Eastern Palace (Goodbye my pr...

By sy_in_love

5.6K 969 144

🦊🏜️ ကောင်းကင်ဘုံ၏ အကြီးမားဆုံး သော အပြစ်ဒဏ်မှာ အရာရာကို မေ့ပစ်လိုက်နိုင်စွမ်း မဟုတ်ခဲ့ပဲ အရာအားလုံးကိုအမြဲ... More

intro
အပိုင်း-၁
အပိုင်း ၂
အပိုင်း-၃
အပိုင်း ၄
အပိုင်း ၅ .၁
အပိုင်း၆
အပိုင်း-၇
အပိုင်း ၈
အပိုင်း_၉
အပိုင်း -၁၀
အပိုင်း -၁၁
အပိုင်း -၁၂
အပိုင်း ၁၃
OST
အပိုင်း ၁၄
အပိုင်း-၁၅
အပိုင်း ၁၆ (part 1)
အပိုင်း ၁၆ (part 2)
အပိုင်း ၁၇.၁
အပိုင်း ၁၇.၂
အခန်း ၁၈
အခန်း ၁၉
အခန်း -၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း 24

အပိုင်း-၅.၂

130 32 0
By sy_in_love

🦊🏜️

ထင်တဲ့အတိုင်းပဲ အားတု သူ့ရဲ့ ရွှေရောင်ဓားကောက်လေးကို ဆွဲထုတ်ပြီး‌ နေ ပြီ။

တကယ်လို့ငါသာ သူမကို ဆွဲမထားခဲ့ရင် အခုချိန် အားတု က အဲ့ဒီ တရားသူကြီးရဲ့ နားရွက်တွေကို ဖြတ်ပြီးနှင့်လောက်ရောပေါ့ ။

အားတု မတ်တပ်ရပ်ရင်း နဲ့ပဲ တရားသူကြီးကို ရန်လိုတဲ့ အကြည့်တွေနဲ့ကြည့်နေတုန်း  ။
ဘေးနားက တရားရုံးအလုပ်သမားတွေက
" တရားရုံးတော်ထဲမှာ ချွန်ထက်တဲ့ အရာတွေသယ်လာလို့မရဘူး" ဆိုပြီးအော်ကြတယ် ။

အားတုက ငါ့လက်ကနေရုန်းဖို့ မကြိုးစားဘူး ။ ဒါပေမဲ့ နှင်းကျသလို မျိုးလှုပ်ရှားမှုတခုနဲ့ အတူ ဓားကိုတချက်ဝှေ့လိုက်ပြီး ခဏကြာတော့ ဓားကို ပြန်သိမ်းလိုက်တယ် ။

သူမရုတ်တရက် မိုးကြိုးပစ်သလိုအလျင်နဲ့ လှုပ်ရှားသွားတာ လူအုပ်ကြီး ခမျာ တုံပြန်ဖို့အချိန်ဆိုတာတောင် ရှိမနေခဲ့ဘူး ။

တရားသူကြီးရဲ့ စားပွဲပေါ်က အနီရောင်တုတ်ချောင်းတွေထည့်ထားတဲ့ ဘူးက "ဖောင်း" အသံတချက်နဲ့အတူ ပွင့်ထွက်လာတယ် ။

ဘူးထဲက အနီရောင်တုတ်ချောင်းတွေက မြေကြီးပေါ်ပြန့်ကျဲလို့ ၊ တုတ်တချောင်းချင်းစီ ကလည်း ထက်ခြမ်းတွေ ကွဲလို့ ။


ဘူးထဲမှာအနည်းဆုံး တုတ်ချောင်း ၆ ချောင်းလောက်ရှိတာ၊ မျက်စိတမှတ်အတွင်းမှာပဲ တုတ်တွေအကုန်လုံး က အလယ်ကနေထက်ခြမ်းကွဲလို့ အားတု ရဲ့ ဓားစာ မိသွားပြီ ။

တရားရုံးထဲက လူတွေက အံ့အားသင့်ကုန်ကြတဲ့ အပြင် တရားရုံး အပြင်ဘက်က လူတွေကလည်း "ကောင်းလိုက်တဲ့ပြကွက်" ဆိုပြီး ဆူဆူညံညံ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ် ။

တံခါးနားတရားရုံးအလုပ်သမားတွေကတော့ ဒါက ပြကွက်တခုမဟုတ်ပဲ ဓားစွမ်းရည်ဆိုတာ သတိထားမိကြတယ် ။

တရားသူကြီးကတော့ လန့်လွန်းလို့ သူ့မျက်နှာအရောင်တောင် ပြောင်းသွားပြီ ဒါပေမဲ့ သူတည်ငြိမ်ချင်ယောင်ဆောင်လိုက်ရင်း
"လူတွေလာကြစမ်း...တရားရုံးထဲ မှာ ဘာလို့လက်နက်တွေယူလာတာလဲ!!!"

