အပိုင်း(၂)
ဂျပန်နိုင်ငံ အိုဆာကာမြို့...
မနက်(၁)နာရီရောက်နေပေမဲ့ မှုခင်းတွေကို အထပ်ထပ်အခါခါပြန်ကြည့်နေသည့် စုံစမ်းစစ်ဆေးရေးမှူးကောင်းကင်သခင်...
ဂျပန်နိုင်ငံမှာ အကြံပေးတွဲဘက်စစ်ဆေးရေးမှူးအနေဖြင့် အမှုတစ်ခုကို ကူညီရမှာဖြစ်တဲ့အတွက် ဂျပန်ကို ခဏရောက်ရှိနေခြင်းဖြစ်သည်။
အဂတိလိုက်စားခြင်းလုံးဝမရှိဘဲ တည်ကြည်ဖြောင့်မတ်စွာ (..)မှာတာဝန်ထမ်းဆောင်နေသည့် သခင်က အမှန်တရားကို မြတ်နိုးသူတစ်ယောက်ဖြစ်သည်။
ဒါပေမဲ့ သူ့ဘဝမှာ တစ်ခါတော့ အမှန်တရားကို ဖုံးကွယ်ခဲ့ဖူးပါတယ်။
"ခလွမ်း...."
ရုတ်တရက်ထရပ်လိုက်တာကြောင့် စားပွဲဘောင်ပေါ်မှာ တင်ထားတဲ့ သသနဲ့သူနဲ့ရိုက်ထားတဲ့ဓာတ်ပုံပြုတ်ကျသွားခြင်းဖြစ်သည်။ စိတ်ထဲတစ်ချက်တော့ထင့်သွားသည်။
"ကွဲသွားတာပဲ နောက်ရက်မှ အသစ်ပြန်လုပ်ရမယ်...."
ဓာတ်ပုံသက်သက်ကိုကိုင်ကြည့်ရင်း အကြည့်တွေ့က သသဆီမှာ အဆုံးသတ်သွားသည်။
"အဟွန်း ဒီအချိန် စံအိမ်ထဲမှာ ကိုကို့ကိုစာင့်ရင်း အိပ်ပျော်နေလောက်ပြီ..."
သသရဲ့လှုပ်ရှားမှုတွေကို အလွတ်ရနေသူပီပီ သူခန့်မှန်းတာ မလွဲဘူးဆိုတာ အသေအချာပင်။
"Ring>>>"
အိတ်ထောင်ထဲကနေ အချိန်မတော်ဝင်လာတဲ့ဖုန်းကြောင့် ထုတ်ကြည့်လိုက်တော့ သီဟသူဆီက...
"ဟဲလို..."
"သခင် Angleစံအိမ် မီးလောင်တယ်တဲ့ မင်းဒယ်ဒီနဲ့မာမီ ပြီးတော့ မင်းညီမလေး သသ.."
"မဖြစ်နိုင်ဘူး ငါ့တို့အိမ်က ဘယ်လိုလုပ်ပြီးမီးလောင်တာဖြစ်မှာလဲ...မင်း အိပ်မရလို့ လာစနေတာလား သီဟ"
"မင်းမယုံနိုင်ဘူးဆိုတာ သိတယ် ဒါပေမဲ့ ငါအခု ဒီကိုရောက်နေတာ သတင်းမှာလဲ တက်လာတယ်...ဖွင့်ကြည့်လိုက်..."
ပါးစပ်ကနေ မယုံနိုင်ဘူးလို့ ပြောနေပေမဲ့ လက်တွေက အလိုလိုဖုန်းပေါ်ရှာဖွေနေမိသည်။
"9.7.2020 ည(၁၂)နာရီအချိန် Angleစံအိမ် မီးလောင်မှုဖြစ်ပွါးပြီး စံအိမ်ရဲ့ပိုင်ရှင်ဖြစ်သူ ဦးသခင်ပိုင်နဲ့ဒေါ်သာယာမှိုင်းသာမက သမီးဖြစ်သူ အိမ်မက်သခင်နှင့်အခြားသော အိမ်အကူများပါ သေဆုံး...ဒုတ်"
ဖုန်းကို ချပြီး တက်နှင်းလိုက်ကာ မယုံကြည်နိုင်သေးသည့် ကောင်းကင်သခင်...
"မဖြစ်နိုင်ဘူး ညီမလေး...."
စိတ်တွေမတည်မငြိမ်ဖြစ်ကာ ချက်ချင်းပင် အပြေးအလွှားပြေးထွက်လာကာ လေဆိပ်ဆီဦးတည်လာခဲ့လိုက်သည်။
မနက်ဖြန်မှာ အရေးကြီးအလုပ်ရှိပေမဲ့ ဖေဖေနဲ့မေမေ ညီမလေးတို့က သူ့ထက်ဘာမှအရေးမကြီးသည်မို့...အပြစ်ပေးမယ်ဆိုရင်တောင် ခံယူဖို့အသင့်။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ကျွီ..."
တံခါးဖွင့်ပြီးဝင်လာသူက ဝါဝါ။ သသတို့အိမ်က အစေခံမလေး။
"ဝါဝါ..."
သသက ဝါဝါကို အသက်ရှင်လျက်တွေ့လိုက်ရတာကြောင့် ချက်ချင်းပင်မတ်တပ်ထရပ်သည်။
"မမလေး ခြေတောက်ဆေးလိမ်းရမယ်..."
"ဝါဝါဒီကို ဘယ်လိုရောက်လာတာလဲ"
"ဆေးအရင်လိမ်းရအောင် မမလေး...နောက်မှပြောပြပါမယ်"
"မလိမ်းဘူး ဝါဝါဒီကို ဘယ်လိုရောက်လာတာလဲ...ဟိုဦးလေးကြီးက ဝါဝါကိုရော ခြိမ်းခြောက်ထားတာလား..."
"ကျွန်မက အစကတည်းက သခင်လေးရဲ့လူပါ မမလေး..."
ဝါဝါရဲ့ပုံစံကတည်ငြိမ်နေပြီး လိမ်နေတဲ့ပုံမပေါက်တာကြောင့် ဝါဝါက ဦးလေးကြီးရဲ့လူဆိုတာသိလိုက်ရသည်။ ရက်စက်လိုက်တာ။
"ရက်စက်လိုက်တာ ဖေကြီးနဲ့မေကြီးက ဝါဝါအပေါ်ဘာမကောင်းတာလုပ်ခဲ့လို့ ဒီလိုလုပ်ရက်ရတာလဲ..."
"ကျွန်မအလုပ်က သခင်လေးရဲ့အမိန့်ကို နာခံဖို့ပါ သခင်လေးက ကျွန်မရဲ့ကယ်တင်ရှင်ပါ မမလေးရဲ့မိဘတွေကတော့ ခဏတာကျေးဇူးရှိတဲ့သူတွေပါ...အဲ့အတွက် အခု မမလေးကို ပေးဆပ်သွားမှာပါ မမလေးမထိခိုက်အောင်!"
