//Zawgyi//
“……”
“အိုး”
“…” ကျင်ရွှင် : “အမ်း”
တကယ်ကိုမနာတာ
ဒီတည်နေရာက…တကယ်ကို…
ပြောဖို့ခက်တယ်
“ရှဲန်းရှန်…”
နောက်ဆုံးသောအားထုတ်မှုအနေနဲ့ ကျင်ရွှင်ကအောက်လိုက်သည်။
ပြီးသွားပြီ
ဝူး ဝူး
……
…
“…ဟုတ်ကဲ့ပါ”
“ရှောင်ရွှင်”
“ကိုယ်တောင်းပန်ပါတယ်”
အား!
“ရှောင်ရွှင် ?”
ကျင်ရွှင် : “အင်း”
“အင်း”
ကျင်ရွှင် : “……”
“ အားလုံးအဆင်ပြေသွားပြီမလား” သူကနေရာမှာငြိမ်ငြိမ်လေးလှဲနေပြီး “ကျွန်တော်မနာတော့ဘူး”
“…”
“…”
ကျင်ရွှင် : “……”
ကျင်ရွှင် : “……?”
ကျင်ရွှင် : “!”
ဒါကမသင့်တော်ဘူးလေ
“…”
သူက လက်မြှောက်ကာလျို့ဝှက်နံပါတ်ရိုက်ထည့်လိုက်တော့ ချက်ချင်းပွင့်သွားသည်။
သူ့ရဲ့အားကောင်းတဲ့မှတ်ဥာဏ်က ကျင်ရွှင်ကိုအတိတ်မှာဖြစ်ခဲ့တဲ့အရာအားလုံးကိုသတိရစေပြီး လူတွေနဲ့စကားပြောခဲ့တာတွေကိုပါမှတ်မိစေနိုင်သည်။
……
...........................❤️
//Unicode//
ရှဲန်းရှန်ကြည့်ရတာဒေါသထွက်နေသလိုပဲ။
ဒါပေမယ့် သူ့မတော်တဆက တစ်ဖက်လူကိုဒေါသထွက်စေတာလား ဒါမှမဟုတ် သူကနာတာကိုမငိုလို့များလားဆိုတာကိုတော့ ကျင်ရွှင်မပြောနိုင်ပေ။
သူကခေါင်းကိုအနည်းငယ်စောင်းကာ သူ့လည်ပင်းကိုတုန်ယင်စွာမော့လိုက်ပြီး ရှန်ရိကျင်းအားကြည့်ကာ ချစ်စရာကောင်းအောင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်:
“ …ကျွန်တော် Cကိုရွေးလို့ရမလား?”
သို့ပေမယ့် mengရောင်းတာက အချည်းနှီးပင်။
[Selling meng-ချစ်စရာကောင်းအောင်လုပ်တာ]
တစ်ဖက်လူက သူ့ခါးပတ်ကိုဖြည်းဖြည်းချင်းဖြည်လာသည်။
ညအခါမှာ တောင်ကအရမ်းတိတ်ဆိတ်လွန်းလှတယ်။
ပုစဉ်းရင်ကွဲတွေနဲ့ ပုရစ်တွေရဲ့အော်သံတစ်ခုသာရှိနေပြီး ပြတင်းပေါက်တွေကို တင်းနေအောင်ပိတ်ထားတာမို့ အတွင်းဘက်ကသူတို့က အဲ့အော်သံတွေကိုမကြားရပေ။ ဒါ့အပြင် အခန်းက ကျယ်ဝန်းတာကြောင့် ကျင်ရွှင်က သူ့နားရွက်ဘေးက အဝတ်အထည်ရဲ့တရှပ်ရှပ်မြည်သံကိုသာကြားနေရသည်။
ကျင်ရွှင်က သူ့ခေါင်းကိုခေါင်းအုံးထဲ လုံးဝအတိမြှုပ်ထားကာ မလှုပ်ရဲပေ။
သူ့ခါးပေါ်က အေးစက်မှုတစ်စွန်းတစ်စကို ခံစားလိုက်ရတော့ သူ့အာရုံကိုပြောင်းဖို့ရန် တစ်စုံတစ်ခုပြောဖို့ကြိုးစားလိုက်သည်: “ရှဲန်းရှန် တကယ်ပဲဘာမှမဖြစ်ပါဘူး…ဘယ်သူကရော ချော်မလဲဖူးလို့လဲ တကယ်ကိုဘာမှမဖြစ်ပါဘူးဗျာ”
ဒါပေမယ့် သိသာစွာကိုပဲရှန်ရိကျင်းကအဲ့လိုမတွေးပေ၊ ဘာလို့လဲဆိုတော့ သူ့လက်လှုပ်ရှားမှုတွေက ပိုလို့တောင်လျင်မြန်သွက်လက်လာတာကြောင့်ပင်။
“……”
ပွတ်တိုက်နေတဲ့အသံကရပ်တန့်သွားပြီး သူ့ကိုယ်အောက်ပိုင်းမှာ အအေးဓာတ်ကပိုလာသည်။ ရှန်ရိကျင်းပြောလာတာအား ကျင်ရွှင်ကြားလိုက်ရသည် : “ရှောင်ရွှင် ဒီနေရာကိုထိသွားတာပဲ”
သူ့လက်ချောင်းတွေက ဒဏ်ရာရနေတဲ့နေရာကို ခပ်သာသာလေးဖိကာပွတ်သပ်လိုက်သည်။ ကျင်ရွှင်က မသိစိတ်အလျောက်တွန့်သွားကာ ခေါင်းအုံးကိုတင်းကျပ်စွာဆုပ်ကိုင်ထားရင်းပြောလိုက်သည်
“အိုး”
ဒါကနာလို့မဟုတ်ဘူး ထိုနေရာကြောင့်ဖြစ်လာတာပင်…
သူ့ခေါင်းကိုမလှည့်ကြည့်ဘဲနဲ့တောင် ရှန်ရိကျင်းက အခုကိုယ်ကိုကိုင်းကာ အဲ့နေရာကိုသေချာဂရုတစိုက် စိုက်ကြည့်နေလောက်မှန်း သူသိသည်။
ဒါကိုတွေးလိုက်မိတော့ ကျင်ရွှင်ကမနေနိုင်ဘဲတုန်ယင်သွားကာ လုံးဝစိတ်အေးလက်အေးမရှိတော့ပေ။
ဒါပေမယ့် ရှန်ရိကျင်းက သူနာနေတယ်လို့ထင်သွားကာ လှုပ်ရှားမှုတွေက ရုတ်ခြည်းအများကြီးငြင်သာသွားသည်။
ကျင်ရွှင်က သူ့မျက်လုံးကိုလည်းမမြင်နိုင်သလို အမူအရာကိုလည်းမတွေ့နိုင်ပေ။ သူသိတဲ့တစ်ခုတည်းသောအရာကတော့ အေးမြတဲ့လိမ်းဆေးက ဒဏ်ရာရထားတဲ့နေရာကို လိမ်းနေပြီး ရှန်ရိကျင်းရဲ့အသံကလည်း အများကြီးပိုလို့ပေါ့ပါးလာသည် : “နာရင်ပြောနော် ဟုတ်ပြီလား?”
