မဖိတ်ခေါ်ဘဲ ရောက်လာလေသူ || Th...

By fried_grass

13.5K 1.5K 90

Original Author : Mu Su Li (木苏里) Total Chapters : 59 Tags : အားကောင်း × အားကောင်း၊ သဘာဝလွန် (နတ်ဘုရား၊ သရဲ၊... More

Synopsis
Chapter-1
CHAPTER-2
CHAPTER-4
CHAPTER-5
CHAPTER-6
CHAPTER-7
CHAPTER-8
CHAPTER-9
CHAPTER-10 (Part 1)
Chapter-10 (Part 2)
CHAPTER-11
CHAPTER-12
CHAPTER-13
CHAPTER-14
💿AUDIO DRAMA💿
CHAPTER - 15

CHAPTER-3

562 115 3
By fried_grass

UNICODE

အပိုင်း ()

လီတုန့်က ဖုန်းကို ကိုင်ထားဆဲ။ မျက်နှာထက်တွင်တော့ ပုံဖော်မပြနိုင်သည့် တုံးအမှုအမူအရာက အတိုင်းသား။ မက်ဆေ့ချ်က အခုချိန်တွင် မပို့သင့်တော့။ သို့သော် မက်ဆေ့ချ်မပို့ပြန်လျှင်လည်း မဖြစ်သေး။ အဆုံးသတ်တွင်တော့ တဟားဟား လုပ်ရယ်ရယ်လိုက်၏။

"သခင်ကြီး.. ဘာများ ကျန်ခဲ့လို့လဲခင်ဗျ?"

ပုံမှန်အားဖြင့်ဆိုလျှင် ရှဲ့ပိုင်အတွက် ထိုကဲ့သို့ ဂွတီးဂွကျအခြေအနေမျိုးနှင့် ကြုံရလျှင် တစ်ဖက်လူက တခြားတစ်ယောက်ဖြစ်နေလျှင်တော့ မျက်ကွယ်ပြုလိုက်မည်သာ။ ကိုယ့်အလုပ်ကို လက်စသတ်ပြီးသည်နှင့် နေရာမှ ထွက်လာလိုက်တော့မည်။ သို့သော်ငြား တစ်ဖက်လူက ထိုက်ရွှမ်ဂိုဏ်းသားတစ်ဦးဖြစ်နေလျှင်တော့ မထောက်မထားဘဲ ပက်ပက်စက်စက် ပြောကိုပြောပစ်ရလိမ့်မည်။

သို့တစေ ဤတစ်ကြိမ်တွင်တော့ ရှဲ့ပိုင်တစ်ယောက် တစ်မူထူးလျက် ရှိနေတော့သည်။ လှောင်ပြောင်ခြင်းမပြုသည့်အပြင် လီတုန့်အား ခွန်းတုံ့ပြန်ခြင်းပင် မပြု။

"ငါ ကိစ္စတစ်ခုကို သတိထားမိသွားလို့.. ဒါပေမယ့် ယင်ဝူရှုလာမယ်ဆိုရင်လည်း ငါ အထူးအထွေ လုပ်စရာဘာမှမရှိတော့ပါဘူး"

စကားဆုံးသည်နှင့် လှည့်ပြန်လာတော့သည်။

ဤဥတု၏မိုးသားဟာ ဝန်းကျင်ကို အင်မတန် မည်းမှောင်စိုစွတ်စေ၏။ လေအေးတစ်ဝှေ့က ကျီစယ်ဟန်ဖြင့် ရက်ရက်စက်စက် တိုက်ခတ်လာသော် ရှဲ့ပိုင်မှာ ချောင်းစဆိုးတော့သည်။

"သခင်ကြီး--"

လီတုန့်မှာ စိုးရိမ်ပူပန်မှုများကို မအောင့်အည်းထားနိုင်တော့။

သို့သော်ငြား ရှဲ့ပိုင်က ဘာမှပြန်လည်ပြောဆိုခြင်းမပြု။ သွင်ပြင်လက္ခဏာက ပုံမှန်အတိုင်း အေးစက်ကာ စိမ်းကားဆဲ။ သို့သော် ခြေလှမ်းများက တစ်နည်းနည်းဖြင့် မြန်ဆန်လာရ၏။ အမှောင်ထုထဲ ရောက်သွားမည့်အချိန်ကိုပင် မစောင့်ဆိုင်းနိုင်တော့ဘဲ လက်မြှောက်ကာ အနက်ရောင်အခိုးအငွေ့များကို ဆင့်ခေါ်လိုက်သည်။ မြန်ဆန်သော ခြေလှမ်းများဖြင့် အနက်ရောင်အခိုးအငွေ့ထဲ ဝင်ရောက်ရင်း တစ်ဖက်၌လည်း အဆက်မပြတ် ချောင်းဆိုးနေခြင်းကို ဖုံးဖိရန် လည်စီးပဝါကို အထက်သို့ ဆွဲတင်လိုက်၏။

သို့ပေတည့် အဆုံးတွင်တော့ တလူလူ ပျံ့လွင့်နေသည့် အနက်ရောင်အခိုးအငွေ့များက သာမန်မီးခိုးများအဖြစ် တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။

ထိုအစား အရပ်ရှည်ရှည် သဏ္ဍာန်တစ်ခုက ရုတ်ခြည်းပေါ်ပေါက်လာ၏။ ထိုပုံရိပ်က မျက်နှာပြင်တစ်ခုလုံးကို မဖော်ပြခင်မှာပင် ကျစ်ခနဲ စုတ်သပ်လိုက်သည်။ ထို့နောက် ရွံရှာစက်ဆုပ်နေသည့် အသံမျိုးဖြင့် ဆို၏။

"ဒီဗွက်ရေတွေကတော့လေ တကယ်ပဲ........"

ရှဲ့ပိုင်လည်း ရုတ်ခနဲ ရပ်တန့်လိုက်ရာ အနောက်သို့ ခြေတစ်လှမ်းမျှ ယိမ်းယိုင်သွား၏။ တစ်စက္ကန့်လောက် နောက်ကျသွားပါက အရှေ့က လူ၏ရင်ခွင်ထဲ ဝင်ရောက်သွားလောက်ပြီ။

"........ရှောင်ပိုင်?"

အနက်ရောင်အခိုးအငွေ့များ အကုန်အစင်ပျောက်ကွယ်သွားသည်နှင့် ရှဲ့ပိုင်အရှေ့ရှိလူက ပြောလက်စကို ရပ်ကာ အံ့ဩမှုများ၊ တုန့်ဆိုင်းမှုများ ရောယှက်နေသည့်အသံဖြင့် အမည်နာမတစ်ခုကို နှုတ်မှရေရွတ်လာ၏။

ရှဲ့ပိုင်လည်း မသိစိတ်၏လှုံ့ဆော်မှုအရ ခေါင်းမော့ကာ ပြန်ထူးတော့အံ့ဆဲဆဲမှာပင် ဆို့တက်လာသည့် စကားလုံးများအား လည်ချောင်းထဲ ပြန်မျိုချလိုက်တော့သည်။

ယင်ဝူရှု..............

ပုံမှန်အားဖြင့် ဤသည်က ရှဲ့ပိုင်၏နှုတ်ဖျားမှ အလွယ်တကူ ခေါ်ထွက်နိုင်သည့် နာမည်ပင်။ သို့သော်ငြား ယခုအခါတွင်တော့ အနှီနာမည်အား ခေါ်ယူခြင်းငှာ မစွမ်းသာတော့။ မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာခန့်ကလည်း အကြင်လူအား နာမည်အစအဆုံး တစ်ခါမျှပင် မခေါ်ဖူးချေ။ နှစ်ပေါင်းတစ်ရာကျော်အချိန်ကာလများ ကုန်လွန်ခဲ့ပြီးနောက်လည်း အကြင်လူအား နောက်ဆုံးမြင်ခဲ့ဖူးသည်မှာ လွန်စွာကြာညောင်းခဲ့ချေပြီ။

ရှဲ့ပိုင်လည်း အေးတိအေးစက် မျက်နှာထားအား ဆင်မြန်းလျက် လည်ပြွန်ဝမှ ထွက်ပြေးရန် ချောင်းမြောင်းနေသည့် ချောင်းဆိုးခြင်းကို ရင်ဘတ်ထဲ၌သာ အောင့်အည်းသိမ်းဆည်းထားလိုက်သည်။ နှစ်ပေါင်းများစွာ မခေါ်တွင်ဖြစ်ခဲ့သည့် အနှီနာမငယ်အား နှုတ်ဖျားမှ သွန်ချခြင်းမပြုနိုင်ဘဲ ဆိတ်ဆိတ်နေနေတော့၏။

ယင်ဝူရှု၏မျက်နှာအမူအရာသည်လည်း လွန်စွာသိသာမြင်သာလှသည်။ 'ထွက်သွားနှင့်ပြီ'ဖြစ်သည့် ရှဲ့ပိုင်က မျက်စိရှေ့မှောက်တွင်ရောက်ရှိနေသောအခါ မထင်မှတ်ထားသည့်ပုံမျိုး။ ယင်ဝူရှုက ဘယ်လက်ဖြင့် မီးခိုးမှိုင်းရောင်လက်ကိုင်ပဝါတစ်ထည်အား ဖွဖွလေး ထုတ်ယူဆုပ်ကိုင်လိုက်၏။

ရှဲ့ပိုင်အတွက်တော့ ဤအကြည့်၊ ဤအနေအထားထက် ပို၍ရင်းနှီးကျွမ်းဝင်မည့်အရာ ထပ်မရှိနိုင်။ ယင်ဝူရှု၏အဆမတန်ဇီဇာကြောင်တတ်သည့် အကျင့်ကြောင့် ယောင်အလောင်းကောင်ပုပ်နံ့များ တဟောင်းဟောင်းထနေသော ဤနေရာမျိုးသို့ ရောက်လာပါက အနံ့ခံအာရုံကို ချိတ်ပိတ်ထားမည်ဆိုလျှင်ပင် နှာခေါင်းနှင့်ပါးစပ်ကို လက်ဖြင့် အုပ်ထားမြဲဖြစ်၏။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အနံ့အသက်များအကြား စကားပြောဖို့ရာ ပါးစပ်ဟလိုက်သည်နှင့် လျှာတစ်ခုလုံး ပုပ်သိုးဆွေ့မြေ့သွားမည့်အလား။