"ထွက်သွား...ဝါဝါ့ကိုမမြင်ချင်ဘူး ထွက်သွားးးး"
ဝါဝါယူလာတဲ့ဆေးဘူးတွေကို ကောက်ပစ်ကာ အိပ်ယာပေါ်လှဲအိပ်ပြီး ခေါင်းမြီးခြုံလိုက်တော့ မျက်ရည်တွေသွင်သွင်စီးကျလာသည်။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
တစ်ဖက်မှာလည်း Blackက စည်းကို ဆေးထည့်ပေးပြီး ပတ်တီးစည်းပေးသည်။
"ကောင်းကင်သခင်ပြန်ရောက်လာပြီလား..."
"ဒီနေ့ ညနေရောက်မှာပါ...သခင်လေး..."
"သဲလွန်စ ချန်ပေးလိုက်...ဒါမှ ပွဲက ပျော်ဖို့ကောင်းမှာ..."
"ဟုတ်ကဲ့ပါသခင်လေး..."
"ဒေါက်...ဒေါက်...
သခင်လေး ဝါဝါပါ..."
"ဝင်ခဲ့..."
"ဟုတ်ကဲ့..."
"သခင်လေး မမလေးကို ဆေးမထည့်ပေးရသေးပါဘူး "
"ထားလိုက် နာလာရင် သူကိုယ်တိုင်လိမ်းလိမ့်မယ်..."
"ဟုတ်ကဲ့ပါ သခင်လေး"
ဝါဝါထွက်သွားတော့ Blackက စည်းကိုကြည့်ပြီး စကားပြောဖို့စလိုက်သည်။
"ကြည့်ရတာ မမလေးက မွေးစားသမီးဆိုတာ မမလေးမသိသေးဘူးထင်တယ်..."
"အင်း ဒါနဲ့ သသကျောင်းက တက်ဖို့စာကျလာပြီလား..."
"ဟုတ် မကြာခင် တက်ရတော့မယ်တဲ့...
ဒါဆို ဒီအကြောင်းကို မမလေးကို အသိပေးလိုက်ရမလား..."
"ထားလိုက်...သွားတော့ နားချင်ပြီ"
"ဟုတ်ကဲ့ပါ သခင်လေး..."
သခင်လေးစည်းရဲ့ပုံစံကတစ်ကယ်ပင် ပင်ပန်းနေတဲ့ပုံပေါက်တာကြောင့် Blackဘာမှမပြောတော့ဘဲ ထွက်လာခဲ့လိုက်သည်။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"သခင်..."
"သီဟ..."
"ရုံးကိုအရင်သွားပြီး အမှုအကြောင်းပြောရအောင် ထူးဆန်းတာ ရှိတယ်..."
"မင်းဆိုလိုတာ..."
"ဟုတ်တယ် မင်းမိဘတွေရဲ့သေဆုံးမှုက ပုံမှန်မဟုတ်ဘူး..."
"သွားမယ်..."
သခင် ဖေဖေ မေမေ ညီမလေးမျက်နှာကို မြင်ယောင်လာပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး လေဆိပ်ကိုကျောခိုင်းလိုက်သည်။
"ဒီမီးက ရှို့မီးပဲ သခင် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တော့ လူတစ်စုရောက်လာတယ်တဲ့..."
"ဘယ်အဖွဲ့ကလဲ..."
"Black ဝတ်စုံနက်နဲ့လို့ပြောတယ်..."
Blackဆိုတဲ့ သီဟသူရဲ့စကားကြောင့် သခင် သားရိုင်းတစ်ကောင်လိုမျိုး ဖြစ်လာပြီး အကြည့်တွေက စူးရှလျက်သားပြောင်းသွားသည်။
သူတို့လောကမှာ ဝတ်စုံနက်နဲ့လူတွေသည် နာမည်ကြီးဂိုဏ်းတစ်ခုက လူမိုက်တွေဖြစ်ပြီး...ထိုလူတွေကို Blackဆိုတဲ့သူကအုပ်ချုပ်ပြီး ဥပဒေရဲ့ရှေ့မှာ ရပ်တည်နေတဲ့သူဖြစ်သည်။
ထိုသူတို့ကို ဖမ်းရင်လည်း ခဏဟန်ပြသာထောင်ကျပြီး အလွယ်လေးနဲ့လွှတ်သည်။ တော်ယုံအာဏာမရှိတဲ့သူတွေ ထိလို့မရပေ။
အာဏာရှိရင်တောင်မှ Blackကို တိုက်ခိုက်ရင် နိုင်မှာမဟုတ် သရေနဲ့ရှုံးပွဲသာရှိသည်။ ထိုအာဏာရှိသူတို့ကလည်းလူနည်းစုမျှသာ။
"ပြီးတော့ သဲလွန်စချန်သွားတယ်..."
သီဟသူက ဓာတ်ပုံတစ်ပုံကို ထုတ်ကာ သခင်ရှေ့တိုးပေးလိုက်သည်။
"သသ..."
"အားလုံးကိုသုံးသပ်ကြည့်ရင် Blackက မင်းမိသားစုနဲ့ရန်ငြိုးရှိပြီး မင်းနဲ့ရန်သူဖြစ်နေတဲ့သူ..."
သီဟပြောတဲ့အချက်ကို သူလည်းစဉ်းစားမိပါသည်။ ဒါပေမဲ့ သူ့မှာ ရန်သူမှမရှိတာ။
"သသက ငါ့ရဲ့အသက်မှန်းသိလို့ တမင်အသက်ရှင်စေပြီး ဖမ်းခေါ်သွားတာ ငါတို့ရှာရမယ် သီဟ သသသူ့လက်ထဲမှာ အကြာနေလို့မရဘူး..."
"အင်း ဒါဆို အခုအမှုဖွင့်လိုက်မယ်"
"အင်း..."
"လောလောဆယ် မင်း..."
"ကောင်းကင်သခင်...."
သီဟစကားမဆုံးခင် ဒုစစ်ဆေးရေးမှူးချုပ်က သခင့်နာမည်ခေါ်ပြီးရောက်လာသည်။
"ဒုမှူးချုပ်..."
"အရေးကြီးကိစ္စကို ပစ်ထားခဲ့တာ ဘာဖြေရှင်းချက်ပေးချင်သေးလဲ..."
"မပေးပါဘူး အပြစ်ပေးပါ..."
"မင်းမိဘရဲ့သတင်းကြားတယ် စိတ်မကောင်းပါဘူး ဒါပေမဲ့ အမှုကို မဖွင့်ဖို့အမိန့်ချလိုက်တယ်..."
"ဒုမှူးချုပ်..."
"အထက်က မတော်တဆအမှုအဖြစ်စာရင်းသွင်းလိုက်ပြီ...မင်းအတွက် ကောင်းဖို့ပါ"
"အဟက် ကျွန်တော့်မိဘကို သတ်တဲ့သူက အတော်အာဏာကြီးပုံပဲ ဒုမှူးချုပ်ကိုတောင် အမိန့်ပေးနိုင်တယ်ဆိုတော့...ဒါပေမဲ့ ကျွန်တော် အလုပ်ထွက်ရရင်တောင် အဲ့လူကို ဖမ်းမှာပါ..."
"ဒုတ်..."
