လူသားသစ္စာ [901 - 1100]

By kilulayuu121

134K 28.4K 1.3K

Sequel of book (700 - 900) More

အခန်း (901)
အခန်း (902)
အခန်း (903)
အခန်း (904)
အခန်း (905)
အခန်း (906)
အခန်း (907)
အခန်း (908)
အခန်း (909)
အခန်း (910)
အခန်း (911)
အခန်း (912)
အခန်း (913)
အခန်း (914)
အခန်း (915)
အခန်း (916)
အခန်း (917)
အခန်း (918)
အခန်း (919)
အခန်း (920)
အခန်း (921) Book 66 End
အခန်း (922)
အခန်း (923)
အခန်း (924)
အခန်း (925)
အခန်း (926)
အခန်း (927)
အခန်း (928)
အခန်း (929)
အခန်း (930)
အခန်း (931)
အခန်း (၉၃၂)
အခန်း (933)
အခန်း (934)
အခန်း (935) Book 67 End
အခန်း (936)
အခန်း (937)
အခန်း (938)
အခန်း (939)
Untitled Part 40
အခန်း (941)
အခန်း (942)
အခန်း (943)
အခန်း (944)
အခန်း (945)
အခန်း (946)
အခန်း (947)
အခန်း (948)
အခန်း (949) Book 68 End
အခန်း (950)
အခန်း (951)
အခန်း (952)
အခန်း (953)
အခန်း (954)
အခန်း (955)
အခန်း (956)
အခန်း (957)
အခန်း (958)
အခန်း (959)
အခန်း (960)
အခန်း (961)
အခန်း (962)
အခန်း (963)
အခန်း (964)
အခန်း (965)
အခန်း (966)
အခန်း (967)
အခန်း (968)
အခန်း (969)
အခန်း (970)
အခန်း (971)
အခန်း (972)
အခန်း (973)
အခန်း (974)
အခန်း (975)
အခန်း (976)
အခန်း (977)
အခန်း (978)
အခန်း (979)
အခန်း (980)
အခန်း (981)
အခန်း (982)
အခန်း (983)
အခန်း (984)
အခန်း (985)
အခန်း (986)
အခန်း (987)
အခန်း (988)
အခန်း (989)
အခန်း (990)
အခန်း (991)
အခန်း (992)
အခန်း (993)
အခန်း (994)
အခန်း (995)
အခန်း (996)
အခန်း (997)
အခန်း (998)
အခန်း (999)
အခန်း (1000)
အခန်း (1001)
အခန်း (1002)
အခန်း (1003)
အခန်း (1004)
အခန်း (1005)
အခန်း (1006)
အခန်း (1007)
အခန်း (1008)
အခန်း (1009)
အခန်း (1010)
အခန်း (1011)
အခန်း (1012)
အခန်း (1013)
အခန်း (1014)
အခန်း (1015)
အခန်း (1016)
အခန်း (1017)
အခန်း (1018)
အခန်း (1019)
အခန်း (1020)
အခန်း (1021)
အခန်း (1022)
အခန်း (1023)
အခန်း (1024)
အခန်း (1025)
အခန်း (1026)
အခန်း (1027)
အခန်း (1028)
အခန်း (1029)
အခန်း (1030)
အခန်း (1031)
အခန်း (1033)
အခန်း (1034)
အခန်း (1035)
အခန်း (1036)
အခန်း (1037)
အခန်း (1038)
အခန်း (1039)
အခန်း (1040)
အခန်း (1041)
အခန်း (1042)
အခန်း (1043)
အခန်း (1044)
အခန်း (1045)
အခန်း (1046)
အခန်း (1047)
အခန်း (1048)
အခန်း (1049)
အခန်း (1050)
အခန်း (1051)
အခန်း (1052)
အခန်း (1053)
အခန်း (1054)
အခန်း (1055)
အခန်း (1056)
အခန်း (1057)
အခန်း (1058)
အခန်း (1059)
အခန်း (1060)
အခန်း (1061)
အခန်း (1062)
အခန်း (1063)
အခန်း (1064)
အခန်း (1065)
အခန်း (1066)
အခန်း (1067)
အခန်း (1068)
အခန်း (1069)
အခန်း (1070)
အခန်း (1071)
အခန်း (1072)
အခန်း (1073)
အခန်း (1074)
အခန်း (1075)
အခန်း (1076)
အခန်း (1077)
အခန်း (1078)
အခန်း (1079)
အခန်း (1080)
အခန်း (1081)
အခန်း (1082)
အခန်း (1083)
အခန်း (1084)
အခန်း (1085)
အခန်း (1086)
အခန်း (1087)
အခန်း (1088)
အခန်း (1089) Book 78 end
အခန်း (1090)
အခန်း (1091)
အခန်း (1092)
အခန်း (1093)
အခန်း (1094)
အခန်း (1095)
အခန်း (1096)
အခန်း (1097)
အခန်း (1098)
အခန်း (1099)
အခန်း (1100)

အခန်း (1032)

677 148 8
By kilulayuu121

အခန်း(၁၀၃၂) :  နာမည်ဆိုးဖြင့် ကျော်ကြားခြင်း

ထိုနတ်ဘုရားအုပ်စိုးသူ ဂျပုက ထောင်ချောက်အစီအရင်ထဲသို့ ဝင်လိုက်သည့်အခိုက် မိုဝူကျိက များစွာသော အစီအရင် မှော်အက္ခရာများကို ရေးဆွဲလိုက်ပြီး အစီအရင်ကို နှိုးဆွလိုက်သည်။

ဖိအားလှိုင်းများနှင့် သတ်ဖြတ်ငွေ့တို့က တဟုန်ထိုး လွှမ်းခြုံသွားကာ နတ်ဘုရားအုပ်စိုးသူ ဂျပု၏ ရင်ထဲ၌ အံ့သြမှုနှင့် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွား၏။ လောကနတ်ဘုရားအဆင့်သို့ တက်လှမ်းတော့မည့် ပညာရှင်တစ်ယောက်အနေနှင့် ဤသည်မှာ အနိမ့်ဆုံးတော့ အဆင့် ၅ နတ်ဘုရား အစီအရင်တစ်ခု ဖြစ်နေမှန်း အဘယ်ကြောင့်  မသိဘဲနေပါ့မည်နည်း။

ဤအခိုက်အတန့်၌ မိုဝူကျိအား ဖမ်းဖို့ရာ သူက ဘယ်လိုလုပ် ဂရုစိုက်နေနိုင်ပါ့မည်နည်း။ သူက ကွမ်ကျင်းကိုပင် ဘေးသို့ လွှင့်ပစ်လိုက်ကာ မီးတောက်ဓားသွားနှင့် ဓားတစ်လက်ကို ဆတ်ခနဲဆွဲထုတ်လိုက်သည်။ သူက အစီအရင်ကို ချိုးဖောက်ပြီး တတ်နိုင်သမျှ မြန်မြန် အစီအရင်ထဲမှ လွတ်မြောက်ချင်သည်။ အကယ်၍ သူ မလွတ်မြောက်ခဲ့ပါက သာမန်အဖြစ်ဆုံးဖြစ်သည့် ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့်ကပင် သူ့အား အပြတ်ရှင်းနိုင်ပေလိမ့်မည်။

ကံမကောင်းစွာပင် သူက အတွေးလွန်နေလေ၏။ မိုဝူကျိ၏ အဆင့် ၅ ထောင်ချောက်အစီအရင်မှာ သိသိသာသာပင် အလွန်လွယ်လင့်တကူ ချိုးဖောက်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

မိုဝူကျိက အာကာပြင် အစီအရင်မှော်အက္ခရာများကို ဆက်လက်ရေးဆွဲလိုက်သည်။ မိုးကြိုးလျှပ်စီးများ၊ လှံရှည်အလင်းတန်းများ၊ အာကာပြင်ဓားများ စသည်တို့သည် ဂျပုဆီသို့ အကုန်ပစ်ဝင်သွားလေ၏။

မိုဝူကျိက သူ၏ ပုဆိန်လှံရှည်ကိုပင် ထုတ်ယူမနေတော့ပေ။ သူ၏ လက်ချောင်းဖြင့်သာ ရှေ့သို့ တန်းတန်းထိုးလွှတ်လိုက်သည်။

လျို့ဝှက်ပညာရပ် - သက်ရှိလောကတိုက်ကွက်

ထောင်ချောက်ထဲ ပိတ်မိနေသော နတ်ဘုရားအုပ်စိုးသူတစ်ယောက်ကို ရင်ဆိုင်ဖြေရှင်းရာတွင် မိုဝူကျိက သူ့ကို သတ်ဖို့ လျို့ဝှက်ပညာရပ်ပင် သုံးစရာမလိုပေ။ သို့သော် မိုဝူကျိက ခွမ်းကျင်းအား ဖြစ်နိုင်သမျှ မြန်မြန် ဖမ်းကာ မေးမြန်းချင်လေသည်။

ဂျပုမှာ ထွက်ပင်မပြေးနိုင်လိုက်ချေ။ မိုဝူကျိ၏ လက်ချောင်း ပေါ်လာသည့်အခိုက် သူ့ကမ္ဘာတစ်ခုလုံးက ပြောင်းလဲသွားသည်ဟု သူက ခံစားလိုက်ရသည်။

