အကြွေစေ့လေးတစ်စေ့ [Completed]

By Yin-2323

229K 34.9K 1.8K

အကြွေစေ့လေးတစ်စေ့ [၀ူးကျယ်] More

Story Description
အပိုင်း၁[U]
အပိုင်း၂[U]
အပိုင်း၃[U]
အပိုင်း၆[U]
အပိုင်း၄[U]
အပိုင်း၇[U]
အပိုင်း၅[U]
အပိုင်း၈[U]
အပိုင်း၉[U]
အပိုင်း၁၀[U]
အပိုင်း၁၁[U]
အပိုင်း၁၂[U]
အပိုင်း၁၃[U]
အပိုင်း၁၄[U]
အပိုင်း၁၅[U]
အပိုင်း၁၆[U]
အပိုင်း၁၇[U]
အပိုင်း၁၈[U]
အပိုင်း၁၉[U]
အပိုင်း၂၀[U]
အပိုင်း၂၁[U]
အပိုင်း၂၂[U]
အပိုင်း၂၃[U]
အပိုင်း၂၄[U]
အပိုင်း၂၅[U]
အပိုင်း၂၆[U]
အပိုင်း၂၇[U]
အပိုင်း၂၈[U]
အပိုင်း၂၉[U]
အပိုင်း၃၀[U]
အပိုင်း၃၁[U]
အပိုင်း၃၂[U]
အပိုင်း၃၃[U]
အပိုင်း၃၄[U]
အပိုင်း၃၅[U]
အပိုင်း၃၆[U]
အပိုင်း၃၇[U]
အပိုင်း၃၈[U]
အပိုင်း၃၉[U]
အပိုင်း၄၀[U]
အပိုင်း၄၁[U]
အပိုင်း၄၂[U]
အပိုင်း၄၃[U]
အပိုင်း၄၄[U]
အပိုင်း၄၅[U]
အပိုင်း၄၆[U]
အပိုင်း၄၇[U]
အပိုင်း၄၈[U]
အပိုင်း၄၉[U]
အပိုင်း၅၀[U]
အပိုင်း၅၁[U]
အပိုင်း၅၂[U]
အပိုင်း၅၃[U]
အပိုင်း၅၄[U]
အပိုင်း၅၆[U]
အပိုင်း၅၇[U]
အပိုင်း၅၈[U]
အပိုင်း၅၉[U]
အပ်ိုင်း၆၀[U]
အပိုင်း၆၁[U]
အပိုင်း၆၂[U]
အပိုင်း၆၃[U]
အပိုင်း၆၄[U]
အပိုင်း၆၅[U]
အပိုင်း၆၆[U]
အပိုင်း၆၇[U]
အပိုင်း၆၈[U]
အပိုင်း၆၉[U]
အပိုင်း၇၀[U]
အပိုင်း၇၁[U]
အပ်ိုင်း၇၂[U]
အပိုင်း၇၃[U]
အပိုင်း၇၄[U]
အပိုင်း၇၅[U]
အပိုင်း၇၆[U]
အပိုင်း၇၇[U]
အပိုင်း၇၈[U]
အပိုင်း၇၉[U]
အပိုင်း၈၀[U]
အပိုင်း၈၁[U]
အပိုင်း၈၂[U]
အပိုင်း၈၃[U]
အပိုင်း၈၄[U]
အပိုင်း၈၅[U]
အပိုင်း၈၆[U]
အပိုင်း၈၇[U]
အပိုင်း၈၈[U]
အပိုင်း၈၉[U]
အပိုင်း၉၀[U]
အပိုင်း၉၁[U]
အပိုင်း၉၂[U]
အပိုင်း၉၃ [U]
အပိုင်း၉၄[U]
အပိုင်း၉၅[U]
အပိုင်း၉၆[U]
အပိုင်း၉၇[U]
အပိုင်း၉၈[U]
အပိုင်း၉၉[U]
အပိုင်း၁၀၀[U]
အပိုင်း၁၀၁[U]
အပိုင်း၁၀၂[U]
အပိုင်း၁၀၃[U]
အပိုင်း၁၀၄[U]
အပိုင်း၁၀၅[U]
အပိုင်း၁၀၆-Extra1[U]
အပိုင်း၁၀၇-Extra2[U]
အပိုင်း၁၀၈-Extra3[U]
အပိုင်း၁၀၉-Extra4[U]
အပိုင်း၁၁၀-Extra5(End)
Photos

အပိုင်း၅၅[U]

1.8K 352 25
By Yin-2323

一个钢镚儿(A lucky coin)

အပိုင်း၅၅

မေ့ဆေးက အလုံးစုံ ပျယ်သွားရာ ၊ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရါက တဆစ်ဆစ်နှင့် စတင်၍ နာလာသည်။ယမ့်ဟန်က အတော်လေး သည်းခံနိုင်သူဟု ပြော၍ ရသည်။ဒီလို နာကျင်မှုမျိုးက သူ့အတွက်တော့ အရမ်းပြင်းထန်သည်ဟု သတ်မှတ်၍ မရပေ။သ်ု့သော်လည်း အချိန်အကြာကြီးတော့ သည်းမခံနိုင်ပေ။

သူ တစ်ချိန်လုံး အိပ်ပျော်သွားအောင် ကြိုးစားနေမိသည်။အသက်ရှူနှုန်းကို ထိန်းညှိ၍ ၊ သက်သောင့်သက်သာ ဖြစ်အောင် လုပ်လိုက်ကာ ၊ စည်းချက် အလိုက် အသက်ကို ရှူသွင်းနေလိုက်သည်။သို့သော်လည်း နောက်ဆုံးမှာတော့ နည်းနည်းလောက် အိပ်ချင်လာသလို ဖြစ်သွားသော်လည်း ၊ တကယ်အိပ်မပျော်ပေ။

ဘယ်ဘက်လက်၏ လက်ခုံပေါ်တွင် အပ်ကို တစ်ချိန်လုံး ထိုးထားသည်။ရေတစ်ခါမှ မဆွဲဖူးခဲ့သည့် သူ့အတွက်ကတော့ ၊ နည်းနည်း နာသည်ပင်။

လက်ခုံကနေ ပခုံးအထိ တစ်လျှောက်လုံးက နာကျင်နေပြီး ၊ အေးလည်း အေးနေရာ ၊ ထိန်းချုပ်၍ မရပဲ နည်းနည်း လှုပ်ရှားနေမိသည်။

အစကတော့ တော်တော်လေး စိတ်၀င်စရာ ကောင်းသည်ဟု သူ ထင်မိသေးသည်။ချူးယိက ကုတင်ဘေးနားတွင် မှီနေရင်း ၊ သူ့လက်တစ်ခါ လှုပ်သွားတိုင်း ၊ လက်ချောင်းထိပ်ကို အသာလေး တစ်ချက်တို့ပေးနေသည်။နောက်တစ်ကြိမ် လှုပ်လိုက်လျှင် ၊ နောက်တစ်ခေါက် ပြန်တို့ပေးသည်။သူ ငါးမျှားနေသလို ခံစားချက်မျိုး ခံစားလိုက်ရသည်။

ငါးစာကို တစ်ချက် လှုပ်လိုက်တိုင်း ၊ ငါးငတုံးလေးက တစ်ခါလာထိပြီး ထွက်ပြေးသွားပြန်သည်။

ငါးက အစာကို ကိုက်လိုက်သည့် အခါကျမှသာ နည်းနည်း မူမမှန်နေကြောင်းကို သူ သတိထားလိုက်မိသည်။သို့သော်လည်း သူ မလှုပ်ရဲပေ။

ချူးယိက ခြေသံဖွဖွလေး လျှောက်၍ လူနာခန်းထဲကနေ ထွက်ကာ တံခါးကို သေချာပြန်ပိတ်ပေးသွားသည့် နောက်မှသာ ၊ သူ သက်ပြင်းအသာ ချလိုက်ပြီး ၊ တစ်ချိန်လုံးစောင်းထားသည့် ခေါင်းကို ပြန်လှည့်လိုက်သည်။လည်ပင်းပင် နာနေလေပြီ။

သူ့ လက်ချောင်းထိပ်ကို နောက်ဆုံး တို့ပေးလာသည့် အရာမှာ ၊ ချူးယိ၏ လက်ချောင်းမဟုတ်ပေ။ချူးယိ၏ နှုတ်ခမ်း.....ဖြစ်နိုင်သည်။

ဖွဖွလေး တစ်ချက် ထိသွားသည် ဆိုသော်လည်း ၊ အထိအတွေ့က မတူညီသည်မှာ အတော်လေး သိသာလှသည်။

လူနာခန်း တံခါးဘက်ဆီကို ယမ့်ဟန် တစ်ချက်လှမ်းကြည့်လိုက်ပြီး ၊ မျက်လုံးကို ပြန်မှိတ်လိုက်မိသည်။

ရန်ဖြစ်လျှင် သတိထားရမည် ၊ ကြီးကြီးမားမား ဒဏ်ရါ မရစေနှင့် ၊ မဟုတ်ပါက မေ့ဆေးသုံးရလျှင် ဥာဏ်ရည်တစ်၀က် ဆုံးရှုံးရတတ်သည် ဟု အရင်က အဖေအမြဲတမ်း ပြောခဲ့ဖူးသည်။

ထိုစကားကို ကြားရတိုင်း အတော်လေး ရယ်စရာကောင်းသည်ဟု သူ ထင်မိခဲ့ဖူးသည်။သို့သော်လည်း ဒီတစ်ခါ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရသည့် နောက်မှာတော့ ၊ အမြဲတမ်း ပေါက်ကရ ပြောတတ်သည့် အဖေ၏ စကားက ၊ ဒီတစ်ကြိမ်တော့ အမှန်​ ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။

မေ့ဆေးက ပြယ်သွားပြီပင်။သို့သော်လည် ခေါင်းထဲတွင် ကော်တွေ ရောပါသွားသလိုမျိုး ခံစားနေသည်။ကိစ္စခုခုက်ို နည်းနည်းလောက် တွေးရသည်ကိုပင် အတော်လေး အားကုန်လှသည်။

ဥာဏ်ရည် တစ်၀က် ကျသွားတာများလား?