လည်ပင်းက တရားဝင်နာမည်ကတ်ကို စောင့်ဖြုတ်ကာ စားပွဲပေါ်တင်ပြီး ထွက်လာခဲ့လိုက်သည်။
"ကိုကို ညီမလေးကို ရအောင်လာရှာမယ် ညီမလေး..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
Blackပိုင့်သည့်အရာထဲမှတစ်ခု Devilကလပ်...
သတင်းအရောင်းအဝယ်၊ဆေး၊တရားမဝင်သေနတ်နှင့်အခြားပစ္စည်းများရောင်းဝယ်လို့ရသောနေရာ၌ Blackရဲ့လူနှင့်သီဟသူရောက်ရှိနေခြင်းဖြစ်သည်။
"နောက်ကလူမပါတာသေချာလား..."
"သေချာတယ်..."
"ကောင်းကင်သခင်ကို အရိပ်အမြွက်ပေးပြီးပြီ..."
"ဒီမှာ သခင်လေးက ဆုချပေးလိုက်တယ်...အရင်ကထက်ပိုပြီး ကောင်းတယ်"
သီဟသူလိုနေတဲ့ဆေးကို ထိုလူကချပေးလိုက်တော့ ပြုံးရွှင်သွားတဲ့သီဟသူမျက်နှာ...
သီဟသူက ဆေးစွဲနေပြီး နေ့တိုင်း ဒီကလပ်မှာ ဆေးလာဝယ်သဖြင့် Blackရဲ့လူတွေနဲ့ချိတ်မိသွားခြင်းဖြစ်ပြီး သူတို့ရဲ့သားကောင်ဖြစ်လာသည်။
စည်းနဲ့Blackက ကိုယ်တိုင်မတွေ့ဘဲ ကြားလူနဲ့သာလွှတ်ထားသဖြင့် သီဟသူက စည်းတို့ကို မတွေ့ဖူးပါ။
"မင်းတို့သခင်လေးကို ကိုယ်တိုင်မြင်ဖူးချင်လာပြီ..."
"သခင်လေးဆီကို အထူးလူအနေနဲ့တင်ပြပေးမယ်..."
"အဟွန်း အိုခေ..."
"နောက်ပြီး ကောင်းကင်သခင်အကြောင်းကို တစ်ပတ်တစ်ခါဒီနေရာမှာ သတင်းပေးရမယ် မလုပ်နိုင်ရင် မင်းဘဝဘယ်လိုဖြစ်မယ်ဆိုတာ သိသင့်တယ်..."
"ကောင်းပြီ မင်းတို့သာ ကတိတည်ပါစေ..."
"မင်းအပေါ်မှာမူတည်တယ်..."
"တစ်ခုမေးချင်တယ် အိမ်မက်သခင်ကို ရောင်းစားလိုက်ပြီလား..."
"ဒါက မင်းသိရမဲ့ကိစ္စထဲမပါဘူး..."
ထိုလူ မျက်ခုံးပင့်ပြောလိုက်တော့ သီဟသူပါးစပ်ပိတ်သွားကာ ဘေးဘီကိုတစ်ချက်ကြည့်ကာ ပြန်သွားသည်။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"မမလေး ညစာစားရအောင်..."
"အစားဘူး..."
"ဂွီ..."
မစားဘူးလို့ ပြောလိုက်ပေမဲ့ ဝါဝါရှေ့မှာ အလိုက်မသိတဲ့ဗိုက်က မြည်သံပေါင်းစုံထွက်လာသည်။
"မမလေး ဆာနေရင် စားလိုက်ပါ ဝါဝါအပေါ်ယူလာခဲ့ပေးရမလား..."
"မစားဘူး..."
"မမလေး အောက်ထပ်မှာ သခင်လေးစောင့်နေတယ်..."
"မစားဘူး ထွက်သွား..."
"နေပါစေ ထားလိုက် အငတ်ခံချင်တာခံပါစေ..."
သသ ဦးလေးကြီးကို ပြန်လှည့်မကြည့်ဘဲ ဗိုက်ကို အသာဖိလိုက်သည်။ အသံမထွက်စမ်းနဲ့။
စည်း ဝါဝါကိုထွက်သွားဖို့ လက်နဲ့အမူအရာပြလိုက်သည်။
ဝါဝါထွက်သွားမှ စည်း သသနားတိုးကပ်လာကာ သသကိုယ်ကို ပွေ့ချီလိုက်သည်။
"ထမင်းစားချိန် အိမ်မက်သခင် လူကိုစောင့်ရအောင်မလုပ်နဲ့..."
"ဘယ်သူကစောင့်ခိုင်းလို့လဲ မစားဘူး..."
"ဂွီ..."
"အဟွန်း ဗိုက်ကိုတော့ကျွေးရမှာပေါ့ စိတ်ချမင်းကိုမကျွေးဘူး ဗိုက်ကိုကျွေးမှာ...ပြီးတော့ ငါ့ကိုလက်စားချေချင်ရင် အားရှိနေမှဖြစ်မယ်..."
သသလည်း အမှန်တစ်ကယ်ဆာနေတာကြောင့် ငြိမ်နေလိုက်သည်။
ဟုတ်တယ် ဦးလေးကြီးကို လက်စားချေဖို့ ကိုကိုနဲ့တွေ့နိုင်ဖို့ သမီးကျန်းမာနေမှရမယ်။
စည်းက ဒီတစ်ခါတော့ တစ်လျှောက်လုံးပွေ့ခေါ်လာပြီး ထိုင်ခုံပေါ်ကိုလည်း ငြင်ငြင်သာသာချပေးသည်။
"သခင်လေး..."
သသတို့ထမင်းစားလို့ပြီးခါနီးမှာ Blackကရောက်လာပြီး အရေးတကြီးကိစ္စပြောစရာရှိတယ်ဟုပြောတာကြောင့် စည်း သသကို ထားခဲ့ပြီး အပြင်ထွက်သွားသည်။
သသလည်း စားပြီးသားပန်းကန်ကို ခဏချကာ သူတို့စကားပြောတာကြားနိုင်မဲ့နေရာမှာ နားကိုစွင့်ထားလိုက်သည်။
"ဒီနေ့ သီဟသူ Devilကလပ်ကို လာပါတယ် သခင်လေး အမှုကို ပိတ်လိုက်ပါပြီလို့ပြောတယ်..."
"အိုခေ မနက်ဖြန် ဝန်ကြီးချုပ်နဲ့စစ်ဆေးရေးမှူးချုပ်နဲ့တွေ့ပြီး အမှုအတွက် ကျေးဇူးတင်ရမှာပေါ့..."
"သီဟသူကို..."
"ထားလိုက် အသုံးလိုတဲ့နေရာမှာ သုံးလို့ရအောင် ခဏယာထားလိုက်..."
"ဟုတ်ကဲ့ပါ သခင်လေး..."
