အပိုင်း(၇)
"ဖြန်း..."
စည်းက စံအိမ်မှာရှိတဲ့သသကို ရှင်းပြဖို့ပြန်လာပေမဲ့ သသကသူ့ကိုတွေ့တွေ့ချင်း သူရဲ့ပါးကိုရိုက်သည်။
ပြီးတော့ ကြည့်လာတဲ့အကြည့်တွေမှာ နာကျည်းစိတ်တို့ပြည့်နှက်နေလျက်...
"သသ..."
"ဘာလို့ လူတစ်ယောက်ကို အလွယ်တကူသေနတ်နဲ့ ပစ်ဖို့အမိန့်ပေးရက်ရတာလဲ...ဦးအတွက် အဲ့လူက အဖိုးမတန်ပေမဲ့ သမီးအတွက် အရမ်းအဖိုးတန်တယ် သိရဲ့လား...ဦးကို ကောင်းတယ်လို့တွေးမိခဲ့တာ အရမ်းမှားတယ် ဦးက အမြဲတမ်းအတ္တဆန်တဲ့သူပဲ..."
သသရဲ့စကားကြောင့် စည်း ဖြေရှင်းဖို့စကားတွေက ထွက်မလာတော့...
"အဟက် အခုတောင် ပြန်ရိုက်ချင်နေတဲ့ပုံစံပဲ ရိုက်လိုက်ပါ သနားစရာမလိုဘူး...ဦးကတစ်ချက်ဆို သမီးကနှစ်ချက်ပဲ..."
"မင်းဘက်ကအဲ့လိုတွေးနေရင် အဲ့လိုမှတ်ယူလိုက် ဘာမှရှင်းပြနေစရာမလိုဘူး ဟုတ်တယ် ကိုယ် ပစ်ဖို့အမိန့်ပေးခဲ့တာ ကျေနပ်ပြီလား..."
စည်းစကားကြောင့် သသစိတ်တိုစွာ လက်ကို မြှောက်လိုက်ပေမဲ့ စည်းပါးပေါ်မကျလာခင်မှာ စည်းသသရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"အခွင့်အရေးပေးထားတယ်ဆိုပြီး လုပ်ချင်ရာမလုပ်နဲ့ အခွင့်အရေးပေးတာကလည်း အကန့်အသတ်ရှိတယ်...အိမ်မက်သခင်...စည်းချက်ညီညာက သူ့အားနည်းချက်ကို လူသိမခံဘဲ ဖျောက်ပစ်တတ်တယ်..."
"သမီးကို သတ်မယ်ဆို သတ်လိုက်...ဦး သမီးကို မသတ်ရင် ဦးကို သမီးသတ်မှာ...နှစ်ယောက်လုံးမုန်းနေတာ တစ်ယောက်ကတော့ ခွဲခွါသွားရမှာပေါ့...သတ်ဖို့ အမိန့်ပေးလိုက်..."
စည်းစိတ်တိုနေတာသိရက်နဲ့ သသကလည်းရွှဲ့ကာပြောတော့ စည်းသသရဲ့ပုခုံးကို တင်းတင်းကြပ်ကြပ်ဖိကိုင်သည်။
"အဟွန်း မင်းကိုသတ်ချင်ရင် လွယ်လွယ်လေး အိမ်မက်သခင်...ဒါပေမဲ့ ငါက မင်းရော မင်းအစ်ကိုရောကို နာနာကျင်ကျင်နဲ့ခံစားစေချင်တာ...ဘာလို့ မင်းကို မီးထဲကနေကယ်ခဲ့တာလဲသိလား မင်းမိဘတွေမင်းရှေ့မှာ သေသွားတာကို မြင်စေချင်တာ...အဲ့ဒီနာကျင်မှုက သေမလောက်နာကျင်တယ်ဆိုတာ သိစေချင်လို့ပဲ...မင်းမိသားစုကိုမုန်းတဲ့အမုန်းတွေက မင်းမိဘတွေကိုရှို့ခဲ့ရတဲ့မီးထက် အဆပေါင်းများစွာ ပိုကြီးတယ် ဖြစ်နိုင်ရင် ဒီထက်ရက်စက်တဲ့နည်းလမ်းသုံးချင်တာ...ဒါပေမဲ့ မင်းကြောင့်..."
"လူမဆန်တာလုပ်ပြီးမှ သမီးကြောင့်ဆိုတဲ့ခေါင်းစဉ်မတပ်ပါနဲ့ အရာအားလုံးက ဦးတည်ထွင်ခဲ့တာ..."
"အဟက် ဟား..."
"လူယုတ်မာ..."
သသရဲ့စကားကို စည်းက အရူးတစ်ယောက်လိုအော်ရယ်ကာ လှည့်ထွက်သွားသည်။
မင်းတို့က ငါယုတ်မာတာကိုပဲ မြင်တာ ဘယ်လောက်ပဲ လူကောင်းဆန်နေပါစေ အမြဲတမ်းလူယုတ်မာလို့ပဲမြင်နေတာ...
'အဖွား၊ဖေဖေ၊မေမေ၊ညီမလေး တောင်းပန်ပါတယ်...ကျွန်တော့်တာဝန်မကျေနိုင်လို့ ခွင့်လွှတ်ပါ...'
သသလည်း ဦးထွက်သွားတော့မှ ခဏက ဦးဖိကိုင်သွားတဲ့နေရာကို အသာဖိကာ အောက်ကိုထိုင်ချလိုက်သည်။
"အဟင့် ဟီး...ဦးက အတ္တသမား မုန်းတယ်..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ဟေး ယူ သိပ်မသောက်နဲ့လေ..."
