🍀 အမုန်းများရဲ့ အလွန် 🍀

By MoMo_1030

397K 11.2K 120

မာနတွေပြိုင်ကြရင်း တည်ဆောက်ဖြစ်ခဲ့တဲ့ နေ့ရက်ဆက် နဲ့ ပုံရိပ်ထင်တို့ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းလေး ❤️❤️ More

🍀 အပိုင်း 1 🍀
🍀 အပိုင်း 2 🍀
🍀 အပိုင်း 3 🍀
🍀 အပိုင်း 4 🍀
🍀 အပိုင်း 5 🍀
🍀 အပိုင်း 6 🍀
🍀 အပိုင်း 7 🍀
🍀 အပိုင်း 8 🍀
🍀 အပိုင်း 9 🍀
🍀 အပိုင်း 10 🍀
🍀 အပိုင်း 11 🍀
🍀 အပိုင်း 12 🍀
🍀 အပိုင်း 13 🍀
🍀 အပိုင်း 14 🍀
🍀 အပိုင်း 15 🍀
🍀 အပိုင်း 16 🍀
🍀 အပိုင်း 17 🍀
🍀 အပိုင်း 18 🍀
🍀 အပိုင်း 19 🍀
🍀 အပိုင်း 20 - ပထမပိုင်း 🍀
🍀 အပိုင်း 20 - ဒုတိယပိုင်း🍀
🍀 အပိုင်း 21 🍀
🍀 အပိုင်း 22 🍀
🍀 အပိုင်း 23 🍀
🍀 အပိုင်း 25 🍀
🍀 ဇာတ်သိမ်းပိုင်း 🍀
❤️ အသိပေးဖြေရှင်းခြင်း ❤️

🍀 အပိုင်း 24 🍀

13.7K 371 4
By MoMo_1030

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 24 🍀

"မ...မ.....မမ ... မမ "

"ဟင် ဂွန်းလေးရေ.... နောက်ထပ် ၅မိနစ်ပဲ.... ၅မိနစ်လေးပဲနော် မမ ခဏလေး ထပ်အိပ်ချင်သေးလို့ပါ "

အာ......ဘွား .......

"အာ.... ဒီကလေးလေးကတော့ မမကို သွားရည်တွေနဲ့ အော့အော့တွေ လာလုပ်နေတယ် .... ဂွန်းလေးရေ "

ဂွန်းလေးက အစ်မဖြစ်သူကိုကြည့်ပြီး
တခစ်ခစ်ရယ်နေသည်.....

လီလီ အိပ်ရာမှ ကောက်ထိုင်လိုက်ပြီး
သူမကိုလာစနေသော အကောင်ပေါက်လေးကို အိပ်ရာပေါ် ပစ်လှဲလိုက်ပြီး
ဗိုက်ဖောင်းဖောင်းလေးကို လက်ညှိုးလေးနဲ့ ကလိစထိုးပါတော့သည်......

"မမ... ရားရယ် "

"ယားလဲ ထိုးမှာပဲကွာ....မှတ်ပြီလား...
မမအိပ်နေတာကို နောက်လာနှောင့်ယှက်ဦးမှာလား ပြော ....."

"ရားရယ်.... မမ တော်ပီ ...  တော်ပီ "

"အမယ်.... မမ ဂွန်းလေးက အင်္ကျီအသစ်
လေးနဲ့ပါလား .... ဘယ်သွားမို့လဲ "

"မမ "

"ရှင့် .... ရှင့် "

"ဟတ် ပီး ဘတ် ဒေး "

"အယ် ဂွန်းလေး "

"ဟတ် ပီး ဘတ် ဒေး .... ဟတ် ပီး ဘတ် ဒေး .... "

ဂွန်းလေးက လက်ခုပ်လေးတီးပြီး လီလီလေးအား ဟတ်ပီးဘတ်ဒေး ဟု ပြောနေသည်.....

