Unicode:
အမုန်းများရဲ့ အလွန်~
🍀 အပိုင်း 16 🍀
အိပ်နေရင်း ဆတ်ခနဲ ကုတင်လေး လှုပ်သွားလို့ ကြည့်လိုက်တော့ ထင် က ဖြည်းဖြည်းချင်းထပြီး သန့်စင်ခန်းဘက်ကိုသွားနေသည် ......
ကိုယ်၀န်ကမွေးခါနီးလာလေ ညဘက်တွေဆို ထင် Toilet ၀င်တဲ့ အရေအတွက်ဟာ ပိုပြီးစိတ်လာလေဖြစ်သည် .....
တစ်မွေ့ရာထဲ အတူအုံးစက်ကာအိပ်နေပေ
မယ့် သူတို့၂ယောက်ရဲ့ အိမ်ထောင်ရေး
က အခြေအနေဆိုးရွားနေဆဲဖြစ်သည်....
အခုလဲ Toilet ၀င်သွားသည့် ထင့်ကို စိတ်မချပေမယ့် ထင်ကငြင်းဆန်နေသည်မို့ သူ့မှာ ဘာမှ မလုပ်ပေးနိုင်....
ထင့်ဆီမှ toilet တံခါးကို ပြန်ပိတ်လိုက်တဲ့ အသံကြားတော့မှ သူကမန်းကတန်းနဲ့ အိပ်ချင်ယောင် ပြန်ဆောင်ရသည် ......
ထင် သူ့အပေါ် ဇာခြည်နဲ့ ဆက်တိုက်ဆို
သလို အထင်တွေလွဲနေသည့်အပေါ်
သူတကယ် ဘာမှ မတတ်နိုင်ဖြစ်နေရသည်.....
ဘေးတစောင်းလေးပြန်အိပ်သွားသည့်
ထင့်ရဲ့ နောက်ကျောပြင်ကိုကြည့်ပြီး နောက်ကနေ ပွေ့ဖက်ထားချင်စိတ်က ထိန်းမရ သိမ်းမရ ....
အခုလိုအချိန်မျိုးမှာ ကြင်ကြင်နာနာထွေးပွေ့ထားချင်ပေမယ့် ထင်က သူ့အား ထိုကဲ့သို့သော အခွင့်အရေးမျိုး မပေးပါ.....
ဒီညလဲ ထင့်ရဲ့ နောက်ကျောပြင်လေးကိုပဲ
ငေးကြည့်ရင်းသာ ......
~~~~
ဒီမနက် အိပ်ရာထထဲက ပုံရိပ် ခါးထဲက ဆစ်ဆစ်ပြီး နာနေမိသည်......မွေးချင်လို့
များလား .... မဖြစ်နိုင်သေးပါဘူး ....
Due date က တစ်ပတ်တောင်လိုသေး
တာ .... အဲ့တာကြောင့်မို့ သူမမှာ ဆေးရုံ
တောင် ကြိုတက်ထားရသေးတာမဟုတ်ဘူး...... လမ်းလေး ခေါက်တုံ့ခေါက်ပြန်လျှောက်လိုက် နာတာသက်သာသွားလိုက်နဲ့ ..... နေ့လယ်လောက်ရောက်တော့ အနာကစိတ်လာသည်..... သူမနားထင်စပ်မှာ ချွေးသီးလေးတွေတောင် စို့လာရသည်......
"မေချိုရေ .... မေချို "
သူမ အော်သံကြောင့် မေချိုက သူမဆီ ပြေးလာသည်.....
"အေး သမီးလေး ဘာဖြစ်လို့လဲဟင် "
"မေချို သမီးမွေးတော့မလားမသိဘူး ....
ဗိုက်က ရစ်ရစ်ပြီး နာနေပြီ "
"သမီးလေး Due date က တစ်ပတ်တောင်လိုသေးတယ်မဟုတ်လား "
"ဒါပေမဲ့ သမီးမနက်အိပ်ရာထထဲက နာနေတာ မေချို .... အခု အရမ်းနာလာလို့
ဆေးရုံသွားမှ ဖြစ်တော့မယ်ထင်တယ်..."
"အေးအေး အဲ့တာဆို ခဏလေးသမီးလေး ဒီမှာအရင်ထိုင်နေလိုက် မေချို မောင်စိုးကိုသွားခေါ်လိုက်ဦးမယ်နော်...
မိဘုတ်ရေ.... မိဘုတ် ..... "
"ရှန် အန်တီချို "
"လာ နင့်မမလေးကို ခဏကြည့်ထား.....
ယူမယ့်ပစ္စည်းတွေထည့်ထား.... ငါ
မောင်စိုးကိုသွားခေါ်ဦးမယ် "
"ဟုတ်ဟုတ်အန်တီချို "
သူမကို ထိုင်ခုံပေါ်မှာ အရင်ထိုင်ခိုင်းပြီး
မေချိုကအခန်းထဲမှ ပြေးထွက်သွားသည်....ထိုင်ခုံမှာထိုင်ရင်း ထည့်ရမယ့် ပစ္စည်းတွေ မိဘုတ်ကို လက်ညှိုးထိုးပြီးခိုင်းနေရသည်......တော်သေးသည်က
ကိုယ်၀န် ၉လထဲရောက်လာထဲက ပြင်ဆင်စရာရှိတာလေးတွေ အကုန်ပြင်ဆင်ထားလို့ အခုချိန်မှာ အိတ်ကြီး တစ်အိတ်ထဲ အကုန်ထည့်လိုက်ရုံပင်.....
"သမီးရေ မောင်စိုး ကားအဆင်သင့်ဖြစ်
နေပြီ ..... ဖြည်းဖြည်းထနော် "
မေချိုက သူမကိုတွဲ ..... မိဘုတ်က ကားတံခါးကို ပြေးဖွင့် ..... ဒီလိုနဲ့ သူမ ကိုယ်၀န် အပ်ထားသည့် SSC Women's Centre ကို မောင်စိုးအား
အမြန်မောင်းခိုင်းရသည်.....
ကားပေါ်မှာတင် ရေမြွှာပေါက်သွားခဲ့ပြီး
ဆေးရုံရောက်သည်နှင့် တစ်ခါထဲ မွေးခန်း
ထဲ၀င်ရတော့သည် .......
မိခင်တစ်ယောက်ရဲ့ ဒုက္ခနာကျင်မှုအပေါင်းကို ကြံ့ကြံ့ခိုင်ပြီးတဲ့ အချိန်မှာတော့ သူမ ဘ၀ထဲ ရောက်ရှိလာသည့် သမီးလေးရဲ့ ငိုသံကို အရင်ဆုံး ကြားလိုက်ရသည်.....
ဆရာ၀န်မကြီးက မိခင်ရင်ငွေ့လှုံစေရန် သမီးကို သူမရင်ခွင်ထဲ ထည့်ပေးပြီး
နို့ချိုတိုက်ကျွေးစေသည့် တစ်ခဏ
သူမမခံမရပ်နိုင်အောင် နာကျင်ခံစားခဲ့ရ
သော ဝေဒနာရပ်များသည် ယူပစ်လိုက်သလို ပျောက်ကင်းသက်သာသွားခဲ့ရသည်.....
