🍀 အမုန်းများရဲ့ အလွန် 🍀

By MoMo_1030

386K 11.1K 120

မာနတွေပြိုင်ကြရင်း တည်ဆောက်ဖြစ်ခဲ့တဲ့ နေ့ရက်ဆက် နဲ့ ပုံရိပ်ထင်တို့ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းလေး ❤️❤️ More

🍀 အပိုင်း 1 🍀
🍀 အပိုင်း 2 🍀
🍀 အပိုင်း 3 🍀
🍀 အပိုင်း 4 🍀
🍀 အပိုင်း 5 🍀
🍀 အပိုင်း 6 🍀
🍀 အပိုင်း 7 🍀
🍀 အပိုင်း 8 🍀
🍀 အပိုင်း 9 🍀
🍀 အပိုင်း 10 🍀
🍀 အပိုင်း 11 🍀
🍀 အပိုင်း 12 🍀
🍀 အပိုင်း 13 🍀
🍀 အပိုင်း 14 🍀
🍀 အပိုင်း 15 🍀
🍀 အပိုင်း 16 🍀
🍀 အပိုင်း 18 🍀
🍀 အပိုင်း 19 🍀
🍀 အပိုင်း 20 - ပထမပိုင်း 🍀
🍀 အပိုင်း 20 - ဒုတိယပိုင်း🍀
🍀 အပိုင်း 21 🍀
🍀 အပိုင်း 22 🍀
🍀 အပိုင်း 23 🍀
🍀 အပိုင်း 24 🍀
🍀 အပိုင်း 25 🍀
🍀 ဇာတ်သိမ်းပိုင်း 🍀
❤️ အသိပေးဖြေရှင်းခြင်း ❤️

🍀 အပိုင်း 17 🍀

11.2K 366 2
By MoMo_1030

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 17 🍀

နေ့ရက် ၃၅ရက်သာရှိသေးသည့် သမီးလေးကို ပွေ့ချီရင်း ချော့မြူနေမိသည့်....

ချောလိုက်သည့် သမီးလေး ....
ဘာအလုပ်မှ မလုပ်ဘဲ တနေကုန်
တစိမ့်စိမ့်ကြည့်ရင်တောင် ဒီသမီးလေးကိုမပျင်းမရိဘဲ ကြည့်နေနိုင်ပါသည် ......

အချိန်က ည ၁၁နာရီခွဲ .... သမီးက နေ့နဲ့ည မှားပြီး နေ့ဘက်တွေဆို တနေကုန် အိပ် ညဘက်တွေဆို လုံး၀မအိပ်တော့ပေ...... အိပ်ရာပေါ်များ ချထားလိုက်လျှင်
တစ်ညလုံး မအိပ်ပဲ အော်ငိုနေတတ်သည်....

အခုလို လက်ထဲ ကိုယ်ငွေ့လေးနဲ့ နွေးစေပြီး ပွေ့ချီထားမှ ငြိမ်ငြိမ်လေးနေသည်....

လက်ကမချတမ်း ပွေ့ချီထားပြီး အဆက်မပြတ်ချော့မြူထားတော့မှ သမီးက မျက်လုံးလေး မှေးစင်းလာပြီး တဖြည်းဖြည်း အိပ်ငိုက်ကာအိပ်ပျော်သွားသည် .... ဒါတောင် ချွတ်ချွတ် ဆိုတဲ့ အသံကြားတာနဲ့ ချက်ချင်းလန့်နိုးပြီး အော်ငိုတတ်ပါသေးသည် .....

ထိုအခါမျိုးဆို သူ့မှာ ဘယ်သူ့မှ မနိုးစေရန် အောက်ထပ် ဧည့်ခန်းထဲမှာ သွားပြီး
သမီးကို ချော့မြူရသည် .....

ထင်က ကလေးမွေးပြီးထဲက စိတ်ကျရောဂါဖြစ်ချင်နေသည်.... အိမ်ပြန်ရောက်ထဲက သမီးလေးကိုလဲ တော်ရုံမချီပါ......

နို့တိုက်ချိန်ခဏပဲ သမီးက ထင်လက်ထဲမှာပဲရှိသည် .... ကျန်တဲ့အချိန် သူပဲ သမီးကို ပွေ့ချီပြီးချော့မြူရသည်....

ဆရာမကြီးပြောတာကတော့ ဒီလို စိတ်ကျ
ရောဂါမျိုးက ကလေးမွေးပြီး မိခင် ဆယ်
ယောက်မှာ တစ်ယောက်က ခံစားရလေ့ရှိတယ်တဲ့....

ထင် မီးတွင်းထဲကထွက်ရင်တော့ ထင့်ကို အရင်လို အလုပ်ပြန်လုပ်ဖို့ သဘောတူ
မှဖြစ်မည် .... မဟုတ်ရင် သူ့ကို အမြင်
မကြည်ရာကနေ ထင်က သမီးလေးကိုပါ
သဘောမကျ ဖြစ်သွားနိုင်သည်.....

သမီးလေးကို လက်ထဲပွေ့ရင်း ချော့မြူနေတာ ဘယ်လောက်ကြာပြီလဲမသိ သူ့လက်တွေတောင်ထုံကျင်နေပြီဖြစ်သည်.....
သမီးကိုငုံ့ကြည့်တော့ အိပ်ပျော်သွားပြီဖြစ်သည်..... ဒါပေမဲ့ လက်ကမချရဲသေး
ပါ .... အခုလို ပြန်အိပ်ပျော်သွားခါစအချိန်တွင် လက်က ချလိုက်ပါက ချက်ချင်း လန့်နိုးသွားပြီး တော်တော်နဲ့
ပြန်မအိပ်တော့ပဲ တစ်ညလုံး ငိုပါတော့မည်.......

၁၂နာရီကျော်မှ သမီးလေးလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဖြစ်လို့ သူတို့ခုတင်ဘေးက သမီး အိပ်ရာ သေးသေးလေးမှာ
သိပ်ရင်း ​သူခြေလက်ဆေးရန် ရေချိုးခန်း
ထဲ၀င်လိုက်သည် ....

ခြေလက်သန့်စင်ပြီး ရေချိုးခန်းထဲက ပြန်ထွက်လာတော့ စားပွဲပေါ်တွင် အသံမြည်မှာဆိုး၍ vibrate လုပ်ထားသည့်ဖုန်းက
တုန်ရင်နေသည်.....

ဒီအချိန်ကြီး ဘယ်သူဖုန်းဆက်လာတာပါလိမ့်..... ဖုန်းကိုယူကြည့်တော့ မိုးသားဆီက.... ဒီကောင်လေး ဒီအချိန်ကြီး ဘာဖြစ်
လို့ပါလိမ့် .....

ထင်ရော သမီးရော နိုးသွားမည်ဆိုး၍
သူအခန်းအပြင်ထွက်ပြီး ဖုန်း​ပြောရသည်....

"မိုးသား မင်းဒီအချိန်ကြီး ဘာဖြစ်လို့လဲ "

"ဟဲလို ဒီဖုန်းက ကိုနေ့ရက်ဆက်ဖုန်းလားမသိဘူး "

ဖုန်းထဲက မိုးသားအသံမဟုတ်တော့
နေ့ရက်ဖုန်းကို တစ်ချက်ပြန်ကြည့်သည်....ဟုတ်ပါတယ် မိုးသား ဖုန်းနံပါတ်မှ မိုးသားဖုန်းနံပါတ်ပါ.....

