အပိုင်း(၆)
"ဘယ်လိုလဲ ရေကူးသင်တာ အဆင်ပြေပြီလား..."
ညနေထမင်းဝိုင်းမှာ လှောင်သလိုမေးလာတဲ့ ဦးကို သသပြုံးကြည့်လိုက်ရင်း...
"ရေနစ်မှာမကြောက်တော့ဘူး...အရင်ကထက် တော်တော်လေး တိုးတက်လာတယ် ဦးရဲ့...အဟင်း"
"ဘယ်ကောင်က ခွန်အားတွေပေးလိုက်တာလဲ..."
စည်းရဲ့အဖြေကို သသက မဖြေသေးဘဲ ပါးစပ်ထဲကို ထမင်းအများကြီးထည့်ကာ ဟင်းရည်ကိုပင်သောက်လိုက်သေးသည်။
"ဦးကြောင့်...ဒါပေမဲ့ခွန်အားတော့မဟုတ်ဘူး မခံချင်စိတ်..."
တစ်ခါမှ မပြောဖူးတဲ့ သူ့ကြောင့်ဆိုတဲ့ သသရဲ့ဆင်ခြေကြောင့် စည်း မယုံသလို ခပ်ဟဟရယ်သည်။
"ဦးရှေ့မှာ သမီးအားနည်းချက်မရှိစေရဘူး..."
"ဘယ်လို..."
ဒါဆို သူမလေးက သူ သူမရဲ့အားနည်းချက်ကိုသိသွားလို့ ဖျောက်ပစ်နေတာပေါ့...အတွေးက လူကြီးမဆန်လိုက်တာ...သသရာ!
"ဒါဆို မင်းအားနည်းချက်ကို အစကနေမြေလှန်ရှာမှဖြစ်တော့မယ်ထင်တယ် အဟွန်း...တစ်ခုတော့ရှိမှာပါ..."
"ဦးမတွေ့စေရဘူး ဘာလို့ဆို သမီးမှာ နောက်ထပ်အားနည်းချက်မရှိဘူး..."
ကိုယ့်ကိုကိုယ် ဂုဏ်ယူဝင့်ကြွားစွာနဲ့ လက်မထောင်ပြီးပြောလာတဲ့ သသကိုကြည့်ပြီး စည်း ထမင်းစားတာကို ရပ်လိုက်သည်။
"နောင်တစ်ချိန်မှာ ရှိလာရင်ရော"
"သမီးအားနည်းချက်ကို ဦးအနိုင်ယူရင် ဦးရဲ့အားနည်းချက်ကိုလည်း သမီးပြန်အနိုင်ယူပြမယ်..."
"ဘယ်လိုမျိုးလဲ..."
"လျှို့ဝှက်ချက်..."
"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ဒီရက်ပိုင်းအတွင်းမှ ကိုယ့်အားနည်းချက်ပြောင်းသွားတာ..."
"သမီးရအောင်ရှာပြမယ်..."
"ရှာစရာမလိုပါဘူး ကိုယ့်အားနည်းချက်ကမင်းလေ"
"ဒါဆို သမီးနိုင်သွားပြီ သမီးရဲ့အားနည်းချက်က ဦးမဟုတ်ဘူး...သမီးဝပြီ အပေါ်တက်တော့မယ်..."
ထမင်းစားခြင်းနဲ့စကားပြောခြင်းကို လက်စသတ်ကာ ကျောခိုင်းပြီးထွက်သွားတဲ့ သသကိုကြည့်ရင်း စည်း အသာပြုံးမိသည်။
'ဒီလို လန်းဆန်းနေတာ တော်ပါသေးတယ်'
"ဦးရဲ့အရိပ်ကရုန်းထွက်မယ်ဆိုရင် ဦးရဲ့ယုံကြည်မှုကို ရဖို့လိုအပ်တယ်..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
သခင် ဖေဖေတို့အမှုနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို သုံးသပ်နေခြင်းဖြစ်သည်။
အရင်လိုသာဆို ရုံးချုပ်မှာ အမှုဖိုင်တွေကို ပြန်ရှာကြည့်ရင်ရပေမဲ့ ဒုစစ်ဆေးရေးမှူးချုပ်က အမှုဖိုင်တွေကို ရှင်းပစ်မယ်ဆိုတာ သိတာကြောင့် ရှာလည်းမတွေ့ဘူးဆိုတာ သိသည်။
လမ်းမှာရိုက်ထားတဲ့ CCTVမှာတမ်းတွေကိုတောင်းကြည့်ပေမဲ့ စေ့စပ်လှတဲ့စည်းချက်ညီညာက သဲလွန်စမကျန်အောင် အကုန်ရှင်းသွားသည်။
"တစ်နေရာမှာတော့ သေချာပေါက် သက်သေရှိရမယ် စည်းချက်ညီညာ ခင်ဗျားကို မရှုံးစေရဘူး..."
မျက်ဝန်းတွေက ဘေးနားက ပြက္ခဒိန်ဆီအကြည့်ရောက်သွားတော့ အနီဝိုင်းထားတဲ့ရက်က မနက်ဖြန်ပင်..
ထိုနေ့က ညီမလေးရဲ့မွေးနေ့...
"ဒီနှစ်တော့ ကိုကို ညီမလေးကို အလည်မခေါ်သွားရတော့ဘူးပဲ...တောင်းပန်ပါတယ်"
ညီမလေးကို အစက ညီမအရင်းတစ်ယောက်လိုချစ်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ညီမလေးအပေါ် အဖြူရောင်ကနေ အရောင်ပြောင်းလာခဲ့သည်။
ရုံးကပြန်လာတိုင်း ညီမလေးကိုမတွေ့ရရင် မနေနိုင် ညီမလေးစိတ်ကောက်ရင်လည်း သူ့မှာ ပြာယာခတ်ပြီး ချော့နေမိတာ။
ဒါပေမဲ့ မောင်နှမအရင်းမဟုတ်ဘူးဆိုတဲ့အသိက သူ့စိတ်ကို အမြဲတွန်းအားပေးနေသည်။ ညီမလေးကတော့ ဘာမှမသိရှာဘဲ သူ့အပေါ်ကို အကိုအရင်းတစ်ယောက်လိုချစ်ပြီး ခင်တွယ်နေတာ။
အဖြစ်မှန်တွေသိသွားရင်ရော သူ့အပေါ် အရင်လိုပဲ ချစ်နိုင်ပါဦးမလား...