အမှန်တော့ ကိစ္စမရှိပေ။အရင်က IQ 300ရှိတာကြောင့် ၊ အခု တစ်၀က်၀က်လိုက်လျှင် 150ရှိနေသေးသည်။ဥာဏ်ကြီးရှင် ဖြစ်နေဆဲပင်။

ယမ့်ဟန် ရယ်လိုက်မိသည်။

မနေ့က ဖြစ်သွားခဲ့သည့် ကိစ္စများကို အသေးစိတ် မမှတ်မိတော့ပေ။သူလည်း များများစားစား တွေးချင်စိတ်မရှိချေ။သူ ဒီအသက်ဒီအရွယ်ရောက်ချိန်တွင် ၊ သူနှင့် အင်အားအလွန်ကွာခြားလှသည့် ထိုကဲ့သ်ို့သောလူနှင့် ရင်ဆိုင်ရချိန်တွင် ဓားဖြင့် အထိုးချလိုက်ရပြီး ဆေးရုံကို ပထမဆုံး တက်လိုက်ရခြင်းဖြစ်သည်။

သေသေချာချာ မှတ်မိနေသည့် တစ်ခုတည်းသော အရာမှာ ၊ ထိုသို့ ၀င်တိုက်ခံလိုက်ရသည့် အချိန်၌ ၊ အနောက်ဘက်ရှိ ထိုလူက ညာဘက်လက်ကို မြှောက်လိုက်သည်အား သူ ခံစားလိုက်မိခြင်းပင်။ထ်ို့အပြင် ကံကောင်းစွာဖြင့် သူက ဖုန်းကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားခြင်း ဖြစ်သည်။ခန္ဓာကိုယ်တစ်ဖက်တွင် ချထားသည့် ညာဘက်လက်က ၊ ခါးပေါ်တွင် နာကျင်လာသည်ကို ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ၊ ခန္ဓာကိုယ်ထဲသို့ တစ်ဆုံးမ၀င်သွားသေးသည့် ဓားကို ဖမ်းဆုပ်လိုက်သည်။

အဲ့နောက်ပိုင်း ကိစ္စတွေက်ိုတော့ သိပ်မမှတ်မိတော့ပေ။ခါးကို ဓားဖြင့် မထိုးမိသွားဘူးလားက်ိုပင် သူ သတိမထားမိချေ။ခန္ဓာကိုယ်၏ လှုပ်ရှားမှုအကုန်လုံးက ခါး၏ အားအင်က်ို ယူဖို့ လိုအပ်နေရာ ၊ သူ မ်ိုက်ရူးရဲ မဆန်တော့ပဲ ၊ ကိုယ့်ကိုကိုယ် ကာကွယ်ရန်သာ ရွေးချယ်လိုက်တော့သည်။

သို့သော်လည်း.....သူ တစ်ချိန်လုံး စဥ်းစားလို့ မရသည့်အရာမှာ ၊ ထိုလူက ဓားဖြင့်တစ်ချက် ထိုးသည်မှလွဲ၍ ၊ နောက်ပိုင်းလှုပ်ရှားမှုများက သေစေနိုင်သည့် အားမျိုးဖြင့် ထပ်ပြီး မလှုပ်ရှားတော့ပေ။ အတွေ့အကြုံ သိပ်မရှိတာကြောင့် ဖြစ်နိုင်သလို ၊ ထ်ိုလူက ကြီးကြီးမားမား ထိခိုက်အောင် လုပ်ဖို့ မတွေးထားတာလည်း ဖြစ်နိုင်သည်။

ဘာလို့ ကြီးကြီးမားမား ထိခိုက်အောင် မလုပ်တာလဲ?

ဘာလို့ အတွေ့အကြုံမရှိတဲ့ ထိုလူက အန္တရာယ် အဖြစ်ခံပြီး သူ့က်ို တိုက်ခိုက်ရတာလဲ?ထိုဖုန်းခေါ်ဆိုမှုကြောင့်သာ မဟုတ်ပါက ၊ ထိုလူက သူ့ကို ဒဏ်ရါရအောင်တောင် လုပ်နိုင်မှာ မဟုတ်ပေ။

ထိုဖုန်းခေါ်ဆိုမှု။

ဒီနှစ်ရက်အတွင်း သူ အရှင်းလင်းဆုံး မှတ်မိနေသည့် အရာမှာ ၊ ချူးယိ၏ ထိုဖုန်းပြောသည့် ကိစ္စဟု ပြော၍ရသည်။

အတိအကျပြောရပါလျှင် ၊ ဖုန်းထဲကနေ ချူးယိပြောခဲ့သည့် ထို"ငါ မင်းကို သဘောကျတယ်" ဟူသော စကားကိုပင်။

သူ အရင်က ထိုကိစ္စကို စဥ်းစားမိဖူးခဲ့သော်လည်း ၊ သူ့အနေနှင့်ကတော့ ၊ ချူးယိမှာ ဘာကိုမှ နားမလည်သည့် ကလေးလေးတစ်ယောက်ဟု မြင်ခဲ့မိသည်။အခု အရပ်အမြင့် 180cm ရှိလာသည် ဆိုလျှင်တောင်မှ ၊ ကျောင်းတွင် "ကုန်ကော"ဟူသော အမည်ပြောင်ကို ရသွားပြီ ဆိုလျှင်တောင်မှ ၊ ရူးကြောင်ကြောင်နိုင်သည့် ကလေးလေးဟု ထင်နေဆဲပင်။

ချူးယိက ယခုလိုမျိုး ရုတ်တရက်ကြီး ၊ ထ်ိုစကားတစ်ခွန်းကို တိုက်ရိုက်ကြီး ဖွင့်ပြောလာလိမ့်မည်ဟု သူ တစ်ခါမှ မထင်မိခဲ့ဖူးပေ။

ထို့အပြင် ဘယ်လိုအဖြေပြန်ပေးလိုက်ရမလဲကို သူ အခုထိ သေချာမစဥ်းစားရသေးပေ။

တစ်ခြားလူ တစ်ယောက်ဆိုပါက ၊ သူ "ကျေးဇူးပဲ" ဆိုသည့် စကားတစ်ခွန်းက်ို ပြောလိုက်လျှင် ကိစ္စက ပြီးသွားပြီ ဖြစ်သည်။

သို့သော်လည်း ချူးယိကိုတော့ ပြော၍မဖြစ်ပေ။

ချူးယိက တစ်ခြားလူတွေနှင့် မတူပေ။ခံစားလွယ်ပြီး အထီးကျန်နေသည့်အပြင် ၊ အရာရာတိုင်းကို ဂရုတစိုက်ရှိနေတတ်သည်။

တစ်ခြားသူများနည်းတူ "ကျေးဇူးပဲ"ဟူသော စကားက်ို ပြောလိုက်ပါက ၊ ချူးယိအတွက် ပြင်ဆင်မှု မရှိသေးမှီတွင် တိုက်ခိုက်လိုက်သလို ဖြစ်သွားလိမ့်မည်။

ငါ မင်းကို သဘောကျတယ်။

ယမ့်ဟန်သည် ဘယ်ဘက်လက်ကို အနေအထားပြောင်း၍ ဗိုက်ပေါ် ဖိထားလိုက်သည်။နာကျင်မှုက တကယ်ကို ခံရခက်လှသည်။

ချူးယိက သူ့ကို သဘောကျနေသည်မှာ ၊ အတော်လေးကို သိသာလှသည်။ချူးယိက သူ့ကို သဘောကျနေမှန်း သူ တစ်လျှောက်လုံး သိနေခဲ့သည်ပင်။သူလည်း ချူးယိကို သဘေူကျနေသလိုမျိုးပင်။ချူးယိက အတော်လေး အရပ်ပုပြီး အတော်လေးလည်း ချစ်စရာကောင်းသည်ဟု ထင်မိသည်။၀မ်းနည်းနေသည့် အချိန်တွင်လည်း ချူးယိက သနားစရာ ကောင်းနေပြန်သည်။