ထို့နောက် တစ်ခဏချက်ချင်းပင် သူသည် မြင့်မားထောင်လွှားသော ပြီးပြည့်စုံခြင်း နတ်ဘုရားအုပ်စိုးသူတစ်ယောက် မဟုတ်တော့ချေ။ သူက တခြားသူများကို ဖိအားပေးနိုင်သည့် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ပင် မဟုတ်တော့ဘဲ မပြောပလောက်သည့် ဖုန်မှုန့်တစ်မှုန့်သာ ဖြစ်နေ၏။ ခုခံစရာနည်းလမ်း မရှိတော့သည့် လူသားတစ်ယောက်သာ ဖြစ်နေ၏။

သူ့တွင် ကျင့်ကြံဆင့်လည်း မရှိသလို သက်တမ်းအရှည်ကြီးလည်း မရှိတော့ချေ။ သက်ရှိလောကအတွင်း၌ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သူက တဖြည်းဖြည်း အိုမင်းရင့်ရော်လာပြီး သေဆုံးခြင်းဆီသို့ တရွေ့ရွေ့ လျှောက်သွားသည်ကို စိတ်ခြောက်ခြားစွာဖြင့်သာ သူ ကြည့်နေနိုင်လေ၏။

“ဝုန်း”

ဂျပု၏ စွမ်းအားစက်ကွင်းက ပေါက်ကွဲထွက်သွားသည်။ သူ့ပတ်ပတ်လည်ရှိ မိုးကြိုးများ၊ လှံအလင်းတန်းများနှင့် အချုပ်အနှောင်အားလုံးသည် ခြေရာတစ်စွန်းတစ်စ မကျန်ဘဲ ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ အသိစိတ်ပင်လယ်နှင့် သိဒ္ဓိလုံးတို့သည် အပြီးအပိုင် ချည်နှောင်အပိတ်ခံထားလိုက်ရ၏။

“ဘုတ်”

နတ်ဘုရားအုပ်စိုးသူ ဂျပုသည် ဆက်လက် တောင့်မခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ် မလှုပ်နိုင်ဘဲ ထိုင်ကျသွားလေသည်။ သူက သက်ရှိလောကထဲမှ လူသားတစ်ယောက်သာ မဟုတ်တော့ဘဲ တကယ့် လူသားစစ်စစ် ဖြစ်သွားလေပြီ။

“မင်း ဘယ်သူလဲ”

ဂျပုက ကြမ်းပြင်ပေါ်တွင် အားအင်ပျက်လပ်စွာ ထိုင်နေလျက် သူက မိုဝူကျိအား တအံ့တသြ စိုက်ကြည့်လိုက်သည်။ သူ၏ ကျင့်ကြံဆင့်မှာ မိုဝူကျိထက် များစွာပိုမြင့်ရမည် ဖြစ်သည်။ သို့သော် မိုဝူကျိအား ခုခံရန် အခွင့်အရေးပင် သူ့တွင် မရှိဘူးဟု သူက ခံစားမိသည်။ အဆင့် ၅ ထောင်ချောက်အစီအရင်ကို သူ ချက်ချင်း မချိုးဖောက်နိုင်လိုက်သည်မှာ မှန်၏။ သို့တိုင် မိုဝူကျိ၏ သက်ရှိလောကက သူ့အား အကြောက်တရားတို့ဖြင့် ပြည့်သွားစေသည်။ သူက ဤအစီအရင်ထဲတွင် ထောင်ချောက်မမိခဲ့လျှင်ပင် မိုဝူကျိ၏ သက်ရှိလောကကြောင့် သူက အပြင်းအထန် ဒဏ်ရာရဦးမည်သာ ဖြစ်သည်။

“ကွမ်ကျင်းက မပြောပြဘူးလား”

မိုဝူကျိက ခပ်တည်တည် မေးလိုက်သည်။

ကွမ်ကျင်း၏ ကျင့်ကြံဆင့်မှာ ဂျပု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ မိုဝူကျိက ထိုဂျပုအား မလှုပ်နိုင်အောင် လုပ်နိုင်လိုက်သည့်အခိုက် ကွမ်ကျင်းက သဘောပေါက်သွား၏။ သူက ပါးစပ်အဟောင်းသားဖြင့် မိုဝူကျိအား စိုက်ကြည့်လိုက်သည်။ စကားတစ်ခွန်းမှလည်း မဟရဲချေ။

မည်သည့် အချိန်ကတည်းကများ မိုဝူကျိသည် အင်မတန် အားကောင်းသွားလေသနည်း။ ကြိုတင်ပြင်ဆင်ထားသော နတ်ဘုရား အစီအရင်တစ်ခု ရှိနေလျှင်ပင် ပြီးပြည့်စုံခြင်း နတ်ဘုရားအုပ်စိုးသူ တစ်ယောက်အား မိုဝူကျိက အလွယ်တကူ အနိုင်မရနိုင်လောက်ဘူး မဟုတ်ပါလော…

“မိုဝူကျိ… မင်းက မိုဝူကျိ…”

နတ်ဘုရားအုပ်စိုးသူ ဂျပုက စောစောလေးတုန်းက ကွမ်ကျင်းခေါ်လိုက်သည့် နာမည်ကို ပြန်စဉ်းစားလိုက်သည်။

မိုဝူကျိ သူ့အား မဖမ်းခင်အထိ သူက မိုဝူကျိ၏ နာမည်ကို ဂရုမစိုက်ခဲ့ပေ။ သူ့အတွက် မိုဝူကျိသည် နောက်ထပ် သာမန်ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်သည်။ သို့သော် ယခုမူ မိုဝူကျိက သူ့အား အလွယ်တကူ ဖမ်းချုပ်နိုင်လိုက်သဖြင့် သူက မိုဝူကျိ ဘယ်သူလဲဆိုသည်အား သဘောပေါက်သွားလေ၏။

ဟိုးယခင် ထွက်ပေါ်ကာစ နတ်ဘုရားသိုက်မြုံထဲ၌ ကောင်းကင်နတ်ဘုရားပါရမီရှင်များနှင့် ကနဦးနတ်ဘုရား အယောက် ၄၀ ကျော် ၅၀ လောက်၏ ဝန်းရံတိုက်ခိုက်မှုအောက်တွင် ကနဦးနတ်ဘုရားအစောပိုင်းအဆင့်ရှိ မိုဝူကျိက အကုန်လုံးကို သတ်ပစ်နိုင်ခဲ့သည်။

နေဦး… ကြည့်ရသည်မှာ တစ်ယောက်တော့ လွတ်သွားခဲ့ဟန် တူသည်။

ထိုမျှနှင့် မလုံလောက်သေးဟန် ဤလူသည် မီးပြင်းကျောက်တုံး လုယူခဲ့ကာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို ရရှိခဲ့သည်။ ထို့နောက် အရူးထကာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို မိန်းမတစ်ယောက်အား ပေးလိုက်သေးသည်။

နောက်ဆက်တွဲ ပြဿနာများမှာ သိသာလှ၏။ ဤမိုဝူကျိသည် များစွာသော နတ်ဘုရားဘုရင်များကို အမျက်ထွက်စေခဲ့ကာ သူ့ကို လိုက်ဖမ်းဆီးသတ်ဖြတ်ရန်အတွက် ထိုနတ်ဘုရားဘုရင်တို့က ပူးပေါင်းခဲ့ကြသည်။

နည်းလမ်းကျကျပြောရလျှင် နတ်ဘုရားဘုရင်များ၏ အလိုက်ခံရသော ပုရွက်ဆိတ်တစ်ကောင် တတ်နိုင်သည်မှာ သေရုံသာ ဖြစ်သည်။ နတ်ဘုရားနယ်မြေက သည့်ထက် ပိုကျယ်ဝန်းနေလျှင်ပင် ပြေးစရာမြေမှာ ကန့်သတ်ခံထားရဆဲ ဖြစ်သည်။ ထို့အပြင် နတ်ဘုရားဘုရင်များ ချမှတ်သည့် အချက်အလက်များကို လူမည်မျှလောက်ကများ အာခံရဲမည်နည်း။ သို့ဖြစ်ရာ မိုဝူကျိအတွက် ပုန်းစရာမြေ မရှိဘူးဟုပင် ဆိုနိုင်လေသည်။

သို့သော် မိုဝူကျိက လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေနိုင်သေးကြောင်း အဖြစ်မှန်က သက်သေပြလိုက်လေ၏။ ထိုနတ်ဘုရားဘုရင်များသည်ကား မိုဝူကျိအား ဘာဆိုဘာမှ မလုပ်နိုင်လိုက်ချေ။

ယနေ့တွင် သူက ထိုမိုဝူကျိအား မျက်ဝါးထင်ထင် မြင်ဖူးသွားလေပြီ။

နဂိုက သူသည် သူ၏ ဂိုဏ်းနာမည်ကို သုံးပြီး မိုဝူကျိအား ခြိမ်းခြောက်ရန် စိတ်ကူးထားသည်။ သို့သော် ဤလူမှာ မိုဝူကျိ ဖြစ်နေမှန်း သိလိုက်ရပြီးသည့်နောက် သူက ထိုအကြံကို လုံးဝ လက်လျော့လိုက်တော့၏။