နို့စို့နေသည့် နီတာရဲ သမီးလေးရဲ့ နဖူးပြင်ကို သူမငုံ့နမ်းလိုက်သည်..... မိခင်
တစ်ယောက်ရဲ့ ကြည်နူးမှုဆိုတာ ဒါမျိုးပါလားဟု ခံစားမိလာသည်.....
•°* •°* •°* •°* •°* •°* •°* •°* •°*
မှော်ဘီမှ မြေကွက်ကို ဇာခြည်နဲ့သွား
ကြည့်ပြီး ကားပေါ်ရောက်မှ ဖုန်းကိုထုတ်
ကြည့်တော့ မေမေခေါ်ထားသည့် missed call ပေါင်း 81 ခါတောင်....
ဘယ်လိုဖြစ်တာလဲ .... သူလဲ အသံမတိုး
ထားပဲနဲ့ .... sound button ကို နှိပ်
ကြည့်လိုက်မှ media ကို မတိုးထားဘဲ ring tone ကို အသံတိုးထားမိတာ ဖြစ်သည်.....
81 ခါတောင်ဖုန်းခေါ်ထားတာဆိုတော့
ထင် တခုခုများ ဖြစ်လို့လား .... ချက်ချင်း
မေမေ့ဆီ ဖုန်းပြန်ခေါ်တော့ ဖုန်းက တစ်ခါထဲနဲ့ ၀င်သွားသည်......
"ဟဲလိုမေမေ "
"နေ့ရက်ဆက် မင်းမလဲ ဘယ်တွေသွားပြီး
ဘာတွေလုပ်နေလို့ ဖုန်းလေးတောင် တစ်ချက်မကိုင်နိုင်ဖြစ်နေရတာလဲ .... ကုမ္ပဏီကို ဆက်တော့လဲ မင်းနဲ့ မင်းအတွင်းရေးမှူး အတူတူ ထွက်သွားတာ
တဲ့ "
"ဟုတ်တယ်မေမေ .... သားနဲ့ ဇာခြည်နဲ့ မှော်ဘီဘက်က မြေကွက်ကိုသွားကြည့်တာ.... ကို၀င်းမောင်လဲ ပါပါတယ်.... မေမေသားကိုဖုန်းဆက်တာ ထင် ဘာဖြစ်
လို့လဲဟင် "
"တော်သေးတာပေါ့ ကိုယ့်မိန်းမကို မေးဖော်ရသေးလို့ "
"မခနဲ့ပါနဲ့ မေမေရယ် .... မဟုတ်မှ ထင် တခုခုဖြစ်လို့လားဟင် "
"သမီးလေး မွေးပြီးသွားပြီ.... ကလေးရော မအေရော ၂ယောက်လုံး ကျန်းကျန်း
မာမာပဲ ..... မြေးမလေးက ၇ပေါင်နဲ့ ၁၀ အောင်စ တောင်ရှိတယ် ..... အရမ်း ချစ်ဖို့ကောင်းတာပဲ "
ဖုန်းထဲမှ မေမေပြောလာသည်များကို နားထောင်ရင်း လက်ကနေ ဖုန်း
လွတ်မကျသွားအောင် မနည်းထိန်းကိုင်
ထားရသည်..... ထင် မွေးသွားပြီတဲ့လား.....
"ဘယ်လိုဖြစ်တာလဲ မေမေ .... ထင်
မွေးရက်က တစ်ပတ်လောက် လိုသေးတယ်မလား "
"စောစောမွေးသွားတာ .... သမီးက
မနက်ကထဲက ဗိုက်နာနေတာ နေ့လယ်ရောက်တော့ အနာစိပ်လာတာနဲ့ ဆေးရုံ
တန်းသွားလိုက်တာ ဟိုရောက်တာနဲ့ တစ်ခါထဲ မွေးခန်းထဲ၀င်ရတာပဲ ..... ဟွန်း မြေးမလေးက ဘယ်လောက်တောင်
သူ့အမေဗိုက်ထဲက ထွက်ချင်နေလဲ
မသိဘူး.... သမီးလေးတောင် ဗိုက်နာချိန်
သိပ်မရှိလိုက်ဘူး တစ်ခါထဲ ချောချောချုချူ ထွက်လာတာ "
"ထင်ရော မေမေ ... ထင် အဆင်ပြေရဲ့လား "
"သမီးလေးက အဆင်ပြေပါတယ် .... အခုတော့ ပင်ပန်းသွားလို့ထင်တယ်
တရေးမှေးနေတယ် ..... ဒါနဲ့ သား မင်း
အခု ကားမောင်းရင်း ပြောနေတာလား "
"မဟုတ်ပါဘူးမေမေ .... ကားက
ကို၀င်းမောင် မောင်းနေတာ .... အဲ့တာဆို သား ဆေးရုံကိုပဲ တန်းလာခဲ့မယ်နော် "
နေ့ရက် ဖုန်းကို ပိတ်ပြီးတာနဲ့ ရှေ့ခန်းမှာ ကားမောင်းနေတဲ့ ကို၀င်းမောင်ကို လှမ်းပြောရသည်.....
"ကို၀င်းမောင် ကုမ္ပဏီကို မမောင်းနဲ့တော့
SSC Women's Center ကိုပဲ တန်းမောင်းတော့နော် "
"ဟုတ် ဟုတ် boss "
"နေ့ရက် ဘာတဲ့လဲ ပုံရိပ်မွေးပြီတဲ့လား "
"အေးမွေးသွားပြီတဲ့ .... သမီးလေး
ကလေးရော အမေရော ကျန်းမာတယ်တဲ့...."
"တော်သေးတာပေါ့ဟယ် "
"ဒါနဲ့ ငါ ဆေးရုံတန်းသွားရမှာဆိုတော့ နင်ဘယ်လို ပြန်မလဲ ဇာခြည် ..... "
"ရတယ်လေ ငါလဲ ဆေးရုံခဏလိုက်ခဲ့မယ် .... နင့်သမီးလေးကို တစ်ခါထဲ လိုက်ကြည့်ရတာပေါ့ ပြီးမှပဲ ငါ့ဘာငါ စီစဥ်ပြီး
ပြန်လိုက်မယ်လေ..... "
ဇာခြည်ပါလိုက်လာမယ်ဆိုတော့ နေ့ရက် တစ်ချက်စိတ်ထဲထင့်သွားရသည်.... ဒါပေမဲ့လဲ ဇာခြည်က သူ့၀န်ထမ်းလေ ....
ပြီးတော့ မိန်းကလေး .... ဇာခြည်ကို လမ်းမလယ် ချထားပေးဖို့ဆိုတာ မသင့်တော်သည်မို့ သူသဘောတူလိုက်ရသည်...