ရှဲ့ပိုင်က တိတ်တဆိတ်နေကာ ဘာဆိုဘာမှ မတုံ့ပြန်။ ယင်ဝူရှုသည်လည်း စကားစမြည်ပြောရန် အလျင်လိုမနေချေ။ ထိုအစား ရှဲ့ပိုင်အား အချိန်အတန်ကြာ မမှိတ်မသုန် စိုက်ကြည့်နေ၏။ ထို့နောက်တွင်မှ ဘေးသို့ မဆိုစလောက်လေး အကြည့်လွှဲလိုက်သည်။ ခေါင်းလှည့်ကာ ပန်းခင်းနံဘေး၌ အမြီးကုပ်ပြီး ထိုင်နေသည့် နှစ်ယောက်ထံ အကြည့်ပို့၏။

လီတုန့်က ရှိုးတိုးရှန့်တန့်နှင့် ပြောသည်။

"အကြီးအကဲ.. ရောက်လာတာ မြန်လိုက်တာနော်"

ဖုန်းလီလည်း ဂါရဝပြုနှုတ်ဆက်ပြီးနောက် သူတူးထားသည့် တွင်းလေးကိုသာ ခေါင်းငိုက်စိုက်ကြည့်လျက် ကုပ်ကုပ်လေး ဆက်ထိုင်နေတော့၏။ သူ၏တည်ရှိမှုကို မျက်ကွယ်ပြုပေးပါရန် တောင်းပန်ခယနေပါသလို။

ယင်ဝူရှုလည်း တုံ့ပြန်သည့်အနေဖြင့် နှာခေါင်းမှ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ထို့နောက် အကြည့်က ရှဲ့ပိုင်၏ခန္ဓာကိုယ်ထက်သို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာ၏။

ယင်ဝူရှုက အင်မတန် အရပ်မြင့်မားလွန်းသည်။ မည်သူ့ကိုမဆို ခေါင်းတစ်ဝက်မျှ ငုံ့ကာ ကြည့်ရ၏။

သူ၏ဝတ်စားဆင်ယင်မှုသည်ကား လမ်းပေါ်ရှိ သာမန်လူများနှင့် မခြားမနား။ သံမဏိမီးခိုးရောင် လည်ထောင်ကော်လာကုတ်အင်္ကျီက သူ့အား အရပ်ပိုရှည်ကာ ချောမောခန့်ညားစေသည်။ တည်ကြည်ဟန်ဟာလည်း တစ်ပြားမှ လျော့မသွား။ မျက်လုံး၊ မျက်ခုံးတို့မှာလည်း စိတ်ရှည်လက်ရှည် ထွင်းထုထားသည့်ပမာ အပိုအလိုမရှိ တင့်တယ်နေ၏။ နက်မှောင်လှသော မျက်ဝန်းအစုံဟာ လမ်းမီးတိုင်၏ နီယွန်ဝါမီးရောင်အောက်ဝယ် နွေးထွေးယုယနေပါသလို။ မျက်ခုံးနှစ်ဖက်ကို ပြေပြေလျော့လျော့ ကြုတ်လိုက်ပြီး အောက်ငုံ့ကြည့်လာရာ မျက်ဝန်းအကြည့်၌ ဗလာနတ္ထိဖြစ်နေသည့် စိတ်ခံစားချက်များကို အရိပ်အမြွက်ပြနေသည့်အတိုင်း။

အကြည့်လားရာက ရှဲ့ပိုင်၏မျက်နှာထက် ဦးတည်ကျရောက်၏။ သုံးလွှာထပ်ပိတ်သားနက်မှတစ်ဆင့် ရှဲ့ပိုင်၏မျက်ဝန်းများအား ထိုးဖောက်ကြည့်ရှုချင်ပါသကဲ့သို့။

သို့တစေ ရှဲ့ပိုင်၌ ဤအဟန့်အတားအား ဖယ်ရှားပေးဖို့ရာ ဆန္ဒတစ်စက်မျှ ရှိမနေ။

"မင်း.........."

ယင်ဝူရှုဘက်က စတင်စကားပြောလာ၏။ သို့သော် မည်သည့်အကြောင်းအရာကို ဆက်ပြောရမည်မှန်းမသိ။ စက္ကန့်ပိုင်းမျှ စကားတန့်နေခဲ့ပြီးနောက်မှ တဟားဟားရယ်မောလိုက်သည်။

"ငါတို့နောက်ဆုံးတွေ့ဖြစ်ခဲ့တာတောင် တော်တော်ကြာသွားပြီပဲ.. စကားတွေတောင် ကမောက်ကမဖြစ်ကုန်ရတယ်လို့"

ရှဲ့ပိုင်၏နှုတ်ခမ်းဖျားက အထက်သို့ ပင့်တက်သွားသည်။ လှောင်ပြောင်သရော်ခြင်းအတိပြီးသည့် အပြုံးမျိုး။

"နှစ်တစ်ရာနီးပါး ရှောင်နေခဲ့တဲ့လူက အခု ကိုယ့်မျက်စိရှေ့မှာ ပေါ်လာတာကိုး.. ခင်ဗျားနေရာမှာ ကျွန်တော်သာဆိုရင်လည်း အဲ့လိုကမောက်ကမဖြစ်ကုန်မှာပါပဲ.. စကားပြောဖို့ အစကတည်းက တွေးထားတာမှမဟုတ်တာ.. ဘယ်လိုလုပ် စကားလုံးတွေက ထွက်လာပါ့မလဲ"

ယင်ဝူရှုက မသိမသာ မျက်မှောင်ကြုတ်လိုက်၏။ မျက်နှာအမူအရာက စက္ကန့်ပိုင်းမျှ ထူးဆန်းသွားလေသည်။ ရှဲ့ပိုင်၏စကားအား တစ်ဝက်တစ်ပျက်သာ နားလည်လိုက်သည့်ပုံစံမျိုးဖြင့်။ ခေတ္တမျှ တွေဝေနေပြီးနောက် စကားဆိုလာ၏။

"အစကတည်းက စကားပြောဖို့ အစီအစဥ်မရှိရင် မင်းရှေ့မှာ ဒီလိုမတ်တပ်ရပ်နေမှာတောင် မဟုတ်ဘူး"

ရှဲ့ပိုင်၏ညာဘက်လက်က လည်စီးပဝါကို ဆုပ်ကိုင်ပြီး နှာခေါင်းတစ်ဝက်မျှအထိ ဖုံးအုပ်လိုက်သည်။ နှာချေပြီးနောက် ဗြုန်းစားကြီး ပြန်ပြော၏။

"ဘယ်သူ့ကို အရူးကွက်လာနင်းနေတာလဲ?"

ယင်ဝူရှု : "..........."

ထို့နောက် ယင်ဝူရှုက လီတုန့်အား ​မျက်နှာသေဖြင့် လှည့်ကြည့်လိုက်သည်။ လီတုန့်ခမျာ လက်နှစ်ဖက်ကို လေပေါ်မြှောက်၍ မိုးကောင်းကင်အား ကန်တော့ဟန်ဖြင့် အော်ပြောလေ၏။

"နောက်တစ်ခါ အသံမက်ဆေ့ချ်နားထောင်ရင် headphone နဲ့ပဲ နားထောင်ပါတော့မယ်ခင်ဗျာ~~"

ယင်ဝူရှုလည်း မျက်စောင်းဆက်မထိုးတော့ဘဲ ရှဲ့ပိုင်နှင့် စကားဆက်ပြောရန် ခေါင်းပြန်လှည့်လိုက်သည်။ ထို့နောက် လက်ခါပြကာ ဆို၏။

"အထင်လွဲတာပါ.. ငါ အစကတည်းက စီစဥ်ထား..."

ယင်ဝူရှုက ရှင်းပြတော့အံ့ဆဲဆဲ ရှဲ့ပိုင်က ပန်းခင်းဘက်သို့ လှည့်ကြည့်လိုက်​၏။ ရှဲ့ပိုင်က ဖုန်းလီ စောင့်ကြည့်နေသည့် တွင်းကို လက်ညှိုးထိုးပြလိုက်၏။

"ဒီမှာ ရပ်နေမယ့်အစား တွင်းထဲကဟာကို မြန်မြန်သွားကြည့်ရင် ကောင်းမယ်.. ခင်ဗျား ဒီအတွက် လာခဲ့တာမဟုတ်ဘူးလား?"

"တကယ်တော့ ဒီဟာကြောင့်ဆိုပေမဲ့---"

ရှဲ့ပိုင်က စကားဖြတ်ပြောလိုက်၏။

"ကျွန်တော်လည်း အရမ်းအလုပ်များနေတယ်.. ဒီမှာ အချိန်ဖြုန်းနေလို့ မရဘူး"

လည်စီးပဝါကို အထက်ဆွဲတင်ရင်း အရှေ့၌ မတ်တပ်ရပ်နေသည့် ယင်ဝူရှုဘေးမှ ဖြတ်လျှောက်ကာ ထွက်သွားလေသည်။

ယင်ဝူရှုက ရှဲ့ပိုင်၏လက်အား နောက်ပြန်လှမ်းဆွဲလိုက်၏။

"နေဦး"

ရှဲ့ပိုင်က သူ့လက်အား ဆုပ်ကိုင်ထားသည့် ယင်ဝူရှု၏လက်အား ငုံ့ကြည့်လိုက်သည်။ အနက်ရောင်ပတ်တီးစများဖြင့် ရစ်ပတ်ထားသော လက်ချောင်းများက ယင်ဝူရှု၏လက်မှ​ ရုန်းထွက်ရန် ကြိုးစားသော်လည်း မအောင်မြင်။

ရှဲ့ပိုင်က ခေါင်းပြန်မော့ကာ အေးတိအေးစက်ဖြင့် ပြန်ပြောလိုက်၏။

"ဒီလက်က ခုနလေးကမှ ယောင်အလောင်းကို ကိုင်ထားတာ"

ယင်ဝူရှု : ".........."

ရှဲ့ပိုင် : "ခဏခဏ ကိုင်ထားတာနော်"

ယင်ဝူရှု : ".........."