“…” ကျင်ရွှင် : “အမ်း”
သူကနာကျင်မှုကို အကြိမ်များစွာသည်းခံနိုင်သည် ဘာလို့လဲဆိုတော့အော်တာက အသုံးမဝင်ဘူးလေ။
ဒါပေမယ့် အခုကနာမှမနာတော့တာ။
တကယ်ကိုမနာတာ
နည်းနည်းလေးယားတာပဲရှိတာ။
ရှန်ရိကျင်းထိကိုင်နေတဲ့နေရာက အနည်းငယ်ယားနေပြီး တရွရွဖြစ်နေတဲ့အထိအတွေ့နဲ့အတူ ဒဏ်ရာနဲ့သက်ရောက်ခံရတဲ့နေရာတစ်ဝိုက်ကို ရှင်းပြလို့မရနိုင်စွာပျံ့နှံ့လာသည်။
ကျင်ရွှင်က ခေါင်းကိုမလှည့်နိုင်တာမို့ တစ်ဖက်လူဘာလုပ်နေလည်း သူမမြင်နိုင်ပေ။ တစ်ဖက်လူက ဆေးကိုအရမ်းကိုစေ့စေ့စပ်စပ်လိမ်းပေးနေတာကိုပဲ သူခံစားနိုင်သည်။ ဒီဆေးလိမ်းနေတာ အရမ်းကြာနေပြီလေ
တစ်ခဏကြာပြီးနောက် ရှန်ရိကျင်းကပြီးသွားကာ မတ်တပ်ရပ်လိုက်သည်။
နောက်ဆုံးတော့ ကျင်ရွှင်လည်းစိတ်သက်သာရာရသွားသည်။ နောက်ဆုံးတော့ပြီးသွားပြီဟုသူတွေးလိုက်မိသည် တကယ်လို့သာမပြီးသေးဘူးဆိုရင် သူအမှန်ကိုချွေးပြန်လာလိမ့်မယ်…ပူလောင်နေတဲ့ချွေးမျိုးလေ
သို့ရာတွင် သူထပြီး ဘောင်းဘီကိုပြန်မဝတ်ရသေးပေ။
…ရှန်ရိကျင်းကြည့်ရတာလည်း သူ့အဝတ်တွေကို သပ်ရပ်အောင်ပြန်လုပ်ပေးမယ့်ပုံမရှိပေ။
အဲ့ဒါသာမကဘဲ ကျင့်ရွှင့်တစ်ကိုယ်လုံးက ပိတ်မိသွားသည်။
--ဆေးလိမ်းပြီးနောက် ရှန်ရိကျင်းက သူနဲ့နီးကပ်အောင် အောက်ကိုယိုင်လာသည်။
ကျင်ရွှင်ခံစားနေရတာကတော့ ဒဏ်ရာရထားတဲ့နေရာကလွဲရင် တစ်ဖက်လူရဲ့တစ်ကိုယ်လုံးက သူ့ကိုအနောက်ကနေဖိထားသည်။
ဒါက သူ့ကိုချည်နှောင်ထားတဲ့ခံစားချက်မျိုးမဟုတ်ပေမယ့် သူ့ခြေလက်တွေကတော့ အမှန်တကယ်ကိုထိန်းချုပ်ခံထားရပြီး ဒီလိုအခြေအနေအောက်ဝယ် သူ့ရဲ့ထိခိုက်ထားတဲ့နေရာနားမှာ တရစ်ရစ်ဝဲနေတဲ့နွေးထွေးတဲ့အသက်ရှူမှုတစ်ခုရှိနေတယ်!
…အခုကဘယ်လိုပုံစံကြီးလဲ အား?
ကျင်ရွှင်က ကြက်သေသေနေမိသည်။ သူကရှန်ရိကျင်းဘာလုပ်နေလဲဆိုတာကိုကြည့်ဖို့ သူ့ကိုယ်ကိုထောက်ကန်ကာလှည့်ကြည့်ချင်ပေမယ့် သူ့ကိုယ်နှစ်ဖက်လုံးမှာထိန်းချုပ်ခံထားရတဲ့ သူ့လက်မောင်းတွေက ဘာခွန်အားမှထုတ်လို့မရနိုင်ပေ။
သူ့နောက်မှာတော့ အသက်ရှူသံနွေးနွေးက သူ့အရေပြားထက် လွင့်စဉ်နေပြီး ချွေးပေါက်တိုင်းကို အလိုအလျောက် တွန့်လိမ်သွားစေသည်။ ကျင်ရွှင့်ကြွက်သားတွေကတောင့်တင်းနေပြီး သူမလှုပ်ရဲပေ။
ဒီတည်နေရာက…တကယ်ကို…
ပြောဖို့ခက်တယ်
ရှဲန်းရှန်က သောက်ကျိုးနည်းဘာကိုကြည့်နေတာလဲဗျ အား!
