{Unicode}
"အမဲလိုက်"
ရန်ကျားလိမှာ မီးမဖွင့်ထားသည်မို့ အခန်းတစ်ခုလုံး မှောင်မိုက်နေပြီး သူသည်လည်း ထိတွေ့ခံစားမှုအရ တံခါးလက်ကိုင်ကို စမ်းကြည့်နေရသည်။
တံခါးကို တိတ်တိတ်ကလေး ဖွင့်ကြည့်လိုက်ရာ စင်္ကြန်လမ်းတစ်လျှောက် မည်သို့သော အသံမှ မကြားရဘဲ လေးဖက်လေးလံ အရပ်ရပ်မှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ နံရံ၏ အောက်ခြေတွင် ထွင်းထုထားသော အရေးပေါ် ထွက်ပေါက်၏ ဆိုင်းဘုတ်ကသာလျှင် မီးစိမ်းဖျော့ရောင် လင်းလက်နေသည်။
သူသည် တံခါးကို ညင်ညင်သာသာ ဆွဲပိတ်လိုက်ပြီး စင်္ကြန်ဘက်သို့ လျှောက်သွားကာ ခဏ ရပ်လိုက်သည်။ ထို့နောက် ခေါင်းလှည့်ကာ ယဲ့ထင်၏ အခန်းကို တစ်ချက် ကြည့်လိုက်သည်။
ယဲ့ထင်၏ တံခါးမှာ တင်းတင်းကျပ်ကျပ် ဆွဲပိတ်ထားပြီး တံခါးမှတစ်ဆင့် မည်သို့သော အသံမှ မကြားရပေ။
ရန်ကျားလိသည် စိတ်မချနိုင်သေးဘဲ ခြေလှမ်း အနည်းငယ် တိုးကပ်လိုက်ကာ သတိကြီးစွာနှင့် တံခါးပေါက်အကြားမှ ချောင်းမြောင်း ကြည့်ရှူလိုက်သည်။
ထို တံခါး အက်ကွဲကြောင်းကြားတွင် အလင်းရောင် တစိုးတစိမျှပင် ရှိမနေဘဲ မှောင်မိုက်ခြင်းအတိ ဖုံးလွမ်းနေ၏။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ယဲ့ထင်တစ်ယောက် မီးပိတ်ပြီး အိပ်ပျော်သွားဟန်တူ၏။
သူသည် အသံမထွက်သည့် သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။
ထို့နောက် ယဲ့ထင်၏ တံခါးဘက် ဦးတည်ပြီး လက်သီးတစ်လုံး ဝှေ့ယမ်းပြလိုက်ကာ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
"စိတ်မနှံ့တဲ့ ခွေးရူးကောင်!"
ရန်ကျားလိသည် ယဲ့ထင်တစ်ယောက် အအိပ်ဆတ်သည်ကို သိရှိသည်မို့ အောက်ထပ်သို့ ဆင်းလာရာတွင် ဝရုန်းသုန်းကား ခုန်ပေါက်ကာ ပြေးမဆင်းရဲပေ။ သူသည် လမ်းလျှောက်သင်နေသော ကလေးငယ် တစ်ယောက်ကဲ့သို့ လက်က လက်ရန်းကို သေချာကိုင်ထားကာ သတိကြီးစွာနှင့် လှေကားထစ်များပေါ် တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းနေပြီး ယုတ်စွအဆုံး လေသံတစ်ချက်ပင် မထွက်ရဲခဲ့ချေ။
လေးထပ်၊ သုံးထပ်၊ နှစ်ထပ်.....
ရန်ကျားလိသည် မိမိ၏ ရင်ဘတ်ထဲတွင် နှလုံးသားက အပြင်းအထန် ခုန်ပေါက် လှုပ်ရှားနေသည်ကို ခံစားနေရသည်။
ဤအဆောက်အအုံကသာ ထွက်နိုင်လျှင် သူသည်လည်း စိတ်လွတ်ကိုယ်လွတ်နှင့် ပြေးသွားနိုင်တော့မည်ဖြစ်သည်။
ထို့နောက် ရပ်ကွက်ငယ်လေးက ပြေးထွက်လာပြီး မိမိအား လာကြိုသည့် ကားပေါ်သာ တက်သွားနိုင်မည်ဆိုလျှင် ကားတံခါး ပိတ်သည်နှင့် ယဲ့ထင်ဆိုသူလည်း တာ့တာပဲ!