"ဂွန်းလေးက မမကို Happy Birthday လာလုပ်ပေးနေတာလား ...
မမမောင်လေးက လိမ္မာလိုက်တာ... မမက
အာဘွားပြန်ပေးမယ် လာပါဦး "

လီလီ တစ်ယောက် ဂွန်းလေး၏ ပါးဖောင်းဖောင်းလေး တစ်ဖက်တစ်ချက်စီကိူ အာဘွားလေးတွေ ပေးလိုက်တော့ ဂွန်းလေးက တခစ်ခစ်နဲ့ ရယ်ပြန်ပါသည်....

"Happy Birthday ပါ ဖေဖေ့ရဲ့ မင်းသမီးလေးရေ....."

အခန်းထဲကို confetti လေးတွေဖောက်ပြီး ၀င်လာသော နေ့ရက်.....

"ဖေဖေ "

လီလီက ခုတင်ပေါ်မှပြေးဆင်းပြီး နေ့ရက်ကို သွားဖက်သည်.....

"ဖေဖေ့မင်းသမီးလေး ကောင်းကောင်း
အိပ်ပျော်ရဲ့လား "

"ဟုတ်ဖေဖေ .... ကောင်းကောင်းအိပ်ပျော်တာမှ လုံး၀တစ်ရေးတောင်မနိုးဘူး....."

"ဟားဟား ဟုတ်ပါပြီဗျာ "

"ဒါနဲ့ ဖေဖေ.... မေမေရောဟင် "

"သမီးက မေးနေပြီ ထင်ရေ မေမေရောတဲ့ .... ထင်ရေ ထွက်လာခဲ့တော့ "

Happy Birthday To You 🎼
Happy Birthday To You🎼
Happy Birthday Dear Lily🎼
Happy Birthday To You🎂🎂

"မေမေ!!!!!!!"

လီလီလေးက နေ့ရက်ကို ဖက်နေရာကနေ
ပုံရိပ်ကို ပြေးဖက်သည်.....

"ဖြည်းဖြည်းလေ သမီးရဲ့ ..... ဒီမှာ birthday cake လေး အရင်မီးမှုတ်
လိုက်ဦး "

"ဒါ....ဒါလေးက "

"ဒီ Cake လေးက မေမေအပင်ပန်းခံပြီး
လုပ်ထားခဲ့တာ ..... ဆိုင်တွေလောက် အရသာ မကောင်းလောက်ပေမယ့် ဒီထဲမှာ မေမေ့အချစ်တွေ အများကြီးထည့်ထားတယ် သိလား "

သမီးက ပုံရိပ်ကိုင်ထားသည့် birthday cake လေးတွင်စိုက်ထားသည့် ဖယောင်းတိုင်လေးတွေ အကုန်မီးမှုတ်လိုက်သည်.....

"မွေးနေ့မှာ ပျော်ရွှင်ပါစေ မေမေ့ရဲ့ သမီးလေး ....."

ပုံရိပ် သမီးလေးကို birthday kiss လေး ပေးပြီး wish လိုက်သည်....

ပုံရိပ်တို့သားအမိကြည်နူးနေတာကို အားကျနေကြတာတော့ နေ့ရက်တို့ သားအဖပေါ့ ......

နေ့ရက်က သားကိုချီလာပြီး ပုံရိပ်တို့အနားရောက်လာသည်......

"ကဲကဲ ဖယောင်းတိုင်မီးမှုတ်ပြီးပြီဆိုတော့
cake ခွံ့ကျွေးရမယ့်အလှည့်..... လီလီလေး ဒီတစ်ခေါက်လဲ ဖေဖေ့ကို အရင်ဆုံး
ကျွေးမယ်မလား "

"ဟင့်အင်း ..... လီလီက ဒီတစ်ခေါက်တော့ မေမေ့ကို အရင်ခွံ့ကျွေးချင်တယ်....
ဖေဖေ့ကိုက နှစ်တိုင်း အရင်ခွံ့နေကြလေ
ဒီနှစ်တော့ မေမေကို အရင် .... ပြီးမှ ဖေဖေ့ကို ခွံ့ကျွေးမယ်လေနော် .... အဲ့လိုလုပ်လို့ မရဘူးလားဟင် ....."