တွေ့ရာBarတစ်ခုမှာ အပြင်းစားအရက်တွေ တစ်ခွက်ပြီးတစ်ခွက် သောက်နေတဲ့စည်းရဲ့လက်ကို ကောင်မလေးတစ်ယောက်က တားကာ အသံညှက်ညှက်နဲ့ပြောသည်။
"စိတ်ရှုပ်လိုက်တာ ဝေးဝေးသွားနေ..."
"ယူ့ကိုအဖော်လုပ်ပေးမယ်..."
"မလိုဘူး...ထွက်သွား..."
"တစ်ယောက်တည်းလား..."
"ဒုတ် ထွက်သွားလို့ ပြောနေတယ်လေ..."
စည်း ဖန်ခွက်ကို စောင့်ချကာ အော်ပြောလိုက်တော့ ကောင်မလေးက မျက်ရည်ဝဲကာ သူ့ကိုအင်တင်တင်ကြည့်ပြီး လှည့်ထွက်ပြေးသွားသည်။
"ဒီကောင်လား ဘေဘီ့ကို အော်တာ..."
ခဏကြာတော့ ထိုမိန်းကလေးနဲ့ဗလတောင့်တောင့်ရှိတဲ့လူတစ်စု ပြန်ရောက်လာပြီး သူ့ပုခုံးကို အသာဖိပုတ်ကာပြောသည်။
"ဟုတ်တယ် ကိုကြီးရဲ့ ဘေဘီကအဖော်လုပ်ပေးမယ်ပြောတာကို..."
"ဟေ့ကောင်..."
"ထွက်သွားစမ်း နားညီးတယ်..."
"ဘာ...!ဟျောင့်တွေ..."
ခေါင်းဆောင်ထင်ရတဲ့သူက အချက်ပြလိုက်တာကြောင့် ကျန်တဲ့သူတွေက စည်းရဲ့တစ်ဖက်တစ်ချက်ဆီမှာ ဝိုင်းလာပြီး လက်မောင်းကို လာဆွဲသည်။
"လွှတ်စမ်း..."
"တောက်စ်..."
စည်း စိတ်ကိုအလွှတ်ပေးလိုက်မိသည်။
"ဖြောင်း..."
"ခွပ်..."
"ခလွမ်း..."
တစ်ခဏအတွင်းမှာပင် စည်း ထိုလူတွေကို လက်ဆွဲလို့ပါလာတဲ့အရာမှန်သမျှနဲ့ရိုက်ထည့်လိုက်တာကြောင့် ဒဏ်ရာအများအပြားရကုန်ကြသည်။
သူ့မျက်နှာမှာတော့ သွေးအနည်းငယ်ထွက်ရုံမှအပ ဘာမှမဖြစ်သေး...အနီးနားမှာလဲကျနေတဲ့လူရဲ့ အင်္ကျီစကိုဆွဲကာ...
"ဇမရှိရင် ငါ့ကိုလာမစမ်းကြနဲ့...ငါက လူသတ်ရတာကြိုက်တဲ့သူပဲ..."
ပြီးတော့ ယိုင်တိုင်တိုင်နဲ့ထကာ မကွဲသေးတဲ့အရက်ပုလင်းကို ဒီတိုင်းမော့ချလိုက်သည်။
ထိုမိန်းကလေးရဲ့ကောင်းမှုကြောင့် သူ့ဒေါသတွေကို ဒီလိုနေရာမှာ ဖွင့်ချလိုက်ရသည် မဟုတ်ရင် အရက်တွေချည်းစွတ်သောက်နေမိမှာ...
"ဟဲ့ အဲ့တာ The Worldရဲ့သခင်လေး..."
"ဟုတ်တယ်..."
တီးတိုး စကားသံတွေနဲ့အတူ ဓာတ်ပုံရိုက်နေကြတဲ့ သူတွေကိုစောင်းကြည့်ကာ Barထဲကနေ ထွက်လာခဲ့လိုက်သည် မနက်ဖြန် သတင်းထိပ်စည်းပိုင်းမှာ စည်းနာမည်ပါမယ်ဆိုတာ သေချာသလောက်ပင်။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ကျွန်တော် အမိန့်ပေးတာပါ မမလေး..."
"ဘာလို့လဲ..."
"တစ်ကယ်ဆို သတ်ပစ်ဖို့ထိအမိန့်ပေးချင်ခဲ့တာ ဒါပေမဲ့ မမလေးကြောင့် ပစ်မိန့်ပဲပေးခဲ့တာပါ...အဲ့လိုမှမဟုတ်ရင် မမလေးကထွက်ပြေးသွားမှာမလား..."
သသကမှန်တယ်ဆိုတဲ့သဘောနဲ့ ခေါင်းကိုငုံ့သွားသည်။
"ထွက်ပြေးဖို့စဉ်းစားထားတဲ့အတွေးကို ရုတ်သိမ်းလိုက်ပါ မမလေး နောက်တစ်ခါဆို ကျွန်တော် မမလေးကို သက်ညှာမှာမဟုတ်ဘူး..."
"ဘာလို့ ဒီလောက်တောင် သမီးတို့မိသားစုကို မုန်းနေရတာလဲ..."
"အကျိုးရှိလို့ အကြောင်းရှိလာတာပါ မမလေး သခင်လေးရဲ့ဘဝကို တစ်ယောက်တည်းဖြစ်အောင်လုပ်ခဲ့တဲ့အတွက် ပေးဆပ်မှုတော့ရှိရမှာပဲ မမလေး...မိဘတွေရဲ့လုပ်ရပ်၊ ကောင်းကင်သခက်ရဲ့လုပ်ရပ်က သားသမီးတွေဆီမှာလည်း သက်ရောက်မှုရှိလို့ရတယ် မမလေး..."
Blackရဲ့စကားကြောင့် သသ မျက်ဝန်းတွေ လင်းလက်လာပြီး စိတ်ဝင်စားလာသည်။
"ဘာအကြောင်းလဲ..."