"ဟဲလို ကိုနေ့ရက်ဆက် ကျွန်တော်တို့ စခန်းက ဆက်တာပါ "

"ဗျာ.... စ ခန်းက ဟုတ်လား "

"ဟုတ်ကဲ့ ဒီဘက်က တရားခံဖြစ်သူ ရန်ဖြစ်ပြီး စခန်းရောက်နေလို့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်မေးတော့ ဒီဖုန်းနံပါတ်ကို ဆက်သွယ်ခိုင်းလို့ အခု ကိုနေ့ရက်ဆက် (.....) ကစခန်းကို လာပေးလို့ဖြစ်မလားမသိဘူး "

"ဟုတ်ကဲ့....ဟုတ်ကဲ့ခင်ဗျ .... ကျွန်တော်အခုချက်ချင်း လာခဲ့ပါမယ် "

ဖုန်းချပြီးတာနဲ့ နေ့ရက် စိတ်ပူသွားရသည်....မိုးသား ဒီကောင်လေး ဘယ်လို ဖြစ်တာပါလိမ့် .... မိန်းမကလဲ အရေးပေါ် အခြေအနေ မွေးထားတဲ့သမီးလေးကလဲ ပေါင်ချိန်မပြည့်လို့ အထူးကြပ်မတ်ဆောင်
ထဲ ထားထားရတာကို ဒီကောင်လေးက ရန်ဖြစ်နေသေးတာလား .....