သို့သော်လည်း ချူးယိက ခွေးရူးတစ်ကောင်ပင်။ထိုအချက်ကလည်း အရမ်းကို သိသာလှပြန်သည်။

သဘောကျခြင်းနှင့် သဘောကျခြင်းတို့၏ ကွာခြားချက်ကို ချူးယိက ကွဲကွဲပြားပြား သိရဲ့လားဆိုသည်ကိုတော့ သူလည်း သေချာမပြောတတ်ပေ။

[T/N : 喜欢和喜欢的区别=သဘောကျခြင်းနှင့် သဘောကျခြင်းတို့၏ ကွာခြားချက်။ဘယ်လိုပုံစံမျိုးနဲ့ သဘောကျတာလဲကို မသိလောက်ဘူးလို့ ပြောချင်တာပါ။]

ချူးယိက ဘယ်သူနှင့်မှ သာမန်အချင်းချင်းဆက်ဆံရေးမျိုးကိုပင် မရှိခဲ့ဖူးဘူးဟု ပြော၍ ရသည်။မိသားစု ခံစားချက်မျိုး ၊ မိတ်ဆွေသူငယ်ချင်း ခံစားချက်မျိုးကို ၊ ဘာမှ မခံစားဖူးခဲ့ပေ......

ထိုအချိန်မှာပင် ၊ ကျိုးချွမ်းရန်က သူဟာ လိင်တူစိတ်၀င်စားသူ ဖြစ်ပြီး ယောကျာ်းလေးကို သဘောကျသည်ဟု ပြောလာသည်။

နှစ်ရက် မပြည့်မှီမှာပင် ၊ ချူးယိက "ငါ မင်းကို သဘောကျတယ်"ဟု ပြောလာသည်။

ထိုအရာက စိတ်ပိုင်းဆိုင်ရာ အချက်ပေးတာလား ဒါမှမဟုတ် တကယ့်အစစ်လား?

ကြည့်ရသည်မှာတော့ ကျိုးချွမ်းရန်ကို အပြင်ခေါ်ထုတ်ပြီး တစ်ခါလောက် ရိုက်ပစ်ဖို့ လိုနေပြီပင်.....

ငါ မင်းကို သဘောကျတယ်။

ယမ့်ဟန် ခေါင်းကို စောင်းလိုက်မိသည်။လှဲနေရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်ဖြစ်သည်။တစ်ညလုံး အိပ်မပျော်သည့် အချိန်များတွင် ၊ သူ ခန္ဓာကိုယ်ကို ဘယ်လိုအနေအထားပြောင်းပြောင်း ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသလိုမျိုးပင်။အခု တစ်ရက်နှင့်တစ်ညလုံး ဒီအနေအထားအတိုင်းပဲ နေနေရတာကြောင့် ၊ ရူးတောင် ရူးချင်လာသည်။

မိမိ၏ ချူးယိကို သဘောကျမှုက ဘယ်လိုသဘောကျမှုလဲ ဆိုသည်ကို အခု သူကိုယ်တိုင်ပင် ဆုံးဖြတ်ကြည့်၍ မရပေ။

သူ ဘယ်သူ့ကိုမှ သဘောမကျခဲ့ဖူးပေ။ဒီကောင်မလေးက လှတယ် ၊ ထိုကောင်လေးက တော်တော်လေ ချောတယ် ဆိုပြီး တွေးမိခဲ့ဖူးသည်။ထိုအရာမှ လွဲ၍ သူ တစ်ခြားဘာကိုမှ မတွေးမိခဲ့ဖူးပေ။

....သို့သော်လည်း ချူးယိက တကယ်ပဲ ဘာဖြစ်နေသလဲ ဆိုသည်ကို ရှင်းလင်းအောင် မလုပ်ရသေးခင်တွင် ၊ သူကိုယ်တိုင်က ဘယ်လိုဖြစ်နေသလဲ ဆိုသည်က သိပ်ပြီး အရေးမကြီးလှပေ။

တံခါးအပြင်ဘက်တွင် ချူးယိ၏ ဖုန်းဆီမှ အသံပျံ့လွင့်လာခဲ့သည်။

ထိုကလေး ထွက်သွားသည်မှာ တံခါး၀တွင် ရပ်နေခြင်းဖြစ်သည်။အနားကနေ တစ်လက်မမှ မခွါတာနှင့် သိပ်ပြီး မကွာခြားလှပေ။

ယမ့်ဟန်မှာ ချူးယိ၏ ခန္ဓာကိုယ်အခြေအနေကို ထပ်ပြီး စိတ်ပူမိသွားပြန်သည်။လက်ဝှေ့ကို တစ်နှစ်လောက် လေ့ကျင့်ခဲ့သည့် ကုန်ကော ဆိုသော်လည်း ၊ နှစ်ရက်နှင့် တစ်ညလုံး မအိပ်ထားသည့်အပြင် ဖျားလည်းဖျားနေသေးသည်.....

တံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။ယမ့်ဟန်လည်း မျက်လုံးကို မှိတ်ချလိုက်ပြီး အိပ်ပျော်နေသယောင် ဆောင်နေလိုက်သည်။

ချူးယိက ကုတင်ဘေးနားကို အသာလေး လျှောက်လာနေသည်ကို ကြားနေရသည်။ :

"အိပ်ပျော်နေတုန်းပဲ...အင်း ၊ သိပါပြီ...."

ယမ့်ဟန်က မျက်လုံးကို နည်းနည်းဖွင့်လိုက်ပြီး ၊ အသံတစ်ချက် ပေးလိုက်သည်။

"ငါ မင်းကို နိုး,နိုးအောင် လုပ်မိသွားတာလား?"

ချူးယိက ဖုန်းချလိုက်ပြီး ၊ သူ့ကိုကြည့်၍ လေသံတိုးတိုးဖြင့် မေးလာသည်။

"မဟုတ်ပါဘူး"

ယမ့်ဟန်က ပြန်ပြောလိုက်သည်။

"ဒီအတိုင်း နိုးလာတာ"

"သြော်"

ချူးယိက ရယ်လိုက်ပြီး

"ချွေးယိက မင်းအတွက် ခွင့်,ခွင့်ယူပေးပြီးပြီလို့ ပြော,ပြောတယ် ၊ ငါ့ကို ဖုန်းတစ်လုံး သွား၀ယ်,၀ယ်ခိုင်းနေတာ"

"မင်းပိုက်ဆံစိုက်ပေးမှာလား?"

ယမ့်ဟန်က သန်းဝေရင်း မေးလိုက်သည်။

"....ငါ ပိုက်ဆံ စ်ိုက်,စိုက်ပေးရလည်း"

ချူးယိက ပြန်ဖြေလိုက်သည်။

"ရပါတယ် ၊ မင်း သက်,ကြီးဘိုးဘွားတွေ သုံးတဲ့ ဖုန်းကို သုံး,သုံးနိုင်လား"

[T/N : 老人机=သက်ကြီးဘိုးဘွားတွေ သုံးတဲ့ဖုန်း။ခလုတ်နှိပ်သုံးရတဲ့ ဖုန်းမျိုးပါ။]

"လစ်လိုက်တော့"

ယမ့်ဟန်က ပြောလိုက်သည်။

"မင်း ကဒ်,ထဲမှာ ပိုက်ဆံရှိတယ်လို့ ချွေးယိက ပြောတယ်"

ချူးယိက ကုတင်ခေါင်းရင်းနားရှိ ဗီရိုအံဆွဲကို ဆွဲဖွင့်လိုက်ပြီး ၊ ယမ့်ဟန်၏ ပိုက်ဆံအိတ်ကို ယူလိုက်သည်။

"လောင်ချွေး ၊ ဒီလူက လူ့ကျင့်၀တ် မရှိဘူးပဲ"

ယမ့်ဟန်က ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်ပြီး

"မွေးနေ့တုန်းကလည်း ဖယောင်းရောင်စုံခဲတံဘူး ပေးတာကို ၊ ခြောက်ချောင်း ယူသွားသေးတယ် ၊ အခု ငါ့ခန္ဓာကိုယ်က လှုပ်ရှားလို့ မရ ဖြစ်နေတာကို သူက ဖုန်းတစ်လုံးလောက်တောင် ၀ယ်မပေးချင်ဘူး"

"မင်းလည်း ဘာ,ဘာမှ သိပ်မဖြစ်တော့ပါဘူး"

ချူးယိက ယမ့်ဟန်၏ ကဒ်ကို ထုတ်ယူလိုက်ပြီး

"မနေ့က မင်းနဲ့ အ,အတူတူ ခွဲစိတ်ခဲ့တဲ့ လူက ၊ အော်ကြီးဟစ်ကျယ်နဲ့ ၀င်,သွားခဲ့တာ ၊ အခုကျတော့ စင်္ကြံလမ်း,လမ်းမှာ လျှောက်,လျှောက်သွားနေပြီ"