"မပြောနိုင်ပါဘူး မမလေး သိချင်ရင်တော့ သခင်လေးကို ကိုယ်တိုင်မေးကြည့်ပါ"
Blackရဲ့စကားကြောင့် သသ အတွေးတွေနဲ့အတူ ငိုင်သွားရသည်...Blackပြောတာနဲ့ဦးပြောတာကို စဉ်းစားကြည့်ရင် ဖေကြီးတို့က ဦးမိဘတွေအပေါ် အပြစ်လုပ်ထားတဲ့ပုံစံပါ။
ထိုအတွေးတွေနဲ့အတူ သသ အိပ်လို့မရတော့။ အိပ်ယာထဲလူးလိမ့်ရင်း တွေးနေမိသည်။
ဒီညတော့ Blackပြောတဲ့ပဟေဠိဆန်ဆန်စကားကြောင့် အိပ်ပျော်နိုင်မယ်မထင်ပါ။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ဒါဆို ကျောင်းအပ်ရတော့မှာလား..."
"ဟုတ်ပါတယ် ဒီနေ့ ကျွန်တော်လိုက်အပ်ပေးမှာပါ မမလေးရဲ့အကိုအနေနဲ့အပ်ပေးမှာပါ..."
"ဦးကရော..."
"သခင်လေး ကုမ္ပဏီမှာပါ မမလေး သွားရအောင်...."
"ဟုတ်..."
သသ ဘာမှအတွန့်မတတ်တော့ဘဲ Blackနဲ့အတူ ကားပေါ်လိုက်လာခဲ့လိုက်သည်။
"ဒါနဲ့ ဦး အဆင်ပြေရဲ့လား..."
"ဘာကိုပြောတာပါလဲ မမလေး..."
"မနေ့က...!"
"သခင်လေး ကောင်းကောင်းမွန်မွန်နဲ့အိမ်ပြန်လာပါတယ်....စိတ်မပူပါနဲ့..."
"မပူပါဘူး..."
သူနဲ့မဆိုင်သလို ဘေးဘက်ကိုမျက်နှာလှည့်သွားတဲ့မမလေးကြောင့် Blackမျက်နှာခက်ထန်သွားသည်။
"တောက်စ် သခင်လေးက ဒီလောက်ခံစားနေရတာကို အသက်ငယ်သလောက် တော်တော်သွေးအေးတဲ့ မိန်းမ..."
စိတ်တိုပေမဲ့လည်း သခင်ရဲ့နှလုံးသားဖြစ်တာကြောင့် စိတ်ကြိုက်ပေါက်ကွဲခွင့်တော့မရပါ...
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"သခင်လေး..."
"သသ အတွက် အကုန်လုပ်ပေးခဲ့ပြီလား..."
"ဟုတ်ကဲ့..."
"ဖုန်းဝယ်ပေးလိုက်...ဆေးကျောင်းတက်နေပြီး ဖုန်းမရှိဘူးဆို အဆင်မပြေဘူး..."
"ဟုတ်ကဲ့ပါ သခင်လေး...အဆင်ပြေရဲ့လား..."
"ဘာကိုလဲ..."
Blackကိုမော့မကြည့်လာဘဲ လက်တော့ကိုသာ အာရုံစိုက်နေပြီး ဘာမှမခံစားရသလို မေးလာသည်။
"မဟုတ်ပါဘူး သခင်လေး..."
"(...)မြို့ ပရော့ဂျက်လေလံပွဲအတွက် အခုကတည်းကပြင်ထားရမယ်...လာမဲ့နှစ်မှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့ပြောလိုက်...ပုံကြမ်းပြီးရင် ငါ့ဆီပို့လိုက်...."
"ဟုတ်ကဲ့ပါသခင်လေး..."
"သွားလို့ရပြီ..."
စည်းက သွားခွင့်ပြုလိုက်ပေမဲ့ Blackကမသွားသေးဘဲ စည်းကိုသာ ငေးကြည့်နေသည်။
"တင်ပြစရာကျန်သေးလား..."
"ဒီနေ့မနက် သခင်လေးရဲ့ရန်ဖြစ်တဲ့ဗီဒီယို လိုင်းပေါ်တက်လာပါတယ်...ကောမန့်တွေကတော့ negativeတွေများပါတယ် အဲ့အတွက်...."
"ထားလိုက်...အစကတည်းက ငါက လူကောင်းမှမဟုတ်တာ...အချိန်တန်ရင် ရပ်သွားလိမ့်မယ်...."
"ဟုတ်ကဲ့ပါသခင်လေး...အခု အစည်းအဝေးစတော့မှာပါ သခင်လေး..."
"အင်း သိပြီ..."
စည်း လက်တော့ကိုပိတ်ကာ ထရပ်လိုက်တော့ မနေ့ကသောက်ထားတဲ့ဒဏ်ကြောင့် လူကမူးဝေပြီး ယိုင်သွားသည်။
"သခင်လေး...အစည်းအဝေးဖျက်ဖို့ပြောလိုက်ပါမယ်..."
"မလိုဘူး သွားမယ်..."
နားထင်ကို လက်နဲ့အသာဖိရင်း ထွက်သွားသည်။
ဒီရက်ပိုင်း စည်းစံအိမ်ကိုလည်း မပြန်ဘဲ ကုမ္ပဏီမှာသာ အချိန်ကုန်နေမိသည်...တခြားအကြောင်းမစဉ်းစားမိအောင် အလုပ်တွေကိုသာဖိလုပ်နေလိုက်သည်။
"ဒါက မမလေးအတွက် ဖုန်းပါ နံပါတ်(၁)က သခင်လေးနံပါတ်ပါ..."