"ရတာပေါ့ ..... ဘာလို့ မရရမှာလဲ ဖေဖေ့ မင်းသမီးလေး သဘော "

"အဲ့တာဆို မေမေ အကျယ်ကြီးဟနော် "

သမီးလေးက အရင်ဆုံး ခွံ့ကျွေးမည် ဆို၍ ပုံရိပ် ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်လေး ဟလိုက်သည်.....သမီးအတွက်ဆိုပြီး ကိုယ်တိုင်အပင်ပန်းခံ၍ လုပ်ထား
သည့် အတွက်ကြောင့်ပဲလား ဒါမှမဟုတ်
သမီးက အချစ်တွေ အပြည့်နဲ့ ခွံ့ကျွေးနေလို့ပဲလား မသိ ဒီနေ့ Cake ကလေးဟာ
ပုံရိပ် စားဖူးသမျှထဲတွင် အရသာအရှိဆုံးပင်......

"ဖေဖေ့အလှည့် .... အာ "

"အာ......"

"ဖေဖေကောင်းလား "

"ကောင်းတာပေါ့သမီးရဲ့ .... သမီးမေမေ လုပ်ထားတာပဲ ဟာကို "

"ဖေဖေပြီးပြီဆိုတော့ မမရဲ့ ဂွန်းလေး အလှည့် ....."

လီလီလေးက ဂွန်းလေးကိုပါ ကိတ်မုန့်လေး ခွံ့သည်......

"မေမေတို့ကို Cake ခွံ့ကျွေးပြီးသွားပြီဆို
တော့ အခုရေချိုးခန်းထဲ၀င်တော့သမီး....မေမေ ခုတင်ပေါ်မှာ သမီးဒီနေ့ ၀တ်ရမယ့် ဂါ၀န်လေး ထုတ်ထားမယ်..."

"ဟုတ်မေမေ "

