Love Of My Life [Completed]
由 GennyCloud
750K 46.1K 1.6K
Genre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from... 更多
အမှာစာ🤎(Uni + Zawgyi)
Character Introducing
Epi(1) Unicode
Epi(1) Zawgyi
Epi(2) Unicode
Epi(2) Zawgyi
Epi(3) Unicode
Epi(3) Zawgyi
Epi(4) Unicode
Epi(4) Zawgyi
Epi(5) Unicode
Epi(5)Zawgyi
Epi(6) Unicode
Epi(6) Zawgyi
Epi(7) Unicode
Epi(7) Zawgyi
Epi(8) Unicode
Epi(8) Zawgyi
Epi(9) Unicode
Epi(9) Zawgyi
Epi(10) Unicode
Epi(10) Zawgyi
Epi(11) Unicode
Epi(11) Zawgyi
Epi(12) Unicode
Epi(12) Zawgyi
Epi(13) Unicode
Epi(13) Zawgyi
Epi(14) Unicode
Epi(15) Unicode
Epi(15) Zawgyi
Epi(16)Unicode
Epi(16) Zawgyi
Epi(17) Unicode
Epi(17) Zawgyi
Epi(18) Unicode
Epi(18) Zawgyi
Epi19(Unicode)
Epi19 (Zawgyi)
Epi20(Unicode)
Epi(20) Zawgyi
Epi(21) Unicode
Epi (21) Zawgyi
Epi(22) Unicode
Epi(22)Zawgyi
Epi(23) Unicode
Epi(23) Zawgyi
Epi(24) Unicode
Epi(24)Zawgyi
Epi(25) Unicode
Epi(25) Zawgyi
🤎
Epi(26) Unicode
Epi(26) Zawgyi
Epi(27)Unicode
Epi(27)(Zawgyi)
Epi28(Unicode)
Epi29(Unicode)
Epi28(Zawgyi)
Epi29(Zawgyi)
Epi30(Unicode)
Epi30(Zawgyi)
Epi31(Unicode)
Epi31(Zawgyi)
Epi32(Unicode)
Epi32(Zawgyi)
Epi(33)(Unicode)
Epi(33)(Zawgyi)
Epi(34)(Unicode)
Epi(34)(Zawgyi)
Epi(35) Unicode
Epi(35) Zawgyi
Epi (36) Unicode
Epi(36) Zawgyi
Epi(37) Unicode
Epi(37) Zawgyi
Epi(38) Unicode
Epi(38) Zawgyi
Epi(39) Unicode
Epi(39) Zawgyi
Epi(40) Unicode
Epi(40) Zawgyi
Epi(41) Unicode
Epi(41) Zawgyi
Epi(42) Unicode
Epi(42) Zawgyi
Epi(43) Unicode
Epi(43) Zawgyi
Epi(44) Unicode
Epi(44) Zawgyi
Epi(45) Unicode
Epi(45) Zawgyi
Epi(46) Unicode
Epi(46) Zawgyi
Epi(47) Unicode
Epi(47) Zawgyi
Epi(48) Unicode
Epi(48) Zawgyi
Epi(49)Unicode
Epi(49) Zawgyi
Final Episode (Uni)
Final Episode (Zawgyi)
My Dear , Readers (U+ZG)
Happy New Year❤️
Genny has something to say!! U/Z
Extra (Unicode)
Extra ( Zawgyi)
Thidingkyut Extra
❤️Genny Cloud's Love Letter☁️U*Z
Happy Thingyan with KheNyeim (U+Z)
Extra Part 2 (U+Z)
Epi(14) Zawgyi
3.1K 116 11
由 GennyCloud
အပိုင်း(၁၄)
"သားစောစောစီးစီး ဘယ်သွားမလို့လဲ "
မနက်စောစောစီးစီး ရေမိုးချိုးပြင်ဆင်ထားတဲ့သူ့ကို ဒေါ်ဒေါ်က ‌မေးသည်။
"သား ဆူးနဲ့သွားစရာရှိလို့ "
သူ့အဖြေမှာ ဘယ်ရယ်စရာပါလဲမသိ ၊ ဒေါ်ဒေါ်က ရယ်သည်။ ပြီးမှ...