“ရှဲန်းရှန်…”
နောက်ဆုံးသောအားထုတ်မှုအနေနဲ့ ကျင်ရွှင်ကအော်လိုက်သည်။
ဒါပေမယ့် သူ့ပါးစပ်ကိုဟလိုက်တဲ့အချိန် သူအကိုက်ခံလိုက်ရသည်။
အော်သံက ချက်ချင်းပင်အသံအနေအသံထားပြောင်းသွားပြီး “အား ဝူးး”နဲ့အစားထိုးသွားကာ သူ့အရေပြားတစ်ခုလုံးကချက်ချင်းပင်နီရဲသွားသည်။
ရှန်ရိကျင်းရဲ့အသက်ရှူသံက ထိခိုက်ထားတဲ့နေရာနားမှာ အချိန်အတော်ကြာရစ်ဝဲနေသည်။
အဲ့ဒါကမနာပေမယ့် တစ်ဖက်လူရဲ့တည်ရှိမှုကို သူရှင်းလင်းစွာခံစားနိုင်သည်…သူ့ကိုယ်ထဲက ဆူပူနေတဲ့သွေးအားလုံးက တစ်ဖက်လူရဲ့လှုပ်ရှားမှုနောက် တဇွတ်ထိုးလိုက်ပါသွားသလိုပင်။ တရွရွဖြစ်မှုက ပေါက်ကွဲသွားပြီး အရင်တစ်ခေါက် သူ့အိပ်မက်ထဲမှာ စဥ့်တီတုံးပေါ်ကငါးတစ်ကောင်လိုဖြစ်နေမှန်း ကျင်ရွှင်သတိရသွားသည်။
ဒီတစ်ကြိမ်ကတော့ အစစ်အမှန်ဗားရှင်းပေါ့။
ပြီးတော့ သူကစိတ်လှုပ်ရှားမှုကြောင့် သူ့ကိုယ်သူရေခမ်းခြောက်အောင်လုပ်လိုက်တဲ့ ပါးစပ်ကရေခမ်းခြောက်နေပြီး လျှာတစ်လစ်ထွက်နေတဲ့ငါးကင်တစ်ကောင် ဖြစ်လာခါနီးပင်။
“ရှဲန်း…ရှဲန်းရှန်” ရှန်ရိကျင်းဘာလုပ်နေလဲဆိုတာကို သူနားမလည်နိုင်ပေ။ သူက မလှုပ်ရှားနိုင်တာမို့ တစ်ဖက်လူအားလည်ချောင်းကွဲလုနီးပါးအသံဝင်နေသလိုမျိုးသာ ခေါ်နိုင်တော့သည်။
ရှန်ရိကျင်းက ပြန်မဖြေခဲ့ပေ။
ကျင်ရွှင်က သူ့ခေါင်းကိုလှည့်ဖို့ရုန်းကန်လိုက်ပေမယ့် ကျရှုံးသွားသည်။
တစ်ဖက်လူက နောက်ဆုံးမှာတော့ သူ့ကိုအလွန်အမင်းအရှက်ရစေတဲ့နေရာမှ ထွက်ခွာသွားတဲ့အထိ ကျင်ရွှင်ကမနေနိုင်ဘဲ တအင့်အင့်ညည်းသံကိုထပ်လုပ်လိုက်မိသေးသည်။
--သူကအခုအပေါ်ဝတ်ရှိသေးတာမို့ ကိုက်ရတာအဆင်မပြေလို့ဖြစ်နိုင်သည် ရှန်ရိကျင်းက အပေါ်တစ်လျှောက်ဆန်တက်လာကာ နောက်ဆုံးမှာတော့ သူ့လည်ပင်းကိုကြမ်းတမ်းစွာစုပ်လာသည်။
အဲ့ဒါကမလုံလောက်သေးဘဲ သူကအခြားတစ်ဖက်ကိုရွှေ့ကာ အာရုံစူးစိုက်ပြီး တစ်တိတိကိုက်နေသည်။
ပြီးသွားပြီ
သူ့ကိုယ်ပိုင်ကိုယ်လုံးအရ မနက်ဖြန်မနက်ကျရင် နောက်ထပ်စတော်ဘယ်ရီစိုက်ခင်းကြီးဖြစ်နေတော့မယ်ဆိုတာ ကျင်ရွှင်သေချာသည်။
ဝူး ဝူး
ဒီအခြေအနေက တကယ်ကိုပဲအရမ်းပုံမှန်မဟုတ်ဖြစ်နေလွန်းတယ် ၊ရှဲန်းရှန်က သူ့စကားလုံးတွေကိုအဖြေမပေးလာပေ။
ဒါ့အပြင် စိတ်ဆန္ဒလေးအနည်းငယ်မျှတောင်မရှိတဲ့ “ခေတ်နောက်ကျ”ပြီး ယဉ်ကျေးသောရှန်ရိကျင်းက သူ့ကိုရုတ်ခြည်းကိုက်တာနဲ့ဆင်တူတဲ့အနမ်းမျိုးပေးမလာသင့်ဘူးလေ။
သူက သူ့ကိုတကယ်ကြီးကိုက်တယ်ဆိုပေမယ့်လည်းပေါ့
……
ကြည့်ရတာရှဲန်းရှန်က တကယ်စိတ်ဆိုးနေတာထင်တယ်။
ဒါက မနေ့ကရှဲန်းရှန်ဒေါသထွက်ပြီး အချို့အကြောင်းအရင်းတွေကြောင့် သူအကိုက်ခံလိုက်ရတယ်ဆိုတာကိုလည်း သက်သေပြသွားပြီ…ကျင်ရွှင်က ပုစွန်ကင်လေးလိုနီရဲသွားပြီး လွတ်မြောက်ဖို့မဖြစ်နိုင်တော့ပေ။ သူ့အာရုံပြောင်းရန်အတွက် အမျိုးမျိုးသော ရူးသွပ်ဖွယ်ထင်မြင်ချက်အားလုံးနဲ့ သူ့ကိုယ်သူဖျော်ဖြေနေရသည်။
သူလှုပ်ရမှာကို ပိုပိုပြီးကြောက်လာသည်။
အေးစက်ကာစိုစွတ်နေတဲ့လရောင်အောက်ဝယ် လူငယ်လေးက သူ့မျက်လုံးတွေကို တင်းကျပ်စွာပိတ်ထားပြီး မျက်တောင်ရှည်တွေက သူ့မျက်လုံးအောက်ကိုဖုံးကာထားကာ သူ့ရဲ့နူးညံ့တဲ့မျက်ခုံးတွေကလည်း အနည်းငယ်ကြုတ်နေသည်။
