{Unicode}
"ပြီးပြည့်စုံမှုကို ရှာဖွေခြင်း"
သက်တော်စောင့်များသည် ရန်ကျားလိကို ဆွဲခေါ်ပြီး အပေါ်ထပ်သို့ တက်လာကြသည်။
ရန်ကျားလိ၏ စိတ်ခံစားချက်များသည် မတည်မငြိမ်နှင့် တက်လိုက်ကျလိုက် ဖြစ်လို့နေသည်။ ကနဦးကတည်းက မနိုင်ဝန် ထမ်းပိုးထားရသော နှလုံးသားသည် စည်းပေါက်သွားသော ရေကာတာကဲ့သို့ ရက်ပေါင်းများစွာ ပိတ်ဆို့နေသော မြစ်ရေများသည် ဒလဟော လျှံကျလာသည်။ ဤအခိုက်တွင် သူသည်လည်း ရုတ်ချည်း အသက်ရှူ မဝသလို ဖြစ်လာပြီး ရင်ဘတ်မှာလည်း အသက်ရှူသံနှင့်အတူ ရေလှိုင်းလုံးပမာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ဆွဲဆွဲငင်ငင် ငိုကြွေးမိတော့၏။
သို့သော်လည်း သက်တော်စောင့်များ၏ ချုပ်ကိုင်ထားမှုကိုလည်း ရုန်းကန်၍ မရနိုင်ပေ။ သူသည် ထွက်ပေါက်မှ အလင်းရောင်က မိမိနှင့် တဖြည်းဖြည်း ဝေးကွာသွားနေသည်ကိုသာ ကြည့်နေခဲ့ရသည်။
မျက်စိရှေ့မှာ ရှိနေရဲ့သားနဲ့၊ ခြေတစ်လှမ်းလောက် ပိုမြန်လိုက်လျှင် လွတ်မြောက်နိုင်သားနဲ့ကွယ်။
ရန်ကျားလိသည် သက်တော်စောင့်၏ အင်္ကျီလက်ကို အားနှင့် ဆုပ်ကိုင်လိုက်ပြီး ငိုရင်းယိုရင်း မမေ့မလျော့ တောင်းဆိုသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီး ကျွန်တော့်ကို ကယ်ပါဦး။ သူက စိတ်မနှံ့ဘူး၊ ရူးနေတဲ့ ခွေးတစ်ကောင်ပါ၊ သူက ကျွန်တော့်ကို သေအောင် လုပ်တော့မှာ။ ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးလိုက်ပါနော်။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ပြန်မခေါ်သွားပါနဲ့..."
"ကျွန်တော် ခင်ဗျားရဲ့ သနားကရုဏာထားမှုကို တစ်သက်လုံး မှတ်သားထားပါ့မယ်၊ ကျွန်တော့်ကို လွှတ်ပေးပါနော်၊ ကျွန်တော် တောင်းပန်ပါတယ်..."
သက်တော်စောင့်သည် အပေါ်ထပ်မှ ခြေလှမ်းများ ရပ်တန့်သွားသည်ကို ကြားလိုက်ရသောအခါ မိမိ၏ နှလုံးခုန်သံသည်လည်း နှစ်ကြိမ်မျှ ရပ်တန့်သွားခဲ့သည်။
သူသည် ခန္ဓာကိုယ်ကို နှိမ့်လိုက်ပြီး လေသံကို တိုးလိုက်ကာ
"လူကြီးမင်းရန်၊ ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့ဗျာ"
ရန်ကျားလိ၏ နှလုံးသားထဲတွင် စိတ်ပျက်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်သွားပြီး ခေါင်းမော့လျက် ရှိုက်ငိုမိကာ မျက်လုံးများကို မှိတ်ချလိုက်သည်။
သက်တော်စောင့်သည် သက်ပြင်းချပြီး ဆက်ပြောလာသည်။
"လူကြီးမင်းရန်၊ ခင်ဗျား အရမ်းကြီးလည်း ဝမ်းနည်းမနေပါနဲ့။ ဥက္ကဌယဲ့က ခင်ဗျားကို ဘာမှလုပ်မှာ မဟုတ်ပါဘူး။ သူ ပြင်ဆင်မှုတွေ ဒီလောက် အများကြီး လုပ်ထားတာကလည်း သူ့အနားမှာ ခင်ဗျားကို ကောင်းကောင်းမွန်မွန် ရှိနေစေချင်လို့ပါပဲ၊ ခင်ဗျားသာ..."