"ငါ မင်းကို တစ်ခုပြမယ်"

ယမ့်ဟန်က ရယ်လိုက်ပြီး

"ငါ ကိုယ်ကို ခဏလောက် စောင်းချင်လို့ ၊ မင်းငါ့ကို တစ်ချက် ထူပေးဦး"

"အင်း"

ချူးယိက ကုတင်နားလျှောက်သွားလိုက်ပြီး ၊ လက်တင်သည့် ကူရှင်အား ယမ့်ဟန်ကျောအနောက်တွင် ချပေးလိုက်သည်။

"မင်း အားမသုံးနဲ့"

ယမ့်ဟန်က အားမသုံးပေ။ချူးယိက ယမ့်ဟန်အား ကိုယ်တစ်စောင်းဖြစ်သွားအောင် ဖြည်းဖြည်းချင်း တွန်းပေးလိုက်သည်။

"တော်တော် အားကောင်းတာပဲ"

ယမ့်ဟန်က ပြောသည်။

"ကြီးတာပေါ့"

ချူးယိက ပြောလိုက်သည်။

"မင်းကို သုံးရာ့ခြောက်,ခြောက်ဆယ့်ငါး ဒီဂရီ လှည့်,ပေးရမယ် ဆိုရင်တောင် ပြဿနာ မ,မရှိဘူး"

"ပါးစပ်ပ်ိတ်ထားလိုက်တော့"

ယမ့်ဟန်က နှစ်ခါလောက် ရယ်မောလိုက်သည်။

"သုံးရာ့ခြောက်,ဆယ် ဒီဂရီ"

ချူးယိက နောက်တစ်ကြိမ် ပြန်ပြောလိုက်သည်။

"ဖုန်းသွား၀ယ်တော့"

ယမ့်ဟန်က ပြောသည်။

"အဆင်ပြေတဲ့ဟာ နည်းနည်းပါးပါး စားလာခဲ့"

"လူနာစောင့်က ခ,ခဏနေဆို ရောက်လာတော့မှာ"

ချူးယိက ယမ့်ဟန်၏ စောင်ကို သေချာပြန်ဆွဲခြုံပေးလိုက်ပြီး

"သူလာမှ ငါ သွား,သွားမယ်"

"သြော"

ယမ့််ဟန်က စောင်ကို ဆွဲမလိုက်ပြီး ၊ အင်္ကျီကို ပင့်တင်ဖို့ လက်ထိုးထည့်လိုက်သည်။ဤဆေးရုံ၀တ်စုံက နည်းနည်း ​ပုံစံပြောင်းလွယ်နေသည်။ချောင်ချောင်ချိချိ ဖြစ်နေတာကြောင့် ၊ ဒီလို ကိုယ်ကို တစ်ချက်စောင်းလိုက်သည်နှင့် အင်္ကျီတစ်ထည်လုံး လိပ်တက်သွားကာ ၊ နေရတာ အဆင်မပြေတော့ပေ။

"မလှုပ်နဲ့"

ချူးယိက ယမ့်ဟန်၏ လက်ကောက်၀တ်ကို ဖမ်းဆွဲလိုက်ပြီး ၊ ကုတင်ပေါ်ကို အသာလေး ပြန်ချပေးလိုက်သည်။

"အင်္ကျီမပြီး ယားနေတာကို ကုတ်မလို့ပါ"

ယမ့်ဟန်က ပြောသည်။

"အဲ့လောက်ကြီး ဖြစ်နေတာ မဟုတ်ပါဘူး ၊ ပြီးတော့ ငါက လက်ပြတ်နေတာလည်း မဟုတ်ဘူး"

"မင်းက.....အင်္ကျီက်ို မ,မ မလို့လား ဒါ,ဒါမှမဟုတ် ကုတ်မလို့လား"

ချူးယိက မေးလိုက်သည်။

"အခုက အင်္ကျီကို မတင်ထားတာ ၊ ခဏနေကျရင် ကုတ်ဖို့ လိုချင်လိုလာမှာ"

ယမ့်ဟန်က ပြောသည်။

"ငါ မနေ့ကတည်းကနေ အခုအထိ ယားနေတာကို မကုတ်ရသေးဘူး"

ချူးယိက ယမ့်ဟန်အနောက်ဘက်တွင် ရပ်လိုက်တာကြောင့် မျက်နှာအမူအယာကို မမြင်ပေ။အတော်ကြာသွားကာမှသာ ချူးယိက စောင်ကို ဖယ်လိုက်သည်အား ခံစားလိုက်ရသည်။

အင်္ကျီကို မတင်နေသည်က အတော်လေး ဂရုတစိုက်ဖြစ်နေသည်။ချူးယိက ဒဏ်ရါရထားသည့် သူ့ထက်ကို အများကြီးပိုပြီး စ်ိုးရိမ်နေသည်ဟု ခံစားလိုက်မိသည်။သူ ပါးစပ်ကနေ ဖွင့်မပြောချင်သော်လည်း ၊ အင်္ကျီကို ထိုသ်ို့ မတင်လိုက်သည်က အမှန်တကယ်ကို သက်သောင့်သက်သာ ရှိလှသည်။ချက်ချင်းပင် နောက်ကျောက ယားလာပြီး ၊ တစ်စက္ကန့်ပင် မစောင့်ဆိုင်းနိုင်တော့ပေ။

သူ စကားတစ်ခွန်း ထပ်ပြောလိုက်သည်။ :

"နောက်ကျော်က ယားတယ် ၊ အဆင်ပြေသလို တစ်ချက်လောက် ကုတ်ပေး ၊ အားပြင်းပြင်းနဲ့ကုတ်နော်"

"သြော"

ချူးယိက အသံတစ်ချက် ပေးလိုက်ပြီး ၊ အင်္ကျီကို မတင်လိုက်ကာ လက်ကိုထိုးသွင်း၍ နှစ်ချက်လောက် ကုတ်ပေးလိုက်သည်။

"အားကပြင်းရဲ့လား?"

".....အရမ်းပြင်းတယ်"

နောက်ကျောက နည်းနည်း ပူစပ်စပ်ဖြစ်လာသည်ကိုပင် ယမ့်ဟန် ခံစားလိုက်မိသည်။ကျောခင်း၍ လှဲနေရတာ အချိန်အတော်ကြာသွားကာမှ ဒီလို အကုတ်ခံလိုက်ရတာကြောင့် ဖြသ်နိုင်သည်။

"နောက်ထပ် နှစ်ခါလောက် ကုတ်ပေးဦး ၊ အဲ့လောက် အားမပြင်းနဲ့တော့"

ချူးယိက နှစ်ချက်လောက် အသာလေး ကုတ်ပေးလိုက်ပြီး :

"ခုနက အားအရမ်းအများကြီး သုံး,သုံးလိုက်မိတာလား?"

"မဟုတ်ပါဘူး"

ယမ့်ဟန်က ရယ်လိုက်ပြီး

"နေရကောင်းသွားပြီ"

ချူးယိက ကုလားထိုင်ကိုယူ၍ ကုတင်ဘေးနားတွင် ထိုင်ချလိုက်ပြီး ၊ ဖုန်းကို ထုတ်ယူ၍ တစ်ချက်ကြည့်လိုက်ကာ သက်ပြင်းချလိုက်ပြီး :

"အားမရှိတော့ဘူး"

"မင်း ညနေကျရင် တစ်ခေါက်လောက် ပြန်လိုက်လေ"

ယမ့်ဟန်က ပြောသည်။

"ငါ ဆေးရုံ၀တ်စုံကို မ၀တ်ချင်ဘူး ၊ မင်း ငါ့ရဲ့အင်္ကျီနည်းနည်းလောက် ယူလာခဲ့ပေး ၊ မင်းရဲ့charger ကိုပါ တစ်ခါတည်းယူလာခဲ့"

ချူးယိက ယမ့်ဟန်ကိုကြည့်နေပြီး ဘာမှပြန်မပြောပေ။

"ပြီးရင် တစ်ရေးလောက် အိပ်ခဲ့"

ယမ့်ဟန်က ပြောသည်။

"မင်းကို စောင့်,စောင့်ပေးရမယ်လို့ ငါ့ကို ပြော,ပြောထားတယ် မဟုတ်လား?"

ချူးယိက နည်းနည်း စိတ်မကောင်းဖြစ်နေသည့်ပုံပင်။

"လူနာစောင့်က ညကျရင် ဒီမှါ အိပ်မှာလေ ၊ မင်းက လူနာစောင့်နဲ့ အတူတူအိပ်မလို့လား?"

