(Unicode)
အခန်းထဲက ငိုသံရီသံများ...။ အခန်းရှေ့က လူများခမျှာ ဂဏာမငြိမ်နိုင်တော့ပါ။ ထိုအထဲမှာ တိုင်းကမ္ဘာ ထိပ်ဆုံးကပါသည်။ မိုးညိုသည် လောလောဆယ်မှာ ကလေးအရွယ် မှတ်ဉာဏ်ပိုင်ရှင်။ ပျော်စရာထက် နင့်စရာကများနေသည်မို့မိုးညို လက်မခံနိုင်မှာစိုးသည်။
"တိုင်း ငြိမ်ငြိမ်နေစမ်းကွာ၊ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ ယောက်ဖက ကလေးမွေးတာ ကျနေတာပဲ"
"ထွဋ်ဘုဏ်းရှိန် ငါ ပုံမှန်မဟုတ်ဘူးနော်"
"သားတို့ တော်တော့..၊ နေညိုလေး လာနေပြီ"
မိုးညိုရဲ့ အမေနဲ့အဖေကို တိုင်း သိပ်အားကျသည်။ အလွန်အမင်း စိုးရိမ်တာလည်း မရှိသလို အပြင်းအထန် ပူပန်တာလည်း မရှိ..။ ကံစေရာကို လိုက်ဖို့သာ သဘောတူထားကြတယ် ထင်သည်။ တိုင်းကတော့ ယုံခဲ့သမျှ ကံကြမ္မာက အဆိုးချည်းပဲမို့ ဒီတစ်ခါပဲ မျက်နှာသာပေးပါ လို့ ဆုတောင်းမိတဲ့အထိ..။
"နေညို.. မိုးညို ဘယ်လိုလဲ"
"တိုင်း ဆရာဝန် မေးပါစေဦး"
"ရတယ် လူနာကို ကျွန်တော် ဝင်ကြည့်လိုက်မယ်၊ လူနာရှင်တွေ ခဏစောင့်နေပေးပါ"
ဆရာဝန် အထဲဝင်တာနဲ့ နေညို့နားမှာ ဝိုင်းအုံလို့သွားကြသည်။ နေညိုဆိုတာ ငိုရလွန်းလို့ မျက်လုံးတွေတောင် မို့မောက်နေပြီ။ ဒါ့ကြောင့် မိုးညိုကို ပိုစိတ်ပူမိသည်။ မိုးညို စိတ်ဖောက်မှာကို တိုင်း မကြည့်ရက်..။
"နေညို ငါ မေးနေတယ်နေ မိုးညို ဘယ်လိုလဲ"
"ညီညီလေးက.. ညီညီလေးက နေညို့ကို သိသွားပြီ၊ သူ လက်ခံတယ်"
"ပြီးတော့ရော"
"နေညို အားလုံး ပြောပြလိုက်တယ်၊ သူ့ကိုယ်သူ မယုံနိုင်ဘူး ဖြစ်နေတယ်"
"နေညို.. ငါ့အကြောင်းရော ပြောပြလိုက်သေးလား"
နေညိုက ခေါင်းငြိမ့်ပြတော့ တိုင်းရဲ့ရင်ထဲမှာ ဒိန်းကနဲ..။ တဆက်တည်းမှာပဲ ကြံရာမရ စဖြစ်ရပြီ။ ခြောက်တန်းကျောင်းသားလေး မျက်နှာပူနေရင် ဒုက္ခ..။ မိုးညို လက်ခံနိုင်ပါ့မလား..။
"သူ့ကိုယ်သူ ၁၂နှစ်သား မဟုတ်မှန်း သိနေတာတဲ့။ ပြီးတော့.. ထွဋ်"
"အင်း မောင့်ကို ဘာဖြစ်လဲ"
"အထဲဝင်ရင် နေ့အနားသိပ်မကပ်နဲ့၊ ညီညီ စိတ်တိုနေတယ်"
"အာ!! ယောက်ဖတို့က ထဖောက်လာပြီ၊ ဘာဆိုင်လို့လဲ အမေ ပြောပေးပါဦး"
"နေ လက်ထက်လိုက်ပြီပြောလို့ ငိုသေးတယ်.. အဲ့တာ နေ မနည်းချော့ထားရတာ အဲ့တာကြောင့်.."
"ထွဋ်ဘုဏ်းရှိန် မင်း မိုးညို သတိမရမချင်း နေညို့နားမသွားနဲ့"
"အား.. အဖေရေ သားကို ကယ်ပါဦး"
မိုးညို အဆင်ပြေတာ သေချာတယ်ဆိုမှ တိုင်း အားရပါးရ ပြုံးနိုင်ပါတော့သည်။ ထွဋ်ဘုဏ်းရှိန်ကို မျက်စိဒေါက်ထောက်ကြည့်ဖို့ အလုပ်တစ်ခုလည်း ပိုလာသည်။ ဒီကောင် စိတ်ဖောက်တာ အရေးမကြီး၊ မိုးညို စိတ်မခုဖို့သာ အဓိက..။
"ဆရာ ထွက်လာပြီ၊ ဆရာ ကျွန်တော့်သား အဆင်ပြေရဲ့လား"
"လူနာက တကယ်တော်ပါတယ်၊ သူ နားလည်နိုင်ဖို့ ကြိုးစားနေတယ်၊ Accident ကိစ္စကို မေ့နိုင်အောင် တခြားအကြောင်းအရာ များများပြောပေးပါ။ Accidentကို ပြန်တွေးမိလို့ သတိပြန်ရလာတာမျိုးထက် တခြားအတွေးတွေကြောင့် ပြန်မှတ်မိလာနိုင်အောင် လုပ်ပေးရမယ်"
"ဟုတ်ကဲ့ပါ ဆရာ၊ ကျေးဇူးတင်ပါတယ်"
"ဝင်သွားလို့ရပြီ"
ဆရာကိုယ်တိုင် တံခါးဖွင့်ပေးသော်လည်း တိုင်း ခြေလှမ်းတွေက ကြွမလာ..။ ထွဋ်ဘုဏ်းရှိန်ကို မလွှတ်တမ်းဆွဲထားရင်း အဖေတို့ကို အရင်ဝင်ခိုင်းရသည်။
"မင်း ဘာတုန်း"
"မိုးညိုတို့မိသားစု စကားပြောပါစေ"
"ငါ မိသားစုဝင်ဟ ဘေးဖယ်"
"ထွဋ်ဘုဏ်းရှိန်!"
"ကျစ် မင်း ဘယ်လိုဖြစ်နေတာလဲ တိုင်းကမ္ဘာ၊ ကြောက်ရင်ကြောက်တယ် ပြောစမ်းပါ၊ လာ ငါ ကာပေးမယ်"
ဒီလိုနေရာမှာ ထွဋ်ဘုဏ်းရှိန်က အားကိုးလို့ အကောင်းဆုံးပဲ။ မိုးညိုရဲ့ တုံ့ပြန်မှုကို ရင်မဆိုင်ရဲတော့ ထွဋ်ဘုဏ်းရှိန်နဲ့ ကွယ်ပြီးဝင်ရသည်။ အခန်းထဲရောက်တော့ နေညိုက မိုးညို မတ်မတ်ကြည့်နိုင်ဖို့ ကုတင်ကို ထောင်ပေးနေပြီ။
မိုးညိုလေးခမျှာ နိုးကတည်းက ကျောနဲ့နေခဲ့ရတာလေ။ ဖွံ့ဖြိုးပြီးသား ကိုယ့်ခန္ဓာကိုယ်ကို အခုမှသေချာဆန်းစစ်နေရှာတာ။ လေးရက်လုံးလုံး ဘယ်လောက်စိတ်ရှုပ်နေလိုက်မလဲ..။
"ကိုကို.. ဒီဘက်ကမလား ကိုကို့ယောကျာ်းက"
"အင်း ညီညီ.. ဒီဘက်က"
"ယောက်ဖ ငါလေ မမှတ်မိသေး-"
"ကျွန်တော့်ကို ယောက်ဖလို့ လာမခေါ်နဲ့၊ ကိုကို ဒီနားမှာပဲထိုင်နေ၊ ငါ မမှတ်မိမချင်း ကိုကို့ကို ဘာမှပေးမသွားဘူး"
"ဟာ ယောက်ဖ ဒီလို.."
မိုးညိုရဲ့ခေါင်းထက်က ပတ်တီးဖြူဖြူက ဦးထုတ်ဆောင်းထားသလို ဖြစ်နေသည်။ ဆူတူတူမျက်နှာလေးကိုက တကယ့်ချစ်စရာလေး။ အချစ်စိတ်မညိုစေဖို့ ထွဋ်ဘုဏ်းရှိန်ပါးစပ်ကို တိုင်းပိတ်ထားပေးလိုက်သည်။ တစောင်းကြည့်လာတဲ့ မျက်ဝန်းတွေကို ကြည့်ခြင်းအားဖြင့် ရွှေမိုးညို မခို့တရို့သုံးသပ်နေပြီဆိုတာက သိတာပေါ့။ အချိုသာဆုံးပြုံးရင်း အညင်သာဆုံး စိုက်ကြည့်မိသည်။ တိုင်းမျက်လုံးတွေကို မိုးညို သိပ်ချစ်တာ..။
"ဟမ်း.. မေမေ သား ရေဆာတယ်"
"မေမေ လာပြီ"
"ညီညီ ငါတိုက်မယ်"
ဘယ်သူထထမထထ.. တိုင်းကတော့ ရေဘူးရောရေခွက်ပါ ယူပေးပြီးသွားပြီ။ ဖိတ်မှာစိုးလို့ လက်ဖက်ရည်ဇွန်းလေးနဲ့သာ ရေဝင်အောင်တိုက်ပါသည်။ ဒါပေမဲ့ ကိုရွှေမိုးညိုက မျက်လုံးချင်းဆိုင်မကြည့်..။
"မိုးညို သောက်လေ"
"ဟုတ်.. ကို..ကြီး"
မိုးညို ယဉ်ကျေးနေတာကို မြင်ရကြားရတော့ မျက်နှာက ရီချင်စိတ်ကို ထိန်းချုပ်လို့မရ။ အောင့်ထားပြန်တော့လည်း ဇွန်းကိုင်ထားတဲ့လက်က တဆတ်ဆတ်တုန်လာသည်။ ဒါကို မိုးညိုက သိပ်ကျေနပ်ဟန်မတူ။
"ဒီမှာ ကိုကြီး သေချာတိုက်လေ"
"ကိုတိုင်း ရရဲ့လား နေညိုတိုက်လိုက်မယ်"
"ရတယ် နေညို..၊ မိုးညို ကိုကြီး သေချာတိုက်မယ်နော်"
ကြင်နာစွာ ဆက်ဆံတာကိုလည်း နေသားကျပုံမပေါ်။ အကြည့်တွေကို ထပ်လွှဲသွားပြန်ပြီ။ နမ်းဖူးတဲ့ နှုတ်ခမ်းလေးကို တစ်ရှုးစယူကာ ရေသုတ်ပေးဖို့ ကြိုးစားတုန်းမှာ မိုးညိုဆီက အော်သံထွက်လာပါသည်။
"ကိုကို မင်းပဲတိုက်"
"နေ.. မောင့်ကို တိုက်ခန်းပြန်ပြီး ပစ္စည်းယူဆို ဘာမှာဦးမှာလဲ"
"လာပြီ ထွဋ်..၊ ညီညီ ခဏလေးနော်"
"မရဘူး ငါ့နားမှာပဲနေ.."
