{Zawgyi}
လင္ရွန္း ေခါင္းေမာ့ၿပီး ေမာ့က်ဴးခ်န္ရဲ႕မ်က္လုံးေတြကို ၾကည့္လိုက္တယ္။
"...ေကာင္းၿပီေလ"
တိတ္ဆိတ္ေနတဲ့စာသင္ခန္းထဲမွာ သူ႔ရဲ႕ခပ္အုပ္အုပ္အသံကိုေတာင္ သူျပန္ၾကားလိုက္ရတယ္။
Fတန္းထဲက ေက်ာင္းသားေတြအားလုံး သူနဲ႔ ေမာ့က်ဴးခ်န္ကို ေစာင့္ၾကည့္ေနၾကတယ္။
ဒီေလာက္ႀကီးမားတဲ့အတင္းအဖ်င္းႀကီးက လူတိုင္းနီးပါးကို စိတ္လႈပ္ရွားေစတယ္။
ေန႔ခင္းဘက္ ရွင္းဆန္းေက်ာင္းဖိုရမ္ေပၚမွာ လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္အေၾကာင္း ေပါက္ကြဲထြက္လာလိမ့္မယ္လို႔ သံသယဝင္မိၿပီး အေလာင္းအစားအေၾကာင္းကေတာ့ ေဟာ့ေနတဲ့ postေတြရွိေနတာ ၾကာၿပီျဖစ္တယ္။
အတန္းထဲမွာ လင္ရွန္း တစ္ေန႔လုံး ဘာမွနားမေထာင္ႏိုင္သေလာက္ပဲ။
ေန႔ခင္း ေနာက္ဆုံးအတန္းခ်ိန္ၿပီးေတာ့ ေခါင္းေလာင္းျမည္လာတယ္။ သူ လြယ္အိတ္ကို သိမ္းၿပီး မေနႏိုင္စြာ ေခါင္းလွည့္ၿပီး ေမာ့က်ဴးခ်န္ကို ၾကည့္မိတယ္။
တစ္ဖက္လူကေတာ့ လြယ္အိတ္ကိုေကာက္လြယ္ကာ စာသင္ခန္းအျပင္ဘက္ကို ထြက္သြားၿပီ။
လင္ရွန္း "..."
သူလည္း ေနရခက္ခက္နဲ႔ ေခါင္းကုတ္ကာ လြယ္အိတ္ကို ေက်ာမွာလြယ္ၿပီး ေျဖးေျဖးခ်င္းထလိုက္တယ္။
"ရွန္းေကာ" ခ်င္မင္းမင္းက သူ႔ေဘးနားကို စပ္စပ္စုစု ေလွ်ာက္လာတယ္။
သူက စာသင္ခန္းတံခါးနားမွာ ခုေလးတင္ ေပ်ာက္ကြယ္သြားၿပီျဖစ္တဲ့ ေမာ့က်ဴးခ်န္ကို ၾကည့္ကာ လင္ရွန္းကို ေျပာလိုက္တယ္ "မင္း သခင္ေလးေမာ့ကို မေခ်ာ့ရေသးဘူးလား?"
"ေဟး..." သူ လင္ရွန္းကို တံေတာင္နဲ႔တြတ္ၿပီး "ငါေျပာတာနားေထာင္ ဟုတ္တယ္၊ တခ်ိဳ႕လူေတြက ဒီတိုင္း ကသိကေအာက္ေတြပဲ ျဖစ္ေနၾကတာ၊ အထူးသျဖင့္ သခင္ေလးေမာ့ေလ၊ အၿမဲတမ္းေျမႇာက္ပင့္ခံထားရေတာ့ မိုးထိေအာင္ ဂုဏ္ေမာက္ေနတဲ့ေကာင္ေလးေပါ့... ေတာ္ေတာ့္ကို စိတ္ႀကီးဝင္ေနတာ၊ မင္း မၾကာခင္ အဆင္ေျပသြားမွာပါ"
"ေနာက္ထပ္မရွိ..." သူ႔သူငယ္ခ်င္းက စကားမေျပာတာကိုျမင္ေတာ့ ခ်င္မင္းမင္းမွာ ေနာက္ထပ္ အႀကံဉာဏ္ဆိုးႀကီးထြက္ေပၚလာတယ္ "တကယ္လို႔ သူ ေဒါသထြက္ေနတုန္းပဲဆိုရင္ မင္းသူ႔ကို နံရံမွာကပ္ၿပီးသာ နမ္းပစ္လိုက္! ငါေျပာမယ္ မိန္းကေလးတိုင္း... ၿပီးေတာ့ ေယာက်ာ္းေလးတိုင္းမွာ နတ္ဘုရားရဲ႕ အားပါးတရနမ္းတာကို ခံရဖို႔ အိမ္မက္ရွိတယ္"
လင္ရွန္း ဆြံ႕အသြားတယ္။
သူ မေနသာေတာ့ဘဲ ခ်င္မင္းမင္းကို ေခါင္းလွည့္ၿပီးၾကည့္လိုက္တယ္ "အားပါးတရနမ္းတယ္?! နံရံမွာကပ္တယ္?!"
သူ လက္ကိုဆန႔္ထုတ္ၿပီး ခ်င္မင္းမင္းေခါင္းေပၚကို လက္အမူအယာျပလိုက္တယ္ "မင္း မသိဘူးလား? ေမာ့က်ဴးခ်န္က ငါ့ထက္ ေခါင္းတစ္ဝက္စာေလာက္ ပိုရွည္တာကို... ငါ သူ႔ကို ခ်ဳပ္ႏိုင္မွာမို႔လို႔လား?"
"ေဟး!" ခ်င္မင္းမင္းက လွ်ိဳ႕ဝွက္နက္နဲစြာ ၿပဳံးလာတယ္ "အရပ္က ျပႆနာမဟုတ္ဘူးေလ၊ ငါတို႔ဆီမွာ တစ္ဖက္လူကို လုပ္ရဲဖို႔ အသည္းႏွလုံးရွိဖို႔ပဲလိုတယ္၊ ငါေျပာျပမယ္၊ မင္းက ဒီလိုမ်ိဳး..."
ခ်င္မင္းမင္းက လက္ကိုဆန႔္ထုတ္ကာ စကားေျပာေနရင္း လင္ရွန္းရဲ႕ပုခုံးကို ကိုင္လိုက္တယ္။ သူက လင္ရွန္းထက္ မဆိုစေလာက္ေလး အရပ္ရွည္တာေၾကာင့္ အခုခ်ိန္မွာ လက္ေတြ႕က်က်ျဖစ္ေအာင္ အရပ္ပိုပုသလိုျဖစ္ေစဖို႔ ဒူးအနည္းငယ္ေကြးလိုက္တယ္။
"ဒီကိုလာ..." ခ်င္မင္းမင္းက ေျပာရင္း လင္ရွန္းကို စာသင္ခန္းေနာက္ဆုံးတန္းဆီ ဆြဲေခၚသြားတယ္။
လင္ရွန္းက ပစၥည္းေတြသိမ္းတာမွ အေတာ့္ကိုေႏွးေကြးၿပီး ခ်င္မင္းမင္းနဲ႔ စကားေျပာေနတာကလည္း နည္းနည္းေတာင္ ၾကာေနၿပီ။
ေက်ာင္းဆင္းၿပီျဖစ္တာေၾကာင့္ ေက်ာင္းသားေတြလည္း အိမ္ျပန္ကုန္ၾကၿပီ။ အခုခ်ိန္ စာသင္ခန္းထဲမွာ သူတို႔ႏွစ္ေယာက္သာ ရွိေတာ့တယ္။
သူလည္း ေယာင္နနနဲ႔ ခ်င္မင္းမင္းဆြဲေခၚတာခံရၿပီး စာသင္ခန္းရဲ႕အေနာက္က နံရံမွာ ေက်ာကပ္သြားတယ္။
"ဒါပဲေလ!" ခ်င္မင္းမင္းက လင္ရွန္းပုခုံးကို လက္တစ္ဖက္နဲ႔ကိုင္ထားၿပီး ေနာက္လက္တစ္ဖက္က သူ႔ေခါင္းသူ 'ဖတ္'ခနဲ႐ိုက္လိုက္တယ္။
ထို႔ေနာက္ ဒူးကိုထပ္ေကြးၿပီး လင္ရွန္းကိုၾကည့္ဖို႔ ေခါင္းအနည္းငယ္ေမာ့လာတယ္။
"ၾကည့္ေလ!" ခ်င္မင္းမင္းက ပြင့္လင္းစြာေျပာတယ္။
သူက လင္ရွန္းကို ေမာ့ၾကည့္ရင္း တမူထူးစြာၿပဳံးလိုက္တယ္ "ဒီလိုမ်ိဳးနဲ႔ သူ႔မ်က္လုံးေတြကို ၿငိမ္ၿငိမ္ေလး တယုတယၾကည့္ေနလိုက္၊ မင္းရဲ႕အခ်စ္နဲ႔ သူ႔ကို ခ်ဳပ္လိုက္ကြာ!"
"ျပႆနာမရွာစမ္းပါနဲ႔!" ခ်င္မင္းမင္း သူ႔ကိုၾကည့္လိုက္ခ်ိန္မွာ လင္ရွန္းရဲ႕ေနာက္ေက်ာကေတာင္ ထုံထိုင္းသြားတယ္။
တစ္ဖက္လူရဲ႕မေထာ္မနန္းပုံစံက သူ႔ကိုရယ္ခ်င္စိတ္သာ ေပၚလာေစတယ္။ သို႔ေပမယ့္ ခ်င္မင္းမင္းနဲ႔ ဒီလိုမ်ိဳး စကားေျပာရၿပီးတဲ့ေနာက္မွာ စိတ္အေျခအေနက ပိုေကာင္းလာတာကိုေတာ့ သူခံစားမိတယ္။
လင္ရွန္းက ခ်င္မင္းမင္းကို တြန္းကာ "အင္းပါ သိပါၿပီ၊ အရင္ဆုံး ငါ့ကို လႊတ္ေပးအုံး"
"ေနအုံး ငါေျပာလို႔ၿပီးတဲ့အထိေတာ့ ေစာင့္ေလ ရွန္းေကာ" ခ်င္မင္းမင္း ဆက္ေျပာတယ္ "ၿပီးတာနဲ႔ တစ္ဖက္က မင္းရဲ႕အၾကည့္ထဲ လုံးဝေျမာသြားၿပီဆိုရင္ ေခါင္းကိုေမာ့လိုက္ ၿပီးေတာ့ မဆင္မျခင္ သြားမနမ္းလိုက္နဲ႔ေနာ္! ငါေျပာျပမယ္၊ ဒီလွည့္ကြက္ကို ဘယ္သူသိႏိုင္မွာလဲ၊ ထုတ္သုံးရလည္း လြယ္တယ္ေလ!"