လီလီလေး ရေချိုးခန်းထဲ၀င်သွားပြီဆိုမှ
ပုံရိပ်တို့ အခန်းထဲမှထွက်ပြီး မပြီးသေးတဲ့ decoration လေးကို လက်စသပ်ရသည်.....

~~~~

လီလီ မေမေထုတ်ပေးထားသည့် ဂါ၀န် အဖြူလေးကို ၀တ်ပြီး အခန်းထဲမှ ထွက်လာတော့ နံရံမှာ Happy Birthday
လို့ ကပ်ထားတဲ့ Sticker လေးတွေ.....

အပေါ်ထပ်မှ ပြေးဆင်းလာပြီး မီးဖိုချောင်ထဲ ၀င်ကြည့်တော့ မုန့်တွေကို တစ်ခုပြီး တစ်ခု လိုက်နှိုက်စားနေသည့် ဖေဖေနဲ့
ဂွန်းလေးကို လိုက်ပြီးတားဆီးနေသည့် မေမေ.....

နောက်ဆုံးတော့ လီလီလေးရဲ့ ၆နှစ်ပြည့် မွေးနေ့မှာ လီလီသိပ်ချစ်တဲ့ မေမေရှိနေခဲ့ပါပြီ ......

မေမေက လီလီကို​မြင်တော့ ကြိုဆိုသည့်ဟန်နှင့် လက်လေးကမ်းပေးတော့ မေမေ့ဆီ လီလီလေး ပြေးသွားလိုက်သည်....

ဒီမွေးနေ့ဟာ လီလီ ရဲ့ အပျော်ဆုံး မွေးနေ့......

ဒီနှစ်မှာလဲ ထုံးစံအတိုင်း ခြံထဲမှာပဲ လီလီရဲ့ မွေးနေ့ပွဲလေး လုပ်ခဲ့သည်......

မေမေနဲ့ ဖေဖေက လီလီနဲ့ သူငယ်ချင်းတွေအတွက်ဆိုပြီး ဆိုင်မှ ၃ထပ်ကိတ်မုန့်ကြီးကို order မှာပေးထားသေးသည်....

မွေးနေ့ပွဲလေး စပြီး မကြာပါဘူး လီလီ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး
တစ်ယောက် ရောက်ရှိလာသည်.....

ဟိုဘက်ခြံက ဦးဦးမိုးသားရယ် တီတီအို့အို့ရယ် လီလီ အချစ်ဆုံးသူငယ်ချင်း ချစ်ခြင်းလေးရယ်ကို ခြံ၀မှာ မြင်တော့ ပြေးပြီး
လီလီ သွားကြိုလိုက်သည်....

"ချစ်ခြင်းရေ .... "

"ရော့ လီလီ ဒါက နင့်အတွက် birthday present "

" လီလီလေး ဒါက ဦးဦးနဲ့ တီတီရဲ့ birthday present လေး ...."

"၂ခုတောင်လား ဦးဦး .... "

"ဟုတ်တာပေါ့ ၂ခုတောင်.... သမီးသူငယ်ချင်းက သမီးကို သက်သက်ပေး
ချင်တယ်ဆိုလို့လေ "

"ရေး ....အဲ့တာကြောင့် လီလီက ချစ်ခြင်းကို အချစ်ဆုံး ဖြစ်နေရတာ ..... ဦးဦးမိုးသား နဲ့ တီတီ အို့အို့ကိုလဲ ကျေးဇူးတင်ပါတယ်နော်.... ဦးဥိး တီတီကို ခေါ်ပြီးလိုက်ခဲ့နော် .... ဟိုမှာ ဖေဖေနဲ့ မေမေရှိတယ် .... လီလီတို့က ပြေးပြီးသွားမှာမို့ .... လာချစ်ခြင်း သွားကြရအောင် ...."

"အေး let's go .... "

သူတို့ မျက်စိရှေ့ကနေ ပြေးပြီးထွက်သွားသည့် ကလေးမ၂ယောက်ကိုကြည့်ပြီး မိုးသား​ပြုံးလိုက်သည်.....

"လီလီလေးက အသွက်လေးနော် မောင်"

"မောင်တို့ သမီးရော ဘာထူးလို့လဲ မိန်းမရဲ့ ...."

"ဟော အို့အို့တို့တောင် ရောက်လာပြီ ....
လာညီမလေး ဗိုက်ကလေးတောင် အတော်ထွက်နေပြီ .... ဒီတစ်ခေါက်ရော
ဘာလေးလဲ "

"မိန်းကလေးပဲတဲ့ မမပုံရိပ်ရေ...."

