ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေ...

By Juengal_0226

924K 139K 7.4K

▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanm... More

Description
Omegaverse
Chapter - 1(U+Z)
Chapter - 2 (U+Z)
Chapter - 3(U+Z)
Chapter - 4 (U+Z)
Chapter - 5 (U+Z)
Chapter - 6 (U+Z)
Chapter - 7 (U+Z)
Chapter - 8 (U+Z)
Chapter - 9 (U+Z)
Chapter - 10 (U+Z)
Chapter - 11 (U+Z)
Chapter - 12 (U+Z)
Chapter - 13 (U+Z)
Chapter - 14 (U+Z)
Chapter - 15 (U+Z)
Chapter - 16 (U+Z)
Chapter - 17 (U+Z)
Chapter - 18 (U+Z)
Chapter - 19(U+Z)
Chapter-20 (U+Z)
Chapter - 21(U+Z)
Chapter - 22(U+Z)
Chapter - 23(U+Z)
Chapter-25(U+Z)
Chapter-25_2(U+Z)
Chapter-26(U+Z)
Chapter 27 (U+Z)
Chapter - 28(U+Z)
Chapter 29(U+Z)
Chapter - 30(U+Z)
Chapter - 31(U+Z)
Chapter - 32 (U+Z)
Chapter -33_1(U+Z)
Chapter-33_2
Chapter -34_1
Chapter-34_2
Chapter-35 (U+Z)
Chapter - 36 (U+Z)
Chapter - 37 (U+Z)
Chapter - 38 (U+Z)
Chapter - 39 (U+Z)
Chapter - 40 (U+Z)
Chapter - 41 (U+Z)
Chapter - 42.1(U+Z)
Chapter - 42.2 (U+Z)
Chapter - 43.1 ( U+Z)
Chapter - 43.2 (U+Z)
Chapter - 44.1 (U+Z)
Chapter - 44.2 (U+Z)
Chapter - 45 (U+Z)
Chapter - 46 (U+Z)
Chapter - 47 (U+Z)
Chapter - 48(U+Z)
Chapter 49 (U+Z)
Chapter - 50 (U+Z)
Chapter 51 (U+Z)
Chapter - 52 (U+Z)
Chapter - 53 (U+Z)
Chapter - 54 (U+Z)
Chapter - 55 (U+Z)
Chapter - 56 (U+Z)
Chapter - 57 (U+Z)
Chapter - 58 (U+Z)
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63

Chapter - 24(U+Z)

11.2K 2K 201
By Juengal_0226

//UNICODE//

အခန်း ၂၄ - ပြန်လည်မွေးဖွားခြင်း

ထိုစကားများကြောင့် စုလင်း အံ့အားသင့်သွားကာ မျက်ဝန်းများ ပြူးကျယ်လာပြီး ​ကျောင်း​ချီကို အမြန်လှည့်ကြည့်လိုက်သည်။ ​ကျောင်းချီက သူ့ကို စိုက်ကြည့်​နေခဲ့ပြီး သူ့နှုတ်ခမ်းများက ဖြူဖျော့ကာ အနည်းငယ် တုန်ရီ​နေခဲ့သည်။ သူတို့ မျက်လုံးချင်းဆုံသွားချိန်တွင် ​ကျောင်းချီက အလွန်အမင်း ​ကြောက်ရွံ့​နေသကဲ့သို့ မထိန်းချုပ်နိုင်ဘဲ ​နောက်ကို ​ခြေတစ်လှမ်းဆုတ်သွားသည်။

စုလင်း:"......"

ဒီ​ကောင်က သူ့ကို မ​ကောင်းဆိုးဝါးဝိညာဥ်လို့များ ထင်​နေတာလားဟ

စုလင်း ညာဘက်မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ပြီး

"မင်းငါ့ကို ကျိန်ဆဲ​နေတာလား?"

စုလင်း သူ့ပါး​ဖောင်း​ဖောင်း​လေးကို လက်ညိုးဖြင့် ညွှန်ပြလိုက်ပြီး ​ကျောင်းချီရဲ့မျက်နှာကို တစ်ခါပြန်၍ လက်ညိုးဖြင့် ချိန်ရွယ်လိုက်သည်။

"ငါကမှ မင်းထက် အများကြီးပို ကျန်းမာတဲ့ပုံ​ပေါက်​နေ​သေးတယ်။ မင်းလည်း အသက်ရှင်​နေ​သေးတာပဲ​လေ"

​ကျောင်းချီက သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် မေးလာသည်။

"မင်း ဘယ်သူလဲ? မင်း..."

သူက အလွန်​ကြောက်ရွံ့တုန်လှုပ်​နေဟန်ဖြင့် လျင်မြန်စွာ ​ပြောလာပြန်သည်။

"မင်း ကိုယ့်ကိုကိုယ် ​သေ​ကြောင်းကြံစည်မှုမှာ​သေသွားတာ အသိသာကြီးကို!",

​ကျောင်းချီရဲ့ ဖြူ​​ဖျော့​နေသည့် မျက်နှာကိုကြည့်ရင်း စုလင်းစိတ်ထဲမှာ "ပြန်လည်​မွေးဖွားခြင်း"ဆိုသည့် စကားလုံးကြီး​ပေါ်လာသည်။ သူက တည်ငြိမ်​အောင် ထိန်းလိုက်ပြီး စိတ်ရှုပ်​ထွေးကာ နားမလည်သည့်အမူအယာ လုပ်လိုက်သည်။

"မင်း​ဆေးရုံမှာ ကုသမှုခံနေတဲ့အချိန်တုန်းက ငါ့ကို အိမ်မက် မက်ခဲ့တာလား? ငါတို့က အတန်း​ဖော်​တွေပဲ​လေ။ အဲ့​တော့ မင်းငါ့အ​ကြောင်း​တွေးမိရင် ငါမင်းအိမ်မက်​ထဲမှာ ​ပေါ်လာမှာပဲ။ ငါတို့ကြားမှာ တစ်ခါတစ်​လေ အဆင်မ​ပြေတာ​လေး​တွေရှိခဲ့​ပေမယ့် မင်းငါ့ကို ​သေ​စေချင်​နေမယ်လို့တော့ မထင်ခဲ့ဘူး"

ထို့​နောက် စုလင်း နှာ​ခေါင်းရှုံလိုက်ပြီး

"​နောက်ကျ ငါ့ကို စကားလာမ​ပြောနဲ့​​တော့"

​ပြောပြီးတာနဲ့ စုလင်း ​ညာဘက်ကို ​ခြေ၂လှမ်း လှမ်းလိုက်သည်။ သူ့လှုပ်ရှားမှုက သိပ်လျင်မြန်​နေခဲ့တာ​ကြောင့် ​ကျောင်းချီသူ့ကို လမ်းပိတ်ထားဖို့ကြိုးစားခဲ့​ပေမယ့် မတားနိုင်ခဲ့ပေ။ စုလင်း ​ကျောင်းချီကို မြန်မြန်​ကျော်ပစ်လိုက်ပြီး ​ကျောင်းမှ ထွက်လာခဲ့သည်။ ​ကျောင်းချီကို ​နောက်မှာချန်ထားခဲ့ပြီး​နောက် စုလင်း မျက်​မှောင်ကြုတ်လိုက်မိသည်။

တကယ်လို့ ​ကျောင်းချီက တကယ်ပဲ ပြန်လည်​မွေးဖွားလာတာဆိုရင် အဲ့​ကောင် ဘာဆက်လုပ်​လောက်မလဲ? အဲ့လိုသာဆိုရင်​တော့ သူ သူ့ရဲ့နတ်ဘုရားကြီးကုလီဟန်ကို ပိုအာရုံစိုက်ထားသင့်ပြီ

စုလင်း ​ကျောင်းဂိတ်​ပေါက်ကို ​ရောက်ချိန်တွင် သူ့ရဲ့လက်​ကောက်က မြည်လာတာ​ကြောင့် သူပြန်​ဖြေလိုက်သည်။

နာလူး:" ​ရှောင်​လင်း မင်းဝယ်ထားတဲ့  ​ရနံ့ဆီ စစ်ထုတ်စက် ​ရောက်​နေပြီ။ မင်း ဒီကိုလာပြီး တစ်ချက်​လောက် ကြည့်ချင်လား?"
[TN-တို့​လေး​လေးနာလူး​လာပါပြီ လွမ်း​နေတာ🥺]

စုလင်း လက်တစ်ဖက်ကို ဆန့်ပြီး တက္ကစီတစ်စီးကိုတားလိုက်သည်။

"ကျွန်​တော် အခုပဲ လာခဲ့မယ်"

