Chapter (37)
Act 5 : Avenue Q (9)
ကိုယ်ကလည်းသာမန်လူပဲ. . . သာမန်လူတွေအတိုင်း အခက်အခဲတွေဆိုတာ ကြုံကိုကြုံရမှာ. . .
အထက်တန်းကျောင်းသူကျောင်းသားများအတွက် ဆောင်းရာသီအားလပ်ရက်သည် အစဥ်အမြဲတိုတောင်းလွန်းလှသည်။
သူတို့အားလုံးသည် လွန်ခဲ့သောရက်အနည်းငယ်ကမှ အတန်းဖော်များကို လက်ပြနှုတ်ဆက်လိုက်ပုံရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အားလုံးလိုလို ကျောင်းဝင်းထဲပြန်ပေါ်လာကြပြန်သည်။
အတန်းထဲရှိလူတော်တော်များများ ကိုယ်အလေးချိန်တက်သွားကြသည်ကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်လေသည်။
စာသင်နှစ်တိုင်း၏အစတွင် ဟွားဝူအကယ်ဒမီ၏ ပထမဆုံးလုပ်ငန်းစဥ်မှာ ယောက်ျားလေးများနှင့်မိန်းကလေးများအား အုပ်စုနှစ်စုခွဲပြီး ကိုယ်အလေးချိန်ချိန်ခြင်းပင်ဖြစ်သည်။
ရယ်စရာလို့ထင်ရပေမယ့် အကသမားတွေအတွက်တော့ ဒါသည် ကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးသော အတွေ့အကြုံပင်။
သူတို့အားလုံးသည် ရောင်းစားခံဖို့စောင့်နေရသော ဝက်ကလေးအုပ်စုနှင့်ဆင်တူ၏။ အလေးချိန်ချိန်သည့်စက်ပေါ်ရှိ အီလက်ထရွန်းနစ်စကေးကို တစ်ချက်တက်နင်းပြီးတိုင်း မိမိ၏ကိုယ်အလေးချိန်ကို ကျယ်ကျယ်လောင်လောင်သတင်းပို့မည့် ဆရာမတစ်ဦးကလည်း အနားမှာရှိနေသည်။ ဝက်ကလေးများနှင့် ကျောင်းသားကျောင်းသူများ၏ ကိုယ်အလေးချိန်နှင့်ပတ်သတ်၍ တစ်ခုတည်းသော ကွာခြားချက်မှာ ဝက်ကလေးများက ပိုလေးလေလေ ပိုကောင်းလေလေဖြစ်သော်လည်း ကျောင်းသားကျောင်းသူများသည်တော့ ပိုပေါ့လေလေ ပိုကောင်းလေလေဖြစ်သည်။
ကိုယ်အလေးချိန်တိုင်းတာမှုမှာ နေ့ခင်းဘက်တွင်ဖြစ်ပြီး မိမိတို့၏အတိုင်းအတာအချက်အလက်များ ပိုမိုကောင်းမွန်စေရန်အတွက် လူအများအပြားသည် မနေ့ညကတည်းက ဆန်တစ်စေ့လေးကိုတောင် မစားရဲခဲ့ကြပေ။
စက်ပေါ်မတက်မီတွင် မိန်းကလေးများသည် သူတို့ဆံပင်ထဲရှိ ဆံညှပ်လေးများအားလုံးကို ဖြုတ်ချထားကြပြီး စက်၏အစွန်းလေးကို ခြေချောင်းလေးများဖြင့်သာ ဂရုတစိုက်ခြေလှမ်းလှမ်းကြ၏။
-- "တေးဂီတပြဇာတ်ရုံဌာနက အဆင့်ခုနစ်ချီကျိ၊ ၅၈.၅ ကီလိုဂရမ်!"
ဤစာသင်နှစ်၌လည်း ချီကျိသည် ကိုယ်အလေးချိန် "ထူးထူးခြားခြား စွမ်းဆောင်မှု" ဖြင့် ကျောင်းဝင်းအတွင်း အောင်ပွဲခံခဲ့ပြန်သည်။
သူမ၏ကိုယ်အလေးချိန်သည် သာမန်လူများနှင့်ယှဥ်ပါက အနည်းငယ်အဆင်ပြေသည်ဟု ယူဆနိုင်သော်လည်း အကကျောင်းတွင်တော့ အလွန်စွဲမက်ဖွယ်ကောင်းလွန်းလှသည်။
တီချယ်ချူပင်းက "ကျင်းချီကျိရေ. . . တီချယ်တို့ဌာနက တစ်ခြားဌာနတွေလို ကိုယ်အလေးချိန်မကန့်သတ်ထားပေမယ့် မင်းကတော့ ကိုယ်စားသောက်တာကို ကန့်သတ်လို့ရတယ်လေ..."
ခါတိုင်းလိုပဲ ချီကျိကတော့ ကောင်းကောင်းမွန်မွန် ကတိတွေတသီကြီးပေးခဲ့ပြီး တစ်ဖက်လှည့်လိုက်သည်နှင့် သူမကတိပေးခဲ့သည်များကို ပြန်မေ့သွားတော့သည်။
သူမ၏ကိုယ်အလေးချိန်ကို တိုင်းတာပြီးနောက် ရှန်းချိုက်ကိုရှာတွေ့သွား၏။
သူမသည် ဤနွေဦးပွဲတော်အတွင်း အလွန်ခံစားခဲ့ရပြီး သူမ၏ဝမ်းနည်းပူဆွေးမှုများကို အစာစားချင်စိတ်အဖြစ်သာ ပြောင်းလဲနိုင်ခဲ့သည်။ သူမတစ်ကယ်မေးချင်နေမိသည်မှာ အွန်လိုင်းပေါ်ကချစ်သူကောင်မလေးကို ဘယ်လိုများရှာတွေ့သွားတာလဲဟုပင်။
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုပြီးနောက် ရှန်းချိုက်သည် ယခင်ကထက် အနည်းငယ်ပို၍ပြည့်လာပြီး သူ့မျက်နှာလေးသည် ပိုမိုဝိုင်းစက်လာသည်။ သူ၏တစ်နေ့တာလေ့ကျင့်ခန်းပမာဏကလည်း အရင်ကထက် အများကြီး လျော့နည်းသွားသည့်အပြင် ကံကောင်းထောက်မစွာဖြင့် သူသည် အလွယ်တကူကိုယ်အလေးချိန်မတက်နိုင်သောကြောင့် သူ့အလေးချိန်သည် ကျိုးကြောင်းဆီလျော်သောအတိုင်းအတာအတွင်း ရှိနေသေးသည်။
"ဂုဏ်ယူပါတယ်" ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးရေးဆရာမက ပြောလာသည်။ " ပြီးခဲ့တဲ့စာသင်နှစ်ကထက် ၂စင်တီမီတာ ပိုမြင့်လာတယ်နော် "
ရှန်းချိုက်သည် သူ၏ သေးငယ်သော လက်ကောက်ဝတ်များကိုငုံ့ကြည့်လိုက်ကာ သူ့ဘယ်ဘက်လက်ကောက်ဝတ်ကို ညာဘက်လက်ဖြင့် မသိစိတ်က ဆုပ်ကိုင်ထားမိသည်။
မမျှော်လင့်ဘဲ သူ့စိတ်ထဲ၌ ဗီဒီယိုတွင်မြင်ခဲ့ရသော ဝမ်ချင်းယွမ်၏နောက်ကျောကို သတိရသွားပြီး ထိုလူကဲ့သို့အရပ်ရှည်လာပါက မည်သို့ဖြစ်လာမည်ကို သူ မစဥ်းစားတတ်တော့ပေ။
ကိုယ်အလေးချိန်တိုင်းတာပြီးနောက် လူတိုင်း လည်း စာသင်ခန်းသို့သာ ပြန်သွားခဲ့ကြသည်။
ဘေးဘယ်ညာကြည့်လိုက်ပြီးနောက် အတန်းထဲရှိမျက်နှာများစွာ ပျောက်နေသေးသည်ကို ရှန်းချိုက်ရုတ်တရက် သတိပြုမိသွားသည်။
ဒီနေ့က ကျောင်းစတက်တဲ့ပထမဆုံးနေ့ဟာကို အဲ့ဒီ့လူတွေမှာ ကျောင်းပျက်ဖို့အတွက် အကြောင်းပြချက်တစ်ခုခုများ ရှိနေလို့လား??
သူ့မေးခွန်းကို ချီကျိကိုပြောပြလိုက်ပေမယ့် ကောင်မလေးက မျက်လုံးများကိုပြူးပြလိုက်ပြီး " ရှန်းချိုက် နင့်ဆီမှာဘာသတင်းမှကိုမရှိဘူး" လို့ ပြန်ဖြေလေသည်။
ရှန်းချိုက် : "ဘာဖြစ်လို့လဲ?? သူတို့တွေ ကျောင်းပြောင်းသွားကြလို့လား??"
ချီကျိက ခေါင်းခါပြလိုက်ပြီး " သူတို့က စာရင်းတောင်သွင်းပြီးသွားလို့ ထရိန်နင်တွေတောင်ဖြစ်တော့မယ်ဟဲ့!"
"ထရိန်နင်လား?" ရှန်းချိုက်၏မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများပေါ်လာသည်။ " ထရိန်နင်ဆိုတာ ဘာလဲ??"
