{Zawgyi}
ေမာ့က်ဴးခ်န္အသံက မက်ယ္ေပမယ့္ ေတာ္ေတာ္ေလးျပတ္သားလွတယ္။
လင္ရွန္းနဲ႔ ေတာက္ရန္တို႔ပါ အရွင္းသား ၾကားႏိုင္တာေၾကာင့္ ႐ုံးခန္းထဲက အတန္းပိုင္ဆရာ လီရႈခ်န္လည္း ၾကားမွာပဲျဖစ္တယ္။
ခ်က္ခ်င္းဆိုသလို မ်က္ႏွာပ်က္သြားၿပီး မ်က္ေမွာင္ၾကဳတ္ကာ ေမာ့က်ဴးခ်န္ကို မည္းသည္းေနတဲ့ မ်က္ႏွာႀကီးနဲ႔ ၾကည့္လာတယ္ "မင္းက အတန္းေဖာ္ေတြကို အတန္းလစ္ေအာင္ အတင္းအက်ပ္လုပ္တာလား?"
လီရႈခ်န္း သူ႔နားေတြကိုေတာင္ သူမယုံႏိုင္ဘူး။
သူက အေလးအနက္ရွိၿပီး တာဝန္ယူတတ္တဲ့ ဆရာတစ္ေယာက္ျဖစ္ကာ ေက်ာင္းရဲ႕ Fခန္းအတန္းပိုင္လည္းျဖစ္တယ္။
တခ်ိဳ႕ေခါင္းေဆာင္ေတြကလည္း မ်ားေသာအားျဖင့္ ေမာ့က်ဴးခ်န္ကို ဂ႐ုစိုက္မေနၾကဘူး။ တကယ္ေတာ့ ေက်ာင္းကေတာင္မွ တျခားသူေတြရဲ႕အပိုင္ပဲေလ။
သို႔ေပမယ့္ လီရႈခ်န္ကေတာ့ ကြဲျပားတယ္။
ၿခဳံငုံၾကည့္မယ္ဆိုရင္ ေမာ့က်ဴးခ်န္က ဆရာကို ျပႆနာရွာတတ္တဲ့ ေက်ာင္းသားတစ္ေယာက္ေတာ့ မဟုတ္ဘူး။
အတန္းလစ္တယ္၊ စာမလုပ္ဘူး၊ ေအးတိေအးစက္ေနတယ္...
ဒါေပမယ့္ အတန္းေဖာ္ေတြကိုေတာ့ မထိခိုက္ေစဘူး။
လီရႈခ်န္က သူတို႔အတန္းကို ယူထားတာ ႏွစ္ႏွစ္ေက်ာ္ေလာက္ ရွိေနၿပီ။ ဒီလိုအျဖစ္အပ်က္ျဖစ္တယ္ဆိုတာ ပထမဆုံးအႀကိမ္ပဲ။
သူ ေမာ့က်ဴးခ်န္ကို ယုံရခက္စြာ ၾကည့္လိုက္တယ္။
လူငယ္ေလးက သူ႔ထက္ေတာင္ အမ်ားႀကီး အရပ္ရွည္ေနၿပီ။ ထိုစကားကို ထုတ္ေျပာၿပီးတဲ့ေနာက္မွာ ဒီကိစၥအေၾကာင္း ထပ္ေျပာဖို႔ မရွိေတာ့တဲ့အတိုင္း အံကိုႀကိတ္ကာ တိတ္တိတ္ဆိတ္ဆိတ္ပဲ ေနေနေတာ့တယ္။
လီရႈခ်န္ သူ႔ကို စိုက္ၾကည့္ေနလည္း ေမာ့က်ဴးခ်န္ကေတာ့ အသံတိတ္လ်က္ပဲ။
႐ုံးခန္းအျပင္ဘက္က လင္ရွန္းနဲ႔ ေတာက္ရန္တို႔လည္း အသံတိတ္ေနၾကတယ္။
ေတာက္ရန္ ခဏေလာက္ ထိန္းထားေပမယ့္ မတတ္ႏိုင္ေတာ့ဘူး။ သူက လင္ရွန္းရဲ႕ အက်ီလက္စကို ဆြဲကာ အသံတိတ္ ပါးစပ္လႈပ္ၿပီးေတာ့သာ ေျပာလိုက္တယ္ "ေဘာ့စ္က ဘာျဖစ္လို႔လဲ?"
လင္ရွန္း ေခါင္းယမ္းၿပီး ဘာမွ မေျပာလိုက္ဘူး။
ေမာ့က်ဴးခ်န္က လင္ရွန္းကို အတန္းလစ္ဖို႔ အတင္းအက်ပ္လုပ္တယ္ဆိုတာကို ေတာက္ရန္ မယုံဘူး။
သူတို႔ခ်င္း သိလာခဲ့တာ ႏွစ္ေပါင္းမ်ားစြာရွိေနၿပီး ကေလးဘဝတည္းက အ႐ြယ္ေရာက္လာတဲ့အခ်ိန္ထိ ေမာ့က်ဴးခ်န္က ဘယ္ေလာက္ပဲ ပိုင္စိုးပိုင္နင္းလုပ္တတ္တယ္ဆိုဆို ေမာ့က်ဴးခ်န္က တျခားသူေတြရဲ႕ဝါသနာေတြကို အတင္းအက်ပ္မလုပ္ခဲ့ဖူးဘူး။
သူ လင္ရွန္းကို ၾကည့္ၿပီးေနာက္ ႐ုံးခန္းထဲက ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္တယ္။
တစ္ဖက္ျခမ္းက သူတို႔ကို ေနာက္ေက်ာေပးၿပီး ထိုင္ေနၾကတာေၾကာင့္ သူ႔မ်က္ႏွာေပၚက အမူအယာကို မျမင္ရဘူး။
ဒါေပမယ့္ ေနာက္ေက်ာကေတာ့ ေျဖာင့္မတ္လို႔ေနတယ္။ ၿပီးေတာ့ ခုေလးတင္ သူေျပာလိုက္တာ...
ေတာက္ရန္ ျပန္ေတြးၾကည့္ၿပီး သူ႔ေလသံက အနည္းငယ္ထူးဆန္းေနတယ္လို႔ ခံစားရတယ္။
သူ လင္ရွန္းရဲ႕အက်ီလက္စကို ထပ္ၿပီးဆြဲကာ တိုးတိုးေလး ေမးလိုက္တယ္ "မင္းတို႔ ရန္ျဖစ္လာတာလား?"
လင္ရွန္း "..."
ေတာက္ရန္က ပုံမွန္အားျဖင့္ ပူပန္ေၾကာင့္ၾကမဲ့ၿပီး တအားထက္ျမက္မေနသင့္ဘူးလား?!
သူ စကားမေျပာသလို ေခါင္းလည္း မၿငိတ္လိုက္ဘူး။
ခဏေနေတာ့ ႐ုံးခန္းထဲက အသံတစ္သံ ထြက္လာျပန္တယ္။
လီရႈခ်န္နဲ႔ ေမာ့က်ဴးခ်န္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ခဏေလာက္ၾကည့္ေနၾကၿပီးမွ သူ(လီရႈခ်န္)က ေခါင္းယမ္းကာ "မင္း အရင္သြားလိုက္ေတာ့၊ လင္ရွန္း ျပန္လာတဲ့အခ်ိန္က်ရင္ ငါသူ႔ကို ထပ္ေမးလိုက္မယ္"
ေမာ့က်ဴးခ်န္ကေတာ့ မလႈပ္မယွက္ပဲ "ဒီကိစၥက လင္ရွန္းနဲ႔ ဘာမွမဆိုင္ဘူး"
သူက "ဆရာ တကယ္လို႔ ေမးစရာေတြ ရွိေသးတယ္ဆိုလည္း ကြၽန္ေတာ့္ကို ေမးတာနဲ႔တင္ လုံေလာက္တယ္"
"မင္းသာ အရင္ျပန္ေတာ့" လီရႈခ်န္က သူ႔ကို လက္ယမ္းျပလိုက္တယ္ "ဒီကိစၥ ဆရာသိတယ္"
႐ုံးခန္းထဲမွာ မတိုးသာမဆုတ္သာ အေနအထားခဏေလာက္ျဖစ္ေနၿပီးမွ ေမာ့က်ဴးခ်န္က လီရႈခ်န္ကို အ႐ိုအေသေပးၿပီး တံခါးဆီ လွည့္ထြက္လာေတာ့တယ္။
လင္ရွန္း သူ႔ႏွလုံးသားထဲမွာ ခံစားခ်က္ေတြ ေရာႁပြမ္းေနတယ္။
ေမာ့က်ဴးခ်န္က သူတို႔ဆီေလွ်ာက္လာတာကို ၾကည့္ရင္း မသိစိတ္က အလိုလို ေနာက္တစ္လွမ္းဆုတ္မိသြားတယ္။ ဒါေပမယ့္ ေတာက္ရန္က သူ႔ကို ပိတ္ထားတယ္။
လင္ရွန္း တစ္လွမ္းဆုတ္ၿပီးခ်ိန္မွာ ေတာက္ရန္က ႏႈတ္ဆက္လိုက္တယ္ "ေဘာ့စ္"
သူ ၿပဳံးၿပီး ေမာ့က်ဴးခ်န္ကို မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ကာ "ငါတို႔ အားလုံးၾကားလိုက္တယ္"
ေတာက္ရန္က လင္ရွန္းကို တဟီးဟီးနဲ႔ ၾကည့္ၿပီးမွ ေမာ့က်ဴးခ်န္ကို လွမ္းၾကည့္ကာ "ေဟး ငါမင္းတို႔ကို မေႏွာင့္ယွက္ေတာ့ဘူး၊ စကားေျပာၾကပါ!"
သူက ေျပာၿပီး ႐ုံးအေဆာက္အအုံေအာက္ကို လွည့္ေျပးကာ သူတို႔ႏွစ္ေယာက္ဆီကိုလည္း လက္ျပန္ေဝွ႔ယမ္းျပလိုက္ေသးတယ္။
လင္ရွန္း "..."
ေနရခက္လိုက္တာ!
ေမာ့က်ဴးခ်န္က ႐ုံးခန္းထဲက ထြက္လာခ်ိန္မွာ ႐ုံးခန္းတံခါးကို ပိတ္ခဲ့တယ္။ လင္ရွန္းရွိေနတဲ့ေနရာက အေပါက္ဝနဲ႔ နီးနီးေလးပဲ။
သူက ပိတ္သြားတဲ့႐ုံးခန္းတံခါးကို ၾကည့္ကာ မသိလိုက္မသိဖာသာ အၾကည့္လႊဲသြားတယ္။
သူ႔လက္ထဲမွာ ေမာ့က်ဴးခ်န္ရဲ႕ ေက်ာင္းယူနီေဖာင္းကုတ္အက်ီကို ကိုင္ထားတယ္။ အစကေတာ့ အဝတ္ေလးတစ္ထည္က မေလးေပမယ့္ အခုမွသာ ေလးလံသလို ျဖစ္လာတယ္။
သူတို႔ေတြ ဒီတိုင္း တိတ္တိတ္ဆိတ္ဆိတ္ေနၿပီး အတန္းပိုင္႐ုံးခန္းအျပင္ဘက္ ေလွ်ာက္လမ္းမွာ အခ်ိန္တစ္ခုေလာက္ထိ အသံတိတ္ရပ္ေနၾကတယ္။ ဒါမွမဟုတ္ အခိုက္အတန႔္ေလးတစ္ခု...