ခိုးနားထောင်နေတဲ့ သသ အကုန်နားမလည်ပေမဲ့ သီဟသူဆိုတဲ့ကိုကိုရဲ့သူငယ်ချင်းနာမည်ပါလာတာကြောင့် ကိုကို့နဲ့တွေ့ဖို့အကူအညီတောင်းဖို့အကြံရလိုက်သည်။
သီဟသူကို ကိုကိုပြောတာကြားဖူးတာကြောင့်နဲ့ သသကိုယ်တိုင်ကလည်း အဝေးကနေမြင်ဖူးတာကြောင့် သိနေခြင်းဖြစ်သည်။
သသ ထမင်းစားခန်းထဲပြန်ဝင်သွားလိုက်ပြီး ထမင်းကို ဆက်စားနေလိုက်သည်။ ပြီးနောက်အခန်းရောက်သည်အထိ ငြိမ်ငြိမ်လေးနေလိုက်၏။ စိတ်ထဲမှာတော့ ဒီအိမ်ကနေ ဘယ်လိုခိုးထွက်ရမလဲဆိုတဲ့အတွေးနဲ့ ညနက်သည်အထိ သသအိပ်မပျော်နိုင်ခဲ့။
'အစောင့်တွေက အများကြီး ဘယ်လိုထွက်ရမလဲ Devilကလပ် '
စိတ်ထဲကနေ ကလပ်နာမည်ကို မေ့သွားမှာဆိုးသည့်အလား ပါးစပ်ကနေတဖွဖွရေရွတ်ရင်း အိပ်ပျော်သွားရသည်။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
နေ့လည်(၂)နာရီမှာ စံအိမ်ထဲကို ဟင်းချက်ပစ္စည်း၊မုန့်လာပို့တဲ့ ကားရောက်လာသည်...သသလှည့်ပတ်ကြည့်လိုက်တော့ တစ်အိမ်လုံးမှာ ဘယ်အစောင့်မှမရှိ တံခါးဝမှာ အစောင့်နှစ်ယောက်သာရှိတာကြောင့် သသအကြံရသွားရသည်။
ဦးလေးကြီးနဲ့Blackက အစည်းအဝေးလုပ်နေတာကြောင့် ထွက်ပြေးဖို့ အချိန်က ဒီအချိန်အကောင်းဆုံးပင်ဖြစ်သည်။
သသ ခပ်တည်တည်နဲ့ အောက်ထပ်ဆင်းလာပြီး ထိုလူနှစ်ယောက်ရှေ့မှာ ခါးထောက်ရပ်လိုက်သည်။
"ဒီမှာ ဦးလေးကြီးတို့ အပေါ်မှာ သမီးရဲ့အခန်းတံခါးပျက်နေတယ် သွားပြင်ပေးပါလား..."
"မမလေး ဒါက ကျွန်တော်တို့တာဝန်မဟုတ်ပါဘူး..."
"ဒါဆို သမီးက ကိုယ်တိုင်လုပ်ရမှာလား...ရှင်တို့သခင်ကို ခိုင်းရမှာလား"
သသအဲ့လိုပြောလိုက်မှ ထိုလူနှစ်ယောက်ထဲက တစ်ယောက်က လုပ်ပေးဖို့သဘောတူလာသည်။
"ဦးလေးကြီးလည်းလိုက်သွားလိုက်ပါ သမီးရဲ့အခန်းထဲက ရေပိုက်လည်းပျက်နေတယ်..."
"ဟို..."
"မလုပ်ပေးဘူးလား..."
"မဟုတ်ပါဘူး လုပ်ပေးပါမယ်မမလေး..."
သသ သူတို့မရိပ်မိအောင် စားဖိုဆောင်ဘက် ရေသောက်ဖို့ထွက်လာခဲ့လိုက်သည်။
ထိုလူတွေကလည်း အပြင်မှာ အစောင့်တွေများတာကြောင့် သသအခန်းကို တက်သွားခဲ့ကြသည်။
သသ သူတို့ထွက်သွားတာမြင်သည်နှင့် ချက်ချင်းအိမ်ရှေ့ပြေးလာကာ အပြင်ထွက်လိုက်သည်။ ကားကို အကာအကွယ်ယူကာ ဖွင့်လျက်သားဖြစ်နေတဲ့ ကားနောက်ခန်းထဲကို ဝင်လိုက်သည်။
တော်သေးသည် မုန့်သွားထားတဲ့သူတွေက ပြန်မရောက်လာသေး။
သသ မုန့်တွေကြားထဲကို တိုးဝင်လိုက်ကာ မမြင်အောင်ပုန်းနေလိုက်သည်။ (၁၅)မိနစ်လောက်ကြာတော့မှ တံခါးကိုပိတ်ပြီး သော့ခတ်သွားသည်။ ထိုအခါမှ သသသက်ပြင်းချနိုင်တော့သည်။
မိသွားမလားအရမ်းကြောက်လို့ ဒူးတွေတုန်နေတာ ကိုယ်သာအသိဆုံး။
နောက်ထပ်(၁၅)မိနစ်လောက်မောင်းပြီးတော့ ကားကရပ်သွားပြန်သည်။ နောက်ခန်းကို သော့ဖွင့်ပြီး ပစ္စည်းတစ်ခုယူကာ အပြင်ထွက်သွားတာကြောင့် သသလည်း အပြင်ထွက်လာလိုက်သည်။
အထက်တန်းပြီးသည်အထိ ကျောင်းနဲ့အိမ်နဲ့သာ အသွားအလာအများဆုံးလုပ်ခဲ့ပြီး ဦးလေးကြီးအိမ်မှာ ပိတ်ထားခံရတော့ သသ အပြင်လေကို အဝကြီးရှူလိုက်သည်။
"မဖြစ်ဘူး ဦးလေးကြီးတို့ဒီအချိန်ဆိုသိလောက်ပြီး မြန်မြန်သွားရမယ်..."
သသ အလျင်အမြန်တက္ကစီတစ်စီးကိုတားလိုက်သည်။
"ဦးလေးကြီး Devilကလပ်ကို မောင်းပေးပါ"
သသရဲ့စကားကြောင့် ကားသမားဦးလေးကြီးက ထူးဆန်းစွာကြည့်လာပေမဲ့ ဘာမှမပြောဘဲ မောင်းထွက်သွားသည်။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
အပိုင္း(၂)
ဂ်ပန္ႏိုင္ငံ အိုဆာကာၿမိဳ႕...
မနက္(၁)နာရီေရာက္ေနေပမဲ့ မႈခင္းေတြကို အထပ္ထပ္အခါခါျပန္ၾကည့္ေနသည့္ စုံစမ္းစစ္ေဆးေရးမႉးေကာင္းကင္သခင္...
ဂ်ပန္ႏိုင္ငံမွာ အႀကံေပးတြဲဘက္စစ္ေဆးေရးမႉးအေနျဖင့္ အမႈတစ္ခုကို ကူညီရမွာျဖစ္တဲ့အတြက္ ဂ်ပန္ကို ခဏေရာက္ရွိေနျခင္းျဖစ္သည္။
အဂတိလိုက္စားျခင္းလုံးဝမရွိဘဲ တည္ၾကည္ေျဖာင့္မတ္စြာ (..)မွာတာဝန္ထမ္းေဆာင္ေနသည့္ သခင္က အမွန္တရားကို ျမတ္ႏိုးသူတစ္ေယာက္ျဖစ္သည္။
ဒါေပမဲ့ သူ႔ဘဝမွာ တစ္ခါေတာ့ အမွန္တရားကို ဖုံးကြယ္ခဲ့ဖူးပါတယ္။
"ခလြမ္း...."
