[Zawgyi]
Forevermore
အပိုင္း-၁၅
(ဝမ္ေယာလ္ ပုံေလးလည္း ၾကည့္သြားေပးပါဦးေနာ္💙💙)
ဝမ္ေယာလ္ ျပန္လာတာ့ ဘတ္ဟြၽန္း လည္း အေနာက္ကေနလိုက္လာခဲ့သည္။ မီးနတ္ဘုရားမေပးအပ္ခဲ့ေသာ တာဝန္သည္ ဘတ္ဟြၽန္း က ဝမ္ေယာလ္ အနားတြင္ အၿမဲတမ္းရွိေနၿပီး ကာကြယ္ေစာင့္ေရွာက္ေပးရမည္ ျဖစ္သည္။ ဒါကို ကိုယ္ရံေတာ္ရာထူးလား ေမးလို႔ရေပမဲ့ ကိုယ္ရံေတာ္ထက္ ပိုေသာ ဆက္ဆံေရးတြင္လည္း ဘတ္ဟြၽန္း ေနႏိုင္ရမည္ျဖစ္သည္။
တာဝန္ဟုေပးထားေသာ္လည္း ဘတ္ဟြၽန္း တြင္ ရာထူးဟူ၍ ျပစရာမရွိ။ ၾကင္ယာေတာ္မဟုတ္ ကိုယ္ရံေတာ္မဟုတ္ ေနာက္ဆုံး ဘတ္ဟြၽန္း က ကိုယ္လုပ္ေတာ္ေတာင္မဟုတ္ေပ။ ထိုမွ်အထိ ႏွိမ္ထားေသာ္လည္း ဘတ္ဟြၽန္း အတြက္ အေရးမႀကီးေပ။ သူ႔အတြက္ လိုအပ္သည္က ဝမ္ေယာလ္ အနားတြင္ ေနႏိုင္ခြင့္သာျဖစ္သည္။
ဝမ္ေယာလ္ ဥယ်ာဥ္ထဲတြင္ စိတ္ၿငိမ္ေအာင္လုပ္ေနတုန္း ဘတ္ဟြၽန္း လိုက္လာမွန္းသိေတာ့ ဓားထုတ္လိုက္ၿပီး ဘတ္ဟြၽန္း ဆီကို ႐ြယ္လိုက္သည္။
'ခမည္းေတာ္အမိန႔္တစ္ခုတည္းနဲ႔ ငါ့အနားမွာေနႏိုင္မယ္ထင္ေနလား ဘတ္ဟြၽန္း'
'အခု ကြၽန္ေတာ္ေရာက္ေနၿပီေလ'
ဘတ္ဟြၽန္း က႐ိုး႐ိုးတန္းတန္းေျပာေပမဲ့ ဝမ္ေယာလ္ က ႐ြဲ႕ေနတယ္ထင္သြားၿပီး
'ေတာ္ေတာ္အရွက္မရွိတာပဲ'
ဘတ္ဟြၽန္း ဘာမွမျပန္မေျပာေတာ့ေပ။ ဝမ္ေယာလ္ ေျပာခ်င္ရာကိုသာ ေျပာခြင့္ေပးထားလိုက္ေတာ့သည္။ ဝမ္ေယာလ္ အေျခအေနက အမုန္းဆုံးလူကိုအနားတြင္ ထားထားရမည္ျဖစ္ေသာေၾကာင့္ စိတ္ေဒါသေျဖဖို႔အတြက္ စိတ္တိုခံရမည့္သူလိုအပ္ေနသည္ မဟုတ္လား။
ဝမ္ေယာလ္ ၏ ဓားဦးခြၽန္က ဘတ္ဟြၽန္း လည္ပင္းဆီ ထိုးေထာက္လိုက္ၿပီး
'မယ္ေတာ့္ကို အပူကပ္လိုက္႐ုံနဲ႔ ငါ့အနားမွာေနၿပီး ငါ့အခ်စ္ကိုရမယ္ထင္ေနတာလား ဘတ္ဟြၽန္း။ ငါမင္းကို အေသြးထဲ အသားထဲကို မုန္းတာ'
'သတ္လိုက္'
'ဘာ'
'မင္းသားရဲ႕ ဓားဦးတည္ရာက မွားေနတယ္'
ဘတ္ဟြၽန္း ဓာကို ဆုပ္ကိုင္လိုက္ၿပီး သူ႔ႏွလုံးဆီ ထိုးစိုက္ရန္ေနရာခ်ေပးသည္။
'ဒီေနရာကို တစ္ခ်က္တည္း ထိုးစိုက္လိုက္။ မင္းသားရဲ႕ အမုန္းေတြေျပသြားမယ္ဆိုရင္ ကြၽန္ေတာ္အေသခံေပးပါ့မယ္'
ဘတ္ဟြၽန္း ၏ အေျပာေၾကာင့္ ဝမ္ေယာလ္ က ၿပဳံးသည္။ ဒီေကာင္ေလး သူနဲ႔ အခ်စ္ကစားပြဲ လာကစားေနသည္။
'မင္းငါ့ကို ဘယ္ေလာက္ခ်စ္လဲ ဘတ္ဟြၽန္း'
'ေျပာမျပတတ္ေအာင္ေပါ့။ ကြၽန္ေတာ့္အသက္ထက္ ပိုၿပီးခ်စ္တယ္။ ဘယ္အခ်ိန္ထိလဲေမးရင္ ထာဝရထက္ကို ပိုၿပီး ခ်စ္တယ္'
'ေကာင္းၿပီေလ'
ဝမ္ေယာလ္ က ဓားကို ျပန္႐ုပ္သိမ္းလိုက္ၿပီး သူ႔လက္ဖဝါးကို လွီးလိုက္သည္။ ရဲရဲနီေသာ ေသြးေတြက ပန္းဥယ်ာဥ္ထဲ တစ္စက္စက္ က်ေနသည္။
ဝမ္ေယာလ္ က ထိုေသြးစက္တို႔အား မ်က္စိေရွ႕ထိေျမႇာက္ကာ က်ိန္စာဆိုသည္။
'ငါက မင္းအခ်စ္နဲ႔ထပ္တူ မင္းကိုမုန္းပါရေစလို႔ က်ိန္စာဆိုတယ္။ မင္း ငါ့ကို အသက္ထက္ခ်စ္ရင္ ငါမင္းကို အသက္ထက္မုန္းတယ္။ မင္း ငါ့ကို ထာဝရထက္ပိုခ်စ္ရင္ ထာဝရထက္ပိုမုန္းပါရေစလို႔ က်ိန္စာတိုက္တယ္'
'ခ်စ္ျခင္းနဲ႔မုန္းျခင္းမွာ ပူေလာင္တဲ့အမုန္းက အႏိုင္ရမယ္ထင္လား မင္းသား။ ကြၽန္ေတာ္ မင္းသားကိုခ်စ္တာ လိုခ်င္တပ္မက္မႈထက္ ခ်စ္လို႔ ဆိုတာေလးပဲ ရွိတာပါ။ မခ်စ္ႏိုင္ရင္ေနပါ။ ဒီလို က်ိန္စာတိုက္ဖို႔အထိ လိုလို႔လား'
'မင္းက ကစားခ်င္ေနတာေလ။ ဘယ္သူႏိုင္မလဲ ေစာင့္ၾကည့္႐ုံေပါ့'
'ကြၽန္ေတာ့္ကို နဂါးတိုင္းျပည္က စြန႔္ပစ္လိုက္ၿပီမင္းသား။ ေရပိုင္နက္ထဲ ကြၽန္ေတာ္ ကူးလူးသြားလာခြင့္မရွိေတာ့ဘူး။ ကြၽန္ေတာ့္မွာ ျပန္စရာအိမ္ေကာ နားေနစရာ ခိုနားရာလည္း မရွိေတာ့ပါဘူး။ မင္းသားက ကြၽန္ေတာ့္ရဲ႕ တစ္ခုတည္းေသာ ပိုင္ဆိုင္မႈပါ။ အခ်စ္နဲ႔မဟုတ္ဘဲ အမုန္းကိုပဲ ပိုင္ဆိုင္ထားရရင္ေတာင္ ကြၽန္ေတာ္ ကပ္တြယ္ထားပါရေစ'
ပူေလာင္ေသာ ေသြးက်ိန္စာကို ဖက္တြယ္လို႔ ဘတ္ဟြၽန္း ဝမ္ေယာလ္ အနားတြင္ ေနခြင့္ေတာင္းခဲ့သည္။
'မင္းသေဘာပဲ။ ငါကေတာ့ မင္းကို ဘယ္ေတာ့မွ ခ်စ္လာမွာမဟုတ္သလို လက္လည္းခံမွာမဟုတ္ဘူး၊ငါခ်စ္တာ အြန္းေလး တစ္ေယာက္တည္းပဲရွိတာ'
ဝမ္ေယာလ္ ျပန္သြားေတာ့ ထိုေနရာတြင္ ဘတ္ဟြၽန္း တစ္ေယာက္သာ က်ိန္စာေသြးစက္ေတြနဲ႔အတူ က်န္ေနခဲ့သည္။ အျဖဴေရာင္တိမ္ေငြ႕ေတြၾကားမွာ ဇာမဏီေသြးစက္ေတြက ရဲရဲေတာက္ေနခဲ့သည္။ ဘတ္ဟြၽန္း ထိုေသြးစက္ေတြကို သူ႔စြမ္းအားျဖင့္ယူလိုက္ၿပီး အၾကည္ေရာင္ ပုလင္းေသးေလးထဲ ထည့္လိုက္သည္။
