ဗီလိန်ကငါ့Systemကို၀င်စီးသွား...

By Berry_Xin

88.8K 14.3K 577

This novel is not mine.I'm just translated it for fun.If there is something wrong about my translation,then... More

Description
Chapter-1.1{Arc 1}
Chapter-1.2
Explanation about System
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Notice
Chapter-11
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-20
Chapter-21
Chapter-22
Not update‼️
Chapter-23
Chapter-24
Chapter-25{Arc 1 End}
Chapter-26{Arc 2}

Chapter-19

1.8K 367 10
By Berry_Xin

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


[ကောင်းပီလေ]
ကုရှီးယွီက ကျီချင့်ဆီအခုလေးတင်ပို့လိုက်တဲ့ပြန်စာကိုကြည့်လိုက်သည်။
ကျီချင်လုံး၀စိတ်ဆိုးပြေသွားပီလား ဆိုတာမသေချာတော့ တုံ့ဆိုင်းစွာနဲ့
[ဟိုလေ ကျနော်ခင်ဗျားကိုလူတယောက်အကြောင်းစုံစမ်းခိုင်းမလို့]

[မကောင်းဆိုး၀ါးကြီး-ဘယ်သူလဲ]

ကုရှီးယွီက ကျီချင့်ဆီကပြန်စာကိုကြည့်ပီး ဖုန်းကိုခဏလောက်လက်နဲ့ခေါက်ကာ
[လွန်ခဲ့တဲ့နှစ်၂၀လောက်က ကျနော့်မိဘတွေကကျနော့်ကိုအနာဂတ်ဟောပြောသူဆီခေါ်သွားဖူးတယ်]
မူလပိုင်ရှင်နဲ့သူမိဘတွေကြားက အဆင်မပြေမှုဟာထိုအချိန်မှစတင်ခဲ့သည်။
သူ့မိဘတွေနဲ့သူ့ကြားက မပြေလည်မှုတွေ တင်းမာမှုတွေကိုဖြေရှင်းချင်ရင် ထိုလိမ်လည်မှုကိုအရင်ရှာရမယ်။

ကျီချင်က ကုရှီးယွီပြောတာကိုသဘောတူလိုက်သည်။
ထို့နောက် မနက်ဖြန်ညတွင်ညစာအတူသွားစားရန် ည၆နာရီမှာသူ့ကိုစောင့်နေဖို့နဲ့ ညစာစားပီးရင်သူ့တိုက်ခန်းဆီအတူပြန်ကြဖို့ပြောလာသည်။
ထိုအချိန်တွင် Laptopရဲ့ညာဘက်ထောင့်မှာ မေးလ်တခုပေါ်လာသည်။
သူနှိပ်ပီးကြည့်လိုက်တော့ ကြော်ငြာAdsတခုဖြစ်နေသည်။
သူPageကနေထွက်လိုက်တော့ USB iconတခုကိုတွေ့လိုက်ပေမယ့် သူ၀င်မကြည့်ပေ။
၀င်မကြည့်သလို ဖျက်လည်းမဖျက်ပစ်လိုက်ချေ။
ထို့နောက်Laptopကိုပိတ်ကာ ဘေးမှာထားလိုက်ပီး အိပ်ရာပေါ်လဲချလိုက်သည်။

နောက်နေ့ နေ့လည်တွင်တော့ကုရှီးယွီက သူ့ပစ္စည်းတွေအကုန်ထုပ်ပိုးပီး တိုက်ခန်းဆီသယ်သွားရန်ပြင်ဆင်နေသည်။
သူUSB ကိုကိုင်ထားရင်း အကြာကြီးမတ်တပ်ရပ်ကာစဥ်းစားခန်း၀င်နေပီးမှ ဖုန်းဖွင့်ကာ 'ချင်ချန်းချန်း' ဆိုတဲ့Contactကိုရှာလိုက်သည်။
ထို့နောက်သူမဆီ မက်ဆေ့ချ်တစောင်ပို့ကာ
[ဒီတပတ်စနေနေ့ မင်းအားလား]
တိုင်းပြည်Fမှာပြန်ပေးဆွဲခံလိုက်ရတော့
ဟန်းနီးမွန်းထွက်တဲ့မစ်ရှင် မအောင်မြင်ခဲ့ပေ။
ထို့ကြောင့်လည်း ကျီချင်ရဲ့အန္တရာယ်မှတ်အခြေအနေက ဒုံရင်းအတိုင်းသာဖြစ်နေတာလို့ထင်သည်။
ပီးတော့ထိုUSBထဲတွင် မူလပိုင်ရှင်က ဖူနင်ကိုပေးချင်တဲ့အချက်အလက်တွေရှိနေသည်။
ထိုအချက်အလက်တွေထဲမှာကျီချင်နဲ့ ဖုန်းမင်ကုမ္ပဏီရဲ့အားနည်းချက်တွေပါရင် ကျီလုပ်ငန်းစုကြီးကိုကာကွယ်ပီး ကျီချင်ကိုပျက်စီးအောင်လုပ်ဖို့အတွက် ကျီဇီရွှမ်ကိုပေးလိုက်တာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ထိုသို့နည်းလမ်းကသာ သူ့တာ၀န်ပီးမြောက်ဖို့အမြန်ဆုံးနည်းဖြစ်လိမ့်မည်။

ချင်ချန်းချန်းကအလုပ်များနေပုံရသည်။
သူ့ဆီစာတစောင်မှပြန်မလာပါ။
"သခင်လေးကု"
တ၀က်ပွင့်နေတဲ့တံခါးဆီမှ ယဥ်ကျေးလှတဲ့အသံတခုထွက်ပေါ်လာသည်။
ကုရှီးယွီက USBကိုရော ဖုန်းကိုပါ အိတ်ကပ်ထဲထည့်လိုက်ပီး တံခါးဆီလျှောက်သွားကာ
"ဦးလးကျန်း ကျနော့်ကိုရှာနေတာလား"

အိမ်တော်ထိန်းမှာစကားပြောရန် မ၀ံ့မရဲဖြစ်နေပီးမှ သတိအနေအထားနဲ့
"သခင်လေးနဲ့ရန်တွေဘာတွေများဖြစ်ထားကြလား"
တံခါးဘောင်ကိုကိုင်ထားတဲ့ ကုရှီးယွီလက်တွေက အနဲငယ်တွန့်သွားပီးမှ
"မဖြစ်ပါဘူး"
အဲ့ဒါ  ကျီချင်တယောက်တည်း ကောက်တေးလုပ်နေတာလေ...
အိမ်တော်ထိန်းမှာ ကျီချင်ပြန်မလာသေးကြောင်းသေချာအောင်ကြည့်ပီးမှ လေသံတိုးတိုးနဲ့
"ကျနော် မင်းကိုပြစရာရှိတယ်"
လျှောက်လမ်းရဲ့အဆုံးမှာ သော့ခတ်ထားတဲ့အခန်း၁ခန်းရှိသည်။
ကုရှီးယွီတခါမှထိုအခန်းထဲမရောက်ဖူးပေ။

အိမ်တော်ထိန်းကြီးမှာ အခုလေးတင်သန့်ရှင်းရေး၀င်လုပ်လို့ထင်ပါရဲ့၊အခန်းကရှားရှားပါးပါးပွင့်နေသည်။
အခန်းထဲမှာတော့ ကလေးကစားစရာတွေ၊ကာတွန်းစာအုပ်တွေ၊အမွှေးပွအရုပ်တွေ၊ကတ်ဂိမ်းတွေ စတဲ့ပစ္စည်းများစုံလင်စွာရှိနေသည်။
အားလုံးထဲမှာတော်တော်များများက အာကာသစစ်ဗိုလ်ချုပ်ဒီဇိုင်းပုံစံတွေပင်။
အရုပ်တွေကို သီးသန့်အနုစိတ်လုပ်ထားသောစစ်ယူနီဖောင်းများဆင်ထားကာ ခန်ညားကာထူးခြားပြောင်မြောက်လှသည်။
ကုရှီးယွီတောင်အနဲငယ်အံ့သြသွားမိသည်။

"ဒီဟာတွေအကုန်လုံးက သခင်လေးရဲ့ငယ်ဘ၀အမှတ်တရတွေလေ။
သူစိတ်ဓာတ်ကျတဲ့အချိန်တွေ ၀မ်းနည်းတဲ့အချိန်တွေ စိတ်ဆိုးနေတဲ့အချိန်တွေဆို ဒီအခန်းထဲမှာလာထိုင်နေတတ်တယ်။
ဒီရက်ပိုင်းအတွင်း သခင်လေးကဒီအခန်းထဲအ၀င်အထွက်လုပ်နေတော့ မင်းတို့ပြဿနာများတက်ကြသေးလားသိချင်လို့"
အိုး ဒဏ္ဍာရီလာမဟာနတ်ဆိုးဘုရင်ကြီးမှာတောင် ဒီလိုပုံစံမျိုးရှိသေးတာလား...

