Unicode:
အမုန်းများရဲ့ အလွန်~
🍀 အပိုင်း 18 🍀
"နေ့ရက် နင် ငါ့ကိုခေါ်တယ်ဆို .... ဘာကိစ္စရှိလို့လဲ "
"အွန်း ဇာခြည် ခဏလောက်ထိုင်ဦး ငါနင့်ကို ပြောစရာလေးရှိလို့ "
"အေး ပြောလေ.... ဘာပြောမို့လဲ "
နေ့ရက် အားနာရသည့်စိတ်ကို ထိန်းချုပ်ကာ မပြောမဖြစ် ပြောရတော့မည်မို့ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းရင်း ....
"ဇာခြည် ငါ့ကို မနေ့က မြေနီကုန်းရုံးခွဲက
ဖုန်းဆက်တယ်..... သူတို့ဆီမှာ ကြီးကြပ်နေကျ မသူဇာက အိမ်ထောင်ကျပြီး အလုပ်ထွက်သွားတော့ လူလိုနေတာ...
ငါကလဲ လူလွှတ်ပေးမယ် ပြောပြီး
အဲ့ကိစ္စကို မေ့မေ့သွားတာ ....အဲ့တာ ဟိုတနေ့ကမှ customerတစ်ယောက်နဲ့ပြဿနာတက်တယ်လေ .... ကြီးကြပ်မယ့်သူမရှိတော့ အားလုံး ဖရိုဖရဲပေါ့ဟာ ....."
"နင် ငါ့ကို ပြောချင်တာကဘာလဲ
နေ့ရက်....ဒီအတိုင်း အားမနာဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါဟာ .... အဲ့ရုံးခန်း
ကို ငါ့ကို သွားစေချင်တာလား "
သူပြောချင်သည့် စကားကို ဇာခြည်က
အစားပြောပေးလိုက်တော့ နေ့ရက် မျက်နှာပြောင်တိုက်စွာနဲ့ပဲ စိတ်သက်သာရာရသွားသည်.......
"နင်ကျတော့ ငါ့အတွက်စိတ်ချရတယ်လေ .... ပြီးတော့ နင်ကောင်းကောင်း လုပ်နိုင်မယ်ဆိုတာကိုလဲ ယုံကြည်လို့ပါ "
သူမ ဘာအပြစ်မှမလုပ်ထားဘဲ သူမကို ရုံးခွဲပို့ချင်နေသည့် နေ့ရက်ရဲ့ အကြောင်းရင်းကို သူမသိပါသည်.....ရက်စက်လိုက်တာ နေ့ရက်ရယ်.... စကားလုံး လှလှလေးတွေ ရွေးမပြောလဲ ငါနားလည်ပါတယ်.....
နင့်ဘေးနားမှာဘာမှမလုပ်ပဲ ဒီအတိုင်းလေး ရှိနေခွင့်လေးတောင် မပေးနိုင်တော့တဲ့အထိ နင်ပုံရိပ်ထင်ကို ချစ်ရလား .....
ပုံရိပ်ထင် သဘောမကျတာနဲ့ ဘာအပြစ်မှမလုပ်ထားတဲ့ ငါ့ကို ရုံးချုပ်ကနေ ရုံးခွဲကို ပို့ပစ်တဲ့အထိ ..... ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သူမ နေ့ရက်အလိုကို မငြင်းဆန်နိုင်ပါ......
"ရပါတယ်ဟာ .... မြေနီကုန်းဆိုတော့ ငါ့အိမ်နဲ့လဲ ပိုနီးသွားတာပေါ့ ..... ဒါဆို ငါဘယ်တော့ စပြောင်းရမလဲ "
"ဟိုမှာက အလျင်စလို ဖြစ်နေတာဆိုတော့ .... ဒါပေမဲ့လဲ နင့်ဘက်က အဆင်ပြေတဲ့အချိန် ...."
ငါ့ကို တစ်ရက်လေးတောင် ရှိမနေစေချင်တော့တာလား နေ့ရက်ရယ်.....
"ငါသိပြီ..... ဒါဆို ငါဒီနေ့ပဲ ပစ္စည်းတွေ သိမ်းထားလိုက်ပြီး မနက်ဖြန် ပြောင်း
လိုက်မယ်လေ "
"ကျေးဇူးပါ ဇာခြည်ရယ် "
"မလိုပါဘူးနော် .... နင်က ငါ့အလုပ်ရှင်ပဲဟာကို .... ငါက နင့် အလုပ်သမား....
အလုပ်သမားဆိုတာ အလုပ်ရှင်ကျေနပ်
အောင် လုပ်ပေးရမှာပဲလေ .... "
"ဇာခြည် .... ငါပြောချင်တာက "
"ဒါဆို ငါပစ္စည်းတွေသွားသိမ်းလိုက်တော့မယ်..... နင့်ကို တစ်ခါထဲ နှုတ်ဆက်ခဲ့ပါတယ် "
ပြောပြီးတာနဲ့ သူ့ရှေကချက်ချင်းထွက်သွားသော ဇာခြည်ကိုကြည့်ပြီး နေ့ရက် သက်ပြင်းတစ်ချက်ချလိုက်သည်.....
အခုလို ဘာမှအပြစ်မှမလုပ်ထားသည့် သူတစ်ယောက်ကို ရုံးချုပ်ကနေ ရုံးခွဲပို့
လိုက်ရတာ သူ့ကိုယ်သူလဲ လိပ်ပြာမလုံပါ.....
ဒါပေမဲ့လဲ သူမ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားပြီမို့ ထင်ကျေနပ်ဖို့ မျှော်လင့်မိပါသည်.......
•°* •°* •°* •°* •°* •°* •°* •°* •°* •
"ဟဲလို ၀တ်မှုန်လား "
"အေးပြောလေ ပုံရိပ် "
"ဟဲ့ ဟိုဟာလေ ငါတို့ college တုန်းကဧကရီ က (....) အဲ့ဒီ cosmetic brand ရဲ့ CEO လား "
"အေး ဟုတ်တယ် "
"သူက ဒီအရွယ်နဲ့လေ ဘယ်လိုဖြစ်ပြီး....
ပြီးတော့ Brand ကလဲ လူကြိုက်များနေတယ် "
"အေး သူ့အမေကအရင်ထဲက ဘန်ကောက်မှာနေတာလေ.... သူ့အမေရဲ့ အဆက်အသွယ်နဲ့ပဲ ဘန်ကောက်စက်ရုံနဲ့ အချိတ်အဆက်မိပြီး ထုတ်ဖြစ်သွားတာ...