အမှန်ဆို ထင် မွေးဖို့ရက်နီးလာတာမို့ အလုပ်ကိုအိမ်မှာပဲ ယူလုပ်တော့မယ်ဆိုပြီး
အပြင်သွားရမယ့် ကိစ္စတွေကို ဒီနေ့အကုန်အပြီးလုပ်နေတာ..... ထင်က မွေးသွားပြီတဲ့လား .....သားဦးကိုယ်၀န် မွေးရမှာမို့ ထင် တစ်ယောက်ထဲ ကြောက်နေလောက်မည့် အချိန်တွင် သူက အတူရှိမပေးနိုင်ခဲ့ ..... ထင် မွေးခန်းထဲက ထွက်လာသည့် အချိန်တွင်လဲ သူရှိမနေခဲ့ ....
ထင် သူ့ကို စိတ်များဆိုးသွားပြီလားဟု တွေးမိတော့ ရင်ထဲ မောသွားရသည်....
သမီးနဲ့ သမီးမေမေအနားမှာ ဖေဖေအချိန်ပြည့်ရှိနေချင်လို့ ဒီနေ့ကို အလုပ်တွေ အပြီးဖြတ်နေတာပါကွာ.... ဖေဖေ့ သမီးလေး ဒီနေ့ရောက်လာမယ်ဆိုတာ ကြိုသိခဲ့ရင် ဖေဖေ အလုပ်တောင် သွားခဲ့မှာ မဟုတ်ပါဘူး ..... ဖေဖေ့ကို နည်းနည်း
လေးတောင် မစောင့်ဘဲ ထွက်လာတာပေါ့
ဟုတ်လား ......
ဒါပေမဲ့ သမီးလေး မျက်နှာကို မြင်ပြီး ပွေ့ဖက်ခွင့်ရတော့မှာမို့ သူပျော်ပါသည်....
~~~
ဆေးရုံရောက်သည်နှင့် မေမေပြောသည့် အခန်းနံပါတ်ကို အသည်းအသန် လိုက်ရှာပြီး အခန်းရှေ့ရောက်တော့မှ ခြေလှမ်း
တွေ တုံ့ခနဲ ဖြစ်သွားရသည် .....
"နေ့ရက်မ၀င်ဘူးလား .... ဘာလုပ်နေတာလဲ "
"အေး ၀င်မှာ "
အခန်းတံခါးလက်ကိုင်ဘုလေးကို အသာလေးလှည့်ပြီး ဖွင့်လိုက်တော့ အခန်းထဲမှ ဖေဖေနဲ့ မေမေစကားပြောနေသည့်အသံ
ကို အရင်ကြားရသည်.....
အရင်ဆုံးမြင်လိုက်ရသည်မှာ ခုတင်ကို
ထောင်ပြီး သမီးလေးကို နို့တိုက်နေသော
ထင်ရဲ့ အလှဆုံး ပုံရိပ် .....
"ဟော သားတောင်ရောက်လာပြီပဲ ....မြေးလေးရေ မြေးဖေဖေ ရောက်လာပြီ "
ထင်က သူ့ကို မျက်ဆံတစ်ချက်သာ လှန်ကြည့်ပြီး သူ့နောက်မှာရှိသည့် ဇာခြည်ကို မြင်သည်နှင့် မျက်နှာက တင်းသွားသည် ....
ဒါပေမဲ့ သူ သမီးလေးကို မြင်ချင်၍ ထင့်အနား အမြန်တိုးသွားပြီးကြည့်တော့ ထင်က သူဘယ်လိုမှ မထင်မှတ်ထားသည့် စကားကို ဆိုသည်.....
"ထင် ငါ သမီးလေးကို ခဏလောက် "
"သမီးကို ဒီအတိုင်းပဲကြည့်ပါ.... နင်က အပြင်ကနေ လာတာမို့ ချီလို့ မရသေးဘူး...."
ထင့်စကားကြောင့် တစ်ခန်းလုံးမှာရှိနေ
သည့် လူတွေ အံ့သြငြိမ်သက်သွားရသည်
......
နေ့ရက် .... ထင့်ကို မယုံနိုင်သည့်မျက်၀န်းတွေနဲ့ ကြည့်နေမိသည်.... တကယ်ဆို သူက သမီးလေးရဲ့ အဖေပါ....
အပြင်ကနေ ရောက်လာလို့ဆိုပြီး သမီးကိုချီပွေ့ခွင့်မရဘူးဆိုတာ ဖြစ်သင့်ရဲ့လား....
တကယ်ဆို သူလဲ သိသင့်သလောက်သိတာမို့ ဒီကို မရောက်ခင်ထဲက ကားပေါ်မှာ
ရေမလိုလက်ဆေးဂျယ်လ်လေးနဲ့ လက်ကို
ပွတ်လာခဲ့ပြီးသားပါ .....
"ဟုတ်သားပဲ .... သားက အခုမှ အပြင်က နေ ပြန်ရောက်တာလေ .... မြေးလေးက အခုမှ အမေ၀မ်းထဲက ထွက်တာဆို
တော့ တအားနုနယ်နေသေးတာ သားရဲ့.... မြေးလေးမျက်နှာ မြင်ရပြီဆိုတော့ သားအရင် အိမ်ပြန်ရေမိုးချိုးပြီးမှ တစ်ခေါက်ပြန်လာခဲ့လေ .... အင်္ကျီတွေပါ
ယူလာခဲ့နော် မေမေတို့သားအတွက်
မယူလာခဲ့ရဘူး .... သားပြန်မှာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့ "
မေမေက ကြားထဲကနေ ကာပြီး ၀င်ပြော
ပေးပေမယ့် သူ့ရင်ထဲမှာတော့
ထင့်ကြောင့် ပူဆင်းသွားခဲ့ရပြီဖြစ်သည်...
နင် ငါ့ကို မကျေနပ်ဘူးဆိုတာ သိပေမယ့် အဲ့လောက်ထိတော့ မရက်စက်သင့်ပါဘူး
ထင်ရယ်......
ဒါပေမဲ့ ထင် က အခုမှ ကလေးမွေးထား
ပြီးခါစ သွေးနုသားနုမို့ သူပဲ အလျှော့ပေး
လိုက်ရပြီး ကြည့်မ၀ဖြစ်ရသည့် ထင့်
ရင်ခွင်ထဲမှ သမီးလေး မျက်နှာကိုသာ
တစ်ချက်ကြည့်ရင်း သူခေါင်းငြိမ့်လိုက်သည်.....
"အဲ့တာဆို သမီးလေးမျက်နှာလဲ မြင်ပြီးသွားပြီဆိုတော့ သားအိမ်ခဏပြန်လိုက်ဦးမယ် .... ရေမိုးချိုးပြီးသွားမှ အ၀တ်အစား
တွေ ယူပြီး ပြန်လာခဲ့မယ်"
"အေးအေးသား "
"ထင် ငါအိမ်ခဏပြန်လိုက်ဦးမယ် "
ထင်က သူ့ကို ဘာမှပြန်မပြောဘဲ
သမီးလေးကိုသာ ငုံ့ကြည့်နေသည်....
