Te Amo Por Siempre (I Love Yo...
By flickstar1
55K 4.9K 167
တစ်ခြားသူတွေနဲ့ မတူညီတဲ့ချစ်ခြင်းမျိုးဆိုရင်တော့ မမကို ညီမက အပြည့်ထက်ကျော်လွန်တဲ့ ၁၀၁% ချစ်ခြင်းမျိုးနဲ့ ချစ်... More
Author Note
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၃)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၂)
အပိုင်း - (၁၃)
ဇာတ်သိမ်းပိုင်း
အပိုင်း - (၁၁)
3.2K 348 15
By flickstar1
(Zawgyi)
လူချင်းမတွေ့ရသေးသော ရက်(၂၀) ကာလပတ်လုံး၌ ခေတ်နှင့်မမ ထွက်ပြေးကြဖို့ အစီအစဉ်ဆွဲခဲ့ကြသည်။
ထွက်ပြေးဖို့ စီစဉ်သည်ဆိုတာဟာ စဉ်းစားလိုက်တော့သာ လွယ်တာပါ။ အိမ်က သဘောမတူမှုကြောင့် မျက်စိဒေါက်ထောက်လိုက်ကြည့်မှုကနေ အခုလို ရှောင်ထွက်နိုင်ဖို့လုပ်ရတာကတော့ တော်တော်လေးမလွယ်ခဲ့ပေ။
ထို့နောက်မှာတော့ ခေတ်က ခေတ်ရဲ့ ငယ်ဘဝတစ်လျှောက် ဖြတ်သန်းခဲ့သော အိမ်လေးအား ကျောခိုင်းပစ်လိုက်လေတော့သည်။
ခေတ် ဘဝမှာ အိမ်လေးထက် မမကပိုပြီး အရေးပါနေပြီဖြစ်လို့လေ။
"မမ"
ခေတ်ကိုမြင်တာနှင့် မမကကားတံခါးကိုဖွင့်ပေးလိုက်ကာ ကားပေါ်ကနေတော့မဆင်းခဲ့။ ညတုန်းက တိုင်ပင်ထားသလိုပင် ခေတ်ကိုယ်တိုင်မမကို ခေတ်တို့ရပ်ကွက်က တစ်စုံတစ်ယောက် မမြင်စေလို၍ မဆင်းခိုင်းခဲ့ခြင်းပင်။
"နောက်ကျသွားလားဟင်"
"ဟင့်အင်း နောက်မကျပါဘူး...နည်းနည်းတောင်စောနေမလားပဲ...ကားမထွက်ခင်တစ်ခုခုဖြစ်မှာကိုပဲ စိုးရိမ်နေတာ မမကလေ"
မမပြောသလိုပင် ခေတ်တို့ ကားမထွက်ခင်အချိန်ထိ တစ်ခုခုဖြစ်မှာကိုပဲ ခေတ်ကိုယ်တိုင်လည်း စိုးရိမ်နေမိခဲ့တာ...။ မမရှေ့မှာတော့ ဘာမှ မဖြစ်သလိုပင် ဟန်ဆောင်လိုက်ကာ...
"ဘာမှ မဖြစ်လောက်ပါဘူးမမရယ်...ကားထွက်မှာက (၂)နာရီ အခုက (၁၂)ခွဲဆိုတော့ ခေတ်တို့ ဒီကနေ အဝေးပြေးဂိတ်ရောက်တာနဲ့ဆို ကွက်တိလောက်သွားကျမှာပါ...ဒါနဲ့ မသိင်္ဂီကိုရော ဖုန်းဆက်ထားလားဟင်"
"အွန်း ဆက်ထားတယ်...သူ့က မမတို့ရောက်ရင် သူ့အိမ်ကထွက်လာပြီး သူ့ကောင်လေးရွာကိုတန်းသွားမယ်တဲ့...သူ့အမေကိုတော့ မမနဲ့ခရီးခဏထွက်မယ်ပြောထားတယ် လို့ပြောတယ်"
"သူတို့ကတော့ သူငယ်ချင်းကောင်းပီသကြပါတယ်...မမက ဆုံးဖြတ်ထားတယ်ဆိုတော့ မမရဲ့ဆုံးဖြတ်ချက်ကို လေးစားပေးတဲ့သဘောနဲ့ကူညီတာပါ...ဘာပဲပြောပြော ဒီလိုနှစ်ယောက်တည်း ရုန်းကန်ရတော့မယ်ဆိုတော့ ခေတ်ရော မမပါ အရင်ကထက်ပိုပြီး ကြိုးစားမှရလိမ့်မယ်...မမတို့လမ်း မမတို့လျှောက်ဖို့ ရွေးချယ်လိုက်ထဲက မိဘတွေ တွေးနေတဲ့ မမတို့အဆင်မပြေလောက်ဘူးဆိုတာကို မမတို့က မိန်းကလေးနှစ်ယောက်ထဲနဲ့လည်း မမတို့ရဲ့ဘဝကို တည်ဆောက်နိုင်ပါတယ်ဆိုတာကို အလုပ်နဲ့သက်သေပြရလိမ့်မယ်...အဲ့တာကြောင့် ခေတ်လည်းကြိုးစား၊ မမလည်းကြိုးစားမယ်နော်"
"ခေတ်ကြိုးစားမှာပေါ့ မမရဲ့...ခေတ်နားလည်ပါတယ် ခေတ်တို့နှစ်ယောက်တည်း ရုန်းကန်ရတဲ့ ဘဝက လွယ်မှာမဟုတ်မှန်း ခေတ် ကောင်းကောင်းသိတယ်...ဒါပေမဲ့ ခေတ် မမကိုစောင့်ရှောက်ဖို့အတွက် ခေတ်ကြိုးစားမယ်နော် မမ"
"ဟုတ်တယ်လေ...မမကို စောင့်ရှောက်ရမယ်...မမက ခေတ်ထက်အသက်အရွယ် ဘယ်လောက်ပဲကြီးကြီး...အပြင်လောကမှာ တစ်ခြားသူတွေထက် ရာထူးတွေဘယ်လောက်များများ ခေတ်အတွက်ကတော့ ထိခိုက်အနာတရသေးသေးလေး မဖြစ်အောင်ကို ခေတ်စောင့်ရှောက်ပေးရမဲ့ ခေတ် သိပ်ကိုချစ်ရမြတ်နိုးရတဲ့ မိန်းမတစ်ယောက်ပေါ့မမရဲ့..."
ထိုအခိုက်အတန့်မှစ၍ အိမ်က ထွက်ပြေးလာတာကို စိုးထိတ်နေမှု မရှိဘဲနှင့် ခေတ်ဟာ အပျော်ကြီးပျော်နေလေတော့သည်။
မမရဲ့ ရယ်သံလေးတွေကြောင့် လက်ရှိကမ္ဘာကို မေ့သွားတာလည်း ဟုတ်ဟန်တူ၏။
ဖြစ်နိုင်ရင်တော့ မမရှိရာ ကမ္ဘာလေးထဲ၌ပင် ခေတ်ဟာ တည်ရှိချင်မိခဲ့တာ...။
××××××
"မမ...မမရဲ့ ရုံးကိစ္စကရော ဘယ်လိုပြောထားခဲ့လဲ...ဟိုရက်တွေက စကားကောင်းကောင်း မပြောရတော့ ခေတ် မသိလို့လေ"
"ရန်ကုန်ပြန်လာရင်လည်း ခေတ်တို့မိဘတွေကို အတတ်နိုင်ဆုံး ရှောင်ကြတာပေါ့...ပထမဦးဆုံးအကြိမ်တောင် ခေတ် မမနဲ့ မခွဲချင်လို့လေ နော် မမ"
ခေတ် စကားကြောင့်ထင်ပါရဲ့...မမက ခေတ်လက်ကို ဆုပ်ကိုင်ထားလျက်ပင် ဆွဲယူနမ်းလိုက်ကာ...
"အရူးမလေး...ခေတ်နဲ့ မခွဲနိုင်လို့ဘဲ အခုလို အခြေအနေဖြစ်လာခဲ့ပြီကို ခေတ်ကို မမကထားသွားစရာလားခေတ်ရဲ့...စိတ်မပူပါနဲ့ ခေတ်ရယ်...မမတို့ကို ဘယ်သူမှ ခွဲလို့မရပါဘူးနော် ကလေး"
"မမသိလား...ခေတ်ကလေ မမနဲ့ ဘဝတစ်လျှောက်လုံး တူတူဖြတ်သန်းချင်တာ...မမနဲ့တူတူ နေ့တစ်နေ့ရဲ့ စတင်မှုမှာ နိုးထလာချင်တာ...မမနဲ့အတူ ဘဝမှာ တွေ့ကြုံလာမဲ့ ကျရှုံးခြင်းတွေ အောင်မြင်ခြင်းတွေကို သက်ဝင်ခံစားချင်တာ...ဒုက္ခတွေအများကြီးကြုံရရင်တောင် မမသာခေတ်ဘေးနားမှာရှိနေပေး...အဲ့ဒုက္ခအခက်အခဲတွေကို ခေတ်ကမရရအောင်ကို ဖြတ်ကျော်ပစ်လိုက်မှာ...အဓိက အချက်က မမခေတ်ဘေးမှာ ရှိနေဖို့ပဲ...အဲ့တာတွေအကုန်လုံးရဲ့ အဓိကအကြောင်းရင်းက မမကို သိပ်ချစ်မိလို့..."
"ခေတ်ကို ချစ်ပေးလို့၊ ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် မမရယ်...ခေတ်ကလေ အခု ဒီလက်စွပ်အပါးလေးပဲ မမကိုဆင်ပေးနိုင်သေးပေမဲ့ အနာဂတ်မှာ မမကို ပြည့်ပြည့်စုံစုံထားနိုင်ဖို့ ခေတ် တတ်စွမ်းသမျှ ခေတ်ကြိုးစားမယ်နော် မမ...မချမ်းသာခဲ့ရင်တောင် မမ သူငယ်ချင်းတွေကြားထဲမှာ ပတ်ဝန်းကျင်မှာ ဘယ်တော့မှ မျက်နှာမငယ်စေရဘူးနော် မမ"
ခေတ် စကားကြောင့်ထင်ပါရဲ့ မမ မျက်ဝန်းတွေ၌ မျက်ရည်တွေဝိုင်းကာ ပါးပြင်သို့စွေကျလို့လာလေ၏။
"ဘာလို့လဲဟင် မမ...ဘာလို့ငိုနေရတာလဲ မမရယ်...မငိုပါနဲ့နော်...ဝမ်းနည်းလို့လားဟင်...ခေတ် ဘာမှားသွားလို့လဲဟင် မမ"
"ဟင့်အင်း ခေတ်ဘာမှ မမှားပါဘူး...မမ ခေတ်ကိုသိပ်ချစ်မိလို့ထင်ပါတယ်...မျက်ရည်တွေကအလိုလိုကျလာတာ"
"မမရယ်..."