ယင်ဝူရှု၏မျက်နှာအရောင်က အပြာရောင်မှသည် အစိမ်းရောင်၊ အစိမ်းရောင်မှသည် ကျောက်စိမ်းရောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွား၏။ သို့ပေတည့် ခေါင်းမာစွာဖြင့် ရှဲ့ပိုင်၏လက်အား လုံးဝမလွှတ်သေး။ အသက်တစ်ချက်ဝဝရှူသွင်းလိုက်ပြီးနောက် အော့အန်ချင်စိတ်ကို မနည်းထိန်းထားရ၏။ ကူကယ်ရာမဲ့စွာဖြင့် ဆိုလာသည်။

"ရှောင်ပိုင် မင်း---"

ရှဲ့ပိုင်မှာတော့ သည်းခံနိုင်စိတ် ကုန်ဆုံးနေပြီ။ ယင်ဝူရှု၏စကားကိုလည်း လားလားမျှ နားမထောင်နိုင်တော့။ မျက်နှာအမူအရာကင်းမဲ့စွာဖြင့် အတင်းကာရော ရုန်းကန်နေ၏။

"ယောင်အလောင်းကောင်တစ်ကိုယ်လုံးကို ဒီလက်နဲ့ စုပ်ထားတာ.. လက်ပေါ်မှာ သွေးတွေတောင် မခြောက်သေးဘူး"

ယင်ဝူရှုလည်း စကားထပ်မဆိုတော့။

ဘေးမှ ရပ်ကြည့်နေသည့် လီတုန့်ကတော့ ဝါးခနဲ တစ်ချက် သမ်းလိုက်ပြီးနောက် ဖုန်းလီကို မှီလိုက်၏။

"မိုးမေလင်းပဲ.. ဒီအကြီးအကဲနှစ်ယောက်ရဲ့ ပါးစပ်က ထွက်သမျှစကားတွေအကုန် ဘုနဲ့ဘောက်နဲ့ချည်း.. ငါတော့ စိတ်ကုန်လို့သေတော့မယ်.. အကြီးအကဲတို့ပဲ စကားပြီးအောင် အရင်ပြောကြပါတော့"

ဖုန်းလီ : "........"

လီတုန့်က ဖုန်းလီ၏ကော်လာကို ဆောင့်ဆွဲပြီး ရှေ့နောက်ယမ်း၏။

"ငါ သူတို့နှစ်ယောက်ကို တကယ်ရိုက်သတ်ချင်နေပြီ.. လုပ်လည်းလုပ်ချင်တယ် လုပ်လည်းမလုပ်ရဲဘူး.. မင်း ငါ့အစား လုပ်မလား?"

ဖုန်းလီ၏မျက်နှာထက်၌ ခံစားချက်အမူအရာက နတ္ထိ။

"ကျွန်တော် ဒီနေ့ ဆေးမသုံးထားဘူး.. အသိစိတ်ရှိတုန်းပဲ.. ဒီနေ့တော့ သတ်မသေချင်သေးဘူးနော်"

ထိုစကားများကို အစအဆုံး ရှင်းရှင်းလင်းလင်း ကြားနေရသည့် ရှဲ့ပိုင် : "............"

ပြဿနာရှာခြင်းအမှု၌ ပါရမီရှင်များဖြစ်ကြသော နောက်လိုက်နှစ်ယောက်က ယင်ဝူရှု အတွေးနယ်နှင်ခြင်းကို ရပ်တန့်စေလိုက်သည်။ ထို့နောက်တွင်တော့ ယင်ဝူရှုလည်း ရှဲ့ပိုင် တုံဏှိဘာဝေဖြစ်နေခြင်းကို အခွင့်ကောင်းယူကာ ရှဲ့ပိုင်၏လက်အား တရွတ်တိုက်ဆွဲ၍ ဖုန်းလီတို့ထံ လမ်းလျှောက်သွား၏။

ခြေတစ်လှမ်းမျှ မရွေ့ဖို့ရာ ဆုံးဖြတ်ပြီးသော ရှဲ့ပိုင်၌လည်း ရွေးချယ်စရာမရှိတော့။ ကောင်းကင်ဘုံ၌သာမက အပလောကတွင်ပါ ယင်ဝူရှု၏လက်အစုံက နာမည်ဆိုးဖြင့် ကျော်စောသည်။ တစ်ခါ ဖမ်းဆုပ်လိုက်သည့်အရာကို ပြန်လည်လွှတ်ပေးရိုး ထုံးစံမရှိ။ သူ၏လက်ထဲရောက်သည်နှင့် လွတ်လမ်းက အပြီးအပိုင် ပျောက်ကွယ်သွားမည်သာ။ သို့သော် ရှဲ့ပိုင်က ဂုဏ်သရေရှိ ယင်ဧည့်သည်တော်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ယောင်ဝိညာဥ်များကို ဦးစီးကြီးကြပ်ရာ၌ ထိုက်ရွှမ်ဂိုဏ်းနည်းတူ ဂုဏ်သတင်းကျော်စော၏။ ထိုက်ရွှမ်ဂိုဏ်းက ရှင်သန်ခြင်းကို အစိုးရ၍ ရှဲ့ပိုင်က သေဆုံးခြင်းကို အစိုးရလေသည်။ ယခုကဲ့သို့ အနုပ်စုတ်ကုပ်စုတ်ရပ်ကွက်လေးထဲ၌ တစ်စုံတစ်ယောက်၏ဆွဲခေါ်ခြင်းကို ခံရသည်မှာ အသံထွက်ကာ ဟားတိုက်ရယ်မောသင့်သည့် ပြက်လုံးတစ်ခုသာသာ ဖြစ်နေတော့၏။ ဆွဲခေါ်သည့်လူက ယင်ဝူရှုဖြစ်နေသည်ဆိုလျှင်တောင်မှ။

ရှဲ့ပိုင်လည်း စိတ်မပါလက်မပါဖြင့် ခြေလှမ်းအနည်းငယ်မျှ အနောက်က လိုက်လှမ်း၏။ ဆောင်းလေအေးများ ရက်ရက်စက်စက်တိုက်ခတ်နေသည့်အလယ် အေးစက်မှောင်မိုက်ခြင်း ကြီးစိုးသော မျက်နှာထားနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းသားတစ်စုံဖြင့် တွင်းနံဘေးတွင် မတ်တပ်ရပ်လိုက်သည်။

ဖုန်းလီက ယင်ဧည့်သည်တော်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် မိမိအကြီးအကဲ၏လက်ကို တိတ်တဆိတ် စိုက်ကြည့်နေတော့၏။ အောက်ငုံ့ကြည့်ပြီးနောက် မျက်စိရှေ့မှောက်ရှိ တွင်းနက်အား ညွှန်ပြလေသည်။

"ဒါက ယောင်အလောင်းကို တူးထားတဲ့တွင်းပဲ.. အဲ့ဒါက နည်းနည်းတော့..... ကျဥ်းပြီး နက်တယ်"

အမှန်တကယ်တော့ ထိုကျင်းက ကျဥ်း၍နက်သည်ထက် ပိုလေသည်။ အပေါက်ဝက ကျဥ်းလွန်းသည်သာမက ကြည့်သူအဖို့ တွင်းအဆုံးကိုပင် မမြင်နိုင်လောက်သည်အထိ နက်လှသည်။ တွင်းနံဘေး၌ မတ်တပ်ရပ်ကာ လမ်းဘေးမီးရောင်၏အကူအညီဖြင့် ငုံ့ကြည့်လျှင်ပင် ပိန်းပိတ်အောင် မှောင်နေသည့် တွင်း၏အနက်ကို သေချာမြင်နိုင်မည်မဟုတ်။ ထိုနေရာကြီးထဲမှ ယောင်အလောင်းကို ဖုန်းလီ မည်သို့မည်ပုံ နှိုက်ယူခဲ့ရမှန်း မသိပါချေ။ လီတုန့်က တွင်းအခြေအနေကို အသေအချာ အစီရင်ခံပြီးဖြစ်သော်လည်း ဘောက်မဲ့ကြောင့် ယင်ဝူရှုကိုယ်တိုင် လာကြည့်ရမှန်း နားမလည်နိုင်တော့။

ယင်ဝူရှု၏လက်က လွှတ်သည်နှင့် ထွက်ပြေးတော့မည့် ရှဲ့ပိုင်၏လက်အား ခိုင်မြဲစွာ ဆွဲကိုင်ထားပြီး ကျန်လက်တစ်ဖက်က မီးခိုးမှိုင်းရောင်လက်ကိုင်ပဝါဖြင့် နှာခေါင်းနှင့်ပါးစပ်ကို လုံလုံခြုံခြုံအုပ်ထား၏။ ထို့နောက် နက်နဲသည့် မျက်နှာအမူအရာဖြင့် တွင်းအပေါက်ဝကို ငုံ့ကြည့်လိုက်သည်။

လီတုန့်မှာ မည်သည့်လှုပ်ရှားမှုမျှ မလုပ်သေးသည့် ယင်ဝူရှုအား မြင်သော် မမေးဘဲလည်း မနေနိုင်တော့ပါချေ။

"အကြီးအကဲ.. ဒီတွင်းနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းတာမျိုး ရှိနေတာလား? ဒီလောက်တောင် အကြာကြီး ငုံ့ကြည့်နေတာဆိုတော့"

ရှဲ့ပိုင်က နှာတစ်ချက်ချေပြီးနောက် အေးတိအေးစက် ပြောလိုက်၏။

"ဘယ်လက်မှ လွှတ်လို့မရလို့ ဒီအတိုင်းငြိမ်နေတာ"

လီတုန့်နှင့် ဖုန်းလီလည်း တစ်ပြိုင်နက်တည်း ခေါင်းထောင်လာပြီး ယင်ဝူရှု၏ လက်ကိုင်ပဝါကိုင်ထားသည့် ဘယ်လက်ကို ကြည့်ပြီးနောက် တဖန် ယင်ဧည့်သည်တော်အား ကိုင်ထားသည့် ညာလက်ကို ကြည့်ပြန်၏။

".........."

