✓ I'm Polaris and You're Moon

By Jaymikim

8.8K 1.1K 121

JUNGWON X OC ကျွန်မကဓူဝံ မောင်ကလမင်း Every love is black 🖤 More

[🖤] = 1
🖤+🖤 = 2
🖤🖤+1 = 3
🖤🖤×2 = 4
🖤🖤🖤+2 = 5
🖤🖤×3 = 6
🖤🖤🖤🖤+🖤🖤🖤 = 7
🖤🖤×4 = 8
🖤🖤×5 = 10
🖤🖤 × 6 - 1 = 11 🤍
7×🖤🖤-2 = 12🤍 [The End]
author
begin again
Season 2
Attention!
Mimi project
Announcement ❗

🖤🖤🖤×🖤🖤🖤 = 9

488 67 1
By Jaymikim

ဒီနေ့ ရာသီဥတုကမဆိုသလောက်လေး စိုစွတ်နေတယ်... မောင်ကကျွန်မအိမ်ကို မနက်ကတည်းက ရောက်နေပြီး သူ့ ပရောဂျက်အတွက် ဧည့်ခန်းမှာ ဒီဇိုင်းဆွဲနေလေရဲ့..
အဆောင်မှာဆို သူငယ်ချင်းတွေရဲ့စကားသံတွေနဲ့ ဆူညံနေလို့ပါတဲ့လေ...ဒီကောင်လေး
သက်သက်မဲ့ အကြောင်းရှာပြီး လာတာကိုများ အရှက်ပြေ ဆင်ခြေတွေလာပေးနေသေးတယ်။ တစ်ကတည်း...သူ့ ချစ်သူ ကျွန်မ
က ငအကျနေရောပဲ...

"မောင် မိုးအေးတယ် ကော်ဖီသောက်ဦးမလား?"

"ဟင့်အင်း မမ ဖျော်ပေးတဲ့ စတော်ဘယ်ရီ
ဘဲသောက်ချင်တယ်"

"ကောင်လေးနော် မိုးအေးပါတယ်ဆို
ချောင်းဆိုးအောင်လို့...ကဲပါတော်ပြီ
ဘာမှမသောက်နဲ့တော့...

ခေါက်ဆွဲပြုတ်စားမလား?"

ကိုယ် ခေါက်ဆွဲပြုတ်စားမလား မေးတော့
ကောင်လေးက ဘာမှတ်ပြီး ပြုံးစိပြုံးစိ
ဖြစ်သွားလားမသိ...

"မမ ကလည်းကျွန်တော်တို့ကဖြင့် တွဲနေတာ
၁လရှိပြီကို ဘာလဲ ထပ်တွဲချင်နေလို့လား?"

"ဘာ...? ဘာကြီး?"

ကောင်လေးပြောသည်ကို ကိုယ်တကယ်
နားမလည်ပါ...ကိုယ်ကများ ခေတ်နောက်ကျနေတာလား? မောင်ကများ သူနားမလည်တာတွေပြောနေတာလား မပြောတတ် ။

"ရုပ်ရှင်တွေထဲမှာ ကောင်မလေးက ကောင်လေးကို အဲ့သလိုပြောရင် တွဲကြရအောင်လေ
လို့ သဘောကျတယ် အဲ့သလို အဓိပ္ပာယ်မျိုးရတယ် ဟီး"

"‌ကဲ...ဒီကောင်လေး..! တကယ်ပဲ
အကောင်းနဲ့နားထောင်နေတာကို"

ကျွန်မ ကောင်လေးရဲ့ နဖူးကို ခပ်ဖွဖွထုပြီး
ရှက်ရှက်နဲ့ မီးဖိုချောင်းထဲပြေး၀င်လိုက်တော့တယ်။

_________________________________

"မောင် အလုပ်ရပ်ပြီး ခေါက်ဆွဲပြုတ်လာစားတော့"

"ခဏလေး မ.."