"ေအးပါကြာ" လင္ရွန္း မေနႏိုင္စြာ ရယ္ေမာမိတယ္ "ဒါကို ဘယ္က သင္ခဲ့တာလဲ?"
"ငါ ဘယ္ကသင္ခဲ့တယ္ဆိုတာကို စိုးရိမ္မေနနဲ႔၊ သုံးရလြယ္ရင္ ၿပီးတာပဲကို" ခ်င္မင္းမင္းက ျမဴးတူးစြာၿပဳံးရင္း "ငါ့ကို ေက်းဇူးတင္မေနနဲ႔အုံး၊ ေအာင္ျမင္တဲ့အထိ ေစာင့္ၿပီးေတာ့မွ မင္းရဲ႕ေဘာ္ဒါကို ညစာေကြၽးေပါ့၊ ငါက ေျပာျပေပးတာ..."
ခ်င္မင္းမင္းက ေျပာရင္း လင္ရွန္းပုခုံးေပၚက သူ႔လက္ကို ဖယ္ေပးလိုက္တယ္။
နံရံကိုေထာက္ထားတဲ့လက္ကိုလည္း ဖယ္ကာ လြယ္အိတ္ကို ေကာက္ဆြဲကာ "သြားမယ္ သြားမယ္ အိမ္ျပန္မယ္"
"ရွန္းေကာ" ခ်င္မင္းမင္းက ညီအစ္ကိုေတြလိုမ်ိဳး လင္ရွန္းပုခုံးေပၚလက္တင္ကာ "ငါ့ကိုသာ ယုံ! ဒီအကြက္က တကယ့္အကြက္ေနာ္! အဲ့အခ်ိန္မွာ မင္းရဲ႕ကိုယ္ပိုင္ဆြဲေဆာင္မႈကို ထုတ္သုံးၿပီး သူ႔ကို အသက္ရႈရပ္ေအာင္ လုပ္ဖို႔ပဲလိုတာ၊ ကသိကေအာက္ျဖစ္တာတို႔ မေပ်ာ္မ႐ႊင္ျဖစ္တာတို႔ အားလုံးေပ်ာက္သြားေစရမယ္..."
လင္ရွန္းလည္း သူေျပာတာကို အားႀကိဳးမာန္တက္နားေထာင္ၿပီး ေမးလိုက္တယ္ "မင္း လုပ္ၾကည့္ဖူးလား?"
"ေသခ်ာေပါက္..." ခ်င္မင္းမင္း မေရမရာျပန္ေျဖလာတယ္ "ေသခ်ာေပါက္ လုပ္ၾကည့္တယ္ေလ၊ လုပ္ၾကည့္ဖူးတာေပါ့!"
သူက ေခါင္းအနည္းငယ္လွည့္သြားၿပီး လင္ရွန္းကို မၾကည့္ရဲသလိုပုံေပၚေနတယ္ "ငါက အဆင္ေျပမလားဆိုၿပီး မင္းကို သင္ေပးတာ၊ ၿပီးေတာ့ TVတို႔ ကာတြန္းေတြထဲမွာဆို ဒီလိုမ်ိဳးပဲ မဟုတ္ဘူးလား? ငါ့ကိုသာ ယုံစမ္းပါ၊ အဲ့တာ အမွန္ပဲ!"
လင္ရွန္း အနည္းငယ္ၿပဳံးလိုက္တယ္။
ခ်င္မင္းမင္းလည္း ဘယ္တုန္းကမွ လုပ္ခဲ့ဖူးမယ့္ပုံမေပၚဘူး။ ဒါေပမယ့္ အခုခ်ိန္မွာ သူ႔စိတ္အေျခအေနကေတာ့ တကယ္ပဲ အမ်ားႀကီးေကာင္းမြန္လာၿပီ။
ထပ္ၿပီး ဖိုရမ္ေပၚက postေတြမွာလည္း သူက ဘာေၾကာင့္ေမာ့က်ဴးခ်န္နဲ႔ အေလာင္းအစားလုပ္ရတယ္ဆိုတဲ့ ထင္ျမင္ခ်က္ေပး ေဆြးေႏြးေနတာေတြကို ျမင္ရတဲ့အခါ ပိုၿပီးတည္ၿငိမ္လာတယ္။
"တာ့တာ ရွန္းေကာ" ေက်ာင္းဂိတ္ေပါက္ကထြက္ၿပီး လမ္းအနည္းငယ္ေလာက္ အတူတူစက္ဘီးစီးခဲ့ၿပီးေနာက္ ခ်င္မင္းမင္းက သူ႔ကို လက္ေဝ့ယမ္းျပလာတယ္ "မနက္ျဖန္မွေတြ႕မယ္"
သူက လင္ရွန္းကို မ်က္စပစ္ျပဖို႔လည္း မေမ့ဘူး "မွတ္ထားအုံးေနာ္ ထိပ္တိုက္ေတြ႕ဖို႔ ႀကိဳးစား!"
"လမ္းကိုသာ ဂ႐ုစိုက္ပါ" လင္ရွန္း အက်ပ္႐ိုက္စြာ ေခါင္းသာယမ္းမိတယ္။
ေမာ့က်ဴးခ်န္ကို အသာထား၊ ဒီနည္းလမ္းေတြက မိန္းကေလးေတြအတြက္ဆိုရင္ေတာင္ အလုပ္မျဖစ္ဘူး။
ဒါေပမယ့္ သူငယ္ခ်င္းေတြဆီက ဂ႐ုစိုက္မႈရတာက အၿမဲလိုလို ေႏြးေထြးတာကို ခံစားရတယ္။
ခ်င္မင္းမင္းရဲ႕ဟာသေတြေၾကာင့္ျဖစ္ႏိုင္တယ္ လင္ရွန္းစိတ္အေျခအေနက အမ်ားႀကီးတိုးတက္လာတယ္။
ထိုညမွာေတာ့ မေန႔ညတုန္းကထက္စာရင္ အမ်ားႀကီးစိတ္ေအးလက္ေအး အိပ္ေပ်ာ္ခဲ့တယ္။
အထူးသျဖင့္ မနက္စာစားခ်ိန္မွာ ခ်ဴ႐ုန္က ကိုယ္တိုင္ကိုယ္က် သူတို႔ညီအစ္ကိုသုံးေယာက္အတြက္ ဖက္ထုပ္ျပဳတ္ေလး ခ်က္ေပးတယ္။
အရသာရွိတဲ့အနံ႔ေလးက လင္ရွန္းခႏၶာကိုယ္ကို ေႏြးေထြးသြားေစတယ္။
ေက်ာင္းကို လာတဲ့လမ္းမွာအထိ သူ႔စိတ္အေျခအေန ေကာင္းေနတုန္း။
ေမာ့က်ဴးခ်န္နဲ႔ အေလာင္းအစားလုပ္ရမယ္!
တစ္ဖက္လူမွာ ဇာတ္လိုက္အေရာင္အဝါရွိတယ္ဆိုရင္ေတာင္မွ သူက မလိုအပ္ဘဲ ရႈံးစရာမလိုဘူး။
ရႈံးခဲ့ရင္ေတာင္ အလြန္ဆုံးရွိလွ ေမာ့က်ဴးခ်န္ကို ထြက္ေပါက္ရွာခြင့္ေပးၿပီး ႏွိပ္စက္တာ ခံရ႐ုံသာ။
သူသာ ႏိုင္ခဲ့ရင္ ေမာ့က်ဴးခ်န္ကို ေတာင္းပန္ၿပီး သူျဖစ္ေစခဲ့တဲ့ နားလည္မႈလြဲတာေတြကို ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုႏိုင္တယ္။
စိတ္ကိုျပင္ဆင္ၿပီးေနာက္မွာ ႐ုတ္တရက္ တက္ႂကြလာသလို လင္ရွန္း ခံစားလိုက္ရတယ္။
သို႔ေပမယ့္ တျဖည္းျဖည္းနဲ႔ တစ္စုံတစ္ရာမွားယြင္းေနတယ္ဆိုတာကို သတိျပဳမိလာတယ္။
ေက်ာင္းနားနီးလာေလ ရွင္းဆန္းေက်ာင္းက ေက်ာင္းသားေတြကို ပိုေတြ႕ရေလပဲ။ ဒီအေတာအတြင္း ေက်ာင္းသားေတြက သူ႔ကိုျမင္တိုင္း အတင္းအဖ်င္းေျပာ၊ စပ္စုၿပီး သူ႔အေၾကာင္းေျပာရတာကို သေဘာက်ၾကတယ္။ တကယ္ေတာ့ လင္ရွန္းလည္း ေတာ္ေတာ္ေလး အသားက်ေနၿပီျဖစ္တယ္။
ဒီေန႔ကေတာ့ အနည္းငယ္ကြာျခားေနတယ္။
ထိုအတန္းေဖာ္ေတြက လင္ရွန္း သိတဲ့သူျဖစ္ျဖစ္ မသိတဲ့သူျဖစ္ျဖစ္ သူတို႔ေတြ သူ႔ကိုပထမဆုံးျမင္လိုက္ၾကခ်ိန္မွာပဲ သူ႔နားကေန တတ္ႏိုင္သေလာက္ ခ်က္ခ်င္းခြာကုန္ၾကတယ္။
မသိရင္ပဲ သူက ေၾကာက္စရာေကာင္းတဲ့ပလိပ္ေရာဂါပိုးႀကီးလိုပဲ။
စစခ်င္းမွာ ဒါကို ေက်ာင္းသားအနည္းစုသာ လုပ္ၾကတယ္။ လင္ရွန္းလည္း အေလးအနက္ထားမေနဘူး။
ေနာက္ေတာ့ ဒီလိုလုပ္တဲ့ေက်ာင္းသားေတြ မ်ားသထက္မ်ားလာတယ္။
ဒီအေတာအတြင္းမွာ လင္ရွန္းက 'ေလလူသား'ဆိုၿပီး သတ္မွတ္ခံထားရတဲ့လူအျဖစ္ လူသိမ်ားတယ္။
တစ္ေယာက္ခ်င္းစီကို မသိတာေတာင္မွ သူတို႔နားက ေက်ာင္းသားေတြက လွ်ိဳ႕ဝွက္ၿပီး ေျပာေနတတ္တယ္။ ဒီလိုမ်ိဳးနဲ႔ တစ္ေယာက္ကေန ဆယ္ေယာက္၊ ဆယ္ေယာက္ကေန အေယာက္တစ္ရာျဖစ္ကုန္တယ္။
လင္ရွန္းတစ္ေယာက္ ရွင္းဆန္းေက်ာင္းဝင္ေပါက္ကို ေရာက္တဲ့အခ်ိန္ ထိုေနရာမွာ ေက်ာင္းသားေတြအမ်ားႀကီးရွိေနတယ္။ သူနဲ႔ ငါးမီတာပတ္လည္မွာေတာ့ တစ္ေယာက္မွ ရွိမေနဘူး!