အဆောက်အအုံ အပေါက်ဝနှင့် နီးလာလေလေ၊ ရန်ကျားလိ၏ နှလုံးခုန်သံမှာလည်း မြန်ဆန်လာလေလေ ဖြစ်နေသည်ဟုသာ ခံစားနေရသည်။ လွတ်လပ်မှုကို အလွန်အမင်း တောင့်တနေခြင်းသည် အာနိသင် အရှိဆုံး စိတ်ကြွဆေး၏ ထိုးနှက်ချက်နှင့် တူ၏။ ထို ထိုးဆွချက်ကြောင့် သူ၏ မျက်လုံးအစုံမှာ တဖျက်ဖျက် လင်းလက်လာပြီး တစ်ကိုယ်လုံးရှိ ကြွက်သားစိုင်များမှာလည်း တင်းကျုံ့သွားကာ သွေးများပါ ပွက်ပွက်ဆူလာလေ၏။
ဒုတိယထပ်၏ လှေကားအကွေ့ကို ကျော်ဖြတ်ပြီးသောအခါ သူတစ်ချက် မော့ကြည့်သည်နှင့် အဆောက်အအုံ အဝင်ဝမှ အလင်းရောင်ကိုပင် မြင်နေရပြီဖြစ်သည်။
သူသည် အသက်အောင့်ထားပြီး ခြေလှမ်းများကိုသာ အရှိန်တင်လိုက်သည်။
လှေကားဆုံးသွားသည့် တစ်နေရာအရောက် ရန်ကျားလိ ခြေချလိုက်သည့် အချိန်တွင် မူလက တိတ်ဆိတ်နေသော စင်္ကြန်လမ်းမှာ ရုတ်တရက် မီးခြစ်ကို နှိပ်ချလိုက်သည့် အသံတစ်သံ ထွက်ပေါ်လာ၏။
မှောင်မိုက်သော ညဥ့်နက်ကြားတွင် မီးလျှံတစ်ပွင့် ထွန်းတောက်လာပြီး လောင်ကျွမ်းသွားသော စီးကရက်မီးတိုမှာလည်း နီကြင်ကြင် ဖြစ်နေ၏။
ထိုအခိုက်မှာပင် စင်္ကြန်လမ်းမှ မီးလုံးများ ပွင့်လာကာ ပတ်ဝန်းကျင်မှာ တစ်မုဟုတ်ချင်း လင်းလက်သွားပြီး ထိန်ထိန်သာနေတော့သည်။ ရန်ကျားလိသည် အသက်ရှူကျပ်သွားပြီး မသိစိတ်၏ စေ့ဆော်မှုအရ မျက်လုံးများကို ကာထားမိလိုက်သည်။
ယဲ့ထင်သည် လက်ချောင်းများကြားတွင် စီးကရက် တစ်လိပ်ကို ကိုင်ထားပြီး အဆောက်အအုံ အဝင်ဝရှိ နံရံကို မှီကာ ရပ်နေသည်။ ခန္ဓာကိုယ်ပေါ်တွင် နေ့လည်က ဝတ်ဆင်ထားသော အနက်ရောင် အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး မျက်ခုံးတန်းမှာ ထင်ထင်ရှားရှား ကွေးညွတ်နေပြီး မျက်ဝန်းတစ်စုံသည်လည်း ပင်လယ်ကဲ့သို့ နက်ရှိုင်းနေ၏။
သူသည် ဆေးလိပ်မီးတိုကို ပုတ်ခါလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ လေသံဖျော့ဖျော့နှင့်
"ပေါင်ပေါင်း၊ ဒီလောက် နောက်ကျနေပြီကို၊ ဘယ်ကို သွားမလို့ ပြင်နေတာလဲ"
ရန်ကျားလိ၏ တစ်ကိုယ်လုံးမှာ အပြင်းအထန် လှုပ်ယမ်းသွားပေ၏။
သူသည် အထိတ်တလန့်နှင့် ယဲ့ထင်ကို ကြည့်လိုက်ရာ လည်ချောင်းဝတွင် တစ်ဆို့သလို ဖြစ်နေပြီး မည်သို့သော စကားမှ ပြောထွက်မလာပေ။
သူ့၏ မျက်နှာသည်လည်း သိသိသာသာ ဖြူဖျော့လာကာ နဖူးထက်မှ ချွေးပေါက်ကြီးငယ်တို့ ကျဆင်းလာပြီး ထိတ်လန့်မှုကြောင့် မျက်တောင်ခတ်ဖို့ပင် မေ့နေ၏။
ယဲ့ထင်သည် ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်ပြီး သူ့ကို ပြုံးပြလာကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး
"လိလိမ္မာမ္မာနဲ့ တိုးလာခဲ့"
ရန်ကျားလိသည် တုံ့ပြန်မှု မပြုဘဲ ထိတ်လန့်တကြား ဖြစ်နေသည့်ကြားက ရုတ်တရက် ကိုယ်ကိုလှည့်ကာ ဆန့်ကျင်ဘက် အရပ်သို့ ထွက်ပြေးသွားသည်။
အသံကျယ်မည်၊ မကျယ်မည်တို့ကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ ရန်ကျားလိသည် သုံးလှမ်းလှမ်းလျှင် နှစ်လှမ်းမှာ မြေကြီးနှင့်ပင် မထိဘဲ ပျံသန်းနေသယောင် ပြေးနေတော့၏။
အလျင်စလိုပင် လှေကားထစ်များကို ဖြတ်ကျော်ပြီး ဖုန်တလိမ်းလိမ်း ထနေသော မီးဘေးအန္တရာယ် ကာကွယ်ပေးသည့် လမ်းကြောင်းထဲသို့ တည့်တည့်ပြေးဝင်သွားသည်။
သူသည် မီးဘေးအန္တရာယ် ကာကွယ်ပေးသည့် သံတံခါးကို ဆွဲဖွင့်လိုက်ပြီး အောက်ထပ်သို့ ကမန်းကတန်း ပြေးဆင်းလေ၏။
သူ ထွက်သွားရမည်။ ကျိန်းသေပေါက် ထွက်သွားရမည်။
နောက်ကွယ်မှ ကပ်လိုက်လာသည့် ခြေလှမ်းများသည်လည်း ပိုမိုနီးကပ်လာသည်မို့ ရန်ကျားလိသည် အံကို တင်းတင်းကြိတ်ထားကာ နှလုံးတစ်စုံမှာလည်း ကဒုန်းကဆိုင်း ခုန်ပေါက်နေတော့၏။
ယဲ့ထင်သည် အနောက်မှ လှမ်းအော်သည်။
"ရန်ရန်၊ ရပ်လိုက်!"