သခင် ညီမလေးဆီ မသွားဘူးလို့ဆုံးဖြတ်လိုက်ပေမဲ့...
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ရေညှိဟင်းရည်...ဒီနေ့ဘာနေ့မလို့လဲ..."
"ဝါဝါကို စားချင်လို့ချက်ခိုင်းထားတာ..."
"ဪ..."
ဦးက သမီးမွေးနေ့ကို မသိဘူးပဲ...ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်လာတော့လည်း စားရမှာပေါ့...ပုံမှန်ဆို ကိုကိုနဲ့လျှောက်လည်နေကြ။
အတွေးနဲ့အတူ မျက်နှာလေးညိုးကျသွားသည်။
"ရော့..."
ထမင်းဝိုင်းမှာ စကားသံခဏတိတ်ဆိတ်သွားပေမဲ့ ဦးရဲ့ရော့ဆိုပြီး စာအိတ်တစ်ခုကို သသရှေ့ချပေးသည်။
"ဘာကြီးလဲ..."
"ပြီးမှဖွင့်ကြည့် လက်ဆောင်ပေးတာ..."
"လက်ဆောင်..."
သသ သံယောင်ရွတ်ပြီးစဉ်းစားနေတုန်းမှာ ဦးက အပြင်ထွက်သွားပြီဖြစ်သည်။
သသ ဖွင့်ကြည့်လိုက်တော့...
"ဆေးကျောင်းတက်ရတော့မယ် အဟေး..."
သသ ဝမ်းသာအားရ ထခုန်မိလိုက်သည်။
"အပြင်လည်း ထွက်လို့ရတော့မယ် အရင်ဆုံးကျောင်းလစ်ပြီး ကိုကို့ကိုသွားတွေ့ရမယ် အဟင်း...."
သသ ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေမိသည်...မွေးနေ့လက်ဆောင်အဖြစ် ဝမ်းသာစရာသတင်းပေးတဲ့ ဦးကိုလည်း စိတ်ထဲကနေကျေးဇူးတင်လိုက်မိသည်။
ဦးမှာလည်း စာနာစိတ်တော့ရှိသားပဲ...
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"သခင်လေး စံအိမ်ရှေ့မှာ ကောင်းကင်သခင်ရောက်နေပြန်ပြီ..."
Blackရဲ့စကားကြောင့် စည်း မျက်မှန်ကို အသာကိုင်သည်။
"Black..."
"ဟုတ်ကဲ့ပါ သခင်လေး..."
"ခြံထဲမှာ ပေးတွေ့လိုက်..."
"ဒါပေမဲ့..."
"မင်း ဘယ်တုန်းက မေးခွန်းပြန်ထုတ်တတ်သွားတာလဲ..."
Blackရဲ့မေးခွန်းကို သိနေသည့်အလား စိုက်ကြည့်ပြီးမေးလိုက်တဲ့ စည်း...
"သိပါပြီ သခင်လေး..."
Blackထွက်သွားမှ စည်းမျက်မှန်ကို ချွန်ပြီး စားပွဲပေါ်တင်ကာ ထရပ်လိုက်သည်။
"မင်းမွေးနေ့မှာ မင်းကိုစိတ်မဆင်းရဲစေချင်ဘူး ကလေး..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"မမလေး အပြင်မှာ မမလေးရဲ့အကိုရောက်နေတယ်..."
"တစ်ကယ်လား..."
ဝမ်းသာအားရနဲ့ပြေးထွက်ဖို့ပြင်ပြီးမှ ဝါဝါကိုပြန်လှည့်ကြည့်တော့ ဒီတိုင်းရပ်နေသည်။
"ဦးသိလား..."
"ဟုတ် သိပါတယ်..."
"ဒါဆို မတွေ့တော့ဘူး ဝါဝါပဲသွားတွေ့ပြီး ကိုကို့ကို သမီးအဆင်ပြေတယ်လို့ပြောပေးပါ သမီးသွားတွေ့ရင် ဦး ကိုကို့ကို ဒုက္ခရောက်အောင်လုပ်လိမ့်မယ်..."
"သခင်လေး ခွင့်ပြုပါတယ် ဒါပေမဲ့ ခြံပြင်မထွက်ရဘူးတဲ့ စကားနားမထောင်ရင်တော့ အပြစ်ပေးခံရမယ်တဲ့..."
"သမီး မထွက်ပြေးပါဘူး..."
သသ အလှဆုံးပြုံးပြီး ခြံထဲဆင်းလာခဲ့လိုက်သည်။
"ကိုကို..."
"ညီမလေး..."
သခင် ညီမလေးကို ဝမ်းသာအားရပြေးဖက်လိုက်သည်...သသကလည်း သခင့်ကို ဖက်ထားပြီး မျက်ရည်တွေ ဝိုင်းနေသည်။
"ပိန်သွားတယ် ညီမလေး စည်းချက်ညီညာက အလုပ်ကြမ်းလုပ်ခိုင်းတာလား..."
"ဟင့်အင်း ကိုကို့ကိုသတိရပြီး ပိန်သွားတာ..."
"ညီမလေးရယ်..."
သခင်ပြောရင်း သသကိုယ်လေးကို ရင်ခွင်ထဲမှာ မြှုပ်နေအောင်ဖက်ထားလိုက်သည်။
"ကိုကို အသက်ရှူကြပ်တယ်..."
"ဆောရီး ညီမလေး..."
"အဟီး ရပါတယ်ကိုကိုရဲ့..."