ကံပါ ပါလာတော့ အောင်မြင်တာပေါ့ဟာ.....နေပါဦး နင်က အဲ့တာကို ဘာလုပ်မို့ မေးတာလဲ "
"ငါအခုမှ facebook ပြန်သုံးတော့ သူ့ acc က people you may know မှာပေါ်လာလို့ ၀င်ကြည့်တာကနေ တွေ့တာပါ... သူက post တွေကိုလဲ public
နဲ့ တင်ထားတာလေ "
"အေး အဲ့တာတော့ ဟုတ်တယ် ..... ပြီးတော့ အဲ့ဟာမ အရမ်းလဲ လှလာတာ နော်.... ကျောင်းတုန်းက ညိုခြောက်ခြောက်နဲ့ အခုတော့ ဖြူ၀င်းနေတာပဲ....သူထုတ်တဲ့ Cosmetic တွေ သူ့ဘာသူပြန်သုံးနေတယ်ထင်တယ် "
"အေးနော် "
"ဒါနဲ့ နင် ၄၅ရက်ပြည့်သွားပြီလား "
"မပြည့်သေးဘူးလေ နည်းနည်းလိုသေးတယ် "
"ဒါဆို ၄၅ရက်ပြည့်ပြီးရင် နင်အလုပ်ပြန်လုပ်မှာလား "
"လုပ်မှာ ဒါပေမဲ့ ငါ ဖေထွန်းဆီမှာလဲ
မလုပ်ချင်တော့ဘူး.... ဖေဖေ့လုပ်ငန်းတွေ
ကို လွှဲယူဖို့ကျတော့လဲ ငါ့မှာ အရည်အချင်း မရှိဘူး .... ဘယ်လိုလုပ်ရမလဲမသိဘူး ....."
"အဲ့တာဆို MBAဆက်တက်မှာလား "
"MBA က လုပ်ငန်းအတွေ့အကြုံရှိဦးမှလေ.... စာချည်းပဲဆို အဆင်ပြေမှာ မဟုတ်ဘူး ..... အဲ့တာကြောင့်မို့ပဲ ငါလမ်းပျောက်နေတာ ..... နင်ရော MBA ဆက်မတက်ဘူးလား "
"မတက်တော့ပါဘူးဟယ် .... ငါက နင့်လို Final တုန်းက star လဲ ပါတာ မဟုတ်ဘူး.....တက်လဲ ပိုက်ဆံကုန်တာပဲ ရှိမှာ....
နင်လဲ နင့်ယောက္ခမဆီမှာပဲ ခဏလုပ်ဦး
ပေါ့လို့ .... နင့်မိဘလုပ်ငန်းတွေကို ချက်ချင်းလွှဲယူလို့မှ မရတာ.... နင့်ယောက္ခမ အလုပ်ကနေမှတစ်ဆင့် အတွေ့အကြုံယူပြီး အဆက်အသွယ်တွေ
ရှာပေါ့ ..... ပြီးမှ နင့်မိဘအလုပ်ကို ဆက်ခံရင်လဲ ဆက်ခံ မဟုတ်လဲ MBA ဆက်တက်ပေါ့ "
"အင်းနော် .... အခုချိန်ငါ့မှာ ဒီလိုလုပ်ဖို့
ပဲရှိတော့တာ ကျေးဇူးပါဟာ ငါ့မှာ တခုခုဆို တိုင်ပင်စရာကလဲ နင်ပဲရှိတာလေ"
"ရပါတယ် မိန်းမရယ် .... ဒီလူနဲ့ ဒီလူကိုနင်က ကျေးဇူးတင်စကားပြောနေရလား
ဒါနဲ့ သမီးလေးရော အခုဘာလုပ်နေလဲ "
"နို့စို့ပြီး အိပ်နေတယ်လေ .... သူက နေ့ဘက်ဆို တရေးတောင်မနိုးဘူး ညဘက်မှ သောင်းကျန်းတာ "
ပုံရိပ်စကားကြောင့် ၀တ်မှုန်မှာ သဘောကျပြီး အော်ရယ်ပါတော့သည်....
တော်တော်ကြာမှ ငယ်သူငယ်ချင်း ဖြစ်သူနဲ့ ပြောချင်တာတွေအားလုံး ဖုန်းနဲ့
အကြာကြီးပြောလိုက်ရ၍ ပုံရိပ်စိတ်တွေ
လန်းဆန်းသွားသလို ခံစားရသည်.....
ကလေးမွေးထားတာ ၄၅ရက်ပြည့်ပြီးရင်တော့ သူမ အလုပ်လုပ်မှ ဖြစ်မည်....
မဟုတ်ရင် အိမ်ထဲမှာ မွန်းလှောင်ပြီး သူမတကယ်ရူးသွားနိုင်သည်......
သူမဘေးနား တုပ်တုပ်တောင်မလှုပ် အိပ်ပျော်နေသည့် သမီးလေးဘေး ၀င်လှဲရင်း အိစက်နေတဲ့ သမီး ပါးလေးတွေကို သူမ လက်ညှိုးနဲ့ အသာတို့ထိရင်း ပုံရိပ် သက်ပြင်းချမိသည်.....
အလုပ်လုပ်မယ်လို့သာ တွေးတာ .... တကယ် အလုပ်လုပ်ရင်ရော ဒီကလေး
သေးသေးလေးနဲ့ အဆင်ပြေပါ့မလား....
•°* •°* •°* •°* •°* •°* •°* •°* •°*
နေ့ရက်အလုပ်ကပြန်ရောက်ပြီး အခန်းထဲ ၀င်လာတော့ သားအမိနှစ်ယောက်လုံး အိပ်ရာပေါ်မှာ အိပ်နေကြတာများ
နှစ်နှစ်ခြိုက်ခြိုက် ..... တနေကုန် ဘယ်လောက်ပဲ အလုပ်တွေများပြီး ပင်ပန်းလာလာ သူတို့ သားအမိမျက်နှာကို
မြင်လိုက်တာနဲ့ အမောတွေ ယူပစ်သလိုပျောက်သွားရတာ သူကိုယ်တိုင်ပဲ သိသည်....
ခုတင်ခြေရင်းမှာ တင်ပါးလွှဲ၀င်ထိုင်ရင်း
လက်ထောက်ကာ အိပ်ပျော်နေသည့် သူ့ချစ်သော မိဖုရားနှင့် မင်းသမီးလေးကို ငေးကြည့်နေမိသည်......
မကြာဘူး ထင်က နိုးသွားသည်ထင်သည်....လက်နဲ့ မျက်လုံးလေးအသာပွတ်ကာ နိုးလာသည်..... သူ့ကို မြင်တော့ မျက်နှာအမူအရာက ချက်ချင်းကို တည်တင်းသွားတာ ခုဏက အပြစ်ကင်းစွာ အိပ်နေတာလေးနဲ့ ဘာမှ မဆိုင်တော့....
"ထင် ငါတို့ အေးဆေး စကားပြောရအောင် "
"ငါ့မှာနင်နဲ့ ပြောစရာ ဘာစကားမှ မရှိဘူး"
"ငါ့မှာတော့ ပြောစရာတွေရှိတယ် .... "
အိပ်ရာက ချက်ချင်းထသွားတဲ့ ထင်ရဲ့ နောက်ကျောလေးကို သိုင်းဖက်လိုက်ပြီး
ထင့် ပခုံးထက် သူ့ပါးပြင်အပ်ထားလိုက်သည်.....
