"အာ့ ကျွတ်ကျွတ်"
ကိုက်ခဲနေသည့်ခေါင်းကိုလက်ဖြင့်အသာထိန်းကိုင်းရင်း မျက်မှောင်လည်းကြုတ်ထားမိသည်။ဘယ်ကိုရောက်နေတာလဲဆိုတာကိုမတွေးနိုင်ခင်မှာပဲ ခေါင်းထဲဝင်ရောက်လာသည်ကမနေ့ညကအဖြစ်အပျက်များ။
သူ...သူတကယ်ယုတ်မာခံလိုက်ရပြီလား။
ခန္ဓာကိုယ်အနှံ့ပြာပြာသလဲစစ်ဆေးကြည့်တော့လည်း အကောင်းပကတိအတိုင်း နာကျင်မှုတစ်စိုးတစ်စိမျှပင်မရှိ။ဘယ်ဘက်ပါးတစ်ဖက်နာကျင်နေသည်မှလွဲ၍ပေါ့။တော်သေးတာပေါ့...ဟုစိတ်ထဲမှတွေးရင်းသက်ပြင်းချမိသည်။
ဒါဆို...သူဘယ်ရောက်နေတာလဲ။
"အာ့"
အလောတကြီးလှုပ်ရှားလိုက်သည့်အခါမှ လက်ကောက်ဝတ်မှနာကျင်မှုတချို့နှင့်အတူ တိုင်တစ်ခုတွင်လက်ပြန်ကြိုးတုပ်ခံထားရမှန်းသတိထားမိတော့သည်။အရမ်းတင်းတင်းကြပ်ကြပ်တုပ်နှောင်ခံထားရတာမဟုတ်သော်လည်း အချိန်ကြာကြာတုပ်နှောင်ခံထားရတာကြောင့် နာကျင်မှုကသိသိသာသာပင်။
ကရင်လူမျိုးလေးဖြစ်သည့်စောလွန်း၏အသားအရည်သည် ဖြူသည်မဟုတ်ဘဲ ပန်းနုရောင်လေးယှက်ပြေးနေကာနူးညံ့လှသည်။အခုချိန် စောလွန်းလက်ကောက်ဝတ်မှာကြိုးရာတွေနီရဲနေမှာအသေအချာ။
မလုံ့တလုံကာရံထားသည့်ဝါးကပ်တွေကြောင့် မနက်ခင်းနေရောင်ခြည်နုနုသည် ခပ်ယဲ့ယဲ့တဲအိမ်လေးထဲသို့ဟိုတစ်ဖြောက်ဒီတစ်ဖြောက်ဝင်ရောက်နေသည်။စောလွန်းကိုချုပ်နှောင်ထားသည့်တဲလေးသည်အရမ်းမကြီး၊ပစ္စည်းပစ္စယလည်းများများစားစားမရှိတာကြောင့် နေအိမ်မဟုတ်ဘဲ နားခိုလို့ရရုံဆောက်ထားပုံရသည်။
အနီးနားတွင်သောက်ရေအိုးတစ်လုံးကို စင်ဖြင့်ထားရှိထားကာ ပန်းကန်ပြားအုပ်၍ရေခွက်ပါထားပေးထားသည်။အပေါ်မှနေ ဝါးခမောင်လေးကိုအုပ်ထားတာကြောင့်ထိုရေအိုးထဲမှရေသည်အေးမြနေမည်မှာဧကန်ပေ။
ထိုရေအိုး၊ဝါးကပ်နံရံတွင်ချိတ်ထားသည့်ရေနံဆီမီးအိမ်၊တဲဝင်ပေါက်အတတ်အဆင်းလုပ်သည့်နေရာတွင်ထောင်ထားသောဓားမတစ်လက်မှလွဲ၍ ဘာဆိုဘာမှရှိမနေပါ။
သူဘယ်ကိုရောက်နေတာလဲ။ညကသေချာပေါက်ဟိုလူယုတ်မာရဲ့အိမ်မှာပါ။ဒီနေရာကထိုလူ့ရဲ့နောက်ထပ်နေရာတစ်ခုပဲလား။ဒါဆို...သူ့ခန္ဓာကိုယ်မှာဘာလို့ထူးထူးခြားခြားနာကျင်မှုတွေမရှိရတာလဲ။ဒါမှမဟုတ်...မောင်လာကယ်တာများလား။
ဟင့်အင်း မဖြစ်နိုင်ဘူး။မောင်လာကယ်တာဆိုရင်သူ့ကိုဒီလိုချုပ်နှောင်မထားဘဲ သူ့ရဲ့အိမ်ကိုခေါ်သွားပေးမှာသေချာသည်။တွေးနေသော်လည်းတိကျလောက်မည့်အဖြေကထွက်မလာပေ။မောင်လာကယ်တာလည်းမဟုတ်ဘူး ဟိုလူယုတ်မာရဲ့နေရာလည်းမဟုတ်ဘူးဆိုရင် တကယ်ပဲသူ့ကိုဒီနေရာကိုဘယ်သူခေါ်လာတာလဲ။
တဲ၏ဘေးပတ်ပတ်လည်ကိုစူးစမ်းကြည့်လိုက်တော့လည်း စိမ်းစိုနေသည့်သစ်ပင်ကြီးများက လူမနေလောက်မည့်နေရာဖြစ်ကြောင့်မီးမောင်းထိုးပြနေသည်။ဥသြတို့၏တွန်မြည်နေသံနှင့်အတူ ကျီးအာသံများပါကြားနေရတာကြောင့် စောလွန်းအထင်မမှားဘူးဆိုလျှင် ဒီနေရာသည်တောအုပ်တစ်ခုသာဖြစ်ရမည်။
"ဟေ့ နိုးပြီလား"
နေရာအနှံ့မျက်စိကစားကြည့်နေတုန်း တဲပေါက်ဝမှအသံတစ်ခုကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့ကတုံးဆံပင်ပေါက်နှင့်လူသည်မျက်နှာသုတ်ပုဝါတစ်ထည်ကိုင်ရင်း စောလွန်းကိုခပ်ထေ့ထေ့ကြည့်နေသည်။စိုစွတ်နေဟန်ရှိသည့်မျက်နှာကြောင့် အခုမှမျက်နှာသစ်ပြီးပုံ။
"နိုးလာတာကောင်းတယ် မင်းတစ်ညလုံးအိပ်ပျော်နေတာ"
ထိုစကားကိုပြောရင်း တဲထဲသို့တစ်လှမ်းချင်းဝင်ရောက်လာသည့်အခါ ခပ်ယဲ့ယဲ့တဲအိမ်လေး၏ကြမ်းပြင်သည် ထိုလူ့အလေးချိန်ကြောင့်အိကျသွားတော့၏။
"ဘယ်သူလဲ ကျုပ်ကိုလွှတ်ပေး"
သူ့ကိုလွှတ်ပေးရန်ရုန်းကန်ရင်းအော်ဟစ်လာသည့်ကောင်လေးကြောင့် အာဂနားထဲသို့လက်ညှိုးထိုးထည့်ရင်း နှာခေါင်းရှုံ့မိသည်။လူကောင်သေးသလောက်အသံကကျယ်လိုက်ပါဘိ။
"လွှတ်ပေးတာမပေးတာကကျုပ်တို့ဆုံးဖြတ်လို့မရဘူး မင်းကိုဆရာခေါ်လာတာ"
"ဘယ်သူခေါ်လာလာလွှတ်ပေး မဟုတ်ရင်မင်းတို့ကိုတိုင်မယ်"
"တိုင်မယ်ဟုတ်စ ဘယ်သူ့ကိုလဲ ပုလိပ်တွေကိုလား"
"ကျုပ်....."
