ကောင်းကျိုးမပေးသော သမီးပျို P...

By FinToneLone

79.4K 9.6K 192

ရှန်ယန်ရှောင် Part 4 ရွန္ယန္ေရွာင္ Part 4 More

၅၉၉
၆၀၀
၆၀၁
၆၀၂
၆၀၃
၆၀၄
၆၀၅
၆၀၆
၆၀၇
၆၀၈
၆၀၉
၆၁၀
၆၁၁
၆၁၂
၆၁၃
၆၁၄
၆၁၅
၆၁၆
၆၁၇
၆၁၈
၆၁၉
၆၂၀
၆၂၁
၆၂၂
၆၂၃
၆၂၄
၆၂၅
၆၂၆
၆၂၇
၆၂၉
၆၃၀
၆၃၁
တောင်းပန်ပါတယ်ဗျို့
၆၃၂
၆၃၃
၆၃၄
၆၃၅

၆၂၈

1.8K 236 3
By FinToneLone

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၂၈)

“ကိုးဆယ်ရာခိုင်နှုန်းသေချာတယ်။သေသေချာချာလေးသာပြင်ဆင်မယ်ဆိုရင် နံပါတ်နှစ်နဲ့ နံပါတ်လေးတို့ရဲ့ အစားထိုးတောင်ဖြစ်လာနိုင်လောက်တယ်”လို့ကျွင်းမိုက ပြန်ပြောသည်။

“ငါသိထားသလောက်ဆို လောင်းဖန်က လောင်းမိသားစုကနော်။မင်းသူ့ကို လွယ်လွယ်နဲ့တော့ ယူသွားလို့ရမှာမဟုတ်ဘူး။လန်းယူပြည်ရဲ့အင်အားတွေက သိုသိုဝှက်ဝှက်ရှိလွန်းတယ်ကွ နောက်ဆုံးအခြေအနေမဟုတ်ရင် မလိုအပ်ဘဲအာရုံစိုက်ခံရအောင်မလုပ်သင့်ဘူး”လို့ အိုးယန်ဟွမ်းယူကသတိပေးလိုက်သည်။

“စိတ်ချပါ ငါလည်းလုပ်သင့်မလုပ်သင့်လောက်တော့နားလည်ပါတယ်။လောင်းဖန်က သုံးစားမရသူဖြစ်သွားတော့ မိသားစုထဲမှာ နေရာမရှိတော့ဘူးလေ။ငါ့တပည့်သာမဟုတ်ရင် လောင်းမိသားစုကမွေးထားတဲ့ခွေးကိုဆက်ဆံသလိုတောင် ဆက်ဆံခံရမှာမဟုတ်ဘူး ငါဘာပဲ လုပ်ခိုင်းလုပ်ခိုင်း သူကဘာသံသယမှရှိမှာမဟုတ်သလို လောင်းမိသားစုကလည်း ဆန်ကုန်မြေလေးတစ်ယောက် သေတာရှင်တာကိုဂရုစိုက်နေမှာမဟုတ်ဘူး။ဒါပေမယ့် အဲ့လိုမလုပ်ခင် လောင်းဖန်ကိုတည်ငြိမ်စေဖို့အတွက် သူ့အစားတစ်ယောက်ယောက်ကို သတ်ပေးရဦးမယ်”လို့ကျွင်းမိုက လူသတ်တာကို ပုရွက်ဆိတ်တစ်ကောင်သတ်ရတဲ့ပုံမျိုးဖြင့် ပေါ့ပေါ့ပါးပါးပဲပြောလိုက်သည်။

“သတ်မယ်ဟုတ်လား ငါအမှတ်မမှားရင် သမားတော်ကြီးဖြစ်တဲ့မင်းက သွေးမမြင်ရတာ တော်တော်ကြီးကြာခဲ့ပြီမဟုတ်လား”လို့ အနက်ဝတ်ကပြောရင်း ရယ်လိုက်သည်။

ကျွင်းမိုမျက်မှောင်ကြုတ်သွားသည်။

“တစ်ဖက်သားကို ဖယ်ရှားရလို့ ရနိုင်တဲ့တန်ဖိုးအပေါ်မှာမူတည်တယ် အရေးမပါတဲ့သူကို သတ်ပေးရလို့ စမ်းသပ်ကိုယ်ရဲ့သစ္စာရှိမှုကိုရဖို့အတွက်ကတော့ ဘာလို့မသတ်ရမှာလဲ”