"အေးပါကွယ် သွားစရာရှိတဲ့သူကျတော့ အတူသွားကြပေါ့ ၊ ကောင်းပါတယ် ကောင်းပါတယ် "
ဒေါ်ဒေါ်က စ‌သလို‌ နောက်သလို ပြောလိုက်ပေမဲ့ ဒေါ်ဒေါ့်စကားကြောင့် မျက်နှာပျက်သွားရသူက ညိမ် ။ သူကိုယ်ကိုကိုယ် ဂေးလို့ဝန်ခံပြီးမှ ရန်ကုန်ကိုပို့ခြင်းခံလိုက်ရတာကို ဒေါ်ဒေါ်မသိ ၊ မေမေတို့က ရှက်စရာကိစ္စတစ်ခုဟုထင်မှတ်ပြီး မပြောနဲ့ ဆိုသော အမှာစကားအောက် သူဒေါ်ဒေါ့်ကိုဖွင့်မပြောဖြစ်ခဲ့ ။ ဒေါ်ဒေါ်လည်း သူဘာဆိုတာ သိပုံမရပေ ။ ထို့ကြောင့်သာ သူ့ကိုဆူးနှင့်စ‌နေခြင်းဖြစ်လိမ့်မည်။
ဆူးက ချစ်စဖွယ်ကောင်မလေးပီပီ သွက်သွက်လက်လက်ရှိခြင်းကို‌ ဒေါ်ဒေါ်ကသဘောတကျရှိသည်။ ရှိသည်ဆို ဂျပန်မှာ တစ်အိုးတစ်အိမ်ထောင်ပြုသွားတဲ့ တစ်ဦး‌တည်းသော သမီးက ခပ်အေးအေးမလား ။
ညိမ်လည်း ဘာမှပြောမနေချင်တော့မို့ ပေါင်မုန့်ကြက်ဥကြော်ကိုသာ စားလိုက်ပြီး တိုက်အောက်သို့ဆင်းလာလိုက်တော့သည်။
နှစ်ဝက်စာမေးပွဲတွေလည်း ဖြေရတော့မှာမို့ သူအရင်လိုအားမနေတော့ ၊ ဂိုက်‌ဆိုပေမဲ့ ဘာမှမထူးပါဘူး။ သင်ရတာက သင်ရတာဘဲ ။
သုံးလလောက် အတူသင်ပြီးတဲ့အခါမှာတော့ ဆူးနဲ့ ညိမ်လည်း အတော်လေးကို ရင်းနှီးလာပြီဖြစ်သည်။ဆူးမိဘတွေကလည်း သူ့တို့ကလေး၏ တိုးတက်လာသော ရလဒ်များအပေါ်တွင် တော်တော်လေး သဘောတကျရှိသဖြင့် သူရင်အေးပါ၏။ ဆူးကညိမ့်အတွက်တော့ တကယ့်ကို ညီမလေးအရင်းတစ်ယောက်ပင်။
Ring Ring…!
