"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်"...

By Sayy-Pann-Chi

548K 52.5K 7.7K

ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မ... More

မိတ်ဆက်
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
❗Plz Read🙏(for side couple)❗
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
♡︎🌸♡︎
အပိုင်း(၄၃)
အပိုင်း(၄၄)
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
❗အသိပေးချက်❗(ဖတ်ပေးပါ🙏)
❗Book Announcement❗

အပိုင်း(၅)

14.3K 1.5K 244
By Sayy-Pann-Chi

"ဆွမ်းတော်ဗျို့"

"ဟော်တော် ဆွမ်းခံကြွပြီ ကိုကိုချစ်ရေ...ဘုန်းဘုန်းကိုအိမ်ထဲကြွဖို့ခေါ်ပေးပါဦးလား ဒီမယ် ခင်ထမင်း၊ဟင်းတွေခူးချင်လို့"

အိမ်ရှေ့ရေတွင်းတွင်မျက်နှာသစ်နေသည့်ကိုကိုချစ်ကိုလှမ်းအကူအညီတောင်းရင်း ဆွမ်းထမင်း၊ဆွမ်းဟင်းတွေခူးခပ်ရန် ခင်နှင်းနောက်ဖေးချောင်ကိုဝင်ခဲ့လိုက်သည်။အခုရက်ပိုင်း ကိုကိုချစ်ကခင်နှင်းတို့အိမ်တွင်ညအိပ်စောင့်ပေး၍ မနက်ဆိုလျှင်ပြန်လေ့ရှိသည်။ရွာကိုရောက်လာသည့်ဂျပန်မာစတာကြီးနှောင့်ယှက်တာခံခဲ့ရသော ခင်နှင်းကို အကုန်လုံးကစိတ်မချနိုင်ဖြစ်နေကြသည်။ထို့ကြောင့် မေမေအကူအညီတောင်းလို့ရော၊တစ်ရွာလုံး၏တိုက်တွန်းမှုကြောင့်ပါ ညအိပ်စောင့်ပေးသည့်တာဝန်သည်ကိုကိုချစ်ဆီသို့အလိုလိုရောက်သွား၏။

ရွာကကာလသားတွေထဲမှာကိုကိုချစ်တစ်ယောက်သာခင်နှင်းနှင့်ရင်းရင်းနှီးနှီးရှိသူ။ခင်နှင်းကလည်း ကိုကိုချစ်ကလွဲ၍အခြားဘယ်ယောင်္ကျားသားကိုမှ အရောအနှောမရှိခဲ့တာလည်းပါပါလိမ့်မည်။ငယ်စဥ်တောင်ကျေး ကလေးဘဝအရွယ်ကတည်းက ကိုကိုချစ်နောက်တကောက်ကောက်လိုက်ကာလျှောက်ဆော့ခဲ့သည့်ခင်နှင်း။

ဘယ်အချိန်ကစပြီးမေတ္တာတွေအရောင်စွန်းထင်းကုန်မှန်းသေချာမသိပေမဲ့ ခင်နှင်းသတိထားမိသည့်အချိန်တွင် ကိုကိုချစ်ကိုသိပ်ချစ်နေခဲ့မိပြီ။သို့သော်...ဖွင့်ပြောဖို့ကိုတော့ခင်နှင်းလုံးဝတွေးမည်မဟုတ်ပေ။ဒါဟာသတ္တိမရှိလို့မဟုတ်ပါဘဲ ကိုကိုချစ်အနေရခက်မည်ကိုစိုးရိမ်မှုတစ်ခုတည်းကြောင့်သာ။

.

"ဟုတ်ပြီ ခင်"

မျက်နှာသစ်တာကိုအမြန်လက်စသတ်ပြီး ဝိုင်းအပြင်တွင် သပိတ်ပိုက်ကာရပ်နေသည့်ဆရာတော်တစ်ပါးနှင့် ဆွမ်းချိုင့်တွေကိုင်ရင်းခြံထဲသို့အကဲခတ်ကြည့်နေသည့်ဘုန်းကြီးကျောင်းသားလေးအနားသို့ချစ်စေမောင်အပြေးသွားလိုက်သည်။ဘုန်းဘုန်းကဖိနပ်မပါသည့်အတွက် အကြာကြီးရပ်စောင့်နေလို့မသင့်တော်ပါ။

"ဘုန်းဘုန်းဘုရား အိမ်ထဲကြွပါဘုရား"

"အေးအေး ဒကာလေး"

ဘုန်းဘုန်းထိုင်ခုံတွင်ထိုင်ပြီးခဏအကြာ ခင်ကလည်းဗန်းတစ်ခုဖြင့်ဆွမ်းတွေထည့်ရင်းထွက်လာသည်။ဆွမ်းကပ်ပြီးသည့်အခါ ဘုန်းဘုန်းကို ခင်ရောသူရောလက်အုပ်ချီ၍ ဦးချလိုက်သည်။

"ကျန်းမာပါစေ ချမ်းသာပါစေပါ ဘုန်းကံကြီးပါစေကွယ်"

"ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ ဘုရား"

"အင်း ဦးဇင်းတို့ဒေါင်းလုံရွာလေးလည်း အရင်လိုမအေးချမ်းတော့ဘူးကွယ် ဒကာလေးနဲ့ဒကာမလေးတို့လည်းဂရုစိုက်ကြ ကြားသလား"

ဆရာတော်ကဒေါင်းလုံ ရွာဦးဘုန်းကြီးကျောင်းမှဆရာတော်တစ်ပါးဖြစ်သည့်အတွက်ခင်နှင်းတို့ကိုရင်းရင်းနှီးနှီးပြောဆိုကာ သတိထားရန်မိန့်သည်။

"တင်ပါ့ဘုရား"

ထို့နောက် ဘုန်းဘုန်းရောဘုန်းကြီးကျောင်းသားလေးပါ နောက်ထပ်အိမ်များသို့ဆွမ်းခံရန်ကြွသွားလေသည်။

"ဒါဆိုကိုယ်လည်းပြန်ပြီနော် ခင်"

"ဟင် ပြန်တော့မလို့လားကိုကိုချစ်ရဲ့ မနက်စာလေးတော့စားသွားပါဦးလားဟင်"

"စိတ်မရှိလေနဲ့ခင် ကိုယ်သွားစရာရှိသေးလို့"

"ဘယ်ကိုလဲဟင် ဒီနေ့အလုပ်တွေဘာတွေရှိလို့လား"

"မဟုတ်ဘူး ကိုယ်အစော....အဟမ်း ဆရာလေး‌စောလွန်းအိမ်ကိုသွားမလို့"

"သြော်...ဟုတ်ကဲ့"

ဝိုင်းထဲကထွက်သွားသည့်ကိုကိုချစ်ကိုကြည့်ရင်း ခင်နှင်းသာမက မနက်စာပဲပြုတ်ထမင်းပန်းကန်လေးကပါမျက်နှာငယ်နေတော့သည်။စားစေချင်လို့ မနက်စောစောထပြီးပဲပြုတ်ဝယ်ကာ ထမင်းလေးနဲ့စားကောင်အောင်ပြင်ပေးထားခဲ့တာကို အခုတော့။

ကိုကိုချစ်ဘယ်ကဘယ်လို ဆရာလေးနှင့်ရင်းနှီးသွားသလဲခင်နှင်းမသိသော်လည်း  တစ်ခါတစ်လေကိုကိုချစ်၏အကြည့်တွေကဆရာလေးဆီရောက်ရောက်နေတတ်တာခင်နှင်းသတိထားမိတာကြာပြီဖြစ်သည်။ဥပမာ  ရွာစုဝေးပွဲတို့၊ရွာအလှူတို့မှာပေါ့။ဆရာလေးကရည်ရည်မွန်မွန်လေးနဲ့စိတ်ကောင်းရှိလို့ ကိုကိုချစ်နဲ့ရင်းနှီးသွားတာနေမှာပါလေ။

"ဟင်းး"

သက်ပြင်းချကာ ထိုအကြောင်းတွေမတွေးမိအောင်ကြိုးစားရင်း ဆန်ဖွပ်ဖို့သာပြင်လိုက်တော့သည်။

.
.