စောလွန်းဘာဆက်ပြောမလဲမသိတော့ပေ။ပုလိပ်တွေကိုတိုင်ရအောင် အဲ့ပုလိပ်တွေကပဲစောလွန်းကို....ထပ်မတွေးချင်တော့။ဒီဆိုးယုတ်လွန်းသည့်ဖြစ်ရပ်တွေကို တွေးမိရုံနဲ့တင်ရွံ့ရှာလာရသည်။
ဖြေရခက်နေသည့်စောလွန်းကိုကြည့်ရင်း ရှေ့ကလူကနှုတ်ခမ်းကိုတစ်ခြမ်းတွန့်ရုံပြုံးကာ မျက်လုံးတို့ကိုမှေးစင်းရင်း ဘယ်လိုလဲဟူသည့်အကြည့်မျိုးနှင့်စိုက်ကြည့်နေသည်။လူဆိုးဟုထင်ရလောက်သော်လည်း ထိုကတုံးဆံပင်ပေါက်နှင့်လူသည်လူဆိုးနှင့်မတူပါဘဲ လူရွှင်တော်နှင့်တူနေသည်မှာ စောလွန်းကပဲအမြင်ကတ်သည့်မျက်လုံးဖြင့်ကြည့်၍လား သူကပဲတကယ်မျက်နှာပြောင်နေလေသလား။
အာဂရဲ့လူမိုက်ဆန်ဆန်အပြုံးနဲ့ကြက်သီးထဖွယ်အကြည့်တို့ကြောင့် ထိုကောင်လေးဘာမှမပြောနိုင်လောက်အောင်ကြောက်နေလောက်ပြီ။
ဟင်းဟင်း ဒီလိုပဲဖြစ်ရမယ်လေ။ဓားပြဗိုလ်ကြီးရာဇရဲ့တပည့်ကိုအခုလိုပဲကြောက်နေရမယ်။
"ဘာလဲ ကျုပ်ကိုကြောက်ပြီးတော့စကားတောင်ဆက်မပြောနိုင်တော့ဘူးလား"
စောလွန်းနှာခေါင်းရှုံ့ကာ စိတ်ပျက်တယ်ဟူသည့်အကြည့်ဖြင့်ကြည့်ပေးလိုက်သည်။ကိုယ့်ရုပ်ကိုယ်မှန်ထဲပြန်မကြည့်ဘဲ ယုံကြည်ချက်တွေလွန်ကဲနေပါ၏။
"ကြောင်တောင်တောင်ကတုံး"
နှုတ်ခမ်းမှတိုးဖွဖွရေရွတ်သံကို ထိုလူမကြားတာပဲတော်ရော့သည်။မဟုတ်ရင် သူတစ်ပြန်ကိုယ်တစ်ပြန်နဲ့တစ်ပွဲတစ်လမ်းနွှဲရဦးမှာ။ဘယ်နေရာလဲမသိပေမဲ့ သေချာပေါက်ကိုယ်မသိတဲ့သူတွေဆီမှာအဖမ်းခံထားရတယ်ဆိုတာတော့ စောလွန်းသိလိုက်သည်။ဘာရန်ငြိုးရန်စမှမရှိပါဘဲ ဘာကြောင့်ဖမ်းခေါ်လာရပါသနည်း။
ထိုဆရာဆိုသောလူကရောဘယ်သူများပါလိမ့်။
ဒီနေရာကလွတ်မြောက်ဖို့ဆိုရင် ထိုလူနဲ့စကားပြောကြည့်မှရလောက်မည်။ထို့ကြောင့်
"မင်းတို့ဆရာနဲ့တွေ့ချင်တယ်"
<<<<<<
>>>>>>
"တောက်စ် ဘယ်သူလဲ ဘယ်သူလုပ်သွားတာလဲ"
"တောင်း..တောင်းပန်ပါတယ်မာစတာ ကျွန်တော်တို့...."
ဖြန်းးး ဖြန်းးး
ဂျပန်တပ်သားလေး၏မျက်နှာသည် ဟီရိုမာဆာ၏ဘယ်ပြန်ညာပြန်ရိုက်ချက်ကြောင့်လည်ထွက်သွားတော့သည်။ဟီရိုမာဆာ၏မျက်နှာကတော့ဖြင့် ဖူးယောင်နေတာမြင်မကောင်း။ထို့အပြင် မျက်လုံးများကိုပြူးထားကာ ဒေါသကြောင့်နီရဲနေလေတော့ မျက်နှာပြဲပြဲသည် ပေါက်ကွဲထွက်တော့မည့်ပုံဖြစ်နေသည်။
မနေ့ညကဟိုဖြူဖြူဖွေးဖွေးကောင်လေးကိုကြံစည်ဖို့လုပ်ထားပေမဲ့ ဘာတွေဘယ်လိုလွဲချော်သွားလဲဆိုတာလိုက်မမှီနိုင်အောင်ပင်။မနက်နိုးလာတော့ကြမ်းပြင်ပေါ်မှာလဲလျက်သားဖြစ်နေကာ ကောင်လေးလည်းမရှိတော့ပေ။ဒါ့အပြင် အပြင်ကအစောင့်တွေကပါမေ့သူကမေ့၊မထနိုင်သူကမထနိုင်နှင့်ဖြစ်ပျက်နေကြသည်။
သေချာတာကတော့မနေ့က သူတို့တစ်တွေ လုပ်ကြံသူတချို့၏အတင့်ရဲခြင်းကိုခံလိုက်ကြခြင်းပင်။ဘယ်သူကများ မာစတာဟီရိုမာဆာကိုအခုလိုလုပ်ရဲရတာလဲ။မိရင်တော့အလွတ်မပေးဘူး။
"မနေ့ကအဖိုးတန်တဲ့ဘာပစ္စည်းတွေပါသွားသေးလဲ"
"လက်..လက်နက်တွေကလွဲရင်ဘာမှပါမသွားပါဘူး မာစတာ"
"ဘာ!!!"
လက်နက်တွေကသူတို့အတွက်မရှိမဖြစ်ကို လက်နက်တွေပဲယူသွားတယ်ဆိုတော့ ထိုလုပ်ကြံသူတွေ၏ရည်ရွယ်ချက်ကဘာများပါလိမ့်။အဲတာထက်...ဒီတိုက်ခိုက်ခံရမှုအပေါ်အထက်အရာရှိတွေကိုဘယ်လိုတင်ပြရပါ့မလဲ။
"မနေ့ညကတိုက်ခိုက်သွားတဲ့သူတွေကို မရရအောင်စုံစမ်းစမ်း"
"ဟုတ်ကဲ့ပါ...မာစတာ"
အကုန်လုံးထွက်သွားမှဟီရိုမာဆာလက်သီးတင်းတင်းဆုပ်ရင်း မနေ့ညကအကြောင်းများပြန်တွေးမိသည်။ကုတင်ထက်မှာမျက်ရည်တွေစီးကျရင်း ရုန်းကန်နေရှာသည့်ကောင်လေးကအလွန်တပ်မက်ဖွယ်ကောင်းလွန်းလှသည်။လုပ်ကြံသူတွေကြောင့်သာမဟုတ်လျှင် ထိုကောင်လေးကိုသူအပိုင်သိမ်းပြီးလောက်ပြီ။အခုတော့ ပါးစပ်နားရောက်မှပုတ်ချခံလိုက်ရသလို လိုချင်တာကိုမရလိုက်တော့ ခံပြင်းစိတ်မှတဆင့် ဒေါသမီးတောင်ဆီသို့ကူးပြောင်းသွားတော့သည်။
"အားးးး"
<<<<<<
>>>>>>
"ဟေ့ကောင် မျက်နှာကစူပုတ်ပုတ်နဲ့ဘာဖြစ်လာတာတုန်းကွ"
စူပုတ်ပုတ်မျက်နှာဘေးနဲ့မနက်စာဝိုင်းမှာလာထိုင်တဲ့အာဂကိုမာနမေးလည်းမေးရင်း နရင်းလည်းအုပ်လိုက်သည်။
ဖြောင်းး
"အာ့ ခွေးမသား မင်းဘိုးအေမို့ရိုက်တာလား"
"အေး ငါ့ဘိုးအေကဆုံးသွားတာကြာပြီ"
မနက်ခင်းလေးကိုနှစ်ယောက်သားအဆဲလေးတွေနဲ့စတင်နေချိန်မှာ ရာဇနဲ့သော်ကကတော့ထမင်းကြမ်းကိုဆီဆားနယ်ကာ အာပြဲခြောက်ဖုတ်ဖြင့်စားနေချေပြီ။တောထဲမှာဖြစ်တာကြောင့် ပဲပြုတ်နံပြားတို့လက်ဖက်ရည်တို့ရှိမနေပါ။အသားကျနေတဲ့အခြေအနေဖြစ်တာကြောင့် ကြုံသလိုသာအဆာဖြေလိုက်ကြတာဖြစ်သည်။
"ဆရာ မနေ့ကလူနိုးနေပြီဗျ ဆရာနဲ့တွေ့ချင်လို့တဲ့"
ထိုအခိုက် ထမင်းလုတ်သွင်းတော့မည့်ရာဇ၏လက်သည်လမ်းတစ်ဝက်တွင်ရပ်တန့်သွားကာ အာဂကိုမော့ကြည့်သည်။
"အင်း"
ထိုတစ်ခွန်းပြောပြီးနောက် ဘာမှမဖြစ်သလိုပင် ထမင်းကိုမြန်မြန်သွက်သွက်စားလိုက်၏။
"သော်က တောထဲမှာငှက်ပျောသီးနဲ့တခြားအသီးတချို့သွားခူးထားလိုက် မှည့်တာနော်"
"ဟုတ်ကဲ့ဆရာ"
"ဘာလုပ်မလို့လဲ ဆရာရဲ့"
စေခိုင်းခံရသူသော်ကက တစ်ခွန်းဆိုတစ်ခွန်းအမိန့်ကိုနာခံသော်လည်း နေရာတကာမိန်းမကြီးတစ်ယောက်လိုဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့်အာဂကဝင်၍အထွန့်တတ်တာကြောင့် မာနဇက်ပိုးအုပ်ချင်စိတ်ကိုထိန်းနေရသည်။
ကြာရင် ဒီကောင်ဆရာ့ရဲ့ဒေါသနဲ့တွေ့တော့မှာပဲ။
"မင်းဖင်ထဲထည့်မလို့ဟေ ရှင်းပြီလား"
"ဟေ့ကောင် မင်းမမိုက်ရိုင်းနဲ့ ဆရာစားမဲ့ငှက်ပျောသီးကိုဘာကိစ္စငါ့ဖင်ထဲထည့်ရမှာလဲကွ"
"ဒီနလပိန်းတုံးကောင်ကတော့... ငါခေါက်ထည့်လိုက်လို့ မင်းရဲ့ကတုံးထိပ်ပိန်သွားတော့မယ် ငါနော်...ငါ"
"ဘာလဲ လုပ်ကြည့်လေ...မင်းရဲ့ကောက်နေတဲ့ဖင်ကိုဝါးခြမ်းပြားနဲ့ရိုက်ပစ်မှာ"
"ဘာကွ!!"