"ဟယ်လို "
"မလာသေးဘူးလား ကိုကြီး ဆူးစောင့်နေတာ "
"အင်း အင်း လာပြီ အစ်ကိုတိုက်အောက်ရောက်နေပြီဆူး "
"အင်း အင်း အဲ့တာဆိုလည်း ပြီးတာဘဲ "
ဆောင့်ကြီးအောင့်ကြီး ချသွားတဲ့ စကားအသံအဆုံး သူ ဟက်ဟက်ပက်ပက် ရယ်မိသည်။
ကျစ်ဆံမြီး‌ကို နှစ်ဖက်ခွဲကာ ချထားပြီး စကပ်ရှည်ရှည်ဖားဖားကြီးနဲ့ ဆူးက ကပိုကရိုနဲ့တောင် ပုရိသယောက်ျားတို့အတွက် အကြည့်မလွှဲချင်စဖွယ် ။
စာမေးပွဲမဖြေခင် ဦးနှောက်ဆေးရမယ်ဆိုတဲ့ အကြောင်းပြချက်ကြီးနှင့် ပိတ်ရက်လေးတောင် အိမ်မှာနေခွင့်မပေး။ သူသွားချင်သော နေရာတွေကို လိုက်ပို့ရပါမည်တဲ့ ။
"ဆူးရေ အစ်ကိုဒီမှာ "
သူလက်ပြလိုက်တော့ ဆူးကပါလက်ပြန်ပြသည်။
"ဆူး ဘယ်သွားချင်လို့လဲ "
သူမေးတော့ ဆူးကပြုံးရွှင်စွာ အဖြေပြန်ပေးလာသည်။
"ကိုရတုဆိုင်မှာ အရင်သွားစားမယ် ၊ ပြီးမှ အခြားနေရာကို သွားကြတာပေါ့ "
ဆူးအပြောကို ခေါင်းတဆက်ဆက်ညိတ်ပြကာ အဖြေပေးသူကြောင့် ဆူးနှုတ်ခမ်းတို့ တွန့်ကွေးကုန်ရသည်။
ဒီအစ်ကိုကြီးဟာလေ တကယ့်ကို Boyfriend Material Typeကြီးပင် ၊ သူဘာပြောပြော မငြီးမညူနဲ့ သူ့အလိုကိုလိုက်သည်။ ဒီအစ်ကိုကြီးရတဲ့သူကတော့ ဘုရားပေးတဲ့ဆုလာဘ်ထက်ပင် ကံကောင်းမည်မှာ သေချာ၏ ။
"ဆူးစာတွေရပြီလား "
"အေးဆေးပါ ဟဲဟဲ ကိုကြီးသင်ပေးထားတာဘဲလေ "
"အေးပါ အစ်ကိုစာမေးမှာနော် ဆူး ကိုးတန်းဆိုပေမဲ့ ပေါ့ပေါ့တန်တန်မလုပ်ရဘူး ကြားလား "
"Yes sir "
ဆူးက အလေးပြုတဲ့ပုံစံလုပ်ကာ ပြောင်စပ်စပ်လုပ်ပြ၏။
ညိမ်လည်း ဘာမှမပြောတော့ဘဲ နှစ်ယောက်သား စကားတပြောပြောနဲ့ပင် ကားမှတိုင်ဆီသို့သာ လျှောက်သွားလိုက်၏။
•••••••
Vanilla Restaurant
အရင်ကနာမည်သာ ရင်းနှီးရုံ ရင်းနှီးပြီး သိပ်ဝင်ထွက်လေ့မရှိသော ဆိုင်သည် ဆူးဒေဝီဆိုသော ကောင်မလေး၏ ခဏခဏ ခေါ်ဆောင်မှုနောက်တွင်တော့ အတော်လေးရင်းနှီးကာ ဆိုင်ရှင်နှင့်ပင် ခင်မင်နေပြီဖြစ်သည်။
ကိုရတုက တော်တော်လေး စကားပြောကောင်းကာ ဆက်ဆံရေးပြေပြစ်သဖြင့် ဘော်ဒါတစ်ယောက်လိုပင် ရင်းနှီးနေ၏။ တွေ့လိုက်တိုင်း ညီ ၊ မိုးသန့်ဟု ခေါ်တတ်ကာ အပြုံးချိုချိုတို့ကို စွန့်ကြဲလေ့ရှိသည် ။