ရန်ကျားလိသည် ငိုမိတော့ မလိုတောင် ဖြစ်နေသည်။ သူသည် အသက်ကိုပင် မလိုချင်တော့သည့်အတိုင်း ကဆုန်ပေါက် ပြေးဆင်းနေ၏။ ခြေလှမ်းများ အစီအစဥ်မကျ ရှုပ်ထွေးနေသည့်ကြားတွင် လှေကားထစ် မရှိသည့်နေရာကို တက်နင်းမိရာ ကြောက်လန့်တကြားနှင့် အော်လိုက်မိပြီး လူတစ်ကိုယ်လုံး လှေကားပေါ်မှ လိမ့်ကျသွားသည်။ လှေကားထစ်များဆီမှ လှိမ့်ကျလာရာ တစ်ကိုယ်လုံးမှာလည်း ဖုန်မှုန့်လုံးကြီး ကပ်တွယ်ကုန်၏။
သူ၏ အမြင်အာရုံသည်လည်း တစ်ခဏမျှ ဝေဝါးသွားကာ နဖူးမှလည်း သွေးနံ့များ ရလိုက်သည်။
ရန်ကျားလိသည် ခြေထောက်ကို ကိုင်လိုက်ပြီး နာကျင်မှုကြောင့် ခပ်တိုးတိုး အော်ညည်းမိကာ ချွေးအေးများဖြင့် စိုရွဲနေသော မျက်နှာပြင်သည်လည်း အပြင်းအထန် ရှုံ့တွသွားလေ၏။
နာကျင်သည်။ နာကျင်လွန်း၍ မျက်ရည်ပါ ထွက်ကျလာရသည်။
နောက်ကွယ်မှ ခြေလှမ်းက ပို၍ နီးကပ်လာသည်နှင့် ရန်ကျားလိ၏ စိတ်ထဲတွင်လည်း မီးတောက်နေသကဲ့သို့ အလျင်လိုနေတော့၏။
ပြင်းထန်သော အားပြိုင်မှုအောက်တွင် ရန်ကျားလိသည် ခြေထောက်မှ မီးပွင့်မတက် ပူလောင်နာကျင်နေမှုကို မြဲမြဲ သည်းခံလိုက်ကာ ဝရမ်းပြေးတစ်ယောက်နှယ် ထိတ်ထိတ်ပျာပျာနှင့် ဝင်ပေါက်ဝဆီသို့ တန်းတန်းမတ်မတ် ထွက်ပြေးသွား၏။
ဝင်ပေါက်ဝသည် မှောင်မည်းနေပြီး တံခါးမှာလည်း ခပ်တင်းတင်း စေ့ပိတ်ထားသည်။
ရန်ကျားလိသည် ဘာကိုမှ ဂရုမစိုက်နိုင်ဘဲ အားကုန်သုံးပြီး တံခါးကို တဘုန်းဘုန်းနှင့် ထုရိုက်ကာ သံတံခါးကို လက်ဗလာဖြင့် ချိုးဖွင့်နေသည်။
ရန်ကျားလိသည် မိမိ၏ ရှိရှိသမျှ ခွန်အား အလုံးစုံကို အသုံးချနေသည်။ တုန်လှုပ်ချောက်ချားနေသည့် ခံစားချက်နှင့် ပိုက်ကွန်ထဲတွင် အဖမ်းခံရမည်ကို စိုးထိတ်မှုတို့ကြောင့် ထိုအခိုက်တွင် ရန်ကျားလိသည် မိမိကိုယ်တိုင်၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူ့ပုံစံမှာ လှောင်အိမ်ထဲတွင် ချုပ်နှောင်ခံထားရသော သားပေါက်လေးက အရူးအမူး ရုန်းကန်နေကာ အော်ဟစ်ငိုယိုပြီး တံခါးကို အသည်းအသန် ဖြိုခွင်းနေသလိုပင်။
ဤသို့သော တွန်းအားဖြင့် နောက်ဆုံးတွင်တော့ တံခါးမှာ အစင်းကြားလေး ပေါ်လာလေသည်။
ရန်ကျားလိသည် အံကြိတ်ကာ တံခါးကို ပုခုံးတိုက် တွန်းဖွင့်လိုက်သည်။
ဘုန်းတစ်ချက် မြည်သွားပြီး တံခါးပွင့်လာသည်။
အပြင်ဘက်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော သက်တော်စောင့် သုံးဦးက အတန်းလိုက် စီရပ်နေ၏။
အလယ်မှ သက်တော်စောင့်သည် ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး ခံစားချက် မရှိသော မျက်နှာနှင့် အသံပြုသည်။
"လူကြီးမင်းရန်၊ မင်္ဂလာ ညချမ်းပါ"
ရန်ကျားလိ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ခဏတွင်းချင်း စိတ်ဝိညာဥ်ပါ အဆွဲထုတ် ခံလိုက်ရသကဲ့သို့ လူတစ်ကိုယ်လုံး ပျော့ခွေသွားသည်။
ယဲ့ထင်သည် ဘယ်အချိန် ကတည်းက ခြေလှမ်းများကို ရပ်တန့်သွားသည်မသိ၊ မဝေးလှသော စင်္ကြန်လမ်းပေါ်တွင် သူ့ကို ရပ်ကြည့်နေ၏။
ရန်ကျားလိ၏ ဦးနှောက်ထဲတွင် ပူလောင်လာပြီး သက်တော်စောင့်ကို တွန်းဖယ်ကာ ထွက်ပြေးချင်သော်လည်း လက်နှစ်ဖက်ဖြင့် လူသုံးယောက်အား အဘယ်မှာ စီးချင်းထိုးနိုင်မည်နည်း။ သက်တော်စောင့်သည်လည်း သူ့အရှေ့တွင် အလျင်အမြန် ပိတ်ဆို့လာသည်။
ရန်ကျားလိ ငိုနေသည်။ သူသည် သက်တော်စောင့်၏ အင်္ကျီလက်ကို ဆုပ်ကိုင်လိုက်ပြီး
"အစ်ကိုကြီး၊ ကျွန်တော့်ကို ပေးသွားပါနော်။ ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုကြီး"
သက်တော်စောင့်သည် ခေါင်းငုံ့ကာ ပြောလာသည်။
"တောင်းပန်ပါတယ်"
