(zawgyi)
ဝိညာဥ္?
အသက္ရွင္ေနေပမယ့္ လူေတြ အတြက္ေတာ့ ကၽြန္ေတာ္ဟာ မျမင္ႏိုင္တဲ့ ဝိညာဥ္တစ္ခုလို . .
သူတို႔ေျပာတာက မ်က္လွည့္ပညာရွင္တစ္ေယာက္လို ကၽြန္ေတာ္က ျမင္ကြင္းကေန ဖ်တ္ခနဲ ေပ်ာက္ေပ်ာက္သြားတတ္တယ္တဲ့။
ဒါေပမယ့္ ကၽြန္ေတာ့္ကို သူတို႔ တကယ္ အေရးစိုက္ၾကတာမွ မဟုတ္ဘဲ။
မိဘအရင္းေတြေတာင္ ကၽြန္ေတာ့္ျဖစ္တည္မႈကို ဂရုမစိုက္ၾကဘူးေလ။
အဲ့တာေၾကာင့္ပဲ အေမက ထားသြားၿပီး အေဖက ကၽြန္ေတာ့္ အေတြးကို တစ္ခ်က္ေတာင္ မေမး၊ ေနာက္အိမ္ေထာင္ျပဳခဲ့တာေပါ့။
'ေကာင္ေလးက လူမႈေရး မသိတတ္လိုက္တာ'
'စာေတာ္ေပမယ့္ ဆက္ဆံေရးမေကာင္းမွေတာ့ ဘာလုပ္မွာလဲ'
'မိဘေတြက သူ႔အစ္မကို ပိုခ်စ္တာလည္း မေျပာနဲ႔၊ အငယ္ေကာင္က အျမဲ ဘုကလန္႔ေလ'
'သူ႔အစ္မနဲ႔ တစ္ျခားစီပဲေနာ္'
'အစ္မကိုေတာ့ လူတိုင္း ခ်စ္ၾကတာ။ ေက်ာင္းမွာလည္း သတင္းေကာင္းေတြနဲ႔ ေမႊးေနတာပဲ။ ေဖာ္ေဖာ္ေရြေရြေလးဆိုေတာ့ သူငယ္ခ်င္းေတြလည္း မ်ားတာေပါ့'
'ေကာင္ေလးက သူငယ္ခ်င္းလဲ တစ္ေယာက္မွ ရွိပံုမေပၚဘူး'
ဒါေတြဟာ ေသြးသားမေတာ္စပ္တဲ့ ကၽြန္ေတာ့္ အစ္မ Dohyun နဲ႔ ယွဥ္ရင္ ၾကားရေနက် စကားေတြေပါ့။
သူတို႔ရဲ႕ နာမည္မေျပာနဲ႔၊ တစ္ခါမွေတာင္ မျမင္ဘူးတဲ့ သူေတြက ကၽြန္ေတာ့္ကို ေဝဖန္၊ မေကာင္းေျပာႏိုင္တဲ့ အခြင့္အေရးေတြ ရွိေနတယ္လို႔ ထင္ေနၾကတာလည္း သိပ္စိတ္ပ်က္ေကာင္းလြန္း၏။
တစ္စံုတစ္ေယာက္နဲ႔ အျမဲတမ္း ယွဥ္ခံေနရတယ္ဆိုေပမယ့္လည္း သူမ အေပၚေတာ့ မနာလိုတာေတြ၊ မုန္းတီးတာေတြ၊ အဲ့လိုခံစားခ်က္ေတြ ဘယ္ေတာ့မွ မရွိခဲ့ဖူးပါဘူး။
ကၽြန္ေတာ္တို႔ၾကားက ဆက္ဆံေရးက သိပ္မေကာင္းေပမယ့္ အမွန္တိုင္း ဝန္ခံရရင္ ကၽြန္ေတာ္ Dohyun ကို အားက်မိ၏။ သူမက ေတြ႕တဲ့လူနဲ႔ ခ်က္ခ်င္းပင္ ပနံသင့္ မိတ္ေဆြဖြဲ႕ႏိုင္တဲ့ အေျခအေနမွာ ကၽြန္ေတာ္ကေတာ့ ေခါင္းထဲမွာ စာေၾကာင္းေတြစီၿပီးမွသာ စကားေျပာႏိုင္တဲ့သူေလ။
မဟုတ္ရင္ ပါးစပ္ဟလိုက္တာနဲ႔ စကားလံုးေတြက ေခြးအ လွည္းနင္းခံရသလို အထစ္ထစ္ အ,အအနဲ႔။
ဒါေပမယ့္လည္း ဘာလုပ္လုပ္ အသိအမွတ္ျပဳမခံရတဲ့အျပင္ အေၾကာင္းမရွိ ျပစ္တင္ေျပာဆိုေနတာေတြ ခံေနရတာ ကၽြန္ေတာ္ေတာ့ သိပ္ပင္ပန္းေနၿပီ။
အဲ့လိုကေနပဲ 'အရိပ္ နဲ႔ အေမွာင္' ဟာ ကၽြန္ေတာ့္အတြက္ အလံုျခံဳဆံုးေနရာ ျဖစ္လာတာဟာလည္း မထူးဆန္းပါဘူး။
"ေဘာလံုးကို သတိထား! ေရွာင္လိုက္!"