အိမ်တော်ထိန်းက စင်အသေးဆီလျှောက်သွားပီး စုတ်ပြဲစပြုနေတဲ့အဆောင်စာရွက်လေးကိုကြည့်ကာ
"ဒါ သခင်လေး၁၀နှစ်အရွယ်တုန်းက ကျနော်ပေးထားတဲ့အဆောင်လေးပါ။
အဲ့တုန်းက ငယ်ရွယ်တဲ့ကလေးတယောက် ဘ၀ကခက်ခဲနေတာမြင်လို့ တောက်ပတဲ့အနာဂတ်လေးရလာအောင်မျှော်လင့်ချက်လေးနဲ့ပေါ့။
အဲ့တုန်းက အမှားလုပ်ခဲ့တာသူ့အမေလေ၊သူကဘာအမှားမှမလုပ်ခဲ့ပေမယ့် သူကအားလုံးရဲ့ပစ်ပယ်မှုကိုခံခဲ့ရတယ်။
အပြစ်တင်ခံရပီးကျိန်ဆဲလည်းခံရသေးတယ်။
ဒါပေမယ့်လည်း အဲ့ကလေးကကြံ့ကြံ့ခံနိုင်ပီး အလုပ်အရမ်းကြိုးစားခဲ့တာ၊
နောက်ဆုံးတော့ အလွယ်တကူဖိနှိပ်လို့မရတဲ့အမြင့်တနေရာကိုရောက်ရှိခဲ့တယ်"

အိမ်တော်ထိန်းဟာပြောနေရင်း မျက်၀န်းထောင့်ကမျက်ရည်စတွေကိုသုတ်လိုက်ပီး ရှက်ရွံ့စွာနဲ့ပဲ
"တောင်းပန်ပါတယ်၊ဒီလူအိုကြီး စကားအရမ်းများသလိုဖြစ်သွားပီ။
ခုလို သခင်လေးခိုနားနိုင်ပီးနားလည်ပေးနိုင်မယ့်လူမျိုး သူ့အနားမှာတခါမှမရှိဖူးဘူးဆိုတော့လေ။
ဘာပဲပြောပြော သခင်လေးကသူ့ပါးစပ်ကသာမပြောရင်နေမယ်၊မင်းကိုတော့အရမ်းဂရုစိုက်ရှာပါတယ်။
အဲ့တာကြောင့် အနာဂတ်မှာဘာပဲဖြစ်လာဖြစ်လာ မင်းသူ့နားမှာပဲအမြဲရှိနေပေးပါနော်"

ကုရှီးယွီက အိမ်တော်ထိန်းကိုကြည့်နေကာ သူ့မျက်၀န်းတွေတုန်ယင်နေသော်လည်း ဘာစကားမှပြန်မပြောလိုက်ပါ။
အမှန်ပြောရရင် ကျီချင့်ဘ၀တလျှောက်မှာဆိုး၀ါးတဲ့လုပ်ရပ်တွေမလုပ်ခဲ့ဖူးပေ။
ဇာတ်ကောင်တွေရဲ့ရလဒ်ဆိုတာလည်း ဌာနချုပ်လက်အောက်မှစီမံမှုအရ ကံကြမ္မာစနစ်ကတွက်ချက်ပီးထွက်လာခြင်းဖြစ်သည်။
ထိုတွက်ချက်ရာကရလာတဲ့အချက်အလက်အကုန်ကို ကျီချင်အပေါ်သတ်မှတ်လိုက်ခြင်းပင်၊တကယ်တော့ ကျီချင်ကဘာအမှားမှလုပ်ခဲ့သူမဟုတ်။
ဒါပေမယ့်......ဒါပေမယ့် ဒီကမ္ဘာရဲ့ယိမ်းယိုင်ယိုယွင်းနေမှုအရ ကျီချင်ရဲ့တည်ရှိနေမှုကိုက အမှားဖြစ်ပုံရသည်။
သူဟာ တာ၀န်ထမ်းဆောင်သူတွေရဲ့တားမြစ်ခြင်းကိုခံရတဲ့အပြင် ထပ်ခါတလဲလဲဖိနှိပ်မှုများကြောင့် ပို၍ရက်စက်ကြမ်းတမ်းလာသည်။
သူ့ဘောင်းဘီအိတ်ထဲမှ ဖုန်းတုန်ခါခြင်းကြောင့် ကုရှီးယွီစဥ်းစားနေရာမှအသိပြန်၀င်လာသည်။

[ချင်ချန်းချန်း-အားပါတယ်၊ကိစ္စရှိလို့လား]
ကုရှီးယွီက ချင်ချန်းချန်းရဲ့စာကိုကြည့်ပီး စာပြန်ဖို့သူ့လက်တွေတုံ့ဆိုင်းနေတာသတိထားမိသည်။
သူ့စိတ်က ကျီချင်ပျက်စီးသွားတာ ကျဆုံးသွားတာကို မလိုချင်ဘူးဆိုတာသိလိုက်ရသည်။
ကုရှီးယွီမျက်လုံးကိုမှေးကာ ဖုန်းကိုပြန်ကြည့်လိုက်လိုက်သည်။
သူ့မျက်လုံးတွေဆီမှတုံ့ဆိုင်းခြင်းအရိပ်အရောင်တွေက နောက်ဆုံးတော့ငြိမ်သွားကာ
[အင်း မင်းကိုပြောစရာရှိလို့]
.
ကျီချင်ကအလုပ်ဆင်းတော့ သူ့ခြံ၀င်းဆီကိုပြန်လာသည်။
ကုရှီးယွီကလည်းလိုအပ်တာတွေထုပ်ပိုးပီး အဆင်သင့်ဖြစ်နေတော့ သူတို့၂ယောက်ကားပေါ်တက်ကာထွက်လာကြသည်။
ယနေ့ ကျီချင်ကိုယ်တိုင်ကားမောင်းတာဖြစ်၍ ကားထဲမှာသူနဲ့ကုရှီးယွီ၂ယောက်သာ တိတ်ဆိတ်စွာရှိနေသည်။
သူတို့ကားကမြို့ထဲလည်းရောက်ရော ကုရှီးယွီကကားပြတင်းပေါက်မှတဆင့် လမ်းဘေးကိုကြည့်လိုက်သည်။
ပလက်ဖောင်းပေါ်မှာ စုံတွဲလိုက် အတွဲတွေအများကြီးသွားလာနေကာ အချို့ဆိုင်တွေမှာ ပန်းရောင်ဒီဇိုင်းနဲ့အလှဆင်ထားတာတွေ့တော့ ကုရှီးယွီတယောက်ဖုန်းဖွင့်ပီးကြည့်လိုက်ရာ ဒီနေ့ ဖေဖော်၀ါရီ ၁၄ရက်နေ့လို့ဖော်ပြနေသည်။
ဒီကမ္ဘာမှာတော့ ထိုနေ့ကိုချစ်သူများနေ့လို့သတ်မှတ်ထားသည်။

စားသောက်ဆိုင်ထဲမှာတော့ စားသုံးသူအတော်များများက ချစ်သူစုံတွဲများဖြစ်ကြသည်။
စားသောက်ဆိုင်လေထုထဲမှာ ခွေးစာတွေနဲ့ပြည့်နှက်နေသည်။
ကျီချင်နဲ့ကုရှီးယွီကို သူတို့ဘိုကင်ယူထားတဲ့စားပွဲ၀ိုင်းဆီ ၀ိတ်တာမှလိုက်ပို့ပေးသည်။
ကုရှီးယွီက အစားဂျီးမများတတ်တော့ ကျီချင်မှာတာပဲလိုက်မှာလိုက်သည်။
၀ိတ်တာထွက်သွားတာနဲ့ ကုရှီးယွီက
"ဘယ်လိုဖြစ်ပီး ကျနော့်ကိုအပြင်ထွက်ညစာစားဖို့ပြောတာလဲ၊ခင်ဗျားစိတ်ဆိုးနေတာမဟုတ်ဘူးလား"
ထိုသို့ပြောပီးမှ ကုရှီးယွီက သူ့ပုံစံမှာမကျေနပ်လို့ချစ်သူကိုရစ်နေပုံပေါက်သွားကြောင်း သတိထားမိလိုက်သည်။

သူပြောတာကြားပီးနောက် ကျီချင်ကသူ့လက်ထဲမှ၀ိုင်ခွက်ကိုစားပွဲပေါ်ချလိုက်ပီး ကုရှီးယွီကိုပြုံးပြလိုက်သည်။
ဒါပေမယ့် သူ့မေးခွန်းတွေကိုတော့ပြန်ဖြေမလာပေ။
ကျီချင်က သူ့မျက်လုံးရှေ့ကစခရင်အကွက်ကိုကြည့်ကာ အဲ့မှာပေါ်နေတဲ့လန်ယွဲ့နဲ့ကုရှီးယွီကြားကပတ်သက်မှု အချက်အလက်တွေကိုဖတ်နေပီး လန်ယွဲ့ရဲ့အဓိကရည်ရွယ်ချက်ကြီးကိုပါသိလိုက်ရသည်။
လီရန်လုပ်ငန်းစုနဲ့ပတ်သက်ပီး ကျီချင်အတော်လေးအံ့သြမိသည်။
လန်ယွဲ့ရဲ့စည်းကျော်တဲ့လုပ်ရပ်တွေကို သဘောမကျဘူးဆိုပေမယ့် ဒီဟာထက်သူပိုစိတ်ပျက်နေမိသည်မှာ လန်ယွဲ့ရယ် ကုရှီးယွီရယ် ဖူနင်ရယ် ထို၃ယောက်ကြားကသုံးပွင့်ဆိုင်ဇာတ်လမ်းကိုပင်။
တိုင်းပြည်Fကထိုနေ့မှအချက်အလက်တွေအရ ကုရှီးယွီရဲ့ဖြစ်တည်မှုမှာ သူ့အောင်မြင်မှုကိုတားဆီးဖို့ဆိုတာ မသိစိတ်ကပြန်သတိပေးနေသည်။
ကုရှီးယွီကလည်းထိုအခွင့်အရေးကိုအသုံးချပီး လန်ယွဲ့နဲ့ပူးပေါင်းလိမ့်မယ်လို့တောင် သူတွက်ထားသည်။