ေသြးရည္စက္ေတြက လွပေပမဲ့ က်ိန္စာပါဝင္ေနလို႔ အနက္ေရာင္ေသြးေၾကာေတြ ေပါက္ဖြားေနသည္။ ဘတ္ဟြၽန္း ထိုေသြးပုလင္းအား လက္ဖဝါးႏွစ္ဖက္ၾကား ထားၿပီး စြမ္းအားသုံးလိုက္ခ်ိန္မွာေတာ့ ဇာမဏီငွက္ပုံ ေသြးေက်ာက္ေလးျဖစ္သြားသည္။ ထိုေက်ာက္ေလးအား အျဖဴေရာင္ရစ္ႀကိဳးေလးနဲ႔တြဲလိုက္ၿပီး ဘတ္ဟြၽန္း လည္ပင္းတြင္ဆြဲထားလိုက္သည္။
ဘတ္ဟြၽန္း သည္ ဝမ္ေယာလ္ နဲ႔ပက္သက္လွ်င္ က်ိန္စာကအစ တန္ဖိုးထားပါ၏။
~~~~~~~~~~
မေန႔က ညေနပိုင္းအခ်ိန္တြင္ ျဖစ္သည္။
ေကာင္းကင္နန္းေတာ္ ဟုေခၚေသာ ေကာင္းကင္မင္းႀကီး၏ အိမ္ေတာ္တြင္ မီးနတ္ဘုရားမ ေရာက္လာၿပီး
'ဝမ္အြန္း ကိစၥက ရွင္နဲ႔မွ ကင္းရဲ႕လား'
နတ္ဘုရားမက အျဖဴေရာင္ ေက်ာက္ထိုင္ခုံတြင္ ထိုင္ရင္းေမးလိုက္သည္။ နတ္ဘုရားမ လာတာကိုသိေတာ့ မင္းႀကီးက စာလိပ္တစ္ခုကိုဖတ္ေနရင္း လွမ္းၾကည့္လိုက္သည္။
နတ္ဘုရားက စားပြဲေပၚတင္ထားေသာ ကရားအိုးထဲက ေရေႏြးကို ခြက္ထဲ ေလာင္းထည့္လိုက္သည္။ အနည္းငယ္ေအးေနၿပီျဖစ္ေသာ ေရေႏြးက နတ္ဘုရားမလက္ထဲေရာက္သြားခ်ိန္မွာေတာ့ ခ်က္ခ်င္းဆူပြက္သြားသည္။
'မင္းက ဘာကို ေျပာခ်င္တာလဲ'
'ဒီအတိုင္း ခန႔္မွန္းၾကည့္တာပါ။ ေယာလ္ငယ္ ကို ရွင္မခ်စ္မွန္း ကြၽန္မသိတယ္။ ဒါေပမဲ့ ေယာလ္ငယ္ က ထီးနန္းကိုဆက္ခံရေတာ့မဲ့သူေလ။ အဲ့သူတစ္ေယာက္က အခ်စ္ေၾကာင့္ ႐ူးေၾကာင္ေၾကာင္ေတြေလွ်ာက္လုပ္ေနတာကို ေအးေအးေဆးေဆးၾကည့္ေနႏိုင္တယ္ဆိုေတာ့ ရွင္မ်ား တမင္တကာလုပ္ထားတာလားလို႔ သံသယဝင္မိလို႔ပါ'
'မင္း သားက အခ်စ္စိတ္မႊန္ေနတာေလ။ ဘယ္သူမဆို ေယာလ္ငယ္ လိုအျဖစ္အပ်က္ႀကဳံလိုက္ရရင္ အနည္းနဲ႔အမ်ားေတာ့လြတ္သြားမွာပဲေလ။ အဲ့ဒါေၾကာင့္ ဒီအတိုင္းလႊတ္ထားလိုက္တာ'
'ဒီအတိုင္းလႊတ္ထားတာက ကေလးေတြေသသြားတဲ့အထိလား'
'အဲ့ဒါက ငါနဲ႔မဆိုင္ဘူးေလ။ တစ္ကယ္ဆိုရင္ မင္းလည္းေတြ႕တဲ့အတိုင္းပဲ။ ဘတ္ဟြၽန္း ရဲ႕ စြမ္းအားက သာမန္မဟုတ္ဘူး။ သူကာကြယ္ႏိုင္ရက္နဲ႔ အရႈံးေပးသြားတာေလ။ ငါ့ရဲ႕ ရဲမက္ေတြကို အဲ့အခ်ိန္မွာ သြားဆြဲခိုင္းရင္ အကုန္ ဒဏ္ရာရကုန္မွာေပါ့'
'ဘာမဟုတ္တဲ့ ရဲမက္ေတြေၾကာင့္ ေတာ္ဝင္ေသြးသားကို အဆုံးရႈံးခံလိုက္တာေပါ့။ ဉာဏ္ပညာႀကီးမားလြန္းပါတယ္ မင္းႀကီး။ မင္းႀကီးရဲ႕ ဦးေႏွာက္ကို ေ႐ႊခ်ထားသင့္တယ္'
'မင္းအရမ္းပ်င္းေနလို႔ ငါနဲ႔ရန္ျဖစ္ဖို႔လာတာလား။ ငါမအားေသးလို႔ ျပန္လိုက္ေတာ့။ ဒီနန္းေတာ္က မင္းကို မႀကိဳဆိုဘူး'
'သိပ္ပါတယ္။ ရွင္ ႏွင္ထုတ္စရာမလိုပါဘူး။ ျပန္မွာပါ။ ေယာလ္ငယ္ ကိစၥေၾကာင့္သာမဟုတ္ရင္ ရွင့္ရဲ႕ အစုတ္အျပတ္တဲစုတ္ဆီ ေျခဦးေတာင္မလွည့္ဘူး'
'မင္းေျပာေလ ဆိုးေလ ပါလား'
'အဲ့ဒီေတာ့ဘာျဖစ္လဲ။ ရွင့္ရဲ႕ ေမြးစားသားကိုက်ေတာ့ နန္းေတာ္ထဲမွာ တိရိစာၦန္ေမြးသလိုတယုတယေမြးထားၿပီး ကြၽန္မသားကိုက်ေတာ့ ဘာျဖစ္ျဖစ္ပစ္ထားတာကို ကြၽန္မ မသိဘူးထင္ေနတာလား'
'ခ်ဴးရန္ နဲ႔ ဒီကိစၥ ဘာမွမဆိုင္ဘူး'
နတ္ဘုရားမက မင္းႀကီး စကားၾကားေတာ့ ရယ္သည္။ သူ႔ရဲ႕ တိတ္တိတ္ပုန္းသားကိုထိေတာ့ နာတတ္လိုက္တာ။
'ရွင့္ရဲ႕ အဲ့အေရးမပါတဲ့သားအေၾကာင္းကို အေရးတယူလုပ္ေျပာေနရေအာင္ အားမေနဘူး။ အခုလာတာ ေယာလ္ငယ္ ကိစၥ။ ေကာင္းကင္ဘုံရဲ႕ အိမ္ေရွ႕စံကိစၥအတြက္လာတာ'
မင္းႀကီးက သက္ျပင္းခ်လိုက္ၿပီး နတ္ဘုရားမကို ေသခ်ာၾကည့္ကာ
'ဒါဆိုလည္း ေျပာစရာရွိတာ ျမန္ျမန္ေျပာ'
'ဘတ္ဟြၽန္း ကို ေယာလ္ငယ္ ရဲ႕ ၾကင္ယာေတာ္အျဖစ္ထားေပး'
မင္းႀကီး မ်က္ႏွာတင္းသြားသည္။ ဘတ္ဟြၽန္း က ဘယ္သူလဲ သူသိေနသည္။
'မျဖစ္ႏိုင္ဘူး။ ဘတ္ဟြၽန္း က ဝမ္အြန္း ကို သတ္ထားတာ။ သူ႔ကိုေတာင္ ေသခ်ာအျပစ္မေပးရတာ။ ၾကင္ယာေတာ္ေနရာထားမယ္ဆိုေတာ့ ေယာလ္ငယ္ ရဲ႕ ခံစားခ်က္ကို တအားလ်စ္လ်ဴမရႈလြန္းဘူးလား'
မင္းႀကီးေျပာတာ အက်ိဳးအေၾကာင္း ဆီေလ်ာ္သည္။ ဒီကိစၥကို ဝမ္ေယာလ္ လက္မခံမွန္း ဘယ္သူ႔ေမးေမးအကုန္သိသည္။
'ဒါဆို ၾကင္ယာေတာ္ငယ္ေကာ'
'မျဖစ္ႏိုင္ဘူး။ ဘတ္ဟြၽန္း က ဝမ္ေယာလ္ ရဲ႕ ကိုယ္ဝန္ကိုေဆာင္ဖူးၿပီး ကေလးပ်က္က်သြားလို႔ သူ႔ရဲ႕ အျပစ္ဒဏ္ကိုေလွ်ာ့ေပါ့ေပးထားတာ။ အဲ့လို စြမ္းအားရွိတာကို ၿမိဳသိပ္ထားၿပီး အစ္ကိုအရင္းကိုေတာင္ သတ္တဲ့သူမ်ိဳးက ေကာင္းကင္နန္းေတာ္က ဘယ္လိုရာထူးမ်ိဳးနဲ႔မွ လက္ခံမွာမဟုတ္ဘူး။ မင္း လက္ေလွ်ာ့လိုက္တာပိုေကာင္းလိမ့္မယ္'
'ဒါဆိုရင္ ဘယ္လိုရာထူးပဲထားထား....ေနာက္ဆုံး ရာထူးမရွိရင္ေနပါေစ ဘတ္ဟြၽန္း ကို ဝမ္ေယာလ္ အနားမွာေနရေအာင္လုပ္ေပး။ ရွက့္ဘာသာရွင္ ဘယ္လိုအမိန႔္စာပဲေရးေရး ဘတ္ဟြၽန္း ဝမ္ေယာလ္ အနားမွာ ရွိရင္ၿပီးေရာ'
မင္းႀကီး က နတ္ဘုရားမကို စိုက္ၾကည့္ေနသည္။ တရားသူႀကီးက တရားခံအားၾကည့္ေနသည့္ အၾကည့္မ်ိဳး.....