​​ရနံ့ဆီ စစ်ထုတ်စက်သည် စိတ်ဝိညာဥ်ပင်ကုန်ကြမ်းထုတ်ရာတွင် အသုံးများ​သော ကိရိယာ တစ်ခုဖြစ်သည်။ စုလင်းအရင်ဘဝတုန်းက ဒီကိရိယာကို ​ရေ​မွှေးထုတ်တဲ့​နေရာမှာ သုံး​ပေသည်။ ဒီBelle Planet မှာရှိတဲ့ စက်ကိရိယာ​တွေက စုလင်းတို့ ကမ္ဘာထက် ပို အဆင်မြင့်​​ပေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း စုလင်းရဲ့တစ်ခုတည်း​သော အလုပ်မှာ ဒယ်ရီကို ကူညီပြီး ဆူးနီ​ဘောလုံးအရည်ကို ထုတ်ယူခြင်းပင်ဖြစ်သည်။ ထိုဖြစ်စဥ်မှာ လွယ်ကူရိုးရှင်းလှသဖြင့် ၁၀မိနစ်အတွင်းပြီး​အောင်လုပ်နိုင်သည်။ ထို့​ကြောင့် သူစာ​မေးပွဲတုန်းကလိုမျိုး ကြိုတင် ပြင်ဆင်စရာပင်မလိုပါ​ချေ။ စုလင်း အတွက် ပျင်း​တောင်ပျင်းစရာ​ကောင်း​​နေ​ပေသည်။ ထို့​ကြောင့်ပင် စုလင်း အင်တာနက်​ပေါ်တွင် စိတ်ဝိညာဥ်ပင်နှင့်ဆက်စပ်​သော စာအုပ်အချို့ကို ရှာ​ဖွေခဲ့သည်။ ​မွှေးရနံ့စစ်ထုတ်ဖန်တီးသည့်အ​ကြောင်းအရာများကို ဖတ်ရှုပြီးသည့်​နောက် စုလင်း ​ရေ​မွှေး စမ်းထုတ်ချင်​ပေသည်။ ထို့​ကြောင့် သူရနံ့ဆီ စစ်ထုတ်စက်အ​​သေးစား​လေးကို ဝယ်ယူခဲ့သည်။

နာလူး: " ​ကောင်းပြီ၊ မင်း လက်​တွေ့စမ်းသပ်ဖို့ ဘယ်လိုကုန်ကြမ်း လိုချင်လဲ? ငါ ကုန်ကြမ်းတင်သွင်းသူ​​တွေအများကြီး သိတယ်။ မင်းကို ကူပြီး ​အော်ဒါတင်​ပေးလို့ရတယ်။"

စုလင်း တက္ကစီ​ပေါ်တက်ပြီး ​ယာဥ်​မောင်းကို မွှေးရံနံ့ဘားရဲ့ လိပ်စာ ​ပြောပြလိုက်သည်။

"ကျွန်​​တော် ​ရောက်ရင် အဲ့အ​ကြောင်း ဆက်ပြောကြတာ​ပေါ့"

စုလင်း ဒီ​လောကရဲ့ ရနံ့ဆီ စစ်ထုတ်စက်ကို ဘယ်လိုသုံးရမယ်မှန်း မသိ​သေး​ချေ။ ဒါ့​ကြောင့် သူ ထိုစက်ကိရိယာရဲ့ အလုပ်လုပ်ပုံ စစ်​ဆေးပြီး နားလည်မှ ဆုံးဖြတ်ချက်ချရ​ပေနိုင်​လိမ့်မည်။

...
​ကျောင်းချီ စုလင်းရဲ့ပုံ​မြင်ကွင်းက​နေ​ပျောက်သွားသည့်တိုင်​အောင် စုလင်းရဲ့​နောက်​ကျော ကို အ​ဝေးက​နေ စိုက်ကြည့်​နေခဲ့သည်။

အဲ့ဒါ​တွေက ​သေချာတယ် အိမ်မက်မဟုတ်ဘူး!
အကုန်လုံး အတူတူပဲ....စုလင်းကလွဲပြီး....
စုလင်းက သတ်​သေသွားပြီးသား​လေ....

​ကျောင်းချီ ​ထို​နေရာမှာတင် ခဏမျှကြာသည်အထိ ရပ်​နေခဲ့သည်။ သူ့မျက်နှာ အမူအယာက ဆက်တိုက်ဆိုသလို ​ပြောင်းလဲ​နေခဲ့ပြီး ​နောက်ဆုံး၌ နဂို အမူအယာမဲ့သည့် ဟန် ပြန်​ရောက်သွားခဲ့သည်။

ကိစ္စမရှိဘူး။ စုလင်းဆိုတာ အ​ရေးမပါတဲ့ အနှုတ်စုတ်ကုတ်စုတ် ဇာတ်​ကောင်ပဲ။

​ကျောင်းချီ သူ့ရဲ့ နက်​မှောင်​နေတဲ့ မျက်လုံး​တွေနဲ့ အ​ရှေ့ကို ကြည့်​နေခဲ့သည်။ သူ့ရဲ့အရာအားလုံးကို လူတစ်​ယောက်ကို ချစ်ဖို့ ​ပေးဆပ်ဲ့တယ်။ ဒါ​ပေမဲ့ အဆုံးသတ်​ကျ​တော့ သူ အဲ့ဒီလူဆီက အကြည့်​လေးတစ်ချက်​တောင် စွန့်ကြဲခြင်းမခံခဲ့ရ​ပေ။ ဒီတစ်ကြိမ်​တော့ သူ ​အဲ့ဒီလိုအဖြစ်မျိုး နောက်ထပ် မလိုချင်​တော့​ပေ။ သူကို အဆုံးမရှိတဲ့ နာကျင်မှု​တွေ ​ပေးခဲ့တဲ့ ထိုလူ​နှစ်​ယောက်ကို သူလုံးဝ အလွတ်မ​ပေးနိုင်​ပေ။

ခဏရပ်​နေခဲ့ပြီး​နောက် ​ကျောင်းချီ​ ကျောင်းက​နေ လှည့်ထွက်ခဲ့သည်။ သူဒီ​နေရာကို ​ရောက်လာခဲ့ခြင်းက စုလင်းကို​ တွေ့ဖို့သာဖြစ်ပြီး ဘွဲ့ဓါတ်ပုံ​တွေ ရိုက်ဖို့ လုံးဝကို စိတ်မဝင်စား​ချေ။ သူအမှတ်မမှားဘူးဆိုရင် အခုအချိန်ဆို ကုသခင်မကြီးက ​ဆေးရုံမှာ ဖြစ်​လောက်မည်။ သူ့အရင်ဘဝတုန်းက တက္ကသိုလ် ပထမနှစ်မှာပဲ မ​တော်တဆမှု ဖြစ်ခဲ့သည်။ ထို့​နောက် ​ဆေးရုံတက်ခဲ့ရကာ ကုသခင်မကြီးနဲ့ ​တွေ့ခဲ့ပြီး တစ်ချိန်က သူ့မိဘ​တွေ ကုမိသားစုကို အကူအညီ ​ပေးခဲ့ဖူးတာကို သိခဲ့ရသည်။ အဲ့ဒီ​နောက်မှာ​တော့ သူ ဒီအခွင့်အ​ရေးကို အသုံးချကာ ကုအိမ်​​တော်နဲ့ ​ဆွေလမ်းမျိုးလမ်းခင်းရန် လက်ဆက်ခဲ့ပြီး အဲ့ဒီအချိန်မှာ သူ့မိသားစုကြုံ​နေခဲ့ရသည့် အခက်အခဲများကို ​ကျော်ဖြတ်နိုင်ရန် ကူညီ​ပေးခဲ့သည်။ ဒါ​ပေမဲ့ အခု​တော့ သူ ကုသခင်မကြီးနဲ့​တွေ့မယ့် ​နောက် လအနည်းငယ်အထိ သူမ​စောင့်နိုင်​တော့​ပေ။ သူတက္ကစီတစ်စီးထဲကို ဝင်ထိုင်လိုက်ပြီး ယာဥ်​မောင်းကို​ပြောလိုက်သည်။

"ဗဟို​ဆေးရုံ"

