🍀 အမုန်းများရဲ့ အလွန် 🍀

By MoMo_1030

385K 11.1K 120

မာနတွေပြိုင်ကြရင်း တည်ဆောက်ဖြစ်ခဲ့တဲ့ နေ့ရက်ဆက် နဲ့ ပုံရိပ်ထင်တို့ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းလေး ❤️❤️ More

🍀 အပိုင်း 1 🍀
🍀 အပိုင်း 2 🍀
🍀 အပိုင်း 3 🍀
🍀 အပိုင်း 4 🍀
🍀 အပိုင်း 5 🍀
🍀 အပိုင်း 6 🍀
🍀 အပိုင်း 7 🍀
🍀 အပိုင်း 8 🍀
🍀 အပိုင်း 9 🍀
🍀 အပိုင်း 10 🍀
🍀 အပိုင်း 11 🍀
🍀 အပိုင်း 13 🍀
🍀 အပိုင်း 14 🍀
🍀 အပိုင်း 15 🍀
🍀 အပိုင်း 16 🍀
🍀 အပိုင်း 17 🍀
🍀 အပိုင်း 18 🍀
🍀 အပိုင်း 19 🍀
🍀 အပိုင်း 20 - ပထမပိုင်း 🍀
🍀 အပိုင်း 20 - ဒုတိယပိုင်း🍀
🍀 အပိုင်း 21 🍀
🍀 အပိုင်း 22 🍀
🍀 အပိုင်း 23 🍀
🍀 အပိုင်း 24 🍀
🍀 အပိုင်း 25 🍀
🍀 ဇာတ်သိမ်းပိုင်း 🍀
❤️ အသိပေးဖြေရှင်းခြင်း ❤️

🍀 အပိုင်း 12 🍀

10.8K 377 1
By MoMo_1030

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 12 🍀

ဟိုနေ့က နေ့လယ်စာအတူစားပြီးထဲက
နေ့ရက်နဲ့ ပုံရိပ် ၂ယောက် မျက်နှာချင်းဆိုင်ပြီး စကားမပြောဖြစ်ကြတော့ .....

အဓိကအကြောင်းရင်းမှာ ပုံရိပ်က တစ်ဖက်သတ်ရှောင်နေခြင်ဖြစ်သည် ...... ပုံရိပ် တစ်ဘ၀လုံးနဲ့ ဆိုင်သည့် ကိစ္စကို
ပုံရိပ် သေချာလေး စဥ်းစားချင်သေး
သည်မို့ နေ့ရက်ကို တမင်ရှောင်နေခြင်း
ဖြစ်သည်......

ရှောင်နေသည့်၃ရက်မြောက်ညတွင်တော့ တစ်အိမ်လုံး အိပ်မောကျနေလောက်ပြီ ဖြစ်သည့် ည၁၂နာရီ ကျော် အချိန်မှာ
ပုံရိပ် လချုပ်စာရင်းတွေ ပြန်ကြည့်နေတုန်း အခန်းတံခါးခေါက်သံထွက်ပေါ်လာသည်......

ပုံရိပ်ထိတ်ခနဲ လန့်သွားရသည်....

တစ်အိမ်လုံးအိပ်နေကြမည့် အချိန်တွင်
ပုံရိပ်အခန်းတံခါးကို လာခေါက်သည်ဆို
တော့ ဘယ်သူများဖြစ်နိုင်မလဲ ....

မေချိုများလား ... ဒါပေမဲ့လဲ မေချို
ဆိုရင် သမီးရေလို့ လှမ်းခေါ်မှပေါ့ ....
မဟုတ်မှ နေ့ရက်လား ....

တံခါးခေါက်သံက ထပ်ထွက်ပေါ်လာပြီး
တစ်ဆက်ထဲမှာပဲ ....

"ပုံရိပ်ထင် .... အိပ်နေပြီလား "

နေ့ရက်အသံ ခပ်အုပ်အုပ်ကြားမှ ပုံရိပ်
ရင်ဘတ်လေးအသာဖိကာ ဟူးခနဲ
သက်ပြင်းချလိုက်မိသည်....

တံခါးဖွင့်လိုက်သည်နှင့် နေ့ရက်က ပုံရိပ်ကို တွန်းပြီး အခန်းထဲ ၀င်ကာ ပုံရိပ် ခုတင်ပေါ် အခန့်သား ထိုင်လိုက်သည်....

ညကြီး အချိန်မတော် ပုံရိပ်အခန်းထဲ သူရှိနေတာ သိသွားမှာဆိုးလို့ ပုံရိပ် တံခါးကို Lock ချလိုက်ပြီး "ဘာလာလုပ်တာလဲ"
ဟု သူ့ကိုမေးရသည်.....

သူက ပုံရိပ်ကို မော့ကြည့်ပြီး ....

"နင်ဘာလို့ ငါ့ကိုရှောင်နေတာလဲ ပုံရိပ်ထင် "

ဒါလေးမေးဖို့ ဒီအချိန်ကြီး ပုံရိပ်အခန်းထဲ ရောက်လာရသည့် သူ့ကို ပုံရိပ်တကယ်ပဲ နားမလည်တော့ ....

"နင်အဲ့တာလေးမေးဖို့ကို အခုငါ့အခန်းထဲ ရောက်လာတာလား "

နေ့ရက်က ဘာမှမသိသည့်ပုံစံဖြင့်
ခေါင်းငြိမ့်ပြသည်.....

"နေ့ရက်ဆက် အချိန်ကိုလဲ နည်းနည်းပါးပါး ပြန်ကြည့်ဦး ..... မေးချင်လဲ မနက်မှ
မေးပါလား.... အခုတော့ ညကြီးအချိန်မတော် တံခါးလာခေါက်လို့ ငါ့မှာ ဘာများဖြစ်လဲလို့ လန့်သွားတာပဲ "

"မျက်နှာချင်းဆိုင်တွေ့တိုင်း နင်ကရှောင်
ထွက်သွားတာကို ငါကဘယ်အချိန်မှာ
ဘယ်လို သွားမေးရမှာလဲ .... အခုချိန် လာမေးမှ နင်နဲ့ သေချာပြောလို့ရမှာ မဟုတ်ဘူးလား ....."

သူပြောတာလဲ ဟုတ်နေ၍ ပုံရိပ် ဘာပြန်ပြောလို့ ပြောရမှန်းတောင်မသိတော့ပေ....

"ဒီအတိုင်း လက်ထပ်ဖို့ကိစ္စကို ငါ
တစ်ယောက်ထဲ နည်းနည်းလေး စဥ်းစား
ကြည့်ချင်လို့ပါ "

"နင့်ကို ဘယ်သူက မစဥ်းစားနဲ့ပြောလို့
လဲ ..... စဥ်းစားစရာရှိတာ စဥ်းစားပေါ့
ငါ့ကိုရှောင်နေဖို့မှ မလိုတာ "

" ဒါပေမဲ့ နင့်ကို "

ပုံရိပ်ပြောဖို့ ပြင်လိုက်ပြီးမှ ပါးစပ်ကိုပိတ်လိုက်ရသည် ..... နင့်ကို မြင်တာနဲ့ ဘာမှ စဥ်းစားလို့မရတော့အောင် ရင်ထဲ တစ်မျိုးကြီး ခံစားရတယ်ဆိုတဲ့အကြောင်း သူ့ကို
ဘယ်လိုပြောရမလဲ .....