မျက်နှာကို အမြဲလိုလိုတည်ထားကာ ၊ ရယ်တာကိုပင်တစ်နှစ်ခါလောက်သာ တွေ့ဖူးသော ‌အချေလေးနှင့်တော့ တစ်ခြားစီပင်။
ဆူးက ဆိုင်ကိုရောက်တာနဲ့ မှာစရာရှိတာမှာပြီး သူ့အိမ်သူ့ယာလိုပင် ခပ်တည်တည်ပင် အပေါ်ထပ်သို့တက်သွားသည်။ သူလည်း ဆူးနောက်သို့လိုက်ကာ ဆူးထိုင်တဲ့ဝိုင်း၌ထိုင်လိုက်သည်။
တစ်ရှူးမပါတာမို့ ချွေးစို့နေသော နဖူးကို ဘာနှင့်သုတ်ရမှန်းမသိ ကြံရာမရဖြစ်နေစဉ် အနားသို့ရောက်လာသော လက်ဖြူဖြူတစ်ကြောင့် မော့ကြည့်‌လိုက်တော့ ကိုရတုမင်းဉာဏ်။
"ရော့ညီ ၊ သုတ်လိုက်အုံး "
"ဟုတ် ကိုမင်း "
သူလည်း ကိုမင်းပေးသော တစ်ရှူးကို ယူကာ ချွေးစို့နေသော နဖူးကို အသာအယာသုတ်မိသည်။
"ကိုမင်းက ဘယ်သွားမလို့လဲ "
"ကိုယ်က မေမေတို့ဆိုင်ကို သွားမလို့လုပ်နေတာ ၊ ညီတို့ရောက်လာတာတွေ့လို့ ၀င်ထိုင်လိုက်တာ "
"အာ ကျွန်တော်တို့ကိုအားမနာနဲ့ သွားပါ ရပါတယ် "
"ရပါတယ်ကွ ခဏနေမှ သွားမှာ ၊ မေမေကလည်း သူ့ဆိုင့်ကို လာပါအုံးဆိုတာနဲ့ သွားကြည့်မလို့လေ ၊ ရတုကတော့ အိမ်မှာဘဲစာလုပ်နေတာ "
"အဟမ်း အဟမ်း  ၊ လူကိုရှိတယ်လို့ကော ထင်သေးရဲ့လား "
ဆူးပြောတော့ ကိုမင်းက ရယ်သည်။
ဟုတ်သား ၊ အခုမှသတိရတယ် ။
ကိုရှင်းနဲ့စကားပြောကောင်းနေတာ ၊ဆူးကိုမေ့သွားတာဖြစ်သည်။
"စားစရာတွေကော မှာထားရဲ့လား "
"ဆူးအကုန်မှာခဲ့ပြီးပြီ  ကိုမင်းဘဲရှင်းလိုက်တော့ အဟီး "
"ဟုတ်ပါပြီဗျာ"
ကိုမင်းအပြောကြောင့် ဆူးမျက်မှာက စပ်ဖြီးဖြီး။
ဆူးဒီဆိုင်ကို အမြဲလာလေ့ရှိသော်လည်း ကိုမင်းနဲ့ အမြဲမတွေ့  ၊ ဆိုင်ရဲ့အပြင်အဆင်နဲ့မလိုက်ဈေးသက်သာတာကြောင့် ကိုကြီးမိုးသန့်နဲ့ မသင်ခင်တည်းက ဆူးလာနေကျဖြစ်သည်။ သို့သော် ကိုမင်းက အမြဲလူကိုယ်တိုင်လာတွေ့ ၊ လာထိုင်တာမျိုးမလုပ် ၊ တစ်ခါတရံသာ ဖြစ်သည်။ အခုနောက်ပိုင်း ကိုကြီးနဲ့ ခဏခဏလာမှ သူကပါ လူကိုယ်တိုင် တစ်ဝိုင်းတည်းထိုင်၍ အမြဲစကားလာလာပြောသည်။ နဂိုတည်းက အပြုံးချိုသူဖြစ်သူဖြစ်သော်လည်း ကိုကြီးမိုးသန့်ကို ပြုံးပြတဲ့ အပြုံးတွေက ပို၍ချိုမြနေသယောင်။
သူပဲ တစ်မျိုး တစ်ထင်နေမိတာလား!