"ဟေ့ ချစ်စေမောင်ကြီး ဘယ်ကိုလိမ့်မလို့တုန်းဗျ မျက်နှာကြီးကလည်းပြုံးဖြီးလို့"

အစော၏အိမ်သို့အသွား လမ်းတွင်သူငယ်ချင်းကာလသားတချို့ကစစနောက်နောက်ဖြင့်စကားစလာသည် ။

"ဒီလိုပါပဲ ကျုပ်ကဘာလို့ပြောပြရမတုန်း"

"ရော်...မရိုးဘူးနော် မှန်မှန်လိမ်စမ်း ချစ်သူနဲ့သွားတွေ့မလို့လား"

"ဟာဗျာ မဟုတ်ပါဘူးဆို ကျုပ်သွားပြီဗျို့"

ပြုံးစစဖြင့်ဝိုင်းစနောက်ကြတာကြောင့် ချစ်စေမောင်ဂုတ်ပိုးကိုလက်ဖြင့်ပွတ်ကာထိုနေရာမှအမြန်ထွက်လာခဲ့လိုက်သည်။နောက်ပါးဆီမှာတဟားဟားအော်ရယ်သံများနှင့်အတူ "ငါတို့ကာသလားခေါင်းဆောင်ကြီးရှက်သွားပြီဟေ့"ဟူသည့်စကားတွေကိုမကြားချင်ယောင်ဆောင်ရင်းပေါ့။

အရှေ့တွင်ခရေပင်တစ်ပင်ကထီးထီးကြီးပေါက်ရောက်နေကာ အစောရဲ့အိမ်လေးကဝိုင်းဝမှာတင်ခရေနံ့လေးသင်းလို့နေသည်။

ဝိုင်းထဲကိုဝင်ခဲ့လိုက်တော့ အိမ်တံခါးကပွင့်လျက်သားနဲ့ချစ်စေမောင်ကိုကြိုဆိုနေသည်။သို့သော် တွေ့ချင်သည့်မျက်နှာလေးကိုတော့ဖြင့်မတွေ့မိသေး။ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တာကြောင့် အစောကျောင်းသွားစရာအကြောင်းလည်းမရှိ။အိမ်နောက်ဖေးရောက်နေတာများလား။

"အစော...အစောရေ"

အိမ်ထဲသို့ဝင်ကြည့်သော်လည်းမရှိ။

"အစော မောင်လာတယ်"

အိမ်နောက်ဖေးတွေပါမကျန်ရှာသော်လည်းမတွေ့။ချစ်စေမောင်မျက်မှောင်ကြုတ်၍တွေးဆဆဖြစ်သွားသည်။အစောကအနေအေးသူဖြစ်တာကြောင့် သူနဲ့ရွာပြင်ကစေတီပျက်ကလေးမှာတွေ့သည့်အချိန်မှလွဲ၍ ရွာထဲတောင်လျှောက်မသွားတတ်။ဒါဆို...အခုအစောကအခုဘယ်မှာလဲ။

*ဘယ်ကိုရောက်နေတာလဲအစောရယ်...မောင်စိတ်ပူလှပြီ*

<<<<<<
>>>>>>

"ဆရာရေ...ကျွန်တော်တို့အသီးတွေခူးခဲ့ပြီဗျ"

မာနထမ်းထားသည့်ငှက်ပျောခိုင်ကြီးကိုအောက်ချရင်းဆရာ့ကိုအော်ခေါ်လိုက်သည်။ဘေးမှာသော်ကကလည်းဓားတစ်ချောင်းကိုင်ကာချွေးတလုံးလုံးဖြင့်။‌နောက်လက်တစ်ဖက်ကလည်းသရက်သီးနှင့်သ‌ေင်္ဘာသီးတချို့ထည့်ထားသည့်ခြင်းကိုကိုင်ထားသည်။

ဆရာဘာစိတ်ကူးပေါက်ပြီးဒီလောက်အသီးတွေခူးခိုင်းရတာလဲမသိ။တောထဲမှာအသီးရှာရတာမခက်သော်လည်း ဒီလောက်အများကြီးတော့တစ်ခါမှမခူးဖူးသေးပါ။

"ဟေ့ကောင်သော်က ဆရာကဘာလို့အသီးတွေခူးခိုင်းသလဲမင်းသိလား"

"ဘယ့်နှယ့်ကြောင့်ဒီလောက်စပ်စုနေရသလဲကွာ ဆရာခိုင်းရင်လိုအပ်လို့ပေါ့"

သော်ကပြန်ဖြေရန်ပြင်လိုက်သော်လည်း ဘယ်တုန်းကတည်းကရောက်နေမှန်းမသိသည့် အာဂကဝင်၍ဘုဘောက်ပြောဆိုလာသည်။နှစ်ယောက်သား၏မျက်နှာအနေအထားကိုကြည့်ပြီး စကားထပ်များတော့မည်ဆိုတာသိတာကြောင့် ဓားမြှောင်တစ်ချောင်းယူရင်း ထိုနေရာမှထွက်လာခဲ့သည်။ဆရာအသီးခူးခိုင်းတယ်ဆိုကတည်းက ဟိုကောင်ကလေးကိုကျွေးဖို့မှန်းသော်ကသိလိုက်သည်။ထိုကြောင့်...အဆင့်သင့်ကျွေးရအောင် အခွံ့တွေခွာပြီးခွဲခြမ်းထားရမည်။

"ဟင်းးး ငါမင်းနဲ့ရန်မဖြစ်ချင်ဘူး ဆရာဘယ်မလဲ"

"ဆရာလား ချောင်းစပ်ကနေရာလေးဆီသွားတယ်"

"ဟင် မင်းတကယ်ပြောနေတာလား"

အဲဒီ့ချောင်းစပ်ကလေးဆိုတာတခြားမဟုတ်။ဆရာစိတ်ညစ်သည့်အခါတိုင်းသွားနေကျနေရာလေးတစ်ခုဖြစ်သည်။ထိုနေရာသို့သွားလျှင် ဆရာ့မျက်နှာသည်တစ်ခုခုကိုလွမ်းဆွေးနေသည့်ပုံဖြင့် ဘယ်လိုမှသာသာယာယာမရှိပေ။

"မဟုတ်ရင် ငါကဘာလို့လိမ်ရမတုန်း"

"ဆရာ့မှာစိတ်ညစ်စရာရှိနေလို့လား မနက်ကမှအကောင်းကြီးပါကွာ"

"ဒါတော့ငါလည်းမသိဘူး ဆရာဟိုကောင်လေးဆီကပြန်လာပြီးကတည််းကမှိုင်ထွေနေတာ ခုနကပဲချောင်းဘက်ထွက်သွားတယ်"

"ဟိုကောင်လေးဆရာ့ကိုတစ်ခုခုလုပ်လိုက်တာများလားကွ"

"ဟေ့ကောင်မာန မင်းမလဲနော် ကိုယ့်ဆရာကိုယ်အထင်သေးနေလိုက်တာ"

"ဘာလို့တုန်းကွ"

"ဗိုလ်ရာဇဆိုတဲ့ငါတို့ဆရာကအဲ့ဖြူဖြူသေးသေးကောင်လေးလုပ်တာခံရမလားကွ မင်းစဥ်းစား အဲ့ကောင်လေးကငါ့ကိုတောင်ကြောက်တာ ဆရာ့ဆိုရင်ပြောနေစရာတောင်မလိုဘူးဟေ့"

မျက်နှာကိုမော်ချီကာလက်ပိုက်ရင်းပြောနေသည့်အာဂ‌၏စကားကလည်းမှန်နိုင်သည်။ထိုပုပုသေးသေးကောင်လေးက ကျားကိုးစီးစားမကုန်နိုင်လောက်သည့်ခန္ဓာကိုယ်ရှိသည့်ဆရာ့ကိုဘာလုပ်နိုင်မှာတဲ့လဲ။

တစ်ခါတစ်ရံလူကိုစိတ်ကသတ်နိုင်ကြောင်းကိုတော့ အာဂရောမာနပါထိုအချိန်က မတွေးမိခဲ့ကြပေ။

.
.

သော်ကအသီးတွေဆေးရန်ချောင်းဘက်ထွက်လာလိုက်ရာ ချောင်းစပ်ရှိကျောင်ဆောင်လေးပေါ်တွင်မတ်တပ်ရပ်ရင်း အဝေးရှိတောင်တန်းတွေကိုငေးနေသည့်ဆရာ့ကိုတွေ့လိုက်ရသည်။ဆရာဘာတွေအတွေးလွန်နေပါလိမ့်။

"ဆရာ"

ကျောက်ဆောင်အနားသွားကာအသံပြုလိုက်တော့ သူ့ကိုလှည့်ကြည့်လာသည့်ဆရာ။မျက်နှာအနေအထားတည်ငြိမ်နေပါသော်လည်း ဆရာ့အကြောင်းနောကျေနေသည့်သော်ကအဖို့ ဆရာတစ်ခုခုဖြစ်နေမှန်းအတပ်သိသည်။

"သြော် သော်က မင်းတို့အသီးတွေခူးခဲ့ပြီလား"

"ခူးခဲ့ပြီးပြီဆရာ ကျွန်တော်ချောင်းမှာအသီးတွေလာဆေးရင်းဆရာ့ကိုတွေ့လို့..."