ဤကောင်သည်ကား နတ်ဘုရားဘုရင်များကိုပင် မကြောက်ဘဲ ထိပ်သီးဂိုဏ်းများစွာနှင့်ပင် ပြဿနာတက်ခဲ့ဖူးသည်။ မိုဝူကျိအား ခြိမ်းခြောက်သည်က အသုံးဝင်မည် မဟုတ်ပေ။ ဤလူမှာ မိုဝူကျိ ဖြစ်နေမှန်းသာ သူ သိခဲ့ပါက အစီအစဉ် ကောင်းကောင်းမရှိဘဲ မိုဝူကျိနောက် သေချာပေါက် လိုက်ခဲ့မည် မဟုတ်ချေ။ သူက အဆင့် ၅ ထောင်ချောက်အစီအရင်ထဲသို့ မျှားခေါ်ခံရမည်လည်း မဟုတ်ပေ။

အကယ်၍ မိုဝူကျိသည် ရင်ဆိုင်ဖြေရှင်းရ အလွန်လွယ်ကူနေပါက မိုဝူကျိသည် သူနှင့်ရင်ဆိုင်ရမည့်လူ ဖြစ်လိမ့်မည် မဟုတ်ပေ။

တကယ်တော့ ထိုသို့ပြောသည်မှာ မမှန်ပေ။ မိုဝူကျိဟု ခေါ်သည့် လူတစ်ယောက်နှင့် ရင်ဆိုင်နေရမှန်း သူ သိပြီးသား ဖြစ်သည်။ တစ်ခုရှိသည်မှာ ဤကောင်နှင့် ထိုနာမည်ဆိုးနှင့် ကျော်ကြားသည့် မိုဝူကျိအား မဆက်စပ်မိခြင်းသာ ဖြစ်သည်။

မိုဝူကျိက မည်သူမည်ဝါ ဖြစ်ကြောင်း သဘောပေါက်သွားပြီးနောက် နတ်ဘုရားအုပ်စိုးသူ၏ မျက်နှာပေါ်တွင် ပေါ်လာသည့် မျှော်လင့်ချက်မဲ့မှုအား ကြည့်ကာ ကွမ်ကျင်း၏ရင်မှာ ပြင်းထန်စွာ ခုန်စပြုလာ၏။ ဤမိုဝူကျိသည် နတ်ဘုရားနယ်မြေသို့ ရောက်သည်မှာ သိပ်ကြာဦးမည် မဟုတ်ချေ။ ထိုကဲ့သို့သော အချိန်တိုလေးအတွင်း မိုဝူကျိက အရမ်း ကျော်ကြားသွားသည်မှာ ဖြစ်နိုင်ပါ့မည်လော။

ကံမကောင်းစွာပင် ထိုကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများစွာကို သူ ရရှိပြီးသည့်နောက်ပိုင်းတွင် သူက အမြဲတမ်း ပုန်းအောင်း ပြေးလွှားနေခဲ့ရသည်။ ခက်ခက်ခဲခဲနှင့် ကျင့်ကြံစရာ နေရာတစ်ရာကို သူ ရှာတွေ့နိုင်ခဲ့သော်လည်း တစ်စုံတစ်ယောက်က ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများ၏ ခြေရာကို ရအောင်ရှာဖွေနိုင်ခဲ့သေးသည်။

“ဆေးလုံးဧကရာဇ်မို…”

ကွမ်ကျင်းက ငိုသံပါကြီးနှင့် မိုဝူကျိ၏ နာမည်ကို ခေါ်လိုက်သည်။ အာခေါင်တို့ ခြောက်လာကာ ကွမ်ကျင်းက ပြောလိုက်သည်။

“အဲ့ဒီအချိန်တုန်းက အင်မော်တယ်ဧကရာဇ်အဆင့်ထဲ တက်လှမ်းပြီးကာစပဲ ရှိသေးတော့ ကျွန်တော်က ကိုယ့်ကိုကိုယ် အားကောင်းပြီး လွတ်လပ်တယ်လို့ ခံစားမိခဲ့တယ်။ ဒီတိုင်းကြီးတော့ ကျွန်တော် မသေချင်ခဲ့ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကို ကတိဖျက်ပြီး ထွက်ပြေးမိခဲ့တာပါဗျာ…”

မိုဝူကျိက ခံစားချက်မဲ့စွာ ပြောလိုက်၏။

“ကျုပ် မင်းလိုမျိုး အရှက်မရှိတဲ့ အောက်တန်းစားတွေ အများကြီးပဲ မြင်ဖူးပြီးပြီ။ အခု မင်း ဒီကို ဘယ်လိုနည်းနဲ့ ရောက်လာတာလဲဆိုတာနဲ့ ကျုပ်ဇနီး စုယင်ကို မြင်မိသေးလားဆိုတာကို ပြောပြ။ အသေးစိတ်ပြောနော်။ မင်းရဲ့အဖြေကို ကျုပ် ကျေနပ်ရင် ကျုပ် မင်းကို ကိုယ်တိုင် မသတ်တော့ဘူး။ ဒီထောင်ချောက်အစီအရင်ထဲမှာပဲ ထားခဲ့ပေးမယ်။ မင်း ထွက်ပြေးနိုင်မလားဆိုတာကတော့ မင်းရဲ့ကံပေါ်ပဲ မူတည်နေတယ်”

ကွမ်ကျင်းက အင်မော်တယ် ဧကရာဇ်အဆင့်တွင်သာ ရှိသေးသည်။ အဆင့် ၅ ထောင်ချောက်အစီအရင်ထဲသို့ အထည့်ခံထားရပါက သူသည် သေချာပေါက် သေသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင်ပင်

“ကျုပ် ပြောပြပါ့မယ်”  ကွမ်ကျင်းက ပြောလိုက်ဆဲ ဖြစ်သည်။

ကွမ်ကျင်းသည် ထောင်ချောက်အစီအရင်ထဲတွင် သေချာပေါက် သူ သေလိမ့်မည်ဖြစ်ကြောင်း သိသည်။ သို့သော်လည်း ထိုသို့သေသွားလျှင်ပင် သူ့တွင် ပြန်လည်ဝင်စားခွင့် ရှိသေးမှန်း သူသိသည်။ အနည်းဆုံးတော့ သူ၏ ဝိညာဉ်မှာ အလောင်ကျွမ်းခံရလိမ့်မည် မဟုတ်ပေ။

ဟိုးယခင်က သူသည် မိုဝူကျိအပေါ်တွင် ကောက်ကျစ်ကာ အရှက်မဲ့သည့် လုပ်ရပ်ကို ပြုမူခဲ့သည်။ မိုဝူကျိက သူ့အား သတ်ချင်နေသည်မှာ မမှားပေ။

မေးပင်မမေးရသေးဘဲနှင့် ကွမ်ကျင်းက ပြောပြလိုက်သည်မှာ

“ဆေးလုံးဆရာမို၏ လုပ်နည်းလုပ်ဟန်တွေကို သိတာကြောင့်မို့လို့ကို ကျွန်တော်က မျက်နှာမပြရဲခဲ့တာပါ။ ကောင်းကင်ဘုံအလွန် မြို့ရင်ပြင်ထဲမှာ ကျွန်တော်ပုန်းနေခဲ့တယ်။ ပုန်းအောင်းတာအပြင် ရတနာတွေ တိုက်ယူဖို့အတွက် စကြဝဠာနံရံကိုလည်း သွားခဲ့သေးတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ စကြဝဠာနံရံရဲ့အတွင်းပိုင်းထဲက တွန်းကန်အားက တဖြည်းဖြည်း ပိုပိုပြီး အားပျော့လာတယ်ဗျ။ တစ်ယောက်ကဆို စကြဝဠာနံရံရဲ့အတွင်းပိုင်းထဲထိ ရောက်နိုင်ခဲ့ပြီး ပျောက်သွားခဲ့တယ်။ စကြဝဠာအစွန်းမှာ ကျွန်တော့်အတွက် အနာဂတ် ကောင်းကောင်း မရှိနိုင်လောက်ဘူးလို့ တွက်မိတာနဲ့ အရဲစွန့်ပြီး စကြဝဠာနံရံထဲကို ဝင်ခဲ့တယ်။

စကြဝဠာနံရံထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် အဆက်မပြတ် ပျံသန်းနေရင်းကနေ နောက်ဆုံးမှာတော့ ထွက်လာနိုင်ခဲ့ပြီး အရိုးဖြူကန်ရဲ့အစွန်အဖျားကို ရောက်သွားခဲ့တယ်။

ကျွန်တော် ရောက်သွားတဲ့အချိန်မှာ အဲ့ဒီနေရာမှာ ၁၀ ယောက်မကတဲ့ လူတွေက ရောက်နှင့်နေပြီသား။ အဲ့ဒီလူတွေ အကုန်လုံးက စကြဝဠာအစွန်းကနေ လာခဲ့ကြတဲ့သူတွေချည်းပဲ။ ကျွန်တော် ပေါ်လာတာကို ထူးဆန်းတယ်လို့ သူတို့က မတွေးကြဘူးပေါ့ဗျာ။ တကယ်တော့ စကြဝဠာနံရံ ပွင့်တိုင်း လူသစ်တွေ အမြဲရောက်လာတတ်မှန်း သူတို့က သိကြတယ်”

“မင်းပြောချင်တာက အရိုးဖြူကန်ကို အရင်ရောက်နှင့်နေပြီးသား လူတွေက အဲ့ကနေ ထွက်မသွားကြဘူးပေါ့”