အမှန်တကယ်ကိုပင် ယင်ဝူရှု၏ မည်သည့်လက်ကမှ အားလပ်မနေချေ။

ဖုန်းလီက အင်မတိအင်မတန် လေးလံနှေးကွေးစွာ ဆိုသည်။

"ဒီတွင်းက တကယ့်ကြုံတောင့်ကြုံခဲပဲ.. ခုနလေးတင်က ရှာတွေ့တဲ့ ယောင်အလောင်းကောင်ရဲ့ပုပ်နံ့က တော်တော်စူးတာ.. တွင်းတစ်တွင်းလုံး ပုပ်နံ့နဲ့ နံဟောင်နေရော.. ဒီတွင်းထဲ ဘာသဲလွန်စကိုမှတော့ ရှာမတွေ့ဘူး"

ယင်ဝူရှုက ဖုန်းလီ၏စကားကို ကြားပြီးသော် မျက်ခုံးနှစ်ဖက် ပင့်တက်သွား၏။ မည်သည့်စကားမျှ မဆိုဘဲ ဘယ်လက်ရှိ လက်ကိုင်ပဝါကို ကုတ်အင်္ကျီအိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို လှုပ်ယမ်းလိုက်ရာ သစ်ကိုင်းခြောက်လေးတစ်ချောင်းက လက်ချောင်းနှစ်ခုကြား၌ ပေါ်ထွက်လာ၏။ သစ်ကိုင်းခြောက်လေးက သစ်မွှေးရနံ့သင်းသင်းလေး ထုတ်လွှတ်ပေးလျက်ရှိပြီး လုံးပတ်၌ ရှုပ်ထွေးလှသည့် သစ်ထွင်းစာများကို ထွင်းထုထားသည်။ သေးသွယ်သော ငွေဖြူရောင်ပင့်ကူပိုးချည်မျှင်ကို သစ်ကိုင်းအလယ်၌ ချည်နှောင်ထားပြီး အစွန်းတစ်ဖက်က အောက်သို့ သဘောဝဆန်စွာ တွဲလောင်းကျနေ၏။

လက်ချောင်းနှစ်ချောင်းကို အကြိမ်ရေအနည်းငယ်မျှ စက်ဝိုင်းသဏ္ဍာန်ပတ်ချာလည်လှည့်လိုက်ရာ သစ်ကိုင်းခြောက်လေးလည်း ရေပြင်ညီမျဥ်းအတိုင်း စတင်လည်ပတ်တော့သည်။ ထိုလှုပ်ရှားမှုကိုလိုက်၍ အလယ်၌ ရစ်ပတ်ထားသော ငွေဖြူရောင် ပင့်ကူပိုးချည်လေးက တဖြည်းဖြည်း ရှည်ထွက်လာရာ တွင်းနက်ထဲ မြန်မြန်ဆန်ဆန် ဆင်းသက်သွား၏။

ပင့်ကူပိုးချည်မျှင်က အောက်သို့ သက်ဆင်းသွားလေ ယင်ဝူရှု၏လက်ချောင်းအကြားရှိ သစ်ကိုင်းခြောက်လေးက ချီတုံချတုံဖြစ်လေ။ ဦးတည်ရာရှာမရသည့် သံလိုက်အိမ်မြှောင်ပမာ။ ဟိုဘက်လည်လိုက် သည်ဘက်လည်လိုက်ဖြင့် အချိန်အတန်ကြာ လည်ပတ်နေပြီးနောက်မှ ရုတ်ခနဲ ဖြည်းဖြည်းမှန်မှန် ရပ်တန့်သွား၏။ ထိုအချိန်၌ ယင်ဝူရှု၏နှုတ်ခမ်းစွန်းများက အထက်သို့ ကွေးတက်သွားသည်။ ပျင်းရိလေးတွဲ့စွာဖြင့် သစ်ကိုင်းခြောက်လေးကို ချာလည်လှည့်ရင်း ပင့်ကူပိုးချည်မျှင်လေးအား ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်၏။

လီတုန့်နှင့် ဖုန်းလီတို့မှာတော့ စပ်မစုဘဲ မနေနိုင်တော့။ နှစ်ဦးလုံး သစ်ကုလားအုတ်ပမာ လည်ပင်းတထောင်ထောင်ဖြင့် တွင်းပေါက်ဝအား အာရုံဝင်စားစွာ စောင့်ကြည့်နေလေသည်။ ရှည်လျားလှသည့် ပင့်ကူပိုးချည်က ရုတ်ခနဲ တန့်သွား၏။ တွင်းပေါက်ဝမှ ထွက်လာသည့် အခိုက်အတန့် ပင့်ကူပိုးချည်၏အဆုံး၌ ထူးထူးဆန်းဆန်းအရာတစ်ခု ချိတ်ပါလာသည်ကို မြင်တွေ့ရလေသည်။ ထိုအရာက လက်သီးဆုပ်ထက် ကြီး၏။ နဂိုမူလအရောင်က အလွန်တရာနက်မှောင်လွန်းနေကာ အနီရိပ်လည်း အနည်းငယ်သန်းနေ၏။ ပါးလွှာသည့် အဖြူရောင်အမြှေးပါးများက မျက်နှာပြင်အနှံ့ ရစ်ပတ်ထားသည်။

တစ်ချိန်လုံး မျက်နှာသေဖြင့် စောင့်နေခဲ့သော ရှဲ့ပိုင်သည်ပင် နောက်ဆုံးတော့ အောင့်မထားနိုင်တော့ဘဲ တွင်းပေါက်ဝသို့ ခေါင်းစောင်းကြည့်လာ၏။ ထို့နောက် ချက်ချင်းမဆိုင်း ပြန်လှည့်သွားသည်။

မျက်တောင်တစ်ဖျတ်အခတ်မှာပင် ယင်ဝူရှုက ထူးဆန်းထွေလာအရာနှင့်အတူ သစ်ကိုင်းခြောက်၊ ပင့်ကူပိုးမျှင်တို့ကို သိမ်းဆည်းလိုက်လေ၏။

မိန်းမောတွေဝေနေသည့် လီတုန့်က အမေးပြုလိုက်သည်။

"အကြီးအကဲ အဲ့ဒါဘာလဲ?"

ယင်ဝူရှု : "နှလုံး အမ်..."

လီတုန့် : "ချီး.. ဘယ်သူ့နှလုံးက အဲ့လောက် ရွံစရာကောင်းနေရတာလဲ? အားအားယားယားပဲ.. ကိုယ်ထဲက ထုတ်ပြီး ဒီလိုနေရာကြီးမှာ မြှုပ်ထားရလား?"

ယင်ဝူရှုက ငြိမ်းချမ်းခြင်းသရုပ်ဖြင့် ခပ်ဖွဖွလေး အပြုံးမံလိုက်၏ : "ငါ့ဟာပါ"

အတွေးများ တစ်စစီ ကျိုးပဲ့သွားသော လီတုန့်နှင့် ဖုန်းလီ : "........................................................."

သို့သော် ပြုံးတုံ့တုံ့ဖြင့် ရှင်းလင်းပြောပြနေသော သူတို့၏အကြီးအကဲကိုယ်တိုင်မှာတော့ တူးဖော်တွေ့ရှိသည့်အရာက အိုးလုံပိတ်၍ နှပ်ထားသည့် ဘဲဦးနှောက် ဖြစ်နေသည့်ပမာ။ ထို့နောက် ခေါင်းလှည့်ကာ ရှဲ့ပိုင်အား မေးလိုက်၏။

"ရှောင်ပိုင် ဟေး ဟိုဘက်မလှည့်သွားနဲ့လေ.. ငါ အတည်မေးမလို့.. ခုနကပဲ ယောင်အလောင်းကို တူးထုတ်ထားတာဆိုတော့ သူ့အမြုတေကရော? ယောင်အလောင်းကို ဒီလိုနေရာမျိုးမှာ တူးဖို့က တော်တော်လေး ထူးဆန်းနေတာ"

ရှောင်ပိုင်က ပြန်ဖြေ၏။

"ကျွန်တော် သိမ်းထားတယ်"

အနောက်၌ တိတ်တဆိတ် ရပ်နေ​သော ဖုန်းလီနှင့် လီတုန့်မှာတော့ မိမိရင်ဘတ်သာမိမိ ပြန်ပုတ်နေလိုက်တော့သည်။ လီတုန့်က စက္ကူလုံးလေးကို ဖုန်းလီထံ ပစ်ပေးလိုက်၏။

"ဒီဘိုးတော်နှစ်ယောက်ကတော့လေ.. ကြည့်လို့ရော ကောင်းကြသေးရဲ့လား?? တစ်ယောက်က ဝါသနာအရ တွေ့ကရာ နှလုံး လိုက်လိုက်ကောက်တယ်.. နောက်တစ်ယောက်ကျတော့ အမြုတေလိုက်သိမ်းတဲ့နေရာမှာ ဆရာကြီး.. *ပိတ်တစ်ထည်ထဲက ထွက်တဲ့အစတွေပဲ.. နှစ်ယောက်လုံး ဆိုက်ကိုတွေ"

[T/N- ပိတ်တစ်ထည်ထဲက ထွက်တဲ့အစတွေဆိုတာ တစ်ယောက်နှင့်တစ်ယောက် စရိုက်တူတွေ၊ တစ်ပုံစံတည်းတွေလို့ ပြောချင်တာပါ။]

အဆုံးတွင်တော့ ဖုန်းလီလည်း အောင့်မထားနိုင်တော့။

"နေပါဦး.. ပိတ်စတစ်စတည်းကို ညှပ်ထားကြတယ်လို့ ဘာလို့ပြောတာလဲ?"

Photo Credit to the Original Artist.

✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️

ZAWGYI

အပိုင္း ()

လီတုန္႔က ဖုန္းကို ကိုင္ထားဆဲ။ မ်က္ႏွာထက္တြင္ေတာ့ ပုံေဖာ္မျပႏိုင္သည့္ တုံးအမႈအမူအရာက အတိုင္းသား။ မက္ေဆ့ခ်္က အခုခ်ိန္တြင္ မပို႔သင့္ေတာ့။ သို႔ေသာ္ မက္ေဆ့ခ်္မပို႔ျပန္လွ်င္လည္း မျဖစ္ေသး။ အဆုံးသတ္တြင္ေတာ့ တဟားဟား လုပ္ရယ္ရယ္လိုက္၏။

"သခင္ႀကီး.. ဘာမ်ား က်န္ခဲ့လိုလဲခင္ဗ်?"