နေ့ရက်က ပုံရိပ်ဘာ​ဆက်ပြောလာမလဲ
ဆိုတာကို မျက်ခုံးပင့်ကာ ကြည့်နေရင်း
.....

"နင့်ကို ဘာဖြစ်လဲ ဆက်​ပြောလေ "

"ဘာမှ.... ဘာမှ မဖြစ်ပါဘူး .... "

"မနက်ဖြန် နင်ငါနဲ့ date လုပ်ဖို့ကို လိုက်ခဲ့ရမယ် "

"ဘယ်လို "

"ဟုတ်တယ် နင်နဲ့ငါနဲ့ကြားမှာ ရင်းနှီးမှု အတိုင်းအတာ တစ်ခုရှိဖို့ မနက်ဖြန် နင်နဲ့ငါ date လုပ်ကြမယ် "

"ဒါပေမဲ့ မနက်ဖြန်က အလုပ်ရှိတယ်
လေ "

"ငါဖေဖေ့ကိုပြောပြီးသွားပြီ .... ဖေဖေက
မနက်ဖြန်အတွက် နင့်ကို ခွင့်တစ်ရက်
ပေးလိုက်မယ်တဲ့ "

"ဒါပေမဲ့ "

"ထပ်ပြီး ဒါပေမမဲ့နဲ့တော့ ..... မနက်ဖြန် ဘုရား အရင်သွားမယ် .... ပြီးရင် ရုပ်ရှင်သွားကြည့်ဖို့ လက်မှတ်တွေလဲကြို၀ယ်ပြီး
သွားပြီ .... အဲ့တာလာပြောတာ ဒီည
စောစောအိပ်တော့ စာရင်းတွေလုပ်မနေနဲ့
တော့နော် "

သူ​ပြောချင်တာပြောပြီးတာနဲ့ ချက်ချင်း အခန်းထဲမှထွက်သွားတော့ ပုံရိပ်စိတ်ထဲ
ထောင်းခနဲ ဒေါသထွက်သွားရသည်....
ဘယ်လိုကောင်လဲမသိ ..... သူများ
အခန်းထဲ ၀င်ချင်တိုင်း၀င် ထွက်ချင်တိုင်း
ထွက်နေတော့တာပဲ .... အခုအသက်အရွယ်အထိ သူဖြစ်ချင်တာ သူလုပ်ချင်တာပဲ သိတယ်.....

သူအခန်းထဲမှထွက်သွားပြီးမှ ပုံရိပ်လဲ အခန်းတံခါးကို သေချာပြန်ပိတ်ပြီး
စားပွဲဆီပြန်သွားကာ လုပ်နေတဲ့ စာရင်း
စာအုပ်ကို ပိတ်ပစ်လိုက်သည် .... ပိတ်ပြီး
ကာမှ ပြန်တွေးကြည့်တော့ ပုံရိပ်က
သူပြောသလို ဘာလို့လုပ်လိုက်ရတာလဲ....

သူပြောတဲ့အတိုင်း တသွေမသိမ်း နာခံမိနေသည့် ကိုယ့်ကိုယ်ကိုလဲ အခုတလော
ပုံရိပ်တကယ်နားမလည်နိုင်တော့ပေ ....