သူ့အပြောကြောင့် ဆရာကချောင်းစပ်နားလေးတွင်သော်ကချထားခဲ့သည့်အသီးခြင်းကိုတစ်လှည့် သော်ကကိုတစ်လှည့်ကြည့်ရင်း ခေါင်းတညိတ်ညိတ်ဖြင့်အသိအမှတ်ပြုသည်။ချောင်းဟုခေါ်သော်လည်း ရေတွေကကြည်လင်နေကာ အောက်ရှိကျောက်စရစ်ခဲလေးများကိုပါမြင်နေရသည်။

သော်ကတို့စခန်းချသည့်နေရာမှ ချောင်းဆီရောက်ဖို့ဆိုလျှင် အချိန်အကြာကြီးလမ်းမလျှောက်ရပါ။ထို့ကြောင့် သူတို့တစ်ဖွဲ့လုံးရေလိုအပ်လျှင်ဒီချောင်းလေးဆီကိုပဲလာယူကြသည်။

"ဆရာဘာစိတ်ညစ်စရာရှိလို့လဲ"

"အဟင်း ဘာလို့မေးတာတုန်းကွ"

"ကျွန်တော်တို့ကဆရာ့အရိပ်နောက်ကိုလိုက်နေရတဲ့ဆရာ့တပည့်တွေပါဗျာ ဆရာ့အကြောင်းအလုံးစုံမသိတောင် ဆရာ့အကျင့်တချို့ကိုသတိထားမိနေပြီ ဒီချောင်းစပ်ကိုဆရာစိတ်ညစ်တဲ့အချိန်တွေပဲလာနေကျ ကျွန်တော်ပြောတာဟုတ်သလား"

"ဟင်းဟင်းဟင်း"

ခပ်သြသြအသံဖြင့်သဘောကျစွာရယ်လိုက်သံသည် သော်ကစကားမှန်ကန်ကြောင်းသက်သေ။

"ဘယ်ဆိုးလို့တုန်းကွ ငါ့တပည့်တွေက ဟမ်"

ရာဇချီးကျူးစကားပြောရင်း သော်က၏ပုခုံးသို့နှစ်ချက်လောက်ပုတ်လိုက်သည်။

တကယ်လည်းဒီနေရာကိုစိတ်ညစ်နေသည့်အချိန်များသာလာတတ်သည်။တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်ကိုလွမ်းသည့်အချိန်ပေါ့။

တောင်ထိပ်ရေတံခွန်ဆီမှချောင်းအတွင်းသို့ စီးဆင်းလာသည့်စုန်ရေ၏အလှ၊ထိုချောင်းလေးအတွင်းလှပစွာကူးခတ်နေကြသည့်ငါးလေးတွေ၏အလှ၊အဝေးမှလှမ်းမြင်နေရသည့်စိမ်းစိမ်းစိုစိုတောင်တန်းကြီး၏အလှ။ထို့သို့ တောတောင်ရေမြေသဘာဝအလှများကတောင် ထိုလူတစ်ယောက်ကိုလွမ်းဆွတ်တမ်းတစိတ်အားဖြေသိမ့်မပေးနိုင်ခဲ့ပေ။

"သော်က"

"ဗျာ ဆရာ"

"မင်းပြောကြည့် ငါဟာတကယ်ပဲမုန်းစရာကောင်းသလား ဟမ်"

"မဟုတ်တာပဲဆရာရယ် ဆရာဘယ်လိုလူလဲဆိုတာအနီးကပ်နေရတဲ့ကျွန်တော်တို့အသိဆုံး"

"အေးကွာ ငါလည်းမပြောတတ်တော့ပါဘူး"

ဟူးး

စိတ်ညစ်ညူးစွာလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

လေပူတွေထုတ်၊သက်ပြင်းတွေချနေသည့်ဆရာ့ကို သော်ကဘေးတစ်စောင်းငေးကြည့်နေလိုက်သည်။ဆရာဘာဖြစ်နေသလဲဆိုတာကို  သူနည်းနည်းတော့ရိပ်မိလာသလိုလို။

"ဆရာ့ကိုအကြံပေးရရင် မုန်းတယ်လို့ပြောခံရတာကိုအခုလိုမှိုင်ထွေနေမဲ့အစား အဲဒီ့လူမမုန်းတော့အောင်ကြိုးစားကြည့်ပါလားဗျာ"

"........"

သော်က၏အပြောကြောင့် ရာဇတွေးဆဆဖြစ်သွားသည်။မမုန်းတော့အောင်ကြိုးစားရမည်ဆိုလျှင် ဘယ်လိုနည်းလမ်းနဲ့လဲ။ဘယ်သူ့အမြင်ကိုမှဂရုမစိုက်ခဲ့တဲ့သူက ကောင်လေးတစ်ယောက်ကမုန်းတယ်ပြောလိုက်လို့အတွေးတွေများနေရသည်တဲ့လား။ဒါ့အပြင် ထိုကောင်လေးမမုန်းတော့အောင်တောင် တကူးတကကြိုးစားဦးမည်။

*ရာဇခက်ထန်ရာဇဝင်ရိုင်းသွားခဲ့ပြီ။ သိုးပေါက်လေး...မင်းကြောင့်......*

<<<<<<
>>>>>>

ရာဇဟိုကောင်လေး၏တဲဆီသို့ အာဂကိုခေါ်ကာလာခဲ့လိုက်သည်။ထိုတဲလေးကရာဇတို့နေ့လည်နေ့ခင်းအနားယူသည့်တဲကလေးဖြစ်သည်။

သူတို့ကိုတွေ့တော့ နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ကာမျက်နှာလွှဲသွားသည့်အမူအရာကြောင့် ရာဇမျက်ခုံးပင့်သွားရ၏။ကိုယ်တွေကစေတနာနဲ့ဗိုက်ဆာနေမှာစိုးလို့ အသီးလာကျွေးတာကိုအခုလိုတုန့်ပြန်တယ်ပေါ့လေ။ရာဇတို့၏ထမင်းနှင့်ဟင်းတွေကိုထိုကောင်လေး စားမယ်မှန်းမသေချာတာကြောင့် တမင်သော်ကကိုအသီးတွေခူးခိုင်းလိုက်ခြင်းဖြစ်သည်။

ထိုကောင်လေးကိုချည်နှောင်ထားသည့်ကြိုးတို့ကိုဖြေပေးကာ သက်တောင့်သက်သာနေစေလိုက်သည်။

"ခင်ဗျား ငှက်ပျောသီးစားမလား"

"အဟွတ် အဟွတ်"

ရာဇ၏တည့်တိုးအမေးကြောင့် အာဂဆီမှချောင်းတဟွတ်ဟွတ်ဆိုးသံများထွက်ပေါ်လာကာ အရှေ့ကကောင်လေးဆီကတော့မျက်မှောင်ကြုတ်ကာကြည့်လာသည့် အကြည့်စူးစူးတစ်ခုကိုလက်ခံရရှိလိုက်သည်။သူမေးတာဘာမှားလို့လဲ။

"ကျုပ်မေးတာ ခင်ဗျားငှက်ပျောသီးစားမလား ကျန်တဲ့သရက်သီးတို့သ‌ေင်္ဘာသီးတို့စားချင်လား"

"ဘာမှမစားဘူး"

"တကယ်လား နေ့လည်တောင်ရောက်လုပြီ ခင်ဗျားဗိုက်မဆာတာသေချာရဲ့လား"

"မစားဘူးလို့ပြောနေတယ်လေ ခင်ဗျားနားမလည်ဘူးလား"

ဆရာ့ကိုဘုဘောက်နှင့်ပြန်အော်နေသည့် ကောင်လေးကိုအာဂချဥ်လာသည်။ဘယ်ကသတ္တိတွေနဲ့ဗိုလ်ရာဇကိုပြန်အော်ရဲရတာလဲ။ဆရာကလည်းဒီကောင်လေးနဲ့ကျမှဘာကြောင့်ဒီလောက်သည်းခံနေရတာလဲမစဥ်းစားတတ်တော့။

"မစားချင်လည်းမကျွေးနဲ့ဆရာ ငတ်သေသွားလည်းအေးတာပေါ့"

"ဟေ့ကောင် ဘယ့်နှယ့်ပြောလိုက်တာတုန်းကွ"

"ကျွန်တော်စိတ်မရှည်တော့လို့ပါဗျာ"

"မင်းခဏလောက်အသာနေစမ်းပါကွာ"

အာဂကိုငေါက်ပြီး ကောင်လေးမျက်နှာကိုပြန်ကြည့်လိုက်သည်။တောထဲမှာလည်းဖြစ်၊တောင်ပေါ်မှာလည်းဖြစ်တာကြောင့် အအေးဓာတ်လွန်ကဲနေမှုသည်ထိုကောင်လေး၏မျက်နှာဖွေးဖွေးကိုပန်းသွေးရောင်လေးဖြစ်သွားစေသည်။နှာခေါင်းထိပ်လေးတွေနီရဲနေပုံမှာ မီးတောက်ကလေးပမာ။

သို့သော်...မနေ့ညကတည်းကရေကလွဲပြီး ဘာမှမစားရသေးတာကြောင့်ထိုသိုးပေါက်လေးဗိုက်ဆာနေမည်မှာမလွဲဧကန်ပေ။ဒါတောင်...ဘာကြောင့်မူနေရသလဲ။

"သေချာလား ခင်ဗျားလေးဗိုက်မဆာတာ"

"မဆာ..."