မ ဆိုတဲ့ ချစ်စနိုးအဖျားစွတ်ခေါ်တာလေးက မောင်နဲ့ ချစ်သူဖြစ်ပြီး ထပ်ရလာတဲ့
နာမ်စားတစ်ခု...ကိုယ့်ကို ဘယ်လိုခေါ်ခေါ်
မောင့်အသံလေးကြားလိုက်ရတာနဲ့ သည်းထဲစွဲအောင်ချစ်ပါတယ်လေ..

"ခဏလေး မလုပ်နဲ့ ခေါက်ဆွဲတွေပွကုန်ရင်
မကောင်းဘူး.."

အလုပ်ကြိုးစားတဲ့ မောင်ကတော့ ဇွတ်ကို
ခဲတံကိုလက်ကမချတော့ဘူး...မျက်နှာကြီးလည်း စာရွက်ထဲ၀င်သွားမလားအောက်မေ့ရအောင် ကုန်းရုံးလုပ်နေပါတော့သည်။
နောက်ဆုံးတော့လည်း မနေနိုင်တဲ့ ကျွန်မက
ခေါက်ဆွဲပန်းကန်ကိုကိုင်ကာ မောင့်အနား
သွားထိုင်လိုက်ရတော့သည်။ ဒီလောက်အထိ
ဘာတွေများ ကြိုးကြိုးစားစား ဆွဲနေတာလည်း
ဆိုပြီး ငုံ့ကြည့်တော့..

"ဓူဝံကြယ်နဲ့ လမင်း..?"

"အွန်းမ် ဘယ်လိုလဲ ‌ဆွဲထားတာ အဆင်ပြေ
ရဲ့လားဟင်?"

မောင်က သူဆွဲထားတာကို ကျွန်မကိုမှတ်ချက်ပေးခိုင်းသည်။ ကျွန်မလည်းသေချာကြည့်ပေးပြီး ... တကယ်ကို အနုပညာမြောက်တဲ့
ဗိသုကာ တစ်ခုတွေ့လိုက်ရသလို မှင်သက်
သွားမိတယ်။

"မောင်အရမ်းတော်တာပဲ ဓူဝံကိုသေချာပုံဖော်ထားတာက တကယ်ကိုမိုက်လွန်းတယ်..
မ ကအနုပညာ သိပ်မခံစားတတ်ပေမဲ့
မောင့်လက်ရာကတော့ တကယ်ရှယ်ပဲ..
ဒါမျိုးဆို သေချာပေါက် ပရောဂျက်မှာ A+
ရမှာ..."

ကျွန်မ လက်ခုပ်ကို တဖြောင်းဖြောင်းတီးပြီး
ချီးကျူးတော့ မောင်ကလည်ဂုတ်တွေအသာပွတ်နေသည်။ ကြည့်ရတာ ဒီကောင်လေး
အရှက်သည်းနေတာပဲ တော်လို့တော်တယ်
ချီးကျူးတာကို....

"ကျွန်တော် ဘာလို့ ဓူဝံနဲ့လမင်းဆွဲတယ်
လို့ထင်လဲ မမ"

"ဘာလို့လဲ?"

ပြောပြောဆိုဆိုနဲ့ မောင်က မတ်တပ်ရပ်ကာ
ကျွန်မလက်ကိုဆွဲပြီး ဆိုဖာ ခုံလေးဆီခေါ်သွားတော့သည်။ ပြီးတော့ ဘာမှလည်းမပြောဘဲ
ဆက်ကနဲထိုင်ချကာ ကျွန်မနောက်ကျောဘက်မှာနေရာယူသည်။

"မောင်.."

"ရှုး...ကျွန်တော်ပေးစရာရှိလို့"

မောင်က ပေးစရာရှိတယ်ဆိုပြီးကျောဘက်က ကျွန်မဆံပင်တွေကို စုတင်လိုက်တယ်။
နောက်ပြီး တဖြည်းဖြည်းချင်း ကျွန်မလည်ပင်း
ပေါ်ကျလာတာ ပလက်တီနမ်ကြိုးမျှင်လေး..
ဆွဲသီးလေးကို ငုံ့ကြည့်မိတော့ ဓူဝံကြယ်ပုံစံ
လေးနဲ့ ကျွန်မတစ်ချက်ပြုံးမိသွားတယ်..

