အချစ်၏ အခြားသော နာမဝိသေသန

Od SansanSansan571

6.3K 295 83

နာမ်ကို အထူးပြုသော ပုဒ် ကို နာမဝိသေသန ဟုဆိုလျှင် အချစ်ကို အထူးပြုသောပုဒ်ကို မည်သို့ ဆိုမည်နည်း ။ Více

ep-2
ep-3
ep-4
🔞ep-5🔞
ep-6
ep-7
ep-8

ep-1

2.3K 60 12
Od SansanSansan571

ကောင်းကင်ယံ တိမ်လွှာတွေကြား ပျံသန်းခရီးနှင်နေတဲ့ လေယာဥ်ကြီးတစီးမှာ လေယာဥ်မှုး လေယာဥ်မယ် အပြည့်အစုံ နှင့် လိုရာ ခရီးကို ဦးတည်ပျံသန်းနေပြီး

ခရီးသည်အနေနဲ့ လေယာဥ် အတွင်းပိုင်း ထိုင်ခုံပေါ်တွင်

ဖြူဥနုထွေးနေသော အသားအရည်နှင့် လိုက်ဖတ်ညီလှသော အနီရောင် ရှပ်လက်တိုတထည်နှင့် အဖြူရောင် ဒူးထက်ဘောင်းဘီကို ဝတ်ဆင်ထားတဲ့ အသက်ဆယ်ရှစ်နှစ်အရွယ် ကောင်လေးတဦးတည်းသာ လိုက်ပါစီးနှင်နေခဲ့သည်

သူဟာ အရွယ်အားဖြင့် ငယ်ရွယ်နေသော်လည်း ကိုယ်ပိုင်လေကြောင်းမှ ကိုယ်ပိုင်လေယာဥ်ကြီးပေါ်တွင် အမွေဆက်ခံသူ တယောက်အနေနှင့်

အလုပ်နဲ့ လက်မပြတ်ဆိုသလို
လုပ်ငန်းပိုင်ဆိုင်ရာလေ့လာရင်းလိုက်ပါခဲ့လေသည်

အချိန်အတန်ကြာတဲ့ အခါ အမိမြေကို ရောက်ရှိလာပြီဆိုတဲ့အသိစိတ်နဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားနေပေမဲ့ သူမျတ်နှာပေါ်မှာတော့ ခံစားချက်မဲ့လျက်ပါပဲ

သူအမိမြေမှ ခွဲခွာလာခဲ့တာ ရှစ်နှစ်တိတိရှိခဲ့ပြီး
အသက်ဆယ်နှစ်အရွယ်ကလေးလေးက အမိမြေမှ ထွက်ခွာခဲ့ရသည့် အကြောင်းရင်းမှာ

ပညာရေးဆိုတာထက် အရက်စက်ဆုံးသော မုဒိန်းမှုတခု၏ နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူဖြစ်ခဲ့သောကြောင် ဖြစ်သည်

အသက်ဆယ်နှစ်အရွယ်ကောင်လေးက
သူမိဘတွေကို ယောကျ်ားချင်းခံနေတာ ဘာအရသာလဲ ရှိလဲလို မေးခဲ့တဲ့ လုပ်ငန်းပြိုင်ဖတ်တဦးကို

ယောကျ်ားချင်းခံရင် ဘယ်လိုအရသာဆိုတာ သိအောင်လုပ်ခဲ့ရုံသာ

တယောက်တည်းဆိုရင်တောင် အရသာမစုံမှာဆိုလို ရွယ်စုံဆိုက်စုံယောကျ်ားဆယ်ယောက်ကိုငှားကာ

အရသာအစုံသိအောင်လုပ်ပေးခဲ့ရုံဖြင့် သူက အုပ်စုဖွဲမုဒိန်းကျင်မှု၏ နောက်ကွယ်က စေခိုင်းသူ့ဖြစ်လာခဲ့ရသည်

အသက်ငယ်၍ကတကြောင်း အဘိုးအဘွားမိဘတွေရဲ့ကောင်းမှုက တဖုံးနှင့်အမှုက ဘာအသံမှတောင်မထွက်လိုက်ပဲ ပြီးသွားခဲ့ရပေမဲ့

သူကတော့ အပြစ်ပေးတဲ့ အနေနဲ့ နိုင်ငံခြားကိုပညာသင်ဖို့ စေလွှတ်ခံခဲ့ရကာ စီးပွားရေးပါရဂူဘွဲရသည်အထိ အတန်းတွေ ကျော်ခွတက်နိုင်အောင်ကြိုးစားခဲ့ရသည်အပြင်

လုပ်ငန်းများကိုဦးစီးနိုင်မှ ပြန်လာရမည်ဖြစ်သောကြောင့် အလုပ်တွေကို တခါတည်းလေ့လာခဲ့ရပြီး

အခုလို အရာအားလုံးပြီးပြည်စုံတဲ့အချိန်ကျမှ အမိမြေကို ပြန်လာခွင့်ရခဲ့တဲ့သူတယောက်

သူကတော့ မင်းမြတ်မိုရ်လို့ ကြားလိုက်ပြောလိုက်တာနဲ့ ကမ္ဘာအချမ်းသာဆုံးဆယ်ကျော်သက်လို့ တန်သိရပါလိမ်မည်....