သူကဒီတိုင်းလဲလျောင်းနေရုံလေးနဲ့တင် အတင့်တယ်ဆုံးပန်းချီကားတစ်ချပ်သဖွယ်ဖြစ်နေတာကို ကျင်ရွှင်ကတော့မသိပေ။
လူငယ်လေးရဲ့ပါးလျတဲ့မျက်ခွံလေးတွေက ပြင်းပြင်းထန်ထန်တုန်ယင်နေပြီး သူ့လက်တွေက ခေါင်းအုံးကိုမြဲမြံစွာ ဆုပ်ကိုင်ထားကာ လက်ဆစ်လေးတွေကတော့ ထင်းထွက်ဖြူဖွေးနေသည်၊ အဲ့လက္ခဏာတွေအားလုံးဆိုလိုတာကတော့ သူတို့ရဲ့ပိုင်ရှင်လေးက အရမ်းကိုစိတ်လှုပ်ရှားထိတ်လန့်နေပါတယ်တဲ့…
ရှန်ရိကျင်းက လှုပ်ရှားနေတာကို ဖြည်းဖြည်းချင်းရပ်လိုက်သည်။
သူကလူငယ်လေးရဲ့အထက်မှာပဲ ရှိနေသေးကာ သူ့မျက်ဝန်းတွေကတော့ ဘာအလင်းမှထိုးဖောက်မဝင်နိုင်သလိုပင်၊နောက်ဆုံးမှာတော့ သူကခေါင်းငုံ့လိုက်ပြီး လူငယ်လေးရဲ့ချွေးစို့နေတဲ့နားထင်လေးကိုနမ်းလိုက်သည်။
ရှန်ရိကျင်းက အက်ရှနေတဲ့အသံဖြင့်ပြောလာသည် : “ရှောင်ရွှင် မနာကျင်ပါစေနဲ့”
…
ကျင်ရွှင်ကသူ့မျက်လုံးတွေကို ဖြည်းညင်းစွာဖွင့်လိုက်သည်။
ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းတွေထဲမှာ ရှန်ရိကျင်းရဲ့အရပ်ရှည်ရှည်ပုံရိပ်က ထင်ဟပ်နေပြီး တောက်ပနေသည်။
တစ်ဖက်လူက သူ့ကိုယ်အပေါ်ပိုင်းကိုထောက်ထားသည်။
သူ့ရဲ့အရပ်ရှည်သွယ်လျတဲ့ကိုယ်က ကိုင်းထားပြီး ခြေထောက်တွေက ကုတင်ပေါ်တစ်ဝက်မှီထားသည်။ သူ့ရဲ့ချောမောတဲ့မျက်နှာက လူငယ်လေးကိုမျက်နှာချင်းဆိုင်နေပြီး သူ့ရဲ့အနည်းငယ်ပြင်းပြနေတဲ့မျက်ဝန်းတွေက အလေးအနက်ထားမှုတွေဖြင့်ပြည့်နှက်နေသည်။
ရှန်ရိကျင်းက လေးနက်တဲ့လေသံဖြင့်ပြောလာသည် : “မထိခိုက်စေနဲ့၊ မင်းနာကျင်ရင် ကိုယ်စိတ်မကောင်းဖြစ်ရတယ်”
“…ဟုတ်ကဲ့ပါ”
တစ်ဖက်လူရဲ့အသွင်အပြင်က အရမ်းလေးနက်နေတာကြောင့်လည်းဖြစ်နိုင်သလို အနည်းငယ်နီရဲနေတဲ့မျက်ဝန်းတွေက လက်ရှိရှန်ရိကျင်းအခြေအနေက ပုံမှန်မဟုတ်ဘူးဟုညွှန်ပြနေတာကြောင့်လည်း ဖြစ်နိုင်သည်။ အတိုချုပ်ပြောရရင် သူကသိသာစွာကို နိုင်လိုမင်းထက်ဥက္ကဋ္ဌတစ်ယောက်ဆိုပေမယ့် ကျင်ရွှင်ကတော့ အဲ့ဒါကိုမတွေ့မမြင်ပေ။
အခြေခံကျကျအတည်ပြုရင်တော့ သူ့ဒဏ်ရာက တစ်ဖက်လူကိုစိုးရိမ်စေမိလို့ ရှဲန်းရှန်ကသူ့ကိုကိုက်လိုက်တာပဲ။
ကျင်ရွှင်က သူ့နှလုံးအိမ်ထဲမှာ ဒေါသထွက်ပြီးရယ်ချင်နေပေမယ့် ရှန်ရိကျင်းရဲ့စိုးရိမ်ကာနားလည်ရခက်တဲ့ဒေါသနဲ့ ရင်ဆိုင်လိုက်ရချိန် သူမရယ်နိုင်တော့ပေ။
အနာဂတ်မှာ သူထိခိုက်ဒဏ်ရာရနိုင်တဲ့ ဖြစ်နိုင်ခြေအမျိုးမျိုးကိုတောင် သူတွက်ချက်လိုက်ပြီး ဘဝမှာကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ဒဏ်ရာသေးသေးလေးတွေရနိုင်ခြေက အရမ်းကြီးတာမို့ သူအားလုံးကိုကတိမပေးနိုင်ပေ။
ဒါ့ကြောင့်ကျင်ရွှင်က အလွန်ကိုစံကျတဲ့ကတိတစ်ခုကိုသာ ပေးနိုင်သည်: “ အနာဂတ်မှာ ကျွန်တော်အာရုံစိုက်ပါ့မယ်”
“ရှောင်ရွှင်?”
လရောင်အောက်မှာ ရှန်ရိကျင်းကသူ့ကိုအကြာကြီးငေးကြည့်နေပြီးနောက် ပြောလာသည်
“ကိုယ်တောင်းပန်ပါတယ်”
“ဟမ်?” သူရုတ်ခြည်းတောင်းပန်လာတာကြောင့် ကျင်ရွှင်ကြောင်အသွားသည်။
သို့ပေမယ့် တစ်ဖက်လူဆီမှာ ရှင်းပြချက်မရှိပေ။
သူက ဆေးထည့်ထားတဲ့နေရာကို ဂရုတစိုက်ရှောင်ကာ သူ့ခြေထောက်တွေကို ဖုံးပေးဖို့ စောင်တစ်ထည်ဆွဲလိုက်သည်။
ရှန်ရိကျင်းရဲ့တိုးသက်အက်ရှိတဲ့အသံက အနည်းငယ်ငြင်သာလာသည် : “မင်းအိပ်ချင်ပြီလား?”