ရန်ကျားလိသည် သက်တော်စောင့်ရှေ့တွင် ဒူးထောက်မိလုနီးပါး ဖြစ်နေပြီး သက်တော်စောင့်၏ လက်ကို အရူးတပိုင်း ဆုပ်ကိုင်ထားကာ တစ်ဖက်က ထွက်ပြေးဖို့ ကြံဆနေပြီး တစ်ဖက်ကလည်း အနူးအညွတ် တောင်းပန်နေသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီး ကျွန်တော် တောင်းဆိုနေတာပါ။ ကျွန်တော့်ကို သနားပါနော်၊ ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်"
သက်တော်စောင့်များက သက်ပြင်းချလိုက်ကြပြီး ရန်ကျားလိ၏ လက်နှင့် ခြေထောက်များကို ထိန်းကိုင်ထားကြသည်။
ရန်ကျားလိသည် အဖမ်းခံလိုက်ရပြီး ငိုရှိုက်သံမှာလည်း စိတ်ပျက်အားလျော့မှုတို့ကိုပါ တစ်ပါတည်း ယူဆောင်လာပေး၏။
ခပ်ဝေးဝေးမှ လှမ်းကြည့်နေသော ယဲ့ထင်သည် မိမိ၏ နှလုံးသားထဲတွင် ဆူးတစ်ချောင်း စိုက်ဝင်နေပြီး ထိုနေရာမှ သွေးစိမ်းများ မရပ်မနား လျှံကျနေသည်ဟုသာ ထင်မှတ်နေမိသည်။
သက်တော်စောင့်သည် နားကြပ်ကို ဖိလိုက်ကာ ခေါင်းမော့ရင်း ယဲ့ထင်ကို လှမ်းပြောသည်။
"ဥက္ကဌယဲ့၊ ဒီဘက်မှာ ဘယ်လိုလုပ်လိုက်ရမလဲ"
ယဲ့ထင်သည် အေးစက်သော လေသံဖြင့် အမိန့်ပေးလာသည်။
"အဲ့ဘက်က ကာကွယ်ရေးကို အကြောင်းကြားလိုက်၊ အခု ပိုက်ကွန် သိမ်းလို့ရပြီလို့"
"ဒါဆိုသူက..."
ယဲ့ထင်သည် သက်တော်စောင့်များ၏ အလယ်ဗဟိုတွင် ဖမ်းမိထားသည့်၊ ကလေးတစ်ယောက်လို အရှက်မရှိ ငိုယိုကန်ကျောက်နေသော ရန်ကျားလိကို တစ်ချက်ကြည့်လိုက်သည်။
သူသည် မျက်ဝန်းများကို ဆတ်ခနဲ ခပ်တင်းတင်း ပိတ်လိုက်မိကာ သိပ်သည်းပြီး ချဥ်စူးစူးနှင့် နာကျင်မှုများ၊ ရှုပ်ထွေးပွေလီပြီး ဖော်ပြဖို့ခက်သည့် စိတ်ခံစားမှုမျိုးစုံက သူ့တစ်ကိုယ်လုံးကို လျှပ်စစ်စီးကြောင်း တစ်စင်းလို တိုက်ခိုက်လာခဲ့သည်။ ထိုတွန်းအားကြောင့် သူသည် တည့်တည့်မတ်မတ် မရပ်နိုင်တော့လုနီးပါး ဖြစ်နေပြီး ဆေးလိပ်ကို ကိုင်ထားသည့် လက်ချောင်းသည်ပင် ပြင်းပြင်းထန်ထန် တုန်ရီနေ၏။
သူသည် ခက်ခက်ခဲခဲ ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်သည်။
ယဲ့ထင်၏ မျက်လုံးများက နီရဲနေပြီး လေသံမှာလည်း ရှတတနှင့်
"ပြန်ခေါ်လာခဲ့"
.
.
.
.
.
4/12/2021(Sat)
×××
{Zawgyi}
"အမဲလိုက္"
ရန္က်ားလိမွာ မီးမဖြင့္ထားသည္မို႔ အခန္းတစ္ခုလံုး ေမွာင္မိုက္ေနၿပီး သူသည္လည္း ထိေတြ့ခံစားမႈအရ တံခါးလက္ကိုင္ကို စမ္းၾကည့္ေနရသည္။
တံခါးကို တိတ္တိတ္ကေလး ဖြင့္ၾကည့္လိုက္ရာ စႂကၤန္လမ္းတစ္ေလ်ွာက္ မည္သို႔ေသာ အသံမွ မၾကားရဘဲ ေလးဖက္ေလးလံ အရပ္ရပ္မွာ တိတ္ဆိတ္ၿငိမ္သက္ေန၏။ နံရံ၏ ေအာက္ေျခတြင္ ထြင္းထုထားေသာ အေရးေပၚ ထြက္ေပါက္၏ ဆိုင္းဘုတ္ကသာလ်ွင္ မီးစိမ္းေဖ်ာ့ေရာင္ လင္းလက္ေနသည္။
သူသည္ တံခါးကို ညင္ညင္သာသာ ဆြဲပိတ္လိုက္ၿပီး စႂကၤန္ဘက္သို႔ ေလ်ွာက္သြားကာ ခဏ ရပ္လိုက္သည္။ ထို႔ေနာက္ ေခါင္းလွည့္ကာ ယဲ့ထင္၏ အခန္းကို တစ္ခ်က္ ၾကည့္လိုက္သည္။
ယဲ့ထင္၏ တံခါးမွာ တင္းတင္းက်ပ္က်ပ္ ဆြဲပိတ္ထားၿပီး တံခါးမွတစ္ဆင့္ မည္သို႔ေသာ အသံမွ မၾကားရေပ။
ရန္က်ားလိသည္ စိတ္မခ်ႏိုင္ေသးဘဲ ေျခလွမ္း အနည္းငယ္ တိုးကပ္လိုက္ကာ သတိႀကီးစြာႏွင့္ တံခါးေပါက္အၾကားမွ ေခ်ာင္းေျမာင္း ၾကည့္ရႉလိုက္သည္။
ထို တံခါး အက္ကြဲေၾကာင္းၾကားတြင္ အလင္းေရာင္ တစိုးတစိမ်ွပင္ ရိွမေနဘဲ ေမွာင္မိုက္ျခင္းအတိ ဖံုးလြမ္းေန၏။ ျဖစ္ေကာင္းျဖစ္ႏိုင္သည္မွာ ယဲ့ထင္တစ္ေယာက္ မီးပိတ္ၿပီး အိပ္ေပ်ာ္သြားဟန္တူ၏။
သူသည္ အသံမထြက္သည့္ သက္ျပင္းတစ္ခ်က္ ခ်လိုက္ၿပီး စိတ္သက္သာရာ ရသြားသည္။
ထို႔ေနာက္ ယဲ့ထင္၏ တံခါးဘက္ ဦးတည္ၿပီး လက္သီးတစ္လံုး ေဝ႔ွယမ္းျပလိုက္ကာ တိတ္တဆိတ္ က်ိန္ဆဲလိုက္သည္။
"စိတ္မႏွံ႔တဲ့ ေခြးရူးေကာင္!"