ယောက်ဖကြောင့် ထွဋ်ဘုဏ်းရှိန် တကယ်ငိုချင်လာပြီ။သတိလစ်နေတုန်းကတောင် ဒီလောက်မငိုချင်ဘူး။ တိုင်းကမ္ဘာကို ခုမှစာနာတယ်။ ချစ်သူနဲ့ကွေ့ကွင်းရတဲ့ ဒုက္ခဆိုတာ ဒါမျိုးလား။ ရွှေမိုးညို.. ရွှေမိုးညို ငယ်ငယ်ကတည်းက အကျင့်မကောင်းတာပဲ။
"ထွဋ် စာရွက်မှာရေးထားတယ်၊ ညီညီ့အခန်းထဲကို ဝင်ယူခဲ့နော်..၊ ကိုတိုင်းရော ဘာမှာဦးမလဲ"
"တော်ပြီ မမှာတော့ဘူး၊ မိုးညိုနားမှာ ထိုင်မလို့"
"မ..ထိုင်နဲ့ ကျွန်..တော်က ရတယ်"
ကောင်းလိုက်တာ..၊ အခုမှ ငယ်မူပြန်ပြီး ရှက်သွေးဖြာနေတဲ့ ယောက်ဖရယ်..၊ ရည်းစားကို ပြန်အီနေရတဲ့ အစ်ကိုရယ်.၊ မောင်ကိုကြောက်လို့ ယောကျာ်းကိုစေ့စေ့တောင် မကြည့်ရဲတဲ့ နေရယ်၊ ဒီသုံးယောက်နဲ့တင် ထွဋ်ဘုဏ်းရှိန် အောက်စီဂျင် ကျချင်လာသလိုပဲ။ ဒါနဲ့တင်မပြီး၊ ယောက္ခမနှစ်ပါး အိမ်မှာပြန်နားဖို့အတွက် ထွဋ်ဘုဏ်းရှိန်ကပဲ အလည်ကနေ တဖက်စီတွဲပြီး ကားပေါ်တင်ပေးရသည်။
"အမေ သားကို အထုတ်တွေပေး"
"အမေနိုင်ပါတယ် သားရယ်"
"သားက နိုင်တယ် အမေရဲ့၊ အဖေ ဖြည်းဖြည်းနော်"
နေ့မိဘက ကိုယ့်မိဘပဲ..။ အဖေက ခြေတုတဖက်နဲ့မို့ ထွဋ်ဘုဏ်းရှိန် ပိုပိုသာသာ တွဲပေးဖြစ်သည်။ စကားစမြည်ပြောရင်းဆိုရင်း ကားနားရောက်ခါနီးမှာပဲ မွေးဖခင်ကျေးဇူးရှင်နဲ့ ဆုံသည်။ မျက်ခုံးကြီးက ရှုံ့နေတာပဲ။ ယောက္ခမကို ချစ်ပြနေတာကို မြင်သွားပြီလေ။ အူတွေဘာတွေ တိုမှာပေါ့။
"အမေတို့ ကားပေါ်ထိုင်နှင့်နော်၊ သား ခဏစကားပြောလိုက်ဦးမယ်"
"ရလား သား အမေတို့ နှုတ်ဆက်ဖို့လိုရင်"
"အာ ရတယ် အမေ၊ အဖေနဲ့သားနဲ့က မခေါ်ကြေးလို့ ပြောထားပြီးသား ခဏပဲ"
ထွဋ်ဘုဏ်းရှိန်အဖေ ဦးထွဋ်တင်မင်းက ဉာဏ်နီဉာဏ်နက်များလွန်းသည်။ အဖေနဲ့တစ်ခါဆုံတိုင်း နေ့မှာ မျက်ရည်လေးကလယ်ကလယ်နဲ့..။ နေ့ကိုငိုအောင်လုပ်တာက ထွဋ်ဘုဏ်းရှိန်ကို ထိုးနှက်နေတာနဲ့ အတူတူပဲ။
"မိဘကို ခြေစုံကန်သွားတဲ့ သားမိုက်က ယောက္ခမကို ပြုစုနေတယ်လား"
"ယောက္ခမတွေက အေးချမ်းတယ် အဖေရဲ့..၊ တရားပဲမှတ်နေတာ၊ အဖေလည်း ရိပ်သာအပြီးဝင်ပါ့လား"
"ငါ မင်းနဲ့ရန်ပြိုင်မဖြစ်ချင်ဘူး ထွဋ်ဘုဏ်းရှိန်..၊ ရွှေမိုးညို ဘယ်လိုနေလဲ"
"ကောင်းပါတယ် ကောင်းလွန်းလို့ ခက်နေတာ၊ အမေရော သက်သာလား"
အဖေ့မျက်နှာ ညိုးသွားပုံကိုထောက်ရင် အမေ အခြေအနေသိပ်ကောင်းပုံမရ..။ ထွဋ်ဘုဏ်းရှိန်လည်း ရင်ထဲမကောင်း..။ အမေက မိထွေးဆိုပေမဲ့ ထွဋ်ဘုဏ်းရှိန်ကို သားအရင်းတစ်ယောက်လို ချစ်ပေးသည်။ ဒါပေမဲ့ ရုတ်တရက် ထွက်သွားတာမျိုးမဟုတ်တာမို့ ကျန်ရစ်သူတွေ စိတ်ပြင်ဆင်ဖို့ အချိန်ကြိုရတယ်လို့ ပြောရမလားပဲ။
"အဖေ.. တောင်းပန်တယ် ကိုထွဋ်.. အရင်တုန်းက အဖေပြောတာ လွန်သွားတယ်၊ နေညိုနဲ့ရော အဆင်ပြေရဲ့လား"
ချက်ချင်း ပြန်မဖြေသေးပါ၊ အဖေ့မျက်နှာကို အရင်အကဲခတ်ရသည်။ ထွဋ်ဘုဏ်းရှိန်အဖေက ထွဋ်ဘုဏ်းရှိန်လိုပဲ အကြံကြီးတတ်သည်။ မလှိမ့်တပတ် လာလုပ်ရင် ထွဋ်ဘုဏ်းရှိန် ပြန်လှိမ့်ပစ်မှာ။ ဒါပေမဲ့ ထူးဆန်းတာက အဖေ့မျက်ဝန်းတွေမှာ မာန်မပါ.. ဒါစိတ်ရင်းရော ဟုတ်ရဲ့လား။
"သူ့ညီညီစိတ်ကြောင့် ပင်ပန်းနေတယ် အဖေ၊ သားရှိနေလို့ တော်သေးတယ်"
"ဆိုင်ကရော"
"အားရင်အားသလို သွားကြည့်ရတာပေါ့၊ လွှတ်ထားလို့မှ မရတာ"
"ကိုထွဋ် လူကြီးဖြစ်လာပြီပဲ၊ အဖေ မင်းကိုစိတ်ချလို့ရပြီထင်တယ်"
ဆံမွှေးနီကြောင်ဆံပင်ကေ၊ ဘယ်လောက်အိုက်အိုက် မချွတ်တမ်း ဝတ်တဲ့ဂျာကင်၊ လူတကာကို ခနဲ့တဲ့တဲ့ကြည့်တတ်တဲ့ မျက်ဝန်းတွေ..၊ ဒါတွေအားလုံးကို ထွဋ်ဘုဏ်းရှိန် ပိုင်ဆိုင်ခဲ့ဖူးသည်။ ဘဝဆိုတာ ပစ်စလတ်ခတ်နေလည်း လူဖြစ်တယ်လို့ ထင်ခဲ့ဖူးတဲ့သူ..။ ရွှေနေညိုနဲ့တွေ့မှပဲ ရင့်ကျက်ခြင်းတွေ ဖြစ်တည်လာခဲ့တာ။
လူကြီးဆန်အောင် တမင်တကာလုပ်ယူထားခြင်းမဟုတ်။ နေ့ကို မျက်နှာမငယ်အောင် ထားမယ်ဆိုတဲ့ အတွေးတစ်ခုတည်းကြောင့် ထွဋ်ဘုဏ်းရှိန် လူဖြစ်လာခဲ့သည်။ နောက်ဆိုရင် သမီးလေးပါ ထွဋ်ဘုဏ်းရှိန် ဘဝထဲဝင်လာတော့မည်။ ဖခင်ကောင်း တစ်ယောက်ဖြစ်အောင် နေထိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ။
"အဖေ.. သား အငှားကိုယ်ဝန်ယူထားတယ်"
"ဟေ တကယ်လား ဘယ်တုန်းကလဲ၊ ပိုက်ဆံကရော ဘယ်ကရှာလဲ"
"သား တောင်မြို့ကခြံကို ရောင်းလိုက်တယ်၊ နေ့ကိုယ်ပွားလေးက နှစ်လကျော်လာပြီ အဖေ"
"ဒါဆို.. မင်း"
"ဟုတ်တယ် အဖေသိအောင် သားကြိုပြောပြထားတာ"
"ဟင်း မင်းကို ငါအဆုံးထိတွေးပြီးသားပါ"
"ကျွန်တော်နဲ့နေ သာမာန်မိသားစုဘဝလေးတစ်ခု တည်ဆောက်နိုင်တယ်ဆိုတာကို တလောကလုံးမြင်အောင် ကျွန်တော်ပြမှာ။ သမီးလေးက ကျွန်တော်မေတ္တာနဲ့ မွေးမယ့် ကျွန်တော်ရင်သွေးပဲ။ သမီးလေးချတဲ့ ဘယ်ဆုံးဖြတ်ချက်ဖြစ်ဖြစ် အလေးထားဖေးမတတ်တဲ့ အဖေတစ်ယောက် ဖြစ်ချင်တယ် အဖေ။ ကျွန်တော် ရင့်ကျက်လာတယ်မလား"
အဖေက စကားနဲ့မဖြေဘဲ အပြုံးနဲ့သာ တုံ့ပြန်သည်။ ထွဋ်ဘုဏ်းရှိန်ရဲ့ ရွေးချယ်မှုကို အဖေ လက်မခံနိုင်သရွေ့ သားအဖနှစ်ယောက်ကြား အေးစက်ခြင်းသာ နေရာယူထားလိမ့်သည်။ အဖေ့ကို အဝေးရောက်သား တစ်ယောက်အနေနဲ့သာ ဂရုစိုက်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ။ အဖေလည်း အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ရွေးချယ်မှုကို နားလည်ပေးနိုင်မယ်လို့ ထွဋ်ဘုဏ်းရှိန် ယုံကြည်သည်။
*****
"ကိုကို ငါ ညောင်းတယ်၊ ထိုင်ချင်တယ်"
"ကိုကို ထိုင်ခုံမတ်ပေးမယ်လေ၊ ညီညီရဲ့အာရုံကြောတွေက လေးနေသေးတယ်လို့ ဆရာဝန်ကပြောတယ်၊ တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာမှာတဲ့"
"အင်း.. ဒါနဲ့ ဟိုတစ်ယောက်ရော"
ကုတင်ကို ခလုတ်နှိပ်ကာ ထောင်ပေးလိုက်တာနဲ့ တပြိုင်နက် တစ်ခန်းလုံးကို ဝေ့ကြည့်ပြီး ညီညီ မေးလာသော စကား။ ညီညီ ဘယ်သူ့ကို မေးသလဲဆိုတာ နေညို သိသားပဲ။ ညီညီ့ကို စချင်တော့..
