(Unicode+Zawgyi)
တကယ်ချစ်ရင် ကာကွယ်ပေးရမှာတဲ့... ရှေးရေစက်မကုန်လို့ ဒီဘဝမှာပြန်ဆုံခဲ့တယ်... ကံကြမ္မာကိုကျေးဇူးတင်ရင်း အမြတ်တနိုးချစ်သွားပေးမယ်... အတိတ်ဘဝကဖူးစာပါခဲ့တယ်ဆိုတဲ့အဖြစ်ကြီးမရှိရင်တောင် မင်းတစ်ယောက်ကိုပဲ တစ်သက်လုံးချစ်သွားပေးမယ်... ယုံကြည်စေချင်ပါတယ်... ဒီဘဝမှာတော့ ကာကွယ်ပေးမယ်...
နယူးဇီလန်သို့ လက်ထပ်ပွဲကျင်းပရန်သွားကြသောသူတို့နှစ်ဦးဟာ ၁၃နာရီကျော်ကြာပြီးနောက်မှာတော့ Christchurch Airportဆီရောက်လာခဲ့ကြပြီဖြစ်သည်။ နိုင်ငံခြားခရီးဟူ၍ အိပ်မက်ထဲ၌ပင်ထည့်၍မမက်ခဲ့ဖူးသောရေညိုရစ်ဟာ မျက်လုံးလေးတွေပြူးကျယ်လျက် ပတ်ဝန်းကျင်ကို မရပ်မနားရှူ့စားနေလေသည်။ ဒီဇင်ဘာလဟာ နယူးဇီလန်မှာတော့ နွေအခါဖြစ်သည်။ နေရာတိုင်းမှာ ရွှေအိုရောင်နေရောင်ခြည်လေးတွေနဲ့ နွေးနွေးထွေးထွေးရှိလှသည်။
"ပူတယ်နော်အချစ်"
Skyက လက်ဖဝါးကိုယပ်တောင်သဖွယ် မျက်နှာအနားတဖျက်ဖျက်ခပ်ကာ ရေညိုရစ်ကိုစကားဆိုသည်။
နယူးဇီလန်ရဲ့နွေရာသီဆိုတာ တကယ်တော့ မြန်မာနိုင်ငံရဲ့ဆောင်းရာသီပင်။ အပူချိန်မှာ ၃၀°Cအောက်တောင်လျော့နေလေသည်။ ဒါကိုSkyကပူတယ်ပြောတော့ ရေညိုရစ်မျက်စောင်းထိုးမိ၏။
"ဒီလောက်အေးနေတာကို...ခင်ဗျားရူးများနေသလား"
သတို့သားလောင်းအား အခုလိုမညှာမတာစကားပြောသူဆိုလို့ ရေညိုရစ်တစ်ယောက်ပဲရှိပါလိမ့်မည်။ အနိုင်ယူတဲ့လေသံနဲ့ပြောတော့လည်း Skyပြုံးမိပြန်ပါ၏။ ရေညိုရစ်ပုံစံကိုကြည့်မိပြန်တော့လည်း ဘယ်နေရာရောက်ရောက် အညာသားမူဟန်မပျက်အောင် ဝတ်စားထားလေသည်။ ဘောင်းဘီမဝတ်နိုင်ဟု ခပ်မာမာငြင်းတာကြောင့် အခု နယူးဇီလန်အထိ ပုဆိုးနဲ့ရောက်လာသည်။ ဒါကိုတွေးမိပြီး Skyအသံထွက်ရယ်မိ၏။
"ဘာရယ်တာတုန်း"
"ဘာမှမဟုတ်ပါဘူးဗျာ...မောင်ကအချစ်အကြောင်းတွေးမိလို့"
ရေညိုရစ်က တစ်ခုခုပြန်ပြောမည်အလုပ် Castle Hillကိုလိုက်ပို့မယ့်ကားရောက်လာလေပြီ။
နောက်ထပ်၁နာရီကျော်ကြာအောင်ကားစီးရတဲ့ခရီးစဉ်ကြောင့် ရေညိုရစ်ပင်ပန်းမှာကို Skyစိတ်ပူမိသည်။ ဒါပေမယ့် ရေညိုရစ်ကတော့ ပျော်နေပုံရပါသည်။ တစ်ခါတစ်လေလည်း ကလေးလေးတစ်ယောက်လို လက်ညှိုးထိုးလျက် ဟိုဟိုဒီဒီလိုက်ကြည့်ပြောတတ်သည်။
"မောင်...ဟိုးမှာကြည့်...လှတယ်နော်၊ တောင်တန်းတွေ"
ပုဂံမြေမှာလည်းတောင်တန်းတွေရှိပေမယ့် နယူးဇီလန်ကတောင်တန်းတွေနဲ့ကတော့ ခံစားရတာချင်းကွာခြားသည်။ တောင်စောင်းလမ်းကနေမြင်ရတဲ့ ဟိုးအဝေးကတောင်တန်းတွေဟာ နွေအခါမှာတောင် မြူတွေဆိုင်းနေတတ်သည်။ ချွန်ထက်တဲ့တောင်ထိပ်တွေက တိမ်တွေနဲ့ထိတွေ့ပြီး ကောင်းကင်ထဲအထိ ထိုးဖောက်နေသယောင်မြင်ရသည်။ စိမ်းလန်းလှတဲ့တောတန်းတွေကလည်း မျက်စိတစ်ဆုံးကြည့်မဝအောင်ရှိလေသည်။ သစ်ပင်တွေကိုတန်ဖိုးထားတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် တောအုပ်စိမ်းစိမ်းတွေက နေရာတိုင်းမှာ...။
"မောင် ဟိုးကဘာမြစ်လဲ"
"သောမတ်စ်လို့ခေါ်တယ်အချစ်"
"သောမတ်"
"ဟုတ်တယ်၊ သောမတ်စ်မြစ်က မောင်တို့ရွာနားကတစ်ခုတည်းသောမြစ်၊ ရေအရမ်းကြည်ပြီး အရမ်းလှတယ်"
"သွားချင်လိုက်တာ"
"မောင်လိုက်ပို့မှာပေါ့၊ ကြည့်လိုက်အချစ်...မြစ်ရဲ့တစ်ဖက်က မောင်နေတဲ့Castle Hillပဲ.."
Skyက လက်ညှိုးညွှန်တော့ ရေညိုရစ်ခေါင်းလေးစောင်းကာငေးမိသည်။ ကျောက်တုံးကြီးတွေအစီအရီနဲ့ တောင်စဉ်တွေများလွန်းသည်။ နေရာတိုင်းက သဘာဝဆန်လေတော့ ဒီနေရာကို ရေညိုရစ်ချစ်မိနေပါပြီ။
"ပျော်လားအချစ်"
"အင်း..မောင်နဲ့အတူရှိနေလို့ထင်တယ်၊ ကျုပ်သိပ်ပျော်တယ်"
ထိုအခါ Skyက ရေညိုရစ်ရဲ့လက်လေးကိုဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် လက်ဖမိုးလေးအား အမြတ်တနိုးနဲ့ အနမ်းဖွဖွပေးလိုက်ပြီး ရေညိုရစ်အားကြည့်မိ၏။ ပြုံးရိပ်သန်းနေတဲ့မျက်ဝန်းတွေက ယောက်ျားလေးတန်မဲ့ သိပ်လှသည်။ ရွှန်းစိုနေတဲ့မျက်လုံးအိမ်ဟာ Skyအစွဲလန်းရဆုံး ရေညိုရစ်ရဲ့မျက်နှာအစိတ်အပိုင်း...။
"ရောက်ပြီ"
Skyပုခုံးပေါ်မှီကာငိုက်မျဉ်းလာတဲ့ရေညိုရစ်က ကားမောင်းဆရာရဲ့စကားကြောင့် ဆတ်ခနဲလန့်နိုးသွားသည်။
"အချစ် လန့်သွားလား"
Skyက စိုးရိမ်စွာနဲ့ ရေညိုရစ်ပါးလေးအားပွတ်ဆွဲလျက်မေးသည်။ ရေညိုရစ်က သမ်းဝေနေသေးကာ အဖြေမပေးနိုင်ဘဲ အိပ်ချင်မူးတူးဖြစ်နေလေသည်။ ပြီးမှ
"ဟာ ဒါမောင်နေတဲ့နေရာလား"
ထင်းရှူးပင်တွေနဲ့ လယ်ယာစိုက်ခင်းတွေဟာ လေတိုက်တိုင်းယိမ်းနေသည်။ အကွေ့အကောက်များတဲ့လမ်းတွေပေါ်မှာ လူအချို့စကားပြောရယ်မောနေကြသည်။ အနီးအနားကပေါင်မုန့်ဆိုင်မှာတော့ 1+1ပေးနေသည်မို့ လူတွေအုံနေ၏။ မလှမ်းမကမ်းကမွေးမြူရေးခြံထဲမှာတော့ သိုးတွေဟာအစာစားနေကြပြီး ရေညိုရစ်တို့စကားပြောသံညံညံကြောင့် မော့ကြည့်ကြသည်။
အပင်အုံ့ဆိုင်းမှုအားနည်းပြီး ကျောက်တုံးတွေများတဲ့ကုန်းမြင့်ဒေသဖြစ်တာကြောင့် နေရောင်ခြည်ကို ဖောဖောသီသီရရှိသည်။ ထို့အတွက် ရွာကလေးဟာနွေးထွေးနေပြီး ရင်းနှီးတဲ့ခံစားချက်မျိုးကိုရစေသည်။ အိမ်တွေကလည်း ပုံစံတူတွေဖြစ်ပြီး ထပ်ခိုးပါတဲ့တစ်ထပ်အိမ်တွေချည်းဖြစ်သည်။ ရေညိုရစ်ရောက်နေတဲ့နေရာက လူနေအိမ်ခြေအနည်းငယ်ကျဲသည်။
"ဒါမောင့်အိမ်လေ..အခုတော့အဖေနေတယ်"
ရေညိုရစ်က အိမ်လေးကိုကြည့်လိုက်သည်။ အမေရိကန်ရုပ်ရှင်တွေမှာမြင်နေကြဖြစ်တဲ့အိမ်မျိုးဖြစ်ပြီး ချွန်ချွန်သေးသေးလေးဖြစ်သည်။ ခြံဝန်းမရှိပေမယ့် အပင်တွေတော့စိုက်ထားသည်။ အိမ်ရဲ့အရှေ့ဘက်မှာတော့ ထင်းရှူးပင်တွေပေါက်ရောက်နေကြသည်။
"အိမ်လေးကချစ်စရာလေး..."