ကျင်ရွှင်ကအချိန်ကိုကြည့်လိုက်တော့ ည၁၀နာရီကျော်နေပြီဖြစ်သည်၊ ဒါကအိပ်ချိန်ပဲ။
“ဒါဆိုကျွန်တော်အိပ်တော့မယ်နော်” အဲ့ဒါပြောပြီး သူသမ်းလိုက်သည်။
အိပ်ရာမဝင်ခင် သူရေချိုးချင်နေသေးပေမယ့်လည်းပေါ့…
ညစာမစားခင်က သူရေအေးအေးနဲ့ချိုးထားသေးပေမယ့် နွေရာသီမှာ အိပ်ရာမဝင်ခင်နောက်ဆုံးလုပ်သင့်တဲ့အရာကတော့ ရေချိုးတာပင် မဟုတ်လို့ကတော့ အရမ်းကိုမသက်မသာဖြစ်နေလိမ့်မယ်
…ဟုတ်သားပဲ ဆေးမထည့်ခင် သူရေအရင်ချိုးလိုက်သင့်တာ
သို့ရာတွင် ဆေးမထည့်မီနဲ့ဆေးထည့်ပြီး အသေးစိတ်ကိုပြန်စဉ်းစားလိုက်မိတော့…ကျင်ရွှင်က ရှန်ရိကျင်းအားရေချိုးမယ့်အကြောင်းမပြောရဲတော့ပေ။
သူအဲ့ဒါကိုနောက်တစ်ကြိမ်ပြန်မလုပ်ချင်ဘူး!
သူက နေရာမှာပဲတိတ်ဆိတ်စွာလဲလျောင်းဖို့ရွေးချယ်လိုက်သည်။ ကျင်ရွှင်က သူ့ခြေလက်တွေကိုဆန့်ထုတ်ကာ ခုနကဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်လိုက်သည်။
သူထုတ်မပြောခဲ့ပေမယ့်လည်း ရှန်ရိကျင်းက သိသာစွာကိုပင် သူ့ရဲ့အသန့်ကြိုက်မှုကို မမေ့ခဲ့ပေ။
တစ်ခဏကြာပြီးနောက် တစ်ဖက်လူက ရေပူဇလုံတစ်ခုနဲ့ တဘက်တစ်ထည်ကို ယူလာသည်…
ဒီပုံစံကိုကြည့်ရတာ ရှဲန်းရှန်က သူ့ကိုသုတ်ပေးဖို့လား…?!
…ဒါဆိုလည်း သုတ်ပေးပါစေ
သူက ကုတင်ပေါ်မှာ တိတ်တဆိတ်ပဲလဲလျောင်းနေလိုက်သည်။ အနည်းဆုံးတော့ သူ့ကိုယ်ပေါ်မှာ အဝတ်အစားတွေရော၊ စောင်ပါရှိသေးတာမို့ ရှန်ရိကျင်းက သူ့ကိုရေချိုးဖို့ခေါ်သွားတာထက်စာရင်အများကြီးပိုတော်သေးတယ်။
သူကအဲ့နေရာကို သေသေချာချာမကြည့်ရသေးပေမယ့်လည်း ကိုက်ရာတွေက အတန်းလိုက်အတိုင်လိုက်*ထယ်ထိုးထားပြီးလောက်ပြီ…ဒီစောင်လေးနဲ့ဖုံးထားတာကလည်း ဘာအဓိပ္ပါယ်မှမရှိပေ။
[*စတော်ဘယ်ရီစိုက်တာက hickeysတွေချန်ခဲ့တာကိုပြောတာပါ၊ စတော်ဘယ်ရီမစိုက်ခင်မှာ မြေကိုထယ်ထိုးရတယ်လေ။ အဲ့တော့ကိုက်ပြီးနောက် hickeysတွေချန်ခဲ့တာကိုပြောတာပါ]
ဒါပေမယ့် ရှဲန်းရှန်ကအချိန်တိုင်းထူးဆန်းနေတာမှမဟုတ်တာ၊ ပြီးတော့ သူတို့ကလည်း အတားအဆီးမရှိဆက်နေကြမယ့်သူတွေမှမဟုတ်ဘဲ…သူတို့တွေကအမြဲလိုလိုတစ်ဦးကိုတစ်ဦး လေးလေးစားစားနေခဲ့တာလေ။
တကယ်လို့ သူ့နေမကောင်းမှုသာဖြစ်မလာခဲ့ရင် ရှဲန်းရှန်ကယဉ်ကျေးရည်မွန်တဲ့အမျိုးသားတစ်ယောက်လေ။
စောင်ထဲမှာရစ်ပတ်လိုက်ရင်း ကျင်ရွှင်ကပြားပြားကြီးလဲလျောင်းနေလိုက်သည်။
ဒီလိုဝန်ဆောင်မှုမျိုးနဲ့ ဆုံရချိန် စိတ်ကိုဖြေလျော့လိုက်ပြး မင်းရဲ့ခြေလက်တွေကို တဘက်နွေးနွေးလေးနဲ့ သုတ်တာကကောင်းသည်။
ညအခါမှာ တောင်ပေါ်ကအခန်းတွင်းအပူချိန်က အေးမြသည်။ တဘက်နွေးနွေးလေးနဲ့သုတ်ပြီးနောက် သူချွေးထပ်မထွက်တော့ပေ။ နောက်ဆုံးတော့ ကျင်ရွှင်က ခြောက်သွေ့အေးမြစွာနဲ့ နေ့တစ်နေ့ကိုအဆုံးသတ်လိုက်သည်။
နောက်တစ်နေ့မနက်စောစောမှာ ကျင်ရွှင်ကအပေါ့သွားဖို့အတွက် ဝိုးတိုးဝါးတားထရပ်လိုက်သည်။ သူက အနည်းငယ်မျှသောနာကျင်မှုတောင်မရှိဘဲ လုံးဝကောင်းမွန်စွာရပ်နိုင်သည်။
သူက တင်ပဆုံရိုးပေါ်က အရေပြားကိုထိလိုက်တဲ့အချိန် အဲ့နေရာမှာ အနာဖေးတက်နေပုံရသည် ထိကြည့်လိုက်တဲ့အချိန် ကြမ်းနေသည်။
--တကယ်လို့ ဘယ်နေရာကိုမှန်းမသိသူကန်ထုတ်လိုက်တဲ့စောင်နဲ့ သူကအောက်ပိုင်းမှာ ဘာမှမဝတ်ထားဘူးဆိုတဲ့အချက်ကြောင့်သာမဟုတ်ရင် မနေ့ညကသူချော်လဲတာကို ကျင်ရွှင်မေ့သွားလောက်ပြီ။
ဒဏ်ရာကဘယ်လိုနေလဲဆိုတာကိုကြည့်ဖို့အတွက် သူကရေချိုးခန်းမှန်ရှေ့လျှောက်သွားကာ အားပါပါနဲ့အနောက်လှည့်ကြည့်လိုက်သည်။
ကံမကောင်းစွာနဲ့ သူ့ကိုယ်အပေါ်ပိုင်းက လုံလောက်အောင်မရှည်ပေ။
သူ့ကျောကုန်းကိုနှစ်ကြိမ်လောက်လိမ်ပြီးနောက်မှာ သူအဲ့ဒါကိုမမြင်နိုင်သေးပေ။ အဲ့အစား သူ့အာရုံက မနေ့ညတုန်းက သူ့လည်ပင်းမှာချန်ထားခဲ့တဲ့အမှတ်တွေဆီရောက်သွားသည်။
အား!