တရားရုံး အလုပ်သမားတွေက အားတုလက်ထဲက ဓားကို ဖယ်ရှားဖို့ ရှေ့တိုးလာကြတယ် ။

"နင်တို့ ငါတို့ အနားကို ကပ်လာရဲရင် သူမက နင်တို့နားတွေကိုဖြတ်ပစ်တဲ့အခါ ငါသူမကို အဲ့လိုမလုပ်ဖို့ တားနေမှာတော့ မဟုတ်ဘူးနော် " လို့ငါပြောလိုက်တယ် ။

ဝမ်နျန်းတရားသူကြီးက
"ဒါက ဝမ်နျန်းတရားရုံးပဲ မင်းတို့ ဆန့်ကျင်ဖို့ကြိုးစားနေကြတာလား !!''

"တရားသူကြီးမင်း အထင်လွဲနေပါပြီ"

"တကယ်လို့ ပုန်ကန်သူအဖြစ်သတ်မှတ်မခံချင်ဖူးဆိုရင်  ဓားကို မြန်မြန် အပ်လိုက်စမ်း....' ဝမ်နျန်းတရားသူကြီး စကားတောင် ပြောလို့ မပြီးသေးခင်မှာပဲ အားတုက သူ့ကို စိုက်‌ကြည့်နေပြီ ။
သူကိုယ် အနေအထား တချက်ပြန်ပြင်လိုက်ပြီး " ဓားကို မြန်မြန် ဖယ်လိုက် " လို့ပြောလိုက်တယ် ။

အားတုက  ဓားကို သူမ ခါးကြားထဲကို ပြန်သိမ်းလိုက်ပြီ ။ငါထင်တာ ငါတို့ဒီနေ့ ပြသနာ အကြီးကြီးတော့ တက်ပြီပဲ ။ ပြသနာကို ဘယ်လိုတောင် အဆုံးသတ်ရမလဲ မသိတော့ဘူး ။

အားတုဓားကို သိမ်းလိုက်တာမြင်လိုက်ရတော့  တရားသူကြီးခမျာ နည်းနည်းစိတ်သက်သာရရသွားတဲ့ ပုံပဲ ။ တရားသူကြီးက သူ့ဘေးက အကြံပေးကို ကြည့်လိုက်တော့ အဲ့အကြံပေးက အောက်ကိုဆင်းလာပြီး
"ဒီကသူရဲကောင်း နှစ်ယောက်က သိုင်းပညာ ဒီလောက်ကောင်းတာ ဘယ်ပုဂ္ဂိုလ် ဆီမှာများအမှုထမ်းပါသလဲ ?" လို့လာပြောတယ် ။

ငါသူဘာပြောနေမှန်းတောင် နားမလည်ဘူး ။
မျက်ဖြူ‌ေနာက်လှန် ပြလိုက်ရင်း " ပိုပြီး ရှင်းရှင်းလင်းလင်း ပြောစမ်းပါ "လို့‌ပြန်ပြောလိုက်တယ် ။

အကြံပေးက အသံခပ်တိုးတိုးနဲ့ " တရားသူကြီးဆိုလိုတာက မင်းတို့နှစ်ယောက် ဒီလောက် သိုင်းပညာကောင်းက ဘယ်သူ့ဆီမှာ အလုပ်လုပ်တာလဲတဲ့ "