ပုံမွန္အားျဖင့္ဆိုလွ်င္ ရွဲ႕ပိုင္အတြက္ ထိုကဲ့သို႔ ဂြတီးဂြက်အေျခအေနမ်ိဳးႏွင့္ ႀကဳံရလွ်င္ တစ္ဖက္လူက တျခားတစ္ေယာက္ျဖစ္ေနလွ်င္ေတာ့ မ်က္ကြယ္ျပဳလိုက္မည္သာ။ ကိုယ့္အလုပ္ကို လက္စသတ္ၿပီးသည္ႏွင့္ ေနရာမွ ထြက္လာလိုက္ေတာ့မည္။ သို႔ေသာ္ျငား တစ္ဖက္လူက ထိုက္႐ႊမ္ဂိုဏ္းသားတစ္ဦးျဖစ္ေနလွ်င္ေတာ့ မေထာက္မထားဘဲ ပက္ပက္စက္စက္ ေျပာကိုေျပာပစ္ရလိမ့္မည္။

သို႔တေစ ဤတစ္ႀကိမ္တြင္ေတာ့ ရွဲ႕ပိုင္တစ္ေယာက္ တစ္မူထူးလ်က္ ရွိေနေတာ့သည္။ ေလွာင္ေျပာင္ျခင္းမျပဳသည့္အျပင္ လီတုန္႔အား ခြန္းတုံ႔ျပန္ျခင္းပင္ မျပဳ။

"ငါ ကိစၥတစ္ခုကို သတိထားမိသြားလို႔.. ဒါေပမယ့္ ယင္ဝူရႈလာမယ္ဆိုရင္လည္း ငါ အထူးအေထြ လုပ္စရာဘာမွမရွိေတာ့ပါဘူး"

စကားဆုံးသည္ႏွင့္ လွည့္ျပန္လာေတာ့သည္။

ဤဥတု၏မိုးသားဟာ ဝန္းက်င္ကို အင္မတန္ မည္းေမွာင္စိုစြတ္ေစ၏။ ေလေအးတစ္ေဝွ႔က က်ီစယ္ဟန္ျဖင့္ ရက္ရက္စက္စက္ တိုက္ခတ္လာေသာ္ ရွဲ႕ပိုင္မွာ ေခ်ာင္းစဆိုးေတာ့သည္။

"သခင္ႀကီး--"

လီတုန္႔မွာ စိုးရိမ္ပူပန္မႈမ်ားကို မေအာင့္အည္းထားႏိုင္ေတာ့။

သို႔ေသာ္ျငား ရွဲ႕ပိုင္က ဘာမွျပန္လည္ေျပာဆိုျခင္းမျပဳ။ သြင္ျပင္လကၡဏာက ပုံမွန္အတိုင္း ေအးစက္ကာ စိမ္းကားဆဲ။ သို႔ေသာ္ ေျခလွမ္းမ်ားက တစ္နည္းနည္းျဖင့္ ျမန္ဆန္လာရ၏။ အေမွာင္ထုထဲ ေရာက္သြားမည့္အခ်ိန္ကိုပင္ မေစာင့္ဆိုင္းႏိုင္ေတာ့ဘဲ လက္ေျမႇာက္ကာ အနက္ေရာင္အခိုးအေငြ႕မ်ားကို ဆင့္ေခၚလိုက္သည္။ ျမန္ဆန္ေသာ ေျခလွမ္းမ်ားျဖင့္ အနက္ေရာင္အခိုးအေငြ႕ထဲ ဝင္ေရာက္ရင္း တစ္ဖက္၌လည္း အဆက္မျပတ္ ေခ်ာင္းဆိုးေနျခင္းကို ဖုံးဖိရန္ လည္စီးပဝါကို အထက္သို႔ ဆြဲတင္လိုက္၏။

သို႔ေပတည့္ အဆုံးတြင္ေတာ့ တလူလူ ပ်ံ႕လြင့္ေနသည့္ အနက္ေရာင္အခိုးအေငြ႕မ်ားက သာမန္မီးခိုးမ်ားအျဖစ္ တမဟုတ္ခ်င္း ေပ်ာက္ကြယ္သြားေလသည္။

ထိုအစား အရပ္ရွည္ရွည္ သ႑ာန္တစ္ခုက ႐ုတ္ျခည္းေပၚေပါက္လာ၏။ ထိုပုံရိပ္က မ်က္ႏွာျပင္တစ္ခုလုံးကို မေဖာ္ျပခင္မွာပင္ က်စ္ခနဲ စုတ္သပ္လိုက္သည္။ ထို႔ေနာက္ ႐ြံရွာစက္ဆုပ္ေနသည့္ အသံမ်ိဳးျဖင့္ ဆို၏။

"ဒီဗြက္ေရေတြကေတာ့ေလ တကယ္ပဲ........"

ရွဲ႕ပိုင္လည္း ႐ုတ္ခနဲ ရပ္တန္႔လိုက္ရာ အေနာက္သို႔ ေျခတစ္လွမ္းမွ် ယိမ္းယိုင္သြား၏။ တစ္စကၠန္႔ေလာက္ ေနာက္က်သြားပါက အေရွ႕က လူ၏ရင္ခြင္ထဲ ဝင္ေရာက္သြားေလာက္ၿပီ။

"........ေရွာင္ပိုင္?"

အနက္ေရာင္အခိုးအေငြ႕မ်ား အကုန္အစင္ေပ်ာက္ကြယ္သြားသည္ႏွင့္ ရွဲ႕ပိုင္အေရွ႕က လူက ေျပာလက္စကို ရပ္ကာ အံ့ဩမႈမ်ား၊ တုန္႔ဆိုင္းမႈမ်ား ေရာယွက္ေနသည့္အသံျဖင့္ အမည္နာမတစ္ခုကို ႏႈတ္မွေရ႐ြတ္လာ၏။

ရွဲ႕ပိုင္လည္း မသိစိတ္၏လႈံ႕ေဆာ္မႈအရ ေခါင္းေမာ့ကာ ျပန္ထူးေတာ့အံ့ဆဲဆဲမွာပင္ ဆို႔တက္လာသည့္ စကားလုံးမ်ားအား လည္ေခ်ာင္းထဲ ျပန္မ်ိဳခ်လိုက္ေတာ့သည္။

ယင္ဝူရႈ..............

ပုံမွန္အားျဖင့္ ဤသည္က ရွဲ႕ပိုင္၏ႏႈတ္ဖ်ားမွ အလြယ္တကူ ေခၚထြက္ႏိုင္သည့္ နာမည္ပင္။ သို႔ေသာ္ျငား ယခုအခါတြင္ေတာ့ အႏွီနာမည္အား ေခၚယူျခင္းငွာ မစြမ္းသာေတာ့။ မည္သို႔ပင္ဆိုေစကာမူ လြန္ခဲ့သည့္ႏွစ္ေပါင္းတစ္ရာခန္႔ကလည္း အၾကင္လူအား နာမည္အစအဆုံး တစ္ခါမွ်ပင္ မေခၚဖူးေခ်။ ႏွစ္ေပါင္းတစ္ရာေက်ာ္အခ်ိန္ကာလမ်ား ကုန္လြန္ခဲ့ၿပီးေနာက္လည္း အၾကင္လူအား ေနာက္ဆုံးျမင္ခဲ့ဖူးသည္မွာ လြန္စြာၾကာေညာင္းခဲ့ေခ်ၿပီ။

ရွဲ႕ပိုင္လည္း ေအးတိေအးစက္ မ်က္ႏွာထားအား ဆင္ျမန္းလ်က္ လည္ႁပြန္ဝမွ ထြက္ေျပးရန္ ေခ်ာင္းေျမာင္းေနသည့္ ေခ်ာင္းဆိုးျခင္းကို ရင္ဘတ္ထဲ၌သာ ေအာင့္အည္းသိမ္းဆည္းထားလိုက္သည္။ ႏွစ္ေပါင္းမ်ားစြာ မေခၚတြင္ျဖစ္ခဲ့သည့္ အႏွီနာမငယ္အား ႏႈတ္ဖ်ားမွ သြန္ခ်ျခင္းမျပဳႏိုင္ဘဲ ဆိတ္ဆိတ္ေနေနေတာ့၏။

ယင္ဝူရႈ၏မ်က္ႏွာအမူအရာသည္လည္း လြန္စြာသိသာျမင္သာလွသည္။ 'ထြက္သြားႏွင့္ၿပီ'ျဖစ္သည့္ ရွဲ႕ပိုင္က မ်က္စိေရွ႕ေမွာက္တြင္ေရာက္ရွိေနေသာအခါ မထင္မွတ္ထားသည့္ပုံမ်ိဳး။ ယင္ဝူရႈက ဘယ္ဖက္လက္ျဖင့္ မီးခိုးမႈိင္းေရာင္လက္ကိုင္ပဝါတစ္ထည္အား ဖြဖြေလး ထုတ္ယူဆုပ္ကိုင္လိုက္၏။

ရွဲ႕ပိုင္အတြက္ေတာ့ ဤအၾကည့္၊ ဤအေနအထားထက္ ပို၍ရင္းႏွီးကြၽမ္းဝင္မည့္အရာ မရွိႏိုင္ေတာ့ေခ်။ ယင္ဝူရႈ၏အဆမတန္ဇီဇာေၾကာင္တတ္သည့္ အက်င့္ေၾကာင့္ ေယာင္အေလာင္းေကာင္ပုပ္နံ႔မ်ား တေဟာင္းေဟာင္းထေနေသာ ဤေနရာမ်ိဳးသို႔ ေရာက္လာပါက အနံ႔ခံအာ႐ုံကို ခ်ိတ္ပိတ္ထားမည္ဆိုလွ်င္ပင္ ႏွာေခါင္းႏွင့္ပါးစပ္ကို လက္ျဖင့္ အုပ္ထားၿမဲျဖစ္၏။ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းသည့္ အနံ႔အသက္မ်ားအၾကား စကားေျပာဖို႔ရာ ပါးစပ္ဟလိုက္သည္ႏွင့္ လွ်ာတစ္ခုလုံး ပုပ္သိုးေဆြ႕ေျမ့သြားမည့္အလား။

ရွဲ႕ပိုင္က တိတ္တဆိတ္ေနကာ ဘာဆိုဘာမွ မတုံ႔ျပန္။ ယင္ဝူရႈသည္လည္း စကားစျမည္ေျပာရန္ အလ်င္လိုမေနေခ်။ ထိုအစား ရွဲ႕ပိုင္အား အခ်ိန္အတန္ၾကာ မမွိတ္မသုန္ စိုက္ၾကည့္ေန၏။ ထို႔ေနာက္တြင္မွ ေဘးသို႔ မဆိုစေလာက္ေလး အၾကည့္လႊဲလိုက္သည္။ ေခါင္းလွည့္ကာ ပန္းခင္းနံေဘး၌ အၿမီးကုပ္ၿပီး ထိုင္ေနသည့္ ႏွစ္ေယာက္ထံ အၾကည့္ပို႔၏။

လီတုန္႔က ရႈိးတိုးရွန္႔တန္႔ႏွင့္ ေျပာသည္။

"အႀကီးအကဲ.. ေရာက္လာတာ ျမန္လိုက္တာေနာ္"

ဖုန္းလီလည္း ဂါရဝျပဳႏႈတ္ဆက္ၿပီးေနာက္ သူတူးထားသည့္ တြင္းေလးကိုသာ ေခါင္းငိုက္စိုက္ၾကည့္လ်က္ ကုပ္ကုပ္ေလး ဆက္ထိုင္ေနေတာ့၏။ သူ၏တည္ရွိမႈကို မ်က္ကြယ္ျပဳေပးပါရန္ ေတာင္းပန္ခယေနပါသလို။

ယင္ဝူရႈလည္း တုံ႔ျပန္သည့္အေနျဖင့္ ႏွာေခါင္းမွ အသက္ျပင္းျပင္း ရွဴထုတ္လိုက္သည္။ ထို႔ေနာက္ အၾကည့္က ရွဲ႕ပိုင္၏ခႏၶာကိုယ္ထက္သို႔သာ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ျပန္ေရာက္လာ၏။