မၾကာခင္မွာပဲ ေမာ့က်ဴးခ်န္ရဲ႕အရပ္ရွည္ရွည္ပုံရိပ္က လင္ရွန္းကို ေက်ာ္ကာ ထြက္သြားတယ္။
သူ႔ကိုေတာင္ မၾကည့္ဘဲ တိတ္ဆိတ္စြာ ျဖတ္ေလွ်ာက္သြားတယ္။
သူ႔ေနာက္ကေန ေျခသံေတြ ေပၚထြက္လာတယ္။
လင္ရွန္း ထိုေနရာမွာ ခဏေလာက္ေနၿပီးမွ ေမာ့က်ဴးခ်န္ ထြက္သြားတဲ့ဘက္ကို ေခါင္းလွည့္ၾကည့္လိုက္တယ္။
ေလွ်ာက္လမ္းေထာင့္ခ်ိဳးမွာ အျဖဴေရာင္ရွပ္အက်ီေလး ေပ်ာက္ကြယ္သြားၿပီး ေျခသံေတြလည္း တျဖည္းျဖည္းတိုးေဖ်ာ့လာတယ္။
သူ႔လက္ထဲမွာသာ တစ္ဖက္လူရဲ႕ေက်ာင္းယူနီေဖာင္းကုတ္အက်ီကို ကိုင္ထားဆဲျဖစ္တယ္။
လင္ရွန္း႐ုတ္တရက္ဆိုသလို အနည္းငယ္ စိတ္ဓာတ္က်သြားသလို ခံစားလိုက္ရတယ္။
သူ စကၠန႔္အနည္းငယ္ ထပ္ေနၿပီး အသက္ကို ျပင္းျပင္းရႈလိုက္တယ္။
ထို႔ေနာက္ ေရွ႕ကို ေျခလွမ္းကာ ႐ုံးခန္းတံခါးကို စည္းခ်က္က်က် ေခါက္လိုက္တယ္။
"ဘယ္သူလဲ?" အထဲက လီရႈခ်န္ရဲ႕အသံ ထြက္ေပၚလာတယ္ "တံခါးကို ေလာ့မခ်ထားဘူး ဝင္လာခဲ့ပါ"
လင္ရွန္း ေနာက္တစ္ႀကိမ္ အသက္ကို ျပင္းျပင္းရႈသြင္းလိုက္တယ္။ လက္ထဲမွာ အားထည့္ၿပီး တံခါးဖြင့္ဝင္လိုက္တယ္။
"လင္ရွန္း?"
"Mr.လီ" ႐ုံးခန္းထဲ ဝင္လိုက္တယ္ဆိုရင္ပဲ လင္ရွန္းက အရင္ဆုံး ေခါင္းငုံ႔ကာ လီရႈခ်န္ရဲ႕ေရွ႕မွာ ရပ္လိုက္တယ္။
"ဒီမနက္ပိုင္း အတန္းလစ္တဲ့ကိစၥက အားလုံးကြၽန္ေတာ့္ေၾကာင့္ပါပဲ ေမာ့က်ဴးခ်န္နဲ႔ ဘာမွမဆိုင္ပါဘူး" သူ ေျပာလာတယ္ "ကြၽန္ေတာ္ ဖိအားေတြအရမ္းမ်ားၿပီး စိတ္အေျခအေနမေကာင္းတာေၾကာင့္ မနက္ကလို ကိစၥမ်ိဳး ျဖစ္ခဲ့ရတာပါ"
"လင္ရွန္း" လီရႈခ်န္က ခါးမတ္မတ္ထိုင္ကာ လင္ရွန္းရဲ႕မ်က္လုံးေတြကို ၾကည့္လိုက္တယ္ "ခုေလးတင္ ေမာ့က်ဴးခ်န္ကလည္း ပုံစံတူပဲေျပာသြားတာ၊ မင္း..."
သူ မ်က္ေမွာင္အသာၾကဳတ္ကာ "ဘာေတြ လုပ္ေနတာလဲ?"
"တကယ္ပဲ ေမာ့က်ဴးခ်န္နဲ႔ မဆိုင္တာပါ" လင္ရွန္း ေျပာလိုက္တယ္။
"ဟမ္?" လီရႈခ်န္က မ်က္ေမွာင္ၾကဳတ္ထားဆဲျဖစ္ၿပီး လင္ရွန္းကို ၾကည့္ကာ "လင္ရွန္း မင္းသိလား၊ မင္းတို႔အားလုံး ၿပီးခဲ့တဲ့ၾကာသပေတးတုန္းက ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္ကို ဝင္ႏိုင္ခဲ့တယ္၊ ဆရာလည္း တအားေက်နပ္တယ္"
သူ ရပ္လိုက္ၿပီး လင္ရွန္းကို အားတက္သေရာ ေျပာလာတယ္ "လုပ္ေဆာင္ခ်က္ဆိုတာ အရာအားလုံးမဟုတ္ဘူးဆိုတဲ့ ဆို႐ိုးရွိေပမယ့္ အထက္တန္းေက်ာင္းဆရာတစ္ေယာက္အေနနဲ႔ ေက်ာင္းသားေတြရဲ႕လုပ္ေဆာင္ခ်က္ တိုးတက္လာတယ္ဆိုတာ ဆရာေတြအဖို႔ အႀကီးမားဆုံးစိတ္သက္သာရာရမႈနဲ႔ ေအာင္ျမင္မႈပဲ... လင္ရွန္း၊ ရွန္းရွန္း မင္းရဲ႕တိုးတက္မႈကိုျမင္ေတာ့ ဆရာတကယ္ စိတ္ေက်နပ္တယ္"
"ေက်းဇူးတင္ပါတယ္ ဆရာ" လင္ရွန္း ႐ိုးစင္းစြာ ေျပာလိုက္တယ္။
"နည္းနည္းေလး ေနာက္က်ၿပီးမွ စျဖစ္တယ္ဆိုေပမယ့္ မင္းက ဆရာ့ကို ေမွ်ာ္လင့္ခ်က္ေလး ျပလိုက္တာပဲ၊ အဲ့တာေၾကာင့္ ဆရာကလည္း အထက္တန္းေက်ာင္းရဲ႕ က်န္တဲ့လပိုင္းေလးအတြင္းမွာ မင္းရဲ႕စိတ္ေတြအားလုံးကို စာေလ့လာတဲ့အေပၚမွာပဲ ကုန္ဆုံးမယ္လို႔ ေမွ်ာ္လင့္မိတယ္... ၿပီးေတာ့ ေလာေလာဆယ္ တျခားကိစၥေတြ မေတြးနဲ႔ေလ ေကာင္းၿပီလား?" လီရႈခ်န္ ထပ္ေျပာလိုက္တယ္။
လင္ရွန္းက ႐ုတ္တရက္ ေခါင္းေမာ့ၿပီး လီရႈခ်န္ရဲ႕မ်က္လုံးေတြကို ၾကည့္လိုက္တယ္။
သူ မ်က္လုံးေလး ေပကလပ္ေပကလပ္လုပ္ကာ နားလည္သလိုလိုရွိလာတယ္။
အတန္းပိုင္ဆရာ ဆိုလိုတာက သူနဲ႔ ေမာ့က်ဴးခ်န္က... ႀကိဳက္ေနၾကတယ္ေပါ့?
လင္ရွန္း မေနႏိုင္ေတာ့ဘဲ မဲ့တဲ့တဲ့ေလး ၿပဳံးမိသြားတယ္။
ဒါက တကယ္ကိုပဲ...
တျခားကိစၥေတြ အသာထား၊ သူ ဝတၳဳထဲ ေရာက္လာတည္းက သူ႔ရဲ႕အင္အားေတြအားလုံးကို စာေလ့လာတဲ့အေပၚမွာသာ ျမႇဳပ္ႏွံခဲ့တယ္လို႔ လင္ရွန္း ခံစားမိတယ္။
ကိုယ့္ဖာသာ ေမးခြန္းေတြ ဘယ္လိုပဲေရးေရး၊ ဒါမွမဟုတ္ ေမာ့က်ဴးခ်န္ကိုလည္း...
သူ ေခါင္းယမ္းလိုက္တယ္။ ဘာလို႔ သူ႔အေၾကာင္း ထပ္ေတြးမိတာလဲ!
"ဆရာ ေမာ့က်ဴးခ်န္နဲ႔ ကြၽန္ေတာ္က မဟုတ္..."
"ရွင္းျပစရာမလိုပါဘူး" လီရႈခ်န္က သူ႔ကို လက္ယမ္းျပၿပီး သူ႔ရဲ႕ေနာက္ထပ္စကားလုံးေတြ စီေတာ့တယ္ "ဆရာလည္း ငယ္ဖူးတာမို႔ မင္းတို႔လူငယ္ေတြၾကားက စိတ္အေျခအေနကို နားလည္တယ္"
သူက မ်က္ခုံးေၾကာေတြ ေလွ်ာ့ၿပီး အသံကလည္း ႏူးညံ့လာတယ္ "မင္းလည္း ဆရာ့လိုအ႐ြယ္ေရာက္လာၿပီဆိုရင္ မင္းရဲ႕စိတ္ကို စာဖတ္တဲ့အေပၚ တတ္ႏိုင္သေလာက္ျမႇဳပ္ႏွံၿပီး အေကာင္းဆုံးနဲ႔ အက်ိဳးအရွိဆုံးအခ်ိန္က ဘယ္အခ်ိန္လဲဆိုတာ နားလည္လာလိမ့္မယ္"
လင္ရွန္း "..."
"ေကာင္းၿပီ" လီရႈခ်န္က လက္ကို ယမ္းလိုက္ျပန္တယ္ "သြားနားေတာ့၊ ဒီမနက္ျဖစ္ခဲ့တာက..."
သူ တုံ႔ဆိုင္းသြားၿပီးမွ "မိဘေခၚသင့္တယ္ဆိုေပမယ့္ ဒါက ပထမဆုံးအႀကိမ္ျဖစ္ေနတယ္၊ ေနာက္တစ္ႀကိမ္ဆိုတာ ရွိမလာဖို႔ ဆရာေမွ်ာ္လင့္တယ္ ဟုတ္ၿပီလား?"