ရန္က်ားလိသည္ ယဲ့ထင္တစ္ေယာက္ အအိပ္ဆတ္သည္ကို သိရိွသည္မို႔ ေအာက္ထပ္သို႔ ဆင္းလာရာတြင္ ဝရုန္းသုန္းကား ခုန္ေပါက္ကာ ေျပးမဆင္းရဲေပ။ သူသည္ လမ္းေလ်ွာက္သင္ေနေသာ ကေလးငယ္ တစ္ေယာက္ကဲ့သို႔ လက္က လက္ရန္းကို ေသခ်ာကိုင္ထားကာ သတိႀကီးစြာႏွင့္ ေလွကားထစ္မ်ားေပၚ တစ္လွမ္းခ်င္း တစ္လွမ္းခ်င္း လွမ္းေနၿပီး ယုတ္စြအဆံုး ေလသံတစ္ခ်က္ပင္ မထြက္ရဲခဲ့ေခ်။
ေလးထပ္၊ သံုးထပ္၊ ႏွစ္ထပ္.....
ရန္က်ားလိသည္ မိမိ၏ ရင္ဘတ္ထဲတြင္ ႏွလံုးသားက အျပင္းအထန္ ခုန္ေပါက္ လႈပ္ရွားေနသည္ကို ခံစားေနရသည္။
ဤအေဆာက္အအံုကသာ ထြက္ႏိုင္လ်ွင္ သူသည္လည္း စိတ္လြတ္ကိုယ္လြတ္ႏွင့္ ေျပးသြားႏိုင္ေတာ့မည္ျဖစ္သည္။
ထို႔ေနာက္ ရပ္ကြက္ငယ္ေလးက ေျပးထြက္လာၿပီး မိမိအား လာႀကိဳသည့္ ကားေပၚသာ တက္သြားႏိုင္မည္ဆိုလ်ွင္ ကားတံခါး ပိတ္သည္ႏွင့္ ယဲ့ထင္ဆိုသူလည္း တာ့တာပဲ!
အေဆာက္အအံု အေပါက္ဝႏွင့္ နီးလာေလေလ၊ ရန္က်ားလိ၏ ႏွလံုးခုန္သံမွာလည္း ျမန္ဆန္လာေလေလ ျဖစ္ေနသည္ဟုသာ ခံစားေနရသည္။ လြတ္လပ္မႈကို အလြန္အမင္း ေတာင့္တေနျခင္းသည္ အာနိသင္ အရိွဆံုး စိတ္ႂကြေဆး၏ ထိုးႏွက္ခ်က္ႏွင့္ တူ၏။ ထို ထိုးဆြခ်က္ေၾကာင့္ သူ၏ မ်က္လံုးအစံုမွာ တဖ်က္ဖ်က္ လင္းလက္လာၿပီး တစ္ကိုယ္လံုးရိွ ႂကြက္သားစိုင္မ်ားမွာလည္း တင္းက်ံဳ႔သြားကာ ေသြးမ်ားပါ ပြက္ပြက္ဆူလာေလ၏။
ဒုတိယထပ္၏ ေလွကားအေကြ့ကို ေက်ာ္ျဖတ္ၿပီးေသာအခါ သူတစ္ခ်က္ ေမာ့ၾကည့္သည္ႏွင့္ အေဆာက္အအံု အဝင္ဝမွ အလင္းေရာင္ကိုပင္ ျမင္ေနရၿပီျဖစ္သည္။
သူသည္ အသက္ေအာင့္ထားၿပီး ေျခလွမ္းမ်ားကိုသာ အရိွန္တင္လိုက္သည္။
ေလွကားဆံုးသြားသည့္ တစ္ေနရာအေရာက္ ရန္က်ားလိ ေျခခ်လိုက္သည့္ အခ်ိန္တြင္ မူလက တိတ္ဆိတ္ေနေသာ စႂကၤန္လမ္းမွာ ရုတ္တရက္ မီးျခစ္ကို ႏိွပ္ခ်လိုက္သည့္ အသံတစ္သံ ထြက္ေပၚလာ၏။
ေမွာင္မိုက္ေသာ ညဥ့္နက္ၾကားတြင္ မီးလ်ွံတစ္ပြင့္ ထြန္းေတာက္လာၿပီး ေလာင္ကြၽမ္းသြားေသာ စီးကရက္မီးတိုမွာလည္း နီၾကင္ၾကင္ ျဖစ္ေန၏။
ထိုအခိုက္မွာပင္ စႂကၤန္လမ္းမွ မီးလံုးမ်ား ပြင့္လာကာ ပတ္ဝန္းက်င္မွာ တစ္မုဟုတ္ခ်င္း လင္းလက္သြားၿပီး ထိန္ထိန္သာေနေတာ့သည္။ ရန္က်ားလိသည္ အသက္ရႉက်ပ္သြားၿပီး မသိစိတ္၏ ေစ့ေဆာ္မႈအရ မ်က္လံုးမ်ားကို ကာထားမိလိုက္သည္။