အာဂ၏အာချောင်မှုကြောင့်မာနတစ်ယောက်ဒေါသတွေထွက်ကာ ရှေ့ကကော်ရေခွက်ဖြင့်အာဂ၏ဂျိုစောင်းကိုခေါက်ချလိုက်သည်။
ဂွက်!
အခေါက်ခံရတာတောင်် ဂျိုစောင်းကိုလက်ဖြင့်ပွတ်ကာ မျက်လုံးကိုစွေ၊လျှာကိုထုတ်ရင်း မာနကိုပြောင်ပြနေသည့်အာဂ။သို့သော်...ဘာမှတော့ပြန်မလုပ်။
မာနဒေါသထွက်လည်းထွက်ချင်ရာပေ။ဘာကြောင့်ဆို ထိုဖင်ကောက်သည့်ပြဿနာသည်မာန၏အထိခိုက်မခံ၊အစမခံသည့်တစ်ခုတည်းသောအရာဖြစ်သော်လည်း အာဂကတော့တစ်ခါတစ်ရံစနောက်တတ်သည်။ဤသို့နှယ် တစ်ယောက်ကဒေါသထွက် တစ်ယောက်ကမျက်နှာပြောင်ရင်းရန်ပွဲကရပ်သွားရစမြဲ။
"မင်းတို့တော်ကြတော့"
ကြည်လင်ပြတ်သားသည့်အသံဖြင့်သော်ကဝင်၍တားဆီမှ နှစ်ကောင်လုံးအကြည့်ချင်းစစ်ဖြစ်နေရာမှရပ်တန့်တော့သည်။ထို့နောက် ဆရာ့အားတောင်းပန်ရန်လှည့်ကြည့်လိုက်တော့ နေရာတွင်ဆရာကမရှိတော့။
"ဟာ ဆရာဘယ်ရောက်သွားတာလဲ စိတ်တိုသွားပြီလားမသိဘူး အဲ့တာမင်းကြောင့် မာန"
"ဘယ့်နှယ်ငါ့ကြောင့်ဖြစ်ရမှာလဲ မင်းကြောင့်"
"မင်းကြောင့်"
"မင်းကြောင့်"
တစ်ယောက်နှင့်တစ်ယောက်လွှဲချရင်းငြင်းခုံနေသည့်အာဂနဲ့မာနကိုကြည့်ရင်းသော်ကစိတ်ပျက်စွာသက်ပြင်းချမိသည်။ဒီနှစ်ကောင် ရန်မဖြစ်တဲ့နေ့ဆိုတာ အနောက်အရပ်ကနေထွက်ရင်တောင်ရှိမှာမဟုတ်ဘူး။
.
.
ရာဇမနေ့ညကသူခေါ်လာတဲ့ကောင်လေးရှိသည့်တဲအိမ်လေးဆီသို့လျှောက်လာလိုက်သည်။ထိုကောင်လေးမှာမေးစရာမေးခွန်းတွေများနေလိမ့်မည်ကိုတွေးကြည့်ရုံနှင့်သူသိသည်။
တဲလေးထဲဝယ် ချုပ်နှောင်ခံထားရသည့်အတိုင်း စိတ်ပျက်လက်ပျက်ဟန်ဖြင့်သူ့အရှေ့ကရေအိုးလေးကိုကြည့်နေသည့်ကောင်ကလေး။မနေ့ညတည်းကအခုလိုကြိုးဖြင့်ချည်နှောင်ခံထားရတာကြောင့် ညောင်းညာကာရေဆာနေပေလိမ့်မည်။သို့သော်...ရာဇလည်းမတတ်နိုင်ခဲ့ပ။ကိုယ်တွေအိပ်နေတုန်းထွက်ပြေးသွားလျှင်ဘယ့်နှယ်လုပ်ပါလိမ့်မလဲ။ ထို့ကြောင့်ချည်ထားလိုက်ရတာ။ဒါပေမဲ့ အခုလိုလေးမြင်လိုက်ရတော့လည်းကရုဏာသက်မိသည်။ဒီကောင်လေးမှာအပြစ်တစ်ခုမှမရှိဘဲလေ။
တဲလေးပေါ်သို့တတ်သွားလိုက်တော့ ရာဇကိုကြည့်လာသည့်မျက်လုံးဝိုင်းဝိုင်းတို့ကိုအကြည့်လွှဲရင်း ရေအိုးထဲမှရေတစ်ခွက်ခပ်ကာထိုကောင်လေးအားကမ်းပေးလိုက်သည်။
"ခင်ဗျားရေဆာနေတယ်မလား သောက်လိုက်လေ"
ကရုဏာသက်သည့်အသံဖြင့်နူးညံ့စွာပြောချင်သော်လည်း ရာဇခက်ထန်၏ဗီဇအရထွက်ပေါ်လာသောအသံမှာမာထန်နေသည်။ထိုအခါ အရှေ့ကကောင်လေးကမျက်မှောင်ကြုတ်၍ရေခွက်ကိုတစ်လှည့်ရာဇကိုတစ်လှည့်ကြည့်နေသည်။
စောလွန်းရေခွက်ကမ်းပေးနေသည့်လူကိုမယုံကြည်ရဲစွာကြည့်နေမိသည်။မနေ့ညကလည်း ရေထဲမှာအိပ်ဆေးခပ်ပြီးလုပ်ကြံခံခဲ့ရတာပဲ။အခုလည်းအဲ့လိုထပ်ဖြစ်ရင်ဘယ့်နှယ်လုပ်မလဲ။စောလွန်းမည်သူ့ကိုမှမယုံရဲပါ။
"ခင်ဗျား ရေထဲမှာဘာတွေထည့်ထားသေးလဲ"
သူမေးလိုက်တော့ ထိုလူကဘာမှမသိသည့်ဟန်ဖြင့် ရေခွက်ထဲကိုတစ်ချက်ပြန်ကြည့်ရင်း...
"ကျုပ်ကဘာတွေထည့်ထားရမှာလဲ"
ကြည့်ရတာတော့ တကယ်ကိုဘာမှထည့်ထားပုံမရ။
"မထည့်ထားရင်ပြီးရော ခင်ဗျားအဲ့လိုကမ်းပေးနေတာကျွန်တော်ဘယ်လိုသောက်ရမှာလဲ လက်ကကြိုးတုပ်ခံထားရတာလေ"
"အာ...."