'မင္း ဘာေတြႀကံစည္ေနတာလဲ'
နတ္ဘုရားမက မင္းႀကီး၏ မ်က္လုံးကို တန္ျပန္ၾကည့္ကာ
'ဘာမွမႀကံစည္ပါဘူး။ ကေလးကိုဆုံးရႈံးထားတဲ့ ဘတ္ဟြၽန္း အတြက္ ဝမ္ေယာလ္ အနားမွာ ေနေစခ်င္႐ုံပါ။ ၿပီးေတာ့ နဂါးနန္းေတာ္က သူ႔ကိုစြန႔္ပစ္လိုက္ၿပီ။ အနည္းဆုံးေတာ့ သူအိပ္စရာေနရာရွိရင္ ရၿပီ'
ဘတ္ဟြၽန္း လို နတ္နဂါးအတြက္ အိပ္စရာမရွားမွန္း မင္းႀကီးသိသည္။ ဒါေပမဲ့ နတ္ဘုရားမက စကားလုံးလွေအာင္ေ႐ြးေျပာရင္း တအားႏု႐ြေနသည္။ မီးနတ္ဘုရားမက ဒီလိုမွမဟုတ္တာ။ အၿမဲတမ္း မီးဟုတ္ဟုတ္ေတာက္ေနသည့္ အၾကည့္ေတြျဖင့္ သူ႔နန္းေတာ္ကို ျပာက်ေစသူမဟုတ္လား။ ဒါေပမဲ့ သူလည္း မာနခ်ခ်ိန္ရွိေသးသည္။ ဝမ္ေယာလ္ အတြက္.....သူ႔ကေလးအတြက္ အျမင္ကတ္လွပါသည္ဆိုေသာ မင္းႀကီးအား စကားလွလွေလးေတြေျပာၿပီး ေအာက္က်ိဳ႕ခံေနရသည္။ မိခင္ေမတၱာသည္ ႀကီးမားပါ၏။
'မနက္ျဖန္ ညီလာခံမွာ အမိန႔္ေၾကညာေပးမယ္'
'အင္း'
'ျပန္ေတာ့'
'ျပန္မွာပါ။ ရွင္ေျပာစရာမလိုဘူး'
နတ္ဘုရားမ ထြက္သြားေတာ့မွ မင္းႀကီး၏ အၾကည့္ေတြက ေၾကာက္စရာေကာင္းလာသည္။
'ဝမ္ေယာလ္ အတြက္ ဘတ္ဟြၽန္း ကို အကာအကြယ္လုပ္ေစခ်င္တာလား'
မင္းႀကီးက အမိန႔္တစ္ခုေပၚတြင္ တံဆိပ္တုံး႐ိုက္ႏွိပ္လိုက္ၿပီး
'ဘတ္အြန္း ၿပီးေတာ့ ဘတ္ဟြၽန္း'
မင္းႀကီးက အမိန႔္စာအား ေသခ်ာလိပ္ေခါက္ၿပီး
'ခ်ဴးရန္ နဲ႔ ဖူးစာနတ္မင္းကို လာခိုင္းလိုက္'
'ဟုတ္ကဲ့ မင္းႀကီး'
ဒီတစ္ႀကိမ္တြင္ေတာ့ မီးနတ္ဘုရားမက သူ႔နန္းေဆာင္ကို မီးမရႈိ႕သြားေပ။ ေရာက္ေလရာအရပ္ မီးေလာင္ေနတာကိုႀကိဳက္ေသာ မီးနတ္ဘုရားမ....
'မင္းႀကီး ေခၚခိုင္းလိုက္တယ္ဆိုလို႔ပါ'
ဖူးစာနတ္မင္းကအရင္ေရာက္ၿပီး နည္းနည္းၾကာမွ ခ်ဴးရန္ က မ်က္ႏွာမေကာင္းစြာ ဝင္လာသည္။
'ခမည္းေတာ္ ေခၚထားလို႔ လာတာပါ'
'ထိုင္'
'ဟုတ္ကဲ့'
နတ္မင္းနဲ႔ ခ်ဴးရန္ ထိုင္မွာ ထိုင္ၿပီးေနာက္
'အေျခအေနက သိပ္မဟန္ဘူး။ ေျပာင္းရမယ္ထင္တယ္'
'ဘာလို႔လဲ'
'ဘတ္ဟြၽန္း က ဝမ္ေယာလ္ အနား ျပန္ေရာက္လာၿပီ'
'ဘယ္လိုျဖစ္ၿပီးလဲ'
နတ္မင္းက အလိုမက်စြာေမးလိုက္သည္။ ခ်ဴးရန္ ကေတာ့ ဘတ္ဟြၽန္း အေၾကာင္းၾကားတာနဲ႔
'သူအဆင္ေျပရဲ႕လား'
ခ်ဴးရန္ ၏ အေမးကို မင္းႀကီးက ေခါင္းၿငိမ့္ျပၿပီး
'မီးနတ္ဘုရားမ ကိုယ္တိုက္လာေျပာသြားတာ'
'သူလာေျပာလဲ မင္းႀကီး လက္မခံရင္ရတယ္ေလ'
'သူ သံသယဝင္ေနတယ္။ အဲ့ဒါေၾကာင့္ လက္မခံလို႔မရဘူး'
'ဒါဆို ဘာဆက္လုပ္မလဲ'
'ဘတ္ဟြၽန္း က ဝမ္ေယာလ္ ကို တအားခ်စ္ေတာ့ မ်က္စိေအာက္က အေပ်ာက္ခံမွာမဟုတ္ဘူး။ ပိုဆိုးတာက ဘတ္ဟြၽန္း ရဲ႕ စြမ္းအားအတိုင္းအတာကဟဘယ္ေလာက္ထိရွိလဲ မသိရေသးဘူး။ အဲ့ဒါေတြေၾကာင့္ ငါတို႔ေတြ ဘတ္ဟြၽန္း ကိုအရင္ရွင္းရမယ္'
'ဘတ္ဟြၽန္း မွအျပစ္မွမရွိတာ'
ခ်ဴးရန္ က ေျပာေတာ့
'ဒါေပမဲ့ မင္းရဲ႕တက္လမ္းကိုပိတ္ရင္ေတာ့ အျပစ္ရွိသြားၿပီေလ'
မင္းႀကီးက ေလသံေအးေအးျဖင့္ေျပာသည္။
'တစ္ကယ္လို႔ သားေတာ္ ဘတ္ဟြၽန္း ကိုမထိခိုက္ေစခ်င္ရင္ သားေတာ္ကိုယ္တိုင္ ဘတ္ဟြၽန္း ကို ကိုင္တြယ္ပါ'
'ဘယ္လိုမ်ိဳးလဲ'
'ဘယ္လိုနည္းလမ္းသုံးသုံး အေရးႀကီးတာ ဘတ္ဟြၽန္း ဝမ္ေယာလ္ အနားမွာမေနဖို႔ပဲ'
ခက္ေတာ့ခက္ေပမဲ့ ႀကိဳးစားၾကည့္ပါ့မယ္။ ကြၽန္ေတာ္ ဘတ္ဟြၽန္း ကို မထိခိုက္ေစခ်င္ဘူး'
ခ်ဴးရန္ က ဘတ္ဟြၽန္း ကို သနားေနသည္။ ဘတ္ဟြၽန္း ရဲ႕ စြမ္းအားသုံးခ်ိန္ ဘယ္ေလာက္ထိ ေသြးေအးရက္စက္တတ္လဲ သူမသိေပ။
'ဘတ္ဟြၽန္း က သာမန္မဟုတ္ဘူးေနာ္'
မင္းႀကီးကေျပာေတာ့ ခ်ဴးရန္ ဖူးစာနတ္မင္းကိုၾကည့္လိုက္ၿပီး
'နတ္မင္းေျပာထားပါတယ္။ သူကကံၾကမၼာနတ္မင္းဆိုတာ'
မင္းႀကီးက ေရေႏြးၾကမ္းအားတစ္ငုံေသာက္လိုက္ၿပီး ခြက္ကို ခုံေပၚျပန္တင္ကာ
'သား ကံၾကမၼာနတ္မင္းအေၾကာင္း ဘယ္ေလာက္သိလဲ'
'ကြၽန္ေတာ္တို႔ရဲ႕ ကံၾကမၼာေတြကို ဖန္တီးသူေလ'
မင္းႀကီးက ႏႈတ္ခမ္းလႈပ္႐ုံေလးၿပဳံးသည္။
'ကံၾကမၼာနတ္မင္းက အရမ္းေသြးေအးရက္စက္တတ္တယ္။ သူကေရပဲ။ သူ႔ကိုမထိသေ႐ြေတာ့ ၿငိမ္ေနတတ္ၿပီး စိတ္ဆိုးလာရင္ လႈိင္းလုံးျဖစ္တဲ့အထိ ေပါက္ကြဲတတ္တယ္။ ၿပီးေတာ့ သူက .......'