"ဒီနေ့ဇာခြည်ကို မြေနီကုန်းရုံးခွဲပို့လိုက်
ပြီ "
"ဘယ်လို "
"ဟုတ်တယ် .... အမှန်တော့ ငါနဲ့ ဇာခြည်
က တကယ်ကို ဘာမှမပတ်သက်ပါဘူး
ထင်ရယ်.... ပြန်တွေ့ထဲက အခုချိန်ထိ မရိုးမသားတဲ့ အတွေးမျိုး တစ်ကြိမ်တောင် မဖြစ်ဖူးဘူး ..... ဒါပေမဲ့ မနေ့ည
ကမေမေကပြောတယ်....
ငါ့ဘက်က ငါမှန်တယ်ထင်တိုင်း ဆက်လုပ်နေရင် ကြာရင် ငါတို့ အိမ်ထောင်ရေး အဆုံးသတ်သွားလိမ့်မယ်တဲ့ ..... ငါတကယ် အဲ့လို မဖြစ်ချင်ဘူး ထင် .... အဲ့တာကြောင့်မို့ ဇာခြည်ကို ဒီနေ့ပဲ ချက်ချင်း
ရုံးခွဲကို ပြောင်းခိုင်းလိုက်တာ..... နင်ကျေနပ်ပါတော့နော် "
ပြောရင်းနဲ့ ပါးလေးကို လှမ်းနမ်းတော့
ထင်က မျက်နှာကို တစ်ဖက်သို့ လွှဲပစ်သည်.... ဒါပေမဲ့ ပုံစံကြည့်ရတာ
သူချော့တာ အလုပ်ဖြစ်ပုံရသည်.... ထို့ကြောင့် ပိုတိုးပြီး ဖက်တော့.....
"နေ့ရက် ငါ အခုထိ မီးတွင်းထဲမှာပဲ ရှိသေးတယ်နော် "
"ဟွန်း အခုရော ငါက ဘာလုပ်နေလို့လဲ ထင်ရဲ့ ..... "
"နင် ဘာလုပ်ဖို့ ကြံနေလဲ နင့်ဘာသာ
သိပေါ့ ..... အခု ငါ့ကိုလွှတ် "
"မလွှတ်ဘူး .... ငါနင့်ကို ဒီလို ပွေ့မဖက်
ရတာ ဘယ်လောက်ကြာပြီလဲ ..... အခုလိုပဲ ဖက်ထားဦးမှာ .... "
"...... "
"ငါ့ကို ဘယ်အချိန်ထိ စိတ်ဆိုးနေဦးမှာလဲ"
"နင် ငါ့ကို ခံစားရအောင် လုပ်ထားတာတွေက ဘယ်လောက်များလဲ .... ဒါကို နင့်ဘက်က လေပြည်အေးလေးနဲ့ ချော့လိုက်တိုင်း ငါက စိတ်ဆိုးပြေရမှာလား "
ဒီလိုတွေ ပြန်ပြောထဲက စိတ်ဆိုးပြေချင်
နေပြီဆိုတာ သိတာမို့ နေ့ရက် ကြိတ်ပြုံး
လိုက်ရင်း .....
"ဒါဆို ငါ ဘယ်လိုချော့ရင် စိတ်ဆိုးပြေ
မှာလဲ "
"သွားစမ်းပါ.... ဘယ်လိုမှ မချော့နဲ့ ရှေ့ဆက်ပြီး နင့်လုပ်ရပ်တွေ အချိုးပြေ
မပြေပြေ ဆက်စောင့်ကြည့်ဦးမှာ "
"အချိုးပြေတယ်ဆို စိတ်ဆိုးပြေမှာလား"
နေ့ရက် သူမရဲ့ နားရွက်ဖျားလေးကို ကိုက်ပြီးမေးလိုက်တော့ ပုံရိပ်တစ်ကိုယ်လုံး ကြက်သီးဖုလေးတွေ ထသွားသည်.....
"သွားတော့ နင့်ကိုယ်က ချွေးစော်အရမ်းနံတာပဲ "
ထင့်ဆီမှ ရုတ်တရက်ကြီး မထင်မှတ်တာ ကြားလိုက်ရတော့ နေ့ရက်ပင် ကြောင်သွားသည်...
စိတ်ထဲလဲရှက်သလို ဖြစ်သွားပြီး တိုးဖက်
ထားသည့် ကိုယ်နှစ်ခုကို ခွာလိုက်ရသည်.......
"အဟမ်း တ ...တနေကုန် နေပူပူဆိုက်ထဲမှာရှိနေတာပဲ .... ဒီလောက်တော့ ရှိမှာပေါ့ ....ရေ ... ရေသွားချိုးလိုက်ဦးမယ် "
ပုံရိပ်သိတာပေါ့ .... နေ့ရက်လောက်
အသန့်ကြိုက်တာ နေ့ရက်ပဲရှိသည်....ကိုယ်ပေါ်က အနံ့အသက်ကို
အမြဲဂရုစိုက်တတ်သည့် သူ့ကို
အခုလိုပြောလိုက်မှ သူမကို ဖက်ထားတာ လွှတ်မှာမို့ ပြောလိုက်ရခြင်း ဖြစ်သည်....
အမှန်တော့ နေ့ရက်ဆီမှ ရသည့် ချွေးနံ့
က မနံပါ .... သူ့ကိုယ်သင်းနံ့နှင့်ရောကာ
တစ်မျိုးလေး ဖြစ်နေသေးသည်.....
နေ့ရက် ရေချိုးခန်းထဲ၀င်သွားမှ ပုံရိပ် မွေ့ရာပေါ် ပြန်ထိုင်ရင်း ခုဏက နေ့ရက် ပြောသွားသည့်စကားကို ပြန်တွေးနေမိ
သည်.....
ဒါဆို ဇာခြည်က ရုံးချုပ်မှာ မရှိတော့ဘဲ မြေနီကုန်းရုံးခွဲကို ရောက်သွားပြီပေါ့....
သူ့အနားမှာ မရှိတော့ဘူး ဆိုတာကို တွေးမိသွားသည်နှင့် ပုံရိပ် ကိုယ့်ဘာကိုယ်တောင် သတိမထားမိဘဲ လှစ်ခနဲပြုံးလိုက်မိသည်.....
မနေ့ညက သူ့အပေါ် မယုံကြည်ခြင်းတွေနဲ့ လောင်မြိုက်နေသည့် အပူမီးတွေလဲ ချက်ချင်းဆိုသလို ရေစင်ရေချမ်းနဲ့ ဖြန်းပက်လိုက်သလို ငြိမ်းအေးသွားရသည်.....
အစက အိမ်ထောင်ရေး အဆုံးသတ်ဖို့ အထိ တွေးခဲ့ပေမယ့် အခုတော့ သူ့ဘက်က စလျှော့လိုက်တာမို့ လင်နဲ့မယား
လျှာနဲ့သွား ဒီလောက်တော့ ရှိမှာပေါ့ဟု
ဖြည့်တွေးပေးနိုင်လာသည်....
