကာင့္ဟိုတစ္ေပ်ာက္ဒီတစ္ေပ်ာက္သာက်ေရာက္ေနသည္။ေတာႀကီးတစ္ခုျဖစ္သည့္အေလ်ာက္ အရိပ္ရသစ္ပင္မ်ားျပားလွေသာ္လည္း ယခုေတာင္ကုန္းေလးမွာမူ ထင္းရႉးပင္မ်ားႏွင့္သာျပည့္ႏွက္ေန၏။
ခပ္ေမာက္ေမာက္ေတာင္ကုန္းေလးက အရမ္မမက္ေစာက္တာေၾကာင့္အလြယ္တကူပဲတတ္နိုင္သည္။ေတာင္ကုန္းလို႔သာေျပာရတာ ေျမျပန့္ထက္အနည္းငယ္မက္ေစာက္ေနသည္မွလြဲ၍ မထူးမျခားနားပါ။
ထင္ရႉးပင္ႏွင့္ေျမျပင္ရွိျမက္ပင္တခ်ိဳ႕မွလြဲ၍မရွိေသာ္လည္း ထိုအရာမ်ားကပင္အလွတရားတစ္ခုလိုျဖစ္တည္ေနသည္။ေကာင္းကင္ေပၚေမာ့ၾကည့္လိုက္သည့္အခါတြင္လည္း ထင္ရႉးပင္ထိပ္ဖ်ားမ်ားၾကားတြင္ စြန္ငွက္ႏွစ္ေကာင္ေတာင္ပံျဖန့္ကာပ်ံသန္းေနသည္မွာလြတ္လြတ္လပ္လပ္။
"ဒီေနရာေလးကသာယာသားပဲေနာ္"
ဖ်င္ပုဆိုးႏွင့္စြပ္က်ယ္ကေလးကိုပိုက္ရင္း ေဘးမွာၿငိမ္သက္စြာလိုက္ပါလာသူကိုေစာလြန္းေျပာလိုက္သည္။သာယာသည့္ေနရာေလးျဖစ္ေသာ္လည္း စကားေျပာသံတို႔တိတ္ဆိတ္ေနေခ်ေတာ့အနည္းငယ္ေျခာက္ျခားဖြယ္ေကာင္းေနသည္။ကိုယ္မွစမေျပာလွ်င္ထိုလူကလည္းေျပာလာမည့္ပုံမေပၚတာေၾကာင့္ မုန္းစိတ္ကိုေနာက္ထားကာ စကားစလိုက္ရသည္ကေတာ့ေစာလြန္းသက္လယ္။
"ႀကိဳက္လား"
႐ုတ္တရက္ႀကီးေျခလွမ္းတို႔ကိုရပ္တန့္ကာ ေစာလြန္းမ်က္ဝန္းထဲသို႔စိုက္ၾကည့္ရင္းေမးလာတာေၾကာင့္ ေစာလြန္းပါလွမ္းေနသည့္ေျခလွမ္းတို႔ကိုေခတၱရပ္နားလိုက္ရသည္။
"ဟင္ ဘာကို...."
"ေၾသာ္...ဒီေနရာေလးကိုေျပာပါတယ္"
ဒီေနရာေလးဟုေျပာေနပါေသာ္လည္း မ်က္ဝန္းအၾကည့္ေတြကေတာ့ျဖင့္ေစာလြန္းဆီမွာသာတဝဲလယ္လယ္။နက္ေမွာင္ေနသည့္မ်က္ခုံးေမႊးထူထူေအာက္ကမ်က္လုံးအၾကည့္ေတြကအလြန္တရာမွစူးရွလြန္းတာေၾကာင့္ ေစာ္လြန္းအျမန္အၾကည့္လႊဲလိုက္ရသည္အထိ
။လူကိုဘာလို႔အဲေလာက္ေတာင္စိုက္ၾကည့္ေနရတာလဲ။
"အင္း ႀကိဳက္တယ္ေလ"
"နို႔ ဒါျဖင့္...ဒီေနရာမယ္ က်ဳပ္နဲ႕ပဲတစ္သက္လုံးေနလိုက္ပါေတာ့လား"
"ဘယ္ျဖစ္မလဲ ႐ြာမွာကြၽန္ေတာ့္ခ်စ္သူက်န္ခဲ့တယ္"
လႊတ္ခနဲႏႈတ္ကျပန္ေျဖလိုက္မိေသာ္လည္း အေျဖဆုံးတာႏွင့္တၿပိဳင္နက္ ေဒါင္းလုံ႐ြာေလးတြင္က်န္ခဲ့သည့္ေမာင့္ကိုသတိရမိသြားသည္။သူဒီကိုေရာက္ေနတာတစ္ရက္ခန့္ရွိၿပီ။ေမာင္မ်ားစိတ္ပူၿပီးလိုက္ရွာေနေလမလား ေမာင္အဆင္မွေျပေနရဲ႕လားသိခ်င္မိ၏။
ခ်စ္သူကိုသတိရကာအေတြးလြန္ေနသည့္ေစာလြန္းသည္ ရာဇ၏ထိန္းမရနိုင္ေလာက္ေအာင္ပ်က္ယြင္းသြားသည့္မ်က္ႏွာကိုေတာ့ျဖင့္မျမင္လိုက္ေပ။
"ဘယ္လို....မင္းခ်စ္သူ....."