သတိေပးသံက ေနာက္က်လြန္းသည္။ ဘယ္က ေရာက္လာမွန္းမသိတဲ့ ေဘာလံုးက ကၽြန္ေတာ့္ မ်က္ႏွာတည့္တည့္ကို လာမွန္ၿပီးခဲ့ၿပီ။
ျပင္းအားေၾကာင့္ ေျမႀကီးေပၚ ေနာက္ျပန္လွန္က်တဲ့အခ်ိန္ ၾကယ္ေတြ လေတြသာမက စၾကာဝဠာတစ္ခုလံုး ကၽြန္ေတာ္ ျမင္သြားတာေတာ့ အမွန္။
ႏွာေခါင္းရုိးက်ိဳးၿပီလားေတာင္ ထင္ရ၏။
တကယ္က ဒီမနက္ ေျဖခဲ့တဲ့ စာေမးပြဲေၾကာင့္ အေတြးမ်ိဳးစံုေပါက္ေနတာ ပတ္ဝန္းက်င္ကို သတိမထားခဲ့မိဘူးေလ။ အဲ့ေတာ့လည္း ကိုယ့္အျပစ္နဲ႔ကိုယ္ေပါ့။
"ေတာင္းပန္ပါတယ္ဗ်ာ။ ကန္လိုက္တာ နည္းနည္း ျပင္းသြားလို႔ ေဘာလံုးက အဲ့ဘက္ လႊင့္ထြက္သြားခဲ့တာ။ အဆင္ေျပရဲ႕လား?"
ေဘာလံုးအသင္းက ျဖစ္ဟန္တူတဲ့ ေကာင္ေလးတစ္ေယာက္က လာဆြဲထူေပးပါသည္။
ေခါင္းက 360° ပတ္ပတ္လည္ မူးေနၿပီး ျမင္ကြင္းကပါ ေဝဝါးလာတာမို႔လို႔ ဘယ္သူလဲဆိုတာေတာ့ ကၽြန္ေတာ္ သတိမထားမိခဲ့။
"ဒုကၡပါပဲ။ ႏွာေခါင္းက ေသြးထြက္ေနၿပီ"
အထိတ္အလန္႔ေျပာသံေၾကာင့္ ႏွာေခါင္းကို စမ္းၾကည့္လိုက္ေတာ့ လက္မွာ ေပစြန္းလာတဲ့ ေသြးစ အနည္းငယ္။
ႏွာေခါင္းရုိးေတာ့ သြားၿပီထင္ပါရဲ႕။
လန္႔သြားၿပီး ရုတ္တရက္ ထရပ္လိုက္ေတာ့ ေခါင္းကပါ ပတ္ခ်ာလည္မူးေနတာေၾကာင့္ ေျခေထာက္က မခိုင္၊ ယိုင္သြားမိ၏။
ထိုေကာင္ေလးသာ ကၽြန္ေတာ့္ လက္ေမာင္းကို အျမန္ ဖမ္းမဆြဲလိုက္ခဲ့ရင္ ေမွာက္လ်က္ ထပ္လဲဦးမွာ။
"အဆင္ေျပတဲ့ပံုမေပၚဘူး။ ေက်ာင္းေဆးခန္းကို သြားရေအာင္"
"ရတယ္ ဘာမွမျဖစ္ပါဘူး။ ကိုယ့္ဘာသာကိုယ္ သြားလိုက္မယ္။ ေလ့က်င့္ေရး ရွိေသးတယ္မလား? အလုပ္ရႈပ္မခံပါနဲ႔"