အမှန်တော့ မိုးသားတို့ စချစ်ထဲကနေ ဒီနေ့ဒီအချိန်ထိ ခေတ်ရဲ့ တစ်ရက်လေးတောင်မှ ပျက်ကွက်မှု မရှိသော ချစ်ခြင်းမေတ္တာတွေအား ခံစားမိလိုက်ရလို့ ဝမ်းသာဝမ်းနည်း ဖြစ်ကာ မိုးသားငိုမိခဲ့ခြင်းပါ။
သူ့အချစ်တွေလွှမ်းခြုံထားလို့ မိုးသားမှာ နွေးထွေးလိုက်တာ။
မိုးသား သူ့တစ်ယောက်တည်းကိုပင် ဘဝတစ်လျှောက်လုံး သစ္စာရှိရှိချစ်သွားပြီး ဘယ်လိုအခြေအနေမျိုးပင် ရောက်နေပါစေ ဘယ်တော့မှ ခွဲမသွားပါဘူး ဆိုတာကိုပေါ့။
--------
အခုမှတွေဖူးမြင်ဖူးပေမဲ့လို့ မသိင်္ဂီက ခေတ်ကို ညီမလေးတစ်ယောက်လို သဘောထားကာ ရင်းရင်းနှီးနှီးဆက်ဆံ၏။ မမသူငယ်ချင်းတွေဟာ ခေတ်ရဲ့အပေါ်ယံပေါင်းသော သူငယ်ချင်းတွေလိုမဟုတ် သိပ်ကိုသဘောကောင်းလှသည်။
"ပင်ပန်းနေပြီလား ခေတ်"
"ဟင့်အင်း...မပင်ပန်းပါဘူး မမရဲ့...ဒီရွာလေးက သာယာတယ်နော်..."
"ဟုတ်တယ် နောက်ရက်တွေကျရင် ကိုထွန်းပိုင်ရဲ့ ခြံထဲခေတ်ကိုခေါ်သွားမယ်...မမနဲ့သိင်္ဂီဆို ဒီလာတိုင်း ခြံထဲပဲသွားနေကြတာ"
"ချောင်းပေါက်မတတ်လာတဲ့ သူငယ်ချင်းရှိတော့လည်း ခဏခဏရောက်ရတာပေါ့ ခေတ်ရယ်"
"အမလေး မိုးသားရယ် ကျုပ်အပြစ်ပဲဖြစ်ရသေးတယ်...ရှင်မလိုက်ချင်ရင် အစထဲကနေခဲ့ပေါ့အေ...ရှင်ဆိုသည်မှာလည်း မပြောချင်ဘူးနော်...အိမ်နဲ့ ရန်ဖြစ်ထားသလိုပဲ ပိတ်ရက်ဆိုတာနဲ့ ခရီးထွက်မယ်၊ ခရီးထွက်မယ်နဲ့ တကဲကဲဖြစ်နေတာကိုနော်..."
"အမလေးဟဲ့ ကလေးတဲ့...ငါတော့ ငါတို့ရဲ့ အပျိုကြီးသူငယ်ချင်း ရိုကွက်တွေကို ဒီမှာ တစ်ဝကြီးကြည့်ရတော့မယ်ထင်ပါတယ်...ကလေးဆို နင်မယူနဲ့လေ ဟား ဟား ဟား"
မမပြောတော့မှ ပိုဆိုးသွားတာလား...မသိင်္ဂီကပဲ ရုပ်တည်ဖြင့်စတတ်လွန်းတာလားမသိ ခေတ်မှာ သူတို့သူငယ်ချင်းနှစ်ယောက်ကြားထဲ မျက်နှာဘယ်လိုထားရမှန်းမသိတော့ပေ။
"ကဲကဲ မစတော့ပါဘူး...မိုးသားရယ်...နင်တို့တွေ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ငါက ပြောပေးတာပါဟယ်...ခေတ် ညီမလေးလည်း အစ်မတို့ပြောရင်နားသာထောင်လိုက် သိလား...အစ်မတို့သူငယ်ချင်းတွေက လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပဲ နေကြတာ...ဒါတောင်လူမစုံသေးလို့နော် လူစုံရင် ခေတ် ကိုစလွန်းလို့ မျက်နှာကြီး ဒူးကြားဖွက်ထားနေရလိမ့်မယ်"
"ဟုတ်...ရပါတယ် အစ်မရဲ့ ဟီး အစ်မပြောတာလည်း မှန်နေတာပဲလေ ခေတ် က ကလေးမှ မဟုတ်တာ"
"သဘက်ခါကို အော်ဒါ (၄)ခုပေးရမှာရှိတယ်မမရဲ့...ဒါလေးတွေ ပြီးရင် ၁သိန်းကျော်ကျော်လောက်ရမှာ ဆိုတော့လေ ခေတ်တို့အသုံးစရိတ်လေးရအောင်လို့ပါ"
"ဟင်...ဘယ်နေ့ ပေးရမှာမို့လို့လဲ ခေတ်ရဲ့"
"သဘက်ခါလေ မမ...မနက်က customerတွေကို ပြောထားတယ်...နယ်ရောက်နေလို့ ကားဂိတ်ကနေပဲ သွားထုတ်ပေးလို့ရမလားဆိုပြီးလေ...ရတယ်လို့ပြောကြတာပဲ...ဘာပဲပြောပြော လမ်းစရိတ်လေးရတာပေါ့မရယ်"
"အခုမှ ပထမတစ်ရက်ပဲ ရှိသေးတယ် ပင်ပန်းနေပြီလား ဟင်...အကယ်၍ စဉ်းစားချင်သေးတယ်ဆိုရင် အချိန်မှီပါသေးတယ်...ရှေ့လျှောက်ဒီထက်ပိုပြီး ခေတ် ပင်ပန်းရတာတွေကို ကြုံလာရမှာ...ပြီးမှ ဒီထက်ပိုကြမ်းတမ်းတဲ့ဘဝကို ကြုံလာရတော့မှ မမကို ခေတ်ထားသွားမှာ..."
အတော်လေးကြာမှ မိုးသားနှုတ်ခမ်းလေးပေါ် ဖွဖွလေးသာ ဖိကပ်နမ်းသော အနမ်းတို့ပျောက်ဆုံးကာ ခေတ်တစ်ယောက် မိုးသားအား ကြည့်၍...
"အဲ့တာပေါက်ကရတွေ ပြောလွန်းလို့ မမကိုခေတ်က အပြစ်ပေးတာ...နောက်ဆို မမနဲ့ပတ်သက်သမျှ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ဖို့ဆိုတဲ့ စကားမျိုး ခေတ်ကိုမပြောနဲ့နော် မမ...မမနဲ့ ပတ်သက်ပြီးဆုံးဖြတ်ခဲ့သမျှ အရာရာဟာ ခေတ်အတွက် တစ်သက်တာအတည်ပဲ မမရဲ့"
မိုးသားချစ်ရသော မိုးသားထက် ၁၀နှစ်ငယ်သည့် ထိုကောင်မလေးဆီက ထိုသို့သော စကားများထွက်လာတာတဲ့လေ။ လူတစ်ယောက်ရဲ့အချစ်ကြောင့် မိုးသားရဲ့တစ်ဘဝစာလုံး လုံခြုံမှုပေးနိုင်မဲ့ ခံစားချက်မျိုးကို မိုးသားပထမဦးဆုံးအကြိမ် ခံစားမိလိုက်ရတာပါ။
အရင်က အချစ်တစ်ခုတည်းဖြင့် ဘဝကို မတည်ဆောက်နိုင်ပါဘူးဟု လက်တွေ့ကျကျတွေးခဲ့သော သီအိုရီအချို့ဟာ ခေတ်ရဲ့အချစ်တွေကြောင့်ပင် မှန်ကန်ခြင်းမရှိတော့မှန်း မိုးသားသိလာရသည်။
မိုးသားဘဝမှာ ငွေကြေးဥစ္စာပစ္စည်းတွေထက် ခေတ်ဆိုသော ​ကောင်မလေးကိုသာ ပိုမိုမက်မောနေမိခဲ့လို့ပင်။
"အဟမ်း...အဟမ်း...ငါကလေ အရုပ်ကြီးလားဟင် မိုးသား...ဒါမှ မဟုတ်နင်တို့က ရုပ်ရှင်ရိုက်နေတာကို ငါကကြည့်နေရတာလား"
မသိင်္ဂီအသံကြားမှ ခေတ်က မသိင်္ဂီရှိနေတာကို သတိရသွားပြီး မျကိနှာငုံ့ချပစ်လိုက်သည်။ စိတ်ထဲမှလည်း...
ခေတ် ခေါင်းငုံ့လိုက်တော့ ရှက်သွားတာကို မမကသိလို့ထင်ပါတယ် မသိင်္ဂီကို မမကစကားလှမ်းပြောသည်။ ခေတ် စိတ်ထင် မမလည်းရှက်သွားသည် ထင်ပါရဲ့...