ဂွီ!

"ဟင်းဟင်း ရော့ပါ ဆာနေရင်စားလိုက်"

ငှက်ပျော်သီး သီးမွှေးတစ်လုံးဖြုတ်ပေးလိုက်တော့ မငြင်းဆန်တော့ဘဲယူ၍စားသည်။ငှက်ပျောသီးတွေကမှည့်တာကြောင့် ထိုကောင်လေးစားလို့အဆင်ပြေလောက်မှာပါ။

"ကျုပ်ကိုမုန်းဖို့ဆိုရင်အားရှိဖို့လိုတယ် အဲတာကြောင့်...."

"အစာတော့ဝအောင်စား"

စူးရှတဲ့မျက်ဝန်းအကြည့်တွေနဲ့စိုက်ကြည့်ကာ ခပ်ဆွေးဆွေးပြောနေသည့်ဓားပြကြီးကို စောလွန်းအကြည့်လွှဲကာ ယူလာပေးသည့်အသီးတွေကိုသာစားနေလိုက်သည်။ထိုအကြည့်တွေ၏အဓိပ္ပာယ်ကိုစောလွန်းဘာသာမပြန်ချင်ပါ။

ဘယ်လိုဓားပြမှန်းကိုမသိဘူး ကိုယ်ကမုန်းတယ်လို့ပြောနေတာကိုတောင်စေတနာတွေယိုဖိတ်ပြီးအသီးတွေလာကျွေးနေသေးတယ်။မသိလျှင် သူကသူတော်ကောင်းကြီးပေါ့။အလကား သူများပစ္စည်းဥစ္စာတွေလုယူနေတဲ့သူ။

"အာဂ ငါ့ကိုဟိုဓားမယူပေးပြီးမင်းသွားတော့"

"ဟုတ်ကဲ့ ဆရာ"

ထို့နောက် အာဂကဓားကိုယူပေးတာတဲထဲမှထွက်သွားသည်။

"ခင်..ခင်ဗျား ဘာ..ဘာလုပ်မလို့လဲ"

ဓားကိုင်ကာစောလွန်းအနားသို့လျှောက်လာသည့် ဓားပြကြီးကြောင့်စောလွန်းကြောက်ရွံ့ကာအသံတွေပင်တုန်လာသည်။ဘာလဲ စောလွန်းကိုသတ်တော့မလို့လား။သူ့အကြောင်းကိုစိတ်ထဲကနေအတင်းတုပ်နေမိတာကိုသိသွားလို့ စောလွန်းကိုအပြတ်ရှင်းတော့မှာလားဟင်။

ဟင့်အင်း စောလွန်းမသေချင်သေးဘူး။

"စောစောကတော့ကတ်ကတ်လန်ပြန်ပြောနေပြီးတော့ အခုမှကြောက်ရကောင်းမှန်းသိတာလား ဟမ်"

ရာဇရယ်ချင်စိတ်ကိုထိန်းရင်း နှုတ်ခမ်းကိုတင်းတင်းစေ့ကာအံကြိတ်သံဖြင့်ပြောလိုက်သည်။တမင်ခြောက်လို့ခြောက်နေမှန်းမသိပါဘဲ ထိုကောင်လေးသူ့ကိုတကယ်ကြောက်နေပုံမှာ ကျားစားတာခံရတော့မည်ကိုစိုးရိမ်နေသည့်သိုးငယ်လေးလို။

ဘယ်လောက်ပဲထိုဓားပြကြီးကိုမုန်းနေပါစေ သူသတ်တာကိုတော့မခံရဲပါ။ထိုလူ့လက်ထဲတွင်တရမ်းရမ်းဖြစ်နေသည့်ဓားမကြီးကိုကြည့်ပြီး စောလွန်းကြက်သီးမွှေးညှင်းလေးတွေပင်ထလာသည်။စောလွန်းကိုထိုဓားမကြီးနဲ့အပိုင်းပိုင်းခုတ်လိုက်ရင်ဖြင့်...

"မ..မဟုတ်ဘူး  ကျွန်..ကျွန်တော့်ကိုမသတ်နဲ့နော်"

"ကျုပ်ကဘာလို့မသတ်ရမှာလဲ ကဲပြော"

"ခိုင်း..ခိုင်းတာအကုန်လိုက်နာမှာမို့လို့ မသတ်တော့မသတ်ပါနဲ့နော်"

"ဒါဆိုခင်ဗျားလုံးဝထွက်မပြေးပါဘူးလို့ ကျုပ်ကိုကတိပေး အဲတာဆိုကျုပ်ကလည်းခင်ဗျားကိုကြိုးမတုတ်ဘဲထားမယ်"

"ဟင်"

တကယ်တော့ထိုလူတွေအလစ်မှာစောလွန်းထွက်ပြေးရန်ကြံရွယ်ထားခြင်းဖြစ်သည်။ကတိပေးလိုက်ရင် ထိုဓားပြကြီးပြန်မပို့မချင်းသူရွာပြန်ရမည်မဟုတ်ပေ။အို...ဘာပဲဖြစ်ဖြစ်အသက်မသေဖို့ကအဓိကပါပဲလေ။

"ဟုတ် ပေး..ပေးပါတယ် ကျွန်တော်ထွက်မပြေးပါဘူး"

အကြံအစည်အောင်မြင်သွားတာကြောင့် ခေါင်းငုံ့ထားသည့်ကောင်လေးမမြင်အောင် ရာဇခိုးပြုံးလိုက်သည်။အမြဲတမ်းကြိုးမတုပ်ထားချင်တာကြောင့် ထိုကဲ့သို့ကြံလိုက်ခြင်းဖြစ်သည်။နီရဲရဲလက်ကောက်ဝတ်လေးနှစ်ဖက်ကိုကြည့်ပြီးလည်းစိတ်မကောင်း။

"အိန်း ဒါဆိုရင်ဖြင့်ခင်ဗျားကျုပ်နဲ့အတူ ကျုပ်နေတဲ့တဲမှာနေရလိမ့်မယ်"

"ဗျာ!!"

<<<<<<
>>>>>>

ရာဇကိုပေါ့သေးသေးမထင်ဖို့သတိပေးချင်ပါတယ် သူ့ရဲ့dark sideကိုမချပြရသေးလို့။

ဒေါင်းလုံရွာနဲ့ဒီဇာတ်လမ်းမှာပါရှိတဲ့နေရာ၊တောတောင်အလှအပတွေကချီ့စိတ်ကူးသက်သက်ပါနော်><

ဆေးပန်းချီ🌸

၁၆.၁၂.၂၀၂၁💜

"ဆြမ္းေတာ္ဗ်ိဳ႕"

"ေဟာ္ေတာ္ ဆြမ္းခံႂကြၿပီ ကိုကိုခ်စ္ေရ...ဘုန္းဘုန္းကိုအိမ္ထဲႂကြဖို႔ေခၚေပးပါဦးလား ဒီမယ္ ခင္ထမင္း၊ဟင္းေတြခူးခ်င္လို႔"

အိမ္ေရွ႕ေရတြင္းတြင္မ်က္ႏွာသစ္ေနသည့္ကိုကိုခ်စ္ကိုလွမ္းအကူအညီေတာင္းရင္း ဆြမ္းထမင္း၊ဆြမ္းဟင္းေတြခူးခပ္ရန္ ခင္ႏွင္းေနာက္ေဖးေခ်ာင္ကိုဝင္ခဲ့လိုက္သည္။အခုရက္ပိုင္း ကိုကိုခ်စ္ကခင္ႏွင္းတို႔အိမ္တြင္ညအိပ္ေစာင့္ေပး၍ မနက္ဆိုလွ်င္ျပန္ေလ့ရွိသည္။႐ြာကိုေရာက္လာသည့္ဂ်ပန္မာစတာႀကီးႏွောင့္ယွက္တာခံခဲ့ရေသာ ခင္ႏွင္းကို အကုန္လုံးကစိတ္မခ်နိဳင္ျဖစ္ေနၾကသည္။ထို႔ေၾကာင့္ ေမေမအကူအညီေတာင္းလို႔ေရာ၊တစ္႐ြာလုံး၏တိုက္တြန္းမႈေၾကာင့္ပါ ညအိပ္ေစာင့္ေပးသည့္တာဝန္သည္ကိုကိုခ်စ္ဆီသို႔အလိုလိုေရာက္သြား၏။