ကုရှီးယွီကအဲ့လိုလုပ်ခဲ့ပေမယ့် Systemကတဆင့်သိလိုက်ရတာက ကောင်လေးမှာလန်ယွဲ့ကိုလှည့်စားနေခြင်းပင်။
ထို့နောက် သူစိတ်သက်သာရာရသွားပီး
ဒီညမှာကုရှီးယွီနဲ့အတူအပြင်ထွက် ညစာစားဖို့စီစဥ်လိုက်သည်။
ကုရှီးယွီက လန်ယွဲ့နဲ့မပူးပေါင်းတာကြောင့် သူ့တာ၀န်ဆိုတာကိုအောင်မြင်ဖို့ ကျီဇီရွှမ်ကိုကူညီရန် ထိုUSBကိုသုံးမသုံး အာမ,မခံနိုင်ပေ။
ကျီချင်ကတော့ ကားပေါ်ကဆင်းကတည်းကယူလာတဲ့ အိတ်လေး၁လုံးကိုထုတ်လိုက်သည်။
ထိုအိတ်ထဲမှလှလှပပထုပ်ပိုးထားတဲ့ လက်ဆောင်ဗူးလေးကိုယူထုတ်လိုက်သည်။
ထို့နောက်လက်ဆောင်ဗူးကို ကုရှီးယွီဘက်ကိုတွန်းပို့လိုက်ပီး
"ပျော်ရွှင်ဖွယ် ဗယ်လင်တိုင်းနေ့လေးဖြစ်ပါစေ"

ကုရှီးယွီမှာခဏတာမှင်သက်သွားပီးနောက် လက်ဆောင်ကိုကြည့်ကာအပြစ်ရှိသလိုခံစားလာရပီး
"ဆောရီး ဒီနေ့ချစ်သူများနေ့ဆိုတာမေ့သွားလို့ ခင်ဗျားအတွက်လက်ဆောင်မပြင်ထားမိဘူး"

"ရပါတယ်"ကျီချင်ကအရမ်းနားလည်ပေးတတ်တဲ့ချစ်သူကောင်လေးပုံစံမျိုးနဲ့
နူးညံ့ပီး အလိုလိုက်သလိုလေသံဖြင့်
"မင်းကြိုက်မကြိုက် ကြည့်လိုက်ဦး"
ကုရှီးယွီကလက်ဆောင်ကိုမယူချင်သော်လည်း ကျီချင်ကတိုက်တွန်းနေတာကြောင့်လက်ဆောင်ကိုဖွင့်ဖောက်လိုက်သည်။
လက်ဆောင်ဗူးထဲမှာတော့ ငွေမှင်ရောင်လည်ဆွဲလေးပင်၊ရိုးရိုးရှင်းရှင်းဖြစ်တာမို့ ယောကျာ်းလေးတွေ၀တ်ဖို့သင့်တော်တဲ့ဒီဇိုင်းမျိုးဖြစ်သည်။
ဆွဲသီးကတော့ သော့ပုံစံဒီဇိုင်းဖြစ်ပီး လက်တဆစ်စာအရွယ်အစားလောက်သာရှိသည်။
သော့ရဲ့ခေါင်းပိုင်းမှာတော့ အရမ်းထင်းနေတာမဟုတ်တဲ့ နက်ပြာရောင်ကျောက်လေးတလုံးကိုမြှုပ်ထားသည်။
ကုရှီးယွီမော့ကြည့်လိုက်တော့ ကျီချင်ကသူ့ကိုစိုက်ကြည့်နေတုန်းပင်။
"အရမ်းလှတယ် ကျေးဇူးတင်ပါတယ်"

ကျီချင့်နှုတ်ခမ်းထောင့်က အပေါ်သို့အနဲငယ်ကော့တက်သွားသော်လည်း ဘာစကားမှတော့ပြန်ပြောမလာချေ။
ထို့နောက်ကျီချင်က၀ိုင်ခွက်ကိုယူကာ အနဲငယ်သောက်နေရင်း ၀ိုင်ခွက်မှာထင်ဟပ်နေတဲ့ကုရှီးယွီပုံရိပ်ကိုစိုက်ကြည့်နေသည်။
သူကမျက်လွှာကိုအသာချကာ မျက်၀န်းထဲကလှုပ်ခတ်နေတဲ့အရိပ်အရောင်တွေကိုဖုံးကွယ်လိုက်သည်။
ဘာကြောင့်ဆိုတာတော့မသိပေမယ့် ကျီချင့်မှာ ကုရှီးယွီကိုသူတယောက်တည်းအပိုင်ဖြစ်အောင်လုပ်ချင်တဲ့ ပြင်းပြင်းထန်ထန်ဆန္ဒတွေလွှမ်းမိုးနေသည်။
အဆုံးသတ်မှာ ကုရှီးယွီဘယ်လိုပဲဆုံးဖြတ်ပါစေ ဘာကိုပဲရွေးချယ်ပါစေ၊သူလွယ်လွယ်နဲ့အလွတ်ပေးမှာမဟုတ်တော့ပေ။

လည်ဆွဲသီးရဲ့ဒီဇိုင်းလိုပဲ ကုရှီးယွီဆိုတဲ့ငှက်ငယ်လေးဟာ ကျီချင်ဆိုတဲ့လှောင်အိမ်ထဲမှာပဲထာ၀ရပိတ်မိသွားစေရမယ်...

ကုရှီးယွီနဲ့ကျီချင်က ညစာစားပီးနောက်မှာတော့ သူတို့ပြောထားတဲ့အတိုင်းတိုက်ခန်းဆီပြန်ဖို့ပြင်လိုက်သည်။
စားသောက်ဆိုင်မှထွက်လာတဲ့အချိန် အပြင်ဘက်မှာမိန်းကလေးတယောက် နှင်းဆီပန်းအနီတွေကိုလှလှပပထုပ်ပီး ရောင်းနေတာမြင်လိုက်သည်။
ကုရှီးယွီက သူ့ကုတ်အင်္ကျီအိတ်ထဲထည့်ထားတဲ့ လက်ဆောင်ကိုသတိရလိုက်ပီး
မိန်းကလေးဆီသွားကာ ပန်း၀ယ်ပီးနောက် ကျီချင့်ကိုပေးလိုက်သည်။
ထို့နောက် လေးလေးနက်နက်နဲ့
"ဆောရီး အခုတော့ဒီနှင်းဆီပန်းပဲ ပေးခွင့်ရတယ်၊နောက်တခေါက်ကျရင် ဒီထက်ပိုကောင်းတဲ့လက်ဆောင်ပေးမယ်နော်"

မဟာနတ်ဆိုးဘုရင်ကြီးဆိုတာ အချိန်နဲ့ယန္တရားဌာနချုပ်ရဲ့အန္တရာယ်အများဆုံး အဆင့်မြင့်ဆုံး အပြစ်သားဖြစ်သည်။
သူ့၀ိဉာဥ်အစိတ်အပိုင်းတွေက ကမ္ဘာတွေရဲ့စုပ်ယူခြင်းခံရရင် အားနည်းလာပီးနောက်ဆုံးမှာအချိန်နဲ့ယန္တရားရဲ့အကျဥ်းထောင်ဆီပို့ဆောင်ခြင်းခံရမည်ဖြစ်သည်။
အချိန်ကျလာရင် ကုရှီးယွီမှာသူ့ရဲ့ကျွမ်းကျင်မှု အရည်အချင်းတွေသုံးကာ နတ်ဆိုးဘုရင်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်တဲ့ ခိုင်ခံ့ပီးအဆင့်မြင့်တဲ့သီးသန့်အကျဥ်းထောင်တခုတည်ဆောက်မယ်လို့တွေးထားတာဖြစ်သည်။
ထိုစဥ် Systemဆီမှအသိပေးတဲ့အသံတခုထွက်ပေါ်လာသည်။

[ဗီလိန်ရဲ့အန္တရာယ်မှတ် ၅မှတ်လျော့သွားပါတယ်။
လက်ရှိအန္တရာယ်မှတ်က ၅၀ပါ]

ကုရှီးယွီဆွံ့အသွားကာ ကျီချင်ကိုကြည့်လိုက်တော့ ကျီချင်ကသူ့ကိုပြုံးကာကြည့်နေပီး
"ကိုယ့်အတွက်တော့ ဒီနှင်းဆီပန်းနဲ့တင်ကို လုံလောက်ပါပီ"
လေထုကအနဲငယ်နေရခက်သွားကာ ကုရှီးယွီတယောက် အယောင်ယောင်အမှားမှားဖြင့် ကုတ်အင်္ကျီထဲလက်ထည့်လိုက်တော့ အထဲကUSBကိုစမ်းမိသွားကာ သူ့မျက်၀န်းတွေထဲမှာတွေ​ဝေနေတဲ့အမူအရာတွေပေါ်လာသည်။