ထိုအခါမှထိုကောင်လေးလက်မအားမှန်း ရာဇသတိရသည်။သို့သော် အခုဖြုတ်ပေးလို့မဖြစ်သေးပေ။ချက်ချင်းကြီးဖြုတ်ပေးလိုက်လို့ တွန်းထိုးရုန်းကန်လာမှဖြင့်။ထို့ကြောင့် ရေခွက်ကိုကိုင်ရက်သားနှင့် ထိုကောင်လေးကိုတိုက်ပေးလိုက်သည်။ရေအတော်ဆာနေပုံရသောကောင်လေးမှာလည်း မငြင်းဆန်ပါဘဲအငမ်းမရသောက်၏။
မျက်နှာနုနုပေါ်ကလက်ဖဝါးရာကိုသတိထားကြည့်မိတော့ နီရဲရုံတင်မဟုတ်ဘဲ အညိုဘက်ပင်သန်းနေချေပြီ။ဂျပန်တွေရက်စက်တယ်ဆိုတာတော်ရုံမဟုတ်ပေ။ထိုကောင်လေးကံကောင်းလို့သာရာဇတို့နဲ့ဆုံသွားတာ။
ရေတိုက်လို့ပြီးသွားတော့ ထိုကောင်လေးရှေ့တွင်ထိုင်ချရင်း အဆင်သင့်ယူလာသည့်ဒဏ်ကြေလိမ်းဆေးပုလင်းလေးကိုအိပ်ကပ်ထဲမှထုတ်လိုက်သည်။ထို့နောက် ဆေးအနည်းငယ်ကိုလက်ညှိုးဖြင့်ကလော်ထုတ်လိုက်သည်။ကောင်လေးကတော့ သူ့လုပ်နေသည်များကိုမျက်လုံးဝိုင်းတွေဖြင့်လိုက်ကြည့်နေလောက်မည်မှန်း မကြည့်ဘဲနှင့်တောင်ရာဇခန့်မှန်းနိုင်သည်။
"ဘာလုပ်တာလဲ"
စောလွန်းမျက်နှာဆီသို့လှမ်းလာသည့်လက်ကို မျက်နှာလွှဲကာရှောင်ရင်းမေးလိုက်သည်။
"ခင်ဗျားမျက်နှာယောင်နေတယ် ဆေးမလိမ်းရင်ပိုဆိုးသွားလိမ့်မယ်"
တကယ်ဆိုနိုးလာကတည်းကဘယ်ဘက်ပါးပြင်တစ်ခြမ်းလုံးသိသိသာသာကိုစပ်ဖြင်းဖြင်းဖြင့်နာနေခဲ့တာ။ကိုယ့်ကိုဖမ်းထားတဲ့လူတွေဆီကဆေးလိမ်းပေးတာခံရလိမ့်မည်ဟုမထင်ထားတာကြောင့် ခဏတာအံ့သြသွားသည်ကတော့အမှန်ပင်။
"ပြီးရော"
ထို့နောက် ထိုလူကမျက်နှာဆီသို့ခပ်ဖွဖွလိမ်းပေးသည်။ဖြေးညင်းလွန်းတာကြောင့် ဆေး၏အေးမြမြအထိအတွေ့ကလွဲလျှင် ထိုလူ့လက်၏အထိအတွေ့ကိုတောင် မခံစားရလောက်သည်အထိ။
"လက်တွေရော နာနေလား"
"နာတာပေါ့ ခင်ဗျားတို့တစ်ညလုံးချည်ထားတာ"
နာနေမယ်မှန်းသိသော်လည်း ကာယကံရှင်ကလိမ်းချင်ပါ့မလားမသေချာတာကြောင့် မေးကြည့်လိုက်ခြင်းဖြစ်သည်။
"ခင်ဗျား ထွက်တော့မပြေးဘူးမလား"
ချည်နှောင်ထားသည့်ကြိုးတို့ကိုဖြည်ချပေးရင်း ရာဇမေးလိုက်သည်။
"ထွက်ပြေးချင်ရင်ရော ရမှာမို့လို့လား"
"မရဘူး"
ထိုလူ့စကားကြောင့်စောလွန်းနှာခေါင်းရှုံ့မိသည်။ထွက်ပြေးလို့မရမှန်သိရက်နဲ့ မေးနေသေးတယ်။
ဖြူဖွေးကာသွယ်လှနေသည့်လက်ကလေး၊ရာသီဥတုအအေးဒဏ်ကြောင့်လက်ချောင်းအဖျားလေးတွေနီရဲနေကာယောင်္ကျားလေးတစ်ယောက်၏လက်ဟုပင်ထင်ရက်စရာမရှိ။လက်ကောက်ဝတ်ဆီသို့ဆေးကိုဝင်အောင် လိမ်းပေးရင်းဆေးဘူးအဖုံးကိုပြန်ပိတ်လိုက်သည်။
"အခုပြော ကျွန်တော့ကိုဘယ်တော့ပြန်ပို့ပေးမှာလဲ"
"မပို့ပေးဘူး"
ချက်ချင်းပြန်ဖြေလာသည့်စကားကြောင့် စောလွန်းအံ့သြသွားသည်။မပို့ပေးဘူးဆိုတော့ စောလွန်းကသူတို့နဲ့တစ်သက်လုံးတူတူနေရမှာလား။
"ဘာလို့လဲ ခင်ဗျားတို့ကိုကျွန်တော်ဘာလုပ်ထားလို့ကျွန်တော့ကိုဖမ်းထားရတာလဲ"
"ခင်ဗျားမနေ့ညကကျုပ်တို့ဓားပြတိုက်တဲ့အချိန်မှာရှိနေခဲ့တယ် သတိသိပ်မရှိပေမဲ့လို့ပေါ့ ဒါတင်မကသေးဘူး အခုဆိုကျုပ်တို့ရဲ့တည်နေရာကိုပါသိသွားပြီလေ အဲတော့ခင်ဗျားကိုပြန်လွှတ်ပေးလို့မရဘူး"
ထိုလူပြောသွားသည်များကိုစောလွန်း ဘာမှလိုက်မမှီတော့ပေ။ဓားပြတိုက်တာတွေရော၊တည်နေရာသိတာတွေရော ဘာတွေလဲ။
"ခဏ ဓား..ဓားပြဟုတ်လား"
"အင်း ကျုပ်နာမည်ရာဇ ဓားပြဗိုလ်ရာဇ"
"ဘယ်လို!!"
ဗိုလ်ရာဇ...စောလွန်းနားကြားမှားတာမဟုတ်ပါဘူးနော်။အခုသူ့ရှေ့မှာရှိနေသည့် မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးနှင့်ခံ့ညားသည့်အသွင်ရှိသည့်ထောင်ထောင်မောင်းမောင်းလူကြီးက ဓားပြတဲ့။အဲတာကလည်း စောလွန်းနာမည်ကြားရုံနှင့်တင် မုန်းနေမိသောဗိုလ်ရာဇ။
"ပြန်ပို့ပေး ကျွန်တော့်ကိုအခုချက်ချင်းအိမ်ပြန်ပို့ပေး"
"ကျုပ်ပို့ပေးလို့မရဘူး"
"ဘာလို့မရရမလဲ ခင်ဗျားတို့ကျွန်တော့်ကိုတမင်ဖမ်းထားတာမလား"
"ထင်ချင်သလိုထင် ကျုပ်ပြောပြီးသား ခင်ဗျားကိုလွှတ်ပေးလို့မရသေးဘူး"
"ခင်ဗျား မုန်းဖို့ကောင်းတဲ့ဓားပြ"
ထိုစကားကြောင့်ရာဇလှုပ်ရှားမှုတွေအကုန်ရပ်တန့်ကာ အရှေ့ကကောင်လေးကိုစိုက်ကြည့်လိုက်မိသည်။သူ့ဘဝမှာမုန်းတယ်ဆိုသည့်စကားကိုဘယ်သူ့ဆီကမှ မကြားဖူးခဲ့။
အခုတော့...သူနှင့်သိပ်မရင်းနှီးသည့်အသားဖြူဖြူကောင်လေးတစ်ယောက်ဆီမှကြားလိုက်ရသည်ကြောင့် အံ့အားသင့်မှုနှင့်အတူ ခံစားလိုက်ရသည့်နာကျင်မှုလေးတစ်ခု။
မျက်နှာတွေနီရဲကာ ရွံရှာသလိုကြည့်နေသည့်ကောင်လေးက ရာဇကိုတကယ်မုန်းတီးနေဟန်။
*မုန်းဖို့ကောင်းတယ်တဲ့လား*
<<<<<<
>>>>>>
ဗိုလ်ရာဇကိုPOLနဲ့မတူဘဲ အေးအေးငြိမ့်ငြိမ့်လေးသွားကြမယ် တစ်ခါတစ်ရံဟာသလေးတွေနဲ့ပေါ့><
ဗိုလ်ရာဇနော်။ဗိုလ်ရာဇာမဟုတ်ဘူး မှားမှာစိုးလို့။အဲ့အချက်လေးသတိထားပေးကြပါ။
ဂရုစိုက်ကြပါ ချီ့ဆာကူရာလေးတို့🌸
ဆေးပန်းချီ🌸
၁၄.၁၂.၂၀၂၁💜
"အာ့ ကြၽတ္ကြၽတ္"
ကိုက္ခဲေနသည့္ေခါင္းကိုလက္ျဖင့္အသာထိန္းကိုင္းရင္း မ်က္ေမွာင္လည္းၾကဳတ္ထားမိသည္။ဘယ္ကိုေရာက္ေနတာလဲဆိုတာကိုမေတြးနိုင္ခင္မွာပဲ ေခါင္းထဲဝင္ေရာက္လာသည္ကမေန႕ညကအျဖစ္အပ်က္မ်ား။
သူ...သူတကယ္ယုတ္မာခံလိုက္ရၿပီလား။
ခႏၶာကိုယ္အႏွံ႕ျပာျပာသလဲစစ္ေဆးၾကည့္ေတာ့လည္း အေကာင္းပကတိအတိုင္း နာက်င္မႈတစ္စိုးတစ္စိမွ်ပင္မရွိ။ဘယ္ဘက္ပါးတစ္ဖက္နာက်င္ေနသည္မွလြဲ၍ေပါ့။ေတာ္ေသးတာေပါ့...ဟုစိတ္ထဲမွေတြးရင္းသက္ျပင္းခ်မိသည္။