"ဝင်ရအောင်အချစ်"
"နေဦး..ခဏလေး..ဟိုဟာ မောင့်အဖေနေတယ်ဆို...အခုရောရှိနေလား"
"အဖေကအခုမရှိဘူး၊ ညနေမှပြန်ရောက်လိမ့်မယ်၊ အလုပ်ကိစ္စနဲ့ ဝယ်လင်တန်ခဏသွားတယ်အချစ်ရဲ့"
မရှိဘူးဆိုမှ ရေညိုရစ်စိတ်ချသွားရသည်။ ရုတ်တရက် ချစ်ရသူရဲ့အဖေဆိုတော့ ရေညိုရစ်လက်ဖျားတွေအေးသွားရသည်။ စိုးရိမ်ပူပန်မိတာကတော့ အဆန်းဟုတ်မည်မထင်။
အိမ်ထဲဝင်သွားတော့ အရင်ဆုံး လီမွန်နံ့ခပ်သင်းသင်းရသည်။ မွှေးရနံ့က နည်းနည်းတော့စူးပြီး ခပ်ရှရှနိုင်သည်။
"ထိုင်ဦးအချစ်..မောင်ကော်ဖီဖျော်လိုက်ဦးမယ်"
"မဖျော်နဲ့..ကျုပ်မသောက်ချင်လို့"
Skyကခေါင်းညိမ့်သည်။ ဒါပေမယ့် ရေတော့ခပ်တိုက်ပေလိမ့်မည်။ ရေညိုရစ်ကတော့ ဧည့်ခန်းထဲလိုက်ကြည့်ဖြစ်သည်။ မီးလင်းဖိုရဲ့အပေါ်မှာတင်ထားတဲ့ဓာတ်ပုံတွေကိုတော့ စိတ်အဝင်စားဆုံးဖြစ်သည်။ Skyရဲ့ငယ်ငယ်ကဓာတ်ပုံတွေဖြစ်ပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ရေညိုရစ်ပြုံးမိသည်။ ဒီလိုမျက်လုံးပြာနဲ့နိုင်ငံခြားသားစစ်စစ်က သူ့ဘဝလက်တွဲဖော်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးပေ။ ပြီးတော့ သူရှာနေတဲ့လူတစ်ယောက်ဆိုတာကိုရောပေါ့...။
"ချစ်စရာကောင်းတယ်မလား"
Skyက ရေညိုရစ်အား ရေခွက်ကမ်းပေးရင်းစကားဆိုသည်။
"အသားဖြူဖြူလေးနဲ့ ကလေးလေးနော်၊ မျက်လုံးလေးကပြာပြာလေးနဲ့၊ ပြီးတော့ အသားက နီစပ်စပ်နဲ့၊ ဘယ်လိုလေးလဲမသိဘူး"
ရေညိုရစ်ရဲ့ဖြေပုံလေးကို Skyသဘောကျရသည်။
"ဒါကအမေလေ..မောင့်အသက်၁၈မှာ လောကကြီးထဲကနေထွက်သွားတယ်၊ အမေကမောင့်ကြောင့် စိတ်ဆင်းရဲခဲ့ရတယ်၊ မောင့်ကြောင့်ပဲ အဖေနဲ့အဆင်မပြေဖြစ်ပြီး အိမ်ထောင်ရေးပြိုကွဲခဲ့ရတယ်၊ နောက်ဆုံး ကျန်းမာရေးချို့တဲ့ပြီး စိတ်ကျရောဂါနဲ့သေသွားရတယ်"
ရေညိုရစ်က Skyကိုစိတ်မကောင်းစွာကြည့်လိုက်သည်။ Skyမျက်လုံးတွေကဝမ်းနည်းနေပုံပေါက်ပြီး မကြာခင်ငိုချတော့မည်ထင်၏။ ထို့ကြောင့် ရေညိုရစ်က Skyလက်မောင်းကိုဆုပ်ကိုင်လိုက်ကာ
"စိတ်မကောင်းမဖြစ်ပါနဲ့မောင်ရယ်"
"မောင်လေ...အိပ်မက်တွေမက်ခဲ့တယ်၊ အိပ်မက်တွေမက်ခဲ့တာကြောင့်...အိပ်မက်တွေမက်ခဲ့တာကြောင့်...."
စကားတို့ကိုမဆက်လေပါ။ ရှိုက်သံစွက်လာပြီး ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းတွေဖြစ်သွားသည်။ နောက်ဆုံးတော့ Skyငိုလေပြီ။ ရေညိုရစ်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။
အိပ်မက်တွေကြောင့် သူ့ရဲ့ကလေးဘဝက နာကျင်စရာကောင်းခဲ့တာ... မိသားစုပြိုကွဲခဲ့ရတာ... အမေသေခဲ့ရတာ... ဒါတွေကိုပြောပြီး စိတ်ထဲကအစိုင်အခဲတွေကိုချေပစ်ချင်ပေမယ့် Skyမလုပ်ရက်ပါ။ သူတစ်ယောက်တည်းခံစားရတာမဟုတ်ဘဲ သူချစ်ရသူရေညိုရစ်က သူ့ထက်ပိုတဲ့ခံစားချက်တွေကို ယခုထက်တိုင်ခံစားနေရတုန်းပဲမလား။ သူ့မှာတောင် အဖေဖြစ်သူကပြန်လာပြီး မေတ္တာပေးတာခံခဲ့ရတဲ့အတွက် ကံကောင်းသူဟုပြောနိုင်မည်။ ဒါပေမယ့် ရေညိုရစ်ကတော့ အခုထိ ဒဏ်ရာပင်လယ်မှာလက်ပစ်ကူးနေရဆဲပဲမလား။ အဆင်ပြေပြီလို့ယူဆမိရတဲ့သူချစ်ရသူရဲ့ဘဝဟာ ငါးကင်ဘဝရောက်နေတာတောင် ရေထဲမှာဆက်လက်ကူးခတ်နေရဆဲအခြေအနေနဲ့တူသည်။
"မောင်ရယ်...မငိုပါနဲ့နော်၊ မငိုပါနဲ့ကွာ၊ စိတ်မကောင်းမဖြစ်ပါနဲ့တော့နော်၊ ကျုပ်တို့တွေ အခုလက်ရှိမှာကောင်းအောင်နေပြနိုင်ရင် မောင့်အမေလည်းဝမ်းသာရှာမှာပါ၊ မောင့်အမေက မောင်အခုလိုဝမ်းနည်းနေတာကို မြင်ချင်မှာမဟုတ်ဘူး၊ မငိုနဲ့တော့နော်"
ဆိုဖာခုံပေါ်ထိုင်စေလိုက်ရင်း ပုခုံးဖက်ကာ အားပေးစကားပြောနေပေမယ့် Skyက အငိုမရပ်ခဲ့။
"မငိုပါနဲ့တော့မောင်ရယ်..မောင်ငိုရင် ကျုပ်ရင်နာတယ်"
ဒီလိုခပ်မာမာပြောလိုက်တော့ Skyခေါင်းငုံ့ထားရာကနေ မော့ကြည့်သည်။ သူနဲ့အပြိုင် ထပ်တူမျက်ရည်ဝဲနေတဲ့ရေညိုရစ်ကြောင့် Sky သူ့ပါးပေါ်ကမျက်ရည်တွေကို လက်ဖမိုးနဲ့ပွတ်ဆွဲသုတ်လိုက်၏။
"အချစ်"
"ကျုပ်ပြောတာသိလား၊ ကျုပ်လေ ရင်နာတယ်ဗျာ၊ မောင်ငိုနေတာမြင်ရရင် ကျုပ်တကယ်နာကျင်တယ်.."
"ဪ အချစ်ရယ်.."
Skyက ရေညိုရစ်ကိုပွေ့ဖက်လိုက်သည်။ ရေညိုရစ်က Skyရဲ့ကျောပြင်လေးအား ပွတ်ပေးရင်း အားပေးတဲ့သဘောပြသည်။
"အင်းပါ၊ မောင်နားလည်ပြီနော်၊ မောင်မငိုတော့ဘူး နော် အချစ်"
ရေညိုရစ်က ပွေ့ဖက်ထားလျက်ပင်ခေါင်းညိမ့်သည်။ သူတို့ရဲ့အချိန်အတော်ကြာနှစ်သိမ့်ပွေ့ဖက်မှုကြောင့် ဘယ်သူမှမသောက်ဖြစ်လိုက်တဲ့ရေတစ်ခွက်ဟာ စားပွဲပေါ်မှာအထီးကျန်ဆန်နေလို့...။
🌾🌾
ညနေအချိန်ရောက်တော့ ရာသီဥတုကမဆိုသလောက်လေးပိုအေးလာသည်။ မြူနှင်းရိပ်တွေဝဲနေကာ ဝန်းကျင်တစ်ခွင်အေးနေသည်။ ထို့အထဲမှာ အိမ်လေးအတွင်း၌တော့ မီးလင်းဖိုကအနွေးဓာတ်ကြောင့် နေသာထိုင်သာရှိလှသေးသည်။ အံ့ဩဖွယ်နွေရာသီပါလား...။
Skyရဲ့ဖခင်ကတော့ အရင်ကတည်းက Skyနဲ့ဖုန်းပြောထားပြီးဖြစ်တာကြောင့် သားဖြစ်သူရဲ့ရွေးချယ်မှုကို ထွေထွေထူးထူးတားမြစ်ဇာတ်မခင်းပေ။ နယူးဇီလန်လို ဟိုးနှစ်ကာလများစွာကတည်းက လိင်တူလက်ထပ်ပွဲတွေကိုခွင့်ပြုထားတဲ့နိုင်ငံမှာမွေးဖွားကြီးပြင်းခဲ့ကြရတဲ့သူဖြစ်တာကြောင့် အပြုံးမပျက်သဘောပေါက်လက်ခံပေး၏။ ထို့အပြင် နယူးဇီလန်ဥပဒေအရ အသက်၁၈နှစ်ပြည့်တာနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကြောင့် Skyရဲ့ဆုံးဖြတ်ချက်ကို အတင်းကာရောလိုက်တားခြင်းလည်းမပြု။ ဒါတွေကြောင့် ရေညိုရစ်လည်း ပျော်ရွှင်သက်သာရပါသည်။
"မောင့်အဖေကလက်ခံသားပဲနော်...ကျုပ်ကစိတ်ပူနေတာရယ်"
Skyကပြုံးလိုက်ပြီး
"ပျော်တယ်မဟုတ်လားအချစ်"
"အင်း ပျော်တယ်၊ သိပ်ကိုပျော်တာကွာ.."