ကျီချင်ကရုတ်တရက်
"ကိုယ်အမြဲစမ်းကြည့်ချင်နေတဲ့အရာတခုရှိတယ်"
ပြောပီးတာနဲ့ကျီချင်က ရှေ့တလှမ်းတိုးလိုက်သည်။
"ဟမ် အဲ့ဒါဥက္ကဌကျီနဲ့သူ့ရဲ့အိမ်သူသက်ထားလေး မဟုတ်လား"
ရုတ်တရက်ထွက်လာတဲ့အသံတခုက သူတို့ကိုနှောင့်ယှက်လိုက်သလိုဖြစ်သွားသည်။
လန်ယွဲ့ကသူ့ရဲ့စီးပွားဖက်ပါတနာတွေနဲ့အတူရပ်နေကာ သူ့ပုံစံက ဆိုင်ထဲမှာစားသောက်ရင်းစီးပွားရေးဆွေးနွေးမယ့်ပုံပေါ်သည်။
ကုရှီးယွီက ကျီချင်ကိုမသိစိတ်​ကြောင့်လှည့်ကြည့်လိုက်သည်။
ခဏကြာမှ မိတ်ဆွေတယောက်ကိုတွေ့လိုက်ရသလိုပြုံးလိုက်ပီး
"ဥက္ကဌလန် မတွေ့တာကြာပီနော်"

"ဟုတ်ပ မတွေ့ရတာအရမ်းကြာပီနော်"
လန်ယွဲ့ကကုရှီးယွီကိုအမှတ်တမဲ့ကြည့်လိုက်ပီးမှ ကျီချင့်ကိုပြုံးပြကာ
"အရင်နေ့ကမင်းနဲ့ဆွေးနွေးစရာရှိလို့ ကုမ္ပဏီကိုရောက်လာသေးတယ်၊ဒါပေမယ့် မင်းကိုမတွေ့ခဲ့ရဘူး"
ကျီချင်က
"အဲ့နေ့ကငါအလုပ်များနေလို့"
လန်ယွဲ့ကလက်ကို​ဝှေ့ယမ်းလိုက်ပီး
"နားလည်ပါတယ်ကွာ၊ဒါနဲ့ မင်းတို့လက်ထပ်တာကို ဂုဏ်ပြုစကားတောင်မပြောရသေးဘူး။
ဟားဟား"

"ကျေးဇူးပဲ"
ကျီချင်ကပြောနေရင်း နံဘေးက ကုရှီးယွီခါးကိုဖက်လိုက်သည်။
လန်ယွဲ့က ဖျစ်ညစ်ကာပြုံးလိုက်ပီး
"ဒီလိုနေ့မျိုးမှာ မင်းတို့ကိုမနှောင့်ယှက်တော့ပါဘူးကွာ"

"ကောင်းပီ နောက်တခေါက်မှဆုံကြတာပေါ့"
ကျီချင်နဲ့ကုရှီးယွီထွက်သွားတာကိုကြည့်နေရင်း လန်ယွဲ့စိတ်ဓာတ်တွေကျနေသည်။
သူကတော့ သူအရမ်းချစ်ရတဲ့သူကိုလက်ကိုင်ခွင့်လေးတောင်မရခဲ့ပေမယ့် ကျီချင်ကတော့ ထိုသူရဲ့ဘ၀ကိုအလွယ်တကူပဲပိုင်ဆိုင်ခွင့်ရခဲ့သည်။

စောင့်ကြည့်နေလိုက် ကျီချင်
မင်းလုံး၀နောင်တရအောင်ကိုလုပ်ပစ်မယ်!!!
.
.
ကျီချင်နဲ့ကုရှီးယွီက စားသောက်ဆိုင်မှထွက်လာပီးတိုက်ခန်းဆီပြန်လိုက်သည်။
ကြောင်ဖြူလေးမှာတိုက်ခန်းထဲတွင်တကောင်တည်းကြောင်စာစားနေသည်။
သူတို့ပြန်လာတာကို ကြောင်လေးမမြင်ပေ၊မြင်များမြင်လို့ကတော့သူ့ကိုတကောင်တည်းပစ်ထားခဲ့လို့ စိတ်ဆိုးနေမှာသေချာသည်။
ကျီချင်က စားသောက်ဆိုင်အပြင်ဘက်မှာပြောခဲ့တာကို ထပ်ပြောမလာခဲ့ပေ။
ကုရှီးယွီကလည်းထပ်မေးမနေတော့ဘဲ ရေမိုးချိုးပီးအနားယူလိုက်သည်။

ချင်ချန်းချန်းနဲ့ချိန်းထားတဲ့ စနေနေ့မှာတော့ ကော်ဖီဆိုင်ထဲမှာချင်ချန်းချန်းကကုရှီးယွီကိုကြည့်ပီး တအားသိချင်နေတဲ့လေသံနဲ့
"ရှီးယွီ ကျွန်မကိုပေးစရာရှိတယ်ဆိုတဲ့ဟာ...အဲ့ဒါအရေးကြီးတဲ့ပစ္စည်းလားဟင်"
ကုရှီးယွီက သူ့လက်ထဲကအိတ်ကိုစားပွဲပေါ်မတင်ခင် စက္ကန့်အနဲငယ်လောက် ငြိမ်သွားပီးမှ
"အရေးတော့မကြီးပါဘူး။
အရင်တခေါက်တိုင်းပြည်Fမှာတုန်းက ကျနော်အ၀တ်အစားတွေ၀ယ်တာ၊အဲ့ထဲမှာမိန်းကလေးစတိုင်ဒီဇိုင်း အ၀တ်တွေမှား၀ယ်မိလို့။
ကျနော်လည်းမ၀တ်ချင်တော့ မင်းကိုတွေးမိတာနဲ့အဲ့ဒါတွေပေးလိုက်ရင်ကောင်းမလားလို့"

အဟမ်း နဲနဲလောက်အချိန်ဆိုင်းလိုက်ပါဦးမယ်လေ...
USBထဲမှာဘာတွေပါလဲ စစ်ကြည့်ပီးတဲ့အချိန်မှ ပေးလည်းနောက်မကျလောက်ပါဘူး...
---------------------
စာရေးသူမှာပြောစရာရှိပါတယ်

#ထိုတွေ​ဝေနေတဲ့ပုံစံကို အချိန်နဲ့ယန္တရားဌာနချုပ်က၀န်ထမ်းများတွေ့သွားလျှင်#

ခေါင်းဆောင်ကု၏လက်အောက်ငယ်သားတသိုက်-
ခေါင်းဆောင်ဘာလို့အမြဲတွေ​ဝေနေရတာလဲ။
ကျနော်တို့တုန်းကကျ တချက်လေးတောင်တုံ့ဆိုင်းမှုမရှိခဲ့ဘူးလေ။
သူ့အလှည့်ကျတော့ ဘာလို့အမြဲတုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေရတာလဲလို့...
*ဒီပျက်ရှင်၀င်နေ*
•••••••••••••••••••••••••••••
ဒီအပိုင်းကစပီး 'ဂူရှီးယွီ' ကို 'ကုရှီးယွီ' လို့ပြောင်းလိုက်မယ်နော်

ကိုယ်ကတော့ ဗီလိန်ကြီးတယောက်တည်း ကောက်တေးတွေလုပ်နေတာ ရီချင်😆
ဗီလိန်ကြီးကတော့ ဘေဘီ့ကိုချုပ်ထားဖို့ပလန်တွေချနေပီ😆

Take care guys ( ˘ ³˘)♥

Zawgyi

ဗီလိန္ကအႀကံၾကီးတဲ့ေဘာ့စ္


[ေကာင္းပီေလ]
ကုရွီးယြီက က်ီခ်င့္ဆီအခုေလးတင္ပို႔လိုက္တဲ့ျပန္စာကိုၾကည့္လိုက္သည္။
က်ီခ်င္လံုး၀စိတ္ဆိုးေျပသြားပီလား ဆိုတာမေသခ်ာေတာ့ တံု႔ဆိုင္းစြာနဲ႔
[ဟိုေလ က်ေနာ္ခင္ဗ်ားကိုလူတေယာက္အေၾကာင္းစံုစမ္းခိုင္းမလို႔]

[မေကာင္းဆိုးဝါးႀကီး-ဘယ္သူလဲ]

ကုရွီးယြီက က်ီခ်င့္ဆီကျပန္စာကိုၾကည့္ပီး ဖုန္းကိုခဏေလာက္လက္နဲ႔ေခါက္ကာ
[လြန္ခဲ့တဲ့ႏွစ္၂၀ေလာက္က က်ေနာ့္မိဘေတြကက်ေနာ့္ကိုအနာဂတ္ေဟာေျပာသူဆီေခၚသြားဖူးတယ္]
မူလပိုင္ရွင္နဲ႔သူမိဘေတြၾကားက အဆင္မေျပမႈဟာထိုအခ်ိန္မွစတင္ခဲ့သည္။
သူ႔မိဘေတြနဲ႔သူ႔ၾကားက မေျပလည္မႈေတြ တင္းမာမႈေတြကိုေျဖရွင္းခ်င္ရင္ ထိုလိမ္လည္မႈကိုအရင္ရွာရမယ္။