ချီကျိသည် ရှန်းချိုက်ကဲ့သို့ ဤလောကအကြောင်းကောင်းစွာမကျွမ်းကျင်သောသူမျိုးအား တစ်ခါမှကို မမြင်ဖူးပေ။ ထိုကောင်လေးသည် သီချင်းနှင့်အကသင်တန်းသားတစ်ဦးဖြစ်သော်လည်း "ထရိန်နင်" ဟုသောစကားလုံးကို ကြားပင်မကြားဖူးဟုပြောလာသည်။
သူမလည်း အမြန်ရှင်းပြလိုက်ပြီးနောက် မသိနားမလည်သော ရှန်းချိုက်လေးလည်း နားလည်သွားတော့သည်။
"ဒါဆို သူတို့က ကျောင်းမတက်တော့ဘူးလား??" ရှန်းချိုက်လည်း မယုံနိုင်စွာဖြင့် ပြောလိုက်သည်။ "အသက် ဆယ့်ခြောက်ဆယ့်ခုနစ်က ပွဲဦးထွက်ဖို့စောလွန်းမနေဘူးလား??"
"သူတို့က တတ်နိုင်သမျှကို စောစောထွက်ချင်နေကြတာ!" နောက်တန်းမှ ချန်ဇီရန်က သူ့ခေါင်းကိုငုံ့လာပြီး " ရှန်းချိုက်. . .မင်းအရမ်းခေတ်နောက်ကျနေပြီ၊ အခုချိန်မှာ ဒီလိုကလေးသရုပ်ဆောင်တွေအများကြီးပေါ်လာတာ မဆန်းတော့ဘူးလေ . . . အသက် ၁၂ နှစ်၊ ၁၃နှစ်အရွယ်ကလေးတွေနဲ့ အဖွဲ့ဖွဲ့ပေးထားတဲ့ သီချင်းဆိုအိုင်ဒေါအဖွဲ့တွေတောင်ရှိသေးတယ်!! သူတို့ရဲ့ကုမ္ပဏီတွေက ဆရာဆရာမတွေ တိုက်ရိုက်စီစဉ်ပေးထားတော့ ဒီအတန်းတွေကိုတက်စရာမလိုတော့ဘူးကွ "
ချန်ဇီရန်ကသက်ပြင်းချရင်း "ငါ့အဖေလည်း ဒီနွေဦးပွဲတော်မှာ ငါ့ကိုညစာစားပွဲတွေဆီ ခေါ်သွားပေးပြီး လူတစ်ချို့နဲ့လည်းတွေ့ခဲ့ရတယ်၊ ဒါပေမယ့် ငါ့အမေက အဲ့ဒါကိုသဘောမတူဘူးလေ။ သူက ငါ့ကို ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်ပြီးမှ ဒရာမာဇာတ်ကောင်တွေဘက်ကို အလေးအနက်ထားစေချင်တယ်... ငါကလည်း ငွေရှာဖို့အတွက် တစ်ကယ်အဲ့လောက်ကြီး မကြိုးစားချင်ဘူး"
စကားစမြည်ပြောရင်း ချန်ဇီရန်က ချီကျိကိုရုတ်တရက်လှည့်ကြည့်လိုက်၏။ " ကျင်းဝတုတ်. . . ပြောရမယ်ဆို ပွဲဦးထွက်သရုပ်ဆောင်ဖို့ တောင်ကိုရီးယားကိုအရင်က ရောက်သွားတဲ့တစ်ယောက်ကို သိတယ်မှတ်လား?? မင်းဆိုရင်လည်း တစ်ကယ်ကောင်းမယ်. . . ဘာသာစကားသင်တန်းတွေတောင် မလိုတော့ဘူးပေါ့၊ နိုင်ငံခြားမှာ တစ်ခါတည်းကျောင်းတက်လိုက်လို့ရတယ် "
အစကတော့ ကျင်းချီကျိလည်း သူနဲ့စကားနာထိုးဖို့ ပျင်းရိနေပေမယ့် ရန်စနေသည့်အပြောအဆိုများကိုတော့ ဆက်လက်လျစ်လျူမရှုနိုင်တော့ပေ။ သူတို့နှစ်ဦးကြားတွင် ယမ်းမှုန့်များစွာရှိနေကာ စကားအနည်းငယ်ပြောပြီးနောက် အခြေအတင်ရန်ဖြစ်ကြတော့သည်။
သူတို့နှစ်ဦးကြားတွင်ညှပ်နေသော ဆန်းဒဝှစ်လေးရှန်းချိုက်၏နားထဲတွင်တော့ "ပွဲဦးထွက်" "အိုင်ဒေါ" "ကြယ်ပွင့်" "အနုပညာရှင်" ... ဟူသော စကားလုံးများဖြင့်သာ ပြည့်နှက်နေတော့၏။
သူသည် အသက်ဆယ့်ခုနစ်နှစ်သာရှိသေးပြီး နေ့စဉ်ကျက်ရမည့်စာများသာ ကျက်နေခဲ့သည့်အရွယ်တွင် သူ့ရွယ်တူများသည်တော့ ကျော်ကြားလာစေရန်နှင့် ငွေရှာနည်းများကိုသာ တွေးတောနေခဲ့ကြသည်။
လူတိုင်းသည် အနာဂတ်တွင် တောက်ပနိုင်မည့်ကြယ်ပွင့်လေးများဖြစ်လာစေရန် ညတွင်းချင်းကြံစည်နေကြပုံပင်။ ဒါပေမယ့် ဆန့်ကျင်ဘက်အနေဖြင့် သူ့အစီအစဥ်များနှင့်နှိုင်းယှဉ်ကြည့်ပါက အလွန်ရိုးရှင်းနေလေသည်။ သူကတော့ နာမည်ကျော်ကြားဖို့နေနေသာသာ ပိုက်ဆံအများကြီးရှာဖို့တောင် မစီစဉ်ထားပေ။ သူသည် စင်မြင့်ထက်၌ ထာဝရရပ်တည်လိုပြီး သူ့ကိုယ်ပိုင်အကနှင့်ကိုယ်ပိုင်သီချင်းကိုသာ သီဆိုချင်ရုံပင်။
-- အခြားသူများက လက်တွေ့ကို လက်ခံခဲ့ကြပြီးဖြစ်ကာ သူသည်သာ အိပ်မက်မက်နေဆဲဖြစ်၏။
သူ စကားမပြောတာကိုတွေ့တော့ ချီကျိကမျက်ဆန်လည်ပြလိုက်ပြီး စကားအကြောင်းအရာကို ချက်ခြင်းပြောင်းလိုက်၏။
"ကောင်းပြီ၊ ကောင်းပြီ. . . ဒီပျင်းစရာအကြောင်းတွေပြောနေတာကို ရပ်လိုက်ကြရအောင်" ကောင်မလေးက မျက်တောင်ခတ်လိုက်ပြီး အေးဆေးနေသယောင်ဖုံးကွယ်ထားသောလေသံဖြင့် " ရှန်းချိုက်. . . နင့်အသည်းလေးကို ဂိမ်းဆော့ရင်းနဲ့တွေ့ခဲ့တာလား??"
"အမ်?..." ရှန်းချိုက်လည်း စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားပြီး ချီကျိတစ်ယောက် ဘယ်သူ့ကိုပြောနေမှန်းသိသွားပြီး ဗီဒီယိုချိတ်ဆက်မှု၌ သူမြင်ခဲ့ရသော မြင်ကွင်းအားလုံးကိုပြန်သတိရသွားသောကြောင့် သူ့အမူအရာမှာ ချက်ချင်းအေးခဲသွားတော့သည်။
သူနှင့် လုံးဝမရင်းနှီးသောဝမ်ချင်းယွမ်အပြင် ထိုဝမ်ချင်းယွမ်ဘေးနားတွင် ရယ်မောရင်းမတ်တပ်ရပ်နေသောလူငယ်တစ်ယောက်. . . .