"ငါလေ နောက်ဆို ကိုပိုင့်ကိုပြောထားရမယ်...ဒီအိမ်ကို အိပ်ခန်းတစ်ခန်း ထပ်ဖွဲ့ထားပါလို့လေ...အခုတော့ ခိုးပြေးလာတဲ့ ဒီစုံတွဲနဲ့ သုံးယောက်တူတူယှဉ်ပြီး အိပ်ရအုံးမယ်...ငါ့သူငယ်ချင်း အပျိုကြီးနင်ကတော့ ငါ့ကိုစိတ်ထဲကနေ ကျိန်ဆဲနေမှာ ငါသိတယ်"
"ဟဲ့အစုတ်ပလုတ်မ...နင်တကယ်ကို မနိုင်တာနော်...ညီမလေး ခေတ်ရေ...သူ့ကိုသတိသာထားသိလား...သူက လူတွေရှေ့သာ ရိုးရိုးအေးအေးပုံနဲ့ အခုကြည့်ပါလား...အမလေး အစ်မတော့ ညီမလေးအစား ကြက်သီးတောင်ထတယ်ကွယ်"
ခေတ်မှာတော့ သူငယ်ချင်းနှစ်ယောက် စကားနိုင်လုနေသည်အား ကြည့်ရင်း ရှက်ရှက်ဖြင့်ပင် ခေါင်းငုံ့ကာ အလုပ်ထဲအာရုံစိုက်လိုက်ရသည်။
သို့ပေမဲ့ မမက တည်တည်ငြိမ်ငြိမ်ပင်နေနေ၊ ကလေးဆန်ဆန်ပင်နေနေ ခေတ် အာရုံထဲတွင်​တော့ သိပ်ကို ချစ်စရာကောင်းလွန်း၏။
ခေတ်အိပ်တဲ့အထိ စောင့်မှာ ဟုပြောပြီး အိပ်ချင်နေတာကို မအိပ်ဘဲ ပေတေနေသော မမက ခရီးပင်ပန်းလာရလို့ထင်၏ ခဏလေးအတွင်းမှာပင် အိပ်ပျော်သွားလေသည်။
"အဲ့လိုပဲ တစ်ညလုံးကြည့်နေတော့မှာလား"
"မအိပ်သေးဘူးလား ဟင် မမ"
"ဘယ်နှရက်မှတောင် မရှိသေးဘူး...ခေတ်အခုလို ပင်ပန်းနေတာကို မမ မကြည့်ရက်ဘူး ခေတ်ရယ်...အဲ့လောက်ကြီးထိ အပင်ပန်းမခံပါနဲ့နော်...ခေတ်က ဘွဲ့ရအောင်ကြိုးစား...မမရဲ့လစာနဲ့ဆို မမတို့နှစ်ယောက် အဆင်ပြေပြေနေနိုင်မှာပါ ခေတ်ရဲ့"
"အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ မမရယ်...ခေတ်တို့နှစ်ယောက်က တော်တော်လေး ရုန်းကန်ရမယ်ဆိုတာ ခေတ်တွေးပြီးသားပါ။ မမရဲ့ လစာက ဆယ်ဂဏာန်းလောက်ရတယ်ဆိုပေမဲ့...အခုခေတ်တို့လက်ထဲမှာ ဘာမှ မယ်မယ်ရရမရှိဘူးလေ...ပြီးတော့ ခေတ်တို့ကအသက်တွေကြီးလာမှာ...ခေတ်ကတော့ မိဘတွေ ခေတ်တို့ကို စွန့်ပစ်လောက်တယ်ဆိုတဲ့အထိကိုတွေးထားတာမို့လို့ အသက်ကြီးလာမဲ့ ခေတ်တို့မှာ စုမိဆောင်းမိထားမှ ရမှာ မဟုတ်လား မမ...ပြီးတော့ ရန်ကုန်ပြန်ရင် ခေတ်တို့ နေဖို့ထိုင်ဖို့က လိုလာမှာလေ...အဲ့အတွက်ကို ခေတ်ကတော့ ခေတ်ရဲ့ ရွှေစလေးရောင်းလိုက်မယ်လို့ စဉ်းစားထားတယ် မမ...လိုရင်တော့ ခေတ်ရဲ့ လက်စွပ်လေးကိုပါ ​ရောင်းလိုက်ရင် ခေတ်တို့နေမဲ့ တိုက်ခန်းလေးတစ်ခန်းတော့ ငှါးလို့ရမှာပါ။ အဆောင်မှာ ​နေရင်တော့ ​ခေတ်တို့ ပိုက်ဆံပိုစုမိမှာ မှန်​ပေမဲ့ အဆောင်မှာတော့ မမကိုမနေစေချင်လို့လေ"
"ပျော်လို့ပါ...သိပ်ကိုပျော်လွန်းလို့လေ...ကောင်မလေးတစ်ယောက်က မမကို သိပ်ချစ်ပေးတာမြင်ပြီး ပျော်လွန်းလို့ ကျတဲ့မျက်ရည်ပါ...ပြီးတော့ မမမှာ အိမ်ကမသိအောင်စုထားတဲ့ပိုက်ဆံလည်းရှိတယ်၊ မမဘာသာဝယ်ထားတဲ့ ပစ္စည်းတွေလည်းရှိတာမို့လို့ အိမ်ငှါးဖို့လိုအပ်လာရင် မမဆီကထုတ်မယ်...ခေတ်စုထားတဲ့ ပစ္စည်းလေးတွေတော့ မရောင်းပါနဲ့ ခေတ်ရယ်နော်"
"ဟင့်အင်း...မမစုထားတဲ့ ပိုက်ဆံတွေ ပစ္စည်းတွေကို မမဘာသာသိမ်းထား...ခေတ်တို့ တကယ့်ကိုလိုအပ်မှ ထုတ်သုံးကြမယ်...အခုတော့ လိုအပ်တာတွေကို ခေတ်ဆီကပဲ ယူပြီးသုံးကြတာပေါ့ မမနော်...မမကို စောင့်ရှောက်ပါ့မယ် ဆိုတဲ့ကတိစကားက လွယ်လွယ်ပေးခဲ့တာမှ မဟုတ်တာ မမရယ်"
"ခေတ်ရယ်...မမ ကလေးလေးရယ်...အဲ့လောက်ထိ ဘာလို့များ မမကို ချစ်ရတာလဲဟင်"
မမအသံဟာ တိုးတိုးလေးဆိုပေမဲ့ ခေတ်ကတော့ ပီပီသသကြားနေရဆဲပါ။
မမရဲ့ ကိုယ်သင်းရနံ့လေးဟာလည်း ခေတ် တစ်ကိုယ်လုံးကို လွှမ်းခြုံထားတာမို့လို့ သင်းပျံ့နေဆဲပါ။
ထို့နောက်...
"ဒီတစ်ညတော့ ဒီလိုလေးဖက်ပြီးတော့ အိပ်လို့ရမလားဟင် မမ"
"ရတာပေါ့ ကလေးရဲ့...ဒီတစ်ညတင်မဟုတ်ဘူး...နောက်ထပ် ညတိုင်းညတိုင်း ဒီလိုလေးအိပ်လို့ရတယ်...မမက ခွင့်ပြုတယ် သိရဲ့လား"
မမ ဟာလေ သိပ်ကို ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးလေးပဲ...။
ခေတ် မသိလိုက်တာဟာ ခေတ်ရဲ့ မေးဖျားလေးအား ခေတ်မသိအောင် ဖွဖွလေးနမ်းလိုက်သော ခေတ် ချစ်ရသော အမျိုးသမီးလေး၏ အနမ်းတစ်ချို့ကိုပါ။
ခေတ်အတွက်တော့...
ခက်ခဲနေ့ရက်တွေရဲ့ Energy chargingဆိုတာ multivitamins​တွေမဟုတ်ခဲ့ဘူး...
မမလက်ကလေး ဆုပ်ကိုင်ထားခွင့်ရယုံသာ...။
×××××××
❤Love you all❤
Flickstar
------------
(Unicode)
လွန်ခ့ဲသော ရက်(၂၀)လောက်ကပင် ထည့်ထားသော အဝတ်အိတ်ထဲသို့ ဆယ်တန်းအောင်လက်မှတ်၊ ကျောင်းသားကဒ်၊ မှတ်ပုံတင်နှင့် လိုအပ်သောပစ္စည်းများအား ခေတ် ထပ်ထည့်လိုက်သည်။ ရှင်းလင်းနေသော ခေတ်အခန်းလေးအား မျက်လုံးဝေ့ကာ တစ်ချက်ကြည့်၍ ကျောခိုင်းလိုက်မိသည်။
သံယောဇဉ်ဟာ ဒီနေ့ဒီနေရာမှာတင်ပင် ဖြတ်တောက်ပစ်လိုက်ပြီဖြစ်သည်။
လူချင်းမတွေ့ရသေးသော ရက်(၂၀) ကာလပတ္လုံး၌ ခေတ်နှင့်မမ ထွက်ပြေးကြဖို့ အစီအစဉ်ဆွဲခ့ဲကြသည်။
ကျေးဇူးတင်မိတာကတော့ မမကိုပါ။ ခေတ်ကို ယုံကြည်ပေးလို့ရော၊ ခေတ်ကို ချစ်ခင်ပေးလို့ရော၊ ခေတ်နှင့်အတူတူ အနာဂတ်ကိုလျှောက်လှမ်းရဲသော သတ္တိတွေရှိသည့် အတွက်ကြောင့်ရောပါ။
ကြာလာတာနှင့်အမျှ ခေတ်တို့နှစ်ယောက်ကို သဘောတူဖို့ဆိုသည့် အကြောင်းထက် ခေတ်တို့နှစ်ယောက်စလုံး တစ်ဖြည်းဖြည်းနှင့်ပင် ဝေးကြရတော့မှာကို သိလာတာကြောင့် အခုလိုထွက်ပြေးဖို့စီစဉ်လိုက်ခြင်းပင်။