ဘာပဲဖြစ်ဖြစ် မနက်ဘုရားအရင်သွားမည်
ဆိုတော့ ပုံရိပ်ဒီည စောစောအိပ်မှ
ဖြစ်မည်.....

~~~

ညကလဲ နောက်ကျမှ အိပ်ရာ၀င်ခဲ့တာကို မနက်သူနဲ့အတူ ဘုရားသွားမည်ဆိုပြီး စိတ်ထဲ စွဲနေ၍လားမသိ ပုံမှန် ရုံးချိန်မှီရုံလေး အိပ်ရာထတတ်သည့်ပုံရိပ်ဟာ အခုတော့ စောစောစီးစီး ကြိုပြီး နိုးနေသည်....

နာရီကြည့်လိုက်တော့ ၆နာရီခွဲမို့ အိပ်ရာ
ထဲ လှဲမနေတော့ဘဲ ထကာ အိပ်ရာကိုယကြည့်ကောင်းအောင်ပြန်သိမ်းရင်း
တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ရန် ရေချိုးခန်းထဲ၀င်လိုက်သည် .....

ရေချိုးပြီးတော့ ဗီဒိုထဲမှ မ၀တ်ရသေး
သည့် မြန်မာ၀တ်စုံလေး ၄စုံကို ထုတ်လိုက်ပြီး ဘယ်ဟာ၀တ်ရမလဲဆိုပြီး
စဥ်းစားခန်းထုတ်ရပြန်သည်.....

နောက်ဆုံးတော့ အရိုးရှင်းဆုံးက
အလှဆုံးဆိုသည့်အတိုင်း ဆင်စွယ်ရောင်
ပြောင်၀မ်းဆက်လေးကိုပဲရွေးလိုက်သည်.... ပြောင်၀မ်းဆက်ဆိုပေမယ့်
ပခုံး၀န်းလေးနားတွင် အင်္ကျီလက်အစားငွေကြိုးမျှင်မျှင်လေးတွေနဲ့ တွဲလောင်းလေးချထားသည်မို့ တစ်မျိုးလေး ကြည့်
ကောင်းနေသည်......

မိတ်ကပ်ကတော့ ပြေပြေလေးလိမ်းလိုက်ပြီး ဆံပင်ကိုတော့ အလယ်ကနေ တစ်၀က်ပဲခွဲစည်းပြီး ပုလဲကလစ်အသေး
လေးနှင့်ညှပ်လိုက်သည်......

နောက်ဆုံးအနေနဲ့ မေချို၀ယ်ပေးထားသော omega လက်ပတ်နာရီ
လေးထောင့်လေး ၀တ်ပြီး အလှပြင်ခြင်းပြီးဆုံးစေလိုက်သည်.....

ပုံရိပ်အောက်ထပ်ရောက်တော့ နေ့ရက်
က မနက်စာ ထိုင်စားနေသည်....

"ဟော သမီးလေး ဆင်းလာပြီ .... မေချို
သမီးလေးက ကျက်သရေရှိပြီးလှနေလိုက်တာရှင်..... မြင်လိုက်တာနဲ့ ရင်ထဲ အေးသွားတာပဲ "

နေ့ရက်ကတော့ ပုံရိပ်ကို မျက်လုံးတစ်ချက်သာ လှန်ကြည့်ပြီး coffee ဆက်သောက်နေသည်......

တစ်ချက်ပဲ မျက်လုံးလှန်ပြီးကြည့်ခဲ့ပေ
မယ့် အေးချမ်းလှသည့် ပုံရိပ်အလှက
သူ့အာရုံထဲ စွဲထင်သွားသည် .....

နင်သိပ်လှတာပဲ ပုံရိပ်ထင်ရယ် .....

ဒီနေ့ သူတို့၂ယောက် အတူတူ အပြင်
သွားကြမည်မို့ (တနည်းအားဖြင့် Date လုပ်ကြမည်မို့ ) မေချိုရော ဖေထွန်းရော
က ကျေနပ်အပြုံးများဖြင့် ခေါင်း
တငြိမ့်ငြိမ့် လုပ်နေကြသည်.....

"သားတို့က ဒီနေ့ ဘုရားသွားပြီးရင်
ဘယ်ဆက်သွားကြမှာလဲ ....."

"ချို မင်း ဘယ်လိုဖြစ်နေလဲ .... ကလေး
တွေဘာသာ အေးဆေးလျှောက်လည်
ကြပါစေကွာ "

"အို တော်ကလဲ .... ကျွန်မက အေးဆေး
လည် ဘာမှနောက်ဆံမတင်းနေနဲ့လို့
ပြောမလို့ပါရှင်.... သားနဲ့သမီးနဲ့က
ဒီလိုတစ်ခါမှ လျှောက်မလည်ကြဖူးဘူး
မို့လား .... အဲ့တော့ ဒီနေ့တစ်ရက်ကို
၂ယောက်အတူ သေသေချာချာလေး
အချိန်ဖြုန်းခဲ့ကြနော် ...ကဲသမီးလေး
ဒီနေ့မနက်စာကတော့ မိဘုတ်၀ယ်လာတဲ့ မုန့်ဟင်းခါးလေး ....မေချိုထည့်ခိုင်းလိုက်တော့မယ်နော် "

"ဟုတ် မေချို "

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

မနက်စာစားကြပြီးတော့ အိမ်ကနေထွက်ကာ ရွှေတိဂုံဘုရားကို တန်းသွားကြသည်....

ဘုရား စောင်းတန်းတွင်၀ယ်လာသော ဘုရားပန်းတွေကို အရင်ကပ်လှူပူဇော် ရေချမ်းသပ္ပာယ်ပြီးမှ အတူတူ ဘုရား၀တ်ပြုကြသည်....

ပြီးတော့ နေ့ရက်က သူ့အိတ်ထဲမှ ပိုက်ဆံတစ်ထောင်တန် အသစ်လေး
တစ်အုပ်ထုတ်ကာ ပုံရိပ်ကိုပေးသည်....

"ဘာလုပ်ဖို့လဲ "

"ဘုရားအလှူခံဗုံးတွေမှာထည့်ဖို့လေ "

"ငါ့မှာ ပိုက်ဆံပါပါတယ် ...."

"နင့်မှာပါတာသိပါတယ် ဒါပေမဲ့ ဒါ
ငါဒီနေ့ ဘုရားမှာလှူဖို့ဆိုပြီး အသစ်လေး
တွေ လဲလာခဲ့တာ .... ရော့ ယူလိုက်ပါ"

သူအတင်းပေးနေတာနဲ့ ပုံရိပ်လဲ သူပေးသည့် ပိုက်ဆံအုပ်လေးကို ယူပြီး တွေ့သမျှ အလှူခံဗုံးထဲ လိုက်ထည့်လိုက်သည်....
"နင်ယူလာတဲ့အလှူငွေ ဘာလို့ကိုယ်တိုင် မလှူတာလဲ "ဟုမေးတော့ "ငါယူလာတဲ့ပိုက်ဆံ နင်ကိုယ်တိုင်လှူတော့ နောင်ဘ၀
ဆို အတူတူရေစက်ဆုံတာပေါ့" ဆိုပြီး
ပုံရိပ် နားအနား တိုးတိုးကပ်ကာ​ပြောသည် ....

ဘုရားပေါ်မှာမှန်းသိပေမယ့် ပုံရိပ်မှာ
လက်မောင်းတစ်လျှောက် ကြက်သီးဖုလေးတွေပင်ထသွားရသည်.....

ဘုရားတစ်ပတ်ပတ်ပြီးသည့်အခါ ရုပ်ရှင် အချိန်လဲ နီးပြီမို့ ဘုရားမှအပြန်
Junction City ကိုပဲ တန်းသွား
လိုက်သည်....

ပုံရိပ်က ရုပ်ရှင်ကြည့်လျှင် အထူးသဖြင့်
ရုံတွေမှာ ကြည့်လျှင် ပါးစပ်က အဆက်မပြတ် တခုခု၀ါးနေရမှ ကျေနပ်
တာမို့ မုန့်၀ယ်ရန် သူ့ကိုပါ ဆွဲခေါ်လာသည်.....

ရုပ်ရှင်ရုံနှင့် အလိုက်ဖက်ဆုံး Signature ဖြစ်သည့် ထောပတ်ပေါက်ပေါက်နှင့် ကိုလာအပြင် Omuk
မှ ငါးအူချောင်း ၃ချောင်းနှင့် ထမင်းလိပ်
နှစ်လိပ်၀ယ်လာခဲ့သည် .... ပြီးတော့
အဲ့တာတွေကုန်သွားရင် အစာပိတ်လေး
အနေနဲ့ Dutch Mill စတော်ဘယ်ရီ
ဒိန်ချဥ်အနှစ်လေးနှစ်ဘူးပါ ၀ယ်ခဲ့သည်.....နေ့ရက်ကတော့ သူမ၀ယ်သမျှကို ပ်းစပ်အဟောင်းသားနှင့်သာကြည့်ပြီး