ရှန်းချိုက်က တောင့်တောင့်ကြီးပြုံးပြလိုက်ပြီး "သူတို့က ငါ့အသည်းလေးမဟုတ်ဘူး... ငါကပဲ သူတို့ကိုတစ်ဖက်သတ် အထင်ကြီးနေခဲ့တာ၊ အဲ့ဒါကို သူတို့တောင်မသိဘူး"
ရှန်းချိုက်တွေးမိသည်က နှလုံးသားထဲရှိ လျှို့ဝှက်သောအချစ်သည် တစ်ကယ့်ကိုပုဂ္ဂလိကကိစ္စဖြစ်၏။ ဒါသည် သူ့ကိုယ်ပိုင်ဇာတ်လမ်းသာဖြစ်ပြီး ဘယ်အချိန်မှာစပြီး ဘယ်အချိန်မှာအဆုံးသတ်ရမည်ကို သူ့ဘာသာသူဆုံးဖြတ်မည်ဖြစ်သည်။ အစမှအဆုံးထိတိုင် ရှန်းချိုက်သည် သူ့အတွေးများကို ဝမ်ချင်းယွမ်ဆီသို့ထုတ်ဖော်လိုက်ရန် ဘယ်တုန်းကမှ မစဉ်းစားဖူးခဲ့ပေ။
နွေဦးပွဲတော်ပြီးချိန်ကတည်းက သူတို့နှစ်ယောက်လည်း အဆက်အသွယ်သိပ်မရှိကြခြင်းဖြစ်သည်။
ဝမ်ချင်းယွမ်သည် သူ့သုံးဖက်မြင်ကမ္ဘာ၌ အလွန်အလုပ်ရှုပ်နေပုံရပြီး သူအွန်လိုင်းပေါ်ရောက်တိုင်း စကားအနည်းငယ်သာပြောပြီး ပြန်ထွက်သွားလေ့ရှိသည် ။
ရှန်းချိုက်ကလည်း သူ့ကို အနှောက်အယှက်မပေးပေ။ သူ့အားလပ်ချိန်များတွင် ဝမ်ချင်းယွမ်၏ စကားဝိုင်းများတွင်သာ နေ့တိုင်း အချိန်ဖြုန်းနေ၏။
သတင်းဂယက်များသည် ယခုအချိန်တွင် ငြိမ်သက်သွားပြီဖြစ်ကာ သူသည်လည်း အခြားသာမန်ပရိသတ်များအတိုင်း ဝမ်ချင်းယွမ်၏သုံးဖက်မြင်ဘဝအကြောင်း ဘာဆိုဘာမှမသိသော ပရိသတ်လေးမျှသာဖြစ်ကြောင်း ရှန်းချိုက်သဘောပေါက်သွားခဲ့သည်။ ဝမ်ချင်းယွမ် တစ်ကယ်ကြီးဒုက္ခရောက်နေခဲ့လျှင်တောင် ရှန်းချိုက်လည်းမကူညီနိုင်ပေ။
ဝမ်ချင်းယွမ်နှင့် ခြေတစ်လှမ်းပိုနီးနေလောက်ပြီလို့ ရှန်းချိုက်ထင်လိုက်တိုင်း လက်တွေ့ကတော့ သူတို့နှစ်ယောက်က ဘယ်လောက်တောင်ဝေးကွာနေတယ်ဆိုတာကို သက်သေပြနေခဲ့၏။
တိုက်ဆိုင်စွာပင် ရှန်းချိုက်စိတ်ထဲ၌ ဝမ်ချင်းယွမ်အကြောင်းတွေးနေစဥ် ထိုရင်းနှီးနေသော နာမည်က သူ့ဖုန်းစခရင်ပေါ်၌ ရုတ်တရက်ကြီးပေါ်လာလေသည်။
ရှန်းချိုက်သည် သူ့ဘေးနားရှိအတန်းဖော်များကို ဂရုမစိုက်နိုင်တော့ဘဲ စွမ်းအင်အားလုံးကို သူ့ဖုန်းထဲတွင်သာ မြှုပ်နှံထားလိုက်သည်။ အသေအချာကြည့်လိုက်မှ ဝမ်ချင်းယွမ်တစ်ယောက် သူ့ကိုရှာနေမှန်း တွေ့လိုက်ရ၏။
ယီမင် ချင်းယွမ် : လိုင်းပေါ်မှာရှိလား??
ယီမင် ချင်းယွမ် : ကိုယ်မင်းကို ဒုက္ခပေးစရာတစ်ခုရှိတယ်
ခန့်မှန်း : !!! လိုင်းပေါ်မှာပါ !!!
ခန့်မှန်း : [ဂုဏ်ယူနေသောငန်းလေးထွက်လာ]. ပုံ
ဝမ်ချင်းယွမ်က သူ့ကို ဒုက္ခပေးစရာတစ်ခုခုရှိနေတာမျိုးက ဒါပထမဆုံးအကြိမ်ပင်။
ပြောသာပြောလိုက်ပါ. . . ဓားပေါ်ပဲတက်ရတက်ရ၊ မီးထဲပဲဆင်းရဆင်းရ အဆင်ပြေတယ်!!
ယီမင် ချင်းယွမ် : ဟိုတလောက ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ တေးဂီတပွဲတစ်ခုသွားခဲ့သေးတယ်
ယီမင် ချင်းယွမ် : တိုက်တိုင်ဆိုင်ဆိုင်ပဲ၊ အဲ့ဒါ Coming Out လုပ်တဲ့သီချင်းပါတဲ့ပြဇာတ်လေ
ခန့်မှန်း : ... Avenue Q များလား??
ယီမင် ချင်းယွမ် : ဟုတ်တယ်
နွေဦးပွဲတော်အတွက် သီချင်းရှာခဲ့သည့်အချိန်က ရှန်းချိုက်သည် Avenue Q ပြဇာတ်ကို နှစ်ကြိမ်တိုင်တိုင် ပြန်ကြည့်ဖူးသည်။ ဤပြဇာတ်သည် လူအများစုအား ရယ်စေ၊ ငိုစေနိုင်သော ပြဇာတ်အမျိုးအစားဖြစ်၏။ ဘွဲ့ရပြီးကျောင်းသားများ၏ အရှုပ်အထွေးများအကြောင်း ပြောပြနေပုံရသော်လည်း တစ်ကယ်တမ်းတွင်တော့ ၎င်းသည် ဘဝ၏ရွေးချယ်မှုများနှင့် လျှောက်လှမ်းသင့်သည့်လမ်းကြောင်းများအား ဖော်ပြထားလေသည်။
ယီမင် ချင်းယွမ် : အဲ့ထဲက သီချင်းတစ်ပုဒ်ကို အရမ်းသဘောကျလို့
ယီမင် ချင်းယွမ် : ဒါပေမယ့် စာသားတွေကိုဒေါင်းလုဒ်လုပ်ဖို့ကို ဘယ်လိုမှရှာမတွေ့ဘူးဖြစ်နေတယ်
ယီမင် ချင်းယွမ် : မင်းလက်ထဲမှာ စာသားတွေရှိတယ်လို့ ပြောဖူးတယ်မှတ်လား??
ယီမင် ချင်းယွမ် : ကိုယ့်ကိုရော မျှပေးလို့ရမလား??
ခန့်မှန်း : [ ငန်းလေး OK ]. ပုံ
ပြောပလောက်စရာတောင် မရှိဘူး!!!
အသေးအဖွဲကိစ္စမျှသာဖြစ်သော်ငြား နတ်ဘုရားကြီးကို ကူညီရမည်ဖြစ်သည့်အတွက် ရှန်းချိုက်အလွန်ပျော်ရွှင်နေလေသည်။
ခန့်မှန်း : ဘာသီချင်းလဲ??
ယီမင် ချင်းယွမ် : "Purpose"
သြော် . . . နတ်ဘုရားကြီးက ဒီသီချင်းကိုနားထောင်ချင်တာလား??
ပြဇာတ်တစ်ခုလုံးတွင် သီချင်းများစွာပါရှိပြီး ဤ "Purpose" သည် သိပ်မကျော်ကြားပေ။ သီချင်းခေါင်းစဉ်၏ ပကတိဘာသာပြန်ဆိုချက်သည် ဆုံးဖြတ်ချက်နှင့် ပန်းတိုင်များကို ဆိုလိုသည်။ ပြဇာတ်ထဲရှိဇာတ်ကောင်သည် ဘဝ၏လမ်းဆုံလမ်းခွတွင် ရှိနေခဲ့ကာ ဤသီချင်းနှင့်အတူ သူ့ရဲ့ပန်းတိုင်ကိုရှာတွေ့နိုင်ကာ သူ့စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ခြင်းဖြစ်သည်။
အခု ဝမ်ချင်းယွမ်က ဒီသီချင်းကိုနားထောင်ဖို့ စိတ်အားထက်သန်နေတာဆိုတော့... သူ့အကြောင်းများလား??သူ့ဘဝရဲ့ ဦးတည်ချက်တွေကို သံသယရှိနေတာလား??
ရှန်းချိုက်သည် အကင်းပါးသောကလေးတစ်ယောက်ဖြစ်သည်။ ဝမ်ချင်းယွမ်၏လေသံထဲရှိ စိတ်ညစ်နေမှုများကို သူ အသေအချာဖမ်းဆုပ်မိခဲ့၏။
ခန့်မှန်း : ...ဟိုလေ ယွမ်တာ့
ခန့်မှန်း : ကျွန်တော် မေးခွန်းတစ်ခုမေးမယ်. . မဖြေချင်ရင် မဖြေနဲ့နော်
ခန့်မှန်း : [ငန်းလေး မျက်နှာကိုကာထား]. ပုံ
ခန့်မှန်း : ယွမ်တာ့မှာ အခက်အခဲတွေရှိနေရင် ကျွန်တော့်ကို ပြောပြလို့ရပါတယ်
ခန့်မှန်း : ကျွန်တော်- ကျွန်တော်- ကျွန်တော်- ကျွန်တော်က ဖြေရှင်းချက်ကောင်းကောင်းတော့ မပေးတတ်ဘူး။ ဒါပေမယ့် ကျွန်တော်က အရမ်းကောင်းတဲ့ သစ်ခေါင်းလေးနော်!!!
(ကောင်းတဲ့သစ်ပင်လှိုဏ်ခေါင်း=ပါးစပ်လုံ)
ခန့်မှန်း : ကျွန်တော်က တစ်ကယ်ပါးစပ်လုံတယ်!!!!!
ပါးစပ်လေးကို ဇစ်ဖြင့်ပိတ်ထားသော ချစ်စရာ အီမိုဂျီလေးတစ်ခု ပေးပို့လိုက်လေသည်။
ရေဒီယိုလှိုင်းများအကြား အချိန်အတော်ကြာ အောင် တိတ်ဆိတ်နေခဲ့၏။
တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ပိုပြီးတောင် တိတ်ဆိတ်သွား၏။
ရှန်းချိုက်လည်း နောင်တရနေမိပြီး အလောတကြီးမပြောလိုက်သင့်ကြောင်း တွေးနေမိချိန်တွင် စာတစ်ကြောင်းက သူ့မျက်လုံးရှေ့သို့ ရုတ်တရက် ရောက်ရှိလာ၏။
ယီမင် ချင်းယွမ် :...