မိုဝူကျိက မယုံကြည်ဟန်ဖြင့် မေးလိုက်သည်။

ဤအချိန်တွင် မိုးမြေမီးပြင်းဖိုက သူတို့၏ ဝိညာဉ်စွမ်းအားအတွက် အဘယ်ကြောင့် သူတို့ကို မစုပ်ယူဘဲ နေနေသနည်းအား သိဖို့ရန်အတွက် မိုဝူကျိက ပို၍စိတ်ဝင်စားမိသည်။

“ဟုတ်ပါတယ်။ သူတို့တွေအားလုံးက ဆေးလုံးငွေ့ဝန်းရံထားတဲ့ ရေကန်တစ်ကန်ကို တိုက်ခိုက်နေကြတယ်ဗျ။ ဆေးလုံးငွေ့ကို ကျော်ပြီးကြည့်လိုက်ရင် ကန်တစ်ကန်လုံးက ဆေးလုံးတွေနဲ့ ပြည့်နေတာကို မြင်ရတယ်”

ကွမ်ကျင်းက ရှင်းပြသည်မှာ

“ကျွန်တော်လည်း အုပ်စုနဲ့ပေါင်းပြီး ကန်ကို တိုက်ခိုက်လိုက်တယ်။ ဒါပေမဲ့ ကန်ကို ကာကွယ်နေတဲ့ အစီအရင်ရဲ့ အဆင့်က အရမ်းကို မြင့်လွန်းနေတယ်ဗျာ။ နှစ်တွေကြာလာပြီး နတ်ဝိညာဉ်သွေးကြောက ခမ်းခြောက်သွားတာတောင် ကျွန်တော်တို့တွေ အစီအရင်ကို မချိုးဖောက်နိုင်သေးဘဲ ဖြစ်နေတယ်”

နောက်ဆုံးနား ရောက်ချိန်တွင် ကွမ်ကျင်းမှာ လုံးဝ စိတ်ကိုလျော့လိုက်ပြီ ဖြစ်ကာ သူ့ကံကို လက်ခံသွားသည့်ပုံစံဖြင့်

“အဲ့ဒီလိုမျိုး နှစ်ပေါင်းများစွာ ကြာအောင် ကျွန်တော်တို့တွေ တိုက်ခိုက်လာလိုက်တာ… ကာကွယ်ရေးအစီအရင် ကျိုးတော့မယ့်အချိန်မှာပဲ ခင်ဗျားရဲ့ဇနီးနဲ့ နောက်ထပ် အမျိုးသမီးနှစ်ယောက် ရောက်လာကြတယ်။ သူတို့ထဲက တစ်ယောက်ကို ကျွန်တော် မှတ်မိတယ်။ အဲ့ဒီသူက အင်မော်တယ်ဧကရီ ဝမ်လန်ပဲဗျ။ ကန်ကို တိုက်နေတဲ့ လူတော်တော်များများက ခင်ဗျားရဲ့ဇနီးကို သိကြတယ်။ ပြီးတော့ အင်မော်တယ်ဧကရီ ဝမ်လန်လည်း ရှိနေတော့ ဘယ်သူကမှ သူတို့ကို ဘာမှမလုပ်ရဲကြဘူး။

သူတို့ ၃ ယောက်ပါ တိုက်တဲ့အထဲ ပါလာတာကြောင့်မို့လို့ ပြိုလဲပျက်စီးလုနီးနီး ဖြစ်နေတဲ့အစီအရင်က နောက်ဆုံးမှာ တစ်စစီ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားလေရဲ့။ အဲ့ဒီတုန်းက ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံး တစ်ကန်လုံးက ကျွန်တော့်ကို ဆွံ့အသွားစေခဲ့တယ်ဗျာ။ အားလုံးက အပြေးဝင်သွားပြီး ဆေးလုံးတွေအတွက် အသည်းအသန် တိုက်ခိုက်ကုန်ကြပါလေရော။ ကျွန်တော်လည်းပဲ ချွင်းချက်မရှိ ဝင်တိုက်ခဲ့တာပါပဲ။ လူအယောက် ၂၀ လောက်က ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးတွေ အကုန်လုံးကို ရရှိသွားတဲ့နောက်မှာတော့ သူတို့တွေအားလုံးက ထုပ်ပိုးပြင်ဆင်ပြီး ထွက်သွားကြတယ်။ ကျွန်တော်လည်းပဲ ထွက်ပြေးလာခဲ့တယ်”

မိုဝူကျိက စိတ်အေးသွားပြီး သက်ပြင်းချလိုက်ကာ

“ဒါဆို မင်းက ကျုပ်ဇနီးနဲ့ အင်မော်တယ်ဧကရီ ဝမ်လန်တို့ ဘယ်သွားလိုက်လဲဆိုတာကို မသိဘူးဆိုတဲ့ သဘောလား”

ကွမ်ကျင်းက ခေါင်းခါလိုက်ပြီး

“ကျွန်တော် မသိဘူး။ အားလုံးက မတူတဲ့ ဦးတည်ရာတွေဆီကို သွားခဲ့ကြတာလေ”

ထိုအချိန်တုန်းက သူတို့တွေသည် ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံး မြောက်များစွာကို ရရှိထားကြလေ၏။ မည်သူကများ တခြားသူတွေ ဘယ်သွားသည်ကို ဂရုစိုက်နေပါ့မည်နည်း။ သူတို့က သူတို့၏ အစွမ်းကို တိုးမြှင့်ဖို့ ကျင့်ကြံရန်အတွက် နေရာတစ်နေရာ သွားရှာချင်ကြလေသည်။

မိုဝူကျိက အင်မော်တယ်ဧကရီ ဝမ်လန်ကို အမှန်တကယ်ပင် ကျေးဇူးတင်မိသည်။ သူမကြောင့်သာ မဟုတ်ပါက ချိန်စုယင်နှင့် လင်းဂူတို့၏ အင်အားဖြင့် သူတို့၏ ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများကို တခြားသူများက လုယူနိုင်ချေ ရှိပေသည်။

“မင်းရဲ့ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးတွေကော”

မိုဝူကျိက ကွမ်ကျင်းအား စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်၏။

ကွမ်ကျင်းက နတ်ဘုရားအုပ်စိုးသူ ဂျပုကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။

“ကျွန်တော်က တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာပြီး ကျင့်ကြံမလို့ လုပ်နေတာ။ အဲ့ဒီနေရာမှာ တခြားသူတစ်ယောက် ရှိနေနှင့်လိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီကောင်ပဲ။ သူက ကျွန်တော့် ဆေးလုံးတွေ အကုန်လုံးကို လုယူပြီး ဒီကိုလာဖို့ ကျွန်တော့်ကို ဖိအားပေး အကျပ်ကိုင်ခဲ့တာဗျ”

မိုဝူကျိက သူ့လက်ကို ဝှေ့လိုက်ပြီး နတ်ဘုရားအုပ်စိုးသူ ဂျပု၏ သိုလှောင်လက်စွပ်ကို ဆွဲယူလိုက်၏။ ဤကွမ်ကျင်း၏ ကံမှာ တကယ်ဆိုးလှသည်။ သူက နတ်ဘုရားအုပ်စိုးသူ တစ်ယောက် ကျင့်ကြံနေသည့် နေရာတွင် သူ၏ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများကို ထုတ်ယူခဲ့လေသည်။

“တာအိုရောင်းရင်းမို… ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ…”

မိုဝူကျိက သူ၏ သိုလှောင်လက်စွပ်အား ယူသွားသည်ကို မြင်သောအခါ ဂျပုက စိုးရိမ်တကြီး အော်ငိုလေသည်။

မိုဝူကျိက လက်ကို ဝှေ့လိုက်သောအခါ မိုးကြိုးချက်တစ်ချက်က ဝှီးခနဲ ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် မီးတောက်တစ်ခုက လွှမ်းခြုံလာသည်။ တစ်ခဏအတွင်း နတ်ဘုရားအုပ်စိုးသူမှာ ပြာပုံအဖြစ် လောင်ကျွမ်းသွားလေ၏။

ဤသို့ ပြုလုပ်ပြီးသည့်နောက်တွင် မိုဝူကျိ၏ ပုံရိပ်က ဖျက်ခနဲလက်သွားသည်။ မျက်စိတစ်မှိတ်စာအတွင်း သူက ထောင်ချောက်အစီအရင်ထဲမှ ပျောက်ကွယ်သွားသည်။

မိုဝူကျိ ထွက်သွားသည်နှင့် ထောင်ချောက်အစီအရင်က တစ်ဖန်ပြန်လည် နိုးထလာလေ၏။ ကွမ်ကျင်းက သူသည် မလွဲမသွေ သေရတော့မည်မှန်း သိသည်။ သူက ပြန်လည်ဝင်စားဖို့ကိုသာ ရွေးချယ်နိုင်လေသည်။

*****

အခန္း(၁၀၃၂) :  နာမည္ဆိုးျဖင့္ ေက်ာ္ၾကားျခင္း

ထိုနတ္ဘုရားအုပ္စိုးသူ ဂ်ပုက ေထာင္ေခ်ာက္အစီအရင္ထဲသို႔ ဝင္လိုက္သည့္အခိုက္ မိုဝူက်ိက မ်ားစြာေသာ အစီအရင္ ေမွာ္အကၡရာမ်ားကို ေရးဆြဲလိုက္ၿပီး အစီအရင္ကို ႏႈိးဆြလိုက္သည္။