ယမ့်ဟန်က ပြောသည်။

"ဒါဆို လူ,လူနာစောင့် မခေါ်နဲ့တော့"

ချူးယိက ပြောလိုက်သည်။

"ပိုက်ဆံ နည်း,နည်း သက်သာတာပေါ့"

ယမ့်ဟန်က သူ့ကိုကြည့်နေပြီး ဘာမှမပြောပေ။

ချူးယိကလည်း ယမ့်ဟန်ကို ပြန်စိုက်ကြည့်နေလိုက်သည်။သုံးမိနစ်လောက် ကြာသွားကာမှ ပြောလိုက်သည်။

"အင်းပါ ၊ ဒါဆို ငါ မ,မနက်ဖြန် မနက်ကျမှ လာခဲ့မယ်"

"လိမ္မာတယ်"

ယမ့်ဟန်က ဘယ်ဘက်လက်ကို လှုပ်ပြလိုက်ပြီး

"လာပါဦး ၊ ရှောင်ထျန်းကောကောကို ခေါင်းပေးပွတ်ဦး"

ချူးယိက ခေါင်းက်ိုငုံ့ပြီး ယမ့်ဟန်လက်နား တိုးသွားလိုက်ရာ ၊ ယမ့်ဟန်က သူ့ခေါင်းကို ဆွဲဖွလာသည်။

လူနာစောင့်က အသက်လေးဆယ်အရွယ်ရှိသည့် ဦးလေးကြီး တစ်ယောက်ဖြစ်ပြီး ၊ ပုံစံကို ကြည့်ရသည်မှာတော့ သန့်ရှင်းသပ်ရပ်သည့် ပုံပင်။ထို့အပြင် လူနာစောင့်အလုပ်ကို ဆယ်နှစ်ကြာအောင် လုပ်ဖူးသည်ဖြစ်ရာ ၊ ဆေးရုံ၏ လုပ်ဆောင်မှုများ ၊ စည်းကမ်းများကို အကုန်လုံး ရင်နှီးကျွမ်း၀င်မှု ရှိသည်။လူနာကို စောင့်ရှောက်မှု ပေးရာတွင်လည်း အတော်လေး ကျွမ်းကျင်လေသည်။

သ်ို့သော်လည်း ချူးယိကတော့ နည်းနည်း မကျေနပ်သလို ခံစားနေရဆဲပင်။

အထူးသဖြင့် ယမ့်ဟန်ကို အင်္ကျီလဲပေးသည့် အချိန်မျိုး၌တွင်။

ဆေးရုံ၀တ်စုံ အသစ် ပို့ပေးလာသည့် အချိန်တွင် ၊ ယမ့်ဟန်၏ drip ပုလင်းက ဆေးတွေကုန်သွားပြီဖြစ်သည်။အင်္ကျီကို လဲဖို့ အတော်ပဲဟု ဦးလေးကြီးက ပြောချိန်တွင် ၊ ချူးယ်ိက ယမ့်ဟန်ကို ကူပြီး ထူပေးဖို့ တွေးလိုက်မိစဥ် ၊ ဦးလေးကြီးက ကျွမ်းကျင်စွာဖြင့်ပင် ကုတင်ခြေရင်းနားရှိရော့ခ်ကာက်ို ဆွဲထုတ်လိုက်ပြီး ၊ ကုတင်ကို အကြိမ်အနည်းငယ်လောက် လှည့်လိုက်ပြီးပြီ ဖြစ်သည်။

ချူးယိမှာ ထိုအချိန်အထိ ကြောင်ပြီး ကြဟ့်နေမိသည်။ဒီကုတင်ကို ဒိီလိုအနေအထားမျိုး လုပ်လို့ ရကြောင်းကို သူ လုံး၀ မသိခဲ့ပေ။

ထို့နောက်မှာတော့ အင်္ကျီချွတ်ပေး၍ အင်္ကျီလဲ၀တ်ပေးလိုက်သည်။သူ လုံး၀ကို ၀င်ကူလို့ မရပေ။ဦးလေးကြီးက ခဏလေးနှင့် အကုန်လုပ်ပြီးသွားခဲ့ပြီ ဖြစ်သည်။တစ်ဆက်တည်းပင် ယမ့်ဟန်ကိုယ်ပေါ်ကို ပွတ်သုတ်ပေးလိုက်သေးသည်။

ဦးလေးကြီးကို ထွက်သွားခိုင်းခဲ့သည့် သူက အသုံးမကျသည့် သူနှင့် တူနေသလိုပင်။

ဘောင်းဘီလဲပေးသည့် အချိန်မှာတော့ သူ ပိုပြီး မကျေနပ်တော့ပေ။

ချူးယိမှာ ကြိုးစား၍ "လက်တိုလက်တောင်း" အလုပ်ကို ပါ၀င်လုပ်ကိုင်ပေးကာ ၊ ဘောင်းဘီလဲသည့် အချိန်ကို နည်နည်လောက် ပိုပြီး မြန်မြန်ပြီးသွားအောင် ကူညီရန်သာ တတ်နိုင်တော့သည်။

"အိုင်း"

အင်္ကျီလဲပြီးသွားချိန်တွင် ယမ့်ဟန်က ကုတင်ကိုမှီရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး

"ဒီနေရာက ခွဲစိတ်တဲ့ နေရာနဲ့ တော်တော် ဝေးနေတာပဲကို ၊ ဘာဖြစ်လို့ အမွှေးတွေကို ရိတ်ပစ်လိုက်ကြတာလဲ"

ချူးယိမှာ ကြောင်အသွားကာ ၊ စကားကို ဘယ်လိုဆက်ပြောရမယ်မှန်း မသိတော့ပေ။

အမှန်တော့ ထိုအချက်မှာ သူ ယမ့်ဟန်ဘောင်းဘီကို ဆွဲဖယ်မိသည့် နောက်ပိုင်း ၊ တစ်လျှောက်လုံး စိတ်ထဲရှိနေခဲ့သည့် သံသယမေးခွန်းပင်။ပါးစပ်ကနေ ထုတ်မေးရမှာ အားနာနေလို့ဖြစ်သည်။

"ခွဲစိတ်မှု အကုန်လုံးက ဒီလိုပဲ ၊ ပိုးသတ်ရမယ့် ဧရိယာတွေက အရမ်းများတယ်လေ"

ဦးလေးကြီးက ရယ်လိုက်ပြီး

"ဘာမှမဖြစ်ဘူး ၊ ပြန်ထွက်တာ မြန်ပါတယ် ၊ နည်းနည်း စူးရုံပဲရှိတာ...."

"Fuck"

ယမ့်ဟန်က ရယ်လိုက်ပြီး ၊ ချူးယိဘက်ကို စောင်းကြည့်လိုက်ကာ

"ကုန်ဇီ"

[T/N : 狗子=ကုန်ဇီ(ခွေးလေး)]

"အာ"

ချူးယိမှာ အံ့သြတကြီး ဖြစ်နေရာမှ အသိပြန်၀င်လာပြီး

"ဟင်?"

"အိမ်ပြန်ပြီး ပစ္စည်းတွေသိမ်း ၊ ထမင်းစားပြီး အိပ်လိုက်"

ယမ့််ဟန်က ပြောလိုက်သည်။

"မနက်ဖြန်မှ လာခဲ့လိုက်"

"အင်း"

ချူးယိက အသံတစ်ချက် ပေးလိုက်ပြီး ၊ ဦးလေးကြီးကို တစ်ချက်လောက် ထပ်ကြည့်လိုက်သေးသည်။

"စိတ်ချပါ"

ဦးလေးကြီးက ပြောသည်။

"ဦးလေး စောင့်ရှောက်ဖူးတဲ့ လူနာတွေထဲမှာ ၊ ဦးလေးကို စိတ်တိုင်းမကျတဲ့သူ မရှိခဲ့ဖူးဘူး"

ချူးယိမှာ ဆေးရုံအပြင်ဘက်သို့ လျှောက်လာခဲ့သည့် အချိန်တွင် ရုတ်တရက်ဆိုသလို နည်းနည်း ရှုပ်ထွေးသွားမိကာ ၊ လမ်းဘေးနားတွင် ရပ်လိုက်ပြီး ဘယ်ဘက်ကို သွားရမယ်မှန်း မသိတော့ပေ။

အေးစက်စက် လေက တစ်ချက်တိုက်ခတ်လာမှသာ ၊ ဆေးရုံဘက်ကို သူ တစ်ခါမှ မလာဖူးမှန်း သတိရလာခဲ့သည်။မနေ့တုန်းက လူနာတင်ကားနှင့် လိုက်လာတာကြောင့် ၊ ဘယ်နေရာကို သွားရမယ်မှန်း သူ တကယ်ကို မသိပေ။

သူ ဘတ်စ်ကား မှတ်တိုင်တစ်ခုကိုရှာ၍ ဆိုင်းဘုတ်ကို ကြည့်ကြည့်ရန် ၊ ဘယ်ဘက် ၊ ညာဘက်ဆီ လှမ်းကြည့်လိုက်သည်။

သို့သော်လည်း ခေါင်းကို ဘယ်ဘက် ၊ ညာဘက် လှည့်လိုက်ရုံဖြင့်ပင် ၊ ခေါင်းက မူးဝေလာသလိုမျိုး သူ ခံစားလိုက်ရပြီး ၊ ခြေတစ်ချက် ယိုင်သွားခဲ့ရာ ၊ ဘေးနားရှိ သစ်ပင်ကို အားပြုလိုက်ကာမှ တည်ငြိမ်အောင် ရပ်နိုင်သွားခဲ့သည်။