ကြာကြာနေရင် မျက်ရည်ကျမိတော့မည်
မို့ ၀ဲတက်လာသည့် မျက်ရည်တွေကို အတင်းထိန်းထားရင်း အခန်းထဲမှ ထွက်ခဲ့
သည်.....
အစကတော့ ကလေးကြည့်ရန်ဆိုပြီး လိုက်လာသည့် ဇာခြည်မှာလဲ သူ့နောက် ကုပ်ကုပ်လေး ပါလာသည်...သူ့လို အဖေ
တစ်ယောက်ကတောင် ချီပွေ့ခွင့်မရတော့
ဇာခြည်ဖို့ အခွင့်အရေးဆိုတာ ဟိုးအဝေးကြီးမှာပါ......
"နေ့ရက် နင် အဆင်ပြေရဲ့လား "
ဇာခြည်ရှေ့ နေ့ရက် အပူရုပ်ဟန်လုပ်ပြုံးပြရင်း........
"Sorry ဇာခြည်ရယ်..... ထင်က ငါသူ့
အနားမရှိခဲ့လို့ ငါ့ကို ဒေါသထွက်နေပုံပဲ
နောက်ရက် အေးဆေးကျမှပဲ နင်လာ
လိုက်လေနော် .... ဒီနေ့ ငါနင့်ကို ပြန်
လိုက်ပို့ပေးမယ် "
"ရပါတယ် နေ့ရက်ရဲ့ ငါ့ဘာငါပဲ ပြန်
လိုက်ပါ့မယ် ..... ငါအခုလဲ နင့်
သမီးလေးကို တွေ့လိုက်ရပါတယ်....
နင့်သမီးက အချောနော် ပုံရိပ်နဲ့တူမှာ .... ကြီးလာရင် အသားလေးကို ဖွေးဥနေမှာ "
"ကျေးဇူးပါဟာ "
"နင်မြန်မြန်ပြန်တော့လေ ကလေးအဖေရဲ့.... ပုံရိပ်က နင်ရေချိုးပြီးမှ ကလေးကို အချီခံမှာ .... ဒီအတောအတွင်းအလုပ်တွေကိုတော့ ငါနဲ့ပဲ လွှဲထားလိုက် ....
တခုခု အရေးကြီးတယ်ဆိုမှ ငါနင့်ဆီ ဖုန်းလှမ်းဆက်လိုက်မယ်လေ "
"ကျေးဇူးအများကြီးတင်ပါတယ် ဇာခြည်ရယ် "
ဇာခြည်ကို နေ့ရက် လုပ်ပြုံးလေးနဲ့သာ
ပြုံးပြလိုက်ရသည်.....
~~~
တစ်ဖက်တွင်တော့ ....
"သမီးလေး အိုဗာတင်းလေးသောက်ဦးမလား ..... မေချိုဖျော်လိုက်မယ်လေ "
"မသောက်တော့ဘူး မေချို "
"အေးအေး သမီး .... မြေးလေးကို ကြည့်ပါဦး နို့တွေ၀ပြီး အိပ်ပျော်သွားပြီ .... ချစ်ဖို့ကောင်းလိုက်တာ ကြည့်စမ်းပါဦး....
သားကတော့ သူ့သမီးကို အရမ်းတွေ ကဲနေ သဲနေတော့မှာ "
သူ့နာမည်ပါလာတာနဲ့ သူမမျက်နှာ တင်းသွားတော့ ဖေထွန်းက မေချိုကို လက်နဲ့ လှမ်းကုတ်သည်..... မေချိုကလဲ အဲ့တော့မှ အပြုံးလေးနဲ့ စကားစဖြတ်လိုက်ပြီးသမီးလေးကိုသာ ငုံ့ကြည့်နေသည်.....
သူမ မီးဖွားနေချိန်မှာရော သမီးလေးကို
မွေးပြီး မွေးခန်းထဲမှ ထွက်လာသည့်
အချိန်မှာရော အတောင့်တဆုံး အမြင်ချင်ဆုံး ဖြစ်ခဲ့သည့် သူ့မျက်နှာကို တွေ့ခွင့်မရခဲ့ပါ ..... သူ့ကိုခေါ်လို့မရလို့ ကုမ္ပဏီကို ဆက်ကြည့်မှ အကြောင်းအရင်းက သူ့အတွင်းရေးမှူးနဲ့ ဘယ်ကိုလဲ မသိထွက်သွားတာ တော်တော်ကြာပြီတဲ့ .....
မီးတွင်းထဲမှာ သွေးနုသားနုရှိနေသေး
သည့် ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်း
ပုံရိပ်စိတ်ကို မနည်းထိန်းရသည်....
ရောက်လာတော့လဲ သူတစ်ယောက်ထဲ
မဟုတ် နောက်က ဟိုမိန်းမကပါ ထပ်ကြပ်
မကွာလိုက်လာသည်..... ပုံရိပ် ဒေါသထွက်လွန်း၍ မလုပ်သင့်မှန်းသိပေမယ့်
အတ္တကြီးစွာနှင့်ပဲ သမီးလေးကို ချီပိုးခွင့်
မပြုခဲ့ပါ ......
ပုံရိပ်လုပ်ခဲ့တာ မှန်ပါသည်.... ပုံရိပ်ခံစား
ခဲ့ရတာနဲ့စာရင် သူခံစားသွားရတာ
ပြောပလောက်မှာ မဟုတ်ပေ ....
သူဒီလောက်တော့ ကျိန်းသေခံစားသင့်ပါသည်......
🍀 ** ** ** ** ** ** ** ** ** 🍀
အပိုင်း 17 မျှော် ~
Zawgyi:
အမုန္းမ်ားရဲ့ အလြန္~
🍀 အပိုင္း 16 🍀
အိပ္ေနရင္း ဆတ္ခနဲ ကုတင္ေလး လႈပ္သြားလို႔ ၾကည့္လိုက္ေတာ့ ထင္ က ျဖည္းျဖည္းခ်င္းထၿပီး သန္႔စင္ခန္းဘက္ကိုသြားေနသည္ ......
ကိုယ္၀န္ကေမြးခါနီးလာေလ ညဘက္ေတြဆို ထင္ Toilet ၀င္တဲ့ အေရအတြက္ဟာ ပိုၿပီးစိတ္လာေလျဖစ္သည္ .....
တစ္ေမြ့ရာထဲ အတူအံုးစက္ကာအိပ္ေနေပ
မယ့္ သူတို႔၂ေယာက္ရဲ့ အိမ္ေထာင္ေရး
က အေျခအေနဆိုးရြားေနဆဲျဖစ္သည္....
အခုလဲ Toilet ၀င္သြားသည့္ ထင့္ကို စိတ္မခ်ေပမယ့္ ထင္ကျငင္းဆန္ေနသည္မို႔ သူ႔မွာ ဘာမွ မလုပ္ေပးႏိုင္....