ဖိအားလႈိင္းမ်ားႏွင့္ သတ္ျဖတ္ေငြ႕တို႔က တဟုန္ထိုး လႊမ္းၿခဳံသြားကာ နတ္ဘုရားအုပ္စိုးသူ ဂ်ပု၏ ရင္ထဲ၌ အံ့ၾသမႈႏွင့္ အေၾကာက္တရားတို႔ျဖင့္ ျပည့္ႏွက္သြား၏။ ေလာကနတ္ဘုရားအဆင့္သို႔ တက္လွမ္းေတာ့မည့္ ပညာရွင္တစ္ေယာက္အေနႏွင့္ ဤသည္မွာ အနိမ့္ဆုံးေတာ့ အဆင့္ ၅ နတ္ဘုရား အစီအရင္တစ္ခု ျဖစ္ေနမွန္း အဘယ္ေၾကာင့္  မသိဘဲေနပါ့မည္နည္း။

ဤအခိုက္အတန႔္၌ မိုဝူက်ိအား ဖမ္းဖို႔ရာ သူက ဘယ္လိုလုပ္ ဂ႐ုစိုက္ေနႏိုင္ပါ့မည္နည္း။ သူက ကြမ္က်င္းကိုပင္ ေဘးသို႔ လႊင့္ပစ္လိုက္ကာ မီးေတာက္ဓားသြားႏွင့္ ဓားတစ္လက္ကို ဆတ္ခနဲဆြဲထုတ္လိုက္သည္။ သူက အစီအရင္ကို ခ်ိဳးေဖာက္ၿပီး တတ္ႏိုင္သမွ် ျမန္ျမန္ အစီအရင္ထဲမွ လြတ္ေျမာက္ခ်င္သည္။ အကယ္၍ သူ မလြတ္ေျမာက္ခဲ့ပါက သာမန္အျဖစ္ဆုံးျဖစ္သည့္ ေကာင္းကင္နတ္ဘုရား အေစာပိုင္းအဆင့္ကပင္ သူ႔အား အျပတ္ရွင္းႏိုင္ေပလိမ့္မည္။

ကံမေကာင္းစြာပင္ သူက အေတြးလြန္ေနေလ၏။ မိုဝူက်ိ၏ အဆင့္ ၅ ေထာင္ေခ်ာက္အစီအရင္မွာ သိသိသာသာပင္ အလြန္လြယ္လင့္တကူ ခ်ိဳးေဖာက္၍ ရႏိုင္လိမ့္မည္ မဟုတ္ေခ်။

မိုဝူက်ိက အာကာျပင္ အစီအရင္ေမွာ္အကၡရာမ်ားကို ဆက္လက္ေရးဆြဲလိုက္သည္။ မိုးႀကိဳးလွ်ပ္စီးမ်ား၊ လွံရွည္အလင္းတန္းမ်ား၊ အာကာျပင္ဓားမ်ား စသည္တို႔သည္ ဂ်ပုဆီသို႔ အကုန္ပစ္ဝင္သြားေလ၏။

မိုဝူက်ိက သူ၏ ပုဆိန္လွံရွည္ကိုပင္ ထုတ္ယူမေနေတာ့ေပ။ သူ၏ လက္ေခ်ာင္းျဖင့္သာ ေရွ႕သို႔ တန္းတန္းထိုးလႊတ္လိုက္သည္။

လ်ိဳ႕ဝွက္ပညာရပ္ - သက္ရွိေလာကတိုက္ကြက္

ေထာင္ေခ်ာက္ထဲ ပိတ္မိေနေသာ နတ္ဘုရားအုပ္စိုးသူတစ္ေယာက္ကို ရင္ဆိုင္ေျဖရွင္းရာတြင္ မိုဝူက်ိက သူ႔ကို သတ္ဖို႔ လ်ိဳ႕ဝွက္ပညာရပ္ပင္ သုံးစရာမလိုေပ။ သို႔ေသာ္ မိုဝူက်ိက ခြမ္းက်င္းအား ျဖစ္ႏိုင္သမွ် ျမန္ျမန္ ဖမ္းကာ ေမးျမန္းခ်င္ေလသည္။

ဂ်ပုမွာ ထြက္ပင္မေျပးႏိုင္လိုက္ေခ်။ မိုဝူက်ိ၏ လက္ေခ်ာင္း ေပၚလာသည့္အခိုက္ သူ႔ကမာၻတစ္ခုလုံးက ေျပာင္းလဲသြားသည္ဟု သူက ခံစားလိုက္ရသည္။

ထို႔ေနာက္ တစ္ခဏခ်က္ခ်င္းပင္ သူသည္ ျမင့္မားေထာင္လႊားေသာ ၿပီးျပည့္စုံျခင္း နတ္ဘုရားအုပ္စိုးသူတစ္ေယာက္ မဟုတ္ေတာ့ေခ်။ သူက တျခားသူမ်ားကို ဖိအားေပးႏိုင္သည့္ အဆင့္ျမင့္ က်င့္ႀကံသူတစ္ေယာက္ပင္ မဟုတ္ေတာ့ဘဲ မေျပာပေလာက္သည့္ ဖုန္မႈန႔္တစ္မႈန႔္သာ ျဖစ္ေန၏။ ခုခံစရာနည္းလမ္း မရွိေတာ့သည့္ လူသားတစ္ေယာက္သာ ျဖစ္ေန၏။

သူ႔တြင္ က်င့္ႀကံဆင့္လည္း မရွိသလို သက္တမ္းအရွည္ႀကီးလည္း မရွိေတာ့ေခ်။ သက္ရွိေလာကအတြင္း၌ အခ်ိန္မ်ား ကုန္ဆုံးလာသည္ႏွင့္အမွ် သူက တျဖည္းျဖည္း အိုမင္းရင့္ေရာ္လာၿပီး ေသဆုံးျခင္းဆီသို႔ တေ႐ြ႕ေ႐ြ႕ ေလွ်ာက္သြားသည္ကို စိတ္ေျခာက္ျခားစြာျဖင့္သာ သူ ၾကည့္ေနႏိုင္ေလ၏။

“ဝုန္း”

ဂ်ပု၏ စြမ္းအားစက္ကြင္းက ေပါက္ကြဲထြက္သြားသည္။ သူ႔ပတ္ပတ္လည္ရွိ မိုးႀကိဳးမ်ား၊ လွံအလင္းတန္းမ်ားႏွင့္ အခ်ဳပ္အေႏွာင္အားလုံးသည္ ေျခရာတစ္စြန္းတစ္စ မက်န္ဘဲ ေပ်ာက္ကြယ္သြားေလသည္။

တစ္ခ်ိန္တည္းမွာပင္ သူ၏ အသိစိတ္ပင္လယ္ႏွင့္ သိဒၶိလုံးတို႔သည္ အၿပီးအပိုင္ ခ်ည္ေႏွာင္အပိတ္ခံထားလိုက္ရ၏။

“ဘုတ္”

နတ္ဘုရားအုပ္စိုးသူ ဂ်ပုသည္ ဆက္လက္ ေတာင့္မခံႏိုင္ေတာ့ဘဲ ၾကမ္းျပင္ေပၚ မလႈပ္ႏိုင္ဘဲ ထိုင္က်သြားေလသည္။ သူက သက္ရွိေလာကထဲမွ လူသားတစ္ေယာက္သာ မဟုတ္ေတာ့ဘဲ တကယ့္ လူသားစစ္စစ္ ျဖစ္သြားေလၿပီ။

“မင္း ဘယ္သူလဲ”

ဂ်ပုက ၾကမ္းျပင္ေပၚတြင္ အားအင္ပ်က္လပ္စြာ ထိုင္ေနလ်က္ သူက မိုဝူက်ိအား တအံ့တၾသ စိုက္ၾကည့္လိုက္သည္။ သူ၏ က်င့္ႀကံဆင့္မွာ မိုဝူက်ိထက္ မ်ားစြာပိုျမင့္ရမည္ ျဖစ္သည္။ သို႔ေသာ္ မိုဝူက်ိအား ခုခံရန္ အခြင့္အေရးပင္ သူ႔တြင္ မရွိဘူးဟု သူက ခံစားမိသည္။ အဆင့္ ၅ ေထာင္ေခ်ာက္အစီအရင္ကို သူ ခ်က္ခ်င္း မခ်ိဳးေဖာက္ႏိုင္လိုက္သည္မွာ မွန္၏။ သို႔တိုင္ မိုဝူက်ိ၏ သက္ရွိေလာကက သူ႔အား အေၾကာက္တရားတို႔ျဖင့္ ျပည့္သြားေစသည္။ သူက ဤအစီအရင္ထဲတြင္ ေထာင္ေခ်ာက္မမိခဲ့လွ်င္ပင္ မိုဝူက်ိ၏ သက္ရွိေလာကေၾကာင့္ သူက အျပင္းအထန္ ဒဏ္ရာရဦးမည္သာ ျဖစ္သည္။

“ကြမ္က်င္းက မေျပာျပဘူးလား”