ေခါင္းမူးေနတာ နည္းနည္းသက္သာသြားဖို႔ တစ္ခ်က္ႏွစ္ခ်က္ေလာက္ ဖိရိုက္လိုက္ေတာ့ သူက လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ကာ တားသည္။
"ကၽြန္ေတာ့္ေၾကာင့္ ျဖစ္တာဆိုေတာ့ ကၽြန္ေတာ္ လိုက္ပို႔ပါရေစ။ မဟုတ္ရင္ ေလ့က်င့္ေရးထဲလည္း ကၽြန္ေတာ္ စိတ္ေရာက္မွာ မဟုတ္ဘူး"
ေခါင္းမာလြန္းေနေတာ့လည္း ကၽြန္ေတာ္ မျငင္းႏိုင္ေတာ့၊ ေခါင္းသာၿငိမ့္ျပလိုက္၏။
ေဆးခန္းမွာ သူနာျပဳဆရာမက ႏွာေခါင္းကို ေသြးတိတ္ေအာင္လုပ္ေပးၿပီး အကိုက္အခဲ ေပ်ာက္ေဆးေတြ ေသာက္ၿပီးေတာ့မွပဲ ထိုေကာင္ေလးက ဘယ္သူမွန္း ကၽြန္ေတာ္ သတိထားမိေတာ့သည္။
Mark Lee . .
အေပါင္းအသင္းမရွိ၊ လူေတာမတိုးတဲ့သူဆိုေပမယ့္ Mark Lee ကို မသိရေလာက္ေအာင္ေတာ့ ကၽြန္ေတာ္ မတံုးေသး။
အေတာ္ဆံုး ေက်ာင္းသားေတြထဲက တစ္ေယာက္၊ ေက်ာင္းရဲ႕ နာမည္ႀကီး ေဘာလံုးအသင္းရဲ႕ captain၊ ခ်မ္းသာတဲ့မိသားစုက ဆင္းသက္လာတဲ့ တစ္ဦးတည္းေသာသား၊ ေက်ာင္းသားအားလံုး ေလးစားၾကတဲ့ စီနီယာ၊ Dohyun အပါအဝင္ ေက်ာင္းက မိန္းကေလးအားလံုးနီးပါး ႀကိဳက္တဲ့ ပ်ိဳတိုင္းႀကိဳက္ ႏွင္းဆီခိုင္၊ အႏွစ္ခ်ဳပ္ေျပာရရင္ ျပစ္ကြက္တစ္ခု မရွိ၊ အရာအားလံုး ျပည့္စံုတဲ့သူေပါ့။
ကၽြန္ေတာ္ေတာ့ ဒုကၡလွလွ ေတြ႕တာပဲ။
---------------------
(unicode)
ဝိညာဉ်?
အသက်ရှင်နေပေမယ့် လူတွေ အတွက်တော့ ကျွန်တော်ဟာ မမြင်နိုင်တဲ့ ဝိညာဉ်တစ်ခုလို . .