“အိုး မင်းကဘယ်လိုလူမျိုးကို သတ်ရမှာလဲဟ”ဟုအနက်ဝတ်က သိလိုစွာမေးလိုက်သည်။

“လောင်းရွှမ်အင်ပါယာက ကောင်မလေးတစ်ယောက်ပါလေ ဇာမဏီမျိုးနွယ်က ရှန်ယန်ရှောင်တဲ့”

ခွမ်း

အနက်ဝတ်ရဲ့လက်ထဲက ရေနွေးခွက်ပြုတ်ကျသွားခြင်းဖြစ်သည်။ထို့နောက်မှာတော့ သူက ဟက်ဟက်ပက်ပက်ရယ်ပါတော့လေသည်။

“ရှန်ယန်ရှောင်လား ဟား..ဟား..ရှန်ယန်ရှောင်ပေါ့”

“ဒီလူဘာဖြစ်နေတာလဲ”လို့ မျက်မှောင်ကြုတ်နေတဲ့ကျွင်းမိုက အတောမသတ်နိုင်အောင် ရယ်နေသောအနက်ဝတ်ကိုကြည့်ပြီးပြောလိုက်တာဖြစ်သည်။

အိုးယန်ဟွမ်းယူ၏မျက်နှာမှာတော့ သိမ်မွေ့သောအပြုံးတစ်ခုရှိနေသည်။

“ကြည့်ရတာတော့ မင်းဒီတစ်ယောက်ယောက်ဆိုတာကို သတ်လို့မဖြစ်တော့ပုံပဲ”

“ဘာလို့လဲ”

အနက်ဝတ်ဟာ ရယ်ရလွန်းလို့မျက်ရည်တွေတောင်စီးကျနေပါပြီ။သူက ကျွမ်းမိုကိုလက်ညှိုးနဲ့ ထိုးလိုက်ပြီးနောက် အိုးယန်ဟွမ်းယူဆီကို ထပ်ထိုးပြလိုက်ကာ “ဒါကရယ်စရာကြီးပဲ လုံးဝကိုရယ်ဖို့ကောင်းတယ်ဟေ့ တစ်ယောက်ကသတ်ချင်တယ် တစ်ယောက်က သိမ်းသွင်းချင်တယ် မင်းတို့နှစ်ယောက်လုံးက တစ်ကယ့်ကိုနားလည်မှုအပြည့်နဲ့ပဲနော်”ဟု သရော်တော်တော်ပြောလိုက်သည်။

“မင်းကအဲ့ဒီရှန်ယန်ရှောင်ကို သိမ်းသွင်းချင်တာလား”

အကြောင်းအရင်းကိုရိပ်မိလိုက်တဲ့ကျွင်းမိုတစ်ယောက် အရမ်းပဲအံ့ဩသွားခဲ့သည်။အိုးယန်က တစ်ခြားလူတွေအပေါ်မှာ စိတ်ဝင်စားခဲသူပါ။သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ပထမဆုံးသော စမ်းသပ်ကိုယ်ကလွဲရင် ကျန်စမ်းသပ်ကိုယ်ကိုးခုတို့ကို ကျွင်းမိုနဲ့အနက်ဝတ်တို့က ရွေးချယ်ခဲ့တာဖြစ်သည်။ဒါပေမယ့် အခုအခါမှာတော့ အိုးယန်ဟွမ်းယူအနေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်အပေါ်မှာ စိတ်ဝင်စားနေတယ်ဆိုလို့ ကျွင်းမို မနေနိုင်လောက်အောင် သိချင်စိတ်ပြင်းပြသွားခဲ့ရသည်။

“ကောင်မလေးက စစ်တုရင်ကောင်းတစ်ရုပ်ဖြစ်လာနိုင်တယ်”လို့ အိုးယန်ဟွမ်းယူက ပြောလိုက်သည်။

“အိုး ဒါပေမယ့်ငါက လောင်းဖန်ကိုကတိပေးပြီးသွားပြီ ကောင်မလေးကို ငါက တစ်ကယ်သတ်ချင်တယ်ဆိုရင်ရော ဘာဖြစ်မလဲ”လို့မေးလိုက်တဲ့ ကျွင်းမိုမျက်ဝန်းတွေက သွေးဆာရက်စက်မှုတွေရှိနေသည်။

ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ
အခန္း(၆၂၈)

“ကိုးဆယ္ရာခိုင္ႏွုန္းေသခ်ာတယ္။ေသေသခ်ာခ်ာေလးသာျပင္ဆင္မယ္ဆိုရင္ နံပါတ္ႏွစ္နဲ႔ နံပါတ္ေလးတို႔ရဲ့ အစားထိုးေတာင္ျဖစ္လာနိုင္ေလာက္တယ္”လို႔ကၽြင္းမိုက ျပန္ေျပာသည္။
“ငါသိထားသေလာက္ဆို ေလာင္းဖန္က ေလာင္းမိသားစုကေနာ္။မင္းသူ႔ကို လြယ္လြယ္နဲ႔ေတာ့ ယူသြားလို႔ရမွာမဟုတ္ဘူး။လန္းယူျပည္ရဲ့အင္အားေတြက သိုသိုဝွက္ဝွက္ရွိလြန္းတယ္ကြ ေနာက္ဆုံးအေျခအေနမဟုတ္ရင္ မလိုအပ္ဘဲအာ႐ုံစိုက္ခံရေအာင္မလုပ္သင့္ဘူး”လို႔ အိုးယန္ဟြမ္းယူကသတိေပးလိုက္သည္။
“စိတ္ခ်ပါ ငါလည္းလုပ္သင့္မလုပ္သင့္ေလာက္ေတာ့နားလည္ပါတယ္။ေလာင္းဖန္က သုံးစားမရသူျဖစ္သြားေတာ့ မိသားစုထဲမွာ ေနရာမရွိေတာ့ဘူးေလ။ငါ့တပည့္သာမဟုတ္ရင္ ေလာင္းမိသားစုကေမြးထားတဲ့ေခြးကိုဆက္ဆံသလိုေတာင္ ဆက္ဆံခံရမွာမဟုတ္ဘူး ငါဘာပဲ လုပ္ခိုင္းလုပ္ခိုင္း သူကဘာသံသယမွရွိမွာမဟုတ္သလို ေလာင္းမိသားစုကလည္း ဆန္ကုန္ေျမေလးတစ္ေယာက္ ေသတာရွင္တာကိုဂ႐ုစိုက္ေနမွာမဟုတ္ဘူး။ဒါေပမယ့္ အဲ့လိုမလုပ္ခင္ ေလာင္းဖန္ကိုတည္ၿငိမ္ေစဖို႔အတြက္ သူ႔အစားတစ္ေယာက္ေယာက္ကို သတ္ေပးရဦးမယ္”လို႔ကၽြင္းမိုက လူသတ္တာကို ပုရြက္ဆိတ္တစ္ေကာင္သတ္ရတဲ့ပုံမ်ိဳးျဖင့္ ေပါ့ေပါ့ပါးပါးပဲေျပာလိုက္သည္။
“သတ္မယ္ဟုတ္လား ငါအမွတ္မမွားရင္ သမားေတာ္ႀကီးျဖစ္တဲ့မင္းက ေသြးမျမင္ရတာ ေတာ္ေတာ္ႀကီးၾကာခဲ့ၿပီမဟုတ္လား”လို႔ အနက္ဝတ္ကေျပာရင္း ရယ္လိုက္သည္။
ကၽြင္းမိုမ်က္ေမွာင္ၾကဳတ္သြားသည္။
“တစ္ဖက္သားကို ဖယ္ရွားရလို႔ ရနိုင္တဲ့တန္ဖိုးအေပၚမွာမူတည္တယ္ အေရးမပါတဲ့သူကို သတ္ေပးရလို႔ စမ္းသပ္ကိုယ္ရဲ့သစၥာရွိမွုကိုရဖို႔အတြက္ကေတာ့ ဘာလို႔မသတ္ရမွာလဲ”
“အိုး မင္းကဘယ္လိုလူမ်ိဳးကို သတ္ရမွာလဲဟ”ဟုအနက္ဝတ္က သိလိုစြာေမးလိုက္သည္။
“ေလာင္းရႊမ္အင္ပါယာက ေကာင္မေလးတစ္ေယာက္ပါေလ ဇာမဏီမ်ိဳးႏြယ္က ရွန္ယန္ေရွာင္တဲ့”
ခြမ္း
အနက္ဝတ္ရဲ့လက္ထဲက ေရေႏြးခြက္ျပဳတ္က်သြားျခင္းျဖစ္သည္။ထို႔ေနာက္မွာေတာ့ သူက ဟက္ဟက္ပက္ပက္ရယ္ပါေတာ့ေလသည္။