မင္းႀကီးဆက္မေျပာေတာ့ဘဲ အႀကံတစ္ခုရလိုက္သလိုမ်ိဳး မဲ့ၿပဳံး ၿပဳံးလိုက္သည္။
'ဘာမွမဟုတ္ေတာ့ဘူး'
မင္းႀကီးသည္ စကားကို ေရွ႕မဆက္ေတာ့ေပ။
'ဒီမွာ အိပ္သြားမလား'
ဖူးစာနတ္မင္းကို ၾကည့္ၿပီဴေျပာလိုက္ေတာ့ နတ္မင္းက မတ္တပ္ရပ္လိုက္ၿပီး
'လူ႔ျပည္က ဆုေတာင္းလႊာေတြကို စစ္စရာရွိေသးလို႔ ျပန္လိုက္ပါဦးမယ္ မင္းႀကီး'
နတ္မင္း ကေျပာေတာ့ ခ်ဴးရန္ ကပါ
'သား နတ္မင္းကိုဟလိုက္ပို႔လိုက္ပါမယ္'
ႏွစ္ေယာက္စလုံးျပန္သြားေတာ့မွ မင္းႀကီး သက္ျပင္းခ်မိသည္။ ဝမ္ေယာလ္ ရွိေနသ၍ သူခ်စ္ေသာသူအနား ဘယ္ေတာ့မွ ကပ္လို႔ရမည္မဟုတ္ေပ။
'ေတာ္ေတာ္ဆိုးဆိုးပဲ'
မင္းႀကီး မႀကိတ္ႏိုင္ မခဲႏိုင္ ေရ႐ြတ္လိုက္သည္။
≥≥≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤
ဘတ္ဟြၽန္း ဝမ္ေယာလ္ အေဆာင္မွာသာေနေနၿပီး ဘာလုပ္ရမွန္းမသိေသာေၾကာင့္ ဝမ္ေယာလ္ အခန္းအျပင္တြင္သာ ထိုင္ေနသည္။ ေလွကားထစ္ေလးတြင္ ဒူးေလးပိုက္ၿပီး ထိုင္ေနကာ အထဲကစားပြဲခုံေပၚတြင္ စားေရးေနေသာ ဝမ္ေယာလ္ ကို ေခ်ာင္းၾကည့္ေနသည္။
တစ္ခ်ိန္လုံး ဘာမွမစားမေသာက္ဘဲ ဝမ္ေယာလ္ ကိုပဲ ၾကည့္ေနေသာ ဘတ္ဟြၽန္း အား အိမ္ေရွ႕စံနန္းေဆာင္က အထိန္းေတာ္ေတြက အျမင္ကတ္ေနၾကသည္။
ခဏေနေတာ့ အထိန္းေတာ္တစ္ေယာက္က မွင္ေသြးေက်ာက္အား အခန္းဆီယူလာတာကိုေတြ႕လိုက္ေတာ့
'ယူသြားလိုက္မယ္'
'ရပါတယ္'
အထိန္းေတာ္က လက္မခံဘဲ ဆက္သြားဖို႔ျပင္ေနေသာေၾကာင့္
'ေပးပါ'
ဘတ္ဟြၽန္း ထပ္ေျပာလိုက္ေတာ့ အထိန္းေတာ္ေလးက ဘတ္ဟြၽန္း ကိုဟစိတ္ပ်က္စြာၾကည့္လာသည္။ ေနာက္ေတာ့မွ ဝမ္ေယာလ္ ဘတ္ဟြၽန္း ကို ဘယ္လိုဆက္ဆံမလဲ သိခ်င္တာနဲ႔ ေပးလိုက္သည္။
'ေက်းဇူး'
ဘတ္ဟြၽန္း အၿပဳံးလွလွေလးအား ၿပဳံးျပရင္း အခန္းထဲဝင္သြားသည္။
အလုပ္ရႈပ္ေနေသာ ဝမ္ေယာလ္ မွာ ဘတ္ဟြၽန္း ဝင္လာတာကို မသိေပ။
မွင္ေသြားေက်ာက္အားထားၿပီး ထြက္သြားသည္အထိ ဝမ္ေယာလ္ မသိေပ။ တံခါးေပါက္နားေရာက္ေတာ့မွ ဝမ္ေယာလ္ ေမာ့ၾကည့္လိုက္ေတာ့ ဘတ္ဟြၽန္း ျဖစ္ေနတာေၾကာင့္
'ဘတ္ဟြၽန္း'
'ဗ်ာ'
ဘတ္ဟြၽန္း လွည့္ၾကည့္လိုက္ေတာ့ သူ႔မ်က္ႏွာဆီ ပ်ံလာေသာ မွင္ေသြးေက်ာက္ကို ေတြ႕လိုက္ရသည့္။ ေရွာင္လို႔ရသည့္တိုင္ ဘတ္ဟြၽန္း ကတစ္ခ်က္မလုပ္ပဲ အပစ္ေပါက္ခံသည္။ ႏွဖူးေပါက္သြားၿပီး ေသြးေတြစီးက်လာသည္အထိ ဘတ္ဟြၽန္း မလႈပ္မယွက္ရပ္ေနသည္။ သူက ခြင့္မျပဳဘဲ ဝင္လာခဲ့သည္ မဟုတ္လား။
'ထြက္သြား'
ဝမ္ေယာလ္ အလုပ္ရႈပ္ေနေသာေၾကာင့္ ၾကၾကာစိတ္မဆိုးလိုက္ရဘဲ အလုပ္သာဆက္လုပ္ေနလိုက္သည္။ လူ႔ျပည္တြင္ ပြဲေတာ္ရက္ျဖစ္ေသာေၾကာင့္ အိမ္ေရွ႕စံမင္းသားဆီ ဆုေတာင္းစာေတြအမ်ားအျပားေရာက္ေနသည္။ ထိုထဲကမွ ကံၾကမၼာနတ္မင္း၏ စာလႊာ ကိုက္ညီသူကို သူက ကူညီေပးရသည္။ ဒါမွ ယုံၾကည္သူေတြပိုမ်ားလာၿပီး သူ႔ရဲ႕စြမ္းအားလည္း ပိုၿပီး ေတာင့္တင္းလာလိမ့္မည္။
ဘတ္ဟြၽန္း ဝမ္ေယာလ္ စကားနားေထာင္စြာ အခန္းထဲက ထြက္ၿပီး ခုနက ေနရာေလးမွာပဲ တိတ္တိတ္ေလး ထိုင္ေနျပန္သည္။
အလုပ္မ်ားေနေသာ ဝမ္ေယာလ္ ကို ကူညီေပးခ်င္ေနၿပီး ဝမ္ေယာလ္ ကိုေတာ့ လြတ္လပ္စြာ စိတ္အပန္းေျဖေစသည္။ တစ္ဆက္တည္း ဘတ္အြန္း အေၾကာင္းေတြးမိေတာ့
''အစ္ကိုေတာ္ငယ္ရွိရင္ မင္းသား ဒီေလာက္မပင္ပန္းေလာက္ဘူး''
ခ်ဴးရန္ က ဘတ္ဟြၽန္း ကို တိတ္တိတ္ေလးလာေခၚသြားသည္။ ျဗဳန္းစားႀကီး လက္ဆြဲခံလိုက္ရေပမဲ့ ခ်ဴးရန္ ျဖသ္ေနေသာေၾကာင့္ ဘတ္ဟြၽန္း ဘာမွမေျပာေတာ့ဘဲ အသာတၾကည္သာလိုက္သြားသည္။
ဥယ်ာဥ္ထဲေရာက္ေတာ့ ခ်ဴးရန္ က ဘတ္ဟြၽန္း ၏ ဒဏ္ရာကို လက္ကိုင္ပုဝါေလးျဖင့္ ေသြးမထြက္ေအာင္ သုတ္ေပးေနသည္။
'နာေနလား'
ဘတ္ဟြၽန္း ေခါင္းခါျပလိုက္သည္။
'ဝမ္ေယာလ္ အနားက ထြက္လာလိုက္ပါလား။ သူမင္းကိုမုန္းေနတာ ။ ဒါက အကင္းပဲရွိေသးတာ'
'ဆုံးျဖတ္ၿပီးသြားၿပီ'
ခ်ဴးရန္ ၏ အၿပဳံးေတြက မပီျပင္ေတာ့ေပ။
'ငါ ဝူေဆာ့ ကိုေခၚထားတယ္။ လိုက္ခဲ့'
'ဘယ္မွာလဲ'
'ငါ့နန္းေဆာင္မွာ'
'အာ'
ဘတ္ဟြၽန္း ဝမ္ေယာလ္ အခန္းရွိရာဘက္ကိုၾကည့္လိုက္ၿပီး
'သြားရေအာင္'
'အင္း'
ခ်ဳးရန္ ဘတ္ဟြၽန္း ကိုေခၚသြားသည္။
ဝမ္ေယာလ္ ဆုေတာင္းစာေတြကို ေသခ်ာျပန္လုပ္ေနတုန္း ဘတ္ဟြၽန္း ကို ေတြ႕လိုက္ရတာေၾကာင့္ အလုပ္လုပ္ခ်င္စိတ္ပါေပ်ာက္သြားသည္။
ဆက္ၿပီး ဆုေတာင္းစာဖတ္ေနတုန္း
'အိမ္ေရွ႕စံ၏ ဓားနဲ႔ မိစာၦေတြကို သတ္ေပးပါ မင္းသား။ သူတို႔က သားအေဖ၊အေမနဲ႔ ညီမေလးကို သတ္ပစ္လိုက္ၿပီ။ ေက်းဇူးျပဳၿပီး မိစာၦေတြကို သတ္ေပးပါ မင္းသား'
'မိစာၦ? ဒီမွာ မိစာၦမွမရွိတာ'
ဝမ္ေယာလ္ က ကေလးအေတြးျဖင့္ ေရးထားေသာ ဆုေတာင္းလႊာအား သိပ္အာ႐ုံမထားေပ။ ဒါေပမဲ့ ေနာက္တစ္႐ြက္တြင္လည္း မိစာၦအေၾကာင္း ပါလာျပန္သည္။
'ဒါက ...... ထိုအခ်ိန္တြင္ ဝမ္ေယာလ္ ညႇီစို႔စို႔ေသြးအနံ႔ႀကီးအား ခံစားလိုက္ရသည္။
ဘတ္ဟြၽန္း ခ်ဴးရန္ နဲ႔လိုက္သြားတုန္း ဝမ္ေယာလ္ အႏၲရာယ္ရွိတာကို ခံစားမိၿပီး နဂါးပုံစံေျပာင္းကာ အိမ္ေရွ႕စံနန္းေဆာင္အား ျပန္လွည့္သြားေတာ့သည္။ ခ်ဴးရန္ ကေတာ့ ဘတ္ဟြၽန္း ကို လွမ္းေခၚေပမဲ့ ျပန္လွည့္မလာေသာေၾကာင့္ ဝမ္ေယာလ္ ကို မခြဲႏိုင္ဘူးဟု ထင္သြားၿပီး ဝူေဆာ့ ကို ျပန္လႊတ္ရန္ အေဆာင္ကိုသာ ျပန္လာခဲ့သည္။ ဒါေပမဲ့ သြားေနတုန္း ႐ုတ္တရက္ ခ်ဴးရန္ ေသြးညႇီနံ႔ခံစားလိုက္ရသည္။