သူမ အဓိက ပူလောင်နေရခြင်းက သူ့အနားမှာ ဇာခြည်ရှိနေ၍ မဟုတ်လား....
အခု ဇာခြည်မရှိတော့ဘူးဆိုတော့ သူမ အတွက် စိတ်ပူစရာ ဘာမှ မရှိတော့ပေ....
~~~~
ပြန်ပြီး အဆင်ပြေသွားသည့် ညချမ်းအချိန်ခါတွင် ပုံရိပ်က သမီးလေးကို နို့တိုက်နေပြီး သူကတော့ နို့စို့နေသည့် သမီးလေးကို ကြည်နူးနေသည့် မျက်၀န်းများဖြင့် တစိမ့်စိမ့်ကြည့်နေသည်......
"နေ့ရက် "
"ဟင် ...."
"ငါ နင်နဲ့ အဆင်ပြေသွားတုန်း နင့်ကို ပြောစရာတစ်ခုရှိတယ် "
"တစ်ခု မဟုတ်ဘူး နှစ်ခုပြောလဲ ဖြစ်တယ်"
"ငါ ၄၅ ရက်ပြည့်ရင် ပြန်ပြီး အလုပ်လုပ်
ချင်တယ် "
ထင့်ဘက်က ပြောစရာရှိတယ်ဆိုထဲက ဒီအကြောင်းဆိုတာ သူသဘောပေါက်ပြီးသားပါ..... ဒါပေမဲ့ ထင်မပြောခင်ထဲက
သူ့ဘက်က ထင် ပြန်အလုပ်လုပ်ဖို့ကို တွေးထားပြီးသားမလား ..... သူ့သဘောတိုင်း ထင့်ကို အလုပ်မလုပ်စေတုန်းက အိမ်ထောင်ရေးကွဲဖို့အထိ ဦးတည်သွားခဲ့တာနဲ့တင် သူမှတ်သွားပါပြီ....
"ငါပြောတာကြားလားနေ့ရက် "
"ဟင်.... အွန်း ကြားပါတယ်ထင်ရဲ့ "
"ထပ်ပြီး အလုပ်မလုပ် "
ထင်စကားမဆုံးခင်မှာပဲ သူအရင်ဖြတ်ပြောလိုက်ရသည်....
"မဟုတ်ပါဘူး ထင်ရယ် .... ငါစဥ်းစားနေတာပါ.... နင်အလုပ်ပြန်လုပ်မယ်ဆို
သမီးလေးကို ဘယ်လိုလုပ်မလဲ တွေးမိလို့ပါ....."
"ဒါပေမဲ့ ငါအလုပ်ပြန်လုပ်ချင်တယ်....
အလုပ်မလုပ်ဘဲ အိမ်မှာပဲ နေနေရင် ငါရူးသွားလိမ့်မယ် "
"ငါနားလည်ပါတယ်ထင်ရယ်.... ဒါနဲ့ နင်က အလုပ်လုပ်မယ်ဆို ဖေဖေ့ဆီမှာပဲ လုပ်ဦးမှာမလား "
"အွန်း ဖေထွန်းဆီမှာပဲလုပ်ဦးမှာ.... ဖေဖေတို့လုပ်ငန်းကို လွှဲယူဖို့ ငါ့မှာ အရည်အချင်းမှ မရှိသေးတာ "
ဖေဖေ့ဆီမှာပဲ အလုပ်လုပ်ဦးမည်ဆို၍
နေ့ရက် ပြုံးလိုက်မိသည် .... သူမမိဘတွေချန်ထားသည့် လုပ်ငန်းတွေကိုသာ
သူမဦးစီးလိုက်ရင် မိသားစုအတွက် အချိန်ပေးနိုင်မှာ မဟုတ်တော့ဘူးဆိုတာ
နေ့ရက်သိသည်.....
"အဲ့လိုဆို လုပ်လေ.... သမီးလေးကိုတော့ မေမေ့ကို ထိန်းခိုင်းတာပေါ့ .... မဟုတ်လဲ မေမေက ဆိုင်ကို မသန္တာတို့နဲ့ လွှဲထားပြီးသားဟာကို ....ပြီးတော့ မေမေက သူ့
မြေးမလေးကို လက်ကမချပဲ ထိန်းချင်နေတာ အခုအခွင့်အရေးမှာ တစ်ခါထဲထိန်းခိုင်းလိုက်မယ်.... "
"အဲ့လိုဆို အဆင်ပြေမယ်ထင်တယ်နော်"
"အွန်း "
ဘာရယ်မဟုတ် သူတို့၂ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးကာ
အသံထွက်သည်အထိ ရယ်လိုက်ကြတော့
နို့စို့နေသည့် သမီးလေးက နို့ကို ဖြုတ်ကာ
အဲ့ ဟု အသံပေးသည်.....
နေ့ရက် သမီးလေးကို ပြုံးကြည့်ပြီး
"ဘာလဲ.... ဖေဖေတို့ကို ဘာပြောချင်လို့လဲ သမီး "
အဲ့ .... အဲ့ .....
သမီးက သူပြောတာကို နားလည်သည့်ပုံ
နှင့် မျက်လုံးလေး၀ိုင်းစက်ကာ အသံပြု
နေသောကြောင့် ပုံရိပ် သဘောတကျ
ပြုံးလိုက်မိသည်.....အခုကျတော့လဲ
သူမတို့ မိသားစုလေးဟာ ဘာမုန်တိုင်းမှ သက်ရောက်ခြင်း မရှိသည့် ပင်လယ်ပြင်လို.....
🍀 ** ** ** ** ** ** ** ** ** 🍀
အပိုင်း 19 မျှော်~
Zawgyi:
အမုန္းမ်ားရဲ့ အလြန္~
🍀 အပိုင္း 18 🍀
"ေန့ရက္ နင္ ငါ့ကိုေခၚတယ္ဆို .... ဘာကိစၥရိွလို႔လဲ "
"အြန္း ဇာျခည္ ခဏေလာက္ထိုင္ၪီး ငါနင့္ကို ေျပာစရာေလးရိွလို႔ "
"ေအး ေျပာေလ.... ဘာေျပာမို႔လဲ "
ေန့ရက္ အားနာရသည့္စိတ္ကို ထိန္းခ်ဳပ္ကာ မေျပာမျဖစ္ ေျပာရေတာ့မည္မို႔ အသက္ကို ခပ္ျပင္းျပင္းရႉသြင္းရင္း ....
"ဇာျခည္ ငါ့ကို မေန့က ေျမနီကုန္းရံုးခြဲက
ဖုန္းဆက္တယ္..... သူတို႔ဆီမွာ ႀကီးၾကပ္ေနက် မသူဇာက အိမ္ေထာင္က်ၿပီး အလုပ္ထြက္သြားေတာ့ လူလိုေနတာ...
