ကျွန်တော့်ချစ်သူ ဆိုးပေလေး
By khingwinhtet
18.1K 1.4K 96
စိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉) More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 12
617 61 2
By khingwinhtet
Unicode
" ဟိုကောင်လေး မနက်စာလာစားအုံး! "
အိမ်အောက်ထပ်က မားရဲ့ပြဲလန်နေတဲ့ခေါ်သံကြောင့် xzမှာမှောက်ခုံပြောင်းအိပ်ပီး ခေါင်းအုံးကိုအပေါ်ကဖိလို့ထားတယ်။
ခဏကြာတော့ ပွစိပွစိနဲ့အပေါ်ထပ်ကိုတက်လာတဲ့ မားရဲ့အသံ။
သူအရိုက်ခံရမှာစိတ်မပူတော့ဘူး လော့ခ်ချထားတယ်လေ။ မဟုတ်ရင်မားကအခန်းထဲဝင်ပီးသူ့ဖင်ပုပ်အောင်ဆော်ပလော်တီးမှာကိုး။
" လော့ခ်ချထားတယ်ပေါ့လေ ရှောင်းကျန့်! နင့်မလဲအိမ်ပြန်လာရင်ဘာမှကိုခိုင်းလို့မရဘူး! မဖြစ်တော့ဘူး နင့်အဖေကိုပြောပီးအလုပ်လုပ်ခိုင်းရမယ်! "
xzကစိတ်ထဲကပြောလိုက်တယ်။
ဒီစကားတွေရိုးနေပီမားရဲ့! အားအားရှိ ဒီအလုပ်ဆိုတာကြီးနဲ့ပဲကိုင်ပေါက်နေတာ! တကယ်လုပ်ခိုင်းကြည့်ပါလား အိမ်ပေါ်ကဆင်းပစ်လိုက်မှာ!
ပီးရင် ရိပေါ်အိမ်သွားနေမှာပေါ့ ဟဲဟဲ!
ပါးစပ်ကတော့ပြန်ဖြေလိုက်တယ်။
" ဝွန်း စားနှင့်ပါမားရယ် မဆာသေးလို့ခဏထပ်အိပ်အုံးမယ် ''
" အိပ် အိပ် ဒီနေ့နင့်ကိုအငတ်ထားမယ်! "
xzကအခန်းထဲကနေလျှာထုတ်ပြတယ်။
ထားပေါ့! သားမှာမုန့်တွေမှအများကြီး!
နာရီကိုကြည့်တော့မနက်၆ခွဲနေပီ။ ybဆီဖုန်းဆက်ကြည့်တယ်။
မကိုင်ဘူး။ ဒုတိယအကြိမ်မှာမှလာကိုင်တယ်။
" အစောကြီးပါလား ထူးထူးဆန်းဆန်းနိုးနေပီပေါ့လေ ''
ybက xzကိုအံ့သြတကြီးမေးတယ်။ xzကအိပ်ပုတ်ကြီးတယ် အခုကအစောကြီးဆက်တာဆိုတော့ ထီတောင်ထိုးဖို့ကောင်းနေပီ။
ဒါပေမဲ့လဲ xzရဲ့စကားကြောင့် ချီးကျူးချင်နေတဲ့စိတ်ကလေးကလေထဲမှာပျောက်သွားတယ်။
" မဟုတ်ပါဘူး အခုမှအိပ်မလို့ အဲ့တာငါ့ကိုနေ့လည်ထိဖုန်းမဆက်နဲ့နော် အိပ်ရေးမဝရင်ခေါင်းကိုက်လို့ ''
ybကမျက်မှောင်ကြုံ့လိုက်တယ်။
သူထင်တဲ့အတိုင်းပဲ!