လင္ရွန္း "..."
သူလည္း စက္ဘီးကို ပါကင္ထိုးၿပီးေနာက္ ေက်ာမွာလြယ္အိတ္လြယ္ၿပီး ေျခလွမ္းအနည္းငယ္သာ လွမ္း႐ုံရွိေသးတယ္ အေနာက္ဘက္ကေန 'ဝုန္း'ခနဲ လဲၿပိဳသံၾကားလိုက္တယ္။
သူ ေခါင္းလွည့္ၾကည့္လိုက္တဲ့အခါ သူ႔စက္ဘီးက ေျမႀကီးေပၚ လဲက်ေနတာ ျမင္သြားတယ္။
ရွင္းဆန္းေက်ာင္းယူနီေဖာင္းဝတ္ထားတဲ့ ေကာင္ေလးတစ္ေယာက္က စက္ဘီးနားကေန ေျပးထြက္သြားတယ္။
"ဒီအတန္းေဖာ္ကေတာ့!" လင္ရွန္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္။
သူလည္း စက္ဘီးကို ျမန္ျမန္ျပန္ေထာင္ကာ ထိုလူရဲ႕ေနာက္ေက်ာဘက္ကို လွမ္းေအာ္ေတာ့တယ္ : "မင္း တစ္ေယာက္ေယာက္ရဲ႕စက္ဘီးကို တိုက္မိရင္လည္း ျပန္ေတာင္ မထူေပးႏိုင္ဘူးလား?"
လင္ရွန္း စက္ဘီးကို ေသခ်ာျပန္ေထာင္ရင္း ေျပာမိတယ္။
သူ ကိုယ္ကို ျပန္မတ္လိုက္ခ်ိန္မွာ သူ႔နားက အတန္းေဖာ္ေတာ္ေတာ္မ်ားမ်ား ရပ္ေနၿပီး သူ႔ကို စူးစမ္းသလိုၾကည့္ေနတာ ေတြ႕လိုက္ရတယ္။
တခ်ိဳ႕ေက်ာင္းသားေတြဆို မ်က္ႏွာေတြေပၚမွာ လုံးဝကို ေျဗာင္က်ၿပီး ဝင္ႂကြားသလိုအၾကည့္ေတာင္ ရွိေနေသးတယ္။
လင္ရွန္း အနည္းငယ္ေနရခက္သြားတယ္။
သူ ေမာ့က်ဴးခ်န္နဲ႔ အေလာင္းအစားလုပ္လိုက္လို႔လား?
ဒါေပမယ့္ အိုးရန္ယင္းယီတုန္းက ဒီလိုမ်ိဳးဆက္ဆံတာကို သူတစ္ခါမွ မေတြ႕ဖူးဘူး။
သူ႔ကို ဘာလို႔ လူတိုင္းက ဒီလိုၾကည့္ေနရတာလဲ?
"အတန္းေဖာ္လင္ရွန္း" သူ လမ္းေပ်ာက္ေနတုန္း အေနာက္ဘက္ကေန စုတ်န္းတ်န္းရဲ႕အသံ ႐ုတ္တရက္ေပၚထြက္လာတယ္။
စုတ်န္းတ်န္းက ပိုနီေတးကို ျမင့္ျမင့္ေလးစည္းထားတယ္။ သူကလည္း ေက်ာင္းကို စက္ဘီးစီးလာတာျဖစ္ၿပီး စက္ဘီးကို ျမန္ျမန္နင္းခဲ့တာေၾကာင့္ျဖစ္မယ္ မ်က္ႏွာေလးက ရဲေသြးထေနၿပီး က်န္းမာေရးေကာင္းကာ အားမာန္အျပည့္နဲ႔ပုံေလး ျဖစ္ေနတယ္။
"အရင္ဆုံး အတန္းထဲကို သြားၾကတာေပါ့" စုတ်န္းတ်န္းက လင္ရွန္းရဲ႕ေက်ာင္းဝတ္စုံအက်ီလက္စကို ဆြဲကာ ေက်ာင္းေဆာင္ဆီ ေဘးခ်င္းကပ္ ေလွ်ာက္လာၾကတယ္။
"ငါမသိတဲ့တစ္ခုခုမ်ား ရွိေနတာလား?" လင္ရွန္းက အတန္းကိုသြားတဲ့ ေလွကားဆီ ေလွ်ာက္ေနရင္းေမးလိုက္တယ္။
"နင္ ဖိုရမ္ကို မၾကည့္ဘူးလား?" စုတ်န္းတ်န္း ျပန္လွည့္ၾကည့္လာတယ္။
သူတို႔နဲ႔ေတာ္ေတာ္ေဝးတဲ့ဆီမွာေတာင္ လူေတာ္ေတာ္မ်ားမ်ားက လင္ရွန္းကို လက္ညႇိဳးထိုးၿပီး တီးတိုေျပာကာ ရယ္ေနၾကတယ္။
လင္ရွန္းက သူ႔အၾကည့္အတိုင္းလိုက္ၿပီး ေခါင္းလွည့္ၾကည့္လိုက္ခ်ိန္မွာ လူေတြက သေရာ္ၿပဳံးၿပဳံးၿပီး လူစုကြဲသြားတယ္။
လင္ရွန္း "..."
ေနာက္ဆုံးေတာ့ ေမာ့က်ဴးခ်န္ရဲ႕အာဏာကို သိလိုက္ရၿပီ။
အဲ့လူနဲ႔ အေလာင္းအစားေလးတစ္ခုပဲ လုပ္ရေသးတယ္၊ သူကပဲ ပုလိပ္ေရာဂါစြဲကပ္ေနသလိုမ်ိဳး လူတိုင္း ေရွာင္ဖယ္ရတဲ့လူတစ္ေယာက္ ျဖစ္သြားေစတယ္။
ဒါကို ေတြးၾကည့္ၿပီး ႐ုတ္တရက္ဆိုသလို အိုးရန္ယင္းယီကို နည္းနည္းေလးသနားသလိုေတာင္ လင္ရွန္းခံစားလိုက္ရတယ္။
သူတို႔မျမင္ႏိုင္တဲ့တစ္ေနရာမွာ တစ္ဖက္လူကလည္း အပယ္ခံ၊ ေစာင့္ၾကည့္ခံ၊ အတင္းေျပာခံအျဖစ္ ေနရေလာက္တယ္။
"အတန္းေဖာ္လင္ရွန္း" စုတ်န္းတ်န္းက ဖုန္းထုတ္ကာ လင္ရွန္းကို ဘာမွမေျပာဘဲ လွမ္းေပးလိုက္တယ္ "နင္... အဲ့တာကို နင့္ဖာသာ ၾကည့္ၾကည့္လိုက္"
ရွင္းဆန္းေက်ာင္းဖိုရမ္ေပၚမွာ သူနဲ႔ ေမာ့က်ဴးခ်န္တို႔ အေလာင္းအစားလုပ္တဲ့အေၾကာင္း ေဟာ့ေနတဲ့ postေတြက တကယ္ကို ရွိေနတုန္းပဲ။
ဒါ့အျပင္ မေန႔တုန္းက သူျမင္ခဲ့တာထက္ေတာင္ အထပ္ေပါင္းေထာင္ခ်ီရွိေနၿပီး မေရမတြက္ႏိုင္တဲ့ စာမ်က္ႏွာေတြ ျဖစ္ေနၿပီ။ တကယ့္ကို တအားေဟာ့ေနတာ။
သို႔ေပမယ့္ အဲ့ေဟာ့ေနတဲ့ postမွာ ပိုၿပီးနာမည္ႀကီးေနတဲ့postက__
"ဖာ့ခ္! ငါ လင္ရွန္းနဲ႔ ေနာက္တစ္ေယာက္ စာသင္ခန္းထဲမွာ နံရံကိုေထာက္တိုင္း ေဆာ့ေနတာ ေတြ႕ခဲ့တယ္! ေနာက္ဆုံးေတာ့ သခင္ေလးေမာ့က သူ႔ကိုဘာေၾကာင့္ စြန႔္ပစ္ခဲ့တာလဲဆိုတာ သိလိုက္ရၿပီ!"
'စာသင္ခန္းထဲမွာ?!'
'နံရံေထာက္တိုင္းေဆာ့တယ္?!'
လင္ရွန္း ႏွလုံးသား တုန္လႈပ္သြားၿပီး ျမန္ျမန္ဆန္ဆန္ postထဲကို ဝင္ၾကည့္လိုက္တယ္။
မ်ားမၾကာၿပီး ပင္မအေဆာက္အအုံႀကီး ေပၚထြက္လာၿပီး ဓာတ္ပုံတစ္ပုံ ေနရာယူလာတယ္။
ပုံေတြက အရမ္းမၾကည္လင္ေပမယ့္ ရႈေထာင့္ေတြက အနည္းငယ္ထူးဆန္ေနတယ္။
ၾကည့္ရတာ သူတို႔စာသင္ခန္းရဲ႕ေလွ်ာက္လမ္းအျပင္ဘက္ မွန္ျပတင္းေပါက္ကေန ႐ိုက္ထားတာျဖစ္ေလာက္တယ္။
ဒါေပမယ့္!