ရှတော့မှာလား မသိဘူးဟုပင်တွေးမိသွားသည်။ အခုနောက်ပိုင်း ဟိုကောင်ကလည်း ကိုကြီးမိုးသန့်အကြောင်းကို ခဏခဏမေးသည်။ လူတွေကို သိပ်ဂရုမစိုက်တဲ့ အစ်ကိုတော်ကပါ မေးမေးနေသဖြင့် ဆူးလန့်လာသည်။
မဟုတ်မှ နှစ်ယောက်လုံးက ငါ့အချစ်ဦးလေးကို ကြိုက်နေတာတော့ မဟုတ်လောက်ပါဘူးနော် ။
တကယ်သာဆိုရင်တော့ ဆူးလည်း လက်လွှတ်ရမည်မှာ အသေချာ နှစ်ယောက်ထဲတွင် သေချာပေါက် ခီကူးမပါပါစေနဲ့လို့သာ ဆုတောင်းရမည်။ ခီတန်ကူးဇဏ်အကြောင်း အတွင်းသိ အဆင်းသိသူပီပီ သူရဲ့အရင်ပုံစံတွေပြန်ပေါ်လာမှာကို ကြောက်လည်းကြောက်သလို လန့်လည်းလန့်ပါ၏ ။ အရင်က အသက်မပြည့်သေးဘူး ငယ်သေးတယ် ဆိုသောအချက်နှင့် တော်တော်များများကို ခွင့်လွှတ်ပေး ၊ ဖြေရှင်းပေးနိုင်သော်ငြား ယခုနဲ့တော့မတူပေ ။ မျက်နှာသိသူတွေ ဖြစ်တာကြောင့် ဘယ်သူနဲ့မှ ဆက်ဆံရေးကိုမပြတ်စေချင် ။
ဘာကိုမှမသိဘဲ ပြုံးရယ်နေသော ကောင်လေးတစ်ယောက်အား ကြည့်ရင်း ဆူးသက်ပြင်းများသာ အခါခါ ချမိ၏။
•••••••••
"ဟိုလေ ကိုကြီးမိုးသန့် ၊ ဆူးမေမေက သွားစရာရှိလို့ ပြန်ခေါ်နေလို့ ဆူးသွားရမှာ အဲ့တာ "
ပြောဖို့ကို အားတုံ့အားနာနေဟန်ရတာကြောင့် ညိမ်ဘာမှမဖြစ်သလို ပြုံးပြလိုက်သည်။
"အော် သွားလေ ဆူး အစ်ကိုကဘာမှမဖြစ်ဘူး အားမနာနဲ့ လိုက်ပို့ပေးရဦးမလား "
"ရတယ် ဆူးဘာသာဘဲ သွားလိုက်တော့မယ်နော် အစ်ကိုကိုယ့်ဘာသာ ပြန်လိုက်တော့ "
"အင်း အင်း "
ဆူးထွက်သွားတော့ ကိုရှင်းနဲ့ ညိမ်သာကျန်ခဲ့သည်။ ကိုရှင်းကလည်း သူ့အမေဆီသွားမယ်ဆိုပြီး ယခုအချိန်ထိ ထိုငိခုံမှမရွေ့ ။ သူလည်းစားပြီးသောက်ပြီးသည်မို့ ထိုင်ခုံမှထကာ ပြန်ရန်ပြင်လိုက်သည်။
"ကိုရှင်း ကျွန်တော်ပြန်တော့မယ် "
"ဟုတ်ပြီ ညီ ။ အတူသွားကြတာပေါ့ "
အတူတူအောက်ထပ်ဆင်းလာတော့ ဆိုင်ဝန်ထမ်းများက မသိမသာရော သိသိသာသာကြည့်လာသဖြင့် ညိမ်နေရခက်မိ၏။
ဆိုင်ပေါက်ဝ‌‌ ရောက်တော့ ကိုမင်းက...