အံ့သြနေရှာသည်....

ရုံထဲရောက်တော့ နေ့ရက်လက်မှတ်ဖြတ်
ထားသည်က အတွဲခုံမို့သာ တော်တော့သည် ..... မဟုတ်ရင် ပုံရိပ်၀ယ်လာ
သည့် မုန့်တွေနှင့် လူကထိုင်စရာ နေရာ
တောင်ရှိမည်မထင်ပါ .....

"ဒါတွေအကုန်ကုန်မှာလား ပုံရိပ်ထင် "

"အွန်းလေ .... ဘာဖြစ်လို့လဲ "

"ဘာမှ မဖြစ်ပါဘူး ငါက နင်အဲ့လောက်ထိစားနိုင်မယ်မှန်းမသိလို့ပါ ..... "

"စားနိုင်တာပေါ့ .... "

ရုပ်ရှင်စပြသည်နှင့် ပုံရိပ် ငါးအူချောင်း
ကို အရင်ထုတ်ပြီး စားလိုက်သည်....
ငါးအူချောင်းရဲ့ ပူပူနွေးနွေး အနံ့လေးက
နေ့ရက်ရဲ့ စူးစမ်းချင်စိတ်ကို ပိုတိုးစေသည်.....

သူမစားနေသည့် ငါးအူချောင်းကို သေချာကြည့်နေသည့် နေ့ရက်ဆက်ကြောင့်
ပုံရိပ် မြိုမကျတော့ဘဲ နောက်တစ်ချောင်း
ထုတ်ကာ သူ့ကိုလှမ်းပေးလိုက်သည်....

အဲ့တော့မှ ကိုယ်တော်ချောက မျက်နှာ
လွှဲသွားပြီး မစားပါဘူး လုပ်နေသည်....

"စားကြည့်လိုက် အရမ်းကောင်းတယ်....
နင် ဒီဟာ တစ်ခါမှ မစားဖူးဘူးမလား "

"အဲ့တာဘာကြီးလဲ "

"ငါးအူချောင်းလေ .... fish cake လို့ ခေါ်တယ် .... ကိုရီးယားမှာ နာမည်အကြီး
ဆုံး street food တစ်ခုလေ ....လုပ်ပါ
စားကြည့်စမ်းပါ .... ကြိုက်သွားစေရ
မယ် "

ပုံရိပ်အတင်းကျွေးလို့နောက်ဆုံး သူစား
လိုက်ရသည်.... မဆိုးဘူး အရသာက
တော်တော်ကောင်းသည် နူးနူးညံ့ညံ့
လေးနှင့် ဘယ်လိုလုပ်ထားလဲတော့ သူ
မပြောတတ်ပါ ......

သူတစ်ချောင်းကုန်သည့်အချိန်တွင် ပုံရိပ်
ကဘယ်လိုစားလဲမသိပါ .... ငါးအူချောင်း
ကုန်လို့ ထမင်းလိပ်ကိုပင် နှိုက်နေပြီ ဖြစ်သည်......

ထမင်းလိပ်ပြီးတော့ ပေါက်ပေါက်ဆုပ်စားပြန်သည် ..... ရှဥ့်ကလေးတွေလို ပေါက်ပေါက်ဆုပ်ကို ပါးစပ်အပြည့်ထည့်ပြီး ၀ါးနေသောကြောင့် ပါးလေးက ဖောင်းကားနေသည် .... အရှေ့ပိတ်ကား
ပေါ်မှ ရုပ်ရှင်ကို အာရုံမရဘဲ မုန့်စားနေ
သည့် သူမမျက်နှာလေးကိုသာ တစ်စိမ့်စိမ့်
ထိုင်ကြည့်နေချင်သည် .....

ရုပ်ရှင်ရုံထဲမှထွက်လာတော့ သူမက ရောက်တုန်းရောက်ခိုက် Shopping
ထွက်ဦးမည်ဆို၍ နေ့ရက်သူမနောက်ကနေ လိုက်ပြီး အထုပ်ဆွဲပေးရပါသေးသည်.....

အင်္ကျီ ရွေးနေရင်း Blouse တန်းဘက်ကိုလျှောက်နေသည်မို့ .....

"အဲ့ဘက်က လူငယ်၀တ်မဟုတ်ဘူးလေ "

"ငါ၀တ်မို့ မဟုတ်ပါဘူး မေချိုအတွက် အင်္ကျီလေးတွေ တစ်ချက်ကြည့်မို့ "

မေမေ့အတွက်ဆိုတော့ နေ့ရက် ဘာမှ ပြောလို့မရတော့ ..... သူမအဲ့လိုတွေ သိတတ်လိမ္မာနေလို့ပဲ မေမေက သမီးလေး သမီးလေးဆိုတာကို ပါးစပ်ကမချတာဖြစ်ရမည် ......

Juction City အပေါ်အောက် နှံ့ပြီး
သည့်အခါတွင်တော့ အထုပ်ပေါင်းမြောက်များစွာဟာ လက်နဲ့ပင် မဆန့်ချင်တော့.....
ပြီးတော့ သူမ ရုပ်ရှင်ရုံထဲ တတွတ်တွတ် စားထားသည်မို့ ဗိုက်ဆာပုံမရပေမယ့်
နေ့ရက်ကတော့ သူမကျွေးသည့် ငါးအူချောင်း တစ်ချောင်းထဲသာ စားထားသည်မို့ ဗိုက်အတော်ဆာနေပြီဖြစ်သည်.....

"ပုံရိပ် ....  "

"ဟင် .... "

"ဘာတွေထပ်၀ယ်စရာရှိသေးလဲ .... ရှိသေးလဲ ငါတို့အရင် နေ့လယ်စာစားပြီးမှ ထပ်၀ယ်ရင်ရော ..... "

"ဪ ဟုတ်သားပဲ နေ့လယ်စာစားချိန်
တောင်ရောက်နေပြီ.... နင့်လက်ထဲ
အထုပ်တွေတောင်တော်တော်များနေပြီ
ငါ့ကိုနည်းနည်းပေးလေ .... "

"ရပါတယ် အဲ့တာဆို ငါ ဒါတွေကိုကားပေါ် အရင်သွားထားလိုက်မယ် .... နေ့လယ်စာ
က အပေါ်မှာ YKKO ရှိတယ် ....
ကြေးအိုးစားကြမလား "

"နင်စားလေ .... ငါက ခုဏက စားထားတာ ဗိုက်ပြည့်နေပြီ "

"အင်းအင်း.... အဲ့တာဆို နင်ဒီမှာခဏ
စောင့်နေနော် ..... ငါ ဒါတွေ ကားပေါ်
သွားထားပြီး မြန်မြန်ပြန်လာခဲ့မယ် "

ပုံရိပ်ခေါင်းငြိမ့်ပြလိုက်တော့ နေ့ရက်က အထုပ်တွေနဲ့ ကားဆီကို ချက်ချင်းပြေး
သွားသည် ..... အဟွန်း ပုံရိပ်သိတာပေါ့ ..... ပုံရိပ် Shopping ထွက်သည့်
နောက်ကို သူ မနည်း စိတ်ကို ဆွဲဆန့်ကာ
အထုပ်လိုက်ဆွဲနေခဲ့ရတာကို ပုံရိပ်သိပါ
သည်....

ဒါပေမဲ့ ကိုယ်လက်ထပ်ရမယ့် သတို့သား
လောင်း တစ်ယောက်ရဲ့ ကိုယ့်အပေါ် သည်းခံနိုင်မှုအတိုင်းအတာကို ပုံရိပ် စမ်းသပ်ကြည့်ချင်ပါသည်.....အခုထက်
ထိတော့ သူဟာ ပုံရိပ်စမ်းသပ်မှုများတွင်
ဂုဏ်ထူးတွေနဲ့ အောင်နေဆဲဖြစ်သည်....

နေ့ရက် ပြန်ရောက်လာပြီး YKKO မှာ
နေ့လယ်စာစားတော့ နေ့ရက်က ၀က်ကြေးအိုးဆီချက်စားသည် ..... ပုံရိပ်က ကြေးအိုးမစားတော့ပေမယ့် ၀က်ဆာတေး
လေးတစ်ပွဲနဲ့ mango juice လေးတော့
ရအောင် ဗိုက်ထဲထည့်လိုက်ပါသေးသည်.....

ဒီနေ့တစ်နေ့ ပုံရိပ်စားတာတွေကိုကြည့်ပြီးမိန်းကလေးတွေ ဗိုက်ထဲမှာ အစာအိမ် ဘယ်နှခုတောင်ရှိလဲဟု နေ့ရက်တွေးမိသည်.....

🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင်း 13 မျှော်~