" မင်းညလုံးပေါက်မအိပ်ပြန်ဘူးပေါ့လေ! ငါ့စကားကိုဘယ်ကြားသွားညှပ်လိုက်လဲဟမ်? ကြာရင်မင်းမျက်လုံးကန်းလိမ့်မယ်သိလား အလုပ်မရှိအကိုင်မရှိgameပဲဆော့နေလိုက်! "
သူဒီလိုပြောမှာကိုxzကသိနေတယ်လေ။ အ့တာကြောင့်အကြောင်းပြချက်ရှာပီးသား။
" ငါgameမဆော့ပါဘူးနော် ညကဟိုကောင်တွေနဲ့စာတွေဆွေးနွေးနေကြတာ မင်းမသိဘဲနဲ့လျှောက်မပြောစမ်းပါနဲ့ ''
ybကတော့ သူ့ကိုအနားရှိရင်ကိုင်ပေါက်မိလိမ့်မယ်ထင်တယ်။
" အဲ့စကားကိုအရူးပဲယုံလိမ့်မယ် ငါ့ကိုမင်းလိုငတုံးများမှတ်နေလား! "
xzကတော့ပါးစပ်တွေမဲ့ရွဲ့ကုန်တယ်။
မင်းပဲငတုံး! မင်းတို့တစ်မိသားစုလုံးငတုံး!
" တော်ပြီကွာ ငါအိပ်ချင်နေပီ! အော် ပီးတော့လေ ဟဲဟဲ..မင်းခုနေ့အပြင်သွားစရာရှိတယ်မလား အ့တာပြန်ရင်xxxဆိုင်ကကြက်ကြော်ဝယ်ခဲ့ပေး နော် ..ငါကအဲ့ဆိုင်ကကြက်ကြော်လေးကိုအရမ်းကြိုက်တာ ''
ybကတော့မျက်မှောင်ကြီးကြုတ်ရင်းကပဲ သက်ပြင်းချတယ်။
ငပျင်းကောင်! မှတ်လောက်သားလောက်အောင်ဆုံးမဖို့တော့လိုနေပီ! သူမကြိုက်တာဆိုလို့ ချီးပဲကျန်တော့တယ်!
" အင်း ဝယ်ခဲ့ပေးမယ် ဒါပဲလား? ကျန်တာဘာမှာစရာရှိသေးလဲ? "
"......''
သူသေချာနားထောင်ကြည့်တော့ xzကအိပ်ပျော်နေပီထင်တယ်။ အသက်ရှူသံမှန်မှန်လေးနဲ့။ ဒါကြောင့်မို့သူ့ဘက်ကနေပဲဖုန်းချလိုက်တယ်။
ပိတ်ရက်ဆိုybက ကုမ္ပဏီကိုလာရတယ်။ ကျောင်းပီးရင်ကုမ္ပဏီကိုဦးစီးဖို့အခုကတည်းကသူလေ့လာနေရတယ်လေ။
နေ့လည်၃နာရီလောက်ဆိုသူအိမ်ပြန်လာတယ် ။
xzကတော့အိပ်မက်ထဲမှာ ကြက်ကြော်တွေစားနေတယ်လို့မက်နေတယ်။ အပြင်မှာတော့ ဖက်လုံးကြီးကိုအားရှိပါးရှိဝါးနေတာ သွားရည်တွေတောင်စိုရွှဲလို့နေပီ။
ရှောင်းမားကတော့ နေ့လည်စာစားချိန်တောင်မထသေးတဲ့သူ့သားကို အမြင်ကတ်ပုဒ်မနဲ့တမင်သွားမနှိုးတော့ဘူး။
တရက်လောက်ထမင်းငတ်လဲသေသွားတာမှမဟုတ်ဘဲ!
TVမှာလာနေတဲ့ ကိုရီးယားဒွာမာအခန်းဆက်ကိုသာ စိတ်ဝင်တစားကြည့်နေလိုက်တယ်။
ပြနေတဲ့ဒွာမာက သားလိမ္မာလေးကသူ့အမေကိုလုပ်ကျွေးတဲ့ဇာတ်ကားလေ ။
သူမအပေါ်ထပ်က သူ့သားအခန်းရှိရာဆီမော့ကြည့်တယ်။
နံ့သာဆီနဲ့ အီးလိုပဲ! သူ့သားအ့လိုသိတတ်လာတဲ့နေ့ကတော့ သူတို့လင်မယားအုတ်ဂူထဲရောက်တောင်ရှိလာမှာမဟုတ်ဘူး။
အဖေလုပ်သူကတော့မိုးလင်းကမိုးချုပ် ကုမ္ပဏီမှာလုပ်ရတယ်။
တကယ်ပါ xzကဆန်ကုန်မြေလေးတစ်ကောင်ပဲ!