႐ြာကကာလသားေတြထဲမွာကိုကိုခ်စ္တစ္ေယာက္သာခင္ႏွင္းႏွင့္ရင္းရင္းႏွီးႏွီးရွိသူ။ခင္ႏွင္းကလည္း ကိုကိုခ်စ္ကလြဲ၍အျခားဘယ္ေယာကၤ်ားသားကိုမွ အေရာအႏွောမရွိခဲ့တာလည္းပါပါလိမ့္မည္။ငယ္စဥ္ေတာင္ေက်း ကေလးဘဝအ႐ြယ္ကတည္းက ကိုကိုခ်စ္ေနာက္တေကာက္ေကာက္လိုက္ကာေလွ်ာက္ေဆာ့ခဲ့သည့္ခင္ႏွင္း။

ဘယ္အခ်ိန္ကစၿပီးေမတၱာေတြအေရာင္စြန္းထင္းကုန္မွန္းေသခ်ာမသိေပမဲ့ ခင္ႏွင္းသတိထားမိသည့္အခ်ိန္တြင္ ကိုကိုခ်စ္ကိုသိပ္ခ်စ္ေနခဲ့မိၿပီ။သို႔ေသာ္...ဖြင့္ေျပာဖို႔ကိုေတာ့ခင္ႏွင္းလုံးဝေတြးမည္မဟုတ္ေပ။ဒါဟာသတၱိမရွိလို႔မဟုတ္ပါဘဲ ကိုကိုခ်စ္အေနရခက္မည္ကိုစိုးရိမ္မႈတစ္ခုတည္းေၾကာင့္သာ။

.
.

"ဟုတ္ၿပီ ခင္"

မ်က္ႏွာသစ္တာကိုအျမန္လက္စသတ္ၿပီး ဝိုင္းအျပင္တြင္ သပိတ္ပိုက္ကာရပ္ေနသည့္ဆရာေတာ္တစ္ပါးႏွင့္ ဆြမ္းခ်ိဳင့္ေတြကိုင္ရင္းၿခံထဲသို႔အကဲခတ္ၾကည့္ေနသည့္ဘုန္းႀကီးေက်ာင္းသားေလးအနားသို႔ခ်စ္ေစေမာင္အေျပးသြားလိုက္သည္။ဘုန္းဘုန္းကဖိနပ္မပါသည့္အတြက္ အၾကာႀကီးရပ္ေစာင့္ေနလို႔မသင့္ေတာ္ပါ။

"ဘုန္းဘုန္းဘုရား အိမ္ထဲႂကြပါဘုရား"

"ေအးေအး ဒကာေလး"

ဘုန္းဘုန္းထိုင္ခုံတြင္ထိုင္ၿပီးခဏအၾကာ ခင္ကလည္းဗန္းတစ္ခုျဖင့္ဆြမ္းေတြထည့္ရင္းထြက္လာသည္။ဆြမ္းကပ္ၿပီးသည့္အခါ ဘုန္းဘုန္းကို ခင္ေရာသူေရာလက္အုပ္ခ်ီ၍ ဦးခ်လိဳက္သည္။

"က်န္းမာပါေစ ခ်မ္းသာပါေစပါ ဘုန္းကံႀကီးပါေစကြယ္"

"ေပးတဲ့ဆုနဲ႕ျပည့္ရပါလို၏ ဘုရား"

"အင္း ဦးဇင္းတို႔ေဒါင္းလုံ႐ြာေလးလည္း အရင္လိုမေအးခ်မ္းေတာ့ဘူးကြယ္ ဒကာေလးနဲ႕ဒကာမေလးတို႔လည္းဂ႐ုစိုက္ၾက ၾကားသလား"

ဆရာေတာ္ကေဒါင္းလုံ ႐ြာဦးဘုန္းႀကီးေက်ာင္းမွဆရာေတာ္တစ္ပါးျဖစ္သည့္အတြက္ခင္ႏွင္းတို႔ကိုရင္းရင္းႏွီးႏွီးေျပာဆိုကာ သတိထားရန္မိန့္သည္။

"တင္ပါ့ဘုရား"

ထို႔ေနာက္ ဘုန္းဘုန္းေရာဘုန္းႀကီးေက်ာင္းသားေလးပါ ေနာက္ထပ္အိမ္မ်ားသို႔ဆြမ္းခံရန္ႂကြသြားေလသည္။

"ဒါဆိုကိုယ္လည္းျပန္ၿပီေနာ္ ခင္"

"ဟင္ ျပန္ေတာ့မလို႔လားကိုကိုခ်စ္ရဲ႕ မနက္စာေလးေတာ့စားသြားပါဦးလားဟင္"

"စိတ္မရွိေလနဲ႕ခင္ ကိုယ္သြားစရာရွိေသးလို႔"

"ဘယ္ကိုလဲဟင္ ဒီေန႕အလုပ္ေတြဘာေတြရွိလို႔လား"

"မဟုတ္ဘူး ကိုယ္အေစာ....အဟမ္း ဆရာေလးေစာလြန္းအိမ္ကိုသြားမလို႔"

"ေၾသာ္...ဟုတ္ကဲ့"

ဝိုင္းထဲကထြက္သြားသည့္ကိုကိုခ်စ္ကိုၾကည့္ရင္း ခင္ႏွင္းသာမက မနက္စာပဲျပဳတ္ထမင္းပန္းကန္ေလးကပါမ်က္ႏွာငယ္ေနေတာ့သည္။စားေစခ်င္လို႔ မနက္ေစာေစာထၿပီးပဲျပဳတ္ဝယ္ကာ ထမင္းေလးနဲ႕စားေကာင္ေအာင္ျပင္ေပးထားခဲ့တာကို အခုေတာ့။

ကိုကိုခ်စ္ဘယ္ကဘယ္လို ဆရာေလးႏွင့္ရင္းႏွီးသြားသလဲခင္ႏွင္းမသိေသာ္လည္း တစ္ခါတစ္ေလကိုကိုခ်စ္၏အၾကည့္ေတြကဆရာေလးဆီေရာက္ေရာက္ေနတတ္တာခင္ႏွင္းသတိထားမိတာၾကာၿပီျဖစ္သည္။ဥပမာ ႐ြာစုေဝးပြဲတို႔၊႐ြာအလႉတို႔မွာေပါ့။ဆရာေလးကရည္ရည္မြန္မြန္ေလးနဲ႕စိတ္ေကာင္းရွိလို႔ ကိုကိုခ်စ္နဲ႕ရင္းႏွီးသြားတာေနမွာပါေလ။

"ဟင္းး"

သက္ျပင္းခ်ကာ ထိုအေၾကာင္းေတြမေတြးမိေအာင္ႀကိဳးစားရင္း ဆန္ဖြပ္ဖို႔သာျပင္လိုက္ေတာ့သည္။

.
.

"ေဟ့ ခ်စ္ေစေမာင္ႀကီး ဘယ္ကိုလိမ့္မလို႔တုန္းဗ် မ်က္ႏွာႀကီးကလည္းၿပဳံးၿဖီးလို႔"

အေစာ၏အိမ္သို႔အသြား လမ္းတြင္သူငယ္ခ်င္းကာလသားတခ်ိဳ႕ကစစေနာက္ေနာက္ျဖင့္စကားစလာသည္ ။

"ဒီလိုပါပဲ က်ဳပ္ကဘာလို႔ေျပာျပရမတုန္း"

"ေရာ္...မရိုးဘူးေနာ္ မွန္မွန္လိမ္စမ္း ခ်စ္သူနဲ႕သြားေတြ႕မလို႔လား"

"ဟာဗ်ာ မဟုတ္ပါဘူးဆို က်ဳပ္သြားၿပီဗ်ိဳ႕"

ၿပဳံးစစျဖင့္ဝိုင္းစေနာက္ၾကတာေၾကာင့္ ခ်စ္ေစေမာင္ဂုတ္ပိုးကိုလက္ျဖင့္ပြတ္ကာထိုေနရာမွအျမန္ထြက္လာခဲ့လိုက္သည္။ေနာက္ပါးဆီမွာတဟားဟားေအာ္ရယ္သံမ်ားႏွင့္အတူ "ငါတို႔ကာသလားေခါင္းေဆာင္ႀကီးရွက္သြားၿပီေဟ့"ဟူသည့္စကားေတြကိုမၾကားခ်င္ေယာင္ေဆာင္ရင္းေပါ့။

အေရွ႕တြင္ခေရပင္တစ္ပင္ကထီးထီးႀကီးေပါက္ေရာက္ေနကာ အေစာရဲ႕အိမ္ေလးကဝိုင္းဝမွာတင္ခေရနံ႕ေလးသင္းလို႔ေနသည္။