သူ့အသားအရည်က စတော်ဘယ်ရီလွယ်လွယ်စိုက်လို့ရမှန်း သူသိပေမယ့်လည်း သူ့လည်ပင်းပေါ်က အမှတ်တွေက အရမ်းကို…မျက်စိ! ဖမ်းစား!နေတယ်!
ကျင်ရွှင်က ထိုဟာကိုလက်နဲ့ထိလိုက်သည်။ မနေ့ညတုန်းက ရှန်ရိကျင်းကအနောက်ဘက်ကနေ သူ့ကိုကိုက်သွားတယ်ဆိုတာက အနည်းငယ်ယုံရခက်နေသည်။…အရှေ့ဘက်နဲ့အရမ်းနီးကပ်နေတဲ့သူ့လည်ပင်းပေါ်မှာ ဒီလိုသိသာတဲ့အမှတ်မျိုး သူကဘယ်လိုလုပ်ချန်ထားခဲ့ရတာလဲ?
သူကလှုပ်ရှားမှုတွေအများကြီးလုပ်လိုက်လို့ထင်သည် ရှန်ရိကျင်းကနိုးလာပြီး ရေချိုးခန်းဆီရောက်လာသည်။
“ရှောင်ရွှင် ?”
အခန်းထဲမှာလူနှစ်ယောက်သာရှိသည်။ ကျင်ရွှင်က ရေချိုးခန်းတံခါးကိုလော့ခ်မချထားဘဲ တစ်ဝက်ဖွင့်ထားသည်။ ကျင်ရွှင်က မှန်ထဲမှသူ့ကိုယ်သူတစ်ချက်ကြည့်လိုက်ပြီး တုံ့ပြန်လိုက်သည်
“အာ..ကျွန်တော်အထဲမှာ ရှဲန်းရှန်”
အပြင်က ရှန်ရိကျင်းရဲ့အသံကတစ်ဖန်ထွက်ပေါ်လာသည် : “ကိုယ်အထဲဝင်ခဲ့လို့ရမလား?”
ကျင်ရွှင် : “အင်း”
…ကံကောင်းစွာနဲ့ သူရေချိုးခန်းကိုဝင်ခဲ့တဲ့အချိန်တုန်းက ပထမဆုံးလုပ်ခဲ့တဲ့အရာက ဘောင်းဘီတိုတစ်ထည်ဝတ်ခဲ့တာပင်။
တုံ့ပြန်စကားကြားလိုက်ရတဲ့ရှန်ရိကျင်းက တံခါးဖွင့်ကာအထဲဝင်လာသည်။ မနက်စောစောနိုးလာတော့ သူ့မျက်လုံးတွေက ပင်လယ်ပြင်လိုနက်ရှိုင်းနေကာ သူ့အားစိုးရိမ်စွာကြည့်နေသည် : “မင်းဘာလို့ကြာနေတာလဲ အဆင်ပြေရဲ့လား”
ကျင်ရွှင်က တစ်ဖက်လူကိုသူ့ကျောပြင်အားပြဖို့ အလျင်အမြန်လှည့်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူ့ခါးကိုလှုပ်ပြလိုက်သည်။
“ ကျွန်တော်အဆင်ပြေပါပြီ ကြည့်လေ လုံးဝကောင်းသွားပြီ!”
“အင်း”
ရှန်ရိကျင်းက အသံတိုးတိုးဖြင့်တုံ့ပြန်လိုက်ပေမယ့် ချက်ချင်းဆိုသလိုပဲ ကျင်ရွှင်က သူချီတာခံလိုက်ရပြီး အခန်းထဲပြန်သယ်ခံလိုက်ရသည်။
“ဒါပေမယ့်မင်းလှုပ်ရှားလို့မရသေးဘူးလေ”
ကျင်ရွှင် : “……”
အိပ်ရာပေါ်မှာအတင်ခံလိုက်ရပြီး ကျင်ရွှင်ကမှောက်လျက်လဲလျောင်းလိုက်ရကာ ရှန်ရိကျင်းအား ထိခိုက်ထားတဲ့တစ်ဝိုက်ကို စစ်ဆေးခွင့်ပြုထားရသည်။
“ အားလုံးအဆင်ပြေသွားပြီမလား” သူကနေရာမှာငြိမ်ငြိမ်လေးလဲှနေပြီး “ကျွန်တော်မနာတော့ဘူး”
“ ဒဏ်ရာကအနာဖေးတက်နေတယ်” ရှန်ရိကျင်းက အောက်ခံဘောင်းဘီကိုဆွဲချကာ “ဒါပေမယ့် ရှောင်ရွှင်၊ မင်းနောက်ဘက်က စိမ်းနေပြီ”
“…”
သူမေးလိုက်သည် : “ဘယ်နေရာကစိမ်းနေတာလဲ ဘယ်လိုပုံဖြစ်နေပြီလဲ”
ရှန်ရိကျင်းက သူ့ကိုတည်နေရာအားအကြမ်းဖျင်းပြောပြာလာသည်။
ကျင်ရွှင်က သူ့အနောက်ဘက်ရှိစိမ်းနေတဲ့နေရာကို နည်းနည်းသိချင်စိတ်ဖြစ်လာသည်။ သူကသူ့ဖုန်းကိုထိကာပြောလိုက်သည် : “ရှဲန်းရှန် ကျွန်တော့်ကိုဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးနိုင်မလား? ကျွန်တော်ကြည့်ချင်တယ်”
“…”
ရှန်ရိကျင်းကဖုန်းကိုယူလိုက်၏။
ဒါပေမယ့်ဘာပုံကိုမှမရိုက်သေးပေ။
သူကထပ်မေးလာသည် : “မင်းသေချာလား”
ကျင်ရွှင် : “……”
ဒါမှမဟုတ် မရိုက်ပဲနေလိုက်ရမလား?