မောင့်ဘက်ကိုလည်း လှည့်ကြည့်ရင်း

"ဒါမအတွက်လား?"

"အွန်းမ် မအတွက်၊ ခုနက မြင်တဲ့
ဓူဝံပုံလေးနဲ့ အခု မ ဆွဲထားတဲ့ ဆွဲသီးလေးက
တစ်ပုံစံတည်းပဲ..မ ပဲဓူ၀ံကြယ်ကြိုက်တယ်ပြောလို့ ကျွန်တော့်အိုင်ဒီနဲ့ကျွန်တော်
ဆိုင်အပ်ထားတာလေ....နောက်ပြီး ဒီဒီဇိုင်းက ကမ္ဘာပေါ်မှာတစ်ခုပဲရှိတယ်နော်..ဘယ်လိုလဲ သဘောကျရဲ့လား?"

ကျွန်မ အလိုလိုနေရင်း ပီတိတွေဖြာမိသည်။
ဆွဲသီးလေးကိုလည်း ခဏခဏငုံ့ကြည့်မိရင်း
မောင်က ကျွန်မ တစ်ခါပြောတာ မှတ်ထားပြီး
သူကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားသည်တဲ့လား?
အမယ်လေး မျက်ရည်တွေတောင်ကျမိတော့မှာဘဲ...

"အွန်းမ် အရမ်းသဘောကျတယ်..ကျေးဇူးပဲ
မောင်.."

"ဒါဆို မောင့်ကိုလည်း ဆွဲကြိုးပြန်ဆွဲပေး"

မောင်က ဆွဲကြိုးဘူးလေးထဲက နောက်ထပ်
ဆွဲကြိုးတစ်ကုံးကို ထုတ်လိုက်ပြန်သည်။
ဒီတခါကကျ ဆွဲသီးလေးက လမင်းပုံစံလေး။

"မောင့်ဆွဲသီးလေးက လမင်းလေးလေ..
ဒါလည်း မောင့်အိုင်ဒီနဲ့ပဲ မနဲ့ဆင်တူလေးပေါ့"

ကျွန်မ ကြည်နူးစွာပြုံးလိုက်ရင်း..မောင့်ဆွဲကြိုးလေးကို လှမ်းယူလိုက်သည်။
ပြီးတော့ ဆွဲကြိုးအဆွဲခံဖို့စောင့်နေတဲ့ မောင့်
လည်ပင်း ရှေ့လက်တွေကို နေရာယူလိုက်ပြီး
ဂရုတစိုက်အသာလေး ချိတ်တပ်ပေးလိုက်တယ်။ နောက်ဆုံး ဆွဲကြိုးလေး သူ့နေရာနဲ့သူ
အံကျ ဖြစ်သွားမှ လှည့်ကြည့်လာတဲ့ မောင်က
ကျွန်မကို ရုတ်တရက်ဆွဲဖက်ထားလိုက်တယ်။
သူ့ရင်ခွင်မှာကျောပေးလျကိ ခိုလှုံစေပြီး
ကျွန်မခါးတွေကို သိုင်းဖက်ထားတယ်...
မောင့်ရဲ့...အသက်ရှုသွင်းရူထုတ် အောက်ဆီဂျင် ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကလည်း
ကျွန်မ မျက်နှာမှ လာထိရိုက်နေပြီး...
ရူးချင်စရာကောင်းလောက်အောင် မောင့်
ကိုယ်သင်းရနံ့လေးက မွှေးပျံ့လွန်းတယ်...

"သိပ်ချစ်တယ် မောင်.."