Zawgyi:

အမုန္းမ်ားရဲ့ အလြန္~

🍀 အပိုင္း 12 🍀

ဟိုေန့က ေန့လယ္စာအတူစားၿပီးထဲက
ေန့ရက္နဲ႔ ပံုရိပ္ ၂ေယာက္ မ်က္ႏွာခ်င္းဆိုင္ၿပီး စကားမေျပာျဖစ္ၾကေတာ့ .....

အဓိကအေၾကာင္းရင္းမွာ ပံုရိပ္က တစ္ဖက္သတ္ေရွာင္ေနျခင္ျဖစ္သည္ ...... ပံုရိပ္ တစ္ဘ၀လံုးနဲ႔ ဆိုင္သည့္ ကိစၥကို
ပံုရိပ္ ေသခ်ာေလး စဥ္းစားခ်င္ေသး
သည္မို႔ ေန့ရက္ကို တမင္ေရွာင္ေနျခင္း
ျဖစ္သည္......

ေရွာင္ေနသည့္၃ရက္ေျမာက္ညတြင္ေတာ့ တစ္အိမ္လံုး အိပ္ေမာက်ေနေလာက္ၿပီ ျဖစ္သည့္ ည၁၂နာရီ ေက်ာ္ အခ်ိန္မွာ
ပံုရိပ္ လခ်ဳပ္စာရင္းေတြ ျပန္ၾကည့္ေနတုန္း အခန္းတံခါးေခါက္သံထြက္ေပၚလာသည္......

ပံုရိပ္ထိတ္ခနဲ လန္႔သြားရသည္....

တစ္အိမ္လံုးအိပ္ေနၾကမည့္ အခ်ိန္တြင္
ပံုရိပ္အခန္းတံခါးကို လာေခါက္သည္ဆို
ေတာ့ ဘယ္သူမ်ားျဖစ္ႏိုင္မလဲ ....

ေမခ်ိဳမ်ားလား ... ဒါေပမဲ့လဲ ေမခ်ိဳ
ဆိုရင္ သမီးေရလို႔ လွမ္းေခၚမွေပါ့ ....
မဟုတ္မွ ေန့ရက္လား ....

တံခါးေခါက္သံက ထပ္ထြက္ေပၚလာၿပီး
တစ္ဆက္ထဲမွာပဲ ....

"ပံုရိပ္ထင္ .... အိပ္ေနၿပီလား "

ေန့ရက္အသံ ခပ္အုပ္အုပ္ၾကားမွ ပံုရိပ္
ရင္ဘတ္ေလးအသာဖိကာ ဟူးခနဲ
သက္ျပင္းခ်လိုက္မိသည္....

တံခါးဖြင့္လိုက္သည္ႏွင့္ ေန့ရက္က ပံုရိပ္ကို တြန္းၿပီး အခန္းထဲ ၀င္ကာ ပံုရိပ္ ခုတင္ေပၚ အခန္႔သား ထိုင္လိုက္သည္....

ညႀကီး အခ်ိန္မေတာ္ ပံုရိပ္အခန္းထဲ သူရိွေနတာ သိသြားမွာဆိုးလို႔ ပံုရိပ္ တံခါးကို Lock ခ်လိုက္ၿပီး "ဘာလာလုပ္တာလဲ"
ဟု သူ႔ကိုေမးရသည္.....

သူက ပံုရိပ္ကို ေမာ့ၾကည့္ၿပီး ....

"နင္ဘာလို႔ ငါ့ကိုေရွာင္ေနတာလဲ ပံုရိပ္ထင္ "

ဒါေလးေမးဖို႔ ဒီအခ်ိန္ႀကီး ပံုရိပ္အခန္းထဲ ေရာက္လာရသည့္ သူ႔ကို ပံုရိပ္တကယ္ပဲ နားမလည္ေတာ့ ....

"နင္အဲ့တာေလးေမးဖို႔ကို အခုငါ့အခန္းထဲ ေရာက္လာတာလား "

ေန့ရက္က ဘာမွမသိသည့္ပံုစံျဖင့္
ေခါင္းၿငိမ့္ျပသည္.....

"ေန့ရက္ဆက္ အခ်ိန္ကိုလဲ နည္းနည္းပါးပါး ျပန္ၾကည့္ၪီး ..... ေမးခ်င္လဲ မနက္မွ
ေမးပါလား.... အခုေတာ့ ညႀကီးအခ်ိန္မေတာ္ တံခါးလာေခါက္လို႔ ငါ့မွာ ဘာမ်ားျဖစ္လဲလို႔ လန္႔သြားတာပဲ "

"မ်က္ႏွာခ်င္းဆိုင္ေတြ့တိုင္း နင္ကေရွာင္
ထြက္သြားတာကို ငါကဘယ္အခ်ိန္မွာ
ဘယ္လို သြားေမးရမွာလဲ .... အခုခ်ိန္ လာေမးမွ နင္နဲ႔ ေသခ်ာေျပာလို႔ရမွာ မဟုတ္ဘူးလား ....."

သူေျပာတာလဲ ဟုတ္ေန၍ ပံုရိပ္ ဘာျပန္ေျပာလို႔ ေျပာရမွန္းေတာင္မသိေတာ့ေပ....

"ဒီအတိုင္း လက္ထပ္ဖို႔ကိစၥကို ငါ
တစ္ေယာက္ထဲ နည္းနည္းေလး စဥ္းစား
ၾကည့္ခ်င္လို႔ပါ "

"နင့္ကို ဘယ္သူက မစဥ္းစားနဲ႔ေျပာလို႔
လဲ ..... စဥ္းစားစရာရိွတာ စဥ္းစားေပါ့
ငါ့ကိုေရွာင္ေနဖို႔မွ မလိုတာ "

" ဒါေပမဲ့ နင့္ကို "

ပံုရိပ္ေျပာဖို႔ ျပင္လိုက္ၿပီးမွ ပါးစပ္ကိုပိတ္လိုက္ရသည္ ..... နင့္ကို ျမင္တာနဲ႔ ဘာမွ စဥ္းစားလို႔မရေတာ့ေအာင္ ရင္ထဲ တစ္မ်ိဳးႀကီး ခံစားရတယ္ဆိုတဲ့အေၾကာင္း သူ႔ကို
ဘယ္လိုေျပာရမလဲ .....

ေန့ရက္က ပံုရိပ္ဘာ​ဆက္ေျပာလာမလဲ
ဆိုတာကို မ်က္ခံုးပင့္ကာ ၾကည့္ေနရင္း
.....

"နင့္ကို ဘာျဖစ္လဲ ဆက္​ေျပာေလ "

"ဘာမွ.... ဘာမွ မျဖစ္ပါဘူး .... "

"မနက္ျဖန္ နင္ငါနဲ႔ date လုပ္ဖို႔ကို လိုက္ခဲ့ရမယ္ "

"ဘယ္လို "

"ဟုတ္တယ္ နင္နဲ႔ငါနဲ႔ၾကားမွာ ရင္းႏွီးမႈ အတိုင္းအတာ တစ္ခုရိွဖို႔ မနက္ျဖန္ နင္နဲ႔ငါ date လုပ္ၾကမယ္ "

"ဒါေပမဲ့ မနက္ျဖန္က အလုပ္ရိွတယ္
ေလ "

"ငါေဖေဖ့ကိုေျပာၿပီးသြားၿပီ .... ေဖေဖက
မနက္ျဖန္အတြက္ နင့္ကို ခြင့္တစ္ရက္
ေပးလိုက္မယ္တဲ့ "

"ဒါေပမဲ့ "

"ထပ္ၿပီး ဒါေပမမဲ့နဲ႔ေတာ့ ..... မနက္ျဖန္ ဘုရား အရင္သြားမယ္ .... ၿပီးရင္ ရုပ္ရွင္သြားၾကည့္ဖို႔ လက္မွတ္ေတြလဲႀကိဳ၀ယ္ၿပီး
သြားၿပီ .... အဲ့တာလာေျပာတာ ဒီည
ေစာေစာအိပ္ေတာ့ စာရင္းေတြလုပ္မေနနဲ႔
ေတာ့ေနာ္ "

သူ​ေျပာခ်င္တာေျပာၿပီးတာနဲ႔ ခ်က္ခ်င္း အခန္းထဲမွထြက္သြားေတာ့ ပံုရိပ္စိတ္ထဲ
ေထာင္းခနဲ ေဒါသထြက္သြားရသည္....
ဘယ္လိုေကာင္လဲမသိ ..... သူမ်ား
အခန္းထဲ ၀င္ခ်င္တိုင္း၀င္ ထြက္ခ်င္တိုင္း
ထြက္ေနေတာ့တာပဲ .... အခုအသက္အရြယ္အထိ သူျဖစ္ခ်င္တာ သူလုပ္ခ်င္တာပဲ သိတယ္.....

သူအခန္းထဲမွထြက္သြားၿပီးမွ ပံုရိပ္လဲ အခန္းတံခါးကို ေသခ်ာျပန္ပိတ္ၿပီး
စားပြဲဆီျပန္သြားကာ လုပ္ေနတဲ့ စာရင္း
စာအုပ္ကို ပိတ္ပစ္လိုက္သည္ .... ပိတ္ၿပီး
ကာမွ ျပန္ေတြးၾကည့္ေတာ့ ပံုရိပ္က
သူေျပာသလို ဘာလို႔လုပ္လိုက္ရတာလဲ....

သူေျပာတဲ့အတိုင္း တေသြမသိမ္း နာခံမိေနသည့္ ကိုယ့္ကိုယ္ကိုလဲ အခုတေလာ
ပံုရိပ္တကယ္နားမလည္ႏိုင္ေတာ့ေပ ....

ဘာပဲျဖစ္ျဖစ္ မနက္ဘုရားအရင္သြားမည္
ဆိုေတာ့ ပံုရိပ္ဒီည ေစာေစာအိပ္မွ
ျဖစ္မည္.....