ထင့္ဆီမွ toilet တံခါးကို ျပန္ပိတ္လိုက္တဲ့ အသံၾကားေတာ့မွ သူကမန္းကတန္းနဲ႔ အိပ္ခ်င္ေယာင္ ျပန္ေဆာင္ရသည္ ......
ထင္ သူ႔အေပၚ ဇာျခည္နဲ႔ ဆက္တိုက္ဆို
သလို အထင္ေတြလြဲေနသည့္အေပၚ
သူတကယ္ ဘာမွ မတတ္ႏိုင္ျဖစ္ေနရသည္.....
ေဘးတေစာင္းေလးျပန္အိပ္သြားသည့္
ထင့္ရဲ့ ေနာက္ေက်ာျပင္ကိုၾကည့္ၿပီး ေနာက္ကေန ေပြ့ဖက္ထားခ်င္စိတ္က ထိန္းမရ သိမ္းမရ ....
အခုလိုအခ်ိန္မ်ိဳးမွာ ၾကင္ၾကင္နာနာေထြးေပြ့ထားခ်င္ေပမယ့္ ထင္က သူ႔အား ထိုကဲ့သို႔ေသာ အခြင့္အေရးမ်ိဳး မေပးပါ.....
ဒီညလဲ ထင့္ရဲ့ ေနာက္ေက်ာျပင္ေလးကိုပဲ
ေငးၾကည့္ရင္းသာ ......
~~~~
ဒီမနက္ အိပ္ရာထထဲက ပံုရိပ္ ခါးထဲက ဆစ္ဆစ္ၿပီး နာေနမိသည္......ေမြးခ်င္လို႔
မ်ားလား .... မျဖစ္ႏိုင္ေသးပါဘူး ....
Due date က တစ္ပတ္ေတာင္လိုေသး
တာ .... အဲ့တာေၾကာင့္မို႔ သူမမွာ ေဆးရံု
ေတာင္ ႀကိဳတက္ထားရေသးတာမဟုတ္ဘူး...... လမ္းေလး ေခါက္တံု႔ေခါက္ျပန္ေလ်ွာက္လိုက္ နာတာသက္သာသြားလိုက္နဲ႔ ..... ေန့လယ္ေလာက္ေရာက္ေတာ့ အနာကစိတ္လာသည္..... သူမနားထင္စပ္မွာ ေခြၽးသီးေလးေတြေတာင္ စို႔လာရသည္......
"ေမခ်ိဳေရ .... ေမခ်ိဳ "
သူမ ေအာ္သံေၾကာင့္ ေမခ်ိဳက သူမဆီ ေျပးလာသည္.....
"ေအး သမီးေလး ဘာျဖစ္လို႔လဲဟင္ "
"ေမခ်ိဳ သမီးေမြးေတာ့မလားမသိဘူး ....
ဗိုက္က ရစ္ရစ္ၿပီး နာေနၿပီ "
"သမီးေလး Due date က တစ္ပတ္ေတာင္လိုေသးတယ္မဟုတ္လား "
"ဒါေပမဲ့ သမီးမနက္အိပ္ရာထထဲက နာေနတာ ေမခ်ိဳ .... အခု အရမ္းနာလာလို႔
ေဆးရံုသြားမွ ျဖစ္ေတာ့မယ္ထင္တယ္..."
"ေအးေအး အဲ့တာဆို ခဏေလးသမီးေလး ဒီမွာအရင္ထိုင္ေနလိုက္ ေမခ်ိဳ ေမာင္စိုးကိုသြားေခၚလိုက္ၪီးမယ္ေနာ္...
မိဘုတ္ေရ.... မိဘုတ္ ..... "
"ရွန္ အန္တီခ်ိဳ "
"လာ နင့္မမေလးကို ခဏၾကည့္ထား.....
ယူမယ့္ပစၥည္းေတြထည့္ထား.... ငါ
ေမာင္စိုးကိုသြားေခၚၪီးမယ္ "
"ဟုတ္ဟုတ္အန္တီခ်ိဳ "
သူမကို ထိုင္ခံုေပၚမွာ အရင္ထိုင္ခိုင္းၿပီး
ေမခ်ိဳကအခန္းထဲမွ ေျပးထြက္သြားသည္....ထိုင္ခံုမွာထိုင္ရင္း ထည့္ရမယ့္ ပစၥည္းေတြ မိဘုတ္ကို လက္ၫွိုးထိုးၿပီးခိုင္းေနရသည္......ေတာ္ေသးသည္က
ကိုယ္၀န္ ၉လထဲေရာက္လာထဲက ျပင္ဆင္စရာရိွတာေလးေတြ အကုန္ျပင္ဆင္ထားလို႔ အခုခ်ိန္မွာ အိတ္ႀကီး တစ္အိတ္ထဲ အကုန္ထည့္လိုက္ရံုပင္.....
"သမီးေရ ေမာင္စိုး ကားအဆင္သင့္ျဖစ္
ေနၿပီ ..... ျဖည္းျဖည္းထေနာ္ "
ေမခ်ိဳက သူမကိုတြဲ ..... မိဘုတ္က ကားတံခါးကို ေျပးဖြင့္ ..... ဒီလိုနဲ႔ သူမ ကိုယ္၀န္ အပ္ထားသည့္ SSC Women's Centre ကို ေမာင္စိုးအား
အျမန္ေမာင္းခိုင္းရသည္.....
ကားေပၚမွာတင္ ေရႁမြွာေပါက္သြားခဲ့ၿပီး
ေဆးရံုေရာက္သည္ႏွင့္ တစ္ခါထဲ ေမြးခန္း
ထဲ၀င္ရေတာ့သည္ .......
မိခင္တစ္ေယာက္ရဲ့ ဒုကၡနာက်င္မႈအေပါင္းကို ႀကံ့ႀကံ့ခိုင္ၿပီးတဲ့ အခ်ိန္မွာေတာ့ သူမ ဘ၀ထဲ ေရာက္ရိွလာသည့္ သမီးေလးရဲ့ ငိုသံကို အရင္ဆံုး ၾကားလိုက္ရသည္.....
ဆရာ၀န္မႀကီးက မိခင္ရင္ေငြ့လႈံေစရန္ သမီးကို သူမရင္ခြင္ထဲ ထည့္ေပးၿပီး
ႏို႔ခ်ိဳတိုက္ေကြၽးေစသည့္ တစ္ခဏ
သူမမခံမရပ္ႏိုင္ေအာင္ နာက်င္ခံစားခဲ့ရ
ေသာ ေဝဒနာရပ္မ်ားသည္ ယူပစ္လိုက္သလို ေပ်ာက္ကင္းသက္သာသြားခဲ့ရသည္.....
ႏို႔စို႔ေနသည့္ နီတာရဲ သမီးေလးရဲ့ နဖူးျပင္ကို သူမငံု႔နမ္းလိုက္သည္..... မိခင္
တစ္ေယာက္ရဲ့ ၾကည္ႏူးမႈဆိုတာ ဒါမ်ိဳးပါလားဟု ခံစားမိလာသည္.....