" အားရီရေ ''
ပြဲကွဲနေတဲ့အသံနဲ့အတူ လုလုကအိမ်ထဲကိုဝင်လာခဲ့တယ်။
" အမလေး လုလုရယ်! အားရီတော့လန့်လို့သေတော့မှာပဲ မိန်းကလေးကအ့လိုအသံကြီးနဲ့အော်နေလို့ဘယ်ရမှာလဲ ''
လုလုကလျှာတစ်လစ်ထုတ်လိုက်တယ်။
" မတတ်နိုင်ဘူးလေအားရီရယ် ဒါတောင်သမီးကပုံမှန်ပဲပြောတဲ့အသံမို့ဒီလောက်ပဲကျယ်တာနော် မတတ်နိုင်ဘူးလေ အမေ့ဆီကအမွေရထားတာကိုး ''
" အေး အ့တာတော့ဟုတ်တယ် လာထိုင်အုံး ထမင်းရောစားပီးပီလား? "
" မစားရသေးဘူး ဒီမှာပဲစားချင်လို့လာတာ ကျန်သေးတယ်မလား? ဒါနဲ့ရှောင်းကျန့်ဘယ်သွားတာလဲ သူအိမ်ပြန်လာတယ်မဟုတ်ဘူးလား ''
လုလုကိုရှောင်းမားကအပေါ်ထပ်ကိုမေးငေါ့ပြတယ်။
" ကာလနဂါးလေ ဖင်ထဲကြွက်ဝင်တောင်သိမှာမဟုတ်ဘူး! မိုးလင်းထဲကအောက်ထပ်ကိုဆင်းမလာသေးဘူး! "
ဒီစကားကိုကြားတော့လုလုကအကြံဆိုးကြီးနဲ့ပြုံးတယ်။
" ရတယ်အားရီ သမီးသွားနိုးလိုက်မယ် ''
" အေး အေး ''
ရှောင်းမားလဲTVထဲကိုပဲအာရုံပြန်စိုက်လိုက်တယ်။ ကောင်းခန်းရောက်နေပီ။
လုလုကxzအခန်းရှေ့မှာရပ်ပီး အမြင့်ဆုံးအသံနဲ့အော်တော့တယ်။
အခန်းထဲတော့သူဇွတ်မဝင်ရဲဘူး။ မမြင်သင့်တာတွေမြင်ရင်မကောင်းဘူးလေ။
" ရှောင်း ကျန့်! ငါနင့်အတွက်ထမင်းတွေအကုန်စားလိုက်တော့မှာနော် မထသေးရင်နင်ငတ်ပီသာမှတ် ''
ထမင်းဆိုတဲ့အသံကြားတော့xzကအိပ်နေရင်းငေါက်ခနဲထထိုင်တယ်။
သူဗိုက်တွေတအားဆာနေပီလေ။ အဲ့တစ်ယောက် သူများအိမ်ကုန်းဆင်းဖို့ရောက်နေပြန်ပီ။
အငတ်မ! ငါ့ထမင်းတွေ! ငါ့ထမင်းတွေ သူစားလို့မရဘူးနော်!
" လုလု! ငါဆင်းလာမှာနော် အကုန်စားသွားရင်နင့်ကိုရိုက်သတ်မယ်မှတ်! "
" စားမှာ! စားမှာ! ဟားဟားဟား ''
xzကိုစလိုက်ရလို့ကျေနပ်သွားတဲ့လုလုကအောက်ပြန်ဆင်းပီးထမင်းစားခန်းဆီလျှောက်သွားလိုက်တယ်။
အိုး သူ့အကြိုက်ဟင်းတွေချည်းပဲ!