႐ုတ္တရက္ထရပ္လိုက္တာေၾကာင့္ စားပြဲေဘာင္ေပၚမွာ တင္ထားတဲ့ သသနဲ႔သူနဲ႔႐ိုက္ထားတဲ့ဓာတ္ပုံျပဳတ္က်သြားျခင္းျဖစ္သည္။ စိတ္ထဲတစ္ခ်က္ေတာ့ထင့္သြားသည္။
"ကြဲသြားတာပဲ ေနာက္ရက္မွ အသစ္ျပန္လုပ္ရမယ္...."
ဓာတ္ပုံသက္သက္ကိုကိုင္ၾကည့္ရင္း အၾကည့္ေတြ႕က သသဆီမွာ အဆုံးသတ္သြားသည္။
"အဟြန္း ဒီအခ်ိန္ စံအိမ္ထဲမွာ ကိုကို႔ကိုစာင့္ရင္း အိပ္ေပ်ာ္ေနေလာက္ၿပီ..."
သသရဲ႕လႈပ္ရွားမႈေတြကို အလြတ္ရေနသူပီပီ သူခန္႔မွန္းတာ မလြဲဘူးဆိုတာ အေသအခ်ာပင္။
"Ring>>>"
အိတ္ေထာင္ထဲကေန အခ်ိန္မေတာ္ဝင္လာတဲ့ဖုန္းေၾကာင့္ ထုတ္ၾကည့္လိုက္ေတာ့ သီဟသူဆီက...
"ဟဲလို..."
"သခင္ Angleစံအိမ္ မီးေလာင္တယ္တဲ့ မင္းဒယ္ဒီနဲ႔မာမီ ၿပီးေတာ့ မင္းညီမေလး သသ.."
"မျဖစ္ႏိုင္ဘူး ငါ့တို႔အိမ္က ဘယ္လိုလုပ္ၿပီးမီးေလာင္တာျဖစ္မွာလဲ...မင္း အိပ္မရလို႔ လာစေနတာလား သီဟ"
"မင္းမယုံႏိုင္ဘူးဆိုတာ သိတယ္ ဒါေပမဲ့ ငါအခု ဒီကိုေရာက္ေနတာ သတင္းမွာလဲ တက္လာတယ္...ဖြင့္ၾကည့္လိုက္..."
ပါးစပ္ကေန မယုံႏိုင္ဘူးလို႔ ေျပာေနေပမဲ့ လက္ေတြက အလိုလိုဖုန္းေပၚရွာေဖြေနမိသည္။
"9.7.2020 ည(၁၂)နာရီအခ်ိန္ Angleစံအိမ္ မီးေလာင္မႈျဖစ္ပြါးၿပီး စံအိမ္ရဲ႕ပိုင္ရွင္ျဖစ္သူ ဦးသခင္ပိုင္နဲ႔ေဒၚသာယာမႈိင္းသာမက သမီးျဖစ္သူ အိမ္မက္သခင္ႏွင့္အျခားေသာ အိမ္အကူမ်ားပါ ေသဆုံး...ဒုတ္"
ဖုန္းကို ခ်ၿပီး တက္ႏွင္းလိုက္ကာ မယုံၾကည္ႏိုင္ေသးသည့္ ေကာင္းကင္သခင္...
"မျဖစ္ႏိုင္ဘူး ညီမေလး...."
စိတ္ေတြမတည္မၿငိမ္ျဖစ္ကာ ခ်က္ခ်င္းပင္ အေျပးအလႊားေျပးထြက္လာကာ ေလဆိပ္ဆီဦးတည္လာခဲ့လိုက္သည္။
မနက္ျဖန္မွာ အေရးႀကီးအလုပ္ရွိေပမဲ့ ေဖေဖနဲ႔ေမေမ ညီမေလးတို႔က သူ႔ထက္ဘာမွအေရးမႀကီးသည္မို႔...အျပစ္ေပးမယ္ဆိုရင္ေတာင္ ခံယူဖို႔အသင့္။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"ကြၽီ..."
တံခါးဖြင့္ၿပီးဝင္လာသူက ဝါဝါ။ သသတို႔အိမ္က အေစခံမေလး။
"ဝါဝါ..."
သသက ဝါဝါကို အသက္ရွင္လ်က္ေတြ႕လိုက္ရတာေၾကာင့္ ခ်က္ခ်င္းပင္မတ္တပ္ထရပ္သည္။
"မမေလး ေျခေတာက္ေဆးလိမ္းရမယ္..."
"ဝါဝါဒီကို ဘယ္လိုေရာက္လာတာလဲ"
"ေဆးအရင္လိမ္းရေအာင္ မမေလး...ေနာက္မွေျပာျပပါမယ္"
"မလိမ္းဘူး ဝါဝါဒီကို ဘယ္လိုေရာက္လာတာလဲ...ဟိုဦးေလးႀကီးက ဝါဝါကိုေရာ ၿခိမ္းေျခာက္ထားတာလား..."
"ကြၽန္မက အစကတည္းက သခင္ေလးရဲ႕လူပါ မမေလး..."
ဝါဝါရဲ႕ပုံစံကတည္ၿငိမ္ေနၿပီး လိမ္ေနတဲ့ပုံမေပါက္တာေၾကာင့္ ဝါဝါက ဦးေလးႀကီးရဲ႕လူဆိုတာသိလိုက္ရသည္။ ရက္စက္လိုက္တာ။
"ရက္စက္လိုက္တာ ေဖႀကီးနဲ႔ေမႀကီးက ဝါဝါအေပၚဘာမေကာင္းတာလုပ္ခဲ့လို႔ ဒီလိုလုပ္ရက္ရတာလဲ..."
"ကြၽန္မအလုပ္က သခင္ေလးရဲ႕အမိန႔္ကို နာခံဖို႔ပါ သခင္ေလးက ကြၽန္မရဲ႕ကယ္တင္ရွင္ပါ မမေလးရဲ႕မိဘေတြကေတာ့ ခဏတာေက်းဇူးရွိတဲ့သူေတြပါ...အဲ့အတြက္ အခု မမေလးကို ေပးဆပ္သြားမွာပါ မမေလးမထိခိုက္ေအာင္!"
"ထြက္သြား...ဝါဝါ့ကိုမျမင္ခ်င္ဘူး ထြက္သြားးးး"
ဝါဝါယူလာတဲ့ေဆးဘူးေတြကို ေကာက္ပစ္ကာ အိပ္ယာေပၚလွဲအိပ္ၿပီး ေခါင္းၿမီးၿခဳံလိုက္ေတာ့ မ်က္ရည္ေတြသြင္သြင္စီးက်လာသည္။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
တစ္ဖက္မွာလည္း Blackက စည္းကို ေဆးထည့္ေပးၿပီး ပတ္တီးစည္းေပးသည္။
"ေကာင္းကင္သခင္ျပန္ေရာက္လာၿပီလား..."
"ဒီေန႔ ညေနေရာက္မွာပါ...သခင္ေလး..."