"...ဟုတ္ကဲ့ပါ" လင္ရွန္း အနည္းငယ္ေတာ့ အံ့အားသင့္ေနမိတယ္ "ေက်းဇူးတင္ပါတယ္ ဆရာ"
သူလည္း ေငါင္ေတာင္ေတာင္နဲ႔ လွည့္ထြက္လာတယ္။
တံခါးလက္ကိုင္နဲ႔ နီးလာခ်ိန္မွာ မေနႏိုင္ဘဲ ေခါင္းလွည့္ၿပီး လီရႈခ်န္ကို ၾကည့္လိုက္ေသးတယ္။ တစ္ဖက္လူက သူနဲ႔အၾကည့္ခ်င္းဆုံသြားၿပီး အားေပးေနသလိုမ်ိဳး အၿပဳံးတစ္ပြင့္နဲ႔ ေခါင္းၿငိတ္ျပတယ္။
လင္ရွန္းလည္း ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ကာ တံခါးဖြင့္ၿပီး ထြက္ခဲ့လိုက္တယ္။ လီရႈခ်န္က တကယ့္ကို ဆရာေကာင္းတစ္ေယာက္။ တအားေကာင္းတယ္!
လင္ရွန္း တစ္ခါတစ္ေလလည္း မတတ္သာစြာ ခံစားမိတယ္။ ဒါက မယ္ရီဆူးေက်ာင္းမူၾကမ္းတစ္ခုဆိုတာ အသိသာႀကီး။ စာအုပ္ထဲမွာ သူဆုံရတဲ့လူေတြ ဆရာေတြကေန မိသားစုဝင္ေတြအထိ ဘာေၾကာင့္မ်ား တအားသေဘာေကာင္းရတာလဲ?
သူ စာသင္ခန္းကို ျပန္လာတဲ့အခ်ိန္မွာ ေန႔လည္နားခ်ိန္အမ်ားစုလည္း ကုန္ဆုံးသြားၿပီ။
Fတန္းက တိတ္ဆိတ္ေနေပမယ့္ အိပ္ေနတယ္ဆိုတာ တစ္ေယာက္မွမရွိဘူး။ သူတို႔ေရွ႕မွာ ဖတ္စာအုပ္တစ္အုပ္စီ ရွိၾကတယ္။
တကယ္ ၾကည့္ၾကည့္ မၾကည့္ၾကည့္ အနည္းဆုံးေတာ့ အေပၚယံမွာ သူတို႔ေတြ စိတ္ပါဝင္စားစြာ ၾကည့္ေနပုံေပၚတယ္။
ေျခသံေတြၾကားေတာ့ သူ႔အတန္းေဖာ္ေတြအားလုံး သူ႔ကို ေမာ့ၾကည့္လာၾကတယ္။
ျပန္လာတဲ့သူက လင္ရွန္းဆိုတာကို သိသြားၾကၿပီးတဲ့ေနာက္ အတန္းေဖာ္အမ်ားစုက သက္ျပင္းခ်ကုန္ၾကတယ္။
လင္ရွန္း နည္းနည္းေတာင္ ရယ္ခ်င္သြားေပမယ့္ အခုခ်ိန္မွာ တကယ္ မရယ္ႏိုင္ဘူး။
သူက အတန္းထဲ ေဝ့ၾကည့္လိုက္ၿပီး မၾကာခင္ ေမာ့က်ဴးခ်န္က သူ႔ေနာက္မွာ ထိုင္မေနေတာ့တာကို ေတြ႕လိုက္ရတယ္။
သူက သူ႔ပစၥည္းေတြကို ေနာက္ဆုံးတန္းက ျပတင္းေပါက္နားကို ေျပာင္းထားလိုက္ၿပီ။
အခုခ်ိန္မွာ သူက လက္တစ္ဖက္နဲ႔ ပါးကိုေထာက္ထားၿပီး သူ႔ေရွ႕က ဖတ္စာအုပ္ကို ေအးတိေအးစက္မ်က္ႏွာနဲ႔ ၾကည့္ေနတယ္။
လင္ရွန္း ဝင္လာတာကိုေတာင္ ေမာ့က်ဴးခ်န္က ေမာ့မၾကည့္လာဘူး။
"ရွန္းေကာ!" လင္ရွန္းသူငယ္ခ်င္း ခ်င္မင္းမင္းက သူ႔ကို ခပ္တိုးတိုးနဲ႔ အသည္းအသန္ လက္ယပ္ေခၚေနတယ္ "ဒီမွာ"
လင္ရွန္း တြန႔္ဆုတ္ဆုတ္နဲ႔ သူ႔ထိုင္ခုံဆီ ျပန္သြားထိုင္လိုက္တယ္။
ခ်င္မင္းမင္းက ခ်က္ခ်င္း တိုးကပ္လာၿပီး "သခင္ေလးေမာ့က ဘာျဖစ္ေနတာလဲ?"
"ဟမ္?" လင္ရွန္း ႏွာသံေလးထြက္လာတယ္။
"ဝိုး မင္း မသိဘူးလား!" ခ်င္မင္းမင္းက အသံကို တိုးတိုးေလးေျပာေနေပမယ့္ ေလသံကို အနည္းငယ္ခ်ဲ႕ကားသလိုျဖစ္ေအာင္လည္း ႀကိဳးစားေနေသးတယ္ "ခုေလးတင္ ေရခဲစိမ္မ်က္ႏွာႀကီးနဲ႔ ဝင္လာတာေလ၊ အဲ့႐ုပ္ အဲ့႐ုပ္... ကြၽတ္ ကြၽတ္..."
ခ်င္မင္းမင္းက သူ႔လက္သူဖက္ကာ ပုံႀကီးခ်ဲ႕ၿပီး "သူ႔ေၾကာင့္ ငါတို႔ေတြ ေသမလို ေၾကာက္ေနတာ"
လင္ရွန္း အင္တင္တင္နဲ႔ ႏႈတ္ခမ္းကို ေကြးလိုက္ေပမယ့္ စကားေတာ့မေျပာဘူး။
"ရွန္းေကာ!" ခ်င္မင္းမင္း သူ႔ကို ခဏေလာက္ စိုက္ၾကည့္ကာ "ရန္ျဖစ္ခဲ့တာလား? ဘာလို႔လဲ?"
သူက ေျပာေနတုန္းမွာ ေခါင္းလွည့္ၿပီး ေမာ့က်ဴးခ်န္ကို သတိႀကီးႀကီးနဲ႔ ခပ္ျမန္ျမန္ေလး ၾကည့္လိုက္ေသးတယ္ "သူ ျပန္ေရာက္လာေတာ့ သူ႔ေနရာကို ျပတင္းေပါက္ဆီ ေ႐ႊ႕သြားၿပီး စကားလည္းမေျပာဘူး၊ အတန္းေဖာ္ေတြ သူ႔ကိုၾကည့္မိရင္ သူကလည္း အားႀကီးနဲ႔ ျပန္စိုက္ၾကည့္တာ!"
"ေၾကာက္ဖို႔ေကာင္းလိုက္တာ!" ခ်င္မင္းမင္းက ေၾကာက္႐ြံ႕ဟန္ တစ္ကိုယ္လုံးခါယမ္းျပတယ္ "လူတိုင္းလည္း ထပ္ၿပီးေတာ့ စာပဲဖတ္ေနရတယ္၊ ငါတကယ္ အိပ္ခ်င္ေနလို႔ပါဆို..."
သူက စားပြဲေပၚ ေမွာက္ခ်ၿပီး သူ႔မ်က္ႏွာကို ဖတ္စာအုပ္နဲ႔ ပြတ္ေနလိုက္တယ္။
"ဒါဆိုလည္း အိပ္ေပါ့" လင္ရွန္း ဖြဖြေလးေျပာလိုက္တယ္။
"လာေနာက္မေနနဲ႔!" ခ်င္မင္းမင္း ဆတ္ခနဲျဖစ္သြားၿပီး ထကာ "သခင္ေလးေမာ့က စာလုပ္ေနတယ္ေလ ဘယ္သူက အိပ္ရဲမွာလဲ?!"
လင္ရွန္း "..."
ေမာ့က်ဴးခ်န္က အဲ့ေလာက္ ေၾကာက္စရာေကာင္းတာလား?
တကယ္ေတာ့ ဒီအေတာအတြင္း အဆင္ေျပေျပရွိခဲ့ၾကၿပီးေနာက္ တျခားကိစၥေတြကလြဲရင္ ေမာ့က်ဴးခ်န္က ဒ႑ာရီလာ 'နတ္ဆိုးေက်ာင္းျမက္ႀကီး'လို႔ ဆိုရေလာက္တဲ့အထိ ေၾကာက္စရာေကာင္းမေနဘူး။
သူ ေမာ့က်ဴးခ်န္ကို ျပန္လွည့္ၾကည့္လိုက္တယ္။
တစ္ဖက္လူက လက္တစ္ဖက္နဲ႔ ပါးကို ေထာက္ထားဆဲျဖစ္ၿပီး မ်က္ခုံးမည္းမည္းေတြကို အနည္းငယ္ ၾကဳပ္ထားကာ သူ႔ေရွ႕မွာ ျဖန႔္ထားတဲ့စာအုပ္ကို စိုက္ၾကည့္ေနတယ္။
"ရွန္းေကာ..." ခ်င္မင္းမင္းက သူ႔ကို ေခၚလိုက္ျပန္တယ္ "ဒီမနက္ ဘယ္သြားေနတာလဲ?"
သူ စပ္စပ္စုစုေမးလိုက္တယ္ "ႏွစ္ေယာက္လုံး အတန္းထဲေရာက္မလာေတာ့ အတန္းပိုင္ဆရာကေတာင္ မင္းတို႔ ဘယ္မွာရွိလဲသိလားဆိုၿပီး ငါ့ကို ေမးေသးတယ္"
သူက ေျပာၿပီး ရင္ဘတ္ကို ပုတ္ကာ "ေသခ်ာေပါက္ ငါက ရွန္းေကာကို သစၥာမေဖာက္ဘူးေပါ့၊ ဒါေပမယ့္..."
ခ်င္မင္းမင္းက မ်က္ေတာင္ေလးခတ္ၿပီး လင္ရွန္းကို အတင္းအဖ်င္းသိလိုဟန္နဲ႔ ၾကည့္ေနတယ္ "ဘယ္ေရာက္ေနတာလဲ?"
"ငါ ဘယ္မွမသြားဘူး" လင္ရွန္း မေရမရာေျပာလိုက္တယ္။
"ရွန္းေကာ" ခ်င္မင္းမင္း ထပ္ေမးျပန္တယ္ "မင္းတကယ္ပဲ ရန္မျဖစ္ထားဘူးလား?"