~~~

ညကလဲ ေနာက္က်မွ အိပ္ရာ၀င္ခဲ့တာကို မနက္သူနဲ႔အတူ ဘုရားသြားမည္ဆိုၿပီး စိတ္ထဲ စြဲေန၍လားမသိ ပံုမွန္ ရံုးခ်ိန္မွီရံုေလး အိပ္ရာထတတ္သည့္ပံုရိပ္ဟာ အခုေတာ့ ေစာေစာစီးစီး ႀကိဳၿပီး ႏိုးေနသည္....

နာရီၾကည့္လိုက္ေတာ့ ၆နာရီခြဲမို႔ အိပ္ရာ
ထဲ လွဲမေနေတာ့ဘဲ ထကာ အိပ္ရာကိုယၾကည့္ေကာင္းေအာင္ျပန္သိမ္းရင္း
တစ္ကိုယ္ရည္ သန္႔ရွင္းေရး လုပ္ရန္ ေရခ်ိဳးခန္းထဲ၀င္လိုက္သည္ .....

ေရခ်ိဳးၿပီးေတာ့ ဗီဒိုထဲမွ မ၀တ္ရေသး
သည့္ ျမန္မာ၀တ္စံုေလး ၄စံုကို ထုတ္လိုက္ၿပီး ဘယ္ဟာ၀တ္ရမလဲဆိုၿပီး
စဥ္းစားခန္းထုတ္ရျပန္သည္.....

ေနာက္ဆံုးေတာ့ အရိုးရွင္းဆံုးက
အလွဆံုးဆိုသည့္အတိုင္း ဆင္စြယ္ေရာင္
ေျပာင္၀မ္းဆက္ေလးကိုပဲေရြးလိုက္သည္.... ေျပာင္၀မ္းဆက္ဆိုေပမယ့္
ပခံုး၀န္းေလးနားတြင္ အက်ႌလက္အစားေငြႀကိဳးမ်ွင္မ်ွင္ေလးေတြနဲ႔ တြဲေလာင္းေလးခ်ထားသည္မို႔ တစ္မ်ိဳးေလး ၾကည့္
ေကာင္းေနသည္......

မိတ္ကပ္ကေတာ့ ေျပျပေလးလိမ္းလိုက္ၿပီး ဆံပင္ကိုေတာ့ အလယ္ကေန တစ္၀က္ပဲခြဲစည္းၿပီး ပုလဲကလစ္အေသး
ေလးႏွင့္ၫွပ္လိုက္သည္......

ေနာက္ဆံုးအေနနဲ႔ ေမခ်ိဳ၀ယ္ေပးထားေသာ omega လက္ပတ္နာရီ
ေလးေထာင့္ေလး ၀တ္ၿပီး အလျွပင္ျခင္းၿပီးဆံုးေစလိုက္သည္.....

ပံုရိပ္ေအာက္ထပ္ေရာက္ေတာ့ ေန့ရက္
က မနက္စာ ထိုင္စားေနသည္....

"ေဟာ သမီးေလး ဆင္းလာၿပီ .... ေမခ်ိဳ
သမီးေလးက က်က္သေရရိွၿပီးလွေနလိုက္တာရွင္..... ျမင္လိုက္တာနဲ႔ ရင္ထဲ ေအးသြားတာပဲ "

ေန့ရက္ကေတာ့ ပံုရိပ္ကို မ်က္လံုးတစ္ခ်က္သာ လွန္ၾကည့္ၿပီး coffee ဆက္ေသာက္ေနသည္......

တစ္ခ်က္ပဲ မ်က္လံုးလွန္ၿပီးၾကည့္ခဲ့ေပ
မယ့္ ေအးခ်မ္းလွသည့္ ပံုရိပ္အလွက
သူ႔အာရံုထဲ စြဲထင္သြားသည္ .....

နင္သိပ္လွတာပဲ ပံုရိပ္ထင္ရယ္ .....

ဒီေန့ သူတို႔၂ေယာက္ အတူတူ အျပင္
သြားၾကမည္မို႔ (တနည္းအားျဖင့္ Date လုပ္ၾကမည္မို႔ ) ေမခ်ိဳေရာ ေဖထြန္းေရာ
က ေက်နပ္အၿပံဳးမ်ားျဖင့္ ေခါင္း
တၿငိမ့္ၿငိမ့္ လုပ္ေနၾကသည္.....

"သားတို႔က ဒီေန့ ဘုရားသြားၿပီးရင္
ဘယ္ဆက္သြားၾကမွာလဲ ....."