"သဲလြန္စ ခ်န္ေပးလိုက္...ဒါမွ ပြဲက ေပ်ာ္ဖို႔ေကာင္းမွာ..."
"ဟုတ္ကဲ့ပါသခင္ေလး..."
"ေဒါက္...ေဒါက္...
သခင္ေလး ဝါဝါပါ..."
"ဝင္ခဲ့..."
"ဟုတ္ကဲ့..."
"သခင္ေလး မမေလးကို ေဆးမထည့္ေပးရေသးပါဘူး "
"ထားလိုက္ နာလာရင္ သူကိုယ္တိုင္လိမ္းလိမ့္မယ္..."
"ဟုတ္ကဲ့ပါ သခင္ေလး"
ဝါဝါထြက္သြားေတာ့ Blackက စည္းကိုၾကည့္ၿပီး စကားေျပာဖို႔စလိုက္သည္။
"ၾကည့္ရတာ မမေလးက ေမြးစားသမီးဆိုတာ မမေလးမသိေသးဘူးထင္တယ္..."
"အင္း ဒါနဲ႔ သသေက်ာင္းက တက္ဖို႔စာက်လာၿပီလား..."
"ဟုတ္ မၾကာခင္ တက္ရေတာ့မယ္တဲ့...
ဒါဆို ဒီအေၾကာင္းကို မမေလးကို အသိေပးလိုက္ရမလား..."
"ထားလိုက္...သြားေတာ့ နားခ်င္ၿပီ"
"ဟုတ္ကဲ့ပါ သခင္ေလး..."
သခင္ေလးစည္းရဲ႕ပုံစံကတစ္ကယ္ပင္ ပင္ပန္းေနတဲ့ပုံေပါက္တာေၾကာင့္ Blackဘာမွမေျပာေတာ့ဘဲ ထြက္လာခဲ့လိုက္သည္။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"သခင္..."
"သီဟ..."
"႐ုံးကိုအရင္သြားၿပီး အမႈအေၾကာင္းေျပာရေအာင္ ထူးဆန္းတာ ရွိတယ္..."
"မင္းဆိုလိုတာ..."
"ဟုတ္တယ္ မင္းမိဘေတြရဲ႕ေသဆုံးမႈက ပုံမွန္မဟုတ္ဘူး..."
"သြားမယ္..."
သခင္ ေဖေဖ ေမေမ ညီမေလးမ်က္ႏွာကို ျမင္ေယာင္လာၿပီး လက္သီးကို က်စ္က်စ္ဆုပ္ၿပီး ေလဆိပ္ကိုေက်ာခိုင္းလိုက္သည္။
"ဒီမီးက ရႈိ႕မီးပဲ သခင္ ပတ္ဝန္းက်င္ကို စစ္ေဆးၾကည့္ေတာ့ လူတစ္စုေရာက္လာတယ္တဲ့..."
"ဘယ္အဖြဲ႕ကလဲ..."
"Black ဝတ္စုံနက္နဲ႔လို႔ေျပာတယ္..."
Blackဆိုတဲ့ သီဟသူရဲ႕စကားေၾကာင့္ သခင္ သား႐ိုင္းတစ္ေကာင္လိုမ်ိဳး ျဖစ္လာၿပီး အၾကည့္ေတြက စူးရွလ်က္သားေျပာင္းသြားသည္။
သူတို႔ေလာကမွာ ဝတ္စုံနက္နဲ႔လူေတြသည္ နာမည္ႀကီးဂိုဏ္းတစ္ခုက လူမိုက္ေတြျဖစ္ၿပီး...ထိုလူေတြကို Blackဆိုတဲ့သူကအုပ္ခ်ဳပ္ၿပီး ဥပေဒရဲ႕ေရွ႕မွာ ရပ္တည္ေနတဲ့သူျဖစ္သည္။
ထိုသူတို႔ကို ဖမ္းရင္လည္း ခဏဟန္ျပသာေထာင္က်ၿပီး အလြယ္ေလးနဲ႔လႊတ္သည္။ ေတာ္ယုံအာဏာမရွိတဲ့သူေတြ ထိလို႔မရေပ။
အာဏာရွိရင္ေတာင္မွ Blackကို တိုက္ခိုက္ရင္ ႏိုင္မွာမဟုတ္ သေရနဲ႔ရႈံးပြဲသာရွိသည္။ ထိုအာဏာရွိသူတို႔ကလည္းလူနည္းစုမွ်သာ။
"ၿပီးေတာ့ သဲလြန္စခ်န္သြားတယ္..."
သီဟသူက ဓာတ္ပုံတစ္ပုံကို ထုတ္ကာ သခင္ေရွ႕တိုးေပးလိုက္သည္။
"သသ..."
"အားလုံးကိုသုံးသပ္ၾကည့္ရင္ Blackက မင္းမိသားစုနဲ႔ရန္ၿငိဳးရွိၿပီး မင္းနဲ႔ရန္သူျဖစ္ေနတဲ့သူ..."
သီဟေျပာတဲ့အခ်က္ကို သူလည္းစဥ္းစားမိပါသည္။ ဒါေပမဲ့ သူ႔မွာ ရန္သူမွမရွိတာ။
"သသက ငါ့ရဲ႕အသက္မွန္းသိလို႔ တမင္အသက္ရွင္ေစၿပီး ဖမ္းေခၚသြားတာ ငါတို႔ရွာရမယ္ သီဟ သသသူ႔လက္ထဲမွာ အၾကာေနလို႔မရဘူး..."
"အင္း ဒါဆို အခုအမႈဖြင့္လိုက္မယ္"
"အင္း..."
"ေလာေလာဆယ္ မင္း..."
"ေကာင္းကင္သခင္...."
သီဟစကားမဆုံးခင္ ဒုစစ္ေဆးေရးမႉးခ်ဳပ္က သခင့္နာမည္ေခၚၿပီးေရာက္လာသည္။
"ဒုမႉးခ်ဳပ္..."
"အေရးႀကီးကိစၥကို ပစ္ထားခဲ့တာ ဘာေျဖရွင္းခ်က္ေပးခ်င္ေသးလဲ..."
"မေပးပါဘူး အျပစ္ေပးပါ..."
"မင္းမိဘရဲ႕သတင္းၾကားတယ္ စိတ္မေကာင္းပါဘူး ဒါေပမဲ့ အမႈကို မဖြင့္ဖို႔အမိန႔္ခ်လိုက္တယ္..."
"ဒုမႉးခ်ဳပ္..."
"အထက္က မေတာ္တဆအမႈအျဖစ္စာရင္းသြင္းလိုက္ၿပီ...မင္းအတြက္ ေကာင္းဖို႔ပါ"
"အဟက္ ကြၽန္ေတာ့္မိဘကို သတ္တဲ့သူက အေတာ္အာဏာႀကီးပုံပဲ ဒုမႉးခ်ဳပ္ကိုေတာင္ အမိန႔္ေပးႏိုင္တယ္ဆိုေတာ့...ဒါေပမဲ့ ကြၽန္ေတာ္ အလုပ္ထြက္ရရင္ေတာင္ အဲ့လူကို ဖမ္းမွာပါ..."
"ဒုတ္..."