ဝိုင္းထဲကိုဝင္ခဲ့လိုက္ေတာ့ အိမ္တံခါးကပြင့္လ်က္သားနဲ႕ခ်စ္ေစေမာင္ကိုႀကိဳဆိုေနသည္။သို႔ေသာ္ ေတြ႕ခ်င္သည့္မ်က္ႏွာေလးကိုေတာ့ျဖင့္မေတြ႕မိေသး။ဒီေန႕ကေက်ာင္းပိတ္ရက္ျဖစ္တာေၾကာင့္ အေစာေက်ာင္းသြားစရာအေၾကာင္းလည္းမရွိ။အိမ္ေနာက္ေဖးေရာက္ေနတာမ်ားလား။

"အေစာ...အေစာေရ"

အိမ္ထဲသို႔ဝင္ၾကည့္ေသာ္လည္းမရွိ။

"အေစာ ေမာင္လာတယ္"

အိမ္ေနာက္ေဖးေတြပါမက်န္ရွာေသာ္လည္းမေတြ႕။ခ်စ္ေစေမာင္မ်က္ေမွာင္ၾကဳတ္၍ေတြးဆဆျဖစ္သြားသည္။အေစာကအေနေအးသူျဖစ္တာေၾကာင့္ သူနဲ႕႐ြာျပင္ကေစတီပ်က္ကေလးမွာေတြ႕သည့္အခ်ိန္မွလြဲ၍ ႐ြာထဲေတာင္ေလွ်ာက္မသြားတတ္။ဒါဆို...အခုအေစာကအခုဘယ္မွာလဲ။

*ဘယ္ကိုေရာက္ေနတာလဲအေစာရယ္...ေမာင္စိတ္ပူလွၿပီ*

<<<<<<
>>>>>>

"ဆရာေရ...ကြၽန္ေတာ္တို႔အသီးေတြခူးခဲ့ၿပီဗ်"

မာနထမ္းထားသည့္ငွက္ေပ်ာခိုင္ႀကီးကိုေအာက္ခ်ရင္းဆရာ့ကိုေအာ္ေခၚလိုက္သည္။ေဘးမွာေသာ္ကကလည္းဓားတစ္ေခ်ာင္းကိုင္ကာေခြၽးတလုံးလုံးျဖင့္။ေနာက္လက္တစ္ဖက္ကလည္းသရက္သီးႏွင့္သေင်္ဘာသီးတချို့ထည့်ထားသည့်ခြင်းကိုကိုင်ထားသည်။

ဆရာဘာစိတ္ကူးေပါက္ၿပီးဒီေလာက္အသီးေတြခူးခိုင္းရတာလဲမသိ။ေတာထဲမွာအသီးရွာရတာမခက္ေသာ္လည္း ဒီေလာက္အမ်ားႀကီးေတာ့တစ္ခါမွမခူးဖူးေသးပါ။

"ေဟ့ေကာင္ေသာ္က ဆရာကဘာလို႔အသီးေတြခူးခိုင္းသလဲမင္းသိလား"

"ဘယ့္ႏွယ့္ေၾကာင့္ဒီေလာက္စပ္စုေနရသလဲကြာ ဆရာခိုင္းရင္လိုအပ္လို႔ေပါ့"

ေသာ္ကျပန္ေျဖရန္ျပင္လိုက္ေသာ္လည္း ဘယ္တုန္းကတည္းကေရာက္ေနမွန္းမသိသည့္ အာဂကဝင္၍ဘုေဘာက္ေျပာဆိုလာသည္။ႏွစ္ေယာက္သား၏မ်က္ႏွာအေနအထားကိုၾကည့္ၿပီး စကားထပ္မ်ားေတာ့မည္ဆိုတာသိတာေၾကာင့္ ဓားျမႇောင္တစ္ေခ်ာင္းယူရင္း ထိုေနရာမွထြက္လာခဲ့သည္။ဆရာအသီးခူးခိုင္းတယ္ဆိုကတည္းက ဟိုေကာင္ကေလးကိုေကြၽးဖို႔မွန္းေသာ္ကသိလိုက္သည္။ထိုေၾကာင့္...အဆင့္သင့္ေကြၽးရေအာင္ အခြံ႕ေတြခြာၿပီးခြဲျခမ္းထားရမည္။

"ဟင္းးး ငါမင္းနဲ႕ရန္မျဖစ္ခ်င္ဘူး ဆရာဘယ္မလဲ"

"ဆရာလား ေခ်ာင္းစပ္ကေနရာေလးဆီသြားတယ္"

"ဟင္ မင္းတကယ္ေျပာေနတာလား"

အဲဒီ့ေခ်ာင္းစပ္ကေလးဆိုတာတျခားမဟုတ္။ဆရာစိတ္ညစ္သည့္အခါတိုင္းသြားေနက်ေနရာေလးတစ္ခုျဖစ္သည္။ထိုေနရာသို႔သြားလွ်င္ ဆရာ့မ်က္ႏွာသည္တစ္ခုခုကိုလြမ္းေဆြးေနသည့္ပုံျဖင့္ ဘယ္လိုမွသာသာယာယာမရွိေပ။

"မဟုတ္ရင္ ငါကဘာလို႔လိမ္ရမတုန္း"

"ဆရာ့မွာစိတ္ညစ္စရာရွိေနလို႔လား မနက္ကမွအေကာင္းႀကီးပါကြာ"

"ဒါေတာ့ငါလည္းမသိဘူး ဆရာဟိုေကာင္ေလးဆီကျပန္လာၿပီးကတည္္းကမွိုင္ေထြေနတာ ခုနကပဲေခ်ာင္းဘက္ထြက္သြားတယ္"

"ဟိုေကာင္ေလးဆရာ့ကိုတစ္ခုခုလုပ္လိုက္တာမ်ားလားကြ"

"ေဟ့ေကာင္မာန မင္းမလဲေနာ္ ကိုယ့္ဆရာကိုယ္အထင္ေသးေနလိုက္တာ"

"ဘာလို႔တုန္းကြ"

"ဗိုလ္ရာဇဆိုတဲ့ငါတို႔ဆရာကအဲ့ျဖဴျဖဴေသးေသးေကာင္ေလးလုပ္တာခံရမလားကြ မင္းစဥ္းစား အဲ့ေကာင္ေလးကငါ့ကိုေတာင္ေၾကာက္တာ ဆရာ့ဆိုရင္ေျပာေနစရာေတာင္မလိုဘူးေဟ့"

မ်က္ႏွာကိုေမာ္ခ်ီကာလက္ပိုက္ရင္းေျပာေနသည့္အာဂ၏စကားကလည္းမွန္နိုင္သည္။ထိုပုပုေသးေသးေကာင္ေလးက က်ားကိုးစီးစားမကုန္နိုင္ေလာက္သည့္ခႏၶာကိုယ္ရွိသည့္ဆရာ့ကိုဘာလုပ္နိုင္မွာတဲ့လဲ။

တစ္ခါတစ္ရံလူကိုစိတ္ကသတ္နိုင္ေၾကာင္းကိုေတာ့ အာဂေရာမာနပါထိုအခ်ိန္က မေတြးမိခဲ့ၾကေပ။

.
.

ေသာ္ကအသီးေတြေဆးရန္ေခ်ာင္းဘက္ထြက္လာလိုက္ရာ ေခ်ာင္းစပ္ရွိေက်ာင္ေဆာင္ေလးေပၚတြင္မတ္တပ္ရပ္ရင္း အေဝးရွိေတာင္တန္းေတြကိုေငးေနသည့္ဆရာ့ကိုေတြ႕လိုက္ရသည္။ဆရာဘာေတြအေတြးလြန္ေနပါလိမ့္။

"ဆရာ"

ေက်ာက္ေဆာင္အနားသြားကာအသံျပဳလိုက္ေတာ့ သူ႕ကိုလွည့္ၾကည့္လာသည့္ဆရာ။မ်က္ႏွာအေနအထားတည္ၿငိမ္ေနပါေသာ္လည္း ဆရာ့အေၾကာင္းေနာေက်ေနသည့္ေသာ္ကအဖို႔ ဆရာတစ္ခုခုျဖစ္ေနမွန္းအတပ္သိသည္။

"ေၾသာ္ ေသာ္က မင္းတို႔အသီးေတြခူးခဲ့ၿပီလား"

"ခူးခဲ့ၿပီးၿပီဆရာ ကြၽန္ေတာ္ေခ်ာင္းမွာအသီးေတြလာေဆးရင္းဆရာ့ကိုေတြ႕လို႔..."