အခန်းထဲပြန်၀င်ပြီး ထင့်ကို စောင်လေး
ပြန်ခြုံပေး သမီးလေးကိုလဲ တစ်ချက်ကြည့်ပြီးမှ သူအပေါ်၀တ်လေးယူပြီး အခန်းထဲမှ ခြေထောက်ဖော့ကာ ထွက်လာခဲ့သည်......

~~~

စခန်းရောက်တော့ နေ့ရက်က မျက်နှာမှာ သွေးအလိမ်းလိမ်းနဲ့ အချုပ်ခန်းထဲ
ဆောင့်ကြောင့်ထိုင်နေသည်....

မိုးသားက သူနဲ့ဘာမှ မတော်စပ်ပေမယ့်
ငယ်ငယ်လေးထဲက ညီအစ်ကိုလို နေလာခဲ့တော့ ညီအစ်ကိုရင်းတွေထက်တောင် ပိုပြီး သွေးချင်းနီးပါသည်....

အခု သူ့ညီအရင်းလို ချစ်ရသည့် ယကောင်လေး အချုပ်ထဲမှာ အလဲလဲအကွဲကွဲ ဖြစ်နေတာကို သူလုံး၀ မကြည့်ရက်ပါ......

ထို့ကြောင့် တစ်ဖက်ကနစ်နာသွားသည့်အုပ်စုကို ကျေနပ်အောင် သေချာတောင်းပန်ရင်း စခန်းမှူးကို အာမခံ လက်မှတ်ထိုးကာ အချုပ်ထဲမှ မရမက ခေါ်လာရသည်.... 

စခန်းအပြင်ရောက်တော့ မိုးသားက ကြမ်းပြင်ပေါ်ထိုင်ချသည်.....

"မိုးသား မင်း ဘယ်လိုဖြစ်နေတာလဲ "

"ကျွန်တော် အိမ်မပြန်ချင်ဘူး ကိုဆက်"

"မင်းက အိမ်မပြန်လို့ ဘယ်သွားချင်သေး
တာလဲ "

"ကျွန်တော် အိမ်ပြန်ရင် တစ်အိမ်လုံးက
အို့အို့အရိပ်တွေနဲ့ ပြည့်နေတာ....
ကျွန်တော် တကယ် ရူးသွားရလိမ့်မယ်
ကိုဆက် "

ပြောရင်း မျက်ရည်တွေကျနေသည့် မိုးသားကိုကြည့်ပြီး နေ့ရက် လေပူတစ်ချက် ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်သည်....

နေ့ရက် မိုးသားနှင့် မျက်နှာချင်းဆိုင်၀င်ထိုင်ပြီး .......

"မင်း ဒီလိုပုံဖြစ်နေတာကို အို့အို့မြင်ရင် စိတ်ချမ်းသာမယ်ထင်လို့လား ..... အခုချိန်မှာ အို့အို့အတွက်ရော မင်းသမီးလေး
အတွက်ရော မင်းက မားမားမတ်မတ် ရပ်တည်ပေးရမှာလေ .... မင်းရဲ့ ဒီပုံစံကို
အန်တီမေသာ မြင်ရင် ဘယ်လောက်ရင်ကွဲရမလဲ ....."

"ကျွန်တော်လဲ ကိုယ့်ကိုယ်ကို မုန်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး ကိုဆက်
ရာ..... အမှန်ဆို အို့အို့နဲ့ သမီးလေး နေရာ
မှာ ကျွန်တော်ဖြစ်ရမှာလေ...... အခုတော့
တကယ်အပြစ်ရှိတဲ့ ကျွန်တော်က ဒီနေရာ
မှာရှိနေပြီး အို့အို့နဲ့သမီးလေးက အသက်လုနေရတယ် ..... ကျွန်တော် မကောင်းတာ..... အဲ့တာ ကျွန်တော်မကောင်းလို့ "

ပြောပြောပြီး သူ့ပါးကို ပိတ်ပိတ်ရိုက်
နေသည့် မိုးသားကြောင့် နေ့ရက် အတင်းဆွဲထားရသည် ..... ဒီကောင်လေးနဲ့တော့
ခက်ပါသည် မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ကို .... 

•°* •°* •°* •°* •°* •°* •°* •°* •°* •

သမီးရဲ့ စူးစူး၀ါး၀ါး အော်ငိုသံကြောင့်
ပုံရိပ်မျက်လုံးတွေ ပွင့်လာရသည် ....

နေ့ရက်ဆက် ထပြီး သမီးကို ချီမလား
ချီမလားဆိုပြီး စောင့်နေပေမယ့် သမီးက
ဆက်ပြီးအော်ငိုနေတဲ့အတွက်ကြောင့်မို့ သူမပဲ မထချင်ထချင်နဲ့ ထလိုက်ရသည်...

ဘေးကိုကြည့်တော့ နေ့ရက်ဆက် ရှိမနေပါ..... Toilet ၀င်တာလားဆိုပြီး
လှမ်းကြည့်တော့ toilet ကလဲ မီးလင်းမနေပါ..... နာရီလှမ်းကြည့်တော့
မနက် ၂နာရီ .....

အိပ်ရာသေးသေးလေးထဲမှ သမီးကို ပွေ့ချီလိုက်ရပြီး ရှေ့နဲ့နောက် ခေါက်တုံ့ခေါက်
ပြန်လျှောက်ပြီး ချော့နေရသည်.....

တစ်ဖက်မှာလဲ ရင်ထဲမှာ စိတ်ပူတာလား
ဒေါသထွက်တာလားမသိသည့် ခံစားချက်
က ကြီးစိုးလာသည်...... ဒီအချိန်ကြီး
သူက ဘယ်ကိုရောက်သွားတာလဲ ..... အပြင်ကို ဘာထွက်လုပ်တာလဲ ....

လက်ထဲချီပွေ့ထားသည့် သမီးကလဲ
အခုထိ အငို မတိတ်သေးတာကြောင့်
ပုံရိပ်စိတ်တွေ မတည်မငြိမ် ဖြစ်လာရသည်....

"သမီးရယ် တိတ်ပါတော့ .... မဟုတ်ရင် မေမေဆက်ချီထားမှာ မဟုတ်ဘူးနော်
အခုတိတ်လိုက်တော့ "

ပုံရိပ်​အသံမာမာကြောင့် ဘာမှ နားမလည်
ရှာသေးသည့် ၃၅ရက်သား ကလေးလေးမှာ အာခေါင်ခြစ်ကာ အော်ငိုပါတော့သည်...... ဖြူဖွေးနေသည့် မျက်နှာလေးဟာ နီရဲတွတ်နေပြီ ဖြစ်သည်.....

နေ့ရက် အိမ်ထဲ၀င်ထဲက သမီးအော်ငိုသံကြောင့် အပေါ်ထပ်ကို ပြေးတက်ပြီး
အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ သူတို့ အိပ်ရာပေါ်တွင် ငိုနေတဲ့ သမီးလေးကို
ဘေးချပြီး ငူငူကြီးထိုင်နေသော ပုံရိပ်....

"ထင် .... သမီး ဒီလောက်ငိုနေတာကို မင်းကွာ ဒီအတိုင်း ထိုင်ကြည့်နေရလား ....မင်း ဘယ်လို မအေမျိုးလဲ "

နေ့ရက် သမီးလေးကို ကောက်ချီကာ
သူ့ရင်ဘတ်လေးမှ ကပ်ထားပြီး ချော့ရသည်..... ကိုယ်ငွေ့လေးနဲ့ နွေးစေပြီး
သားချော့တေလေး တအေးအေးနဲ့ ပြန်ချော့သိပ်မှ သမီးက ပြန်ငြိမ်သွားသည်....

ညကြီးအချိန်မတော် ဘယ်သွားလို့ သွားနေမှန်းမသိပဲ အခုမှ အဖြစ်လာသည်းပြနေသည့် သူ့ကို ပုံရိပ်မုန်းပါသည်....

"ထွက်သွား "

သူ့အနောက်မှ ထင့်ရဲ့ စကားကြောင့် နေ့ရက် လှည့်ကြည့်တော့ .....

"နင့် မျက်နှာကို မမြင်ချင်တာမို့ အခန်းထဲ
ကထွက်သွား "

"ထင်.... "

"ဘယ်နှညရှိနေပြီလဲ .... "

"ဘာကိုပြောတာလဲ "

"နင် ဒီလို ​ညဘက် အပြင်ထွက်နေတာလေ .... ဘယ်နှညရှိနေပြီလဲလို့ ဟမ် ငါအိပ်ပျော်သွားတာနဲ့ တစ်ခါထဲ ဘယ်ကောင်မဆီသွားနေတာလဲ .... "

"ထင် မင်း အထင်လွဲနေပြီ .....ငါအခု မိုးသားကို စခန်းက သွားထုတ်ပြီး ပြန်လာရတာ ..... ည၁၂နာရီကျော်မှ မိုးသားတစ်ယောက် ရန်ဖြစ်တာ စခန်းရောက်နေတယ်ဆိုလို့ (.....) စခန်းမှ သွားထုတ်လာ
ရတာ ..... မင်း မယုံရင် ငါ အခုချက်ချင်း
စခန်းမှူး ဖုန်းကို "

"တော်စမ်းပါ.... နင့်ရဲ့ အခြေအမြစ်မရှိတဲ့ ဆင်ခြေတွေကို ငါက ယုံမယ်ထင်နေလို့
လား ..... "

ထင့်ရဲ့ သွေးရူးသွေးတမ်း ပုံစံကိုကြည့်ရင်း
နေ့ရက် ရင်ထဲလဲ မချိရပါ ..... ဘာလို့ ငါ့အပေါ် အဲ့လောက်ထိ သံသယတွေ များနေရတာလဲ ထင်ရယ်......

"နင့်ရည်းစားဟောင်း ဇာခြည်ဆီရောက်
နေတာမလား ..... ငါ့ကိုတော့ ကလေးတစ်ယောက်နဲ့ အိမ်ထဲမှာ ပစ်ထားရင်း
နင်ကတော့ ရည်းစားဟောင်းနဲ့ အလုပ်မှာရော ကျန်တဲ့အချိန်တွေမှာပါ အတူတူ "

"ထင် မင်းတော်တော့ကွာ...... မင်းစကား
တွေက အရမ်းလွန်လာပြီ ...... ငါလုံး၀
သည်းမခံနိုင်တော့ဘူး .... မင်းပြောတာ
တွေ ဘယ်အခြေအနေထိရောက်နေပြီလဲ ဆိုတာ မင်းကိုယ်တိုင်ရော သိရဲ့လား ....
ငါ့ သိက္ခာကိုတင်မဟုတ်ဘူး ဇာခြည်သိက္ခာကိုပါ စော်ကားနေတာ "

"နင့်ဟာမထိတော့ နင်က နာတယ်ပေါ့ "

"ပုံရိပ်ထင် !!!! "

"ငါ့ကို လာမအော်နဲ့ နင်က ဘာမို့လို့ ငါ့ကို လာအော်နေတာလဲ ..... "

"တော်ပြီ အခုသမီးလေး လန့်နိုးသွားပြီ မင်းနဲ့ငါနဲ့ မနက်ကျမှ အေးဆေး ရှင်းကြမယ်....."

သူတို့၂ယောက်ရဲ့ ရန်ဖြစ်သံတွေကြောင့် သမီးကပြန်လန့်နိုးသွားတာမို့ နေ့ရက် သမီးရင်ဘတ်လေးကို အသာဖိပြီး အခန်းထဲက ထွက်လာခဲ့သည် .....

နေ့ရက်အခန်းထဲမှထွက်သွားတော့ ပုံရိပ်
ဒေါသတကြီးနဲ့ မွေ့ရာပေါ်မှ ခေါင်းအုံး
ဖြူဖြူကို ယူပြီး တံခါးကို ပစ်ပေါက်လိုက်သည်......

သွား.... အကုန်ထွက်သွားကြ.... သူမ ဘ၀ထဲ ဘယ်သူမှ မရှိတော့လဲ ဘာဖြစ်လဲ.....

ကျဆင်းလာသည့်မျက်ရည်များကို ခပ်ကြမ်းကြမ်းပွတ်သုတ်ရင်း ၀မ်းနည်းစွာ
ငိုရှိုက်မိသည်.....

သူမဘ၀မှာ အဖေလဲမရှိတော့ အမေလဲ
မရှိတော့ ... ယောကျာ်းကလဲ အရင်ရည်းစားဟောင်းနဲ့ တပူးတွဲတွဲလုပ်နေတာ
ကို သူမဘယ်လိုစိတ်မျိုးနဲ့ လက်ခံပေးရမှာလဲ ......

အခုမှ ကလေးမွေးပြီးတာ ၄၅ ရက်တောင် မပြည့်သေးသည့် သူမအဖြစ်က မီးတွင်းထဲမှာပင် စိတ်ကျဝေဒနာနှင့် သွက်သွက်ခါအောင် ရူးရတော့မလိုပင်.....

~~~~

နေ့ရက် သူတို့အခန်းနှင့် မျက်နှာချင်းဆိုင် အခန်းထဲတွင် ပြန်အိပ်ပျော်သွားသည့် သမီးလေးကို ကြည့်နေရင်း တံခါးခေါက်
သံကြောင့် သွားဖွင့်လိုက်တော့ မေမေ ဖြစ်နေသည် ......