"ကျွန်တော်လည်း မကိုသိပ်ချစ်ပြီး မြတ်နိုးတယ်"

ကောင်လေးက သူ့ခေါင်းအောက်က ကျွန်မနဖူးလေးကို အနမ်းနွေးနွေးလေးနဲ့ ထိကပ်လိုက်တယ်။ သူမှီရာဖြစ်တဲ့ ကျွန်မဆံနွယ်တွေကိုလည်း နမ်းရှိုက်ရင်း...ရင်ခုန်သံတွေကလည်း
တည်တည်ငြိမ်ငြိမ်နဲ့ စည်းချက်ကျလို့ တဒုတ်ဒုတ်~

ဒီလိုမျိုးလေး ဒီအတိုင်းလေးပဲ...အပူအပင်
မရှိ အေးချမ်းစွာ နေသွားချင်ပါတယ်မောင်..
မောင့်ကို မထိရက် မကိုင်ရက်လောက်အောင်
အိတ်ကပ်လေးထဲမှာ ထည့်ထားချင်တဲ့အထိ
မြတ်နိုးတယ် .... ကျွန်မအရမ်းကံကောင်းတယ်ဘာလို့ဆိုတန်ဖိုးထားရတဲ့ မောင်ကထပ်တူထပ်မျှ ကျွန်မကို မြတ်နိုးတန်ဖိုးထားပေးတယ်လေ ... မောင်က တစ်ခြား
ယောင်္ကျားလေးတွေနဲ့ မတူဘူး ကိုယ့်ချစ်သူမိန်းကလေးပေါ်အခွင့်အရေးမယူဘဲ လက်လေးကိုင်ဖို့ပါးလေးနမ်းဖို့တောင် ခွင့်မတောင်းရရင် မနေနိုင်တဲ့သူ .... မောင်နမ်းနေကျနေရာလေးကလည်း မြတ်နိုးမှုကို ဖော်ပြတဲ့ ကျွန်မနဖူးလေးပါဘဲ။
ကျွန်မ မောင့်ကို သိပ်ချစ်တာပဲ...။

"ဒီဆွဲကြိုးလေးကို မ ဘယ်လိုအကြောင်းအရင်းမျိုးနဲ့ ပဲဖြစ်ဖြစ် မချွတ်ပါဘူးလို့ ကျွန်တော့်ကိုကတိပေးနိုင်မလား? အကယ်၍ ကျွန်တော်တို့နှစ်ယောက် လမ်းခွဲ-"

ကျွန်မ မောင့်စကားတွေ ဘာကိုဆိုလိုနေမှန်း
ရိပ်မိတာကြောင့် ချက်ချင်းပဲ မောင့်နှုတ်ခမ်းကို
ကျွန်မလက်ညှိုးဖြင့်ဖိကပ်လိုက်တယ်...။

"လမ်းခွဲမယ်ဆိုတာ မပြောကြေး မောင်..
အွန်းမ် မ ကတိပေးတယ်..ဒီဆွဲကြိုးလေးကို
မ ဘယ်လိုအကြောင်းအရင်းနဲ့ဖြစ်ဖြစ် မဖြုတ်ဘူး"

"ကျေးဇူးပါ မမ ကျွန်တော်လည်း ကျွန်တော့်
ဆွဲကြိုးလေးကို ဘယ်တော့မှမဖြုတ်တော့ဘူး"

ထပ်မံတင်းကြပ်လာတဲ့ မောင့်လက်တွေမှာ
ရုန်းထွက်နိုင်စွမ်းမရှိတော့ပဲ အစွမ်းကုန်
မှီခိုလိုက်ထားလိုက်တော့တယ်....
ကိုယ်မရုန်းချင် ဝေးဖို့အကြောင်းလည်မတွေးချင်....ကျွန်မ ချစ်ရသူနဲ့လက်တွဲဖော်ကိုလည်း မောင့်ဘဲဖြစ်စေချင်တယ်..

အပြင်မှာ မိုးအုံ့အုံ့ အေးစက်နေသလောက်..
အိမ်ကလေးထဲမှာတော့..ချစ်သူနှစ်ယောက်
အချင်းချင်းထွေးပွေ့ထားလျက် နွေးထွေးနေကြသည်။ ဒီလိုကြည်နူးမှုတွေဟာ ယာယီလား?
ထာ၀ရလား?ဘယ်သူကြိုသိနိုင်မှာလဲ?