​ရှောင်းရွိရဲ့မိသားစုကို အသာထား၊ လင်းမန်ရဲ့မိသားစုနောက်ခံကပင် သူ့ထက်သာ​ပေသည်။ ဤလူနှစ်ဦးကို တိုက်ခိုက်ရန် ကုမိသားစုက အ​ကောင်းဆုံး​ရွေးချယ်မှုဖြစ်သည်။[TN-​အေး ငါက ဒင်းအသိဝင်ပြီး ကုကုကို ​ကြွေ၊အသည်းအသန်လိုက်ကပ် အဲ့လိုထင်​နေတာ​လေ။ အယုတ်တမာက အယုတ်တမာပဲ🙄]သူ့ရဲ့ အင်ဘဝအ​တွေ့အကြုံအရ ​ကျောင်းချီ ကုမိသားစုနဲ့ လက်ဆက်ဖို့ သိပ်ကို ယုံကြည်မှုရှိ​နေခဲ့သည်။ သူ ကုသခင်မကြီးနဲ့​တွေ့ပြီး သူဘယ်သူဆိုတာသိ​အောင်လုပ်ဖို့ပဲ ​လို​ပေသည်။ ကုလီဟန်နဲ့ လက်ထပ်ဖို့ သူ့စိတ်ဆန္ဒကို ​ဖော်ထုတ်ပြ​နေသ​ရွေ့ လုံးဝကို ဘာပြသာနာမှ ရှိလာမှာ မဟုတ်​တော့​ချေ။ သူ့ရဲ့ အနာဂတ်လက်တွဲ​​ဖော် ဖြစ်တဲ့ ကုလီဟန်ကို သူအရင်က တစ်ခါ​​မှ မမြင်ဖူးခဲ့​​ပေမဲ့ ကုလီဟန်ရဲ့ အရည်အချင်းနဲ့ အကျင့်စရိုက်ကို သိ​ပေသည်။

ကုလီဟန်က လိင်ပိုင်းဆိုင်ရာ တစ်ခုခုဖြစ်​နေသူတစ်​ယောက် ဖြစ်နိုင်သည်ဟု သူသံသယဝင်မိ​သော်လည်း ထိုပုဂ္ဂိုလ်က အလွန် တာဝန်ယူတတ်သူဖြစ်သည်။ ကုလီဟန်က ဘယ်တုန်းကမှ လက်ထပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ပုံ​​ မရပေ။ ဒါက ​ရောဂါတစ်ခုခု ဒါမှမဟုတ်လည်း အခြား​အ​ကြောင်းရင်းတစ်ခုခု​ကြောင့် ဖြစ်နိုင်သည်။ သို့​​​သော် သူ့အ​မေ ကုသခင်မကြီးက လက်ထပ်ဖို့ စီစဥ်​ပေးလာတဲ့အခါ တဖက်အမျိုးသားဖြစ်သူ​ကျောင်းချီက အတင်းအကျပ်လက်ထပ်ဖို့ ဖိအား​ပေးခံရတာ မဟုတ်​ကြောင်း စစ်​ဆေးပြီး​နောက် လက်ထပ်ဖို့ကို မငြင်းဆန်ခဲ့​ပေ။ ​ကျောင်းချီ မှတ်မိ​နေ​သေးသည်။ ထိုပုဂ္ဂိုလ်က သူ့(ZQ)ကို သူ(GLH)နဲ့ လက်ထပ်ဖို့ တကယ်ဆုံးဖြတ်ပြီးပြီလား ဟု နှုတ်ခမ်းတွေကို တင်းကျပ်​နေ​​အောင်​စေ့ထားခဲ့ပြီး အ​လေးအနက် လာ​​​မေးသည့်အချိန်ကို ​ကျောင်းချီ မှတ်မိ​နေ​သေးသည်။ 

ဥက္ကဋ္ဌကုက တကယ်ကို ​ကောင်းတဲ့ Alphaတစ်​ယောက်ပဲ

​ကျောင်းချီ သူ့ရဲ့ရန်သူ​တော်ကြီးနှစ်​ယောက်ကို ဖျက်စီးပြီးသွားရင် သူ့ရဲ့လက်တွဲ​ဖော် ကုလီဟန်​ပေါ်မှာ ပို​ကောင်း​ပေးဖို့ ဆုံးဖြတ်လိုက်သည်။
[🤌🙄]

​"ရောက်ပါပြီ"

ယာဥ်​မောင်းက ​ပြောလာသည်။

​ကျောင်းချီကား​ပေါ်မှ ဆင်းပြီး ကုသခင်မကြီးရှိသည့် ကုသ​ဆောင်သို့ သွားခဲ့သည်။
တံခါးနားမှာ သက်​တော်​စောင့် ၆​ယောက်ရှိ​နေခဲ့ပြီး ကုသ​ဆောင်တစ်ခုလုံးကို တင်းတင်းကျပ်ကျပ် ကာကွယ်ထားပြီး မလိုအပ်သည့်သူများ ဝင်​ရောက်ခွင့်မပြုထား​ပေ။ပြီးခဲ့သည့်ရက်အနည်းငယ်က ကုသခင်မကြီးရဲ့​နောက်ဆုံးကုသမှု၏အ​ရေးကြီး​သော ကာလဖြစ်​သော​ကြောင့် သက်​တော်​စောင့်များက အဆင်သင့်အ​နေအထားဖြင့် ​ကျောင်းချီ မည်သို့ပင်​ပြော​နေ​​စေကာမူ ဝင်ခွင့် မပြုခဲ့​​ပေ။

​ကျောင်းချီ မျက်​မှောင်​လေးကြုတ်ကာ သူထွက်မလာခင်​တောင် ကုသခင်မကြီးကို စိုးရိမ်​​ကြောင်း​ ​ပြောခဲ့​သေးသည်။ ​ကျောင်းချီ ကားထဲတွင် အချိန်ကြာမြင့်သည်အထိ ထိုင်​နေခဲ့ပြီး ယာဥ်​မောင်းက မ​နေနိုင်​တော့ဘဲ ​မေးလာသည်။

"ဒုတိယသခင်​လေး သခင်​လေးရဲ့ ခန္ဓာကိုယ်က အပြည့်အဝ​ကောင်း​သေးတာမဟုတ်ဘူး။ သခင်​လေး ပြန်ပြီး နားချင်လား?"

​ကျောင်းချီ: "မပြန်ဘူး။ ​တောင်​စောင်းက Villa ​တွေဆီ ​မောင်း"

​ရှောင်းရွိဟာ အထက်တန်း​အောင်ပြီးတဲ့​နောက်မှာ သူ့မိသားစုတွင် တဖြည်းဖြည်းအာဏာရလာလိမ့်မည်။ ဤ​နွေရာသီအားလပ်ရက်သည် သူ့အတွက် အ​ရေးကြီး​သော အချိန်ဖြစ်သည်။ တက္ကသိုလ်စတက်ချိန်တွင် ​​ရှောင်းရွိနှင့် ဆက်ဆံရန် အခက်အခဲ ရှိလာ​ပေလိမ့်မည်။
......
စုလင်း ​မွေးရနံ့ဘား၏​နောက်​ဖေးခြံမှာ တစ်မနပ်လုံး အချိန်ကုန်​နေခဲ့သည်။ သူ ရနံ့ဆီစစ်ထုတ်ကိရိယာကို မည်သို့အသုံးပြုရမည်ကို နားလည်သွားပြီ ဖြစ်ပြီး နှင်းဆီ Essential oil ပုလင်း​သေး​သေး​လေးကို ထုတ်ယူလိုက်သည်။ [TN-essential oilဆိုတာ နှင်းဆီပန်းက​နေထုတ်ထားတဲ့ အဆီပါ]

တင်ပြချက် တစ်ချို့ကို ဖတ်ပြီးတဲ့​နောက်မှာ နာလူးက စုလင်းကို ရှာရန် ​နောက်​ဖေးခြံကို လာခဲ့သည်။

"နေ့လည်စာ အတူစားရအောင်​လေ?"

စုလင်းက ​ခေါင်းယမ်းလိုက်ပြီး

"​​တော်ပြီ ​လေး​လေး ကျွန်​တော် Villaကို ပြန်မှာ"

သူ့ရဲ့ နတ်ဘုရားကြီးက ၃လတာ အားလပ်ရက်ယူရန်အတွက် သူ့ရဲ့ အချိန်ဇယားကို အား​အောင်လုပ်ထားခဲ့သည်။ သူက Belle မြို့​တော်မှာ ရှိ​နေလျှင်​ပင် ရံဖန်ရံခါ တစ်ချို့​သော အလုပ်များကို ကိုင်တွယ်ဖြေရှင်းရန်လိုသေး​ပေသည်။ စုလင်း သူ့နတ်ဘုရားနဲ့အတူ ​နေ့လည်စာ စားချင်သည့်အပြင် ​ကျောင်းချီရဲ့ ရန်က​နေလည်း ကာကွယ်ရဦးမည်။

နာလူးက စုလင်းကို ကြည့်​နေပြီး ​​ပြောဖို့ တုန့်ဆိုင်း​နေ​ပေမယ့် ခဏ​လောက်အကြာမှာ ​မေးလာသည်။

" မင်း ဥက္ကဋ္ဌကုကို ​သ​ဘောကျ​နေတာလား?"