ဘယ္ေလာက္ပဲ မၾကည္လင္ေနပါေစ အတိုင္းသားျမင္ႏိုင္ေသးတယ္။
လင္ရွန္းက နံရံမွာကပ္ၿပီးရပ္ေနကာ ေသခ်ာေပါက္ ေမာ့က်ဴးခ်န္မဟုတ္တဲ့ တျခားေကာင္ေလးတစ္ေယာက္က သူ႔ပုခုံးကို လက္တစ္ဖက္နဲ႔ကိုင္ထားၿပီး ေနာက္တစ္ဖက္က နံရံမွာ ေထာက္ထားတယ္။
တစ္ဖက္လူက ဒူးေတြကို အနည္းငယ္ေကြးထားကာ ေခါင္းေမာ့ၿပီးၾကည့္ေနခဲ့တယ္။
ၿပီးေတာ့ လင္ရွန္းက စိတ္သက္သာရာရသလိုအၿပဳံးေလးတစ္ခုနဲ႔ မ်က္ခုံးေလးေတြတန္းကာ သူ႔ကိုျပန္ငုံ႔ၾကည့္ေနတယ္။
ဒီျမင္ကြင္းကို အမိအရ ဓာတ္ဖမ္းႏိုင္ခဲ့တယ္။
ေနာက္ထပ္ ဘာျဖစ္လိမ့္မယ္ဆိုတာကေတာ့ သိပ္ကို စိတ္ကူးဉာဏ္ကြန႔္လြန္းတယ္။
နမ္းမွာလား?
အဲ့လိုဆိုရင္ေတာင္...
ဘာပဲျဖစ္ေနေန ဒါက တကယ္ႀကီး ဟိုမေရာက္ဒီမေရာက္က်လြန္းတယ္။
ေသလိုက္ပါေတာ့!!!
လင္ရွန္းလည္း ေအာ္ဟစ္ခ်င္လာတယ္!
ဒါႀကီးက ခ်င္မင္းမင္းနဲ႔ သူ မဟုတ္ဘူးလား?!
ဒါကို ဓာတ္ပုံ႐ိုက္သြားၿပီး ဖိုရမ္ေပၚမွာ တင္ပစ္လိုက္တာ!
သူေတာ့...
"လင္ရွန္း" စုတ်န္းတ်န္းရဲ႕မ်က္လုံးေတြ ျပဴးက်ယ္ေနၿပီး ေမးလာတယ္ "ဒါက ခ်င္မင္းမင္းလား?"
"အင္း!" လင္ရွန္း နာနာက်င္က်င္နဲ႔ ေခါင္းၿငိတ္လိုက္တယ္။
"နင္တို႔ႏွစ္ေယာက္..."
"ငါတို႔က ဘာမွမဟုတ္ဘူး" လင္ရွန္း အားနည္းစြာ လက္ယမ္းျပလိုက္တယ္။
ဘယ္လိုေတာင္မွ ဒီလိုမ်ိဳးေသာက္က်ိဳးနည္းကိစၥႀကီး ျဖစ္ႏိုင္ရတာလဲ?
"ဒါေပမယ့္ ဒါကို ေက်ာင္းသားေတြအမ်ားႀကီး ယုံေနၾကတာ" စုတ်န္းတ်န္းေျပာလိုက္တယ္။
သူက လက္ေခ်ာင္းေလးထုတ္လိုက္ၿပီး မွတ္ခ်က္ကို လွန္ေလွာျပလာတယ္ "ၾကည့္ေလ!"
"လခြမ္းလိုမွ ငါ့ရဲ႕ေခြးမ်က္လုံးေတြေတာ့! လင္ရွန္းနဲ႔ အဲ့တာ ဘယ္သူတုန္း? သူက ေက်ာင္းျမက္ႀကီးအေပၚ ေပၚတင္ႀကီးလင္ငယ္ေနတာလား?"
"ညဳတုတုေကာင္!"
"အမ်ိဳးသမီးေတြရဲ႕နည္းလမ္းကို မလိုက္နာတဲ့ အစာေျပေကာင္!"
"ငါေျပာပါတယ္ ေက်ာင္းျမက္ႀကီးက မေန႔ကတစ္ေန႔လုံး ေလဖိအားနည္းရပ္ဝန္းျဖစ္ေနလို႔ ငါတို႔အခန္းေလး ေရခဲေခတ္ထဲေရာက္ေနသလိုမ်ိဳး ေအးခဲၿပီးေသမလို ျဖစ္ခဲ့ရတာ! လတ္စသတ္ေတာ့ လင္ရွန္းက တရားခံကိုး!"
"ဒါဆို သူတို႔ အေလာင္းအစားလုပ္ၾကတာ..."
မေန႔က အေလာင္းအစားလုပ္တဲ့သတင္း ထြက္လာခ်ိန္မွာ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္တို႔ အခ်င္းပြားခဲ့ၾကတာလားဆိုၿပီး ခန႔္မွန္းခဲ့ၾကေသးတယ္။
ခ်စ္သူေတြၾကားမွာ အေပ်ာ္အျပက္လုပ္တာေလးေတြ ရွိၾကတယ္။
စိတ္ဆတ္တဲ့ေက်ာင္းျမက္ႀကီးရဲ႕ အခ်စ္ေရးသတင္းက လိုင္းေပၚေရာက္ခဲ့တယ္။
အခုခ်ိန္မွာ ကိစၥေတြက ဒီေလာက္႐ိုးရွင္းမေနေတာ့ဘူး။
"ဖာ့ခ္ ဖာ့ခ္! ဒီေတာ့ သခင္ေလးေမာ့ ၾကမ္းၿပီေလ၊ လင္ရွန္းကို ေက်ာင္းကေန ေမာင္းထုတ္ေတာ့မွာလား?"
"ဒါဆိုရင္ ေမးခြန္းက တကယ္လို႔မ်ား သခင္ေလးေမာ့က တစ္စုံတစ္ေယာက္ကို ေက်ာင္းကေန တကယ္ပဲေမာင္းထုတ္ခ်င္တယ္ဆိုရင္ ဒီေလာက္လိမၼာပါးနပ္စရာ လိုလို႔လား?"
"ဒါေပမယ့္ သူက အိုးရန္ယင္းယီနဲ႔လည္း အေလာင္းအစားလုပ္ခဲ့တာပဲမဟုတ္လား? ျဖစ္ႏိုင္တာေတာ့ ဒီဟာက ေက်ာင္းျမက္ႀကီးရဲ႕ အႀကီးမားဆုံးလူမသိသူမသိ ဝါသနာတစ္ခုပဲျဖစ္ေနမလား?"
"အေပၚထပ္ကလူေတြ ေတာ္ေလာက္ၿပီ! ငါ မွန္းၾကည့္ရသေလာက္ ဒီအျဖဟ္အပ်က္ စစျဖစ္ခ်င္းတုန္းက ေက်ာင္းျမက္ႀကီးက သူ႔ခ်စ္သူေလးကို အႀကီးႀကီးေနာက္ေနတယ္လို႔ပဲ ငါတို႔ေတြ ထင္ခဲ့ၾကတာေလ၊ မေန႔တုန္းက အေဟာ့စားသတင္း လႊင့္လိုက္လိမ့္မယ္လို႔ ဘယ္သူသိမွာလဲ... အခု ေက်ာင္းျမက္ႀကီးကလည္း သတင္းအေမွာင္ဖုံးေနေလာက္မွာ၊ အတန္းFထဲမွာ သူ႔ကို ဒီpostနဲ႔ ဓာတ္ပုံ ျပရဲတဲ့ စစ္သည္တစ္ေယာက္ ရွိရဲ႕လား?"
" 1 လင္ရွန္းရဲ႕မ်က္ႏွာအစစ္အမွန္ကို ခြာခ်ရဲတဲ့ စစ္သည္တစ္ေယာက္ရွိတာလား၊ N ေလွေတြနဲ႔ အမ်ိဳးသားလား?"
" 2 ေက်းဇူးျပဳၿပီး ကိုယ္ထင္ျပပါ!"
...