သုံးေလာကကို ဆက္ထားေသာ တံခါးေပါက္ပြင့္သြားၿပီး မိစာၦတပ္ေတြက ေသြးဆာေလာင္ေနေသာေၾကာင့္ လူ နတ္ မခ်န္ ေသြးရည္တို႔အား လိုက္လံ ေသာက္ေနသည္။
^-^-^-^-^-^-^-^-^-^-^-^-^-^-^
🎂Happy Birthday ဝမ္ေယာလ္🎂
ပတ္ခ်န္းေယာလ္ ဆိုတဲ့ ကိုယ့္ရဲ႕ ideal type ေလးက အသက္တစ္ႏွစ္ႀကီးလာျပန္ပါၿပီ။ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး အႏုပညာအလုပ္ေတြကို အမ်ားႀကီး ဆက္လုပ္သြားႏိုင္ပါေစ။ အစ္ကိုဆိုမဲ့ ေနာက္ထပ္သီခ်င္းေတြကိုလည္း ေမွ်ာ္လင့္ေနပါတယ္။ အသက္ေတြႀကီးသြားတဲ့အထိအတူတူ အိုမင္းသြားရေအာင္လား အစ္ကို။ ထာဝရ EXO-L အျဖစ္ အစ္ကိုတို႔ကို ဆက္အားေပးသြားမွာပါ။ ရည္မွန္းထား ရည္႐ြယ္ထားတဲ့ အႏုပညာလုပ္ငန္းေတြလည္း အမ်ားႀကီး လုပ္ႏိုင္ပါေစေနာ္❤️❤️
ပုံေလးကေတာ့ Forevermore (Chanbaek fic)အတြက္ artist Yume ゆめ က ဝမ္ေယာလ္ ေမြးေန႔လက္ေဆာင္ေလး ဆြဲထားေပးတာပါ💙💙 အခုမွ ရလို႔ ရရခ်င္း bd wish ေလးတင္ၿပီး လာႂကြားတာ😁 artist ေပါက္စေလးမို႔လို႔ အမွားပါရင္လည္း ခြင့္လႊတ္ေပးပါေနာ္
[Unicode]
Forevermore
အပိုင်း-၁၅
(ဝမ်ယောလ် ပုံလေးလည်း ကြည့်သွားပေးပါဦးနော်💙💙)
ဝမ်ယောလ် ပြန်လာတာ့ ဘတ်ဟျွန်း လည်း အနောက်ကနေလိုက်လာခဲ့သည်။ မီးနတ်ဘုရားမပေးအပ်ခဲ့သော တာဝန်သည် ဘတ်ဟျွန်း က ဝမ်ယောလ် အနားတွင် အမြဲတမ်းရှိနေပြီး ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်သည်။ ဒါကို ကိုယ်ရံတော်ရာထူးလား မေးလို့ရပေမဲ့ ကိုယ်ရံတော်ထက် ပိုသော ဆက်ဆံရေးတွင်လည်း ဘတ်ဟျွန်း နေနိုင်ရမည်ဖြစ်သည်။
တာဝန်ဟုပေးထားသော်လည်း ဘတ်ဟျွန်း တွင် ရာထူးဟူ၍ ပြစရာမရှိ။ ကြင်ယာတော်မဟုတ် ကိုယ်ရံတော်မဟုတ် နောက်ဆုံး ဘတ်ဟျွန်း က ကိုယ်လုပ်တော်တောင်မဟုတ်ပေ။ ထိုမျှအထိ နှိမ်ထားသော်လည်း ဘတ်ဟျွန်း အတွက် အရေးမကြီးပေ။ သူ့အတွက် လိုအပ်သည်က ဝမ်ယောလ် အနားတွင် နေနိုင်ခွင့်သာဖြစ်သည်။
ဝမ်ယောလ် ဥယျာဉ်ထဲတွင် စိတ်ငြိမ်အောင်လုပ်နေတုန်း ဘတ်ဟျွန်း လိုက်လာမှန်းသိတော့ ဓားထုတ်လိုက်ပြီး ဘတ်ဟျွန်း ဆီကို ရွယ်လိုက်သည်။
'ခမည်းတော်အမိန့်တစ်ခုတည်းနဲ့ ငါ့အနားမှာနေနိုင်မယ်ထင်နေလား ဘတ်ဟျွန်း'
'အခု ကျွန်တော်ရောက်နေပြီလေ'
ဘတ်ဟျွန်း ကရိုးရိုးတန်းတန်းပြောပေမဲ့ ဝမ်ယောလ် က ရွဲ့နေတယ်ထင်သွားပြီး
'တော်တော်အရှက်မရှိတာပဲ'
ဘတ်ဟျွန်း ဘာမှမပြန်မပြောတော့ပေ။ ဝမ်ယောလ် ပြောချင်ရာကိုသာ ပြောခွင့်ပေးထားလိုက်တော့သည်။ ဝမ်ယောလ် အခြေအနေက အမုန်းဆုံးလူကိုအနားတွင် ထားထားရမည်ဖြစ်သောကြောင့် စိတ်ဒေါသဖြေဖို့အတွက် စိတ်တိုခံရမည့်သူလိုအပ်နေသည် မဟုတ်လား။
ဝမ်ယောလ် ၏ ဓားဦးချွန်က ဘတ်ဟျွန်း လည်ပင်းဆီ ထိုးထောက်လိုက်ပြီး
'မယ်တော့်ကို အပူကပ်လိုက်ရုံနဲ့ ငါ့အနားမှာနေပြီး ငါ့အချစ်ကိုရမယ်ထင်နေတာလား ဘတ်ဟျွန်း။ ငါမင်းကို အသွေးထဲ အသားထဲကို မုန်းတာ'
'သတ်လိုက်'
'ဘာ'
'မင်းသားရဲ့ ဓားဦးတည်ရာက မှားနေတယ်'
ဘတ်ဟျွန်း ဓာကို ဆုပ်ကိုင်လိုက်ပြီး သူ့နှလုံးဆီ ထိုးစိုက်ရန်နေရာချပေးသည်။
'ဒီနေရာကို တစ်ချက်တည်း ထိုးစိုက်လိုက်။ မင်းသားရဲ့ အမုန်းတွေပြေသွားမယ်ဆိုရင် ကျွန်တော်အသေခံပေးပါ့မယ်'
ဘတ်ဟျွန်း ၏ အပြောကြောင့် ဝမ်ယောလ် က ပြုံးသည်။ ဒီကောင်လေး သူနဲ့ အချစ်ကစားပွဲ လာကစားနေသည်။
'မင်းငါ့ကို ဘယ်လောက်ချစ်လဲ ဘတ်ဟျွန်း'
'ပြောမပြတတ်အောင်ပေါ့။ ကျွန်တော့်အသက်ထက် ပိုပြီးချစ်တယ်။ ဘယ်အချိန်ထိလဲမေးရင် ထာဝရထက်ကို ပိုပြီး ချစ်တယ်'
'ကောင်းပြီလေ'
ဝမ်ယောလ် က ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့လက်ဖဝါးကို လှီးလိုက်သည်။ ရဲရဲနီသော သွေးတွေက ပန်းဥယျာဉ်ထဲ တစ်စက်စက် ကျနေသည်။
ဝမ်ယောလ် က ထိုသွေးစက်တို့အား မျက်စိရှေ့ထိမြှောက်ကာ ကျိန်စာဆိုသည်။
'ငါက မင်းအချစ်နဲ့ထပ်တူ မင်းကိုမုန်းပါရစေလို့ ကျိန်စာဆိုတယ်။ မင်း ငါ့ကို အသက်ထက်ချစ်ရင် ငါမင်းကို အသက်ထက်မုန်းတယ်။ မင်း ငါ့ကို ထာဝရထက်ပိုချစ်ရင် ထာဝရထက်ပိုမုန်းပါရစေလို့ ကျိန်စာတိုက်တယ်'
'ချစ်ခြင်းနဲ့မုန်းခြင်းမှာ ပူလောင်တဲ့အမုန်းက အနိုင်ရမယ်ထင်လား မင်းသား။ ကျွန်တော် မင်းသားကိုချစ်တာ လိုချင်တပ်မက်မှုထက် ချစ်လို့ ဆိုတာလေးပဲ ရှိတာပါ။ မချစ်နိုင်ရင်နေပါ။ ဒီလို ကျိန်စာတိုက်ဖို့အထိ လိုလို့လား'
'မင်းက ကစားချင်နေတာလေ။ ဘယ်သူနိုင်မလဲ စောင့်ကြည့်ရုံပေါ့'
'ကျွန်တော့်ကို နဂါးတိုင်းပြည်က စွန့်ပစ်လိုက်ပြီမင်းသား။ ရေပိုင်နက်ထဲ ကျွန်တော် ကူးလူးသွားလာခွင့်မရှိတော့ဘူး။ ကျွန်တော့်မှာ ပြန်စရာအိမ်ကော နားနေစရာ ခိုနားရာလည်း မရှိတော့ပါဘူး။ မင်းသားက ကျွန်တော့်ရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုပါ။ အချစ်နဲ့မဟုတ်ဘဲ အမုန်းကိုပဲ ပိုင်ဆိုင်ထားရရင်တောင် ကျွန်တော် ကပ်တွယ်ထားပါရစေ'
ပူလောင်သော သွေးကျိန်စာကို ဖက်တွယ်လို့ ဘတ်ဟျွန်း ဝမ်ယောလ် အနားတွင် နေခွင့်တောင်းခဲ့သည်။