လေယာဥ်ဆိုက်ရောက်သွားသည်နှင် လေယာဥ်ပေါ်မှ ဆင်းရန် လုပ်နေစဥ် လာရောက်နှုတ်ဆက်ကြသော လေယာဥ်မှုးနှင့် လေယာဥ်မယ်တိုအား
တချက်ပင် လှည့်မကြည်ပဲ ဆင်းစရာသာ ဆင်းလာလိုက်တော့သည်

လေယာဥ်မှ အဆင်းမှာတင်

" ပါးပါးသားငယ်လေးက ပိုချောလာသလိုပဲနော်"

"ဟုတ်တယ် ပါးပါး ညီလေးက ပိုချောလာသလိုပဲနော် ဒယ်ဒီ"

"ချောလဲချော ပညာတွေလဲ စုံလာတဲ့ သားငယ်လေး ဒယ်ဒီ အားကိုးလေး ပြန်လာပြီကွ"

သူလက်ကိုတယောက်တဖတ်စီ ဆွဲကိုင်ထားတဲ့ပါးပါးနဲ့ တဦးတည်းသောအကို ကိုဖြိုးအပြင်
ဒယ်ဒီတိုရဲ့စကားတွေကို ခေါင်းတချက်ငြိမ့်ကာတုန်ပြန်လိုက်သည်

သူတိုက မင်းမိုရ် ရဲ မိသားစုပေမဲ့ သူအတွက်တော့ အနည်းငယ် စိမ်းသက်လိုနေသည်

စိမ်းသက်တာလဲမပြောနဲ့ နိုင်ငံခြားမှာနေခဲ့တဲ့ ကာလတလျှောက်လုံး အားလုံးနဲ့အဆက်အသွယ်ဖြတ်ထားလိုက်သည်

လုပ်ငန်းကိစ္စလိုအပ်လျှင်တောင် ph တို emailတိုနဲ့သာ ဆက်သွယ်ခဲ့သည်

သူရဲ့ ပုံတွေကို fbတို ig တိုမှာတင်ထားပေမဲ့ အမြဲမသုံးဖြစ်တော့ သူကိုမြင်ရနိမှာ မလွယ်ကူနိုင်ပေ

"ကျွန်တော်ကားနဲပဲ ကျွန်တော် လိုက်ခဲ့မယ်"

"ညီညီကလဲ မိသားစုတွေအခုမှ စုံရတာ တူတူပဲသွားကြမယ်လေနော်"

မင်းမိုရ်ရဲ့ လက်တဖတ်ကို ပိုမိုဆုပ်ကိုင်ပြီးပြောလာခဲ့ အကိုဖြစ်သူ ဖြိုးမြတ်မိုရ်ရဲ့ စကားကို နားထောင်ချင်ပေမဲ့လဲ

"ကျွန်တော် ကုမ္ပဏီ တန်းသွားမှာ"

"သားငယ်လေး ကလဲ လေယာဥ်ကွင်းနဲ့အိမ်က တဆက်တည်းဟာ အိမ်အရင်ဝင်လိုက်ပါလား"

"အိမ်မှာလဲ ဖိုးဖိုးဖွားဖွားနဲ့ ကောင်းခြင်းတို မိသားစုပါရောက်နေတာ

အားလုံးက သားကိုစောင်နေကြတယ်"

"သူတိုက ဘာလို လေယာဥ်ကွင်းကိုတန်းမလာတာလဲ ကျွန်တော်က ကုမ္ပဏီတန်းသွားမလိုကို"

"သား အဲလိုသွားမှာဆိုးလိုကို ဒယ်ဒီက အိမ်မှာစောင့်နေခိုင်းတာ

လာပါသားရာ ​ပြောရင်ကြားတယ်သွားရအောင်"

ဒယ်ဒီနဲ့ ပါးပါး ကိုဖြိုးတိုရဲ့ တောင်းဆိုမှုကြောင့် အိမ်ကိုသာ အရင်သွားရန်ရွေးချယ်လိုက်မိသည်

အိမ်ရောက်တာနဲ့ ဒီအိမ်ကြီးနဲ့ ခွဲကာ နိုင်ငံရက်ခြားသွားရစဥ်က ဝမ်းနည်းမှု

သူများနိုင်ငံမှာနေရစဥ်က အိမ်ကြီးအပေါ် လွမ်းစွတ်တမ်းတမှူတိုရှိခဲ့ပေမဲ့

အခုမင်းမြတ်မိုရ်ရဲ့ ရင်ထဲမှာတော့ဒီအိမ်ကြီးအတွက် ဘာခံစားမှုမှမရှိတော့ပဲ အရာအားလုံးအေးစက်သွားခဲ့ပြီ

အိမ်အဝမှာတင် စောင့်ကြိုနေကြတဲ့ အဖိုးအဖွားတွေအပြင်

ကိုဖြိုးရဲ့ ချစ်သူ ချစ်ခြင်းရသ နဲ့ ချစ်ခြင်းရဲ့ မိဘတို့ ဖြစ်တဲ့ အချစ်နဲ့ရသ အပြင်

လည်ကတုံးအဖြူလက်ရှည်နဲ့ ကချင် ပုဆိုးအကွက်လေးကို ဝတ်ဆင်ထားကာ သူကို ငေးကြည်နေတဲ့ကောင်လေးတယောက်