"ဟုတ်...ဦးကရော"
"သခင်လေးက အလုပ်ရှိလို့ အိမ်မပြန်လာပါဘူး မမလေး လိုအပ်တာရှိရင် ကျွန်တော့်ကိုခိုင်းလို့ရပါတယ်..."
"မရှိပါဘူး...ကျေးဇူးတင်တယ်လို့ပြောပေးပါ"
"ဟုတ်ကဲ့..."
Blackထွက်သွားတော့မှ ထမင်းစားဝိုင်းရဲ့ လွှတ်နေတဲ့ ဦးရဲ့နေရာကို လှမ်းကြည့်ကာ သသ သက်ပြင်းချကာ ထမင်းဆက်မစားတော့ဘဲ ထရပ်လိုက်သည်။
"Blackပြောတဲ့အကြောင်းက ဘာဖြစ်နိုင်မလဲ..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
(၂)လကြာပြီးနောက်~~~
"အေ့ ဝေါ့..."
"မမလေး ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား...ဒီရက်ပိုင်းခဏခဏဖြစ်နေတယ်..."
"ဟုတ် အေ့ ဝေါ့..."
"ဆရာဝန်ခေါ်လိုက်မယ်..."
စိုးရိမ်မှုကြီးစွာ ပြောပြီး ထွက်သွားမလိုလုပ်တဲ့ ဝါဝါရဲ့လက်ကို လှမ်းဆွဲလိုက်သည်။
"သမီး ဘာမဖြစ်ဘူး..."
"သေချာရဲ့လား..."
"ဟုတ် အစာမကြေတာ ဖြစ်မှာပါ ဒီကိစ္စကို ဦးမသိပါစေနဲ့...."
"ဟုတ်ကဲ့ပါမမလေး..."
"သမီးသွားတော့မယ်..."
ကြာကြာဆက်နေရင် ဝါဝါရိပ်မိသွားမယ်ဆိုတာ သိ၍ သသအမြန်ထွက်လာခဲ့လိုက်သည်။
ဆေးကျောင်းရှေ့မှာ ချထားခိုင်းလိုက်ပြီး သသ အနီးနားကစတိုးစဆိုင်ကိုပြေးရသည်။
အလျှင်အမြန်ပင် ဆီးစစ်တံကိုဝယ်ကာ ဘယ်သူမှသတိမထားမိတဲ့အချိန်မှာ သန့်စင်ခန်းဆီ လျှောက်ခဲ့လိုက်သည်။
သသ ဒီလိုဖြစ်နေတာ တစ်ပတ်လောက်ရှိပါပြီ ဓမ္မတာလည်း ပုံမှန်မလာပါ အနံ့ပြင်းတဲ့အစားအစာတွေဆို လူက ပျို့တက်လာတတ်သည်။
သသ မျက်လုံးမှိတ်ပြီး မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပေမဲ့ မြင်လိုက်ရတဲ့ ရလာဒ်က...
"ဒေါက်..."
အနီကြောင်း(၂)ခုနဲ့ဆီးစစ်သံလေးက အောက်ကိုလျောကျသွားသည်။
"ဘယ်လိုလုပ်ရမလဲ...ဦးသိရင်.."
သသ စိတ်တွေရှုပ်ထွေးလာပြီး မျက်ရည်တွေဝိုင်းလာရသည်။
အဲ့အဖြစ်အပျက်ဆိုးကို တဖြည်းဖြည်းနဲ့ မေ့နိုင်မယ်လို့ထင်ထားပေမဲ့ မထင်မှတ်ထားတဲ့ကလေးက သသဗိုက်ထဲမှာ ဝင်ရောက်လာခဲ့သည်။
ဆရာဝန်တစ်ယောက်၊မိန်းမတစ်ယောက်ဖြစ်တာမို့ ဖျက်ချပစ်ဖို့ထိတော့ သသအကြင်နာမမဲ့။
ဒါပေမဲ့ မွေးထုတ်ဖို့ကျတော့လည်း...
"အတူတူပျောက်ကွယ်သွားရအောင် ကလေး..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"သခင်လေး "
"အစည်းအဝေးကျန်သေးတာလား..."
"မဟုတ်ပါဘူး မမလေး..."
"ဘာဖြစ်တာလဲ ပြဿနာရှာလိုက်တာလား..."
"မေ့လဲသွားတာပါ စာသင်ချိန်မှာ လဲကျသွားတာပါ အခု(..)ဆေးရုံမှာပါ အတန်းပိုင်ဆရာမက ဖုန်းဆက်လာပါတယ်..."
"ဘာ..!"
စိုးရိမ်မှုနဲ့အတူ စည်း အမြန်ပင် သသရှိတဲ့ဆေးရုံကို လိုက်လာခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~
အပိုင္း(၇)
"ျဖန္း..."
စည္းက စံအိမ္မွာရွိတဲ့သသကို ရွင္းျပဖို႔ျပန္လာေပမဲ့ သသကသူ႔ကိုေတြ႕ေတြ႕ခ်င္း သူရဲ႕ပါးကို႐ိုက္သည္။
ၿပီးေတာ့ ၾကည့္လာတဲ့အၾကည့္ေတြမွာ နာက်ည္းစိတ္တို႔ျပည့္ႏွက္ေနလ်က္...
"သသ..."
"ဘာလို႔ လူတစ္ေယာက္ကို အလြယ္တကူေသနတ္နဲ႔ ပစ္ဖို႔အမိန႔္ေပးရက္ရတာလဲ...ဦးအတြက္ အဲ့လူက အဖိုးမတန္ေပမဲ့ သမီးအတြက္ အရမ္းအဖိုးတန္တယ္ သိရဲ႕လား...ဦးကို ေကာင္းတယ္လို႔ေတြးမိခဲ့တာ အရမ္းမွားတယ္ ဦးက အၿမဲတမ္းအတၱဆန္တဲ့သူပဲ..."