စုလင်းက ရယ်လိုက်ပြီး နာလူးကို ကြည့်ကာ

"အဲ့​လောက် သိသာတယ်လား?"

ထို့​နောင် စုလင်း သက်ပြင်း​လေးချကာ

"ဒါ​ပေမယ့်​လေ ဥက္ကဋ္ဌကုက​တော့ ခံစားမိပုံ​တောင်မရဘူးရယ်"

နာလူးက ​လေးနက်သည့် အမူအယာဖြင့် ​မေးလာသည်။

"မင်း..​သေချာလား?သူက မင်းထက် ၁၀နှစ်ကြီးတယ်​နော်...ပြီး​တော့..."

နာလူး သူထုတ်မ​ပြောဝံ့သည့် ​ကောလဟာလများအ​ကြောင်းစဥ်းစားမိလိုက်ပြီး ​​ပြော​နေတာကို ခဏရပ်လိုက်သည်။

"သူက ကျန်းမာ​ရေးလည်း ​ကောင်းပုံမရဘူး"

စုလင်း မ​နေနိုင်​တော့ဘဲ ရယ်မိလိုက်ပြီး

"​လေး​လေးနာလူး ကျွန်​တော်က အရွယ်​ရောက်​နေပါပြီ။ ​လေး​လေး စကားကို သိမ်​မွေ့​အောင် အလိမ္မာသုံး မ​ပြောလည်း ရပါတယ်။ ​လေး​လေး​ဆိုလိုချင်တာကို ကျွန်​တော်သိတယ်။ လိင်ပိုင်းဆိုင်ရာ မူမမှန်တာကို ​ပြောချင်တာမလား? အဲ့ဒါ​တွေက ​ကောလဟာလ​တွေပါ"

နာလူးက စူးစိုက်ကြည့်လာကာ

"မင်း ဘယ်လိုသိလဲ?"

သူက စုလင်း ပုခုံးကို ဆုပ်ကိုင်ပြီး

"သူ မင်းကို ဘာလုပ်​တာလဲ?"

​ပြောရင်းပင် နာလူးက စုလင်းရဲ့လည်ပင်းအ​နောက်ကို စစ်​​ဆေး​တော့သည်။

စုလင်း ​ခေါင်း​လေးကိုလိမ်ပြီး နာလူးကို လှည့်ကာ

"​လေး​လေးကလည်း ကျွန်​တော့်​Pheromoneနံ့ကို​မေ့သွားပြီလား? ​လေး​လေး အ​တွေးလွန်​နေတာပါ။ ကျွန်​​တော် သူ​လေ့ကျင့်ခန်းလုပ်တာကို မြင်ဖူးတယ်။ သူက ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှု အရမ်းကောင်းတယ်"

နာလူး သူ့နှလုံးသား​လေးနဲ့ စိတ်ဝိညာဥ်​လေးကို အသာပုတ်၍ သက်မချရင်း

"အဲ့ဒီ 'အရာ'က​လေ ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုနဲ့ ဘာမှမဆိုင်ဘူး။ မင်းက ငယ်လွန်း​သေးတယ်။ မင်း တကယ်လို့ တစ်​ယောက်​ယောက်ကို ချစ်ကြည့်ချင်ရင် ငါလူတစ်ချို့နဲ့ မိတ်ဆက်​ပေးလို့ရတယ်"

စုလင်းက သူ့ပုခုံး​ပေါ်က နာလူးရဲ့လက်​မောင်းကို အသာပုတ်လိုက်ရင်း

"​လေး​လေးနာလူး စိတ်မပူပါနဲ့။ ကျွန်​တော်က သူနဲ့ပဲ ချစ်ကျွမ်းဝင်ချင်တာ"

နာလူးက သူ့ကို စက္ကန့်အနည်းငယ် ကြာ​အောင်ကြည့်​နေခဲ့ပြီး

"အင်းပါ၊ ဒါပေမယ့် မင်းလုံခြုံရေးကို​တော့ ဂရုစိုက်ရမယ်။ တစ်သက်တာ အမှတ်အသား​ပေးတာမျိုး​တော့ မလုပ်နဲ့ဦး​နော် အဲ့ဒါက ကိုယ်ဝန်ရလွယ်တယ်"

စုလင်း ​ခေါင်းညိတ်လိုက်ပြီး

"ကျွန်​တော် သိပါပြီ"

စုလင်း ဇီဝကမ္မဗေဒဆိုင်ရာစာအုပ်ကိုဖတ်ပြီးသူ့ရဲ့ ခန္ဓာကိုယ်အသစ်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ပြီ ဖြစ်သော်လည်း သူက ကောင်း​ကောင်းကြီး လက်ခံနိုင်တယ်လို့​တော့ မဆိုလို​ပေ။ အနည်းဆုံး​တော့ သူသည် ကိုယ်ဝန်အတွက် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သေးပါ​ချေ။ သို့သော် သူ ယာယီအမှတ်အသားဖြစ်စေ၊ တစ်သက်တာအမှတ်အသားဖြစ်စေ၊ အမှတ်အသား​ပေးခြင်းကို​တော့ အတော်လေးစပ်စု​နေမိသည်။ နောက်ဆုံးတော့လည်း ဤကဲ့သို့သောအရာများသည် သူ့ကမ္ဘာနှင့်လုံးဝခြားနား​နေသည်​လေ။

နာလူးကို လက်ပြနှုတ်ဆက်ပြီး စုလင်း villa သို့တက္ကစီ စီးပြန်လာသည်။ သူက လမ်း​ကတည်းက Villa ယာဥ်​မောင်းကို လှမ်းဆက်သွယ်ခဲ့ပြီး လမ်းတစ်ဝက်မှာ ကား​ပြောင်းစီးကာ Villaကို တန်းသွားခဲ့သည်။ စုလင်း ဧည့်ခန်းမထဲ ဝင်လိုက်သည်နှင့်တပြိုင်နက် ​စေးကပ်ပြီး ​ချို​မွှေးနေသည့်Pheromoneရနံ့က သူ့မျက်နှာကို ရိုက်ခတ်လာသည်။ ကုလီဟန်က ဆိုဖာ​ဘေးမှာ အမူအယာ​မဲ့စွာ မတ်တပ်ရပ်​နေခဲ့ပြီး နီမြန်း​နေသည့် ​ကျောင်းချီကို သူ့ရဲ့ညာဘက်လက်မှာ ကိုင်ထားပြီး ဘယ်ဘက်လက်မှာ ​ဆေးထိုးသည့်ကိရိယာကို ကိုင်ထားတာကို ​စုလင်း တွေ့လိုက်ရသည်။

​ကျောင်းချီက တွန့်လိမ်ပြီး ​ဆေးထိုးအပ်ကို ​ရှောင်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကုလီဟန်​ပေါ် မှီချလိုက်သည်။

"တား​ဆေး​တွေ မသုံးချင်ဘူး။ ကျွန်​တော့်ကို ခင်ဗျားပဲ ကူ​ပေး​လေ" [🤌😡🖕]

စုလင်း လုံးဝကို စိတ်ဆိုးသွားသည်။

ပြန်မွေးဖွားလာတဲ့ ​ကျောင်းချီက ဒီလိုအရှက်မဲ့လုပ်ရပ်မျိုးလုပ်ဖို့ မျက်နှာရှိနိုင်တယ်​ပေါ့!

စာရေးသူမှာ ပြောစရာတစ်ခုရှိတယ်။

တစ်နေ့ SL က သူ့ခါးကိုပွတ်ပြီး

“ကောလဟာလ​တွေကို ဘယ်သူဖြန့်တာလဲ။ မိုက်မဲလိုက်တာ!"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋

//ZAWGYI//

အခန္း ၂၄ - ျပန္လည္ေမြးဖြားျခင္း

ထိုစကားမ်ားေၾကာင့္ စုလင္း အံ့အားသင့္သြားကာ မ်က္ဝန္းမ်ား ျပဴးက်ယ္လာၿပီး ​ေက်ာင္း​ခ်ီကို အျမန္လွည့္ၾကည့္လိုက္သည္။ ​ေက်ာင္းခ်ီက သူ႕ကို စိုက္ၾကည့္​ေနခဲ့ၿပီး သူ႕ႏႈတ္ခမ္းမ်ားက ျဖဴေဖ်ာ့ကာ အနည္းငယ္ တုန္ရီ​ေနခဲ့သည္။ သူတို႔ မ်က္လုံးခ်င္းဆုံသြားခ်ိန္တြင္ ​ေက်ာင္းခ်ီက အလြန္အမင္း ​ေၾကာက္႐ြံ႕​ေနသကဲ့သို႔ မထိန္းခ်ဳပ္ႏိုင္ဘဲ ​ေနာက္ကို ​ေျခတစ္လွမ္းဆုတ္သြားသည္။

စုလင္း:"......"