ထွက်ပြေးဖို့ စီစဉ်သည်ဆိုတာဟာ စဉ်းစားလိုက်တော့သာ လြယ္တာပါ။ အိမ္က သဘောမတူမှုကြောင့် မျက်စိဒေါက်ထောက်လိုက်ကြည့်မှုကနေ အခုလို ရှောင်ထွက်နို်င်ဖို့လုပ်ရတာကတော့ တော်တော်လေးမလွယ်ခ့ဲပေ။
မမကေတာ့ ရုံးသွားရင်းနှင့်ပင် အကျႌအဝတ်အစားများကို တစ်ဖြည်းဖြည်းသူငယ်ချင်းအိမ်သို့ နည်းနည်းစီဖြင့်သယ်သည်။ ခေတ်ကတော့ အိမ်ထဲကနေ အိမ်အပြင်သို့ မထွက်ရတော့ မေမေတို့ မရှိသည့်အချိန်ကိုချောင်းရသည်။ ဖြစ်ချင်တော့ ဒီနေ့မှ မေမေမှစကာ အိမ်ရှိလူအကုန် အိမ်တွင်မရှိတော့ ခေတ်အတွက် အခွင့်အရေးတစ်ခုဖြစ်လာသည်။
မေမေက သူမ၏ သူငယ်ချင်း ဆုံးသြား၍ နာရေးလိုက်ပို့တာကြောင့်ပါ။ အိမ်တံခါးနှင့် ခြံတံခါးအားသော့ပိတ်ကာ ခေတ်ကို အိမ်တွင်ထားခ့ဲသည်ပေါ့လေ။ မေမေသွားသည် ဆိုတာနှင့် ခေတ်က ခေတ်၏ စွန့်စားခန်းကိုစဖွင့်ရတော့သည်။ ခေတ်ယူစရာရှိသည့် ပစ္စည်းများအား ယူပြီးတာနှင့် အိမ်တံခါးပိတ်ထာသောကြောင့် အိမ်ပေါ်ရှိ ပြတင်းပေါက်ကနေပင် အထုပ်တွေပစ်ချကာ ခေတ်ပါခုန်ဆင်းလိုက်သည်။ ပြီးတာနှင့် အပိုယူထားသော ခြံတံခါးသော့ကိုဖွင့်ကာ ပုံစံမပျက် ပြန်ပိတ်ထားခ့ဲလိုက်သည်။
ထို့နောက်မှာတော့ ခေတ်က ခေတ်ရ့ဲ ငယ်ဘဝတစ်လျှောက် ဖြတ်သန်းခ့ဲသော အိမ်လေးအား ကျောခိုင်းပစ်လိုက်လေတော့သည်။
ခေတ် ဘဝမွာ အိမ်လေးထက် မမကပိုပြီး အရေးပါနေပြီဖြစ်လို့လေ။
"မမ"
တက္ကစီကားမှန်အား ခေတ်က လက်ဖြင့်ခေါက်လည်းခေါက် နှုတ်ကနေလည်း မမနာမည်ကိုခေါ်သည်။ ခေတ်တို့မနေ့ညထဲကပင် စီစဉ်ထားတာကြောင့် မမက ခေတ်အား ခေတ်တို့လမ်းထိပ်၌ တက္ကစီဖြင့် လာစောင့်နေလေသည်။
ခေတ်ကိုမြင်တာနှင့် မမကကားတံခါးကိုဖွင့်ပေးလိုက်ကာ ကားပေါ်ကနေတော့မဆင်းခ့ဲ။ ညတုန်းက တိုင်ပင်ထားသလိုပင် ခေတ်ကိုယ်တိုင်မမကို ခေတ်တို့ရပ်ကွက်က တစ်စုံတစ်ယောက် မမြင်စေလို၍ မဆင်းခိုင်းခ့ဲခြင်းပင်။
"နောက်ကျသွားလားဟင်"
ကားထဲသို့ရောက်တာနှင့် အထုပ်တွေအား ကားနောက်ခန်းသို့ ထည့်သင့်တာထည့်ပြီး ခေတ်က မမလက်လေးအားကိုင်၍ မေးသည်။ မမက ခေတ်လက်တို့အား ပြန်လည်ဆုပ်ကိုင်ထားပြီး...
"ဟင့်အင်း နောက်မကျပါဘူး...နည်းနည်းတောင်စောနေမလားပဲ...ကားမထွက်ခင်တစ်ခုခုဖြစ်မှာကိုပဲ စိုးရိမ်နေတာ မမကေလ"
မမပြောသလိုပင် ခေတ်တို့ ကားမထွက်ခင်အချိန်ထိ တစ်ခုခုဖြစ်မှာကိုပဲ ခေတ်ကိုယ်တိုင်လည်း စိုးရိမ်နေမိခ့ဲတာ...။ မမရှေ့မှာတော့ ဘာမွ မဖြစ်သလိုပင် ဟန်ဆောင်လိုက်ကာ...
"ဘာမွ မဖြစ်လောက်ပါဘူးမမရယ်...ကားထွက်မှာက (၂)နာရီ အခုက (၁၂)ခွဲဆိုတော့ ခေတ်တို့ ဒီကေန အဝေးပြေးဂိတ်ရောက်တာန့ဲဆို ကွက်တိလောက်သွားကျမှာပါ...ဒါန့ဲ မသိင်္ဂီကိုရော ဖုန်းဆက်ထားလားဟင်"
"အွန်း ဆက်ထားတယ်...သူ့က မမတို့ရောက်ရင် သူ့အိမ်ကထွက်လာပြီး သူ့ကောင်လေးရွာကိုတန်းသွားမယ်တ့ဲ...သူ့အမေကိုတော့ မမန့ဲခရီးခဏထွက်မယ်ပြောထားတယ် လို့ပြောတယ်"
"တော်သေးတယ်နော် မမ...ခေတ်တို့ကိစ္စကို ရန်ကုန်မှာလည်း မရတနာကူညီပြီး မန္တလေးမှာလည်း မသိင်္ဂီကူညီပေးလို့...ပြီးတော့ မမသူငယ်ချင်းတွေက ခေတ်တို့ကို သဘောတူပေးလို့လေ"
ခေတ်က ထိုစကားကိုတော့ တက္ကစီသမားဦးလေးကြီး ကြားမှာစိုးတာကြောင့် မမအနားလေးသို့ တိုးတိုးလေးကပ်ကာပြောလိုက်သည်။
"သူတို့ကတော့ သူငယ်ချင်းကောင်းပီသကြပါတယ်...မမက ဆုံးဖြတ်ထားတယ်ဆိုတော့ မမရ့ဲဆုံးဖြတ်ချက်ကို လေးစားပေးတ့ဲသဘောန့ဲကူညီတာပါ...ဘာပဲပြောပြော ဒီလိုနှစ်ယောက်ထဲ ရုန်းကန်ရတော့မယ်ဆိုတော့ ခေတ်ရော မမပါ အရင်ကထက်ပိုပြီး ကြိုးစားမှရလိမ့်မယ်...မမတို့လမ်း မမတို့လျှောက်ဖို့ ရွေးချယ်လိုက်ထဲက မိဘေတြ တွေးနေတ့ဲ မမတို့အဆင်မပြေလောက်ဘူးဆိုတာကို မမတို့က မိန်းကလေးနှစ်ယောက်ထဲန့ဲလည်း မမတို့ရ့ဲဘဝကို တည်ဆောက်နိုင်ပါတယ်ဆိုတာကို အလုပ်န့ဲသက်သေပြရလိမ့်မယ်...အ့ဲတာကြောင့် ခေတ်လည်းကြိုးစား၊ မမလည်းကြိုးစားမယ်နော်"
မမက ခေတ် လက်ချောင်းလေးတွေကို ခပ်တင်းတင်းရင်းဆုပ်ကိုင်ထားရင်းဖြင့် တည်ငြိမ်နေသော မျက်နှာပေးဖြင့်ပြောလေ၏။ ခေတ်ကတော့ ဆံပင်ရှည်တို့ကို ခပ်မြင့်မြင့်စည်းတင်ထားသော ပြောင်ရှင်းနေသည့် မမ၏ မျက်နှာလေးအား ငေးမောရင်းဖြင့်...
"ခေတ်ကြိုးစားမှာပေါ့ မမရ့ဲ...ခေတ်နားလည်ပါတယ် ခေတ်တို့နှစ်ယောက်ထဲ ရုန်းကန်ရတ့ဲ ဘဝက လွယ်မှာမဟုတ်မှန်း ခေတ် ကောင်းကောင်းသိတယ်...ဒါပေမ့ဲ ခေတ် မမကိုစောင့်ရှောက်ဖို့အတွက် ခေတ်ကြိုးစားမယ်နော် မမ"
"မမကိုစောင့်ရှောက်ဖို့..."
ခေတ် စကားကို ကြားတော့ မမက မျက်ခုံးလေးပင့်ကာ ခေတ်ကို နားမလည်သောဟန်ဖြင့် ပြန်ကြည့်၍ မေးတော့ ခေတ်က မမအား သွားတန်းလေးများ ပေါ်အောင်ပင်ပြုံးပြလိုက်ပြီးမှ...
"ဟုတ်တယ်လေ...မမကို စောင့်ရှောက်ရမယ်...မမက ခေတ်ထက်အသက်အရွယ် ဘယ်လောက်ပဲကြီးကြီး...အပြင်လောကမှာ တစ်ခြားသူတွေထက် ရာထူးတွေဘယ်လောက်များများ ခေတ်အတွက်ကတော့ ထိခိုက်အနာတရသေးသေးလေး မဖြစ်အောင်ကို ခေတ်စောင့်ရှောက်ပေးရမ့ဲ ခေတ် သိပ်ကိုချစ်ရမြတ်နိုးရတ့ဲ မိန်းမတစ်ယောက်ပေါ့မမရ့ဲ..."