ငါကလဲ လူလႊတ္ေပးမယ္ ေျပာၿပီး
အဲ့ကိစၥကို ေမ့ေမ့သြားတာ ....အဲ့တာ ဟိုတေန့ကမွ customerတစ္ေယာက္နဲ႔ျပႆနာတက္တယ္ေလ .... ႀကီးၾကပ္မယ့္သူမရိွေတာ့ အားလံုး ဖရိုဖရဲေပါ့ဟာ ....."
"နင္ ငါ့ကို ေျပာခ်င္တာကဘာလဲ
ေန့ရက္....ဒီအတိုင္း အားမနာဘဲ ပြင့္ပြင့္လင္းလင္း ေျပာလိုက္ပါဟာ .... အဲ့ရံုးခန္း
ကို ငါ့ကို သြားေစခ်င္တာလား "
သူေျပာခ်င္သည့္ စကားကို ဇာျခည္က
အစားေျပာေပးလိုက္ေတာ့ ေန့ရက္ မ်က္ႏွာေျပာင္တိုက္စြာနဲ႔ပဲ စိတ္သက္သာရာရသြားသည္.......
"နင္က်ေတာ့ ငါ့အတြက္စိတ္ခ်ရတယ္ေလ .... ၿပီးေတာ့ နင္ေကာင္းေကာင္း လုပ္ႏိုင္မယ္ဆိုတာကိုလဲ ယံုၾကည္လို႔ပါ "
သူမ ဘာအျပစ္မွမလုပ္ထားဘဲ သူမကို ရံုးခြဲပို႔ခ်င္ေနသည့္ ေန့ရက္ရဲ့ အေၾကာင္းရင္းကို သူမသိပါသည္.....ရက္စက္လိုက္တာ ေန့ရက္ရယ္.... စကားလံုး လွလွေလးေတြ ေရြးမေျပာလဲ ငါနားလည္ပါတယ္.....
နင့္ေဘးနားမွာဘာမွမလုပ္ပဲ ဒီအတိုင္းေလး ရိွေနခြင့္ေလးေတာင္ မေပးႏိုင္ေတာ့တဲ့အထိ နင္ပံုရိပ္ထင္ကို ခ်စ္ရလား .....
ပံုရိပ္ထင္ သေဘာမက်တာနဲ႔ ဘာအျပစ္မွမလုပ္ထားတဲ့ ငါ့ကို ရံုးခ်ဳပ္ကေန ရံုးခြဲကို ပို႔ပစ္တဲ့အထိ ..... ဒါေပမဲ့ တကယ့္လက္ေတြ့မွာေတာ့ သူမ ေန့ရက္အလိုကို မျငင္းဆန္ႏိုင္ပါ......
"ရပါတယ္ဟာ .... ေျမနီကုန္းဆိုေတာ့ ငါ့အိမ္နဲ႔လဲ ပိုနီးသြားတာေပါ့ ..... ဒါဆို ငါဘယ္ေတာ့ စေျပာင္းရမလဲ "
"ဟိုမွာက အလ်င္စလို ျဖစ္ေနတာဆိုေတာ့ .... ဒါေပမဲ့လဲ နင့္ဘက္က အဆင္ေျပတဲ့အခ်ိန္ ...."
ငါ့ကို တစ္ရက္ေလးေတာင္ ရိွမေနေစခ်င္ေတာ့တာလား ေန့ရက္ရယ္.....
"ငါသိၿပီ..... ဒါဆို ငါဒီေန့ပဲ ပစၥည္းေတြ သိမ္းထားလိုက္ၿပီး မနက္ျဖန္ ေျပာင္း
လိုက္မယ္ေလ "
"ေက်းဇူးပါ ဇာျခည္ရယ္ "
"မလိုပါဘူးေနာ္ .... နင္က ငါ့အလုပ္ရွင္ပဲဟာကို .... ငါက နင့္ အလုပ္သမား....
အလုပ္သမားဆိုတာ အလုပ္ရွင္ေက်နပ္
ေအာင္ လုပ္ေပးရမွာပဲေလ .... "
"ဇာျခည္ .... ငါေျပာခ်င္တာက "
"ဒါဆို ငါပစၥည္းေတြသြားသိမ္းလိုက္ေတာ့မယ္..... နင့္ကို တစ္ခါထဲ ႏႈတ္ဆက္ခဲ့ပါတယ္ "
ေျပာၿပီးတာနဲ႔ သူ႔ေရွကခ်က္ခ်င္းထြက္သြားေသာ ဇာျခည္ကိုၾကည့္ၿပီး ေန့ရက္ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္.....
အခုလို ဘာမွအျပစ္မွမလုပ္ထားသည့္ သူတစ္ေယာက္ကို ရံုးခ်ဳပ္ကေန ရံုးခြဲပို႔
လိုက္ရတာ သူ႔ကိုယ္သူလဲ လိပ္ျပာမလံုပါ.....
ဒါေပမဲ့လဲ သူမ ျဖစ္ေစခ်င္တဲ့အတိုင္း ျဖစ္သြားၿပီမို႔ ထင္ေက်နပ္ဖို႔ ေမ်ွာ္လင့္မိပါသည္.......
•°* •°* •°* •°* •°* •°* •°* •°* •°* •
"ဟဲလို ၀တ္မႈန္လား "
"ေအးေျပာေလ ပံုရိပ္ "
"ဟဲ့ ဟိုဟာေလ ငါတို႔ college တုန္းကဧကရီ က (....) အဲ့ဒီ cosmetic brand ရဲ့ CEO လား "
"ေအး ဟုတ္တယ္ "
"သူက ဒီအရြယ္နဲ႔ေလ ဘယ္လိုျဖစ္ၿပီး....
ၿပီးေတာ့ Brand ကလဲ လူႀကိဳက္မ်ားေနတယ္ "
"ေအး သူ႔အေမကအရင္ထဲက ဘန္ေကာက္မွာေနတာေလ.... သူ႔အေမရဲ့ အဆက္အသြယ္နဲ႔ပဲ ဘန္ေကာက္စက္ရံုနဲ႔ အခ်ိတ္အဆက္မိၿပီး ထုတ္ျဖစ္သြားတာ...