"မေမေ .... ဘယ်လိုဖြစ်ပြီး ....
တရေးနိုးလာတာလား "

"မင်းတို့လင်မယားရန်ဖြစ်သံတွေနဲ့ မြေးလေးငိုသံကြောင့် နိုးလာတာ .... ဘယ်လို ဖြစ်တာလဲ သားရယ် အချိန်ကိုလဲ ကြည့်ဦး..... သမီးက သွေးနုသားနုနော် အခုထိ မီးတွင်းထဲမှာရှိနေသေးတာ ... ဒီအချိန်မှာ
တခုခု မှားသွားရင် သမီးတစ်ဘ၀လုံး
ရေတိမ်နစ်သွားလိမ့်မယ်..... အခုက ဘာဖြစ်ကြတာလဲ "

"မိုးသား ရန်ဖြစ်လို့ စခန်းရောက်လို့ သားသွားထုတ်ပေးတာ .... အဲ့တာ ထင်က
သူနိုးလာတော့ သားမရှိတာနဲ့ ပတ်သက်
ပြီး သားကို ဇာခြည်ဆီသွားတွေ့နေတာလားဆိုပြီး ပြဿနာရှာတာ ....."

"နေပါဦး သမီးက အခုထိ မင်းနဲ့ အဲ့ကောင်မလေးကို စွတ်စွဲနေတုန်းလား ....
မင်းအဖေကို မေမေပြောထားပြီးသားလေ အဲ့ကောင်မလေးကို ဌာနပြောင်းပေးဖို့ ....
အခုထိ မပြောင်းရသေးဘူးလား "

"မေမေ ..... ဇာခြည်မှာ ဘာအပြစ်ရှိလို့ ရုံးချုပ်ကနေ ဌာနခွဲကို ပြောင်းရမှာလဲ ....
အဲ့လို ဌာနပြောင်းတာမျိုးက အပြစ်လုပ်မိတဲ့ သူတွေပဲ ပြောင်းရွှေ့ရတာလေ....
ဇာခြည်မှာ ဘာအပြစ်မှမရှိဘဲ ဖေဖေနဲ့သားက ပြောင်းခိုင်းလိုက်ရင် လက်အောက်ငယ်သားတွေ ဘာပြောကြ
မလဲ ... "

"အို.... ၀န်ထမ်းဘ၀မှာ ပြောင်းရရွှေ့ရ
တယ်ဆိုတာ တကယ်တမ်း ထူးဆန်းတာ
မှ မဟုတ်တာ..... နစ်နာတယ်ထင်နေလဲ နစ်နာကြေးပေးလိုက်ပေါ့ ..... ဒါမှမဟုတ်
မင်းရည်းစားဟောင်းဖြစ်နေလို့
မင်းကိုယ်တိုင်ကိုက အဲ့ကောင်မလေးကို"

"မေမေ တော်ပါတော့ဗျာ..... ချစ်လို့ယူထားတဲ့ မိန်းမရဲ့ မယုံကြည်တဲ့ အကြည့်တွေနဲ့ အကြည့်ခံနေရတာနဲ့တင် သားအတွက်ခံစားရတာက လုံလောက်နေပါပြီ.....ဒါကို မေမေကပါ ....သားတောင်းပန်ပါတယ်မေမေရယ်...."

"အဲ့လို အကြည့်မခံချင်ရင် အကြည့်မခံရအောင်နေလေ ...... မင်းအဲ့ကောင်မလေးကိစ္စကို မြန်မြန်အဆုံးသတ်ပါ..... မဟုတ်ရင် မင်းအိမ်ထောင်ရေး အဆုံးသတ်သွားရလိမ့်မယ် .... မေမေ ဒါပဲ ပြောချင်တယ် ..... မြေးမလေးကို
မေမေနဲ့ပဲထည့်လိုက်တော့ .... မင်းက
သမီးလေးကို သွားပြန်ချော့ချည်..... "

မေမေက သူ့အားရတိပြတ်ပြောကာ သမီးလေးကို ချီရင်း အခန်းထဲမှ ပြန်ထွက်သွားသည်......

မင်းအိမ်ထောင်ရေး အဆုံးသတ်သွားလိမ့်မယ်တဲ့ ..... မေမေပြောသွားသည့် စကား
က သူ့နားထဲ တ၀ဲလည်လည် ပြန်ကြားယောင်နေသည်...... သူဘာလုပ်ရမလဲ ...
သူဘာလုပ်သင့်လဲ .....

တစ်ဖက်ကလဲ ဇနီးသည် .... တစ်ဖက်ကလဲ သူ့ဂုဏ်သိက္ခာ ....

ဘာအကြောင်းပြချက်မှ မရှိဘဲ ဇာခြည်ကို တခြားနေရာ ပို့ပစ်လိုက်ရင် သူက အလုပ်ကို ကိုယ်ရေးကိုယ်တာနဲ့ရောထွေးပြီး
၀န်ထမ်းအပေါ် မတရားအနိုင်ကျင့်တဲ့ အထက်လူကြီးဟုအပြောခံရနိုင်သည်....

ဒါပေမဲ့ ရှေ့ဆက် ဒီအတိုင်းပဲ ဆက်သွားရင်လဲ သူနဲ့ ထင့် အ​ခြေအနေက တကယ်ကို တစ်ခန်းရပ်သွားနိုင်ခြေရှိသည်.....

အစက ကိုယ်၀န်ကြောင့် သွေးသား အခြေအနေတွေပြောင်းလဲတယ်ပဲထင်ခဲ့မိသည့် ထင့်ရဲ့ အ​ခြေအနေဟာ ကလေးမွေးပြီးချိန်မှာ အများကြီး ပိုဆိုးရွားလာခဲ့သည်......

သမီးက သွေးနုသားနုနော် အခုထိ မီးတွင်းထဲမှာရှိနေသေးတာ ... ဒီအချိန်မှာ
တခုခု မှားသွားရင် သမီးတစ်ဘ၀လုံး ရေတိမ်နစ်သွားလိမ့်မယ်....

မေမေပြောသည့်စကားကိုထပ်ပြီး ကြားယောင်လာသောအခါ သူသက်ပြင်းကို လေးလေးပင်ပင်ချရင်း ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်.....

ပိုချစ်တဲ့သူ ရှုံးတယ်ဆိုတဲ့စကားက တကယ်မှန်နေခဲ့တာပဲ .....

🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင်း 18 မျှော်~

Zawgyi:
အမုန္းမ်ားရဲ့ အလြန္~

🍀 အပိုင္း 17 🍀

ေန့ရက္ ၃၅ရက္သာရိွေသးသည့္ သမီးေလးကို ေပြ့ခ်ီရင္း ေခ်ာ့ျမဴေနမိသည့္....

ေခ်ာလိုက္သည့္ သမီးေလး ....
ဘာအလုပ္မွ မလုပ္ဘဲ တေနကုန္
တစိမ့္စိမ့္ၾကည့္ရင္ေတာင္ ဒီသမီးေလးကိုမပ်င္းမရိဘဲ ၾကည့္ေနႏိုင္ပါသည္ ......

အခ်ိန္က ည ၁၁နာရီခြဲ .... သမီးက ေန့နဲ႔ည မွားၿပီး ေန့ဘက္ေတြဆို တေနကုန္ အိပ္ ညဘက္ေတြဆို လံုး၀မအိပ္ေတာ့ေပ...... အိပ္ရာေပၚမ်ား ခ်ထားလိုက္လ်ွင္
တစ္ညလံုး မအိပ္ပဲ ေအာ္ငိုေနတတ္သည္....