"ဘယ်သူလဲ ညီညီ ထွဋ်ကိုရှာတာလား"
"ငါက ဘာလို့ရှာရမှာလဲ ကိုကိုရ..၊ ဟို ကိုတိုင်းကိုပြောတာ"
"ကိုတိုင်း..ဟား ညီညီလေးက သိပ်ကိုယဉ်ကျေးနေတာပဲ"
"ဟင် ငါ ကိုကိုခေါ်သလို မခေါ်ဘူးလား"
အိုဗာတင်း ခပ်ပျစ်ပျစ်လေး ဖျော်ရင်းတဖက်နဲ့ ညီညီ့ကို လှည့်ပြုံးပြမိသည်။ ဒီအကြောင်းတွေကို နေညို ပြန်မပြောချင်၊ ကိုတိုင်းအပေါ် စိတ်တမျိုးထားမိခြင်းသည် နေညို့ဘဝမှာ အကြီးမားဆုံးသော အမှားတစ်ခုပဲ။
"ကိုတိုင်းက ကိုကိုပဲခေါ်တာ.. ညီညီက ဒီတိုင်း တိုင်း လို့ပဲ ခေါ်တယ်"
"ဟုတ်လား ငါတို့က ဘယ်တုန်းက စသိကြတာလဲ"
"ရှစ်တန်းတုန်းက၊ ညီညီနဲ့ကိုတိုင်းက ကပ်ရပ်ထိုင်ခဲ့တာ၊ ညီညီဆိုးသမျှကို ကိုတိုင်းကပဲ သည်းခံခဲ့တာပေါ့"
"ငါက ဆိုးတယ် ဟုတ်ဘဲနဲ့"
"ညီညီ တကယ်ဆိုးတယ် ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လဲ"
မွှေလက်စ ဇွန်းလေးကို တန့်ကနဲ ရပ်ပစ်လိုက်သည်။ နေမကောင်းတဲ့ ကလေးငယ်ကို နေညို ပြောသင့်သလား။ သို့ပေမဲ့ သိလိုစိတ်တွေ ပြည့်လျှံနေတဲ့ မျက်ဝန်းတွေကို နေညို မငြင်းဆန်စွမ်း မရှိပါ။
"ကိုတိုင်းက ညီညီ့ကို ၈တန်းနှစ်ကည်းက ချစ်ခဲ့တာ၊ ညီညီကလည်း ချစ်ခဲ့တာပါပဲ၊ ဒါပေမဲ့ ငါက ကိုတိုင်းချစ်တာ ငါလို့ထင်ခဲ့တာ"
"ဘယ်လို ကိုကို.. ငါ နားမလည်ဘူး သူက ဘာမှမပြောဘူးလား"
"ကိုတိုင်းက ကျောင်းပြောင်းသွားတယ်လေ၊ ကိုတိုင်း ငါ့ကိုချစ်ခဲ့တာလို့ အထင်လွဲနေခဲ့တာ။ ညီညီလေးက ငါ စိတ်ဒဏ်ရာရမှာစိုးရိမ်လို့ ထုတ်မပြောခဲ့ဘူး။ အသက်ကြီးပြီး ပြန်တွေ့ကြမှ သိရတာပါပဲ"
ညီညီ့မျက်နှာလေး ညိုးကျသွားတာကို နေညို သတိထားမိလိုက်သည်။ ဝမ်းနည်းစေဖို့ ပြောတာမှမဟုတ်တာ။ ဖြစ်ခဲ့သမျှကို စမြုံ့ပြန်ရာမှာ ညီညီလေး စိတ်ထိခိုက်သွားဖို့ နေညိုမရည်ရွယ်။ ပြန်ရှင်းပြရန် စကားပြင်သော်လည်း..
"ကိုကို အဖြစ်မှန် သိရတော့ အရမ်းဝမ်းနည်းခဲ့လား"
မေးလာပါပြီ..၊ နေညို ရင်အတုန်ဆုံးစကား။ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ မထင်စေချင်..။
"အင်း ဝမ်းနည်းခဲ့တယ်၊ ကိုတိုင်းချစ်တာ ငါမဟုတ်ခဲ့တာကို သိလို့မဟုတ်ဘူး။ ငါ့ကြောင့် ထုတ်မပြောရဲဘဲ မျိုသိပ်ခဲ့ရတဲ့ ညီညီ့ကို နာကျင်စေခဲ့လို့။ ငါ့အတွက်ကြောင့် ငါ ဝမ်းမနည်းပါဘူး။ ထွဋ်က အများကြီးကူညီပေးခဲ့တာ"
"ငါ ဘာလို့မပြောခဲ့တာလဲဆိုတာ မသိဘူး ကိုကို၊ ဒါပေမဲ့ ငါတို့နှစ်ယောက်ထဲမှာ မင်းကိုပဲ အသာရစေချင်တာ။ ဘာအရာကမှ မင်းလောက်အရေးမကြီးဘူး ကိုကို။ ကိုကိုလိုချင်တယ်ဆို ငါ ပြိုင်မလုရက်ဘူး"
မိုးညို ခေါင်းထဲကနေ တစ်ဆစ်ဆစ်ထိုးကိုက်သည်။ ရွှေမိုးညို လူလိမ်ဖြစ်နေခဲ့တာပဲ။ သူစိမ်းတစ်ယောက်ကြောင့် ကိုကို့ကို တချိန်လုံး ဖုံးကွယ်ထားခဲ့တယ်တဲ့။ အချိန်တွေ နောက်ပြန်လှည့်လို့ရရင် သိပ်ကောင်းမယ်။
"ကိုတိုင်း ကြားရင် အော်ငိုနေမှာ သေချာတယ်။ တကယ်တမ်းတော့ ငါက ကိုတိုင်းကို မချစ်ခဲ့ဘူး ညီညီရဲ့။ ကျောင်းတုန်းက ငါတို့အပေါ် ကောင်းတာဆိုလို့ ကိုတိုင်းတစ်ယောက်ပဲ ရှိတာ။ မင်းကို အရမ်းဂရုစိုက်တော့ အစ်ကိုတစ်ယောက်လို မြင်ပြီး ရင်ခုန်သွားတယ်ထင်တယ်"
"ငါကရော သူ့ကို ရင်ခုန်ခဲ့တာလား"
ရွှေမိုးညိုမှာ ရည်းစားရှိနေသည်၊ ထိုရည်းစားက တိုင်းကမ္ဘာ ဆိုတဲ့ ယောကျာ်းလေး။ ဒီစကားတွေကို ကိုကို ပြောလာတော့ မိုးညို နှစ်ဆဆွံ့အရသလို နှစ်ဆထူပူရသည်။ ရွှေမိုးညို ကိုယ့်စိတ်ကို နားလည်သည်။ ယောကျာ်းသား တစ်ယောက်အပေါ်ကို ခံစားချက်ပိုဖို့က ရွှေမိုးညိုစိတ်နဲ့ဆိုရင် ဘယ်နည်းနဲ့မှ မဖြစ်နိုင်။ အဆိုးဆုံးက ကိုကို့ကို ငိုအောင်လုပ်ပြီး ဒီလူနဲ့ လက်တွဲခဲ့တယ်ဆိုတဲ့ အချက်ပဲ။
"ကိုကို ပြောပါတယ် ညီညီက ကိုတိုင်းကို သိပ်နိုင်ပါတယ်ဆို၊ ညီညီ ရင်ခုန်သလားကတော့ ညီညီကိုယ်တိုင်ပဲ သိမှာပေါ့"
ရင်ခုန်တာ နောက်ထား။ ဘေးနားကပ်ကာ အပိုတွေလာလုပ်ပြနေတဲ့ ဒီလူ့ရဲ့ အပြုအမူတွေကြောင့် မိုးညိုနေရထိုင်ရခက်သည်။ အခုလည်း ခဏမျက်စိရှေ့ကနေ ပျောက်သွားမှ အသက်ရှုချောင်ရတာ။
"မသိဘူး မျက်စိရှုပ်တယ်၊ အခုမှ အေးဆေးနေရတာ"
"ညီညီ.. ကိုတိုင်းက ညီညီ့ကို သိပ်ချစ်တာ၊ သူ့အမေ သဘောတူလာအောင် မရမက ဖြောင့်ဖြခဲ့တာပဲ ကြည့်လေ။ ပြီးတော့ ကိုတိုင်းအမေက ကင်ဆာရောဂါသည်၊ ဒီဆေးရုံမှာပဲ ကုနေတာ။ သိပ်မခံတော့ဘူးတဲ့"
မိခင်အကြောင်းပါလာတော့ ရင်ထဲမကောင်းပြန်။ မိုးညို သားသမီးချင်း ကိုယ်ချင်းစာသည်။ ဖေဖေ ခြေထောက်တစ်ချောင်း ဖြတ်လိုက်ရတဲ့ အကြောင်းကို နားထောင်တုန်းကဆိုရင် ဆေးချိတ်ရတဲ့အထိ ငိုလိုက်ရတယ်လေ။ သူလည်း အားငယ်နေမှာပဲ။
"နိုးနေပြီလား မိုးညို"
ဒီလူ အသက်ရှည်ဦးမည်။ သူ့အကြောင်းပြောနေတုန်း ရောက်ချလာတာပဲ။ ဒီလူ့ရဲ့အကြည့်တွေကို မိုးညို ပြိုင်မကြည့်ရဲ။ အထူးသဖြင့် အဲ့ဒီအညိုရောင်မျက်ဝန်းကို..။
"ညီညီက နိုးနေတာ ကြာပြီ ကိုတိုင်း၊ အန်တီရော သက်သာလား"
"အင်း သက်သာတယ်၊ ထွဋ်ဘုဏ်းရှိန် ပြန်မလာသေးဘူးလား"
"အင်း ညီညီကျောင်းတက်တုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေ ပြန်ရှာနေတာလို့ ပြောတယ်"
"အိုဗာတင်းတိုက်မလို့လား ငါ တိုက်လိုက်မယ် ပေး"
ကိုကို့ကို မျက်ရိပ်ပြပြီး ကယ်ဆယ်ခိုင်းပါသေးသည်။ အလိုက်မသိတဲ့ကိုကိုက ဖန်ခွက်ကို တစ်ခါတည်း ထည့်ပေးလိုက်တော့တာပဲ။ အိုဗာတင်း လည်ပင်းတစ်တော့မည်။ အေးပြီးသား အရည်ကို တဖူးဖူးနဲ့မှုတ်နေတော့လည်း ရီစရာအကောင်းသား။
"ညီညီ.. ကိုကို ထွဋ်ကို ဆင်းစောင့်လိုက်ဦးမယ်"
"မစောင့်ရဘူး ဒီနားလာ"
"သူက ညီညီ့ပစ္စည်းတွေ သွားယူပေးတာလေ။ မနိုင်မကာ သယ်ပြီး ပြုတ်ကျရင် ငါ့ညီညီလေး ပစ္စည်းတွေ ကြေမွသွားမှာပေါ့"
"ဒါလည်းဟုတ်သားပဲ၊ မြန်မြန်ပြန်လာနော်"
"အင်း ချက်ချင်းပြန်လာမယ်နော်"
ကိုကိုထွက်သွားတာနဲ့ လောကတခွင်က တိတ်ဆိတ်သွားပြန်သည်။ ဒီလူနဲ့ ဘာစကားပြောရမှန်း မိုးညို တကယ်မသိပါ။ စေ့စေ့ကြည့်မိရင်ကို ငါ ဘာလို့ကြိုက်ခဲ့တာလဲဆိုတဲ့ မေးခွန်းက ချက်ချင်းပေါ်သည်။
"ခေါင်းကိုက်နေသေးလား မိုးညို"
"နည်းနည်း"
"ဗိုက်ရောဆာလား၊ ထမင်းပျော့ပျော့စားလို့ရပြီတဲ့"
"နည်းနည်း"
"ကြက်သားလေးမျှင်ပြီး ခွံ့ရမလား"
"ရတယ် မခွံ့နဲ့"