သသရဲ႕စကားေၾကာင့္ စည္း ေျဖရွင္းဖို႔စကားေတြက ထြက္မလာေတာ့...
"အဟက္ အခုေတာင္ ျပန္႐ိုက္ခ်င္ေနတဲ့ပုံစံပဲ ႐ိုက္လိုက္ပါ သနားစရာမလိုဘူး...ဦးကတစ္ခ်က္ဆို သမီးကႏွစ္ခ်က္ပဲ..."
"မင္းဘက္ကအဲ့လိုေတြးေနရင္ အဲ့လိုမွတ္ယူလိုက္ ဘာမွရွင္းျပေနစရာမလိုဘူး ဟုတ္တယ္ ကိုယ္ ပစ္ဖို႔အမိန႔္ေပးခဲ့တာ ေက်နပ္ၿပီလား..."
စည္းစကားေၾကာင့္ သသစိတ္တိုစြာ လက္ကို ေျမႇာက္လိုက္ေပမဲ့ စည္းပါးေပၚမက်လာခင္မွာ စည္းသသရဲ႕လက္ကို ဆုပ္ကိုင္လိုက္သည္။
"အခြင့္အေရးေပးထားတယ္ဆိုၿပီး လုပ္ခ်င္ရာမလုပ္နဲ႔ အခြင့္အေရးေပးတာကလည္း အကန႔္အသတ္ရွိတယ္...အိမ္မက္သခင္...စည္းခ်က္ညီညာက သူ႔အားနည္းခ်က္ကို လူသိမခံဘဲ ေဖ်ာက္ပစ္တတ္တယ္..."
"သမီးကို သတ္မယ္ဆို သတ္လိုက္...ဦး သမီးကို မသတ္ရင္ ဦးကို သမီးသတ္မွာ...ႏွစ္ေယာက္လုံးမုန္းေနတာ တစ္ေယာက္ကေတာ့ ခြဲခြါသြားရမွာေပါ့...သတ္ဖို႔ အမိန႔္ေပးလိုက္..."
စည္းစိတ္တိုေနတာသိရက္နဲ႔ သသကလည္း႐ႊဲ႕ကာေျပာေတာ့ စည္းသသရဲ႕ပုခုံးကို တင္းတင္းၾကပ္ၾကပ္ဖိကိုင္သည္။
"အဟြန္း မင္းကိုသတ္ခ်င္ရင္ လြယ္လြယ္ေလး အိမ္မက္သခင္...ဒါေပမဲ့ ငါက မင္းေရာ မင္းအစ္ကိုေရာကို နာနာက်င္က်င္နဲ႔ခံစားေစခ်င္တာ...ဘာလို႔ မင္းကို မီးထဲကေနကယ္ခဲ့တာလဲသိလား မင္းမိဘေတြမင္းေရွ႕မွာ ေသသြားတာကို ျမင္ေစခ်င္တာ...အဲ့ဒီနာက်င္မႈက ေသမေလာက္နာက်င္တယ္ဆိုတာ သိေစခ်င္လို႔ပဲ...မင္းမိသားစုကိုမုန္းတဲ့အမုန္းေတြက မင္းမိဘေတြကိုရႈိ႕ခဲ့ရတဲ့မီးထက္ အဆေပါင္းမ်ားစြာ ပိုႀကီးတယ္ ျဖစ္ႏိုင္ရင္ ဒီထက္ရက္စက္တဲ့နည္းလမ္းသုံးခ်င္တာ...ဒါေပမဲ့ မင္းေၾကာင့္..."
"လူမဆန္တာလုပ္ၿပီးမွ သမီးေၾကာင့္ဆိုတဲ့ေခါင္းစဥ္မတပ္ပါနဲ႔ အရာအားလုံးက ဦးတည္ထြင္ခဲ့တာ..."
"အဟက္ ဟား..."
"လူယုတ္မာ..."
သသရဲ႕စကားကို စည္းက အ႐ူးတစ္ေယာက္လိုေအာ္ရယ္ကာ လွည့္ထြက္သြားသည္။
မင္းတို႔က ငါယုတ္မာတာကိုပဲ ျမင္တာ ဘယ္ေလာက္ပဲ လူေကာင္းဆန္ေနပါေစ အၿမဲတမ္းလူယုတ္မာလို႔ပဲျမင္ေနတာ...
'အဖြား၊ေဖေဖ၊ေမေမ၊ညီမေလး ေတာင္းပန္ပါတယ္...ကြၽန္ေတာ့္တာဝန္မေက်ႏိုင္လို႔ ခြင့္လႊတ္ပါ...'
သသလည္း ဦးထြက္သြားေတာ့မွ ခဏက ဦးဖိကိုင္သြားတဲ့ေနရာကို အသာဖိကာ ေအာက္ကိုထိုင္ခ်လိုက္သည္။
"အဟင့္ ဟီး...ဦးက အတၱသမား မုန္းတယ္..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ေဟး ယူ သိပ္မေသာက္နဲ႔ေလ..."
ေတြ႕ရာBarတစ္ခုမွာ အျပင္းစားအရက္ေတြ တစ္ခြက္ၿပီးတစ္ခြက္ ေသာက္ေနတဲ့စည္းရဲ႕လက္ကို ေကာင္မေလးတစ္ေယာက္က တားကာ အသံညႇက္ညႇက္နဲ႔ေျပာသည္။
"စိတ္ရႈပ္လိုက္တာ ေဝးေဝးသြားေန..."
"ယူ႔ကိုအေဖာ္လုပ္ေပးမယ္..."
"မလိုဘူး...ထြက္သြား..."
"တစ္ေယာက္တည္းလား..."