မိုဝူက်ိက ခပ္တည္တည္ ေမးလိုက္သည္။

ကြမ္က်င္း၏ က်င့္ႀကံဆင့္မွာ ဂ်ပု၏ ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိေနသည္။ မိုဝူက်ိက ထိုဂ်ပုအား မလႈပ္ႏိုင္ေအာင္ လုပ္ႏိုင္လိုက္သည့္အခိုက္ ကြမ္က်င္းက သေဘာေပါက္သြား၏။ သူက ပါးစပ္အေဟာင္းသားျဖင့္ မိုဝူက်ိအား စိုက္ၾကည့္လိုက္သည္။ စကားတစ္ခြန္းမွလည္း မဟရဲေခ်။

မည္သည့္ အခ်ိန္ကတည္းကမ်ား မိုဝူက်ိသည္ အင္မတန္ အားေကာင္းသြားေလသနည္း။ ႀကိဳတင္ျပင္ဆင္ထားေသာ နတ္ဘုရား အစီအရင္တစ္ခု ရွိေနလွ်င္ပင္ ၿပီးျပည့္စုံျခင္း နတ္ဘုရားအုပ္စိုးသူ တစ္ေယာက္အား မိုဝူက်ိက အလြယ္တကူ အႏိုင္မရႏိုင္ေလာက္ဘူး မဟုတ္ပါေလာ…

“မိုဝူက်ိ… မင္းက မိုဝူက်ိ…”

နတ္ဘုရားအုပ္စိုးသူ ဂ်ပုက ေစာေစာေလးတုန္းက ကြမ္က်င္းေခၚလိုက္သည့္ နာမည္ကို ျပန္စဥ္းစားလိုက္သည္။

မိုဝူက်ိ သူ႔အား မဖမ္းခင္အထိ သူက မိုဝူက်ိ၏ နာမည္ကို ဂ႐ုမစိုက္ခဲ့ေပ။ သူ႔အတြက္ မိုဝူက်ိသည္ ေနာက္ထပ္ သာမန္ပု႐ြက္ဆိတ္ တစ္ေကာင္သာ ျဖစ္သည္။ သို႔ေသာ္ ယခုမူ မိုဝူက်ိက သူ႔အား အလြယ္တကူ ဖမ္းခ်ဳပ္ႏိုင္လိုက္သျဖင့္ သူက မိုဝူက်ိ ဘယ္သူလဲဆိုသည္အား သေဘာေပါက္သြားေလ၏။

ဟိုးယခင္ ထြက္ေပၚကာစ နတ္ဘုရားသိုက္ၿမဳံထဲ၌ ေကာင္းကင္နတ္ဘုရားပါရမီရွင္မ်ားႏွင့္ ကနဦးနတ္ဘုရား အေယာက္ ၄၀ ေက်ာ္ ၅၀ ေလာက္၏ ဝန္းရံတိုက္ခိုက္မႈေအာက္တြင္ ကနဦးနတ္ဘုရားအေစာပိုင္းအဆင့္ရွိ မိုဝူက်ိက အကုန္လုံးကို သတ္ပစ္ႏိုင္ခဲ့သည္။

ေနဦး… ၾကည့္ရသည္မွာ တစ္ေယာက္ေတာ့ လြတ္သြားခဲ့ဟန္ တူသည္။

ထိုမွ်ႏွင့္ မလုံေလာက္ေသးဟန္ ဤလူသည္ မီးျပင္းေက်ာက္တုံး လုယူခဲ့ကာ ေရွးဦးမူလ နတ္ဘုရားအသြင္သ႑ာန္ေက်ာက္ကို ရရွိခဲ့သည္။ ထို႔ေနာက္ အ႐ူးထကာ ေရွးဦးမူလ နတ္ဘုရားအသြင္သ႑ာန္ေက်ာက္ကို မိန္းမတစ္ေယာက္အား ေပးလိုက္ေသးသည္။

ေနာက္ဆက္တြဲ ျပႆနာမ်ားမွာ သိသာလွ၏။ ဤမိုဝူက်ိသည္ မ်ားစြာေသာ နတ္ဘုရားဘုရင္မ်ားကို အမ်က္ထြက္ေစခဲ့ကာ သူ႔ကို လိုက္ဖမ္းဆီးသတ္ျဖတ္ရန္အတြက္ ထိုနတ္ဘုရားဘုရင္တို႔က ပူးေပါင္းခဲ့ၾကသည္။

နည္းလမ္းက်က်ေျပာရလွ်င္ နတ္ဘုရားဘုရင္မ်ား၏ အလိုက္ခံရေသာ ပု႐ြက္ဆိတ္တစ္ေကာင္ တတ္ႏိုင္သည္မွာ ေသ႐ုံသာ ျဖစ္သည္။ နတ္ဘုရားနယ္ေျမက သည့္ထက္ ပိုက်ယ္ဝန္းေနလွ်င္ပင္ ေျပးစရာေျမမွာ ကန႔္သတ္ခံထားရဆဲ ျဖစ္သည္။ ထို႔အျပင္ နတ္ဘုရားဘုရင္မ်ား ခ်မွတ္သည့္ အခ်က္အလက္မ်ားကို လူမည္မွ်ေလာက္ကမ်ား အာခံရဲမည္နည္း။ သို႔ျဖစ္ရာ မိုဝူက်ိအတြက္ ပုန္းစရာေျမ မရွိဘူးဟုပင္ ဆိုႏိုင္ေလသည္။

သို႔ေသာ္ မိုဝူက်ိက လြတ္လြတ္လပ္လပ္ သြားလာလႈပ္ရွားေနႏိုင္ေသးေၾကာင္း အျဖစ္မွန္က သက္ေသျပလိုက္ေလ၏။ ထိုနတ္ဘုရားဘုရင္မ်ားသည္ကား မိုဝူက်ိအား ဘာဆိုဘာမွ မလုပ္ႏိုင္လိုက္ေခ်။

ယေန႔တြင္ သူက ထိုမိုဝူက်ိအား မ်က္ဝါးထင္ထင္ ျမင္ဖူးသြားေလၿပီ။

နဂိုက သူသည္ သူ၏ ဂိုဏ္းနာမည္ကို သုံးၿပီး မိုဝူက်ိအား ၿခိမ္းေျခာက္ရန္ စိတ္ကူးထားသည္။ သို႔ေသာ္ ဤလူမွာ မိုဝူက်ိ ျဖစ္ေနမွန္း သိလိုက္ရၿပီးသည့္ေနာက္ သူက ထိုအႀကံကို လုံးဝ လက္ေလ်ာ့လိုက္ေတာ့၏။

ဤေကာင္သည္ကား နတ္ဘုရားဘုရင္မ်ားကိုပင္ မေၾကာက္ဘဲ ထိပ္သီးဂိုဏ္းမ်ားစြာႏွင့္ပင္ ျပႆနာတက္ခဲ့ဖူးသည္။ မိုဝူက်ိအား ၿခိမ္းေျခာက္သည္က အသုံးဝင္မည္ မဟုတ္ေပ။ ဤလူမွာ မိုဝူက်ိ ျဖစ္ေနမွန္းသာ သူ သိခဲ့ပါက အစီအစဥ္ ေကာင္းေကာင္းမရွိဘဲ မိုဝူက်ိေနာက္ ေသခ်ာေပါက္ လိုက္ခဲ့မည္ မဟုတ္ေခ်။ သူက အဆင့္ ၅ ေထာင္ေခ်ာက္အစီအရင္ထဲသို႔ မွ်ားေခၚခံရမည္လည္း မဟုတ္ေပ။

အကယ္၍ မိုဝူက်ိသည္ ရင္ဆိုင္ေျဖရွင္းရ အလြန္လြယ္ကူေနပါက မိုဝူက်ိသည္ သူႏွင့္ရင္ဆိုင္ရမည့္လူ ျဖစ္လိမ့္မည္ မဟုတ္ေပ။

တကယ္ေတာ့ ထိုသို႔ေျပာသည္မွာ မမွန္ေပ။ မိုဝူက်ိဟု ေခၚသည့္ လူတစ္ေယာက္ႏွင့္ ရင္ဆိုင္ေနရမွန္း သူ သိၿပီးသား ျဖစ္သည္။ တစ္ခုရွိသည္မွာ ဤေကာင္ႏွင့္ ထိုနာမည္ဆိုးႏွင့္ ေက်ာ္ၾကားသည့္ မိုဝူက်ိအား မဆက္စပ္မိျခင္းသာ ျဖစ္သည္။

မိုဝူက်ိက မည္သူမည္ဝါ ျဖစ္ေၾကာင္း သေဘာေပါက္သြားၿပီးေနာက္ နတ္ဘုရားအုပ္စိုးသူ၏ မ်က္ႏွာေပၚတြင္ ေပၚလာသည့္ ေမွ်ာ္လင့္ခ်က္မဲ့မႈအား ၾကည့္ကာ ကြမ္က်င္း၏ရင္မွာ ျပင္းထန္စြာ ခုန္စျပဳလာ၏။ ဤမိုဝူက်ိသည္ နတ္ဘုရားနယ္ေျမသို႔ ေရာက္သည္မွာ သိပ္ၾကာဦးမည္ မဟုတ္ေခ်။ ထိုကဲ့သို႔ေသာ အခ်ိန္တိုေလးအတြင္း မိုဝူက်ိက အရမ္း ေက်ာ္ၾကားသြားသည္မွာ ျဖစ္ႏိုင္ပါ့မည္ေလာ။