ဤတုန့်ပြန်မှုက သူ့အား နည်းနည်းတော့ ထိတ်လန့်သွားစေသည်။သူ အဖျားတအား ကြီးနေမှာကို စိုးရ်ိမ်တာ မဟုတ်ပဲ ၊ မနက်ဖြန် သူ ဖျားပြီး မထနိုင်တော့ပါက ဘယ်လိုလုပ်မလဲ ဆိုသည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

ကပ်စီးအိုး တစ်ယောက် အနေနှင့် ၊ သူ သစ်ပင်ကို အားပြုပြီး ၊ တစ်မိနစ်လောက် ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်ပြီးနောက်တွင် ၊ လမ်းဘေးတွင် ရပ်ထားသည့် အငှါးကားတစ်စီးရှေ့ကို လျှောက်သွား၍ ၊ တံခါးကို ဆွဲဖွင့်ကာ တက်ထိုင်လိုက်သည်။

အိမ်ရာ၀င်းအပေါက်၀ဆီ ရောက်လာသည့်အချိန်တွင် ၊ မိမိမှာ တကယ်ကို အဖျားတက်လာပြီး နည်းနည်း မူးဝေလာသည်ဟု ချူးယိ ခံစားလာရသည်။ယမ့်ဟန်၏ ဖုန်းက မ၀ယ်ရသေးပေ။ယမ့်ဟန်ဘယ်လိုဖုန်းမျိုးကို ရချင်တာလဲဟု မေးရန် သူ မေ့သွားခဲ့သည်။

အတော်ကြာအောင် တုံ့ဆိုင်းနေမိပြီး နောက်မှာတော့ ၊ ယမ့်ဟန်အား အရင်ကဖုန်းနှင့် တံဆိပ်တူ ၊ မော်ဒယ်တူသည့် ဖုန်းအသစ်တစ်လုံး ၀ယ်ပေးရန် ကိုယ့်ဘာသာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ယမ့်ဟန်က သူ့ဖုန်းကို အတော်လေး သဘောကျပင်။ဓာတ်ပုံရိုက်လျှင် အတော်ကောင်းကြောင်းက်ို တစ်နေကုန် ကြွားနေတတ်သည်။

ချူးယိမှာ ဘ၀၏ပထမဦးဆုံး အကြိမ်အဖြစ် ဖုန်းဆိုင်ထဲကို ၀င်လာခဲ့လိုက်သည်။

ပထမဦးဆုံး အကြိမ်အနေဖြင့် ယွမ်လေးထောင် သုံးစွဲလိုက်ရသည်။ထို့အပြင် ယမ့်ဟန်၏ ကဒ်ကို မယူလာခဲ့မိတာကြောင့် ၊ သူ့ကိုယ်ပိုင် ပိုက်ဆံကို ယူသုံးလိုက်ရရာ ၊ ဖုန်းဖိုး ငွေချေပြီးချိန်တွင် ၊ သူ့ထံတွင် ပိုက်ဆံ သိပ်မကျန်ခဲ့တော့ပေ။

အိတ်ကပ်ထဲရှိ သားရေပြားဖြင့် ချည်ထားသည့် အကြွေစေ့လေးအား ၊ တစ်ဦးကိုတစ်ဦး မှီခိုနေရသလို ခံစားချက်မျိုးဖြင့် ၊ ပွတ်သပ်နေမိသည်။

ယမ့်ဟန်၏ အိမ်တံခါးကို ဆွဲဖွင့်လိုက်ချိန်တွင် ၊ အခန်းထဲရှိ ရင်းနှီးနေသည့် အငွေ့အသက်ကို ရှူရှိုက်လိုက်မိရာ ၊ ချူးယိတစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်သွားခဲ့သည်။

သို့သော်လည်း ထိုသို့ပေါ့ပါးသွားသည့် အချိန်မှသာ မိမိ၏ အဖျားက ပေါ့သေးသေးမဟုတ်ကြောင်းကို ခံစားလိုက်ရသလိုပင်။

ခေါင်းက မူးနောက်နေပြီး ၊ ချွေးအေးများ ထွက်နေပါ ၊ ခြေဖဝါးက လေပေါ် လွင့်နေသလိုပင်။

ယမ့်ဟန်၏ ဆေးသေတ္တာလေးကို သူ မြန်မြန်ထုတ်ယူလိုက်ပြီး ၊ ရှာဖွေကြည့်လိုက်ရာ.....အကိုက်အခဲပျောက်ဆေးဘူးတစ်ဘူးကို ရှာတွေ့သးခဲ့သည်။အဖွား၏ နှစ်ရှည်လများ အကိုက်အခဲပျောက်ဆေး သောက်ရန် လေ့ကျင့်ပေးထားမှုကြောင့် ၊ ဒီဆေးက အဖျားကျစေနိုင်ကြောင်းကို သူ သိနေသည်။သို့ဖြစ်၍ ဆေးတစ်ပြားကို ယူသောက်လိုက်သည်။

ယမ့်ဟန်၏ အင်္ကျီကို ရှင်းလင်းပေးဖို့က်ိုပင် သူ ဂရုမစိုက်နိုင်တော့ပေ။ဖုန်းက်ို အားသွင်း၍ ၊ ရေချိုးလိုက်ကာ ၊ ကုတင်ပေါ်တက်ပြီး စောင်ထဲ ၀င်ခွေလိုက်သည်။ယမ့်ဟန်၏ ခေါင်းအုံးကို ဖက်ကာ ခေါင်းနောက်နောက်ဖြင့် စတင်၍ အိပ်စက်လိုက်တော့သည်။

တကယ်ကို အိပ်ချင်နေတာကြောင့် ဖြစ်နိုင်သည်။ဒီလို တစ်ရေးအိပ်လိုက်ရသည်က မိုးချုပ်သွားသည်အထိ အိပ်ပျော်သွားသလို ခံစားရသည်။နိုးလာသည့် အချိန်တွင် ခန္ဓာက်ိုယ်တစ်ခုလုံး ချွေးများဖြင့် စိုစွတ်နေသည်။

ခေါင်းအုံးဘေးနားတွင် ချထားသည့် ဖုန်းက လင်းလာရာ ၊ သူ အမြန်ယူပြီး တစ်ချက်ကြည့်လိုက်သည်။

စခရင်ပေါ်တွင် မစ်ကောလ်အချို့ ရှိနေသည်။အမည်မသိသည့် ဖုန်းနံပါတ်ပင်။ထို့အပြင် ချွေးယိ၏ မစ်ကောလ်အချို့နှင့် စာတိုများလည်းရှိနေသေးသည်။

"ဦးလေးချွေး"

သူ ချွေးယိက အရင်ဆုံး ဖုန်းပြန်ခေါ်လိုက်ပြီး

"ခုနက ကျွန်တော် အိပ်,အိပ်ပျော်နေလို့"

"ထင်ပါတယ်"

ချွေးယိက ပြောသည်။

"မင်း ပြန်လာတာလား?အဖျားရှိနေသေးတာလား?"

"ပြန်လာတာ ၊ မ,မဖျားတော့ပါဘူး"

ချူးယိက ကိုယ့်နဖူးကိုယ် ပြန်စမ်းကြည့်လိုက်ရာ ၊ ချွေးတွေကို စမ်းမိသွားခဲ့သည်။

"ဆက်အိပ်လိုက်ဦး ၊ စောသေးတယ်"

ချွေးယိက ပြောသည်။

"အင်း"

ချူးယိက အသံတစ်ချက်ပေးလိုက်ပြီး ၊ အချိန်ကို ကြည့်လိုက်ရာ ၊ 11နာရီသာ ရှိသေးကြောင်းကို တွေ့လိုက်ရသည်။အိပ်ပျော်သွားတာ နောက်တစ်နေ့တောင် ရောက်သွားပြီဟု သူ ထင်နေမိတာ ဖြစ်သည်။

"မင်းညီလေး ပြန်ခေါ်လာတာ"

လူနာစောင့် ဦးလေးကြီးက အသံမြည်နေဆဲဖုန်းက်ို ယူ၍ ကုတင်ဘေးနား လျှောက်လာပြီး

"မင်း ပြောလိုက်ဦး"

"ကျေးဇူးတင်ပါတယ်"

ယမ့်ဟန်က ဖုန်းကို လှမ်းယူ၍ ပြန်ဖြေလိုက်သည်။

"ချူးယိ?"

"ငါ အိပ်,အိပ်ပျော်နေလို့ မ,ကြားလိုက်မိဘူး"

ချူးယိ၏ အသံက အခုမှ အိပ်ရာထကာစလိုမျိုး နှာသံပါနေသည်။

"အိပ်ရေးပျက်ထားလို့ ဖြစ်မယ်"

ယမ့်ဟန်က ပြုံးလိုက်ပြီး

"အစားနည်းနည်းပါးပါး စားပြီးပြီလား?"