"ဒုတ္ ထြက္သြားလို႔ ေျပာေနတယ္ေလ..."
စည္း ဖန္ခြက္ကို ေစာင့္ခ်ကာ ေအာ္ေျပာလိုက္ေတာ့ ေကာင္မေလးက မ်က္ရည္ဝဲကာ သူ႔ကိုအင္တင္တင္ၾကည့္ၿပီး လွည့္ထြက္ေျပးသြားသည္။
"ဒီေကာင္လား ေဘဘီ့ကို ေအာ္တာ..."
ခဏၾကာေတာ့ ထိုမိန္းကေလးနဲ႔ဗလေတာင့္ေတာင့္ရွိတဲ့လူတစ္စု ျပန္ေရာက္လာၿပီး သူ႔ပုခုံးကို အသာဖိပုတ္ကာေျပာသည္။
"ဟုတ္တယ္ ကိုႀကီးရဲ႕ ေဘဘီကအေဖာ္လုပ္ေပးမယ္ေျပာတာကို..."
"ေဟ့ေကာင္..."
"ထြက္သြားစမ္း နားညီးတယ္..."
"ဘာ...!ေဟ်ာင့္ေတြ..."
ေခါင္းေဆာင္ထင္ရတဲ့သူက အခ်က္ျပလိုက္တာေၾကာင့္ က်န္တဲ့သူေတြက စည္းရဲ႕တစ္ဖက္တစ္ခ်က္ဆီမွာ ဝိုင္းလာၿပီး လက္ေမာင္းကို လာဆြဲသည္။
"လႊတ္စမ္း..."
"ေတာက္စ္..."
စည္း စိတ္ကိုအလႊတ္ေပးလိုက္မိသည္။
"ေျဖာင္း..."
"ခြပ္..."
"ခလြမ္း..."
တစ္ခဏအတြင္းမွာပင္ စည္း ထိုလူေတြကို လက္ဆြဲလို႔ပါလာတဲ့အရာမွန္သမွ်နဲ႔႐ိုက္ထည့္လိုက္တာေၾကာင့္ ဒဏ္ရာအမ်ားအျပားရကုန္ၾကသည္။
သူ႔မ်က္ႏွာမွာေတာ့ ေသြးအနည္းငယ္ထြက္႐ုံမွအပ ဘာမွမျဖစ္ေသး...အနီးနားမွာလဲက်ေနတဲ့လူရဲ႕ အက်ႌစကိုဆြဲကာ...
"ဇမရွိရင္ ငါ့ကိုလာမစမ္းၾကနဲ႔...ငါက လူသတ္ရတာႀကိဳက္တဲ့သူပဲ..."
ၿပီးေတာ့ ယိုင္တိုင္တိုင္နဲ႔ထကာ မကြဲေသးတဲ့အရက္ပုလင္းကို ဒီတိုင္းေမာ့ခ်လိုက္သည္။
ထိုမိန္းကေလးရဲ႕ေကာင္းမႈေၾကာင့္ သူ႔ေဒါသေတြကို ဒီလိုေနရာမွာ ဖြင့္ခ်လိုက္ရသည္ မဟုတ္ရင္ အရက္ေတြခ်ည္းစြတ္ေသာက္ေနမိမွာ...
"ဟဲ့ အဲ့တာ The Worldရဲ႕သခင္ေလး..."
"ဟုတ္တယ္..."
တီးတိုး စကားသံေတြနဲ႔အတူ ဓာတ္ပုံ႐ိုက္ေနၾကတဲ့ သူေတြကိုေစာင္းၾကည့္ကာ Barထဲကေန ထြက္လာခဲ့လိုက္သည္ မနက္ျဖန္ သတင္းထိပ္စည္းပိုင္းမွာ စည္းနာမည္ပါမယ္ဆိုတာ ေသခ်ာသေလာက္ပင္။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ကြၽန္ေတာ္ အမိန႔္ေပးတာပါ မမေလး..."
"ဘာလို႔လဲ..."
"တစ္ကယ္ဆို သတ္ပစ္ဖို႔ထိအမိန႔္ေပးခ်င္ခဲ့တာ ဒါေပမဲ့ မမေလးေၾကာင့္ ပစ္မိန႔္ပဲေပးခဲ့တာပါ...အဲ့လိုမွမဟုတ္ရင္ မမေလးကထြက္ေျပးသြားမွာမလား..."
သသကမွန္တယ္ဆိုတဲ့သေဘာနဲ႔ ေခါင္းကိုငုံ႔သြားသည္။
"ထြက္ေျပးဖို႔စဥ္းစားထားတဲ့အေတြးကို ႐ုတ္သိမ္းလိုက္ပါ မမေလး ေနာက္တစ္ခါဆို ကြၽန္ေတာ္ မမေလးကို သက္ညႇာမွာမဟုတ္ဘူး..."
"ဘာလို႔ ဒီေလာက္ေတာင္ သမီးတို႔မိသားစုကို မုန္းေနရတာလဲ..."
"အက်ိဳးရွိလို႔ အေၾကာင္းရွိလာတာပါ မမေလး သခင္ေလးရဲ႕ဘဝကို တစ္ေယာက္တည္းျဖစ္ေအာင္လုပ္ခဲ့တဲ့အတြက္ ေပးဆပ္မႈေတာ့ရွိရမွာပဲ မမေလး...မိဘေတြရဲ႕လုပ္ရပ္၊ ေကာင္းကင္သခက္ရဲ႕လုပ္ရပ္က သားသမီးေတြဆီမွာလည္း သက္ေရာက္မႈရွိလို႔ရတယ္ မမေလး..."
Blackရဲ႕စကားေၾကာင့္ သသ မ်က္ဝန္းေတြ လင္းလက္လာၿပီး စိတ္ဝင္စားလာသည္။
"ဘာအေၾကာင္းလဲ..."