ကံပါ ပါလာေတာ့ ေအာင္ျမင္တာေပါ့ဟာ.....ေနပါၪီး နင္က အဲ့တာကို ဘာလုပ္မို႔ ေမးတာလဲ "
"ငါအခုမွ facebook ျပန္သံုးေတာ့ သူ႔ acc က people you may know မွာေပၚလာလို႔ ၀င္ၾကည့္တာကေန ေတြ့တာပါ... သူက post ေတြကိုလဲ public
နဲ႔ တင္ထားတာေလ "
"ေအး အဲ့တာေတာ့ ဟုတ္တယ္ ..... ၿပီးေတာ့ အဲ့ဟာမ အရမ္းလဲ လွလာတာ ေနာ္.... ေက်ာင္းတုန္းက ညိုေျခာက္ေျခာက္နဲ႔ အခုေတာ့ ျဖဴ၀င္းေနတာပဲ....သူထုတ္တဲ့ Cosmetic ေတြ သူ႔ဘာသူျပန္သံုးေနတယ္ထင္တယ္ "
"ေအးေနာ္ "
"ဒါနဲ႔ နင္ ၄၅ရက္ျပည့္သြားၿပီလား "
"မျပည့္ေသးဘူးေလ နည္းနည္းလိုေသးတယ္ "
"ဒါဆို ၄၅ရက္ျပည့္ၿပီးရင္ နင္အလုပ္ျပန္လုပ္မွာလား "
"လုပ္မွာ ဒါေပမဲ့ ငါ ေဖထြန္းဆီမွာလဲ
မလုပ္ခ်င္ေတာ့ဘူး.... ေဖေဖ့လုပ္ငန္းေတြ
ကို လႊဲယူဖို႔က်ေတာ့လဲ ငါ့မွာ အရည္အခ်င္း မရိွဘူး .... ဘယ္လိုလုပ္ရမလဲမသိဘူး ....."
"အဲ့တာဆို MBAဆက္တက္မွာလား "
"MBA က လုပ္ငန္းအေတြ့အႀကံဳရိွၪီးမွေလ.... စာခ်ည္းပဲဆို အဆင္ေျပမွာ မဟုတ္ဘူး ..... အဲ့တာေၾကာင့္မို႔ပဲ ငါလမ္းေပ်ာက္ေနတာ ..... နင္ေရာ MBA ဆက္မတက္ဘူးလား "
"မတက္ေတာ့ပါဘူးဟယ္ .... ငါက နင့္လို Final တုန္းက star လဲ ပါတာ မဟုတ္ဘူး.....တက္လဲ ပိုက္ဆံကုန္တာပဲ ရိွမွာ....
နင္လဲ နင့္ေယာကၡမဆီမွာပဲ ခဏလုပ္ၪီး
ေပါ့လို႔ .... နင့္မိဘလုပ္ငန္းေတြကို ခ်က္ခ်င္းလႊဲယူလို႔မွ မရတာ.... နင့္ေယာကၡမ အလုပ္ကေနမွတစ္ဆင့္ အေတြ့အႀကံဳယူၿပီး အဆက္အသြယ္ေတြ
ရွာေပါ့ ..... ၿပီးမွ နင့္မိဘအလုပ္ကို ဆက္ခံရင္လဲ ဆက္ခံ မဟုတ္လဲ MBA ဆက္တက္ေပါ့ "
"အင္းေနာ္ .... အခုခ်ိန္ငါ့မွာ ဒီလိုလုပ္ဖို႔
ပဲရိွေတာ့တာ ေက်းဇူးပါဟာ ငါ့မွာ တခုခုဆို တိုင္ပင္စရာကလဲ နင္ပဲရိွတာေလ"
"ရပါတယ္ မိန္းမရယ္ .... ဒီလူနဲ႔ ဒီလူကိုနင္က ေက်းဇူးတင္စကားေျပာေနရလား
ဒါနဲ႔ သမီးေလးေရာ အခုဘာလုပ္ေနလဲ "
"ႏို႔စို႔ၿပီး အိပ္ေနတယ္ေလ .... သူက ေန့ဘက္ဆို တေရးေတာင္မႏိုးဘူး ညဘက္မွ ေသာင္းက်န္းတာ "
ပံုရိပ္စကားေၾကာင့္ ၀တ္မႈန္မွာ သေဘာက်ၿပီး ေအာ္ရယ္ပါေတာ့သည္....
ေတာ္ေတာ္ၾကာမွ ငယ္သူငယ္ခ်င္း ျဖစ္သူနဲ႔ ေျပာခ်င္တာေတြအားလံုး ဖုန္းနဲ႔
အၾကာႀကီးေျပာလိုက္ရ၍ ပံုရိပ္စိတ္ေတြ
လန္းဆန္းသြားသလို ခံစားရသည္.....
ကေလးေမြးထားတာ ၄၅ရက္ျပည့္ၿပီးရင္ေတာ့ သူမ အလုပ္လုပ္မွ ျဖစ္မည္....
မဟုတ္ရင္ အိမ္ထဲမွာ မြန္းေလွာင္ၿပီး သူမတကယ္ရူးသြားႏိုင္သည္......
သူမေဘးနား တုပ္တုပ္ေတာင္မလႈပ္ အိပ္ေပ်ာ္ေနသည့္ သမီးေလးေဘး ၀င္လွဲရင္း အိစက္ေနတဲ့ သမီး ပါးေလးေတြကို သူမ လက္ၫွိုးနဲ႔ အသာတို႔ထိရင္း ပံုရိပ္ သက္ျပင္းခ်မိသည္.....
အလုပ္လုပ္မယ္လို႔သာ ေတြးတာ .... တကယ္ အလုပ္လုပ္ရင္ေရာ ဒီကေလး
ေသးေသးေလးနဲ႔ အဆင္ေျပပါ့မလား....
•°* •°* •°* •°* •°* •°* •°* •°* •°*
ေန့ရက္အလုပ္ကျပန္ေရာက္ၿပီး အခန္းထဲ ၀င္လာေတာ့ သားအမိႏွစ္ေယာက္လံုး အိပ္ရာေပၚမွာ အိပ္ေနၾကတာမ်ား
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ..... တေနကုန္ ဘယ္ေလာက္ပဲ အလုပ္ေတြမ်ားၿပီး ပင္ပန္းလာလာ သူတို႔ သားအမိမ်က္ႏွာကို
ျမင္လိုက္တာနဲ႔ အေမာေတြ ယူပစ္သလိုေပ်ာက္သြားရတာ သူကိုယ္တိုင္ပဲ သိသည္....
ခုတင္ေျခရင္းမွာ တင္ပါးလႊဲ၀င္ထိုင္ရင္း
လက္ေထာက္ကာ အိပ္ေပ်ာ္ေနသည့္ သူ႔ခ်စ္ေသာ မိဖုရားႏွင့္ မင္းသမီးေလးကို ေငးၾကည့္ေနမိသည္......
မၾကာဘူး ထင္က ႏိုးသြားသည္ထင္သည္....လက္နဲ႔ မ်က္လံုးေလးအသာပြတ္ကာ ႏိုးလာသည္..... သူ႔ကို ျမင္ေတာ့ မ်က္ႏွာအမူအရာက ခ်က္ခ်င္းကို တည္တင္းသြားတာ ခုဏက အျပစ္ကင္းစြာ အိပ္ေနတာေလးနဲ႔ ဘာမွ မဆိုင္ေတာ့....
"ထင္ ငါတို႔ ေအးေဆး စကားေျပာရေအာင္ "
"ငါ့မွာနင္နဲ႔ ေျပာစရာ ဘာစကားမွ မရိွဘူး"
"ငါ့မွာေတာ့ ေျပာစရာေတြရိွတယ္ .... "
အိပ္ရာက ခ်က္ခ်င္းထသြားတဲ့ ထင္ရဲ့ ေနာက္ေက်ာေလးကို သိုင္းဖက္လိုက္ၿပီး
ထင့္ ပခံုးထက္ သူ႔ပါးျပင္အပ္ထားလိုက္သည္.....