လင္ရွန္း postကို လွ်င္ျမန္စြာ လွန္ေလွာၾကည့္လိုက္တယ္။
ဒီအခ်ိန္မွာ ေက်ာင္းသားေတြက တစ္ဖတ္သတ္ေတြခ်ည္းျဖစ္ေနကာ အားလုံးက ႏွစ္ေထာင္းအားရျဖစ္စြာနဲ႔ သူ ကံဆိုးမိုးေမွာင္က်မွာကို ျမင္ရဖို႔ ေစာင့္ေနၾကတယ္။
"လင္ရွန္း?" စုတ်န္းတ်န္းက သူ႔ကိုၾကည့္ကာ "နင္နဲ႔ ေမာ့က်ဴးခ်န္က တကယ္ပဲ စကားမ်ားထားတာလား? ရႈ...ရႈခ်န္းေျပာတာကို ငါၾကားသေလာက္ေတာ့ ၿပီးခဲ့တဲ့ႏွစ္ရက္တုန္းက သူေဒါသထြက္ေနပုံပဲတဲ့"
"Hmm" သူ မေရမရာသာ ျပန္ေျဖေပးလိုက္တယ္။
သူ postကို အဆုံးထိ အျမန္ဆြဲခ်ကာ သူ႔အတြက္သူ တစ္ခုခုေျပာဖို႔ ႀကိဳးစားလိုက္တယ္။ ဖုန္းစခရင္ေပၚကို လက္ေခ်ာင္းတင္လိုက္ေပမယ့္ စာတစ္လုံးေတာင္ မေရးႏိုင္ဘူးျဖစ္ေနတယ္။
ပထမဆုံးအေနနဲ႔ သူနဲ႔ေမာ့က်ဴးခ်န္က သူ႔အတန္းေဖာ္ေတြ ထင္ေနသလို ဆက္ဆံေရးမ်ိဳးမဟုတ္ဘူး။
ဒုတိယအခ်က္က သူငယ္ခ်င္းေတြျဖစ္ေနတာကလြဲလို႔ သူနဲ႔ ခ်င္မင္းမင္းၾကားမွာ ဟိုမေရာက္ဒီမေရာက္ျဖစ္ေနတာမ်ိဳး မရွိဘူး။
ဒါေပမယ့္ ဓာတ္ပုံေတြကေတာ့ တကယ့္ကို ဟိုမေရာက္ဒီမေရာက္ပုံစံႀကီး။
လင္ရွန္း မ်က္ေမွာင္ၾကဳတ္ေနမိတယ္။
သူ အခ်ိန္တစ္ခုေလာက္ တိတ္ဆိတ္ေနၿပီးမွ ႐ုတ္တရက္ သူက စုတ်န္းတ်န္းရဲ႕ဖုန္းကို ကိုင္ထားမွန္း သတိရသြားတယ္။
သူလည္း စုတ်န္းတ်န္းကို ဖုန္းျပန္ေပးလိုက္တယ္။
သူက စာအုပ္ေတြပဲဖတ္ၿပီး ႀကိဳးႀကိဳးစားစားေနရတဲ့ ဘဝမ်ိဳးနဲ႔သာ ပိုၿပိးသင့္ေတာ္တာျဖစ္မယ္။
အေပၚယံမွာေတာ့ အေျပာင္းအလဲမရွိ ပ်င္းစရာေကာင္းတယ္ဆိုေပမယ့္ အနည္းဆုံးေတာ့ အခုလိုမ်ိဳး စိတ္ရႈပ္စရာမ်ိဳးမရွိဘူး။
"လင္ရွန္း!" စုတ်န္းတ်န္းက စိတ္တိုင္းက် postကို refreshလုပ္ၿပီး ႐ုတ္တရက္ေျပာလာတယ္ "ေမာ့က်ဴးခ်န္က စာျပန္ထားတယ္"
"ဟမ္?" လင္ရွန္း လန႔္ဖ်ပ္သြားၿပီး သူ႔(စုတ်န္းတ်န္း)ဖုန္းကို လွမ္းၾကည့္လိုက္တယ္။
စခရင္ေပၚမွာ ဘယ္တုန္းကမွေျပာင္းမထားတဲ့ system avatar ေဘးမွာ တကယ္ပဲ 'ေမာ့က်ဴးခ်န္'ဆိုတဲ့စကားလုံးသုံးလုံးက ရွိေနတယ္။
သူ႔ျပန္စာက ႐ိုးရွင္းကာ ေျဖရွင္းခ်က္လည္းမပါဘဲ တိုတိုတုပ္တုပ္သာျဖစ္တယ္။
ၾကည့္ရတာလည္း သိပ္ကိုရွင္းလင္းလွတယ္ -
"အေပၚထပ္က လင္ရွန္းကို ႀကိမ္းေမာင္းထားၾကတဲ့သူေတြ ကိုယ့္အသိစိတ္နဲ႔ကိုယ္ လင္ရွန္းကို သြားေတာင္းပန္ၾက"
___________________________________
{Unicode}
လင်ရှန်း ခေါင်းမော့ပြီး မော့ကျူးချန်ရဲ့မျက်လုံးတွေကို ကြည့်လိုက်တယ်။
"...ကောင်းပြီလေ"
တိတ်ဆိတ်နေတဲ့စာသင်ခန်းထဲမှာ သူ့ရဲ့ခပ်အုပ်အုပ်အသံကိုတောင် သူပြန်ကြားလိုက်ရတယ်။
Fတန်းထဲက ကျောင်းသားတွေအားလုံး သူနဲ့ မော့ကျူးချန်ကို စောင့်ကြည့်နေကြတယ်။
ဒီလောက်ကြီးမားတဲ့အတင်းအဖျင်းကြီးက လူတိုင်းနီးပါးကို စိတ်လှုပ်ရှားစေတယ်။
နေ့ခင်းဘက် ရှင်းဆန်းကျောင်းဖိုရမ်ပေါ်မှာ လင်ရှန်းနဲ့ မော့ကျူးချန်အကြောင်း ပေါက်ကွဲထွက်လာလိမ့်မယ်လို့ သံသယဝင်မိပြီး အလောင်းအစားအကြောင်းကတော့ ဟော့နေတဲ့ postတွေရှိနေတာ ကြာပြီဖြစ်တယ်။
အတန်းထဲမှာ လင်ရှန်း တစ်နေ့လုံး ဘာမှနားမထောင်နိုင်သလောက်ပဲ။
နေ့ခင်း နောက်ဆုံးအတန်းချိန်ပြီးတော့ ခေါင်းလောင်းမြည်လာတယ်။ သူ လွယ်အိတ်ကို သိမ်းပြီး မနေနိုင်စွာ ခေါင်းလှည့်ပြီး မော့ကျူးချန်ကို ကြည့်မိတယ်။
တစ်ဖက်လူကတော့ လွယ်အိတ်ကိုကောက်လွယ်ကာ စာသင်ခန်းအပြင်ဘက်ကို ထွက်သွားပြီ။
လင်ရှန်း "..."
သူလည်း နေရခက်ခက်နဲ့ ခေါင်းကုတ်ကာ လွယ်အိတ်ကို ကျောမှာလွယ်ပြီး ဖြေးဖြေးချင်းထလိုက်တယ်။
"ရှန်းကော" ချင်မင်းမင်းက သူ့ဘေးနားကို စပ်စပ်စုစု လျှောက်လာတယ်။
သူက စာသင်ခန်းတံခါးနားမှာ ခုလေးတင် ပျောက်ကွယ်သွားပြီဖြစ်တဲ့ မော့ကျူးချန်ကို ကြည့်ကာ လင်ရှန်းကို ပြောလိုက်တယ် "မင်း သခင်လေးမော့ကို မချော့ရသေးဘူးလား?"
"ဟေး..." သူ လင်ရှန်းကို တံတောင်နဲ့တွတ်ပြီး "ငါပြောတာနားထောင် ဟုတ်တယ်၊ တချို့လူတွေက ဒီတိုင်း ကသိကအောက်တွေပဲ ဖြစ်နေကြတာ၊ အထူးသဖြင့် သခင်လေးမော့လေ၊ အမြဲတမ်းမြှောက်ပင့်ခံထားရတော့ မိုးထိအောင် ဂုဏ်မောက်နေတဲ့ကောင်လေးပေါ့... တော်တော့်ကို စိတ်ကြီးဝင်နေတာ၊ မင်း မကြာခင် အဆင်ပြေသွားမှာပါ"
"နောက်ထပ်မရှိ..." သူ့သူငယ်ချင်းက စကားမပြောတာကိုမြင်တော့ ချင်မင်းမင်းမှာ နောက်ထပ် အကြံဉာဏ်ဆိုးကြီးထွက်ပေါ်လာတယ် "တကယ်လို့ သူ ဒေါသထွက်နေတုန်းပဲဆိုရင် မင်းသူ့ကို နံရံမှာကပ်ပြီးသာ နမ်းပစ်လိုက်! ငါပြောမယ် မိန်းကလေးတိုင်း... ပြီးတော့ ယောကျာ်းလေးတိုင်းမှာ နတ်ဘုရားရဲ့ အားပါးတရနမ်းတာကို ခံရဖို့ အိမ်မက်ရှိတယ်"
လင်ရှန်း ဆွံ့အသွားတယ်။
သူ မနေသာတော့ဘဲ ချင်မင်းမင်းကို ခေါင်းလှည့်ပြီးကြည့်လိုက်တယ် "အားပါးတရနမ်းတယ်?! နံရံမှာကပ်တယ်?!"
သူ လက်ကိုဆန့်ထုတ်ပြီး ချင်မင်းမင်းခေါင်းပေါ်ကို လက်အမူအယာပြလိုက်တယ် "မင်း မသိဘူးလား? မော့ကျူးချန်က ငါ့ထက် ခေါင်းတစ်ဝက်စာလောက် ပိုရှည်တာကို... ငါ သူ့ကို ချုပ်နိုင်မှာမို့လို့လား?"
"ဟေး!" ချင်မင်းမင်းက လျှို့ဝှက်နက်နဲစွာ ပြုံးလာတယ် "အရပ်က ပြဿနာမဟုတ်ဘူးလေ၊ ငါတို့ဆီမှာ တစ်ဖက်လူကို လုပ်ရဲဖို့ အသည်းနှလုံးရှိဖို့ပဲလိုတယ်၊ ငါပြောပြမယ်၊ မင်းက ဒီလိုမျိုး..."
ချင်မင်းမင်းက လက်ကိုဆန့်ထုတ်ကာ စကားပြောနေရင်း လင်ရှန်းရဲ့ပုခုံးကို ကိုင်လိုက်တယ်။ သူက လင်ရှန်းထက် မဆိုစလောက်လေး အရပ်ရှည်တာကြောင့် အခုချိန်မှာ လက်တွေ့ကျကျဖြစ်အောင် အရပ်ပိုပုသလိုဖြစ်စေဖို့ ဒူးအနည်းငယ်ကွေးလိုက်တယ်။
"ဒီကိုလာ..." ချင်မင်းမင်းက ပြောရင်း လင်ရှန်းကို စာသင်ခန်းနောက်ဆုံးတန်းဆီ ဆွဲခေါ်သွားတယ်။
လင်ရှန်းက ပစ္စည်းတွေသိမ်းတာမှ အတော့်ကိုနှေးကွေးပြီး ချင်မင်းမင်းနဲ့ စကားပြောနေတာကလည်း နည်းနည်းတောင် ကြာနေပြီ။
ကျောင်းဆင်းပြီဖြစ်တာကြောင့် ကျောင်းသားတွေလည်း အိမ်ပြန်ကုန်ကြပြီ။ အခုချိန် စာသင်ခန်းထဲမှာ သူတို့နှစ်ယောက်သာ ရှိတော့တယ်။
သူလည်း ယောင်နနနဲ့ ချင်မင်းမင်းဆွဲခေါ်တာခံရပြီး စာသင်ခန်းရဲ့အနောက်က နံရံမှာ ကျောကပ်သွားတယ်။
"ဒါပဲလေ!" ချင်မင်းမင်းက လင်ရှန်းပုခုံးကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး နောက်လက်တစ်ဖက်က သူ့ခေါင်းသူ 'ဖတ်'ခနဲရိုက်လိုက်တယ်။
ထို့နောက် ဒူးကိုထပ်ကွေးပြီး လင်ရှန်းကိုကြည့်ဖို့ ခေါင်းအနည်းငယ်မော့လာတယ်။
"ကြည့်လေ!" ချင်မင်းမင်းက ပွင့်လင်းစွာပြောတယ်။
သူက လင်ရှန်းကို မော့ကြည့်ရင်း တမူထူးစွာပြုံးလိုက်တယ် "ဒီလိုမျိုးနဲ့ သူ့မျက်လုံးတွေကို ငြိမ်ငြိမ်လေး တယုတယကြည့်နေလိုက်၊ မင်းရဲ့အချစ်နဲ့ သူ့ကို ချုပ်လိုက်ကွာ!"