ယဲ့ထင္သည္ လက္ေခ်ာင္းမ်ားၾကားတြင္ စီးကရက္ တစ္လိပ္ကို ကိုင္ထားၿပီး အေဆာက္အအံု အဝင္ဝရိွ နံရံကို မွီကာ ရပ္ေနသည္။ ခႏၶာကိုယ္ေပၚတြင္ ေန့လည္က ဝတ္ဆင္ထားေသာ အနက္ေရာင္ အက်ႌႏွင့္ ေဘာင္းဘီရွည္ကို ဝတ္ဆင္ထားဆဲျဖစ္ၿပီး မ်က္ခံုးတန္းမွာ ထင္ထင္ရွားရွား ေကြးၫြတ္ေနၿပီး မ်က္ဝန္းတစ္စံုသည္လည္း ပင္လယ္ကဲ့သို႔ နက္ရိႈင္းေန၏။
သူသည္ ေဆးလိပ္မီးတိုကို ပုတ္ခါလိုက္ၿပီး သက္ျပင္းတစ္ခ်က္ခ်ကာ ေလသံေဖ်ာ့ေဖ်ာ့ႏွင့္
"ေပါင္ေပါင္း၊ ဒီေလာက္ ေနာက္က်ေနၿပီကို၊ ဘယ္ကို သြားမလို႔ ျပင္ေနတာလဲ"
ရန္က်ားလိ၏ တစ္ကိုယ္လံုးမွာ အျပင္းအထန္ လႈပ္ယမ္းသြားေပ၏။
သူသည္ အထိတ္တလန္႔ႏွင့္ ယဲ့ထင္ကို ၾကည့္လိုက္ရာ လည္ေခ်ာင္းဝတြင္ တစ္ဆို႔သလို ျဖစ္ေနၿပီး မည္သို႔ေသာ စကားမွ ေျပာထြက္မလာေပ။
သူ႔၏ မ်က္ႏွာသည္လည္း သိသိသာသာ ျဖဴေဖ်ာ့လာကာ နဖူးထက္မွ ေခြၽးေပါက္ႀကီးငယ္တို႔ က်ဆင္းလာၿပီး ထိတ္လန္႔မႈေၾကာင့္ မ်က္ေတာင္ခတ္ဖို႔ပင္ ေမ့ေန၏။
ယဲ့ထင္သည္ ေဆးလိပ္ေငြ့ကို မႈတ္ထုတ္လိုက္ၿပီး သူ႔ကို ၿပံဳးျပလာကာ လက္ကို ေဝ႔ွယမ္းလိုက္ၿပီး
"လိလိမၼာမၼာနဲ႔ တိုးလာခဲ့"
ရန္က်ားလိသည္ တံု႔ျပန္မႈ မျပဳဘဲ ထိတ္လန္႔တၾကား ျဖစ္ေနသည့္ၾကားက ရုတ္တရက္ ကိုယ္ကိုလွည့္ကာ ဆန္႔က်င္ဘက္ အရပ္သို႔ ထြက္ေျပးသြားသည္။
အသံက်ယ္မည္၊ မက်ယ္မည္တို႔ကိုလည္း ဂရုမစိုက္ႏိုင္ေတာ့ဘဲ ရန္က်ားလိသည္ သံုးလွမ္းလွမ္းလ်ွင္ ႏွစ္လွမ္းမွာ ေျမၾကီးႏွင့္ပင္ မထိဘဲ ပ်ံသန္းေနသေယာင္ ေျပးေနေတာ့၏။
အလ်င္စလိုပင္ ေလွကားထစ္မ်ားကို ျဖတ္ေက်ာ္ၿပီး ဖုန္တလိမ္းလိမ္း ထေနေသာ မီးေဘးအႏၲရာယ္ ကာကြယ္ေပးသည့္ လမ္းေၾကာင္းထဲသို႔ တည့္တည့္ေျပးဝင္သြားသည္။
သူသည္ မီးေဘးအႏၲရာယ္ ကာကြယ္ေပးသည့္ သံတံခါးကို ဆြဲဖြင့္လိုက္ၿပီး ေအာက္ထပ္သို႔ ကမန္းကတန္း ေျပးဆင္းေလ၏။
သူ ထြက္သြားရမည္။ က်ိန္းေသေပါက္ ထြက္သြားရမည္။
ေနာက္ကြယ္မွ ကပ္လိုက္လာသည့္ ေျခလွမ္းမ်ားသည္လည္း ပိုမိုနီးကပ္လာသည္မို႔ ရန္က်ားလိသည္ အံကို တင္းတင္းႀကိတ္ထားကာ ႏွလံုးတစ္စံုမွာလည္း ကဒုန္းကဆိုင္း ခုန္ေပါက္ေနေတာ့၏။
ယဲ့ထင္သည္ အေနာက္မွ လွမ္းေအာ္သည္။
"ရန္ရန္၊ ရပ္လိုက္!"