"လာကြပြီလား.... ခြံရှေ့ကြီးမှာ ရပ်မနေနဲ့လေကွာ .... ခြံထဲ၀င်ကြ .... ဒီလူနဲ့ဒီလူကို ဧည့်သည်တွေလို လုပ်မနေပါနဲ့ကွာ....."

"မိုးသားတို့တော့ နောက်တစ်ယောက် ထပ်တိုရဦးမှာပေါ့ "

"အဲ့တာ မမပုံရိပ်ရေ .... အခုထဲက သူ့သမီး၂ယောက်လုံးကြီးလာရင် ဆံပင်ကို ဘိုကေ ညှပ်ပစ်မယ်ပြောနေလို့ မနည်း တားထားရတယ် "

"ဟားဟား ဟုတ်လား ဟေ့ကောင်....မင်းလဲ အို့အို့ကို ယူထားတာပဲဟာကို .... ကိုယ့် အလှည့်ကျ အူတိုလှချည်လား ...."

နေ့ရက်က မိုးသား ပခုံးကိုဖက်ရင်း မေးလိုက်သည်.....

"မတိုလို့ရမလား ကိုဆက်ရ.... ၀ဋ်ဆိုတာ ပြောလို့ရတာမဟုတ်ဘူး .... ကျွန်တော့် သမီးတွေသာ ကျွန်တော့်လို ကောင်မျိုးနဲ့ တွေ့ရင် ကျွန်တော်ပဲ ရင်ကျိုးမှာ "

မိုးသား စကားကြောင့် နေ့ရက်တို့ အားလုံး
ရယ်သံများနှင့် ပွဲကျသွားရသည်.....

ကလေးတွေက Birthday cake ခွဲပြီး
ခြံထဲမှာပဲ ပတ်ဆော့နေသည်....

သူတို့လူကြီးတွေကတော့ တစ်၀ိုင်းဖွဲ့ပြီး
စကားစမြည်ပြောကာ ဆော့နေသော
ကလေးတွေကို ကြည့်နေကြသည်......

ပုံရိပ်ကတော့ ဘောလုံးလေးလို လုံး၀ိုင်းပြီး ပူနေတဲ့ အို့အို့ ဗိုက်လေးကို အသဲယားလို့ မဆုံးပါ......

"ဒီတစ်ခါရော ခွဲမွေးမှာလား အို့အို့ "

"ဟုတ် မမပုံရိပ် .... သမီးချစ်ခြင်းတုန်းက
အို့အို့က ဗိုက်ခွဲမွေးလိုက်ရတော့ အခုလဲ ဗိုက်ခွဲမှ ဖြစ်မှာ မမ ..... "

"ဘယ်မှာ မွေးဖြစ်မလဲ "

"အာယုမှာပဲ မွေးဖြစ်မယ် မမ "

"အာယုဆိုတော့ စိတ်ချရပါတယ်.... ကောင်းပါတယ် အို့အို့ရယ် .... ဒါနဲ့ အို့အို့ တို့အတွက် မမ သစ်တော်သီး ဖျော်ရည်
လုပ်ထားတယ် .... ခဏလေးနော် မမသွားယူလိုက်ဦးမယ် .... "

"နေပါစေ မမရဲ့ ..... အို့အို့ တို့ မုန့်တွေ စားထားတာနဲ့တင် ဗိုက်၀သွားပါပြီလို့ "

" အို့အို့တို့အတွက် တမင်လုပ်ထားတာ....
ခဏလေးနော် မမသွားယူလိူက်ဦးမယ်"

ပုံရိပ် ထရပ်လိုက်တော့ နေ့ရက်က ....

"ဘာလုပ်မို့လဲထင် "

"အို့အို့တို့အတွက် လုပ်ထားတဲ့ သစ်တော်သီးဖျော်ရည်လေး သွားယူမို့
ကို "

ထိုတော့မှ နေ့ရက်က ခေါင်းငြိမ့်ပြသည်....

ပုံရိပ် အိမ်ထဲရောက်ဖို့ ခြေလှမ်း အနည်းငယ် လိုချိန်မှာပဲ ခေါင်းထဲ မိုက်ခနဲ ဖြစ်သွား၍ နီးရာကို လှမ်းဆွဲရာ
Flower Stand ကြီးဖြစ်နေ၍ ပုံရိပ်
ရော အဲ့ဒီ Stand ကြီးပါ လဲကျသွားသည်
.....

"ဟာ ထင် "

နေ့ရက် ထိုင်ရာကနေ ချက်ချင်း ထင့် အနားကို ဘယ်လိုရောက်လို့ ရောက်လာမှန်းမသိပါ......

"ထင် .... ထင် ကိုယ့်ကို ကြည့်ပါဦး "