"ဒီေန့ဇာျခည္ကို ေျမနီကုန္းရံုးခြဲပို႔လိုက္
ၿပီ "
"ဘယ္လို "
"ဟုတ္တယ္ .... အမွန္ေတာ့ ငါနဲ႔ ဇာျခည္
က တကယ္ကို ဘာမွမပတ္သက္ပါဘူး
ထင္ရယ္.... ျပန္ေတြ့ထဲက အခုခ်ိန္ထိ မရိုးမသားတဲ့ အေတြးမ်ိဳး တစ္ႀကိမ္ေတာင္ မျဖစ္ဖူးဘူး ..... ဒါေပမဲ့ မေန့ည
ကေမေမကေျပာတယ္....
ငါ့ဘက္က ငါမွန္တယ္ထင္တိုင္း ဆက္လုပ္ေနရင္ ၾကာရင္ ငါတို႔ အိမ္ေထာင္ေရး အဆံုးသတ္သြားလိမ့္မယ္တဲ့ ..... ငါတကယ္ အဲ့လို မျဖစ္ခ်င္ဘူး ထင္ .... အဲ့တာေၾကာင့္မို႔ ဇာျခည္ကို ဒီေန့ပဲ ခ်က္ခ်င္း
ရံုးခြဲကို ေျပာင္းခိုင္းလိုက္တာ..... နင္ေက်နပ္ပါေတာ့ေနာ္ "
ေျပာရင္းနဲ႔ ပါးေလးကို လွမ္းနမ္းေတာ့
ထင္က မ်က္ႏွာကို တစ္ဖက္သို႔ လႊဲပစ္သည္.... ဒါေပမဲ့ ပံုစံၾကည့္ရတာ
သူေခ်ာ့တာ အလုပ္ျဖစ္ပံုရသည္.... ထို႔ေၾကာင့္ ပိုတိုးၿပီး ဖက္ေတာ့.....
"ေန့ရက္ ငါ အခုထိ မီးတြင္းထဲမွာပဲ ရိွေသးတယ္ေနာ္ "
"ဟြန္း အခုေရာ ငါက ဘာလုပ္ေနလို႔လဲ ထင္ရဲ့ ..... "
"နင္ ဘာလုပ္ဖို႔ ႀကံေနလဲ နင့္ဘာသာ
သိေပါ့ ..... အခု ငါ့ကိုလႊတ္ "
"မလႊတ္ဘူး .... ငါနင့္ကို ဒီလို ေပြ့မဖက္
ရတာ ဘယ္ေလာက္ၾကာၿပီလဲ ..... အခုလိုပဲ ဖက္ထားၪီးမွာ .... "
"...... "
"ငါ့ကို ဘယ္အခ်ိန္ထိ စိတ္ဆိုးေနၪီးမွာလဲ"
"နင္ ငါ့ကို ခံစားရေအာင္ လုပ္ထားတာေတြက ဘယ္ေလာက္မ်ားလဲ .... ဒါကို နင့္ဘက္က ေလျပည္ေအးေလးနဲ႔ ေခ်ာ့လိုက္တိုင္း ငါက စိတ္ဆိုးေျပရမွာလား "
ဒီလိုေတြ ျပန္ေျပာထဲက စိတ္ဆိုးေျပခ်င္
ေနၿပီဆိုတာ သိတာမို႔ ေန့ရက္ ႀကိတ္ၿပံဳး
လိုက္ရင္း .....
"ဒါဆို ငါ ဘယ္လိုေခ်ာ့ရင္ စိတ္ဆိုးေျပ
မွာလဲ "
"သြားစမ္းပါ.... ဘယ္လိုမွ မေခ်ာ့နဲ႔ ေရ႔ွဆက္ၿပီး နင့္လုပ္ရပ္ေတြ အခ်ိဳးေျပ
မေျပျပေ ဆက္ေစာင့္ၾကည့္ၪီးမွာ "
"အခ်ိဳးေျပတယ္ဆို စိတ္ဆိုးေျပမွာလား"
ေန့ရက္ သူမရဲ့ နားရြက္ဖ်ားေလးကို ကိုက္ၿပီးေမးလိုက္ေတာ့ ပံုရိပ္တစ္ကိုယ္လံုး ၾကက္သီးဖုေလးေတြ ထသြားသည္.....
"သြားေတာ့ နင့္ကိုယ္က ေခြၽးေစာ္အရမ္းနံတာပဲ "
ထင့္ဆီမွ ရုတ္တရက္ႀကီး မထင္မွတ္တာ ၾကားလိုက္ရေတာ့ ေန့ရက္ပင္ ေၾကာင္သြားသည္...
စိတ္ထဲလဲရွက္သလို ျဖစ္သြားၿပီး တိုးဖက္
ထားသည့္ ကိုယ္ႏွစ္ခုကို ခြာလိုက္ရသည္.......
"အဟမ္း တ ...တေနကုန္ ေနပူပူဆိုက္ထဲမွာရိွေနတာပဲ .... ဒီေလာက္ေတာ့ ရိွမွာေပါ့ ....ေရ ... ေရသြားခ်ိဳးလိုက္ၪီးမယ္ "
ပံုရိပ္သိတာေပါ့ .... ေန့ရက္ေလာက္
အသန္႔ႀကိဳက္တာ ေန့ရက္ပဲရိွသည္....ကိုယ္ေပၚက အနံ႔အသက္ကို
အၿမဲဂရုစိုက္တတ္သည့္ သူ႔ကို
အခုလိုေျပာလိုက္မွ သူမကို ဖက္ထားတာ လႊတ္မွာမို႔ ေျပာလိုက္ရျခင္း ျဖစ္သည္....
အမွန္ေတာ့ ေန့ရက္ဆီမွ ရသည့္ ေခြၽးနံ႔
က မနံပါ .... သူ႔ကိုယ္သင္းနံ႔ႏွင့္ေရာကာ
တစ္မ်ိဳးေလး ျဖစ္ေနေသးသည္.....
ေန့ရက္ ေရခ်ိဳးခန္းထဲ၀င္သြားမွ ပံုရိပ္ ေမြ့ရာေပၚ ျပန္ထိုင္ရင္း ခုဏက ေန့ရက္ ေျပာသြားသည့္စကားကို ျပန္ေတြးေနမိ
သည္.....
ဒါဆို ဇာျခည္က ရံုးခ်ဳပ္မွာ မရိွေတာ့ဘဲ ေျမနီကုန္းရံုးခြဲကို ေရာက္သြားၿပီေပါ့....
သူ႔အနားမွာ မရိွေတာ့ဘူး ဆိုတာကို ေတြးမိသြားသည္ႏွင့္ ပံုရိပ္ ကိုယ့္ဘာကိုယ္ေတာင္ သတိမထားမိဘဲ လွစ္ခနဲၿပံဳးလိုက္မိသည္.....