သူတို့ပြောတာက မျက်လှည့်ပညာရှင်တစ်ယောက်လို ကျွန်တော်က မြင်ကွင်းကနေ ဖျတ်ခနဲ ပျောက်ပျောက်သွားတတ်တယ်တဲ့။
ဒါပေမယ့် ကျွန်တော့်ကို သူတို့ တကယ် အရေးစိုက်ကြတာမှ မဟုတ်ဘဲ။
မိဘအရင်းတွေတောင် ကျွန်တော့်ဖြစ်တည်မှုကို ဂရုမစိုက်ကြဘူးလေ။
အဲ့တာကြောင့်ပဲ အမေက ထားသွားပြီး အဖေက ကျွန်တော့် အတွေးကို တစ်ချက်တောင် မမေး၊ နောက်အိမ်ထောင်ပြုခဲ့တာပေါ့။
'ကောင်လေးက လူမှုရေး မသိတတ်လိုက်တာ'
'စာတော်ပေမယ့် ဆက်ဆံရေးမကောင်းမှတော့ ဘာလုပ်မှာလဲ'
'မိဘတွေက သူ့အစ်မကို ပိုချစ်တာလည်း မပြောနဲ့၊ အငယ်ကောင်က အမြဲ ဘုကလန့်လေ'
'သူ့အစ်မနဲ့ တစ်ခြားစီပဲနော်'
'အစ်မကိုတော့ လူတိုင်း ချစ်ကြတာ။ ကျောင်းမှာလည်း သတင်းကောင်းတွေနဲ့ မွှေးနေတာပဲ။ ဖော်ဖော်ရွေရွေလေးဆိုတော့ သူငယ်ချင်းတွေလည်း များတာပေါ့'
'ကောင်လေးက သူငယ်ချင်းလဲ တစ်ယောက်မှ ရှိပုံမပေါ်ဘူး'
ဒါတွေဟာ သွေးသားမတော်စပ်တဲ့ ကျွန်တော့် အစ်မ Dohyun နဲ့ ယှဉ်ရင် ကြားရနေကျ စကားတွေပေါ့။
သူတို့ရဲ့ နာမည်မပြောနဲ့၊ တစ်ခါမှတောင် မမြင်ဘူးတဲ့ သူတွေက ကျွန်တော့်ကို ဝေဖန်၊ မကောင်းပြောနိုင်တဲ့ အခွင့်အရေးတွေ ရှိနေတယ်လို့ ထင်နေကြတာလည်း သိပ်စိတ်ပျက်ကောင်းလွန်း၏။
တစ်စုံတစ်ယောက်နဲ့ အမြဲတမ်း ယှဉ်ခံနေရတယ်ဆိုပေမယ့်လည်း သူမ အပေါ်တော့ မနာလိုတာတွေ၊ မုန်းတီးတာတွေ၊ အဲ့လိုခံစားချက်တွေ ဘယ်တော့မှ မရှိခဲ့ဖူးပါဘူး။
ကျွန်တော်တို့ကြားက ဆက်ဆံရေးက သိပ်မကောင်းပေမယ့် အမှန်တိုင်း ဝန်ခံရရင် ကျွန်တော် Dohyun ကို အားကျမိ၏။ သူမက တွေ့တဲ့လူနဲ့ ချက်ချင်းပင် ပနံသင့် မိတ်ဆွေဖွဲ့နိုင်တဲ့ အခြေအနေမှာ ကျွန်တော်ကတော့ ခေါင်းထဲမှာ စာကြောင်းတွေစီပြီးမှသာ စကားပြောနိုင်တဲ့သူလေ။
မဟုတ်ရင် ပါးစပ်ဟလိုက်တာနဲ့ စကားလုံးတွေက ခွေးအ လှည်းနင်းခံရသလို အထစ်ထစ် အ,အအနဲ့။
ဒါပေမယ့်လည်း ဘာလုပ်လုပ် အသိအမှတ်ပြုမခံရတဲ့အပြင် အကြောင်းမရှိ ပြစ်တင်ပြောဆိုနေတာတွေ ခံနေရတာ ကျွန်တော်တော့ သိပ်ပင်ပန်းနေပြီ။
အဲ့လိုကနေပဲ 'အရိပ် နဲ့ အမှောင်' ဟာ ကျွန်တော့်အတွက် အလုံခြုံဆုံးနေရာ ဖြစ်လာတာဟာလည်း မထူးဆန်းပါဘူး။
"ဘောလုံးကို သတိထား! ရှောင်လိုက်!"
သတိပေးသံက နောက်ကျလွန်းသည်။ ဘယ်က ရောက်လာမှန်းမသိတဲ့ ဘောလုံးက ကျွန်တော့် မျက်နှာတည့်တည့်ကို လာမှန်ပြီးခဲ့ပြီ။
ပြင်းအားကြောင့် မြေကြီးပေါ် နောက်ပြန်လှန်ကျတဲ့အချိန် ကြယ်တွေ လတွေသာမက စကြာဝဠာတစ်ခုလုံး ကျွန်တော် မြင်သွားတာတော့ အမှန်။
နှာခေါင်းရိုးကျိုးပြီလားတောင် ထင်ရ၏။
တကယ်က ဒီမနက် ဖြေခဲ့တဲ့ စာမေးပွဲကြောင့် အတွေးမျိုးစုံပေါက်နေတာ ပတ်ဝန်းကျင်ကို သတိမထားခဲ့မိဘူးလေ။ အဲ့တော့လည်း ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့။
"တောင်းပန်ပါတယ်ဗျာ။ ကန်လိုက်တာ နည်းနည်း ပြင်းသွားလို့ ဘောလုံးက အဲ့ဘက် လွှင့်ထွက်သွားခဲ့တာ။ အဆင်ပြေရဲ့လား?"