ဒါဆို...သူဘယ္ေရာက္ေနတာလဲ။
"အာ့"
အေလာတႀကီးလႈပ္ရွားလိုက္သည့္အခါမွ လက္ေကာက္ဝတ္မွနာက်င္မႈတခ်ိဳ႕ႏွင့္အတူ တိုင္တစ္ခုတြင္လက္ျပန္ႀကိဳးတုပ္ခံထားရမွန္းသတိထားမိေတာ့သည္။အရမ္းတင္းတင္းၾကပ္ၾကပ္တုပ္ႏွောင္ခံထားရတာမဟုတ္ေသာ္လည္း အခ်ိန္ၾကာၾကာတုပ္ႏွောင္ခံထားရတာေၾကာင့္ နာက်င္မႈကသိသိသာသာပင္။
ကရင္လူမ်ိဳးေလးျဖစ္သည့္ေစာလြန္း၏အသားအရည္သည္ ျဖဴသည္မဟုတ္ဘဲ ပန္းႏုေရာင္ေလးယွက္ေျပးေနကာႏူးညံ့လွသည္။အခုခ်ိန္ ေစာလြန္းလက္ေကာက္ဝတ္မွာႀကိဳးရာေတြနီရဲေနမွာအေသအခ်ာ။
မလုံ႕တလုံကာရံထားသည့္ဝါးကပ္ေတြေၾကာင့္ မနက္ခင္းေနေရာင္ျခည္ႏုႏုသည္ ခပ္ယဲ့ယဲ့တဲအိမ္ေလးထဲသို႔ဟိုတစ္ေျဖာက္ဒီတစ္ေျဖာက္ဝင္ေရာက္ေနသည္။ေစာလြန္းကိုခ်ဳပ္ႏွောင္ထားသည့္တဲေလးသည္အရမ္းမႀကီး၊ပစၥည္းပစၥယလည္းမ်ားမ်ားစားစားမရွိတာေၾကာင့္ ေနအိမ္မဟုတ္ဘဲ နားခိုလို႔ရ႐ုံေဆာက္ထားပုံရသည္။
အနီးနားတြင္ေသာက္ေရအိုးတစ္လုံးကို စင္ျဖင့္ထားရွိထားကာ ပန္းကန္ျပားအုပ္၍ေရခြက္ပါထားေပးထားသည္။အေပၚမွေန ဝါးခေမာင္ေလးကိုအုပ္ထားတာေၾကာင့္ထိုေရအိုးထဲမွေရသည္ေအးျမေနမည္မွာဧကန္ေပ။
ထိုေရအိုး၊ဝါးကပ္နံရံတြင္ခ်ိတ္ထားသည့္ေရနံဆီမီးအိမ္၊တဲဝင္ေပါက္အတတ္အဆင္းလုပ္သည့္ေနရာတြင္ေထာင္ထားေသာဓားမတစ္လက္မွလြဲ၍ ဘာဆိုဘာမွရွိမေနပါ။
သူဘယ္ကိုေရာက္ေနတာလဲ။ညကေသခ်ာေပါက္ဟိုလူယုတ္မာရဲ႕အိမ္မွာပါ။ဒီေနရာကထိုလူ႕ရဲ႕ေနာက္ထပ္ေနရာတစ္ခုပဲလား။ဒါဆို...သူ႕ခႏၶာကိုယ္မွာဘာလို႔ထူးထူးျခားျခားနာက်င္မႈေတြမရွိရတာလဲ။ဒါမွမဟုတ္...ေမာင္လာကယ္တာမ်ားလား။
ဟင့္အင္း မျဖစ္နိုင္ဘူး။ေမာင္လာကယ္တာဆိုရင္သူ႕ကိုဒီလိုခ်ဳပ္ႏွောင္မထားဘဲ သူ႕ရဲ႕အိမ္ကိုေခၚသြားေပးမွာေသခ်ာသည္။ေတြးေနေသာ္လည္းတိက်ေလာက္မည့္အေျဖကထြက္မလာေပ။ေမာင္လာကယ္တာလည္းမဟုတ္ဘူး ဟိုလူယုတ္မာရဲ႕ေနရာလည္းမဟုတ္ဘူးဆိုရင္ တကယ္ပဲသူ႕ကိုဒီေနရာကိုဘယ္သူေခၚလာတာလဲ။
တဲ၏ေဘးပတ္ပတ္လည္ကိုစူးစမ္းၾကည့္လိုက္ေတာ့လည္း စိမ္းစိုေနသည့္သစ္ပင္ႀကီးမ်ားက လူမေနေလာက္မည့္ေနရာျဖစ္ေၾကာင့္မီးေမာင္းထိုးျပေနသည္။ဥၾသတို႔၏တြန္ျမည္ေနသံႏွင့္အတူ က်ီးအာသံမ်ားပါၾကားေနရတာေၾကာင့္ ေစာလြန္းအထင္မမွားဘူးဆိုလွ်င္ ဒီေနရာသည္ေတာအုပ္တစ္ခုသာျဖစ္ရမည္။
"ေဟ့ နိုးၿပီလား"
ေနရာအႏွံ႕မ်က္စိကစားၾကည့္ေနတုန္း တဲေပါက္ဝမွအသံတစ္ခုၾကားလိုက္ရတာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ကတုံးဆံပင္ေပါက္ႏွင့္လူသည္မ်က္ႏွာသုတ္ပုဝါတစ္ထည္ကိုင္ရင္း ေစာလြန္းကိုခပ္ေထ့ေထ့ၾကည့္ေနသည္။စိုစြတ္ေနဟန္ရွိသည့္မ်က္ႏွာေၾကာင့္ အခုမွမ်က္ႏွာသစ္ၿပီးပုံ။
"နိုးလာတာေကာင္းတယ္ မင္းတစ္ညလုံးအိပ္ေပ်ာ္ေနတာ"
ထိုစကားကိုေျပာရင္း တဲထဲသို႔တစ္လွမ္းခ်င္းဝင္ေရာက္လာသည့္အခါ ခပ္ယဲ့ယဲ့တဲအိမ္ေလး၏ၾကမ္းျပင္သည္ ထိုလူ႕အေလးခ်ိန္ေၾကာင့္အိက်သြားေတာ့၏။
"ဘယ္သူလဲ က်ဳပ္ကိုလႊတ္ေပး"
သူ႕ကိုလႊတ္ေပးရန္႐ုန္းကန္ရင္းေအာ္ဟစ္လာသည့္ေကာင္ေလးေၾကာင့္ အာဂနားထဲသို႔လက္ညွိုးထိုးထည့္ရင္း ႏွာေခါင္းရႈံ႕မိသည္။လူေကာင္ေသးသေလာက္အသံကက်ယ္လိုက္ပါဘိ။
"လႊတ္ေပးတာမေပးတာကက်ဳပ္တို႔ဆုံးျဖတ္လို႔မရဘူး မင္းကိုဆရာေခၚလာတာ"
"ဘယ္သူေခၚလာလာလႊတ္ေပး မဟုတ္ရင္မင္းတို႔ကိုတိုင္မယ္"
"တိုင္မယ္ဟုတ္စ ဘယ္သူ႕ကိုလဲ ပုလိပ္ေတြကိုလား"
"က်ဳပ္....."
ေစာလြန္းဘာဆက္ေျပာမလဲမသိေတာ့ေပ။ပုလိပ္ေတြကိုတိုင္ရေအာင္ အဲ့ပုလိပ္ေတြကပဲေစာလြန္းကို....ထပ္မေတြးခ်င္ေတာ့။ဒီဆိုးယုတ္လြန္းသည့္ျဖစ္ရပ္ေတြကို ေတြးမိ႐ုံနဲ႕တင္႐ြံ႕ရွာလာရသည္။
ေျဖရခက္ေနသည့္ေစာလြန္းကိုၾကည့္ရင္း ေရွ႕ကလူကႏႈတ္ခမ္းကိုတစ္ျခမ္းတြန့္႐ုံၿပဳံးကာ မ်က္လုံးတို႔ကိုေမွးစင္းရင္း ဘယ္လိုလဲဟူသည့္အၾကည့္မ်ိဳးႏွင့္စိုက္ၾကည့္ေနသည္။လူဆိုးဟုထင္ရေလာက္ေသာ္လည္း ထိုကတုံးဆံပင္ေပါက္ႏွင့္လူသည္လူဆိုးႏွင့္မတူပါဘဲ လူ႐ႊင္ေတာ္ႏွင့္တူေနသည္မွာ ေစာလြန္းကပဲအျမင္ကတ္သည့္မ်က္လုံးျဖင့္ၾကည့္၍လား သူကပဲတကယ္မ်က္ႏွာေျပာင္ေနေလသလား။
အာဂရဲ႕လူမိုက္ဆန္ဆန္အၿပဳံးနဲ႕ၾကက္သီးထဖြယ္အၾကည့္တို႔ေၾကာင့္ ထိုေကာင္ေလးဘာမွမေျပာနိုင္ေလာက္ေအာင္ေၾကာက္ေနေလာက္ၿပီ။
ဟင္းဟင္း ဒီလိုပဲျဖစ္ရမယ္ေလ။ဓားျပဗိုလ္ႀကီးရာဇရဲ႕တပည့္ကိုအခုလိုပဲေၾကာက္ေနရမယ္။
"ဘာလဲ က်ဳပ္ကိုေၾကာက္ၿပီးေတာ့စကားေတာင္ဆက္မေျပာနိုင္ေတာ့ဘူးလား"
ေစာလြန္းႏွာေခါင္းရႈံ႕ကာ စိတ္ပ်က္တယ္ဟူသည့္အၾကည့္ျဖင့္ၾကည့္ေပးလိုက္သည္။ကိုယ့္႐ုပ္ကိုယ္မွန္ထဲျပန္မၾကည့္ဘဲ ယုံၾကည္ခ်က္ေတြလြန္ကဲေနပါ၏။
"ေၾကာင္ေတာင္ေတာင္ကတုံး"
ႏႈတ္ခမ္းမွတိုးဖြဖြေရ႐ြတ္သံကို ထိုလူမၾကားတာပဲေတာ္ေရာ့သည္။မဟုတ္ရင္ သူတစ္ျပန္ကိုယ္တစ္ျပန္နဲ႕တစ္ပြဲတစ္လမ္းႏႊဲရဦးမွာ။ဘယ္ေနရာလဲမသိေပမဲ့ ေသခ်ာေပါက္ကိုယ္မသိတဲ့သူေတြဆီမွာအဖမ္းခံထားရတယ္ဆိုတာေတာ့ ေစာလြန္းသိလိုက္သည္။ဘာရန္ၿငိဳးရန္စမွမရွိပါဘဲ ဘာေၾကာင့္ဖမ္းေခၚလာရပါသနည္း။
ထိုဆရာဆိုေသာလူကေရာဘယ္သူမ်ားပါလိမ့္။
ဒီေနရာကလြတ္ေျမာက္ဖို႔ဆိုရင္ ထိုလူနဲ႕စကားေျပာၾကည့္မွရေလာက္မည္။ထို႔ေၾကာင့္
"မင္းတို႔ဆရာနဲ႕ေတြ႕ခ်င္တယ္"
<<<<<<
>>>>>>
"ေတာက္စ္ ဘယ္သူလဲ ဘယ္သူလုပ္သြားတာလဲ"
"ေတာင္း..ေတာင္းပန္ပါတယ္မာစတာ ကြၽန္ေတာ္တို႔...."