လည္ပင္းက တရားဝင္နာမည္ကတ္ကို ေစာင့္ျဖဳတ္ကာ စားပြဲေပၚတင္ၿပီး ထြက္လာခဲ့လိုက္သည္။
"ကိုကို ညီမေလးကို ရေအာင္လာရွာမယ္ ညီမေလး..."
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
Blackပိုင့္သည့္အရာထဲမွတစ္ခု Devilကလပ္...
သတင္းအေရာင္းအဝယ္၊ေဆး၊တရားမဝင္ေသနတ္ႏွင့္အျခားပစၥည္းမ်ားေရာင္းဝယ္လို႔ရေသာေနရာ၌ Blackရဲ႕လူႏွင့္သီဟသူေရာက္ရွိေနျခင္းျဖစ္သည္။
"ေနာက္ကလူမပါတာေသခ်ာလား..."
"ေသခ်ာတယ္..."
"ေကာင္းကင္သခင္ကို အရိပ္အႁမြက္ေပးၿပီးၿပီ..."
"ဒီမွာ သခင္ေလးက ဆုခ်ေပးလိုက္တယ္...အရင္ကထက္ပိုၿပီး ေကာင္းတယ္"
သီဟသူလိုေနတဲ့ေဆးကို ထိုလူကခ်ေပးလိုက္ေတာ့ ၿပဳံး႐ႊင္သြားတဲ့သီဟသူမ်က္ႏွာ...
သီဟသူက ေဆးစြဲေနၿပီး ေန႔တိုင္း ဒီကလပ္မွာ ေဆးလာဝယ္သျဖင့္ Blackရဲ႕လူေတြနဲ႔ခ်ိတ္မိသြားျခင္းျဖစ္ၿပီး သူတို႔ရဲ႕သားေကာင္ျဖစ္လာသည္။
စည္းနဲ႔Blackက ကိုယ္တိုင္မေတြ႕ဘဲ ၾကားလူနဲ႔သာလႊတ္ထားသျဖင့္ သီဟသူက စည္းတို႔ကို မေတြ႕ဖူးပါ။
"မင္းတို႔သခင္ေလးကို ကိုယ္တိုင္ျမင္ဖူးခ်င္လာၿပီ..."
"သခင္ေလးဆီကို အထူးလူအေနနဲ႔တင္ျပေပးမယ္..."
"အဟြန္း အိုေခ..."
"ေနာက္ၿပီး ေကာင္းကင္သခင္အေၾကာင္းကို တစ္ပတ္တစ္ခါဒီေနရာမွာ သတင္းေပးရမယ္ မလုပ္ႏိုင္ရင္ မင္းဘဝဘယ္လိုျဖစ္မယ္ဆိုတာ သိသင့္တယ္..."
"ေကာင္းၿပီ မင္းတို႔သာ ကတိတည္ပါေစ..."
"မင္းအေပၚမွာမူတည္တယ္..."
"တစ္ခုေမးခ်င္တယ္ အိမ္မက္သခင္ကို ေရာင္းစားလိုက္ၿပီလား..."
"ဒါက မင္းသိရမဲ့ကိစၥထဲမပါဘူး..."
ထိုလူ မ်က္ခုံးပင့္ေျပာလိုက္ေတာ့ သီဟသူပါးစပ္ပိတ္သြားကာ ေဘးဘီကိုတစ္ခ်က္ၾကည့္ကာ ျပန္သြားသည္။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
"မမေလး ညစာစားရေအာင္..."
"အစားဘူး..."
"ဂြီ..."
မစားဘူးလို႔ ေျပာလိုက္ေပမဲ့ ဝါဝါေရွ႕မွာ အလိုက္မသိတဲ့ဗိုက္က ျမည္သံေပါင္းစုံထြက္လာသည္။
"မမေလး ဆာေနရင္ စားလိုက္ပါ ဝါဝါအေပၚယူလာခဲ့ေပးရမလား..."
"မစားဘူး..."
"မမေလး ေအာက္ထပ္မွာ သခင္ေလးေစာင့္ေနတယ္..."
"မစားဘူး ထြက္သြား..."
"ေနပါေစ ထားလိုက္ အငတ္ခံခ်င္တာခံပါေစ..."
သသ ဦးေလးႀကီးကို ျပန္လွည့္မၾကည့္ဘဲ ဗိုက္ကို အသာဖိလိုက္သည္။ အသံမထြက္စမ္းနဲ႔။
စည္း ဝါဝါကိုထြက္သြားဖို႔ လက္နဲ႔အမူအရာျပလိုက္သည္။
ဝါဝါထြက္သြားမွ စည္း သသနားတိုးကပ္လာကာ သသကိုယ္ကို ေပြ႕ခ်ီလိုက္သည္။
"ထမင္းစားခ်ိန္ အိမ္မက္သခင္ လူကိုေစာင့္ရေအာင္မလုပ္နဲ႔..."
"ဘယ္သူကေစာင့္ခိုင္းလို႔လဲ မစားဘူး..."
"ဂြီ..."
"အဟြန္း ဗိုက္ကိုေတာ့ေကြၽးရမွာေပါ့ စိတ္ခ်မင္းကိုမေကြၽးဘူး ဗိုက္ကိုေကြၽးမွာ...ၿပီးေတာ့ ငါ့ကိုလက္စားေခ်ခ်င္ရင္ အားရွိေနမွျဖစ္မယ္..."
သသလည္း အမွန္တစ္ကယ္ဆာေနတာေၾကာင့္ ၿငိမ္ေနလိုက္သည္။
ဟုတ္တယ္ ဦးေလးႀကီးကို လက္စားေခ်ဖို႔ ကိုကိုနဲ႔ေတြ႕ႏိုင္ဖို႔ သမီးက်န္းမာေနမွရမယ္။
စည္းက ဒီတစ္ခါေတာ့ တစ္ေလွ်ာက္လုံးေပြ႕ေခၚလာၿပီး ထိုင္ခုံေပၚကိုလည္း ျငင္ျငင္သာသာခ်ေပးသည္။
"သခင္ေလး..."
သသတို႔ထမင္းစားလို႔ၿပီးခါနီးမွာ Blackကေရာက္လာၿပီး အေရးတႀကီးကိစၥေျပာစရာရွိတယ္ဟုေျပာတာေၾကာင့္ စည္း သသကို ထားခဲ့ၿပီး အျပင္ထြက္သြားသည္။
သသလည္း စားၿပီးသားပန္းကန္ကို ခဏခ်ကာ သူတို႔စကားေျပာတာၾကားႏိုင္မဲ့ေနရာမွာ နားကိုစြင့္ထားလိုက္သည္။
"ဒီေန႔ သီဟသူ Devilကလပ္ကို လာပါတယ္ သခင္ေလး အမႈကို ပိတ္လိုက္ပါၿပီလို႔ေျပာတယ္..."
"အိုေခ မနက္ျဖန္ ဝန္ႀကီးခ်ဳပ္နဲ႔စစ္ေဆးေရးမႉးခ်ဳပ္နဲ႔ေတြ႕ၿပီး အမႈအတြက္ ေက်းဇူးတင္ရမွာေပါ့..."