က်ီခ်င္က ကုရွီးယြီေျပာတာကိုသေဘာတူလိုက္သည္။
ထို႔ေနာက္ မနက္ျဖန္ညတြင္ညစာအတူသြားစားရန္ ည၆နာရီမွာသူ႔ကိုေစာင့္ေနဖို႔နဲ႔ ညစာစားပီးရင္သူ႔တိုက္ခန္းဆီအတူျပန္ၾကဖို႔ေျပာလာသည္။
ထိုအခ်ိန္တြင္ Laptopရဲ့ညာဘက္ေထာင့္မွာ ေမးလ္တခုေပၚလာသည္။
သူႏိွပ္ပီးၾကည့္လိုက္ေတာ့ ေၾကာ္ျငာAdsတခုျဖစ္ေနသည္။
သူPageကေနထြက္လိုက္ေတာ့ USB iconတခုကိုေတြ့လိုက္ေပမယ့္ သူ၀င္မၾကည့္ေပ။
၀င္မၾကည့္သလို ဖ်က္လည္းမဖ်က္ပစ္လိုက္ေခ်။
ထို႔ေနာက္Laptopကိုပိတ္ကာ ေဘးမွာထားလိုက္ပီး အိပ္ရာေပၚလဲခ်လိုက္သည္။

ေနာက္ေန့ ေန့လည္တြင္ေတာ့ကုရွီးယြီက သူ႔ပစၥည္းေတြအကုန္ထုပ္ပိုးပီး တိုက္ခန္းဆီသယ္သြားရန္ျပင္ဆင္ေနသည္။
သူUSB ကိုကိုင္ထားရင္း အၾကာႀကီးမတ္တပ္ရပ္ကာစဥ္းစားခန္း၀င္ေနပီးမွ ဖုန္းဖြင့္ကာ 'ခ်င္ခ်န္းခ်န္း' ဆိုတဲ့Contactကိုရွာလိုက္သည္။
ထို႔ေနာက္သူမဆီ မက္ေဆ့ခ်္တေစာင္ပို႔ကာ
[ဒီတပတ္စေနေန့ မင္းအားလား]
တိုင္းျပည္Fမွာျပန္ေပးဆြဲခံလိုက္ရေတာ့
ဟန္းနီးမြန္းထြက္တဲ့မစ္ရွင္ မေအာင္ျမင္ခဲ့ေပ။
ထို႔ေၾကာင့္လည္း က်ီခ်င္ရဲ့အႏၲရာယ္မွတ္အေျခအေနက ဒံုရင္းအတိုင္းသာျဖစ္ေနတာလို႔ထင္သည္။
ပီးေတာ့ထိုUSBထဲတြင္ မူလပိုင္ရွင္က ဖူနင္ကိုေပးခ်င္တဲ့အခ်က္အလက္ေတြရိွေနသည္။
ထိုအခ်က္အလက္ေတြထဲမွာက်ီခ်င္နဲ႔ ဖုန္းမင္ကုမၸဏီရဲ့အားနည္းခ်က္ေတြပါရင္ က်ီလုပ္ငန္းစုႀကီးကိုကာကြယ္ပီး က်ီခ်င္ကိုပ်က္စီးေအာင္လုပ္ဖို႔အတြက္ က်ီဇီရႊမ္ကိုေပးလိုက္တာ အေကာင္းဆံုးနည္းလမ္းျဖစ္သည္။
ထိုသို႔နည္းလမ္းကသာ သူ႔တာ၀န္ပီးေျမာက္ဖို႔အျမန္ဆံုးနည္းျဖစ္လိမ့္မည္။

ခ်င္ခ်န္းခ်န္းကအလုပ္မ်ားေနပံုရသည္။
သူ႔ဆီစာတေစာင္မျွပန္မလာပါ။
"သခင္ေလးကု"
တ၀က္ပြင့္ေနတဲ့တံခါးဆီမွ ယဥ္ေက်းလွတဲ့အသံတခုထြက္ေပၚလာသည္။
ကုရွီးယြီက USBကိုေရာ ဖုန္းကိုပါ အိတ္ကပ္ထဲထည့္လိုက္ပီး တံခါးဆီေလ်ွာက္သြားကာ
"ၪီးလးက်န္း က်ေနာ့္ကိုရွာေနတာလား"

အိမ္ေတာ္ထိန္းမွာစကားေျပာရန္ မဝံ့မရဲျဖစ္ေနပီးမွ သတိအေနအထားနဲ႔
"သခင္ေလးနဲ႔ရန္ေတြဘာေတြမ်ားျဖစ္ထားၾကလား"
တံခါးေဘာင္ကိုကိုင္ထားတဲ့ ကုရွီးယြီလက္ေတြက အနဲငယ္တြန္႔သြားပီးမွ
"မျဖစ္ပါဘူး"
အဲ့ဒါ  က်ီခ်င္တေယာက္တည္း ေကာက္ေတးလုပ္ေနတာေလ...
အိမ္ေတာ္ထိန္းမွာ က်ီခ်င္ျပန္မလာေသးေၾကာင္းေသခ်ာေအာင္ၾကည့္ပီးမွ ေလသံတိုးတိုးနဲ႔
"က်ေနာ္ မင္းကိုျပစရာရိွတယ္"
ေလ်ွာက္လမ္းရဲ့အဆံုးမွာ ေသာ့ခတ္ထားတဲ့အခန္း၁ခန္းရိွသည္။
ကုရွီးယြီတခါမွထိုအခန္းထဲမေရာက္ဖူးေပ။

အိမ္ေတာ္ထိန္းႀကီးမွာ အခုေလးတင္သန္႔ရွင္းေရး၀င္လုပ္လို႔ထင္ပါရဲ့၊အခန္းကရွားရွားပါးပါးပြင့္ေနသည္။
အခန္းထဲမွာေတာ့ ကေလးကစားစရာေတြ၊ကာတြန္းစာအုပ္ေတြ၊အေမႊးပြအရုပ္ေတြ၊ကတ္ဂိမ္းေတြ စတဲ့ပစၥည္းမ်ားစံုလင္စြာရိွေနသည္။
အားလံုးထဲမွာေတာ္ေတာ္မ်ားမ်ားက အာကာသစစ္ဗိုလ္ခ်ဳပ္ဒီဇိုင္းပံုစံေတြပင္။
အရုပ္ေတြကို သီးသန္႔အႏုစိတ္လုပ္ထားေသာစစ္ယူနီေဖာင္းမ်ားဆင္ထားကာ ခန္ညားကာထူးျခားေျပာင္ေျမာက္လွသည္။
ကုရွီးယြီေတာင္အနဲငယ္အံ့ၾသသြားမိသည္။

"ဒီဟာေတြအကုန္လံုးက သခင္ေလးရဲ့ငယ္ဘ၀အမွတ္တရေတြေလ။
သူစိတ္ဓာတ္က်တဲ့အခ်ိန္ေတြ ၀မ္းနည္းတဲ့အခ်ိန္ေတြ စိတ္ဆိုးေနတဲ့အခ်ိန္ေတြဆို ဒီအခန္းထဲမွာလာထိုင္ေနတတ္တယ္။
ဒီရက္ပိုင္းအတြင္း သခင္ေလးကဒီအခန္းထဲအ၀င္အထြက္လုပ္ေနေတာ့ မင္းတို႔ျပႆနာမ်ားတက္ၾကေသးလားသိခ်င္လို႔"
အိုး ဒ႑ာရီလာမဟာနတ္ဆိုးဘုရင္ႀကီးမွာေတာင္ ဒီလိုပံုစံမ်ိဳးရိွေသးတာလား...

အိမ္ေတာ္ထိန္းက စင္အေသးဆီေလ်ွာက္သြားပီး စုတ္ၿပဲစျပဳေနတဲ့အေဆာင္စာရြက္ေလးကိုၾကည့္ကာ
"ဒါ သခင္ေလး၁၀ႏွစ္အရြယ္တုန္းက က်ေနာ္ေပးထားတဲ့အေဆာင္ေလးပါ။
အဲ့တုန္းက ငယ္ရြယ္တဲ့ကေလးတေယာက္ ဘ၀ကခက္ခဲေနတာျမင္လို႔ ေတာက္ပတဲ့အနာဂတ္ေလးရလာေအာင္ေမ်ွာ္လင့္ခ်က္ေလးနဲ႔ေပါ့။
အဲ့တုန္းက အမွားလုပ္ခဲ့တာသူ႔အေမေလ၊သူကဘာအမွားမွမလုပ္ခဲ့ေပမယ့္ သူကအားလံုးရဲ့ပစ္ပယ္မႈကိုခံခဲ့ရတယ္။
အျပစ္တင္ခံရပီးက်ိန္ဆဲလည္းခံရေသးတယ္။
ဒါေပမယ့္လည္း အဲ့ကေလးကႀကံ့ႀကံ့ခံႏိုင္ပီး အလုပ္အရမ္းႀကိဳးစားခဲ့တာ၊
ေနာက္ဆံုးေတာ့ အလြယ္တကူဖိႏိွပ္လို႔မရတဲ့အျမင့္တေနရာကိုေရာက္ရိွခဲ့တယ္"