သူက မင်းမြတ်မိုရ်အတွက် သူငယ်ချင်းရယ် လိုလဲ မဆိုသာ ခိုင်းဖော်ခိုင်းဖတ်ရယ်လိုလဲ မဟုတ်တဲ့

မင်းမိုရ်အတွက် တဦးတည်းသော သူစိမ်းအသိအကျွမ်းကောင်လေးတယောက်သာဖြစ်တဲ့

ကောင်းခြင်းရသ ဆိုတဲ့ကောင်လေးပါပဲ

ကောင်းခြင်း မင်းမိုရ်ကို တွေတာနဲ့ အံသြရသည်

ငယ်စဥ်တည်းက အသားအရည်လှခဲ့တဲ့မင်းမိုရ်က

အခုဆို ပို၍ပင် အသားအရည်လေးက နွားနို့လိုဖြူနေချည်းပဲ့လဲ မဟုတ် ရွှေလို ဝါဝင်းပြောင်အိနေတာမျိုးလဲ မဟုတ်ပါပဲ

အဲနှစ်မျိုးကို အချိုးအစားညီညီရောစပ်ထားသလို ဖြူဖွေးဝင်းအိနေတာမျိုးလေးပါ

ကောင်းခြင်းက အဖေဖြစ်သူ အချစ်နဲ့ အသားအရည်ချင်း တူတော့ အညိုစင်ဖြစ်လို

မင်းမိုရ်ရဲ့ အသားအရည်ကို ငယ်ငယ်တည်းက သဘောကျခဲ့သည်

အရပ်ကလဲ ကောင်းခြင်းက ဖေဖေရသ ရဲ့ အမွေကိုဆက်ခံထားသူမို

မင်းမိုရ်က ကောင်းခြင်းထက်ယောင်ယောင်လေးမြင့်မဲ့ သဘောမှာရှိနေလေသည်

ကောင်းခြင်း တယောက် မင်းမိုရ်ကို ငေးကာအတွေးထဲနစ်မြောနေစဥ်မှာ

"ဖွားဖွားမြေးငယ်လေးက ချောလာလိုက်တာကွယ်"

"ဟုတ်တယ် အမရေ ကျွန်မတို မြေးငယ်လေးက ချောလာချက်ပဲ"

မင်းမိုရ်ရဲ့လက်နှစ်ဖတ်ကိုကိုင်ကာပြောနေတဲ့ အဖွားနှစ်ယောက်ကို မင်းမိုရ် အပြုံးလေးနဲ့သာ တုန်ပြန်လိုက်သည်

အဘိုးနှစ်ယောက်နဲ့ ကျန်လူများကိုတော့ ခေါင်းလေးတချက်ဆက်ကာ နှုတ်ဆက်လိုကိသည်

မင်းမိုရ် ရဲ့ နှုတ်ဆက်ပုံကို ရသ စိတ်ထဲ လုံးဝကို သဘောမတွေ

သားငယ်ကောင်းခြင်းနဲ့ သားကြီးရဲ့ ချစ်သူ သားဖြိုးကသာ တကူးတက မခေါ်ရင် ဒီကလေးပြနိလာတာကို လာကြိုစရာအကြောင်းကို မရှိ

"ကဲလာကြလေ အပေါက်ဝမှာ မိုးတိုးမတ်တပ်နဲ့
ဝင်ကြရအောင်"

အဘိုးဖြစ်သူ ဦးမင်းကျော် ကပြောလာပေမဲ့

"ကျွန်တော် ကုမ္ပဏီသွားမလို "

"မနတ်ဖြန်မှ ကုမ္ပဏီသွားတော့ ညမှ လုပ်ငန်းတွေရဲ ဆက်ခံသူအဖြစ်မင်းကို ပွဲထုတ်ဖို့ရှိတယ် အဲတော့"

"အဘိုး ကျွန်တော့် က ဆက်ခံသူအနေနဲ့သိချင်တာ မဟုတ်ဘူး အပြင်လူအနေနဲ့သိချင်တာ

ကျွန်တော် ဆိုလိုတာ အဘိုးသဘောပေါက်မယ်ထင်ပါတယ်"

"ငါမြေးကတော့ကွ တကယ်ကိုပဲ အားကိုးရပြီဟေ

မြေးသဘောပဲ ဒရိုက်ဘာတယောက်နဲ့ အတွင်းရေးမှုးနှစ်ယောက်ကို ခေါ်သွားလိုက်"

"ကျွန်တော်က အပြင်လူအနေနဲ့သွားမှာပါဆို အဲလူတွေနဲ့ဆို ကျွန်တော် မှန်းမသိကြပဲနေမလား"

"ငါမြေးက ဘယ်လိုစီစဥ်ထားလိုလဲ မြေးက ဒီနေမှရောက်တာဆိုတော့ ကိုယ်တိုင်ကားမောင်းဖိုတော့

အဘိုးတို စိတ်မချဘူး"

"ဒယ်ဒီလဲ စိတ်မချဘူး"

"ပါးပါးလဲ စိတ်မချဘူး"

"ဖွားဖွားတိုလဲ.....""ကိုကိုလဲ ညီညီကို...."