"ဒါဆို မနက်ဖြန်ပွဲအတွက် ဘုရားကျောင်းသွားကြမလား"
ရေညိုရစ်ခေါင်းညိမ့်လိုက်သည်။ မနက်ဖြန်ကျင်းပမယ့်လက်ထပ်ပွဲအတွက် ဘုရားကျောင်းမှာပြင်ဆင်မှုတွေသွားကြည့်ကြမည်ဖြစ်သည်။ ရေညိုရစ်ကတော့ ကလေးတစ်ယောက်ပမာ ရင်ခုန်လို့နေပြီး Skyကတော့ ပျော်နေတဲ့ရေညိုရစ်ကိုကြည့်ကာ စိတ်ချမ်းသာနေရပါ၏။
လမ်းလေးတွေကကျဉ်းမြောင်းသလောက်ဖြောင့်ဖြူးသည်။ အက်ရာချိုင့်ခွက်တစ်ခုမှမရှိဘဲ ပြောင်ရှင်းသည်။ လမ်းရဲ့တစ်ဖက်တစ်ချက်စီတိုင်းမှာ သိပ်လှတဲ့မီးတိုင်ရှည်တွေနဲ့အတူ ထင်းရှူးပင်တွေရှိသည်။ တစ်ချက်တစ်ချက်တော့ ချုံပုတ်ပုလေးတွေပေါက်နေတတ်သည်။ လမ်းချိုးတစ်ခုပြီးတိုင်း အပန်းဖြေထိုင်ခုံရှည်လေးတွေနဲ့ ပန်းပင်သေးလေးတွေကိုမြင်နိုင်၏။ ညအခါမှာ ဟိုးအဝေးသို့လှမ်းကြည့်လျှင် မဲရိပ်ရိပ်တောင်တန်းတွေကို စိတ်ကူးနဲ့မှန်းပြီး ကြည်ကြည်လင်လင်မြင်ကြည့်လို့ရသည်။
တော်တော်လေးလျှောက်လာလိုက်တော့ ဘုရားကျောင်းရောက်လာခဲ့ပြီ။ ပုဂံညောင်ဦးမှာမွေးပြီး ပုဂံညောင်ဦးမှာကြီးပြင်းလာရတဲ့ရေညိုရစ်အဖို့ ဘုရားကျောင်းဆိုတာကို ပထမဆုံးမြင်ဖူးခြင်းပင်။
"မင်္ဂလာပါဖာသာ...ပန်းတွေပြင်နေတာကိုလာကြည့်တာပါ"
ဖာသာကပြုံးကာခေါင်းညိမ့်သည်။ ထို့နောက် ကျမ်းစာ,စာအုပ်တွေပိုက်ကာ အပြင်ထွက်သွားလေသည်။
ရေညိုရစ်က အပြင်အဆင်တွေကိုငေးမောရင်း အံ့ဩနေသည်။ ရိုးရှင်းပြီးလှပတဲ့ပြင်ဆင်မှုလေးတွေဟာ ရေညိုရစ်ကိုစိတ်လှုပ်ရှားစေသည်။ ပြီးတော့ မနက်ဖြန်ဆိုတာကိုတွေးမိရင် ကြက်သီးတွေတောင်ထလာပြီး ထခုန်မတတ်ခံစားရသည်။
"ဘယ်လိုလဲအချစ်၊ အပြင်အဆင်တွေသဘောကျရဲ့လား"
"အင်း လှတယ်၊ တော်တော်လှတယ်"
"မနက်ဖြန်ဆိုရင် မောင်တို့လက်ထပ်ကြတော့မှာပဲနော်"
"စစ်ကိုင်း...ကျုပ်လေ သိပ်အံ့ဩရတယ်သိလား၊ ကျုပ်ဆီမထင်မှတ်ထားဘဲ ပြန်ရောက်လာပြီး အခုကျုပ်နဲ့လက်ထပ်တော့မယ်ဆိုတော့...ကျုပ်လေ ဘယ်လိုအံ့ဩမှန်းမသိဘူး"
မျက်လုံးလေးချီကာပြောနေတဲ့ရေညိုရစ်ကို Skyက ပုခုံးဖက်လိုက်သည်။ ပြီးနောက် ဘေးဘက်စောင်း၍ နဖူးချင်းထိကာ
"မောင်အများကြီးကြိုးစားပါ့မယ်၊ အချစ်ကိုပျော်အောင်ထားနိုင်ဖို့ မောင်ပိုပြီးကြိုးစားပါ့မယ်"
ကတိစကားကိုကြားရချိန်မှာတော့ ရေညိုရစ်စိတ်ဟာအေးမြ၍နေပါသည်။ ရုတ်တရက် ရေညိုရစ်က Skyပါးပြင်အား အနမ်းတစ်ပွင့်လှမ်းပေးလိုက်သည်။
"ယုံပါတယ်၊ မောင့်ကိုယုံတယ်"
ထိုညလေးဟာ တိတ်ဆိတ်နေသည်။ ဘုရားကျောင်းထဲက မီးရောင်စုံတွေဟာ သူတို့နှစ်ယောက်အတွက် လုံလောက်အလင်းရောင်များဖြစ်ခဲ့သည်။ စကားတွေထွေလီကာလီမပြောဖြစ်ကြတော့ဘဲ ပြင်ဆင်ထားမှုများကိုသာငေးမောနေကြကာ တစ်ညလုံးနီးနီးထိုင်နေကြလေသည်။
လေဟာငြိမ်နေပါ၏။ ထို့ကြောင့် ထင်းရှူးပင်များဆီမှ အသံရှဲရှဲကိုမကြားရ။ စကားသံကင်းမဲ့နေတာမို့လို့ အရာရာဟာ ပကတိတိတ်ဆိတ်ငြိမ်သက်နေသယောင်ရှိလေသည်။ ထိုကဲ့သို့ပတ်ဝန်းကျင်ထဲမှာ အာရုံစိုက်စားနားစွင့်မည်ဆိုပါက အဝေးဆီမှလာသော သောမတ်စ်မြစ်ရဲ့ ရေစီးသံတစ်သွင်သွင်ကိုကြားရနိုင်သည်။
"ချစ်တယ်မောင်"
ရေညိုရစ်က Skyလက်အား ဆုပ်ကိုင်ထားလျက် ချစ်စကားဆိုလိုက်သည်။ ထိုအခိုက်မှာတော့ Skyရဲ့ဘဝဟာ အသာယာဆုံးဖြစ်လေ၏။
🌾🌾
ဒင် ဒေါင်
ဘုရားကျောင်းရဲ့ခေါင်းလောင်းသံကြောင့် စိတ်လှုပ်ရှားရင်ခုန်နေတဲ့ရေညိုရစ် တစ်ချက်တွန့်သွားသည်။ လက်ဖျားလေးတွေကလည်း အေးစက်နေတာဆိုတော့ ဒါဟာ စိတ်လှုပ်ရှားခြင်းရဲ့သက်သေဆောင်နေသည်။
မှန်ရှေ့မှာရပ်နေရင်း ဘဝမှာပထမဆုံး wedding suitဝတ်ရတဲ့ကိုယ့်ပုံစံကိုယ်ပြန်ကြည့်ကာ သဘောကျလျက်ရှိနေသည်။ အဖြူရောင်ဝတ်စုံလေးဟာ သူ့အသားညိုညိုလေးနဲ့ လွန်စွာမှလိုက်ဖက်လှသည်။
"အချစ်"
Skyရဲ့အသံကြောင့် ရေညိုရစ်လှည့်ကြည့်လိုက်သည်။ Skyဟာ သူမြင်ဖူးသမျှထဲမှာ အချောမောဆုံးယောက်ျားဟူ၍ ရေညိုရစ်ကောက်ချက်ချလိုက်သည်။ သူနဲ့ဆင်တူဝတ်ထားပေမယ့် Skyဟာ ပေါ်လွင်ထင်ရှားစွာခံ့ညားနေသည်။
"ချောလိုက်တာအချစ်ရာ...မောင်တော့ ကြွေသွားပြီ"
Skyက မျက်လုံးလေးပြူးကာပြောတော့ ရေညိုရစ်ရယ်မိသေးသည်။
"စိတ်မလှုပ်ရှားဘူးလား"
"လှုပ်ရှားတာပေါ့၊ မောင့်မှာညကအိပ်တောင်မပျော်ဘူး"
"အင်း၊ ကျုပ်ရောပဲ၊ ရင်တွေခုန်နေတာ"
Skyက ရေညိုရစ်ရဲ့နဖူးပေါ်ဝဲကျနေတဲ့ဆံပင်စလေးတွေကို တယုတယသပ်တင်ပေးရင်း ရေညိုရစ်အား အပြုံးမျက်လုံးများဖြင့်ကြည့်သည်။
"အဆင်သင့်ဖြစ်ရင် သွားရအောင်လေ"
Skyကလက်ကမ်းပေးရင်းပြောတော့ ရေညိုရစ်က ပါးစပ်မှလေတွေမှုတ်ထုတ်သေးကာ ပြီးမှ လက်တွဲလိုက်သည်။ တစ်ယောက်လက်နဲ့တစ်ယောက် တင်းတင်းကျပ်ကျပ်ထပ်တူကျဆုပ်ကိုင်ပြီးနောက်မှာ လက်ထပ်ပွဲကျင်းပရာဘုရားကျောင်းတွင်းသို့ ဝင်သွားကြလေတော့သည်။
