🖤+🖤 = 2

679 103 6
                                    

ဆိုင်သိမ်းပြီးအပြန် ဆေးရုံသို့တန်း၀င်ခဲ့သည်။အခန်းထဲရောက်တော့ မောင်လေးက ကိုယ့်ကိုစောင့်နေပြီး အလုပ်ထဲမှာ ပင်ပန်းလာသမျှအမောတွေကို ပြေသွားနိုင်မဲ့ အပြုံးမျိုးလေးဖြင့် ကြိုဆိုသည်။ ကျွန်မလည်း ပြန်ပြုံးပြရင်းမောင်လေး စားဖို့ ဒိုးနပ်ကို ပန်းကန်ထဲထည့်ပေးလ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆိုင်သိမ်းပြီးအပြန် ဆေးရုံသို့တန်း၀င်ခဲ့သည်။
အခန်းထဲရောက်တော့ မောင်လေးက ကိုယ့်ကို
စောင့်နေပြီး အလုပ်ထဲမှာ ပင်ပန်းလာသမျှအမောတွေကို ပြေသွားနိုင်မဲ့ အပြုံးမျိုးလေးဖြင့် ကြိုဆိုသည်။ ကျွန်မလည်း ပြန်ပြုံးပြရင်း
မောင်လေး စားဖို့ ဒိုးနပ်ကို ပန်းကန်ထဲထည့်ပေးလိုက်သည် ။ ဒိုးနပ်က သူကြိုက်တဲ့
ချောကလက်ဆိုတော့ သွားလေးတွေကိုဖြီးလို့
ပြီးတော့ ကိုယ့်မောင်လေးဘဲ ဘယ်လိုလုပ်
တစ်ခြမ်းကျွေးရက်ပါ့မလဲ? အဲ့ကြောင့်
တစ်ခုလုံး ယူလာခဲ့လိုက်လေသည် ။
ဘာပဲဖြစ်ဖြစ် အခုလို အရသာရှိရှိစားနေတာလေး မြင်ရရုံနဲ့တင် ပီတိတွေဖြစ်မိပါပြီလေ။
မောင်လေးရောဂါ ဘယ်အချိန်ထဖောက််မှန်း
မသိပေမဲ့ပေါ့..

"မောင်လေး .. မမ ဆရာ၀န်ကြီးနဲ့
သွားတွေ့လိုက်ဦးမယ်နော်..
ကောင်းကောင်းနေခဲ့"

"ဟုတ် ဟီး~"

ဟုတ်လို့ပြောပြီး ရယ်ပြနေတဲ့ မောင်လေးခေါင်းကိုအသာပုတ်ပြီး..ဆရာ၀န်ကြီးနဲ့
တွေ့ဖို့ထွက်လာခဲ့လိုက်တော့သည် ။

ဆရာ၀န်ကြီးနဲ့တွေ့တော့ မောင်လေးရောဂါ
အခြေအနေက သက်သာပါတယ်တဲ့။
ဒါပေမဲ့ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်
လာဦးမလဲဆိုတာတော့ မသိသေးပါဘူးတဲ့လေ။
ဒီလို ခန့်မှန်းလို့ မရတဲ့ အခြေအနေမှာ
အခြေအနေတွေပိုမဆိုးခင်..အမြန်ဆုံး ခွဲစိတ်ကုသလိုက်တာ အကောင်းဆုံးဖြစ်မည်တဲ့လေ..
ကျွန်မလည်း ဟုတ်ကဲ့ပါဆရာ ဆိုပြီးတော့သာ
ခေါင်းငြိမ့်နှုတ်ဆက်ရင်း အသံတိတ်ငိုနည်းနဲ့
လှည့်ထွက်ခဲ့ရသည် ။

ခေါင်းထဲမှာလည်း ငါသာ ပိုက်ဆံရှိရင်
မောင်လေးကိုမြန်မြန်ကျန်းမာအောင်လုပ်ပေး
နိုင်မှာဘဲဆိုပြီး အတွေးတွေက ရင်နာရသည်။
ငါတကယ် အသုံးမကျတဲ့အမဘဲ ..
ကိုယ့်မောင်လေးအတွက် ဘာမှလုပ်မပေးနိုင်
ဘူး...ဒါပေမဲ့..ငါလက်မလျှော့ဘူး
မောင်လေးသေချာပေါက်ခွဲစိတ်နိုင်စေရမယ်။
ဟုတ်တယ် ငါ့မောင်လေး ပြန်ကျန်းမာလာစေရမယ်..အမကတိပေးပါတယ် ။

✓ I'm Polaris and You're MoonWhere stories live. Discover now