•°* •°* •°* •°* •°* •°* •°* •°* •°*
ေမွာ္ဘီမွ ေျမကြက္ကို ဇာျခည္နဲ႔သြား
ၾကည့္ၿပီး ကားေပၚေရာက္မွ ဖုန္းကိုထုတ္
ၾကည့္ေတာ့ ေမေမေခၚထားသည့္ missed call ေပါင္း 81 ခါေတာင္....
ဘယ္လိုျဖစ္တာလဲ .... သူလဲ အသံမတိုး
ထားပဲနဲ႔ .... sound button ကို ႏိွပ္
ၾကည့္လိုက္မွ media ကို မတိုးထားဘဲ ring tone ကို အသံတိုးထားမိတာ ျဖစ္သည္.....
81 ခါေတာင္ဖုန္းေခၚထားတာဆိုေတာ့
ထင္ တခုခုမ်ား ျဖစ္လို႔လား .... ခ်က္ခ်င္း
ေမေမ့ဆီ ဖုန္းျပန္ေခၚေတာ့ ဖုန္းက တစ္ခါထဲနဲ႔ ၀င္သြားသည္......
"ဟဲလိုေမေမ "
"ေန့ရက္ဆက္ မင္းမလဲ ဘယ္ေတြသြားၿပီး
ဘာေတြလုပ္ေနလို႔ ဖုန္းေလးေတာင္ တစ္ခ်က္မကိုင္ႏိုင္ျဖစ္ေနရတာလဲ .... ကုမၸဏီကို ဆက္ေတာ့လဲ မင္းနဲ႔ မင္းအတြင္းေရးမွဴး အတူတူ ထြက္သြားတာ
တဲ့ "
"ဟုတ္တယ္ေမေမ .... သားနဲ႔ ဇာျခည္နဲ႔ ေမွာ္ဘီဘက္က ေျမကြက္ကိုသြားၾကည့္တာ.... ကို၀င္းေမာင္လဲ ပါပါတယ္.... ေမေမသားကိုဖုန္းဆက္တာ ထင္ ဘာျဖစ္
လို႔လဲဟင္ "
"ေတာ္ေသးတာေပါ့ ကိုယ့္မိန္းမကို ေမးေဖာ္ရေသးလို႔ "
"မခနဲ႔ပါနဲ႔ ေမေမရယ္ .... မဟုတ္မွ ထင္ တခုခုျဖစ္လို႔လားဟင္ "
"သမီးေလး ေမြးၿပီးသြားၿပီ.... ကေလးေရာ မေအေရာ ၂ေယာက္လံုး က်န္းက်န္း
မာမာပဲ ..... ေျမးမေလးက ၇ေပါင္နဲ႔ ၁၀ ေအာင္စ ေတာင္ရိွတယ္ ..... အရမ္း ခ်စ္ဖို႔ေကာင္းတာပဲ "
ဖုန္းထဲမွ ေမေမေျပာလာသည္မ်ားကို နားေထာင္ရင္း လက္ကေန ဖုန္း
လြတ္မက်သြားေအာင္ မနည္းထိန္းကိုင္
ထားရသည္..... ထင္ ေမြးသြားၿပီတဲ့လား.....
"ဘယ္လိုျဖစ္တာလဲ ေမေမ .... ထင္
ေမြးရက္က တစ္ပတ္ေလာက္ လိုေသးတယ္မလား "
"ေစာေစာေမြးသြားတာ .... သမီးက
မနက္ကထဲက ဗိုက္နာေနတာ ေန့လယ္ေရာက္ေတာ့ အနာစိပ္လာတာနဲ႔ ေဆးရံု
တန္းသြားလိုက္တာ ဟိုေရာက္တာနဲ႔ တစ္ခါထဲ ေမြးခန္းထဲ၀င္ရတာပဲ ..... ဟြန္း ေျမးမေလးက ဘယ္ေလာက္ေတာင္
သူ႔အေမဗိုက္ထဲက ထြက္ခ်င္ေနလဲ
မသိဘူး.... သမီးေလးေတာင္ ဗိုက္နာခ်ိန္
သိပ္မရိွလိုက္ဘူး တစ္ခါထဲ ေခ်ာေခ်ာခ်ဳခ်ူ ထြက္လာတာ "
"ထင္ေရာ ေမေမ ... ထင္ အဆင္ေျပရဲ့လား "
"သမီးေလးက အဆင္ေျပပါတယ္ .... အခုေတာ့ ပင္ပန္းသြားလို႔ထင္တယ္
တေရးေမွးေနတယ္ ..... ဒါနဲ႔ သား မင္း
အခု ကားေမာင္းရင္း ေျပာေနတာလား "
"မဟုတ္ပါဘူးေမေမ .... ကားက
ကို၀င္းေမာင္ ေမာင္းေနတာ .... အဲ့တာဆို သား ေဆးရံုကိုပဲ တန္းလာခဲ့မယ္ေနာ္ "
ေန့ရက္ ဖုန္းကို ပိတ္ၿပီးတာနဲ႔ ေရ႔ွခန္းမွာ ကားေမာင္းေနတဲ့ ကို၀င္းေမာင္ကို လွမ္းေျပာရသည္.....
"ကို၀င္းေမာင္ ကုမၸဏီကို မေမာင္းနဲ႔ေတာ့
SSC Women's Center ကိုပဲ တန္းေမာင္းေတာ့ေနာ္ "
"ဟုတ္ ဟုတ္ boss "
"ေန့ရက္ ဘာတဲ့လဲ ပံုရိပ္ေမြးၿပီတဲ့လား "
"ေအးေမြးသြားၿပီတဲ့ .... သမီးေလး
ကေလးေရာ အေမေရာ က်န္းမာတယ္တဲ့...."
"ေတာ္ေသးတာေပါ့ဟယ္ "
"ဒါနဲ႔ ငါ ေဆးရံုတန္းသြားရမွာဆိုေတာ့ နင္ဘယ္လို ျပန္မလဲ ဇာျခည္ ..... "
"ရတယ္ေလ ငါလဲ ေဆးရံုခဏလိုက္ခဲ့မယ္ .... နင့္သမီးေလးကို တစ္ခါထဲ လိုက္ၾကည့္ရတာေပါ့ ၿပီးမွပဲ ငါ့ဘာငါ စီစဥ္ၿပီး
ျပန္လိုက္မယ္ေလ..... "
ဇာျခည္ပါလိုက္လာမယ္ဆိုေတာ့ ေန့ရက္ တစ္ခ်က္စိတ္ထဲထင့္သြားရသည္.... ဒါေပမဲ့လဲ ဇာျခည္က သူ႔၀န္ထမ္းေလ ....
ၿပီးေတာ့ မိန္းကေလး .... ဇာျခည္ကို လမ္းမလယ္ ခ်ထားေပးဖို႔ဆိုတာ မသင့္ေတာ္သည္မို႔ သူသေဘာတူလိုက္ရသည္...
