ဒီနေ့ ရာသီဥတုကမဆိုသလောက်လေး စိုစွတ်နေတယ်... မောင်ကကျွန်မအိမ်ကို မနက်ကတည်းက ရောက်နေပြီး သူ့ ပရောဂျက်အတွက် ဧည့်ခန်းမှာ ဒီဇိုင်းဆွဲနေလေရဲ့..
အဆောင်မှာဆို သူငယ်ချင်းတွေရဲ့စကားသံတွေနဲ့ ဆူညံနေလို့ပါတဲ့လေ...ဒီကောင်လေး
သက်သက်မဲ့ အကြောင်းရှာပြီး လာတာကိုများ အရှက်ပြေ ဆင်ခြေတွေလာပေးနေသေးတယ်။ တစ်ကတည်း...သူ့ ချစ်သူ ကျွန်မ
က ငအကျနေရောပဲ..."မောင် မိုးအေးတယ် ကော်ဖီသောက်ဦးမလား?"
"ဟင့်အင်း မမ ဖျော်ပေးတဲ့ စတော်ဘယ်ရီ
ဘဲသောက်ချင်တယ်""ကောင်လေးနော် မိုးအေးပါတယ်ဆို
ချောင်းဆိုးအောင်လို့...ကဲပါတော်ပြီ
ဘာမှမသောက်နဲ့တော့...ခေါက်ဆွဲပြုတ်စားမလား?"
ကိုယ် ခေါက်ဆွဲပြုတ်စားမလား မေးတော့
ကောင်လေးက ဘာမှတ်ပြီး ပြုံးစိပြုံးစိ
ဖြစ်သွားလားမသိ..."မမ ကလည်းကျွန်တော်တို့ကဖြင့် တွဲနေတာ
၁လရှိပြီကို ဘာလဲ ထပ်တွဲချင်နေလို့လား?""ဘာ...? ဘာကြီး?"
ကောင်လေးပြောသည်ကို ကိုယ်တကယ်
နားမလည်ပါ...ကိုယ်ကများ ခေတ်နောက်ကျနေတာလား? မောင်ကများ သူနားမလည်တာတွေပြောနေတာလား မပြောတတ် ။"ရုပ်ရှင်တွေထဲမှာ ကောင်မလေးက ကောင်လေးကို အဲ့သလိုပြောရင် တွဲကြရအောင်လေ
လို့ သဘောကျတယ် အဲ့သလို အဓိပ္ပာယ်မျိုးရတယ် ဟီး""ကဲ...ဒီကောင်လေး..! တကယ်ပဲ
အကောင်းနဲ့နားထောင်နေတာကို"ကျွန်မ ကောင်လေးရဲ့ နဖူးကို ခပ်ဖွဖွထုပြီး
ရှက်ရှက်နဲ့ မီးဖိုချောင်းထဲပြေး၀င်လိုက်တော့တယ်။
YOU ARE READING
✓ I'm Polaris and You're Moon
FanfictionJUNGWON X OC ကျွန်မကဓူဝံ မောင်ကလမင်း Every love is black 🖤