ည ၁၁ ခွဲ။
ဘေးနားမှာ ဆုရည်တစ်ယောက် ကောင်းစွာ အိပ်မောကျနေသည်။ တစ်ရေးမှ မအိပ်နိုင်လေသူကား
ကျွန်မရယ် ၊ နံရံထက်ကနာရီလေး
ရယ်၊နာရီဘေးက ပိန်ညှောင်လေးရယ်သာ။
အကြာကြီး မစဉ်းစားပဲ အဖြေပေးလိုက်ရင် မောင်များငါ့ကို အထင်သေးသွားလေမလား။
မဆိုင်လိုက်တာ ။ မောင့်ကို ရင်ခုန်ခဲ့တာက မနှစ်ကတည်းကလေ။မောင့်ကိုချစ်ရောချစ်သလား။ ရင်ခုန်တာက ချစ်တာလား။ အချိန်တိုင်းသတိရတာကရော အချစ်လား။ တစ်ခုခုဆို ကိုယ့်ထက် သူကောင်းဖို့၊ သူ မခံစားရဖို့ စဉ်းစားနေမိတာတွေကို အချစ်ဟုများ ခေါ်ကြပါလျှင်
ကမ္ဘာပေါ်မှာ အသေချာဆုံးက ငြိမ်းစုသွယ်က မောင့်ကို ချစ်နေမိပါပြီ။
*****
ငြိမ်းဆီက ဆုတောင်းစာမြင်မှ အိပ်မည်ဖြစ်သော စိုင်းထင်လင်းမောင်တစ်ယောက် ဖုန်း screen ကို ခဏခဏ ဖွင့်ကြည့်နေမိသည်။ အိပ်များပျော်သွားလေပြီလား ။ခံစားချက်တွေကို ဖွင့်ပြောမိလိုက်လို့ စိတ်များဆိုးနေမလား။ ငြိမ်းကို ချစ်နေပြီဖြစ်ကြောင်း ငြိမ်းမွေးနေ့ကတည်းက ကိုယ့်ကိုကိုယ်သိနေ
ခဲ့ပေမဲ့ ဖွင့်ပြောဖို့ရန်မှာတော့ ခက်လှပေသည်။ အကယ်၍ ငြိမ်းသာ ငြင်းခဲ့လျှင် သူငယ်ချင်းအဖြစ်နဲ့တောင် ငြိမ်းဘေးနားမှာ ရှိမနေနိုင်တော့မှာကို သူသည် တွေး၍
ကြောက်နေခဲ့သည်။ ပြီးခဲ့သည့်အချိန်တွေမှာ ငြိမ်းကြောင့် ပျော်ခဲ့ရသည်။ သူမ ဘေးမှာရှိနေတယ်ဆိုတဲ့အသိနဲ့တင် ပျော်နေသည်။ သို့သော် သူမက သူတစ်ပါးကိုပျော်စေတတ်သော သူငယ်ချင်းအဖြစ်သာထင်ခဲ့မိသည်။ ရင်ထဲ၌ တိမ်မြုပ်နေသော အချစ်သည်ကား ထိုနေ့ ဂိမ်းဆိုင်မှာမှ ပေါက်ကွဲပွင့်ထွက်လာလေ၏။
ထိုနေ့ကဂိမ်းဆိုင်၌ စိုင်းထင်လင်းမောင် သည် သူငယ်ချင်းဖြစ်သူ
ကျော်သူရိန်နှင့် အတူ ထုံးစံအတိုင်း
ဂိမ်းတိုက်နေ၏။ သူတို့ခုံမှာ ချောင်ကျနေ၍
အ၀င်ဝနားမှ လူတစ်စုက သူတို့ကိုတွေ့ဟန်မတူ။ ထိုလူတစ်စုသည် စက်မှုမေဂျာမှ4BEကျောင်းသားကြီးများဖြစ်သည်။ သူတို့ထဲမှဇော်လတ်ဆိုသူမှ စကားစလေသည်။
"ဟေ့ရောင် မင်းထင် ၊ မင်းရဲ့ ငြိမ်းလေးကိုဖွင့်မပြောသေးဘူးလားကွာ "
"မင်းဘာမှမသိပါဘူး ၊သူ့မှာ ဟိုကင်းကောင်ရှိနေတယ်ကွ"
အသံဩဩနှင့်တစ်ယောက်က၀င်ပြောလေသည်။
"ဒီကိစ္စငါစုံစမ်းပြီးသွားပြီ ဟေ့ကောင်။
သူတို့က ဒီတိုင်းသူငယ်ချင်းပဲတဲ့ဟ"
မင်းထင်ဆိုသူက ခြောက်ကပ်ကပ်ရီလျှက်
"ငါတော့ မထင်ပေါင် ငါ့ကောင်တို့ရာ။
သူတို့ကြည့်ရတာ ဒီလောက်နီးကပ်နေတာကို။ တော်ကြာနေမှ လှည်းကျိုးထမ်းနေရပမယ်"