ကံမေကာင္းစြာပင္ ထိုေကာင္းကင္စည္းမ်ဥ္း သဘာဝေဆးလုံးမ်ားစြာကို သူ ရရွိၿပီးသည့္ေနာက္ပိုင္းတြင္ သူက အၿမဲတမ္း ပုန္းေအာင္း ေျပးလႊားေနခဲ့ရသည္။ ခက္ခက္ခဲခဲႏွင့္ က်င့္ႀကံစရာ ေနရာတစ္ရာကို သူ ရွာေတြ႕ႏိုင္ခဲ့ေသာ္လည္း တစ္စုံတစ္ေယာက္က ေကာင္းကင္စည္းမ်ဥ္း သဘာဝေဆးလုံးမ်ား၏ ေျခရာကို ရေအာင္ရွာေဖြႏိုင္ခဲ့ေသးသည္။

“ေဆးလုံးဧကရာဇ္မို…”

ကြမ္က်င္းက ငိုသံပါႀကီးႏွင့္ မိုဝူက်ိ၏ နာမည္ကို ေခၚလိုက္သည္။ အာေခါင္တို႔ ေျခာက္လာကာ ကြမ္က်င္းက ေျပာလိုက္သည္။

“အဲ့ဒီအခ်ိန္တုန္းက အင္ေမာ္တယ္ဧကရာဇ္အဆင့္ထဲ တက္လွမ္းၿပီးကာစပဲ ရွိေသးေတာ့ ကြၽန္ေတာ္က ကိုယ့္ကိုကိုယ္ အားေကာင္းၿပီး လြတ္လပ္တယ္လို႔ ခံစားမိခဲ့တယ္။ ဒီတိုင္းႀကီးေတာ့ ကြၽန္ေတာ္ မေသခ်င္ခဲ့ဘူး။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ သေဘာတူညီခ်က္ကို ကတိဖ်က္ၿပီး ထြက္ေျပးမိခဲ့တာပါဗ်ာ…”

မိုဝူက်ိက ခံစားခ်က္မဲ့စြာ ေျပာလိုက္၏။

“က်ဳပ္ မင္းလိုမ်ိဳး အရွက္မရွိတဲ့ ေအာက္တန္းစားေတြ အမ်ားႀကီးပဲ ျမင္ဖူးၿပီးၿပီ။ အခု မင္း ဒီကို ဘယ္လိုနည္းနဲ႔ ေရာက္လာတာလဲဆိုတာနဲ႔ က်ဳပ္ဇနီး စုယင္ကို ျမင္မိေသးလားဆိုတာကို ေျပာျပ။ အေသးစိတ္ေျပာေနာ္။ မင္းရဲ႕အေျဖကို က်ဳပ္ ေက်နပ္ရင္ က်ဳပ္ မင္းကို ကိုယ္တိုင္ မသတ္ေတာ့ဘူး။ ဒီေထာင္ေခ်ာက္အစီအရင္ထဲမွာပဲ ထားခဲ့ေပးမယ္။ မင္း ထြက္ေျပးႏိုင္မလားဆိုတာကေတာ့ မင္းရဲ႕ကံေပၚပဲ မူတည္ေနတယ္”

ကြမ္က်င္းက အင္ေမာ္တယ္ ဧကရာဇ္အဆင့္တြင္သာ ရွိေသးသည္။ အဆင့္ ၅ ေထာင္ေခ်ာက္အစီအရင္ထဲသို႔ အထည့္ခံထားရပါက သူသည္ ေသခ်ာေပါက္ ေသသြားေပလိမ့္မည္။ ထိုသို႔ဆိုလွ်င္ပင္

“က်ဳပ္ ေျပာျပပါ့မယ္”  ကြမ္က်င္းက ေျပာလိုက္ဆဲ ျဖစ္သည္။

ကြမ္က်င္းသည္ ေထာင္ေခ်ာက္အစီအရင္ထဲတြင္ ေသခ်ာေပါက္ သူ ေသလိမ့္မည္ျဖစ္ေၾကာင္း သိသည္။ သို႔ေသာ္လည္း ထိုသို႔ေသသြားလွ်င္ပင္ သူ႔တြင္ ျပန္လည္ဝင္စားခြင့္ ရွိေသးမွန္း သူသိသည္။ အနည္းဆုံးေတာ့ သူ၏ ဝိညာဥ္မွာ အေလာင္ကြၽမ္းခံရလိမ့္မည္ မဟုတ္ေပ။

ဟိုးယခင္က သူသည္ မိုဝူက်ိအေပၚတြင္ ေကာက္က်စ္ကာ အရွက္မဲ့သည့္ လုပ္ရပ္ကို ျပဳမူခဲ့သည္။ မိုဝူက်ိက သူ႔အား သတ္ခ်င္ေနသည္မွာ မမွားေပ။

ေမးပင္မေမးရေသးဘဲႏွင့္ ကြမ္က်င္းက ေျပာျပလိုက္သည္မွာ

“ေဆးလုံးဆရာမို၏ လုပ္နည္းလုပ္ဟန္ေတြကို သိတာေၾကာင့္မို႔လို႔ကို ကြၽန္ေတာ္က မ်က္ႏွာမျပရဲခဲ့တာပါ။ ေကာင္းကင္ဘုံအလြန္ ၿမိဳ႕ရင္ျပင္ထဲမွာ ကြၽန္ေတာ္ပုန္းေနခဲ့တယ္။ ပုန္းေအာင္းတာအျပင္ ရတနာေတြ တိုက္ယူဖို႔အတြက္ စၾကဝဠာနံရံကိုလည္း သြားခဲ့ေသးတယ္။ အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် စၾကဝဠာနံရံရဲ႕အတြင္းပိုင္းထဲက တြန္းကန္အားက တျဖည္းျဖည္း ပိုပိုၿပီး အားေပ်ာ့လာတယ္ဗ်။ တစ္ေယာက္ကဆို စၾကဝဠာနံရံရဲ႕အတြင္းပိုင္းထဲထိ ေရာက္ႏိုင္ခဲ့ၿပီး ေပ်ာက္သြားခဲ့တယ္။ စၾကဝဠာအစြန္းမွာ ကြၽန္ေတာ့္အတြက္ အနာဂတ္ ေကာင္းေကာင္း မရွိႏိုင္ေလာက္ဘူးလို႔ တြက္မိတာနဲ႔ အရဲစြန႔္ၿပီး စၾကဝဠာနံရံထဲကို ဝင္ခဲ့တယ္။

စၾကဝဠာနံရံထဲမွာ ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ အဆက္မျပတ္ ပ်ံသန္းေနရင္းကေန ေနာက္ဆုံးမွာေတာ့ ထြက္လာႏိုင္ခဲ့ၿပီး အ႐ိုးျဖဴကန္ရဲ႕အစြန္အဖ်ားကို ေရာက္သြားခဲ့တယ္။

ကြၽန္ေတာ္ ေရာက္သြားတဲ့အခ်ိန္မွာ အဲ့ဒီေနရာမွာ ၁၀ ေယာက္မကတဲ့ လူေတြက ေရာက္ႏွင့္ေနၿပီသား။ အဲ့ဒီလူေတြ အကုန္လုံးက စၾကဝဠာအစြန္းကေန လာခဲ့ၾကတဲ့သူေတြခ်ည္းပဲ။ ကြၽန္ေတာ္ ေပၚလာတာကို ထူးဆန္းတယ္လို႔ သူတို႔က မေတြးၾကဘူးေပါ့ဗ်ာ။ တကယ္ေတာ့ စၾကဝဠာနံရံ ပြင့္တိုင္း လူသစ္ေတြ အၿမဲေရာက္လာတတ္မွန္း သူတို႔က သိၾကတယ္”

“မင္းေျပာခ်င္တာက အ႐ိုးျဖဴကန္ကို အရင္ေရာက္ႏွင့္ေနၿပီးသား လူေတြက အဲ့ကေန ထြက္မသြားၾကဘူးေပါ့”

မိုဝူက်ိက မယုံၾကည္ဟန္ျဖင့္ ေမးလိုက္သည္။

ဤအခ်ိန္တြင္ မိုးေျမမီးျပင္းဖိုက သူတို႔၏ ဝိညာဥ္စြမ္းအားအတြက္ အဘယ္ေၾကာင့္ သူတို႔ကို မစုပ္ယူဘဲ ေနေနသနည္းအား သိဖို႔ရန္အတြက္ မိုဝူက်ိက ပို၍စိတ္ဝင္စားမိသည္။

“ဟုတ္ပါတယ္။ သူတို႔ေတြအားလုံးက ေဆးလုံးေငြ႕ဝန္းရံထားတဲ့ ေရကန္တစ္ကန္ကို တိုက္ခိုက္ေနၾကတယ္ဗ်။ ေဆးလုံးေငြ႕ကို ေက်ာ္ၿပီးၾကည့္လိုက္ရင္ ကန္တစ္ကန္လုံးက ေဆးလုံးေတြနဲ႔ ျပည့္ေနတာကို ျမင္ရတယ္”

ကြမ္က်င္းက ရွင္းျပသည္မွာ

“ကြၽန္ေတာ္လည္း အုပ္စုနဲ႔ေပါင္းၿပီး ကန္ကို တိုက္ခိုက္လိုက္တယ္။ ဒါေပမဲ့ ကန္ကို ကာကြယ္ေနတဲ့ အစီအရင္ရဲ႕ အဆင့္က အရမ္းကို ျမင့္လြန္းေနတယ္ဗ်ာ။ ႏွစ္ေတြၾကာလာၿပီး နတ္ဝိညာဥ္ေသြးေၾကာက ခမ္းေျခာက္သြားတာေတာင္ ကြၽန္ေတာ္တို႔ေတြ အစီအရင္ကို မခ်ိဳးေဖာက္ႏိုင္ေသးဘဲ ျဖစ္ေနတယ္”