အိမ္ေတာ္ထိန္းဟာေျပာေနရင္း မ်က္၀န္းေထာင့္ကမ်က္ရည္စေတြကိုသုတ္လိုက္ပီး ရွက္ရြံ႔စြာနဲ႔ပဲ
"ေတာင္းပန္ပါတယ္၊ဒီလူအိုႀကီး စကားအရမ္းမ်ားသလိုျဖစ္သြားပီ။
ခုလို သခင္ေလးခိုနားႏိုင္ပီးနားလည္ေပးႏိုင္မယ့္လူမ်ိဳး သူ႔အနားမွာတခါမွမရိွဖူးဘူးဆိုေတာ့ေလ။
ဘာပဲေျပာေျပာ သခင္ေလးကသူ႔ပါးစပ္ကသာမေျပာရင္ေနမယ္၊မင္းကိုေတာ့အရမ္းဂရုစိုက္ရွာပါတယ္။
အဲ့တာေၾကာင့္ အနာဂတ္မွာဘာပဲျဖစ္လာျဖစ္လာ မင္းသူ႔နားမွာပဲအၿမဲရိွေနေပးပါေနာ္"

ကုရွီးယြီက အိမ္ေတာ္ထိန္းကိုၾကည့္ေနကာ သူ႔မ်က္၀န္းေတြတုန္ယင္ေနေသာ္လည္း ဘာစကားမျွပန္မေျပာလိုက္ပါ။
အမွန္ေျပာရရင္ က်ီခ်င့္ဘ၀တေလ်ွာက္မွာဆိုးဝါးတဲ့လုပ္ရပ္ေတြမလုပ္ခဲ့ဖူးေပ။
ဇာတ္ေကာင္ေတြရဲ့ရလဒ္ဆိုတာလည္း ဌာနခ်ဳပ္လက္ေအာက္မွစီမံမႈအရ ကံၾကမၼာစနစ္ကတြက္ခ်က္ပီးထြက္လာျခင္းျဖစ္သည္။
ထိုတြက္ခ်က္ရာကရလာတဲ့အခ်က္အလက္အကုန္ကို က်ီခ်င္အေပၚသတ္မွတ္လိုက္ျခင္းပင္၊တကယ္ေတာ့ က်ီခ်င္ကဘာအမွားမွလုပ္ခဲ့သူမဟုတ္။
ဒါေပမယ့္......ဒါေပမယ့္ ဒီကမ႓ာရဲ့ယိမ္းယိုင္ယိုယြင္းေနမႈအရ က်ီခ်င္ရဲ့တည္ရိွေနမႈကိုက အမွားျဖစ္ပံုရသည္။
သူဟာ တာ၀န္ထမ္းေဆာင္သူေတြရဲ့တားျမစ္ျခင္းကိုခံရတဲ့အျပင္ ထပ္ခါတလဲလဲဖိႏိွပ္မႈမ်ားေၾကာင့္ ပို၍ရက္စက္ၾကမ္းတမ္းလာသည္။
သူ႔ေဘာင္းဘီအိတ္ထဲမွ ဖုန္းတုန္ခါျခင္းေၾကာင့္ ကုရွီးယြီစဥ္းစားေနရာမွအသိျပန္၀င္လာသည္။

[ခ်င္ခ်န္းခ်န္း-အားပါတယ္၊ကိစၥရိွလို႔လား]
ကုရွီးယြီက ခ်င္ခ်န္းခ်န္းရဲ့စာကိုၾကည့္ပီး စာျပန္ဖို႔သူ႔လက္ေတြတံု႔ဆိုင္းေနတာသတိထားမိသည္။
သူ႔စိတ္က က်ီခ်င္ပ်က္စီးသြားတာ က်ဆံုးသြားတာကို မလိုခ်င္ဘူးဆိုတာသိလိုက္ရသည္။
ကုရွီးယြီမ်က္လံုးကိုေမွးကာ ဖုန္းကိုျပန္ၾကည့္လိုက္လိုက္သည္။
သူ႔မ်က္လံုးေတြဆီမွတံု႔ဆိုင္းျခင္းအရိပ္အေရာင္ေတြက ေနာက္ဆံုးေတာ့ၿငိမ္သြားကာ
[အင္း မင္းကိုေျပာစရာရိွလို႔]
.
က်ီခ်င္ကအလုပ္ဆင္းေတာ့ သူ႔ၿခံ၀င္းဆီကိုျပန္လာသည္။
ကုရွီးယြီကလည္းလိုအပ္တာေတြထုပ္ပိုးပီး အဆင္သင့္ျဖစ္ေနေတာ့ သူတို႔၂ေယာက္ကားေပၚတက္ကာထြက္လာၾကသည္။
ယေန့ က်ီခ်င္ကိုယ္တိုင္ကားေမာင္းတာျဖစ္၍ ကားထဲမွာသူနဲ႔ကုရွီးယြီ၂ေယာက္သာ တိတ္ဆိတ္စြာရိွေနသည္။
သူတို႔ကားကၿမိဳ႔ထဲလည္းေရာက္ေရာ ကုရွီးယြီကကားျပတင္းေပါက္မွတဆင့္ လမ္းေဘးကိုၾကည့္လိုက္သည္။
ပလက္ေဖာင္းေပၚမွာ စံုတြဲလိုက္ အတြဲေတြအမ်ားႀကီးသြားလာေနကာ အခ်ိဳ႕ဆိုင္ေတြမွာ ပန္းေရာင္ဒီဇိုင္းနဲ႔အလွဆင္ထားတာေတြ့ေတာ့ ကုရွီးယြီတေယာက္ဖုန္းဖြင့္ပီးၾကည့္လိုက္ရာ ဒီေန့ ေဖေဖာ္ဝါရီ ၁၄ရက္ေန့လို႔ေဖာ္ျပေနသည္။
ဒီကမ႓ာမွာေတာ့ ထိုေန့ကိုခ်စ္သူမ်ားေန့လို႔သတ္မွတ္ထားသည္။

စားေသာက္ဆိုင္ထဲမွာေတာ့ စားသံုးသူအေတာ္မ်ားမ်ားက ခ်စ္သူစံုတြဲမ်ားျဖစ္ၾကသည္။
စားေသာက္ဆိုင္ေလထုထဲမွာ ေခြးစာေတြနဲ႔ျပည့္ႏွက္ေနသည္။
က်ီခ်င္နဲ႔ကုရွီးယြီကို သူတို႔ဘိုကင္ယူထားတဲ့စားပြဲဝိုင္းဆီ ဝိတ္တာမွလိုက္ပို႔ေပးသည္။
ကုရွီးယြီက အစားဂ်ီးမမ်ားတတ္ေတာ့ က်ီခ်င္မွာတာပဲလိုက္မွာလိုက္သည္။
ဝိတ္တာထြက္သြားတာနဲ႔ ကုရွီးယြီက
"ဘယ္လိုျဖစ္ပီး က်ေနာ့္ကိုအျပင္ထြက္ညစာစားဖို႔ေျပာတာလဲ၊ခင္ဗ်ားစိတ္ဆိုးေနတာမဟုတ္ဘူးလား"
ထိုသို႔ေျပာပီးမွ ကုရွီးယြီက သူ႔ပံုစံမွာမေက်နပ္လို႔ခ်စ္သူကိုရစ္ေနပံုေပါက္သြားေၾကာင္း သတိထားမိလိုက္သည္။

သူေျပာတာၾကားပီးေနာက္ က်ီခ်င္ကသူ႔လက္ထဲမွဝိုင္ခြက္ကိုစားပြဲေပၚခ်လိုက္ပီး ကုရွီးယြီကိုၿပံဳးျပလိုက္သည္။
ဒါေပမယ့္ သူ႔ေမးခြန္းေတြကိုေတာ့ျပန္ေျဖမလာေပ။
က်ီခ်င္က သူ႔မ်က္လံုးေရ႔ွကစခရင္အကြက္ကိုၾကည့္ကာ အဲ့မွာေပၚေနတဲ့လန္ယြဲ႔နဲ႔ကုရွီးယြီၾကားကပတ္သက္မႈ အခ်က္အလက္ေတြကိုဖတ္ေနပီး လန္ယြဲ႔ရဲ့အဓိကရည္ရြယ္ခ်က္ႀကီးကိုပါသိလိုက္ရသည္။
လီရန္လုပ္ငန္းစုနဲ႔ပတ္သက္ပီး က်ီခ်င္အေတာ္ေလးအံ့ၾသမိသည္။
လန္ယြဲ႔ရဲ့စည္းေက်ာ္တဲ့လုပ္ရပ္ေတြကို သေဘာမက်ဘူးဆိုေပမယ့္ ဒီဟာထက္သူပိုစိတ္ပ်က္ေနမိသည္မွာ လန္ယြဲ႔ရယ္ ကုရွီးယြီရယ္ ဖူနင္ရယ္ ထို၃ေယာက္ၾကားကသံုးပြင့္ဆိုင္ဇာတ္လမ္းကိုပင္။
တိုင္းျပည္Fကထိုေန့မွအခ်က္အလက္ေတြအရ ကုရွီးယြီရဲ့ျဖစ္တည္မႈမွာ သူ႔ေအာင္ျမင္မႈကိုတားဆီးဖို႔ဆိုတာ မသိစိတ္ကျပန္သတိေပးေနသည္။
ကုရွီးယြီကလည္းထိုအခြင့္အေရးကိုအသံုးခ်ပီး လန္ယြဲ႔နဲ႔ပူးေပါင္းလိမ့္မယ္လို႔ေတာင္ သူတြက္ထားသည္။