"ခ်ိဳ မင္း ဘယ္လိုျဖစ္ေနလဲ .... ကေလး
ေတြဘာသာ ေအးေဆးေလ်ွာက္လည္
ၾကပါေစကြာ "

"အို ေတာ္ကလဲ .... ကြၽန္မက ေအးေဆး
လည္ ဘာမွေနာက္ဆံမတင္းေနနဲ႔လို႔
ေျပာမလို႔ပါရွင္.... သားနဲ႔သမီးနဲ႔က
ဒီလိုတစ္ခါမွ ေလ်ွာက္မလည္ၾကဖူးဘူး
မို႔လား .... အဲ့ေတာ့ ဒီေန့တစ္ရက္ကို
၂ေယာက္အတူ ေသေသခ်ာခ်ာေလး
အခ်ိန္ျဖဳန္းခဲ့ၾကေနာ္ ...ကဲသမီးေလး
ဒီေန့မနက္စာကေတာ့ မိဘုတ္၀ယ္လာတဲ့ မုန္႔ဟင္းခါးေလး ....ေမခ်ိဳထည့္ခိုင္းလိုက္ေတာ့မယ္ေနာ္ "

"ဟုတ္ ေမခ်ိဳ "

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

မနက္စာစားၾကၿပီးေတာ့ အိမ္ကေနထြက္ကာ ေရႊတိဂံုဘုရားကို တန္းသြားၾကသည္....

ဘုရား ေစာင္းတန္းတြင္၀ယ္လာေသာ ဘုရားပန္းေတြကို အရင္ကပ္လႉပူေဇာ္ ေရခ်မ္းသပၸာယ္ၿပီးမွ အတူတူ ဘုရား၀တ္ျပဳၾကသည္....

ၿပီးေတာ့ ေန့ရက္က သူ႔အိတ္ထဲမွ ပိုက္ဆံတစ္ေထာင္တန္ အသစ္ေလး
တစ္အုပ္ထုတ္ကာ ပံုရိပ္ကိုေပးသည္....

"ဘာလုပ္ဖို႔လဲ "

"ဘုရားအလႉခံဗံုးေတြမွာထည့္ဖို႔ေလ "

"ငါ့မွာ ပိုက္ဆံပါပါတယ္ ...."

"နင့္မွာပါတာသိပါတယ္ ဒါေပမဲ့ ဒါ
ငါဒီေန့ ဘုရားမွာလႉဖို႔ဆိုၿပီး အသစ္ေလး
ေတြ လဲလာခဲ့တာ .... ေရာ့ ယူလိုက္ပါ"

သူအတင္းေပးေနတာနဲ႔ ပံုရိပ္လဲ သူေပးသည့္ ပိုက္ဆံအုပ္ေလးကို ယူၿပီး ေတြ့သမ်ွ အလႉခံဗံုးထဲ လိုက္ထည့္လိုက္သည္....
"နင္ယူလာတဲ့အလႉေငြ ဘာလို႔ကိုယ္တိုင္ မလႉတာလဲ "ဟုေမးေတာ့ "ငါယူလာတဲ့ပိုက္ဆံ နင္ကိုယ္တိုင္လႉေတာ့ ေနာင္ဘ၀
ဆို အတူတူေရစက္ဆံုတာေပါ့" ဆိုၿပီး
ပံုရိပ္ နားအနား တိုးတိုးကပ္ကာ​ေျပာသည္ ....

ဘုရားေပၚမွာမွန္းသိေပမယ့္ ပံုရိပ္မွာ
လက္ေမာင္းတစ္ေလ်ွာက္ ၾကက္သီးဖုေလးေတြပင္ထသြားရသည္.....

ဘုရားတစ္ပတ္ပတ္ၿပီးသည့္အခါ ရုပ္ရွင္ အခ်ိန္လဲ နီးၿပီမို႔ ဘုရားမွအျပန္
Junction City ကိုပဲ တန္းသြား
လိုက္သည္....

ပံုရိပ္က ရုပ္ရွင္ၾကည့္လ်ွင္ အထူးသျဖင့္
ရံုေတြမွာ ၾကည့္လ်ွင္ ပါးစပ္က အဆက္မျပတ္ တခုခုဝါးေနရမွ ေက်နပ္
တာမို႔ မုန္႔၀ယ္ရန္ သူ႔ကိုပါ ဆြဲေခၚလာသည္.....

ရုပ္ရွင္ရံုႏွင့္ အလိုက္ဖက္ဆံုး Signature ျဖစ္သည့္ ေထာပတ္ေပါက္ေပါက္ႏွင့္ ကိုလာအျပင္ Omuk
မွ ငါးအူေခ်ာင္း ၃ေခ်ာင္းႏွင့္ ထမင္းလိပ္
ႏွစ္လိပ္၀ယ္လာခဲ့သည္ .... ၿပီးေတာ့
အဲ့တာေတြကုန္သြားရင္ အစာပိတ္ေလး
အေနနဲ႔ Dutch Mill စေတာ္ဘယ္ရီ
ဒိန္ခ်ဥ္အႏွစ္ေလးႏွစ္ဘူးပါ ၀ယ္ခဲ့သည္.....ေန့ရက္ကေတာ့ သူမ၀ယ္သမ်ွကို ပ္းစပ္အေဟာင္းသားႏွင့္သာၾကည့္ၿပီး
အံ့ၾသေနရွာသည္....

ရံုထဲေရာက္ေတာ့ ေန့ရက္လက္မွတ္ျဖတ္
ထားသည္က အတြဲခံုမို႔သာ ေတာ္ေတာ့သည္ ..... မဟုတ္ရင္ ပံုရိပ္၀ယ္လာ
သည့္ မုန္႔ေတြႏွင့္ လူကထိုင္စရာ ေနရာ
ေတာင္ရိွမည္မထင္ပါ .....

"ဒါေတြအကုန္ကုန္မွာလား ပံုရိပ္ထင္ "

"အြန္းေလ .... ဘာျဖစ္လို႔လဲ "

"ဘာမွ မျဖစ္ပါဘူး ငါက နင္အဲ့ေလာက္ထိစားႏိုင္မယ္မွန္းမသိလို႔ပါ ..... "

"စားႏိုင္တာေပါ့ .... "

ရုပ္ရွင္စျပသည္ႏွင့္ ပံုရိပ္ ငါးအူေခ်ာင္း
ကို အရင္ထုတ္ၿပီး စားလိုက္သည္....
ငါးအူေခ်ာင္းရဲ့ ပူပူေနြးေနြး အနံ႔ေလးက
ေန့ရက္ရဲ့ စူးစမ္းခ်င္စိတ္ကို ပိုတိုးေစသည္.....

သူမစားေနသည့္ ငါးအူေခ်ာင္းကို ေသခ်ာၾကည့္ေနသည့္ ေန့ရက္ဆက္ေၾကာင့္
ပံုရိပ္ ၿမိဳမက်ေတာ့ဘဲ ေနာက္တစ္ေခ်ာင္း
ထုတ္ကာ သူ႔ကိုလွမ္းေပးလိုက္သည္....

အဲ့ေတာ့မွ ကိုယ္ေတာ္ေခ်ာက မ်က္ႏွာ
လႊဲသြားၿပီး မစားပါဘူး လုပ္ေနသည္....

"စားၾကည့္လိုက္ အရမ္းေကာင္းတယ္....
နင္ ဒီဟာ တစ္ခါမွ မစားဖူးဘူးမလား "

"အဲ့တာဘာႀကီးလဲ "

"ငါးအူေခ်ာင္းေလ .... fish cake လို႔ ေခၚတယ္ .... ကိုရီးယားမွာ နာမည္အႀကီး
ဆံုး street food တစ္ခုေလ ....လုပ္ပါ
စားၾကည့္စမ္းပါ .... ႀကိဳက္သြားေစရ
မယ္ "

ပံုရိပ္အတင္းေကြၽးလို႔ေနာက္ဆံုး သူစား
လိုက္ရသည္.... မဆိုးဘူး အရသာက
ေတာ္ေတာ္ေကာင္းသည္ ႏူးႏူးညံ့ညံ့
ေလးႏွင့္ ဘယ္လိုလုပ္ထားလဲေတာ့ သူ
မေျပာတတ္ပါ ......