'မင်းသဘောပဲ။ ငါကတော့ မင်းကို ဘယ်တော့မှ ချစ်လာမှာမဟုတ်သလို လက်လည်းခံမှာမဟုတ်ဘူး၊ငါချစ်တာ အွန်းလေး တစ်ယောက်တည်းပဲရှိတာ'
ဝမ်ယောလ် ပြန်သွားတော့ ထိုနေရာတွင် ဘတ်ဟျွန်း တစ်ယောက်သာ ကျိန်စာသွေးစက်တွေနဲ့အတူ ကျန်နေခဲ့သည်။ အဖြူရောင်တိမ်ငွေ့တွေကြားမှာ ဇာမဏီသွေးစက်တွေက ရဲရဲတောက်နေခဲ့သည်။ ဘတ်ဟျွန်း ထိုသွေးစက်တွေကို သူ့စွမ်းအားဖြင့်ယူလိုက်ပြီး အကြည်ရောင် ပုလင်းသေးလေးထဲ ထည့်လိုက်သည်။
သွေးရည်စက်တွေက လှပပေမဲ့ ကျိန်စာပါဝင်နေလို့ အနက်ရောင်သွေးကြောတွေ ပေါက်ဖွားနေသည်။ ဘတ်ဟျွန်း ထိုသွေးပုလင်းအား လက်ဖဝါးနှစ်ဖက်ကြား ထားပြီး စွမ်းအားသုံးလိုက်ချိန်မှာတော့ ဇာမဏီငှက်ပုံ သွေးကျောက်လေးဖြစ်သွားသည်။ ထိုကျောက်လေးအား အဖြူရောင်ရစ်ကြိုးလေးနဲ့တွဲလိုက်ပြီး ဘတ်ဟျွန်း လည်ပင်းတွင်ဆွဲထားလိုက်သည်။
ဘတ်ဟျွန်း သည် ဝမ်ယောလ် နဲ့ပက်သက်လျှင် ကျိန်စာကအစ တန်ဖိုးထားပါ၏။
~~~~~~~~~~
မနေ့က ညနေပိုင်းအချိန်တွင် ဖြစ်သည်။
ကောင်းကင်နန်းတော် ဟုခေါ်သော ကောင်းကင်မင်းကြီး၏ အိမ်တော်တွင် မီးနတ်ဘုရားမ ရောက်လာပြီး
'ဝမ်အွန်း ကိစ္စက ရှင်နဲ့မှ ကင်းရဲ့လား'
နတ်ဘုရားမက အဖြူရောင် ကျောက်ထိုင်ခုံတွင် ထိုင်ရင်းမေးလိုက်သည်။ နတ်ဘုရားမ လာတာကိုသိတော့ မင်းကြီးက စာလိပ်တစ်ခုကိုဖတ်နေရင်း လှမ်းကြည့်လိုက်သည်။
နတ်ဘုရားက စားပွဲပေါ်တင်ထားသော ကရားအိုးထဲက ရေနွေးကို ခွက်ထဲ လောင်းထည့်လိုက်သည်။ အနည်းငယ်အေးနေပြီဖြစ်သော ရေနွေးက နတ်ဘုရားမလက်ထဲရောက်သွားချိန်မှာတော့ ချက်ချင်းဆူပွက်သွားသည်။
'မင်းက ဘာကို ပြောချင်တာလဲ'
'ဒီအတိုင်း ခန့်မှန်းကြည့်တာပါ။ ယောလ်ငယ် ကို ရှင်မချစ်မှန်း ကျွန်မသိတယ်။ ဒါပေမဲ့ ယောလ်ငယ် က ထီးနန်းကိုဆက်ခံရတော့မဲ့သူလေ။ အဲ့သူတစ်ယောက်က အချစ်ကြောင့် ရူးကြောင်ကြောင်တွေလျှောက်လုပ်နေတာကို အေးအေးဆေးဆေးကြည့်နေနိုင်တယ်ဆိုတော့ ရှင်များ တမင်တကာလုပ်ထားတာလားလို့ သံသယဝင်မိလို့ပါ'
'မင်း သားက အချစ်စိတ်မွှန်နေတာလေ။ ဘယ်သူမဆို ယောလ်ငယ် လိုအဖြစ်အပျက်ကြုံလိုက်ရရင် အနည်းနဲ့အများတော့လွတ်သွားမှာပဲလေ။ အဲ့ဒါကြောင့် ဒီအတိုင်းလွှတ်ထားလိုက်တာ'
'ဒီအတိုင်းလွှတ်ထားတာက ကလေးတွေသေသွားတဲ့အထိလား'
'အဲ့ဒါက ငါနဲ့မဆိုင်ဘူးလေ။ တစ်ကယ်ဆိုရင် မင်းလည်းတွေ့တဲ့အတိုင်းပဲ။ ဘတ်ဟျွန်း ရဲ့ စွမ်းအားက သာမန်မဟုတ်ဘူး။ သူကာကွယ်နိုင်ရက်နဲ့ အရှုံးပေးသွားတာလေ။ ငါ့ရဲ့ ရဲမက်တွေကို အဲ့အချိန်မှာ သွားဆွဲခိုင်းရင် အကုန် ဒဏ်ရာရကုန်မှာပေါ့'
'ဘာမဟုတ်တဲ့ ရဲမက်တွေကြောင့် တော်ဝင်သွေးသားကို အဆုံးရှုံးခံလိုက်တာပေါ့။ ဉာဏ်ပညာကြီးမားလွန်းပါတယ် မင်းကြီး။ မင်းကြီးရဲ့ ဦးနှောက်ကို ရွှေချထားသင့်တယ်'
'မင်းအရမ်းပျင်းနေလို့ ငါနဲ့ရန်ဖြစ်ဖို့လာတာလား။ ငါမအားသေးလို့ ပြန်လိုက်တော့။ ဒီနန်းတော်က မင်းကို မကြိုဆိုဘူး'
'သိပ်ပါတယ်။ ရှင် နှင်ထုတ်စရာမလိုပါဘူး။ ပြန်မှာပါ။ ယောလ်ငယ် ကိစ္စကြောင့်သာမဟုတ်ရင် ရှင့်ရဲ့ အစုတ်အပြတ်တဲစုတ်ဆီ ခြေဦးတောင်မလှည့်ဘူး'
'မင်းပြောလေ ဆိုးလေ ပါလား'
'အဲ့ဒီတော့ဘာဖြစ်လဲ။ ရှင့်ရဲ့ မွေးစားသားကိုကျတော့ နန်းတော်ထဲမှာ တိရိစ္ဆာန်မွေးသလိုတယုတယမွေးထားပြီး ကျွန်မသားကိုကျတော့ ဘာဖြစ်ဖြစ်ပစ်ထားတာကို ကျွန်မ မသိဘူးထင်နေတာလား'
'ချူးရန် နဲ့ ဒီကိစ္စ ဘာမှမဆိုင်ဘူး'
နတ်ဘုရားမက မင်းကြီး စကားကြားတော့ ရယ်သည်။ သူ့ရဲ့ တိတ်တိတ်ပုန်းသားကိုထိတော့ နာတတ်လိုက်တာ။
'ရှင့်ရဲ့ အဲ့အရေးမပါတဲ့သားအကြောင်းကို အရေးတယူလုပ်ပြောနေရအောင် အားမနေဘူး။ အခုလာတာ ယောလ်ငယ် ကိစ္စ။ ကောင်းကင်ဘုံရဲ့ အိမ်ရှေ့စံကိစ္စအတွက်လာတာ'
မင်းကြီးက သက်ပြင်းချလိုက်ပြီး နတ်ဘုရားမကို သေချာကြည့်ကာ
'ဒါဆိုလည်း ပြောစရာရှိတာ မြန်မြန်ပြော'
'ဘတ်ဟျွန်း ကို ယောလ်ငယ် ရဲ့ ကြင်ယာတော်အဖြစ်ထားပေး'
မင်းကြီး မျက်နှာတင်းသွားသည်။ ဘတ်ဟျွန်း က ဘယ်သူလဲ သူသိနေသည်။
'မဖြစ်နိုင်ဘူး။ ဘတ်ဟျွန်း က ဝမ်အွန်း ကို သတ်ထားတာ။ သူ့ကိုတောင် သေချာအပြစ်မပေးရတာ။ ကြင်ယာတော်နေရာထားမယ်ဆိုတော့ ယောလ်ငယ် ရဲ့ ခံစားချက်ကို တအားလျစ်လျူမရှုလွန်းဘူးလား'
မင်းကြီးပြောတာ အကျိုးအကြောင်း ဆီလျော်သည်။ ဒီကိစ္စကို ဝမ်ယောလ် လက်မခံမှန်း ဘယ်သူ့မေးမေးအကုန်သိသည်။
'ဒါဆို ကြင်ယာတော်ငယ်ကော'
'မဖြစ်နိုင်ဘူး။ ဘတ်ဟျွန်း က ဝမ်ယောလ် ရဲ့ ကိုယ်ဝန်ကိုဆောင်ဖူးပြီး ကလေးပျက်ကျသွားလို့ သူ့ရဲ့ အပြစ်ဒဏ်ကိုလျှော့ပေါ့ပေးထားတာ။ အဲ့လို စွမ်းအားရှိတာကို မြိုသိပ်ထားပြီး အစ်ကိုအရင်းကိုတောင် သတ်တဲ့သူမျိုးက ကောင်းကင်နန်းတော်က ဘယ်လိုရာထူးမျိုးနဲ့မှ လက်ခံမှာမဟုတ်ဘူး။ မင်း လက်လျှော့လိုက်တာပိုကောင်းလိမ့်မယ်'
'ဒါဆိုရင် ဘယ်လိုရာထူးပဲထားထား....နောက်ဆုံး ရာထူးမရှိရင်နေပါစေ ဘတ်ဟျွန်း ကို ဝမ်ယောလ် အနားမှာနေရအောင်လုပ်ပေး။ ရှက့်ဘာသာရှင် ဘယ်လိုအမိန့်စာပဲရေးရေး ဘတ်ဟျွန်း ဝမ်ယောလ် အနားမှာ ရှိရင်ပြီးရော'
မင်းကြီး က နတ်ဘုရားမကို စိုက်ကြည့်နေသည်။ တရားသူကြီးက တရားခံအားကြည့်နေသည့် အကြည့်မျိုး.....