ရန်ကျားလိ၏ ရင်ဘတ်ထဲတွင် ကပြောင်းကပြန်နှင့် စည်းချက်မကျ ဖြစ်လို့နေပြီး လည်ချောင်းထဲမှ စိတ်ပျက်အားငယ်သော ညည်းညူသံတို့သာ ထွက်ပေါ်လာ၏။
သက်တောင်စောင့်သည် သူ၏ ထိုသို့သော ပုံစံကိုမြင်ပြီး ရုတ်တရက် မည်သို့သော စကားမှ ဆက်လက် မပြောနိုင်တော့ပေ။
ရန်ကျားလိသည် တစ်လမ်းလုံး အသနားခံ တောင်းပန်တိုးလျှိုးနေသည်။ တစ်ထပ်ပြီး တစ်ထပ်၊ စတုတ္ထထပ်ထိ ဆွဲခေါ်ခံရလေလေ၊ သူ၏လေသံသည်လည်း တိုးလာလေလေ ဖြစ်နေသည်။ နောက်ဆုံးတွင်တော့ သူသည်လည်း ခွင့်လွှတ်မှု တောင်းခံခြင်းကို စွန့်လွှတ်လိုက်ပြီး မျက်လုံးမှိတ်၊ ပါးစပ်ပိတ်ကာ မည်သို့သော စကားမှ မပြောလာတော့ပေ။
သက်တော်စောင့်သည် သူ့အား အိပ်ခန်းထဲသို့ ခေါ်လာပေးသည်။
ရန်ကျားလိသည် မြေပြင်ပေါ် လဲကျသွားပြီး တစ်ကိုယ်လုံးတွင်လည်း အင်အားနတ္ထိ မရှိတော့ချေပြီ။
သူသည် စိတ်ဝိညာဥ် ဆွဲအနုတ်ခံလိုက်ရသည့်နှယ် အသက်မျှင်လေး တစ်မျှင်မှပင် မရှိဘဲ အေးစက်စက် ကြမ်းပြင်ပေါ် လဲလျောင်းနေပြီး လှုပ်လည်း မလှုပ်လာပေ။
ယဲ့ထင်သည် ကုတင်ပေါ် ထိုင်နေပြီး မျက်လုံးထဲတွင်လည်း သွေးကြောများ ပြည့်နေ၏။
သူသည် ရန်ကျားလိ၏ ထိုသို့ဖြစ်နေသော ပုံစံကို ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် ထင်ဟပ်နေသော မှောင်မိုက်မိုက် ဒေါသအဟုန်၊ နာကျင်မှု၊ မလိုလားမှု၊ ရူးသွပ်မှု......အမျိုးမျိုး အဖုံဖုံသော စိတ်ခံစားချက်မှုတို့ ရောယှက်နေသည်မှာ ပင်လယ်ကဲ့သို့ သိပ်သည်းနက်ရှိုင်းလှ၏။ ယဲ့ထင်သည် ဘာမှမပြောဘဲ၊ အနည်းငယ် တုန်ယင်နေသော လက်ချောင်းများနှင့် တစ်စုံတစ်ခုကို အပြင်းအထန် ဖိနှိပ်ထားရသလိုမျိုး ပါးစပ်မှ ဆေးလိပ်ငွေ့များ အကြမ်းပတမ်း မှုတ်ထုတ်ပစ်လိုက်သည်။
သူသည် ဆေးလိပ်ကို မီးသတ်လိုက်ပြီး ကြောင်အိမ်ဘေး လျှောက်သွားကာ ရေပူတစ်ခွက် လောင်းထည့်လိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ရောဂါများကို ကုသပေးသော ဆေးထုပ်ကို ဖောက်ဖြဲလိုက်ကာ ရေထဲ ရောမွှေလိုက်သည်။
ထို့နောက် သူသည်လည်း ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ရန်ကျားလိကို ဆွဲမ,ရင်း မိမိရင်ခွင်ထဲ ထည့်လိုက်ကာ ရင်အုပ်အား မှီထားစေလိုက်သည်။
ယဲ့ထင်သည် ဆေးရည်ပူပူကို မှုတ်ပေးနေပြီး တစ်ချက်လောက် မြည်းကြည့်လိုက်ကာ လည်စလုပ်က အနည်းငယ် လှုပ်ရှားသွားပြီး ပြောလာသည်။
"မပူတော့ဘူး၊ အပူချိန်က အနေတော်ပဲ။ လိမ္မာတယ်၊ ပါးစပ်ဟ၊ ဆေးသောက်လိုက်၊ ကိုယ်မင်းရဲ့ ဒဏ်ရာကို ဆေးလိမ်းပေးမယ်"
ရန်ကျားလိ၏ မျက်လုံးများသည် အရှေ့အရပ်ကိုသာ ဗြောင်ကျကျ စိုက်ကြည့်နေပြီး နှုတ်ခမ်းမှာတော့ လှုပ်ကို မလှုပ်လာပေ။
"ပေါင်ပေါင်း၊ စကားနားထောင်"
ယဲ့ထင်သည် လေသံတိုးတိုးနှင့် ချော့မော့နေ၏။
"ထွက်ပြေးတဲ့ ကိစ္စကို ကိုယ်တို့ နောက်မှ ပြောကြမယ်၊ အရင် ဆေးသောက်လိုက်၊ လာ"
ရန်ကျားလိသည် ဖြည်းဖြည်းချင်း မျက်လွှာကို ပင့်တင်လာပြီး အငိုလွန်ပြီးနောက် ဖြစ်တည်လာသော ကြမ်းရှရှ လေသံနှင့်
"...မင်းက ငါ့ကို သေတဲ့အထိ ပိတ်လှောင်ထားဖို့ တွေးထားတာလား"
ယဲ့ထင်သည် စကားမပြောဘဲ ဘေးနားမှ တစ်သျှူးတစ်ရွက် ဆွဲထုတ်လိုက်ပြီး ရန်ကျားလိ၏ နဖူးပေါ်ရှိ သွေးစွန်းနေသော အစအနများကို ညင်သာစွာ သုတ်ပေးလိုက်သည်။
ရန်ကျားလိ၏ အသက်ရှုသံသည် မြန်ဆန်လို့လာပြီး မျက်ခွံသည်လည်း တုန်ရီလို့နေ၏။
ကြမ်းပြင်ပေါ် ပြုတ်ကျနေသည့် ယဲ့ထင်၏ လက်ကိုင်ဖုန်းသည် အဝင်ခေါ်ဆိုမှုတစ်ခု ဝင်လာ၍ တဂွမ်ဂွမ်နှင့် အသံမြည်လာ၏။
သူသည် ရန်ကျားလိကို ဖက်ထားရသည်မို့ ဖုန်းလက်ခံဖို့ လက်မအားဘဲ စပီကာ ခလုတ်ကိုသာ နှိပ်လိုက်သည်။
ထိုဘက်မှ ခပ်သြသြ ယောက်ျားအသံ ထွက်လာသည်။
"ဥက္ကဌယဲ့၊ ကျွန်တော်တို့ ဆရာရဲ့ အမိန့်အရ မောင်းပြေးသွားတဲ့ ကားကို ရပ်ကွက်အဝင်ဝမှာ ဖမ်းမိထားပြီးပါပြီ၊ စပြီး ပိတ်ဆို့ထားဖို့လည်း လုပ်နေပါပြီ"
ယဲ့ထင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ဖုန်းကို ချပစ်လိုက်သည်။
ရန်ကျားလိသည် ထိုစကား နှစ်ခွန်းကြောင့် ကြောက်လန့်သွားပြီး မျက်နှာအရောင်သည်လည်း ဖျော့တော့သွားခဲ့သည်။ သူသည် ယဲ့ထင်၏ လည်ပင်းကို ခပ်မြဲမြဲ ဆုပ်ကိုင်လိုက်ပြီး အထိတ်တလန့်နှင့်
"မင်း...မင်းက အစကတည်းက အဝင်ဝမှာ စောင့်ကြည့်ဖို့ လူတွေ နေရာချထားတာလား၊ မင်းက..."