အားလုံးရဲ့ စိတ်မချဘူး အသံတွေကို လက်တဖတ် ဟန်တားပြီ ကာပြလိုက်ကာ

"ကောင်းခြင်း မင်းကားမောင်းတက်လား "

"မောင်းတက်တယ် "

"ok ဒယ်ဒီ သားပို့လိုက်တဲ့ ကားတွေက အရင် ကားဂိုဒေါင်မှာပဲမှတ်လား"

"ဟုတ်တယ် သား သားတိုနှစ်ယောက်သွားမလိုလား"

"အင်း "

"သွားမယ်ကောင်းခြင်း"

"မြေး ညနေ ပွဲရှိတယ် မမေ့နဲအုံး "

အဘိုးအပြောကို မင်းမိုရ် ခေါင်းတချက်ငြိမ်ကာ တုန်ပြန်လိုက်ကာ ကားဂိုထောင်ဆီသို ထွက်လာခဲ့ရာ

ကောင်းခြင်းမှလဲ သူနောက်မှ လိုက်လာခဲ့သည်

ကားဂိုထောင်ရောက်သည်နှင့် အမျိုးအစားစုံ model မြင့် နောက်ဆုံးပေါ်
ကားအများအပြားတန်းစီးထားပေမဲ
အဲကားတွေရဲ့ အရောင်ကတော့ အနီရောင် တရောင်တည်းသာ

မင်းမိုရ်ရဲ့ ဝါသနာက ကားအနီရောင်တွေကိုစုဆောင်းရတာ

မင်းမိုရ် အဲထဲကမှ နှစ်ဦးတည်းစီးလိုတဲ့ sport type ပုံစံ mercedes လေးကို ရွေးချယ်လိုက်သည်

(ပြောချင်တာက အဲလိုကားပုံစံမျိုးလေးကို အဲနောက်ဆုံးပေါ်တော့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ် ficအရ နားလည်ပေးပါကြပါနော်)

အမိုးဖွင့်ကားလေးဖြစ်ပေမဲ့ အမိုးမဖွင်ပဲ မောင်းသူနေရာမှာကောင်းခြင်းက ထိုင်ကာ love seatမှာတော့ မင်းမိုရ်က ဝင်ထိုင်လိုက်သည်

ကားထဲ ရောက်သွားသည်နှင့် တယောက်နဲ့ တယောက် ဘာမှမပြောကြပဲ တိတ်ဆိတ်မှုကြီးတွေသာ ကြီးဆိုးနေတော့သည်

မင်းမိုရ် ဒီအခြေအနေကို လုံးဝ မကြိုက်ပေ

"shopping center တွေ အရင် ကြည်ချင်တယ် ချောင်ကျတဲ့ နေရာက စကြည်ချင်တယ်"

မင်းမိုရ် ရဲ့ အပြော ကောင်းခြင်းခေါင်းလေးတချက် ငြိမ်ကာသာ တုန်ပြန်လိုက်သည်

မင်းမိုရ် ရဲ့ စိတ်ထဲမှာတော့

**ဘာလဲ ငါဝဋ်လာလည်နေတာလား**

"မင်းငါ ကို ဘာပြောစရာရှိလဲ ကောင်းခြင်း"

"ဟမ်...."

"ဘာမှမဟုတ်ဘူး ထားလိုက်တော့"

ကောင်းခြင်း မင်းမိုရ်ကို ပြောစရာမေးစရာစကားတွေ တကယ်ရှိနေပေမဲ့ ဘယ်က စမေးရမလဲ မသိ

မေးရင်လဲစည်းကျော်မှာဆိုးကာ ဘာမေးရမလဲ မသိပဲ ကားကိုသာ ဂရုတစိုက်မောင်းနေတော့သည်

မင်းမိုရ်တယောက် i pad မှ အလုပ်ကိစ္စတွေကို ကြည်နေပေမဲ့ စိတ်ထဲ မှ တော့

သူကို စကားတောင် စမပြောပဲ နေနိုင်သော ကောင်းခြင်းကိုသာ ဒေါသထွက်ကာ သတ်ချင်စိတ်တွေသာ ကြီးစိုးနေတော့သည်.......

===================================

မင်းမိုရ်နဲ့ ကောင်းခြင်း ထွက်သွားတာကို ကျန်ခဲ့သော သူတွေက ငေးကြည်နေကြရင်း

"ကျွန်တော်တိုလဲ ပြန်တော့မယ်သူဋ္ဌေး"

"နေပါအုံး အချစ်က အိမ်မှာနေလည်စာ စားပြီးမှ ပြန်လေကွာ"

"ကျွန်တော် ဆိုဒ်ထဲသွာရအုံးမှာမိုလို့ ရသကလဲ စက်ရုံ သွားရအုံးမှာလေ "

"စားပြီးမှ သွားကြပါလား ဖေဖေ ဖေကြီးကိုပြောပေးပါအုံး"

ဖြိုးမြတ်မိုရ် ရသရဲ လက်လေးကို လှုပ်ကိုင်ကာ ချွဲချွဲနွဲနွဲလေး ပြောနေမိသည်

ယောကျ်ားလေးနှစ်ယောက်မှဆေးဝါးအကူအညီနဲ့ ယူထားရတဲ့ ကလေးဖြစ်တဲ့အပြင် သားဦးလေးဖြစ်ပြီး