"...မျဖစ္ဘူး" လင္ရွန္း ပိုလို႔ေတာင္ ရွက္လာၿပီး ရန္ျဖစ္တဲ့အေၾကာင္း မေျပာႏိုင္ေတာ့ဘူး။ ေတာ္ေတာ္ေလး ေနရခက္တယ္။
"ေဟး..." ခ်င္မင္းမင္းက သက္ျပင္းအသာခ်ကာ "ငါ နားလည္ၿပီ! ခ်စ္သူေတြက ဘယ္လိုလုပ္ ရန္မျဖစ္ဘဲေနမွာလဲ? ငါလည္း ေဘးခန္းကတစ္ေယာက္နဲ႔ ႀကိဳက္တုန္းက မင္းလည္းသိပါတယ္၊ ႏွစ္ရက္ေလာက္ နည္းနည္းပါးပါး စကားမ်ား သုံးရက္ေလာက္ အႀကီးအက်ယ္ရန္ျဖစ္... ငါက တျခားအတန္းေတြထဲက မိန္းကေလးေတြကို စိုက္ၾကည့္လို႔တဲ့ေလ၊ ငါ့ကို ရက္ေတြအၾကာႀကီး ျပႆနာရွာႏိုင္တာေလ!"
လင္ရွန္း "..."
သူ တကယ္ နားမလည္ပါ!
ဒါ့အျပင္ သူ ေမာ့က်ဴးခ်န္နဲ႔ တကယ္ႀကိဳက္ေနၾကတာ မဟုတ္ပါဘူးဆို!
"အဲ့ေတာ့ ေကာင္းၿပီေလ!" ခ်င္မင္းမင္းက လင္ရွန္းပုခုံးကို အားပါးတရပုတ္ၿပီး ေျပာလိုက္တယ္ "မင္းက သြားၿပီး ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းနဲ႔ သူ႔ကို ေခ်ာ့လိုက္ရင္ သိပ္မၾကာခင္ အဆင္ေျပသြားမွာပါ"
သူက လင္ရွန္းကို မ်က္လုံးေမွးက်ဥ္းၿပီးၾကည့္ကာ သူ႔စားပြဲကေန စုပ္လုံးတစ္ခုထုတ္ၿပီး ေျပာလိုက္တယ္ "ရွန္းေကာ သီးသန႔္အကြက္ေလးေတြ၊ ရပါတယ္(အားမနာပါနဲ႔)! သြားၿပီးေတာ့ သခင္ေလးေမာ့ကို ေခ်ာ့လိုက္"
"ေက်းဇူး!" လင္ရွန္းလည္း မ်က္ရည္အဝိုင္းသားနဲ႔သာ စုပ္လုံးေလးကို ယူလိုက္တယ္။
သူ အမွတ္တမဲ့ ေမာ့က်ဴးခ်န္ကို လွည့္ၾကည့္လိုက္တယ္။ တစ္ဖက္လူက သူ႔ေရွ႕ကစာကို အားတက္သေရာၾကည့္ေနတုန္းပဲ။
သူ႔အမူအယာက ေအးစက္တည္ၿငိမ္ၿပီး တစ္ကိုယ္လုံးမွာလည္း 'လူေတြကို မိုင္ေပါင္းေထာင္ခ်ီကေန ေရွာင္ရွားတယ္'ဆိုၿပီး ေရးထားသေယာင္။
လင္ရွန္း ေခါင္းျပန္လွည့္ကာ သူ႔စားပြဲကို ၾကည့္ေနလိုက္တယ္။
ခ်င္မင္းမင္းက သူ႔ကို စကားကပ္ေျပာေနဆဲျဖစ္ေပမယ့္ သူကေတာ့ တစ္လုံးေတာင္ မၾကားေတာ့ဘူး။ ရံဖန္ရံခါမွသာ ၿပဳံးျပၿပီး သူနားေထာင္ေနေသးေၾကာင္း ျပတယ္။
သူ႔ေခါင္းထဲမွာေတာ့ ရႈပ္ေထြးလို႔ေနတယ္။
ျဖစ္ခ်င္ေတာ့ အတန္းပိုင္ဆရာကေန သူ႔ရဲ႕အတန္းေဖာ္ေတြသူငယ္ခ်င္းေတြအထိ သူနဲ႔ ေမာ့က်ဴးခ်န္က ႀကိဳက္ေနတယ္ဆိုၿပီး ထင္ေနၾကတာလား?
သူတကယ္ပဲ မ်ားမ်ားစားစား အာ႐ုံမထားတာက အမွားျဖစ္သြားတာလား?
ေက်ာင္းဆင္းတဲ့အခ်ိန္ထိ ေမာ့က်ဴးခ်န္က လင္ရွန္းကို ထပ္ၿပီး မၾကည့္လာဘူး။
ေက်ာင္းေခါင္းေလာင္းထိုးတာနဲ႔ ခ်က္ခ်င္း ေက်ာပိုးအိတ္လြယ္ကာ စာသင္ခန္းအျပင္ကို ထြက္သြားတယ္။
လင္ရွန္းကေတာ့ ေလးတိေလးကန္နဲ႔ စာအုပ္ေတြ ထည့္ေနတုန္းပဲ။
ေမာ့က်ဴးခ်န္ထြက္သြားတာကို ျမင္လိုက္ရခ်ိန္မွာ တကယ္ပဲ လစ္ဟာသြားသလို တစ္စုံတစ္ရာဆုံးရႈံးလိုက္ရသလိုမ်ိဳး ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိျဖစ္ကုန္တယ္။ သူ ငိုင္တိုင္တိုင္နဲ႔ပဲ အိမ္ျပန္လိုက္ရတယ္။
ဧည့္ခန္းထဲမွာ လူတစ္ေယာက္မွမရွိလဲ ခ်ဴ႐ုန္တစ္ေယာက္သာ မီးဖိုေခ်ာင္ထဲမွာ အားတက္သေရာ ခ်က္ျပဳတ္ေနတယ္။
တံခါးအဖြင့္အပိတ္သံကို ၾကားတာနဲ႔ အသုပ္ထည့္ထားတဲ့ ခြက္အၾကည္ေလးနဲ႔ ထြက္လာတယ္။
"ေရွာင္ရွန္း" ခ်ဴ႐ုန္က သားျဖစ္သူကို လက္ယပ္ေခၚလိုက္တယ္ "ဒီကို လာျမည္းၾကည့္"
သူက ေျပာၿပီး အသုတ္ကို ဇြန္းအျပည့္ေကာ္ယူကာ သူ႔ေရွ႕ေလွ်ာက္လာတဲ့ လင္ရွန္းကို ၿပဳံးၿပဳံးေလးနဲ႔ ခြံ႕ဖို႔လုပ္တယ္ "မာမားခုေလးတင္ သင္ထားတဲ့ အသုပ္ေလး ျမည္းၾကည့္"
အရသာရွိတဲ့ပုစြန္အသားလုံးထဲမွာ သိပ္ထည့္ထားတဲ့ ခ်ဥ္စပ္အရသာနဲ႔ လတ္ဆတ္တဲ့အသုပ္ကို ခ်ဴ႐ုန္က လင္ရွန္းပါးစပ္ထဲ ထည့္ခြံ႕လိုက္တယ္။
"ဘယ္လိုေနလဲ?" ခ်ဴ႐ုန္က လင္ရွန္းစားေနတာကို ေမွ်ာ္လင့္တႀကီး ၾကည့္ေနတယ္။ "စားလို႔ေကာင္းလား?"
"အရသာရွိေနတာပဲ" လင္ရွန္း သူ႔ကို ၿပဳံးျပလိုက္တယ္။
သူ ဒီေန႔တစ္ေန႔လုံး စိတ္ေတြက ဟိုေရာက္ဒီေရာက္ျဖစ္ေနခဲ့တယ္။ ခ်ဴ႐ုန္လုပ္ေပးတဲ့ လတ္ဆတ္ၿပီးအရသာရွိတဲ့အသုပ္ေၾကာင့္သာ ေနာက္ဆုံးမွာ မဆိုစေလာက္ေလး ျပန္တက္ႂကြလာေတာ့တယ္။
"ပုစြန္က တအားစားလို႔ေကာင္းတယ္ ၿပီးေတာ့ အသုပ္က နည္းနည္းေလး ခ်ဥ္စပ္ျဖစ္ေနၿပီး အ႐ြက္ေတြရဲ႕အရသာကို အရမ္းႀကီး သီးသန႔္မျဖစ္သြားေစဘူးဆိုေတာ့ ထူးထူးကဲကဲေလးျဖစ္သြားတာေပါ့"
လင္ရွန္းက ခဏေလာက္ေတြးၿပီး ေျပာလိုက္တယ္။
"Puff..." ခ်ဴ႐ုန္ အသံထြက္ကာ ရယ္မိေတာ့တယ္။
သူက အသုပ္ခြက္ကိုကိုင္ထားရင္း တဟားဟားနဲ႔ ခြက္ထိုးခြက္လန္ရယ္ေနတယ္။
လင္ရွန္း အနည္းငယ္ေၾကာင္အသြားတယ္။
"ေရွာင္ရွန္း" ခ်ဴ႐ုန္က ခဏေလာက္ရယ္ေနၿပီးမွ ေျဖးေျဖးခ်င္း အရယ္ရပ္လိုက္တယ္။
သူက လက္တစ္ဖက္နဲ႔ ခြက္ကိုကိုင္ထားၿပီး အနည္းငယ္ စိုေနတဲ့လက္နဲ႔ လင္ရွန္းဆံပင္ကို အသာပြတ္လိုက္တယ္။
ခ်ဴ႐ုန္က သက္ျပင္းအသာခ်လိုက္ပုံေပၚၿပီး သူ႔သားေလးကို ႏူးညံ့စြာၾကည့္လာတယ္ "အေမနဲ႔စကားေျပာတာကို ဘယ္ကဘယ္လို အေလးအနက္ႀကီးေတြ ျဖစ္စရာလိုလို႔လဲ ဟင္..."
သူက ဒါကို ေတြးၿပီး ေျပာလိုက္တယ္ "ဒီတိုင္းေလး စားလို႔ေကာင္းလိုက္တာ! တအားစားေကာင္းတယ္! မာမားခ်က္ထားတာက ကမာၻေပၚမွာ အေကာင္းဆုံးပဲ! ႐ူးေလာက္ေအာင္ မီးေရာင္ေတြ ေပါက္ကြဲသြားသလိုပဲ ဆိုၿပီး ေျပာဖို႔ပဲလိုတာေလ... မာမားက တအားကို ေပ်ာ္သြားမွာေပါ့!"
လင္ရွန္းလည္း မေနသာစြာ ရယ္မိလိုက္တယ္။ ဒါက ခ်ဲ႕ကားတာမ်ိဳး မဟုတ္ဘူးလား?!