"မေျပာႏိုင္ပါဘူး မမေလး သိခ်င္ရင္ေတာ့ သခင္ေလးကို ကိုယ္တိုင္ေမးၾကည့္ပါ"
Blackရဲ႕စကားေၾကာင့္ သသ အေတြးေတြနဲ႔အတူ ငိုင္သြားရသည္...Blackေျပာတာနဲ႔ဦးေျပာတာကို စဥ္းစားၾကည့္ရင္ ေဖႀကီးတို႔က ဦးမိဘေတြအေပၚ အျပစ္လုပ္ထားတဲ့ပုံစံပါ။
ထိုအေတြးေတြနဲ႔အတူ သသ အိပ္လို႔မရေတာ့။ အိပ္ယာထဲလူးလိမ့္ရင္း ေတြးေနမိသည္။
ဒီညေတာ့ Blackေျပာတဲ့ပေဟဠိဆန္ဆန္စကားေၾကာင့္ အိပ္ေပ်ာ္ႏိုင္မယ္မထင္ပါ။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ဒါဆို ေက်ာင္းအပ္ရေတာ့မွာလား..."
"ဟုတ္ပါတယ္ ဒီေန႔ ကြၽန္ေတာ္လိုက္အပ္ေပးမွာပါ မမေလးရဲ႕အကိုအေနနဲ႔အပ္ေပးမွာပါ..."
"ဦးကေရာ..."
"သခင္ေလး ကုမၸဏီမွာပါ မမေလး သြားရေအာင္...."
"ဟုတ္..."
သသ ဘာမွအတြန႔္မတတ္ေတာ့ဘဲ Blackနဲ႔အတူ ကားေပၚလိုက္လာခဲ့လိုက္သည္။
"ဒါနဲ႔ ဦး အဆင္ေျပရဲ႕လား..."
"ဘာကိုေျပာတာပါလဲ မမေလး..."
"မေန႔က...!"
"သခင္ေလး ေကာင္းေကာင္းမြန္မြန္နဲ႔အိမ္ျပန္လာပါတယ္....စိတ္မပူပါနဲ႔..."
"မပူပါဘူး..."
သူနဲ႔မဆိုင္သလို ေဘးဘက္ကိုမ်က္ႏွာလွည့္သြားတဲ့မမေလးေၾကာင့္ Blackမ်က္ႏွာခက္ထန္သြားသည္။
"ေတာက္စ္ သခင္ေလးက ဒီေလာက္ခံစားေနရတာကို အသက္ငယ္သေလာက္ ေတာ္ေတာ္ေသြးေအးတဲ့ မိန္းမ..."
စိတ္တိုေပမဲ့လည္း သခင္ရဲ႕ႏွလုံးသားျဖစ္တာေၾကာင့္ စိတ္ႀကိဳက္ေပါက္ကြဲခြင့္ေတာ့မရပါ...
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"သခင္ေလး..."
"သသ အတြက္ အကုန္လုပ္ေပးခဲ့ၿပီလား..."
"ဟုတ္ကဲ့..."
"ဖုန္းဝယ္ေပးလိုက္...ေဆးေက်ာင္းတက္ေနၿပီး ဖုန္းမရွိဘူးဆို အဆင္မေျပဘူး..."
"ဟုတ္ကဲ့ပါ သခင္ေလး...အဆင္ေျပရဲ႕လား..."
"ဘာကိုလဲ..."
Blackကိုေမာ့မၾကည့္လာဘဲ လက္ေတာ့ကိုသာ အာ႐ုံစိုက္ေနၿပီး ဘာမွမခံစားရသလို ေမးလာသည္။
"မဟုတ္ပါဘူး သခင္ေလး..."
"(...)ၿမိဳ႕ ပေရာ့ဂ်က္ေလလံပြဲအတြက္ အခုကတည္းကျပင္ထားရမယ္...လာမဲ့ႏွစ္မွာ အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ထားဖို႔ေျပာလိုက္...ပုံၾကမ္းၿပီးရင္ ငါ့ဆီပို႔လိုက္...."
"ဟုတ္ကဲ့ပါသခင္ေလး..."
"သြားလို႔ရၿပီ..."
စည္းက သြားခြင့္ျပဳလိုက္ေပမဲ့ Blackကမသြားေသးဘဲ စည္းကိုသာ ေငးၾကည့္ေနသည္။
"တင္ျပစရာက်န္ေသးလား..."
"ဒီေန႔မနက္ သခင္ေလးရဲ႕ရန္ျဖစ္တဲ့ဗီဒီယို လိုင္းေပၚတက္လာပါတယ္...ေကာမန႔္ေတြကေတာ့ negativeေတြမ်ားပါတယ္ အဲ့အတြက္...."
"ထားလိုက္...အစကတည္းက ငါက လူေကာင္းမွမဟုတ္တာ...အခ်ိန္တန္ရင္ ရပ္သြားလိမ့္မယ္...."
"ဟုတ္ကဲ့ပါသခင္ေလး...အခု အစည္းအေဝးစေတာ့မွာပါ သခင္ေလး..."
"အင္း သိၿပီ..."
စည္း လက္ေတာ့ကိုပိတ္ကာ ထရပ္လိုက္ေတာ့ မေန႔ကေသာက္ထားတဲ့ဒဏ္ေၾကာင့္ လူကမူးေဝၿပီး ယိုင္သြားသည္။
"သခင္ေလး...အစည္းအေဝးဖ်က္ဖို႔ေျပာလိုက္ပါမယ္..."
"မလိုဘူး သြားမယ္..."