ခပ်သွက်သွက်ဝင်ထိုင်ပီး စတင်စားတော့တယ်။ ဟိုကောင်ဆင်းလာရင်မလွယ်ဘူးလေ။
xzကအိပ်ယာကထပီး အဝတ်တွေအမြန်ကောက်ဝတ်တယ်။ ဖိနပ်ကိုလဲဖြစ်သလိုစီးပီး ရေချိုးခန်းထဲဝင် သွားအမြန်တိုက်တယ်။ ပီးတာနဲ့ စုတ်ဖွာနေတဲ့ဆံပင်တွေ အရမ်းအိပ်လို့အစ်ထွက်နေတဲ့မျက်လုံးတွေနဲ့ အောက်ထပ်ကိုပြေးဆင်းလာတယ်။
မားကသူ့ကိုလှမ်းအော်တယ်။
" အိမ်ပြိုမယ်နော်! ခြေသံကိုဖွနင်းစမ်း! ရှောင်းကျန့် ငါပြောတာကြားလား! "
" အိုက်ယား ကြားပါတယ်ဗျာ! မားကတစ်မျိုးပဲ! "
သူထမင်းစားခန်းကိုရောက်တော့ လုလုကဖုတ်ဝင်သည်လိုသူ့ထမင်းတွေကိုစားပစ်ပီးနေပီ။ သူ့ကိုပူတင်းနေတဲ့ဗိုက်ကိုပုတ်ပီး လေချဥ်တက်ပြတယ်။
သူဝမ်းနည်းပက်လက်အော်ဟစ်လိုက်တယ်။ ၁၀မိနစ်အတွင်းမှာဘယ်လိုတောင်စားပစ်နိုင်ရတာလဲ!
" အားးး! လုလု! ငါ့ထမင်းတွေပြန်ပေး! မားရေ ဒီမှာ သားထမင်းတွေကုန်ပီလို့ဆို! "
ရှောင်းမားမှာ ကြည့်နေတဲ့ဒွာမာတောင်ဘယ်နားရောက်သွားမှန်းမသိလိုက်ဘူး။
ဒီနှစ်ယောက်ဆုံရင်အဲ့လိုချည်းပဲ။
သူမ မကြားချင်ယောင်ဆောင်ပီးအခန်းထဲသာတန်းဝင်လာလိုက်တော့တယ်။
မောရင်ရပ်သွားကြလိမ့်မယ် လေကုန်ခံပီးပြောမနေတော့ဘူး!
လုလုက အော်ငိုနေတဲ့xzကိုနှာခေါင်းရှုံ့ပြလိုက်တယ်။
xzကတော့မကျေမနပ်နဲ့ ထမင်းစားပွဲမှာထိုင်ပီးသူ့ညီမလုပ်သူကိုပွစိပွစိပြောနေတယ်။
မျက်ရည်ကမထွက်တော့ပေမဲ့ အရင်စီးကျတဲ့မျက်ရည်တွေကခြောက်ကပ်ပီး ကြောင်ချီးရုပ်လေးပေါက်နေခဲ့တယ်။
လုလုကနောက်ဆုံးမှာမနေနိုင်တော့ဘူး။ xzဗိုက်ထဲကအော်မြည်သံကြီးကိုသူမကြားလိုက်ရတယ်လေ။
" ငိုမနေစမ်းနဲ့ဟယ် ဘာမုန့်စားမလဲ ငါဝယ်ကျွေးမယ်ဟုတ်ပီလား ''
" မစားဘူးဟာ! ငါ့ထမင်းတွေပဲပြန်ပေး! "
" မရှိတော့ဘူးလေ အကုန်ဗိုက်ထဲရောက်လို့အစာတောင်ကြေနေပီ ဒါမှမဟုတ် ငါပြန်အန်ပေးရမလား? "
" ခွေးမ! "
ထိုအချိန်မှာxzဆီybဆီကmessageရောက်လာတယ်။
~ အပြင်ထွက်လာခဲ့အုံး ~
xzကဝမ်းသာအားရဖြစ်သွားတယ်။
သူ့ကယ်တင်ရှင်ကြီးရောက်လာပီလေ!
သူအပြင်ကိုသွားဖို့မတ်တပ်ထရပ်လိုက်တယ်။ လုလုကဘယ်သွားမလို့လဲ ဆို့တဲ့အကြည့်နဲ့ကြည့်တယ်။
" လိုက်မလာနဲ့နော် ငါ့သူငယ်ချင်းကိုထွက်တွေ့မလို့ ''
" ကြွ ကြွ! "
သူတို့ခြံတံခါးကအိမ်ပြင်ကိုမမြင်ရတာမို့ သူတံခါးကိုအမြန်ဆွဲဖွင့်တယ်။
ybကကားကိုမှီပီးရပ်နေတာမို့ သူ့အနောက်မှာလုလုလိုက်လာသလားတချက်ကြည့်ပီး မပါလာတာသေချာတော့မှ ငိုမဲ့မဲ့လေးနဲ့ybရင်ခွင်ဆီပစ်ဝင်တယ်။
ybက စုတ်ဖွားကိုတချက်ကြည့်တယ်။
" ဘာဖြစ်နေတာလဲ မင်းအမေဆူလို့လား ''
xzကခေါင်းခါပြတယ်။ ပီးတော့ybကိုမျက်ရည်လည်ရွဲလေးနဲ့ရင်ခွင်ထဲကနေမော့ကြည့်လိုက်တယ်။
ybကချွဲနေတဲ့သူ့ကောင်လေးရဲ့ မျက်ရည်တွေကိုသုတ်ပေးလိုက်တယ်။
ဘာတွေအရူးထပီးဝမ်းနည်းပက်လက်ဖြစ်နေပြန်ပီလဲမသိပါဘူး!