"ဟား...ဟား...ဟား...ဟုတ်ပါပြီ ခေတ်ရယ်...မမကို ခေတ်က တစ်သက်လုံးစောင့်ရှောက်နော် ဟုတ်ပြီလား"
မမစကားကြောင့် နှစ်ယောက်စလုံး တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပြိုင်တူရယ်မိကြလေသည်။ ကားသမား ဦးလေးကြီးကတော့ ခေတ်တို့နှစ်ယောက် တိုးတိုး တိုးတိုးပြောနေသော စကားမ်ားကို ကြားဟန်မတူ...သို့ပေမ့ဲ ခေတ်တို့ ရယ်တော့ သူပါပြုံးလိုက်တာကို ဘက်ကြည့်မှန်မှ တစ်ဆင့် ခေတ်က မြင်ဖြစ်အောင်မြင်လိုက်သေး၏။
ထိုအခိုက်အတန့်မှစ၍ အိမ္က ထွက်ပြေးလာတာကို စိုးထိတ်နေမှု မရှိဘဲနှင့် ခေတ်ဟာ အပျော်ကြီးပျော်နေလေတော့သည်။
မမရ့ဲ ရယ်သံလေးတွေကြောင့် လက်ရှိကမ္ဘာကို မေ့သွားတာလည်း ဟုတ်ဟန်တူ၏။
ဖြစ်နိုင်ရင်တော့ မမရှိရာ ကမ္ဘာလေးထဲ၌ပင် ခေတ်ဟာ တည်ရှိချင်မိခ့ဲတာ...။
ကားကြီးဝင်းကနေ ခေတ်တို့စီးရမည့်ကားထွက်ပြီ ဆိုတော့မှ ခေတ်ရင်ထဲ စိုးရိမ်နေသော အလုံးကြီးကျတော့သည်။ ခေတ် စိုးထိတ်မှုတွေကို မမအားလည်း ပေးမသိစေခ့ဲ။ သူမကိုယ်တိုင်ကပင် ခေတ်နည်းတူ အရာရာကို စိတ်ပူနေနေသည်ဆိုတာအား မမ၏တုန်ယင်နေသော လက်ချောင်းလေးတွေ မှတစ်ဆင့် ခေတ် ခံစားမိနေလို့လေ။
"မမ...မမရ့ဲ ရုံးကိစ္စကရော ဘယ်လိုပြောထားခ့ဲလဲ...ဟိုရက်တွေက စကားကောင်းကောင်း မပြောရတော့ ခေတ် မသိလို့လေ"
"အော်...ရုံးကိုက မမ medical leave န့ဲ annual leave ပေါင်းတင်ထားတယ်။ (၂)ပတ်ခွင့်ရတယ်လေ...ပြီးရင်တော့ ရန်ကုန်ပြန်လာပြီး အခြေအနေကြည့်လုပ်ရမှာပဲ ခေတ်ရယ်"
ခေတ်က မမပခုံးေလးအား သိုင်းဖက်လိုက်ပြီး ခေတ်ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ မမက ခေတ်ပခုံးပေါ် အလိုက်သင့်လေးပင် ခေါင်းမှီချလိုက်သည်။ ထို့နောက် ခေတ်က မမ ဆံစလေးတွေအား ဖွဖွလေးနမ်းလိုက်ပြီးမှ...
"ရန်ကုန်ပြန်လာရင်လည်း ခေတ်တို့မိဘတွေကို အတတ်နိုင်ဆုံး ရှောင်ကြတာပေါ့...ပထမဦးဆုံးအကြိမ်တောင် ခေတ် မမန့ဲ မခွဲချင်လို့လေ နော် မမ"
ခေတ် စကားကြောင့်ထင်ပါရ့ဲ...မမက ခေတ်လက်ကို ဆုပ်ကိုင်ထားလျက်ပင် ဆွဲယူနမ်းလိုက်ကာ...
"အရူးမလေး...ခေတ်န့ဲ မခွဲနိုင်လို့ဘဲ အခုလို အခြေအနေဖြစ်လာခ့ဲပြီကို ခေတ်ကို မမကထားသွားစရာလားခေတ်ရ့ဲ...စိတ်မပူပါန့ဲ ခေတ်ရယ်...မမတို့ကို ဘယ္သူမွ ခွဲလို့မရပါဘူးနော် ကေလး"
"မမသိလား...ခေတ်ကလေ မမန့ဲ ဘဝတစ်လျှောက်လုံး တူတူဖြတ်သန်းချင်တာ...မမန့ဲတူတူ နေ့တစ်နေ့ရ့ဲ စတင်မှုမှာ နိုးထလာချင်တာ...မမန့ဲအတူ ဘဝမွာ တွေ့ကြုံလာမ့ဲ ကျရှုံးခြင်းတွေ အောင်မြင်ခြင်းတွေကို သက်ဝင်ခံစားချင်တာ...ဒုက္ခတွေအများကြီးကြုံရရင်တောင် မမသာခေတ်ဘေးနားမှာရှိနေပေး...အ့ဲဒုက္ခအခက်အခဲတွေကို ခေတ်ကမရရအောင်ကို ဖြတ်ကျော်ပစ်လိုက်မှာ...အဓိက အခ်က္က မမခေတ်ဘေးမှာ ရှိနေဖို့ပဲ...အ့ဲတာတွေအကုန်လုံးရ့ဲ အဓိကအကြောင်းရင်းက မမကို သိပ်ချစ်မိလို့..."
ခေတ်က ပြောနေရင်းဖြင့် စကားခဏရပ္ကာ ကျောပိုးအိတ်လေးထဲ လက်ထည့်ကာ ပစ္စည်းတစ်ခုကို နှိုက်ယူလိုက်သည်။ ခေတ်လက်ထဲပါလာသော အရာလေးက လက်စွပ်ပြောင်ပါးပါးလှပ်လှပ်လေးတစ်ကွင်း။
ရှေ့ဆက်ဘာဖြစ်မလဲ မသိနိုင်တာဆိုပေမ့ဲ ခေတ်နိုင်သလောက်လေးတော့ မမအတွက်လုပ်ပေးချင်သည်လေ။ ထို့ကြောင့် ရွှေချိန်နည်း၍ လက်စွပ်လေးပါးနေရသည်ကိုတော့ ခေတ်မှာ စိတ်မကောင်းဖြစ်မိတာ ဒီလက်စွပ်လေးလုပ်ထားပြီးထဲကပင်။
ထို့နောက်တွင်တော့ ခေတ်က လက်စွပ်လေးအား မမ၏ ဘယ်ဘက်လက်သန်းကြွယ်လေးတွင်စွပ်ပေးလိုက်သည်။ အသားဖြူကာ လက်လေးတွေလှသူမို့ လက်စွပ်ပါးလေးပေမ့ဲ မမ၏ လက်လေးနှင့် သိပ္ကို လိုက်ဖက်လွန်းပြန်သည်။ ထို့နောက် ခေတ်က မမလက်လေးအား ဖွဖွလေးဆွဲကိုင် နမ်းရှိုက်လိုက်ပြီး...
"ခေတ်ကို ချစ်ပေးလို့၊ ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် မမရယ်...ခေတ်ကလေ အခု ဒီလက်စွပ်အပါးလေးပဲ မမကိုဆင်ပေးနိုင်သေးပေမ့ဲ အနာဂတ်မှာ မမကို ပြည့်ပြည့်စုံစုံထားနိုင်ဖို့ ခေတ် တတ်စွမ်းသမျှ ခေတ်ကြိုးစားမယ်နော် မမ...မချမ်းသာခ့ဲရင်တောင် မမ သူငယ်ချင်းတွေကြားထဲမှာ ပတ်ဝန်းကျင်မှာ ဘယ်တော့မှ မျက်နှာမငယ်စေရဘူးနော် မမ"
ခေတ် စကားကြောင့်ထင်ပါရ့ဲ မမ မျက်ဝန်းတွေ၌ မျက်ရည်တွေဝိုင်းကာ ပါးပြင်သို့စွေကျလို့လာလေ၏။
"မမရယ်...ဘာလို့ငိုရတာလဲဟင်"
ကားပေါ်တွင်ဆိုသည်ကို ဂရုမပြုအား မမက မျက်ရည်များသာ ဆက်တိုက်ကျဆင်းနေလေသည်။ မမ ငိုနေသည်ဆိုတော့လည်း ခေတ်မှာ မေနသာ...တစ်ရှူးတွေထုတ် ကျနေသောမျက်ရည်များအား ဖွဖွသုတ်ပေးရင်း...
"ဘာလို့လဲဟင် မမ...ဘာလို့ငိုနေရတာလဲ မမရယ်...မငိုပါန့ဲနော်...ဝမ်းနည်းလို့လားဟင်...ခေတ် ဘာမှားသွားလို့လဲဟင် မမ"
မျက်နှာငယ်လေးဖြင့် မိုးသားကိုစိုးရိမ်တကြီး ကြည့်ကာမေးနေသော ခေတ်ကြောင့် မိုးသား အငိုတိတ်လိုက်သည်။ ဝမ်းနည်းလို့ဆိုတာထက် မိုးသားအပေါ် ထားသော ခေတ်ရ့ဲ ချစ်ခြင်းမေတ္တာတွေကို မြင်ရလို့ မိုးသားငိုမိတယ္ဆို ပိုမှန်ပေလိမ့်မည်။
"ဟင့်အင်း ခေတ်ဘာမှ မမွားပါဘူး...မမ ခေတ်ကိုသိပ်ချစ်မိလို့ထင်ပါတယ်...မျက်ရည်တွေကအလိုလိုကျလာတာ"
"မမရယ်..."
ခေတ်က မိုးသားမျက်ရည်စလေးတွေအား လက်လေးနှစ်ဖက်ဖြင့် ဖြဖြေလး ထပ်သုတ်ပေးပြန်၏။ပြီးတော့ မိုးသားကို သူ့ရင်ခွင်သေးသေးလေးထဲ ထည့်ကာဖက်ထားတာမှ တင်းနေအောင်ကိုပင်...။
အမှန်တော့ မိုးသားတို့ စချစ်ထဲကနေ ဒီနေ့ဒီအချိန်ထိ ခေတ်ရ့ဲ တစ်ရက်လေးတောင်မှ ပျက်ကွက်မှု မရှိသော ချစ်ခြင်းမေတ္တာတွေအား ခံစားမိလိုက်ရလို့ ဝမ်းသာဝမ်းနည်း ဖြစ်ကာ မိုးသားငိုမိခ့ဲခြင်းပါ။
သူ့အချစ်တွေလွှမ်းခြုံထားလို့ မိုးသားမွာ နွေးထွေးလိုက်တာ။
စိတ်ထဲမှာလည်း ခေတ်ကို ကတိတွေထပ်ကာထပ်ကာ ပေးနေမိသည်။
မိုးသား သူ့တစ်ယောက်တည်းကိုပင် ဘဝတစ်လျှောက်လုံး သစ္စာရှိရှိချစ်သွားပြီး ဘယ်လိုအခြေအနေမျိုးပင် ရောက်နေပါစေ ဘယ်တော့မှ ခြဲမသြားပါဘူး ဆိုတာကိုပေါ့။
--------
ခေတ်တို့နှစ်ယောက်စိုးရိမ်ခ့ဲသလို မန္တလေးရောက်သည်အထိ မည်သည့်ကိစ္စမျှမဖြစ်ခ့ဲ။ မန္တလေး ကားဂိတ်သို့ အဆင်ပြေချောမွေ့စွာပင်ရောက်လေသည်။ ကားဂိတ်ရောက်သည်ဆိုလျှင်ပင် မမ၏ သူငယ်ချင်း မသိင်္ဂီက ကားတစ်စီးဖြင့်လာကြိုနေလေသည်။ ခေတ်တို့မန္တလေးမြို့ထဲမဝင်ကြတော့ဘဲ မသိင်္ဂီ၏ ချစ်သူရှိသော ရွာသို့ဆက်၍ ခရီးဆက်ရပြန်သည်။
အခုမှတွေဖူးမြင်ဖူးပေမ့ဲလို့ မသိင်္ဂီက ခေတ်ကို ညီမလေးတစ်ယောက်လို သေဘာထားကာ ရင်းရင်းနှီးနှီးဆက်ဆံ၏။ မမသူငယ်ချင်းတွေဟာ ခေတ်ရ့ဲအပေါ်ယံပေါင်းသော သူငယ်ချင်းတွေလိုမဟုတ် သိပ်ကိုသဘောကောင်းလှသည်။
ခေတ်တို့ မသိင်္ဂီခေါ်လာသော ရွာကိုရောက်သည့်အချိန်ဟာ ညနေစောင်းနေဝင်အချိန်လေးပါ။ ခေတ်တို့ (၃)ယောက်ကို မသိင်္ဂီချစ်သူကိုထွန်းပိုင်က သူတို့အိမ်ဝိုင်းနှင့်မလှမ်းမကမ်း၌ရှိသော ကိုထွန်းပိုင် ပိုင်ဆိုင်သည့် ရွာဈေးနှင့်နီးရာ အိမ်လေးတစ်လုံး၌ နေရာချပေးသည်။
"ပင်ပန်းနေပြီလား ခေတ်"
ပါလာသော အထုပ်တွေကို အိမ်လေးအတွင်း၌ နေရာချနေတုန်း မမက လှမ်းမေးလေသည်။
"ဟင့်အင်း...မပင်ပန်းပါဘူး မမရ့ဲ...ဒီရွာလေးက သာယာတယ်နော်..."