'မင်း ဘာတွေကြံစည်နေတာလဲ'
နတ်ဘုရားမက မင်းကြီး၏ မျက်လုံးကို တန်ပြန်ကြည့်ကာ
'ဘာမှမကြံစည်ပါဘူး။ ကလေးကိုဆုံးရှုံးထားတဲ့ ဘတ်ဟျွန်း အတွက် ဝမ်ယောလ် အနားမှာ နေစေချင်ရုံပါ။ ပြီးတော့ နဂါးနန်းတော်က သူ့ကိုစွန့်ပစ်လိုက်ပြီ။ အနည်းဆုံးတော့ သူအိပ်စရာနေရာရှိရင် ရပြီ'
ဘတ်ဟျွန်း လို နတ်နဂါးအတွက် အိပ်စရာမရှားမှန်း မင်းကြီးသိသည်။ ဒါပေမဲ့ နတ်ဘုရားမက စကားလုံးလှအောင်ရွေးပြောရင်း တအားနုရွနေသည်။ မီးနတ်ဘုရားမက ဒီလိုမှမဟုတ်တာ။ အမြဲတမ်း မီးဟုတ်ဟုတ်တောက်နေသည့် အကြည့်တွေဖြင့် သူ့နန်းတော်ကို ပြာကျစေသူမဟုတ်လား။ ဒါပေမဲ့ သူလည်း မာနချချိန်ရှိသေးသည်။ ဝမ်ယောလ် အတွက်.....သူ့ကလေးအတွက် အမြင်ကတ်လှပါသည်ဆိုသော မင်းကြီးအား စကားလှလှလေးတွေပြောပြီး အောက်ကျို့ခံနေရသည်။ မိခင်မေတ္တာသည် ကြီးမားပါ၏။
'မနက်ဖြန် ညီလာခံမှာ အမိန့်ကြေညာပေးမယ်'
'အင်း'
'ပြန်တော့'
'ပြန်မှာပါ။ ရှင်ပြောစရာမလိုဘူး'
နတ်ဘုရားမ ထွက်သွားတော့မှ မင်းကြီး၏ အကြည့်တွေက ကြောက်စရာကောင်းလာသည်။
'ဝမ်ယောလ် အတွက် ဘတ်ဟျွန်း ကို အကာအကွယ်လုပ်စေချင်တာလား'
မင်းကြီးက အမိန့်တစ်ခုပေါ်တွင် တံဆိပ်တုံးရိုက်နှိပ်လိုက်ပြီး
'ဘတ်အွန်း ပြီးတော့ ဘတ်ဟျွန်း'
မင်းကြီးက အမိန့်စာအား သေချာလိပ်ခေါက်ပြီး
'ချူးရန် နဲ့ ဖူးစာနတ်မင်းကို လာခိုင်းလိုက်'
'ဟုတ်ကဲ့ မင်းကြီး'
ဒီတစ်ကြိမ်တွင်တော့ မီးနတ်ဘုရားမက သူ့နန်းဆောင်ကို မီးမရှို့သွားပေ။ ရောက်လေရာအရပ် မီးလောင်နေတာကိုကြိုက်သော မီးနတ်ဘုရားမ....
'မင်းကြီး ခေါ်ခိုင်းလိုက်တယ်ဆိုလို့ပါ'
ဖူးစာနတ်မင်းကအရင်ရောက်ပြီး နည်းနည်းကြာမှ ချူးရန် က မျက်နှာမကောင်းစွာ ဝင်လာသည်။
'ခမည်းတော် ခေါ်ထားလို့ လာတာပါ'
'ထိုင်'
'ဟုတ်ကဲ့'
နတ်မင်းနဲ့ ချူးရန် ထိုင်မှာ ထိုင်ပြီးနောက်
'အခြေအနေက သိပ်မဟန်ဘူး။ ပြောင်းရမယ်ထင်တယ်'
'ဘာလို့လဲ'
'ဘတ်ဟျွန်း က ဝမ်ယောလ် အနား ပြန်ရောက်လာပြီ'
'ဘယ်လိုဖြစ်ပြီးလဲ'
နတ်မင်းက အလိုမကျစွာမေးလိုက်သည်။ ချူးရန် ကတော့ ဘတ်ဟျွန်း အကြောင်းကြားတာနဲ့
'သူအဆင်ပြေရဲ့လား'
ချူးရန် ၏ အမေးကို မင်းကြီးက ခေါင်းငြိမ့်ပြပြီး
'မီးနတ်ဘုရားမ ကိုယ်တိုက်လာပြောသွားတာ'
'သူလာပြောလဲ မင်းကြီး လက်မခံရင်ရတယ်လေ'
'သူ သံသယဝင်နေတယ်။ အဲ့ဒါကြောင့် လက်မခံလို့မရဘူး'
'ဒါဆို ဘာဆက်လုပ်မလဲ'
'ဘတ်ဟျွန်း က ဝမ်ယောလ် ကို တအားချစ်တော့ မျက်စိအောက်က အပျောက်ခံမှာမဟုတ်ဘူး။ ပိုဆိုးတာက ဘတ်ဟျွန်း ရဲ့ စွမ်းအားအတိုင်းအတာကဟဘယ်လောက်ထိရှိလဲ မသိရသေးဘူး။ အဲ့ဒါတွေကြောင့် ငါတို့တွေ ဘတ်ဟျွန်း ကိုအရင်ရှင်းရမယ်'
'ဘတ်ဟျွန်း မှအပြစ်မှမရှိတာ'
ချူးရန် က ပြောတော့
'ဒါပေမဲ့ မင်းရဲ့တက်လမ်းကိုပိတ်ရင်တော့ အပြစ်ရှိသွားပြီလေ'
မင်းကြီးက လေသံအေးအေးဖြင့်ပြောသည်။
'တစ်ကယ်လို့ သားတော် ဘတ်ဟျွန်း ကိုမထိခိုက်စေချင်ရင် သားတော်ကိုယ်တိုင် ဘတ်ဟျွန်း ကို ကိုင်တွယ်ပါ'
'ဘယ်လိုမျိုးလဲ'
'ဘယ်လိုနည်းလမ်းသုံးသုံး အရေးကြီးတာ ဘတ်ဟျွန်း ဝမ်ယောလ် အနားမှာမနေဖို့ပဲ'
ခက်တော့ခက်ပေမဲ့ ကြိုးစားကြည့်ပါ့မယ်။ ကျွန်တော် ဘတ်ဟျွန်း ကို မထိခိုက်စေချင်ဘူး'
ချူးရန် က ဘတ်ဟျွန်း ကို သနားနေသည်။ ဘတ်ဟျွန်း ရဲ့ စွမ်းအားသုံးချိန် ဘယ်လောက်ထိ သွေးအေးရက်စက်တတ်လဲ သူမသိပေ။
'ဘတ်ဟျွန်း က သာမန်မဟုတ်ဘူးနော်'
မင်းကြီးကပြောတော့ ချူးရန် ဖူးစာနတ်မင်းကိုကြည့်လိုက်ပြီး
'နတ်မင်းပြောထားပါတယ်။ သူကကံကြမ္မာနတ်မင်းဆိုတာ'
မင်းကြီးက ရေနွေးကြမ်းအားတစ်ငုံသောက်လိုက်ပြီး ခွက်ကို ခုံပေါ်ပြန်တင်ကာ
'သား ကံကြမ္မာနတ်မင်းအကြောင်း ဘယ်လောက်သိလဲ'
'ကျွန်တော်တို့ရဲ့ ကံကြမ္မာတွေကို ဖန်တီးသူလေ'
မင်းကြီးက နှုတ်ခမ်းလှုပ်ရုံလေးပြုံးသည်။
'ကံကြမ္မာနတ်မင်းက အရမ်းသွေးအေးရက်စက်တတ်တယ်။ သူကရေပဲ။ သူ့ကိုမထိသရွေတော့ ငြိမ်နေတတ်ပြီး စိတ်ဆိုးလာရင် လှိုင်းလုံးဖြစ်တဲ့အထိ ပေါက်ကွဲတတ်တယ်။ ပြီးတော့ သူက .......'