ယီမင် ချင်းယွမ် : ခန့်မှန်း. . . ကျေးဇူးပဲ
ယီမင် ချင်းယွမ် : ကိုယ်မကြာသေးခင်က ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရတယ်
ယီမင် ချင်းယွမ် : မင်းသိထားသလိုပဲ. . . ကိုယ်က အရမ်းတော်တဲ့ စီးပွားဖြစ်အသံသွင်းသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့တာ
ယီမင် ချင်းယွမ် : ဒါပေမယ့် အခု ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အပေးအယူလုပ်ရတော့မယ့်ပုံပဲ
ယီမင် ချင်းယွမ် : ကိုယ်ရွေးချယ်လိုက်တဲ့လမ်းက မှန်လားမှားလားတောင် မသိတော့ဘူး
ဤစကားများသည် ဒုတိယသားနှင့်တောင် မဝေမျှခဲ့သည့်စကားများဖြစ်၏။
သူသည် ကြာလှစွာသောအချိန်ကတည်းက နောက်ဆုံးမှတ်သို့ ရောက်နေခဲ့ပြီးဖြစ်ကာ တင်းကျပ်နေသောအာရုံကြောများက သူ့ကို အနားယူခွင့်မပြုပေ။ သူ့စိတ်ထဲ၌ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေခဲ့ပြီး တစ်ဖက်က ဖြစ်သင့်ဖြစ်ထိုက်သော အကြောင်းပြချက်များရှိနေပြီး အခြားတစ်ဖက်မှာတော့ သူ့ကိုယ်သူ လေးစားတန်ဖိုးထားမှုလေး ကွဲအက်သွားမည်ဖြစ်သည်။
ယောင်ရင်၏အဆိုပြုချက်သည် အလွန်ဆွဲဆောင်နိုင်၏။ သူသာ ယောင်ရင်နှင့်ဆက်နွယ်နေသရွေ့ သူ့အတွင် အကြံပြုစာတစ်စောင်ရရှိရန်မှာ မခက်ခဲပေ... သူဆိုသည့်ဝမ်ချင်းယွမ် လက်လှမ်းမှီဖို့ရာအတွက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရန်သာ လိုအပ်သည်။
သို့သော် သူ့ကိုယ်ကျင့်တရားက ထိုခြေတစ်လှမ်းကို ရှေ့သို့ဆက်တိုးရန် လုံးဝခွင့်မပြုပေ။ ၎င်းသည် သူငယ်စဉ်ကတည်းကကိုင်စွဲထားသော သူ့ယုံကြည်ချက်များကိုဆန့်ကျင်နေကာ သူ့ဘဝလမ်းတစ်လျှောက် သူကျော်ဖြတ်နိုင်ခဲ့သော အခက်အခဲအားလုံးကို မထိမဲ့မြင်ပြုရာကျနေသည်။
သို့သော် ... နောက်ဆုံးရက်နားသို့ နီးကပ်လာသည်နှင့်အမျှ သူသည်လည်း ပဋိပက္ခများကြားထဲသို့ ပိုမိုနစ်မြုပ်လာ၏။
ထို့ကြောင့် သမုဒ္ဒရာတစ်ဖက်ခြမ်းရှိကောင်လေးရှေ့တွင် ဝမ်ချင်းယွမ်သည် သူ့အကျပ်အတည်းကို ထုတ်ဖော်ပြောလိုက်မိတော့သည်။
ငန်းပေါက်လေးသည် သူ့အား အိုင်ဒေါအဖြစ် အမြဲတမ်းမှတ်သားထားသည်ကို သူသဘောပေါက်သည့်အပြင် သူကိုယ်တိုင်ကလည်း အိုင်ဒေါတစ်ယောက်၏ အဆင်မပြေဖြစ်နေသည့်အခြမ်းကို မပြသချင်ခဲ့ပေ။
ဒါပေမယ့် ဒီနေ့မှာတော့ သူ အရှုံးပေးလိုက်ရသည်။
ထိုအသေးအဖွဲအတွေးများကို တစ်ချက်လောက်ဖွင့်ဟလိုက်ရစဥ် နောင်တအနည်းငယ်ရသွားသော်လည်း သူ့စိတ်ထဲတွင်တော့ ပို၍ရွှင်လန်းလာလေသည်။
ကြည့်လေ. . . ငန်းပေါက်လေး၊ ကိုယ်ကလည်းသာမန်လူပဲ. . . သာမန်လူတွေအတိုင်း အခက်အခဲတွေဆိုတာ ကြုံကိုကြုံရမှာပဲ. . .
ကောင်လေးက စာများကို အံ့သြတကြီးစိုက်ကြည့်နေရင်း ထိုစကားများကိုသာ အသေအချာပြန်တွေးကြည့်နေခဲ့သည်။
တွေးတောပြီးနောက် သူ့လက်ချောင်းများက စကားလုံးအချို့ကို အမြန်ရေးချလိုက်၏။
ခန့်မှန်း : ဒါပေမယ့်...
ခန့်မှန်း : အပေးအယူလုပ်မှရမယ့်ဟာကို အိပ်မက်လို့ခေါ်ဖို့ရော ထိုက်တန်လို့လား??
-----------
စာရေးသူမှာ ပြောစရာတစ်ခု ရှိနေပါတယ်~~~
အရင်တစ်ခေါက်က နတ်ဘုရားကြီးက ချိုက်ချိုက်ကို နိုးထစေခဲ့တယ်. . . ဒီတစ်ခါတော့ ချိုက်ချိုက်ကြောင့် နတ်ဘုရားကြီးက သတိပြန်ဝင်လာမယ်လို့ ထင်တာပဲ
[အိုင့် note: Purpose ကို Media မှာ ထည့်ပေးထားပါတယ်။ အိုင်ထည့်ပေးသမျှတော်တော်များများက Lyrics ပါတဲ့ဗီဒီယိုတွေချည်းပဲ အားလုံးအဓိပ္ပာယ်ပါကြည့်လို့ရအောင်ပါ. . . Purpose က သီချင်းအဓိပ္ပာယ်လေးရော၊ နားထောင်လို့ရောတစ်ကယ်ကောင်းပါတယ်. . . And it's really funny!]
____________________________________________
Zawgyi
Chapter (37)
Act 5 : Avenue Q (9)
ကိုယ္ကလည္းသာမန္လူပဲ. . . သာမန္လူေတြအတိုင္း အခက္အခဲေတြဆိုတာ ႀကံဳကိုႀကံဳရမွာ. . .
အထက္တန္းေက်ာင္းသူေက်ာင္းသားမ်ားအတြက္ ေဆာင္းရာသီအားလပ္ရက္သည္ အစဥ္အၿမဲတိုေတာင္းလြန္းလွသည္။
သူတို႔အားလံုးသည္ လြန္ခဲ့ေသာရက္အနည္းငယ္ကမွ အတန္းေဖာ္မ်ားကို လက္ျပႏႈတ္ဆက္လိုက္ပံုရၿပီး မ်က္စိတစ္မိွတ္အတြင္းမွာပင္ အားလံုးလိုလို ေက်ာင္းဝင္းထဲျပန္ေပၚလာၾကျပန္သည္။
အတန္းထဲရိွလူေတာ္ေတာ္မ်ားမ်ား ကိုယ္အေလးခ်ိန္တက္သြားၾကသည္ကို သာမန္မ်က္စိျဖင့္ပင္ ျမင္ႏိုင္ေလသည္။
စာသင္ႏွစ္တိုင္း၏အစတြင္ ဟြားဝူအကယ္ဒမီ၏ ပထမဆံုးလုပ္ငန္းစဥ္မွာ ေယာက္်ားေလးမ်ားႏွင့္မိန္းကေလးမ်ားအား အုပ္စုႏွစ္စုခြဲၿပီး ကိုယ္အေလးခ်ိန္ခ်ိန္ျခင္းပင္ျဖစ္သည္။
ရယ္စရာလို႔ထင္ရေပမယ့္ အကသမားေတြအတြက္ေတာ့ ဒါသည္ ကမ႓ာေပၚမွာေၾကာက္စရာအေကာင္းဆံုးေသာ အေတြ့အႀကံဳပင္။
သူတို႔အားလံုးသည္ ေရာင္းစားခံဖို႔ေစာင့္ေနရေသာ ဝက္ကေလးအုပ္စုႏွင့္ဆင္တူ၏။ အေလးခ်ိန္ခ်ိန္သည့္စက္ေပၚရိွ အီလက္ထရြန္းနစ္စေကးကို တစ္ခ်က္တက္နင္းၿပီးတိုင္း မိမိ၏ကိုယ္အေလးခ်ိန္ကို က်ယ္က်ယ္ေလာင္ေလာင္သတင္းပို႔မၫ့္ ဆရာမတစ္ဦးကလည္း အနားမွာရိွေနသည္။ ဝက္ကေလးမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ား၏ ကိုယ္အေလးခ်ိန္ႏွင့္ပတ္သတ္၍ တစ္ခုတည္းေသာ ကြာျခားခ်က္မွာ ဝက္ကေလးမ်ားက ပိုေလးေလေလ ပိုေကာင္းေလေလျဖစ္ေသာ္လည္း ေက်ာင္းသားေက်ာင္းသူမ်ားသည္ေတာ့ ပိုေပါ့ေလေလ ပိုေကာင္းေလေလျဖစ္သည္။
ကိုယ္အေလးခ်ိန္တိုင္းတာမႈမွာ ေန့ခင္းဘက္တြင္ျဖစ္ၿပီး မိမိတို႔၏အတိုင္းအတာအခ်က္အလက္မ်ား ပိုမိုေကာင္းမြန္ေစရန္အတြက္ လူအမ်ားအျပားသည္ မေန့ညကတည္းက ဆန္တစ္ေစ့ေလးကိုေတာင္ မစားရဲခဲ့ၾကေပ။
စက္ေပၚမတက္မီတြင္ မိန္းကေလးမ်ားသည္ သူတို႔ဆံပင္ထဲရိွ ဆံၫွပ္ေလးမ်ားအားလံုးကို ျဖဳတ္ခ်ထားၾကၿပီး စက္၏အစြန္းေလးကို ေျခေခ်ာင္းေလးမ်ားျဖင့္သာ ဂရုတစိုက္ေျခလွမ္းလွမ္းၾက၏။
-- "ေတးဂီတျပဇာတ္ရံုဌာနက အဆင့္ခုနစ္ခ်ီက်ိ၊ ၅၈.၅ ကီလိုဂရမ္!"