ပထမဆုံးစမ်းသပ်မှု ဆေးဝါးတွေကြောင့် ဖြိုးမြတ်မိုရ် ဟာ တခြားကလေးတွေထက် ညက်တဲ့ အတွက် ရသထက်ပင် ပုပုသေးသေးညက်ညက်ကလေးပင်

သူနဲ့ လိုက်ဖတ်ညီလှသော ဆံပင်အုပ်အုပ်ကလေးနဲ့က တကယ်ကို ချစ်စရာလေးပါ

နိုင်ငံခြားသွားကာ ပညာတွေသင်နိုင်ပေမဲ့ သားကြီး ချစ်ခြင်းရသကို မခွဲနိုင်တာနဲ့

ဒီနိုင်ငံမှာပဲ ဆေးကျောင်းတက်ကာ အလုပ်သင်စရာဝန်ပေါက်စလေးဆိုတာ မယုံကြည်နိုင်လောက်အောင်ကို ဖြူဖြူဖွေးဖွေး ပုပုသေးသေးလေး

သားကြီး ချစ်ခြင်းက ​
သူအဖေ အချစ်ရဲ့ အမွေအဖြစ် အရပ်ရှည်ရှည်ဒေါင်ကောင်းကောင်း အတွက်တော့ ဖြိုးမိုရ်လေးက ရင်ခွင်မှိသာသာပေ

သူတိုနှစ်ယောက်ချစ်သူဖြစ်ခဲ့သည်မှာ......

ချစ်ခြင်း ကိုးတန်းစာမေးပွဲ ဖြေပြီး ဖြိုးမိုရ်နဲ့ လျောက်လည်ချင်ပေမဲ့ ကိုဖြိုး မအားဘူးဆို၍

ညီ​ဖြစ်သူ ကောင်းခြင်းရယ်
သူငယ်ချင်းတွေနဲ့သာ လျောက်လည်ဖြစ်ခဲ့သည်

သူငယ်ချင်းတွေထဲကမှ နှာဘူး ငတိုး ခေါ် တိုးဝေအောင်၏ စနက်ကြောင် သူတို သူငယ်ချင်းတဖွဲလုံး ပန်းခြံမှာ အတွဲချောင်းဖိုသာ ရွေးချယ်ခဲ့ရသည်

သူလဲ အတွဲချောင်းရန် စိတ်မပါ သဖြင့် ပန်းခြံထဲက ကောင်းခြင်းနဲ့အတူ ထိုင်ခုံမှာ ထိုင်နေစဥ်

အပြေးအလွှားရောက်လာတဲ့ ငတိုးက

"ဟျောင် ချစ်ခြင်း မင်းဘဲ ကို ဘဲတပွေနဲ့ kissing ဆွဲနေတာ တွေခဲ့တယ်ကွ"

"ဘာကွ ဘယ်မှာလဲ ဟျောင်"

"လာလိုက်ခဲ့ ငါပြမယ်"

ချစ်ခြင်း ငတိုးခေါ်ရာနောက်လိုက်ကာ မြင်တွေလိုက်ရသည်က

ပန်းခြံ ထဲက ချောင်ကျတဲ့ နေရာက ခုံပေါ်မှာ ထိုင်နေတဲ့ အတွဲတတွဲ

မျတ်နှာမမြင်ရပဲ နောက်ကျောကိုတွေရတာနဲ့တင်
ထိုသူက သူ ငယ်ငယ်လေးက တိတ်တခိုးချစ်ရသူ

ဆယ်တန်းအောင်စရင်းထွက်တာနဲ့ ဖွင်ပြောမယ်သူ

သူကိုလဲ ပြန်ချစ်မဲ့သူလို ယုံကြည်ခဲ့ရသူက

အခုတော့ သူဆယ်တန်းမတက်ရခင်မှာပဲ
ချစ်သူတောင်ရသွားခဲ့လေပြီ

သူမှာ ချစ်ရသူကို ချစ်ခွင်သာ ရှိပြီး တခြားတယောက်ကို မချစ်ပါနဲ့လို့ တားဆီးခွင့်မရှိ

သူရင်ကွဲမတက်ခံစားနေရစဥ်မှာပဲ သူချစ်ရသူ၏ မျတ်နှာလေး ကို တခြားတယောက်က ယုယုယ ယကိုင်ကာ

ထိုသူ နှစ်ဦး၏ အကွာအဝေးက တဖြည်းဖြည်းနီးကပ်လာခဲ့သည်

သူတို နှစ်ဦး တဖြည်းဖြည်း နီးကပ်လာသည်နှင်အမျှ ချစ်ခြင်းရဲ့ သည်းခံနိုင်မှု ကျော်လွန်လာကာ

ဒေါသအဖြစ်ပြောင်းလာရပြီး ထိုဒေါသတို့ပေါက်ကွဲဖို့

သူကိုမျော်လင်ချက်ပေးကာ လှည်စားခဲ့သည်ဟုခေါင်းစဥ်တပ်ကာ

ထိုအတွဲရှိရာကို ပြေးဝင်သွား သူကိုကျောခိုင်းထားခဲ့တဲ့ ချစ်ရသူ ပခုံးကို ဆုပ်ကိုင်ကာ

သူရှိရာဘက်ဆွဲလှည်လိုက်ပြီး

"ခင်ဗျာပြောတဲ့ အရေးကြီးကိစ္စက ပန်းခြံမှာ ဘဲနဲလာချိန်းတွေဖို့လား

ခင်ဗျာ လူတယောက်ရဲ့ ဆန္ဒကို သိသိကြီး အဲလူရဲ့ ဆန္ဒကို ဖြည်းစည်းပေးမယ်လို့ မျော်လင့်ချင်မပေးခဲ့သင့်ဘူး

ခင်ဗျာ ဗျာ"

"ချစ်ခြင်း ဘာတွေပြောနေတာ မင်းပြောသလို...."