"ဟုတ်တယ် နောက်ရက်တွေကျရင် ကိုထွန်းပိုင်ရ့ဲ ခြံထဲခေတ်ကိုခေါ်သွားမယ်...မမန့ဲသိင်္ဂီဆို ဒီလာတိုင်း ခြံထဲပဲသွားနေကြတာ"
"မမက ဒီကို ခဏခဏရောက်လို့လား"
ခေတ်စကားကြောင့် မမကရယ်ရင်းဖြင့်...
"ချောင်းပေါက်မတတ်လာတ့ဲ သူငယ်ချင်းရှိတော့လည်း ခဏခဏရောက်ရတာပေါ့ ခေတ်ရယ်"
"အမေလး မိုးသားရယ် ကျုပ်အပြစ်ပဲဖြစ်ရသေးတယ်...ရှင်မလိုက်ချင်ရင် အစထဲကနေခ့ဲပေါ့အေ...ရှင်ဆိုသည်မှာလည်း မပြောချင်ဘူးနော်...အိမ်န့ဲ ရန်ဖြစ်ထားသလိုပဲ ပိတ်ရက်ဆိုတာန့ဲ ခရီးထွက်မယ်၊ ခရီးထွက်မယ်န့ဲ တကဲကဲဖြစ်နေတာကိုနော်..."
"အံမယ် သူရှက်နေပြီတွေ့လား ခေတ်...ရှက်ရမ်းတွေရမ်းပြီး မမကိုလွှဲချနေပြီ"
"အေးပါ၊ အေးပါ ငါက နင့်ကို ဘာမှလုပ်မရအောင် ဒီနှစ်ပတ်လုံးဒီအိမ်မှာနေပြီးကိုနောက်ယှက်ပစ်မှာ ခေတ်ကိုတော့ မသိင်္ဂီ အားနာပါတယ်နော် ခိခိ"
မသိင်္ဂီစကားကြောင့် ခေတ်မျက်နှာလေးဟာ ရဲခနဲ...ခေတ်ရှက်နေလို့ထင်ပါတယ် မမက မသိင်္ဂီလက်မောင်းအား ဖြောင်းခနဲ မြည်အောင်ပင်ရိုက်ချကာ...
"နင်ကလည်း ဘာတွေလျှောက်ပြောနေတာလဲ...ကလေးအရှေ့မှာ"
မမစကားကြားလျှင် ကြားခြင်းပင် မသိင်္ဂီက ရယ်သံအကျယ်ကြီးဖြင့် အော်ရယ်ကာ...
"အမလေးဟ့ဲ ကလေးတ့ဲ...ငါတော့ ငါတို့ရ့ဲ အပျိုကြီးသူငယ်ချင်း ရိုကွက်တွေကို ဒီမွာ တစ်ဝကြီးကြည့်ရတော့မယ်ထင်ပါတယ်...ကေလးဆို နင်မယူန့ဲလေ ဟား ဟား ဟား"
မမပြောတော့မှ ပိုဆိုးသြားတာလား...မသိင်္ဂီကပဲ ရုပ်တည်ဖြင့်စတတ်လွန်းတာလားမသိ ခေတ်မှာ သူတို့သူငယ်ချင်းနှစ်ယောက်ကြားထဲ မျက်နှာဘယ်လိုထားရမှန်းမသိတော့ပေ။
"ကဲကဲ မစေတာ့ပါဘူး...မိုးသားရယ်...နင်တို့တွေ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ငါက ပြောပေးတာပါဟယ်...ခေတ် ညီမလေးလည်း အစ်မတို့ပြောရင်နားသာထောင်လိုက် သိလား...အစ်မတို့သူငယ်ချင်းတွေက လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပဲ နေကြတာ...ဒါတောင်လူမစုံသေးလို့နော် လူစုံရင် ခေတ် ကိုစလွန်းလို့ မျက်နှာကြီး ဒူးကြားဖွက်ထားနေရလိမ့်မယ်"
ရင်းရင်းနှီးနှီးပြောလိုက်သော မသိင်္ဂီကြောင့် ခေတ်ကလည်း ပြန်လည်ပြုံးပြရင်း...
"ဟုတ်...ရပါတယ် အစ်မရ့ဲ ဟီး အစ်မပြောတာလည်း မှန်နေတာပဲလေ ခေတ် က ကေလးမွ မဟုတ္တာ"
ခေတ် စကားကြောင့်မမတို့နှစ်ယောက်စလုံး ရယ်ကြလေသည်။ ဒီလိုကျတော့လည်း ခေတ်တို့ရ့ဲ ပထမဆုံးသော ထွက်ပြေးလာကြသည့် နေ့ရက်လေးဟာ ပျော်ဖို့ကောင်းလိုက်တာ။
ခေတ်တို့ နေဖို့ထိုင်ဖို့ နေရာကိုယ်စီချပြီး ရေမိုးချိုးပြီးအချိန်လောက်ကျတော့ ကိုထွန်းပိုင်က စတီးချိုင့် ငါးဆင့်ချိုင့်နှစ်လုံးဖြင့်ရောက်ချလာလေသည်။ မိန်းကလေးတွေမို့လို့ဟု ဆိုကာ ယူလာသော စားစရာတွေက မနည်းမနော။ သဘောၤသီးထောင်း၊ လက်ဖက်သုပ်ဂျင်းသုပ်နှင့် ညဘက်စားဖို့ရာ လမုန့်၊ထိုးမုန့်တွေပါ ပါသေး၏။ တကယ္ကို ဧည့်ဝတ်ကျေသူရယ်ပါ။ ဘာပဲပြောပြော အခုချိန်ထိ ဆူးငြောင့်ခလုတ် မရှိဘဲနှင့် ပျော်ပျော်ရွှင်ရွှင်နေရသည်ဟာ ခေတ်နှင့်မတို့အတွက် ကံကောင်းသည်ဟုသာ ဆိုရပေလိမ့်မည်။
"အလုပ်လုပ်အုံးမလို့လား ခေတ်"
ညစာစား စကားပြောအပြီး ကိုထွန်းပိုင်လည်း ပြန်သွားတော့မှ ခေတ်က ခေတ်ယူလာသော ပစ္စည်းတွေအား ထုတ်လိုက်ပြီး အိမ်လေး၏ ဧည့်ခန်းတောင့်၌ အစီအရီထားနေတာကို မြင်ကာ မမက မေးလေသည်။
မသိင်္ဂီကတော့ ခင်းထားသော အိပ်ယာပေါ်သို့တက်ကာ ခေတ်နှင့်မမတို့ စကားကို နားစွင့်နေ၏။
ခေတ်က မမ စကားကြောင့် မမမျက်နှာလေးအားကြည့်ကာ ပြုံးပြလိုက်ပြီး...
"သဘက်ခါကို အော်ဒါ (၄)ခုပေးရမှာရှိတယ်မမရ့ဲ...ဒါလေးတွေ ပြီးရင် ၁သိန်းကျော်ကျော်လောက်ရမှာ ဆိုတော့လေ ခေတ်တို့အသုံးစရိတ်လေးရအောင်လို့ပါ"
"ဟင်...ဘယ်နေ့ ပေးရမှာမို့လို့လဲ ခေတ်ရ့ဲ"
"သဘက်ခါလေ မမ...မနက္က customerတွေကို ပြောထားတယ်...နယ်ရောက်နေလို့ ကားဂိတ္ကေနပဲ သွားထုတ်ပေးလို့ရမလားဆိုပြီးလေ...ရတယ်လို့ပြောကြတာပဲ...ဘာပဲပြောပြော လမ်းစရိတ်လေးရတာပေါ့မရယ်"
ခေတ် ပြောသောစကားကြောင့် ဝမ်းနည်းရိပ်သန်းသွားသော မမမျက်နှာလေးကိုခေတ်က မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ စိတ်မကောင်းဖြစ်မှာ စိုး၍ မမလက်လေးအားလှမ်းကိုင်ကာ စကားပြောမည်အပြု မမက ဘေးတိုက်အနေအထားထိုင်နေလျက်နှင့်ပင် ခေတ်တစ်ကိုယ်လုံးကိုဖက်၍ ခေတ်ပခုံးတစ်ဖက်ပေါ် ခေါင်းမှီထားလိုက်ပြီး...