ယင္ဝူရႈက အင္မတန္ အရပ္ျမင့္မားလြန္းသည္။ မည္သူ႔ကိုမဆို ေခါင္းတစ္ဝက္မွ် ငုံ႔ကာ ၾကည့္ရ၏။

သူ၏ဝတ္စားဆင္ယင္မႈသည္ကား လမ္းေပၚရွိ သာမန္လူမ်ားႏွင့္ မျခားမနား။ သံမဏိမီးခိုးေရာင္ လည္ေထာင္ေကာ္လာကုတ္အက်ႌက သူ႔အား အရပ္ပိုရွည္ကာ ေခ်ာေမာခန္႔ျငားေစသည္။ တည္ၾကည္ဟန္ဟာလည္း တစ္ျပားမွ ေလ်ာ့မသြား။ မ်က္လုံး၊ မ်က္ခုံးတို႔ဟာလည္း စိတ္ရွည္လက္ရွည္ ထြင္းထုထားသည့္ပမာ အပိုအလိုမရွိ တင့္တယ္ေန၏။ နက္ေမွာင္လွေသာ မ်က္ဝန္းအစုံဟာ လမ္းမီးတိုင္၏ နီယြန္ဝါမီးေရာင္ေအာက္ဝယ္ ေႏြးေထြးယုယေနပါသလို။ မ်က္ခုံးႏွစ္ဖက္ကို ေျပေျပေလ်ာ့ေလ်ာ့ ႀကဳံ႔လိုက္ၿပီး ေအာက္ငုံ႔ၾကည့္လာရာ မ်က္ဝန္းအၾကည့္မ်ား၌ ဗလာနတၳိျဖစ္ေနသည့္ စိတ္ခံစားခ်က္မ်ားကို အရိပ္အႁမြက္ျပေနသည့္အတိုင္း။

အၾကည့္လားရာက ရွဲ႕ပိုင္၏မ်က္ႏွာထက္ ဦးတည္က်ေရာက္၏။ သုံးလႊာထပ္ပိတ္သားနက္မွတစ္ဆင့္ ရွဲ႕ပိုင္၏မ်က္ဝန္းမ်ားအား ထိုးေဖာက္ၾကည့္ရႈခ်င္ပါသကဲ့သို႔။

သို႔တေစ ရွဲ႕ပိုင္၌ ဤအဟန္႔အတားအား ဖယ္ရွားေပးဖို႔ရာ ဆႏၵတစ္စက္မွ် ရွိမေန။

"မင္း.........."

ယင္ဝူရႈဖက္က စတင္စကားေျပာလာ၏။ သို႔ေသာ္ မည္သည့္အေၾကာင္းအရာကို ဆက္ေျပာရမည္မသိ။ စကၠန္႔ပိုင္းမွ် စကားတန္႔ေနခဲ့ၿပီးေနာက္မွ သူ႔ကိုယ္သူ တဟားဟားရယ္ေမာလာ၏။

"ငါတို႔ေနာက္ဆုံးေတြ႕ျဖစ္ခဲ့တာေတာင္ ေတာ္ေတာ္ၾကာသြားၿပီပဲ.. စကားေတြေတာင္ ကေမာက္ကမျဖစ္ကုန္ရတယ္လို႔"

ရွဲ႕ပိုင္၏ႏႈတ္ခမ္းဖ်ားက အထက္သို႔ ပင့္တက္သြားသည္။ ေလွာင္ေျပာင္သေရာ္ျခင္းအတိၿပီးသည့္ အၿပဳံးမ်ိဳး။

"ႏွစ္တစ္ရာနီးပါး ေရွာင္ေနခဲ့တဲ့လူက အခု ကိုယ့္မ်က္စိေရွ႕မွာ ေပၚလာတာကိုး.. ခင္ဗ်ားေနရာမွာ ကြၽန္ေတာ္သာဆိုရင္လည္း အဲ့လိုကေမာက္ကမျဖစ္ကုန္မွာပါပဲ.. စကားေျပာဖို႔ အစကတည္းက ေတြးထားတာမွမဟုတ္တာ.. ဘယ္လိုလုပ္ စကားလုံးေတြက ထြက္လာပါ့မလဲ"

ယင္ဝူရႈက မသိမသာ မ်က္ေမွာင္ၾကဳတ္လိုက္၏။ မ်က္ႏွာအမူအရာက စကၠန္႔ပိုင္းမွ် ထူးဆန္းသြားေလသည္။ ရွဲ႕ပိုင္၏စကားအား တစ္ဝက္တစ္ပ်က္သာ နားလည္လိုက္သည့္ပုံစံမ်ိဳးျဖင့္။ ေခတၱမွ် ေတြေဝေနၿပီးေနာက္ စကားဆိုလာ၏။

"အစကတည္းက စကားေျပာဖို႔ အစီအစဥ္မရွိရင္ မင္းေရွ႕မွာ ဒီလိုမတ္တပ္ရပ္ေနမွာေတာင္ မဟုတ္ဘူး"

ရွဲ႕ပိုင္၏ညာဘက္လက္က လည္စီးပဝါကို ဆုပ္ကိုင္ၿပီး ႏွာေခါင္းတစ္ဝက္မွ်အထိ ဖုံးအုပ္လိုက္သည္။ ႏွာေခ်ၿပီးေနာက္ ျဗဳန္းစားႀကီး ျပန္ေျပာ၏။

"ဘယ္သူ႔ကို အ႐ူးကြက္လာနင္းေနတာလဲ?"

ယင္ဝူရႈ : "..........."

ထို႔ေနာက္ ယင္ဝူရႈက လီတုန္႔အား ​မ်က္ႏွာေသျဖင့္ လွည့္ၾကည့္လိုက္သည္။ လီတုန္႔ခမ်ာ လက္ႏွစ္ဖက္ကို ေလေပၚေျမႇာက္၍ မိုးေကာင္းကင္အား ကန္ေတာ့ဟန္ျဖင့္ ေအာ္ေျပာေလ၏။

"ေနာက္တစ္ခါ အသံမက္ေဆ့ခ်္နားေထာင္ရင္ headphone နဲ႔ပဲ နားေထာင္ပါေတာ့မယ္ခင္ဗ်ာ~~"

ယင္ဝူရႈလည္း မ်က္ေစာင္းဆက္မထိုးေတာ့ဘဲ ရွဲ႕ပိုင္ႏွင့္ စကားဆက္ေျပာရန္ ေခါင္းျပန္လွည့္လိုက္သည္။ ထို႔ေနာက္ လက္ခါျပကာ ဆို၏။

"အထင္လြဲတာပါ.. ငါ အစကတည္းက စီစဥ္ထား..."

ယင္ဝူရႈက ရွင္းျပေတာ့အံ့ဆဲဆဲ ရွဲ႕ပိုင္က ပန္းခင္းဘက္သို႔ လွည့္ၾကည့္လိုက္သည္ကို သတိထားမိသြားသည္။ ရွဲ႕ပိုင္က ဖုန္းလီ ေစာင့္ၾကည့္ေနသည့္ တြင္းကို လက္ညႇိဳးထိုးျပလိုက္၏။

"ဒီမွာ ရပ္ေနမယ့္အစား တြင္းထဲကဟာကို ျမန္ျမန္သြားၾကည့္ရင္ ေကာင္းမယ္.. ခင္ဗ်ား ဒီအတြက္ လာခဲ့တာမဟုတ္ဘူးလား?"

"တကယ္ေတာ့ ဒီဟာေၾကာင့္ဆိုေပမယ့္---"

ရွဲ႕ပိုင္က စကားျဖတ္ေျပာလိုက္၏။

"ကြၽန္ေတာ္လည္း အရမ္းအလုပ္မ်ားေနတယ္.. ဒီမွာ အခ်ိန္ျဖဳန္းေနလို႔ မရဘူး"

လည္စီးပဝါကို အထက္ဆြဲတင္ရင္း အေရွ႕၌ မတ္တပ္ရပ္ေနသည့္ ယင္ဝူရႈေဘးမွ ျဖတ္ေလွ်ာက္ကာ ထြက္သြားေလသည္။

ယင္ဝူရႈက ရွဲ႕ပိုင္၏လက္အား ေနာက္ျပန္လွမ္းဆြဲလိုက္၏။

"ေနဦး"

ရွဲ႕ပိုင္က သူ႔လက္အား ဆုပ္ကိုင္ထားသည့္ ယင္ဝူရႈ၏လက္အား ငုံ႔ၾကည့္လိုက္သည္။ အနက္ေရာင္ပတ္တီးစမ်ားျဖင့္ ရစ္ပတ္ထားေသာ လက္ေခ်ာင္းမ်ားက ယင္ဝူရႈ၏လက္မွ​ ႐ုန္းထြက္ရန္ ႀကိဳးစားေသာ္လည္း မေအာင္ျမင္။

ရွဲ႕ပိုင္က ေခါင္းျပန္ေမာ့ကာ ေအးတိေအးစက္ျဖင့္ ျပန္ေျပာလိုက္၏။

"ဒီလက္က ခုနေလးကမွ ေယာင္အေလာင္းကို ကိုင္ထားတာ"

ယင္ဝူရႈ : ".........."

ရွဲ႕ပိုင္ : "ခဏခဏ ကိုင္ထားတာေနာ္"

ယင္ဝူရႈ : ".........."

ယင္ဝူရႈ၏မ်က္ႏွာအေရာင္က အျပာေရာင္မွသည္ အစိမ္းေရာင္၊ အစိမ္းေရာင္မွသည္ ေက်ာက္စိမ္းေရာင္အျဖစ္ တျဖည္းျဖည္း ေျပာင္းလဲသြား၏။ သို႔ေပတည့္ ေခါင္းမာစြာျဖင့္ ရွဲ႕ပိုင္၏လက္အား လုံးဝမလႊတ္ေသး။ အသက္တစ္ခ်က္ဝဝရွဴသြင္းလိုက္ၿပီးေနာက္ ေအာ့အန္ခ်င္စိတ္ကို မနည္းထိန္းထားရ၏။ ကူကယ္ရာမဲ့စြာျဖင့္ ဆိုလာသည္။

"ေရွာင္ပိုင္ မင္း---"

ရွဲ႕ပိုင္မွာေတာ့ သည္းခံႏိုင္စိတ္ ကုန္ဆုံးေနၿပီ။ ယင္ဝူရႈ၏စကားကိုလည္း လားလားမွ် နားမေထာင္ႏိုင္ေတာ့။ မ်က္ႏွာအမူအရာကင္းမဲ့စြာျဖင့္ အတင္းကာေရာ ႐ုန္းကန္ေန၏။

"ေယာင္အေလာင္းေကာင္တစ္ကိုယ္လုံးကို ဒီလက္နဲ႔ စုပ္ထားတာ.. လက္ေပၚမွာ ေသြးေတြေတာင္ မေျခာက္ေသးဘူး"

ယင္ဝူရႈလည္း စကားထပ္မဆိုေတာ့။

ေဘးမွ ရပ္ၾကည့္ေနသည့္ လီတုန္႔ကေတာ့ ဝါးခနဲ တစ္ခ်က္ သမ္းလိုက္ၿပီးေနာက္ ဖုန္းလီကို မွီလိုက္၏။

"မိုးေမလင္းပဲ.. ဒီအႀကီးအကဲႏွစ္ေယာက္ရဲ႕ ပါးစပ္က ထြက္သမွ်စကားေတြအကုန္ ဘုနဲ႔ေဘာက္နဲ႔ခ်ည္း.. ငါေတာ့ စိတ္ကုန္လို႔ေသေတာ့မယ္.. အႀကီးအကဲတို႔ပဲ စကားၿပီးေအာင္ အရင္ေျပာၾကပါေတာ့"

ဖုန္းလီ : "........"