"တော်စမ်းဗျာ ခင်ဗျာတိုနှစ်ယောက်အချစ်တွေ ခိုင်မြဲပါစေ

ကျုပ်လို မခံစားရပါစေနဲ့လို ဆုတောင်းပေးခဲ့တယ်

ကျုပ်ကို ခင်ဗျာလမ်းမှာတွေရင်တောင်လာမနှုတ်ဆက်ပါနဲ့"

ပြောစရာရှိတာတွေပြောကာ ချစ်ခြင်း သူတိုအတွဲနဲ့ အဝေးဆုံးကို ရောက်ဖို့ ခပ်သွပ်သွပ်ခြေလှမ်းများဖြင့် လျောက်နေရင်း

"ချစ်ခြင်း" "ချစ်ခြင်း"

ဖြိုးမိုရ်ရဲ့ ခေါ်သံကို ကြားပေမဲ့ ချစ်ခြင်း ဂရုမစိုက်ဖြစ် ခြေလှမ်းတွေကိုသာ ဆက်လှမ်းနေစဥ်

"မောင်........"

ချစ်ခြင်း ရင်ထဲက ခံစားချက်က ပိုပြင်းထန်စွာ ခံစားလာခဲရသည်

ဖြိုးမိုရ်နဲ့သာ ချစ်သူဖြစ်ခဲ့ရင် ဖြိုးမိုရ်ကို သူအား
ခေါ်ခိုင်းမယ် စိတ်ကူးထားသည့် "မောင်"ဆိုသော
နာမ်စားလေးက တခြားတယောက်အတွက်တဲ့လား

ပိုပြင်းထန်လာသော ခံစားချက်ကြောင့် ခြေလှမ်းတွေလဲ ပို၍ ခပ်ပြင်းပြင်း လှမ်းနေမိသည်

"ချစ်ခြင်း ငါ မင်းကို မောင်လိုခေါ်နေတာလေ"

ဖြိုးမိုရ် ပြောချင်တာတွေပြောပြီးထွက်သွားတဲ့ ချစ်ခြင်းကို အရမ်းစိတ်တိုပေမဲ့ သနားစိတ်က ပိုနေတာကြောင့်

ချစ်ခြင်း နာမည်ခေါ်ပေမဲ့ မရပ်ပဲ ဆက်သွားနေတဲ့ သူကို သူအတွက် ရည်ရွယ်ထားတဲ့ တခုတည်းသော နာမ်စားလေးကို ခေါ်ပေမဲ့

မရပ်ပဲ ဆက်သွားနေတဲ့ သူကြောင် သူကို ခေါ်ကြောင်း ပြောစဥ် ခန ရပ်သွားပြီးတာနဲ့ ဆက်လျောက်သွားတဲ့ ချစ်ခြင်းကြောင့်

အရမ်းအရှက်အကြောက်ကြီးတဲ့ဖြိုးမိုရ်က ပတ်ဝန်းကျင်ကို ပင် ဂရုမစိုက်နိုင်တော့ပဲ

ချစ်ခြင်းရှိရာကိုအပြေးသွားကာ ချစ်ရသူရဲ့ နောက်ကျောကို ဖြိုးမိုရ်တယောက် ခါးမှနေ၍ တင်းကြပ်စွာ ဖတ်ထားပြီး

"ချစ်ခြင်း ငါက မင်းကို မောင်လို့ခေါ့်နေတာလေ
ဘာလို့ မင်းက ဘာလို....လှည့်မကြည့်တာ့ ဟင့် ဟင့် ဟင့်"

​ဖြိုးမိုရ်ရဲ့ အကျင့်တခု ကျန်တဲ့ကိစ္စတွေမှာ မာကျောပေမဲ့

သူချစ်ရတဲ့ မိသားစုဝင်တွေနဲ့ ချစ်ရတဲ့ ချစ်ခြင်းနဲ့ပတ်သတ်ရင် အရမ်းအငိုလွယ်တာပင်

အခုလဲ ချစ်ခြင်းရဲ့ သူအပေါ် ဆက်ဆံတဲ့ ဆက်ဆံရေးကြောင့် သူအရမ်းဝမ်းနည်းလာခဲ့ရသည်

ချစ်ခြင်းတယောက် ကျောခိုင်ထားရာမှ သူအားခပ်တင်းတင်းဖတ်ထားသူလေးရှိရာ ဘက်ကို လှည့်ကာ

သူခါးအားမလွှတ်ပေးပဲဖတ်ထားသူလေးအား
ပခုံးမှ ပြန်သိုင်းဖတ်ကာ

ရင်ခွင်ထဲက ရင်ခွင်မှီလေးကို ခေါင်းငုံကြည်ရင်း

"ခင်ဗျာ ကျုပ်ကို မောင်လို ခေါ်တာ ချစ်လို့လား"

"အယ်..."