"အခုမွ ပထမတစ်ရက်ပဲ ရှိသေးတယ် ပင်ပန်းနေပြီလား ဟင်...အကယ်၍ စဉ်းစားချင်သေးတယ်ဆိုရင် အချိန်မှီပါသေးတယ်...ရှေ့လျှောက်ဒီထက်ပိုပြီး ခေတ် ပင်ပန်းရတာတွေကို ကြုံလာရမှာ...ပြီးမှ ဒီထက်ပိုကြမ်းတမ်းတ့ဲဘဝကို ကြုံလာရတော့မှ မမကို ခေတ်ထားသွားမှာ..."
မိုးသားစကားတောင် မဆုံးသေး ခေတ်က မိုးသားကိုစကားဆက်ခွင့်မပေးဘဲနှင့် မိုးသားနှုတ်ခမ်းလေးအား ဖိကပ်နမ်းထားလေ၏။ သိင်္ဂီကတော့ ခေတ် အပြုအမူကြောင့် ဘယ်လိုဖြစ်နေမှန်းမသိပေမ့ဲ မိုးသားအတြက္ကေတာ့ ထိုအနမ်းလေးပျောက်ကွယ်သွားမှာကိုပင် စိုးရိမ်မိနေလေသည်။
ချလိုက်သော ဆုံးဖြတ်ချက်တွေကို ပြန်စဉ်းစားဖို့ကိုသာ ပြောနေရတာ...အမှန်တော့ မိုးသားကိုယ်တိုင်ကိုက ခေတ်နှင့် တစ်စက္ကန့်လေးမျှပင် မခွဲနိုင်ပေ။
အတော်လေးကြာမှ မိုးသားနှုတ်ခမ်းလေးပေါ် ဖြဖြေလးသာ ဖိကပ်နမ်းသော အနမ်းတို့ပျောက်ဆုံးကာ ခေတ် တစ်ယောက်  မိုးသားအား ကြည့်၍...
"အ့ဲတာပေါက်ကရတွေ ပြောလွန်းလို့ မမကိုခေတ်က အပြစ်ပေးတာ...နောက်ဆို မမန့ဲပတ်သက်သမျှ ဆုံးဖြတ်ထားတ့ဲ ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ဖို့ဆိုတ့ဲ စကားမျိုး ခေတ်ကိုမပြောန့ဲနော် မမ...မမန့ဲ ပတ်သက်ပြီးဆုံးဖြတ်ခ့ဲသမျှ အရာရာဟာ ခေတ်အတွက် တစ်သက်တာအတည်ပဲ မမရ့ဲ"
မိုးသားချစ်ရသော မိုးသားထက် ၁၀နှစ်ငယ်သည့် ထိုကောင်မလေးဆီက ထိုသို့သော စကားများထွက်လာတာတ့ဲလေ။ လူတစ်ယောက်ရ့ဲအချစ်ကြောင့် မိုးသားရ့ဲတစ်ဘဝစာလုံး လုံခြုံမှုပေးနိုင်မ့ဲ ခံစားချက်မျိုးကို မိုးသားပထမဦးဆုံးအကြိမ် ခံစားမိလိုက်ရတာပါ။
အရင်က အချစ်တစ်ခုတည်းဖြင့် ဘဝကို မတည်ဆောက်နိုင်ပါဘူးဟု လက်တွေ့ကျကျတွေးခ့ဲသော သီအိုရီအချို့ဟာ ခေတ်ရ့ဲအချစ်တွေကြောင့်ပင် မှန်ကန်ခြင်းမရှိတော့မှန်း မိုးသားသိလာရသည်။
မိုးသားဘဝမွာ ငွေကြေးဥစ္စာပစ္စည်းတွေထက် ခေတ်ဆိုသော ကောင်မလေးကိုသာ ပိုမိုမက်မောနေမိခ့ဲလို့ပင်။
"အဟမ်း...အဟမ်း...ငါကေလ အရုပ်ကြီးလားဟင် မိုးသား...ဒါမွ မဟုတ်နင်တို့က ရုပ်ရှင်ရိုက်နေတာကို ငါကကြည့်နေရတာလား"
မသိင်္ဂီအသံကြားမှ ခေတ်က မသိင်္ဂီရှိနေတာကို သတိရသွားပြီး မျကိနှာငု့ံချပစ်လိုက်သည်။ စိတ်ထဲမှလည်း...
အာ...ရှက်လိုက်တာ...မသိင်္ဂီရှိတာကို မေ့ပြီးမမကိုသွားနမ်းမိလိုက်တယ်...ရှက်လိုက်တာ မျက်နှာဘယ်လိုများထားရပါ့...။
ခေတ်မှာ ရှက်လွန်းလို့ ခေါင်းမဖော်တော့ဘဲ မသိချင်ယောင်ဆောင်ကာ အလုပ်တွေဆက်လုပ်နေလိုက်၏။
"နင်...ဟာလေ...ကြည့်ချင်လည်းဆက်ကြည့်ပေါ့"
ခေတ် ခေါင်းငု့ံလိုက်တော့ ရှက်သွားတာကို မမကသိလို့ထင်ပါတယ် မသိင်္ဂီကို မမကစကားလှမ်းပြောသည်။ ခေတ် စိတ်ထင် မမလည်းရှက်သွားသည် ထင်ပါရ့ဲ...
"ငါလေ နောက်ဆို ကိုပိုင့်ကိုပြောထားရမယ်...ဒီအိမ္ကို အိပ်ခန်းတစ်ခန်း ထပ်ဖွ့ဲထားပါလို့လေ...အခုတော့ ခိုးပြေးလာတ့ဲ ဒီစုံတွဲန့ဲ သုံးယောက်တူတူယှဉ်ပြီး အိပ်ရအုံးမယ်...ငါ့သူငယ်ချင်း အပျိုကြီးနင်ကတော့ ငါ့ကိုစိတ်ထဲကနေ ကျိန်ဆဲနေမှာ ငါသိတယ်"
"အေး သိရင် ဘာလို့ပြောနေသေးလဲ...ငါ့စိတ်ထဲ နင့်ကိုဘာပြောမလဲ သိနေရင် သိင်္ဂီနင်ကအလိုက်သိရမယ်လေ"
"ဟ့ဲအစုတ်ပလုတ်မ...နင်တကယ်ကို မနိုင်တာနော်...ညီမေလး ခေတ်ရေ...သူ့ကိုသတိသာထားသိလား...သူက လူတွေရှေ့သာ ရိုးရိုးအေးအေးပုံန့ဲ အခုကြည့်ပါလား...အမေလး အစ္မေတာ့ ညီမေလးအစား ကြက်သီးတောင်ထတယ်ကွယ်"
မသိင်္ဂီစကားကြောင့် ခေတ်က မျက်လုံးအပြူးသားလေးဖြင့် ကြည့်တော့ မမက မသိင်္ဂီ၏ ပခုံးကိုလှမ်းပုတ်သည်။ မသိင်္ဂီက နောက်ထပ်နောက်ထပ်သော စကားတွေဖြင့်စ၏။
ခေတ်မှာတော့ သူငယ်ချင်းနှစ်ယောက် စကားနိုင်လုနေသည်အား ကြည့်ရင်း ရှက်ရှက်ဖြင့်ပင် ခေါင်းငု့ံကာ အလုပ်ထဲအာရုံစိုက်လိုက်ရသည်။
သို့ပေမ့ဲ မမက တည်တည်ငြိမ်ငြိမ်ပင်နေနေ၊ ကလေးဆန်ဆန်ပင်နေနေ ခေတ် အာရုံထဲတွင်တော့ သိပ္ကို ချစ်စရာကောင်းလွန်း၏။
ခေတ်အိပ်တ့ဲအထိ စောင့်မှာ ဟုပြောပြီး အိပ်ချင်နေတာကို မအိပ်ဘဲ ပေတေနေသော မမက ခရီးပင်ပန်းလာရလို့ထင်၏ ခဏလေးအတွင်းမှာပင် အိပ်ပျော်သွားလေသည်။
ခေတ်တစ်ယောက် အလုပ်တွေပြီးတော့ နည်းနည်းလေး ညနက်ဘက်သို့ကူးပြောင်းနေလေပြီ။
နယ်ဘက်ဖြစ်တာမို့ ညပိုင်းရောက်လာလေ သိသိသာသာကိုပင် အေးလာလေလေပါ။ သိမ်းစရာရှိသော ပစ္စည်းများအား နေရာတကျသိမ်းလိုက်ပြီးမှ ခေတ်က မမဘေးနားလေးတွင် တိုးကပ္ကာ လှဲလိုက်သည်။
ပြီးတော့မှ မမ ဘက်သို့ မျက်နှာလေး လှည့်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသော မမမျက်နှာလေးအား ငေးကြည့်နေမိသည်။
ခေတ်လို ဘွ့ဲတောင် မရသေးသော ကောင်မလေးတစ်ယောက်နောက်သို့ အရာရာစွန့်လွှတ်၍ သတိ္တရှိရှိ လိုက်လာဖို့ဆိုတာ တော်ယုံအချစ်မျိုးန့ဲတော့ မဟုတ်။ မမဟာ ပုံမှန်ဝင်ငွေမရှိသေးသော ခေတ်နှင့်အတူတူ နေရတော့မည်ဆိုလျှင် ဘာပဲဖြစ်ဖြစ် အနည်းနှင့်အများတော့ ဒုက္ခခံရမှာတော့အမှန်။ ထို့အတွက်ကြောင့်လည်း မမကိုခေတ်မှာ အားနာရသလို၊ စိတ်မကောင်းလည်း ဖြစ်ရသည်။
ထို့ကြောင့်ပင် မမအား ပြည့်ပြည့်စုံစုံထားနိုင်ဖို့ ခေတ်အခုထဲက စတင်ကာ ကြိုးစားနေခ့ဲခြင်းပါ။ ရန်ကုန်ပြန်ရောက်ရင်လည်း companyတစ်ခုခုတွင် အလုပ်လေးတစ်ခု မရရအောင်ရှာပြီး ပိုက်ဆံစုရမည်ဟုလည်း ဆုံးဖြတ်ထားသည်။
"အ့ဲလိုပဲ တစ်ညလုံးကြည့်နေတော့မှာလား"
ခပ်တိုးတိုးအသံနှင့်အတူ အိပ်နေရာမှ မျက်လုံးဖွင့်၍ ခေတ်ကို ကြည့်နေသော မမကြောင့် ခေတ်မှာ ရှက်သွားတာတော့အမှန်။ ရှက်တော့ မျက်လွှာချ၍ မမထံမွ အကြည့်တို့အား မမပခုံးလေးဆီသို့လွှဲလိုက်သည်။ ထို့နောက် မမလက်လေးအား ကိုင်ထားလိုက်ပြီး လေသံတိုးတိုးလေးဖြင့်...