ကျွန်မ မောင်ဆွဲပေးထားတဲ့ ဓူဝံဆွဲသီးလေးကိုကြည့်နေရင်း...မောင့်လည်ပင်းက လမင်းဆွဲသီးလေးကိုပါမြင်တော့ ...အဖွားပြောပြဖူးတဲ့
ဓူဝံနဲ့လမင်း ပုံပြင်လေးကိုသတိရသွားသည်။
ထို့ကြောင့် ပြောပြဖို့ စကားစလိုက်ရင်း

"မောင်...မ အဖွားကလေ ငယ်ငယ်တုန်းက
ဓူဝံနဲ့ လမင်းရဲ့ ပုံပြင်လေးအကြောင်း ပြောပြခဲ့ဖူးတယ်သိလား.."

"ဟုတ်လားဟင်? ဘယ်လိုမျိုးလဲ?" မောင်ကပြန်ဖြေသည်။ ကျွန်မလည်းပုံပြင်ကိုအစချီလိုက်ရင်း

"ဟိုရှေးရှေးတုန်းက...လနတ်သားနဲ့ ဓူဝံနတ်သမီးဆိုပြီး သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲနှစ်ယောက်ရှိကြတယ်တဲ့...သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပြီး တစ်ချိန်ကြ ပေါင်းဖက်နိုင်ဖို့ ကြိုးစားနေကြတာ.."

"မနဲ့ ကျွန်တော့်လိုပေါ့" မောင်ကစကားကိုဖြတ်၍ပြောသည်။

"အပြောမစောနဲ့မောင် ပုံပြင်ကို ဆုံးအောင်
နားထောင်ဦး..."

အဲ့သလိုလေး ပြောလိုက်တော့ မောင်ကဟုတ်
ဆိုပြီးပြန်ငြိမ်သွားသည် ။ ကျွန်မလည်း
ပုံပြင်လေးကိုဆက်ရင်း....

"တစ်နေ့ကျ သူတို့နားကို ပရိုဆီမာ စင်တာရိ
ဆိုတဲ့ ကြယ်တစ်ခုရောက်လာခဲ့တယ်...
သူကပြောတယ် ... မင်းတို့နှစ်ယောက်က
အတူနေလို့မရဘူးတဲ့..တကယ်လို့သာ မင်းတို့နှစ်ယောက်ပေါင်းဖက်မယ်ဆိုရင်...သက်ရှိ
တွေနေထိုင်တဲ့ ကမ္ဘာမြေကြီး ပျက်သုဉ်းသွား
လိမ့်မယ်ဆိုပြီး..."

"နောက်တော့ရောဟင်?" မောင်က ပုံပြင်ရဲ့
အဆုံးသတ်ကို သိချင်နေပြီမို့ ကျွန်မပြောဖို့ရပ်နေသည်ကို မစောင့်နိုင်ဘဲ အလျင်စလိုမေးသည်။ ကျွန်မလည်း သက်ပြင်း ခပ်ဖွဖွချရင်း..

"သုံးလောကရဲ့ နတ်ဘုရားတွေက အဲ့အမှန်တရားကြောင့် ဓူဝံနတ်သမီးနဲ့လနတ်သားကို
လမ်းခွဲဖို့ပြောခဲ့ကြတယ်လေ....
ဓူဝံနတ်သမီးလေးလည်း ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုတွေးပြီး ရင်ကွဲမတတ်အကြေကွဲခံကာ လနတ်သားနဲ့ ဝေးရာ မြောက်အရပ်ကို ထွက်သွားခဲ့တယ်..သူဘယ်တော့မှ
လနတ်သားလေးကိုလာမတွေ့တော့ဘူး..
လနတ်သားလေးကလည်း အမှန်တရားကို လက်ခံပြီး သူတို့နှစ်ယောက်ရဲ့
အချစ်ဇာတ်လမ်းကိုအဆုံးသတ်ပေးခဲ့တယ်"

ကျွန်မထိုသို့ပြောပြီး မောင့်ကိုမော့ကြည့်တော့
မောင်က စိတ်မကောင်းသလိုမျက်နှာမျိုးဖြင့်

"ပုံပြင်လေးက ၀မ်းနည်းစရာပဲ..."