သူတစ္ေခ်ာင္းကုန္သည့္အခ်ိန္တြင္ ပံုရိပ္
ကဘယ္လိုစားလဲမသိပါ .... ငါးအူေခ်ာင္း
ကုန္လို႔ ထမင္းလိပ္ကိုပင္ ႏိႈက္ေနၿပီ ျဖစ္သည္......

ထမင္းလိပ္ၿပီးေတာ့ ေပါက္ေပါက္ဆုပ္စားျပန္သည္ ..... ရွဥ့္ကေလးေတြလို ေပါက္ေပါက္ဆုပ္ကို ပါးစပ္အျပည့္ထည့္ၿပီး ဝါးေနေသာေၾကာင့္ ပါးေလးက ေဖာင္းကားေနသည္ .... အေရ႔ွပိတ္ကား
ေပၚမွ ရုပ္ရွင္ကို အာရံုမရဘဲ မုန္႔စားေန
သည့္ သူမမ်က္ႏွာေလးကိုသာ တစ္စိမ့္စိမ့္
ထိုင္ၾကည့္ေနခ်င္သည္ .....

ရုပ္ရွင္ရံုထဲမွထြက္လာေတာ့ သူမက ေရာက္တုန္းေရာက္ခိုက္ Shopping
ထြက္ၪီးမည္ဆို၍ ေန့ရက္သူမေနာက္ကေန လိုက္ၿပီး အထုပ္ဆြဲေပးရပါေသးသည္.....

အက်ႌ ေရြးေနရင္း Blouse တန္းဘက္ကိုေလ်ွာက္ေနသည္မို႔ .....

"အဲ့ဘက္က လူငယ္၀တ္မဟုတ္ဘူးေလ "

"ငါ၀တ္မို႔ မဟုတ္ပါဘူး ေမခ်ိဳအတြက္ အက်ႌေလးေတြ တစ္ခ်က္ၾကည့္မို႔ "

ေမေမ့အတြက္ဆိုေတာ့ ေန့ရက္ ဘာမွ ေျပာလို႔မရေတာ့ ..... သူမအဲ့လိုေတြ သိတတ္လိမၼာေနလို႔ပဲ ေမေမက သမီးေလး သမီးေလးဆိုတာကို ပါးစပ္ကမခ်တာျဖစ္ရမည္ ......

Juction City အေပၚေအာက္ ႏွံ႔ၿပီး
သည့္အခါတြင္ေတာ့ အထုပ္ေပါင္းေျမာက္မ်ားစြာဟာ လက္နဲ႔ပင္ မဆန္႔ခ်င္ေတာ့.....
ၿပီးေတာ့ သူမ ရုပ္ရွင္ရံုထဲ တတြတ္တြတ္ စားထားသည္မို႔ ဗိုက္ဆာပံုမရေပမယ့္
ေန့ရက္ကေတာ့ သူမေကြၽးသည့္ ငါးအူေခ်ာင္း တစ္ေခ်ာင္းထဲသာ စားထားသည္မို႔ ဗိုက္အေတာ္ဆာေနၿပီျဖစ္သည္.....

"ပံုရိပ္ ....  "

"ဟင္ .... "

"ဘာေတြထပ္၀ယ္စရာရိွေသးလဲ .... ရိွေသးလဲ ငါတို႔အရင္ ေန့လယ္စာစားၿပီးမွ ထပ္၀ယ္ရင္ေရာ ..... "

"ဪ ဟုတ္သားပဲ ေန့လယ္စာစားခ်ိန္
ေတာင္ေရာက္ေနၿပီ.... နင့္လက္ထဲ
အထုပ္ေတြေတာင္ေတာ္ေတာ္မ်ားေနၿပီ
ငါ့ကိုနည္းနည္းေပးေလ .... "

"ရပါတယ္ အဲ့တာဆို ငါ ဒါေတြကိုကားေပၚ အရင္သြားထားလိုက္မယ္ .... ေန့လယ္စာ
က အေပၚမွာ YKKO ရိွတယ္ ....
ေၾကးအိုးစားၾကမလား "

"နင္စားေလ .... ငါက ခုဏက စားထားတာ ဗိုက္ျပည့္ေနၿပီ "

"အင္းအင္း.... အဲ့တာဆို နင္ဒီမွာခဏ
ေစာင့္ေနေနာ္ ..... ငါ ဒါေတြ ကားေပၚ
သြားထားၿပီး ျမန္ျမန္ျပန္လာခဲ့မယ္ "

ပံုရိပ္ေခါင္းၿငိမ့္ျပလိုက္ေတာ့ ေန့ရက္က အထုပ္ေတြနဲ႔ ကားဆီကို ခ်က္ခ်င္းေျပး
သြားသည္ ..... အဟြန္း ပံုရိပ္သိတာေပါ့ ..... ပံုရိပ္ Shopping ထြက္သည့္
ေနာက္ကို သူ မနည္း စိတ္ကို ဆြဲဆန္႔ကာ
အထုပ္လိုက္ဆြဲေနခဲ့ရတာကို ပံုရိပ္သိပါ
သည္....

ဒါေပမဲ့ ကိုယ္လက္ထပ္ရမယ့္ သတို႔သား
ေလာင္း တစ္ေယာက္ရဲ့ ကိုယ့္အေပၚ သည္းခံႏိုင္မႈအတိုင္းအတာကို ပံုရိပ္ စမ္းသပ္ၾကည့္ခ်င္ပါသည္.....အခုထက္
ထိေတာ့ သူဟာ ပံုရိပ္စမ္းသပ္မႈမ်ားတြင္
ဂုဏ္ထူးေတြနဲ႔ ေအာင္ေနဆဲျဖစ္သည္....

ေန့ရက္ ျပန္ေရာက္လာၿပီး YKKO မွာ
ေန့လယ္စာစားေတာ့ ေန့ရက္က ၀က္ေၾကးအိုးဆီခ်က္စားသည္ ..... ပံုရိပ္က ေၾကးအိုးမစားေတာ့ေပမယ့္ ၀က္ဆာေတး
ေလးတစ္ပြဲနဲ႔ mango juice ေလးေတာ့
ရေအာင္ ဗိုက္ထဲထည့္လိုက္ပါေသးသည္.....

ဒီေန့တစ္ေန့ ပံုရိပ္စားတာေတြကိုၾကည့္ၿပီးမိန္းကေလးေတြ ဗိုက္ထဲမွာ အစာအိမ္ ဘယ္ႏွခုေတာင္ရိွလဲဟု ေန့ရက္ေတြးမိသည္.....

🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင္း 13 ေမ်ွာ္~

Continue Reading

You'll Also Like

265K 11K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
915K 48.5K 43
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
6.6M 432K 94
Hanary Victor + Loon Tar Nay San
29.1K 949 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)