ျဖန္းးး ျဖန္းးး
ဂ်ပန္တပ္သားေလး၏မ်က္ႏွာသည္ ဟီရိုမာဆာ၏ဘယ္ျပန္ညာျပန္ရိုက္ခ်က္ေၾကာင့္လည္ထြက္သြားေတာ့သည္။ဟီရိုမာဆာ၏မ်က္ႏွာကေတာ့ျဖင့္ ဖူးေယာင္ေနတာျမင္မေကာင္း။ထို႔အျပင္ မ်က္လုံးမ်ားကိုျပဴးထားကာ ေဒါသေၾကာင့္နီရဲေနေလေတာ့ မ်က္ႏွာၿပဲၿပဲသည္ ေပါက္ကြဲထြက္ေတာ့မည့္ပုံျဖစ္ေနသည္။
မေန႕ညကဟိုျဖဴျဖဴေဖြးေဖြးေကာင္ေလးကိုႀကံစည္ဖို႔လုပ္ထားေပမဲ့ ဘာေတြဘယ္လိုလြဲေခ်ာ္သြားလဲဆိုတာလိုက္မမွီနိုင္ေအာင္ပင္။မနက္နိုးလာေတာ့ၾကမ္းျပင္ေပၚမွာလဲလ်က္သားျဖစ္ေနကာ ေကာင္ေလးလည္းမရွိေတာ့ေပ။ဒါ့အျပင္ အျပင္ကအေစာင့္ေတြကပါေမ့သူကေမ့၊မထနိုင္သူကမထနိုင္ႏွင့္ျဖစ္ပ်က္ေနၾကသည္။
ေသခ်ာတာကေတာ့မေန႕က သူတို႔တစ္ေတြ လုပ္ႀကံသူတခ်ိဳ႕၏အတင့္ရဲျခင္းကိုခံလိုက္ၾကျခင္းပင္။ဘယ္သူကမ်ား မာစတာဟီရိုမာဆာကိုအခုလိုလုပ္ရဲရတာလဲ။မိရင္ေတာ့အလြတ္မေပးဘူး။
"မေန႕ကအဖိုးတန္တဲ့ဘာပစၥည္းေတြပါသြားေသးလဲ"
"လက္..လက္နက္ေတြကလြဲရင္ဘာမွပါမသြားပါဘူး မာစတာ"
"ဘာ!!!"
လက္နက္ေတြကသူတို႔အတြက္မရွိမျဖစ္ကို လက္နက္ေတြပဲယူသြားတယ္ဆိုေတာ့ ထိုလုပ္ႀကံသူေတြ၏ရည္႐ြယ္ခ်က္ကဘာမ်ားပါလိမ့္။အဲတာထက္...ဒီတိုက္ခိုက္ခံရမႈအေပၚအထက္အရာရွိေတြကိုဘယ္လိုတင္ျပရပါ့မလဲ။
"မေန႕ညကတိုက္ခိုက္သြားတဲ့သူေတြကို မရရေအာင္စုံစမ္းစမ္း"
"ဟုတ္ကဲ့ပါ...မာစတာ"
အကုန္လုံးထြက္သြားမွဟီရိုမာဆာလက္သီးတင္းတင္းဆုပ္ရင္း မေန႕ညကအေၾကာင္းမ်ားျပန္ေတြးမိသည္။ကုတင္ထက္မွာမ်က္ရည္ေတြစီးက်ရင္း ႐ုန္းကန္ေနရွာသည့္ေကာင္ေလးကအလြန္တပ္မက္ဖြယ္ေကာင္းလြန္းလွသည္။လုပ္ႀကံသူေတြေၾကာင့္သာမဟုတ္လွ်င္ ထိုေကာင္ေလးကိုသူအပိုင္သိမ္းၿပီးေလာက္ၿပီ။အခုေတာ့ ပါးစပ္နားေရာက္မွပုတ္ခ်ခံလိုက္ရသလို လိုခ်င္တာကိုမရလိုက္ေတာ့ ခံျပင္းစိတ္မွတဆင့္ ေဒါသမီးေတာင္ဆီသို႔ကူးေျပာင္းသြားေတာ့သည္။
"အားးးး"
<<<<<<
>>>>>>
"ေဟ့ေကာင္ မ်က္ႏွာကစူပုတ္ပုတ္နဲ႕ဘာျဖစ္လာတာတုန္းကြ"
စူပုတ္ပုတ္မ်က္ႏွာေဘးနဲ႕မနက္စာဝိုင္းမွာလာထိုင္တဲ့အာဂကိုမာနေမးလည္းေမးရင္း နရင္းလည္းအုပ္လိုက္သည္။
ေျဖာင္းး
"အာ့ ေခြးမသား မင္းဘိုးေအမို႔ရိုက္တာလား"
"ေအး ငါ့ဘိုးေအကဆုံးသြားတာၾကာၿပီ"
မနက္ခင္းေလးကိုႏွစ္ေယာက္သားအဆဲေလးေတြနဲ႕စတင္ေနခ်ိန္မွာ ရာဇနဲ႕ေသာ္ကကေတာ့ထမင္းၾကမ္းကိုဆီဆားနယ္ကာ အာၿပဲေျခာက္ဖုတ္ျဖင့္စားေနေခ်ၿပီ။ေတာထဲမွာျဖစ္တာေၾကာင့္ ပဲျပဳတ္နံျပားတို႔လက္ဖက္ရည္တို႔ရွိမေနပါ။အသားက်ေနတဲ့အေျခအေနျဖစ္တာေၾကာင့္ ႀကဳံသလိုသာအဆာေျဖလိုက္ၾကတာျဖစ္သည္။
"ဆရာ မေန႕ကလူနိုးေနၿပီဗ် ဆရာနဲ႕ေတြ႕ခ်င္လို႔တဲ့"
ထိုအခိုက္ ထမင္းလုတ္သြင္းေတာ့မည့္ရာဇ၏လက္သည္လမ္းတစ္ဝက္တြင္ရပ္တန့္သြားကာ အာဂကိုေမာ့ၾကည့္သည္။
"အင္း"
ထိုတစ္ခြန္းေျပာၿပီးေနာက္ ဘာမွမျဖစ္သလိုပင္ ထမင္းကိုျမန္ျမန္သြက္သြက္စားလိုက္၏။
"ေသာ္က ေတာထဲမွာငွက္ေပ်ာသီးနဲ႕တျခားအသီးတခ်ိဳ႕သြားခူးထားလိုက္ မွည့္တာေနာ္"
"ဟုတ္ကဲ့ဆရာ"
"ဘာလုပ္မလို႔လဲ ဆရာရဲ႕"
ေစခိုင္းခံရသူေသာ္ကက တစ္ခြန္းဆိုတစ္ခြန္းအမိန့္ကိုနာခံေသာ္လည္း ေနရာတကာမိန္းမႀကီးတစ္ေယာက္လိုဟိုစပ္စပ္ဒီစပ္စပ္ပါတတ္သည့္အာဂကဝင္၍အထြန့္တတ္တာေၾကာင့္ မာနဇက္ပိုးအုပ္ခ်င္စိတ္ကိုထိန္းေနရသည္။
ၾကာရင္ ဒီေကာင္ဆရာ့ရဲ႕ေဒါသနဲ႕ေတြ႕ေတာ့မွာပဲ။
"မင္းဖင္ထဲထည့္မလို႔ေဟ ရွင္းၿပီလား"
"ေဟ့ေကာင္ မင္းမမိုက္ရိုင္းနဲ႕ ဆရာစားမဲ့ငွက္ေပ်ာသီးကိုဘာကိစၥငါ့ဖင္ထဲထည့္ရမွာလဲကြ"
"ဒီနလပိန္းတုံးေကာင္ကေတာ့... ငါေခါက္ထည့္လိုက္လို႔ မင္းရဲ႕ကတုံးထိပ္ပိန္သြားေတာ့မယ္ ငါေနာ္...ငါ"
"ဘာလဲ လုပ္ၾကည့္ေလ...မင္းရဲ႕ေကာက္ေနတဲ့ဖင္ကိုဝါးျခမ္းျပားနဲ႕ရိုက္ပစ္မွာ"
"ဘာကြ!!"