ေနာက္ဆုံးနား ေရာက္ခ်ိန္တြင္ ကြမ္က်င္းမွာ လုံးဝ စိတ္ကိုေလ်ာ့လိုက္ၿပီ ျဖစ္ကာ သူ႔ကံကို လက္ခံသြားသည့္ပုံစံျဖင့္

“အဲ့ဒီလိုမ်ိဳး ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ကြၽန္ေတာ္တို႔ေတြ တိုက္ခိုက္လာလိုက္တာ… ကာကြယ္ေရးအစီအရင္ က်ိဳးေတာ့မယ့္အခ်ိန္မွာပဲ ခင္ဗ်ားရဲ႕ဇနီးနဲ႔ ေနာက္ထပ္ အမ်ိဳးသမီးႏွစ္ေယာက္ ေရာက္လာၾကတယ္။ သူတို႔ထဲက တစ္ေယာက္ကို ကြၽန္ေတာ္ မွတ္မိတယ္။ အဲ့ဒီသူက အင္ေမာ္တယ္ဧကရီ ဝမ္လန္ပဲဗ်။ ကန္ကို တိုက္ေနတဲ့ လူေတာ္ေတာ္မ်ားမ်ားက ခင္ဗ်ားရဲ႕ဇနီးကို သိၾကတယ္။ ၿပီးေတာ့ အင္ေမာ္တယ္ဧကရီ ဝမ္လန္လည္း ရွိေနေတာ့ ဘယ္သူကမွ သူတို႔ကို ဘာမွမလုပ္ရဲၾကဘူး။

သူတို႔ ၃ ေယာက္ပါ တိုက္တဲ့အထဲ ပါလာတာေၾကာင့္မို႔လို႔ ၿပိဳလဲပ်က္စီးလုနီးနီး ျဖစ္ေနတဲ့အစီအရင္က ေနာက္ဆုံးမွာ တစ္စစီ အစိတ္စိတ္အႁမႊာႁမႊာ ကြဲထြက္သြားေလရဲ႕။ အဲ့ဒီတုန္းက ေကာင္းကင္စည္းမ်ဥ္း သဘာဝေဆးလုံး တစ္ကန္လုံးက ကြၽန္ေတာ့္ကို ဆြံ႕အသြားေစခဲ့တယ္ဗ်ာ။ အားလုံးက အေျပးဝင္သြားၿပီး ေဆးလုံးေတြအတြက္ အသည္းအသန္ တိုက္ခိုက္ကုန္ၾကပါေလေရာ။ ကြၽန္ေတာ္လည္းပဲ ခြၽင္းခ်က္မရွိ ဝင္တိုက္ခဲ့တာပါပဲ။ လူအေယာက္ ၂၀ ေလာက္က ေကာင္းကင္စည္းမ်ဥ္း သဘာဝေဆးလုံးေတြ အကုန္လုံးကို ရရွိသြားတဲ့ေနာက္မွာေတာ့ သူတို႔ေတြအားလုံးက ထုပ္ပိုးျပင္ဆင္ၿပီး ထြက္သြားၾကတယ္။ ကြၽန္ေတာ္လည္းပဲ ထြက္ေျပးလာခဲ့တယ္”

မိုဝူက်ိက စိတ္ေအးသြားၿပီး သက္ျပင္းခ်လိုက္ကာ

“ဒါဆို မင္းက က်ဳပ္ဇနီးနဲ႔ အင္ေမာ္တယ္ဧကရီ ဝမ္လန္တို႔ ဘယ္သြားလိုက္လဲဆိုတာကို မသိဘူးဆိုတဲ့ သေဘာလား”

ကြမ္က်င္းက ေခါင္းခါလိုက္ၿပီး

“ကြၽန္ေတာ္ မသိဘူး။ အားလုံးက မတူတဲ့ ဦးတည္ရာေတြဆီကို သြားခဲ့ၾကတာေလ”

ထိုအခ်ိန္တုန္းက သူတို႔ေတြသည္ ေကာင္းကင္စည္းမ်ဥ္း သဘာဝေဆးလုံး ေျမာက္မ်ားစြာကို ရရွိထားၾကေလ၏။ မည္သူကမ်ား တျခားသူေတြ ဘယ္သြားသည္ကို ဂ႐ုစိုက္ေနပါ့မည္နည္း။ သူတို႔က သူတို႔၏ အစြမ္းကို တိုးျမႇင့္ဖို႔ က်င့္ႀကံရန္အတြက္ ေနရာတစ္ေနရာ သြားရွာခ်င္ၾကေလသည္။

မိုဝူက်ိက အင္ေမာ္တယ္ဧကရီ ဝမ္လန္ကို အမွန္တကယ္ပင္ ေက်းဇူးတင္မိသည္။ သူမေၾကာင့္သာ မဟုတ္ပါက ခ်ိန္စုယင္ႏွင့္ လင္းဂူတို႔၏ အင္အားျဖင့္ သူတို႔၏ ေကာင္းကင္စည္းမ်ဥ္း သဘာဝေဆးလုံးမ်ားကို တျခားသူမ်ားက လုယူႏိုင္ေခ် ရွိေပသည္။

“မင္းရဲ႕ေကာင္းကင္စည္းမ်ဥ္း သဘာဝေဆးလုံးေတြေကာ”

မိုဝူက်ိက ကြမ္က်င္းအား စိုက္ၾကည့္ကာ ေအးစက္စြာ ေမးလိုက္၏။

ကြမ္က်င္းက နတ္ဘုရားအုပ္စိုးသူ ဂ်ပုကို လက္ညိဳးထိုးျပကာ ေျပာလိုက္သည္။

“ကြၽန္ေတာ္က တိတ္ဆိတ္တဲ့ ေနရာတစ္ခု ရွာၿပီး က်င့္ႀကံမလို႔ လုပ္ေနတာ။ အဲ့ဒီေနရာမွာ တျခားသူတစ္ေယာက္ ရွိေနႏွင့္လိမ့္မယ္လို႔ မထင္ထားမိဘူး။ ဒီေကာင္ပဲ။ သူက ကြၽန္ေတာ့္ ေဆးလုံးေတြ အကုန္လုံးကို လုယူၿပီး ဒီကိုလာဖို႔ ကြၽန္ေတာ့္ကို ဖိအားေပး အက်ပ္ကိုင္ခဲ့တာဗ်”

မိုဝူက်ိက သူ႔လက္ကို ေဝွ႔လိုက္ၿပီး နတ္ဘုရားအုပ္စိုးသူ ဂ်ပု၏ သိုေလွာင္လက္စြပ္ကို ဆြဲယူလိုက္၏။ ဤကြမ္က်င္း၏ ကံမွာ တကယ္ဆိုးလွသည္။ သူက နတ္ဘုရားအုပ္စိုးသူ တစ္ေယာက္ က်င့္ႀကံေနသည့္ ေနရာတြင္ သူ၏ေကာင္းကင္စည္းမ်ဥ္း သဘာဝေဆးလုံးမ်ားကို ထုတ္ယူခဲ့ေလသည္။

“တာအိုေရာင္းရင္းမို… က်ဳပ္အသက္ကို ခ်မ္းသာေပးပါဗ်ာ…”

မိုဝူက်ိက သူ၏ သိုေလွာင္လက္စြပ္အား ယူသြားသည္ကို ျမင္ေသာအခါ ဂ်ပုက စိုးရိမ္တႀကီး ေအာ္ငိုေလသည္။

မိုဝူက်ိက လက္ကို ေဝွ႔လိုက္ေသာအခါ မိုးႀကိဳးခ်က္တစ္ခ်က္က ဝွီးခနဲ ထြက္သြားသည္။ တစ္ခ်ိန္တည္းမွာပင္ မီးေတာက္တစ္ခုက လႊမ္းၿခဳံလာသည္။ တစ္ခဏအတြင္း နတ္ဘုရားအုပ္စိုးသူမွာ ျပာပုံအျဖစ္ ေလာင္ကြၽမ္းသြားေလ၏။

ဤသို႔ ျပဳလုပ္ၿပီးသည့္ေနာက္တြင္ မိုဝူက်ိ၏ ပုံရိပ္က ဖ်က္ခနဲလက္သြားသည္။ မ်က္စိတစ္မွိတ္စာအတြင္း သူက ေထာင္ေခ်ာက္အစီအရင္ထဲမွ ေပ်ာက္ကြယ္သြားသည္။

မိုဝူက်ိ ထြက္သြားသည္ႏွင့္ ေထာင္ေခ်ာက္အစီအရင္က တစ္ဖန္ျပန္လည္ ႏိုးထလာေလ၏။ ကြမ္က်င္းက သူသည္ မလြဲမေသြ ေသရေတာ့မည္မွန္း သိသည္။ သူက ျပန္လည္ဝင္စားဖို႔ကိုသာ ေ႐ြးခ်ယ္ႏိုင္ေလသည္။

Continue Reading

You'll Also Like

190K 34.4K 200
sequel of Book 4 Author - Goosefive
108K 10.5K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
48.4K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
48.3K 7.8K 34
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...