မှတ်ဥာဏ်သာ ငယ်သွားတာ၊ ရွှေမိုးညိုတို့က အခုထိ ပေတုန်းကပ်တုန်း..။ တိုင်းကို တစ်ခုခုစိတ်ခုနေပုံပဲ။ အခန်းထဲဝင်ကတည်းက မျက်လုံးချင်းကို ဆိုင်မကြည့်တာ။
"မိုးညို ငါ့ကိုစိတ်ဆိုးနေတာလား ငါ ဘာလုပ်မိလို့လဲ"
"ဒီတိုင်း.. ဒီလိုနေရတာ တမျိုးကြီးပဲ"
စိမ်းရက်နိုင်တဲ့ ရွှေမိုးညိုရယ်ပါ။ အပြစ်တင်လို့မရ..၊ တိုင်းကြောင့် မိုးညို ဒီလိုဖြစ်ရတာ။ ချစ်သူကို စိတ်ပင်ပန်းအောင်ထားမယ့်အစား သူ့စိတ်အလိုကိုသာ လိုက်ပေးချင်သည်။ မိုးညို မမြင်ချင်ရင် တိုင်း ကွယ်ရာမှာ သွားနေပေးလိုက်မည်။
"ငါ မင်းနားအရမ်းကပ်နေမိသွားတယ် ထင်တယ်၊ ငါ အပြင်မှာထွက်နေပေးမယ်နော်၊ ဒါလေးကုန်အောင်သောက်လိုက်"
"တော်ပြီ မသောက်ချင်တော့ဘူး.. တိုင်း..ကမ္ဘာ"
နာမည်ခေါ်၍ ပျော်ပါသည်။ သို့ပေမဲ့ နှလုံးသားက စူးကာအောင့်သည်။ လွှဲချထားတဲ့အချစ်မျက်ဝန်းတွေကို တသသငေးကြည့်ရင်း မြတ်နိုးသောစကားကို ဆိုမိပါသည်။
"မိုးညို ငါ့နာမည်ရဲ့ဆိုလိုရင်းကို သိလား"
"ဘာတဲ့လဲ"
"တိုင်းကမ္ဘာဆိုတာ တိုင်းရဲ့ကမ္ဘာတဲ့..၊ ငါ့ကမ္ဘာက ငါ့ချစ်သူပဲ"
"ကလေးဆန်လိုက်တာ"
"ဒါပေမဲ့ ငါချစ်သူက ဒီအဓိပ္ပာယ်ကို အရမ်းသဘောကျတယ်တဲ့။ သူပျော်ရင် ငါပျော်တယ် မိုးညို"
"တောင်းပန်ပါတယ် ကျွန်တော် မမှတ်မိဘူး"
အိုဗာတင်းခွက်ကို စားပွဲပေါ် ပြန်ချပြီးမှ နှုတ်ခမ်းလေးကို ကြင်ကြင်နာနာ သုတ်ပေးမိပြန်သည်။ မိုးညို မလိုသရွေ့ တိုင်း ပျောက်ကွယ်ပေးမည်။ မိုးညိုခေါ်မှ ပေါ်လာသည်။ မိုးညို စိတ်ချမ်းသာရင် တိုင်း ကျေနပ်ပါသည်။
"ရပါတယ် မိုးညို၊ ငါ မှတ်မိနေရင် ရပါပြီ၊ မင်း အနားယူပါ၊ ငါ့ကိုမြင်ရတာ ပင်ပန်းတယ်မလား၊ မင်း အဆင်ပြေမှ ငါလာမယ်နော်"
အချစ်ပါးလေးကို ထိကိုင်ချင်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်သွားမှာစိုးသည်။ မိုးညိုကို စိတ်ရှုပ်မခံစေချင်ပါ။
"ယောက်ဖရေ ငါ သံသေတ္တာထဲကနေ ဘာတွေတွေ့- တိုင်း ဘယ်သွားမလို့လဲ"
"အပြင်..ခဏ၊ မိုးညိုကို ကြည့်လိုက်ဦး"
"ကိုတိုင်း.."
ဒါ ဝမ်းနည်းစရာ မဟုတ်မှန်း တိုင်း သိသည်။ ချစ်သူက တမင်တကာ စိမ်းကားတာမဟုတ်ကြောင်းကိုသာ အထပ်ထပ် အခါခါ ရေရွတ်နေမိသည်။ မဟုတ်ရင် တိုင်း အော်ငိုမိတော့မှာ။
"လွမ်းတယ် မိုးညို၊ ငါ မင်းကို ပြန်လိုချင်လှပြီ..."
ဆေးရုံဝန်းထဲက သစ်ပင်ကြီးအောက်မှာ နာကျင်စွာ ရေရွတ်မိသော အလွမ်းတမ်းချင်း။ ကံကြမ္မာကို အပြစ်မဖို့လို..၊ အနာဂတ်တွေ လှပချင်သေးသည်။ မိုးညိုမျက်ကွယ်မှာ တိုင်းကမ္ဘာ ယောကျာ်းတန်မဲ့ ငိုမိပြန်ပြီ။
မင်းပြောခဲ့သလိုပဲ.. ငါလည်း မင်းတစ်ယောက်ကြောင့်သာ ငိုတာပါ မိုးညို။ ငါ တင်းမခံနိုင်တော့ဘူး။ မင်း ငါ့ဆီပြန်လာသင့်ပြီ။
တွေးရင်းတရင်း မျက်ရည်မဆဲနိုင်။ ဆရာဝန်ပြောတဲ့ ယာယီက တိုင်းအတွက် တစ်ကမ္ဘာလောက် အောက်မေ့ရသည်။ ရှေ့ဆက်ရမယ့် အားမရှိတော့တာမို့ ခံစားချက်တို့ မွန်းကြပ်နေတုန်းမှာ တတူတူမြည်လာတဲ့ ဖုန်းသံက အနာဂတ်ကို အချက်ပြနေသလိုလို..။
ထွဋ်ဘုဏ်းရှိန် ခေါ်တာဆိုပေမဲ့ တိုင်း ငိုသံပေါက်နေတာကို မိုးညို ကြားသွားပြီး စိတ်မညိုစေချင်...။ အသံကို ခပ်မာမာ ပြင်ဆင်ပြီးမှ...
"အင်း ပြော"
"တိုင်းကမ္ဘာ.. မင်း ဘယ်မှာလဲ ငါ့ဆီအခုလာ"
ဘုရားရေ.. ဒါမိုးညိုအသံပဲ။ ကြားရတာ အပူတပြင်းဖြစ်နေပုံမို့ တိုင်း စိုးရိမ်လာရပေမဲ့ ပြန်လာစေချင်လို့ ခေါ်လာတာဆိုတာ သိချင်သေးသည်။
"ငါကြောင့် မင်း စိတ်ရှုပ်ရတယ်မလား.."
"ငါ.. မင်းကို စောင့်..နေတာလေ၊ ငါ့ဆီ ပြန်လာမှာဆို..၊ မင်းကတိ မေ့သွားပြီလား"
"မိုးညို!"
တိုင်းကမ္ဘာ အချစ်ရှိရာကို ဒုန်းဆိုင်းပြေးလာခဲ့သည်။ လှေကားပေါ် ပြေးတက်တဲ့လမ်းမှာ ဘေးလူတွေရဲ့ မှတ်ချက်ကို ကြားဖြစ်အောင်ကြားလိုက်သေးသည်။ လူနာ အရေးပေါ်လို့ လောနေတာဖြစ်မယ်တဲ့။ အရေးပေါ်ပါပဲ..၊ လူနာမဟုတ်ဘဲ နှလုံးသား အရေးပေါ်တာ။ ဖုန်းမချခင် မိုးညို ပြောသွားတဲ့ စကားတစ်ခွန်းကြောင့် တိုင်းကမ္ဘာ နှလုံးသား ပြန်လည် နိုးကြားလာခဲ့ပြီ။ ရွှေမိုးညိုက ပြောသည်..။
"မင်းကိုလွမ်းတယ်.. တိုင်း"
*****
(Zawgyi)
အခန္းထဲက ငိုသံရီသံမ်ား...။ အခန္းေ႐ွ႕က လူမ်ားခမွ်ာ ဂဏာမၿငိမ္ႏိုင္ေတာ့ပါ။ ထိုအထဲမွာ တိုင္းကမ႓ာ ထိပ္ဆုံးကပါသည္။ မိုးညိဳသည္ ေလာေလာဆယ္မွာ ကေလးအ႐ြယ္ မွတ္ဉာဏ္ပိုင္႐ွင္။ ေပ်ာ္စရာထက္ နင့္စရာကမ်ားေနသည္မို႔မိုးညိဳ လက္မခံႏိုင္မွာစိုးသည္။
"တိုင္း ၿငိမ္ၿငိမ္ေနစမ္းကြာ၊ ဟိုေလွ်ာက္လိုက္ ဒီေလွ်ာက္လိုက္နဲ႔ ေယာက္ဖက ကေလးေမြးတာ က်ေနတာပဲ"
"ထြဋ္ဘုဏ္း႐ွိန္ ငါ ပုံမွန္မဟုတ္ဘူးေနာ္"
"သားတို႔ ေတာ္ေတာ့..၊ ေနညိဳေလး လာေနၿပီ"
မိုးညိဳရဲ႕ အေမနဲ႔အေဖကို တိုင္း သိပ္အားက်သည္။ အလြန္အမင္း စိုးရိမ္တာလည္း မ႐ွိသလို အျပင္းအထန္ ပူပန္တာလည္း မ႐ွိ..။ ကံေစရာကို လိုက္ဖို႔သာ သေဘာတူထားၾကတယ္ ထင္သည္။ တိုင္းကေတာ့ ယုံခဲ့သမွ် ကံၾကမၼာက အဆိုးခ်ည္းပဲမို႔ ဒီတစ္ခါပဲ မ်က္ႏွာသာေပးပါ လို႔ ဆုေတာင္းမိတဲ့အထိ..။
"ေနညိဳ.. မိုးညိဳ ဘယ္လိုလဲ"
"တိုင္း ဆရာဝန္ ေမးပါေစဦး"
"ရတယ္ လူနာကို ကြၽန္ေတာ္ ဝင္ၾကည့္လိုက္မယ္၊ လူနာ႐ွင္ေတြ ခဏေစာင့္ေနေပးပါ"
ဆရာဝန္ အထဲဝင္တာနဲ႔ ေနညိဳ႕နားမွာ ဝိုင္းအုံလို႔သြားၾကသည္။ ေနညိဳဆိုတာ ငိုရလြန္းလို႔ မ်က္လုံးေတြေတာင္ မို႔ေမာက္ေနၿပီ။ ဒါ့ေၾကာင့္ မိုးညိဳကို ပိုစိတ္ပူမိသည္။ မိုးညိဳ စိတ္ေဖာက္မွာကို တိုင္း မၾကည့္ရက္..။
"ေနညိဳ ငါ ေမးေနတယ္ေန မိုးညိဳ ဘယ္လိုလဲ"
"ညီညီေလးက.. ညီညီေလးက ေနညိဳ႕ကို သိသြားၿပီ၊ သူ လက္ခံတယ္"
"ၿပီးေတာ့ေရာ"
"ေနညိဳ အားလုံး ေျပာျပလိုက္တယ္၊ သူ႕ကိုယ္သူ မယုံႏိုင္ဘူး ျဖစ္ေနတယ္"
"ေနညိဳ.. ငါ့အေၾကာင္းေရာ ေျပာျပလိုက္ေသးလား"
ေနညိဳက ေခါင္းၿငိမ့္ျပေတာ့ တိုင္းရဲ႕ရင္ထဲမွာ ဒိန္းကနဲ..။ တဆက္တည္းမွာပဲ ၾကံရာမရ စျဖစ္ရၿပီ။ ေျခာက္တန္းေက်ာင္းသားေလး မ်က္ႏွာပူေနရင္ ဒုကၡ..။ မိုးညိဳ လက္ခံႏိုင္ပါ့မလား..။
"သူ႕ကိုယ္သူ ၁၂ႏွစ္သား မဟုတ္မွန္း သိေနတာတဲ့။ ၿပီးေတာ့.. ထြဋ္"
"အင္း ေမာင့္ကို ဘာျဖစ္လဲ"
"အထဲဝင္ရင္ ေန႔အနားသိပ္မကပ္နဲ႔၊ ညီညီ စိတ္တိုေနတယ္"
"အာ!! ေယာက္ဖတို႔က ထေဖာက္လာၿပီ၊ ဘာဆိုင္လို႔လဲ အေမ ေျပာေပးပါဦး"
"ေန လက္ထက္လိုက္ၿပီေျပာလို႔ ငိုေသးတယ္.. အဲ့တာ ေန မနည္းေခ်ာ့ထားရတာ အဲ့တာေၾကာင့္.."