"မအိပ်သေးဘူးလား ဟင် မမ"
"အိပ်နေတာလေ...အိပ်နေတာကို ဒီလောက်ကြည့်နေမှတော့ ဘယ်လိုလုပ် အိပ်လို့ရမလဲ"
မမစကားကြောင့် လူမိသွားသော ခေတ်မှာ နောက်ထပ်တစ်ဖန် ရှက်ရပြန်၏။ ဘေးတစ်စောင်းအိပ်လျက်သားနှင့်ပင် မျက်လွှာလေးချထားလိုက်သည်။ မမ လက္ကေလးအား ကိုင်ထားခြင်းကိုတော့ မလွှတ်ပေးမိ...
"မမ ကလည်းအခုမှ ဝင်လှဲတာပါ။ အမှန်တိုင်းပြောရရင်လေ မမအိပ်နေတာလေးကအစ ခေတ်မှာ မြတ်နိုးရလွန်းလို့ ကြည့်နေမိတာပါ"
ခေတ် စကားပြောနေရင်းဖြင့် မမက ခေတ် ဆံနွယ်လေးတွေအား ဖြဖြေလး ပွတ်သပ်ပေးနေ၏။ ထို့နောက် ပါးလေးအားဖွဖွလေး ပွတ်ပေးရင်းဖြင့်...
"ဘယ်နှရက်မှတောင် မရှိသေးဘူး...ခေတ်အခုလို ပင်ပန်းနေတာကို မမ မကြည့်ရက်ဘူး ခေတ်ရယ်...အ့ဲလောက်ကြီးထိ အပင်ပန်းမခံပါန့ဲနော်...ခေတ်က ဘွ့ဲရအောင်ကြိုးစား...မမရ့ဲလစာန့ဲဆို မမတို့နှစ်ယောက် အဆင်ပြေပြေနေနိုင်မှာပါ ခေတ်ရ့ဲ"
"အ့ဲလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ မမရယ်...ခေတ်တို့နှစ်ယောက်က တော်တော်လေး ရုန်းကန်ရမယ်ဆိုတာ ခေတ်တွေးပြီးသားပါ။ မမရ့ဲ လစာက ဆယ်ဂဏာန်းလောက်ရတယ်ဆိုပေမ့ဲ...အခုခေတ်တို့လက်ထဲမှာ ဘာမွ မယ်မယ်ရရမရှိဘူးလေ...ပြီးတော့ ခေတ်တို့ကအသက်တွေကြီးလာမှာ...ခေတ်ကတော့ မိဘေတြ ခေတ်တို့ကို စွန့်ပစ်လောက်တယ်ဆိုတ့ဲအထိကိုတွေးထားတာမို့လို့ အသက်ကြီးလာမ့ဲ ခေတ်တို့မှာ စုမိဆောင်းမိထားမှ ရမွာ မဟုတ္လား မမ...ပြီးတော့ ရန်ကုန်ပြန်ရင် ခေတ်တို့ နေဖို့ထိုင်ဖို့က လိုလာမှာလေ...အ့ဲအတွက်ကို ခေတ်ကတော့ ခေတ်ရ့ဲ ရွှေစလေးရောင်းလိုက်မယ်လို့ စဉ်းစားထားတယ် မမ...လိုရင်တော့ ခေတ်ရ့ဲ လက်စွပ်လေးကိုပါ ရောင်းလိုက်ရင် ခေတ်တို့နေမ့ဲ တိုက်ခန်းလေးတစ်ခန်းတော့ ငှါးလို့ရမှာပါ။ အဆောင်မှာ နေရင်တော့ ခေတ်တို့ ပိုက္ဆံပိုစုမိမွာ မှန်ပေမ့ဲ အဆောင်မှာတော့ မမကိုမနေစေချင်လို့လေ"
ခေတ် စကားကြောင့်ပဲလား မသိ မီးရောင်ဖျော့ဖျော့လေးအောက်မှာပင် မမ၏ မျက်ဝန်းမှ စီးကျနေသော မျက်ရည်စများအား ခေတ် မြင်လိုက်ရ၏။ မမ ငိုနေသည်ဆိုတော့လည်း ခေတ်မှာ ပြာပြာသလဲဖြစ်ကာ မျက်ရည်စလေးများကို ဖွဖွသုတ်ပေးရင်း...
"ဘာ...ဘာလို့ငိုရတာလဲဟင် မမ"
"ပျော်လို့ပါ...သိပ်ကိုပျော်လွန်းလို့လေ...ကောင်မလေးတစ်ယောက်က မမကို သိပ်ချစ်ပေးတာမြင်ပြီး ပျော်လွန်းလို့ ကျတ့ဲမျက်ရည်ပါ...ပြီးတော့ မမမွာ အိမ်ကမသိအောင်စုထားတ့ဲပိုက်ဆံလည်းရှိတယ်၊ မမဘာသာဝယ်ထားတ့ဲ ပစ္စည်းတွေလည်းရှိတာမို့လို့ အိမ်ငှါးဖို့လိုအပ်လာရင် မမဆီကထုတ်မယ်...ခေတ်စုထားတ့ဲ ပစ္စည်းလေးတွေတော့ မရောင်းပါန့ဲ ခေတ်ရယ်နော်"
"ဟင့်အင်း...မမစုထားတ့ဲ ပိုက်ဆံတွေ ပစ္စည်းတွေကို မမဘာသာသိမ်းထား...ခေတ်တို့ တကယ့်ကိုလိုအပ်မှ ထုတ်သုံးကြမယ်...အခုတော့ လိုအပ်တာတွေကို ခေတ်ဆီကပဲ ယူပြီးသုံးကြတာပေါ့ မမနော်...မမကို စောင့်ရှောက်ပါ့မယ် ဆိုတ့ဲကတိစကားက လွယ်လွယ်ပေးခ့ဲတာမှ မဟုတ္တာ မမရယ်"
ခေတ် စကားတောင် မဆုံးသေး မမက ခေတ်နှဖူးလေးကို ဖြဖြေလး ဖိကပ်နမ်းလိုက်လေသည်။ ထို့နောက် နှုတ်ခမ်းလေးကိုလည်း ဖွဖွကပ်နမ်းကာ ခေတ်ရင်ခွင်ထဲတိုးဝင်၍ ခေတ်ကို တင်းနေအောင်ဖက်ထားရင်း...
"ခေတ်ရယ်...မမ ကလေးလေးရယ်...အ့ဲလောက်ထိ ဘာလို့များ မမကို ချစ်ရတာလဲဟင်"
မမအသံဟာ တိုးတိုးလေးဆိုပေမ့ဲ ခေတ်ကတော့ ပီပီသသကြားနေရဆဲပါ။
မမရ့ဲ ကိုယ်သင်းရန့ံလေးဟာလည်း ခေတ် တစ္ကိုယ္လုံးကို လွှမ်းခြုံထားတာမို့လို့ သင်းပျ့ံနေဆဲပါ။
မမကို ချစ်လွန်းသော စိတ်ကြောင့် ခေတ်က မမ၏ ခေါင်းလေးအား ဖွဖွလေးနမ်းလိုက်ကာ မမကိုယ်လေးအား ခပ်တင်းတင်းလေး ပြန်ဖက်ထားလိုက်မိသည်။
ထို့နောက်...
"ဒီတစ္ညေတာ့ ဒီလိုလေးဖက်ပြီးတော့ အိပ်လို့ရမလားဟင် မမ"
"ရတာပေါ့ ကလေးရ့ဲ...ဒီတစ်ညတင်မဟုတ်ဘူး...နောက်ထပ် ညတိုင်းညတိုင်း ဒီလိုလေးအိပ်လို့ရတယ်...မမက ခွင့်ပြုတယ် သိရ့ဲလား"
ပြောပြီးမှ ရှက်သွားလို့ထင်ပါတယ်...မမက ခေတ်ရင်ခွင်ထဲ ခေါင်းလေးဝှက်ကာ မျက်နှာအပ်နေလေ၏။
မမ အပြုအမူလေးကြောင့်ပင် ခေတ် မျက်နှာပေါ်၌ အပြုံးလေးများ ဖြစ်ထွန်းလာရပြန်သည်။
မမ ဟာလေ သိပ္ကို ချစ်ဖို့ကောင်းတ့ဲ အမျိုးသမီးလေးပဲ...။
တစ်ဖြည်းဖြည်းဖြင့် ညဟာ ပို၍နက်လာလေသည်။ ခေတ်ဟာလည်း ပင်ပန်းသည့်အရှိန်ဖြင့် မမကိုယ်လေးအား တင်းတင်းဖက်ကာဖြင့်ပင် အိပ်ပျော်သွားလေတော့သည်။
ခေတ် မသိလိုက္တာဟာ ခေတ်ရ့ဲ မေးဖျားလေးအား ခေတ်မသိအောင် ဖွဖွလေးနမ်းလိုက်သော ခေတ် ချစ်ရသော အမျိုးသမီးလေး၏ အနမ်းတစ်ချို့ကိုပါ။
ခေတ်အတွက်တော့...
ခက်ခဲနေ့ရက်တွေရ့ဲ Energy chargingဆိုတာ multivitaminsတွေမဟုတ်ခ့ဲဘူး...
မမလက္ကေလး ဆုပ်ကိုင်ထားခွင့်ရယုံသာ...။
××××××××
♥Love you all♥
Flickstar
------------
Continue Reading
You'll Also Like
84.5K 4.2K 15
ဘာကြောင့်များရှုးလောက်အောင်ချစ်မိတာလဲ........
234K 35.3K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.2M 62.5K 50
75.7K 5.8K 18
ကျွန်မက မျက်မမြင်တစ်ယောက် ကျွန်မကမ္ဘာမှာအရောင်တွေမရှိဘူး မှောင်မိုက်ခြင်းမှာနေသားကျနေတဲ့လူတစ်ယောက် အင်းးးး နေသားတကျပါပဲ 🌺🌺🌺🌺🌺🌺🌺🌺 Girl...