အခုလို လက္ထဲ ကိုယ္ေငြ့ေလးနဲ႔ ေနြးေစၿပီး ေပြ့ခ်ီထားမွ ၿငိမ္ၿငိမ္ေလးေနသည္....

လက္ကမခ်တမ္း ေပြ့ခ်ီထားၿပီး အဆက္မျပတ္ေခ်ာ့ျမဴထားေတာ့မွ သမီးက မ်က္လံုးေလး ေမွးစင္းလာၿပီး တျဖည္းျဖည္း အိပ္ငိုက္ကာအိပ္ေပ်ာ္သြားသည္ .... ဒါေတာင္ ခြၽတ္ခြၽတ္ ဆိုတဲ့ အသံၾကားတာနဲ႔ ခ်က္ခ်င္းလန္႔ႏိုးၿပီး ေအာ္ငိုတတ္ပါေသးသည္ .....

ထိုအခါမ်ိဳးဆို သူ႔မွာ ဘယ္သူ႔မွ မႏိုးေစရန္ ေအာက္ထပ္ ဧည့္ခန္းထဲမွာ သြားၿပီး
သမီးကို ေခ်ာ့ျမဴရသည္ .....

ထင္က ကေလးေမြးၿပီးထဲက စိတ္က်ေရာဂါျဖစ္ခ်င္ေနသည္.... အိမ္ျပန္ေရာက္ထဲက သမီးေလးကိုလဲ ေတာ္ရံုမခ်ီပါ......

ႏို႔တိုက္ခ်ိန္ခဏပဲ သမီးက ထင္လက္ထဲမွာပဲရိွသည္ .... က်န္တဲ့အခ်ိန္ သူပဲ သမီးကို ေပြ့ခ်ီၿပီးေခ်ာ့ျမဴရသည္....

ဆရာမႀကီးေျပာတာကေတာ့ ဒီလို စိတ္က်
ေရာဂါမ်ိဳးက ကေလးေမြးၿပီး မိခင္ ဆယ္
ေယာက္မွာ တစ္ေယာက္က ခံစားရေလ့ရိွတယ္တဲ့....

ထင္ မီးတြင္းထဲကထြက္ရင္ေတာ့ ထင့္ကို အရင္လို အလုပ္ျပန္လုပ္ဖို႔ သေဘာတူ
မျွဖစ္မည္ .... မဟုတ္ရင္ သူ႔ကို အျမင္
မၾကည္ရာကေန ထင္က သမီးေလးကိုပါ
သေဘာမက် ျဖစ္သြားႏိုင္သည္.....

သမီးေလးကို လက္ထဲေပြ့ရင္း ေခ်ာ့ျမဴေနတာ ဘယ္ေလာက္ၾကာၿပီလဲမသိ သူ႔လက္ေတြေတာင္ထံုက်င္ေနၿပီျဖစ္သည္.....
သမီးကိုငံု႔ၾကည့္ေတာ့ အိပ္ေပ်ာ္သြားၿပီျဖစ္သည္..... ဒါေပမဲ့ လက္ကမခ်ရဲေသး
ပါ .... အခုလို ျပန္အိပ္ေပ်ာ္သြားခါစအခ်ိန္တြင္ လက္က ခ်လိုက္ပါက ခ်က္ခ်င္း လန္႔ႏိုးသြားၿပီး ေတာ္ေတာ္နဲ႔
ျပန္မအိပ္ေတာ့ပဲ တစ္ညလံုး ငိုပါေတာ့မည္.......

၁၂နာရီေက်ာ္မွ သမီးေလးလဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားၿပီျဖစ္လို႔ သူတို႔ခုတင္ေဘးက သမီး အိပ္ရာ ေသးေသးေလးမွာ
သိပ္ရင္း ​သူေျခလက္ေဆးရန္ ေရခ်ိဳးခန္း
ထဲ၀င္လိုက္သည္ ....

ေျခလက္သန္႔စင္ၿပီး ေရခ်ိဳးခန္းထဲက ျပန္ထြက္လာေတာ့ စားပြဲေပၚတြင္ အသံျမည္မွာဆိုး၍ vibrate လုပ္ထားသည့္ဖုန္းက
တုန္ရင္ေနသည္.....

ဒီအခ်ိန္ႀကီး ဘယ္သူဖုန္းဆက္လာတာပါလိမ့္..... ဖုန္းကိုယူၾကည့္ေတာ့ မိုးသားဆီက.... ဒီေကာင္ေလး ဒီအခ်ိန္ႀကီး ဘာျဖစ္
လို႔ပါလိမ့္ .....

ထင္ေရာ သမီးေရာ ႏိုးသြားမည္ဆိုး၍
သူအခန္းအျပင္ထြက္ၿပီး ဖုန္း​ေျပာရသည္....

"မိုးသား မင္းဒီအခ်ိန္ႀကီး ဘာျဖစ္လို႔လဲ "

"ဟဲလို ဒီဖုန္းက ကိုေန့ရက္ဆက္ဖုန္းလားမသိဘူး "

ဖုန္းထဲက မိုးသားအသံမဟုတ္ေတာ့
ေန့ရက္ဖုန္းကို တစ္ခ်က္ျပန္ၾကည့္သည္....ဟုတ္ပါတယ္ မိုးသား ဖုန္းနံပါတ္မွ မိုးသားဖုန္းနံပါတ္ပါ.....

"ဟဲလို ကိုေန့ရက္ဆက္ ကြၽန္ေတာ္တို႔ စခန္းက ဆက္တာပါ "

"ဗ်ာ.... စ ခန္းက ဟုတ္လား "

"ဟုတ္ကဲ့ ဒီဘက္က တရားခံျဖစ္သူ ရန္ျဖစ္ၿပီး စခန္းေရာက္ေနလို႔ ဆက္သြယ္ဖို႔ ဖုန္းနံပါတ္ေမးေတာ့ ဒီဖုန္းနံပါတ္ကို ဆက္သြယ္ခိုင္းလို႔ အခု ကိုေန့ရက္ဆက္ (.....) ကစခန္းကို လာေပးလို႔ျဖစ္မလားမသိဘူး "

"ဟုတ္ကဲ့....ဟုတ္ကဲ့ခင္ဗ် .... ကြၽန္ေတာ္အခုခ်က္ခ်င္း လာခဲ့ပါမယ္ "

ဖုန္းခ်ၿပီးတာနဲ႔ ေန့ရက္ စိတ္ပူသြားရသည္....မိုးသား ဒီေကာင္ေလး ဘယ္လို ျဖစ္တာပါလိမ့္ .... မိန္းမကလဲ အေရးေပၚ အေျခအေန ေမြးထားတဲ့သမီးေလးကလဲ ေပါင္ခ်ိန္မျပည့္လို႔ အထူးၾကပ္မတ္ေဆာင္
ထဲ ထားထားရတာကို ဒီေကာင္ေလးက ရန္ျဖစ္ေနေသးတာလား .....