"ထြဋ္ဘုဏ္း႐ွိန္ မင္း မိုးညိဳ သတိမရမခ်င္း ေနညိဳ႕နားမသြားနဲ႔"
"အား.. အေဖေရ သားကို ကယ္ပါဦး"
မိုးညိဳ အဆင္ေျပတာ ေသခ်ာတယ္ဆိုမွ တိုင္း အားရပါးရ ျပဳံးႏိုင္ပါေတာ့သည္။ ထြဋ္ဘုဏ္း႐ွိန္ကို မ်က္စိေဒါက္ေထာက္ၾကည့္ဖို႔ အလုပ္တစ္ခုလည္း ပိုလာသည္။ ဒီေကာင္ စိတ္ေဖာက္တာ အေရးမႀကီး၊ မိုးညိဳ စိတ္မခုဖို႔သာ အဓိက..။
"ဆရာ ထြက္လာၿပီ၊ ဆရာ ကြၽန္ေတာ့္သား အဆင္ေျပရဲ႕လား"
"လူနာက တကယ္ေတာ္ပါတယ္၊ သူ နားလည္ႏိုင္ဖို႔ ႀကိဳးစားေနတယ္၊ Accident ကိစၥကို ေမ့ႏိုင္ေအာင္ တျခားအေၾကာင္းအရာ မ်ားမ်ားေျပာေပးပါ။ Accidentကို ျပန္ေတြးမိလို႔ သတိျပန္ရလာတာမ်ိဳးထက္ တျခားအေတြးေတြေၾကာင့္ ျပန္မွတ္မိလာႏိုင္ေအာင္ လုပ္ေပးရမယ္"
"ဟုတ္ကဲ့ပါ ဆရာ၊ ေက်းဇူးတင္ပါတယ္"
"ဝင္သြားလို႔ရၿပီ"
ဆရာကိုယ္တိုင္ တံခါးဖြင့္ေပးေသာ္လည္း တိုင္း ေျခလွမ္းေတြက ႂကြမလာ..။ ထြဋ္ဘုဏ္း႐ွိန္ကို မလႊတ္တမ္းဆြဲထားရင္း အေဖတို႔ကို အရင္ဝင္ခိုင္းရသည္။
"မင္း ဘာတုန္း"
"မိုးညိဳတို႔မိသားစု စကားေျပာပါေစ"
"ငါ မိသားစုဝင္ဟ ေဘးဖယ္"
"ထြဋ္ဘုဏ္း႐ွိန္!"
"က်စ္ မင္း ဘယ္လိုျဖစ္ေနတာလဲ တိုင္းကမ႓ာ၊ ေၾကာက္ရင္ေၾကာက္တယ္ ေျပာစမ္းပါ၊ လာ ငါ ကာေပးမယ္"
ဒီလိုေနရာမွာ ထြဋ္ဘုဏ္း႐ွိန္က အားကိုးလို႔ အေကာင္းဆုံးပဲ။ မိုးညိဳရဲ႕ တုံ႔ျပန္မႈကို ရင္မဆိုင္ရဲေတာ့ ထြဋ္ဘုဏ္း႐ွိန္နဲ႔ ကြယ္ၿပီးဝင္ရသည္။ အခန္းထဲေရာက္ေတာ့ ေနညိဳက မိုးညိဳ မတ္မတ္ၾကည့္ႏိုင္ဖို႔ ကုတင္ကို ေထာင္ေပးေနၿပီ။
မိုးညိဳေလးခမွ်ာ ႏိုးကတည္းက ေက်ာနဲ႔ေနခဲ့ရတာေလ။ ဖြံ႕ၿဖိဳးၿပီးသား ကိုယ့္ခႏၶာကိုယ္ကို အခုမွေသခ်ာဆန္းစစ္ေန႐ွာတာ။ ေလးရက္လုံးလုံး ဘယ္ေလာက္စိတ္႐ႈပ္ေနလိုက္မလဲ..။
"ကိုကို.. ဒီဘက္ကမလား ကိုကို႔ေယာက်ာ္းက"
"အင္း ညီညီ.. ဒီဘက္က"
"ေယာက္ဖ ငါေလ မမွတ္မိေသး-"
"ကြၽန္ေတာ့္ကို ေယာက္ဖလို႔ လာမေခၚနဲ႔၊ ကိုကို ဒီနားမွာပဲထိုင္ေန၊ ငါ မမွတ္မိမခ်င္း ကိုကို႔ကို ဘာမွေပးမသြားဘူး"
"ဟာ ေယာက္ဖ ဒီလို.."
မိုးညိဳရဲ႕ေခါင္းထက္က ပတ္တီးျဖဴျဖဴက ဦးထုတ္ေဆာင္းထားသလို ျဖစ္ေနသည္။ ဆူတူတူမ်က္ႏွာေလးကိုက တကယ့္ခ်စ္စရာေလး။ အခ်စ္စိတ္မညိဳေစဖို႔ ထြဋ္ဘုဏ္း႐ွိန္ပါးစပ္ကို တိုင္းပိတ္ထားေပးလိုက္သည္။ တေစာင္းၾကည့္လာတဲ့ မ်က္ဝန္းေတြကို ၾကည့္ျခင္းအားျဖင့္ ေ႐ႊမိုးညိဳ မခို႔တ႐ို႕သုံးသပ္ေနၿပီဆိုတာက သိတာေပါ့။ အခ်ိဳသာဆုံးျပဳံးရင္း အညင္သာဆုံး စိုက္ၾကည့္မိသည္။ တိုင္းမ်က္လုံးေတြကို မိုးညိဳ သိပ္ခ်စ္တာ..။
"ဟမ္း.. ေမေမ သား ေရဆာတယ္"
"ေမေမ လာၿပီ"
"ညီညီ ငါတိုက္မယ္"
ဘယ္သူထထမထထ.. တိုင္းကေတာ့ ေရဘူးေရာေရခြက္ပါ ယူေပးၿပီးသြားၿပီ။ ဖိတ္မွာစိုးလို႔ လက္ဖက္ရည္ဇြန္းေလးနဲ႔သာ ေရဝင္ေအာင္တိုက္ပါသည္။ ဒါေပမဲ့ ကိုေ႐ႊမိုးညိဳက မ်က္လုံးခ်င္းဆိုင္မၾကည့္..။
"မိုးညိဳ ေသာက္ေလ"
"ဟုတ္.. ကို..ႀကီး"
မိုးညိဳ ယဥ္ေက်းေနတာကို ျမင္ရၾကားရေတာ့ မ်က္ႏွာက ရီခ်င္စိတ္ကို ထိန္းခ်ဳပ္လို႔မရ။ ေအာင့္ထားျပန္ေတာ့လည္း ဇြန္းကိုင္ထားတဲ့လက္က တဆတ္ဆတ္တုန္လာသည္။ ဒါကို မိုးညိဳက သိပ္ေက်နပ္ဟန္မတူ။
"ဒီမွာ ကိုႀကီး ေသခ်ာတိုက္ေလ"
"ကိုတိုင္း ရရဲ႕လား ေနညိဳတိုက္လိုက္မယ္"
"ရတယ္ ေနညိဳ..၊ မိုးညိဳ ကိုႀကီး ေသခ်ာတိုက္မယ္ေနာ္"
ၾကင္နာစြာ ဆက္ဆံတာကိုလည္း ေနသားက်ပုံမေပၚ။ အၾကည့္ေတြကို ထပ္လႊဲသြားျပန္ၿပီ။ နမ္းဖူးတဲ့ ႏႈတ္ခမ္းေလးကို တစ္႐ႈးစယူကာ ေရသုတ္ေပးဖို႔ ႀကိဳးစားတုန္းမွာ မိုးညိဳဆီက ေအာ္သံထြက္လာပါသည္။
"ကိုကို မင္းပဲတိုက္"
"ေန.. ေမာင့္ကို တိုက္ခန္းျပန္ၿပီး ပစၥည္းယူဆို ဘာမွာဦးမွာလဲ"
"လာၿပီ ထြဋ္..၊ ညီညီ ခဏေလးေနာ္"
"မရဘူး ငါ့နားမွာပဲေန.."