“ရွန္ယန္ေရွာင္လား ဟား..ဟား..ရွန္ယန္ေရွာင္ေပါ့”
“ဒီလူဘာျဖစ္ေနတာလဲ”လို႔ မ်က္ေမွာင္ၾကဳတ္ေနတဲ့ကၽြင္းမိုက အေတာမသတ္နိုင္ေအာင္ ရယ္ေနေသာအနက္ဝတ္ကိုၾကည့္ၿပီးေျပာလိုက္တာျဖစ္သည္။
အိုးယန္ဟြမ္းယူ၏မ်က္ႏွာမွာေတာ့ သိမ္ေမြ႕ေသာအျပဳံးတစ္ခုရွိေနသည္။
“ၾကည့္ရတာေတာ့ မင္းဒီတစ္ေယာက္ေယာက္ဆိုတာကို သတ္လို႔မျဖစ္ေတာ့ပုံပဲ”
“ဘာလို႔လဲ”
အနက္ဝတ္ဟာ ရယ္ရလြန္းလို႔မ်က္ရည္ေတြေတာင္စီးက်ေနပါၿပီ။သူက ကၽြမ္းမိုကိုလက္ညႇိုးနဲ႔ ထိုးလိုက္ၿပီးေနာက္ အိုးယန္ဟြမ္းယူဆီကို ထပ္ထိုးျပလိုက္ကာ “ဒါကရယ္စရာႀကီးပဲ လုံးဝကိုရယ္ဖို႔ေကာင္းတယ္ေဟ့ တစ္ေယာက္ကသတ္ခ်င္တယ္ တစ္ေယာက္က သိမ္းသြင္းခ်င္တယ္ မင္းတို႔ႏွစ္ေယာက္လုံးက တစ္ကယ့္ကိုနားလည္မွုအျပည့္နဲ႔ပဲေနာ္”ဟု သေရာ္ေတာ္ေတာ္ေျပာလိုက္သည္။
“မင္းကအဲ့ဒီရွန္ယန္ေရွာင္ကို သိမ္းသြင္းခ်င္တာလား”
အေၾကာင္းအရင္းကိုရိပ္မိလိုက္တဲ့ကၽြင္းမိုတစ္ေယာက္ အရမ္းပဲအံ့ဩသြားခဲ့သည္။အိုးယန္က တစ္ျခားလူေတြအေပၚမွာ စိတ္ဝင္စားခဲသူပါ။သူကိုယ္တိုင္ေရြးခ်ယ္ခဲ့တဲ့ ပထမဆုံးေသာ စမ္းသပ္ကိုယ္ကလြဲရင္ က်န္စမ္းသပ္ကိုယ္ကိုးခုတို႔ကို ကၽြင္းမိုနဲ႔အနက္ဝတ္တို႔က ေရြးခ်ယ္ခဲ့တာျဖစ္သည္။ဒါေပမယ့္ အခုအခါမွာေတာ့ အိုးယန္ဟြမ္းယူအေနနဲ႔ အရြယ္မေရာက္ေသးတဲ့ ကေလးတစ္ေယာက္အေပၚမွာ စိတ္ဝင္စားေနတယ္ဆိုလို႔ ကၽြင္းမို မေနနိုင္ေလာက္ေအာင္ သိခ်င္စိတ္ျပင္းျပသြားခဲ့ရသည္။
“ေကာင္မေလးက စစ္တုရင္ေကာင္းတစ္႐ုပ္ျဖစ္လာနိုင္တယ္”လို႔ အိုးယန္ဟြမ္းယူက ေျပာလိုက္သည္။
“အိုး ဒါေပမယ့္ငါက ေလာင္းဖန္ကိုကတိေပးၿပီးသြားၿပီ ေကာင္မေလးကို ငါက တစ္ကယ္သတ္ခ်င္တယ္ဆိုရင္ေရာ ဘာျဖစ္မလဲ”လို႔ေမးလိုက္တဲ့ ကၽြင္းမိုမ်က္ဝန္းေတြက ေသြးဆာရက္စက္မွုေတြရွိေနသည္။

Continue Reading

You'll Also Like

916K 68.4K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...
409K 16.7K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795
788K 31.6K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....