အခန္းထဲျပန္၀င္ၿပီး ထင့္ကို ေစာင္ေလး
ျပန္ၿခံဳေပး သမီးေလးကိုလဲ တစ္ခ်က္ၾကည့္ၿပီးမွ သူအေပၚ၀တ္ေလးယူၿပီး အခန္းထဲမွ ေျခေထာက္ေဖာ့ကာ ထြက္လာခဲ့သည္......

~~~

စခန္းေရာက္ေတာ့ ေန့ရက္က မ်က္ႏွာမွာ ေသြးအလိမ္းလိမ္းနဲ႔ အခ်ဳပ္ခန္းထဲ
ေဆာင့္ေၾကာင့္ထိုင္ေနသည္....

မိုးသားက သူနဲ႔ဘာမွ မေတာ္စပ္ေပမယ့္
ငယ္ငယ္ေလးထဲက ညီအစ္ကိုလို ေနလာခဲ့ေတာ့ ညီအစ္ကိုရင္းေတြထက္ေတာင္ ပိုၿပီး ေသြးခ်င္းနီးပါသည္....

အခု သူ႔ညီအရင္းလို ခ်စ္ရသည့္ ယေကာင္ေလး အခ်ဳပ္ထဲမွာ အလဲလဲအကြဲကြဲ ျဖစ္ေနတာကို သူလံုး၀ မၾကည့္ရက္ပါ......

ထို႔ေၾကာင့္ တစ္ဖက္ကနစ္နာသြားသည့္အုပ္စုကို ေက်နပ္ေအာင္ ေသခ်ာေတာင္းပန္ရင္း စခန္းမွဴးကို အာမခံ လက္မွတ္ထိုးကာ အခ်ဳပ္ထဲမွ မရမက ေခၚလာရသည္.... 

စခန္းအျပင္ေရာက္ေတာ့ မိုးသားက ၾကမ္းျပင္ေပၚထိုင္ခ်သည္.....

"မိုးသား မင္း ဘယ္လိုျဖစ္ေနတာလဲ "

"ကြၽန္ေတာ္ အိမ္မျပန္ခ်င္ဘူး ကိုဆက္"

"မင္းက အိမ္မျပန္လို႔ ဘယ္သြားခ်င္ေသး
တာလဲ "

"ကြၽန္ေတာ္ အိမ္ျပန္ရင္ တစ္အိမ္လံုးက
အို႔အို႔အရိပ္ေတြနဲ႔ ျပည့္ေနတာ....
ကြၽန္ေတာ္ တကယ္ ရူးသြားရလိမ့္မယ္
ကိုဆက္ "

ေျပာရင္း မ်က္ရည္ေတြက်ေနသည့္ မိုးသားကိုၾကည့္ၿပီး ေန့ရက္ ေလပူတစ္ခ်က္ ခပ္ျပင္းျပင္းမႈတ္ထုတ္လိုက္သည္....

ေန့ရက္ မိုးသားႏွင့္ မ်က္ႏွာခ်င္းဆိုင္၀င္ထိုင္ၿပီး .......

"မင္း ဒီလိုပံုျဖစ္ေနတာကို အို႔အို႔ျမင္ရင္ စိတ္ခ်မ္းသာမယ္ထင္လို႔လား ..... အခုခ်ိန္မွာ အို႔အို႔အတြက္ေရာ မင္းသမီးေလး
အတြက္ေရာ မင္းက မားမားမတ္မတ္ ရပ္တည္ေပးရမွာေလ .... မင္းရဲ့ ဒီပံုစံကို
အန္တီေမသာ ျမင္ရင္ ဘယ္ေလာက္ရင္ကြဲရမလဲ ....."

"ကြၽန္ေတာ္လဲ ကိုယ့္ကိုယ္ကို မုန္းလြန္းလို႔ ဘယ္လိုလုပ္ရမလဲ မသိေတာ့ဘူး ကိုဆက္
ရာ..... အမွန္ဆို အို႔အို႔နဲ႔ သမီးေလး ေနရာ
မွာ ကြၽန္ေတာ္ျဖစ္ရမွာေလ...... အခုေတာ့
တကယ္အျပစ္ရိွတဲ့ ကြၽန္ေတာ္က ဒီေနရာ
မွာရိွေနၿပီး အို႔အို႔နဲ႔သမီးေလးက အသက္လုေနရတယ္ ..... ကြၽန္ေတာ္ မေကာင္းတာ..... အဲ့တာ ကြၽန္ေတာ္မေကာင္းလို႔ "

ေျပာေျပာၿပီး သူ႔ပါးကို ပိတ္ပိတ္ရိုက္
ေနသည့္ မိုးသားေၾကာင့္ ေန့ရက္ အတင္းဆြဲထားရသည္ ..... ဒီေကာင္ေလးနဲ႔ေတာ့
ခက္ပါသည္ မ်က္ႏွာမွာလဲ ဒဏ္ရာေတြနဲ႔ကို .... 

•°* •°* •°* •°* •°* •°* •°* •°* •°* •

သမီးရဲ့ စူးစူးဝါးဝါး ေအာ္ငိုသံေၾကာင့္
ပံုရိပ္မ်က္လံုးေတြ ပြင့္လာရသည္ ....

ေန့ရက္ဆက္ ထၿပီး သမီးကို ခ်ီမလား
ခ်ီမလားဆိုၿပီး ေစာင့္ေနေပမယ့္ သမီးက
ဆက္ၿပီးေအာ္ငိုေနတဲ့အတြက္ေၾကာင့္မို႔ သူမပဲ မထခ်င္ထခ်င္နဲ႔ ထလိုက္ရသည္...

ေဘးကိုၾကည့္ေတာ့ ေန့ရက္ဆက္ ရိွမေနပါ..... Toilet ၀င္တာလားဆိုၿပီး
လွမ္းၾကည့္ေတာ့ toilet ကလဲ မီးလင္းမေနပါ..... နာရီလွမ္းၾကည့္ေတာ့
မနက္ ၂နာရီ .....

အိပ္ရာေသးေသးေလးထဲမွ သမီးကို ေပြ့ခ်ီလိုက္ရၿပီး ေရ႔ွနဲ႔ေနာက္ ေခါက္တံု႔ေခါက္
ျပန္ေလ်ွာက္ၿပီး ေခ်ာ့ေနရသည္.....

တစ္ဖက္မွာလဲ ရင္ထဲမွာ စိတ္ပူတာလား
ေဒါသထြက္တာလားမသိသည့္ ခံစားခ်က္
က ႀကီးစိုးလာသည္...... ဒီအခ်ိန္ႀကီး
သူက ဘယ္ကိုေရာက္သြားတာလဲ ..... အျပင္ကို ဘာထြက္လုပ္တာလဲ ....

လက္ထဲခ်ီေပြ့ထားသည့္ သမီးကလဲ
အခုထိ အငို မတိတ္ေသးတာေၾကာင့္
ပံုရိပ္စိတ္ေတြ မတည္မၿငိမ္ ျဖစ္လာရသည္....

"သမီးရယ္ တိတ္ပါေတာ့ .... မဟုတ္ရင္ ေမေမဆက္ခ်ီထားမွာ မဟုတ္ဘူးေနာ္
အခုတိတ္လိုက္ေတာ့ "

ပံုရိပ္​အသံမာမာေၾကာင့္ ဘာမွ နားမလည္