"ပြဿနာမရှာစမ်းပါနဲ့!" ချင်မင်းမင်း သူ့ကိုကြည့်လိုက်ချိန်မှာ လင်ရှန်းရဲ့နောက်ကျောကတောင် ထုံထိုင်းသွားတယ်။
တစ်ဖက်လူရဲ့မထော်မနန်းပုံစံက သူ့ကိုရယ်ချင်စိတ်သာ ပေါ်လာစေတယ်။ သို့ပေမယ့် ချင်မင်းမင်းနဲ့ ဒီလိုမျိုး စကားပြောရပြီးတဲ့နောက်မှာ စိတ်အခြေအနေက ပိုကောင်းလာတာကိုတော့ သူခံစားမိတယ်။
လင်ရှန်းက ချင်မင်းမင်းကို တွန်းကာ "အင်းပါ သိပါပြီ၊ အရင်ဆုံး ငါ့ကို လွှတ်ပေးအုံး"
"နေအုံး ငါပြောလို့ပြီးတဲ့အထိတော့ စောင့်လေ ရှန်းကော" ချင်မင်းမင်း ဆက်ပြောတယ် "ပြီးတာနဲ့ တစ်ဖက်က မင်းရဲ့အကြည့်ထဲ လုံးဝမြောသွားပြီဆိုရင် ခေါင်းကိုမော့လိုက် ပြီးတော့ မဆင်မခြင် သွားမနမ်းလိုက်နဲ့နော်! ငါပြောပြမယ်၊ ဒီလှည့်ကွက်ကို ဘယ်သူသိနိုင်မှာလဲ၊ ထုတ်သုံးရလည်း လွယ်တယ်လေ!"
"အေးပါကွာ" လင်ရှန်း မနေနိုင်စွာ ရယ်မောမိတယ် "ဒါကို ဘယ်က သင်ခဲ့တာလဲ?"
"ငါ ဘယ်ကသင်ခဲ့တယ်ဆိုတာကို စိုးရိမ်မနေနဲ့၊ သုံးရလွယ်ရင် ပြီးတာပဲကို" ချင်မင်းမင်းက မြူးတူးစွာပြုံးရင်း "ငါ့ကို ကျေးဇူးတင်မနေနဲ့အုံး၊ အောင်မြင်တဲ့အထိ စောင့်ပြီးတော့မှ မင်းရဲ့ဘော်ဒါကို ညစာကျွေးပေါ့၊ ငါက ပြောပြပေးတာ..."
ချင်မင်းမင်းက ပြောရင်း လင်ရှန်းပုခုံးပေါ်က သူ့လက်ကို ဖယ်ပေးလိုက်တယ်။
နံရံကိုထောက်ထားတဲ့လက်ကိုလည်း ဖယ်ကာ လွယ်အိတ်ကို ကောက်ဆွဲကာ "သွားမယ် သွားမယ် အိမ်ပြန်မယ်"
"ရှန်းကော" ချင်မင်းမင်းက ညီအစ်ကိုတွေလိုမျိုး လင်ရှန်းပုခုံးပေါ်လက်တင်ကာ "ငါ့ကိုသာ ယုံ! ဒီအကွက်က တကယ့်အကွက်နော်! အဲ့အချိန်မှာ မင်းရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုကို ထုတ်သုံးပြီး သူ့ကို အသက်ရှုရပ်အောင် လုပ်ဖို့ပဲလိုတာ၊ ကသိကအောက်ဖြစ်တာတို့ မပျော်မရွှင်ဖြစ်တာတို့ အားလုံးပျောက်သွားစေရမယ်..."
လင်ရှန်းလည်း သူပြောတာကို အားကြိုးမာန်တက်နားထောင်ပြီး မေးလိုက်တယ် "မင်း လုပ်ကြည့်ဖူးလား?"
"သေချာပေါက်..." ချင်မင်းမင်း မရေမရာပြန်ဖြေလာတယ် "သေချာပေါက် လုပ်ကြည့်တယ်လေ၊ လုပ်ကြည့်ဖူးတာပေါ့!"
သူက ခေါင်းအနည်းငယ်လှည့်သွားပြီး လင်ရှန်းကို မကြည့်ရဲသလိုပုံပေါ်နေတယ် "ငါက အဆင်ပြေမလားဆိုပြီး မင်းကို သင်ပေးတာ၊ ပြီးတော့ TVတို့ ကာတွန်းတွေထဲမှာဆို ဒီလိုမျိုးပဲ မဟုတ်ဘူးလား? ငါ့ကိုသာ ယုံစမ်းပါ၊ အဲ့တာ အမှန်ပဲ!"
လင်ရှန်း အနည်းငယ်ပြုံးလိုက်တယ်။
ချင်မင်းမင်းလည်း ဘယ်တုန်းကမှ လုပ်ခဲ့ဖူးမယ့်ပုံမပေါ်ဘူး။ ဒါပေမယ့် အခုချိန်မှာ သူ့စိတ်အခြေအနေကတော့ တကယ်ပဲ အများကြီးကောင်းမွန်လာပြီ။
ထပ်ပြီး ဖိုရမ်ပေါ်က postတွေမှာလည်း သူက ဘာကြောင့်မော့ကျူးချန်နဲ့ အလောင်းအစားလုပ်ရတယ်ဆိုတဲ့ ထင်မြင်ချက်ပေး ဆွေးနွေးနေတာတွေကို မြင်ရတဲ့အခါ ပိုပြီးတည်ငြိမ်လာတယ်။
"တာ့တာ ရှန်းကော" ကျောင်းဂိတ်ပေါက်ကထွက်ပြီး လမ်းအနည်းငယ်လောက် အတူတူစက်ဘီးစီးခဲ့ပြီးနောက် ချင်မင်းမင်းက သူ့ကို လက်ဝေ့ယမ်းပြလာတယ် "မနက်ဖြန်မှတွေ့မယ်"
သူက လင်ရှန်းကို မျက်စပစ်ပြဖို့လည်း မမေ့ဘူး "မှတ်ထားအုံးနော် ထိပ်တိုက်တွေ့ဖို့ ကြိုးစား!"
"လမ်းကိုသာ ဂရုစိုက်ပါ" လင်ရှန်း အကျပ်ရိုက်စွာ ခေါင်းသာယမ်းမိတယ်။
မော့ကျူးချန်ကို အသာထား၊ ဒီနည်းလမ်းတွေက မိန်းကလေးတွေအတွက်ဆိုရင်တောင် အလုပ်မဖြစ်ဘူး။
ဒါပေမယ့် သူငယ်ချင်းတွေဆီက ဂရုစိုက်မှုရတာက အမြဲလိုလို နွေးထွေးတာကို ခံစားရတယ်။
ချင်မင်းမင်းရဲ့ဟာသတွေကြောင့်ဖြစ်နိုင်တယ် လင်ရှန်းစိတ်အခြေအနေက အများကြီးတိုးတက်လာတယ်။
ထိုညမှာတော့ မနေ့ညတုန်းကထက်စာရင် အများကြီးစိတ်အေးလက်အေး အိပ်ပျော်ခဲ့တယ်။
အထူးသဖြင့် မနက်စာစားချိန်မှာ ချူရုန်က ကိုယ်တိုင်ကိုယ်ကျ သူတို့ညီအစ်ကိုသုံးယောက်အတွက် ဖက်ထုပ်ပြုတ်လေး ချက်ပေးတယ်။
အရသာရှိတဲ့အနံ့လေးက လင်ရှန်းခန္ဓာကိုယ်ကို နွေးထွေးသွားစေတယ်။
ကျောင်းကို လာတဲ့လမ်းမှာအထိ သူ့စိတ်အခြေအနေ ကောင်းနေတုန်း။
မော့ကျူးချန်နဲ့ အလောင်းအစားလုပ်ရမယ်!
တစ်ဖက်လူမှာ ဇာတ်လိုက်အရောင်အဝါရှိတယ်ဆိုရင်တောင်မှ သူက မလိုအပ်ဘဲ ရှုံးစရာမလိုဘူး။
ရှုံးခဲ့ရင်တောင် အလွန်ဆုံးရှိလှ မော့ကျူးချန်ကို ထွက်ပေါက်ရှာခွင့်ပေးပြီး နှိပ်စက်တာ ခံရရုံသာ။
သူသာ နိုင်ခဲ့ရင် မော့ကျူးချန်ကို တောင်းပန်ပြီး သူဖြစ်စေခဲ့တဲ့ နားလည်မှုလွဲတာတွေကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုနိုင်တယ်။
စိတ်ကိုပြင်ဆင်ပြီးနောက်မှာ ရုတ်တရက် တက်ကြွလာသလို လင်ရှန်း ခံစားလိုက်ရတယ်။
သို့ပေမယ့် တဖြည်းဖြည်းနဲ့ တစ်စုံတစ်ရာမှားယွင်းနေတယ်ဆိုတာကို သတိပြုမိလာတယ်။
ကျောင်းနားနီးလာလေ ရှင်းဆန်းကျောင်းက ကျောင်းသားတွေကို ပိုတွေ့ရလေပဲ။ ဒီအတောအတွင်း ကျောင်းသားတွေက သူ့ကိုမြင်တိုင်း အတင်းအဖျင်းပြော၊ စပ်စုပြီး သူ့အကြောင်းပြောရတာကို သဘောကျကြတယ်။ တကယ်တော့ လင်ရှန်းလည်း တော်တော်လေး အသားကျနေပြီဖြစ်တယ်။
ဒီနေ့ကတော့ အနည်းငယ်ကွာခြားနေတယ်။
ထိုအတန်းဖော်တွေက လင်ရှန်း သိတဲ့သူဖြစ်ဖြစ် မသိတဲ့သူဖြစ်ဖြစ် သူတို့တွေ သူ့ကိုပထမဆုံးမြင်လိုက်ကြချိန်မှာပဲ သူ့နားကနေ တတ်နိုင်သလောက် ချက်ချင်းခွာကုန်ကြတယ်။
မသိရင်ပဲ သူက ကြောက်စရာကောင်းတဲ့ပလိပ်ရောဂါပိုးကြီးလိုပဲ။
စစချင်းမှာ ဒါကို ကျောင်းသားအနည်းစုသာ လုပ်ကြတယ်။ လင်ရှန်းလည်း အလေးအနက်ထားမနေဘူး။
နောက်တော့ ဒီလိုလုပ်တဲ့ကျောင်းသားတွေ များသထက်များလာတယ်။
ဒီအတောအတွင်းမှာ လင်ရှန်းက 'လေလူသား'ဆိုပြီး သတ်မှတ်ခံထားရတဲ့လူအဖြစ် လူသိများတယ်။
တစ်ယောက်ချင်းစီကို မသိတာတောင်မှ သူတို့နားက ကျောင်းသားတွေက လျှို့ဝှက်ပြီး ပြောနေတတ်တယ်။ ဒီလိုမျိုးနဲ့ တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ အယောက်တစ်ရာဖြစ်ကုန်တယ်။
လင်ရှန်းတစ်ယောက် ရှင်းဆန်းကျောင်းဝင်ပေါက်ကို ရောက်တဲ့အချိန် ထိုနေရာမှာ ကျောင်းသားတွေအများကြီးရှိနေတယ်။ သူနဲ့ ငါးမီတာပတ်လည်မှာတော့ တစ်ယောက်မှ ရှိမနေဘူး!