ယဲ့ထင်သည် မထုံတက်တေးနှင့် နှုတ်ခမ်းများ ကွေးသွားပြီး
"မင်းစိတ်ချပါ၊ ကိုယ်မင်းကိုတော့ ဘာမှမလုပ်ရက်ပါဘူး။ မင်းကို ခေါ်သွားချင်နေတဲ့ လူတွေကိုပဲ ကိုယ်မုန်းတာပါ"
သူသည် ကြမ်းပြင်ပေါ်မှ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဧည့်ခန်းဆီသို့ ခဏထွက်သွားကာ ဖုန်းပြန်ဆက်လိုက်သည်။
သူ့ မျက်လုံးတွေက အေးစက်နေပြီး တစ်ဖက်ကို မေးလိုက်သည်။
"လာကြိုတဲ့လူကို ဖမ်းမိပြီလား"
"တောင်းပန်ပါတယ်၊ ဥက္ကဌယဲ့၊ ကျွန်တော်တို့ လူကြီးမင်းရန်ကို လာကြိုတဲ့ ကားကိုပဲ ဖမ်းမိလိုက်ပါတယ်။ ဒါပေမဲ့ ကားသမားက နဂိုကတည်းက ပြင်ဆင်ထားပုံရတယ်။ ကျွန်တော်တို့ နီးကပ်လာတာနဲ့ သူက ကားတံခါးဖွင့်ပြီး ထွက်ပြေးသွားတယ်။ အတွေ့အကြုံ ရှိတဲ့သူမို့ ကျွန်တော်တို့လည်း လိုက်လို့ မမီလိုက်ဘူး၊ အဲ့ဒါကြောင့် လူကို လွတ်သွားပါတယ်"
ယဲ့ထင်၏ မျက်လုံးများက မှေးမှိန်သွားပြီး
"ကားနံပါတ် မှတ်ထားလား"
"မှတ်ထားပါတယ်"
တစ်ဖက်ကလူသည် မချင့်မရဲနှင့်
"ဒါပေမဲ့ သူတို့က အားလုံးကြိုတင် ပြင်ဆင်ထားပုံရတယ်။ ကျွန်တော်တို့ ခုနကပဲ ရဲဘက်က လူတွေနဲ့ စစ်ဆေးပြီးသွာပြီ။ အဲ့ဒီကားက လိုင်စင်မရှိတဲ့ ကားမို့လို့ ယာဥ်မောင်းရဲ့ မှန်ကန်တဲ့ သတင်း အချက်အလက်တွေကိုလည်း ရှာလို့မရနိုင်ဘူး"
ယဲ့ထင်သည် ဖုန်းကို ချပစ်လိုက်သည်။
ထိုနေရာတွင် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်စွာ ရပ်နေပြီးမှ အခန်းထဲသို့ ပြန်ဝင်လာသည်။
ရန်ကျားလိသည် ယဲ့ထင် ချထားသော ပိုက်ကွန်ထဲ အထိတ်တလန့် ဖြစ်နေသည့်ကြားမှာပဲ ယဲ့ထင် ဝင်လာသည်နှင့် သူ့အား ကမန်းကတန်း ဖမ်းဆုပ်လိုက်ကာ အလောတကြီးနှင့်
"သူ့ကို မဖမ်းပါနဲ့၊ ငါကသာ သူ့ကို လာကြိုခိုင်းလိုက်တာပါ။ သူနဲ့ ဘာမှမဆိုင်ပါဘူး၊ မင်းသူ့ကို ဘာမှ မလုပ်ပါနဲ့..."