ၾကားလိုက္ရသည့္စကားကရာဇကိုမထင္မွတ္ထားေလာက္ေအာင္အံ့ၾသသြားေစသည္။အမည္မသိသည့္ရင္ဘတ္တစ္ေနရာကနာက်င္မႈသည္ဘယ္ကလာပါသနည္း။ထပ္မံအတည္ျပဳလိုေသာေၾကာင့္ေမးမည္ႀကံလိုက္ေသာ္လည္း ေမြးခြန္းမဆုံးခဲ့ေပ။
ေဝါ....ေဝါ....
"ဟင္ ေရသံၾကားရတယ္ ဒီနားမယ္ေခ်ာင္းရွိတာလား"
ေရသံၾကားရာေနာက္သို႔မ်က္ဝန္းေတာက္ေတာက္ေလးေတြျဖင့္ဆက္ေလွ်ာက္သြားသည့္ေကာင္ကေလးသည္သူ႕ကိုေတာင္ေမ့ေလ်ာ့ကာခ်န္ထားခဲ့သည္။
သူ၏ေျခေထာက္တစ္စုံကေရာဘာလို႔မ်ားတစ္လွမ္းမွဆက္မလွန္းခ်င္ေတာ့ေအာင္ အားယုတ္သြားရပါသနည္း။
တကယ္ဆိုရင္ထိုေကာင္ေလးကလည္းအ႐ြယ္ေရာက္ေနၿပီးသားပဲမလား။ ခ်စ္သူရည္းစားရွိတာအဆန္းမဟုတ္။ဒါကိုသူကဘာလို႔မ်ား....ဟာ စိတ္ရႈပ္လိုက္တာ။ကိုယ့္ကိုကိုယ္ေတာင္နားမလည္နိုင္သည့္အေတြးတခ်ိဳ႕နဲ႕အတူ ေခါင္းကိုလည္းတပ်င္းပ်င္းကုပ္မိသည္။
"ေဟ့လူႀကီး"
ေျခလွမ္းေတြရပ္တန့္ၿပီးေနာက္လွည့္ၾကည့္၍သူ႕ကိုေခၚလာသည့္ေကာင္ေလးေၾကာင့္ အေယာင္ေယာင္အနနျဖင့္ေမာ့ၾကည့္မိေတာ့ မ်က္ေမွာင္ၾကဳတ္ကာရာဇအားၾကည့္ေနသည္။
"လာေလဗ်ာ"
"က်ဳပ္...."
"ေဟာ လာပါဆို"
ေခၚေနေသာ္လည္းတစ္လွမ္းမွမေ႐ြ႕သည့္ဓားျပႀကီးကိုေစာလြန္းစိတ္မရွည္ေတာ့တာေၾကာင့္ အနားသြားကာလက္ေမာင္းကိုဆြဲ၍ေခၚရေတာ့သည္။
ကာယကံရွင္ဘက္ကသူ႕ဆႏၵအေလ်ာက္လာေရာက္ထိခတ္သည့္အထိအေတြ႕ေလးကရာဇခႏၶာကိုယ္အတြင္းရွိအေၾကာေတြအားလုံးကိုလွ်ပ္စစ္ႏွင့္တို႔လိုက္သလိုပင္ က်င္ခနဲျဖစ္သြားေစသည္။
"မထိနဲ႕"
"ဟမ္"
"မင္း...လႊတ္!"