အခုမွ သူၿပဳံးလာတာကိုျမင္ေတာ့ ခ်ဴ႐ုန္က သူ႔ဆံပင္ကို ထပ္ပြတ္ေပးၿပီး "ဟုတ္ပါၿပီ၊ ခုေလးတင္ မ်က္ႏွာက အရမ္းကို ခါးခါးသီးသီးျဖစ္ေနေတာ့ ငိုေတာ့မယ္လို႔ေတာင္ မာမားက ထင္သြားတာ"
သူက လင္ရွန္းကို မ်က္စိမွိတ္ျပၿပီး "အင္း မာမားကေတာ့ ကမာၻေပၚမွာ အရသာအရွိတကာ့အရွိဆုံး ထူးျခားတဲ့အသုပ္ေတြကို ဆက္လုပ္လိုက္အုံးမယ္! ေစာင့္ၿပီးေတာ့သာ စားေပေတာ့! ဒါနဲ႔..."
ခ်ဴ႐ုန္က ေျခလွမ္းအနည္းငယ္လွမ္းၿပီးမွ လင္ရွန္းကို ျပန္ၾကည့္လာတယ္ "မင္းအစ္ကိုႀကီးက ျပန္ေတာင္ေရာက္ေနၿပီ အေပၚထပ္က စာၾကည့္ခန္းထဲမွာ၊ သူလည္း ခုေနာက္ပိုင္း ျပႆနာေတြရွိေနလို႔လား? အခ်ိန္ရွိတယ္ဆိုရင္ မင္းရဲ႕အစ္ကိုႀကီးကိုလည္း စကားသြားေျပာလိုက္ပါအုံး... ဘယ္လိုေနေန တခ်ိဳ႕ကိစၥေတြက မိဘေတြထက္ ညီအစ္ကိုေတြၾကားမွာ ေျပာဆိုရတာက ေသခ်ာေပါက္ ပိုလြယ္တတ္တယ္ေလ"
"ဟုတ္ကဲ့ပါ" လင္ရွန္း ေခါင္းၿငိတ္လိုက္တယ္။
သူက ခ်ဴ႐ုန္ မီးဖိုေခ်ာင္ဆီ ျပန္သြားတာကို ၾကည့္ၿပီးမွသာ ဒုတိယထပ္ကို ေခါင္းေမာ့ၾကည့္လိုက္တယ္။
လင္ယြမ္ စိတ္ထဲမွာ တစ္ခုခုျဖစ္ေနလို႔လား?
သူ႔ကုမၸဏီနဲ႔ သက္ဆိုင္ေနမလား?
လင္ရွန္း ခဏေလာက္ ေတြးၾကည့္ၿပီး ဒုတိယထပ္ဆီ ေလွ်ာက္သြားလိုက္ေတာ့တယ္။
___________________________________
{Unicode}
မော့ကျူးချန်အသံက မကျယ်ပေမယ့် တော်တော်လေးပြတ်သားလှတယ်။
လင်ရှန်းနဲ့ တောက်ရန်တို့ပါ အရှင်းသား ကြားနိုင်တာကြောင့် ရုံးခန်းထဲက အတန်းပိုင်ဆရာ လီရှုချန်လည်း ကြားမှာပဲဖြစ်တယ်။
ချက်ချင်းဆိုသလို မျက်နှာပျက်သွားပြီး မျက်မှောင်ကြုတ်ကာ မော့ကျူးချန်ကို မည်းသည်းနေတဲ့ မျက်နှာကြီးနဲ့ ကြည့်လာတယ် "မင်းက အတန်းဖော်တွေကို အတန်းလစ်အောင် အတင်းအကျပ်လုပ်တာလား?"
လီရှုချန်း သူ့နားတွေကိုတောင် သူမယုံနိုင်ဘူး။
သူက အလေးအနက်ရှိပြီး တာဝန်ယူတတ်တဲ့ ဆရာတစ်ယောက်ဖြစ်ကာ ကျောင်းရဲ့ Fခန်းအတန်းပိုင်လည်းဖြစ်တယ်။
တချို့ခေါင်းဆောင်တွေကလည်း များသောအားဖြင့် မော့ကျူးချန်ကို ဂရုစိုက်မနေကြဘူး။ တကယ်တော့ ကျောင်းကတောင်မှ တခြားသူတွေရဲ့အပိုင်ပဲလေ။
သို့ပေမယ့် လီရှုချန်ကတော့ ကွဲပြားတယ်။
ခြုံငုံကြည့်မယ်ဆိုရင် မော့ကျူးချန်က ဆရာကို ပြဿနာရှာတတ်တဲ့ ကျောင်းသားတစ်ယောက်တော့ မဟုတ်ဘူး။
အတန်းလစ်တယ်၊ စာမလုပ်ဘူး၊ အေးတိအေးစက်နေတယ်...
ဒါပေမယ့် အတန်းဖော်တွေကိုတော့ မထိခိုက်စေဘူး။
လီရှုချန်က သူတို့အတန်းကို ယူထားတာ နှစ်နှစ်ကျော်လောက် ရှိနေပြီ။ ဒီလိုအဖြစ်အပျက်ဖြစ်တယ်ဆိုတာ ပထမဆုံးအကြိမ်ပဲ။
သူ မော့ကျူးချန်ကို ယုံရခက်စွာ ကြည့်လိုက်တယ်။
လူငယ်လေးက သူ့ထက်တောင် အများကြီး အရပ်ရှည်နေပြီ။ ထိုစကားကို ထုတ်ပြောပြီးတဲ့နောက်မှာ ဒီကိစ္စအကြောင်း ထပ်ပြောဖို့ မရှိတော့တဲ့အတိုင်း အံကိုကြိတ်ကာ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေနေတော့တယ်။
လီရှုချန် သူ့ကို စိုက်ကြည့်နေလည်း မော့ကျူးချန်ကတော့ အသံတိတ်လျက်ပဲ။
ရုံးခန်းအပြင်ဘက်က လင်ရှန်းနဲ့ တောက်ရန်တို့လည်း အသံတိတ်နေကြတယ်။
တောက်ရန် ခဏလောက် ထိန်းထားပေမယ့် မတတ်နိုင်တော့ဘူး။ သူက လင်ရှန်းရဲ့ အကျီလက်စကို ဆွဲကာ အသံတိတ် ပါးစပ်လှုပ်ပြီးတော့သာ ပြောလိုက်တယ် "ဘော့စ်က ဘာဖြစ်လို့လဲ?"
လင်ရှန်း ခေါင်းယမ်းပြီး ဘာမှ မပြောလိုက်ဘူး။
မော့ကျူးချန်က လင်ရှန်းကို အတန်းလစ်ဖို့ အတင်းအကျပ်လုပ်တယ်ဆိုတာကို တောက်ရန် မယုံဘူး။
သူတို့ချင်း သိလာခဲ့တာ နှစ်ပေါင်းများစွာရှိနေပြီး ကလေးဘဝတည်းက အရွယ်ရောက်လာတဲ့အချိန်ထိ မော့ကျူးချန်က ဘယ်လောက်ပဲ ပိုင်စိုးပိုင်နင်းလုပ်တတ်တယ်ဆိုဆို မော့ကျူးချန်က တခြားသူတွေရဲ့ဝါသနာတွေကို အတင်းအကျပ်မလုပ်ခဲ့ဖူးဘူး။
သူ လင်ရှန်းကို ကြည့်ပြီးနောက် ရုံးခန်းထဲက မော့ကျူးချန်ကို ကြည့်လိုက်တယ်။
တစ်ဖက်ခြမ်းက သူတို့ကို နောက်ကျောပေးပြီး ထိုင်နေကြတာကြောင့် သူ့မျက်နှာပေါ်က အမူအယာကို မမြင်ရဘူး။
ဒါပေမယ့် နောက်ကျောကတော့ ဖြောင့်မတ်လို့နေတယ်။ ပြီးတော့ ခုလေးတင် သူပြောလိုက်တာ...
တောက်ရန် ပြန်တွေးကြည့်ပြီး သူ့လေသံက အနည်းငယ်ထူးဆန်းနေတယ်လို့ ခံစားရတယ်။
သူ လင်ရှန်းရဲ့အကျီလက်စကို ထပ်ပြီးဆွဲကာ တိုးတိုးလေး မေးလိုက်တယ် "မင်းတို့ ရန်ဖြစ်လာတာလား?"
လင်ရှန်း "..."
တောက်ရန်က ပုံမှန်အားဖြင့် ပူပန်ကြောင့်ကြမဲ့ပြီး တအားထက်မြက်မနေသင့်ဘူးလား?!
သူ စကားမပြောသလို ခေါင်းလည်း မငြိတ်လိုက်ဘူး။
ခဏနေတော့ ရုံးခန်းထဲက အသံတစ်သံ ထွက်လာပြန်တယ်။
လီရှုချန်နဲ့ မော့ကျူးချန်တို့ တစ်ယောက်နဲ့တစ်ယောက် ခဏလောက်ကြည့်နေကြပြီးမှ သူ(လီရှုချန်)က ခေါင်းယမ်းကာ "မင်း အရင်သွားလိုက်တော့၊ လင်ရှန်း ပြန်လာတဲ့အချိန်ကျရင် ငါသူ့ကို ထပ်မေးလိုက်မယ်"
မော့ကျူးချန်ကတော့ မလှုပ်မယှက်ပဲ "ဒီကိစ္စက လင်ရှန်းနဲ့ ဘာမှမဆိုင်ဘူး"
သူက "ဆရာ တကယ်လို့ မေးစရာတွေ ရှိသေးတယ်ဆိုလည်း ကျွန်တော့်ကို မေးတာနဲ့တင် လုံလောက်တယ်"
"မင်းသာ အရင်ပြန်တော့" လီရှုချန်က သူ့ကို လက်ယမ်းပြလိုက်တယ် "ဒီကိစ္စ ဆရာသိတယ်"
ရုံးခန်းထဲမှာ မတိုးသာမဆုတ်သာ အနေအထားခဏလောက်ဖြစ်နေပြီးမှ မော့ကျူးချန်က လီရှုချန်ကို အရိုအသေပေးပြီး တံခါးဆီ လှည့်ထွက်လာတော့တယ်။
လင်ရှန်း သူ့နှလုံးသားထဲမှာ ခံစားချက်တွေ ရောပြွမ်းနေတယ်။
မော့ကျူးချန်က သူတို့ဆီလျှောက်လာတာကို ကြည့်ရင်း မသိစိတ်က အလိုလို နောက်တစ်လှမ်းဆုတ်မိသွားတယ်။ ဒါပေမယ့် တောက်ရန်က သူ့ကို ပိတ်ထားတယ်။
လင်ရှန်း တစ်လှမ်းဆုတ်ပြီးချိန်မှာ တောက်ရန်က နှုတ်ဆက်လိုက်တယ် "ဘော့စ်"
သူ ပြုံးပြီး မော့ကျူးချန်ကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ "ငါတို့ အားလုံးကြားလိုက်တယ်"
တောက်ရန်က လင်ရှန်းကို တဟီးဟီးနဲ့ ကြည့်ပြီးမှ မော့ကျူးချန်ကို လှမ်းကြည့်ကာ "ဟေး ငါမင်းတို့ကို မနှောင့်ယှက်တော့ဘူး၊ စကားပြောကြပါ!"