ဒီ​ေကာင္က သူ႕ကို မ​ေကာင္းဆိုးဝါးဝိညာဥ္လို႔မ်ား ထင္​ေနတာလားဟ

စုလင္း ညာဘက္မ်က္ခုံးတစ္ဖက္ကို ပင့္တင္လိုက္ၿပီး

"မင္းငါ့ကို က်ိန္ဆဲ​ေနတာလား?"

စုလင္း သူ႕ပါး​ေဖာင္း​ေဖာင္း​ေလးကို လက္ညိဳးျဖင့္ ၫႊန္ျပလိုက္ၿပီး ​ေက်ာင္းခ်ီရဲ႕မ်က္ႏွာကို တစ္ခါျပန္၍ လက္ညိဳးျဖင့္ ခ်ိန္႐ြယ္လိုက္သည္။

"ငါကမွ မင္းထက္ အမ်ားႀကီးပို က်န္းမာတဲ့ပုံ​ေပါက္​ေန​ေသးတယ္။ မင္းလည္း အသက္႐ွင္​ေန​ေသးတာပဲ​ေလ"

​ေက်ာင္းခ်ီက သူ႕ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး အသံနိမ့္နိမ့္ျဖင့္ ေမးလာသည္။

"မင္း ဘယ္သူလဲ? မင္း..."

သူက အလြန္​ေၾကာက္႐ြံ႕တုန္လႈပ္​ေနဟန္ျဖင့္ လ်င္ျမန္စြာ ​ေျပာလာျပန္သည္။

"မင္း ကိုယ့္ကိုကိုယ္ ​ေသ​ေၾကာင္းၾကံစည္မႈမွာ​ေသသြားတာ အသိသာႀကီးကို!",

​ေက်ာင္းခ်ီရဲ႕ ျဖဴ​​ေဖ်ာ့​ေနသည့္ မ်က္ႏွာကိုၾကည့္ရင္း စုလင္းစိတ္ထဲမွာ "ျပန္လည္​ေမြးဖြားျခင္း"ဆိုသည့္ စကားလုံးႀကီး​ေပၚလာသည္။ သူက တည္ၿငိမ္​ေအာင္ ထိန္းလိုက္ၿပီး စိတ္႐ႈပ္​ေထြးကာ နားမလည္သည့္အမူအယာ လုပ္လိုက္သည္။

"မင္း​ေဆး႐ုံမွာ ကုသမႈခံေနတဲ့အခ်ိန္တုန္းက ငါ့ကို အိမ္မက္ မက္ခဲ့တာလား? ငါတို႔က အတန္း​ေဖာ္​ေတြပဲ​ေလ။ အဲ့​ေတာ့ မင္းငါ့အ​ေၾကာင္း​ေတြးမိရင္ ငါမင္းအိမ္မက္​ထဲမွာ ​ေပၚလာမွာပဲ။ ငါတို႔ၾကားမွာ တစ္ခါတစ္​ေလ အဆင္မ​ေျပတာ​ေလး​ေတြ႐ွိခဲ့​ေပမယ့္ မင္းငါ့ကို ​ေသ​ေစခ်င္​ေနမယ္လို႔ေတာ့ မထင္ခဲ့ဘူး"

ထို႔​ေနာက္ စုလင္း ႏွာ​ေခါင္း႐ႈံလိုက္ၿပီး

"​ေနာက္က် ငါ့ကို စကားလာမ​ေျပာနဲ႔​​ေတာ့"

​ေျပာၿပီးတာနဲ႔ စုလင္း ​ညာဘက္ကို ​ေျခ၂လွမ္း လွမ္းလိုက္သည္။ သူ႕လႈပ္႐ွားမႈက သိပ္လ်င္ျမန္​ေနခဲ့တာ​ေၾကာင့္ ​ေက်ာင္းခ်ီသူ႕ကို လမ္းပိတ္ထားဖို႔ႀကိဳးစားခဲ့​ေပမယ့္ မတားႏိုင္ခဲ့ေပ။ စုလင္း ​ေက်ာင္းခ်ီကို ျမန္ျမန္​ေက်ာ္ပစ္လိုက္ၿပီး ​ေက်ာင္းမွ ထြက္လာခဲ့သည္။ ​ေက်ာင္းခ်ီကို ​ေနာက္မွာခ်န္ထားခဲ့ၿပီး​ေနာက္ စုလင္း မ်က္​ေမွာင္ၾကဳတ္လိုက္မိသည္။

တကယ္လို႔ ​ေက်ာင္းခ်ီက တကယ္ပဲ ျပန္လည္​ေမြးဖြားလာတာဆိုရင္ အဲ့​ေကာင္ ဘာဆက္လုပ္​ေလာက္မလဲ? အဲ့လိုသာဆိုရင္​ေတာ့ သူ သူ႕ရဲ႕နတ္ဘုရားႀကီးကုလီဟန္ကို ပိုအာ႐ုံစိုက္ထားသင့္ၿပီ

စုလင္း ​ေက်ာင္းဂိတ္​ေပါက္ကို ​ေရာက္ခ်ိန္တြင္ သူ႕ရဲ႕လက္​ေကာက္က ျမည္လာတာ​ေၾကာင့္ သူျပန္​ေျဖလိုက္သည္။

နာလူး:" ​ေ႐ွာင္​လင္း မင္းဝယ္ထားတဲ့  ​ရနံ႔ဆီ စစ္ထုတ္စက္ ​ေရာက္​ေနၿပီ။ မင္း ဒီကိုလာၿပီး တစ္ခ်က္​ေလာက္ ၾကည့္ခ်င္လား?"
[TN-တို႔​ေလး​ေလးနာလူး​လာပါၿပီ လြမ္း​ေနတာ🥺]

စုလင္း လက္တစ္ဖက္ကို ဆန္႔ၿပီး တကၠစီတစ္စီးကိုတားလိုက္သည္။

"ကြၽန္​ေတာ္ အခုပဲ လာခဲ့မယ္"

​​ရနံ႔ဆီ စစ္ထုတ္စက္သည္ စိတ္ဝိညာဥ္ပင္ကုန္ၾကမ္းထုတ္ရာတြင္ အသုံးမ်ား​ေသာ ကိရိယာ တစ္ခုျဖစ္သည္။ စုလင္းအရင္ဘဝတုန္းက ဒီကိရိယာကို ​ေရ​ေမႊးထုတ္တဲ့​ေနရာမွာ သုံး​ေပသည္။ ဒီBelle Planet မွာ႐ွိတဲ့ စက္ကိရိယာ​ေတြက စုလင္းတို႔ ကမ႓ာထက္ ပို အဆင္ျမင့္​​ေပသည္။ ၿပီးခဲ့သည့္ ရက္အနည္းငယ္အတြင္း စုလင္းရဲ႕တစ္ခုတည္း​ေသာ အလုပ္မွာ ဒယ္ရီကို ကူညီၿပီး ဆူးနီ​ေဘာလုံးအရည္ကို ထုတ္ယူျခင္းပင္ျဖစ္သည္။ ထိုျဖစ္စဥ္မွာ လြယ္ကူ႐ိုး႐ွင္းလွသျဖင့္ ၁၀မိနစ္အတြင္းၿပီး​ေအာင္လုပ္ႏိုင္သည္။ ထို႔​ေၾကာင့္ သူစာ​ေမးပြဲတုန္းကလိုမ်ိဳး ႀကိဳတင္ ျပင္ဆင္စရာပင္မလိုပါ​ေခ်။ စုလင္း အတြက္ ပ်င္း​ေတာင္ပ်င္းစရာ​ေကာင္း​​ေန​ေပသည္။ ထို႔​ေၾကာင့္ပင္ စုလင္း အင္တာနက္​ေပၚတြင္ စိတ္ဝိညာဥ္ပင္ႏွင့္ဆက္စပ္​ေသာ စာအုပ္အခ်ိဳ႕ကို ႐ွာ​ေဖြခဲ့သည္။ ​ေမႊးရနံ႔စစ္ထုတ္ဖန္တီးသည့္အ​ေၾကာင္းအရာမ်ားကို ဖတ္႐ႈၿပီးသည့္​ေနာက္ စုလင္း ​ေရ​ေမႊး စမ္းထုတ္ခ်င္​ေပသည္။ ထို႔​ေၾကာင့္ သူရနံ႔ဆီ စစ္ထုတ္စက္အ​​ေသးစား​ေလးကို ဝယ္ယူခဲ့သည္။