ရင်ခွင်မှီလေးက ချစ်ခြင်းကို ပြန်လည်မော့်ကြည်လာကာ ရင်ခွင်ထဲမှ ရုန်းရန်ကြိုးစားလာသဖြင့်

ချစ်ခြင်း ခပ်တင်းတင်းပြန်ဖတ်ရင်းထားရကာ

"ဘာလဲ ခင်ဗျာက ကျုပ် ကိုမောင်လို ခေါ်တယ် မချစ်ဘူး ဟိုလူကိုတော့ ချစ်တယ်ပေါ့ ဟုတ်လား"

ချစ်ခြင်း ခပ်ဆက်ဆက်အော်ငေါက်မေးလိုက်တော့ ရင်ခွင်ထဲ က ရင်ခွင်မှီလေးက တုန်တက်သွကာ

"ချစ်လို မောင်လို့ခေါ်တာပါ"

"ခင်ဗျာက အခု ကျုပ်ကို ရည်းစားစကားပြောနေတာလား"

"အယ်"

"ချစ်လို့ ဆိုတဲ့ စကားက ရည်းစားစကားမဟုတ်ရင် ဘာလဲ ခင်ဗျာက တွေကရာပြောတဲ့ သဘောလား"

"တွေကရာ ပြောတာမဟုတ်ပါဘူး"

"အဲဆို ရည်းစားစကား ပေါ့ "

"အယ်လို... "

"ဘာလဲ ခင်ဗျာက ရည်းစားစကားမဟုတ်ဘူးလိုပြောပြီး ငြင်းချင်တာလား

ဘာလဲ ဟိုကောင်ကို သံယောဇဥ်မပြတ်လိုလား

ဟုတ်မှာပေါ့ ခင်ဗျာက ကျုပ်လိုကောင်နဲ ့ချစ်သူရည်းစားဘယ်ဖြစ်မလဲ

ကျုပ် အခုဆယ်တန်းတက်မဲ့ကောင် ခင်ဗျာတို့လောက်လဲ မချမ်းသာဘူးလေ နေတော့ဗျာ"

ချစ်ခြင်း ရင်ခွင်ထဲ ကဟာလေးကို ဖတ်ထားရာမှ လွှတ်လိုက်ပြီး ထွက်သွားဖို့လုပ်တော့

ချစ်ခြင်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်တဲ့ လက်ဖြူဖြူသေးသေးက သွေးကြောစိမ်းစိမ်းလေးနဲမို့ ကိုက်ချင်စရာအတိပင်

"ချစ်ခြင်း ကို ရည်းစားစကား ပြောတာပါ ချစ်သူတွေလဲ ဖြစ်ချင်တယ်"

"ခင်ဗျာ က ကျုပ်ကိုရည်းစားစကားပြောတာပေါ့"

"အွန်း"

ဖြိုးမိုရ် ခေါင်းလေးတဆက်ဆက်ငြိမ့်ကာ ချစ်ခြင်းရဲ့ အမေးကို တုန်ပြန်လိုက်မိသည်

"အဖြေမပေးခင် ခင်ဗျာနဲ့ ဟိုလူ ပန်းခြံမှာ ချိန်းတွေတဲ့ကိစ္စကို အရင်ရှင်း"

"ချိန်းတွေတာ မဟုတ်ပါဘူး အဲတာက စီနီယာပါ
စိတ်ပညာအထူးပြုမိုလို့

သဘာဝပတ်ဝန်းကျင်နဲ့ လူနာတွေ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုဆက်စပ်တယ်ဆိုတာ သိဖို့လေ့လာနေတာ

ငါဆေးရုံကို လူနာတွေအတွက်အကောင်းဆုံး ပတ်ဝန်းကျင်တခု ရှိနေချင်လိုပါ"

"အဲဆို ခင်ဗျာက ကျုပ်နဲ့ လျောက်မလည်ပဲ ဘာလို့ ဒီကိစ္စကို အရင်ဦးစားပေးရတာလဲ

ကျုပ်က စောက်ရေးမပါတဲ့သဘောလား"

"မဟုတ်ပါဘူး အဲလိုမဟုတ်ရပါဘူး
မင်းစာမေးပွဲရက်မတိုင်ခင်က စာပြပေးရတာ​ရော စာမေးပွဲဖြေတော့လဲ မဖြေနိုင်မှာဆိုတာရောနဲ့မို ဒီကိစ္စကိုမေ့နေခဲတာ

မနတ်ဖြန် meeting ကနောက်ဆုံးတင်ပြရမှာမို့ ဒီနေမှ အသဲအသန်လုပ်နေတာပါ"

"အဲဆို အဲလူက ခင်ဗျာမျတ်နှာကို ကိုင်ပြီးနမ်းဖို့လုပ်တာကရော"

"မနမ်းပါဘူး မျတ်လုံးထဲ အမှုန်ဝင်လို သူက ကြည်ပေးနေတာပါ"