ရာဇကိုေၾကာင္ေတာင္ေတာင္နဲ႕ျပန္ၾကည့္ေနသည့္ေကာင္ေလး၏ လက္ေမာင္းကိုဆုပ္ကိုင္ထားသည့္လက္ကိုျဖဳတ္ခ်ကာ ေနာက္ကိုႏွစ္လွမ္းေလာက္ဆုတ္လိုက္ရသည္။ဒီအတိုင္းသာၾကာၾကာေနရင္ စိတ္ေတြေဖာက္ျပန္ကုန္မွျဖင့္ဒုကၡ။အတင့္ရဲသည့္ေကာင္ေလးကသူ႕ကိုမေၾကာက္ေတာ့ေလသလား လက္ရဲဇက္ရဲနိုင္လွသည္။
ေစာလြန္းလက္ကိုျဖဳတ္ခ်ကာ ေနာက္သို႔ဆုတ္သြားသည့္ဓားျပႀကီးကိုၾကည့္ၿပီးနားမလည္နိုင္စြာမ်က္ေမွာင္ၾကဳတ္မိသည္။ထို႔ေနာက္မွ...တစ္ခုခုကိုသေဘာေပါက္လိုက္ကာ ဝတ္ထားသည့္တီရႈပ္လက္တိုေလးအားငုံ႕နမ္းၾကည့္ေတာ့ ဆိုး႐ြားသည့္အနံ႕အသက္လည္းမရွိေပ။
"ကြၽန္ေတာ္ေရမခ်ိဳးရေသးလို႔လား အဲတာေၾကာင့္ အနားမကပ္ခိုင္းတာလား"
"ဘာ"
"ခင္ဗ်ားကလည္း...အခုေရသြားခ်ိဳးေတာ့မွာပဲကို အဲ့ေလာက္ထိအသန့္ႀကိဳက္မေနပါနဲ႕ ပိုကိုပိုလြန္းတယ္"
"မဟုတ္...."
"ဟုတ္ၿပီဟုတ္ၿပီ ကြၽန္ေတာ္ေရွ႕ကသြားမယ္ အဲ့တာဆိုရၿပီမလား"
ေျပာမည့္စကားကိုဆုံးေအာင္နားမေထာင္ဘဲ ေက်ာခိုင္းသြားသည့္ေကာင္ေလးကိုၾကည့္ရင္း သက္ျပင္းတခ်ခ်ေခါင္းတခါခါနဲ႕ပဲေနာက္ကလိုက္ရေတာ့သည္။
.
.
"ဝါးးး လွလိုက္တာ ဒါဘာေခ်ာင္းလဲဗ်"
တသြင္သြင္စီးဆင္းေနကာ ၾကည္ေတာက္ေနသည့္ေခ်ာင္းကေလးကိုၾကည့္ရင္း ေစာလြန္းေမးလိုက္သည္။ေက်ာက္စရစ္ခဲေလးေတြကေရေအာက္ရတနာတစ္ပါးကဲ့သို႔ ေရေအာက္ၾကမ္းျပင္တြင္အစုလိုက္အၿပဳံလိုက္။တကယ္ပါ...ေခ်ာင္းမဟုတ္ပါဘဲ နတ္ေရကန္ေလးႏွင့္ပင္တူေရာ့သည္။
"က်ဳပ္တို႔ကေတာ့ေရၾကည္ေခ်ာင္းလို႔ေခၚတယ္"
"ေရၾကည္ေခ်ာင္း"
"အင္း ဟိုးကေတာင္ေပၚမယ္ ေဝါစုေရတံခြန္ဆိုတာရွိတယ္ ဒီေရၾကည္ေခ်ာင္းကအဲ့ေရတံခြန္ကစီးဆင္းလာတဲ့ေရေတြေလ"
ရာဇေျပာလည္းေျပာရင္း အေဝးမွလွမ္းျမင္ေနရသည့္စိမ္းစိုစိုေတာင္တန္းႀကီးကိုလက္ညိုးထိုးျပသည့္အခါ ႐ႊန္းလဲ့ေနသည့္မ်က္ဝန္းေလးေတြျဖင့္လိုက္ၾကည့္ေနသည့္သိုးေပါက္ကေလး။
"အဲ့တာကေရာ ဘာေတာင္လဲ"