"ညီမလေး ကိုကို့ရှေ့မှာ ပြုံးနေဖို့မလိုဘူး စိတ်ထဲရှိတဲ့အတိုင်း ဖော်ပြလို့ရတယ်..."
"သမီးအဆင်ပြေပါတယ်ကိုကို ဦးက အပြင်ထွက်ခွင့်မပေးပေမဲ့ သမီးအပေါ်အလိုလိုက်ပါတယ်..."
"အကျယ်ချုပ်လို လူအများကြီးစောင့်ကြည့်နေတယ်ဆိုတာ ကိုကိုသိတယ် ညီမလေး ကိုကို့ကိုမလိမ်နဲ့..."
"မလိမ်ပါဘူး ကိုကိုရဲ့ သမီးတစ်ကယ်ပြောတာပါ...သမီးကို မစိုးရိမ်ဘဲ ကိုကိုသာကျန်းမာအောင်နေပါ ကြည့်ဦး မျက်နှာမှာလည်း နှုတ်ခမ်းမွှေးတွေထွက်လာပြီ..."
"ကိုကိုရိတ်ပစ်မှာပါ ဒီရက်ပိုင်း ကိုကိုအမှုနဲ့အလုပ်ရှုပ်နေလို့..."
"ကိုကိုကတော့လေ ပြော သမီးမွေးနေ့မှာ ဘာလက်ဆောင်ပါလဲ..."
"ဒီမှာဗျာ..."
အထုပ်လေးထဲက ဘူးကို ဖွင့်ကြည့်လိုက်တော့ ကြယ်ပုံစံလည်ဆွဲလေး...
"ကိုကိုဆွဲပေးမယ်..."
"ဟုတ်..."
သခင်က သသရဲ့လည်ပင်းမှာ လည်ဆွဲကို စနစ်တကျဆွဲပေးသည်။
"အပြင်မထွက်လည်ချင်ဘူးလား..."
"ဟင့်အင်း..."
"ဒါပေမဲ့ကိုကိုကတော့ ခေါ်သွားချင်တယ်..."
သခင်က စည်းရဲ့လူတွေကို တစ်ချက်ကြည့်ကာ သသရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
"မဖြစ်ဘူး ကိုကို သူတို့တွေက မျက်စိလျင်တယ်..."
"စိတ်မပူပါနဲ့ စည်းချက်ညီညာနဲ့Blackက ဒီမှာမရှိဘူးမလား..."
"ဟုတ် ကိုကို ကုမ္ပဏီသွားခဲ့တယ်ထင်တယ်..."
"ဒါဆိုရတယ် ဒီကောင်တွေက အမိန့်မရရင် ထိခိုက်အောင်မလုပ်ဘူး..."
"ရှင် ဒါပေမဲ့..."
"ဒီလိုလုပ်.×××££×£"
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"အား..."
"မမလေး ဘာဖြစ်တာလဲ..."
"ဟိုမှာ ဟိုမှာ မြွေ..."
"ဘယ်မှာလဲ..."
"ရှေ့နားက ပန်းခြံထဲမှာ...ရှာပေးပါ..."
ရှေ့က ခြံပတ်ပတ်လည်မှာ အလှစိုက်ထားတဲ့ ပန်းပင်တွေကြားကိုလက်ညိုးထိုးပြလိုက်သည်။
"မြန်မြန်ရှာပေးပါ ညီမလေးက မြွေကြောက်တယ်..."
"စိတ်ချပါ မမလေးမထိခိုက်ဖို့က ကျွန်တော်တို့တာဝန်..."
ကျန်တဲ့လူတွေကလည်း မြွေဆီကို အာရုံရောက်နေချိန်မှာ ကိုကိုက သသလက်ကို ဆွဲကာ ပြေးသည်။
"မမလေး မရှိ...ဟင်...ဟိုမှာ မမလေး လိုက်ကြစမ်း..."
"ship...ခြံပြင်မထွက်စေနဲ့ပြောထားတာကို..."
"ဒိုင်း..."
"အာ့..."
ခြံတံခါးနားလေးမှာတင် စံအိမ်ထက်ကနေ ပစ်လိုက်တဲ့ကျည်က သခင်ခြေတောက်ကိုမှန်ပြီး လဲကျသွားသည်။
"ကိုကို...."
"ညီမလေး ထွက်ပြေးတော့ ကိုကို့ကိုထားခဲ့လိုက်..အား..."
"ဟင့်အင်း မထားခဲ့ဘူး...သမီးပြေးရင် ဦးကဖမ်းမိမှာပဲ ကိုကို့ကိုတော့ အဆုံးရှုံးမခံနိုင်ဘူး..."
"ညီမလေး..."
"ဦးက သမီးကို ဘာမှမလုပ်ပါဘူး ကိုကိုစိတ်မပူပါနဲ့..."
"ဘာလို့ရပ်ကြည့်နေကြတာလဲ ရှင်တို့ဘယ်လိုလူတွေလဲ ဘာလို့ အပြစ်မရှိတဲ့သူကို ပစ်လိုက်တာလဲ အခုချက်ချင်း ဆေးရုံကားခေါ်ပေးပါ..."
အနားရောက်လာတဲ့ ဦးရဲ့လူတွေကို အော်ဟစ်ကာပြောလိုက်မိသည်။
"ဦးစည်းချက်ညီညာ လူဆိုးကောင်...မုန်းဖို့ကောင်းတဲ့လူ..."
စည်းရဲ့အမိန့်လို့ထင်ကာ သသ သခင်ရဲ့လက်ကို တင်းတင်းဆုပ်ထားမိသည်။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
စည်းရှယ်ယာဝင်ထားတဲ့ ဆေးရုံမှာ သခင့်ကို ပို့လိုက်ကြသည်။ စည်းသည်လည်း သခင့်ခြေတောက်ကို ခွဲစိတ်ပြီးကာမှ ရောက်လာပါသည်။
"ဘယ်လိုလဲ နာကျင်မှုက..."
"သသကို အလွယ်တကူပေးတွေ့တာ ဒီလိုအကြံရှိတာလား...အဟက်"
"အဲ့အတွက် ဆောရီး ငါ့လူတွေက အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီး သေနတ်ကိုသုံးကြတာ..."