ထင့်ကိုယ်လုံးလေးကို စွေ့ခနဲ ပွေ့ချီလိုက်ပြီး မိုးသားကို ဆရာ၀န် ဖုန်းဆက်ခေါ်ခိုင်းရသည်......

သမီးလေးရဲ့ မွေးနေ့ပွဲလေးတစ်ခုလုံး ကသောင်းကနင်းတွေ ဖြစ်ကုန်ပြီး ပျော်ပျော်ပါးပါး ဆော့နေကြသည့် ကလေးတွေလဲ ငြိမ်ကျသွားသည်....

အနီးမှာရှိနေတဲ့ ဆေးခန်းမှ ဆရာမကြီးကို ပင့်လိုက်သည်မို့ ခဏအတွင်းရောက်
လာသည်.....

ထင့်ကို စမ်းသပ်စရာရှိတာ စမ်းသပ်နေ
သည့် ဆရာမကြီးကို ကြည့်ပြီး နေ့ရက် ရင်တထိတ်ထိတ် ခုန်နေမိသည်.....

"ဆရာမ .... ကျွန်တော့်ဇနီး အခြေအနေလေး .... ဘယ်လို ဖြစ်တာလဲဟင် "

"လူနာက အားနည်းသွားလို့ပါ.....ကျွန်မအားဆေးတစ်လုံး ချိတ်ပေးခဲ့မယ်လေ...
ကိုယ်၀န်က သားဦးတော့ ဖြစ်ပုံမရဘူး "

"ဗျာ....ကိုယ်၀န်တဲ့လား ...."

"ဟောတော့ ....  ဇနီးသည်မှာ ကိုယ်၀န် ရှိနေတာ မသိဘူးလား .... "

"ဟုတ်ကဲ့ ကျွန်တော်တို့ မသိခဲ့ဘူး "

"ကိုယ်၀န်က လနုဦးမှာ .... အဲ့ဒီတော့
ဒီလိုအချိန်မျိုးမှာ ဇနီးသည်ကို သေချာလေး ဂရုစိုက်ပေးဖို့လိုတယ် .... "

"ဟုတ်.... ဟုတ်ကဲ့ပါ ဆရာမ "

"အဲ့တာဆို ကျွန်မကို ခွင့်ပြုပါဦးနော်"

"ကျွန်တော်ပြန်လိုက်ပို့ပေးပါ့မယ် ဆရာမ "

"နေနေ ကိုဆက် .... ကျွန်တော်ပဲ ပြန်ပို့
လိုက်မယ် .... မမပုံရိပ် သတိရလာလို့
ကိုဆက်ကို ရှာရင် ဘယ်လိုလုပ်မလဲ ...."

"အဲ့တာဆို မင်းကိုပဲ အားကိုးပါတယ်ကွာ"

"အို့အို့ မောင် ဆရာမကို လိုက်ပို့လိုက်ဦး
မယ်.... အို့အို့လဲ ဒီမှာပဲ ခဏနေဦးနော် "

"ဟုတ် မောင် "

နေ့ရက် ထင့်လက်လေးကို ဆုပ်ကိုင်လိုက်တဲ့အထိ သူ့လက်တွေဟာ အတုန်တုန်
အရင်ရင် ..... ကိုယ်၀န် ....  ကိုယ်၀န်
တဲ့လား .... ဒါဆို သူတို့၂ယောက် ဘ၀လေး ထဲကို သားနဲ့ သမီးအပြင် နောက်ထပ် ကလေးလေးတစ်ယောက်
ရောက်လာဦးမယ်လို့ ဆိုလိုတာပေါ့....

ထိုအတွေးလေး နေ့ရက် အာရုံထဲရောက်
လာတော့ ကြည်ကြည်နူးနူးပြုံးလိုက်မိသည်...... တစ်ဆက်ထဲမှာပဲ စိတ်ပူသွား
ရပြန်သည်......

ထင်က ကလေးကို သားနဲ့ သမီးနဲ့တင်
လုံလောက်ပြီလို့ ပြောထားတာ .... ဒီကလေးလေးကိုလဲ အရင်လို လက်မခံနိုင်ခဲ့ရင် .... ခုဏက ကြည်နူးထားတာလေးတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး ရင်ထဲပူလာသည်.....

"ဖေဖေ .... "

သမီးက သားလေးလက်ကို ဆွဲပြီး သူ့ဆီ ပြေးလာသည်......

"မေမေက ဘာဖြစ်သွားတာလဲဟင် "

"မေမေက ဒီအတိုင်း အားနည်းလို့ သတိခဏမေ့သွားတာပါ သမီးရဲ့ "

"လီလီကြောင့်လားဟင်..... လီလီအတွက်
မွေးနေ့ကို ပြင်ဆင်ပေးရလို့ မေမေက
အားနည်းသွားတာလားဟင် ဖေဖေ "