"...စားပြီးပြီ"

ချူးယိက တစ်ချက်တုံ့ဆိုင်းသွားခဲ့သည်။

"ဘာစားတာလဲ?"

ယမ့်ဟန်က ချက်ချင်းပင် မေးခွန်းထုတ်လာသည်။

"ထမင်း"

ချူးယိက ဒီတစ်ကြိမ်တော့ အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

"ရေခဲသေတ္တာထဲမှာ နို့ချဥ်ရှိတယ်"

ယမ့်ဟန်က ပြောသည်။

"အစားမစားချင်ဘူးဆိုရင် နို့ချဥ်တစ်ဘူးလောက် သောက်လိုက်"

"သြော"

ချူးယိက ပြောလိုက်သည်။

"ငါ မင်းအတွက် ဖုန်း၀ယ်,၀ယ်ပြီးပြီ ၊ ဒါပေမယ့် မင်း ကြိုက်,ပါ့မလားတော့ မ,မသိဘူး ၊ ဟို..ဟို...မင်း ငါ့ကို ခဏစောင့်ပေး ၊ ဖုန်းကို တစ်ချက်လောက်ကြည့်,ကြည့်ကြည့်လိုက်....."

"ကြိုက်တယ်"

ယမ့်ဟန်က ပြောလာသည်။

"သက်ကြီးရွယ်အိုတွေ သုံးတဲ့ဖုန်းဆိုလည်း ရတယ်"

ချူးယိက ရယ်လိုက်ပြီး :

"သက်,သက်ကြီးရွယ်အိုတွေ သုံးတဲ့ဖုန်း မဟုတ်ဘူး ၊ လေးထောင်တောင် ပေး၀ယ်ထားရတာ"

"မင်းပိုက်ဆံနဲ့ ၀ယ်ထားတာလား?"

ယမ့်ဟန်က မေးလိုက်သည်။

"အင်း"

ချူးယိက အသံပြန်ပေးလိုက်သည်။

"ဒါဆို ပိုက်ဆံပြန်မပေးတော့ဘူး"

ယမ့်ဟန်က ပြောလိုက်သည်။

"မင်းရဲ့ ဝေး,ဝေးပေါ်အောက်မှာ tagသွား,သွားတွဲပြီးပြောမှာ"

ချူးယိက ပြောလိုက်သည်။

"မတ်စ်,မတ်စ်တပ်ထားတတ်တဲ့ အစားအသောက် ဘ,ဘလော်ကာက ၊ ဖုန်းတစ်,တစ်လုံးအတွက်နဲ့ ဒီ,ဒီလိုကိစ္စမျိုးကို လုပ်,လုပ်ထားပါတယ်ဆိုတာကို"

ယမ့်ဟန်က ခါပေါ်ရှ်ိဒဏ်ရါကို အုပ်၍ အကြိမ်အနည်းငယ်လောက် ရယ်လိုက်ကာ :

"ဒီလို စကားအရှည်ကြီးက မင်းအတွက် တကယ်ကို တော်တော်လေး ခက်ခဲမှာပဲ"

"မခက်ပါဘူး"

ချူးယိက ပြောလိုက်သည်။

"ဇွဲ,ဇွဲရှိဖို့ပဲ လိုတာ ၊ ဇွဲရှိရင် စကားဆုံးတဲ့အထိ ပြီးအောင် ပြောနိုင်တယ်"

"ပါးစပ်ပိတ်လိုက်တော့"

ယမ့်ဟန်က အံကိုကြိတ်၍ ရယ်ချင်နေသည်ကို ထိန်းချုပ်ထားလိုက်သည်။

ဖုန်းက ဦးလေးကြီး၏ ဖုန်းဖြစ်ရာ ၊ ယမ့်ဟန်က ချူးယိနှင့် ဖုန်းကို အချိန်အကြာကြီးပြောနေလို့ မကောင်းပေ။ထို့အပြင် အခုအချိန်က ဆေးရုံအတွက်တော့ အရမ်းကို မောက်ကျနေပြီဖြစ်သည်။တီဗွီကို ဖြတ်သွားတာပင် တစ်နာလောက် ရှိသွားပြီဖြစ်သည်။ဘေးနားရှိ ကုတင်က လူနာလည်း အိပ်ပျော်နေပြီ ဖြစ်သည်။ယမ့်ဟန်လည်း ချူးယိနှင့် ရောက်တတ်ရာရာ စကားခဏလောက်ပြောပြီးတာနှင့် ဖုန်းချလိုက်တော့သည်။

ဦးလေးကြီးက ဘေးနားရှိ လူနာစောင့် ကုတင်သေးသေးလေးပေါ် လှဲသွားသာ့် အသံကို နားထောင်နေရင်း ၊ ယမ့်ဟန် သက်ပြင်းဖွဖွ ချလိုက်မိသည်။

ဒီနေ့ညလည်း သူ ထပ်ပြီး အိပ်မပျော်နိုင် ဖြစ်တော့မည့်ပုံပင်။ခေါင်းထဲတွင် ကိစ္စတွေက အရမ်းများပြားနေရာ ၊ စိတ်ခံစားချက်များက ကျဆင်းနေသည်ဟုတော့ ပြော၍ မရပေ။သို့သော်လည်း ကောင်းနေတာတော့ မဟုတ်ချေ။ချူးယိ၏ အသံကို ကြားလိုက်ရသည့် အချိန်ကျမှသာ အတွေးတွေက နည်းနည်းလမ်းကြောင်းပြောင်းနိုင်သွားသည်။

ဖုန်းချလိုက်သည့် အချိန်တွင် ၊ သူ ချက်ချင်းပင် ပြန်ပြီး စိတ်ဖိစီးလာကာ ၊ အလွန်အမင်းကို ပျင်းရိလာမိသည်။

ဒီလိုမျိုး တစ်ယောက်တည်း ငေးငိုင်နေရသည်မျိုးကို ၊ သူ ကျင့်သားမရနေတာတော့ မဟုတ်ပေ။သို့သော်လည်း ဒီလိုမျိုး ငေးငိုင်၍ အိပ်မပျော်သည့် အပြင် ၊ လှုပ်ရှားလို့ပါ မရသည်က တော်တော်လေး ခံစားရခက်လှသည်။

သူ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။သူ့ IQတွေ တစ်၀က်လောက် လျော့မကျသွားသေးသည့်ပုံပင်။သူ့ခေါင်းက တစ်ဖြည်းဖြည်းချင်း ကြည်လင်လာခဲ့သည်။

ဒဏ်ရါ၏ မသက်သာမှုနှင့် ခန္ဓာကိုယ် တစ်ခုလုံး၏ နာကျင်ကိုက်ခဲနမှုများကို ပိုပြီး ပြတ်ပြတ်သားသား ခံစားလာရသည့် အပြင် ၊ သူ့အား အလစ်၀င်တိုက်ခိုက်ခဲ့သည့် ထိုလူအတွက်ကိုပင် ၊ ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ထုတ်လိုက်နိုင်သည်။

ထိုဆုံးဖြတ်ချက်က သူ့နှလုံးခုန်နှုန်းကို လျင်မြန်လာစေခဲ့သည်။

ထိုနှစ်က ဖြစ်ပွါးခဲ့သည့် ကိစ္စတွင် လူတစ်ယောက်ထဲ မကဘူးဟု ချွေးယိပြောပြခဲ့ဖူးသည်။အကယ်၍ လောင်တင်းက ထိုလူတွေထဲမှ တစ်ယောက်ဖြစ်လျှင် ၊ ဘယ်လိုပဲ သေသေ ၊ သူ၏ အပေါင်းအပါများက အလိုလိုသတိထားမိနိုင်ကြမည်ပင်။

လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မလျှောက်နိုင်သည့် ထိုလူမှာ ၊ အသက်အရွယ်က သိပ်မကွာလှတာကြောင့် ၊ အပေါင်းအပါတစ်ယောက်ဟု ယူဆ၍ ရသည်။

သို့သော်လည်း ထိုအပါင်းအပါက အလိုလိုသတိထားမိသွား၍ ၊ သို့မဟုတ် တစ်ခြားအပေါင်းအပါတစ်ယာက် သေသွားသည်ကို သိသွား၍ ၊ သူ့ဆီ လာပြီး တစ်ခုခု လာလုပ်ရုံပဲတော့ မဖြစ်နိုင်ပေ။သူ့ကို သေအောင်သတ်လိုက်လျှင်တောင်မှ ၊ ထိုလူ၏ အကျပ်အတည်းဖြစ်နေသည့် ကိစ္စအတွက် ဘာအဓိပ္ပါယ်မှ ရှိမနေသောကြောင့်ပင်။

ဤအပေါင်းအပါမှာ အတင်းအကြပ်အခိုင်းခံရတာကြောင့် နည်းလမ်းမရှိတော့တာမျိုး ဖြစ်နိုင်သည် .....

ဘယ်သူကများ အတင်းအကြပ်ခိုင်းတာလဲ?သူဒဏ်ရါ ရသွားလျှင် ဘယ်သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်သွားစေမလဲ?