သူ႕အေျပာေၾကာင့္ ဆရာကေခ်ာင္းစပ္နားေလးတြင္ေသာ္ကခ်ထားခဲ့သည့္အသီးျခင္းကိုတစ္လွည့္ ေသာ္ကကိုတစ္လွည့္ၾကည့္ရင္း ေခါင္းတညိတ္ညိတ္ျဖင့္အသိအမွတ္ျပဳသည္။ေခ်ာင္းဟုေခၚေသာ္လည္း ေရေတြကၾကည္လင္ေနကာ ေအာက္ရွိေက်ာက္စရစ္ခဲေလးမ်ားကိုပါျမင္ေနရသည္။

ေသာ္ကတို႔စခန္းခ်သည့္ေနရာမွ ေခ်ာင္းဆီေရာက္ဖို႔ဆိုလွ်င္ အခ်ိန္အၾကာႀကီးလမ္းမေလွ်ာက္ရပါ။ထို႔ေၾကာင့္ သူတို႔တစ္ဖြဲ႕လုံးေရလိုအပ္လွ်င္ဒီေခ်ာင္းေလးဆီကိုပဲလာယူၾကသည္။

"ဆရာဘာစိတ္ညစ္စရာရွိလို႔လဲ"

"အဟင္း ဘာလို႔ေမးတာတုန္းကြ"

"ကြၽန္ေတာ္တို႔ကဆရာ့အရိပ္ေနာက္ကိုလိုက္ေနရတဲ့ဆရာ့တပည့္ေတြပါဗ်ာ ဆရာ့အေၾကာင္းအလုံးစုံမသိေတာင္ ဆရာ့အက်င့္တခ်ိဳ႕ကိုသတိထားမိေနၿပီ ဒီေခ်ာင္းစပ္ကိုဆရာစိတ္ညစ္တဲ့အခ်ိန္ေတြပဲလာေနက် ကြၽန္ေတာ္ေျပာတာဟုတ္သလား"

"ဟင္းဟင္းဟင္း"

ခပ္ၾသၾသအသံျဖင့္သေဘာက်စြာရယ္လိုက္သံသည္ ေသာ္ကစကားမွန္ကန္ေၾကာင္းသက္ေသ။

"ဘယ္ဆိုးလို႔တုန္းကြ ငါ့တပည့္ေတြက ဟမ္"

ရာဇခ်ီးက်ဴးစကားေျပာရင္း ေသာ္က၏ပုခုံးသို႔ႏွစ္ခ်က္ေလာက္ပုတ္လိုက္သည္။

တကယ္လည္းဒီေနရာကိုစိတ္ညစ္ေနသည့္အခ်ိန္မ်ားသာလာတတ္သည္။တစ္နည္းအားျဖင့္ တစ္စုံတစ္ေယာက္ကိုလြမ္းသည့္အခ်ိန္ေပါ့။

ေတာင္ထိပ္ေရတံခြန္ဆီမွေခ်ာင္းအတြင္းသို႔ စီးဆင္းလာသည့္စုန္ေရ၏အလွ၊ထိုေခ်ာင္းေလးအတြင္းလွပစြာကူးခတ္ေနၾကသည့္ငါးေလးေတြ၏အလွ၊အေဝးမွလွမ္းျမင္ေနရသည့္စိမ္းစိမ္းစိုစိုေတာင္တန္းႀကီး၏အလွ။ထို႔သို႔ ေတာေတာင္ေရေျမသဘာဝအလွမ်ားကေတာင္ ထိုလူတစ္ေယာက္ကိုလြမ္းဆြတ္တမ္းတစိတ္အားေျဖသိမ့္မေပးနိုင္ခဲ့ေပ။

"ေသာ္က"

"ဗ်ာ ဆရာ"

"မင္းေျပာၾကည့္ ငါဟာတကယ္ပဲမုန္းစရာေကာင္းသလား ဟမ္"

"မဟုတ္တာပဲဆရာရယ္ ဆရာဘယ္လိုလူလဲဆိုတာအနီးကပ္ေနရတဲ့ကြၽန္ေတာ္တို႔အသိဆုံး"

"ေအးကြာ ငါလည္းမေျပာတတ္ေတာ့ပါဘူး"

ဟူးး

စိတ္ညစ္ၫူးစြာေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။

ေလပူေတြထုတ္၊သက္ျပင္းေတြခ်ေနသည့္ဆရာ့ကို ေသာ္ကေဘးတစ္ေစာင္းေငးၾကည့္ေနလိုက္သည္။ဆရာဘာျဖစ္ေနသလဲဆိုတာကို သူနည္းနည္းေတာ့ရိပ္မိလာသလိုလို။

"ဆရာ့ကိုအႀကံေပးရရင္ မုန္းတယ္လို႔ေျပာခံရတာကိုအခုလိုမွိုင္ေထြေနမဲ့အစား အဲဒီ့လူမမုန္းေတာ့ေအာင္ႀကိဳးစားၾကည့္ပါလားဗ်ာ"

"........"

ေသာ္က၏အေျပာေၾကာင့္ ရာဇေတြးဆဆျဖစ္သြားသည္။မမုန္းေတာ့ေအာင္ႀကိဳးစားရမည္ဆိုလွ်င္ ဘယ္လိုနည္းလမ္းနဲ႕လဲ။ဘယ္သူ႕အျမင္ကိုမွဂ႐ုမစိုက္ခဲ့တဲ့သူက ေကာင္ေလးတစ္ေယာက္ကမုန္းတယ္ေျပာလိုက္လို႔အေတြးေတြမ်ားေနရသည္တဲ့လား။ဒါ့အျပင္ ထိုေကာင္ေလးမမုန္းေတာ့ေအာင္ေတာင္ တကူးတကႀကိဳးစားဦးမည္။

*ရာဇခက္ထန္ရာဇဝင္ရိုင္းသြားခဲ့ၿပီ။ သိုးေပါက္ေလး...မင္းေၾကာင့္......*

<<<<<<
>>>>>>

ရာဇဟိုေကာင္ေလး၏တဲဆီသို႔ အာဂကိုေခၚကာလာခဲ့လိုက္သည္။ထိုတဲေလးကရာဇတို႔ေန႕လည္ေန႕ခင္းအနားယူသည့္တဲကေလးျဖစ္သည္။

သူတို႔ကိုေတြ႕ေတာ့ ႏႈတ္ခမ္းကိုခပ္တင္းတင္းေစ့ကာမ်က္ႏွာလႊဲသြားသည့္အမူအရာေၾကာင့္ ရာဇမ်က္ခုံးပင့္သြားရ၏။ကိုယ္ေတြကေစတနာနဲ႕ဗိုက္ဆာေနမွာစိုးလို႔ အသီးလာေကြၽးတာကိုအခုလိုတုန့္ျပန္တယ္ေပါ့ေလ။ရာဇတို႔၏ထမင္းႏွင့္ဟင္းေတြကိုထိုေကာင္ေလး စားမယ္မွန္းမေသခ်ာတာေၾကာင့္ တမင္ေသာ္ကကိုအသီးေတြခူးခိုင္းလိုက္ျခင္းျဖစ္သည္။

ထိုေကာင္ေလးကိုခ်ည္ႏွောင္ထားသည့္ႀကိဳးတို႔ကိုေျဖေပးကာ သက္ေတာင့္သက္သာေနေစလိုက္သည္။

"ခင္ဗ်ား ငွက္ေပ်ာသီးစားမလား"

"အဟြတ္ အဟြတ္"

ရာဇ၏တည့္တိုးအေမးေၾကာင့္ အာဂဆီမွေခ်ာင္းတဟြတ္ဟြတ္ဆိုးသံမ်ားထြက္ေပၚလာကာ အေရွ႕ကေကာင္ေလးဆီကေတာ့မ်က္ေမွာင္ၾကဳတ္ကာၾကည့္လာသည့္ အၾကည့္စူးစူးတစ္ခုကိုလက္ခံရရွိလိုက္သည္။သူေမးတာဘာမွားလို႔လဲ။

"က်ဳပ္ေမးတာ ခင္ဗ်ားငွက္ေပ်ာသီးစားမလား က်န္တဲ့သရက္သီးတို႔သေင်္ဘာသီးတို့စားချင်လား"

"ဘာမွမစားဘူး"

"တကယ္လား ေန႕လည္ေတာင္ေရာက္လုၿပီ ခင္ဗ်ားဗိုက္မဆာတာေသခ်ာရဲ႕လား"

"မစားဘူးလို႔ေျပာေနတယ္ေလ ခင္ဗ်ားနားမလည္ဘူးလား"

ဆရာ့ကိုဘုေဘာက္ႏွင့္ျပန္ေအာ္ေနသည့္ ေကာင္ေလးကိုအာဂခ်ဥ္လာသည္။ဘယ္ကသတၱိေတြနဲ႕ဗိုလ္ရာဇကိုျပန္ေအာ္ရဲရတာလဲ။ဆရာကလည္းဒီေကာင္ေလးနဲ႕က်မွဘာေၾကာင့္ဒီေလာက္သည္းခံေနရတာလဲမစဥ္းစားတတ္ေတာ့။