သမီးက သူ့ကြောင့်လို့ထင်ပြီး မျက်ရည်လေးတွေ၀ဲလာပြီး မေးလာတော့ မွေးနေ့မှာ သမီးကို မျက်ရည်မကျစေချင်သည့် နေ့ရက်ကပဲ အထိတ်ထိတ်အပြာပြာ
နှင့် ငြင်းရသည်.....

"မဟုတ်ပါဘူး သမီးရဲ့ .... မေမေအားနည်းသွားတာ သမီးကြောင့် မဟုတ်ပါဘူး "

"ဒါဆို မေမေက ဘာလို့ အခုလို မေ့လဲသွားတာလဲဟင် "

"မေမေ့ဗိုက်ထဲမှာ ကလေးသေးသေးလေး
ရောက်နေလို့ပေါ့ သမီးရဲ့ "

"မေမေ့ဗိုက်ထဲမှာ ကလေးသေးသေးလေး
ဟုတ်လား ဖေဖေ "

"အွန်း ဟုတ်တယ် သမီးရဲ့ .... မေမေက အခု ကိုယ်၀န်ရှိစမို့ အားနည်းသွားတာ...."

"ဒါဆို လီလီက နောက်ထပ် အငယ်လေး
တစ်ယောက်ထပ်ရမှာလားဟင် "

သမီးက ခုဏကလို ၀မ်းနည်းနေသည့် မျက်၀န်းလေးများဖြင့်မဟုတ်တော့ဘဲ
နောက်ထပ်အငယ်လေးရတော့မည်
ဆိုသည့်နှင့် အသံလေးကအစချက်ချင်း
တက်ကြွသွားသည်....

ပျော်သွားသည့် သမီးလေးကိုကြည့်ပြီး
နေ့ရက် ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်....

"ရေး ဂွန်းလေးရေ .... မမတို့ဆီကိုနောက်ထပ် အငယ်လေး ရောက်လာတော့မယ်တဲ့ "

သမီးက အပျော်လွန်ပြီး သားလေးကို ဆွဲဖက်တော့ သားလေးကပါ ဘာမှန်းမသိဘဲ
လက်ခုပ်လေး တီးပြီး ပျော်ရှာသည်....

ပျော်နေသည့် သားနဲ့သမီးကြည့်ပြီး သတိမေ့နေသည့် ထင့်ကို ပြန်ကြည့်မိတော့ နေ့ရက် သက်ပြင်းပြန်ချမိသည်....

နောက်ထပ် ကလေးရှိနေတာကို သိရင် ထင်ဘယ်လို တုံ့ပြန်မှာလဲ .... ကိုယ်တကယ် ရင်မောနေရပါပြီ ထင်ရယ်...

🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင်း ၂၅ မျှော်~

Zawgyi:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 24 🍀

"မ...မ.....မမ ... မမ "


အာ......ဘွား .......


တခစ်ခစ်ရယ်နေသည်.....


"မမ... ရားရယ် "

မမအိပ်နေတာကို နောက်လာနှောင့်ယှက်ဉီးမှာလား ပြော ....."



"မမ "

"ရှင့် .... ရှင့် "

"ဟတ် ပီး ဘတ် ဒေး "

"အယ် ဂွန်းလေး "



အာဘွားပြန်ပေးမယ် လာပါဉီး "

လီလီ တစ်ယောက် ဂွန်းလေး၏ ပါးဖောင်းဖောင်းလေး တစ်ဖက်တစ်ချက်စီကို အာဘွားလေးတွေ ပေးလိုက်တော့ ဂွန်းလေးက တခစ်ခစ်နဲ့ ရယ်ပြန်ပါသည်....



"ဖေဖေ "


အိပ်ပျော်ရဲ့လား "


"ဟားဟား ဟုတ်ပါပြီဗျာ "

"ဒါနဲ့ ဖေဖေ.... မေမေရောဟင် "


Happy Birthday To You 🎼
Happy Birthday To You🎼
Happy Birthday To You🎂🎂

"မေမေ!!!!!!!"


လိုက်ဉီး "

"ဒါ....ဒါလေးက "







ကျွေးမယ်မလား "





"ဖေဖေ့အလှည့် .... အာ "

"အာ......"

"ဖေဖေကောင်းလား "





"ဟုတ်မေမေ "