ယဲ့ထင်သည် မည်သို့သော စကားမှ မဆိုဘဲ နံဘေးမှ အေးစက်လုနီးပါး ဖြစ်နေပြီဖြစ်သော ဆေးရည်ကို ယူလိုက်သည်။
ရန်ကျားလိသည် ဆေးရည်ကို အလျင်အမြန် ဆွဲယူလိုက်ပြီး သုတ်သုတ်ပျာပျာနှင့် ပါးစပ်ထဲ သွန်ထည့်လိုက်သည်။ လည်ချောင်းထဲတွင် ဂလုဂလုနှင့် မြည်တမ်းနေပြီး နှုတ်ခမ်းထောင့်မှ နီညိုရောင် ဆေးရည်များ စီးကျလာ၏။ ဆေးသောက်ပြီးနောက် သူသည် ပန်းကန်လုံး အလွတ်ကို မြှောက်ပြလိုက်ပြီး
"သောက်လိုက်ပြီနော်၊ ငါကုန်အောင် သောက်လိုက်ပြီနော်"
ယဲ့ထင်သည် ပန်းကန်လုံးကို တစ်ဖက်တွင် ချထားလိုက်ပြီး အတွေးနယ်ချဲ့နေ၏။
ရန်ကျားလိသည် ထိုပုံစံကိုကြည့်ကာ ယဲ့ထင်က ဆက်လက် စုံစမ်းစစ်ဆေးရန် ဆန္ဒရှိနေသေးသည်ဟု ထင်မှတ်သွားမိသည်။ မှတ်ဥာဏ်ထဲတွင် ယဲ့ထင်မှ ဝမ်ယန်အပေါ် ခက်ထန်ကြမ်းတမ်းစွာ ဆက်ဆံခဲ့သည့် အချိန်ကာလများကို ပြန်ပြောင်းတွေးမိသွားပြီး စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် စိုးထိတ်မှုတို့ ဗလုံစီလို့လာ၏။ သူသည် ဒယီးဒယိုင်နှင့် ယဲ့ထင်နား တိုးကပ်သွားပြီး တုန်ရင်နေသော လက်တစ်စုံဖြင့် ယဲ့ထင်၏ ခါးကို ဖက်ထားကာ ဦးခေါင်းကိုလည်း သူ့ရင်ခွင်ထက် မှီလိုက်စေပြီး
"မစစ်ဆေးပါနဲ့တော့၊ ယဲ့ထင်၊ အဲ့လိုပဲ လုပ်ပါနော်"
ယဲ့ထင်သည် ရန်ကျားလိ၏ ဦးခေါင်းကို ပင့်မ,လိုက်ပြီး နီနီရဲရဲ မျက်လုံးရွဲကြီးကို ကြည့်နေသည်။
ယဲ့ထင်သည် ကိုယ်ခန္ဓာကို ဖြည်းညှင်းစွာ ကိုင်းချလိုက်ပြီး ရန်ကျားလိ၏ နှုတ်ခမ်းနှင့် ထိလုနီးပါး ဖြစ်သွားသောအခါ ခေတ္တမျှ ရပ်တန့်သွားသည်။
ရန်ကျားလိသည် ဤတစ်ကြိမ်တွင်တော့ ခေါင်းခါယမ်းခြင်း အမှုကိုပြုပြီး ခုခံကာကွယ်ခြင်း မရှိတော့ပေ။
ယဲ့ထင်သည် သူ့အား ခပ်ဖြည်းဖြည်း နမ်းရှုံ့လာကာ အသက်ရှုသံများက ရောယှက်နေပြီး နှုတ်ခမ်းနှစ်စုံသည်လည်း ပွတ်သီးပွတ်သပ်နှင့် ထပ်တူကျနေစမြဲပင်။
နမ်းလို့ ဝသွားသောအခါ ယဲ့ထင်သည် ရန်ကျားလိ၏ ဦးခေါင်းကို မိမိရင်ခွင်ထဲ ရောက်အောင် အားနှင့် ဆွဲဖိထားလိုက်ပြီး ခံစားချက်များကို ဖိနှိမ်ထားသလိုနှင့် ခါးခါးသီးသီး ပြုံးလိုက်ကာ
"မင်း ကိုယ့်ရဲ့အနမ်းကို လက်ခံလိုက်တာက တခြားလူတစ်ယောက်ကို လွှတ်ပေးလိုက်ဖို့ဆိုတဲ့ အပေးအယူကြောင့် မဟုတ်ဘဲ မင်းကိုယ်တိုင် ဆန္ဒရှိလို့ လိုလိုလားလား လက်ခံလိုက်တာမျိုးကိုပဲ ကိုယ် ပိုမျှော်လင့်ပါတယ်"
ရန်ကျားလိသည် ယဲ့ထင်၏ ရင်ခွင်ထဲတွင် အကျဥ်းကျနေပြီး အသက်ရှု မဝသလို ဖြစ်နေကာ မတည်မငြိမ် ဖြစ်နေ၏။
ယဲ့ထင်၏ လက်တစ်စုံသည် ရန်ကျားလိ၏ မေးစေ့ကို ဆွဲမ,လိုက်ရင်း ခေါင်းမော့လာစေကာ သက်ပြင်း တစ်ချက်ချပြီး မေးလာသည်။
"ပေါင်ပေါင်း၊ ဒါဆို မင်းကိုယ့်ကို ပြန်ဖြေပါဦး။ မင်း ထပ်ပြီး ထွက်ပြေးဦးမှာလားလို့"
.
.
.
.
.
5/12/2021(Sun)
×××
{Zawgyi}
"ၿပီးျပည့္စံုမႈကို ရွာေဖျြခင္း"
သက္ေတာ္ေစာင့္မ်ားသည္ ရန္က်ားလိကို ဆြဲေခၚၿပီး အေပၚထပ္သို႔ တက္လာၾကသည္။
ရန္က်ားလိ၏ စိတ္ခံစားခ်က္မ်ားသည္ မတည္မၿငိမ္ႏွင့္ တက္လိုက္က်လိုက္ ျဖစ္လို႔ေနသည္။ ကနဦးကတည္းက မႏိုင္ဝန္ ထမ္းပိုးထားရေသာ ႏွလံုးသားသည္ စည္းေပါက္သြားေသာ ေရကာတာကဲ့သို႔ ရက္ေပါင္းမ်ားစြာ ပိတ္ဆို႔ေနေသာ ျမစ္ေရမ်ားသည္ ဒလေဟာ လ်ွံက်လာသည္။ ဤအခိုက္တြင္ သူသည္လည္း ရုတ္ခ်ည္း အသက္ရႉ မဝသလို ျဖစ္လာၿပီး ရင္ဘတ္မွာလည္း အသက္ရႉသံႏွင့္အတူ ေရလိႈင္းလံုးပမာ နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေနကာ ဆြဲဆြဲငင္ငင္ ငိုေႂကြးမိေတာ့၏။
သို႔ေသာ္လည္း သက္ေတာ္ေစာင့္မ်ား၏ ခ်ဳပ္ကိုင္ထားမႈကိုလည္း ရုန္းကန္၍ မရႏိုင္ေပ။ သူသည္ ထြက္ေပါက္မွ အလင္းေရာင္က မိမိႏွင့္ တျဖည္းျဖည္း ေဝးကြာသြားေနသည္ကိုသာ ၾကည့္ေနခဲ့ရသည္။
မ်က္စိေရ႔ွမွာ ရိွေနရဲ့သားနဲ႔၊ ေျခတစ္လွမ္းေလာက္ ပိုျမန္လိုက္လ်ွင္ လြတ္ေျမာက္ႏိုင္သားနဲ႔ကြယ္။
ရန္က်ားလိသည္ သက္ေတာ္ေစာင့္၏ အက်ႌလက္ကို အားႏွင့္ ဆုပ္ကိုင္လိုက္ၿပီး ငိုရင္းယိုရင္း မေမ့မေလ်ာ့ ေတာင္းဆိုသည္။
"အစ္ကိုႀကီး၊ အစ္ကိုႀကီး ကြၽန္ေတာ့္ကို ကယ္ပါဦး။ သူက စိတ္မႏွံ႔ဘူး၊ ရူးေနတဲ့ ေခြးတစ္ေကာင္ပါ၊ သူက ကြၽန္ေတာ့္ကို ေသေအာင္ လုပ္ေတာ့မွာ။ ခင္ဗ်ား ကြၽန္ေတာ့္ကို လႊတ္ေပးလိုက္ပါေနာ္။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ့္ကို ျပန္မေခၚသြားပါနဲ႔..."