ဘောလုံးအသင်းက ဖြစ်ဟန်တူတဲ့ ကောင်လေးတစ်ယောက်က လာဆွဲထူပေးပါသည်။
ခေါင်းက 360° ပတ်ပတ်လည် မူးနေပြီး မြင်ကွင်းကပါ ဝေဝါးလာတာမို့လို့ ဘယ်သူလဲဆိုတာတော့ ကျွန်တော် သတိမထားမိခဲ့။
"ဒုက္ခပါပဲ။ နှာခေါင်းက သွေးထွက်နေပြီ"
အထိတ်အလန့်ပြောသံကြောင့် နှာခေါင်းကို စမ်းကြည့်လိုက်တော့ လက်မှာ ပေစွန်းလာတဲ့ သွေးစ အနည်းငယ်။
နှာခေါင်းရိုးတော့ သွားပြီထင်ပါရဲ့။
လန့်သွားပြီး ရုတ်တရက် ထရပ်လိုက်တော့ ခေါင်းကပါ ပတ်ချာလည်မူးနေတာကြောင့် ခြေထောက်က မခိုင်၊ ယိုင်သွားမိ၏။
ထိုကောင်လေးသာ ကျွန်တော့် လက်မောင်းကို အမြန် ဖမ်းမဆွဲလိုက်ခဲ့ရင် မှောက်လျက် ထပ်လဲဦးမှာ။
"အဆင်ပြေတဲ့ပုံမပေါ်ဘူး။ ကျောင်းဆေးခန်းကို သွားရအောင်"
"ရတယ် ဘာမှမဖြစ်ပါဘူး။ ကိုယ့်ဘာသာကိုယ် သွားလိုက်မယ်။ လေ့ကျင့်ရေး ရှိသေးတယ်မလား? အလုပ်ရှုပ်မခံပါနဲ့"
ခေါင်းမူးနေတာ နည်းနည်းသက်သာသွားဖို့ တစ်ချက်နှစ်ချက်လောက် ဖိရိုက်လိုက်တော့ သူက လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ တားသည်။
"ကျွန်တော့်ကြောင့် ဖြစ်တာဆိုတော့ ကျွန်တော် လိုက်ပို့ပါရစေ။ မဟုတ်ရင် လေ့ကျင့်ရေးထဲလည်း ကျွန်တော် စိတ်ရောက်မှာ မဟုတ်ဘူး"
ခေါင်းမာလွန်းနေတော့လည်း ကျွန်တော် မငြင်းနိုင်တော့၊ ခေါင်းသာငြိမ့်ပြလိုက်၏။
ဆေးခန်းမှာ သူနာပြုဆရာမက နှာခေါင်းကို သွေးတိတ်အောင်လုပ်ပေးပြီး အကိုက်အခဲ ပျောက်ဆေးတွေ သောက်ပြီးတော့မှပဲ ထိုကောင်လေးက ဘယ်သူမှန်း ကျွန်တော် သတိထားမိတော့သည်။
Mark Lee . .
အပေါင်းအသင်းမရှိ၊ လူတောမတိုးတဲ့သူဆိုပေမယ့် Mark Lee ကို မသိရလောက်အောင်တော့ ကျွန်တော် မတုံးသေး။
အတော်ဆုံး ကျောင်းသားတွေထဲက တစ်ယောက်၊ ကျောင်းရဲ့ နာမည်ကြီး ဘောလုံးအသင်းရဲ့ captain၊ ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ တစ်ဦးတည်းသောသား၊ ကျောင်းသားအားလုံး လေးစားကြတဲ့ စီနီယာ၊ Dohyun အပါအဝင် ကျောင်းက မိန်းကလေးအားလုံးနီးပါး ကြိုက်တဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်၊ အနှစ်ချုပ်ပြောရရင် ပြစ်ကွက်တစ်ခု မရှိ၊ အရာအားလုံး ပြည့်စုံတဲ့သူပေါ့။
ကျွန်တော်တော့ ဒုက္ခလှလှ တွေ့တာပဲ။
×T B C×