ငါ ရီတောင်ရီလိုက်မိပြီ။

လတ်စသတ်တော့ ဒီတရားသူကြီးက သူ့အတွက် အကျိုးမရှိတာတွေဖြစ်မှာကြောက်နေတာပေါ့ ။

ငါတို့က ဒီလောက်တောင် ဆူဆူညံညံဖြစ်အောင်လုပ်လိုက်တော့ ငါတို့က အာဏာရှိတဲ့ နောက်ခံအင်အားတခုခုကနေ လာကြတယ်လို့ထင်သွားပုံရတယ် ။
ရှစ်ဆယ်ရာခိုင်နှုန်းတော့ ငါတို့က ချမ်းသာတဲ့အိမ်ကလာတဲ့ သိုင်းပညာရှင်‌ေတွ လို့ ထင်နေတဲ့ပုံပဲ ။
I
ငါ ခဏပြန်တွေးဆဆ လုပ်လိုက်တော့ တကယ်လို့ ငါသာ လီချန်းရင် ရဲ့ နာမည်ကို ထုတ်ပြောလိုက်ရင် တရားသူကြီးကငါတို့ကို ယုံကြည်မှာမဟုတ်ဘူး ။

ဟုတ်ပြီ!! အကြံတခုရပြီ !!

သူကို "ငါ့ရဲ့ ဆရာက စစ်သူကြီးဖေ့ကျောက်ပဲ " လို့ အသံနှမ့်ပြီးပြောလိုက်တယ် ။

အကြံပေးကရုတ်တရက် တစုံတခုကို သဘောပေါက်သွားတဲ့ပုံပဲ နောက်ပြန်လှည့်လာပြီး
သူပါးစပ်နားမှာ လက်ကို ခပ်အုပ်အုပ်နဲ့
"ဒါဆို မင်းတို့က စစ်သူကြီးဖေ့ကျောက် ရဲ့ ယွီလင်းလန်က လူတွေပေါ့ ။ မင်းတို့ အရမ်းကိုထူးချွန်နေကြတာ အံ့ဩစရာမရှိတော့ပါဘူး " လို့ပြောလာတယ် ။

အဲ့ဒီ ယွီလင်းလန် အယုတ်တမာကောင်တွေနဲ့တော့ ငါ မပက်သက်ချင်ပါဘူး ။ ဒါပေမဲ့ ငါ‌မပြောလို့လည်းမရဘူးလေ ။ စကားပုံ တခုရှိတယ်မလား : ဉာဏ်ကောင်းတဲ့သူတယောက်က အခြေအတွေ အရေးမသာရင် တိုက်ခိုက်ဖို့ထက်သာတဲ့ နည်းလမ်းကိုသိကြတယ်လေ ။

အကြံပေးက သူ့နေရာကို ပြန်ရောက်သွားပြီး တရားသူကြီး ရဲ့နားထဲ ကိုတခုခု ကပ်ပြောလိုက်တယ် ။

ဝမ်နျန်းတရားသူကြီးရဲ့မျက်နှာပေးက ချက်ချင်းပဲ မာရေကြောရေ အပြည့်နဲ့ ဖြစ်သွားပြီး သူ့ရှေ့က သစ်သားတုံးကိုတူနဲ့ ရိုက်တော့တယ် "ဖေ့စစ်သူကြီးရဲ့အမိန့်ကို လိုက်နာရတဲ့ လူတွေဆိုမှတော့ ငါတို့ ဖေ့စစ်သူကြီးကို စစ်ဆေးမေးမြန်းဖို့ ဖိတ်ခေါ်သင့်တာမဟုတ်ဖူးလား !"

ခန္ဓာကိုယ်ကြီးတောင် တွန့်လိမ်တွန့်လိမ်ဖြစ်ချင်သွားတယ်။

တရားသူကြီးက ဒီလိုအကွက်ရွှေ့လိမ့်မယ်လို့ငါမထင်ခဲ့မိဘူး ။

ငါ အခုမှ စဉ်းစားမိတယ် တကယ်လို့ဖေ့ကျောက်သာ အရှေ့နန်းတော် ထဲမှာ အလုပ်များနေခဲ့ရင် ဒီအခြေအနေထက်ကို ပိုဆိုးလိမ့်မယ် ။

တကယ်လို့ သူကိုယ်တိုင်မလာခဲ့လို့ မသိတဲ့ တယောက်ယောက်ကိုအစားလွှတ်ခဲ့ရင် ..ငါမသက်မသာဖြစ်လာပြီ။
တကယ်ပဲ တရားရုံးမှာရန်ဖြစ်ပြီး ပဲ ထွက်ပြေးရတော့မှာလား။