ဘုရားကျောင်းတွင်းက လျှောက်လမ်းသည် ပန်းနုရောင်နှင်းဆီပွင့်ဖက်များဖြင့် လှပနေသည်။ ဘေးနှစ်ဖက်မှာလည်း ပန်းခြင်းလေးတွေစီစီရီရီနဲ့ မွှေးကြိုင်သောရနံ့နဲ့အတူ လှပကျော့ရှင်းသောပွဲအခမ်းအနားလေးတစ်ခုဖြစ်စေသည်။ စန္ဒယားသံကလည်း ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ပေါ်ထွက်လာသလို ရွှေပွဲလာဧည့်ပရိသတ်တွေကလည်း လက်ချင်းတွဲကာလျှောက်လာသောကောင်လေးနှစ်ယောက်ကို လက်ခုပ်ဩဘာပေးကြကာ သောင်းသောင်းဖြဖြကြိုဆိုကြသည်။ ထိုလက်ခုပ်သံတွေကြားထဲမှာ သတို့သားနှစ်ယောက်သည် ပီတိတွေလွှမ်းခြုံကာ ပျော်ရွှင်ခြင်းအတိပြီးနေလေတော့၏။
အရှေ့ရောက်တော့ ဖာသာကပြုံးကာနှုတ်ဆက်သည်။
"Sky Ardernသည် ရေညိုရစ်အား ပျော်ရွှင်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ နေကောင်းသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ ဘယ်လိုအချိန်မျိုးရဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အတူတကွလက်တွဲမဖြုတ်ရှိကြမည်မှာ အမှန်ပင်ဖြစ်ပါသလား"
ဖာသာရဲ့အမေးကို Skyက ရေညိုရစ်ရဲ့မျက်လုံးတွေအား အမြတ်တနိုးငေးမောပြုံးရယ်၍ဖြေလိုက်သည်။
"ဟုတ်ကဲ့...လက်တွဲမဖြုတ်ရှိမှာပါ"
"ရေညိုရစ်သည် Sky Ardernအား ပျော်ရွှင်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ နေကောင်းသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ ဘယ်လိုအချိန်မျိုးရဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အတူတကွလက်တွဲမဖြုတ်ရှိကြမည်မှာ အမှန်ပင်ဖြစ်ပါသလား"
ရေညိုရစ် ရင်ဖိုစွာဖြေလိုက်၏။
"ဟုတ်ကဲ့၊ လက်တွဲမဖြုတ်ရှိမှာပါ"
"Sky Ardernက ရေညိုရစ်အား မိမိ၏ခင်ပွန်းအဖြစ် လက်ခံပါသလား"
"လက်ခံပါတယ်၊ လုံးဝ အသေအချာကို လက်ခံပါတယ်"
Skyက ရေညိုရစ်လက်ကလေးအား တင်းတင်းကျစ်ကျစ်ဆုပ်ကိုင်၍ဖြေသည်။
"ရေညိုရစ်ကရော Sky Ardernကို မိမိ၏ခင်ပွန်းသည်အဖြစ် လက်ခံပါသလား"
"ဟုတ်ကဲ့၊ လက်ခံပါတယ်ခင်ဗျာ"
ဖြေပြီးတာနဲ့ Skyအား သွားတွေဖြဲကာ ချစ်ဖို့ကောင်းအောင်ရယ်ပြသည်။ Skyကလည်း သူချစ်မဝတဲ့ သူ့ချစ်ရသူလေးကို အလှဆုံးပြုံးပြလိုက်ပါသည်။
"ဒါဆိုရင် ဒီနေ့ ဒီရက် ဒီအချိန်မှစပြီး အသင်တို့နှစ်ယောက်ဟာ ဘုရားသခင်ရဲ့စောင့်ရှောက်မှုဖြင့် အကြင်လက်တွဲဖော်များဖြစ်သွားကြပါပြီ"
ဖာသာက ဘုရားသခင်ရဲ့ သန့်စင်သောရေစင်ဟုခေါ်သော ရေတစ်မျိုးဖြင့် သူတို့နှစ်ယောက်အား ပက်ဖျန်းပေးသည်။
"သတို့သားနှစ်ယောက် နမ်းလို့ရပါပြီ"
ဖာသာရဲ့စကားကြောင့် ရေညိုရစ်တောင့်တောင့်ကြီးဖြစ်သွားသည်။ ရေခဲရိုက်ခံထားရတဲ့ငါးတစ်ကောင်နှယ် မျက်တောင်ပင်မခတ်တော့ပေ။ ရုတ်တရက်မို့ ရှက်သွားကာ ယောက်ျားတန်မဲ့ မျက်နှာရဲလာပြီ။
Skyကတော့ ရေညိုရစ်မျက်နှာအနားကို ဖြည်းဖြည်းချင်းတိုးလာသည်။ ရေညိုရစ်က မျက်လုံးတွေမှိတ်ရမယ့်အစား ပိုပြူးလိုက်ပြီး အနောက်သို့ နည်းနည်းယို့သွားသည်။ ထိုစဉ်မှာ ပရိသတ်တွေရဲ့လက်ခုပ်သံတညံညံကိုကြားရသည်။
"မောင့်အချစ်ကလည်းကွာ...ရှက်မနေပါနဲ့"
Skyက ရေညိုရစ်နားအနားကိုကပ်ကာ ခပ်တိုးတိုးပြောတော့ ရေညိုရစ်ပိုရှက်ရသည်။ ဒါ့ကြောင့် Skyမျက်လုံးတွေကိုကြည့်လိုက်တော့ ရေညိုရစ်ကို လက်ခံလိုက်လျောစေတဲ့အရိပ်အငွေ့တွေရစ်သန်းနေသည်။ ထိုအခါမှ ရေညိုရစ်လည်း မျက်လုံးတွေကိုမှိတ်ပစ်လိုက်သည်။ မရုန်းလိုတော့တဲ့အခြေအနေနဲ့ Skyလက်ကို ပိုမိုတင်းတင်းဆုပ်ကိုင်လိုက်သည်။
ရေညိုရစ်လက်ခံတာနဲ့ Skyလည်း စတင်လှုပ်ရှားတော့သည်။ ဒီနေ့ ဒီအနမ်းဟာ သူတို့ ဘဝလက်တွဲဖော်ဖြစ်သွားကြပြီဆိုတာ သက်သေထူတဲ့အနမ်းတစ်ပွင့်ဖြစ်သည်။ ဘဝရဲ့ အဆိုးအကောင်းတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်သွားကြဖို့လည်း အင်အားပေးတဲ့သတ္တိတစ်ခုလည်းဖြစ်လေသည်။ ထို့အပြင် ယောက်ျားလေးနှစ်ယောက်ကြားထဲက နှစ်ပေါင်းများစွာကြိုးစားတည်ဆောက်လာခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာရဲ့ ရလဒ်လည်းဖြစ်သည်။
နှစ်ဘဝတိတိ အခက်အခဲတွေကိုကျော်ဖြတ်ကာ လက်တွဲမဖြုတ်စတမ်း ယုံကြည်ရှင်သန်လာကြတဲ့လူနှစ်ယောက်ဟာ အခုတော့ အတားအဆီးကင်းကင်းနဲ့ တစ်သက်လုံးစာလက်တွဲခဲ့ပြီ။
ဤချစ်ခြင်းမေတ္တာများ ထာဝရခိုင်မြဲပါစေသော်...
🌾🌾
အပြုံးပန်း
(နောက်တစ်ပိုင်းဆို စစ်ကိုင်းနဲ့အညို့ကို တာ့တာပြရတော့မယ်...)
//////////////////////////////////////////
တကယ္ခ်စ္ရင္ ကာကြယ္ေပးရမွာတဲ့... ေရွးေရစက္မကုန္လို႔ ဒီဘဝမွာျပန္ဆုံခဲ့တယ္... ကံၾကမၼာကိုေက်းဇူးတင္ရင္း အျမတ္တႏိုးခ်စ္သြားေပးမယ္... အတိတ္ဘဝကဖူးစာပါခဲ့တယ္ဆိုတဲ့အျဖစ္ႀကီးမရွိရင္ေတာင္ မင္းတစ္ေယာက္ကိုပဲ တစ္သက္လုံးခ်စ္သြားေပးမယ္... ယုံၾကည္ေစခ်င္ပါတယ္... ဒီဘဝမွာေတာ့ ကာကြယ္ေပးမယ္...