အာဂ၏အာေခ်ာင္မႈေၾကာင့္မာနတစ္ေယာက္ေဒါသေတြထြက္ကာ ေရွ႕ကေကာ္ေရခြက္ျဖင့္အာဂ၏ဂ်ိဳေစာင္းကိုေခါက္ခ်လိဳက္သည္။
ဂြက္!
အေခါက္ခံရတာေတာင္္ ဂ်ိဳေစာင္းကိုလက္ျဖင့္ပြတ္ကာ မ်က္လုံးကိုေစြ၊လွ်ာကိုထုတ္ရင္း မာနကိုေျပာင္ျပေနသည့္အာဂ။သို႔ေသာ္...ဘာမွေတာ့ျပန္မလုပ္။
မာနေဒါသထြက္လည္းထြက္ခ်င္ရာေပ။ဘာေၾကာင့္ဆို ထိုဖင္ေကာက္သည့္ျပႆနာသည္မာန၏အထိခိုက္မခံ၊အစမခံသည့္တစ္ခုတည္းေသာအရာျဖစ္ေသာ္လည္း အာဂကေတာ့တစ္ခါတစ္ရံစေနာက္တတ္သည္။ဤသို႔ႏွယ္ တစ္ေယာက္ကေဒါသထြက္ တစ္ေယာက္ကမ်က္ႏွာေျပာင္ရင္းရန္ပြဲကရပ္သြားရစၿမဲ။
"မင္းတို႔ေတာ္ၾကေတာ့"
ၾကည္လင္ျပတ္သားသည့္အသံျဖင့္ေသာ္ကဝင္၍တားဆီမွ ႏွစ္ေကာင္လုံးအၾကည့္ခ်င္းစစ္ျဖစ္ေနရာမွရပ္တန့္ေတာ့သည္။ထို႔ေနာက္ ဆရာ့အားေတာင္းပန္ရန္လွည့္ၾကည့္လိုက္ေတာ့ ေနရာတြင္ဆရာကမရွိေတာ့။
"ဟာ ဆရာဘယ္ေရာက္သြားတာလဲ စိတ္တိုသြားၿပီလားမသိဘူး အဲ့တာမင္းေၾကာင့္ မာန"
"ဘယ့္ႏွယ္ငါ့ေၾကာင့္ျဖစ္ရမွာလဲ မင္းေၾကာင့္"
"မင္းေၾကာင့္"
"မင္းေၾကာင့္"
တစ္ေယာက္ႏွင့္တစ္ေယာက္လႊဲခ်ရင္းျငင္းခုံေနသည့္အာဂနဲ႕မာနကိုၾကည့္ရင္းေသာ္ကစိတ္ပ်က္စြာသက္ျပင္းခ်မိသည္။ဒီႏွစ္ေကာင္ ရန္မျဖစ္တဲ့ေန႕ဆိုတာ အေနာက္အရပ္ကေနထြက္ရင္ေတာင္ရွိမွာမဟုတ္ဘူး။
.
.
ရာဇမေန႕ညကသူေခၚလာတဲ့ေကာင္ေလးရွိသည့္တဲအိမ္ေလးဆီသို႔ေလွ်ာက္လာလိုက္သည္။ထိုေကာင္ေလးမွာေမးစရာေမးခြန္းေတြမ်ားေနလိမ့္မည္ကိုေတြးၾကည့္႐ုံႏွင့္သူသိသည္။
တဲေလးထဲဝယ္ ခ်ဳပ္ႏွောင္ခံထားရသည့္အတိုင္း စိတ္ပ်က္လက္ပ်က္ဟန္ျဖင့္သူ႕အေရွ႕ကေရအိုးေလးကိုၾကည့္ေနသည့္ေကာင္ကေလး။မေန႕ညတည္းကအခုလိုႀကိဳးျဖင့္ခ်ည္ႏွောင္ခံထားရတာေၾကာင့္ ေညာင္းညာကာေရဆာေနေပလိမ့္မည္။သို႔ေသာ္...ရာဇလည္းမတတ္နိုင္ခဲ့ပ။ကိုယ္ေတြအိပ္ေနတုန္းထြက္ေျပးသြားလွ်င္ဘယ့္ႏွယ္လုပ္ပါလိမ့္မလဲ။ ထို႔ေၾကာင့္ခ်ည္ထားလိုက္ရတာ။ဒါေပမဲ့ အခုလိုေလးျမင္လိုက္ရေတာ့လည္းက႐ုဏာသက္မိသည္။ဒီေကာင္ေလးမွာအျပစ္တစ္ခုမွမရွိဘဲေလ။
တဲေလးေပၚသို႔တတ္သြားလိုက္ေတာ့ ရာဇကိုၾကည့္လာသည့္မ်က္လုံးဝိုင္းဝိုင္းတို႔ကိုအၾကည့္လႊဲရင္း ေရအိုးထဲမွေရတစ္ခြက္ခပ္ကာထိုေကာင္ေလးအားကမ္းေပးလိုက္သည္။
"ခင္ဗ်ားေရဆာေနတယ္မလား ေသာက္လိုက္ေလ"
က႐ုဏာသက္သည့္အသံျဖင့္ႏူးညံ့စြာေျပာခ်င္ေသာ္လည္း ရာဇခက္ထန္၏ဗီဇအရထြက္ေပၚလာေသာအသံမွာမာထန္ေနသည္။ထိုအခါ အေရွ႕ကေကာင္ေလးကမ်က္ေမွာင္ၾကဳတ္၍ေရခြက္ကိုတစ္လွည့္ရာဇကိုတစ္လွည့္ၾကည့္ေနသည္။
ေစာလြန္းေရခြက္ကမ္းေပးေနသည့္လူကိုမယုံၾကည္ရဲစြာၾကည့္ေနမိသည္။မေန႕ညကလည္း ေရထဲမွာအိပ္ေဆးခပ္ၿပီးလုပ္ႀကံခံခဲ့ရတာပဲ။အခုလည္းအဲ့လိုထပ္ျဖစ္ရင္ဘယ့္ႏွယ္လုပ္မလဲ။ေစာလြန္းမည္သူ႕ကိုမွမယုံရဲပါ။
"ခင္ဗ်ား ေရထဲမွာဘာေတြထည့္ထားေသးလဲ"
သူေမးလိုက္ေတာ့ ထိုလူကဘာမွမသိသည့္ဟန္ျဖင့္ ေရခြက္ထဲကိုတစ္ခ်က္ျပန္ၾကည့္ရင္း...
"က်ဳပ္ကဘာေတြထည့္ထားရမွာလဲ"
ၾကည့္ရတာေတာ့ တကယ္ကိုဘာမွထည့္ထားပုံမရ။
"မထည့္ထားရင္ၿပီးေရာ ခင္ဗ်ားအဲ့လိုကမ္းေပးေနတာကြၽန္ေတာ္ဘယ္လိုေသာက္ရမွာလဲ လက္ကႀကိဳးတုပ္ခံထားရတာေလ"
"အာ...."