"ဟာဗျာ နောက်ခင်ဗျာ ကျုပ်နဲ့ ခင်ဗျာမိသားစုဝင်ကလွဲရင် ဘယ်သို့သော ယောကျ်ား မိန်းမ လူပုဂ္ဂိုလ်နဲမှ နှစ်ယောက်တည်းမသွားရ မနေရဘူး ကြားလား"

"အင်း"

"ပြီးတော့ ကျုပ်က ဆိုးတယ် အဲတာကြောင် ခင်ဗျာကို အနိုင်ကျင်ရင် ကျင်မိနေလိမ့်မယ်
အဲအချက်ကြောင့် ခင်ဗျာကျုပ်ကို ပစ်သွားလိုမရဘူး

ကျုပ်တို မိသားစုက ခင်ဗျာတို့လောက်မချမ်းသာဘူး

နောက်မှ ခင်ဗျာမိသားစုက သဘောမတူဘူး သဘောတူထားတဲ့ သူဘာညာရှိတယ် ကျုပ်မကြားချင်ဘူး ခင်ဗျာ ရှင်းစရာရှိရင် ကြိုရှင်းထား"

"ငါ မိသားစုက အဲလိုမျိုး မရှိ....."

"ကျုပ်ပြောလိုမပြီးသေးဘူး ခင်ဗျာ ဘာအကြောင်းပဲရှိရှိ တသက်လုံး ကျုပ်ချစ်သူပဲ

ကျုပ်ချစ်သူမဟုတ်တဲ့နေမှာ ခင်ဗျာကို ကျုပ်အရှင်မထား

အခုချိန်က စပြီး ခင်ဗျာနဲ့ကျုပ် ချစ်သူတွေဖြစ်သွားပြီး ကျုပ်လဲ ခင်ဗျာကိုချစ်တယ် မောင်လို့ခေါ်တော့"

"အယ် "

"မောင်လိုခေါ်လို ပြောတာလေ ဗျာ "

"အယ်...အော်...မောင်"

"လိမ်မာတယ် မောင့်ကလေးလေးက

မောင် ကလေးလေးကို သိပ်ချစ်တယ်...."

"ငါကလဲ မောင်ကို ချစ်တယ်"

"ငါလိုမပြောနဲ့ ကလေးလေးလို့ပြော"

"ငါက အသက်ပိုကြီးလိုလေ"

"ဘာလဲ ကျုပ်ကအသက်ငယ်လို့ ခင်ဗျာကို မောင်လို့ခေါ်ခိုင်းတယ် ထင်နေတာလား

ကျုပ်ရင်ထဲ အေးချမ်းသွားပြီး ဟတ်ထိသလိုဖြစ်လို့ ခေါ်ခိုင်းတာ

အသက်အရွယ် သတ်မှတ်ချက်နဲ့ ခေါ်ခိုင်းတာမဟုတ်ဘူး

ကျုပ်နုလုံးသားရဲ့ သတ်မှတ်ချက်နဲ့ခေါ်တာ
ဘာလဲ ခင်ဗျာက မကြိုက်ဘူးလား အခေါ်မခံချင်တာလား"

"မဟုတ်ပါဘူး ကြိုက်ပါတယ် တကယ်ကြိုက်တယ်နော် နော်"

"အဲဆိုလဲပြောလေ "

"ကလေးကလဲ မောင်ကို သိပ်ချစ်တယ်..."

ချစ်ခြင်း ဖြိုးမိုရ် ရဲ့ ကိုယ်လုံးလေးကို ကျစ်နေအောင် ဖတ်ထားလိုက်ကာ ပြန်လွှတ်ပေးရန်အစီအစဥ်မရှိတော့ပေ

သူတိုအတွဲကိုချောင်းကြည်နေတဲ့ တိုးဝေအောင်တို့အဖွဲအတူ လေ့လာဖို့ အတူလိုက်လာတဲ့ စီနီယာပါ သူတိုကို ချောင်းကြည်နေကြသလို့

ကောင်းခြင်းသည်လဲ အကိူအတွက်ဝမ်းသာပေးရင်း နိုင်ငံရက်ခြားရောက်နေတဲ့ တယောက်သောကို ပို၍ လွမ်းစွတ်သတိရနေခဲ့မိသည်................

😘😘😘

1.1.2022

အားလုံးပဲ happy new year ပါနော် ပျော်ရွင်ကြပါစေရှင့်
Commentပေး voteပေးတဲ့ သူတွေကို
အရမ်းကျေးဇူးတင်ပါတယ်

comment လေးတွေ vote လေးတွေက ဆက်ရေးဖို့ အင်အားတွေ ရစေလို့ မျော်နေပါမယ်
ကျေးဇူးပါ

စာဖတ်သူတယောက်ကနေ ကို ဖတ်ချင်ဇာက်ကောင်လေးကို စမ်းပြီးပုံ ဖော်ကြည်ခဲ့တာပါ စာအရေးအသားမကျွမ်းပါဘူး စကားလုံးအသုံးအနှုန်းလဲ သိပ်မကြွယ်ဝပါဘူး တခုခု အဆင်မပြေခဲ့ရင် နားလည်ပေးဖိုမျော်လင့်ပါတယ် ကျေးဇူးတင်ပါတယ်


Pokračovat ve čtení

Mohlo by se ti líbit

3M 86.7K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
259K 29.6K 75
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
251K 24.6K 61
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
795K 46.5K 38
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. "Junoon ban chuki ho...