ဤစာသင္ႏွစ္၌လည္း ခ်ီက်ိသည္ ကိုယ္အေလးခ်ိန္ "ထူးထူးျခားျခား စြမ္းေဆာင္မႈ" ျဖင့္ ေက်ာင္းဝင္းအတြင္း ေအာင္ပြဲခံခဲ့ျပန္သည္။
သူမ၏ကိုယ္အေလးခ်ိန္သည္ သာမန္လူမ်ားႏွင့္ယွဥ္ပါက အနည္းငယ္အဆင္ေျပသည္ဟု ယူဆႏိုင္ေသာ္လည္း အကေက်ာင္းတြင္ေတာ့ အလြန္စြဲမက္ဖြယ္ေကာင္းလြန္းလွသည္။
တီခ်ယ္ခ်ူပင္းက "က်င္းခ်ီက်ိေရ. . . တီခ်ယ္တို႔ဌာနက တစ္ျခားဌာနေတြလို ကိုယ္အေလးခ်ိန္မကန႔္သတ္ထားေပမယ့္ မင္းကေတာ့ ကိုယ္စားေသာက္တာကို ကန႔္သတ္လို႔ရတယ္ေလ..."
ခါတိုင္းလိုပဲ ခ်ီက်ိကေတာ့ ေကာင္းေကာင္းမြန္မြန္ ကတိေတြတသီႀကီးေပးခဲ့ၿပီး တစ္ဖက္လွၫ့္လိုက္သည္ႏွင့္ သူမကတိေပးခဲ့သည္မ်ားကို ျပန္ေမ့သြားေတာ့သည္။
သူမ၏ကိုယ္အေလးခ်ိန္ကို တိုင္းတာၿပီးေနာက္ ရွန္းခ်ိဳက္ကိုရွာေတြ့သြား၏။
သူမသည္ ဤေနြဦးပြဲေတာ္အတြင္း အလြန္ခံစားခဲ့ရၿပီး သူမ၏ဝမ္းနည္းပူေဆြးမႈမ်ားကို အစာစားခ်င္စိတ္အျဖစ္သာ ေျပာင္းလဲႏိုင္ခဲ့သည္။ သူမတစ္ကယ္ေမးခ်င္ေနမိသည္မွာ အြန္လိုင္းေပၚကခ်စ္သူေကာင္မေလးကို ဘယ္လိုမ်ားရွာေတြ့သြားတာလဲဟုပင္။
ရုပ္ပိုင္းဆိုင္ရာစစ္ေဆးမႈၿပီးေနာက္ ရွန္းခ်ိဳက္သည္ ယခင္ကထက္ အနည္းငယ္ပို၍ျပည့္လာၿပီး သူ႔မ်က္ႏွာေလးသည္ ပိုမိုဝိုင္းစက္လာသည္။ သူ၏တစ္ေန့တာေလ့က်င့္ခန္းပမာဏကလည္း အရင္ကထက္ အမ်ားႀကီး ေလ်ာ့နည္းသြားသည့္အျပင္ ကံေကာင္းေထာက္မစြာျဖင့္ သူသည္ အလြယ္တကူကိုယ္အေလးခ်ိန္မတက္ႏိုင္ေသာေၾကာင့္ သူ႔အေလးခ်ိန္သည္ က်ိဳးေၾကာင္းဆီေလ်ာ္ေသာအတိုင္းအတာအတြင္း ရိွေနေသးသည္။
"ဂုဏ္ယူပါတယ္" ရုပ္ပိုင္းဆိုင္ရာ စစ္ေဆးေရးဆရာမက ေျပာလာသည္။ " ၿပီးခဲ့တဲ့စာသင္ႏွစ္ကထက္ ၂စင္တီမီတာ ပိုျမင့္လာတယ္ေနာ္ "
ရွန္းခ်ိဳက္သည္ သူ၏ ေသးငယ္ေသာ လက္ေကာက္ဝတ္မ်ားကိုငံု႔ၾကၫ့္လိုက္ကာ သူ႔ဘယ္ဘက္လက္ေကာက္ဝတ္ကို ညာဘက္လက္ျဖင့္ မသိစိတ္က ဆုပ္ကိုင္ထားမိသည္။
မေမ်ွာ္လင့္ဘဲ သူ႔စိတ္ထဲ၌ ဗီဒီယိုတြင္ျမင္ခဲ့ရေသာ ဝမ္ခ်င္းယြမ္၏ေနာက္ေက်ာကို သတိရသြားၿပီး ထိုလူကဲ့သို႔အရပ္ရွည္လာပါက မည္သို႔ျဖစ္လာမည္ကို သူ မစဥ္းစားတတ္ေတာ့ေပ။
ကိုယ္အေလးခ်ိန္တိုင္းတာၿပီးေနာက္ လူတိုင္း လည္း စာသင္ခန္းသို႔သာ ျပန္သြားခဲ့ၾကသည္။
ေဘးဘယ္ညာၾကၫ့္လိုက္ၿပီးေနာက္ အတန္းထဲရိွမ်က္ႏွာမ်ားစြာ ေပ်ာက္ေနေသးသည္ကို ရွန္းခ်ိဳက္ရုတ္တရက္ သတိျပဳမိသြားသည္။
ဒီေန့က ေက်ာင္းစတက္တဲ့ပထမဆံုးေန့ဟာကို အဲ့ဒီ့လူေတြမွာ ေက်ာင္းပ်က္ဖို႔အတြက္ အေၾကာင္းျပခ်က္တစ္ခုခုမ်ား ရိွေနလို႔လား??
သူ႔ေမးခြန္းကို ခ်ီက်ိကိုေျပာျပလိုက္ေပမယ့္ ေကာင္မေလးက မ်က္လံုးမ်ားကိုျပဴးျပလိုက္ၿပီး " ရွန္းခ်ိဳက္ နင့္ဆီမွာဘာသတင္းမွကိုမရိွဘူး" လို႔ ျပန္ေျဖေလသည္။
ရွန္းခ်ိဳက္ : "ဘာျဖစ္လို႔လဲ?? သူတို႔ေတြ ေက်ာင္းေျပာင္းသြားၾကလို႔လား??"
ခ်ီက်ိက ေခါင္းခါျပလိုက္ၿပီး " သူတို႔က စာရင္းေတာင္သြင္းၿပီးသြားလို႔ ထရိန္နင္ေတြေတာင္ျဖစ္ေတာ့မယ္ဟဲ့!"
"ထရိန္နင္လား?" ရွန္းခ်ိဳက္၏မ်က္ႏွာေပၚတြင္ ရႈပ္ေထြးမႈမ်ားေပၚလာသည္။ " ထရိန္နင္ဆိုတာ ဘာလဲ??"
ခ်ီက်ိသည္ ရွန္းခ်ိဳက္ကဲ့သို႔ ဤေလာကအေၾကာင္းေကာင္းစြာမကြၽမ္းက်င္ေသာသူမ်ိဳးအား တစ္ခါမွကို မျမင္ဖူးေပ။ ထိုေကာင္ေလးသည္ သီခ်င္းႏွင့္အကသင္တန္းသားတစ္ဦးျဖစ္ေသာ္လည္း "ထရိန္နင္" ဟုေသာစကားလံုးကို ၾကားပင္မၾကားဖူးဟုေျပာလာသည္။
သူမလည္း အျမန္ရွင္းျပလိုက္ၿပီးေနာက္ မသိနားမလည္ေသာ ရွန္းခ်ိဳက္ေလးလည္း နားလည္သြားေတာ့သည္။
"ဒါဆို သူတို႔က ေက်ာင္းမတက္ေတာ့ဘူးလား??" ရွန္းခ်ိဳက္လည္း မယံုႏိုင္စြာျဖင့္ ေျပာလိုက္သည္။ "အသက္ ဆယ့္ေျခာက္ဆယ့္ခုနစ္က ပြဲၪီးထြက္ဖို႔ေစာလြန္းမေနဘူးလား??"