ယမ့်ဟန်မှာ လက်ကို ဖြည်းဖြည်းချင်း မြှောက်၍ ၊ မျက်ခုံးအလယ်ကို ဖိနှိပ်လိုက်မိသည်။သူ တစ်လျှောက်လုံးလိုလို အဖေ့ရဲ့လက်ရှိ အခြေအနေကို မစဥ်းစားရဲခဲ့ပေ။သေသွားပြီလား ၊ ဒါမှမဟုတ် အသက်ရှင်နေတုန်းလား။ဘယ်နေရာမှာ ၊ ဘာလုပ်နေတာလဲ။

သို့သော်လည်း သူ အခုတော့ ရုတ်တရက်ဆိုသလို ခန့်မှန်းမိသွားပြီဖြစ်သည်။

ကိစ္စအားလုံးမှာ ခန့်မှန်းချက်များသာ ဖြစ်သော်လည်း ၊ အခုလို ရုတ်တရက်ထွက်ပေါ်လာခဲ့သည့် သူ၏ အတွေးကိုတော့ သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်ခဲ့ပေ။

ယမ့်ကျ်ိယွမ်ဆိုသည့် ထိုမြေခွေးအိုကြီးမှာ ၊ မသေသေးသည့်ပုံပင်။

********

မနက်အစောကြီးတွင် ခရီးဆောင်အိတ်တစ်လုံးကို ဆွဲ၍ လူနာအခန်းထဲ ချူးယိ ၀င်လာသည့် အချိန်၌ ၊ မနေ့ညက ယမ့််ဟန်ကောင်းကောင်းအိပ်မပျော်ခဲ့မှန်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိုက်သည်။မျက်နှာအရောင် သိပ်မကောင်းပေ။မနေ့ကထက် နည်းနည်း ပင်ပမ်းနေသည့်ပုံ ပေါ်နေသည်။

"......ဘယ်နားက ယူလာတဲ့ အိတ်လဲ?"

ယမ့်ဟန်က သူ့ကိုမေးလာသည်။

"မင်းရဲ့ အ၀တ်ဘီရိုထဲက"

ချူးယိက ဖြေလိုက်သည်။

"ငါ့ အ၀တ်ဘီရိုထဲမှာ ခရီးဆောင်အိတ်တွေ အများကြီးပဲကို"

ယမ့်ဟန်က ပြောသည်။

"တွေ့ရာတစ်ခုကို ဆွဲယူလိုက်ရင်တောင် ဒီဟာထက် ကြည့်ကောင်းတယ်"

"ဒီဟာက ကြည့်,ကြည့်ရဆိုးလို့လား?"

ချူးယိက လက်ထဲရှိ အိတ်ကိုကြည့်လိုက်သည်။သာမန် အပြာရောင် ဖျင်အိတ်တစ်အိတ်ဖြစ်သည်။ယူရမည့် ပစ္စည်းတွေက မများတာကြောင့် ၊ ဒီအိတ်၏အရွယ်အစားက အသင့်တော်ဆုံး ဖြစ်နေသည်။

"ကြည့်ရ မဆိုးပါဘူး"

ယမ့်ဟန်က ပြောလိုက်သည်။

"မင်းကို ဖုန်း,ဖုန်းပေးမယ်"

ချူးယိက အိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည်။လူနာစောင့် ဦးလေးကြီးက အနားကိုလျှောက်လာပြီး အိတ်ကိုယူ၍ ဘေးနားရှိဘီိရိုထဲတွင် ထည့်လိုက်သည်။

"ငါ့ကို ကဒ်ကူထည့်ပေးဦး"

ယမ့်ဟန်က ရယ်လိုက်သည်။

ချူးယိက ဖုန်းကိုလုပ်ပေးနေသည့် အချိန်မှာပင် ၊ လူနာခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး ၊ ခေါင်းတစ်ခု ထိုး၀င်လာကာ ၊ တစ်ချက်လှမ်းကြည့်၍ အသံတိုးတိုးဖြင့် ပြောလာသည်။ :

"ယမ့်ဟန်?"

"မင်း ဘယ်လိုရောက်လာတာလဲ?"

ယမ့်ဟန်မှာ ကြောင်အသွားခဲ့သည်။

"နင် အရိုက်ခံရတယ်လို့ မန်နေဂျာထန်က ပြောလို့"

မိန်းကလေးတစ်ယောက်က အထဲကို ၀င်လာသည်။ပန်းစီးကြီးတစ်ခုကို ကိုင်ထားပြီး ၊ အနောက်မှာလည်း လူအချို့ပါ ပါလာသေးသည်။

"ငါတို့ လာကြည့်ကြတာ ၊ ၀မ်ကျဲက ငါတို့ကို ကာမောင်းပြီး လိုက်ပို့ပေးတာ"

ထိုမိန်းကလေးမှာ ယမ့်ဟန်၏ အလုပ်ဖော်ဖြစ်ကြောင်းကို ချူးယိ မှတ်မိသွားခဲ့သည်။ဆောင်းဦးလယ်ပွဲတော်တုန်းက သီချင်းပင် ဆိုခဲ့သေးသည်။သူ ဘေးဘက်ကို ရွှေ့လိုက်ပြီး ၊ ကုတင်ဘေးနားရှိ နေရာကို ဖယ်ပေးလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ?"

အသက်နည်းနည်းကြီးသည့် အစ်မတစ်ယောက်က ၊ လက်ဆောင်အိတ်ကို ကုတင်ခေါင်းရင်းရှိ ဘီရိုပေါ် တင်လိုက်ပြီး

"နင့်ကို လူဆိုးဂိုဏ်းကလို့တောင် ပြောနေကြသေးတာ ၊ အရိုက်ခံရလို့ ဆေးရုံတောင် တက်နေရတယ်ဆိုတော့ အဲ့ကောလဟာလက ဆက်ပြီး မပြန့်နိုင်လောက်တော့ဘူး ......ဒဏ်ရါက ပြင်းလား?"

"ဘာမှမဖြစ်တော့ပါဘူး"

ယမ့်ဟန်က ရယ်ရင်း ပြန်ဖြေလိုက်သည်။

ထိုအစ်မက ၀မ်ကျဲဖြစ်မည့်ပုံပင်။ယမ့်ဟန်ပြောပြတာကို ချူးယိ ကြားဖူးသည်။တစ်ခြားအဖွဲ့က အလုပ်သမားခေါင်းဆောင်ဖြစ်ပြီး ၊ တော်တော်လေး ကောင်းသည်ဟု ဆိုသည်။

"တကယ် ဘာမှမဖြစ်တာလား ၊ ဘာမှမဖြစ်ဘူးလို့ လိမ်ပြောနေတာလား"

ပန်းကိုင်ထားသည့် မိန်းကလေးက ယမ့်ဟန်နှင့် အတော်လေး ရင်းနှီးပုံပင်။လက်ကို ဆန့်တန်းလိုက်ပြီး ယမ့်ဟန်မျက်နှာကို ပုတ်လိုက်ကာ

"ဒီမျက်နှာ အရောင်က ၊ အရမ်းကို ဆိုးနေတာပဲ"

လက်ကို ဖယ်လိုက် !

ဖယ်လိုက် !

ချူးယိမှာ စိုက်ကြည့်လွန်းရ၍ မျက်လုံးများပင် ၀ိုင်းစက်သွားခဲ့သည်။အစက နံရံကိုမှီပြီး ရပ်နေမိရာမှ ၊ ချက်ချင်းလိုလိုပင် မတ်ခနဲနေအောင် ရပ်လိုက်မိသည်။

နှစ်ရက်လုံးလိုလို ၊ မျက်နှာကို သုတ်ပေးသည်မှ လွဲ၍ ၊ ယမ့်ဟန်၏ မျက်နှာကို သူ မထိခဲ့ရပေ ! ဒီမိန်းကလေးက ဘာအဓိပ္ပါယ်လဲ !

လက်လွတ်စပယ်နဲ့ လက်ကို ဆန့်ထုတ်လိုက်တယ် !

ယမ့်ဟန်က သူ့(ချူးယိ)စိတ်ထဲတွင် အော်ပြောနေသည်များအား ကြားသွားသလို ပုံစုံဖြင့် ၊ လူအုပ်ကြားထဲမှဖြတ်ကာ ၊ သူ့အား ရုတ်တရက်ပင် တစ်ချက်လှမ်းကြည့်၍ ပြုံးပြလာသည်။

ထိုအပြုံးမှာ အရမ်းနွေးထွေးလှသည်။အရမ်းကို နွေးထွေးလှသည်။ချူးယိ၏ ခံစားချက်အားလုံးမှာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီး ၊ နံရံကို ပြန်မှီနေလိုက်သည်။ခြေထောက်က နည်းနည်း အားနည်းလာသလို ခံစားနေရသည်။

Continue Reading

You'll Also Like

98.3K 13.6K 93
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
718K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
1.1M 26.1K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
291K 16.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"