လင်ရှန်း "..."
သူလည်း စက်ဘီးကို ပါကင်ထိုးပြီးနောက် ကျောမှာလွယ်အိတ်လွယ်ပြီး ခြေလှမ်းအနည်းငယ်သာ လှမ်းရုံရှိသေးတယ် အနောက်ဘက်ကနေ 'ဝုန်း'ခနဲ လဲပြိုသံကြားလိုက်တယ်။
သူ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ သူ့စက်ဘီးက မြေကြီးပေါ် လဲကျနေတာ မြင်သွားတယ်။
ရှင်းဆန်းကျောင်းယူနီဖောင်းဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က စက်ဘီးနားကနေ ပြေးထွက်သွားတယ်။
"ဒီအတန်းဖော်ကတော့!" လင်ရှန်း မျက်မှောင်ကြုတ်လိုက်တယ်။
သူလည်း စက်ဘီးကို မြန်မြန်ပြန်ထောင်ကာ ထိုလူရဲ့နောက်ကျောဘက်ကို လှမ်းအော်တော့တယ် : "မင်း တစ်ယောက်ယောက်ရဲ့စက်ဘီးကို တိုက်မိရင်လည်း ပြန်တောင် မထူပေးနိုင်ဘူးလား?"
လင်ရှန်း စက်ဘီးကို သေချာပြန်ထောင်ရင်း ပြောမိတယ်။
သူ ကိုယ်ကို ပြန်မတ်လိုက်ချိန်မှာ သူ့နားက အတန်းဖော်တော်တော်များများ ရပ်နေပြီး သူ့ကို စူးစမ်းသလိုကြည့်နေတာ တွေ့လိုက်ရတယ်။
တချို့ကျောင်းသားတွေဆို မျက်နှာတွေပေါ်မှာ လုံးဝကို ဗြောင်ကျပြီး ဝင်ကြွားသလိုအကြည့်တောင် ရှိနေသေးတယ်။
လင်ရှန်း အနည်းငယ်နေရခက်သွားတယ်။
သူ မော့ကျူးချန်နဲ့ အလောင်းအစားလုပ်လိုက်လို့လား?
ဒါပေမယ့် အိုးရန်ယင်းယီတုန်းက ဒီလိုမျိုးဆက်ဆံတာကို သူတစ်ခါမှ မတွေ့ဖူးဘူး။
သူ့ကို ဘာလို့ လူတိုင်းက ဒီလိုကြည့်နေရတာလဲ?
"အတန်းဖော်လင်ရှန်း" သူ လမ်းပျောက်နေတုန်း အနောက်ဘက်ကနေ စုတျန်းတျန်းရဲ့အသံ ရုတ်တရက်ပေါ်ထွက်လာတယ်။
စုတျန်းတျန်းက ပိုနီတေးကို မြင့်မြင့်လေးစည်းထားတယ်။ သူကလည်း ကျောင်းကို စက်ဘီးစီးလာတာဖြစ်ပြီး စက်ဘီးကို မြန်မြန်နင်းခဲ့တာကြောင့်ဖြစ်မယ် မျက်နှာလေးက ရဲသွေးထနေပြီး ကျန်းမာရေးကောင်းကာ အားမာန်အပြည့်နဲ့ပုံလေး ဖြစ်နေတယ်။
"အရင်ဆုံး အတန်းထဲကို သွားကြတာပေါ့" စုတျန်းတျန်းက လင်ရှန်းရဲ့ကျောင်းဝတ်စုံအကျီလက်စကို ဆွဲကာ ကျောင်းဆောင်ဆီ ဘေးချင်းကပ် လျှောက်လာကြတယ်။
"ငါမသိတဲ့တစ်ခုခုများ ရှိနေတာလား?" လင်ရှန်းက အတန်းကိုသွားတဲ့ လှေကားဆီ လျှောက်နေရင်းမေးလိုက်တယ်။
"နင် ဖိုရမ်ကို မကြည့်ဘူးလား?" စုတျန်းတျန်း ပြန်လှည့်ကြည့်လာတယ်။
သူတို့နဲ့တော်တော်ဝေးတဲ့ဆီမှာတောင် လူတော်တော်များများက လင်ရှန်းကို လက်ညှိုးထိုးပြီး တီးတိုပြောကာ ရယ်နေကြတယ်။
လင်ရှန်းက သူ့အကြည့်အတိုင်းလိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်ချိန်မှာ လူတွေက သရော်ပြုံးပြုံးပြီး လူစုကွဲသွားတယ်။
လင်ရှန်း "..."
နောက်ဆုံးတော့ မော့ကျူးချန်ရဲ့အာဏာကို သိလိုက်ရပြီ။
အဲ့လူနဲ့ အလောင်းအစားလေးတစ်ခုပဲ လုပ်ရသေးတယ်၊ သူကပဲ ပုလိပ်ရောဂါစွဲကပ်နေသလိုမျိုး လူတိုင်း ရှောင်ဖယ်ရတဲ့လူတစ်ယောက် ဖြစ်သွားစေတယ်။
ဒါကို တွေးကြည့်ပြီး ရုတ်တရက်ဆိုသလို အိုးရန်ယင်းယီကို နည်းနည်းလေးသနားသလိုတောင် လင်ရှန်းခံစားလိုက်ရတယ်။
သူတို့မမြင်နိုင်တဲ့တစ်နေရာမှာ တစ်ဖက်လူကလည်း အပယ်ခံ၊ စောင့်ကြည့်ခံ၊ အတင်းပြောခံအဖြစ် နေရလောက်တယ်။
"အတန်းဖော်လင်ရှန်း" စုတျန်းတျန်းက ဖုန်းထုတ်ကာ လင်ရှန်းကို ဘာမှမပြောဘဲ လှမ်းပေးလိုက်တယ် "နင်... အဲ့တာကို နင့်ဖာသာ ကြည့်ကြည့်လိုက်"
ရှင်းဆန်းကျောင်းဖိုရမ်ပေါ်မှာ သူနဲ့ မော့ကျူးချန်တို့ အလောင်းအစားလုပ်တဲ့အကြောင်း ဟော့နေတဲ့ postတွေက တကယ်ကို ရှိနေတုန်းပဲ။
ဒါ့အပြင် မနေ့တုန်းက သူမြင်ခဲ့တာထက်တောင် အထပ်ပေါင်းထောင်ချီရှိနေပြီး မရေမတွက်နိုင်တဲ့ စာမျက်နှာတွေ ဖြစ်နေပြီ။ တကယ့်ကို တအားဟော့နေတာ။
သို့ပေမယ့် အဲ့ဟော့နေတဲ့ postမှာ ပိုပြီးနာမည်ကြီးနေတဲ့postက__
"ဖာ့ခ်! ငါ လင်ရှန်းနဲ့ နောက်တစ်ယောက် စာသင်ခန်းထဲမှာ နံရံကိုထောက်တိုင်း ဆော့နေတာ တွေ့ခဲ့တယ်! နောက်ဆုံးတော့ သခင်လေးမော့က သူ့ကိုဘာကြောင့် စွန့်ပစ်ခဲ့တာလဲဆိုတာ သိလိုက်ရပြီ!"
'စာသင်ခန်းထဲမှာ?!'
'နံရံထောက်တိုင်းဆော့တယ်?!'
လင်ရှန်း နှလုံးသား တုန်လှုပ်သွားပြီး မြန်မြန်ဆန်ဆန် postထဲကို ဝင်ကြည့်လိုက်တယ်။
များမကြာပြီး ပင်မအဆောက်အအုံကြီး ပေါ်ထွက်လာပြီး ဓာတ်ပုံတစ်ပုံ နေရာယူလာတယ်။
ပုံတွေက အရမ်းမကြည်လင်ပေမယ့် ရှုထောင့်တွေက အနည်းငယ်ထူးဆန်နေတယ်။
ကြည့်ရတာ သူတို့စာသင်ခန်းရဲ့လျှောက်လမ်းအပြင်ဘက် မှန်ပြတင်းပေါက်ကနေ ရိုက်ထားတာဖြစ်လောက်တယ်။
ဒါပေမယ့်!
ဘယ်လောက်ပဲ မကြည်လင်နေပါစေ အတိုင်းသားမြင်နိုင်သေးတယ်။
လင်ရှန်းက နံရံမှာကပ်ပြီးရပ်နေကာ သေချာပေါက် မော့ကျူးချန်မဟုတ်တဲ့ တခြားကောင်လေးတစ်ယောက်က သူ့ပုခုံးကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး နောက်တစ်ဖက်က နံရံမှာ ထောက်ထားတယ်။
တစ်ဖက်လူက ဒူးတွေကို အနည်းငယ်ကွေးထားကာ ခေါင်းမော့ပြီးကြည့်နေခဲ့တယ်။
ပြီးတော့ လင်ရှန်းက စိတ်သက်သာရာရသလိုအပြုံးလေးတစ်ခုနဲ့ မျက်ခုံးလေးတွေတန်းကာ သူ့ကိုပြန်ငုံ့ကြည့်နေတယ်။
ဒီမြင်ကွင်းကို အမိအရ ဓာတ်ဖမ်းနိုင်ခဲ့တယ်။
နောက်ထပ် ဘာဖြစ်လိမ့်မယ်ဆိုတာကတော့ သိပ်ကို စိတ်ကူးဉာဏ်ကွန့်လွန်းတယ်။
နမ်းမှာလား?
အဲ့လိုဆိုရင်တောင်...