"မစားခ်င္လည္းမေကြၽးနဲ႕ဆရာ ငတ္ေသသြားလည္းေအးတာေပါ့"

"ေဟ့ေကာင္ ဘယ့္ႏွယ့္ေျပာလိုက္တာတုန္းကြ"

"ကြၽန္ေတာ္စိတ္မရွည္ေတာ့လို႔ပါဗ်ာ"

"မင္းခဏေလာက္အသာေနစမ္းပါကြာ"

အာဂကိုေငါက္ၿပီး ေကာင္ေလးမ်က္ႏွာကိုျပန္ၾကည့္လိုက္သည္။ေတာထဲမွာလည္းျဖစ္၊ေတာင္ေပၚမွာလည္းျဖစ္တာေၾကာင့္ အေအးဓာတ္လြန္ကဲေနမႈသည္ထိုေကာင္ေလး၏မ်က္ႏွာေဖြးေဖြးကိုပန္းေသြးေရာင္ေလးျဖစ္သြားေစသည္။ႏွာေခါင္းထိပ္ေလးေတြနီရဲေနပုံမွာ မီးေတာက္ကေလးပမာ။

သို႔ေသာ္...မေန႕ညကတည္းကေရကလြဲၿပီး ဘာမွမစားရေသးတာေၾကာင့္ထိုသိုးေပါက္ေလးဗိုက္ဆာေနမည္မွာမလြဲဧကန္ေပ။ဒါေတာင္...ဘာေၾကာင့္မူေနရသလဲ။

"ေသခ်ာလား ခင္ဗ်ားေလးဗိုက္မဆာတာ"

"မဆာ..."

ဂြီ!

"ဟင္းဟင္း ေရာ့ပါ ဆာေနရင္စားလိုက္"

ငွက္ေပ်ာ္သီး သီးေမႊးတစ္လုံးျဖဳတ္ေပးလိုက္ေတာ့ မျငင္းဆန္ေတာ့ဘဲယူ၍စားသည္။ငွက္ေပ်ာသီးေတြကမွည့္တာေၾကာင့္ ထိုေကာင္ေလးစားလို႔အဆင္ေျပေလာက္မွာပါ။

"က်ဳပ္ကိုမုန္းဖို႔ဆိုရင္အားရွိဖို႔လိုတယ္ အဲတာေၾကာင့္...."

"အစာေတာ့ဝေအာင္စား"

စူးရွတဲ့မ်က္ဝန္းအၾကည့္ေတြနဲ႕စိုက္ၾကည့္ကာ ခပ္ေဆြးေဆြးေျပာေနသည့္ဓားျပႀကီးကို ေစာလြန္းအၾကည့္လႊဲကာ ယူလာေပးသည့္အသီးေတြကိုသာစားေနလိုက္သည္။ထိုအၾကည့္ေတြ၏အဓိပၸာယ္ကိုေစာလြန္းဘာသာမျပန္ခ်င္ပါ။

ဘယ္လိုဓားျပမွန္းကိုမသိဘူး ကိုယ္ကမုန္းတယ္လို႔ေျပာေနတာကိုေတာင္ေစတနာေတြယိုဖိတ္ၿပီးအသီးေတြလာေကြၽးေနေသးတယ္။မသိလွ်င္ သူကသူေတာ္ေကာင္းႀကီးေပါ့။အလကား သူမ်ားပစၥည္းဥစၥာေတြလုယူေနတဲ့သူ။

"အာဂ ငါ့ကိုဟိုဓားမယူေပးၿပီးမင္းသြားေတာ့"

"ဟုတ္ကဲ့ ဆရာ"

ထို႔ေနာက္ အာဂကဓားကိုယူေပးတာတဲထဲမွထြက္သြားသည္။

"ခင္..ခင္ဗ်ား ဘာ..ဘာလုပ္မလို႔လဲ"

ဓားကိုင္ကာေစာလြန္းအနားသို႔ေလွ်ာက္လာသည့္ ဓားျပႀကီးေၾကာင့္ေစာလြန္းေၾကာက္႐ြံ႕ကာအသံေတြပင္တုန္လာသည္။ဘာလဲ ေစာလြန္းကိုသတ္ေတာ့မလို႔လား။သူ႕အေၾကာင္းကိုစိတ္ထဲကေနအတင္းတုပ္ေနမိတာကိုသိသြားလို႔ ေစာလြန္းကိုအျပတ္ရွင္းေတာ့မွာလားဟင္။

ဟင့္အင္း ေစာလြန္းမေသခ်င္ေသးဘူး။

"ေစာေစာကေတာ့ကတ္ကတ္လန္ျပန္ေျပာေနၿပီးေတာ့ အခုမွေၾကာက္ရေကာင္းမွန္းသိတာလား ဟမ္"

ရာဇရယ္ခ်င္စိတ္ကိုထိန္းရင္း ႏႈတ္ခမ္းကိုတင္းတင္းေစ့ကာအံႀကိတ္သံျဖင့္ေျပာလိုက္သည္။တမင္ေျခာက္လို႔ေျခာက္ေနမွန္းမသိပါဘဲ ထိုေကာင္ေလးသူ႕ကိုတကယ္ေၾကာက္ေနပုံမွာ က်ားစားတာခံရေတာ့မည္ကိုစိုးရိမ္ေနသည့္သိုးငယ္ေလးလို။

ဘယ္ေလာက္ပဲထိုဓားျပႀကီးကိုမုန္းေနပါေစ သူသတ္တာကိုေတာ့မခံရဲပါ။ထိုလူ႕လက္ထဲတြင္တရမ္းရမ္းျဖစ္ေနသည့္ဓားမႀကီးကိုၾကည့္ၿပီး ေစာလြန္းၾကက္သီးေမႊးညွင္းေလးေတြပင္ထလာသည္။ေစာလြန္းကိုထိုဓားမႀကီးနဲ႕အပိုင္းပိုင္းခုတ္လိုက္ရင္ျဖင့္...

"မ..မဟုတ္ဘူး ကြၽန္..ကြၽန္ေတာ့္ကိုမသတ္နဲ႕ေနာ္"

"က်ဳပ္ကဘာလို႔မသတ္ရမွာလဲ ကဲေျပာ"

"ခိုင္း..ခိုင္းတာအကုန္လိုက္နာမွာမို႔လို႔ မသတ္ေတာ့မသတ္ပါနဲ႕ေနာ္"

"ဒါဆိုခင္ဗ်ားလုံးဝထြက္မေျပးပါဘူးလို႔ က်ဳပ္ကိုကတိေပး အဲတာဆိုက်ဳပ္ကလည္းခင္ဗ်ားကိုႀကိဳးမတုတ္ဘဲထားမယ္"

"ဟင္"

တကယ္ေတာ့ထိုလူေတြအလစ္မွာေစာလြန္းထြက္ေျပးရန္ႀကံ႐ြယ္ထားျခင္းျဖစ္သည္။ကတိေပးလိုက္ရင္ ထိုဓားျပႀကီးျပန္မပို႔မခ်င္းသူ႐ြာျပန္ရမည္မဟုတ္ေပ။အို...ဘာပဲျဖစ္ျဖစ္အသက္မေသဖို႔ကအဓိကပါပဲေလ။

"ဟုတ္ ေပး..ေပးပါတယ္ ကြၽန္ေတာ္ထြက္မေျပးပါဘူး"

အႀကံအစည္ေအာင္ျမင္သြားတာေၾကာင့္ ေခါင္းငုံ႕ထားသည့္ေကာင္ေလးမျမင္ေအာင္ ရာဇခိုးၿပဳံးလိုက္သည္။အၿမဲတမ္းႀကိဳးမတုပ္ထားခ်င္တာေၾကာင့္ ထိုကဲ့သို႔ႀကံလိုက္ျခင္းျဖစ္သည္။နီရဲရဲလက္ေကာက္ဝတ္ေလးႏွစ္ဖက္ကိုၾကည့္ၿပီးလည္းစိတ္မေကာင္း။

"အိန္း ဒါဆိုရင္ျဖင့္ခင္ဗ်ားက်ဳပ္နဲ႕အတူ က်ဳပ္ေနတဲ့တဲမွာေနရလိမ့္မယ္"

"ဗ်ာ!!"

<<<<<<
>>>>>>

ရာဇကိုေပါ့ေသးေသးမထင္ဖို႔သတိေပးခ်င္ပါတယ္ သူ႕ရဲ႕dark sideကိုမခ်ျပရေသးလို႔။

ေဒါင္းလုံ႐ြာနဲ႕ဒီဇာတ္လမ္းမွာပါရွိတဲ့ေနရာ၊ေတာေတာင္အလွအပေတြကခ်ီ့စိတ္ကူးသက္သက္ပါေနာ္><

ေဆးပန္းခ်ီ🌸

၁၆.၁၂.၂၀၂၁💜

Continue Reading

You'll Also Like

1.2M 89.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...