"ယုံမယ်ထင်နေလား...ခင်ဗျားခွေးတွေက ခင်ဗျားအမိန့်ကိုစောင့်တယ်ဆိုတာ သိတယ်..."
"ကောင်းကင်သခင်..."
Blackက သခင့်နားတိုးလာတော့ စည်းမလုပ်ဖို့ အချက်ပြလိုက်သည်။
"ပြောသားပဲ အခုတောင် အချက်ပြတာနဲ့ ရပ်သွားတာပဲ..."
"တောက်စ်..."
"သတိပေးမယ် နောက်တစ်ခါ သသကို ခေါ်မထုတ်နဲ့...သသက မင်းစောင့်ရှောက်ရမဲ့ကလေးမဟုတ်ဘူး...အခုက သသကိုခေါ်ထုတ်ဖို့ကြိုးစားတဲ့အတွက် ပြစ်ဒဏ်ပဲ သသက ငါ့အပိုင် ငါ့အတွက်ပဲ သတိပေးထားရက်နဲ့ ဒီထက်ပိုဆိုးလာရင်တော့ မင်းရဲ့ခြေတောက်ရော မင်းရဲ့အလုပ်ပါ တစ်ကယ်အဆုံးသတ်သွားမယ်...မနိုင်မှန်းသိရင် စိန်မခေါ်နဲ့....ကောင်းကင်သခင်"
စည်းပြောပြီး ထွက်သွားတော့ သခင် ဆေးရုံကုတင်ကို ဒေါသတကြီးထိုးချလိုက်မိသည်။
"ခင်ဗျားကို ထပ်မရှုံးစေရဘူး...စည်းချက်ညီညာ..."
ဒါပေမဲ့ ညီမလေးကလည်း စည်းချက်ညီညာကိုမုန်းတယ်ပြောတာကြောင့် အနည်းငယ်တော့ စိတ်အေးသွားရသည်။
"ညီမလေးသူ့ကိုမုန်းနေသရွေ့ ကိုကိုပျော်နေမှာ...ညီမလေးရဲ့ဘဝကို ကိုကိုတစ်ယောက်ပဲပိုင်ဆိုင်စေရမယ်...ညီမလေးက ကိုကို့ရဲ့အိမ်မက်သခင်ပဲ...."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ခွပ်..."
ဆေးရုံအပြင် ကားနားရောက်မှ စည်း Blackရဲ့မျက်နှာကို စိတ်တိုစွာထိုးချလိုက်သည်။
"မကျေနပ်သေးရင် ထပ်ထိုးလို့ရပါတယ် သခင်လေး..."
"Blackမင်းကို ဘယ်သူက အဲ့လိုလုပ်ခိုင်းလို့လဲ အခု ငါ့အမိန့်မပါဘဲနဲ့ ပစ်မိန့်ပေးလိုက်တာလား..."
"အဲ့လိုမလုပ်ခဲ့ရင် မမလေးကထွက်ပြေးတော့မှာပါ သခင်လေး..သခင်လေးက မမလေးကိုဆုံးရှုံးရတော့...."
"အဟက် ငါက လိုက်မရှာနိုင်ဘူးထင်နေတာလား ကောင်းကင်သခင်ကို မယှဉ်နိုင်ဘူးထင်နေတာလား...ငါက အဲ့လောက်တောင် ဉာဏ်မရှိတဲ့သူဖြစ်နေတာလား...ဆုံးရှုံးရမယ် အဟက် တောက်စ်..."
"သခင်လေး..."
Blackက ဘာမှပြန်မပြောဘဲ ခေါင်းကိုသာငုံ့ထားပြီး ငြိမ်နေသည်...
စည်း စိတ်ကိုလျော့ချကာ ဘာမှမပြောဘဲ ကားမောင်းသူနေရာဝင်ထိုင်ပြီး ကားကို အကြမ်းအတမ်းမောင်းထွက်ခဲ့လိုက်သည်။
ဆေးရုံရှေ့မှာ ရပ်ကျန်ခဲ့တဲ့Black သခင်လေးမောင်းသွားတဲ့ကားကို ပျောက်သွားတဲ့ထိ မမှိတ်မသုန်ကြည့်သည်။
"ကျွန်တော်မမှားဘူး သခင်လေး မမလေးဝမ်းနည်းရပေမဲ့ ကောင်းကင်သခင်နာကျင်ရတာမလို့ ကျေနပ်တယ်...သခင်လေးက ကျွန်တော့်ရဲ့သခင်မလို့ သခင်လေးချစ်ရတဲ့သူ ထွက်ပြေးလို့မရလို့ ဒီလုပ်ရက်ကို နောင်တမရဘူး သခင်လေး..."
~~~~~~~~~~~~~~~~~~~~~~~
အပိုင္း(၆)
"ဘယ္လိုလဲ ေရကူးသင္တာ အဆင္ေျပၿပီလား..."
ညေနထမင္းဝိုင္းမွာ ေလွာင္သလိုေမးလာတဲ့ ဦးကို သသၿပဳံးၾကည့္လိုက္ရင္း...
"ေရနစ္မွာမေၾကာက္ေတာ့ဘူး...အရင္ကထက္ ေတာ္ေတာ္ေလး တိုးတက္လာတယ္ ဦးရဲ႕...အဟင္း"
"ဘယ္ေကာင္က ခြန္အားေတြေပးလိုက္တာလဲ..."
စည္းရဲ႕အေျဖကို သသက မေျဖေသးဘဲ ပါးစပ္ထဲကို ထမင္းအမ်ားႀကီးထည့္ကာ ဟင္းရည္ကိုပင္ေသာက္လိုက္ေသးသည္။
"ဦးေၾကာင့္...ဒါေပမဲ့ခြန္အားေတာ့မဟုတ္ဘူး မခံခ်င္စိတ္..."