ဓာတ်ပုံကနောက်ပိုင်းမှာ ပြန်ဖျက်လို့ရပေမယ့်လည်း သူ့တင်ပါးတွေကို ဓာတ်ပုံအရိုက်ခံရမယ်လို့တွေးလိုက်တာနဲ့ စိတ်လှုပ်ရှားမိနေတုန်းပင်။
“ဒါဆိုလည်းမရိုက်နဲ့တော့” ကျင်ရွှင်က သူ့လက်ကိုဆန့်ထုတ်ကာ ဖုန်းကိုပြန်ယူဖို့ကြိုးစားလိုက်သည်။
သို့ရာတွင် ရှန်ရိကျင်းကရုတ်ခြည်းဖုန်းကိုကောက်ကိုင်ကာ ဓာတ်ပုံတစ်ပုံရိုက်ပြီး သူ့ကိုပြလာသည်။
အကြည့်တစ်ချက်နဲ့တင် ဓာတ်ပုံက သူ့ရဲ့ခါးသွယ်သွယ်နဲ့ အောက်ခံဘောင်းဘီတစ်ဝက်ဖုံးထားတဲ့တင်ပါးကို ပြသနေသည်။
တစ်ဝက်ပဲဖုံးထားတာကြောင့်ဖြစ်နိုင်သည် ရလဒ်အနေနဲ့အဲ့နေရာကအတော်လေးဖောင်းနေသလိုပဲ။
သေချာတာပေါ့ လှစ်ဟခံထားရတဲ့အပေါ်ပိုင်းတင်ပဆုံရိုးနေရာက တကယ်ကိုကြောက်ဖို့ကောင်းနေသည်။ သွေးစီးကြောင်းရှည်ကြီးက အနာဖေးတက်နေပေမယ့် အဲ့ပတ်လည်နေရာက စိမ်းနေပြီး သူ့ဖြူဖွေးတဲ့အသားအရည်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
ဒါပေမယ့်အဲ့ဒါကအရေးမကြီးဘူး
အရေးကြီးတဲ့အရာက သူ့တင်ပါးတွေက…ဟိုအမှတ်တွေနဲ့…ပြည့်နေတယ် ahhhhhhh!
ဖျတ်ခနဲမြင်လိုက်ရရုံနဲ့တင် ကျင်ရွှင်ကအဲ့ဒါကိုကြည့်ဖို့အရမ်းရှက်နေမိသည်။
ဒါပေမယ့် သူ့မျက်လုံးကိုပြန်ဖွင့်လိုက်ချင်းမှာပဲ ရုတ်တရက်တစ်ခုခုလွဲနေသလို သူခံစားလိုက်ရသည်…သူ့မိုဘိုင်းဖုန်းကလုပ်ဆောင်ချက်အားလုံးကို လော့ခ်ဖြည်ထားတယ်လေ။
ပြီးတော့ခုနလေးတုန်းက ရှန်ရိကျင်းက ဖုန်းကိုဖွင့်ဖို့ သူ့လက်ဗွေရာကိုလည်းမသုံးခဲ့သလို သူ့မျက်နှာနဲ့လည်းscanမဖတ်ခဲ့ဘူး။
“ခဏလေးနေပါဦး ရှဲန်းရှန်…ဒါကခင်ဗျားဖုန်းကြီးလေ…?!”
မူလကိုယ်ရဲ့မိုဘိုင်းဖုန်းက အသုံးပြုနေခဲ့တာကြာလှပြီဖြစ်သည်။ အဲ့ဒါက အများကြီးကြောင်နေကာ memory spaceကလည်းမလောက်တော့ဘူး။ အဲ့ဒါကိုအသစ်ပြန်လဲဖို့ကျင်ရွှင်ကအမြဲတွေးနေခဲ့တယ်။
ဖုန်းတစ်လုံးပြောင်းဖို့ကမခက်ပေ။ မကြာသေးခင်မှာ သူကအချိန်ပိုင်းအလုပ်နဲ့အလုပ်ရှုပ်နေခဲ့ပြီး ဂဏန်းခြောက်လုံးနီးပါးလခရခဲ့သည်။ သူ့ညီလေးရဲ့လက်ရှိဆေးရုံစရိတ်ကိုပေးဆောင်ခဲ့ရုံတင်မက ဖုန်းတစ်လုံးလဲဖို့လည်း လိုတာထက်ပိုနေသည်။
ဒါပေမယ့်အဲ့အချိန်မှာ ကျင်ရွှင်ကကျောင်းနဲ့အလုပ်ရှုပ်နေခဲ့ပြီး သူအော်ဒါမမှာရသေးခင်မှာပဲ ရှန်ရိကျင်းကသူ့ကိုအသစ်တစ်လုံးပေးလာခဲ့သည်။
အဲ့ဒါကရှဲန်းရှန်ရဲ့မိုဘိုင်းဖုန်းနဲ့ မော်ဒယ်လ်လည်းတူ၊အရောင်လည်းတူသည်။ ဒါကနိုင်ငံ့ဘရန်းတစ်ခုရဲ့နောက်ဆုံးထွက်မော်ဒယ်လ်ပင်။ ရှန်ရိကျင်းပြောတာကတော့ နဂိုကအဲ့ဒါကိုတစ်ယောက်ယောက်က သူ့ကိုပေးခဲ့တာတဲ့။ အဲ့ဒါကသူ့ရုံးမှာပဲရှိနေသေးတောမို့ ကျင်ရွှင်သုံးမလားဆိုပြီးမေးခဲ့တယ်…
အဲ့နောက်မှာတော့ ကျင်ရွှင်က ထိုဟာကိုသုံးခဲ့သည်။
အခုကြည့်လိုက်တော့မှ ဒါကသူ့ဖုန်းမဟုတ်ပေ!