နောက်မှ ဖေ့ကျောက် ငါ့ကို ပြန်ပြောပြတာ ဝမ်နျန်း အောက်ပိုင်း တရားရုံက တရားသူကြီးက ခုနှစ်အဆင့်ပဲရှိတဲ့ တရားရေးဝန်ထမ်းလေးဆိုပေမဲ့ ၊
ဒီ ဝမ်နျန်းတရားရုံးက မြို့တော်ရဲ့ အရှေ့ပိုင်းမှာ ရှိတော့ သူကိုင်တွယ်ရတဲ့အမှုတွေက ခက်ခဲတယ်တဲ့။

ဒီလို အမှုတွေကိုင်တွယ်ရတဲ့ အရာရှိတွေက အရည်အချင်းရှိတဲ့ အရာရှိတွေပေါ့။

ငါတို့ ဒီလောက်ဆူဆူညံညံဖြစ်အောင် လုပ်ကြတာလည်း တွေ့ပြီး အမှုကိုလည်း ဖြေရှင်းရတာခက်ခဲနေတဲ့အချိန် ငါတို့ကဖေ့ကျောက်ရဲ့ လူတွေဆိုတာကြားလိုက်ရတော့ တရားသူကြီးက တကယ်ပဲ လူလွှတ်ပြီး ဖေ့ကျောက်ကို ဒီကိုအခေါ်လွှတ်လိုက်တယ် ။

ဒီအမှုထမ်းရေးရာတွေက ရှုပ်ထွေးလိုက်တာ ဖေ့ကျောက်ငါ့ကို တစ်မနက်ခင်းလုံးထိုင်ပြောပြနေတောင် ငါကတော့နားလည်လာမယ့် အထဲမှာ ပါမနေခဲ့ဘူး ။

တိုက်တိုက်ဆိုင်ဆိုင်  ဒီနေ့ ဖေ့ကျောက် အလုပ်မရှိဖူးထင်တယ် ။ အခေါ်လွှတ်လိုက်တော့ သူတကယ်ပဲရောက်လာတယ် ။

ဖေ့ကျောက်က ဒီနေ့ ချပ်ဝတ်တန်ဆာတွေ ဝတ်မလာခဲ့ဘူးပဲ ။ ဒါပေမဲ့ အမှုထမ်းဝတ်ရုံတော့ ဝတ်လာတယ် ။

သူဒီလိုဝတ်တာ ငါတခါမှ မမြင်ဖူးဘူး ။

ဘာလို့လဲဆိုတော့ ငါသူကို တခါ‌တလေ မျက်နှာချင်းဆိုင်တွေ့တဲ့အခါတိုင်း သူကအရှေ့နန်းတော်မှာ ချပ်ဝတ်တန်ဆာအပြည့်နဲ့ အလုပ်များနေလေ့ရှိတာလေ ။

သူဝင်လာတော့ ပထမ မှတ်တောင်မမှတ်မိချင်ဘူး ။
သူ့ခါတိုင်းပုံစံ နဲ့ အရမ်းကိုကွာခြားလွန်းနေတာကိုး ။ ခန့်ညားတဲ့ ပညာရှိ နဲ့တောင်တူနေတယ် ။

သူငါနဲ့ အားတုကိုကြည့်လာတယ် ။ငါကတော့ တုပ်တုပ်မှ ကိုမလှုပ်ဘူး ။ တရားသူကြီးကတော့ နေရာကနေထပြီး ခရီးဦးကြိုမှုပြုနေပြီ ။ မျက်နှာမှာ အပြုံးအပြည့်အနှက်နဲ့ " ဖေ့ကျောက်စစ်သူကြီးကို ကျနော် တမင် အနှောက်အယှက်ပေးချင်လို့တော့မဟုတ်ရပါဘူး "


                                                                                                                                    
အခန်း ၆ဆက်ရန် _____
____________________________
T/N
နောက်သုံးရက်ကြာရင်အပိုင်းခြောက် လာပါမယ်ရှင် ။
လီချန်းရင် မပါတော့ မပျော်ဘူး ဖြစ်နေတာ ။ reading list ထဲထည့်ပေးကြတာ ကျေးဇူးတင်ပါတယ်နော် 🤗🤗🤗။

Continue Reading

You'll Also Like

189K 27.3K 200
Book-9 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
208K 21.8K 103
ဘာသာပြန်သူ - စွဲညို့အသင်း
569K 66.3K 186
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...