"ကြၽန္ေတာ္ ခင္ဗ်ားရဲ့ သနားကရုဏာထားမႈကို တစ္သက္လံုး မွတ္သားထားပါ့မယ္၊ ကြၽန္ေတာ့္ကို လႊတ္ေပးပါေနာ္၊ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္..."
သက္ေတာ္ေစာင့္သည္ အေပၚထပ္မွ ေျခလွမ္းမ်ား ရပ္တန္႔သြားသည္ကို ၾကားလိုက္ရေသာအခါ မိမိ၏ ႏွလံုးခုန္သံသည္လည္း ႏွစ္ႀကိမ္မ်ွ ရပ္တန္႔သြားခဲ့သည္။
သူသည္ ခႏၶာကိုယ္ကို ႏိွမ့္လိုက္ၿပီး ေလသံကို တိုးလိုက္ကာ
"လူႀကီးမင္းရန္၊ ကြၽန္ေတာ္တို႔ကို အခက္ေတြ့ေအာင္ မလုပ္ပါနဲ႔ဗ်ာ"
ရန္က်ားလိ၏ ႏွလံုးသားထဲတြင္ စိတ္ပ်က္မႈႏွင့္ ေမ်ွာ္လင့္ခ်က္မဲ့မႈတို႔ ျပည့္ႏွက္သြားၿပီး ေခါင္းေမာ့လ်က္ ရိႈက္ငိုမိကာ မ်က္လံုးမ်ားကို မိွတ္ခ်လိုက္သည္။
သက္ေတာ္ေစာင့္သည္ သက္ျပင္းခ်ၿပီး ဆက္ေျပာလာသည္။
"လူႀကီးမင္းရန္၊ ခင္ဗ်ား အရမ္းႀကီးလည္း ဝမ္းနည္းမေနပါနဲ႔။ ဥကၠဌယဲ့က ခင္ဗ်ားကို ဘာမွလုပ္မွာ မဟုတ္ပါဘူး။ သူ ျပင္ဆင္မႈေတြ ဒီေလာက္ အမ်ားႀကီး လုပ္ထားတာကလည္း သူ႔အနားမွာ ခင္ဗ်ားကို ေကာင္းေကာင္းမြန္မြန္ ရိွေနေစခ်င္လို႔ပါပဲ၊ ခင္ဗ်ားသာ..."
ရန္က်ားလိ၏ ရင္ဘတ္ထဲတြင္ ကေျပာင္းကျပန္ႏွင့္ စည္းခ်က္မက် ျဖစ္လို႔ေနၿပီး လည္ေခ်ာင္းထဲမွ စိတ္ပ်က္အားငယ္ေသာ ညည္းၫူသံတို႔သာ ထြက္ေပၚလာ၏။
သက္ေတာင္ေစာင့္သည္ သူ၏ ထိုသို႔ေသာ ပံုစံကိုျမင္ၿပီး ရုတ္တရက္ မည္သို႔ေသာ စကားမွ ဆက္လက္ မေျပာႏိုင္ေတာ့ေပ။
ရန္က်ားလိသည္ တစ္လမ္းလံုး အသနားခံ ေတာင္းပန္တိုးလ်ိႈးေနသည္။ တစ္ထပ္ၿပီး တစ္ထပ္၊ စတုတၴထပ္ထိ ဆြဲေခၚခံရေလေလ၊ သူ၏ေလသံသည္လည္း တိုးလာေလေလ ျဖစ္ေနသည္။ ေနာက္ဆံုးတြင္ေတာ့ သူသည္လည္း ခြင့္လႊတ္မႈ ေတာင္းခံျခင္းကို စြန္႔လႊတ္လိုက္ၿပီး မ်က္လံုးမိွတ္၊ ပါးစပ္ပိတ္ကာ မည္သို႔ေသာ စကားမွ မေျပာလာေတာ့ေပ။
သက္ေတာ္ေစာင့္သည္ သူ႔အား အိပ္ခန္းထဲသို႔ ေခၚလာေပးသည္။
ရန္က်ားလိသည္ ေျမျပင္ေပၚ လဲက်သြားၿပီး တစ္ကိုယ္လံုးတြင္လည္း အင္အားနတၴိ မရိွေတာ့ေခ်ၿပီ။
သူသည္ စိတ္ဝိညာဥ္ ဆြဲအႏုတ္ခံလိုက္ရသည့္ႏွယ္ အသက္မ်ွင္ေလး တစ္မ်ွင္မွပင္ မရိွဘဲ ေအးစက္စက္ ၾကမ္းျပင္ေပၚ လဲေလ်ာင္းေနၿပီး လႈပ္လည္း မလႈပ္လာေပ။
ယဲ့ထင္သည္ ကုတင္ေပၚ ထိုင္ေနၿပီး မ်က္လံုးထဲတြင္လည္း ေသြးေၾကာမ်ား ျပည့္ေန၏။
သူသည္ ရန္က်ားလိ၏ ထိုသို႔ျဖစ္ေနေသာ ပံုစံကို ၾကည့္ေနသည္။ သူ႔မ်က္လံုးထဲတြင္ ထင္ဟပ္ေနေသာ ေမွာင္မိုက္မိုက္ ေဒါသအဟုန္၊ နာက်င္မႈ၊ မလိုလားမႈ၊ ရူးသြပ္မႈ......အမ်ိဳးမ်ိဳး အဖံုဖံုေသာ စိတ္ခံစားခ်က္မႈတို႔ ေရာယွက္ေနသည္မွာ ပင္လယ္ကဲ့သို႔ သိပ္သည္းနက္ရိႈင္းလွ၏။ ယဲ့ထင္သည္ ဘာမွမေျပာဘဲ၊ အနည္းငယ္ တုန္ယင္ေနေသာ လက္ေခ်ာင္းမ်ားႏွင့္ တစ္စံုတစ္ခုကို အျပင္းအထန္ ဖိႏိွပ္ထားရသလိုမ်ိဳး ပါးစပ္မွ ေဆးလိပ္ေငြ့မ်ား အၾကမ္းပတမ္း မႈတ္ထုတ္ပစ္လိုက္သည္။