ရန္က်ားလိသည္ ငိုမိေတာ့ မလိုေတာင္ ျဖစ္ေနသည္။ သူသည္ အသက္ကိုပင္ မလိုခ်င္ေတာ့သည့္အတိုင္း ကဆုန္ေပါက္ ေျပးဆင္းေန၏။ ေျခလွမ္းမ်ား အစီအစဥ္မက် ရႈပ္ေထြးေနသည့္ၾကားတြင္ ေလွကားထစ္ မရိွသည့္ေနရာကို တက္နင္းမိရာ ေၾကာက္လန္႔တၾကားႏွင့္ ေအာ္လိုက္မိၿပီး လူတစ္ကိုယ္လံုး ေလွကားေပၚမွ လိမ့္က်သြားသည္။ ေလွကားထစ္မ်ားဆီမွ လိွမ့္က်လာရာ တစ္ကိုယ္လံုးမွာလည္း ဖုန္မႈန္႔လံုးႀကီး ကပ္တြယ္ကုန္၏။
သူ၏ အျမင္အာရံုသည္လည္း တစ္ခဏမ်ွ ေဝဝါးသြားကာ နဖူးမွလည္း ေသြးနံ႔မ်ား ရလိုက္သည္။
ရန္က်ားလိသည္ ေျခေထာက္ကို ကိုင္လိုက္ၿပီး နာက်င္မႈေၾကာင့္ ခပ္တိုးတိုး ေအာ္ညည္းမိကာ ေခြၽးေအးမ်ားျဖင့္ စိုရြဲေနေသာ မ်က္ႏွာျပင္သည္လည္း အျပင္းအထန္ ရႈံ႔တြသြားေလ၏။
နာက်င္သည္။ နာက်င္လြန္း၍ မ်က္ရည္ပါ ထြက္က်လာရသည္။
ေနာက္ကြယ္မွ ေျခလွမ္းက ပို၍ နီးကပ္လာသည္ႏွင့္ ရန္က်ားလိ၏ စိတ္ထဲတြင္လည္း မီးေတာက္ေနသကဲ့သို႔ အလ်င္လိုေနေတာ့၏။
ျပင္းထန္ေသာ အားၿပိဳင္မႈေအာက္တြင္ ရန္က်ားလိသည္ ေျခေထာက္မွ မီးပြင့္မတက္ ပူေလာင္နာက်င္ေနမႈကို ၿမဲျမဲ သည္းခံလိုက္ကာ ဝရမ္းေျပးတစ္ေယာက္ႏွယ္ ထိတ္ထိတ္ပ်ာပ်ာႏွင့္ ဝင္ေပါက္ဝဆီသို႔ တန္းတန္းမတ္မတ္ ထြက္ေျပးသြား၏။
ဝင္ေပါက္ဝသည္ ေမွာင္မည္းေနၿပီး တံခါးမွာလည္း ခပ္တင္းတင္း ေစ့ပိတ္ထားသည္။
ရန္က်ားလိသည္ ဘာကိုမွ ဂရုမစိုက္ႏိုင္ဘဲ အားကုန္သံုးၿပီး တံခါးကို တဘုန္းဘုန္းႏွင့္ ထုရိုက္ကာ သံတံခါးကို လက္ဗလာျဖင့္ ခ်ိဳးဖြင့္ေနသည္။
ရန္က်ားလိသည္ မိမိ၏ ရိွရိွသမ်ွ ခြန္အား အလံုးစံုကို အသံုးခ်ေနသည္။ တုန္လႈပ္ေခ်ာက္ခ်ားေနသၫ့္ ခံစားခ်က္ႏွင့္ ပိုက္ကြန္ထဲတြင္ အဖမ္းခံရမည္ကို စိုးထိတ္မႈတို႔ေၾကာင့္ ထိုအခိုက္တြင္ ရန္က်ားလိသည္ မိမိကိုယ္တိုင္၏ စိတ္ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္ႏိုင္စြမ္း မရိွေတာ့ေပ။ သူ႔ပံုစံမွာ ေလွာင္အိမ္ထဲတြင္ ခ်ဳပ္ေနွာင္ခံထားရေသာ သားေပါက္ေလးက အရူးအမူး ရုန္းကန္ေနကာ ေအာ္ဟစ္ငိုယိုၿပီး တံခါးကို အသည္းအသန္ ၿဖိဳခြင္းေနသလိုပင္။
ဤသို႔ေသာ တြန္းအားျဖင့္ ေနာက္ဆံုးတြင္ေတာ့ တံခါးမွာ အစင္းၾကားေလး ေပၚလာေလသည္။
ရန္က်ားလိသည္ အံႀကိတ္ကာ တံခါးကို ပုခံုးတိုက္ တြန္းဖြင့္လိုက္သည္။
ဘုန္းတစ္ခ်က္ ျမည္သြားၿပီး တံခါးပြင့္လာသည္။
အျပင္ဘက္တြင္ ဝတ္စံုျပည့္ ဝတ္ဆင္ထားေသာ သက္ေတာ္ေစာင့္ သံုးဦးက အတန္းလိုက္ စီရပ္ေန၏။
အလယ္မွ သက္ေတာ္ေစာင့္သည္ ခႏၶာကိုယ္ကို ကိုင္းလိုက္ၿပီး ခံစားခ်က္ မရိွေသာ မ်က္ႏွာႏွင့္ အသံျပဳသည္။
"လူႀကီးမင္းရန္၊ မဂၤလာ ညခ်မ္းပါ"
ရန္က်ားလိ၏ ခႏၶာကိုယ္သည္ ေတာင့္တင္းသြားၿပီး ခဏတြင္းခ်င္း စိတ္ဝိညာဥ္ပါ အဆြဲထုတ္ ခံလိုက္ရသကဲ့သို႔ လူတစ္ကိုယ္လံုး ေပ်ာ့ေခြသြားသည္။