~~~~









ဟိုဘက်ခြံက ဉီးဉီးမိုးသားရယ် တီတီအို့အို့ရယ် လီလီ အချစ်ဆုံးသူငယ်ချင်း ချစ်ခြင်းလေးရယ်ကို ခြံဝမှာ မြင်တော့ ပြေးပြီး

"ချစ်ခြင်းရေ .... "


" လီလီလေး ဒါက ဉီးဉီးနဲ့ တီတီရဲ့ birthday present လေး ...."

"၂ခုတောင်လား ဉီးဉီး .... "

ချင်တယ်ဆိုလို့လေ "

"ရေး ....အဲ့တာကြောင့် လီလီက ချစ်ခြင်းကို အချစ်ဆုံး ဖြစ်နေရတာ ..... ဉီးဉီးမိုးသား နဲ့ တီတီ အို့အို့ကိုလဲ ကျေးဇူးတင်ပါတယ်နော်.... ဉီးဉိး တီတီကို ခေါ်ပြီးလိုက်ခဲ့နော် .... ဟိုမှာ ဖေဖေနဲ့ မေမေရှိတယ် .... လီလီတို့က ပြေးပြီးသွားမှာမို့ .... လာချစ်ခြင်း သွားကြရအောင် ...."

"အေး let's go .... "




ဘာလေးလဲ "



"မိုးသားတို့တော့ နောက်တစ်ယောက် ထပ်တိုရဉီးမှာပေါ့ "











"ဘယ်မှာ မွေးဖြစ်မလဲ "


လုပ်ထားတယ် .... ခဏလေးနော် မမသွားယူလိုက်ဉီးမယ် .... "


ခဏလေးနော် မမသွားယူလိုက်ဉီးမယ်"


"ဘာလုပ်မို့လဲထင် "

ကို "


.....

"ဟာ ထင် "


"ထင် .... ထင် ကိုယ့်ကို ကြည့်ပါဉီး "



လာသည်.....



ကိုယ်ဝန်က သားဉီးတော့ ဖြစ်ပုံမရဘူး "

"ဗျာ....ကိုယ်ဝန်တဲ့လား ...."



"ကိုယ်ဝန်က လနုဉီးမှာ .... အဲ့ဒီတော့

"ဟုတ်.... ဟုတ်ကဲ့ပါ ဆရာမ "

"အဲ့တာဆို ကျွန်မကို ခွင့်ပြုပါဉီးနော်"




"အို့အို့ မောင် ဆရာမကို လိုက်ပို့လိုက်ဉီး
မယ်.... အို့အို့လဲ ဒီမှာပဲ ခဏနေဉီးနော် "

"ဟုတ် မောင် "

ရောက်လာဉီးမယ်လို့ ဆိုလိုတာပေါ့....

ရပြန်သည်......


"ဖေဖေ .... "





နှင့် ငြင်းရသည်.....




ဟုတ်လား ဖေဖေ "



တက်ကြွသွားသည်....






🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင်း ၂၅ မျှော်~

Continue Reading

You'll Also Like

110K 4.9K 16
အင်မတန်မှ ကပ်စေးနှဲသည့် ကရင်လေး စောကလယ် နဲ့ မြို့သူစွာတေးလေး ရွှေသားပုဝါ တို့ရဲ့ ဘုဘောက် Funny Romance
228K 4.2K 35
မ နဲ့ မောင်ကိုမှ ခပ်ကြမ်းကြမ်းနဲ့ ရိုရိုလေး
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
6.9K 189 7
ချစ်တယ်ပြောပြီးတစ်ယောက်ကိုတစ်ယောက်နာကျင်စေမယ်ဆိုရင်အချစ်ဆိုတာကိုငါမယုံဘူး လူတွေက ခဏတာချစ်ကြတယ် ပြီးရင် လမ်းခွဲကြတယ် နာကျင်ကြတယ် နောက်ပြီးအဆုံးသတ်ကျရ...