သူသည္ ေဆးလိပ္ကို မီးသတ္လိုက္ၿပီး ေၾကာင္အိမ္ေဘး ေလ်ွာက္သြားကာ ေရပူတစ္ခြက္ ေလာင္းထည့္လိုက္ၿပီး စိတ္ပိုင္းဆိုင္ရာ ေရာဂါမ်ားကို ကုသေပးေသာ ေဆးထုပ္ကို ေဖာက္ၿဖဲလိုက္ကာ ေရထဲ ေရာေမႊလိုက္သည္။
ထို႔ေနာက္ သူသည္လည္း ၾကမ္းျပင္ေပၚ ထိုင္ခ်လိုက္ၿပီး ရန္က်ားလိကို ဆြဲမ,ရင္း မိမိရင္ခြင္ထဲ ထည့္လိုက္ကာ ရင္အုပ္အား မွီထားေစလိုက္သည္။
ယဲ့ထင္သည္ ေဆးရည္ပူပူကို မႈတ္ေပးေနၿပီး တစ္ခ်က္ေလာက္ ျမည္းၾကည့္လိုက္ကာ လည္စလုပ္က အနည္းငယ္ လႈပ္ရွားသြားၿပီး ေျပာလာသည္။
"မပူေတာ့ဘူး၊ အပူခ်ိန္က အေနေတာ္ပဲ။ လိမၼာတယ္၊ ပါးစပ္ဟ၊ ေဆးေသာက္လိုက္၊ ကိုယ္မင္းရဲ့ ဒဏ္ရာကို ေဆးလိမ္းေပးမယ္"
ရန္က်ားလိ၏ မ်က္လံုးမ်ားသည္ အေရ႔ွအရပ္ကိုသာ ေျဗာင္က်က် စိုက္ၾကည့္ေနၿပီး ႏႈတ္ခမ္းမွာေတာ့ လႈပ္ကို မလႈပ္လာေပ။
"ေပါင္ေပါင္း၊ စကားနားေထာင္"
ယဲ့ထင္သည္ ေလသံတိုးတိုးႏွင့္ ေခ်ာ့ေမာ့ေန၏။
"ထြက္ေျပးတဲ့ ကိစၥကို ကိုယ္တို႔ ေနာက္မွ ေျပာၾကမယ္၊ အရင္ ေဆးေသာက္လိုက္၊ လာ"
ရန္က်ားလိသည္ ျဖည္းျဖည္းခ်င္း မ်က္လႊာကို ပင့္တင္လာၿပီး အငိုလြန္ၿပီးေနာက္ ျဖစ္တည္လာေသာ ၾကမ္းရွရွ ေလသံႏွင့္
"...မင္းက ငါ့ကို ေသတဲ့အထိ ပိတ္ေလွာင္ထားဖို႔ ေတြးထားတာလား"
ယဲ့ထင္သည္ စကားမေျပာဘဲ ေဘးနားမွ တစ္သ်ွူးတစ္ရြက္ ဆြဲထုတ္လိုက္ၿပီး ရန္က်ားလိ၏ နဖူးေပၚရိွ ေသြးစြန္းေနေသာ အစအနမ်ားကို ညင္သာစြာ သုတ္ေပးလိုက္သည္။
ရန္က်ားလိ၏ အသက္ရႈသံသည္ ျမန္ဆန္လို႔လာၿပီး မ်က္ခြံသည္လည္း တုန္ရီလို႔ေန၏။
ၾကမ္းျပင္ေပၚ ျပဳတ္က်ေနသည့္ ယဲ့ထင္၏ လက္ကိုင္ဖုန္းသည္ အဝင္ေခၚဆိုမႈတစ္ခု ဝင္လာ၍ တဂြမ္ဂြမ္ႏွင့္ အသံျမည္လာ၏။
သူသည္ ရန္က်ားလိကို ဖက္ထားရသည္မို႔ ဖုန္းလက္ခံဖို႔ လက္မအားဘဲ စပီကာ ခလုတ္ကိုသာ ႏိွပ္လိုက္သည္။
ထိုဘက္မွ ခပ္ၾသၾသ ေယာက္်ားအသံ ထြက္လာသည္။
"ဥကၠဌယဲ့၊ ကြၽန္ေတာ္တို႔ ဆရာရဲ့ အမိန္႔အရ ေမာင္းေျပးသြားတဲ့ ကားကို ရပ္ကြက္အဝင္ဝမွာ ဖမ္းမိထားၿပီးပါၿပီ၊ စၿပီး ပိတ္ဆို႔ထားဖို႔လည္း လုပ္ေနပါၿပီ"
ယဲ့ထင္သည္ ရုတ္တရက္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ဖုန္းကို ခ်ပစ္လိုက္သည္။
ရန္က်ားလိသည္ ထိုစကား ႏွစ္ခြန္းေၾကာင့္ ေၾကာက္လန႔္သြားၿပီး မ်က္ႏွာအေရာင္သည္လည္း ေဖ်ာ့ေတာ့သြားခဲ့သည္။ သူသည္ ယဲ့ထင္၏ လည္ပင္းကို ခပ္ၿမဲျမဲ ဆုပ္ကိုင္လိုက္ၿပီး အထိတ္တလန္႔ႏွင့္
"မင္း...မင္းက အစကတည္းက အဝင္ဝမွာ ေစာင့္ၾကည့္ဖို႔ လူေတြ ေနရာခ်ထားတာလား၊ မင္းက..."