နယူးဇီလန္သို႔ လက္ထပ္ပြဲက်င္းပရန္သြားၾကေသာသူတို႔ႏွစ္ဦးဟာ ၁၃နာရီေက်ာ္ၾကာၿပီးေနာက္မွာေတာ့ Christchurch Airportဆီေရာက္လာခဲ့ၾကၿပီျဖစ္သည္။ ႏိုင္ငံျခားခရီးဟူ၍ အိပ္မက္ထဲ၌ပင္ထည့္၍မမက္ခဲ့ဖူးေသာေရညိဳရစ္ဟာ မ်က္လုံးေလးေတြျပဴးက်ယ္လ်က္ ပတ္ဝန္းက်င္ကို မရပ္မနားရႉ႔စားေနေလသည္။ ဒီဇင္ဘာလဟာ နယူးဇီလန္မွာေတာ့ ေႏြအခါျဖစ္သည္။ ေနရာတိုင္းမွာ ေ႐ႊအိုေရာင္ေနေရာင္ျခည္ေလးေတြနဲ႔ ေႏြးေႏြးေထြးေထြးရွိလွသည္။
"ပူတယ္ေနာ္အခ်စ္"
Skyက လက္ဖဝါးကိုယပ္ေတာင္သဖြယ္ မ်က္ႏွာအနားတဖ်က္ဖ်က္ခပ္ကာ ေရညိဳရစ္ကိုစကားဆိုသည္။
နယူးဇီလန္ရဲ႕ေႏြရာသီဆိုတာ တကယ္ေတာ့ ျမန္မာႏိုင္ငံရဲ႕ေဆာင္းရာသီပင္။ အပူခ်ိန္မွာ ၃၀°Cေအာက္ေတာင္ေလ်ာ့ေနေလသည္။ ဒါကိုSkyကပူတယ္ေျပာေတာ့ ေရညိဳရစ္မ်က္ေစာင္းထိုးမိ၏။
"ဒီေလာက္ေအးေနတာကို...ခင္ဗ်ား႐ူးမ်ားေနသလား"
သတို႔သားေလာင္းအား အခုလိုမညႇာမတာစကားေျပာသူဆိုလို႔ ေရညိဳရစ္တစ္ေယာက္ပဲရွိပါလိမ့္မည္။ အႏိုင္ယူတဲ့ေလသံနဲ႔ေျပာေတာ့လည္း Skyၿပဳံးမိျပန္ပါ၏။ ေရညိဳရစ္ပုံစံကိုၾကည့္မိျပန္ေတာ့လည္း ဘယ္ေနရာေရာက္ေရာက္ အညာသားမူဟန္မပ်က္ေအာင္ ဝတ္စားထားေလသည္။ ေဘာင္းဘီမဝတ္ႏိုင္ဟု ခပ္မာမာျငင္းတာေၾကာင့္ အခု နယူးဇီလန္အထိ ပုဆိုးနဲ႔ေရာက္လာသည္။ ဒါကိုေတြးမိၿပီး Skyအသံထြက္ရယ္မိ၏။
"ဘာရယ္တာတုန္း"
"ဘာမွမဟုတ္ပါဘူးဗ်ာ...ေမာင္ကအခ်စ္အေၾကာင္းေတြးမိလို႔"
ေရညိဳရစ္က တစ္ခုခုျပန္ေျပာမည္အလုပ္ Castle Hillကိုလိုက္ပို႔မယ့္ကားေရာက္လာေလၿပီ။
ေနာက္ထပ္၁နာရီေက်ာ္ၾကာေအာင္ကားစီးရတဲ့ခရီးစဥ္ေၾကာင့္ ေရညိဳရစ္ပင္ပန္းမွာကို Skyစိတ္ပူမိသည္။ ဒါေပမယ့္ ေရညိဳရစ္ကေတာ့ ေပ်ာ္ေနပုံရပါသည္။ တစ္ခါတစ္ေလလည္း ကေလးေလးတစ္ေယာက္လို လက္ညႇိဳးထိုးလ်က္ ဟိုဟိုဒီဒီလိုက္ၾကည့္ေျပာတတ္သည္။
"ေမာင္...ဟိုးမွာၾကည့္...လွတယ္ေနာ္၊ ေတာင္တန္းေတြ"
ပုဂံေျမမွာလည္းေတာင္တန္းေတြရွိေပမယ့္ နယူးဇီလန္ကေတာင္တန္းေတြနဲ႔ကေတာ့ ခံစားရတာခ်င္းကြာျခားသည္။ ေတာင္ေစာင္းလမ္းကေနျမင္ရတဲ့ ဟိုးအေဝးကေတာင္တန္းေတြဟာ ေႏြအခါမွာေတာင္ ျမဴေတြဆိုင္းေနတတ္သည္။ ခြၽန္ထက္တဲ့ေတာင္ထိပ္ေတြက တိမ္ေတြနဲ႔ထိေတြ႕ၿပီး ေကာင္းကင္ထဲအထိ ထိုးေဖာက္ေနသေယာင္ျမင္ရသည္။ စိမ္းလန္းလွတဲ့ေတာတန္းေတြကလည္း မ်က္စိတစ္ဆုံးၾကည့္မဝေအာင္ရွိေလသည္။ သစ္ပင္ေတြကိုတန္ဖိုးထားတဲ့ႏိုင္ငံတစ္ခုျဖစ္တာေၾကာင့္ ေတာအုပ္စိမ္းစိမ္းေတြက ေနရာတိုင္းမွာ...။
"ေမာင္ ဟိုးကဘာျမစ္လဲ"
"ေသာမတ္စ္လို႔ေခၚတယ္အခ်စ္"
"ေသာမတ္"
"ဟုတ္တယ္၊ ေသာမတ္စ္ျမစ္က ေမာင္တို႔႐ြာနားကတစ္ခုတည္းေသာျမစ္၊ ေရအရမ္းၾကည္ၿပီး အရမ္းလွတယ္"
"သြားခ်င္လိုက္တာ"
"ေမာင္လိုက္ပို႔မွာေပါ့၊ ၾကည့္လိုက္အခ်စ္...ျမစ္ရဲ႕တစ္ဖက္က ေမာင္ေနတဲ့Castle Hillပဲ.."
Skyက လက္ညႇိဳးၫႊန္ေတာ့ ေရညိဳရစ္ေခါင္းေလးေစာင္းကာေငးမိသည္။ ေက်ာက္တုံးႀကီးေတြအစီအရီနဲ႔ ေတာင္စဥ္ေတြမ်ားလြန္းသည္။ ေနရာတိုင္းက သဘာဝဆန္ေလေတာ့ ဒီေနရာကို ေရညိဳရစ္ခ်စ္မိေနပါၿပီ။
"ေပ်ာ္လားအခ်စ္"
"အင္း..ေမာင္နဲ႔အတူရွိေနလို႔ထင္တယ္၊ က်ဳပ္သိပ္ေပ်ာ္တယ္"
ထိုအခါ Skyက ေရညိဳရစ္ရဲ႕လက္ေလးကိုဆုပ္ကိုင္ထားလိုက္သည္။ ထို႔ေနာက္ လက္ဖမိုးေလးအား အျမတ္တႏိုးနဲ႔ အနမ္းဖြဖြေပးလိုက္ၿပီး ေရညိဳရစ္အားၾကည့္မိ၏။ ၿပဳံးရိပ္သန္းေနတဲ့မ်က္ဝန္းေတြက ေယာက္်ားေလးတန္မဲ့ သိပ္လွသည္။ ႐ႊန္းစိုေနတဲ့မ်က္လုံးအိမ္ဟာ Skyအစြဲလန္းရဆုံး ေရညိဳရစ္ရဲ႕မ်က္ႏွာအစိတ္အပိုင္း...။
"ေရာက္ၿပီ"
Skyပုခုံးေပၚမွီကာငိုက္မ်ဥ္းလာတဲ့ေရညိဳရစ္က ကားေမာင္းဆရာရဲ႕စကားေၾကာင့္ ဆတ္ခနဲလန႔္ႏိုးသြားသည္။
"အခ်စ္ လန႔္သြားလား"
Skyက စိုးရိမ္စြာနဲ႔ ေရညိဳရစ္ပါးေလးအားပြတ္ဆြဲလ်က္ေမးသည္။ ေရညိဳရစ္က သမ္းေဝေနေသးကာ အေျဖမေပးႏိုင္ဘဲ အိပ္ခ်င္မူးတူးျဖစ္ေနေလသည္။ ၿပီးမွ
"ဟာ ဒါေမာင္ေနတဲ့ေနရာလား"
ထင္းရႉးပင္ေတြနဲ႔ လယ္ယာစိုက္ခင္းေတြဟာ ေလတိုက္တိုင္းယိမ္းေနသည္။ အေကြ႕အေကာက္မ်ားတဲ့လမ္းေတြေပၚမွာ လူအခ်ိဳ႕စကားေျပာရယ္ေမာေနၾကသည္။ အနီးအနားကေပါင္မုန႔္ဆိုင္မွာေတာ့ 1+1ေပးေနသည္မို႔ လူေတြအုံေန၏။ မလွမ္းမကမ္းကေမြးျမဴေရးၿခံထဲမွာေတာ့ သိုးေတြဟာအစာစားေနၾကၿပီး ေရညိဳရစ္တို႔စကားေျပာသံညံညံေၾကာင့္ ေမာ့ၾကည့္ၾကသည္။
အပင္အုံ႔ဆိုင္းမႈအားနည္းၿပီး ေက်ာက္တုံးေတြမ်ားတဲ့ကုန္းျမင့္ေဒသျဖစ္တာေၾကာင့္ ေနေရာင္ျခည္ကို ေဖာေဖာသီသီရရွိသည္။ ထို႔အတြက္ ႐ြာကေလးဟာေႏြးေထြးေနၿပီး ရင္းႏွီးတဲ့ခံစားခ်က္မ်ိဳးကိုရေစသည္။ အိမ္ေတြကလည္း ပုံစံတူေတြျဖစ္ၿပီး ထပ္ခိုးပါတဲ့တစ္ထပ္အိမ္ေတြခ်ည္းျဖစ္သည္။ ေရညိဳရစ္ေရာက္ေနတဲ့ေနရာက လူေနအိမ္ေျခအနည္းငယ္က်ဲသည္။
"ဒါေမာင့္အိမ္ေလ..အခုေတာ့အေဖေနတယ္"
ေရညိဳရစ္က အိမ္ေလးကိုၾကည့္လိုက္သည္။ အေမရိကန္႐ုပ္ရွင္ေတြမွာျမင္ေနၾကျဖစ္တဲ့အိမ္မ်ိဳးျဖစ္ၿပီး ခြၽန္ခြၽန္ေသးေသးေလးျဖစ္သည္။ ၿခံဝန္းမရွိေပမယ့္ အပင္ေတြေတာ့စိုက္ထားသည္။ အိမ္ရဲ႕အေရွ႕ဘက္မွာေတာ့ ထင္းရႉးပင္ေတြေပါက္ေရာက္ေနၾကသည္။
"အိမ္ေလးကခ်စ္စရာေလး..."