ထိုအခါမွထိုေကာင္ေလးလက္မအားမွန္း ရာဇသတိရသည္။သို႔ေသာ္ အခုျဖဳတ္ေပးလို႔မျဖစ္ေသးေပ။ခ်က္ခ်င္းႀကီးျဖဳတ္ေပးလိုက္လို႔ တြန္းထိုး႐ုန္းကန္လာမွျဖင့္။ထို႔ေၾကာင့္ ေရခြက္ကိုကိုင္ရက္သားႏွင့္ ထိုေကာင္ေလးကိုတိုက္ေပးလိုက္သည္။ေရအေတာ္ဆာေနပုံရေသာေကာင္ေလးမွာလည္း မျငင္းဆန္ပါဘဲအငမ္းမရေသာက္၏။
မ်က္ႏွာႏုႏုေပၚကလက္ဖဝါးရာကိုသတိထားၾကည့္မိေတာ့ နီရဲ႐ုံတင္မဟုတ္ဘဲ အညိုဘက္ပင္သန္းေနေခ်ၿပီ။ဂ်ပန္ေတြရက္စက္တယ္ဆိုတာေတာ္႐ုံမဟုတ္ေပ။ထိုေကာင္ေလးကံေကာင္းလို႔သာရာဇတို႔နဲ႕ဆုံသြားတာ။
ေရတိုက္လို႔ၿပီးသြားေတာ့ ထိုေကာင္ေလးေရွ႕တြင္ထိုင္ခ်ရင္း အဆင္သင့္ယူလာသည့္ဒဏ္ေၾကလိမ္းေဆးပုလင္းေလးကိုအိပ္ကပ္ထဲမွထုတ္လိုက္သည္။ထို႔ေနာက္ ေဆးအနည္းငယ္ကိုလက္ညွိုးျဖင့္ကေလာ္ထုတ္လိုက္သည္။ေကာင္ေလးကေတာ့ သူ႕လုပ္ေနသည္မ်ားကိုမ်က္လုံးဝိုင္းေတြျဖင့္လိုက္ၾကည့္ေနေလာက္မည္မွန္း မၾကည့္ဘဲႏွင့္ေတာင္ရာဇခန့္မွန္းနိုင္သည္။
"ဘာလုပ္တာလဲ"
ေစာလြန္းမ်က္ႏွာဆီသို႔လွမ္းလာသည့္လက္ကို မ်က္ႏွာလႊဲကာေရွာင္ရင္းေမးလိုက္သည္။
"ခင္ဗ်ားမ်က္ႏွာေယာင္ေနတယ္ ေဆးမလိမ္းရင္ပိုဆိုးသြားလိမ့္မယ္"
တကယ္ဆိုနိုးလာကတည္းကဘယ္ဘက္ပါးျပင္တစ္ျခမ္းလုံးသိသိသာသာကိုစပ္ျဖင္းျဖင္းျဖင့္နာေနခဲ့တာ။ကိုယ့္ကိုဖမ္းထားတဲ့လူေတြဆီကေဆးလိမ္းေပးတာခံရလိမ့္မည္ဟုမထင္ထားတာေၾကာင့္ ခဏတာအံ့ၾသသြားသည္ကေတာ့အမွန္ပင္။
"ၿပီးေရာ"
ထို႔ေနာက္ ထိုလူကမ်က္ႏွာဆီသို႔ခပ္ဖြဖြလိမ္းေပးသည္။ေျဖးညင္းလြန္းတာေၾကာင့္ ေဆး၏ေအးျမျမအထိအေတြ႕ကလြဲလွ်င္ ထိုလူ႕လက္၏အထိအေတြ႕ကိုေတာင္ မခံစားရေလာက္သည္အထိ။
"လက္ေတြေရာ နာေနလား"
"နာတာေပါ့ ခင္ဗ်ားတို႔တစ္ညလုံးခ်ည္ထားတာ"
နာေနမယ္မွန္းသိေသာ္လည္း ကာယကံရွင္ကလိမ္းခ်င္ပါ့မလားမေသခ်ာတာေၾကာင့္ ေမးၾကည့္လိုက္ျခင္းျဖစ္သည္။
"ခင္ဗ်ား ထြက္ေတာ့မေျပးဘူးမလား"
ခ်ည္ႏွောင္ထားသည့္ႀကိဳးတို႔ကိုျဖည္ခ်ေပးရင္း ရာဇေမးလိုက္သည္။
"ထြက္ေျပးခ်င္ရင္ေရာ ရမွာမို႔လို႔လား"
"မရဘူး"
ထိုလူ႕စကားေၾကာင့္ေစာလြန္းႏွာေခါင္းရႈံ႕မိသည္။ထြက္ေျပးလို႔မရမွန္သိရက္နဲ႕ ေမးေနေသးတယ္။
ျဖဴေဖြးကာသြယ္လွေနသည့္လက္ကေလး၊ရာသီဥတုအေအးဒဏ္ေၾကာင့္လက္ေခ်ာင္းအဖ်ားေလးေတြနီရဲေနကာေယာကၤ်ားေလးတစ္ေယာက္၏လက္ဟုပင္ထင္ရက္စရာမရွိ။လက္ေကာက္ဝတ္ဆီသို႔ေဆးကိုဝင္ေအာင္ လိမ္းေပးရင္းေဆးဘူးအဖုံးကိုျပန္ပိတ္လိုက္သည္။
"အခုေျပာ ကြၽန္ေတာ့ကိုဘယ္ေတာ့ျပန္ပို႔ေပးမွာလဲ"
"မပို႔ေပးဘူး"
ခ်က္ခ်င္းျပန္ေျဖလာသည့္စကားေၾကာင့္ ေစာလြန္းအံ့ၾသသြားသည္။မပို႔ေပးဘူးဆိုေတာ့ ေစာလြန္းကသူတို႔နဲ႕တစ္သက္လုံးတူတူေနရမွာလား။
"ဘာလို႔လဲ ခင္ဗ်ားတို႔ကိုကြၽန္ေတာ္ဘာလုပ္ထားလို႔ကြၽန္ေတာ့ကိုဖမ္းထားရတာလဲ"
"ခင္ဗ်ားမေန႕ညကက်ဳပ္တို႔ဓားျပတိုက္တဲ့အခ်ိန္မွာရွိေနခဲ့တယ္ သတိသိပ္မရွိေပမဲ့လို႔ေပါ့ ဒါတင္မကေသးဘူး အခုဆိုက်ဳပ္တို႔ရဲ႕တည္ေနရာကိုပါသိသြားၿပီေလ အဲေတာ့ခင္ဗ်ားကိုျပန္လႊတ္ေပးလို႔မရဘူး"
ထိုလူေျပာသြားသည္မ်ားကိုေစာလြန္း ဘာမွလိုက္မမွီေတာ့ေပ။ဓားျပတိုက္တာေတြေရာ၊တည္ေနရာသိတာေတြေရာ ဘာေတြလဲ။
"ခဏ ဓား..ဓားျပဟုတ္လား"
"အင္း က်ဳပ္နာမည္ရာဇ ဓားျပဗိုလ္ရာဇ"
"ဘယ္လို!!"
ဗိုလ္ရာဇ...ေစာလြန္းနားၾကားမွားတာမဟုတ္ပါဘူးေနာ္။အခုသူ႕ေရွ႕မွာရွိေနသည့္ မုတ္ဆိတ္ေမႊး၊ႏႈတ္ခမ္းေမႊးႏွင့္ခံ့ညားသည့္အသြင္ရွိသည့္ေထာင္ေထာင္ေမာင္းေမာင္းလူႀကီးက ဓားျပတဲ့။အဲတာကလည္း ေစာလြန္းနာမည္ၾကား႐ုံႏွင့္တင္ မုန္းေနမိေသာဗိုလ္ရာဇ။
"ျပန္ပို႔ေပး ကြၽန္ေတာ့္ကိုအခုခ်က္ခ်င္းအိမ္ျပန္ပို႔ေပး"
"က်ဳပ္ပို႔ေပးလို႔မရဘူး"
"ဘာလို႔မရရမလဲ ခင္ဗ်ားတို႔ကြၽန္ေတာ့္ကိုတမင္ဖမ္းထားတာမလား"
"ထင္ခ်င္သလိုထင္ က်ဳပ္ေျပာၿပီးသား ခင္ဗ်ားကိုလႊတ္ေပးလို႔မရေသးဘူး"
"ခင္ဗ်ား မုန္းဖို႔ေကာင္းတဲ့ဓားျပ"
ထိုစကားေၾကာင့္ရာဇလႈပ္ရွားမႈေတြအကုန္ရပ္တန့္ကာ အေရွ႕ကေကာင္ေလးကိုစိုက္ၾကည့္လိုက္မိသည္။သူ႕ဘဝမွာမုန္းတယ္ဆိုသည့္စကားကိုဘယ္သူ႕ဆီကမွ မၾကားဖူးခဲ့။
အခုေတာ့...သူႏွင့္သိပ္မရင္းႏွီးသည့္အသားျဖဴျဖဴေကာင္ေလးတစ္ေယာက္ဆီမွၾကားလိုက္ရသည္ေၾကာင့္ အံ့အားသင့္မႈႏွင့္အတူ ခံစားလိုက္ရသည့္နာက်င္မႈေလးတစ္ခု။
မ်က္ႏွာေတြနီရဲကာ ႐ြံရွာသလိုၾကည့္ေနသည့္ေကာင္ေလးက ရာဇကိုတကယ္မုန္းတီးေနဟန္။
*မုန္းဖို႔ေကာင္းတယ္တဲ့လား*
<<<<<<
>>>>>>
ဗိုလ္ရာဇကိုPOLနဲ႕မတူဘဲ ေအးေအးၿငိမ့္ၿငိမ့္ေလးသြားၾကမယ္ တစ္ခါတစ္ရံဟာသေလးေတြနဲ႕ေပါ့><
ဗိုလ္ရာဇေနာ္။ဗိုလ္ရာဇာမဟုတ္ဘူး မွားမွာစိုးလို႔။အဲ့အခ်က္ေလးသတိထားေပးၾကပါ။
ဂ႐ုစိုက္ၾကပါ ခ်ီ့ဆာကူရာေလးတို႔
ေဆးပန္းခ်ီ🌸
၁၄.၁၂.၂၀၂၁💜