"ဒါပေါ့...မောင်ရယ်..တစ်ဖက်ကကြည့်ပြန်ရင်လည်း သူတို့နှစ်ယောက်ရဲ့ပေါင်းစည်းမှုဟာ
အခြားသူတွေအတွက် ဆိုးကျိုးတစ်ခုပဲလေ..
အဲ့သလိုမျိုး ဝေးသွားကြတော့လည်း နှစ်ယောက်စလုံးရင်ကွဲရပေမဲ့...ပျက်စီးမှုတွေကိုတော့ကာကွယ်နိုင်ခဲ့တယ်လေ..."

ကျွန်မ မောင့်ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးပြီး
မောင့်လည်ပင်းက လမင်းပုံစံ ဆွဲကြိုးလေးကို
ကောက်ကိုင်လိုက်သည်။ မောင့်မျက်၀န်းတွေကိုလည်းမော့ကြည့်ရင်း..

"မောင်...အဲ့ပုံပြင်လေးထဲကလိုတော့
ချစ်တိုင်းမညားတဲ့ ထဲမှာ မ တို့နှစ်ယောက်မပါချင်ဘူးကွယ်.."

ကျွန်မစိုးရိမ်စွာပြောတော့ မောင်ကတစ်ချက်ပြုံးပြပြီး ကျွန်မကို ထပ်ထွေးပွေ့ထားလိုက်ပြန်သည်။ပြီးတော့ လည်းယုံကြည်နိုင်တဲ့ စကားလေးကိုဆိုရင်း..

"မောင်ကလည်း လနတ်သားမဟုတ်သလို
မ ကလည်းဓူဝံနတ်သမီးလေးမဟုတ်ဘူးလေ
ပြီးတော့ မောင်တို့နှစ်ယောက်ရဲ့ အချစ်တွေရှိနေသ၍ဝေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

"အွန်းမ် ဟုတ်တယ် ... ဘယ်တော့မှမဝေးဘူး"

ကျွန်မတိုး၍သာ မောင့်ကို တင်းကျပ်စွာ
ဖက်ထားလိုက်သည်။ မလိုအပ်တဲ့ အတွေးတွေကိုလည်း ဖယ်ထုတ်ရင်း တပြိုင်နက်... ပုံပြင်ထဲကဓူဝံနဲ့လမင်းလေးလို မဖြစ်ဖို့ရာလည်း အကြိမ်ကြိမ်ဆုတောင်းနေမိသည်။

သိပ်ချစ်တယ်မောင်..
ဒါ့ကြောင့် ဝေးဖို့အရေးကြိုမတွေးချင်ပါ...

"မ လေယာဉ်ပျံ စီးမလား?"

"ဘာရယ်..?..မောင့်!"

မောင်ကရုတ်တရက်ဆိုသလို ကျွန်မကိုချီမလိုက်ကာ ... ခန္တာကိုယ်ဟာ လေဟာပြင်မှာအထိန်းအကွပ်မရှိ...ဟန်ချက်ပျက်သွားတော့
အားကိုးတကြီး မောင့်လည်ပင်းကို သိုင်းဖက်ထားမိသည်။ ကိုယ့်ခန္တာကိုယ်ကများ
ပေါ့လွန်းအားကြီးနေတာလား မောင်ကများ အားသန်လွန်းနေတာလည်း မစဉ်းစားတတ်တော့ပေ။

"မောင် ဘာလုပ်တာလည်း ပြန်ချပေး.."

မောင်ကကျွန်မစကားကို ပြုံးတုံးတုံးဖြင့်
လျစ်လျူရှုကာ..

"ကပ္ပတိန် ယန်း လေယာဉ်စထွက်ပါတော့
မယ်ဗျ ကျေးဇူးပြုပြီး လိုက်ပါလာသော ခရီးသည်များ အဆင်ပြေ ချောမွေ့စေရန် အီလက်ထရောနစ်ပစ္စည်းများတတ်နိုင်သမျှ မသုံးပေးဖို့ တောင်းဆိုပါတယ်ဗျာ....စထွက်ပါပြီခင်ဗျ"