"ဝင္ရေအာင္အခ်စ္"
"ေနဦး..ခဏေလး..ဟိုဟာ ေမာင့္အေဖေနတယ္ဆို...အခုေရာရွိေနလား"
"အေဖကအခုမရွိဘူး၊ ညေနမွျပန္ေရာက္လိမ့္မယ္၊ အလုပ္ကိစၥနဲ႔ ဝယ္လင္တန္ခဏသြားတယ္အခ်စ္ရဲ႕"
မရွိဘူးဆိုမွ ေရညိဳရစ္စိတ္ခ်သြားရသည္။ ႐ုတ္တရက္ ခ်စ္ရသူရဲ႕အေဖဆိုေတာ့ ေရညိဳရစ္လက္ဖ်ားေတြေအးသြားရသည္။ စိုးရိမ္ပူပန္မိတာကေတာ့ အဆန္းဟုတ္မည္မထင္။
အိမ္ထဲဝင္သြားေတာ့ အရင္ဆုံး လီမြန္နံ႔ခပ္သင္းသင္းရသည္။ ေမႊးရနံ႔က နည္းနည္းေတာ့စူးၿပီး ခပ္ရွရွႏိုင္သည္။
"ထိုင္ဦးအခ်စ္..ေမာင္ေကာ္ဖီေဖ်ာ္လိုက္ဦးမယ္"
"မေဖ်ာ္နဲ႔..က်ဳပ္မေသာက္ခ်င္လို႔"
Skyကေခါင္းညိမ့္သည္။ ဒါေပမယ့္ ေရေတာ့ခပ္တိုက္ေပလိမ့္မည္။ ေရညိဳရစ္ကေတာ့ ဧည့္ခန္းထဲလိုက္ၾကည့္ျဖစ္သည္။ မီးလင္းဖိုရဲ႕အေပၚမွာတင္ထားတဲ့ဓာတ္ပုံေတြကိုေတာ့ စိတ္အဝင္စားဆုံးျဖစ္သည္။ Skyရဲ႕ငယ္ငယ္ကဓာတ္ပုံေတြျဖစ္ၿပီး ခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္ ေရညိဳရစ္ၿပဳံးမိသည္။ ဒီလိုမ်က္လုံးျပာနဲ႔ႏိုင္ငံျခားသားစစ္စစ္က သူ႔ဘဝလက္တြဲေဖာ္ျဖစ္လာလိမ့္မယ္လို႔ ဘယ္တုန္းကမွမေတြးခဲ့ဖူးေပ။ ၿပီးေတာ့ သူရွာေနတဲ့လူတစ္ေယာက္ဆိုတာကိုေရာေပါ့...။
"ခ်စ္စရာေကာင္းတယ္မလား"
Skyက ေရညိဳရစ္အား ေရခြက္ကမ္းေပးရင္းစကားဆိုသည္။
"အသားျဖဴျဖဴေလးနဲ႔ ကေလးေလးေနာ္၊ မ်က္လုံးေလးကျပာျပာေလးနဲ႔၊ ၿပီးေတာ့ အသားက နီစပ္စပ္နဲ႔၊ ဘယ္လိုေလးလဲမသိဘူး"
ေရညိဳရစ္ရဲ႕ေျဖပုံေလးကို Skyသေဘာက်ရသည္။
"ဒါကအေမေလ..ေမာင့္အသက္၁၈မွာ ေလာကႀကီးထဲကေနထြက္သြားတယ္၊ အေမကေမာင့္ေၾကာင့္ စိတ္ဆင္းရဲခဲ့ရတယ္၊ ေမာင့္ေၾကာင့္ပဲ အေဖနဲ႔အဆင္မေျပျဖစ္ၿပီး အိမ္ေထာင္ေရးၿပိဳကြဲခဲ့ရတယ္၊ ေနာက္ဆုံး က်န္းမာေရးခ်ိဳ႕တဲ့ၿပီး စိတ္က်ေရာဂါနဲ႔ေသသြားရတယ္"
ေရညိဳရစ္က Skyကိုစိတ္မေကာင္းစြာၾကည့္လိုက္သည္။ Skyမ်က္လုံးေတြကဝမ္းနည္းေနပုံေပါက္ၿပီး မၾကာခင္ငိုခ်ေတာ့မည္ထင္၏။ ထို႔ေၾကာင့္ ေရညိဳရစ္က Skyလက္ေမာင္းကိုဆုပ္ကိုင္လိုက္ကာ
"စိတ္မေကာင္းမျဖစ္ပါနဲ႔ေမာင္ရယ္"
"ေမာင္ေလ...အိပ္မက္ေတြမက္ခဲ့တယ္၊ အိပ္မက္ေတြမက္ခဲ့တာေၾကာင့္...အိပ္မက္ေတြမက္ခဲ့တာေၾကာင့္...."
စကားတို႔ကိုမဆက္ေလပါ။ ရႈိက္သံစြက္လာၿပီး ပါးျပင္ေပၚမွာ မ်က္ရည္စီးေၾကာင္းေတြျဖစ္သြားသည္။ ေနာက္ဆုံးေတာ့ Skyငိုေလၿပီ။ ေရညိဳရစ္လည္း ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္သြားသည္။
အိပ္မက္ေတြေၾကာင့္ သူ႔ရဲ႕ကေလးဘဝက နာက်င္စရာေကာင္းခဲ့တာ... မိသားစုၿပိဳကြဲခဲ့ရတာ... အေမေသခဲ့ရတာ... ဒါေတြကိုေျပာၿပီး စိတ္ထဲကအစိုင္အခဲေတြကိုေခ်ပစ္ခ်င္ေပမယ့္ Skyမလုပ္ရက္ပါ။ သူတစ္ေယာက္တည္းခံစားရတာမဟုတ္ဘဲ သူခ်စ္ရသူေရညိဳရစ္က သူ႔ထက္ပိုတဲ့ခံစားခ်က္ေတြကို ယခုထက္တိုင္ခံစားေနရတုန္းပဲမလား။ သူ႔မွာေတာင္ အေဖျဖစ္သူကျပန္လာၿပီး ေမတၱာေပးတာခံခဲ့ရတဲ့အတြက္ ကံေကာင္းသူဟုေျပာႏိုင္မည္။ ဒါေပမယ့္ ေရညိဳရစ္ကေတာ့ အခုထိ ဒဏ္ရာပင္လယ္မွာလက္ပစ္ကူးေနရဆဲပဲမလား။ အဆင္ေျပၿပီလို႔ယူဆမိရတဲ့သူခ်စ္ရသူရဲ႕ဘဝဟာ ငါးကင္ဘဝေရာက္ေနတာေတာင္ ေရထဲမွာဆက္လက္ကူးခတ္ေနရဆဲအေျခအေနနဲ႔တူသည္။
"ေမာင္ရယ္...မငိုပါနဲ႔ေနာ္၊ မငိုပါနဲ႔ကြာ၊ စိတ္မေကာင္းမျဖစ္ပါနဲ႔ေတာ့ေနာ္၊ က်ဳပ္တို႔ေတြ အခုလက္ရွိမွာေကာင္းေအာင္ေနျပႏိုင္ရင္ ေမာင့္အေမလည္းဝမ္းသာရွာမွာပါ၊ ေမာင့္အေမက ေမာင္အခုလိုဝမ္းနည္းေနတာကို ျမင္ခ်င္မွာမဟုတ္ဘူး၊ မငိုနဲ႔ေတာ့ေနာ္"
ဆိုဖာခုံေပၚထိုင္ေစလိုက္ရင္း ပုခုံးဖက္ကာ အားေပးစကားေျပာေနေပမယ့္ Skyက အငိုမရပ္ခဲ့။
"မငိုပါနဲ႔ေတာ့ေမာင္ရယ္..ေမာင္ငိုရင္ က်ဳပ္ရင္နာတယ္"
ဒီလိုခပ္မာမာေျပာလိုက္ေတာ့ Skyေခါင္းငုံ႔ထားရာကေန ေမာ့ၾကည့္သည္။ သူနဲ႔အၿပိဳင္ ထပ္တူမ်က္ရည္ဝဲေနတဲ့ေရညိဳရစ္ေၾကာင့္ Sky သူ႔ပါးေပၚကမ်က္ရည္ေတြကို လက္ဖမိုးနဲ႔ပြတ္ဆြဲသုတ္လိုက္၏။
"အခ်စ္"
"က်ဳပ္ေျပာတာသိလား၊ က်ဳပ္ေလ ရင္နာတယ္ဗ်ာ၊ ေမာင္ငိုေနတာျမင္ရရင္ က်ဳပ္တကယ္နာက်င္တယ္.."
"ဪ အခ်စ္ရယ္.."
Skyက ေရညိဳရစ္ကိုေပြ႕ဖက္လိုက္သည္။ ေရညိဳရစ္က Skyရဲ႕ေက်ာျပင္ေလးအား ပြတ္ေပးရင္း အားေပးတဲ့သေဘာျပသည္။
"အင္းပါ၊ ေမာင္နားလည္ၿပီေနာ္၊ ေမာင္မငိုေတာ့ဘူး ေနာ္ အခ်စ္"
ေရညိဳရစ္က ေပြ႕ဖက္ထားလ်က္ပင္ေခါင္းညိမ့္သည္။ သူတို႔ရဲ႕အခ်ိန္အေတာ္ၾကာႏွစ္သိမ့္ေပြ႕ဖက္မႈေၾကာင့္ ဘယ္သူမွမေသာက္ျဖစ္လိုက္တဲ့ေရတစ္ခြက္ဟာ စားပြဲေပၚမွာအထီးက်န္ဆန္ေနလို႔...။
🌾🌾
ညေနအခ်ိန္ေရာက္ေတာ့ ရာသီဥတုကမဆိုသေလာက္ေလးပိုေအးလာသည္။ ျမဴႏွင္းရိပ္ေတြဝဲေနကာ ဝန္းက်င္တစ္ခြင္ေအးေနသည္။ ထို႔အထဲမွာ အိမ္ေလးအတြင္း၌ေတာ့ မီးလင္းဖိုကအေႏြးဓာတ္ေၾကာင့္ ေနသာထိုင္သာရွိလွေသးသည္။ အံ့ဩဖြယ္ေႏြရာသီပါလား...။
Skyရဲ႕ဖခင္ကေတာ့ အရင္ကတည္းက Skyနဲ႔ဖုန္းေျပာထားၿပီးျဖစ္တာေၾကာင့္ သားျဖစ္သူရဲ႕ေ႐ြးခ်ယ္မႈကို ေထြေထြထူးထူးတားျမစ္ဇာတ္မခင္းေပ။ နယူးဇီလန္လို ဟိုးႏွစ္ကာလမ်ားစြာကတည္းက လိင္တူလက္ထပ္ပြဲေတြကိုခြင့္ျပဳထားတဲ့ႏိုင္ငံမွာေမြးဖြားႀကီးျပင္းခဲ့ၾကရတဲ့သူျဖစ္တာေၾကာင့္ အၿပဳံးမပ်က္သေဘာေပါက္လက္ခံေပး၏။ ထို႔အျပင္ နယူးဇီလန္ဥပေဒအရ အသက္၁၈ႏွစ္ျပည့္တာနဲ႔ ကိုယ့္ၾကမၼာကိုယ္ဖန္တီးေရးေၾကာင့္ Skyရဲ႕ဆုံးျဖတ္ခ်က္ကို အတင္းကာေရာလိုက္တားျခင္းလည္းမျပဳ။ ဒါေတြေၾကာင့္ ေရညိဳရစ္လည္း ေပ်ာ္႐ႊင္သက္သာရပါသည္။
"ေမာင့္အေဖကလက္ခံသားပဲေနာ္...က်ဳပ္ကစိတ္ပူေနတာရယ္"
Skyကၿပဳံးလိုက္ၿပီး
"ေပ်ာ္တယ္မဟုတ္လားအခ်စ္"
"အင္း ေပ်ာ္တယ္၊ သိပ္ကိုေပ်ာ္တာကြာ.."