မင်းကြီးဆက်မပြောတော့ဘဲ အကြံတစ်ခုရလိုက်သလိုမျိုး မဲ့ပြုံး ပြုံးလိုက်သည်။
'ဘာမှမဟုတ်တော့ဘူး'
မင်းကြီးသည် စကားကို ရှေ့မဆက်တော့ပေ။
'ဒီမှာ အိပ်သွားမလား'
ဖူးစာနတ်မင်းကို ကြည့်ပြီူပြောလိုက်တော့ နတ်မင်းက မတ်တပ်ရပ်လိုက်ပြီး
'လူ့ပြည်က ဆုတောင်းလွှာတွေကို စစ်စရာရှိသေးလို့ ပြန်လိုက်ပါဦးမယ် မင်းကြီး'
နတ်မင်း ကပြောတော့ ချူးရန် ကပါ
'သား နတ်မင်းကိုဟလိုက်ပို့လိုက်ပါမယ်'
နှစ်ယောက်စလုံးပြန်သွားတော့မှ မင်းကြီး သက်ပြင်းချမိသည်။ ဝမ်ယောလ် ရှိနေသ၍ သူချစ်သောသူအနား ဘယ်တော့မှ ကပ်လို့ရမည်မဟုတ်ပေ။
'တော်တော်ဆိုးဆိုးပဲ'
မင်းကြီး မကြိတ်နိုင် မခဲနိုင် ရေရွတ်လိုက်သည်။
≥≥≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤
ဘတ်ဟျွန်း ဝမ်ယောလ် အဆောင်မှာသာနေနေပြီး ဘာလုပ်ရမှန်းမသိသောကြောင့် ဝမ်ယောလ် အခန်းအပြင်တွင်သာ ထိုင်နေသည်။ လှေကားထစ်လေးတွင် ဒူးလေးပိုက်ပြီး ထိုင်နေကာ အထဲကစားပွဲခုံပေါ်တွင် စားရေးနေသော ဝမ်ယောလ် ကို ချောင်းကြည့်နေသည်။
တစ်ချိန်လုံး ဘာမှမစားမသောက်ဘဲ ဝမ်ယောလ် ကိုပဲ ကြည့်နေသော ဘတ်ဟျွန်း အား အိမ်ရှေ့စံနန်းဆောင်က အထိန်းတော်တွေက အမြင်ကတ်နေကြသည်။
ခဏနေတော့ အထိန်းတော်တစ်ယောက်က မှင်သွေးကျောက်အား အခန်းဆီယူလာတာကိုတွေ့လိုက်တော့
'ယူသွားလိုက်မယ်'
'ရပါတယ်'
အထိန်းတော်က လက်မခံဘဲ ဆက်သွားဖို့ပြင်နေသောကြောင့်
'ပေးပါ'
ဘတ်ဟျွန်း ထပ်ပြောလိုက်တော့ အထိန်းတော်လေးက ဘတ်ဟျွန်း ကိုဟစိတ်ပျက်စွာကြည့်လာသည်။ နောက်တော့မှ ဝမ်ယောလ် ဘတ်ဟျွန်း ကို ဘယ်လိုဆက်ဆံမလဲ သိချင်တာနဲ့ ပေးလိုက်သည်။
'ကျေးဇူး'
ဘတ်ဟျွန်း အပြုံးလှလှလေးအား ပြုံးပြရင်း အခန်းထဲဝင်သွားသည်။
အလုပ်ရှုပ်နေသော ဝမ်ယောလ် မှာ ဘတ်ဟျွန်း ဝင်လာတာကို မသိပေ။
မှင်သွေားကျောက်အားထားပြီး ထွက်သွားသည်အထိ ဝမ်ယောလ် မသိပေ။ တံခါးပေါက်နားရောက်တော့မှ ဝမ်ယောလ် မော့ကြည့်လိုက်တော့ ဘတ်ဟျွန်း ဖြစ်နေတာကြောင့်
'ဘတ်ဟျွန်း'
'ဗျာ'
ဘတ်ဟျွန်း လှည့်ကြည့်လိုက်တော့ သူ့မျက်နှာဆီ ပျံလာသော မှင်သွေးကျောက်ကို တွေ့လိုက်ရသည့်။ ရှောင်လို့ရသည့်တိုင် ဘတ်ဟျွန်း ကတစ်ချက်မလုပ်ပဲ အပစ်ပေါက်ခံသည်။ နှဖူးပေါက်သွားပြီး သွေးတွေစီးကျလာသည်အထိ ဘတ်ဟျွန်း မလှုပ်မယှက်ရပ်နေသည်။ သူက ခွင့်မပြုဘဲ ဝင်လာခဲ့သည် မဟုတ်လား။
'ထွက်သွား'
ဝမ်ယောလ် အလုပ်ရှုပ်နေသောကြောင့် ကြကြာစိတ်မဆိုးလိုက်ရဘဲ အလုပ်သာဆက်လုပ်နေလိုက်သည်။ လူ့ပြည်တွင် ပွဲတော်ရက်ဖြစ်သောကြောင့် အိမ်ရှေ့စံမင်းသားဆီ ဆုတောင်းစာတွေအများအပြားရောက်နေသည်။ ထိုထဲကမှ ကံကြမ္မာနတ်မင်း၏ စာလွှာ ကိုက်ညီသူကို သူက ကူညီပေးရသည်။ ဒါမှ ယုံကြည်သူတွေပိုများလာပြီး သူ့ရဲ့စွမ်းအားလည်း ပိုပြီး တောင့်တင်းလာလိမ့်မည်။
ဘတ်ဟျွန်း ဝမ်ယောလ် စကားနားထောင်စွာ အခန်းထဲက ထွက်ပြီး ခုနက နေရာလေးမှာပဲ တိတ်တိတ်လေး ထိုင်နေပြန်သည်။
အလုပ်များနေသော ဝမ်ယောလ် ကို ကူညီပေးချင်နေပြီး ဝမ်ယောလ် ကိုတော့ လွတ်လပ်စွာ စိတ်အပန်းဖြေစေသည်။ တစ်ဆက်တည်း ဘတ်အွန်း အကြောင်းတွေးမိတော့
''အစ်ကိုတော်ငယ်ရှိရင် မင်းသား ဒီလောက်မပင်ပန်းလောက်ဘူး''
ချူးရန် က ဘတ်ဟျွန်း ကို တိတ်တိတ်လေးလာခေါ်သွားသည်။ ဗြုန်းစားကြီး လက်ဆွဲခံလိုက်ရပေမဲ့ ချူးရန် ဖြသ်နေသောကြောင့် ဘတ်ဟျွန်း ဘာမှမပြောတော့ဘဲ အသာတကြည်သာလိုက်သွားသည်။
ဥယျာဉ်ထဲရောက်တော့ ချူးရန် က ဘတ်ဟျွန်း ၏ ဒဏ်ရာကို လက်ကိုင်ပုဝါလေးဖြင့် သွေးမထွက်အောင် သုတ်ပေးနေသည်။
'နာနေလား'
ဘတ်ဟျွန်း ခေါင်းခါပြလိုက်သည်။
'ဝမ်ယောလ် အနားက ထွက်လာလိုက်ပါလား။ သူမင်းကိုမုန်းနေတာ ။ ဒါက အကင်းပဲရှိသေးတာ'
'ဆုံးဖြတ်ပြီးသွားပြီ'
ချူးရန် ၏ အပြုံးတွေက မပီပြင်တော့ပေ။
'ငါ ဝူဆော့ ကိုခေါ်ထားတယ်။ လိုက်ခဲ့'
'ဘယ်မှာလဲ'
'ငါ့နန်းဆောင်မှာ'
'အာ'
ဘတ်ဟျွန်း ဝမ်ယောလ် အခန်းရှိရာဘက်ကိုကြည့်လိုက်ပြီး
'သွားရအောင်'
'အင်း'
ချုးရန် ဘတ်ဟျွန်း ကိုခေါ်သွားသည်။
ဝမ်ယောလ် ဆုတောင်းစာတွေကို သေချာပြန်လုပ်နေတုန်း ဘတ်ဟျွန်း ကို တွေ့လိုက်ရတာကြောင့် အလုပ်လုပ်ချင်စိတ်ပါပျောက်သွားသည်။
ဆက်ပြီး ဆုတောင်းစာဖတ်နေတုန်း
'အိမ်ရှေ့စံ၏ ဓားနဲ့ မိစ္ဆာတွေကို သတ်ပေးပါ မင်းသား။ သူတို့က သားအဖေ၊အမေနဲ့ ညီမလေးကို သတ်ပစ်လိုက်ပြီ။ ကျေးဇူးပြုပြီး မိစ္ဆာတွေကို သတ်ပေးပါ မင်းသား'
'မိစ္ဆာ? ဒီမှာ မိစ္ဆာမှမရှိတာ'
ဝမ်ယောလ် က ကလေးအတွေးဖြင့် ရေးထားသော ဆုတောင်းလွှာအား သိပ်အာရုံမထားပေ။ ဒါပေမဲ့ နောက်တစ်ရွက်တွင်လည်း မိစ္ဆာအကြောင်း ပါလာပြန်သည်။
'ဒါက ...... ထိုအချိန်တွင် ဝမ်ယောလ် ညှီစို့စို့သွေးအနံ့ကြီးအား ခံစားလိုက်ရသည်။
ဘတ်ဟျွန်း ချူးရန် နဲ့လိုက်သွားတုန်း ဝမ်ယောလ် အန္တရာယ်ရှိတာကို ခံစားမိပြီး နဂါးပုံစံပြောင်းကာ အိမ်ရှေ့စံနန်းဆောင်အား ပြန်လှည့်သွားတော့သည်။ ချူးရန် ကတော့ ဘတ်ဟျွန်း ကို လှမ်းခေါ်ပေမဲ့ ပြန်လှည့်မလာသောကြောင့် ဝမ်ယောလ် ကို မခွဲနိုင်ဘူးဟု ထင်သွားပြီး ဝူဆော့ ကို ပြန်လွှတ်ရန် အဆောင်ကိုသာ ပြန်လာခဲ့သည်။ ဒါပေမဲ့ သွားနေတုန်း ရုတ်တရက် ချူးရန် သွေးညှီနံ့ခံစားလိုက်ရသည်။
သုံးလောကကို ဆက်ထားသော တံခါးပေါက်ပွင့်သွားပြီး မိစ္ဆာတပ်တွေက သွေးဆာလောင်နေသောကြောင့် လူ နတ် မချန် သွေးရည်တို့အား လိုက်လံ သောက်နေသည်။
^-^-^-^-^-^-^-^-^-^-^-^-^-^-^
🎂Happy Birthday ဝမ်ယောလ်🎂
ပတ်ချန်းယောလ် ဆိုတဲ့ ကိုယ့်ရဲ့ ideal type လေးက အသက်တစ်နှစ်ကြီးလာပြန်ပါပြီ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အနုပညာအလုပ်တွေကို အများကြီး ဆက်လုပ်သွားနိုင်ပါစေ။ အစ်ကိုဆိုမဲ့ နောက်ထပ်သီချင်းတွေကိုလည်း မျှော်လင့်နေပါတယ်။ အသက်တွေကြီးသွားတဲ့အထိအတူတူ အိုမင်းသွားရအောင်လား အစ်ကို။ ထာဝရ EXO-L အဖြစ် အစ်ကိုတို့ကို ဆက်အားပေးသွားမှာပါ။ ရည်မှန်းထား ရည်ရွယ်ထားတဲ့ အနုပညာလုပ်ငန်းတွေလည်း အများကြီး လုပ်နိုင်ပါစေနော်❤️❤️
ပုံလေးကတော့ Forevermore (Chanbaek fic)အတွက် artist Yume ゆめ က ဝမ်ယောလ် မွေးနေ့လက်ဆောင်လေး ဆွဲထားပေးတာပါ💙💙 အခုမှ ရလို့ ရရချင်း bd wish လေးတင်ပြီး လာကြွားတာ😁 artist ပေါက်စလေးမို့လို့ အမှားပါရင်လည်း ခွင့်လွှတ်ပေးပါနော်