ရွာေသးသည့္ ၃၅ရက္သား ကေလးေလးမွာ အာေခါင္ျခစ္ကာ ေအာ္ငိုပါေတာ့သည္...... ျဖဴေဖြးေနသည့္ မ်က္ႏွာေလးဟာ နီရဲတြတ္ေနၿပီ ျဖစ္သည္.....

ေန့ရက္ အိမ္ထဲ၀င္ထဲက သမီးေအာ္ငိုသံေၾကာင့္ အေပၚထပ္ကို ေျပးတက္ၿပီး
အခန္းတံခါးကို ဆြဲဖြင့္လိုက္ေတာ့ သူတို႔ အိပ္ရာေပၚတြင္ ငိုေနတဲ့ သမီးေလးကို
ေဘးခ်ၿပီး ငူငူႀကီးထိုင္ေနေသာ ပံုရိပ္....

"ထင္ .... သမီး ဒီေလာက္ငိုေနတာကို မင္းကြာ ဒီအတိုင္း ထိုင္ၾကည့္ေနရလား ....မင္း ဘယ္လို မေအမ်ိဳးလဲ "

ေန့ရက္ သမီးေလးကို ေကာက္ခ်ီကာ
သူ႔ရင္ဘတ္ေလးမွ ကပ္ထားၿပီး ေခ်ာ့ရသည္..... ကိုယ္ေငြ့ေလးနဲ႔ ေနြးေစၿပီး
သားေခ်ာ့ေတေလး တေအးေအးနဲ႔ ျပန္ေခ်ာ့သိပ္မွ သမီးက ျပန္ၿငိမ္သြားသည္....

ညႀကီးအခ်ိန္မေတာ္ ဘယ္သြားလို႔ သြားေနမွန္းမသိပဲ အခုမွ အျဖစ္လာသည္းျပေနသည့္ သူ႔ကို ပံုရိပ္မုန္းပါသည္....

"ထြက္သြား "

သူ႔အေနာက္မွ ထင့္ရဲ့ စကားေၾကာင့္ ေန့ရက္ လွည့္ၾကည့္ေတာ့ .....

"နင့္ မ်က္ႏွာကို မျမင္ခ်င္တာမို႔ အခန္းထဲ
ကထြက္သြား "

"ထင္.... "

"ဘယ္ႏွညရိွေနၿပီလဲ .... "

"ဘာကိုေျပာတာလဲ "

"နင္ ဒီလို ​ညဘက္ အျပင္ထြက္ေနတာေလ .... ဘယ္ႏွညရိွေနၿပီလဲလို႔ ဟမ္ ငါအိပ္ေပ်ာ္သြားတာနဲ႔ တစ္ခါထဲ ဘယ္ေကာင္မဆီသြားေနတာလဲ .... "

"ထင္ မင္း အထင္လြဲေနၿပီ .....ငါအခု မိုးသားကို စခန္းက သြားထုတ္ၿပီး ျပန္လာရတာ ..... ည၁၂နာရီေက်ာ္မွ မိုးသားတစ္ေယာက္ ရန္ျဖစ္တာ စခန္းေရာက္ေနတယ္ဆိုလို႔ (.....) စခန္းမွ သြားထုတ္လာ
ရတာ ..... မင္း မယံုရင္ ငါ အခုခ်က္ခ်င္း
စခန္းမွဴး ဖုန္းကို "

"ေတာ္စမ္းပါ.... နင့္ရဲ့ အေျခအျမစ္မရိွတဲ့ ဆင္ေျခေတြကို ငါက ယံုမယ္ထင္ေနလို႔
လား ..... "

ထင့္ရဲ့ ေသြးရူးေသြးတမ္း ပံုစံကိုၾကည့္ရင္း
ေန့ရက္ ရင္ထဲလဲ မခ်ိရပါ ..... ဘာလို႔ ငါ့အေပၚ အဲ့ေလာက္ထိ သံသယေတြ မ်ားေနရတာလဲ ထင္ရယ္......

"နင့္ရည္းစားေဟာင္း ဇာျခည္ဆီေရာက္
ေနတာမလား ..... ငါ့ကိုေတာ့ ကေလးတစ္ေယာက္နဲ႔ အိမ္ထဲမွာ ပစ္ထားရင္း
နင္ကေတာ့ ရည္းစားေဟာင္းနဲ႔ အလုပ္မွာေရာ က်န္တဲ့အခ်ိန္ေတြမွာပါ အတူတူ "

"ထင္ မင္းေတာ္ေတာ့ကြာ...... မင္းစကား
ေတြက အရမ္းလြန္လာၿပီ ...... ငါလံုး၀
သည္းမခံႏိုင္ေတာ့ဘူး .... မင္းေျပာတာ
ေတြ ဘယ္အေျခအေနထိေရာက္ေနၿပီလဲ ဆိုတာ မင္းကိုယ္တိုင္ေရာ သိရဲ့လား ....
ငါ့ သိကၡာကိုတင္မဟုတ္ဘူး ဇာျခည္သိကၡာကိုပါ ေစာ္ကားေနတာ "

"နင့္ဟာမထိေတာ့ နင္က နာတယ္ေပါ့ "

"ပံုရိပ္ထင္ !!!! "

"ငါ့ကို လာမေအာ္နဲ႔ နင္က ဘာမို႔လို႔ ငါ့ကို လာေအာ္ေနတာလဲ ..... "

"ေတာ္ၿပီ အခုသမီးေလး လန္႔ႏိုးသြားၿပီ မင္းနဲ႔ငါနဲ႔ မနက္က်မွ ေအးေဆး ရွင္းၾကမယ္....."

သူတို႔၂ေယာက္ရဲ့ ရန္ျဖစ္သံေတြေၾကာင့္ သမီးကျပန္လန္႔ႏိုးသြားတာမို႔ ေန့ရက္ သမီးရင္ဘတ္ေလးကို အသာဖိၿပီး အခန္းထဲက ထြက္လာခဲ့သည္ .....

ေန့ရက္အခန္းထဲမွထြက္သြားေတာ့ ပံုရိပ္
ေဒါသတႀကီးနဲ႔ ေမြ့ရာေပၚမွ ေခါင္းအံုး
ျဖဴျဖဴကို ယူၿပီး တံခါးကို ပစ္ေပါက္လိုက္သည္......

သြား.... အကုန္ထြက္သြားၾက.... သူမ ဘ၀ထဲ ဘယ္သူမွ မရိွေတာ့လဲ ဘာျဖစ္လဲ.....

က်ဆင္းလာသည့္မ်က္ရည္မ်ားကို ခပ္ၾကမ္းၾကမ္းပြတ္သုတ္ရင္း ၀မ္းနည္းစြာ
ငိုရိႈက္မိသည္.....

သူမဘ၀မွာ အေဖလဲမရိွေတာ့ အေမလဲ
မရိွေတာ့ ... ေယာက်ာ္းကလဲ အရင္ရည္းစားေဟာင္းနဲ႔ တပူးတြဲတြဲလုပ္ေနတာ
ကို သူမဘယ္လိုစိတ္မ်ိဳးနဲ႔ လက္ခံေပးရမွာလဲ ......

အခုမွ ကေလးေမြးၿပီးတာ ၄၅ ရက္ေတာင္ မျပည့္ေသးသည့္ သူမအျဖစ္က မီးတြင္းထဲမွာပင္ စိတ္က်ေဝဒနာႏွင့္ သြက္သြက္ခါေအာင္ ရူးရေတာ့မလိုပင္.....