မေန့ညက သူ႔အေပၚ မယံုၾကည္ျခင္းေတြနဲ႔ ေလာင္ၿမိဳက္ေနသည့္ အပူမီးေတြလဲ ခ်က္ခ်င္းဆိုသလို ေရစင္ေရခ်မ္းနဲ႔ ျဖန္းပက္လိုက္သလို ၿငိမ္းေအးသြားရသည္.....
အစက အိမ္ေထာင္ေရး အဆံုးသတ္ဖို႔ အထိ ေတြးခဲ့ေပမယ့္ အခုေတာ့ သူ႔ဘက္က စေလ်ွာ့လိုက္တာမို႔ လင္နဲ႔မယား
လ်ွာနဲ႔သြား ဒီေလာက္ေတာ့ ရိွမွာေပါ့ဟု
ျဖည့္ေတြးေပးႏိုင္လာသည္....
သူမ အဓိက ပူေလာင္ေနရျခင္းက သူ႔အနားမွာ ဇာျခည္ရိွေန၍ မဟုတ္လား....
အခု ဇာျခည္မရိွေတာ့ဘူးဆိုေတာ့ သူမ အတြက္ စိတ္ပူစရာ ဘာမွ မရိွေတာ့ေပ....
~~~~
ျပန္ၿပီး အဆင္ေျပသြားသည့္ ညခ်မ္းအခ်ိန္ခါတြင္ ပံုရိပ္က သမီးေလးကို ႏို႔တိုက္ေနၿပီး သူကေတာ့ ႏို႔စို႔ေနသည့္ သမီးေလးကို ၾကည္ႏူးေနသည့္ မ်က္၀န္းမ်ားျဖင့္ တစိမ့္စိမ့္ၾကည့္ေနသည္......
"ေန့ရက္ "
"ဟင္ ...."
"ငါ နင္နဲ႔ အဆင္ေျပသြားတုန္း နင့္ကို ေျပာစရာတစ္ခုရိွတယ္ "
"တစ္ခု မဟုတ္ဘူး ႏွစ္ခုေျပာလဲ ျဖစ္တယ္"
"ငါ ၄၅ ရက္ျပည့္ရင္ ျပန္ၿပီး အလုပ္လုပ္
ခ်င္တယ္ "
ထင့္ဘက္က ေျပာစရာရိွတယ္ဆိုထဲက ဒီအေၾကာင္းဆိုတာ သူသေဘာေပါက္ၿပီးသားပါ..... ဒါေပမဲ့ ထင္မေျပာခင္ထဲက
သူ႔ဘက္က ထင္ ျပန္အလုပ္လုပ္ဖို႔ကို ေတြးထားၿပီးသားမလား ..... သူ႔သေဘာတိုင္း ထင့္ကို အလုပ္မလုပ္ေစတုန္းက အိမ္ေထာင္ေရးကြဲဖို႔အထိ ၪီးတည္သြားခဲ့တာနဲ႔တင္ သူမွတ္သြားပါၿပီ....
"ငါေျပာတာၾကားလားေန့ရက္ "
"ဟင္.... အြန္း ၾကားပါတယ္ထင္ရဲ့ "
"ထပ္ၿပီး အလုပ္မလုပ္ "
ထင္စကားမဆံုးခင္မွာပဲ သူအရင္ျဖတ္ေျပာလိုက္ရသည္....
"မဟုတ္ပါဘူး ထင္ရယ္ .... ငါစဥ္းစားေနတာပါ.... နင္အလုပ္ျပန္လုပ္မယ္ဆို
သမီးေလးကို ဘယ္လိုလုပ္မလဲ ေတြးမိလို႔ပါ....."
"ဒါေပမဲ့ ငါအလုပ္ျပန္လုပ္ခ်င္တယ္....
အလုပ္မလုပ္ဘဲ အိမ္မွာပဲ ေနေနရင္ ငါရူးသြားလိမ့္မယ္ "
"ငါနားလည္ပါတယ္ထင္ရယ္.... ဒါနဲ႔ နင္က အလုပ္လုပ္မယ္ဆို ေဖေဖ့ဆီမွာပဲ လုပ္ၪီးမွာမလား "
"အြန္း ေဖထြန္းဆီမွာပဲလုပ္ၪီးမွာ.... ေဖေဖတို႔လုပ္ငန္းကို လႊဲယူဖို႔ ငါ့မွာ အရည္အခ်င္းမွ မရိွေသးတာ "
ေဖေဖ့ဆီမွာပဲ အလုပ္လုပ္ၪီးမည္ဆို၍
ေန့ရက္ ၿပံဳးလိုက္မိသည္ .... သူမမိဘေတြခ်န္ထားသည့္ လုပ္ငန္းေတြကိုသာ
သူမၪီးစီးလိုက္ရင္ မိသားစုအတြက္ အခ်ိန္ေပးႏိုင္မွာ မဟုတ္ေတာ့ဘူးဆိုတာ
ေန့ရက္သိသည္.....
"အဲ့လိုဆို လုပ္ေလ.... သမီးေလးကိုေတာ့ ေမေမ့ကို ထိန္းခိုင္းတာေပါ့ .... မဟုတ္လဲ ေမေမက ဆိုင္ကို မသႏၲာတို႔နဲ႔ လႊဲထားၿပီးသားဟာကို ....ၿပီးေတာ့ ေမေမက သူ႔
ေျမးမေလးကို လက္ကမခ်ပဲ ထိန္းခ်င္ေနတာ အခုအခြင့္အေရးမွာ တစ္ခါထဲထိန္းခိုင္းလိုက္မယ္.... "
"အဲ့လိုဆို အဆင္ေျပမယ္ထင္တယ္ေနာ္"
"အြန္း "
ဘာရယ္မဟုတ္ သူတို႔၂ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး ၿပံဳးကာ
အသံထြက္သည္အထိ ရယ္လိုက္ၾကေတာ့
ႏို႔စို႔ေနသည့္ သမီးေလးက ႏို႔ကို ျဖဳတ္ကာ
အဲ့ ဟု အသံေပးသည္.....
ေန့ရက္ သမီးေလးကို ၿပံဳးၾကည့္ၿပီး
"ဘာလဲ.... ေဖေဖတို႔ကို ဘာေျပာခ်င္လို႔လဲ သမီး "
အဲ့ .... အဲ့ .....
သမီးက သူေျပာတာကို နားလည္သည့္ပံု
ႏွင့္ မ်က္လံုးေလးဝိုင္းစက္ကာ အသံျပဳ
ေနေသာေၾကာင့္ ပံုရိပ္ သေဘာတက်
ၿပံဳးလိုက္မိသည္.....အခုက်ေတာ့လဲ
သူမတို႔ မိသားစုေလးဟာ ဘာမုန္တိုင္းမွ သက္ေရာက္ျခင္း မရိွသည့္ ပင္လယ္ျပင္လို.....
🍀 ** ** ** ** ** ** ** ** ** 🍀
အပိုင္း 19 ေမ်ွာ္~