လီတုန္႔က ဖုန္းလီ၏ေကာ္လာကို ေဆာင့္ဆြဲၿပီး ေရွ႕ေနာက္ယမ္း၏။

"ငါ သူတို႔ႏွစ္ေယာက္ကို တကယ္႐ိုက္သတ္ခ်င္ေနၿပီ.. လုပ္လည္းလုပ္ခ်င္တယ္ လုပ္လည္းမလုပ္ရဲဘူး.. မင္း ငါ့အစား လုပ္မလား?"

ဖုန္းလီ၏မ်က္ႏွာထက္၌ ခံစားခ်က္အမူအရာက နတၳိ။

"ကြၽန္ေတာ္ ဒီေန႔ ေဆးမသုံးထားဘူး.. အသိစိတ္ရွိတုန္းပဲ.. ဒီေန႔ေတာ့ သတ္မေသခ်င္ေသးဘူးေနာ္"

ထိုစကားမ်ားကို အစအဆုံး ရွင္းရွင္းလင္းလင္း ၾကားေနရသည့္ ရွဲ႕ပိုင္ : "............"

ျပႆနာရွာျခင္းအမႈ၌ ပါရမီရွင္မ်ားျဖစ္ၾကေသာ ေနာက္လိုက္ေလးႏွစ္ေယာက္က ယင္ဝူရႈ အေတြးနယ္ႏွင္ျခင္းကို ရပ္တန္႔ေစလိုက္သည္။ ထို႔ေနာက္တြင္ေတာ့ ယင္ဝူရႈလည္း ရွဲ႕ပိုင္ တုံဏွိဘာေဝျဖစ္ေနျခင္းကို အခြင့္ေကာင္းယူကာ ရွဲ႕ပိုင္၏လက္အား တ႐ြတ္တိုက္ဆြဲ၍ ဖုန္းလီတို႔ထံ လမ္းေလွ်ာက္သြား၏။

ေျခတစ္လွမ္းမွ် မေ႐ြ႕ဖို႔ရာ ဆုံးျဖတ္ၿပီးေသာ ရွဲ႕ပိုင္၌လည္း ေ႐ြးခ်ယ္စရာမရွိေတာ့။ ေကာင္းကင္ဘုံ၌သာမက အပေလာကတြင္ပါ ယင္ဝူရႈ၏လက္အစုံက နာမည္ဆိုးျဖင့္ ေက်ာ္ေစာသည္။ တစ္ခါ ဖမ္းဆုပ္လိုက္သည့္အရာကို ျပန္လည္လႊတ္ေပး႐ိုး ထုံးစံမရွိ။ သူ၏လက္ထဲေရာက္သည္ႏွင့္ လြတ္လမ္းက အၿပီးအပိုင္ ေပ်ာက္ကြယ္သြားမည္သာ။ သို႔ေသာ္ ရွဲ႕ပိုင္က ဂုဏ္သေရရွိ ယင္ဧည့္သည္ေတာ္ျဖစ္သည္။ ကမာၻတစ္ဝန္းရွိ ေယာင္ဝိညာဥ္မ်ားကို ဦးစီးႀကီးၾကပ္ရာ၌ ထိုက္႐ႊမ္ဂိုဏ္းနည္းတူ ဂုဏ္သတင္းေက်ာ္ေစာ၏။ ထိုက္႐ႊမ္ဂိုဏ္းက ရွင္သန္ျခင္းကို အစိုးရ၍ ရွဲ႕ပိုင္က ေသဆုံးျခင္းကို အစိုးရေလသည္။ ယခုကဲ့သို႔ အႏုပ္စုတ္ကုပ္စုတ္ရပ္ကြက္ေလးထဲ၌ တစ္စုံတစ္ေယာက္၏ဆြဲေခၚျခင္းကို ခံရသည္မွာ အသံထြက္ကာ ဟားတိုက္ရယ္ေမာသင့္သည့္ ျပက္လုံးတစ္ခုသာသာ ျဖစ္ေနေတာ့၏။ ထိုလူက ယင္ဝူရႈျဖစ္ေနသည္ဆိုလွ်င္ေတာင္မွ။

ရွဲ႕ပိုင္လည္း စိတ္မပါလက္မပါျဖင့္ ေျခလွမ္းအနည္းငယ္မွ် အေနာက္က လိုက္လွမ္း၏။ ေဆာင္းေလေအးမ်ား ရက္ရက္စက္စက္တိုက္ခတ္ေနသည့္အလယ္ ေအးစက္ေမွာင္မိုက္ျခင္း ႀကီးစိုးေသာ မ်က္ႏွာထားႏွင့္ တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းသားတစ္စုံျဖင့္ တြင္းနံေဘးတြင္ မတ္တပ္ရပ္လိုက္သည္။

ဖုန္းလီက ယင္ဧည့္သည္ေတာ္၏လက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားသည့္ မိမိအႀကီးအကဲ၏လက္ကို တိတ္တဆိတ္ စိုက္ၾကည့္ေနေတာ့၏။ ေအာက္ငုံ႔ၾကည့္ၿပီးေနာက္ မ်က္စိေရွ႕ေမွာက္ရွိ တြင္းနက္အား ၫႊန္ျပေလသည္။

"ဒါက ေယာင္အေလာင္းကို တူးထားတဲ့တြင္းပဲ.. အဲ့ဒါက နည္းနည္းေတာ့..... က်ဥ္းၿပီး နက္တယ္"

အမွန္တကယ္ေတာ့ ထိုက်င္းက က်ဥ္း၍နက္သည္ထက္ ပိုေလသည္။ အေပါက္ဝက က်ဥ္းလြန္းသည္သာမက ၾကည့္သူအဖို႔ တြင္းအဆုံးကိုပင္ မျမင္ႏိုင္ေလာက္သည္အထိ နက္လွသည္။ တြင္းနံေဘး၌ မတ္တပ္ရပ္ကာ လမ္းေဘးမီးေရာင္၏အကူအညီျဖင့္ ငုံ႔ၾကည့္လွ်င္ပင္ ပိန္းပိတ္ေအာင္ ေမွာင္ေနသည့္ တြင္း၏အနက္ကို ေသခ်ာျမင္ႏိုင္မည္မဟုတ္။ ထိုေနရာႀကီးထဲမွ ေယာင္အေလာင္းကို ဖုန္းလီ မည္သို႔မည္ပုံ ႏႈိက္ယူခဲ့ရမွန္း မသိပါေခ်။ လီတုန္႔က တြင္းအေျခအေနကို အေသအခ်ာ အစီရင္ခံၿပီးျဖစ္ေသာ္လည္း ေဘာက္မဲ့ေၾကာင့္ ယင္ဝူရႈကိုယ္တိုင္ လာၾကည့္ရမွန္း နားမလည္ႏိုင္ေတာ့။

ယင္ဝူရႈ၏လက္တစ္ဖက္က လႊတ္သည္ႏွင့္ ထြက္ေျပးေတာ့မည့္ ရွဲ႕ပိုင္၏လက္အား ခိုင္ၿမဲစြာ ဆြဲကိုင္ထားၿပီး က်န္လက္တစ္ဖက္က မီးခိုးမႈိင္းေရာင္လက္ကိုင္ပဝါျဖင့္ ႏွာေခါင္းႏွင့္ပါးစပ္ကို လုံလုံၿခဳံၿခဳံအုပ္ထား၏။ ထို႔ေနာက္ နက္နဲသည့္ မ်က္ႏွာအမူအရာျဖင့္ တြင္းအေပါက္ဝကို ငုံ႔ၾကည့္လိုက္သည္။

လီတုန္႔မွာ မည္သည့္လႈပ္ရွားမႈမွ် မလုပ္ေသးသည့္ ယင္ဝူရႈအား ျမင္ေသာ္ မေမးဘဲလည္း မေနႏိုင္ေတာ့ပါေခ်။

"အႀကီးအကဲ.. ဒီတြင္းနဲ႔ ပတ္သက္ၿပီး တစ္ခုခု ထူးဆန္းတာမ်ိဳး ရွိေနတာလား? ဒီေလာက္ေတာင္ အၾကာႀကီး ငုံ႔ၾကည့္ေနတာဆိုေတာ့"

ရွဲ႕ပိုင္က ႏွာတစ္ခ်က္ေခ်ၿပီးေနာက္ ေအးတိေအးစက္ ေျပာလိုက္၏။

"ဘယ္လက္မွ လႊတ္လို႔မရလို႔ ဒီအတိုင္းၿငိမ္ေနတာ"

လီတုန္႔ႏွင့္ ဖုန္းလီလည္း တစ္ၿပိဳင္နက္တည္း ေခါင္းေထာင္လာၿပီး ယင္ဝူရႈ၏ လက္ကိုင္ပဝါကိုင္ထားသည့္ ဘယ္ဖက္လက္ကို ၾကည့္ၿပီးေနာက္ တဖန္ ယင္ဧည့္သည္ေတာ္အား ကိုင္ထားသည့္ ညာဖက္လက္ကို ၾကည့္ျပန္၏။

".........."