"သီဟသူကို..."
"ထားလိုက္ အသုံးလိုတဲ့ေနရာမွာ သုံးလို႔ရေအာင္ ခဏယာထားလိုက္..."
"ဟုတ္ကဲ့ပါ သခင္ေလး..."
ခိုးနားေထာင္ေနတဲ့ သသ အကုန္နားမလည္ေပမဲ့ သီဟသူဆိုတဲ့ကိုကိုရဲ႕သူငယ္ခ်င္းနာမည္ပါလာတာေၾကာင့္ ကိုကို႔နဲ႔ေတြ႕ဖို႔အကူအညီေတာင္းဖို႔အႀကံရလိုက္သည္။
သီဟသူကို ကိုကိုေျပာတာၾကားဖူးတာေၾကာင့္နဲ႔ သသကိုယ္တိုင္ကလည္း အေဝးကေနျမင္ဖူးတာေၾကာင့္ သိေနျခင္းျဖစ္သည္။
သသ ထမင္းစားခန္းထဲျပန္ဝင္သြားလိုက္ၿပီး ထမင္းကို ဆက္စားေနလိုက္သည္။ ၿပီးေနာက္အခန္းေရာက္သည္အထိ ၿငိမ္ၿငိမ္ေလးေနလိုက္၏။ စိတ္ထဲမွာေတာ့ ဒီအိမ္ကေန ဘယ္လိုခိုးထြက္ရမလဲဆိုတဲ့အေတြးနဲ႔ ညနက္သည္အထိ သသအိပ္မေပ်ာ္ႏိုင္ခဲ့။
'အေစာင့္ေတြက အမ်ားႀကီး ဘယ္လိုထြက္ရမလဲ Devilကလပ္ '
စိတ္ထဲကေန ကလပ္နာမည္ကို ေမ့သြားမွာဆိုးသည့္အလား ပါးစပ္ကေနတဖြဖြေရ႐ြတ္ရင္း အိပ္ေပ်ာ္သြားရသည္။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺
ေန႔လည္(၂)နာရီမွာ စံအိမ္ထဲကို ဟင္းခ်က္ပစၥည္း၊မုန႔္လာပို႔တဲ့ ကားေရာက္လာသည္...သသလွည့္ပတ္ၾကည့္လိုက္ေတာ့ တစ္အိမ္လုံးမွာ ဘယ္အေစာင့္မွမရွိ တံခါးဝမွာ အေစာင့္ႏွစ္ေယာက္သာရွိတာေၾကာင့္ သသအႀကံရသြားရသည္။
ဦးေလးႀကီးနဲ႔Blackက အစည္းအေဝးလုပ္ေနတာေၾကာင့္ ထြက္ေျပးဖို႔ အခ်ိန္က ဒီအခ်ိန္အေကာင္းဆုံးပင္ျဖစ္သည္။
သသ ခပ္တည္တည္နဲ႔ ေအာက္ထပ္ဆင္းလာၿပီး ထိုလူႏွစ္ေယာက္ေရွ႕မွာ ခါးေထာက္ရပ္လိုက္သည္။
"ဒီမွာ ဦးေလးႀကီးတို႔ အေပၚမွာ သမီးရဲ႕အခန္းတံခါးပ်က္ေနတယ္ သြားျပင္ေပးပါလား..."
"မမေလး ဒါက ကြၽန္ေတာ္တို႔တာဝန္မဟုတ္ပါဘူး..."
"ဒါဆို သမီးက ကိုယ္တိုင္လုပ္ရမွာလား...ရွင္တို႔သခင္ကို ခိုင္းရမွာလား"
သသအဲ့လိုေျပာလိုက္မွ ထိုလူႏွစ္ေယာက္ထဲက တစ္ေယာက္က လုပ္ေပးဖို႔သေဘာတူလာသည္။
"ဦးေလးႀကီးလည္းလိုက္သြားလိုက္ပါ သမီးရဲ႕အခန္းထဲက ေရပိုက္လည္းပ်က္ေနတယ္..."
"ဟို..."
"မလုပ္ေပးဘူးလား..."
"မဟုတ္ပါဘူး လုပ္ေပးပါမယ္မမေလး..."
သသ သူတို႔မရိပ္မိေအာင္ စားဖိုေဆာင္ဘက္ ေရေသာက္ဖို႔ထြက္လာခဲ့လိုက္သည္။
ထိုလူေတြကလည္း အျပင္မွာ အေစာင့္ေတြမ်ားတာေၾကာင့္ သသအခန္းကို တက္သြားခဲ့ၾကသည္။
သသ သူတို႔ထြက္သြားတာျမင္သည္ႏွင့္ ခ်က္ခ်င္းအိမ္ေရွ႕ေျပးလာကာ အျပင္ထြက္လိုက္သည္။ ကားကို အကာအကြယ္ယူကာ ဖြင့္လ်က္သားျဖစ္ေနတဲ့ ကားေနာက္ခန္းထဲကို ဝင္လိုက္သည္။
ေတာ္ေသးသည္ မုန႔္သြားထားတဲ့သူေတြက ျပန္မေရာက္လာေသး။
သသ မုန႔္ေတြၾကားထဲကို တိုးဝင္လိုက္ကာ မျမင္ေအာင္ပုန္းေနလိုက္သည္။ (၁၅)မိနစ္ေလာက္ၾကာေတာ့မွ တံခါးကိုပိတ္ၿပီး ေသာ့ခတ္သြားသည္။ ထိုအခါမွ သသသက္ျပင္းခ်ႏိုင္ေတာ့သည္။
မိသြားမလားအရမ္းေၾကာက္လို႔ ဒူးေတြတုန္ေနတာ ကိုယ္သာအသိဆုံး။
ေနာက္ထပ္(၁၅)မိနစ္ေလာက္ေမာင္းၿပီးေတာ့ ကားကရပ္သြားျပန္သည္။ ေနာက္ခန္းကို ေသာ့ဖြင့္ၿပီး ပစၥည္းတစ္ခုယူကာ အျပင္ထြက္သြားတာေၾကာင့္ သသလည္း အျပင္ထြက္လာလိုက္သည္။
အထက္တန္းၿပီးသည္အထိ ေက်ာင္းနဲ႔အိမ္နဲ႔သာ အသြားအလာအမ်ားဆုံးလုပ္ခဲ့ၿပီး ဦးေလးႀကီးအိမ္မွာ ပိတ္ထားခံရေတာ့ သသ အျပင္ေလကို အဝႀကီးရႉလိုက္သည္။
"မျဖစ္ဘူး ဦးေလးႀကီးတို႔ဒီအခ်ိန္ဆိုသိေလာက္ၿပီး ျမန္ျမန္သြားရမယ္..."
သသ အလ်င္အျမန္တကၠစီတစ္စီးကိုတားလိုက္သည္။
"ဦးေလးႀကီး Devilကလပ္ကို ေမာင္းေပးပါ"
သသရဲ႕စကားေၾကာင့္ ကားသမားဦးေလးႀကီးက ထူးဆန္းစြာၾကည့္လာေပမဲ့ ဘာမွမေျပာဘဲ ေမာင္းထြက္သြားသည္။
🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