တစ္ခါမွ မေျပာဖူးတဲ့ သူ႔ေၾကာင့္ဆိုတဲ့ သသရဲ႕ဆင္ေျခေၾကာင့္ စည္း မယုံသလို ခပ္ဟဟရယ္သည္။
"ဦးေရွ႕မွာ သမီးအားနည္းခ်က္မရွိေစရဘူး..."
"ဘယ္လို..."
ဒါဆို သူမေလးက သူ သူမရဲ႕အားနည္းခ်က္ကိုသိသြားလို႔ ေဖ်ာက္ပစ္ေနတာေပါ့...အေတြးက လူႀကီးမဆန္လိုက္တာ...သသရာ!
"ဒါဆို မင္းအားနည္းခ်က္ကို အစကေနေျမလွန္ရွာမွျဖစ္ေတာ့မယ္ထင္တယ္ အဟြန္း...တစ္ခုေတာ့ရွိမွာပါ..."
"ဦးမေတြ႕ေစရဘူး ဘာလို႔ဆို သမီးမွာ ေနာက္ထပ္အားနည္းခ်က္မရွိဘူး..."
ကိုယ့္ကိုကိုယ္ ဂုဏ္ယူဝင့္ႂကြားစြာနဲ႔ လက္မေထာင္ၿပီးေျပာလာတဲ့ သသကိုၾကည့္ၿပီး စည္း ထမင္းစားတာကို ရပ္လိုက္သည္။
"ေနာင္တစ္ခ်ိန္မွာ ရွိလာရင္ေရာ"
"သမီးအားနည္းခ်က္ကို ဦးအႏိုင္ယူရင္ ဦးရဲ႕အားနည္းခ်က္ကိုလည္း သမီးျပန္အႏိုင္ယူျပမယ္..."
"ဘယ္လိုမ်ိဳးလဲ..."
"လွ်ိဳ႕ဝွက္ခ်က္..."
"ဒါေပမဲ့ ဘယ္လိုလုပ္မလဲ ဒီရက္ပိုင္းအတြင္းမွ ကိုယ့္အားနည္းခ်က္ေျပာင္းသြားတာ..."
"သမီးရေအာင္ရွာျပမယ္..."
"ရွာစရာမလိုပါဘူး ကိုယ့္အားနည္းခ်က္ကမင္းေလ"
"ဒါဆို သမီးႏိုင္သြားၿပီ သမီးရဲ႕အားနည္းခ်က္က ဦးမဟုတ္ဘူး...သမီးဝၿပီ အေပၚတက္ေတာ့မယ္..."
ထမင္းစားျခင္းနဲ႔စကားေျပာျခင္းကို လက္စသတ္ကာ ေက်ာခိုင္းၿပီးထြက္သြားတဲ့ သသကိုၾကည့္ရင္း စည္း အသာၿပဳံးမိသည္။
'ဒီလို လန္းဆန္းေနတာ ေတာ္ပါေသးတယ္'
"ဦးရဲ႕အရိပ္က႐ုန္းထြက္မယ္ဆိုရင္ ဦးရဲ႕ယုံၾကည္မႈကို ရဖို႔လိုအပ္တယ္..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
သခင္ ေဖေဖတို႔အမႈနဲ႔ပတ္သတ္တဲ့အခ်က္အလက္ေတြကို သုံးသပ္ေနျခင္းျဖစ္သည္။
အရင္လိုသာဆို ႐ုံးခ်ဳပ္မွာ အမႈဖိုင္ေတြကို ျပန္ရွာၾကည့္ရင္ရေပမဲ့ ဒုစစ္ေဆးေရးမႉးခ်ဳပ္က အမႈဖိုင္ေတြကို ရွင္းပစ္မယ္ဆိုတာ သိတာေၾကာင့္ ရွာလည္းမေတြ႕ဘူးဆိုတာ သိသည္။
လမ္းမွာ႐ိုက္ထားတဲ့ CCTVမွာတမ္းေတြကိုေတာင္းၾကည့္ေပမဲ့ ေစ့စပ္လွတဲ့စည္းခ်က္ညီညာက သဲလြန္စမက်န္ေအာင္ အကုန္ရွင္းသြားသည္။
"တစ္ေနရာမွာေတာ့ ေသခ်ာေပါက္ သက္ေသရွိရမယ္ စည္းခ်က္ညီညာ ခင္ဗ်ားကို မရႈံးေစရဘူး..."
မ်က္ဝန္းေတြက ေဘးနားက ျပကၡဒိန္ဆီအၾကည့္ေရာက္သြားေတာ့ အနီဝိုင္းထားတဲ့ရက္က မနက္ျဖန္ပင္..
ထိုေန႔က ညီမေလးရဲ႕ေမြးေန႔...
"ဒီႏွစ္ေတာ့ ကိုကို ညီမေလးကို အလည္မေခၚသြားရေတာ့ဘူးပဲ...ေတာင္းပန္ပါတယ္"
ညီမေလးကို အစက ညီမအရင္းတစ္ေယာက္လိုခ်စ္ေပမဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ် ညီမေလးအေပၚ အျဖဴေရာင္ကေန အေရာင္ေျပာင္းလာခဲ့သည္။
႐ုံးကျပန္လာတိုင္း ညီမေလးကိုမေတြ႕ရရင္ မေနႏိုင္ ညီမေလးစိတ္ေကာက္ရင္လည္း သူ႔မွာ ျပာယာခတ္ၿပီး ေခ်ာ့ေနမိတာ။
ဒါေပမဲ့ ေမာင္ႏွမအရင္းမဟုတ္ဘူးဆိုတဲ့အသိက သူ႔စိတ္ကို အၿမဲတြန္းအားေပးေနသည္။ ညီမေလးကေတာ့ ဘာမွမသိရွာဘဲ သူ႔အေပၚကို အကိုအရင္းတစ္ေယာက္လိုခ်စ္ၿပီး ခင္တြယ္ေနတာ။
အျဖစ္မွန္ေတြသိသြားရင္ေရာ သူ႔အေပၚ အရင္လိုပဲ ခ်စ္ႏိုင္ပါဦးမလား...