ကုရွီးယြီကအဲ့လိုလုပ္ခဲ့ေပမယ့္ Systemကတဆင့္သိလိုက္ရတာက ေကာင္ေလးမွာလန္ယြဲ႔ကိုလွည့္စားေနျခင္းပင္။
ထို႔ေနာက္ သူစိတ္သက္သာရာရသြားပီး
ဒီညမွာကုရွီးယြီနဲ႔အတူအျပင္ထြက္ ညစာစားဖို႔စီစဥ္လိုက္သည္။
ကုရွီးယြီက လန္ယြဲ႔နဲ႔မပူးေပါင္းတာေၾကာင့္ သူ႔တာ၀န္ဆိုတာကိုေအာင္ျမင္ဖို႔ က်ီဇီရႊမ္ကိုကူညီရန္ ထိုUSBကိုသံုးမသံုး အာမ,မခံႏိုင္ေပ။
က်ီခ်င္ကေတာ့ ကားေပၚကဆင္းကတည္းကယူလာတဲ့ အိတ္ေလး၁လံုးကိုထုတ္လိုက္သည္။
ထိုအိတ္ထဲမွလွလွပပထုပ္ပိုးထားတဲ့ လက္ေဆာင္ဗူးေလးကိုယူထုတ္လိုက္သည္။
ထို႔ေနာက္လက္ေဆာင္ဗူးကို ကုရွီးယြီဘက္ကိုတြန္းပို႔လိုက္ပီး
"ေပ်ာ္ရႊင္ဖြယ္ ဗယ္လင္တိုင္းေန့ေလးျဖစ္ပါေစ"

ကုရွီးယြီမွာခဏတာမွင္သက္သြားပီးေနာက္ လက္ေဆာင္ကိုၾကည့္ကာအျပစ္ရိွသလိုခံစားလာရပီး
"ေဆာရီး ဒီေန့ခ်စ္သူမ်ားေန့ဆိုတာေမ့သြားလို႔ ခင္ဗ်ားအတြက္လက္ေဆာင္မျပင္ထားမိဘူး"

"ရပါတယ္"က်ီခ်င္ကအရမ္းနားလည္ေပးတတ္တဲ့ခ်စ္သူေကာင္ေလးပံုစံမ်ိဳးနဲ႔
ႏူးညံ့ပီး အလိုလိုက္သလိုေလသံျဖင့္
"မင္းႀကိဳက္မႀကိဳက္ ၾကည့္လိုက္ၪီး"
ကုရွီးယြီကလက္ေဆာင္ကိုမယူခ်င္ေသာ္လည္း က်ီခ်င္ကတိုက္တြန္းေနတာေၾကာင့္လက္ေဆာင္ကိုဖြင့္ေဖာက္လိုက္သည္။
လက္ေဆာင္ဗူးထဲမွာေတာ့ ေငြမွင္ေရာင္လည္ဆြဲေလးပင္၊ရိုးရိုးရွင္းရွင္းျဖစ္တာမို႔ ေယာက်ာ္းေလးေတြ၀တ္ဖို႔သင့္ေတာ္တဲ့ဒီဇိုင္းမ်ိဳးျဖစ္သည္။
ဆြဲသီးကေတာ့ ေသာ့ပံုစံဒီဇိုင္းျဖစ္ပီး လက္တဆစ္စာအရြယ္အစားေလာက္သာရိွသည္။
ေသာ့ရဲ့ေခါင္းပိုင္းမွာေတာ့ အရမ္းထင္းေနတာမဟုတ္တဲ့ နက္ျပာေရာင္ေက်ာက္ေလးတလံုးကိုျမႇဳပ္ထားသည္။
ကုရွီးယြီေမာ့ၾကည့္လိုက္ေတာ့ က်ီခ်င္ကသူ႔ကိုစိုက္ၾကည့္ေနတုန္းပင္။
"အရမ္းလွတယ္ ေက်းဇူးတင္ပါတယ္"

က်ီခ်င့္ႏႈတ္ခမ္းေထာင့္က အေပၚသို႔အနဲငယ္ေကာ့တက္သြားေသာ္လည္း ဘာစကားမွေတာ့ျပန္ေျပာမလာေခ်။
ထို႔ေနာက္က်ီခ်င္ကဝိုင္ခြက္ကိုယူကာ အနဲငယ္ေသာက္ေနရင္း ဝိုင္ခြက္မွာထင္ဟပ္ေနတဲ့ကုရွီးယြီပံုရိပ္ကိုစိုက္ၾကည့္ေနသည္။
သူကမ်က္လႊာကိုအသာခ်ကာ မ်က္၀န္းထဲကလႈပ္ခတ္ေနတဲ့အရိပ္အေရာင္ေတြကိုဖံုးကြယ္လိုက္သည္။
ဘာေၾကာင့္ဆိုတာေတာ့မသိေပမယ့္ က်ီခ်င့္မွာ ကုရွီးယြီကိုသူတေယာက္တည္းအပိုင္ျဖစ္ေအာင္လုပ္ခ်င္တဲ့ ျပင္းျပင္းထန္ထန္ဆႏၵေတြလႊမ္းမိုးေနသည္။
အဆံုးသတ္မွာ ကုရွီးယြီဘယ္လိုပဲဆံုးျဖတ္ပါေစ ဘာကိုပဲေရြးခ်ယ္ပါေစ၊သူလြယ္လြယ္နဲ႔အလြတ္ေပးမွာမဟုတ္ေတာ့ေပ။

လည္ဆြဲသီးရဲ့ဒီဇိုင္းလိုပဲ ကုရွီးယြီဆိုတဲ့ငွက္ငယ္ေလးဟာ က်ီခ်င္ဆိုတဲ့ေလွာင္အိမ္ထဲမွာပဲထာ၀ရပိတ္မိသြားေစရမယ္...

ကုရွီးယြီနဲ႔က်ီခ်င္က ညစာစားပီးေနာက္မွာေတာ့ သူတို႔ေျပာထားတဲ့အတိုင္းတိုက္ခန္းဆီျပန္ဖို႔ျပင္လိုက္သည္။
စားေသာက္ဆိုင္မွထြက္လာတဲ့အခ်ိန္ အျပင္ဘက္မွာမိန္းကေလးတေယာက္ ႏွင္းဆီပန္းအနီေတြကိုလွလွပပထုပ္ပီး ေရာင္းေနတာျမင္လိုက္သည္။
ကုရွီးယြီက သူ႔ကုတ္အက်ႌအိတ္ထဲထည့္ထားတဲ့ လက္ေဆာင္ကိုသတိရလိုက္ပီး
မိန္းကေလးဆီသြားကာ ပန္း၀ယ္ပီးေနာက္ က်ီခ်င့္ကိုေပးလိုက္သည္။
ထို႔ေနာက္ ေလးေလးနက္နက္နဲ႔
"ေဆာရီး အခုေတာ့ဒီႏွင္းဆီပန္းပဲ ေပးခြင့္ရတယ္၊ေနာက္တေခါက္က်ရင္ ဒီထက္ပိုေကာင္းတဲ့လက္ေဆာင္ေပးမယ္ေနာ္"

မဟာနတ္ဆိုးဘုရင္ႀကီးဆိုတာ အခ်ိန္နဲ႔ယႏၲရားဌာနခ်ဳပ္ရဲ့အႏၲရာယ္အမ်ားဆံုး အဆင့္ျမင့္ဆံုး အျပစ္သားျဖစ္သည္။
သူ႔၀ိဉာဥ္အစိတ္အပိုင္းေတြက ကမ႓ာေတြရဲ့စုပ္ယူျခင္းခံရရင္ အားနည္းလာပီးေနာက္ဆံုးမွာအခ်ိန္နဲ႔ယႏၲရားရဲ့အက်ဥ္းေထာင္ဆီပို႔ေဆာင္ျခင္းခံရမည္ျဖစ္သည္။
အခ်ိန္က်လာရင္ ကုရွီးယြီမွာသူ႔ရဲ့ကြၽမ္းက်င္မႈ အရည္အခ်င္းေတြသံုးကာ နတ္ဆိုးဘုရင္ဘယ္ေတာ့မွလြတ္ေျမာက္မွာမဟုတ္တဲ့ ခိုင္ခံ့ပီးအဆင့္ျမင့္တဲ့သီးသန္႔အက်ဥ္းေထာင္တခုတည္ေဆာက္မယ္လို႔ေတြးထားတာျဖစ္သည္။
ထိုစဥ္ Systemဆီမွအသိေပးတဲ့အသံတခုထြက္ေပၚလာသည္။

[ဗီလိန္ရဲ့အႏၲရာယ္မွတ္ ၅မွတ္ေလ်ာ့သြားပါတယ္။
လက္ရိွအႏၲရာယ္မွတ္က ၅၀ပါ]