နားထင္ကို လက္နဲ႔အသာဖိရင္း ထြက္သြားသည္။
ဒီရက္ပိုင္း စည္းစံအိမ္ကိုလည္း မျပန္ဘဲ ကုမၸဏီမွာသာ အခ်ိန္ကုန္ေနမိသည္...တျခားအေၾကာင္းမစဥ္းစားမိေအာင္ အလုပ္ေတြကိုသာဖိလုပ္ေနလိုက္သည္။
"ဒါက မမေလးအတြက္ ဖုန္းပါ နံပါတ္(၁)က သခင္ေလးနံပါတ္ပါ..."
"ဟုတ္...ဦးကေရာ"
"သခင္ေလးက အလုပ္ရွိလို႔ အိမ္မျပန္လာပါဘူး မမေလး လိုအပ္တာရွိရင္ ကြၽန္ေတာ့္ကိုခိုင္းလို႔ရပါတယ္..."
"မရွိပါဘူး...ေက်းဇူးတင္တယ္လို႔ေျပာေပးပါ"
"ဟုတ္ကဲ့..."
Blackထြက္သြားေတာ့မွ ထမင္းစားဝိုင္းရဲ႕ လႊတ္ေနတဲ့ ဦးရဲ႕ေနရာကို လွမ္းၾကည့္ကာ သသ သက္ျပင္းခ်ကာ ထမင္းဆက္မစားေတာ့ဘဲ ထရပ္လိုက္သည္။
"Blackေျပာတဲ့အေၾကာင္းက ဘာျဖစ္ႏိုင္မလဲ..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
(၂)လၾကာၿပီးေနာက္~~~
"ေအ့ ေဝါ့..."
"မမေလး ဘာျဖစ္တာလဲ အဆင္ေျပရဲ႕လား...ဒီရက္ပိုင္းခဏခဏျဖစ္ေနတယ္..."
"ဟုတ္ ေအ့ ေဝါ့..."
"ဆရာဝန္ေခၚလိုက္မယ္..."
စိုးရိမ္မႈႀကီးစြာ ေျပာၿပီး ထြက္သြားမလိုလုပ္တဲ့ ဝါဝါရဲ႕လက္ကို လွမ္းဆြဲလိုက္သည္။
"သမီး ဘာမျဖစ္ဘူး..."
"ေသခ်ာရဲ႕လား..."
"ဟုတ္ အစာမေၾကတာ ျဖစ္မွာပါ ဒီကိစၥကို ဦးမသိပါေစနဲ႔...."
"ဟုတ္ကဲ့ပါမမေလး..."
"သမီးသြားေတာ့မယ္..."
ၾကာၾကာဆက္ေနရင္ ဝါဝါရိပ္မိသြားမယ္ဆိုတာ သိ၍ သသအျမန္ထြက္လာခဲ့လိုက္သည္။
ေဆးေက်ာင္းေရွ႕မွာ ခ်ထားခိုင္းလိုက္ၿပီး သသ အနီးနားကစတိုးစဆိုင္ကိုေျပးရသည္။
အလွ်င္အျမန္ပင္ ဆီးစစ္တံကိုဝယ္ကာ ဘယ္သူမွသတိမထားမိတဲ့အခ်ိန္မွာ သန႔္စင္ခန္းဆီ ေလွ်ာက္ခဲ့လိုက္သည္။
သသ ဒီလိုျဖစ္ေနတာ တစ္ပတ္ေလာက္ရွိပါၿပီ ဓမၼတာလည္း ပုံမွန္မလာပါ အနံ႔ျပင္းတဲ့အစားအစာေတြဆို လူက ပ်ိဳ႕တက္လာတတ္သည္။
သသ မ်က္လုံးမွိတ္ၿပီး မဟုတ္ပါေစနဲ႔လို႔ ဆုေတာင္းမိေပမဲ့ ျမင္လိုက္ရတဲ့ ရလာဒ္က...
"ေဒါက္..."
အနီေၾကာင္း(၂)ခုနဲ႔ဆီးစစ္သံေလးက ေအာက္ကိုေလ်ာက်သြားသည္။
"ဘယ္လိုလုပ္ရမလဲ...ဦးသိရင္.."
သသ စိတ္ေတြရႈပ္ေထြးလာၿပီး မ်က္ရည္ေတြဝိုင္းလာရသည္။
အဲ့အျဖစ္အပ်က္ဆိုးကို တျဖည္းျဖည္းနဲ႔ ေမ့ႏိုင္မယ္လို႔ထင္ထားေပမဲ့ မထင္မွတ္ထားတဲ့ကေလးက သသဗိုက္ထဲမွာ ဝင္ေရာက္လာခဲ့သည္။
ဆရာဝန္တစ္ေယာက္၊မိန္းမတစ္ေယာက္ျဖစ္တာမို႔ ဖ်က္ခ်ပစ္ဖို႔ထိေတာ့ သသအၾကင္နာမမဲ့။
ဒါေပမဲ့ ေမြးထုတ္ဖို႔က်ေတာ့လည္း...
"အတူတူေပ်ာက္ကြယ္သြားရေအာင္ ကေလး..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"သခင္ေလး "
"အစည္းအေဝးက်န္ေသးတာလား..."
"မဟုတ္ပါဘူး မမေလး..."
"ဘာျဖစ္တာလဲ ျပႆနာရွာလိုက္တာလား..."
"ေမ့လဲသြားတာပါ စာသင္ခ်ိန္မွာ လဲက်သြားတာပါ အခု(..)ေဆး႐ုံမွာပါ အတန္းပိုင္ဆရာမက ဖုန္းဆက္လာပါတယ္..."
"ဘာ..!"
စိုးရိမ္မႈနဲ႔အတူ စည္း အျမန္ပင္ သသရွိတဲ့ေဆး႐ုံကို လိုက္လာခဲ့လိုက္သည္။
~~~~~~~~~~~~~~~~~~~~~~~