သခင္ ညီမေလးဆီ မသြားဘူးလို႔ဆုံးျဖတ္လိုက္ေပမဲ့...
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ေရညႇိဟင္းရည္...ဒီေန႔ဘာေန႔မလို႔လဲ..."
"ဝါဝါကို စားခ်င္လို႔ခ်က္ခိုင္းထားတာ..."
"ဪ..."
ဦးက သမီးေမြးေန႔ကို မသိဘူးပဲ...ဘာပဲျဖစ္ျဖစ္ ဒီလိုျဖစ္လာေတာ့လည္း စားရမွာေပါ့...ပုံမွန္ဆို ကိုကိုနဲ႔ေလွ်ာက္လည္ေနၾက။
အေတြးနဲ႔အတူ မ်က္ႏွာေလးညိဳးက်သြားသည္။
"ေရာ့..."
ထမင္းဝိုင္းမွာ စကားသံခဏတိတ္ဆိတ္သြားေပမဲ့ ဦးရဲ႕ေရာ့ဆိုၿပီး စာအိတ္တစ္ခုကို သသေရွ႕ခ်ေပးသည္။
"ဘာႀကီးလဲ..."
"ၿပီးမွဖြင့္ၾကည့္ လက္ေဆာင္ေပးတာ..."
"လက္ေဆာင္..."
သသ သံေယာင္႐ြတ္ၿပီးစဥ္းစားေနတုန္းမွာ ဦးက အျပင္ထြက္သြားၿပီျဖစ္သည္။
သသ ဖြင့္ၾကည့္လိုက္ေတာ့...
"ေဆးေက်ာင္းတက္ရေတာ့မယ္ အေဟး..."
သသ ဝမ္းသာအားရ ထခုန္မိလိုက္သည္။
"အျပင္လည္း ထြက္လို႔ရေတာ့မယ္ အရင္ဆုံးေက်ာင္းလစ္ၿပီး ကိုကို႔ကိုသြားေတြ႕ရမယ္ အဟင္း...."
သသ ကိုယ့္အေတြးနဲ႔ကိုယ္ ေပ်ာ္ေနမိသည္...ေမြးေန႔လက္ေဆာင္အျဖစ္ ဝမ္းသာစရာသတင္းေပးတဲ့ ဦးကိုလည္း စိတ္ထဲကေနေက်းဇူးတင္လိုက္မိသည္။
ဦးမွာလည္း စာနာစိတ္ေတာ့ရွိသားပဲ...
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"သခင္ေလး စံအိမ္ေရွ႕မွာ ေကာင္းကင္သခင္ေရာက္ေနျပန္ၿပီ..."
Blackရဲ႕စကားေၾကာင့္ စည္း မ်က္မွန္ကို အသာကိုင္သည္။
"Black..."
"ဟုတ္ကဲ့ပါ သခင္ေလး..."
"ၿခံထဲမွာ ေပးေတြ႕လိုက္..."
"ဒါေပမဲ့..."
"မင္း ဘယ္တုန္းက ေမးခြန္းျပန္ထုတ္တတ္သြားတာလဲ..."
Blackရဲ႕ေမးခြန္းကို သိေနသည့္အလား စိုက္ၾကည့္ၿပီးေမးလိုက္တဲ့ စည္း...
"သိပါၿပီ သခင္ေလး..."
Blackထြက္သြားမွ စည္းမ်က္မွန္ကို ခြၽန္ၿပီး စားပြဲေပၚတင္ကာ ထရပ္လိုက္သည္။
"မင္းေမြးေန႔မွာ မင္းကိုစိတ္မဆင္းရဲေစခ်င္ဘူး ကေလး..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"မမေလး အျပင္မွာ မမေလးရဲ႕အကိုေရာက္ေနတယ္..."
"တစ္ကယ္လား..."
ဝမ္းသာအားရနဲ႔ေျပးထြက္ဖို႔ျပင္ၿပီးမွ ဝါဝါကိုျပန္လွည့္ၾကည့္ေတာ့ ဒီတိုင္းရပ္ေနသည္။
"ဦးသိလား..."
"ဟုတ္ သိပါတယ္..."
"ဒါဆို မေတြ႕ေတာ့ဘူး ဝါဝါပဲသြားေတြ႕ၿပီး ကိုကို႔ကို သမီးအဆင္ေျပတယ္လို႔ေျပာေပးပါ သမီးသြားေတြ႕ရင္ ဦး ကိုကို႔ကို ဒုကၡေရာက္ေအာင္လုပ္လိမ့္မယ္..."
"သခင္ေလး ခြင့္ျပဳပါတယ္ ဒါေပမဲ့ ၿခံျပင္မထြက္ရဘူးတဲ့ စကားနားမေထာင္ရင္ေတာ့ အျပစ္ေပးခံရမယ္တဲ့..."
"သမီး မထြက္ေျပးပါဘူး..."
သသ အလွဆုံးၿပဳံးၿပီး ၿခံထဲဆင္းလာခဲ့လိုက္သည္။
"ကိုကို..."
"ညီမေလး..."
သခင္ ညီမေလးကို ဝမ္းသာအားရေျပးဖက္လိုက္သည္...သသကလည္း သခင့္ကို ဖက္ထားၿပီး မ်က္ရည္ေတြ ဝိုင္းေနသည္။
"ပိန္သြားတယ္ ညီမေလး စည္းခ်က္ညီညာက အလုပ္ၾကမ္းလုပ္ခိုင္းတာလား..."
"ဟင့္အင္း ကိုကို႔ကိုသတိရၿပီး ပိန္သြားတာ..."
"ညီမေလးရယ္..."
သခင္ေျပာရင္း သသကိုယ္ေလးကို ရင္ခြင္ထဲမွာ ျမႇဳပ္ေနေအာင္ဖက္ထားလိုက္သည္။
"ကိုကို အသက္ရႉၾကပ္တယ္..."
"ေဆာရီး ညီမေလး..."