ယဲ့ထင္သည္ မထံုတက္ေတးႏွင့္ ႏႈတ္ခမ္းမ်ား ေကြးသြားၿပီး
"မင္းစိတ္ခ်ပါ၊ ကိုယ္မင္းကိုေတာ့ ဘာမွမလုပ္ရက္ပါဘူး။ မင္းကို ေခၚသြားခ်င္ေနတဲ့ လူေတြကိုပဲ ကိုယ္မုန္းတာပါ"
သူသည္ ၾကမ္းျပင္ေပၚမွ ဖုန္းကို ေကာက္ကိုင္လိုက္ၿပီး ဧၫ့္ခန္းဆီသို႔ ခဏထြက္သြားကာ ဖုန္းျပန္ဆက္လိုက္သည္။
သူ႔ မ်က္လံုးေတြက ေအးစက္ေနၿပီး တစ္ဖက္ကို ေမးလိုက္သည္။
"လာႀကိဳတဲ့လူကို ဖမ္းမိၿပီလား"
"ေတာင္းပန္ပါတယ္၊ ဥကၠဌယဲ့၊ ကြၽန္ေတာ္တို႔ လူႀကီးမင္းရန္ကို လာႀကိဳတဲ့ ကားကိုပဲ ဖမ္းမိလိုက္ပါတယ္။ ဒါေပမဲ့ ကားသမားက နဂိုကတည္းက ျပင္ဆင္ထားပံုရတယ္။ ကြၽန္ေတာ္တို႔ နီးကပ္လာတာနဲ႔ သူက ကားတံခါးဖြင့္ၿပီး ထြက္ေျပးသြားတယ္။ အေတြ့အႀကံဳ ရိွတဲ့သူမို႔ ကြၽန္ေတာ္တို႔လည္း လိုက္လို႔ မမီလိုက္ဘူး၊ အဲ့ဒါေၾကာင့္ လူကို လြတ္သြားပါတယ္"
ယဲ့ထင္၏ မ်က္လံုးမ်ားက ေမွးမိွန္သြားၿပီး
"ကားနံပါတ္ မွတ္ထားလား"
"မွတ္ထားပါတယ္"
တစ္ဖက္ကလူသည္ မခ်င့္မရဲႏွင့္
"ဒါေပမဲ့ သူတို႔က အားလံုးႀကိဳတင္ ျပင္ဆင္ထားပံုရတယ္။ ကြၽန္ေတာ္တို႔ ခုနကပဲ ရဲဘက္က လူေတြနဲ႔ စစ္ေဆးၿပီးသြာၿပီ။ အဲ့ဒီကားက လိုင္စင္မရိွတဲ့ ကားမို႔လို႔ ယာဥ္ေမာင္းရဲ့ မွန္ကန္တဲ့ သတင္း အခ်က္အလက္ေတြကိုလည္း ရွာလို႔မရႏိုင္ဘူး"
ယဲ့ထင္သည္ ဖုန္းကို ခ်ပစ္လိုက္သည္။
ထိုေနရာတြင္ စကၠန႔္အနည္းငယ္မ်ွ ၿငိမ္သက္စြာ ရပ္ေနၿပီးမွ အခန္းထဲသို႔ ျပန္ဝင္လာသည္။
ရန္က်ားလိသည္ ယဲ့ထင္ ခ်ထားေသာ ပိုက္ကြန္ထဲ အထိတ္တလန္႔ ျဖစ္ေနသည့္ၾကားမွာပဲ ယဲ့ထင္ ဝင္လာသည္ႏွင့္ သူ႔အား ကမန္းကတန္း ဖမ္းဆုပ္လိုက္ကာ အေလာတႀကီးႏွင့္
"သူ႔ကို မဖမ္းပါနဲ႔၊ ငါကသာ သူ႔ကို လာႀကိဳခိုင္းလိုက္တာပါ။ သူနဲ႔ ဘာမွမဆိုင္ပါဘူး၊ မင္းသူ႔ကို ဘာမွ မလုပ္ပါနဲ႔..."