ေယာက္ဖေၾကာင့္ ထြဋ္ဘုဏ္း႐ွိန္ တကယ္ငိုခ်င္လာၿပီ။သတိလစ္ေနတုန္းကေတာင္ ဒီေလာက္မငိုခ်င္ဘူး။ တိုင္းကမ႓ာကို ခုမွစာနာတယ္။ ခ်စ္သူနဲ႔ေကြ႕ကြင္းရတဲ့ ဒုကၡဆိုတာ ဒါမ်ိဳးလား။ ေ႐ႊမိုးညိဳ.. ေ႐ႊမိုးညိဳ ငယ္ငယ္ကတည္းက အက်င့္မေကာင္းတာပဲ။
"ထြဋ္ စာ႐ြက္မွာေရးထားတယ္၊ ညီညီ့အခန္းထဲကို ဝင္ယူခဲ့ေနာ္..၊ ကိုတိုင္းေရာ ဘာမွာဦးမလဲ"
"ေတာ္ၿပီ မမွာေတာ့ဘူး၊ မိုးညိဳနားမွာ ထိုင္မလို႔"
"မ..ထိုင္နဲ႔ ကြၽန္..ေတာ္က ရတယ္"
ေကာင္းလိုက္တာ..၊ အခုမွ ငယ္မူျပန္ၿပီး ႐ွက္ေသြးျဖာေနတဲ့ ေယာက္ဖရယ္..၊ ရည္းစားကို ျပန္အီေနရတဲ့ အစ္ကိုရယ္.၊ ေမာင္ကိုေၾကာက္လို႔ ေယာက်ာ္းကိုေစ့ေစ့ေတာင္ မၾကည့္ရဲတဲ့ ေနရယ္၊ ဒီသုံးေယာက္နဲ႔တင္ ထြဋ္ဘုဏ္း႐ွိန္ ေအာက္စီဂ်င္ က်ခ်င္လာသလိုပဲ။ ဒါနဲ႔တင္မၿပီး၊ ေယာကၡမႏွစ္ပါး အိမ္မွာျပန္နားဖို႔အတြက္ ထြဋ္ဘုဏ္း႐ွိန္ကပဲ အလည္ကေန တဖက္စီတြဲၿပီး ကားေပၚတင္ေပးရသည္။
"အေမ သားကို အထုတ္ေတြေပး"
"အေမႏိုင္ပါတယ္ သားရယ္"
"သားက ႏိုင္တယ္ အေမရဲ႕၊ အေဖ ျဖည္းျဖည္းေနာ္"
ေန႔မိဘက ကိုယ့္မိဘပဲ..။ အေဖက ေျခတုတဖက္နဲ႔မို႔ ထြဋ္ဘုဏ္း႐ွိန္ ပိုပိုသာသာ တြဲေပးျဖစ္သည္။ စကားစျမည္ေျပာရင္းဆိုရင္း ကားနားေရာက္ခါနီးမွာပဲ ေမြးဖခင္ေက်းဇူး႐ွင္နဲ႔ ဆုံသည္။ မ်က္ခုံးႀကီးက ႐ႈံ႕ေနတာပဲ။ ေယာကၡမကို ခ်စ္ျပေနတာကို ျမင္သြားၿပီေလ။ အူေတြဘာေတြ တိုမွာေပါ့။
"အေမတို႔ ကားေပၚထိုင္ႏွင့္ေနာ္၊ သား ခဏစကားေျပာလိုက္ဦးမယ္"
"ရလား သား အေမတို႔ ႏႈတ္ဆက္ဖို႔လိုရင္"
"အာ ရတယ္ အေမ၊ အေဖနဲ႔သားနဲ႔က မေခၚေၾကးလို႔ ေျပာထားၿပီးသား ခဏပဲ"
ထြဋ္ဘုဏ္း႐ွိန္အေဖ ဦးထြဋ္တင္မင္းက ဉာဏ္နီဉာဏ္နက္မ်ားလြန္းသည္။ အေဖနဲ႔တစ္ခါဆုံတိုင္း ေန႔မွာ မ်က္ရည္ေလးကလယ္ကလယ္နဲ႔..။ ေန႔ကိုငိုေအာင္လုပ္တာက ထြဋ္ဘုဏ္း႐ွိန္ကို ထိုးႏွက္ေနတာနဲ႔ အတူတူပဲ။
"မိဘကို ေျခစုံကန္သြားတဲ့ သားမိုက္က ေယာကၡမကို ျပဳစုေနတယ္လား"
"ေယာကၡမေတြက ေအးခ်မ္းတယ္ အေဖရဲ႕..၊ တရားပဲမွတ္ေနတာ၊ အေဖလည္း ရိပ္သာအၿပီးဝင္ပါ့လား"
"ငါ မင္းနဲ႔ရန္ၿပိဳင္မျဖစ္ခ်င္ဘူး ထြဋ္ဘုဏ္း႐ွိန္..၊ ေ႐ႊမိုးညိဳ ဘယ္လိုေနလဲ"
"ေကာင္းပါတယ္ ေကာင္းလြန္းလို႔ ခက္ေနတာ၊ အေမေရာ သက္သာလား"
အေဖ့မ်က္ႏွာ ညိဳးသြားပုံကိုေထာက္ရင္ အေမ အေျခအေနသိပ္ေကာင္းပုံမရ..။ ထြဋ္ဘုဏ္း႐ွိန္လည္း ရင္ထဲမေကာင္း..။ အေမက မိေထြးဆိုေပမဲ့ ထြဋ္ဘုဏ္း႐ွိန္ကို သားအရင္းတစ္ေယာက္လို ခ်စ္ေပးသည္။ ဒါေပမဲ့ ႐ုတ္တရက္ ထြက္သြားတာမ်ိဳးမဟုတ္တာမို႔ က်န္ရစ္သူေတြ စိတ္ျပင္ဆင္ဖို႔ အခ်ိန္ႀကိဳရတယ္လို႔ ေျပာရမလားပဲ။
"အေဖ.. ေတာင္းပန္တယ္ ကိုထြဋ္.. အရင္တုန္းက အေဖေျပာတာ လြန္သြားတယ္၊ ေနညိဳနဲ႔ေရာ အဆင္ေျပရဲ႕လား"
ခ်က္ခ်င္း ျပန္မေျဖေသးပါ၊ အေဖ့မ်က္ႏွာကို အရင္အကဲခတ္ရသည္။ ထြဋ္ဘုဏ္း႐ွိန္အေဖက ထြဋ္ဘုဏ္း႐ွိန္လိုပဲ အၾကံႀကီးတတ္သည္။ မလွိမ့္တပတ္ လာလုပ္ရင္ ထြဋ္ဘုဏ္း႐ွိန္ ျပန္လွိမ့္ပစ္မွာ။ ဒါေပမဲ့ ထူးဆန္းတာက အေဖ့မ်က္ဝန္းေတြမွာ မာန္မပါ.. ဒါစိတ္ရင္းေရာ ဟုတ္ရဲ႕လား။
"သူ႕ညီညီစိတ္ေၾကာင့္ ပင္ပန္းေနတယ္ အေဖ၊ သား႐ွိေနလို႔ ေတာ္ေသးတယ္"
"ဆိုင္ကေရာ"
"အားရင္အားသလို သြားၾကည့္ရတာေပါ့၊ လႊတ္ထားလို႔မွ မရတာ"
"ကိုထြဋ္ လူႀကီးျဖစ္လာၿပီပဲ၊ အေဖ မင္းကိုစိတ္ခ်လို႔ရၿပီထင္တယ္"
ဆံေမႊးနီေၾကာင္ဆံပင္ေက၊ ဘယ္ေလာက္အိုက္အိုက္ မခြၽတ္တမ္း ဝတ္တဲ့ဂ်ာကင္၊ လူတကာကို ခနဲ႔တဲ့တဲ့ၾကည့္တတ္တဲ့ မ်က္ဝန္းေတြ..၊ ဒါေတြအားလုံးကို ထြဋ္ဘုဏ္း႐ွိန္ ပိုင္ဆိုင္ခဲ့ဖူးသည္။ ဘဝဆိုတာ ပစ္စလတ္ခတ္ေနလည္း လူျဖစ္တယ္လို႔ ထင္ခဲ့ဖူးတဲ့သူ..။ ေ႐ႊေနညိဳနဲ႔ေတြ႕မွပဲ ရင့္က်က္ျခင္းေတြ ျဖစ္တည္လာခဲ့တာ။
လူႀကီးဆန္ေအာင္ တမင္တကာလုပ္ယူထားျခင္းမဟုတ္။ ေန႔ကို မ်က္ႏွာမငယ္ေအာင္ ထားမယ္ဆိုတဲ့ အေတြးတစ္ခုတည္းေၾကာင့္ ထြဋ္ဘုဏ္း႐ွိန္ လူျဖစ္လာခဲ့သည္။ ေနာက္ဆိုရင္ သမီးေလးပါ ထြဋ္ဘုဏ္း႐ွိန္ ဘဝထဲဝင္လာေတာ့မည္။ ဖခင္ေကာင္း တစ္ေယာက္ျဖစ္ေအာင္ ေနထိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ။
"အေဖ.. သား အငွားကိုယ္ဝန္ယူထားတယ္"
"ေဟ တကယ္လား ဘယ္တုန္းကလဲ၊ ပိုက္ဆံကေရာ ဘယ္က႐ွာလဲ"
"သား ေတာင္ၿမိဳ႕ကျခံကို ေရာင္းလိုက္တယ္၊ ေန႔ကိုယ္ပြားေလးက ႏွစ္လေက်ာ္လာၿပီ အေဖ"
"ဒါဆို.. မင္း"
"ဟုတ္တယ္ အေဖသိေအာင္ သားႀကိဳေျပာျပထားတာ"
"ဟင္း မင္းကို ငါအဆုံးထိေတြးၿပီးသားပါ"
"ကြၽန္ေတာ္နဲ႔ေန သာမာန္မိသားစုဘဝေလးတစ္ခု တည္ေဆာက္ႏိုင္တယ္ဆိုတာကို တေလာကလုံးျမင္ေအာင္ ကြၽန္ေတာ္ျပမွာ။ သမီးေလးက ကြၽန္ေတာ္ေမတၱာနဲ႔ ေမြးမယ့္ ကြၽန္ေတာ္ရင္ေသြးပဲ။ သမီးေလးခ်တဲ့ ဘယ္ဆုံးျဖတ္ခ်က္ျဖစ္ျဖစ္ အေလးထားေဖးမတတ္တဲ့ အေဖတစ္ေယာက္ ျဖစ္ခ်င္တယ္ အေဖ။ ကြၽန္ေတာ္ ရင့္က်က္လာတယ္မလား"
အေဖက စကားနဲ႔မေျဖဘဲ အျပဳံးနဲ႔သာ တုံ႔ျပန္သည္။ ထြဋ္ဘုဏ္း႐ွိန္ရဲ႕ ေ႐ြးခ်ယ္မႈကို အေဖ လက္မခံႏိုင္သေ႐ြ႕ သားအဖႏွစ္ေယာက္ၾကား ေအးစက္ျခင္းသာ ေနရာယူထားလိမ့္သည္။ အေဖ့ကို အေဝးေရာက္သား တစ္ေယာက္အေနနဲ႔သာ ဂ႐ုစိုက္ေပးဖို႔ ဆုံးျဖတ္ထားၿပီးၿပီ။ အေဖလည္း အိမ္ေထာင္ဦးစီးတစ္ေယာက္ရဲ႕ ေ႐ြးခ်ယ္မႈကို နားလည္ေပးႏိုင္မယ္လို႔ ထြဋ္ဘုဏ္း႐ွိန္ ယုံၾကည္သည္။
*****
"ကိုကို ငါ ေညာင္းတယ္၊ ထိုင္ခ်င္တယ္"
"ကိုကို ထိုင္ခုံမတ္ေပးမယ္ေလ၊ ညီညီရဲ႕အာ႐ုံေၾကာေတြက ေလးေနေသးတယ္လို႔ ဆရာဝန္ကေျပာတယ္၊ တျဖည္းျဖည္းနဲ႔ ျပန္ေကာင္းလာမွာတဲ့"
"အင္း.. ဒါနဲ႔ ဟိုတစ္ေယာက္ေရာ"
ကုတင္ကို ခလုတ္ႏွိပ္ကာ ေထာင္ေပးလိုက္တာနဲ႔ တၿပိဳင္နက္ တစ္ခန္းလုံးကို ေဝ့ၾကည့္ၿပီး ညီညီ ေမးလာေသာ စကား။ ညီညီ ဘယ္သူ႕ကို ေမးသလဲဆိုတာ ေနညိဳ သိသားပဲ။ ညီညီ့ကို စခ်င္ေတာ့..