သူက ပြောပြီး ရုံးအဆောက်အအုံအောက်ကို လှည့်ပြေးကာ သူတို့နှစ်ယောက်ဆီကိုလည်း လက်ပြန်ဝှေ့ယမ်းပြလိုက်သေးတယ်။
လင်ရှန်း "..."
နေရခက်လိုက်တာ!
မော့ကျူးချန်က ရုံးခန်းထဲက ထွက်လာချိန်မှာ ရုံးခန်းတံခါးကို ပိတ်ခဲ့တယ်။ လင်ရှန်းရှိနေတဲ့နေရာက အပေါက်ဝနဲ့ နီးနီးလေးပဲ။
သူက ပိတ်သွားတဲ့ရုံးခန်းတံခါးကို ကြည့်ကာ မသိလိုက်မသိဖာသာ အကြည့်လွှဲသွားတယ်။
သူ့လက်ထဲမှာ မော့ကျူးချန်ရဲ့ ကျောင်းယူနီဖောင်းကုတ်အကျီကို ကိုင်ထားတယ်။ အစကတော့ အဝတ်လေးတစ်ထည်က မလေးပေမယ့် အခုမှသာ လေးလံသလို ဖြစ်လာတယ်။
သူတို့တွေ ဒီတိုင်း တိတ်တိတ်ဆိတ်ဆိတ်နေပြီး အတန်းပိုင်ရုံးခန်းအပြင်ဘက် လျှောက်လမ်းမှာ အချိန်တစ်ခုလောက်ထိ အသံတိတ်ရပ်နေကြတယ်။ ဒါမှမဟုတ် အခိုက်အတန့်လေးတစ်ခု...
မကြာခင်မှာပဲ မော့ကျူးချန်ရဲ့အရပ်ရှည်ရှည်ပုံရိပ်က လင်ရှန်းကို ကျော်ကာ ထွက်သွားတယ်။
သူ့ကိုတောင် မကြည့်ဘဲ တိတ်ဆိတ်စွာ ဖြတ်လျှောက်သွားတယ်။
သူ့နောက်ကနေ ခြေသံတွေ ပေါ်ထွက်လာတယ်။
လင်ရှန်း ထိုနေရာမှာ ခဏလောက်နေပြီးမှ မော့ကျူးချန် ထွက်သွားတဲ့ဘက်ကို ခေါင်းလှည့်ကြည့်လိုက်တယ်။
လျှောက်လမ်းထောင့်ချိုးမှာ အဖြူရောင်ရှပ်အကျီလေး ပျောက်ကွယ်သွားပြီး ခြေသံတွေလည်း တဖြည်းဖြည်းတိုးဖျော့လာတယ်။
သူ့လက်ထဲမှာသာ တစ်ဖက်လူရဲ့ကျောင်းယူနီဖောင်းကုတ်အကျီကို ကိုင်ထားဆဲဖြစ်တယ်။
လင်ရှန်းရုတ်တရက်ဆိုသလို အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရတယ်။
သူ စက္ကန့်အနည်းငယ် ထပ်နေပြီး အသက်ကို ပြင်းပြင်းရှုလိုက်တယ်။
ထို့နောက် ရှေ့ကို ခြေလှမ်းကာ ရုံးခန်းတံခါးကို စည်းချက်ကျကျ ခေါက်လိုက်တယ်။
"ဘယ်သူလဲ?" အထဲက လီရှုချန်ရဲ့အသံ ထွက်ပေါ်လာတယ် "တံခါးကို လော့မချထားဘူး ဝင်လာခဲ့ပါ"
လင်ရှန်း နောက်တစ်ကြိမ် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်တယ်။ လက်ထဲမှာ အားထည့်ပြီး တံခါးဖွင့်ဝင်လိုက်တယ်။
"လင်ရှန်း?"
"Mr.လီ" ရုံးခန်းထဲ ဝင်လိုက်တယ်ဆိုရင်ပဲ လင်ရှန်းက အရင်ဆုံး ခေါင်းငုံ့ကာ လီရှုချန်ရဲ့ရှေ့မှာ ရပ်လိုက်တယ်။
"ဒီမနက်ပိုင်း အတန်းလစ်တဲ့ကိစ္စက အားလုံးကျွန်တော့်ကြောင့်ပါပဲ မော့ကျူးချန်နဲ့ ဘာမှမဆိုင်ပါဘူး" သူ ပြောလာတယ် "ကျွန်တော် ဖိအားတွေအရမ်းများပြီး စိတ်အခြေအနေမကောင်းတာကြောင့် မနက်ကလို ကိစ္စမျိုး ဖြစ်ခဲ့ရတာပါ"
"လင်ရှန်း" လီရှုချန်က ခါးမတ်မတ်ထိုင်ကာ လင်ရှန်းရဲ့မျက်လုံးတွေကို ကြည့်လိုက်တယ် "ခုလေးတင် မော့ကျူးချန်ကလည်း ပုံစံတူပဲပြောသွားတာ၊ မင်း..."
သူ မျက်မှောင်အသာကြုတ်ကာ "ဘာတွေ လုပ်နေတာလဲ?"
"တကယ်ပဲ မော့ကျူးချန်နဲ့ မဆိုင်တာပါ" လင်ရှန်း ပြောလိုက်တယ်။
"ဟမ်?" လီရှုချန်က မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး လင်ရှန်းကို ကြည့်ကာ "လင်ရှန်း မင်းသိလား၊ မင်းတို့အားလုံး ပြီးခဲ့တဲ့ကြာသပတေးတုန်းက ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ဝင်နိုင်ခဲ့တယ်၊ ဆရာလည်း တအားကျေနပ်တယ်"
သူ ရပ်လိုက်ပြီး လင်ရှန်းကို အားတက်သရော ပြောလာတယ် "လုပ်ဆောင်ချက်ဆိုတာ အရာအားလုံးမဟုတ်ဘူးဆိုတဲ့ ဆိုရိုးရှိပေမယ့် အထက်တန်းကျောင်းဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေရဲ့လုပ်ဆောင်ချက် တိုးတက်လာတယ်ဆိုတာ ဆရာတွေအဖို့ အကြီးမားဆုံးစိတ်သက်သာရာရမှုနဲ့ အောင်မြင်မှုပဲ... လင်ရှန်း၊ ရှန်းရှန်း မင်းရဲ့တိုးတက်မှုကိုမြင်တော့ ဆရာတကယ် စိတ်ကျေနပ်တယ်"
"ကျေးဇူးတင်ပါတယ် ဆရာ" လင်ရှန်း ရိုးစင်းစွာ ပြောလိုက်တယ်။
"နည်းနည်းလေး နောက်ကျပြီးမှ စဖြစ်တယ်ဆိုပေမယ့် မင်းက ဆရာ့ကို မျှော်လင့်ချက်လေး ပြလိုက်တာပဲ၊ အဲ့တာကြောင့် ဆရာကလည်း အထက်တန်းကျောင်းရဲ့ ကျန်တဲ့လပိုင်းလေးအတွင်းမှာ မင်းရဲ့စိတ်တွေအားလုံးကို စာလေ့လာတဲ့အပေါ်မှာပဲ ကုန်ဆုံးမယ်လို့ မျှော်လင့်မိတယ်... ပြီးတော့ လောလောဆယ် တခြားကိစ္စတွေ မတွေးနဲ့လေ ကောင်းပြီလား?" လီရှုချန် ထပ်ပြောလိုက်တယ်။
လင်ရှန်းက ရုတ်တရက် ခေါင်းမော့ပြီး လီရှုချန်ရဲ့မျက်လုံးတွေကို ကြည့်လိုက်တယ်။
သူ မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ကာ နားလည်သလိုလိုရှိလာတယ်။
အတန်းပိုင်ဆရာ ဆိုလိုတာက သူနဲ့ မော့ကျူးချန်က... ကြိုက်နေကြတယ်ပေါ့?
လင်ရှန်း မနေနိုင်တော့ဘဲ မဲ့တဲ့တဲ့လေး ပြုံးမိသွားတယ်။
ဒါက တကယ်ကိုပဲ...
တခြားကိစ္စတွေ အသာထား၊ သူ ဝတ္ထုထဲ ရောက်လာတည်းက သူ့ရဲ့အင်အားတွေအားလုံးကို စာလေ့လာတဲ့အပေါ်မှာသာ မြှုပ်နှံခဲ့တယ်လို့ လင်ရှန်း ခံစားမိတယ်။
ကိုယ့်ဖာသာ မေးခွန်းတွေ ဘယ်လိုပဲရေးရေး၊ ဒါမှမဟုတ် မော့ကျူးချန်ကိုလည်း...
သူ ခေါင်းယမ်းလိုက်တယ်။ ဘာလို့ သူ့အကြောင်း ထပ်တွေးမိတာလဲ!
"ဆရာ မော့ကျူးချန်နဲ့ ကျွန်တော်က မဟုတ်..."
"ရှင်းပြစရာမလိုပါဘူး" လီရှုချန်က သူ့ကို လက်ယမ်းပြပြီး သူ့ရဲ့နောက်ထပ်စကားလုံးတွေ စီတော့တယ် "ဆရာလည်း ငယ်ဖူးတာမို့ မင်းတို့လူငယ်တွေကြားက စိတ်အခြေအနေကို နားလည်တယ်"
သူက မျက်ခုံးကြောတွေ လျှော့ပြီး အသံကလည်း နူးညံ့လာတယ် "မင်းလည်း ဆရာ့လိုအရွယ်ရောက်လာပြီဆိုရင် မင်းရဲ့စိတ်ကို စာဖတ်တဲ့အပေါ် တတ်နိုင်သလောက်မြှုပ်နှံပြီး အကောင်းဆုံးနဲ့ အကျိုးအရှိဆုံးအချိန်က ဘယ်အချိန်လဲဆိုတာ နားလည်လာလိမ့်မယ်"
လင်ရှန်း "..."
"ကောင်းပြီ" လီရှုချန်က လက်ကို ယမ်းလိုက်ပြန်တယ် "သွားနားတော့၊ ဒီမနက်ဖြစ်ခဲ့တာက..."
သူ တုံ့ဆိုင်းသွားပြီးမှ "မိဘခေါ်သင့်တယ်ဆိုပေမယ့် ဒါက ပထမဆုံးအကြိမ်ဖြစ်နေတယ်၊ နောက်တစ်ကြိမ်ဆိုတာ ရှိမလာဖို့ ဆရာမျှော်လင့်တယ် ဟုတ်ပြီလား?"