ယဲ့ထင္သည္ ဘယ္အခ်ိန္ ကတည္းက ေျခလွမ္းမ်ားကို ရပ္တန္႔သြားသည္မသိ၊ မေဝးလွေသာ စႂကၤန္လမ္းေပၚတြင္ သူ႔ကို ရပ္ၾကည့္ေန၏။
ရန္က်ားလိ၏ ဦးေနွာက္ထဲတြင္ ပူေလာင္လာၿပီး သက္ေတာ္ေစာင့္ကို တြန္းဖယ္ကာ ထြက္ေျပးခ်င္ေသာ္လည္း လက္ႏွစ္ဖက္ျဖင့္ လူသံုးေယာက္အား အဘယ္မွာ စီးခ်င္းထိုးႏိုင္မည္နည္း။ သက္ေတာ္ေစာင့္သည္လည္း သူ႔အေရ႔ွတြင္ အလ်င္အျမန္ ပိတ္ဆို႔လာသည္။
ရန္က်ားလိ ငိုေနသည္။ သူသည္ သက္ေတာ္ေစာင့္၏ အက်ႌလက္ကို ဆုပ္ကိုင္လိုက္ၿပီး
"အစ္ကိုႀကီး၊ ကြၽန္ေတာ့္ကို ေပးသြားပါေနာ္။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ အစ္ကိုႀကီး"
သက္ေတာ္ေစာင့္သည္ ေခါင္းငံု႔ကာ ေျပာလာသည္။
"ေတာင္းပန္ပါတယ္"
ရန္က်ားလိသည္ သက္ေတာ္ေစာင့္ေရ႔ွတြင္ ဒူးေထာက္မိလုနီးပါး ျဖစ္ေနၿပီး သက္ေတာ္ေစာင့္၏ လက္ကို အရူးတပိုင္း ဆုပ္ကိုင္ထားကာ တစ္ဖက္က ထြက္ေျပးဖို႔ ႀကံဆေနၿပီး တစ္ဖက္ကလည္း အႏူးအၫြတ္ ေတာင္းပန္ေနသည္။
"အစ္ကိုႀကီး၊ အစ္ကိုႀကီး ကြၽန္ေတာ္ ေတာင္းဆိုေနတာပါ။ ကြၽန္ေတာ့္ကို သနားပါေနာ္၊ ကြၽန္ေတာ္ ခင္ဗ်ားကို ေတာင္းပန္ပါတယ္"
သက္ေတာ္ေစာင့္မ်ားက သက္ျပင္းခ်လိုက္ၾကၿပီး ရန္က်ားလိ၏ လက္ႏွင့္ ေျခေထာက္မ်ားကို ထိန္းကိုင္ထားၾကသည္။
ရန္က်ားလိသည္ အဖမ္းခံလိုက္ရၿပီး ငိုရိႈက္သံမွာလည္း စိတ္ပ်က္အားေလ်ာ့မႈတို႔ကိုပါ တစ္ပါတည္း ယူေဆာင္လာေပး၏။
ခပ္ေဝးေဝးမွ လွမ္းၾကည့္ေနေသာ ယဲ့ထင္သည္ မိမိ၏ ႏွလံုးသားထဲတြင္ ဆူးတစ္ေခ်ာင္း စိုက္ဝင္ေနၿပီး ထိုေနရာမွ ေသြးစိမ္းမ်ား မရပ္မနား လ်ွံက်ေနသည္ဟုသာ ထင္မွတ္ေနမိသည္။
သက္ေတာ္ေစာင့္သည္ နားၾကပ္ကို ဖိလိုက္ကာ ေခါင္းေမာ့ရင္း ယဲ့ထင္ကို လွမ္းေျပာသည္။
"ဥကၠဌယဲ့၊ ဒီဘက္မွာ ဘယ္လိုလုပ္လိုက္ရမလဲ"
ယဲ့ထင္သည္ ေအးစက္ေသာ ေလသံျဖင့္ အမိန္႔ေပးလာသည္။
"အဲ့ဘက္က ကာကြယ္ေရးကို အေၾကာင္းၾကားလိုက္၊ အခု ပိုက္ကြန္ သိမ္းလို႔ရၿပီလို႔"
"ဒါဆိုသူက..."
ယဲ့ထင္သည္ သက္ေတာ္ေစာင့္မ်ား၏ အလယ္ဗဟိုတြင္ ဖမ္းမိထားသည့္၊ ကေလးတစ္ေယာက္လို အရွက္မရိွ ငိုယိုကန္ေက်ာက္ေနေသာ ရန္က်ားလိကို တစ္ခ်က္ၾကည့္လိုက္သည္။
သူသည္ မ်က္ဝန္းမ်ားကို ဆတ္ခနဲ ခပ္တင္းတင္း ပိတ္လိုက္မိကာ သိပ္သည္းၿပီး ခ်ဥ္စူးစူးႏွင့္ နာက်င္မႈမ်ား၊ ရႈပ္ေထြးေပြလီၿပီး ေဖာ္ျပဖို႔ခက္သည့္ စိတ္ခံစားမႈမ်ိဳးစံုက သူ႔တစ္ကိုယ္လံုးကို လ်ွပ္စစ္စီးေၾကာင္း တစ္စင္းလို တိုက္ခိုက္လာခဲ့သည္။ ထိုတြန္းအားေၾကာင့္ သူသည္ တည့္တည့္မတ္မတ္ မရပ္ႏိုင္ေတာ့လုနီးပါး ျဖစ္ေနၿပီး ေဆးလိပ္ကို ကိုင္ထားသည့္ လက္ေခ်ာင္းသည္ပင္ ျပင္းျပင္းထန္ထန္ တုန္ရီေန၏။
သူသည္ ခက္ခက္ခဲခဲ ေဆးလိပ္ေငြ့ကို မႈတ္ထုတ္လိုက္သည္။
ယဲ့ထင္၏ မ်က္လံုးမ်ားက နီရဲေနၿပီး ေလသံမွာလည္း ရွတတႏွင့္
"ျပန္ေခၚလာခဲ့"
.
.
.
.
.
4/12/2021(Sat)
×××