နာလူး: " ​ေကာင္းၿပီ၊ မင္း လက္​ေတြ႕စမ္းသပ္ဖို႔ ဘယ္လိုကုန္ၾကမ္း လိုခ်င္လဲ? ငါ ကုန္ၾကမ္းတင္သြင္းသူ​​ေတြအမ်ားႀကီး သိတယ္။ မင္းကို ကူၿပီး ​ေအာ္ဒါတင္​ေပးလို႔ရတယ္။"

စုလင္း တကၠစီ​ေပၚတက္ၿပီး ​ယာဥ္​ေမာင္းကို ေမႊးရံနံ႔ဘားရဲ႕ လိပ္စာ ​ေျပာျပလိုက္သည္။

"ကြၽန္​​ေတာ္ ​ေရာက္ရင္ အဲ့အ​ေၾကာင္း ဆက္ေျပာၾကတာ​ေပါ့"

စုလင္း ဒီ​ေလာကရဲ႕ ရနံ႔ဆီ စစ္ထုတ္စက္ကို ဘယ္လိုသုံးရမယ္မွန္း မသိ​ေသး​ေခ်။ ဒါ့​ေၾကာင့္ သူ ထိုစက္ကိရိယာရဲ႕ အလုပ္လုပ္ပုံ စစ္​ေဆးၿပီး နားလည္မွ ဆုံးျဖတ္ခ်က္ခ်ရ​ေပႏိုင္​လိမ့္မည္။

...
​ေက်ာင္းခ်ီ စုလင္းရဲ႕ပုံ​ျမင္ကြင္းက​ေန​ေပ်ာက္သြားသည့္တိုင္​ေအာင္ စုလင္းရဲ႕​ေနာက္​ေက်ာ ကို အ​ေဝးက​ေန စိုက္ၾကည့္​ေနခဲ့သည္။

အဲ့ဒါ​ေတြက ​ေသခ်ာတယ္ အိမ္မက္မဟုတ္ဘူး!
အကုန္လုံး အတူတူပဲ....စုလင္းကလြဲၿပီး....
စုလင္းက သတ္​ေသသြားၿပီးသား​ေလ....

​ေက်ာင္းခ်ီ ​ထို​ေနရာမွာတင္ ခဏမွ်ၾကာသည္အထိ ရပ္​ေနခဲ့သည္။ သူ႕မ်က္ႏွာ အမူအယာက ဆက္တိုက္ဆိုသလို ​ေျပာင္းလဲ​ေနခဲ့ၿပီး ​ေနာက္ဆုံး၌ နဂို အမူအယာမဲ့သည့္ ဟန္ ျပန္​ေရာက္သြားခဲ့သည္။

ကိစၥမ႐ွိဘူး။ စုလင္းဆိုတာ အ​ေရးမပါတဲ့ အႏႈတ္စုတ္ကုတ္စုတ္ ဇာတ္​ေကာင္ပဲ။

​ေက်ာင္းခ်ီ သူ႕ရဲ႕ နက္​ေမွာင္​ေနတဲ့ မ်က္လုံး​ေတြနဲ႔ အ​ေ႐ွ႕ကို ၾကည့္​ေနခဲ့သည္။ သူ႕ရဲ႕အရာအားလုံးကို လူတစ္​ေယာက္ကို ခ်စ္ဖို႔ ​ေပးဆပ္ဲ႕တယ္။ ဒါ​ေပမဲ့ အဆုံးသတ္​က်​ေတာ့ သူ အဲ့ဒီလူဆီက အၾကည့္​ေလးတစ္ခ်က္​ေတာင္ စြန္႔ႀကဲျခင္းမခံခဲ့ရ​ေပ။ ဒီတစ္ႀကိမ္​ေတာ့ သူ ​အဲ့ဒီလိုအျဖစ္မ်ိဳး ေနာက္ထပ္ မလိုခ်င္​ေတာ့​ေပ။ သူကို အဆုံးမ႐ွိတဲ့ နာက်င္မႈ​ေတြ ​ေပးခဲ့တဲ့ ထိုလူ​ႏွစ္​ေယာက္ကို သူလုံးဝ အလြတ္မ​ေပးႏိုင္​ေပ။

ခဏရပ္​ေနခဲ့ၿပီး​ေနာက္ ​ေက်ာင္းခ်ီ​ ေက်ာင္းက​ေန လွည့္ထြက္ခဲ့သည္။ သူဒီ​ေနရာကို ​ေရာက္လာခဲ့ျခင္းက စုလင္းကို​ ေတြ႕ဖို႔သာျဖစ္ၿပီး ဘြဲ႕ဓါတ္ပုံ​ေတြ ႐ိုက္ဖို႔ လုံးဝကို စိတ္မဝင္စား​ေခ်။ သူအမွတ္မမွားဘူးဆိုရင္ အခုအခ်ိန္ဆို ကုသခင္မႀကီးက ​ေဆး႐ုံမွာ ျဖစ္​ေလာက္မည္။ သူ႕အရင္ဘဝတုန္းက တကၠသိုလ္ ပထမႏွစ္မွာပဲ မ​ေတာ္တဆမႈ ျဖစ္ခဲ့သည္။ ထို႔​ေနာက္ ​ေဆး႐ုံတက္ခဲ့ရကာ ကုသခင္မႀကီးနဲ႔ ​ေတြ႕ခဲ့ၿပီး တစ္ခ်ိန္က သူ႕မိဘ​ေတြ ကုမိသားစုကို အကူအညီ ​ေပးခဲ့ဖူးတာကို သိခဲ့ရသည္။ အဲ့ဒီ​ေနာက္မွာ​ေတာ့ သူ ဒီအခြင့္အ​ေရးကို အသုံးခ်ကာ ကုအိမ္​​ေတာ္နဲ႔ ​ေဆြလမ္းမ်ိဳးလမ္းခင္းရန္ လက္ဆက္ခဲ့ၿပီး အဲ့ဒီအခ်ိန္မွာ သူ႕မိသားစုၾကဳံ​ေနခဲ့ရသည့္ အခက္အခဲမ်ားကို ​ေက်ာ္ျဖတ္ႏိုင္ရန္ ကူညီ​ေပးခဲ့သည္။ ဒါ​ေပမဲ့ အခု​ေတာ့ သူ ကုသခင္မႀကီးနဲ႔​ေတြ႕မယ့္ ​ေနာက္ လအနည္းငယ္အထိ သူမ​ေစာင့္ႏိုင္​ေတာ့​ေပ။ သူတကၠစီတစ္စီးထဲကို ဝင္ထိုင္လိုက္ၿပီး ယာဥ္​ေမာင္းကို​ေျပာလိုက္သည္။

"ဗဟို​ေဆး႐ုံ"

​ေ႐ွာင္း႐ြိရဲ႕မိသားစုကို အသာထား၊ လင္းမန္ရဲ႕မိသားစုေနာက္ခံကပင္ သူ႕ထက္သာ​ေပသည္။ ဤလူႏွစ္ဦးကို တိုက္ခိုက္ရန္ ကုမိသားစုက အ​ေကာင္းဆုံး​ေ႐ြးခ်ယ္မႈျဖစ္သည္။[TN-​ေအး ငါက ဒင္းအသိဝင္ၿပီး ကုကုကို ​ေႂကြ၊အသည္းအသန္လိုက္ကပ္ အဲ့လိုထင္​ေနတာ​ေလ။ အယုတ္တမာက အယုတ္တမာပဲ🙄]သူ႕ရဲ႕ အင္ဘဝအ​ေတြ႕အၾကဳံအရ ​ေက်ာင္းခ်ီ ကုမိသားစုနဲ႔ လက္ဆက္ဖို႔ သိပ္ကို ယုံၾကည္မႈ႐ွိ​ေနခဲ့သည္။ သူ ကုသခင္မႀကီးနဲ႔​ေတြ႕ၿပီး သူဘယ္သူဆိုတာသိ​ေအာင္လုပ္ဖို႔ပဲ ​လို​ေပသည္။ ကုလီဟန္နဲ႔ လက္ထပ္ဖို႔ သူ႕စိတ္ဆႏၵကို ​ေဖာ္ထုတ္ျပ​ေနသ​ေ႐ြ႕ လုံးဝကို ဘာျပသာနာမွ ႐ွိလာမွာ မဟုတ္​ေတာ့​ေခ်။ သူ႕ရဲ႕ အနာဂတ္လက္တြဲ​​ေဖာ္ ျဖစ္တဲ့ ကုလီဟန္ကို သူအရင္က တစ္ခါ​​မွ မျမင္ဖူးခဲ့​​ေပမဲ့ ကုလီဟန္ရဲ႕ အရည္အခ်င္းနဲ႔ အက်င့္စ႐ိုက္ကို သိ​ေပသည္။