"အဟီး ရပါတယ္ကိုကိုရဲ႕..."
"ညီမေလး ကိုကို႔ေရွ႕မွာ ၿပဳံးေနဖို႔မလိုဘူး စိတ္ထဲရွိတဲ့အတိုင္း ေဖာ္ျပလို႔ရတယ္..."
"သမီးအဆင္ေျပပါတယ္ကိုကို ဦးက အျပင္ထြက္ခြင့္မေပးေပမဲ့ သမီးအေပၚအလိုလိုက္ပါတယ္..."
"အက်ယ္ခ်ဳပ္လို လူအမ်ားႀကီးေစာင့္ၾကည့္ေနတယ္ဆိုတာ ကိုကိုသိတယ္ ညီမေလး ကိုကို႔ကိုမလိမ္နဲ႔..."
"မလိမ္ပါဘူး ကိုကိုရဲ႕ သမီးတစ္ကယ္ေျပာတာပါ...သမီးကို မစိုးရိမ္ဘဲ ကိုကိုသာက်န္းမာေအာင္ေနပါ ၾကည့္ဦး မ်က္ႏွာမွာလည္း ႏႈတ္ခမ္းေမႊးေတြထြက္လာၿပီ..."
"ကိုကိုရိတ္ပစ္မွာပါ ဒီရက္ပိုင္း ကိုကိုအမႈနဲ႔အလုပ္ရႈပ္ေနလို႔..."
"ကိုကိုကေတာ့ေလ ေျပာ သမီးေမြးေန႔မွာ ဘာလက္ေဆာင္ပါလဲ..."
"ဒီမွာဗ်ာ..."
အထုပ္ေလးထဲက ဘူးကို ဖြင့္ၾကည့္လိုက္ေတာ့ ၾကယ္ပုံစံလည္ဆြဲေလး...
"ကိုကိုဆြဲေပးမယ္..."
"ဟုတ္..."
သခင္က သသရဲ႕လည္ပင္းမွာ လည္ဆြဲကို စနစ္တက်ဆြဲေပးသည္။
"အျပင္မထြက္လည္ခ်င္ဘူးလား..."
"ဟင့္အင္း..."
"ဒါေပမဲ့ကိုကိုကေတာ့ ေခၚသြားခ်င္တယ္..."
သခင္က စည္းရဲ႕လူေတြကို တစ္ခ်က္ၾကည့္ကာ သသရဲ႕လက္ကို တင္းတင္းဆုပ္ကိုင္ထားသည္။
"မျဖစ္ဘူး ကိုကို သူတို႔ေတြက မ်က္စိလ်င္တယ္..."
"စိတ္မပူပါနဲ႔ စည္းခ်က္ညီညာနဲ႔Blackက ဒီမွာမရွိဘူးမလား..."
"ဟုတ္ ကိုကို ကုမၸဏီသြားခဲ့တယ္ထင္တယ္..."
"ဒါဆိုရတယ္ ဒီေကာင္ေတြက အမိန႔္မရရင္ ထိခိုက္ေအာင္မလုပ္ဘူး..."
"ရွင္ ဒါေပမဲ့..."
"ဒီလိုလုပ္.×××££×£"
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"အား..."
"မမေလး ဘာျဖစ္တာလဲ..."
"ဟိုမွာ ဟိုမွာ ေႁမြ..."
"ဘယ္မွာလဲ..."
"ေရွ႕နားက ပန္းၿခံထဲမွာ...ရွာေပးပါ..."
ေရွ႕က ၿခံပတ္ပတ္လည္မွာ အလွစိုက္ထားတဲ့ ပန္းပင္ေတြၾကားကိုလက္ညိဳးထိုးျပလိုက္သည္။
"ျမန္ျမန္ရွာေပးပါ ညီမေလးက ေႁမြေၾကာက္တယ္..."
"စိတ္ခ်ပါ မမေလးမထိခိုက္ဖို႔က ကြၽန္ေတာ္တို႔တာဝန္..."
က်န္တဲ့လူေတြကလည္း ေႁမြဆီကို အာ႐ုံေရာက္ေနခ်ိန္မွာ ကိုကိုက သသလက္ကို ဆြဲကာ ေျပးသည္။
"မမေလး မရွိ...ဟင္...ဟိုမွာ မမေလး လိုက္ၾကစမ္း..."
"ship...ၿခံျပင္မထြက္ေစနဲ႔ေျပာထားတာကို..."
"ဒိုင္း..."
"အာ့..."
ၿခံတံခါးနားေလးမွာတင္ စံအိမ္ထက္ကေန ပစ္လိုက္တဲ့က်ည္က သခင္ေျခေတာက္ကိုမွန္ၿပီး လဲက်သြားသည္။
"ကိုကို...."
"ညီမေလး ထြက္ေျပးေတာ့ ကိုကို႔ကိုထားခဲ့လိုက္..အား..."
"ဟင့္အင္း မထားခဲ့ဘူး...သမီးေျပးရင္ ဦးကဖမ္းမိမွာပဲ ကိုကို႔ကိုေတာ့ အဆုံးရႈံးမခံႏိုင္ဘူး..."
"ညီမေလး..."
"ဦးက သမီးကို ဘာမွမလုပ္ပါဘူး ကိုကိုစိတ္မပူပါနဲ႔..."
"ဘာလို႔ရပ္ၾကည့္ေနၾကတာလဲ ရွင္တို႔ဘယ္လိုလူေတြလဲ ဘာလို႔ အျပစ္မရွိတဲ့သူကို ပစ္လိုက္တာလဲ အခုခ်က္ခ်င္း ေဆး႐ုံကားေခၚေပးပါ..."
အနားေရာက္လာတဲ့ ဦးရဲ႕လူေတြကို ေအာ္ဟစ္ကာေျပာလိုက္မိသည္။
"ဦးစည္းခ်က္ညီညာ လူဆိုးေကာင္...မုန္းဖို႔ေကာင္းတဲ့လူ..."