ကံမကောင်းစွာဖြင့် သူကအရမ်းနှေးသွားခဲ့ပြီ။ ရှန်ရိကျင်းက သူ့လက်ထဲက ဖုန်းကိုဆွဲယူသွားသည်။
သူကတည်ငြိမ်စွာဖြင့်တုံ့ပြန်လာသည် : “အင်း”
တစ်ဖက်လူက မျက်နှာပြင်ကိုလော့ခ်ပြန်ဖြည်နေတာကိုကြည့်နေရင်း ကျင်ရွှင်ကအံ့အားသင့်မှုဖြင့် ပါးစပ်ဟလိုက်သည် : “…ခင်ဗျားအဲ့ဒါကိုမဖျက်ဘူးလား?”
“မဖျက်ပါဘူး” ရှန်ရိကျင်းနှုတ်ခမ်းထောင့်ကအနည်းငယ်ကော့တက်သွားကာ : “နောက်ပိုင်းကြည့်လို့ရအောင် ကိုယ်သိမ်းထားချင်တယ်”
ကျင်ရွှင် : “……?”
တစ်ဖက်လူက လေးလေးနက်နက်ကတိပေးပါလာသည်
“မစိုးရိမ်ပါနဲ့ ဒီပုံကိုတတိယလူမမြင်စေရပါဘူး”
ကျင်ရွှင် : “!”
ဒါကမသင့်တော်ဘူးလေ
အား အား အား ခင်ဗျားဘယ်လိုလုပ်ဒီလိုလုပ်နိုင်ရတာလဲ ရှဲန်းရှန်ရဲ့!
အရမ်း…အရမ်းကောက်ကျစ်လွန်းတယ်
ကျင်ရွှင်က ချက်ချင်းထကာ သူ့ဆီကဖုန်းကိုဆွဲယူဖို့လုပ်လိုက်သည်။
သို့ရာတွင် ရှန်ရိကျင်းက သူလှုပ်ရှားမှာကို စိုးရိမ်လို့ထင်သည် သူမထရသေးခင်မှာပဲ အလိုအလျောက်ဖုန်းကိုကမ်းပေးလာသည်။
ကျင်ရွှင်က ဖုန်းကိုယူလိုက်ပြီး တစ်ဖက်လူကသူ့ကိုစနေမှန်းသဘောပေါက်သွားသည်။ သူကပိုလို့တောင်ယုံရခက်လာသေးသည်-ရှဲန်းရှန်က ဥပမာမှားတွေကြောင့် အကျင့်ပျက်နေပြီ! !
ဖုန်းကလော့ခ်ခတ်ထားတာကြောင့် ကျင်ရွှင်ကတစ်ဖက်လူရဲ့ဓာတ်ပုံအယ်လ်ဘမ်ကိုမကြည့်နိုင်ပေ။ ဒါ့ကြောင့် ကျင်ရွှင်က လက်ဗွေရာနှိပ်ဖို့အတွက် သူ့ကိုခေါ်ရတော့သည်။
ရှန်ရိကျင်းက မျက်နှာသစ်ဖို့ထသွားတာထင်သည် သူ့အသံကရေချိုးခန်းဘက်ကနေ ထွက်လာသည် : “ လျို့ဝှက်နံပါတ်ခံထားတယ် ရှောင်ရွှင့်ဘာသာဖွင့်ကြည့်လိုက်”
“လျို့ဝှက်နံပါတ်ကဘာလဲ?”
မေးနေရင်းနဲ့ ကျင်ရွှင်က ရှန်ရိကျင်းရဲ့မွေးနေ့ဖြစ်တဲ့ အိမ်ကတံခါးနံပါတ်ကိုရိုက်ထည့်လိုက်ပေမယ့် မှားနေသည်။
…ဒါ့အပြင် နေရာအားလုံးမှာ လျို့ဝှက်နံပါတ်တစ်ခုတည်းသုံးတာက မဖြစ်တော့မဖြစ်နိုင်ဘူးလေ။ ဒီလိုသိသာတဲ့အချက်အလက်တွေက ဝှက်စာဖော်ဖို့အရမ်းလွယ်တယ်လေ။
ကြိုးပမ်းမှုကကျရှုံးသွားသည်။ ကျင်ရွှင်က ရေချိုးခန်းဘက်ကိုထပ်ကြည့်လိုက်သည်။ အဲ့အချိန်မှာ ရှန်ရိကျင်းက နံပါတ်အတွဲလိုက်ကြီးတစ်ခုပေးလာသည် : “200629”
“…”
သူက လက်မြှောက်ကာလျို့ဝှက်နံပါတ်ရိုုက်ထည့်လိုက်တော့ ချက်ချင်းပွင့်သွားသည်။
ရုတ်တရက်ပေါ်လာတဲ့ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း ကျင်ရွှင်ကတစ်ခုခုမှားနေသလိုခံစားလိုက်ရသည်။
…သူအများကြီးစဉ်းစားနေမိတာလည်းဖြစ်နိုင်ပေမယ့် ရှန်ရိကျင်းရဲ့လျို့ဝှက်နံပါတ်ထားတဲ့အကျင့်အရဆို ဒီနံပါတ်အတွဲလိုက်ကြီးက “June 29,2020”ကိုပြောတာဖြစ်နိုင်တယ် အဲ့နေ့က….လွန်ခဲ့တဲ့လဝက်ကျော်ကျော်လောက်မဟုတ်ဘူးလား?
သူ့ရဲ့အားကောင်းတဲ့မှတ်ဉာဏ်က ကျင်ရွှင်ကိုအတိတ်မှာဖြစ်ခဲ့တဲ့အရာအားလုံးကိုသတိရစေပြီး လူတွေနဲ့စကားပြောခဲ့တာတွေကိုပါမှတ်မိစေနိုင်သည်။
အဲ့တာကြောင့် အဲ့29ရက်နေ့က ဘာဖြစ်ခဲ့လဲဆိုတာကို သူရှင်းရှင်းလင်းလင်းမှတ်မိသည်။
……
အဲ့နေ့က ရိဝေ့နည်းပညာကလူသစ်စုဆောင်းဖို့ကျောင်းကိုလာခဲ့တဲ့နေ့ပဲ။
အဲ့နေ့မှာပဲ ရှန်ရိကျင်းကသူ့ကိုရှာတွေ့သွားတာ။
ပြီးတော့ သူတို့နှစ်ယောက်အတူတူရှိခဲ့ကြတဲ့နေ့လည်းဖြစ်တယ်