ကုလီဟန္က လိင္ပိုင္းဆိုင္ရာ တစ္ခုခုျဖစ္​ေနသူတစ္​ေယာက္ ျဖစ္ႏိုင္သည္ဟု သူသံသယဝင္မိ​ေသာ္လည္း ထိုပုဂၢိဳလ္က အလြန္ တာဝန္ယူတတ္သူျဖစ္သည္။ ကုလီဟန္က ဘယ္တုန္းကမွ လက္ထပ္ဖို႔ ရည္႐ြယ္ခ်က္႐ွိခဲ့ပုံ​​ မရေပ။ ဒါက ​ေရာဂါတစ္ခုခု ဒါမွမဟုတ္လည္း အျခား​အ​ေၾကာင္းရင္းတစ္ခုခု​ေၾကာင့္ ျဖစ္ႏိုင္သည္။ သို႔​​​ေသာ္ သူ႕အ​ေမ ကုသခင္မႀကီးက လက္ထပ္ဖို႔ စီစဥ္​ေပးလာတဲ့အခါ တဖက္အမ်ိဳးသားျဖစ္သူ​ေက်ာင္းခ်ီက အတင္းအက်ပ္လက္ထပ္ဖို႔ ဖိအား​ေပးခံရတာ မဟုတ္​ေၾကာင္း စစ္​ေဆးၿပီး​ေနာက္ လက္ထပ္ဖို႔ကို မျငင္းဆန္ခဲ့​ေပ။ ​ေက်ာင္းခ်ီ မွတ္မိ​ေန​ေသးသည္။ ထိုပုဂၢိဳလ္က သူ႕(ZQ)ကို သူ(GLH)နဲ႔ လက္ထပ္ဖို႔ တကယ္ဆုံးျဖတ္ၿပီးၿပီလား ဟု ႏႈတ္ခမ္းေတြကို တင္းက်ပ္​ေန​​ေအာင္​ေစ့ထားခဲ့ၿပီး အ​ေလးအနက္ လာ​​​ေမးသည့္အခ်ိန္ကို ​ေက်ာင္းခ်ီ မွတ္မိ​ေန​ေသးသည္။ 

ဥကၠ႒ကုက တကယ္ကို ​ေကာင္းတဲ့ Alphaတစ္​ေယာက္ပဲ

​ေက်ာင္းခ်ီ သူ႕ရဲ႕ရန္သူ​ေတာ္ႀကီးႏွစ္​ေယာက္ကို ဖ်က္စီးၿပီးသြားရင္ သူ႕ရဲ႕လက္တြဲ​ေဖာ္ ကုလီဟန္​ေပၚမွာ ပို​ေကာင္း​ေပးဖို႔ ဆုံးျဖတ္လိုက္သည္။
[🤌🙄]

​"ေရာက္ပါၿပီ"

ယာဥ္​ေမာင္းက ​ေျပာလာသည္။

​ေက်ာင္းခ်ီကား​ေပၚမွ ဆင္းၿပီး ကုသခင္မႀကီး႐ွိသည့္ ကုသ​ေဆာင္သို႔ သြားခဲ့သည္။
တံခါးနားမွာ သက္​ေတာ္​ေစာင့္ ၆​ေယာက္႐ွိ​ေနခဲ့ၿပီး ကုသ​ေဆာင္တစ္ခုလုံးကို တင္းတင္းက်ပ္က်ပ္ ကာကြယ္ထားၿပီး မလိုအပ္သည့္သူမ်ား ဝင္​ေရာက္ခြင့္မျပဳထား​ေပ။ၿပီးခဲ့သည့္ရက္အနည္းငယ္က ကုသခင္မႀကီးရဲ႕​ေနာက္ဆုံးကုသမႈ၏အ​ေရးႀကီး​ေသာ ကာလျဖစ္​ေသာ​ေၾကာင့္ သက္​ေတာ္​ေစာင့္မ်ားက အဆင္သင့္အ​ေနအထားျဖင့္ ​ေက်ာင္းခ်ီ မည္သို႔ပင္​ေျပာ​ေန​​ေစကာမူ ဝင္ခြင့္ မျပဳခဲ့​​ေပ။

​ေက်ာင္းခ်ီ မ်က္​ေမွာင္​ေလးၾကဳတ္ကာ သူထြက္မလာခင္​ေတာင္ ကုသခင္မႀကီးကို စိုးရိမ္​​ေၾကာင္း​ ​ေျပာခဲ့​ေသးသည္။ ​ေက်ာင္းခ်ီ ကားထဲတြင္ အခ်ိန္ၾကာျမင့္သည္အထိ ထိုင္​ေနခဲ့ၿပီး ယာဥ္​ေမာင္းက မ​ေနႏိုင္​ေတာ့ဘဲ ​ေမးလာသည္။

"ဒုတိယသခင္​ေလး သခင္​ေလးရဲ႕ ခႏၶာကိုယ္က အျပည့္အဝ​ေကာင္း​ေသးတာမဟုတ္ဘူး။ သခင္​ေလး ျပန္ၿပီး နားခ်င္လား?"

​ေက်ာင္းခ်ီ: "မျပန္ဘူး။ ​ေတာင္​ေစာင္းက Villa ​ေတြဆီ ​ေမာင္း"

​ေ႐ွာင္း႐ြိဟာ အထက္တန္း​ေအာင္ၿပီးတဲ့​ေနာက္မွာ သူ႕မိသားစုတြင္ တျဖည္းျဖည္းအာဏာရလာလိမ့္မည္။ ဤ​ေႏြရာသီအားလပ္ရက္သည္ သူ႕အတြက္ အ​ေရးႀကီး​ေသာ အခ်ိန္ျဖစ္သည္။ တကၠသိုလ္စတက္ခ်ိန္တြင္ ​​ေ႐ွာင္း႐ြိႏွင့္ ဆက္ဆံရန္ အခက္အခဲ ႐ွိလာ​ေပလိမ့္မည္။
......
စုလင္း ​ေမြးရနံ႔ဘား၏​ေနာက္​ေဖးျခံမွာ တစ္မနပ္လုံး အခ်ိန္ကုန္​ေနခဲ့သည္။ သူ ရနံ႔ဆီစစ္ထုတ္ကိရိယာကို မည္သို႔အသုံးျပဳရမည္ကို နားလည္သြားၿပီ ျဖစ္ၿပီး ႏွင္းဆီ Essential oil ပုလင္း​ေသး​ေသး​ေလးကို ထုတ္ယူလိုက္သည္။ [TN-essential oilဆိုတာ ႏွင္းဆီပန္းက​ေနထုတ္ထားတဲ့ အဆီပါ]

တင္ျပခ်က္ တစ္ခ်ိဳ႕ကို ဖတ္ၿပီးတဲ့​ေနာက္မွာ နာလူးက စုလင္းကို ႐ွာရန္ ​ေနာက္​ေဖးျခံကို လာခဲ့သည္။

"ေန႔လည္စာ အတူစားရေအာင္​ေလ?"

စုလင္းက ​ေခါင္းယမ္းလိုက္ၿပီး

"​​ေတာ္ၿပီ ​ေလး​ေလး ကြၽန္​ေတာ္ Villaကို ျပန္မွာ"

သူ႕ရဲ႕ နတ္ဘုရားႀကီးက ၃လတာ အားလပ္ရက္ယူရန္အတြက္ သူ႕ရဲ႕ အခ်ိန္ဇယားကို အား​ေအာင္လုပ္ထားခဲ့သည္။ သူက Belle ၿမိဳ႕​ေတာ္မွာ ႐ွိ​ေနလွ်င္​ပင္ ရံဖန္ရံခါ တစ္ခ်ိဳ႕​ေသာ အလုပ္မ်ားကို ကိုင္တြယ္ေျဖ႐ွင္းရန္လိုေသး​ေပသည္။ စုလင္း သူ႕နတ္ဘုရားနဲ႔အတူ ​ေန႔လည္စာ စားခ်င္သည့္အျပင္ ​ေက်ာင္းခ်ီရဲ႕ ရန္က​ေနလည္း ကာကြယ္ရဦးမည္။

နာလူးက စုလင္းကို ၾကည့္​ေနၿပီး ​​ေျပာဖို႔ တုန္႔ဆိုင္း​ေန​ေပမယ့္ ခဏ​ေလာက္အၾကာမွာ ​ေမးလာသည္။

" မင္း ဥကၠ႒ကုကို ​သ​ေဘာက်​ေနတာလား?"

စုလင္းက ရယ္လိုက္ၿပီး နာလူးကို ၾကည့္ကာ

"အဲ့​ေလာက္ သိသာတယ္လား?"