"ဒါဆို မနက္ျဖန္ပြဲအတြက္ ဘုရားေက်ာင္းသြားၾကမလား"
ေရညိဳရစ္ေခါင္းညိမ့္လိုက္သည္။ မနက္ျဖန္က်င္းပမယ့္လက္ထပ္ပြဲအတြက္ ဘုရားေက်ာင္းမွာျပင္ဆင္မႈေတြသြားၾကည့္ၾကမည္ျဖစ္သည္။ ေရညိဳရစ္ကေတာ့ ကေလးတစ္ေယာက္ပမာ ရင္ခုန္လို႔ေနၿပီး Skyကေတာ့ ေပ်ာ္ေနတဲ့ေရညိဳရစ္ကိုၾကည့္ကာ စိတ္ခ်မ္းသာေနရပါ၏။
လမ္းေလးေတြကက်ဥ္းေျမာင္းသေလာက္ေျဖာင့္ျဖဴးသည္။ အက္ရာခ်ိဳင့္ခြက္တစ္ခုမွမရွိဘဲ ေျပာင္ရွင္းသည္။ လမ္းရဲ႕တစ္ဖက္တစ္ခ်က္စီတိုင္းမွာ သိပ္လွတဲ့မီးတိုင္ရွည္ေတြနဲ႔အတူ ထင္းရႉးပင္ေတြရွိသည္။ တစ္ခ်က္တစ္ခ်က္ေတာ့ ခ်ဳံပုတ္ပုေလးေတြေပါက္ေနတတ္သည္။ လမ္းခ်ိဳးတစ္ခုၿပီးတိုင္း အပန္းေျဖထိုင္ခုံရွည္ေလးေတြနဲ႔ ပန္းပင္ေသးေလးေတြကိုျမင္ႏိုင္၏။ ညအခါမွာ ဟိုးအေဝးသို႔လွမ္းၾကည့္လွ်င္ မဲရိပ္ရိပ္ေတာင္တန္းေတြကို စိတ္ကူးနဲ႔မွန္းၿပီး ၾကည္ၾကည္လင္လင္ျမင္ၾကည့္လို႔ရသည္။
ေတာ္ေတာ္ေလးေလွ်ာက္လာလိုက္ေတာ့ ဘုရားေက်ာင္းေရာက္လာခဲ့ၿပီ။ ပုဂံေညာင္ဦးမွာေမြးၿပီး ပုဂံေညာင္ဦးမွာႀကီးျပင္းလာရတဲ့ေရညိဳရစ္အဖို႔ ဘုရားေက်ာင္းဆိုတာကို ပထမဆုံးျမင္ဖူးျခင္းပင္။
"မဂၤလာပါဖာသာ...ပန္းေတြျပင္ေနတာကိုလာၾကည့္တာပါ"
ဖာသာကၿပဳံးကာေခါင္းညိမ့္သည္။ ထို႔ေနာက္ က်မ္းစာ,စာအုပ္ေတြပိုက္ကာ အျပင္ထြက္သြားေလသည္။
ေရညိဳရစ္က အျပင္အဆင္ေတြကိုေငးေမာရင္း အံ့ဩေနသည္။ ႐ိုးရွင္းၿပီးလွပတဲ့ျပင္ဆင္မႈေလးေတြဟာ ေရညိဳရစ္ကိုစိတ္လႈပ္ရွားေစသည္။ ၿပီးေတာ့ မနက္ျဖန္ဆိုတာကိုေတြးမိရင္ ၾကက္သီးေတြေတာင္ထလာၿပီး ထခုန္မတတ္ခံစားရသည္။
"ဘယ္လိုလဲအခ်စ္၊ အျပင္အဆင္ေတြသေဘာက်ရဲ႕လား"
"အင္း လွတယ္၊ ေတာ္ေတာ္လွတယ္"
"မနက္ျဖန္ဆိုရင္ ေမာင္တို႔လက္ထပ္ၾကေတာ့မွာပဲေနာ္"
"စစ္ကိုင္း...က်ဳပ္ေလ သိပ္အံ့ဩရတယ္သိလား၊ က်ဳပ္ဆီမထင္မွတ္ထားဘဲ ျပန္ေရာက္လာၿပီး အခုက်ဳပ္နဲ႔လက္ထပ္ေတာ့မယ္ဆိုေတာ့...က်ဳပ္ေလ ဘယ္လိုအံ့ဩမွန္းမသိဘူး"
မ်က္လုံးေလးခ်ီကာေျပာေနတဲ့ေရညိဳရစ္ကို Skyက ပုခုံးဖက္လိုက္သည္။ ၿပီးေနာက္ ေဘးဘက္ေစာင္း၍ နဖူးခ်င္းထိကာ
"ေမာင္အမ်ားႀကီးႀကိဳးစားပါ့မယ္၊ အခ်စ္ကိုေပ်ာ္ေအာင္ထားႏိုင္ဖို႔ ေမာင္ပိုၿပီးႀကိဳးစားပါ့မယ္"
ကတိစကားကိုၾကားရခ်ိန္မွာေတာ့ ေရညိဳရစ္စိတ္ဟာေအးျမ၍ေနပါသည္။ ႐ုတ္တရက္ ေရညိဳရစ္က Skyပါးျပင္အား အနမ္းတစ္ပြင့္လွမ္းေပးလိုက္သည္။
"ယုံပါတယ္၊ ေမာင့္ကိုယုံတယ္"
ထိုညေလးဟာ တိတ္ဆိတ္ေနသည္။ ဘုရားေက်ာင္းထဲက မီးေရာင္စုံေတြဟာ သူတို႔ႏွစ္ေယာက္အတြက္ လုံေလာက္အလင္းေရာင္မ်ားျဖစ္ခဲ့သည္။ စကားေတြေထြလီကာလီမေျပာျဖစ္ၾကေတာ့ဘဲ ျပင္ဆင္ထားမႈမ်ားကိုသာေငးေမာေနၾကကာ တစ္ညလုံးနီးနီးထိုင္ေနၾကေလသည္။
ေလဟာၿငိမ္ေနပါ၏။ ထို႔ေၾကာင့္ ထင္းရႉးပင္မ်ားဆီမွ အသံရွဲရွဲကိုမၾကားရ။ စကားသံကင္းမဲ့ေနတာမို႔လို႔ အရာရာဟာ ပကတိတိတ္ဆိတ္ၿငိမ္သက္ေနသေယာင္ရွိေလသည္။ ထိုကဲ့သို႔ပတ္ဝန္းက်င္ထဲမွာ အာ႐ုံစိုက္စားနားစြင့္မည္ဆိုပါက အေဝးဆီမွလာေသာ ေသာမတ္စ္ျမစ္ရဲ႕ ေရစီးသံတစ္သြင္သြင္ကိုၾကားရႏိုင္သည္။
"ခ်စ္တယ္ေမာင္"
ေရညိဳရစ္က Skyလက္အား ဆုပ္ကိုင္ထားလ်က္ ခ်စ္စကားဆိုလိုက္သည္။ ထိုအခိုက္မွာေတာ့ Skyရဲ႕ဘဝဟာ အသာယာဆုံးျဖစ္ေလ၏။
🌾🌾
ဒင္ ေဒါင္
ဘုရားေက်ာင္းရဲ႕ေခါင္းေလာင္းသံေၾကာင့္ စိတ္လႈပ္ရွားရင္ခုန္ေနတဲ့ေရညိဳရစ္ တစ္ခ်က္တြန႔္သြားသည္။ လက္ဖ်ားေလးေတြကလည္း ေအးစက္ေနတာဆိုေတာ့ ဒါဟာ စိတ္လႈပ္ရွားျခင္းရဲ႕သက္ေသေဆာင္ေနသည္။
မွန္ေရွ႕မွာရပ္ေနရင္း ဘဝမွာပထမဆုံး wedding suitဝတ္ရတဲ့ကိုယ့္ပုံစံကိုယ္ျပန္ၾကည့္ကာ သေဘာက်လ်က္ရွိေနသည္။ အျဖဴေရာင္ဝတ္စုံေလးဟာ သူ႔အသားညိဳညိဳေလးနဲ႔ လြန္စြာမွလိုက္ဖက္လွသည္။
"အခ်စ္"
Skyရဲ႕အသံေၾကာင့္ ေရညိဳရစ္လွည့္ၾကည့္လိုက္သည္။ Skyဟာ သူျမင္ဖူးသမွ်ထဲမွာ အေခ်ာေမာဆုံးေယာက္်ားဟူ၍ ေရညိဳရစ္ေကာက္ခ်က္ခ်လိုက္သည္။ သူနဲ႔ဆင္တူဝတ္ထားေပမယ့္ Skyဟာ ေပၚလြင္ထင္ရွားစြာခံ့ညားေနသည္။
"ေခ်ာလိုက္တာအခ်စ္ရာ...ေမာင္ေတာ့ ေႂကြသြားၿပီ"
Skyက မ်က္လုံးေလးျပဴးကာေျပာေတာ့ ေရညိဳရစ္ရယ္မိေသးသည္။
"စိတ္မလႈပ္ရွားဘူးလား"
"လႈပ္ရွားတာေပါ့၊ ေမာင့္မွာညကအိပ္ေတာင္မေပ်ာ္ဘူး"
"အင္း၊ က်ဳပ္ေရာပဲ၊ ရင္ေတြခုန္ေနတာ"
Skyက ေရညိဳရစ္ရဲ႕နဖူးေပၚဝဲက်ေနတဲ့ဆံပင္စေလးေတြကို တယုတယသပ္တင္ေပးရင္း ေရညိဳရစ္အား အၿပဳံးမ်က္လုံးမ်ားျဖင့္ၾကည့္သည္။
"အဆင္သင့္ျဖစ္ရင္ သြားရေအာင္ေလ"