"ဟားဟားဟား ဂျိုလေးနဲ့လှတာပေါ့ကွာ"
"တောက်! တော်တော်ပါးစပ်သရမ်းတဲ့
ကောင်တွေပါလား။
ငြိမ်းလို ဖြူစင်တဲ့သူကိုမှ ပါးစပ်အရသာခံပြီး ပြောရက်ကြတယ်။
တစ်ခါမျှ မဖြစ်ဖူးသော ဒေါသပုန်တို့က အထွဋ်အထိပ်သို့ ဝုန်းခနဲ ရောက်လာကြသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မင်းထင်ဆိုသောလူကို ကော်လံစဆွဲကာ ရှိသမျှအားထည့်ပြီး ထိုးထည့်လိုက်သည်။
"ငြိမ်းရဲ့ သိက္ခာအတွက်ကွ"
ရုတ်တရက် ထိုးခံလိုက်ရသဖြင့် မင်းထင်သည် ရှုးရှုးရှဲရှဲ နှင့်ကုန်းရုန်းထလာသည်။ သူ့အပေါင်းအပါများကလည်း ကျားရိုင်းသဖွယ် အကြည့်များနှင့် စိုင်းထင်လင်းမောင်ကို ခဏ ကြောင်ကြည့်နေကြသည်။မင်းထင်သည်နှုတ်ခမ်းကသွေးစများကိုသုတ်လျှက်
"ဟဟ ဒီမှာငါ့ညီ မင်းနဲ့သူ ဘာဆိုင်သလဲ"
"တောက် !၊ငြိမ်းက ငါ့သူငယ်ချင်း"
ခွပ်! ခွပ်!
ပူပြင်းပူစပ်သော အရသာကို ပါးပေါ်မှာခံစားလိုက်ရသည်။ပါးစပ်ထဲမှာလည်း ငန်ကျိကျိ သွေးများစီးလာသည်။
ဘေးမှာလာထူပေးသော ကျော်သူရိန်ကတော့ နားမလည်နိုင်စွာ၊စိုးရိမ်စွာ ကြည့်နေသည်။
"ညီလေး မင်းနဲ့လည်းမဆိုင် ၊မင်းကောင်မလေးလည်း မဟုတ်ပဲနဲ့ ဘာတွေလာနာနေတာလဲ ဘာလဲ မင်းကိုယ်တိုင်က နွားဖြစ်နေရလို့လား"
ဒီလူ့ ပါးစပ်ပေါက်ကို မပိတ်၊ပိတ်အောင်လုပ်ပစ်မယ်။ ငြိမ်းကို စော်ကားတဲ့ကောင်တွေ အကုန်သတ်ပစ်မယ်။
ဟင် လက်သီးက ဟိုကောင့်ဆီကို ရောက်မသွားပါလား။
"ဟေ့ကောင် လွှတ်ကွာ၊ လွှတ်"
ငြိမ်းအတွက် ငါအဲ့ကောင်ကိုမကျေနပ်ဘူး ၊မကျေနပ်သေးဘူး။ ငြိမ်းရေ ငြိမ်းကိုစိတ်ပူတယ်။ ငြိမ်းကို ကိုယ်စိတ်မချဘူး။ ငြိမ်းကို ဒီကောင်တွေစော်ကားတာကိုယ်မခံနိုင်ဘူး။
ကြားထဲမှဖြန်ဖြေသူများနှင့် ကျော်သူရိန့်ကြောင့် လူချင်းကွဲသွားသည်။
ငြိမ်းရဲ့ မျက်နှာလေးမြင်လိုက်ရတာ ဒေါသတွေတောင် အလိုလို အေးချမ်းသွား၏။ ကိုယ့်ရဲ့ ငြိမ်းချမ်းလှစွာသော နတ်ဘုရားမလေး ငြိမ်းရယ်။
မင်းသာ တခြားလူရဲ့ကောင်မလေးဖြစ်သွားရင် ကိုယ်ခံနိုင်ရည် ရှိမယ်မထင်ဘူး ။
ကလေးမဟုတ်ပဲ ဘာလို့ရန်ဖြစ်လဲတဲ့။ ငြိမ်းအကြောင်းကို အဲ့လိုပါးစပ်ကကြားရတာဟာ ကိုယ့်အတွက် အော်ဂလီဆန်လွန်းလို့ ရန်ဖြစ်လာရတာပေါ့ကွာ။ ငုံ့မိုးကြည့်နေသော မျက်လုံးဝိုင်းနက်နက်လေးတွေက သိပ်လှပါလားကွာ။
မင်းကို ကိုယ်ချစ်နေပြီထင်တယ် ငြိမ်းရယ်။ ဟင့်အင်း မဟုတ်သေးဘူး ။ သူငယ်ချင်းမို့လို့ စိုးရိမ်နေတာများလား။ မသိတော့ဘူးကွာ ။ ငြိမ်းကို