ယဲ့ထင္သည္ မည္သို႔ေသာ စကားမွ မဆိုဘဲ နံေဘးမွ ေအးစက္လုနီးပါး ျဖစ္ေနၿပီျဖစ္ေသာ ေဆးရည္ကို ယူလိုက္သည္။
ရန္က်ားလိသည္ ေဆးရည္ကို အလ်င္အျမန္ ဆြဲယူလိုက္ၿပီး သုတ္သုတ္ပ်ာပ်ာႏွင့္ ပါးစပ္ထဲ သြန္ထည့္လိုက္သည္။ လည္ေခ်ာင္းထဲတြင္ ဂလုဂလုႏွင့္ ျမည္တမ္းေနၿပီး ႏႈတ္ခမ္းေထာင့္မွ နီညိုေရာင္ ေဆးရည္မ်ား စီးက်လာ၏။ ေဆးေသာက္ၿပီးေနာက္ သူသည္ ပန္းကန္လံုး အလြတ္ကို ေျမႇာက္ျပလိုက္ၿပီး
"ေသာက္လိုက္ၿပီေနာ္၊ ငါကုန္ေအာင္ ေသာက္လိုက္ၿပီေနာ္"
ယဲ့ထင္သည္ ပန္းကန္လံုးကို တစ္ဖက္တြင္ ခ်ထားလိုက္ၿပီး အေတြးနယ္ခ်ဲ့ေန၏။
ရန္က်ားလိသည္ ထိုပံုစံကိုၾကည့္ကာ ယဲ့ထင္က ဆက္လက္ စံုစမ္းစစ္ေဆးရန္ ဆႏၵရိွေနေသးသည္ဟု ထင္မွတ္သြားမိသည္။ မွတ္ဥာဏ္ထဲတြင္ ယဲ့ထင္မွ ဝမ္ယန္အေပၚ ခက္ထန္ၾကမ္းတမ္းစြာ ဆက္ဆံခဲ့သည့္ အခ်ိန္ကာလမ်ားကို ျပန္ေျပာင္းေတြးမိသြားၿပီး စိတ္ထဲတြင္ ေၾကာက္ရြံ႔မႈႏွင့္ စိုးထိတ္မႈတို႔ ဗလံုစီလို႔လာ၏။ သူသည္ ဒယီးဒယိုင္ႏွင့္ ယဲ့ထင္နား တိုးကပ္သြားၿပီး တုန္ရင္ေနေသာ လက္တစ္စံုျဖင့္ ယဲ့ထင္၏ ခါးကို ဖက္ထားကာ ဦးေခါင္းကိုလည္း သူ႔ရင္ခြင္ထက္ မွီလိုက္ေစၿပီး
"မစစ္ေဆးပါနဲ႔ေတာ့၊ ယဲ့ထင္၊ အဲ့လိုပဲ လုပ္ပါေနာ္"
ယဲ့ထင္သည္ ရန္က်ားလိ၏ ဦးေခါင္းကို ပင့္မ,လိုက္ၿပီး နီနီရဲရဲ မ်က္လံုးရြဲႀကီးကို ၾကည့္ေနသည္။
ယဲ့ထင္သည္ ကိုယ္ခႏၶာကို ျဖည္းၫွင္းစြာ ကိုင္းခ်လိုက္ၿပီး ရန္က်ားလိ၏ ႏႈတ္ခမ္းႏွင့္ ထိလုနီးပါး ျဖစ္သြားေသာအခါ ေခတၲမ်ွ ရပ္တန္႔သြားသည္။
ရန္က်ားလိသည္ ဤတစ္ႀကိမ္တြင္ေတာ့ ေခါင္းခါယမ္းျခင္း အမႈကိုျပဳျပီး ခုခံကာကြယ္ျခင္း မရိွေတာ့ေပ။
ယဲ့ထင္သည္ သူ႔အား ခပ္ျဖည္းျဖည္း နမ္းရႈံ႔လာကာ အသက္ရႈသံမ်ားက ေရာယွက္ေနၿပီး ႏႈတ္ခမ္းႏွစ္စံုသည္လည္း ပြတ္သီးပြတ္သပ္ႏွင့္ ထပ္တူက်ေနစၿမဲပင္။
နမ္းလို႔ ဝသြားေသာအခါ ယဲ့ထင္သည္ ရန္က်ားလိ၏ ဦးေခါင္းကို မိမိရင္ခြင္ထဲ ေရာက္ေအာင္ အားႏွင့္ ဆြဲဖိထားလိုက္ၿပီး ခံစားခ်က္မ်ားကို ဖိႏိွမ္ထားသလိုႏွင့္ ခါးခါးသီးသီး ၿပံဳးလိုက္ကာ
"မင္း ကိုယ့္ရဲ့အနမ္းကို လက္ခံလိုက္တာက တျခားလူတစ္ေယာက္ကို လႊတ္ေပးလိုက္ဖို႔ဆိုတဲ့ အေပးအယူေၾကာင့္ မဟုတ္ဘဲ မင္းကိုယ္တိုင္ ဆႏၵရိွလို႔ လိုလိုလားလား လက္ခံလိုက္တာမ်ိဳးကိုပဲ ကိုယ္ ပိုေမ်ွာ္လင့္ပါတယ္"
ရန္က်ားလိသည္ ယဲ့ထင္၏ ရင္ခြင္ထဲတြင္ အက်ဥ္းက်ေနၿပီး အသက္ရႈ မဝသလို ျဖစ္ေနကာ မတည္မၿငိမ္ ျဖစ္ေန၏။
ယဲ့ထင္၏ လက္တစ္စံုသည္ ရန္က်ားလိ၏ ေမးေစ့ကို ဆြဲမ,လိုက္ရင္း ေခါင္းေမာ့လာေစကာ သက္ျပင္း တစ္ခ်က္ခ်ၿပီး ေမးလာသည္။
"ေပါင္ေပါင္း၊ ဒါဆို မင္းကိုယ့္ကို ျပန္ေျဖပါဦး။ မင္း ထပ္ၿပီး ထြက္ေျပးဦးမွာလားလို႔"
.
.
.
.
.
5/12/2021(Sun)
×××