"...ဟုတ်ကဲ့ပါ" လင်ရှန်း အနည်းငယ်တော့ အံ့အားသင့်နေမိတယ် "ကျေးဇူးတင်ပါတယ် ဆရာ"
သူလည်း ငေါင်တောင်တောင်နဲ့ လှည့်ထွက်လာတယ်။
တံခါးလက်ကိုင်နဲ့ နီးလာချိန်မှာ မနေနိုင်ဘဲ ခေါင်းလှည့်ပြီး လီရှုချန်ကို ကြည့်လိုက်သေးတယ်။ တစ်ဖက်လူက သူနဲ့အကြည့်ချင်းဆုံသွားပြီး အားပေးနေသလိုမျိုး အပြုံးတစ်ပွင့်နဲ့ ခေါင်းငြိတ်ပြတယ်။
လင်ရှန်းလည်း နှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ တံခါးဖွင့်ပြီး ထွက်ခဲ့လိုက်တယ်။ လီရှုချန်က တကယ့်ကို ဆရာကောင်းတစ်ယောက်။ တအားကောင်းတယ်!
လင်ရှန်း တစ်ခါတစ်လေလည်း မတတ်သာစွာ ခံစားမိတယ်။ ဒါက မယ်ရီဆူးကျောင်းမူကြမ်းတစ်ခုဆိုတာ အသိသာကြီး။ စာအုပ်ထဲမှာ သူဆုံရတဲ့လူတွေ ဆရာတွေကနေ မိသားစုဝင်တွေအထိ ဘာကြောင့်များ တအားသဘောကောင်းရတာလဲ?
သူ စာသင်ခန်းကို ပြန်လာတဲ့အချိန်မှာ နေ့လည်နားချိန်အများစုလည်း ကုန်ဆုံးသွားပြီ။
Fတန်းက တိတ်ဆိတ်နေပေမယ့် အိပ်နေတယ်ဆိုတာ တစ်ယောက်မှမရှိဘူး။ သူတို့ရှေ့မှာ ဖတ်စာအုပ်တစ်အုပ်စီ ရှိကြတယ်။
တကယ် ကြည့်ကြည့် မကြည့်ကြည့် အနည်းဆုံးတော့ အပေါ်ယံမှာ သူတို့တွေ စိတ်ပါဝင်စားစွာ ကြည့်နေပုံပေါ်တယ်။
ခြေသံတွေကြားတော့ သူ့အတန်းဖော်တွေအားလုံး သူ့ကို မော့ကြည့်လာကြတယ်။
ပြန်လာတဲ့သူက လင်ရှန်းဆိုတာကို သိသွားကြပြီးတဲ့နောက် အတန်းဖော်အများစုက သက်ပြင်းချကုန်ကြတယ်။
လင်ရှန်း နည်းနည်းတောင် ရယ်ချင်သွားပေမယ့် အခုချိန်မှာ တကယ် မရယ်နိုင်ဘူး။
သူက အတန်းထဲ ဝေ့ကြည့်လိုက်ပြီး မကြာခင် မော့ကျူးချန်က သူ့နောက်မှာ ထိုင်မနေတော့တာကို တွေ့လိုက်ရတယ်။
သူက သူ့ပစ္စည်းတွေကို နောက်ဆုံးတန်းက ပြတင်းပေါက်နားကို ပြောင်းထားလိုက်ပြီ။
အခုချိန်မှာ သူက လက်တစ်ဖက်နဲ့ ပါးကိုထောက်ထားပြီး သူ့ရှေ့က ဖတ်စာအုပ်ကို အေးတိအေးစက်မျက်နှာနဲ့ ကြည့်နေတယ်။
လင်ရှန်း ဝင်လာတာကိုတောင် မော့ကျူးချန်က မော့မကြည့်လာဘူး။
"ရှန်းကော!" လင်ရှန်းသူငယ်ချင်း ချင်မင်းမင်းက သူ့ကို ခပ်တိုးတိုးနဲ့ အသည်းအသန် လက်ယပ်ခေါ်နေတယ် "ဒီမှာ"
လင်ရှန်း တွန့်ဆုတ်ဆုတ်နဲ့ သူ့ထိုင်ခုံဆီ ပြန်သွားထိုင်လိုက်တယ်။
ချင်မင်းမင်းက ချက်ချင်း တိုးကပ်လာပြီး "သခင်လေးမော့က ဘာဖြစ်နေတာလဲ?"
"ဟမ်?" လင်ရှန်း နှာသံလေးထွက်လာတယ်။
"ဝိုး မင်း မသိဘူးလား!" ချင်မင်းမင်းက အသံကို တိုးတိုးလေးပြောနေပေမယ့် လေသံကို အနည်းငယ်ချဲ့ကားသလိုဖြစ်အောင်လည်း ကြိုးစားနေသေးတယ် "ခုလေးတင် ရေခဲစိမ်မျက်နှာကြီးနဲ့ ဝင်လာတာလေ၊ အဲ့ရုပ် အဲ့ရုပ်... ကျွတ် ကျွတ်..."
ချင်မင်းမင်းက သူ့လက်သူဖက်ကာ ပုံကြီးချဲ့ပြီး "သူ့ကြောင့် ငါတို့တွေ သေမလို ကြောက်နေတာ"
လင်ရှန်း အင်တင်တင်နဲ့ နှုတ်ခမ်းကို ကွေးလိုက်ပေမယ့် စကားတော့မပြောဘူး။
"ရှန်းကော!" ချင်မင်းမင်း သူ့ကို ခဏလောက် စိုက်ကြည့်ကာ "ရန်ဖြစ်ခဲ့တာလား? ဘာလို့လဲ?"
သူက ပြောနေတုန်းမှာ ခေါင်းလှည့်ပြီး မော့ကျူးချန်ကို သတိကြီးကြီးနဲ့ ခပ်မြန်မြန်လေး ကြည့်လိုက်သေးတယ် "သူ ပြန်ရောက်လာတော့ သူ့နေရာကို ပြတင်းပေါက်ဆီ ရွှေ့သွားပြီး စကားလည်းမပြောဘူး၊ အတန်းဖော်တွေ သူ့ကိုကြည့်မိရင် သူကလည်း အားကြီးနဲ့ ပြန်စိုက်ကြည့်တာ!"
"ကြောက်ဖို့ကောင်းလိုက်တာ!" ချင်မင်းမင်းက ကြောက်ရွံ့ဟန် တစ်ကိုယ်လုံးခါယမ်းပြတယ် "လူတိုင်းလည်း ထပ်ပြီးတော့ စာပဲဖတ်နေရတယ်၊ ငါတကယ် အိပ်ချင်နေလို့ပါဆို..."
သူက စားပွဲပေါ် မှောက်ချပြီး သူ့မျက်နှာကို ဖတ်စာအုပ်နဲ့ ပွတ်နေလိုက်တယ်။
"ဒါဆိုလည်း အိပ်ပေါ့" လင်ရှန်း ဖွဖွလေးပြောလိုက်တယ်။
"လာနောက်မနေနဲ့!" ချင်မင်းမင်း ဆတ်ခနဲဖြစ်သွားပြီး ထကာ "သခင်လေးမော့က စာလုပ်နေတယ်လေ ဘယ်သူက အိပ်ရဲမှာလဲ?!"
လင်ရှန်း "..."
မော့ကျူးချန်က အဲ့လောက် ကြောက်စရာကောင်းတာလား?
တကယ်တော့ ဒီအတောအတွင်း အဆင်ပြေပြေရှိခဲ့ကြပြီးနောက် တခြားကိစ္စတွေကလွဲရင် မော့ကျူးချန်က ဒဏ္ဍာရီလာ 'နတ်ဆိုးကျောင်းမြက်ကြီး'လို့ ဆိုရလောက်တဲ့အထိ ကြောက်စရာကောင်းမနေဘူး။
သူ မော့ကျူးချန်ကို ပြန်လှည့်ကြည့်လိုက်တယ်။
တစ်ဖက်လူက လက်တစ်ဖက်နဲ့ ပါးကို ထောက်ထားဆဲဖြစ်ပြီး မျက်ခုံးမည်းမည်းတွေကို အနည်းငယ် ကြုပ်ထားကာ သူ့ရှေ့မှာ ဖြန့်ထားတဲ့စာအုပ်ကို စိုက်ကြည့်နေတယ်။
"ရှန်းကော..." ချင်မင်းမင်းက သူ့ကို ခေါ်လိုက်ပြန်တယ် "ဒီမနက် ဘယ်သွားနေတာလဲ?"
သူ စပ်စပ်စုစုမေးလိုက်တယ် "နှစ်ယောက်လုံး အတန်းထဲရောက်မလာတော့ အတန်းပိုင်ဆရာကတောင် မင်းတို့ ဘယ်မှာရှိလဲသိလားဆိုပြီး ငါ့ကို မေးသေးတယ်"
သူက ပြောပြီး ရင်ဘတ်ကို ပုတ်ကာ "သေချာပေါက် ငါက ရှန်းကောကို သစ္စာမဖောက်ဘူးပေါ့၊ ဒါပေမယ့်..."
ချင်မင်းမင်းက မျက်တောင်လေးခတ်ပြီး လင်ရှန်းကို အတင်းအဖျင်းသိလိုဟန်နဲ့ ကြည့်နေတယ် "ဘယ်ရောက်နေတာလဲ?"
"ငါ ဘယ်မှမသွားဘူး" လင်ရှန်း မရေမရာပြောလိုက်တယ်။
"ရှန်းကော" ချင်မင်းမင်း ထပ်မေးပြန်တယ် "မင်းတကယ်ပဲ ရန်မဖြစ်ထားဘူးလား?"
"...မဖြစ်ဘူး" လင်ရှန်း ပိုလို့တောင် ရှက်လာပြီး ရန်ဖြစ်တဲ့အကြောင်း မပြောနိုင်တော့ဘူး။ တော်တော်လေး နေရခက်တယ်။
"ဟေး..." ချင်မင်းမင်းက သက်ပြင်းအသာချကာ "ငါ နားလည်ပြီ! ချစ်သူတွေက ဘယ်လိုလုပ် ရန်မဖြစ်ဘဲနေမှာလဲ? ငါလည်း ဘေးခန်းကတစ်ယောက်နဲ့ ကြိုက်တုန်းက မင်းလည်းသိပါတယ်၊ နှစ်ရက်လောက် နည်းနည်းပါးပါး စကားများ သုံးရက်လောက် အကြီးအကျယ်ရန်ဖြစ်... ငါက တခြားအတန်းတွေထဲက မိန်းကလေးတွေကို စိုက်ကြည့်လို့တဲ့လေ၊ ငါ့ကို ရက်တွေအကြာကြီး ပြဿနာရှာနိုင်တာလေ!"
လင်ရှန်း "..."
သူ တကယ် နားမလည်ပါ!
ဒါ့အပြင် သူ မော့ကျူးချန်နဲ့ တကယ်ကြိုက်နေကြတာ မဟုတ်ပါဘူးဆို!