ကိုယ့်ဘေးနားမှာအမြဲရှိနေစေချင်တယ်။
"ပြောစရာမရှိရင် ငါပြန်ပြီ စိုင်းထင်လင်းမောင်"
ဟင်! ငြိမ်းက နာမည်အပြည့်အစုံခေါ်သွားတယ်။ ဒေါသထွက်သွားတာလား။ ဘာလို့လဲ။ ရန်ဖြစ်လို့လား။ ကျောခိုင်းသွားတဲ့ ငြိမ်းနောက်ကျောကို ကြည့်ရတာက မျှော်လင့်ချက်လေး အဝေးကို လွင့်သွားသလို။ ချစ်တယ်လို့များဖွင့်ပြောလိုက်ရင်
တစ်သက်လုံး ကျောခိုင်းသွားလေမလား။
ငြိမ်းရဲ့အဝေးမှာ နေလိုက်ရင် ချစ်တဲ့စိတ်တွေပျောက်သွားလေမလား။ အဲ့ခါကျရင် အရင်လို ငြိမ်းဘေးနားမှာ သူငယ်ချင်းအဖြစ်နဲ့ ရှိနေနိုင်မှာပေါ့ ။
ဟုတ်တယ် အချစ်ဖြစ်ချင်မှ ဖြစ်မှာ ငြိမ်းနဲ့ မတွေ့ပဲ နေနိုင်မှာပါ။
နွေခေါင်ခေါင်မှာ သဲပူထဲလျှောက်နေရသလို ငြိမ်းနဲ့မတွေ့ရတဲ့ နေ့တွေဟာ ခြောက်ကပ်လွန်းလှပါကလား။ အဆောင်က ခန်းကျဉ်းလေး ပတ်ပတ်လည်မှာသွားတက်ကလေးများပေါ်အောင် ရီမောနေတဲ့ ငြိမ်းမျက်နှာဝိုင်းဝိုင်းလေးများကို တွေ့နေရပါ၏။ မနက်ဘက်မှာ ငြိမ်းမပါတဲ့မနက်စာလည်းမစားဖြစ်။ ကျောင်းစာထဲ စိတ်ဝင်စားသလို ဟန်ဆောင်ရတာကလည်း ငရဲတစ်မျိုးမို့ ကျောင်းလည်း မသွားချင်တော့။ ဒါပေမဲ့ ကျောင်းမှာငြိမ်းရှိတယ်လေ။ ငြိမ်းရှိရာဘက်ကို မသိမသာစောင်းငဲ့ကြည့်မိသည်။ ထုံစံအတိုင်း ခေါင်းငုံကာ လက်သေးသေးလေးများဖြင့် စာလိုက်မှတ်နေသည်။ အဝေးမှ ကြည့်တာတောင် ပါးဖောင်းဖောင်းလေးတွေက ချစ်စရာကောင်းလှသည်။ ငြိမ်းရေ သေချာတယ်။ ငြိမ်းကို ကိုယ်မချစ်ပဲ မနေနိုင်တော့ဘူး ။
ညဘက်အဆောင်မှာအသံတွေကတိတ်ဆိတ်နေသည်။ ငြိမ်းကို ပိုသတိရနေသည်။ ခဏကြာတော့ ဘေးခန်းက အကိုတွေရဲ့ ဂီတာသံကပျံ့လွင့်လာသည်။
"မင်း...သိဖို့ကောင်းတယ်.....စွဲမိတဲ့ မင်းရဲ့အပြုံးလေးတွေ...ချိုသာတဲ့ စကားလေးများ ပျောက်ကွယ်ရင် မနေတတ်လို့ ... ယောင်ချာချာဖြစ်ခဲ့ရ"........
ဟုတ်တယ်
မန္တလေးရောက်ရင်တော့ ကိုယ့်အချစ်တွေကို ဖွင့်ပြောပြတော့မည်။ အကယ်၍ ငြိမ်းက မချစ်ဘူးဆိုရင်ရော ....
ချစ်လာအောင် နည်းမျိုးစုံ သုံးရတော့မှာပေါ့ ။ ငြိမ်းက ကိုယ့်ဘေးမှာ ရှိနေမှကို ဖြစ်မယ်။။
...........၁၂နာရီထိုးတော့မည်။ ငြိမ်းဆီက စာမလာသေး။ ပြန်မချစ်သေးဘူးဆိုရင်တောင်ကျေးဇူးပြုပြီး ဥပေက္ခာတော့ မပြုလိုက်ပါနဲ့ကွာ။
*****
အခု"မောင်"လေးက mo ရဲ့ ပထမဆုံးဖြစ်တဲ့အတွက် readers လေးတွေဖတ်ရတာဘယ်လိုဖြစ်နေမလဲသိချင်လိုက်တာ🥺