"သူတို႔က တတ္ႏိုင္သမ်ွကို ေစာေစာထြက္ခ်င္ေနၾကတာ!" ေနာက္တန္းမွ ခ်န္ဇီရန္က သူ႔ေခါင္းကိုငံု႔လာၿပီး " ရွန္းခ်ိဳက္. . .မင္းအရမ္းေခတ္ေနာက္က်ေနၿပီ၊ အခုခ်ိန္မွာ ဒီလိုကေလးသရုပ္ေဆာင္ေတြအမ်ားႀကီးေပၚလာတာ မဆန္းေတာ့ဘူးေလ . . . အသက္ ၁၂ ႏွစ္၊ ၁၃ႏွစ္အရြယ္ကေလးေတြနဲ႔ အဖြဲ႔ဖြဲ႔ေပးထားတဲ့ သီခ်င္းဆိုအိုင္ေဒါအဖြဲ႔ေတြေတာင္ရိွေသးတယ္!! သူတို႔ရဲ့ကုမၸဏီေတြက ဆရာဆရာမေတြ တိုက္ရိုက္စီစဉ္ေပးထားေတာ့ ဒီအတန္းေတြကိုတက္စရာမလိုေတာ့ဘူးကြ "
ခ်န္ဇီရန္ကသက္ျပင္းခ်ရင္း "ငါ့အေဖလည္း ဒီေနြၪီးပြဲေတာ္မွာ ငါ့ကိုညစာစားပြဲေတြဆီ ေခၚသြားေပးၿပီး လူတစ္ခ်ိဳ႕နဲ႔လည္းေတြ့ခဲ့ရတယ္၊ ဒါေပမယ့္ ငါ့အေမက အဲ့ဒါကိုသေဘာမတူဘူးေလ။ သူက ငါ့ကို ေကာလိပ္ဝင္ခြင့္စာေမးပြဲကို ေအာင္ၿပီးမွ ဒရာမာဇာတ္ေကာင္ေတြဘက္ကို အေလးအနက္ထားေစခ်င္တယ္... ငါကလည္း ေငြရွာဖို႔အတြက္ တစ္ကယ္အဲ့ေလာက္ႀကီး မႀကိဳးစားခ်င္ဘူး"
စကားစျမည္ေျပာရင္း ခ်န္ဇီရန္က ခ်ီက်ိကိုရုတ္တရက္လွၫ့္ၾကည့္လိုက္၏။ " က်င္းဝတုတ္. . . ေျပာရမယ္ဆို ပြဲဦးထြက္သရုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယားကိုအရင္က ေရာက္သြားတဲ့တစ္ေယာက္ကို သိတယ္မွတ္လား?? မင္းဆိုရင္လည္း တစ္ကယ္ေကာင္းမယ္. . . ဘာသာစကားသင္တန္းေတြေတာင္ မလိုေတာ့ဘူးေပါ့၊ ႏိုင္ငံျခားမွာ တစ္ခါတည္းေက်ာင္းတက္လိုက္လို႔ရတယ္ "
အစကေတာ့ က်င္းခ်ီက်ိလည္း သူနဲ႔စကားနာထိုးဖို႔ ပ်င္းရိေနေပမယ့္ ရန္စေနသည့္အေျပာအဆိုမ်ားကိုေတာ့ ဆက္လက္လ်စ္လ်ူမရႈႏိုင္ေတာ့ေပ။ သူတို႔ႏွစ္ဦးၾကားတြင္ ယမ္းမႈန႔္မ်ားစြာရိွေနကာ စကားအနည္းငယ္ေျပာၿပီးေနာက္ အေျခအတင္ရန္ျဖစ္ၾကေတာ့သည္။
သူတို႔ႏွစ္ဦးၾကားတြင္ၫွပ္ေနေသာ ဆန္းဒဝွစ္ေလးရွန္းခ်ိဳက္၏နားထဲတြင္ေတာ့ "ပြဲဦးထြက္" "အိုင္ေဒါ" "ၾကယ္ပြင့္" "အႏုပညာရွင္" ... ဟူေသာ စကားလံုးမ်ားျဖင့္သာ ျပၫ့္ႏွက္ေနေတာ့၏။
သူသည္ အသက္ဆယ့္ခုနစ္ႏွစ္သာရိွေသးၿပီး ေန့စဉ္က်က္ရမည့္စာမ်ားသာ က်က္ေနခဲ့သၫ့္အရြယ္တြင္ သူ႔ရြယ္တူမ်ားသည္ေတာ့ ေက်ာ္ၾကားလာေစရန္ႏွင့္ ေငြရွာနည္းမ်ားကိုသာ ေတြးေတာေနခဲ့ၾကသည္။
လူတိုင္းသည္ အနာဂတ္တြင္ ေတာက္ပႏိုင္မည့္ၾကယ္ပြင့္ေလးမ်ားျဖစ္လာေစရန္ ညတြင္းခ်င္းႀကံစည္ေနၾကပံုပင္။ ဒါေပမယ့္ ဆန္႔က်င္ဘက္အေနျဖင့္ သူ႔အစီအစဥ္မ်ားႏွင့္ႏိႈင္းယွဉ္ၾကၫ့္ပါက အလြန္ရိုးရွင္းေနေလသည္။ သူကေတာ့ နာမည္ေက်ာ္ၾကားဖို႔ေနေနသာသာ ပိုက္ဆံအမ်ားႀကီးရွာဖို႔ေတာင္ မစီစဉ္ထားေပ။ သူသည္ စင္ျမင့္ထက္၌ ထာဝရရပ္တည္လိုၿပီး သူ႔ကိုယ္ပိုင္အကႏွင့္ကိုယ္ပိုင္သီခ်င္းကိုသာ သီဆိုခ်င္ရံုပင္။
-- အျခားသူမ်ားက လက္ေတြ့ကို လက္ခံခဲ့ၾကၿပီးျဖစ္ကာ သူသည္သာ အိပ္မက္မက္ေနဆဲျဖစ္၏။
သူ စကားမေျပာတာကိုေတြ့ေတာ့ ခ်ီက်ိကမ်က္ဆန္လည္ျပလိုက္ၿပီး စကားအေၾကာင္းအရာကို ခ်က္ျခင္းေျပာင္းလိုက္၏။
"ေကာင္းၿပီ၊ ေကာင္းၿပီ. . . ဒီပ်င္းစရာအေၾကာင္းေတြေျပာေနတာကို ရပ္လိုက္ၾကရေအာင္" ေကာင္မေလးက မ်က္ေတာင္ခတ္လိုက္ၿပီး ေအးေဆးေနသေယာင္ဖံုးကြယ္ထားေသာေလသံျဖင့္ " ရွန္းခ်ိဳက္. . . နင့္အသည္းေလးကို ဂိမ္းေဆာ့ရင္းနဲ႔ေတြ့ခဲ့တာလား??"
"အမ္?..." ရွန္းခ်ိဳက္လည္း စကၠန႔္အနည္းငယ္မ်ွ အံ့အားသင့္သြားၿပီး ခ်ီက်ိတစ္ေယာက္ ဘယ္သူ႔ကိုေျပာေနမွန္းသိသြားၿပီး ဗီဒီယိုခ်ိတ္ဆက္မႈ၌ သူျမင္ခဲ့ရေသာ ျမင္ကြင္းအားလံုးကိုျပန္သတိရသြားေသာေၾကာင့္ သူ႔အမူအရာမွာ ခ်က္ခ်င္းေအးခဲသြားေတာ့သည္။
သူႏွင့္ လံုးဝမရင္းႏွီးေသာဝမ္ခ်င္းယြမ္အျပင္ ထိုဝမ္ခ်င္းယြမ္ေဘးနားတြင္ ရယ္ေမာရင္းမတ္တပ္ရပ္ေနေသာလူငယ္တစ္ေယာက္. . . .