"စြယ္ေတာ္ႏွစ္လႊာေတာင္တဲ့"
"ဟင္ အဲ့ေတာင္မွာစြယ္ေတာ္ပင္ေတြရွိလို႔အဲလိုေခၚတာဟုတ္စ"
တကယ္ကိုသိခ်င္ဟန္ျဖင့္ေမးေနသည့္ေကာင္ေလးကိုရာဇမေျပာျပခ်င္ေသးေပ။ေနာက္မ်ားမွစြယ္ေတာ္ႏွစ္လႊာေတာင္လို႔ေခၚရသည့္အေၾကာင္းအရင္းကိုေျပာျပပါမည္။အခုကေတာ့ေျပာျပဖို႔ရာ အခ်ိန္မတန္ေသးတာေၾကာင့္ စကားလမ္းေၾကာင္းလႊဲဖို႔သာႀကိဳးစားလိုက္သည္။
"ကဲ ခင္ဗ်ားစကားမ်ားမေနဘဲ ေရသာသြားခ်ိဳးပါေတာ့"
"ဟုတ္ပါၿပီ"
ေမးတာကိုမေျဖဘဲေရအတင္းခ်ိဳးခိုင္းေနသည့္ဓားျပႀကီးကို မၾကည္ၾကည့္တစ္ခ်က္ၾကည့္ၿပီးေခ်ာင္းစပ္နားသို႔ေလွ်ာက္လာလိုက္သည္။
"ဓားျပႀကီး ခင္ဗ်ားအေနာက္ကိုလွည့္ၿပီးကြၽန္ေတာ့္ကိုေက်ာေပးထား"
"ဘာေၾကာင့္က်ဳပ္ကလွည့္ရမွာလဲ"
"ဒီမယ္ ကြၽန္ေတာ္ေရခ်ိဳးမလို႔ေလ ခင္ဗ်ားၾကည့္ေနရင္ဘယ္လိုမ်ားခ်ိဳးရမလဲ"
ထိုေကာင္ေလးေျပာတာလည္းမွန္ေနတာေၾကာင့္ အလိုက်ေနာက္သို႔လွည့္ေပးလိုက္ရသည္။ေခ်ာင္းကအရမ္းမနက္ပါ ထိုေကာင္ေလးရဲ႕အရပ္ႏွင့္ဆို ရင္ေခါင္းေလာက္ထိေတာ့ရွိေလာက္မည္။ထို႔ေၾကာင့္ ရာဇစိတ္ခ်လက္ခ်နဲ႕ေနာက္ေက်ာေပးကာ ထိုေကာင္ေလးေရခ်ိဳးလို႔ၿပီးမည့္အခ်ိန္ကိုသာေစာင့္ေနလိုက္သည္။
မိနစ္ပိုင္းမွ်ၾကာေသာ္....
"ေကာင္ေလး မင္းခ်ိဳးလို႔ၿပီးၿပီလား"
"..........."
ေရသံမ်ားသာၾကားေနရၿပီး ထိုေကာင္ေလး၏ျပန္ေျဖလာသံကိုေတာ့မၾကားရေပ။
"ေကာင္ေလး"
"............"
မဟုတ္ေသးဘူး....ဘာလို႔ျပန္မေျဖတာလဲ။တစ္ခုခုမ်ားျဖစ္ေနလို႔လား။ စိုးရိမ္တႀကီးျဖင့္စဥ္းစားနိုင္စြမ္းကင္းမဲ့ကာ ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့...
"ဟာ!"
လက္ကေလးႏွစ္ဖက္မွလြဲ၍ က်န္သည့္ခႏၶာကိုယ္တစ္ခုလုံးေရထဲတြင္ နစ္ျမႇပ္ေနသည့္ေကာင္ေလး။
<<<<<<
>>>>>>
ေခ်ာင္းေတြေရတံခြန္ေတြေတာင္ေတြ အကုန္ခ်ီ့စိတ္ကူးထဲကဖန္တီးမႈေတြပါ တကယ္အျပင္မွာမရွိပါဘူးေနာ္။
ေဆးပန္းခ်ီ🌸
၁၈.၁၂.၂၀၂၁💜