အမွန္ဆို ထင္ ေမြးဖို႔ရက္နီးလာတာမို႔ အလုပ္ကိုအိမ္မွာပဲ ယူလုပ္ေတာ့မယ္ဆိုၿပီး
အျပင္သြားရမယ့္ ကိစၥေတြကို ဒီေန့အကုန္အၿပီးလုပ္ေနတာ..... ထင္က ေမြးသြားၿပီတဲ့လား .....သားၪီးကိုယ္၀န္ ေမြးရမွာမို႔ ထင္ တစ္ေယာက္ထဲ ေၾကာက္ေနေလာက္မည့္ အခ်ိန္တြင္ သူက အတူရိွမေပးႏိုင္ခဲ့ ..... ထင္ ေမြးခန္းထဲက ထြက္လာသည့္ အခ်ိန္တြင္လဲ သူရိွမေနခဲ့ ....
ထင္ သူ႔ကို စိတ္မ်ားဆိုးသြားၿပီလားဟု ေတြးမိေတာ့ ရင္ထဲ ေမာသြားရသည္....
သမီးနဲ႔ သမီးေမေမအနားမွာ ေဖေဖအခ်ိန္ျပည့္ရိွေနခ်င္လို႔ ဒီေန့ကို အလုပ္ေတြ အၿပီးျဖတ္ေနတာပါကြာ.... ေဖေဖ့ သမီးေလး ဒီေန့ေရာက္လာမယ္ဆိုတာ ႀကိဳသိခဲ့ရင္ ေဖေဖ အလုပ္ေတာင္ သြားခဲ့မွာ မဟုတ္ပါဘူး ..... ေဖေဖ့ကို နည္းနည္း
ေလးေတာင္ မေစာင့္ဘဲ ထြက္လာတာေပါ့
ဟုတ္လား ......
ဒါေပမဲ့ သမီးေလး မ်က္ႏွာကို ျမင္ၿပီး ေပြ့ဖက္ခြင့္ရေတာ့မွာမို႔ သူေပ်ာ္ပါသည္....
~~~
ေဆးရံုေရာက္သည္ႏွင့္ ေမေမေျပာသည့္ အခန္းနံပါတ္ကို အသည္းအသန္ လိုက္ရွာၿပီး အခန္းေရ႔ွေရာက္ေတာ့မွ ေျခလွမ္း
ေတြ တံု႔ခနဲ ျဖစ္သြားရသည္ .....
"ေန့ရက္မ၀င္ဘူးလား .... ဘာလုပ္ေနတာလဲ "
"ေအး ၀င္မွာ "
အခန္းတံခါးလက္ကိုင္ဘုေလးကို အသာေလးလွည့္ၿပီး ဖြင့္လိုက္ေတာ့ အခန္းထဲမွ ေဖေဖနဲ႔ ေမေမစကားေျပာေနသည့္အသံ
ကို အရင္ၾကားရသည္.....
အရင္ဆံုးျမင္လိုက္ရသည္မွာ ခုတင္ကို
ေထာင္ၿပီး သမီးေလးကို ႏို႔တိုက္ေနေသာ
ထင္ရဲ့ အလွဆံုး ပံုရိပ္ .....
"ေဟာ သားေတာင္ေရာက္လာၿပီပဲ ....ေျမးေလးေရ ေျမးေဖေဖ ေရာက္လာၿပီ "
ထင္က သူ႔ကို မ်က္ဆံတစ္ခ်က္သာ လွန္ၾကည့္ၿပီး သူ႔ေနာက္မွာရိွသည့္ ဇာျခည္ကို ျမင္သည္ႏွင့္ မ်က္ႏွာက တင္းသြားသည္ ....
ဒါေပမဲ့ သူ သမီးေလးကို ျမင္ခ်င္၍ ထင့္အနား အျမန္တိုးသြားၿပီးၾကည့္ေတာ့ ထင္က သူဘယ္လိုမွ မထင္မွတ္ထားသည့္ စကားကို ဆိုသည္.....
"ထင္ ငါ သမီးေလးကို ခဏေလာက္ "
"သမီးကို ဒီအတိုင္းပဲၾကည့္ပါ.... နင္က အျပင္ကေန လာတာမို႔ ခ်ီလို႔ မရေသးဘူး...."
ထင့္စကားေၾကာင့္ တစ္ခန္းလံုးမွာရိွေန
သည့္ လူေတြ အံ့ၾသၿငိမ္သက္သြားရသည္
......
ေန့ရက္ .... ထင့္ကို မယံုႏိုင္သည့္မ်က္၀န္းေတြနဲ႔ ၾကည့္ေနမိသည္.... တကယ္ဆို သူက သမီးေလးရဲ့ အေဖပါ....
အျပင္ကေန ေရာက္လာလို႔ဆိုၿပီး သမီးကိုခ်ီေပြ့ခြင့္မရဘူးဆိုတာ ျဖစ္သင့္ရဲ့လား....
တကယ္ဆို သူလဲ သိသင့္သေလာက္သိတာမို႔ ဒီကို မေရာက္ခင္ထဲက ကားေပၚမွာ
ေရမလိုလက္ေဆးဂ်ယ္လ္ေလးနဲ႔ လက္ကို
ပြတ္လာခဲ့ၿပီးသားပါ .....
"ဟုတ္သားပဲ .... သားက အခုမွ အျပင္က ေန ျပန္ေရာက္တာေလ .... ေျမးေလးက အခုမွ အေမ၀မ္းထဲက ထြက္တာဆို
ေတာ့ တအားႏုနယ္ေနေသးတာ သားရဲ့.... ေျမးေလးမ်က္ႏွာ ျမင္ရၿပီဆိုေတာ့ သားအရင္ အိမ္ျပန္ေရမိုးခ်ိဳးၿပီးမွ တစ္ေခါက္ျပန္လာခဲ့ေလ .... အက်ႌေတြပါ
ယူလာခဲ့ေနာ္ ေမေမတို႔သားအတြက္
မယူလာခဲ့ရဘူး .... သားျပန္မွာနဲ႔ အေတာ္ပဲ ျဖစ္သြားတာေပါ့ "
ေမေမက ၾကားထဲကေန ကာၿပီး ၀င္ေျပာ
ေပးေပမယ့္ သူ႔ရင္ထဲမွာေတာ့
ထင့္ေၾကာင့္ ပူဆင္းသြားခဲ့ရၿပီျဖစ္သည္...
နင္ ငါ့ကို မေက်နပ္ဘူးဆိုတာ သိေပမယ့္ အဲ့ေလာက္ထိေတာ့ မရက္စက္သင့္ပါဘူး
ထင္ရယ္......
ဒါေပမဲ့ ထင္ က အခုမွ ကေလးေမြးထား
ၿပီးခါစ ေသြးႏုသားႏုမို႔ သူပဲ အေလ်ွာ့ေပး
လိုက္ရၿပီး ၾကည့္မ၀ျဖစ္ရသည့္ ထင့္
ရင္ခြင္ထဲမွ သမီးေလး မ်က္ႏွာကိုသာ
တစ္ခ်က္ၾကည့္ရင္း သူေခါင္းၿငိမ့္လိုက္သည္.....