ရွန္းခ်ိဳက္က ေတာင့္ေတာင့္ႀကီးၿပံဳးျပလိုက္ၿပီး "သူတို႔က ငါ့အသည္းေလးမဟုတ္ဘူး... ငါကပဲ သူတို႔ကိုတစ္ဖက္သတ္ အထင္ႀကီးေနခဲ့တာ၊ အဲ့ဒါကို သူတို႔ေတာင္မသိဘူး"
ရွန္းခ်ိဳက္ေတြးမိသည္က ႏွလံုးသားထဲရိွ လ်ိႈ႔ဝွက္ေသာအခ်စ္သည္ တစ္ကယ့္ကိုပုဂၢလိကကိစၥျဖစ္၏။ ဒါသည္ သူ႔ကိုယ္ပိုင္ဇာတ္လမ္းသာျဖစ္ၿပီး ဘယ္အခ်ိန္မွာစၿပီး ဘယ္အခ်ိန္မွာအဆံုးသတ္ရမည္ကို သူ႔ဘာသာသူဆံုးျဖတ္မည္ျဖစ္သည္။ အစမွအဆံုးထိတိုင္ ရွန္းခ်ိဳက္သည္ သူ႔အေတြးမ်ားကို ဝမ္ခ်င္းယြမ္ဆီသို႔ထုတ္ေဖာ္လိုက္ရန္ ဘယ္တုန္းကမွ မစဉ္းစားဖူးခဲ့ေပ။
ေနြဦးပြဲေတာ္ၿပီးခ်ိန္ကတည္းက သူတို႔ႏွစ္ေယာက္လည္း အဆက္အသြယ္သိပ္မရိွၾကျခင္းျဖစ္သည္။
ဝမ္ခ်င္းယြမ္သည္ သူ႔သံုးဖက္ျမင္ကမ႓ာ၌ အလြန္အလုပ္ရႈပ္ေနပံုရၿပီး သူအြန္လိုင္းေပၚေရာက္တိုင္း စကားအနည္းငယ္သာေျပာၿပီး ျပန္ထြက္သြားေလ့ရိွသည္ ။
ရွန္းခ်ိဳက္ကလည္း သူ႔ကို အေနွာက္အယွက္မေပးေပ။ သူ႔အားလပ္ခ်ိန္မ်ားတြင္ ဝမ္ခ်င္းယြမ္၏ စကားဝိုင္းမ်ားတြင္သာ ေန့တိုင္း အခ်ိန္ျဖဳန္းေန၏။
သတင္းဂယက္မ်ားသည္ ယခုအခ်ိန္တြင္ ၿငိမ္သက္သြားၿပီျဖစ္ကာ သူသည္လည္း အျခားသာမန္ပရိသတ္မ်ားအတိုင္း ဝမ္ခ်င္းယြမ္၏သံုးဖက္ျမင္ဘဝအေၾကာင္း ဘာဆိုဘာမွမသိေသာ ပရိသတ္ေလးမ်ွသာျဖစ္ေၾကာင္း ရွန္းခ်ိဳက္သေဘာေပါက္သြားခဲ့သည္။ ဝမ္ခ်င္းယြမ္ တစ္ကယ္ႀကီးဒုကၡေရာက္ေနခဲ့လ်ွင္ေတာင္ ရွန္းခ်ိဳက္လည္းမကူညီႏိုင္ေပ။
ဝမ္ခ်င္းယြမ္ႏွင့္ ေျခတစ္လွမ္းပိုနီးေနေလာက္ၿပီလို႔ ရွန္းခ်ိဳက္ထင္လိုက္တိုင္း လက္ေတြ့ကေတာ့ သူတို႔ႏွစ္ေယာက္က ဘယ္ေလာက္ေတာင္ေဝးကြာေနတယ္ဆိုတာကို သက္ေသျပေနခဲ့၏။
တိုက္ဆိုင္စြာပင္ ရွန္းခ်ိဳက္စိတ္ထဲ၌ ဝမ္ခ်င္းယြမ္အေၾကာင္းေတြးေနစဥ္ ထိုရင္းႏွီးေနေသာ နာမည္က သူ႔ဖုန္းစခရင္ေပၚ၌ ရုတ္တရက္ႀကီးေပၚလာေလသည္။
ရွန္းခ်ိဳက္သည္ သူ႔ေဘးနားရိွအတန္းေဖာ္မ်ားကို ဂရုမစိုက္ႏိုင္ေတာ့ဘဲ စြမ္းအင္အားလံုးကို သူ႔ဖုန္းထဲတြင္သာ ျမႇဳပ္ႏွံထားလိုက္သည္။ အေသအခ်ာၾကည့္လိုက္မွ ဝမ္ခ်င္းယြမ္တစ္ေယာက္ သူ႔ကိုရွာေနမွန္း ေတြ့လိုက္ရ၏။
ယီမင္ ခ်င္းယြမ္ : လိုင္းေပၚမွာရိွလား??
ယီမင္ ခ်င္းယြမ္ : ကိုယ္မင္းကို ဒုကၡေပးစရာတစ္ခုရိွတယ္
ခန႔္မွန္း : !!! လိုင္းေပၚမွာပါ !!!
ခန္႔မွန္း : [ဂုဏ္ယူေနေသာငန္းေလးထြက္လာ]. ပံု
ဝမ္ခ်င္းယြမ္က သူ႔ကို ဒုကၡေပးစရာတစ္ခုခုရိွေနတာမ်ိဳးက ဒါပထမဆံုးအႀကိမ္ပင္။
ေျပာသာေျပာလိုက္ပါ. . . ဓားေပၚပဲတက္ရတက္ရ၊ မီးထဲပဲဆင္းရဆင္းရ အဆင္ေျပတယ္!!
ယီမင္ ခ်င္းယြမ္ : ဟိုတေလာက ကိုယ့္သူငယ္ခ်င္းတစ္ေယာက္နဲ႔ ေတးဂီတပြဲတစ္ခုသြားခဲ့ေသးတယ္
ယီမင္ ခ်င္းယြမ္ : တိုက္တိုင္ဆိုင္ဆိုင္ပဲ၊ အဲ့ဒါ Coming Out လုပ္တဲ့သီခ်င္းပါတဲ့ျပဇာတ္ေလ
ခန႔္မွန္း : ... Avenue Q မ်ားလား??
ယီမင္ ခ်င္းယြမ္ : ဟုတ္တယ္
ေနြဦးပြဲေတာ္အတြက္ သီခ်င္းရွာခဲ့သည့္အခ်ိန္က ရွန္းခ်ိဳက္သည္ Avenue Q ျပဇာတ္ကို ႏွစ္ႀကိမ္တိုင္တိုင္ ျပန္ၾကည့္ဖူးသည္။ ဤျပဇာတ္သည္ လူအမ်ားစုအား ရယ္ေစ၊ ငိုေစႏိုင္ေသာ ျပဇာတ္အမ်ိဳးအစားျဖစ္၏။ ဘြဲ႔ရၿပီးေက်ာင္းသားမ်ား၏ အရႈပ္အေထြးမ်ားအေၾကာင္း ေျပာျပေနပံုရေသာ္လည္း တစ္ကယ္တမ္းတြင္ေတာ့ ၄သည္ ဘဝ၏ေရြးခ်ယ္မႈမ်ားႏွင့္ ေလ်ွာက္လွမ္းသင့္သည့္လမ္းေၾကာင္းမ်ားအား ေဖာ္ျပထားေလသည္။
ယီမင္ ခ်င္းယြမ္ : အဲ့ထဲက သီခ်င္းတစ္ပုဒ္ကို အရမ္းသေဘာက်လို႔
ယီမင္ ခ်င္းယြမ္ : ဒါေပမယ့္ စာသားေတြကိုေဒါင္းလုဒ္လုပ္ဖို႔ကို ဘယ္လိုမွရွာမေတြ့ဘူးျဖစ္ေနတယ္
ယီမင္ ခ်င္းယြမ္ : မင္းလက္ထဲမွာ စာသားေတြရိွတယ္လို႔ ေျပာဖူးတယ္မွတ္လား??
ယီမင္ ခ်င္းယြမ္ : ကိုယ့္ကိုေရာ မ်ွေပးလို႔ရမလား??
ခန္႔မွန္း : [ ငန္းေလး OK ]. ပံု
ေျပာပေလာက္စရာေတာင္ မရိွဘူး!!!
အေသးအဖြဲကိစၥမ်ွသာျဖစ္ေသာ္ျငား နတ္ဘုရားႀကီးကို ကူညီရမည္ျဖစ္သၫ့္အတြက္ ရွန္းခ်ိဳက္အလြန္ေပ်ာ္ရႊင္ေနေလသည္။
ခန္႔မွန္း : ဘာသီခ်င္းလဲ??
ယီမင္ ခ်င္းယြမ္ : "Purpose"
ေၾသာ္ . . . နတ္ဘုရားႀကီးက ဒီသီခ်င္းကိုနားေထာင္ခ်င္တာလား??
ျပဇာတ္တစ္ခုလံုးတြင္ သီခ်င္းမ်ားစြာပါရိွၿပီး ဤ "Purpose" သည္ သိပ္မေက်ာ္ၾကားေပ။ သီခ်င္းေခါင္းစဉ္၏ ပကတိဘာသာျပန္ဆိုခ်က္သည္ ဆံုးျဖတ္ခ်က္ႏွင့္ ပန္းတိုင္မ်ားကို ဆိုလိုသည္။ ျပဇာတ္ထဲရိွဇာတ္ေကာင္သည္ ဘဝ၏လမ္းဆံုလမ္းခြတြင္ ရိွေနခဲ့ကာ ဤသီခ်င္းႏွင့္အတူ သူ႔ရဲ့ပန္းတိုင္ကိုရွာေတြ့ႏိုင္ကာ သူ႔စိတ္ကူးအိပ္မက္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္ရန္ ေမ်ွာ္လင့္ျခင္းျဖစ္သည္။
အခု ဝမ္ခ်င္းယြမ္က ဒီသီခ်င္းကိုနားေထာင္ဖို႔ စိတ္အားထက္သန္ေနတာဆိုေတာ့... သူ႔အေၾကာင္းမ်ားလား??သူ႔ဘဝရဲ့ ဦးတည္ခ်က္ေတြကို သံသယရိွေနတာလား??