သူ့ကိုယ်သူ ကပ္ပတိန်ပုံစံဖမ်းကာ လေယူလေသိမ်းတွေကအစ တုပလို့...ပြောနေပုံက ကျွန်မသဘောကျလွန်းလို့ ရယ်မိပါသည်။

စထွက်ပါပြီလို့ပြောပြီးပြီးချင်း မောင်က
ကျွန်မကိုချီလျက် တစ်ပတ်လည်အောင်
ဝေ့ယှမ်းလိုက်သည်...‌တစ်ပတ်ကနေ
၂ ပတ်၃ပတ်အထိ ချာချာလည်အောင် ပတ်ပေးနေတာ မောင်ပြုသမျှခံနေရတဲ့
ကျွန်မကတော့ ဒီလူသားလုပ်တဲ့ လေယာဉ်ကြားအော်ရယ်နေရပြီး..မောင်ကလည်း
ကျွန်မနည်းတူ ရယ်နေသည်...

"မောင်..တော်တော့ မ မူးနေပြီ"

ကိုယ်မူးပြီလို့ပြောမှ မောင်က အောက်သို့
ချကာ..ဝေ့ပတ်လိုက်ရလို့ မူးသွားကြတဲ့
ကျွန်မတို့နှစ်ယောက်..တည်ငြိမ်တဲ့ဒီအခြေအနေမှာ ဆိုဖာခုံပေါ်သို့ ဘုန်းကနဲ
ပစ်လဲကြသည် ။ ရယ်ရယ်မောမောနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပြီး
မျက်နှာပေါ်မှာတင်နေတဲ့ ကျွန်မ ဆံပင်အချို့ကို
မောင်က အသာဖယ်ပေးသည်။

"ချစ်တယ် မမ"

"အွန်းမ် မ ရောပဲ.."

မောင်စိတ်ဆိုးအောင် တမင်သက်သက်ချစ်တယ်မပြောဘဲ ချန်ထားလိုက်တော့ စဉ်းစား
ထားသလို မောင့်နှုတ်ခမ်းနီနီက ဆူလာပါရော

"ချစ်တယ်လို့ ပြန်ပြောလေ..."

"နိုး မပြောပါဘူး..blah blah 😜"

"မ....."

မောင့်ကို လျှာထုတ်ပြောင်ပြရင်း တဖက်လှည့်ကာ မသိချင်ယောင်ဆောင်နေလိုက်တော့သည်။

"မ ကအဲ့လိုနော်...ရတယ်လေ"

ရုတ်တရက် မောင့် လက်ချောင်းတွေက
ကျွန်မခါးဆီရောက်လာပြီး မယားယားအောင်
ကလိယားထိုးနေတော့သည်။

"မောင့် ဟ့ဟား မလုပ်နဲ့ ဟာ့ ယားတယ်လို့"

"ရပ်စေချင်ရင် ချစ်တယ်လို့ပြောလေ"

"မပြောဘူး ဟ့ဟား ရပ်တော့မောင် ဟား"

မောင်ကသူ့စကားအတိုင်း ချစ်တယ်မပြောမချင်း ကလိယားဆက်ထိုးနေပြီး....
ခြောက်ကပ်နေတဲ့ ကျွန်မအိမ်လေးလည်း
ရယ်သံတွေကြောင့် စိုပြေနေခဲ့တော့သည်။

Continue Reading

You'll Also Like

44.8K 3.7K 29
သူပြောနေကျစကားတစ်ခွန်းရှိတယ်~ "အစ်ကိုဟာမောင့်ရဲ့အရာရာပါ"တဲ့~
55.1K 9.2K 66
Parallel Universe တွေ တကယ်ရှိတယ်လို့ ယုံကြည်ပါသလား ? မင်း ဘယ်တော့မှ မဆုံစည်းနိုင်ဘူးလို့ မင်းထင်နေတဲ့ မင်းရဲ့အိပ်မက်မင်းသားလေးက တခြားကမ္ဘာတစ်ခုမှာ မင...
13.7K 2.5K 17
" 𝖧𝗂, 𝖨'𝗆 𝗒𝗈𝗎𝗋 𝖴𝗇𝗄𝗇𝗈𝗐𝗇 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍. " | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