ကြည့်နေရင်းကအသဲယားလာတာမို့ စူပုတ်နေတဲ့နှုတ်ခမ်းလေးကိုအသာဆွဲငုံတယ်။
ထိုအချိန်မှာပဲ ခြံတံခါးဖွင့်သံကိုကြားရတယ်။ ထွက်လာတဲ့လုလုက ဒီအဖြစ်ကိုမြင်ပီး အအကြီးလိုဖြစ်သွားတယ်။
နေ့ခင်းကြောင်တောင်ကြီးသူမအိပ်မက်မက်နေတာတော့မဟုတ်လောက်ပါဘူးနော်!
ဒီနှစ်ယောက်ကဘာတွေတုန်း!
သတိပြန်ဝင်ပီးအော်တော့မဲ့အချိန်မှာပဲxzကသူမပါးစပ်ကိုလက်နဲ့အတင်းပြေးပိတ်တယ်။
ပီးတော့ybဆီမျက်စောင်းကြီးထိုးကြည့်လိုက်တယ်။
ybကတော့ ချောင်းတချက်ဟန့်ပီး မအူမလည်မျက်နှာပေးလုပ်နေလိုက်တယ်။
လုလုကအတင်းသူ့လက်ကိုဆွဲဖယ်တယ်။ xzကမဖယ်ပေးတော့ ခြေထောက်ကိုတက်နင်းချလိုက်တယ်။
ပီးတာနဲ့သူမxzကိုလက်ညိုးထိုးပီးအထစ်ထစ်အငေါ့ငေါ့ပြောတယ်။
" နင် နင်! ငါ့ကိုရှင်းပြစမ်းပါ! ငါထင်တာတော့မဟုတ်ဘူးလား ''
xzကမျက်စိလှန်လိုက်တယ်။
ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးလားလာမေးနေသလိုပဲ!
" ဟင့်အင်း နင်ထင်နေတာဟုတ်တယ် ''
လုလုက ခေါင်းထဲကိုမိုးကြိုးအတောင့်လိုက်ပစ်ချသလိုခံစားလိုက်ရတယ်။
သူ့ဝမ်းကွဲကလိင်တူကြိုက်နေတယ် ဒါကတော့သူမလက်ခံနိုင်တယ် ထားလိုက်! ဒါပေမဲ့ဘာလို့ရိပေါ်ကိုမှလဲ!
အ့တာကိုသူကမသိဘဲ ybကိုကြိုက်နေကြောင်းတောင်သွားပြောလိုက်သေးတယ်! သောက်ရှက်တွေဗြန်းဗြန်းကွဲတဲ့နေ့ပဲဟေ့!
အဲ့နောက်မှာတော့ မကျေမနပ်နဲ့စိတ်ဆိုးနေတဲ့လုလုကိုxzက သူခိုင်းတာတစ်လတိတိလုပ်ပေးပါ့မယ်လို့ ကတိတွေပေးပီး နှုတ်ပိတ်လိုက်ရတော့တယ်။
ybဝယ်လာတဲ့ကြက်ကြော်ကိုယူပီး အဲ့တစ်ယောက်ကိုလဲလက်မောင်းကိုအားနဲ့ထိုးခဲ့လိုက်တယ်။
အဲ့တာအကုန်လုံးဒင်းကြောင့်ပဲ! သူသာမဆင်မခြင်မနမ်းခဲ့ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး! အခုတော့တစ်လကြီးများတောင်သူ့ခမျာကျွန်ခံရတော့မယ်လေ! ဘောလိုမှပဲ!
#December12 11:19PM
Zawgyi
သူထင်တဲ့အတိုင်းပဲ!
"......''
" အားရီရေ ''
" အေး အေး ''