ထို႔​ေနာင္ စုလင္း သက္ျပင္း​ေလးခ်ကာ

"ဒါ​ေပမယ့္​ေလ ဥကၠ႒ကုက​ေတာ့ ခံစားမိပုံ​ေတာင္မရဘူးရယ္"

နာလူးက ​ေလးနက္သည့္ အမူအယာျဖင့္ ​ေမးလာသည္။

"မင္း..​ေသခ်ာလား?သူက မင္းထက္ ၁၀ႏွစ္ႀကီးတယ္​ေနာ္...ၿပီး​ေတာ့..."

နာလူး သူထုတ္မ​ေျပာဝံ့သည့္ ​ေကာလဟာလမ်ားအ​ေၾကာင္းစဥ္းစားမိလိုက္ၿပီး ​​ေျပာ​ေနတာကို ခဏရပ္လိုက္သည္။

"သူက က်န္းမာ​ေရးလည္း ​ေကာင္းပုံမရဘူး"

စုလင္း မ​ေနႏိုင္​ေတာ့ဘဲ ရယ္မိလိုက္ၿပီး

"​ေလး​ေလးနာလူး ကြၽန္​ေတာ္က အ႐ြယ္​ေရာက္​ေနပါၿပီ။ ​ေလး​ေလး စကားကို သိမ္​ေမြ႕​ေအာင္ အလိမၼာသုံး မ​ေျပာလည္း ရပါတယ္။ ​ေလး​ေလး​ဆိုလိုခ်င္တာကို ကြၽန္​ေတာ္သိတယ္။ လိင္ပိုင္းဆိုင္ရာ မူမမွန္တာကို ​ေျပာခ်င္တာမလား? အဲ့ဒါ​ေတြက ​ေကာလဟာလ​ေတြပါ"

နာလူးက စူးစိုက္ၾကည့္လာကာ

"မင္း ဘယ္လိုသိလဲ?"

သူက စုလင္း ပုခုံးကို ဆုပ္ကိုင္ၿပီး

"သူ မင္းကို ဘာလုပ္​တာလဲ?"

​ေျပာရင္းပင္ နာလူးက စုလင္းရဲ႕လည္ပင္းအ​ေနာက္ကို စစ္​​ေဆး​ေတာ့သည္။

စုလင္း ​ေခါင္း​ေလးကိုလိမ္ၿပီး နာလူးကို လွည့္ကာ

"​ေလး​ေလးကလည္း ကြၽန္​ေတာ္႕​Pheromoneနံ႔ကို​ေမ့သြားၿပီလား? ​ေလး​ေလး အ​ေတြးလြန္​ေနတာပါ။ ကြၽန္​​ေတာ္ သူ​ေလ့က်င့္ခန္းလုပ္တာကို ျမင္ဖူးတယ္။ သူက ႐ုပ္ပိုင္းဆိုင္ရာၾကံခိုင္မႈ အရမ္းေကာင္းတယ္"

နာလူး သူ႕ႏွလုံးသား​ေလးနဲ႔ စိတ္ဝိညာဥ္​ေလးကို အသာပုတ္၍ သက္မခ်ရင္း

"အဲ့ဒီ 'အရာ'က​ေလ ႐ုပ္ပိုင္းဆိုင္ရာၾကံခိုင္မႈနဲ႔ ဘာမွမဆိုင္ဘူး။ မင္းက ငယ္လြန္း​ေသးတယ္။ မင္း တကယ္လို႔ တစ္​ေယာက္​ေယာက္ကို ခ်စ္ၾကည့္ခ်င္ရင္ ငါလူတစ္ခ်ိဳ႕နဲ႔ မိတ္ဆက္​ေပးလို႔ရတယ္"

စုလင္းက သူ႕ပုခုံး​ေပၚက နာလူးရဲ႕လက္​ေမာင္းကို အသာပုတ္လိုက္ရင္း

"​ေလး​ေလးနာလူး စိတ္မပူပါနဲ႔။ ကြၽန္​ေတာ္က သူနဲ႔ပဲ ခ်စ္ကြၽမ္းဝင္ခ်င္တာ"

နာလူးက သူ႕ကို စကၠန္႔အနည္းငယ္ ၾကာ​ေအာင္ၾကည့္​ေနခဲ့ၿပီး

"အင္းပါ၊ ဒါေပမယ့္ မင္းလုံျခဳံေရးကို​ေတာ့ ဂ႐ုစိုက္ရမယ္။ တစ္သက္တာ အမွတ္အသား​ေပးတာမ်ိဳး​ေတာ့ မလုပ္နဲ႔ဦး​ေနာ္ အဲ့ဒါက ကိုယ္ဝန္ရလြယ္တယ္"

စုလင္း ​ေခါင္းညိတ္လိုက္ၿပီး

"ကြၽန္​ေတာ္ သိပါၿပီ"

စုလင္း ဇီဝကမၼေဗဒဆိုင္ရာစာအုပ္ကိုဖတ္ၿပီးသူ႕ရဲ႕ ခႏၶာကိုယ္အသစ္အေၾကာင္းကို နက္နက္႐ိႈင္း႐ိႈင္း နားလည္ခဲ့ၿပီ ျဖစ္ေသာ္လည္း သူက ေကာင္း​ေကာင္းႀကီး လက္ခံႏိုင္တယ္လို႔​ေတာ့ မဆိုလို​ေပ။ အနည္းဆုံး​ေတာ့ သူသည္ ကိုယ္ဝန္အတြက္ စိတ္ပိုင္းဆိုင္ရာ အဆင္သင့္မျဖစ္ေသးပါ​ေခ်။ သို႔ေသာ္ သူ ယာယီအမွတ္အသားျဖစ္ေစ၊ တစ္သက္တာအမွတ္အသားျဖစ္ေစ၊ အမွတ္အသား​ေပးျခင္းကို​ေတာ့ အေတာ္ေလးစပ္စု​ေနမိသည္။ ေနာက္ဆုံးေတာ့လည္း ဤကဲ့သို႔ေသာအရာမ်ားသည္ သူ႕ကမ႓ာႏွင့္လုံးဝျခားနား​ေနသည္​ေလ။

နာလူးကို လက္ျပႏႈတ္ဆက္ၿပီး စုလင္း villa သို႔တကၠစီ စီးျပန္လာသည္။ သူက လမ္း​ကတည္းက Villa ယာဥ္​ေမာင္းကို လွမ္းဆက္သြယ္ခဲ့ၿပီး လမ္းတစ္ဝက္မွာ ကား​ေျပာင္းစီးကာ Villaကို တန္းသြားခဲ့သည္။ စုလင္း ဧည့္ခန္းမထဲ ဝင္လိုက္သည္ႏွင့္တၿပိဳင္နက္ ​ေစးကပ္ၿပီး ​ခ်ိဳ​ေမႊးေနသည့္Pheromoneရနံ႔က သူ႕မ်က္ႏွာကို ႐ိုက္ခတ္လာသည္။ ကုလီဟန္က ဆိုဖာ​ေဘးမွာ အမူအယာ​မဲ့စြာ မတ္တပ္ရပ္​ေနခဲ့ၿပီး နီျမန္း​ေနသည့္ ​ေက်ာင္းခ်ီကို သူ႕ရဲ႕ညာဘက္လက္မွာ ကိုင္ထားၿပီး ဘယ္ဘက္လက္မွာ ​ေဆးထိုးသည့္ကိရိယာကို ကိုင္ထားတာကို ​စုလင္း ေတြ႕လိုက္ရသည္။

​ေက်ာင္းခ်ီက တြန္႔လိမ္ၿပီး ​ေဆးထိုးအပ္ကို ​ေ႐ွာင္ကာ သူ႕ခႏၶာကိုယ္တစ္ခုလုံးကို ကုလီဟန္​ေပၚ မွီခ်လိုက္သည္။

"တား​ေဆး​ေတြ မသုံးခ်င္ဘူး။ ကြၽန္​ေတာ္႕ကို ခင္ဗ်ားပဲ ကူ​ေပး​ေလ" [🤌😡🖕]

စုလင္း လုံးဝကို စိတ္ဆိုးသြားသည္။

ျပန္ေမြးဖြားလာတဲ့ ​ေက်ာင္းခ်ီက ဒီလိုအ႐ွက္မဲ့လုပ္ရပ္မ်ိဳးလုပ္ဖို႔ မ်က္ႏွာ႐ွိႏိုင္တယ္​ေပါ့!

စာေရးသူမွာ ေျပာစရာတစ္ခု႐ွိတယ္။

တစ္ေန႔ SL က သူ႕ခါးကိုပြတ္ၿပီး

“ေကာလဟာလ​ေတြကို ဘယ္သူျဖန္႔တာလဲ။ မိုက္မဲလိုက္တာ!"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋

Continue Reading

You'll Also Like

588K 67.8K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
3.5M 532K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
3.5M 282K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
2.8M 187K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022