စည္းရဲ႕အမိန႔္လို႔ထင္ကာ သသ သခင္ရဲ႕လက္ကို တင္းတင္းဆုပ္ထားမိသည္။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
စည္းရွယ္ယာဝင္ထားတဲ့ ေဆး႐ုံမွာ သခင့္ကို ပို႔လိုက္ၾကသည္။ စည္းသည္လည္း သခင့္ေျခေတာက္ကို ခြဲစိတ္ၿပီးကာမွ ေရာက္လာပါသည္။
"ဘယ္လိုလဲ နာက်င္မႈက..."
"သသကို အလြယ္တကူေပးေတြ႕တာ ဒီလိုအႀကံရွိတာလား...အဟက္"
"အဲ့အတြက္ ေဆာရီး ငါ့လူေတြက အေျခအေနနဲ႔အခ်ိန္အခါကိုၾကည့္ၿပီး ေသနတ္ကိုသုံးၾကတာ..."
"ယုံမယ္ထင္ေနလား...ခင္ဗ်ားေခြးေတြက ခင္ဗ်ားအမိန႔္ကိုေစာင့္တယ္ဆိုတာ သိတယ္..."
"ေကာင္းကင္သခင္..."
Blackက သခင့္နားတိုးလာေတာ့ စည္းမလုပ္ဖို႔ အခ်က္ျပလိုက္သည္။
"ေျပာသားပဲ အခုေတာင္ အခ်က္ျပတာနဲ႔ ရပ္သြားတာပဲ..."
"ေတာက္စ္..."
"သတိေပးမယ္ ေနာက္တစ္ခါ သသကို ေခၚမထုတ္နဲ႔...သသက မင္းေစာင့္ေရွာက္ရမဲ့ကေလးမဟုတ္ဘူး...အခုက သသကိုေခၚထုတ္ဖို႔ႀကိဳးစားတဲ့အတြက္ ျပစ္ဒဏ္ပဲ သသက ငါ့အပိုင္ ငါ့အတြက္ပဲ သတိေပးထားရက္နဲ႔ ဒီထက္ပိုဆိုးလာရင္ေတာ့ မင္းရဲ႕ေျခေတာက္ေရာ မင္းရဲ႕အလုပ္ပါ တစ္ကယ္အဆုံးသတ္သြားမယ္...မႏိုင္မွန္းသိရင္ စိန္မေခၚနဲ႔....ေကာင္းကင္သခင္"
စည္းေျပာၿပီး ထြက္သြားေတာ့ သခင္ ေဆး႐ုံကုတင္ကို ေဒါသတႀကီးထိုးခ်လိုက္မိသည္။
"ခင္ဗ်ားကို ထပ္မရႈံးေစရဘူး...စည္းခ်က္ညီညာ..."
ဒါေပမဲ့ ညီမေလးကလည္း စည္းခ်က္ညီညာကိုမုန္းတယ္ေျပာတာေၾကာင့္ အနည္းငယ္ေတာ့ စိတ္ေအးသြားရသည္။
"ညီမေလးသူ႔ကိုမုန္းေနသေ႐ြ႕ ကိုကိုေပ်ာ္ေနမွာ...ညီမေလးရဲ႕ဘဝကို ကိုကိုတစ္ေယာက္ပဲပိုင္ဆိုင္ေစရမယ္...ညီမေလးက ကိုကို႔ရဲ႕အိမ္မက္သခင္ပဲ...."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ခြပ္..."
ေဆး႐ုံအျပင္ ကားနားေရာက္မွ စည္း Blackရဲ႕မ်က္ႏွာကို စိတ္တိုစြာထိုးခ်လိုက္သည္။
"မေက်နပ္ေသးရင္ ထပ္ထိုးလို႔ရပါတယ္ သခင္ေလး..."
"Blackမင္းကို ဘယ္သူက အဲ့လိုလုပ္ခိုင္းလို႔လဲ အခု ငါ့အမိန႔္မပါဘဲနဲ႔ ပစ္မိန႔္ေပးလိုက္တာလား..."
"အဲ့လိုမလုပ္ခဲ့ရင္ မမေလးကထြက္ေျပးေတာ့မွာပါ သခင္ေလး..သခင္ေလးက မမေလးကိုဆုံးရႈံးရေတာ့...."
"အဟက္ ငါက လိုက္မရွာႏိုင္ဘူးထင္ေနတာလား ေကာင္းကင္သခင္ကို မယွဥ္ႏိုင္ဘူးထင္ေနတာလား...ငါက အဲ့ေလာက္ေတာင္ ဉာဏ္မရွိတဲ့သူျဖစ္ေနတာလား...ဆုံးရႈံးရမယ္ အဟက္ ေတာက္စ္..."
"သခင္ေလး..."
Blackက ဘာမွျပန္မေျပာဘဲ ေခါင္းကိုသာငုံ႔ထားၿပီး ၿငိမ္ေနသည္...
စည္း စိတ္ကိုေလ်ာ့ခ်ကာ ဘာမွမေျပာဘဲ ကားေမာင္းသူေနရာဝင္ထိုင္ၿပီး ကားကို အၾကမ္းအတမ္းေမာင္းထြက္ခဲ့လိုက္သည္။
ေဆး႐ုံေရွ႕မွာ ရပ္က်န္ခဲ့တဲ့Black သခင္ေလးေမာင္းသြားတဲ့ကားကို ေပ်ာက္သြားတဲ့ထိ မမွိတ္မသုန္ၾကည့္သည္။
"ကြၽန္ေတာ္မမွားဘူး သခင္ေလး မမေလးဝမ္းနည္းရေပမဲ့ ေကာင္းကင္သခင္နာက်င္ရတာမလို႔ ေက်နပ္တယ္...သခင္ေလးက ကြၽန္ေတာ့္ရဲ႕သခင္မလို႔ သခင္ေလးခ်စ္ရတဲ့သူ ထြက္ေျပးလို႔မရလို႔ ဒီလုပ္ရက္ကို ေနာင္တမရဘူး သခင္ေလး..."
~~~~~~~~~~~~~~~~~~~~~~~