"ဘယ္သူလဲ ညီညီ ထြဋ္ကို႐ွာတာလား"
"ငါက ဘာလို႔႐ွာရမွာလဲ ကိုကိုရ..၊ ဟို ကိုတိုင္းကိုေျပာတာ"
"ကိုတိုင္း..ဟား ညီညီေလးက သိပ္ကိုယဥ္ေက်းေနတာပဲ"
"ဟင္ ငါ ကိုကိုေခၚသလို မေခၚဘူးလား"
အိုဗာတင္း ခပ္ပ်စ္ပ်စ္ေလး ေဖ်ာ္ရင္းတဖက္နဲ႔ ညီညီ့ကို လွည့္ျပဳံးျပမိသည္။ ဒီအေၾကာင္းေတြကို ေနညိဳ ျပန္မေျပာခ်င္၊ ကိုတိုင္းအေပၚ စိတ္တမ်ိဳးထားမိျခင္းသည္ ေနညိဳ႕ဘဝမွာ အႀကီးမားဆုံးေသာ အမွားတစ္ခုပဲ။
"ကိုတိုင္းက ကိုကိုပဲေခၚတာ.. ညီညီက ဒီတိုင္း တိုင္း လို႔ပဲ ေခၚတယ္"
"ဟုတ္လား ငါတို႔က ဘယ္တုန္းက စသိၾကတာလဲ"
"႐ွစ္တန္းတုန္းက၊ ညီညီနဲ႔ကိုတိုင္းက ကပ္ရပ္ထိုင္ခဲ့တာ၊ ညီညီဆိုးသမွ်ကို ကိုတိုင္းကပဲ သည္းခံခဲ့တာေပါ့"
"ငါက ဆိုးတယ္ ဟုတ္ဘဲနဲ႔"
"ညီညီ တကယ္ဆိုးတယ္ ၿပီးေတာ့..."
"ၿပီးေတာ့ ဘာျဖစ္လဲ"
ေမႊလက္စ ဇြန္းေလးကို တန္႔ကနဲ ရပ္ပစ္လိုက္သည္။ ေနမေကာင္းတဲ့ ကေလးငယ္ကို ေနညိဳ ေျပာသင့္သလား။ သို႔ေပမဲ့ သိလိုစိတ္ေတြ ျပည့္လွ်ံေနတဲ့ မ်က္ဝန္းေတြကို ေနညိဳ မျငင္းဆန္စြမ္း မ႐ွိပါ။
"ကိုတိုင္းက ညီညီ့ကို ၈တန္းႏွစ္ကည္းက ခ်စ္ခဲ့တာ၊ ညီညီကလည္း ခ်စ္ခဲ့တာပါပဲ၊ ဒါေပမဲ့ ငါက ကိုတိုင္းခ်စ္တာ ငါလို႔ထင္ခဲ့တာ"
"ဘယ္လို ကိုကို.. ငါ နားမလည္ဘူး သူက ဘာမွမေျပာဘူးလား"
"ကိုတိုင္းက ေက်ာင္းေျပာင္းသြားတယ္ေလ၊ ကိုတိုင္း ငါ့ကိုခ်စ္ခဲ့တာလို႔ အထင္လြဲေနခဲ့တာ။ ညီညီေလးက ငါ စိတ္ဒဏ္ရာရမွာစိုးရိမ္လို႔ ထုတ္မေျပာခဲ့ဘူး။ အသက္ႀကီးၿပီး ျပန္ေတြ႕ၾကမွ သိရတာပါပဲ"
ညီညီ့မ်က္ႏွာေလး ညိဳးက်သြားတာကို ေနညိဳ သတိထားမိလိုက္သည္။ ဝမ္းနည္းေစဖို႔ ေျပာတာမွမဟုတ္တာ။ ျဖစ္ခဲ့သမွ်ကို စျမဳံ႕ျပန္ရာမွာ ညီညီေလး စိတ္ထိခိုက္သြားဖို႔ ေနညိဳမရည္႐ြယ္။ ျပန္႐ွင္းျပရန္ စကားျပင္ေသာ္လည္း..
"ကိုကို အျဖစ္မွန္ သိရေတာ့ အရမ္းဝမ္းနည္းခဲ့လား"
ေမးလာပါၿပီ..၊ ေနညိဳ ရင္အတုန္ဆုံးစကား။ သူ႕ကိုယ္သူ အျပစ္႐ွိတယ္လို႔ မထင္ေစခ်င္..။
"အင္း ဝမ္းနည္းခဲ့တယ္၊ ကိုတိုင္းခ်စ္တာ ငါမဟုတ္ခဲ့တာကို သိလို႔မဟုတ္ဘူး။ ငါ့ေၾကာင့္ ထုတ္မေျပာရဲဘဲ မ်ိဳသိပ္ခဲ့ရတဲ့ ညီညီ့ကို နာက်င္ေစခဲ့လို႔။ ငါ့အတြက္ေၾကာင့္ ငါ ဝမ္းမနည္းပါဘူး။ ထြဋ္က အမ်ားႀကီးကူညီေပးခဲ့တာ"
"ငါ ဘာလို႔မေျပာခဲ့တာလဲဆိုတာ မသိဘူး ကိုကို၊ ဒါေပမဲ့ ငါတို႔ႏွစ္ေယာက္ထဲမွာ မင္းကိုပဲ အသာရေစခ်င္တာ။ ဘာအရာကမွ မင္းေလာက္အေရးမႀကီးဘူး ကိုကို။ ကိုကိုလိုခ်င္တယ္ဆို ငါ ၿပိဳင္မလုရက္ဘူး"
မိုးညိဳ ေခါင္းထဲကေန တစ္ဆစ္ဆစ္ထိုးကိုက္သည္။ ေ႐ႊမိုးညိဳ လူလိမ္ျဖစ္ေနခဲ့တာပဲ။ သူစိမ္းတစ္ေယာက္ေၾကာင့္ ကိုကို႔ကို တခ်ိန္လုံး ဖုံးကြယ္ထားခဲ့တယ္တဲ့။ အခ်ိန္ေတြ ေနာက္ျပန္လွည့္လို႔ရရင္ သိပ္ေကာင္းမယ္။
"ကိုတိုင္း ၾကားရင္ ေအာ္ငိုေနမွာ ေသခ်ာတယ္။ တကယ္တမ္းေတာ့ ငါက ကိုတိုင္းကို မခ်စ္ခဲ့ဘူး ညီညီရဲ႕။ ေက်ာင္းတုန္းက ငါတို႔အေပၚ ေကာင္းတာဆိုလို႔ ကိုတိုင္းတစ္ေယာက္ပဲ ႐ွိတာ။ မင္းကို အရမ္းဂ႐ုစိုက္ေတာ့ အစ္ကိုတစ္ေယာက္လို ျမင္ၿပီး ရင္ခုန္သြားတယ္ထင္တယ္"
"ငါကေရာ သူ႕ကို ရင္ခုန္ခဲ့တာလား"
ေ႐ႊမိုးညိဳမွာ ရည္းစား႐ွိေနသည္၊ ထိုရည္းစားက တိုင္းကမ႓ာ ဆိုတဲ့ ေယာက်ာ္းေလး။ ဒီစကားေတြကို ကိုကို ေျပာလာေတာ့ မိုးညိဳ ႏွစ္ဆဆြံ႕အရသလို ႏွစ္ဆထူပူရသည္။ ေ႐ႊမိုးညိဳ ကိုယ့္စိတ္ကို နားလည္သည္။ ေယာက်ာ္းသား တစ္ေယာက္အေပၚကို ခံစားခ်က္ပိုဖို႔က ေ႐ႊမိုးညိဳစိတ္နဲ႔ဆိုရင္ ဘယ္နည္းနဲ႔မွ မျဖစ္ႏိုင္။ အဆိုးဆုံးက ကိုကို႔ကို ငိုေအာင္လုပ္ၿပီး ဒီလူနဲ႔ လက္တြဲခဲ့တယ္ဆိုတဲ့ အခ်က္ပဲ။
"ကိုကို ေျပာပါတယ္ ညီညီက ကိုတိုင္းကို သိပ္ႏိုင္ပါတယ္ဆို၊ ညီညီ ရင္ခုန္သလားကေတာ့ ညီညီကိုယ္တိုင္ပဲ သိမွာေပါ့"
ရင္ခုန္တာ ေနာက္ထား။ ေဘးနားကပ္ကာ အပိုေတြလာလုပ္ျပေနတဲ့ ဒီလူ႕ရဲ႕ အျပဳအမူေတြေၾကာင့္ မိုးညိဳေနရထိုင္ရခက္သည္။ အခုလည္း ခဏမ်က္စိေ႐ွ႕ကေန ေပ်ာက္သြားမွ အသက္႐ႈေခ်ာင္ရတာ။
"မသိဘူး မ်က္စိ႐ႈပ္တယ္၊ အခုမွ ေအးေဆးေနရတာ"
"ညီညီ.. ကိုတိုင္းက ညီညီ့ကို သိပ္ခ်စ္တာ၊ သူ႕အေမ သေဘာတူလာေအာင္ မရမက ေျဖာင့္ျဖခဲ့တာပဲ ၾကည့္ေလ။ ၿပီးေတာ့ ကိုတိုင္းအေမက ကင္ဆာေရာဂါသည္၊ ဒီေဆး႐ုံမွာပဲ ကုေနတာ။ သိပ္မခံေတာ့ဘူးတဲ့"
မိခင္အေၾကာင္းပါလာေတာ့ ရင္ထဲမေကာင္းျပန္။ မိုးညိဳ သားသမီးခ်င္း ကိုယ္ခ်င္းစာသည္။ ေဖေဖ ေျခေထာက္တစ္ေခ်ာင္း ျဖတ္လိုက္ရတဲ့ အေၾကာင္းကို နားေထာင္တုန္းကဆိုရင္ ေဆးခ်ိတ္ရတဲ့အထိ ငိုလိုက္ရတယ္ေလ။ သူလည္း အားငယ္ေနမွာပဲ။
"ႏိုးေနၿပီလား မိုးညိဳ"
ဒီလူ အသက္႐ွည္ဦးမည္။ သူ႕အေၾကာင္းေျပာေနတုန္း ေရာက္ခ်လာတာပဲ။ ဒီလူ႕ရဲ႕အၾကည့္ေတြကို မိုးညိဳ ၿပိဳင္မၾကည့္ရဲ။ အထူးသျဖင့္ အဲ့ဒီအညိဳေရာင္မ်က္ဝန္းကို..။
"ညီညီက ႏိုးေနတာ ၾကာၿပီ ကိုတိုင္း၊ အန္တီေရာ သက္သာလား"
"အင္း သက္သာတယ္၊ ထြဋ္ဘုဏ္း႐ွိန္ ျပန္မလာေသးဘူးလား"
"အင္း ညီညီေက်ာင္းတက္တုန္းက သုံးခဲ့တဲ့ ပစၥည္းေတြ ျပန္႐ွာေနတာလို႔ ေျပာတယ္"
"အိုဗာတင္းတိုက္မလို႔လား ငါ တိုက္လိုက္မယ္ ေပး"