ရွန္းခ်ိဳက္သည္ အကင္းပါးေသာကေလးတစ္ေယာက္ျဖစ္သည္။ ဝမ္ခ်င္းယြမ္၏ေလသံထဲရိွ စိတ္ညစ္ေနမႈမ်ားကို သူ အေသအခ်ာဖမ္းဆုပ္မိခဲ့၏။
ခန္႔မွန္း : ...ဟိုေလ ယြမ္တာ့
ခန္႔မွန္း : ကြၽန္ေတာ္ ေမးခြန္းတစ္ခုေမးမယ္. . မေျဖခ်င္ရင္ မေျဖနဲ႔ေနာ္
ခန႔္မွန္း : [ငန္းေလး မ်က္ႏွာကိုကာထား]. ပံု
ခန္႔မွန္း : ယြမ္တာ့မွာ အခက္အခဲေတြရိွေနရင္ ကြၽန္ေတာ့္ကို ေျပာျပလို႔ရပါတယ္
ခန္႔မွန္း : ကြၽန္ေတာ္- ကြၽန္ေတာ္- ကြၽန္ေတာ္- ကြၽန္ေတာ္က ေျဖရွင္းခ်က္ေကာင္းေကာင္းေတာ့ မေပးတတ္ဘူး။ ဒါေပမယ့္ ကြၽန္ေတာ္က အရမ္းေကာင္းတဲ့ သစ္ေခါင္းေလးေနာ္!!!
(ေကာင္းတဲ့သစ္ပင္လိႈဏ္ေခါင္း=ပါးစပ္လံု)
ခန္႔မွန္း : ကြၽန္ေတာ္က တစ္ကယ္ပါးစပ္လံုတယ္!!!!!
ပါးစပ္ေလးကို ဇစ္ျဖင့္ပိတ္ထားေသာ ခ်စ္စရာ အီမိုဂ်ီေလးတစ္ခု ေပးပို႔လိုက္ေလသည္။
ေရဒီယိုလိႈင္းမ်ားအၾကား အခ်ိန္အေတာ္ၾကာ ေအာင္ တိတ္ဆိတ္ေနခဲ့၏။
တိတ္ဆိတ္ၿငိမ္သက္ေနခဲ့သည္။
ပိုၿပီးေတာင္ တိတ္ဆိတ္သြား၏။
ရွန္းခ်ိဳက္လည္း ေနာင္တရေနမိၿပီး အေလာတႀကီးမေျပာလိုက္သင့္ေၾကာင္း ေတြးေနမိခ်ိန္တြင္ စာတစ္ေၾကာင္းက သူ႔မ်က္လံုးေရ႔ွသို႔ ရုတ္တရက္ ေရာက္ရိွလာ၏။
ယီမင္ ခ်င္းယြမ္ :...
ယီမင္ ခ်င္းယြမ္ : ခန္႔မွန္း. . . ေက်းဇူးပဲ
ယီမင္ ခ်င္းယြမ္ : ကိုယ္မၾကာေသးခင္က ကိစၥတစ္ခုနဲ႔ ႀကံဳခဲ့ရတယ္
ယီမင္ ခ်င္းယြမ္ : မင္းသိထားသလိုပဲ. . . ကိုယ္က အရမ္းေတာ္တဲ့ စီးပြားျဖစ္အသံသြင္းသမားတစ္ေယာက္ျဖစ္ဖို႔ အိပ္မက္မက္ခဲ့တာ
ယီမင္ ခ်င္းယြမ္ : ဒါေပမယ့္ အခု ဒီအိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ အေပးအယူလုပ္ရေတာ့မယ့္ပံုပဲ
ယီမင္ ခ်င္းယြမ္ : ကိုယ္ေရြးခ်ယ္လိုက္တဲ့လမ္းက မွန္လားမွားလားေတာင္ မသိေတာ့ဘူး
ဤစကားမ်ားသည္ ဒုတိယသားႏွင့္ေတာင္ မေဝမ်ွခဲ့သည့္စကားမ်ားျဖစ္၏။
သူသည္ ၾကာလွစြာေသာအခ်ိန္ကတည္းက ေနာက္ဆံုးမွတ္သို႔ ေရာက္ေနခဲ့ၿပီးျဖစ္ကာ တင္းက်ပ္ေနေသာအာရံုေၾကာမ်ားက သူ႔ကို အနားယူခြင့္မျပဳေပ။ သူ႔စိတ္ထဲ၌ ေရ႔ွမတိုးသာ ေနာက္မဆုတ္သာျဖစ္ေနခဲ့ၿပီး တစ္ဖက္က ျဖစ္သင့္ျဖစ္ထိုက္ေသာ အေၾကာင္းျပခ်က္မ်ားရိွေနၿပီး အျခားတစ္ဖက္မွာေတာ့ သူ႔ကိုယ္သူ ေလးစားတန္ဖိုးထားမႈေလး ကြဲအက္သြားမည္ျဖစ္သည္။
ေယာင္ရင္၏အဆိုျပဳခ်က္သည္ အလြန္ဆြဲေဆာင္ႏိုင္၏။ သူသာ ေယာင္ရင္ႏွင့္ဆက္ႏြယ္ေနသေရြ့ သူ႔အတြင္ အႀကံျပဳစာတစ္ေစာင္ရရိွရန္မွာ မခက္ခဲေပ... သူဆိုသည့္ဝမ္ခ်င္းယြမ္ လက္လွမ္းမွီဖို႔ရာအတြက္ ေရ႔ွသို႔ ေျခတစ္လွမ္းတိုးလိုက္ရန္သာ လိုအပ္သည္။
သို႔ေသာ္ သူ႔ကိုယ္က်င့္တရားက ထိုေျခတစ္လွမ္းကို ေရ႔ွသို႔ဆက္တိုးရန္ လံုးဝခြင့္မျပဳေပ။ ၄သည္ သူငယ္စဉ္ကတည္းကကိုင္စြဲထားေသာ သူ႔ယံုၾကည္ခ်က္မ်ားကိုဆန႔္က်င္ေနကာ သူ႔ဘဝလမ္းတစ္ေလ်ွာက္ သူေက်ာ္ျဖတ္ႏိုင္ခဲ့ေသာ အခက္အခဲအားလံုးကို မထိမဲ့ျမင္ျပဳရာက်ေနသည္။
သို႔ေသာ္ ... ေနာက္ဆံုးရက္နားသို႔ နီးကပ္လာသည္ႏွင့္အမ်ွ သူသည္လည္း ပဋိပကၡမ်ားၾကားထဲသို႔ ပိုမိုနစ္ျမဳပ္လာ၏။
ထို႔ေၾကာင့္ သမုဒၵရာတစ္ဖက္ျခမ္းရိွေကာင္ေလးေရ႔ွတြင္ ဝမ္ခ်င္းယြမ္သည္ သူ႔အက်ပ္အတည္းကို ထုတ္ေဖာ္ေျပာလိုက္မိေတာ့သည္။
ငန္းေပါက္ေလးသည္ သူ႔အား အိုင္ေဒါအျဖစ္ အၿမဲတမ္းမွတ္သားထားသည္ကို သူသေဘာေပါက္သည့္အျပင္ သူကိုယ္တိုင္ကလည္း အိုင္ေဒါတစ္ေယာက္၏ အဆင္မေျပျဖစ္ေနသည့္အျခမ္းကို မျပသခ်င္ခဲ့ေပ။
ဒါေပမယ့္ ဒီေန့မွာေတာ့ သူ အရႈံးေပးလိုက္ရသည္။
ထိုအေသးအဖြဲအေတြးမ်ားကို တစ္ခ်က္ေလာက္ဖြင့္ဟလိုက္ရစဥ္ ေနာင္တအနည္းငယ္ရသြားေသာ္လည္း သူ႔စိတ္ထဲတြင္ေတာ့ ပို၍ရႊင္လန္းလာေလသည္။
ၾကည့္ေလ. . . ငန္းေပါက္ေလး၊ ကိုယ္ကလည္းသာမန္လူပဲ. . . သာမန္လူေတြအတိုင္း အခက္အခဲေတြဆိုတာ ႀကံဳကိုႀကံဳရမွာပဲ. . .
ေကာင္ေလးက စာမ်ားကို အံ့ၾသတႀကီးစိုက္ၾကၫ့္ေနရင္း ထိုစကားမ်ားကိုသာ အေသအခ်ာျပန္ေတြးၾကၫ့္ေနခဲ့သည္။
ေတြးေတာၿပီးေနာက္ သူ႔လက္ေခ်ာင္းမ်ားက စကားလံုးအခ်ိဳ႕ကို အျမန္ေရးခ်လိုက္၏။
ခန႔္မွန္း : ဒါေပမယ့္...
ခန္႔မွန္း : အေပးအယူလုပ္မွရမယ့္ဟာကို အိပ္မက္လို႔ေခၚဖို႔ေရာ ထိုက္တန္လို႔လား??
-----------
စာေရးသူမွာ ေျပာစရာတစ္ခု ရိွေနပါတယ္~~~
အရင္တစ္ေခါက္က နတ္ဘုရားႀကီးက ခ်ိဳက္ခ်ိဳက္ကို ႏိုးထေစခဲ့တယ္. . . ဒီတစ္ခါေတာ့ ခ်ိဳက္ခ်ိဳက္ေၾကာင့္ နတ္ဘုရားႀကီးက သတိျပန္ဝင္လာမယ္လို႔ ထင္တာပဲ
[အိုင့္ note: Purpose ကို Media မွာ ထည့္ေပးထားပါတယ္။ အိုင္ထည့္ေပးသမ်ွေတာ္ေတာ္မ်ားမ်ားက Lyrics ပါတဲ့ဗီဒီယိုေတြခ်ည္းပဲ အားလံုးအဓိပၸာယ္ပါၾကည့္လို႔ရေအာင္ပါ. . . Purpose က သီခ်င္းအဓိပၸာယ္ေလးေရာ၊ နားေထာင္လို႔ေရာတစ္ကယ္ေကာင္းပါတယ္. . . And it's really funny!]