~~~~

ေန့ရက္ သူတို႔အခန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ အခန္းထဲတြင္ ျပန္အိပ္ေပ်ာ္သြားသည့္ သမီးေလးကို ၾကည့္ေနရင္း တံခါးေခါက္
သံေၾကာင့္ သြားဖြင့္လိုက္ေတာ့ ေမေမ ျဖစ္ေနသည္ ......

"ေမေမ .... ဘယ္လိုျဖစ္ၿပီး ....
တေရးႏိုးလာတာလား "

"မင္းတို႔လင္မယားရန္ျဖစ္သံေတြနဲ႔ ေျမးေလးငိုသံေၾကာင့္ ႏိုးလာတာ .... ဘယ္လို ျဖစ္တာလဲ သားရယ္ အခ်ိန္ကိုလဲ ၾကည့္ၪီး..... သမီးက ေသြးႏုသားႏုေနာ္ အခုထိ မီးတြင္းထဲမွာရိွေနေသးတာ ... ဒီအခ်ိန္မွာ
တခုခု မွားသြားရင္ သမီးတစ္ဘ၀လံုး
ေရတိမ္နစ္သြားလိမ့္မယ္..... အခုက ဘာျဖစ္ၾကတာလဲ "

"မိုးသား ရန္ျဖစ္လို႔ စခန္းေရာက္လို႔ သားသြားထုတ္ေပးတာ .... အဲ့တာ ထင္က
သူႏိုးလာေတာ့ သားမရိွတာနဲ႔ ပတ္သက္
ၿပီး သားကို ဇာျခည္ဆီသြားေတြ့ေနတာလားဆိုၿပီး ျပႆနာရွာတာ ....."

"ေနပါၪီး သမီးက အခုထိ မင္းနဲ႔ အဲ့ေကာင္မေလးကို စြတ္စြဲေနတုန္းလား ....
မင္းအေဖကို ေမေမေျပာထားၿပီးသားေလ အဲ့ေကာင္မေလးကို ဌာနေျပာင္းေပးဖို႔ ....
အခုထိ မေျပာင္းရေသးဘူးလား "

"ေမေမ ..... ဇာျခည္မွာ ဘာအျပစ္ရိွလို႔ ရံုးခ်ဳပ္ကေန ဌာနခြဲကို ေျပာင္းရမွာလဲ ....
အဲ့လို ဌာနေျပာင္းတာမ်ိဳးက အျပစ္လုပ္မိတဲ့ သူေတြပဲ ေျပာင္းေရႊ့ရတာေလ....
ဇာျခည္မွာ ဘာအျပစ္မွမရိွဘဲ ေဖေဖနဲ႔သားက ေျပာင္းခိုင္းလိုက္ရင္ လက္ေအာက္ငယ္သားေတြ ဘာေျပာၾက
မလဲ ... "

"အို.... ၀န္ထမ္းဘ၀မွာ ေျပာင္းရေရႊ့ရ
တယ္ဆိုတာ တကယ္တမ္း ထူးဆန္းတာ
မွ မဟုတ္တာ..... နစ္နာတယ္ထင္ေနလဲ နစ္နာေၾကးေပးလိုက္ေပါ့ ..... ဒါမွမဟုတ္
မင္းရည္းစားေဟာင္းျဖစ္ေနလို႔
မင္းကိုယ္တိုင္ကိုက အဲ့ေကာင္မေလးကို"

"ေမေမ ေတာ္ပါေတာ့ဗ်ာ..... ခ်စ္လို႔ယူထားတဲ့ မိန္းမရဲ့ မယံုၾကည္တဲ့ အၾကည့္ေတြနဲ႔ အၾကည့္ခံေနရတာနဲ႔တင္ သားအတြက္ခံစားရတာက လံုေလာက္ေနပါၿပီ.....ဒါကို ေမေမကပါ ....သားေတာင္းပန္ပါတယ္ေမေမရယ္...."

"အဲ့လို အၾကည့္မခံခ်င္ရင္ အၾကည့္မခံရေအာင္ေနေလ ...... မင္းအဲ့ေကာင္မေလးကိစၥကို ျမန္ျမန္အဆံုးသတ္ပါ..... မဟုတ္ရင္ မင္းအိမ္ေထာင္ေရး အဆံုးသတ္သြားရလိမ့္မယ္ .... ေမေမ ဒါပဲ ေျပာခ်င္တယ္ ..... ေျမးမေလးကို
ေမေမနဲ႔ပဲထည့္လိုက္ေတာ့ .... မင္းက
သမီးေလးကို သြားျပန္ေခ်ာ့ခ်ည္..... "

ေမေမက သူ႔အားရတိျပတ္ေျပာကာ သမီးေလးကို ခ်ီရင္း အခန္းထဲမွ ျပန္ထြက္သြားသည္......

မင္းအိမ္ေထာင္ေရး အဆံုးသတ္သြားလိမ့္မယ္တဲ့ ..... ေမေမေျပာသြားသည့္ စကား
က သူ႔နားထဲ တဝဲလည္လည္ ျပန္ၾကားေယာင္ေနသည္...... သူဘာလုပ္ရမလဲ ...
သူဘာလုပ္သင့္လဲ .....

တစ္ဖက္ကလဲ ဇနီးသည္ .... တစ္ဖက္ကလဲ သူ႔ဂုဏ္သိကၡာ ....

ဘာအေၾကာင္းျပခ်က္မွ မရိွဘဲ ဇာျခည္ကို တျခားေနရာ ပို႔ပစ္လိုက္ရင္ သူက အလုပ္ကို ကိုယ္ေရးကိုယ္တာနဲ႔ေရာေထြးၿပီး
၀န္ထမ္းအေပၚ မတရားအႏိုင္က်င့္တဲ့ အထက္လူႀကီးဟုအေျပာခံရႏိုင္သည္....

ဒါေပမဲ့ ေရ႔ွဆက္ ဒီအတိုင္းပဲ ဆက္သြားရင္လဲ သူနဲ႔ ထင့္ အ​ေျခအေနက တကယ္ကို တစ္ခန္းရပ္သြားႏိုင္ေျခရိွသည္.....

အစက ကိုယ္၀န္ေၾကာင့္ ေသြးသား အေျခအေနေတြေျပာင္းလဲတယ္ပဲထင္ခဲ့မိသည့္ ထင့္ရဲ့ အ​ေျခအေနဟာ ကေလးေမြးၿပီးခ်ိန္မွာ အမ်ားႀကီး ပိုဆိုးရြားလာခဲ့သည္......

သမီးက ေသြးႏုသားႏုေနာ္ အခုထိ မီးတြင္းထဲမွာရိွေနေသးတာ ... ဒီအခ်ိန္မွာ
တခုခု မွားသြားရင္ သမီးတစ္ဘ၀လံုး ေရတိမ္နစ္သြားလိမ့္မယ္....

ေမေမေျပာသည့္စကားကိုထပ္ၿပီး ၾကားေယာင္လာေသာအခါ သူသက္ျပင္းကို ေလးေလးပင္ပင္ခ်ရင္း ဆံုးျဖတ္ခ်က္တစ္ခုကို ခိုင္ခိုင္မာမာခ်လိုက္သည္.....

ပိုခ်စ္တဲ့သူ ရႈံးတယ္ဆိုတဲ့စကားက တကယ္မွန္ေနခဲ့တာပဲ .....

🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင္း 18 ေမ်ွာ္~

Continue Reading

You'll Also Like

940K 49.7K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
225K 4.2K 35
မ နဲ့ မောင်ကိုမှ ခပ်ကြမ်းကြမ်းနဲ့ ရိုရိုလေး
182K 4.5K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
66.2K 1.7K 23
🌸ဦးမုန်းသောကျေးကျွန်ဇနီးငယ်🌸 စံအိမ်၏အရှင်သခင် သြဇာအာဏာအပြည့်ဖြင့် လူအများ၏လေးစားအားကျမှု့ကို အပြည့်အဝခံစားရသောသူ မဟာမိတ် စံအိမ်ထဲမှာ၁၉နှစ်ကြာ အစေခ...