"အဲ့တော့ ကောင်းပြီလေ!" ချင်မင်းမင်းက လင်ရှန်းပုခုံးကို အားပါးတရပုတ်ပြီး ပြောလိုက်တယ် "မင်းက သွားပြီး ပျော့ပျော့ပြောင်းပြောင်းနဲ့ သူ့ကို ချော့လိုက်ရင် သိပ်မကြာခင် အဆင်ပြေသွားမှာပါ"
သူက လင်ရှန်းကို မျက်လုံးမှေးကျဉ်းပြီးကြည့်ကာ သူ့စားပွဲကနေ စုပ်လုံးတစ်ခုထုတ်ပြီး ပြောလိုက်တယ် "ရှန်းကော သီးသန့်အကွက်လေးတွေ၊ ရပါတယ်(အားမနာပါနဲ့)! သွားပြီးတော့ သခင်လေးမော့ကို ချော့လိုက်"
"ကျေးဇူး!" လင်ရှန်းလည်း မျက်ရည်အဝိုင်းသားနဲ့သာ စုပ်လုံးလေးကို ယူလိုက်တယ်။
သူ အမှတ်တမဲ့ မော့ကျူးချန်ကို လှည့်ကြည့်လိုက်တယ်။ တစ်ဖက်လူက သူ့ရှေ့ကစာကို အားတက်သရောကြည့်နေတုန်းပဲ။
သူ့အမူအယာက အေးစက်တည်ငြိမ်ပြီး တစ်ကိုယ်လုံးမှာလည်း 'လူတွေကို မိုင်ပေါင်းထောင်ချီကနေ ရှောင်ရှားတယ်'ဆိုပြီး ရေးထားသယောင်။
လင်ရှန်း ခေါင်းပြန်လှည့်ကာ သူ့စားပွဲကို ကြည့်နေလိုက်တယ်။
ချင်မင်းမင်းက သူ့ကို စကားကပ်ပြောနေဆဲဖြစ်ပေမယ့် သူကတော့ တစ်လုံးတောင် မကြားတော့ဘူး။ ရံဖန်ရံခါမှသာ ပြုံးပြပြီး သူနားထောင်နေသေးကြောင်း ပြတယ်။
သူ့ခေါင်းထဲမှာတော့ ရှုပ်ထွေးလို့နေတယ်။
ဖြစ်ချင်တော့ အတန်းပိုင်ဆရာကနေ သူ့ရဲ့အတန်းဖော်တွေသူငယ်ချင်းတွေအထိ သူနဲ့ မော့ကျူးချန်က ကြိုက်နေတယ်ဆိုပြီး ထင်နေကြတာလား?
သူတကယ်ပဲ များများစားစား အာရုံမထားတာက အမှားဖြစ်သွားတာလား?
ကျောင်းဆင်းတဲ့အချိန်ထိ မော့ကျူးချန်က လင်ရှန်းကို ထပ်ပြီး မကြည့်လာဘူး။
ကျောင်းခေါင်းလောင်းထိုးတာနဲ့ ချက်ချင်း ကျောပိုးအိတ်လွယ်ကာ စာသင်ခန်းအပြင်ကို ထွက်သွားတယ်။
လင်ရှန်းကတော့ လေးတိလေးကန်နဲ့ စာအုပ်တွေ ထည့်နေတုန်းပဲ။
မော့ကျူးချန်ထွက်သွားတာကို မြင်လိုက်ရချိန်မှာ တကယ်ပဲ လစ်ဟာသွားသလို တစ်စုံတစ်ရာဆုံးရှုံးလိုက်ရသလိုမျိုး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်ကုန်တယ်။ သူ ငိုင်တိုင်တိုင်နဲ့ပဲ အိမ်ပြန်လိုက်ရတယ်။
ဧည့်ခန်းထဲမှာ လူတစ်ယောက်မှမရှိလဲ ချူရုန်တစ်ယောက်သာ မီးဖိုချောင်ထဲမှာ အားတက်သရော ချက်ပြုတ်နေတယ်။
တံခါးအဖွင့်အပိတ်သံကို ကြားတာနဲ့ အသုပ်ထည့်ထားတဲ့ ခွက်အကြည်လေးနဲ့ ထွက်လာတယ်။
"ရှောင်ရှန်း" ချူရုန်က သားဖြစ်သူကို လက်ယပ်ခေါ်လိုက်တယ် "ဒီကို လာမြည်းကြည့်"
သူက ပြောပြီး အသုတ်ကို ဇွန်းအပြည့်ကော်ယူကာ သူ့ရှေ့လျှောက်လာတဲ့ လင်ရှန်းကို ပြုံးပြုံးလေးနဲ့ ခွံ့ဖို့လုပ်တယ် "မာမားခုလေးတင် သင်ထားတဲ့ အသုပ်လေး မြည်းကြည့်"
အရသာရှိတဲ့ပုစွန်အသားလုံးထဲမှာ သိပ်ထည့်ထားတဲ့ ချဉ်စပ်အရသာနဲ့ လတ်ဆတ်တဲ့အသုပ်ကို ချူရုန်က လင်ရှန်းပါးစပ်ထဲ ထည့်ခွံ့လိုက်တယ်။
"ဘယ်လိုနေလဲ?" ချူရုန်က လင်ရှန်းစားနေတာကို မျှော်လင့်တကြီး ကြည့်နေတယ်။ "စားလို့ကောင်းလား?"
"အရသာရှိနေတာပဲ" လင်ရှန်း သူ့ကို ပြုံးပြလိုက်တယ်။
သူ ဒီနေ့တစ်နေ့လုံး စိတ်တွေက ဟိုရောက်ဒီရောက်ဖြစ်နေခဲ့တယ်။ ချူရုန်လုပ်ပေးတဲ့ လတ်ဆတ်ပြီးအရသာရှိတဲ့အသုပ်ကြောင့်သာ နောက်ဆုံးမှာ မဆိုစလောက်လေး ပြန်တက်ကြွလာတော့တယ်။
"ပုစွန်က တအားစားလို့ကောင်းတယ် ပြီးတော့ အသုပ်က နည်းနည်းလေး ချဉ်စပ်ဖြစ်နေပြီး အရွက်တွေရဲ့အရသာကို အရမ်းကြီး သီးသန့်မဖြစ်သွားစေဘူးဆိုတော့ ထူးထူးကဲကဲလေးဖြစ်သွားတာပေါ့"
လင်ရှန်းက ခဏလောက်တွေးပြီး ပြောလိုက်တယ်။
"Puff..." ချူရုန် အသံထွက်ကာ ရယ်မိတော့တယ်။
သူက အသုပ်ခွက်ကိုကိုင်ထားရင်း တဟားဟားနဲ့ ခွက်ထိုးခွက်လန်ရယ်နေတယ်။
လင်ရှန်း အနည်းငယ်ကြောင်အသွားတယ်။
"ရှောင်ရှန်း" ချူရုန်က ခဏလောက်ရယ်နေပြီးမှ ဖြေးဖြေးချင်း အရယ်ရပ်လိုက်တယ်။
သူက လက်တစ်ဖက်နဲ့ ခွက်ကိုကိုင်ထားပြီး အနည်းငယ် စိုနေတဲ့လက်နဲ့ လင်ရှန်းဆံပင်ကို အသာပွတ်လိုက်တယ်။
ချူရုန်က သက်ပြင်းအသာချလိုက်ပုံပေါ်ပြီး သူ့သားလေးကို နူးညံ့စွာကြည့်လာတယ် "အမေနဲ့စကားပြောတာကို ဘယ်ကဘယ်လို အလေးအနက်ကြီးတွေ ဖြစ်စရာလိုလို့လဲ ဟင်..."
သူက ဒါကို တွေးပြီး ပြောလိုက်တယ် "ဒီတိုင်းလေး စားလို့ကောင်းလိုက်တာ! တအားစားကောင်းတယ်! မာမားချက်ထားတာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ! ရူးလောက်အောင် မီးရောင်တွေ ပေါက်ကွဲသွားသလိုပဲ ဆိုပြီး ပြောဖို့ပဲလိုတာလေ... မာမားက တအားကို ပျော်သွားမှာပေါ့!"
လင်ရှန်းလည်း မနေသာစွာ ရယ်မိလိုက်တယ်။ ဒါက ချဲ့ကားတာမျိုး မဟုတ်ဘူးလား?!
အခုမှ သူပြုံးလာတာကိုမြင်တော့ ချူရုန်က သူ့ဆံပင်ကို ထပ်ပွတ်ပေးပြီး "ဟုတ်ပါပြီ၊ ခုလေးတင် မျက်နှာက အရမ်းကို ခါးခါးသီးသီးဖြစ်နေတော့ ငိုတော့မယ်လို့တောင် မာမားက ထင်သွားတာ"
သူက လင်ရှန်းကို မျက်စိမှိတ်ပြပြီး "အင်း မာမားကတော့ ကမ္ဘာပေါ်မှာ အရသာအရှိတကာ့အရှိဆုံး ထူးခြားတဲ့အသုပ်တွေကို ဆက်လုပ်လိုက်အုံးမယ်! စောင့်ပြီးတော့သာ စားပေတော့! ဒါနဲ့..."
ချူရုန်က ခြေလှမ်းအနည်းငယ်လှမ်းပြီးမှ လင်ရှန်းကို ပြန်ကြည့်လာတယ် "မင်းအစ်ကိုကြီးက ပြန်တောင်ရောက်နေပြီ အပေါ်ထပ်က စာကြည့်ခန်းထဲမှာ၊ သူလည်း ခုနောက်ပိုင်း ပြဿနာတွေရှိနေလို့လား? အချိန်ရှိတယ်ဆိုရင် မင်းရဲ့အစ်ကိုကြီးကိုလည်း စကားသွားပြောလိုက်ပါအုံး... ဘယ်လိုနေနေ တချို့ကိစ္စတွေက မိဘတွေထက် ညီအစ်ကိုတွေကြားမှာ ပြောဆိုရတာက သေချာပေါက် ပိုလွယ်တတ်တယ်လေ"
"ဟုတ်ကဲ့ပါ" လင်ရှန်း ခေါင်းငြိတ်လိုက်တယ်။
သူက ချူရုန် မီးဖိုချောင်ဆီ ပြန်သွားတာကို ကြည့်ပြီးမှသာ ဒုတိယထပ်ကို ခေါင်းမော့ကြည့်လိုက်တယ်။
လင်ယွမ် စိတ်ထဲမှာ တစ်ခုခုဖြစ်နေလို့လား?
သူ့ကုမ္ပဏီနဲ့ သက်ဆိုင်နေမလား?
လင်ရှန်း ခဏလောက် တွေးကြည့်ပြီး ဒုတိယထပ်ဆီ လျှောက်သွားလိုက်တော့တယ်။
_____
Thanks 🌹