Skyကလက္ကမ္းေပးရင္းေျပာေတာ့ ေရညိဳရစ္က ပါးစပ္မွေလေတြမႈတ္ထုတ္ေသးကာ ၿပီးမွ လက္တြဲလိုက္သည္။ တစ္ေယာက္လက္နဲ႔တစ္ေယာက္ တင္းတင္းက်ပ္က်ပ္ထပ္တူက်ဆုပ္ကိုင္ၿပီးေနာက္မွာ လက္ထပ္ပြဲက်င္းပရာဘုရားေက်ာင္းတြင္းသို႔ ဝင္သြားၾကေလေတာ့သည္။
ဘုရားေက်ာင္းတြင္းက ေလွ်ာက္လမ္းသည္ ပန္းႏုေရာင္ႏွင္းဆီပြင့္ဖက္မ်ားျဖင့္ လွပေနသည္။ ေဘးႏွစ္ဖက္မွာလည္း ပန္းျခင္းေလးေတြစီစီရီရီနဲ႔ ေမႊးႀကိဳင္ေသာရနံ႔နဲ႔အတူ လွပေက်ာ့ရွင္းေသာပြဲအခမ္းအနားေလးတစ္ခုျဖစ္ေစသည္။ စႏၵယားသံကလည္း ၿငိမ့္ၿငိမ့္ေညာင္းေညာင္းနဲ႔ေပၚထြက္လာသလို ေ႐ႊပြဲလာဧည့္ပရိသတ္ေတြကလည္း လက္ခ်င္းတြဲကာေလွ်ာက္လာေသာေကာင္ေလးႏွစ္ေယာက္ကို လက္ခုပ္ဩဘာေပးၾကကာ ေသာင္းေသာင္းျဖျဖႀကိဳဆိုၾကသည္။ ထိုလက္ခုပ္သံေတြၾကားထဲမွာ သတို႔သားႏွစ္ေယာက္သည္ ပီတိေတြလႊမ္းၿခဳံကာ ေပ်ာ္႐ႊင္ျခင္းအတိၿပီးေနေလေတာ့၏။
အေရွ႕ေရာက္ေတာ့ ဖာသာကၿပဳံးကာႏႈတ္ဆက္သည္။
"Sky Ardernသည္ ေရညိဳရစ္အား ေပ်ာ္႐ႊင္သည္ျဖစ္ေစ၊ ဝမ္းနည္းသည္ျဖစ္ေစ၊ ေနေကာင္းသည္ျဖစ္ေစ၊ နာမက်န္းသည္ျဖစ္ေစ ဘယ္လိုအခ်ိန္မ်ိဳးရဲ႕ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ အတူတကြလက္တြဲမျဖဳတ္ရွိၾကမည္မွာ အမွန္ပင္ျဖစ္ပါသလား"
ဖာသာရဲ႕အေမးကို Skyက ေရညိဳရစ္ရဲ႕မ်က္လုံးေတြအား အျမတ္တႏိုးေငးေမာၿပဳံးရယ္၍ေျဖလိုက္သည္။
"ဟုတ္ကဲ့...လက္တြဲမျဖဳတ္ရွိမွာပါ"
"ေရညိဳရစ္သည္ Sky Ardernအား ေပ်ာ္႐ႊင္သည္ျဖစ္ေစ၊ ဝမ္းနည္းသည္ျဖစ္ေစ၊ ေနေကာင္းသည္ျဖစ္ေစ၊ နာမက်န္းသည္ျဖစ္ေစ ဘယ္လိုအခ်ိန္မ်ိဳးရဲ႕ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ အတူတကြလက္တြဲမျဖဳတ္ရွိၾကမည္မွာ အမွန္ပင္ျဖစ္ပါသလား"
ေရညိဳရစ္ ရင္ဖိုစြာေျဖလိုက္၏။
"ဟုတ္ကဲ့၊ လက္တြဲမျဖဳတ္ရွိမွာပါ"
"Sky Ardernက ေရညိဳရစ္အား မိမိ၏ခင္ပြန္းအျဖစ္ လက္ခံပါသလား"
"လက္ခံပါတယ္၊ လုံးဝ အေသအခ်ာကို လက္ခံပါတယ္"
Skyက ေရညိဳရစ္လက္ကေလးအား တင္းတင္းက်စ္က်စ္ဆုပ္ကိုင္၍ေျဖသည္။
"ေရညိဳရစ္ကေရာ Sky Ardernကို မိမိ၏ခင္ပြန္းသည္အျဖစ္ လက္ခံပါသလား"
"ဟုတ္ကဲ့၊ လက္ခံပါတယ္ခင္ဗ်ာ"
ေျဖၿပီးတာနဲ႔ Skyအား သြားေတြၿဖဲကာ ခ်စ္ဖို႔ေကာင္းေအာင္ရယ္ျပသည္။ Skyကလည္း သူခ်စ္မဝတဲ့ သူ႔ခ်စ္ရသူေလးကို အလွဆုံးၿပဳံးျပလိုက္ပါသည္။
"ဒါဆိုရင္ ဒီေန႔ ဒီရက္ ဒီအခ်ိန္မွစၿပီး အသင္တို႔ႏွစ္ေယာက္ဟာ ဘုရားသခင္ရဲ႕ေစာင့္ေရွာက္မႈျဖင့္ အၾကင္လက္တြဲေဖာ္မ်ားျဖစ္သြားၾကပါၿပီ"
ဖာသာက ဘုရားသခင္ရဲ႕ သန႔္စင္ေသာေရစင္ဟုေခၚေသာ ေရတစ္မ်ိဳးျဖင့္ သူတို႔ႏွစ္ေယာက္အား ပက္ဖ်န္းေပးသည္။
"သတို႔သားႏွစ္ေယာက္ နမ္းလို႔ရပါၿပီ"
ဖာသာရဲ႕စကားေၾကာင့္ ေရညိဳရစ္ေတာင့္ေတာင့္ႀကီးျဖစ္သြားသည္။ ေရခဲ႐ိုက္ခံထားရတဲ့ငါးတစ္ေကာင္ႏွယ္ မ်က္ေတာင္ပင္မခတ္ေတာ့ေပ။ ႐ုတ္တရက္မို႔ ရွက္သြားကာ ေယာက္်ားတန္မဲ့ မ်က္ႏွာရဲလာၿပီ။
Skyကေတာ့ ေရညိဳရစ္မ်က္ႏွာအနားကို ျဖည္းျဖည္းခ်င္းတိုးလာသည္။ ေရညိဳရစ္က မ်က္လုံးေတြမွိတ္ရမယ့္အစား ပိုျပဴးလိုက္ၿပီး အေနာက္သို႔ နည္းနည္းယို႔သြားသည္။ ထိုစဥ္မွာ ပရိသတ္ေတြရဲ႕လက္ခုပ္သံတညံညံကိုၾကားရသည္။
"ေမာင့္အခ်စ္ကလည္းကြာ...ရွက္မေနပါနဲ႔"
Skyက ေရညိဳရစ္နားအနားကိုကပ္ကာ ခပ္တိုးတိုးေျပာေတာ့ ေရညိဳရစ္ပိုရွက္ရသည္။ ဒါ့ေၾကာင့္ Skyမ်က္လုံးေတြကိုၾကည့္လိုက္ေတာ့ ေရညိဳရစ္ကို လက္ခံလိုက္ေလ်ာေစတဲ့အရိပ္အေငြ႕ေတြရစ္သန္းေနသည္။ ထိုအခါမွ ေရညိဳရစ္လည္း မ်က္လုံးေတြကိုမွိတ္ပစ္လိုက္သည္။ မ႐ုန္းလိုေတာ့တဲ့အေျခအေနနဲ႔ Skyလက္ကို ပိုမိုတင္းတင္းဆုပ္ကိုင္လိုက္သည္။
ေရညိဳရစ္လက္ခံတာနဲ႔ Skyလည္း စတင္လႈပ္ရွားေတာ့သည္။ ဒီေန႔ ဒီအနမ္းဟာ သူတို႔ ဘဝလက္တြဲေဖာ္ျဖစ္သြားၾကၿပီဆိုတာ သက္ေသထူတဲ့အနမ္းတစ္ပြင့္ျဖစ္သည္။ ဘဝရဲ႕ အဆိုးအေကာင္းေတြကို အတူတူရင္ဆိုင္ေက်ာ္ျဖတ္သြားၾကဖို႔လည္း အင္အားေပးတဲ့သတၱိတစ္ခုလည္းျဖစ္ေလသည္။ ထို႔အျပင္ ေယာက္်ားေလးႏွစ္ေယာက္ၾကားထဲက ႏွစ္ေပါင္းမ်ားစြာႀကိဳးစားတည္ေဆာက္လာခဲ့ၾကတဲ့ ခ်စ္ျခင္းေမတၱာရဲ႕ ရလဒ္လည္းျဖစ္သည္။
ႏွစ္ဘဝတိတိ အခက္အခဲေတြကိုေက်ာ္ျဖတ္ကာ လက္တြဲမျဖဳတ္စတမ္း ယုံၾကည္ရွင္သန္လာၾကတဲ့လူႏွစ္ေယာက္ဟာ အခုေတာ့ အတားအဆီးကင္းကင္းနဲ႔ တစ္သက္လုံးစာလက္တြဲခဲ့ၿပီ။
ဤခ်စ္ျခင္းေမတၱာမ်ား ထာဝရခိုင္ၿမဲပါေစေသာ္...
🌾🌾
အၿပဳံးပန္း
(ေနာက္တစ္ပိုင္းဆို စစ္ကိုင္းနဲ႔အညိဳ႕ကို တာ့တာျပရေတာ့မယ္...)