ကုရွီးယြီဆြံ႔အသြားကာ က်ီခ်င္ကိုၾကည့္လိုက္ေတာ့ က်ီခ်င္ကသူ႔ကိုၿပံဳးကာၾကည့္ေနပီး
"ကိုယ့္အတြက္ေတာ့ ဒီႏွင္းဆီပန္းနဲ႔တင္ကို လံုေလာက္ပါပီ"
ေလထုကအနဲငယ္ေနရခက္သြားကာ ကုရွီးယြီတေယာက္ အေယာင္ေယာင္အမွားမွားျဖင့္ ကုတ္အက်ႌထဲလက္ထည့္လိုက္ေတာ့ အထဲကUSBကိုစမ္းမိသြားကာ သူ႔မ်က္၀န္းေတြထဲမွာေတြ​ေဝေနတဲ့အမူအရာေတြေပၚလာသည္။

က်ီခ်င္ကရုတ္တရက္
"ကိုယ္အၿမဲစမ္းၾကည့္ခ်င္ေနတဲ့အရာတခုရိွတယ္"
ေျပာပီးတာနဲ႔က်ီခ်င္က ေရ႔ွတလွမ္းတိုးလိုက္သည္။
"ဟမ္ အဲ့ဒါဥကၠဌက်ီနဲ႔သူ႔ရဲ့အိမ္သူသက္ထားေလး မဟုတ္လား"
ရုတ္တရက္ထြက္လာတဲ့အသံတခုက သူတို႔ကိုေနွာင့္ယွက္လိုက္သလိုျဖစ္သြားသည္။
လန္ယြဲ႔ကသူ႔ရဲ့စီးပြားဖက္ပါတနာေတြနဲ႔အတူရပ္ေနကာ သူ႔ပံုစံက ဆိုင္ထဲမွာစားေသာက္ရင္းစီးပြားေရးေဆြးေနြးမယ့္ပံုေပၚသည္။
ကုရွီးယြီက က်ီခ်င္ကိုမသိစိတ္​ေၾကာင့္လွည့္ၾကည့္လိုက္သည္။
ခဏၾကာမွ မိတ္ေဆြတေယာက္ကိုေတြ့လိုက္ရသလိုၿပံဳးလိုက္ပီး
"ဥကၠဌလန္ မေတြ့တာၾကာပီေနာ္"

"ဟုတ္ပ မေတြ့ရတာအရမ္းၾကာပီေနာ္"
လန္ယြဲ႔ကကုရွီးယြီကိုအမွတ္တမဲ့ၾကည့္လိုက္ပီးမွ က်ီခ်င့္ကိုၿပံဳးျပကာ
"အရင္ေန့ကမင္းနဲ႔ေဆြးေနြးစရာရိွလို႔ ကုမၸဏီကိုေရာက္လာေသးတယ္၊ဒါေပမယ့္ မင္းကိုမေတြ့ခဲ့ရဘူး"
က်ီခ်င္က
"အဲ့ေန့ကငါအလုပ္မ်ားေနလို႔"
လန္ယြဲ႔ကလက္ကို​ေဝ႔ွယမ္းလိုက္ပီး
"နားလည္ပါတယ္ကြာ၊ဒါနဲ႔ မင္းတို႔လက္ထပ္တာကို ဂုဏ္ျပဳစကားေတာင္မေျပာရေသးဘူး။
ဟားဟား"

"ေက်းဇူးပဲ"
က်ီခ်င္ကေျပာေနရင္း နံေဘးက ကုရွီးယြီခါးကိုဖက္လိုက္သည္။
လန္ယြဲ႔က ဖ်စ္ညစ္ကာၿပံဳးလိုက္ပီး
"ဒီလိုေန့မ်ိဳးမွာ မင္းတို႔ကိုမေနွာင့္ယွက္ေတာ့ပါဘူးကြာ"

"ေကာင္းပီ ေနာက္တေခါက္မွဆံုၾကတာေပါ့"
က်ီခ်င္နဲ႔ကုရွီးယြီထြက္သြားတာကိုၾကည့္ေနရင္း လန္ယြဲ႔စိတ္ဓာတ္ေတြက်ေနသည္။
သူကေတာ့ သူအရမ္းခ်စ္ရတဲ့သူကိုလက္ကိုင္ခြင့္ေလးေတာင္မရခဲ့ေပမယ့္ က်ီခ်င္ကေတာ့ ထိုသူရဲ့ဘ၀ကိုအလြယ္တကူပဲပိုင္ဆိုင္ခြင့္ရခဲ့သည္။

ေစာင့္ၾကည့္ေနလိုက္ က်ီခ်င္
မင္းလံုး၀ေနာင္တရေအာင္ကိုလုပ္ပစ္မယ္!!!
.
.
က်ီခ်င္နဲ႔ကုရွီးယြီက စားေသာက္ဆိုင္မွထြက္လာပီးတိုက္ခန္းဆီျပန္လိုက္သည္။
ေၾကာင္ျဖဴေလးမွာတိုက္ခန္းထဲတြင္တေကာင္တည္းေၾကာင္စာစားေနသည္။
သူတို႔ျပန္လာတာကို ေၾကာင္ေလးမျမင္ေပ၊ျမင္မ်ားျမင္လို႔ကေတာ့သူ႔ကိုတေကာင္တည္းပစ္ထားခဲ့လို႔ စိတ္ဆိုးေနမွာေသခ်ာသည္။
က်ီခ်င္က စားေသာက္ဆိုင္အျပင္ဘက္မွာေျပာခဲ့တာကို ထပ္ေျပာမလာခဲ့ေပ။
ကုရွီးယြီကလည္းထပ္ေမးမေနေတာ့ဘဲ ေရမိုးခ်ိဳးပီးအနားယူလိုက္သည္။

ခ်င္ခ်န္းခ်န္းနဲ႔ခ်ိန္းထားတဲ့ စေနေန့မွာေတာ့ ေကာ္ဖီဆိုင္ထဲမွာခ်င္ခ်န္းခ်န္းကကုရွီးယြီကိုၾကည့္ပီး တအားသိခ်င္ေနတဲ့ေလသံနဲ႔
"ရွီးယြီ ကြၽန္မကိုေပးစရာရိွတယ္ဆိုတဲ့ဟာ...အဲ့ဒါအေရးႀကီးတဲ့ပစၥည္းလားဟင္"
ကုရွီးယြီက သူ႔လက္ထဲကအိတ္ကိုစားပြဲေပၚမတင္ခင္ စကၠန္႔အနဲငယ္ေလာက္ ၿငိမ္သြားပီးမွ
"အေရးေတာ့မႀကီးပါဘူး။
အရင္တေခါက္တိုင္းျပည္Fမွာတုန္းက က်ေနာ္အ၀တ္အစားေတြ၀ယ္တာ၊အဲ့ထဲမွာမိန္းကေလးစတိုင္ဒီဇိုင္း အ၀တ္ေတြမွား၀ယ္မိလို႔။
က်ေနာ္လည္းမ၀တ္ခ်င္ေတာ့ မင္းကိုေတြးမိတာနဲ႔အဲ့ဒါေတြေပးလိုက္ရင္ေကာင္းမလားလို႔"

အဟမ္း နဲနဲေလာက္အခ်ိန္ဆိုင္းလိုက္ပါၪီးမယ္ေလ...
USBထဲမွာဘာေတြပါလဲ စစ္ၾကည့္ပီးတဲ့အခ်ိန္မွ ေပးလည္းေနာက္မက်ေလာက္ပါဘူး...
---------------------
စာေရးသူမွာေျပာစရာရိွပါတယ္

#ထိုေတြ​ေဝေနတဲ့ပံုစံကို အခ်ိန္နဲ႔ယႏၲရားဌာနခ်ဳပ္က၀န္ထမ္းမ်ားေတြ့သြားလ်ွင္#

ေခါင္းေဆာင္ကု၏လက္ေအာက္ငယ္သားတသိုက္-
ေခါင္းေဆာင္ဘာလို႔အၿမဲေတြ​ေဝေနရတာလဲ။
က်ေနာ္တို႔တုန္းကက် တခ်က္ေလးေတာင္တံု႔ဆိုင္းမႈမရိွခဲ့ဘူးေလ။
သူ႔အလွည့္က်ေတာ့ ဘာလို႔အၿမဲတံု႔ဆိုင္းတံု႔ဆိုင္းျဖစ္ေနရတာလဲလို႔...
*ဒီပ်က္ရွင္၀င္ေန*
•••••••••••••••••••••••••••••
ဒီအပိုင္းကစပီး 'ဂူရွီးယြီ' ကို 'ကုရွီးယြီ' လို႔ေျပာင္းလိုက္မယ္ေနာ္

ကိုယ္ကေတာ့ ဗီလိန္ႀကီးတေယာက္တည္း ေကာက္ေတးေတြလုပ္ေနတာ ရီခ်င္😆
ဗီလိန္ႀကီးကေတာ့ ေဘဘီ့ကိုခ်ဳပ္ထားဖို႔ပလန္ေတြခ်ေနပီ😆

Take care guys ( ˘ ³˘)♥

Continue Reading

You'll Also Like

2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
8.6K 792 17
တနင်္လာနေ့တိုင်း update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့
1.7M 182K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
3.4M 277K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...