"ညီ ကိုယ်အိမ်လိုက်ပို့ပေးရမလား "
"ရတယ် ကိုရှင်း ၊ ကျွန်တော်ဘာသာ ပြန်ပါ့မယ် "
"အားမနာပါနဲ့ တစ်ခါတည်းဝင်ပို့ပေးမယ်လေ "
"ရတယ်ကိုရှင်း ၊ လမ်းလည်းသင့်တာမဟုတ်ဘဲနဲ့ "
"ဒါပေမဲ့ …"
"ကာယကံရှင်က ရတယ်လို့ ပြောနေတယ်မဟုတ်လား "
ဖြတ်ဝင်လာသော ဩရှရှအသံတစ်ခုကြောင့် ညိမ့်ရင်ထဲဒိန်းခနဲ ဖြစ်သွား၏။
လက်ထဲမှာလည်း ဆေးလိပ်တစ်လိပ်နဲ့ဖြစ်တာကြောင့် အရင်တစ်ခါ လိမ္မာတယ်‌ဆိုသော အတွေးတို့မှာ ကြက်ပျောက် ငှက်ပျောက်။
"အော်… ဇဏ် ၊ ဘယ်ကိုလာတာလဲ "
စကားကို လမ်းကြောင်းပြောင်းကာ အခြားတစ်ဖက်သို့ ဦးတည်လိုက်သူက လူကြီးလူကောင်းပီသစွာ။
ကိုမင်း မေးတာကို မဖြေဘဲ ညိမ့်ဘက်သို့လှည့်ကာ မေးဆတ်ပြသူကြောင့် သူ့အတွေးတို့၌  question markများ တန်းစီသွားရသည်။
သူဘာကိုပြောချင်တာလဲ…။
"ကျွန်တော် သူ့ကိုလာခေါ်တာ ၊ လာလေ မိုးသန့်ညိမ် အိမ်လိုက်ပို့ပေးမယ်"
ကြောင်အစွာငေးမိနေတုန်းမှာပင် သူ့လက်ကို ပိုင်စိုးပိုင်နင်း ဆွဲကာ သွားမည့်ဟန်ပြင်နေ‌သူကြောင့် ကိုမင်းကို အပြုံးတစ်ခုကလွဲ ဘာမှရှည်ရှည်ဝေး နှုတ်မဆတ်ဖြစ်လိုက်။ ကိုရှင်းက ပြုံးပြကာ ခေါင်းညိတ်ပြသည်မို့ တော်သေးသည်ပြောရမည်။
"ခင်ဗျား နှုတ်ဆတ်လို့ ပြီးအုံးမှာလား "
စိတ်မရှည်ပုံရတဲ့ သူ့အသံကဘောက်ဆတ်ဆတ်နေမှာ မလွဲ ။
"ပြီးပြီ ၊ ပြီးပါပြီ"
ဟိုကြည့် ဒီကြည့်နဲ့ လန့်နေပုံရတာကြောင့် ခီတန်ကူးဇဏ် သူ့စိတ်ကို လျှော့ရသည်။
"ပြန်မယ်ဆို "
သူပြောလိုက်ပေမယ့် မရဲတရဲသာ ၊ ဒီကောင်လေးက ခန့်မှန်းရခက်သည်။ ဒီကောင်လေးအနားတွင် ရှိနေပါက ဘာရယ်မဟုတ် သူ့လက်များအေးစက်လာတတ်သည်။ ဒါပေမဲ့ ဒီနေ့ကျမှ ပို၍အေးစက်နေသလိုပင် ခံစားရသည်။
ကော်ဖီဆိုင်မှာ တွေ့သလို ‌သပ်သပ်ရပ်ရပ်မဟုတ်ဘဲ ဆံပင်များကဖွာနေကာ ဟူဒီနဲ့ ဂျော်ဂျာပန့်ကိုသာ ၀တ်ဆင်ထားသဖြင့် ငယ်ရွယ်မှု၊ ချောမောမှု တို့က အတိုင်းသားပေါ်လွင်နေ၏။
"ဆိုင်ကယ်က ဟိုဘက်မှာ "
ဟိုတလောက အိမ်ကိုဆူးနဲ့ ရောက်လာတဲ့ ဆိုင်ကယ်အမဲလေး မဟုတ်ဘဲ နက်ပြာလေးဖြစ်နေတာကြောင့် သူပထမဆုံးစီးခဲ့တဲ့ ဆိုင်ကယ်လေးဆိုတာ အမှတ်ရသွားမိသည်။