အမွန္တကယ္ကိုပင္ ယင္ဝူရႈ၏ မည္သည့္လက္ကမွ အားလပ္မေနေခ်။

ဖုန္းလီက အင္မတိအင္မတန္ ေလးလံေႏွးေကြးစြာ ဆိုသည္။

"ဒီတြင္းက တကယ့္ႀကဳံေတာင့္ႀကဳံခဲပဲ.. ခုနေလးတင္က ရွာေတြ႕တဲ့ ေယာင္အေလာင္းေကာင္ရဲ႕ပုပ္နံ႔က ေတာ္ေတာ္စူးတာ.. တြင္းတစ္တြင္းလုံး ပုပ္နံ႔နဲ႔ နံေဟာင္ေနေရာ.. ဒီတြင္းထဲ ဘာသဲလြန္စကိုမွေတာ့ ရွာမေတြ႕ဘူး"

ယင္ဝူရႈက ဖုန္းလီ၏စကားကို ၾကားၿပီးေသာ္ မ်က္ခုံးႏွစ္ဖက္ ပင့္တက္သြား၏။ မည္သည့္စကားမွ် မဆိုဘဲ ဘယ္ဖက္လက္ရွိ လက္ကိုင္ပဝါကို ကုတ္အက်ႌအိတ္ကပ္ထဲ ျပန္ထည့္လိုက္သည္။ ထို႔ေနာက္ လက္ေကာက္ဝတ္ကို လႈပ္ယမ္းလိုက္ရာ သစ္ကိုင္းေျခာက္ေလးတစ္ေခ်ာင္းက လက္ေခ်ာင္းႏွစ္ခုၾကား၌ ေပၚထြက္လာ၏။ သစ္ကိုင္းေျခာက္ေလးက သစ္ေမႊးရနံ႔သင္းသင္းေလး ထုတ္လႊတ္ေပးလ်က္ရွိၿပီး လုံးပတ္၌ ရႈပ္ေထြးလွသည့္ သစ္ထြင္းစာမ်ားကို ထြင္းထုထားသည္။ ေသးသြယ္ေသာ ေငြျဖဴေရာင္ပင့္ကူပိုးခ်ည္မွ်င္ကို သစ္ကိုင္းအလယ္၌ ခ်ည္ေႏွာင္ထားၿပီး အစြန္းတစ္ဖက္က ေအာက္သို႔ သေဘာဝဆန္စြာ တြဲေလာင္းက်ေန၏။

လက္ေခ်ာင္းႏွစ္ေခ်ာင္းကို အႀကိမ္ေရအနည္းငယ္မွ် စက္ဝိုင္းသ႑ာန္ပတ္ခ်ာလည္လွည့္လိုက္ရာ သစ္ကိုင္းေျခာက္ေလးလည္း ေရျပင္ညီမ်ဥ္းအတိုင္း စတင္လည္ပတ္ေတာ့သည္။ ထိုလႈပ္ရွားမႈကိုလိုက္၍ အလယ္၌ ရစ္ပတ္ထားေသာ ေငြျဖဴေရာင္ ပင့္ကူပိုးခ်ည္ေလးက တျဖည္းျဖည္း ရွည္ထြက္လာရာ တြင္းနက္ထဲ ျမန္ျမန္ဆန္ဆန္ ဆင္းသက္သြား၏။

L
ပင့္ကူပိုးခ်ည္မွ်င္က ေအာက္သို႔ သက္ဆင္းသြားေလ ယင္ဝူရႈ၏လက္ေခ်ာင္းအၾကားရွိ သစ္ကိုင္းေျခာက္ေလးက ခ်ီတုံခ်တုံျဖစ္ေလ။ ဦးတည္ရာရွာမရသည့္ သံလိုက္အိမ္ေျမႇာင္ပမာ။ ဟိုဖက္လည္လိုက္ သည္ဖက္လည္လိုက္ျဖင့္ အခ်ိန္အတန္ၾကာ လည္ပတ္ေနၿပီးေနာက္မွ ႐ုတ္ခနဲ ျဖည္းျဖည္းမွန္မွန္ ရပ္တန္႔သြား၏။ ထိုအခ်ိန္၌ ယင္ဝူရႈ၏ႏႈတ္ခမ္းစြန္းမ်ားက အထက္သို႔ ေကြးတက္သြားသည္။ ပ်င္းရိေလးတြဲ႕စြာျဖင့္ သစ္ကိုင္းေျခာက္ေလးကို ခ်ာလည္လွည့္ရင္း ပင့္ကူပိုးခ်ည္မွ်င္ေလးအား ျဖည္းျဖည္းခ်င္း ျပန္႐ုတ္သိမ္းေန၏။

လီတုန္႔ႏွင့္ ဖုန္းလီတို႔မွာေတာ့ စပ္မစုဘဲ မေနႏိုင္ေတာ့။ ႏွစ္ဦးလုံး သစ္ကုလားအုတ္ပမာ လည္ပင္းတေထာင္ေထာင္ျဖင့္ တြင္းေပါက္ဝအား အာ႐ုံဝင္စားစြာ ေစာင့္ၾကည့္ေနေလသည္။ ရွည္လ်ားလွသည့္ ပင့္ကူပိုးခ်ည္က ႐ုတ္ခနဲ တန္႔သြား၏။ တြင္းေပါက္ဝမွ ထြက္လာသည့္ အခိုက္အတန္႔ ပင့္ကူပိုးခ်ည္၏အဆုံး၌ ထူးထူးဆန္းဆန္းအရာတစ္ခု ခ်ိတ္ပါလာသည္ကို ျမင္ေတြ႕ရေလသည္။ ထိုအရာက လက္သီးဆုပ္ထက္ ႀကီး၏။ နဂိုမူလအေရာင္က အလြန္တရာနက္ေမွာင္လြန္းေနကာ အနီရိပ္လည္း အနည္းငယ္သန္းေန၏။ ပါးလႊာသည့္ အျဖဴေရာင္အေျမႇးပါးမ်ားက မ်က္ႏွာျပင္အႏွံ႔ ရစ္ပတ္ထားသည္။

တစ္ခ်ိန္လုံး မ်က္ႏွာေသျဖင့္ ေစာင့္ေနခဲ့ေသာ ရွဲ႕ပိုင္သည္ပင္ ေနာက္ဆုံးေတာ့ ေအာင့္မထားႏိုင္ေတာ့ဘဲ တြင္းေပါက္ဝသို႔ ေခါင္းေစာင္းၾကည့္လာ၏။ ထို႔ေနာက္ ခ်က္ခ်င္းမဆိုင္း ျပန္လွည့္သြားသည္။

မ်က္ေတာင္တစ္ဖ်တ္အခတ္မွာပင္ ယင္ဝူရႈက ထူးဆန္းေထြလာအရာႏွင့္အတူ သစ္ကိုင္းေျခာက္၊ ပင့္ကူပိုးမွ်င္တို႔ကို သိမ္းဆည္းလိုက္ေလ၏။

မိန္းေမာေတြေဝေနသည့္ လီတုန္႔က အေမးျပဳလိုက္သည္။

"အႀကီးအကဲ အဲ့ဒါဘာလဲ?"

ယင္ဝူရႈ : "ႏွလုံး အမ္..."

လီတုန္႔ : "ခ်ီး.. ဘယ္သူ႔ႏွလုံးက အဲ့ေလာက္ ႐ြံစရာေကာင္းေနရတာလဲ? အားအားယားယားပဲ.. ကိုယ္ထဲက ထုတ္ၿပီး ဒီလိုေနရာႀကီးမွာ ျမဳပ္ထားရလား?"

ယင္ဝူရႈက ၿငိမ္းခ်မ္းျခင္း သ႐ုပ္ျဖင့္ ခပ္ဖြဖြေလး အၿပဳံးမံလိုက္၏ : "ငါ့ဟာပါ"

အေတြးမ်ား တစ္စစီ က်ိဳးပဲ့သြားေသာ လီတုန္႔ႏွင့္ ဖုန္းလီ : "........................................................."

သို႔ေသာ္ ၿပဳံးတုံ႔တုံ႔ျဖင့္ ရွင္းလင္းေျပာျပေနေသာ သူတို႔၏အႀကီးအကဲကိုယ္တိုင္မွာေတာ့ တူးေဖာ္ေတြ႕ရွိသည့္အရာက အိုးလုံပိတ္၍ ႏွပ္ထားသည့္ ဘဲဦးေႏွာက္ ျဖစ္ေနသည့္ပမာ။ ထို႔ေနာက္ ေခါင္းလွည့္ကာ ရွဲ႕ပိုင္အား ေမးလိုက္၏။

"ေရွာင္ပိုင္ ေဟး ဟိုဖက္မလွည့္သြားနဲ႔ေလ.. ငါ အတည္ေမးမလို႔.. ခုနက ေယာင္အေလာင္းကို တူးထုတ္ထားတာဆိုေတာ့ သူ႔အျမဳေတကေရာ? ေယာင္အေလာင္းကို ဒီလိုေနရာမ်ိဳးမွာ တူးဖို႔က ေတာ္ေတာ္ေလး ထူးဆန္းေနတာ"

ေရွာင္ပိုင္က ျပန္ေျဖ၏။

"ကြၽန္ေတာ္ သိမ္းထားတယ္"

အေနာက္၌ တိတ္တဆိတ္ ရပ္ေန​ေသာ ဖုန္းလီႏွင့္ လီတုန္႔မွာေတာ့ မိမိရင္ဘတ္သာမိမိ ျပန္ပုတ္ေနလိုက္ေတာ့သည္။ လီတုန္႔က စကၠဴလုံးေလးကို ဖုန္းလီထံ ပစ္ေပးလိုက္၏။

"ဒီဘိုးေတာ္ႏွစ္ေယာက္ကေတာ့ေလ..  ၾကည့္လို႔ေရာ ေကာင္းၾကေသးရဲ႕လား?? တစ္ေယာက္က ဝါသနာအရ ေတြ႕ကရာ ႏွလုံး လိုက္လိုက္ေကာက္တယ္.. ေနာက္တစ္ေယာက္က်ေတာ့ အျမဳေတလိုက္သိမ္းတဲ့ေနရာမွာ ဆရာႀကီး.. *ပိတ္တစ္ထည္ထဲက ထြက္တဲ့အစေတြပဲ.. ႏွစ္ေယာက္လုံး ဆိုက္ကိုေတြ"

[T/N- ပိတ္တစ္ထည္ထဲက ထြက္တဲ့အစေတြဆိုတာ တစ္ေယာက္ႏွင့္တစ္ေယာက္ စ႐ိုက္တူေတြ၊ တစ္ပုံစံတည္းေတြလို႔ ေျပာခ်င္တာပါ။]

အဆုံးတြင္ေတာ့ ဖုန္းလီလည္း ေအာင့္မထားႏိုင္ေတာ့။

"ေနပါဦး.. ပိတ္စတစ္စတည္းကို ညႇပ္ထားၾကတယ္လို႔ ဘာလို႔ေျပာတာလဲ?"

Photo Credit to the Original Arist.

✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️

Continue Reading

You'll Also Like

2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
269K 21.9K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
1.2M 62.3K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
705K 30.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...