ကိုကို႔ကို မ်က္ရိပ္ျပၿပီး ကယ္ဆယ္ခိုင္းပါေသးသည္။ အလိုက္မသိတဲ့ကိုကိုက ဖန္ခြက္ကို တစ္ခါတည္း ထည့္ေပးလိုက္ေတာ့တာပဲ။ အိုဗာတင္း လည္ပင္းတစ္ေတာ့မည္။ ေအးၿပီးသား အရည္ကို တဖူးဖူးနဲ႔မႈတ္ေနေတာ့လည္း ရီစရာအေကာင္းသား။
"ညီညီ.. ကိုကို ထြဋ္ကို ဆင္းေစာင့္လိုက္ဦးမယ္"
"မေစာင့္ရဘူး ဒီနားလာ"
"သူက ညီညီ့ပစၥည္းေတြ သြားယူေပးတာေလ။ မႏိုင္မကာ သယ္ၿပီး ျပဳတ္က်ရင္ ငါ့ညီညီေလး ပစၥည္းေတြ ေၾကမြသြားမွာေပါ့"
"ဒါလည္းဟုတ္သားပဲ၊ ျမန္ျမန္ျပန္လာေနာ္"
"အင္း ခ်က္ခ်င္းျပန္လာမယ္ေနာ္"
ကိုကိုထြက္သြားတာနဲ႔ ေလာကတခြင္က တိတ္ဆိတ္သြားျပန္သည္။ ဒီလူနဲ႔ ဘာစကားေျပာရမွန္း မိုးညိဳ တကယ္မသိပါ။ ေစ့ေစ့ၾကည့္မိရင္ကို ငါ ဘာလို႔ႀကိဳက္ခဲ့တာလဲဆိုတဲ့ ေမးခြန္းက ခ်က္ခ်င္းေပၚသည္။
"ေခါင္းကိုက္ေနေသးလား မိုးညိဳ"
"နည္းနည္း"
"ဗိုက္ေရာဆာလား၊ ထမင္းေပ်ာ့ေပ်ာ့စားလို႔ရၿပီတဲ့"
"နည္းနည္း"
"ၾကက္သားေလးမွ်င္ၿပီး ခြံ႕ရမလား"
"ရတယ္ မခြံ႕နဲ႔"
မွတ္ဥာဏ္သာ ငယ္သြားတာ၊ ေ႐ႊမိုးညိဳတို႔က အခုထိ ေပတုန္းကပ္တုန္း..။ တိုင္းကို တစ္ခုခုစိတ္ခုေနပုံပဲ။ အခန္းထဲဝင္ကတည္းက မ်က္လုံးခ်င္းကို ဆိုင္မၾကည့္တာ။
"မိုးညိဳ ငါ့ကိုစိတ္ဆိုးေနတာလား ငါ ဘာလုပ္မိလို႔လဲ"
"ဒီတိုင္း.. ဒီလိုေနရတာ တမ်ိဳးႀကီးပဲ"
စိမ္းရက္ႏိုင္တဲ့ ေ႐ႊမိုးညိဳရယ္ပါ။ အျပစ္တင္လို႔မရ..၊ တိုင္းေၾကာင့္ မိုးညိဳ ဒီလိုျဖစ္ရတာ။ ခ်စ္သူကို စိတ္ပင္ပန္းေအာင္ထားမယ့္အစား သူ႕စိတ္အလိုကိုသာ လိုက္ေပးခ်င္သည္။ မိုးညိဳ မျမင္ခ်င္ရင္ တိုင္း ကြယ္ရာမွာ သြားေနေပးလိုက္မည္။
"ငါ မင္းနားအရမ္းကပ္ေနမိသြားတယ္ ထင္တယ္၊ ငါ အျပင္မွာထြက္ေနေပးမယ္ေနာ္၊ ဒါေလးကုန္ေအာင္ေသာက္လိုက္"
"ေတာ္ၿပီ မေသာက္ခ်င္ေတာ့ဘူး.. တိုင္း..ကမ႓ာ"
နာမည္ေခၚ၍ ေပ်ာ္ပါသည္။ သို႔ေပမဲ့ ႏွလုံးသားက စူးကာေအာင့္သည္။ လႊဲခ်ထားတဲ့အခ်စ္မ်က္ဝန္းေတြကို တသသေငးၾကည့္ရင္း ျမတ္ႏိုးေသာစကားကို ဆိုမိပါသည္။
"မိုးညိဳ ငါ့နာမည္ရဲ႕ဆိုလိုရင္းကို သိလား"
"ဘာတဲ့လဲ"
"တိုင္းကမ႓ာဆိုတာ တိုင္းရဲ႕ကမ႓ာတဲ့..၊ ငါ့ကမ႓ာက ငါ့ခ်စ္သူပဲ"
"ကေလးဆန္လိုက္တာ"
"ဒါေပမဲ့ ငါခ်စ္သူက ဒီအဓိပၸာယ္ကို အရမ္းသေဘာက်တယ္တဲ့။ သူေပ်ာ္ရင္ ငါေပ်ာ္တယ္ မိုးညိဳ"
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ မမွတ္မိဘူး"
အိုဗာတင္းခြက္ကို စားပြဲေပၚ ျပန္ခ်ၿပီးမွ ႏႈတ္ခမ္းေလးကို ၾကင္ၾကင္နာနာ သုတ္ေပးမိျပန္သည္။ မိုးညိဳ မလိုသေ႐ြ႕ တိုင္း ေပ်ာက္ကြယ္ေပးမည္။ မိုးညိဳေခၚမွ ေပၚလာသည္။ မိုးညိဳ စိတ္ခ်မ္းသာရင္ တိုင္း ေက်နပ္ပါသည္။
"ရပါတယ္ မိုးညိဳ၊ ငါ မွတ္မိေနရင္ ရပါၿပီ၊ မင္း အနားယူပါ၊ ငါ့ကိုျမင္ရတာ ပင္ပန္းတယ္မလား၊ မင္း အဆင္ေျပမွ ငါလာမယ္ေနာ္"
အခ်စ္ပါးေလးကို ထိကိုင္ခ်င္ေသာ္လည္း စိတ္အေႏွာင့္အယွက္ ျဖစ္သြားမွာစိုးသည္။ မိုးညိဳကို စိတ္႐ႈပ္မခံေစခ်င္ပါ။
"ေယာက္ဖေရ ငါ သံေသတၱာထဲကေန ဘာေတြေတြ႕- တိုင္း ဘယ္သြားမလို႔လဲ"
"အျပင္..ခဏ၊ မိုးညိဳကို ၾကည့္လိုက္ဦး"
"ကိုတိုင္း.."
ဒါ ဝမ္းနည္းစရာ မဟုတ္မွန္း တိုင္း သိသည္။ ခ်စ္သူက တမင္တကာ စိမ္းကားတာမဟုတ္ေၾကာင္းကိုသာ အထပ္ထပ္ အခါခါ ေရ႐ြတ္ေနမိသည္။ မဟုတ္ရင္ တိုင္း ေအာ္ငိုမိေတာ့မွာ။
"လြမ္းတယ္ မိုးညိဳ၊ ငါ မင္းကို ျပန္လိုခ်င္လွၿပီ..."
ေဆး႐ုံဝန္းထဲက သစ္ပင္ႀကီးေအာက္မွာ နာက်င္စြာ ေရ႐ြတ္မိေသာ အလြမ္းတမ္းခ်င္း။ ကံၾကမၼာကို အျပစ္မဖို႔လို..၊ အနာဂတ္ေတြ လွပခ်င္ေသးသည္။ မိုးညိဳမ်က္ကြယ္မွာ တိုင္းကမ႓ာ ေယာက်ာ္းတန္မဲ့ ငိုမိျပန္ၿပီ။
မင္းေျပာခဲ့သလိုပဲ.. ငါလည္း မင္းတစ္ေယာက္ေၾကာင့္သာ ငိုတာပါ မိုးညိဳ။ ငါ တင္းမခံႏိုင္ေတာ့ဘူး။ မင္း ငါ့ဆီျပန္လာသင့္ၿပီ။
ေတြးရင္းတရင္း မ်က္ရည္မဆဲႏိုင္။ ဆရာဝန္ေျပာတဲ့ ယာယီက တိုင္းအတြက္ တစ္ကမ႓ာေလာက္ ေအာက္ေမ့ရသည္။ ေ႐ွ႕ဆက္ရမယ့္ အားမ႐ွိေတာ့တာမို႔ ခံစားခ်က္တို႔ မြန္းၾကပ္ေနတုန္းမွာ တတူတူျမည္လာတဲ့ ဖုန္းသံက အနာဂတ္ကို အခ်က္ျပေနသလိုလို..။
ထြဋ္ဘုဏ္း႐ွိန္ ေခၚတာဆိုေပမဲ့ တိုင္း ငိုသံေပါက္ေနတာကို မိုးညိဳ ၾကားသြားၿပီး စိတ္မညိဳေစခ်င္...။ အသံကို ခပ္မာမာ ျပင္ဆင္ၿပီးမွ...
"အင္း ေျပာ"
"တိုင္းကမ႓ာ.. မင္း ဘယ္မွာလဲ ငါ့ဆီအခုလာ"
ဘုရားေရ.. ဒါမိုးညိဳအသံပဲ။ ၾကားရတာ အပူတျပင္းျဖစ္ေနပုံမို႔ တိုင္း စိုးရိမ္လာရေပမဲ့ ျပန္လာေစခ်င္လို႔ ေခၚလာတာဆိုတာ သိခ်င္ေသးသည္။
"ငါေၾကာင့္ မင္း စိတ္႐ႈပ္ရတယ္မလား.."
"ငါ.. မင္းကို ေစာင့္..ေနတာေလ၊ ငါ့ဆီ ျပန္လာမွာဆို..၊ မင္းကတိ ေမ့သြားၿပီလား"
"မိုးညိဳ!"
တိုင္းကမ႓ာ အခ်စ္႐ွိရာကို ဒုန္းဆိုင္းေျပးလာခဲ့သည္။ ေလွကားေပၚ ေျပးတက္တဲ့လမ္းမွာ ေဘးလူေတြရဲ႕ မွတ္ခ်က္ကို ၾကားျဖစ္ေအာင္ၾကားလိုက္ေသးသည္။ လူနာ အေရးေပၚလို႔ ေလာေနတာျဖစ္မယ္တဲ့။ အေရးေပၚပါပဲ..၊ လူနာမဟုတ္ဘဲ ႏွလုံးသား အေရးေပၚတာ။ ဖုန္းမခ်ခင္ မိုးညိဳ ေျပာသြားတဲ့ စကားတစ္ခြန္းေၾကာင့္ တိုင္းကမ႓ာ ႏွလုံးသား ျပန္လည္ ႏိုးၾကားလာခဲ့ၿပီ။ ေ႐ႊမိုးညိဳက ေျပာသည္..။
"မင္းကိုလြမ္းတယ္.. တိုင္း"
*****