"ဆေးလိပ်သောက်တတ်တာလား"
"တစ်ခါတလေမှပါ"
ထို့နောက်တွင်တော့ နှစ်ယောက်စလုံး လမ်းတစ်လျှောက်လုံးလည်း ဘာစကားမှမပြောကာ အရှေ့တူရူသို့သာ အာရုံအလုံးစုံကိုပို့ထားသည်။ သူဘယ်လိုရောက်တာလဲဆိုတာကိုတောင် ညိမ့်အားမပြောပြတော့ ။ ဒါပေမဲ့ ဒါဟာဆူးလက်ချက်ဆိုတာ ညိမ်ရိပ်မိပါ၏။
တိုက်အောက်ကို ရောက်တော့ ညိမ်ဆိုင်ကယ်‌ ‌ပေါ်မှဆင်းလိုက်ပြီး helmetအားပြန်ပေးလိုက်သည်။
"ဟို…ကျေးဇူးနော် ၊ ခီတန်ကူးဇဏ် "
"မလိုပါဘူး   ခီ လို့ခေါ်ဖို့ ပြောဖူးတယ် ၊ ဒါနဲ့ ဆိုင်ကယ်စီးရင် သေချာကိုင်ရတယ် ညိမ်"
သူ့ဟူဒီစကိုသာ ဆွဲကိုင်ပြီးလိုက်ခဲ့တာကို ပြောချင်တာလားတော့မသိ ။ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းကာထွက်သွားတာကြောင့် တစ်ခုခုတော့ စိတ်အလိုမကျဖြစ်မှန်း ညိမ်ရိပ်စားမိပါ၏။
'ကျစ် !! စိတ်ရှုပ်စရာ'
ဆူးကဖုန်းခေါ်ကာ ကိုကြီးကို နင်အိမ်ပြန်ပို့‌ပေးလိုက်ပါ ဟုဆိုတာကြောင့် ဆိုင်ကယ်ကို အမြန်ထုတ်ကာ ဆိုင်သို့အပြေးနှင်ခဲ့ပေးမဲ့ ဆိုင်‌ပေါက်ဝမှာ ရင်းရင်းနှီးနှီးပြောဆိုကာ ရယ်မောနေသူနှစ်ယောက်ကြောင့် ဘာအကြောင်းပြချက်မှ မရှိပါဘဲ လူက ဒေါသထွက်ရသည်။
ရတုအစ်ကိုရှေ့တွင် မိုးသန့်ညိမ်လို့ ရိုင်းရိုင်းစိုင်းစိုင်းခေါ်ခဲ့ပေမဲ့ ဘာမှဖြစ်ပုံမရ‌တာကြောင့် အနည်းငယ်တော့ စိတ်အေးသွားရသည်။
သူဖြစ်နေလည်းဆိုတာ သူ့ဘာသူတောင်မသိ ၊ အချိန်တိုင်းလိုလိုတော့ ဒီလူက သူ့အတွေးထဲစိုးမိုးနေတယ်ဆိုတာ ကိုတော့ သူအရိုးသားဆုံးဝန်ခံရပေမည်။
ဦးနှောက်ထဲသာ ၀င်ခွင့်ပြုမယ် ၊ နှလုံးသားကတော့ အဆင်သင့်မဖြစ်သေးဘူး။
ဒီလောက်နဲ့ပဲ တော်ကြတာပေါ့…သူက ကိုယ့်လိုပဲ မျိုးတူယောင်္ကျားလေးတစ်ယောက်။
──────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
继续阅读
You'll Also Like
12.8K 439 45
773K 62.7K 32
တောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။
798K 66.2K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...