"အဲ့တာဆို သမီးေလးမ်က္ႏွာလဲ ျမင္ၿပီးသြားၿပီဆိုေတာ့ သားအိမ္ခဏျပန္လိုက္ၪီးမယ္ .... ေရမိုးခ်ိဳးၿပီးသြားမွ အ၀တ္အစား
ေတြ ယူၿပီး ျပန္လာခဲ့မယ္"
"ေအးေအးသား "
"ထင္ ငါအိမ္ခဏျပန္လိုက္ၪီးမယ္ "
ထင္က သူ႔ကို ဘာမျွပန္မေျပာဘဲ
သမီးေလးကိုသာ ငံု႔ၾကည့္ေနသည္....
ၾကာၾကာေနရင္ မ်က္ရည္က်မိေတာ့မည္
မို႔ ဝဲတက္လာသည့္ မ်က္ရည္ေတြကို အတင္းထိန္းထားရင္း အခန္းထဲမွ ထြက္ခဲ့
သည္.....
အစကေတာ့ ကေလးၾကည့္ရန္ဆိုၿပီး လိုက္လာသည့္ ဇာျခည္မွာလဲ သူ႔ေနာက္ ကုပ္ကုပ္ေလး ပါလာသည္...သူ႔လို အေဖ
တစ္ေယာက္ကေတာင္ ခ်ီေပြ့ခြင့္မရေတာ့
ဇာျခည္ဖို႔ အခြင့္အေရးဆိုတာ ဟိုးအေဝးႀကီးမွာပါ......
"ေန့ရက္ နင္ အဆင္ေျပရဲ့လား "
ဇာျခည္ေရ႔ွ ေန့ရက္ အပူရုပ္ဟန္လုပ္ၿပံဳးျပရင္း........
"Sorry ဇာျခည္ရယ္..... ထင္က ငါသူ႔
အနားမရိွခဲ့လို႔ ငါ့ကို ေဒါသထြက္ေနပံုပဲ
ေနာက္ရက္ ေအးေဆးက်မွပဲ နင္လာ
လိုက္ေလေနာ္ .... ဒီေန့ ငါနင့္ကို ျပန္
လိုက္ပို႔ေပးမယ္ "
"ရပါတယ္ ေန့ရက္ရဲ့ ငါ့ဘာငါပဲ ျပန္
လိုက္ပါ့မယ္ ..... ငါအခုလဲ နင့္
သမီးေလးကို ေတြ့လိုက္ရပါတယ္....
နင့္သမီးက အေခ်ာေနာ္ ပံုရိပ္နဲ႔တူမွာ .... ႀကီးလာရင္ အသားေလးကို ေဖြးဥေနမွာ "
"ေက်းဇူးပါဟာ "
"နင္ျမန္ျမန္ျပန္ေတာ့ေလ ကေလးအေဖရဲ့.... ပံုရိပ္က နင္ေရခ်ိဳးၿပီးမွ ကေလးကို အခ်ီခံမွာ .... ဒီအေတာအတြင္းအလုပ္ေတြကိုေတာ့ ငါနဲ႔ပဲ လႊဲထားလိုက္ ....
တခုခု အေရးႀကီးတယ္ဆိုမွ ငါနင့္ဆီ ဖုန္းလွမ္းဆက္လိုက္မယ္ေလ "
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဇာျခည္ရယ္ "
ဇာျခည္ကို ေန့ရက္ လုပ္ၿပံဳးေလးနဲ႔သာ
ၿပံဳးျပလိုက္ရသည္.....
~~~
တစ္ဖက္တြင္ေတာ့ ....
"သမီးေလး အိုဗာတင္းေလးေသာက္ၪီးမလား ..... ေမခ်ိဳေဖ်ာ္လိုက္မယ္ေလ "
"မေသာက္ေတာ့ဘူး ေမခ်ိဳ "
"ေအးေအး သမီး .... ေျမးေလးကို ၾကည့္ပါၪီး ႏို႔ေတြ၀ၿပီး အိပ္ေပ်ာ္သြားၿပီ .... ခ်စ္ဖို႔ေကာင္းလိုက္တာ ၾကည့္စမ္းပါၪီး....
သားကေတာ့ သူ႔သမီးကို အရမ္းေတြ ကဲေန သဲေနေတာ့မွာ "
သူ႔နာမည္ပါလာတာနဲ႔ သူမမ်က္ႏွာ တင္းသြားေတာ့ ေဖထြန္းက ေမခ်ိဳကို လက္နဲ႔ လွမ္းကုတ္သည္..... ေမခ်ိဳကလဲ အဲ့ေတာ့မွ အၿပံဳးေလးနဲ႔ စကားစျဖတ္လိုက္ၿပီးသမီးေလးကိုသာ ငံု႔ၾကည့္ေနသည္.....
သူမ မီးဖြားေနခ်ိန္မွာေရာ သမီးေလးကို
ေမြးၿပီး ေမြးခန္းထဲမွ ထြက္လာသည့္
အခ်ိန္မွာေရာ အေတာင့္တဆံုး အျမင္ခ်င္ဆံုး ျဖစ္ခဲ့သည့္ သူ႔မ်က္ႏွာကို ေတြ့ခြင့္မရခဲ့ပါ ..... သူ႔ကိုေခၚလို႔မရလို႔ ကုမၸဏီကို ဆက္ၾကည့္မွ အေၾကာင္းအရင္းက သူ႔အတြင္းေရးမွဴးနဲ႔ ဘယ္ကိုလဲ မသိထြက္သြားတာ ေတာ္ေတာ္ၾကာၿပီတဲ့ .....
မီးတြင္းထဲမွာ ေသြးႏုသားႏုရိွေနေသး
သည့္ ကိုယ့္အျဖစ္ကိုယ္ ျပန္ေတြးရင္း
ပံုရိပ္စိတ္ကို မနည္းထိန္းရသည္....
ေရာက္လာေတာ့လဲ သူတစ္ေယာက္ထဲ
မဟုတ္ ေနာက္က ဟိုမိန္းမကပါ ထပ္ၾကပ္
မကြာလိုက္လာသည္..... ပံုရိပ္ ေဒါသထြက္လြန္း၍ မလုပ္သင့္မွန္းသိေပမယ့္
အတၲႀကီးစြာႏွင့္ပဲ သမီးေလးကို ခ်ီပိုးခြင့္
မျပဳခဲ့ပါ ......
ပံုရိပ္လုပ္ခဲ့တာ မွန္ပါသည္.... ပံုရိပ္ခံစား
ခဲ့ရတာနဲ႔စာရင္ သူခံစားသြားရတာ
ေျပာပေလာက္မွာ မဟုတ္ေပ ....
သူဒီေလာက္ေတာ့ က်ိန္းေသခံစားသင့္ပါသည္......
🍀 ** ** ** ** ** ** ** ** ** 🍀
အပိုင္း 17 ေမ်ွာ္ ~