ဘာပဲဖြစ်နေနေ ဒါက တကယ်ကြီး ဟိုမရောက်ဒီမရောက်ကျလွန်းတယ်။
သေလိုက်ပါတော့!!!
လင်ရှန်းလည်း အော်ဟစ်ချင်လာတယ်!
ဒါကြီးက ချင်မင်းမင်းနဲ့ သူ မဟုတ်ဘူးလား?!
ဒါကို ဓာတ်ပုံရိုက်သွားပြီး ဖိုရမ်ပေါ်မှာ တင်ပစ်လိုက်တာ!
သူတော့...
"လင်ရှန်း" စုတျန်းတျန်းရဲ့မျက်လုံးတွေ ပြူးကျယ်နေပြီး မေးလာတယ် "ဒါက ချင်မင်းမင်းလား?"
"အင်း!" လင်ရှန်း နာနာကျင်ကျင်နဲ့ ခေါင်းငြိတ်လိုက်တယ်။
"နင်တို့နှစ်ယောက်..."
"ငါတို့က ဘာမှမဟုတ်ဘူး" လင်ရှန်း အားနည်းစွာ လက်ယမ်းပြလိုက်တယ်။
ဘယ်လိုတောင်မှ ဒီလိုမျိုးသောက်ကျိုးနည်းကိစ္စကြီး ဖြစ်နိုင်ရတာလဲ?
"ဒါပေမယ့် ဒါကို ကျောင်းသားတွေအများကြီး ယုံနေကြတာ" စုတျန်းတျန်းပြောလိုက်တယ်။
သူက လက်ချောင်းလေးထုတ်လိုက်ပြီး မှတ်ချက်ကို လှန်လှောပြလာတယ် "ကြည့်လေ!"
"လခွမ်းလိုမှ ငါ့ရဲ့ခွေးမျက်လုံးတွေတော့! လင်ရှန်းနဲ့ အဲ့တာ ဘယ်သူတုန်း? သူက ကျောင်းမြက်ကြီးအပေါ် ပေါ်တင်ကြီးလင်ငယ်နေတာလား?"
"ညုတုတုကောင်!"
"အမျိုးသမီးတွေရဲ့နည်းလမ်းကို မလိုက်နာတဲ့ အစာပြေကောင်!"
"ငါပြောပါတယ် ကျောင်းမြက်ကြီးက မနေ့ကတစ်နေ့လုံး လေဖိအားနည်းရပ်ဝန်းဖြစ်နေလို့ ငါတို့အခန်းလေး ရေခဲခေတ်ထဲရောက်နေသလိုမျိုး အေးခဲပြီးသေမလို ဖြစ်ခဲ့ရတာ! လတ်စသတ်တော့ လင်ရှန်းက တရားခံကိုး!"
"ဒါဆို သူတို့ အလောင်းအစားလုပ်ကြတာ..."
မနေ့က အလောင်းအစားလုပ်တဲ့သတင်း ထွက်လာချိန်မှာ ကျောင်းသားတော်တော်များများက လင်ရှန်းနဲ့ မော့ကျူးချန်တို့ အချင်းပွားခဲ့ကြတာလားဆိုပြီး ခန့်မှန်းခဲ့ကြသေးတယ်။
ချစ်သူတွေကြားမှာ အပျော်အပြက်လုပ်တာလေးတွေ ရှိကြတယ်။
စိတ်ဆတ်တဲ့ကျောင်းမြက်ကြီးရဲ့ အချစ်ရေးသတင်းက လိုင်းပေါ်ရောက်ခဲ့တယ်။
အခုချိန်မှာ ကိစ္စတွေက ဒီလောက်ရိုးရှင်းမနေတော့ဘူး။
"ဖာ့ခ် ဖာ့ခ်! ဒီတော့ သခင်လေးမော့ ကြမ်းပြီလေ၊ လင်ရှန်းကို ကျောင်းကနေ မောင်းထုတ်တော့မှာလား?"
"ဒါဆိုရင် မေးခွန်းက တကယ်လို့များ သခင်လေးမော့က တစ်စုံတစ်ယောက်ကို ကျောင်းကနေ တကယ်ပဲမောင်းထုတ်ချင်တယ်ဆိုရင် ဒီလောက်လိမ္မာပါးနပ်စရာ လိုလို့လား?"
"ဒါပေမယ့် သူက အိုးရန်ယင်းယီနဲ့လည်း အလောင်းအစားလုပ်ခဲ့တာပဲမဟုတ်လား? ဖြစ်နိုင်တာတော့ ဒီဟာက ကျောင်းမြက်ကြီးရဲ့ အကြီးမားဆုံးလူမသိသူမသိ ဝါသနာတစ်ခုပဲဖြစ်နေမလား?"
"အပေါ်ထပ်ကလူတွေ တော်လောက်ပြီ! ငါ မှန်းကြည့်ရသလောက် ဒီအဖြဟ်အပျက် စစဖြစ်ချင်းတုန်းက ကျောင်းမြက်ကြီးက သူ့ချစ်သူလေးကို အကြီးကြီးနောက်နေတယ်လို့ပဲ ငါတို့တွေ ထင်ခဲ့ကြတာလေ၊ မနေ့တုန်းက အဟော့စားသတင်း လွှင့်လိုက်လိမ့်မယ်လို့ ဘယ်သူသိမှာလဲ... အခု ကျောင်းမြက်ကြီးကလည်း သတင်းအမှောင်ဖုံးနေလောက်မှာ၊ အတန်းFထဲမှာ သူ့ကို ဒီpostနဲ့ ဓာတ်ပုံ ပြရဲတဲ့ စစ်သည်တစ်ယောက် ရှိရဲ့လား?"
" 1 လင်ရှန်းရဲ့မျက်နှာအစစ်အမှန်ကို ခွာချရဲတဲ့ စစ်သည်တစ်ယောက်ရှိတာလား၊ N လှေတွေနဲ့ အမျိုးသားလား?"
" 2 ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါ!"
...
လင်ရှန်း postကို လျှင်မြန်စွာ လှန်လှောကြည့်လိုက်တယ်။
ဒီအချိန်မှာ ကျောင်းသားတွေက တစ်ဖတ်သတ်တွေချည်းဖြစ်နေကာ အားလုံးက နှစ်ထောင်းအားရဖြစ်စွာနဲ့ သူ ကံဆိုးမိုးမှောင်ကျမှာကို မြင်ရဖို့ စောင့်နေကြတယ်။
"လင်ရှန်း?" စုတျန်းတျန်းက သူ့ကိုကြည့်ကာ "နင်နဲ့ မော့ကျူးချန်က တကယ်ပဲ စကားများထားတာလား? ရှု...ရှုချန်းပြောတာကို ငါကြားသလောက်တော့ ပြီးခဲ့တဲ့နှစ်ရက်တုန်းက သူဒေါသထွက်နေပုံပဲတဲ့"
"Hmm" သူ မရေမရာသာ ပြန်ဖြေပေးလိုက်တယ်။
သူ postကို အဆုံးထိ အမြန်ဆွဲချကာ သူ့အတွက်သူ တစ်ခုခုပြောဖို့ ကြိုးစားလိုက်တယ်။ ဖုန်းစခရင်ပေါ်ကို လက်ချောင်းတင်လိုက်ပေမယ့် စာတစ်လုံးတောင် မရေးနိုင်ဘူးဖြစ်နေတယ်။
ပထမဆုံးအနေနဲ့ သူနဲ့မော့ကျူးချန်က သူ့အတန်းဖော်တွေ ထင်နေသလို ဆက်ဆံရေးမျိုးမဟုတ်ဘူး။
ဒုတိယအချက်က သူငယ်ချင်းတွေဖြစ်နေတာကလွဲလို့ သူနဲ့ ချင်မင်းမင်းကြားမှာ ဟိုမရောက်ဒီမရောက်ဖြစ်နေတာမျိုး မရှိဘူး။
ဒါပေမယ့် ဓာတ်ပုံတွေကတော့ တကယ့်ကို ဟိုမရောက်ဒီမရောက်ပုံစံကြီး။
လင်ရှန်း မျက်မှောင်ကြုတ်နေမိတယ်။
သူ အချိန်တစ်ခုလောက် တိတ်ဆိတ်နေပြီးမှ ရုတ်တရက် သူက စုတျန်းတျန်းရဲ့ဖုန်းကို ကိုင်ထားမှန်း သတိရသွားတယ်။
သူလည်း စုတျန်းတျန်းကို ဖုန်းပြန်ပေးလိုက်တယ်။
သူက စာအုပ်တွေပဲဖတ်ပြီး ကြိုးကြိုးစားစားနေရတဲ့ ဘဝမျိုးနဲ့သာ ပိုပြိးသင့်တော်တာဖြစ်မယ်။
အပေါ်ယံမှာတော့ အပြောင်းအလဲမရှိ ပျင်းစရာကောင်းတယ်ဆိုပေမယ့် အနည်းဆုံးတော့ အခုလိုမျိုး စိတ်ရှုပ်စရာမျိုးမရှိဘူး။
"လင်ရှန်း!" စုတျန်းတျန်းက စိတ်တိုင်းကျ postကို refreshလုပ်ပြီး ရုတ်တရက်ပြောလာတယ် "မော့ကျူးချန်က စာပြန်ထားတယ်"
"ဟမ်?" လင်ရှန်း လန့်ဖျပ်သွားပြီး သူ့(စုတျန်းတျန်း)ဖုန်းကို လှမ်းကြည့်လိုက်တယ်။
စခရင်ပေါ်မှာ ဘယ်တုန်းကမှပြောင်းမထားတဲ့ system avatar ဘေးမှာ တကယ်ပဲ 'မော့ကျူးချန်'ဆိုတဲ့စကားလုံးသုံးလုံးက ရှိနေတယ်။
သူ့ပြန်စာက ရိုးရှင်းကာ ဖြေရှင်းချက်လည်းမပါဘဲ တိုတိုတုပ်တုပ်သာဖြစ်တယ်။
ကြည့်ရတာလည်း သိပ်ကိုရှင်းလင်းလှတယ် -
"အပေါ်ထပ်က လင်ရှန်းကို ကြိမ်းမောင်းထားကြတဲ့သူတွေ ကိုယ့်အသိစိတ်နဲ့ကိုယ် လင်ရှန်းကို သွားတောင်းပန်ကြ"
_____
Thanks 🌹