Unicode:
အမုန်းများရဲ့ အလွန်~
🍀 အပိုင်း 9 🍀
ဖယောင်းတိုင်တစ်တိုင်စီရယ် ရေတစ်ခွက်
စီရယ် ထမင်းပန်းကန်လေးတွေနဲ့
မေမေနဲ့ ဖေဖေ ရဲ့ ဓာတ်ပုံကိုပဲ သေလူတစ်ယောက်လို တွေတွေကြီး ပုံရိပ် ထိုင်ကြည့်နေမိသည် .....
နေ့ရက်ဆက်က ပိတ်ရက်အနေနဲ့ ဒီကိုခဏ ပြန်လာသည့်အချိန် တိုက်တိုက်
ဆိုင်ဆိုင် ဒီလိုဖြစ်သွားတော့ မေချိုတို့ တစ်မိသားစုလုံး ဒီကိုခဏပြောင်းလာကာ
နာရေး ကိစ္စကို နေ့ရက်ဆက်နဲ့ဖေထွန်းက
ဦးဆောင်ပြီး မေချိုကတော့ သူမကို ဘေးနားကနေ တဖွဖွ နှစ်သိမ့်နေရှာသည်.....
လာသမျှ ဧည့်သည်တွေကိုလဲ မေချိုတို့ မိသားစုကပဲ ဧည့်ခံနေရသည်.....
ပုံရိပ်ကတော့ ဖေဖေနဲ့ မေမေ့ ဓာတ်ပုံကိုပဲ တစ်ဖ၀ါးမခွာဘဲ ကြည့်နေမိသည်.....
"သမီးလေး နေ့လယ်စာလေး နည်းနည်း
ဖြစ်ဖြစ် စားလိုက်ပါလားသမီး "
ပုံရိပ် မေချိုကို ခေါင်းပဲခါပြသည်.....
"ဒီလိုကနေ လဲသွားတော့မှာပဲ သမီးလေး
ရယ်..... သမီးလေးခံစားနေရတာကို
မေချို အပြည့်အ၀သိပါတယ်ကွယ်....
ဒါပေမဲ့ သွားလေသူတွေက သွားပြီမဟုတ်
လား ..... သမီး ဒီလို ပုံစံဖြစ်နေတယ်ဆိုရင် သမီး ဖေဖေရော မေမေရော စိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်မယ်ထင်လား သမီး "
မေချို ထိုကဲ့သို့ပြောတော့ ပုံရိပ်
အလန့်တကြားကြည့်မိသည်....
"သမီး ဖေဖေရော မေမေရောကို ဘ၀ကူး
ကောင်းအောင် သမီးလေးက လုပ်ပေး
ရမှာလေ "
မျက်ရည်တွေမှာ ပုံရိပ် မျက်၀န်းထဲ တရိပ်ရိပ်တက်လာပြီး ခေါင်းလေး
တဆတ်ဆတ်ငြိမ့်ရှာသည်......
"ဒီနေ့ကို စိတ်ထဲရှိတဲ့အတိုင်းသာ ငိုချလိုက်နော် သမီးလေး .... ပြီးရင် မနက်ဖြန် ရက်လည်ဆွမ်းကျွေးမှာ
မေချိုတို့ ကောင်းမှုကုသိုလ်လေးတွေ
လုပ်ပြီး သမီးဖေဖေနဲ့ မေမေ ဘ၀ကူး
ကောင်းအောင် လုပ်ပေးကြမယ်နော် "
မေချိုထိုသို့ပြောမှ ပုံရိပ်မှာ မေချိုရင်ခွင်ထဲ ပုံကျကာ တအိအိ ငိုပါလေတော့သည်.....
"သနားစရာကောင်းလိုက်တဲ့ မေချို့ သမီး
လေးရယ် .... "
နေ့ရက် နာရေးလာသည့် ဧည့်သည်များ
ကို ဧည့်ခံနေရင်း ပုံရိပ်ကိုလှမ်းကြည့်တော့ မေမေရိပ်ခွင်ထဲမှာ ငိုနေရှာသည်....
သူမလေးရဲ့ ဒီလိုပုံကို မြင်ရတာ သူ့ရင်ထဲလဲ မချိပါ .....
"ကောင်မလေးက အခုမှ တက္ကသိုလ် ပထမနှစ်ပဲရှိသေးတာဆို .... မအေရော
ဖအေရောကို တပြိုင်နက် ဆုံးရှုံးလိုက်ရ
တာ ဘယ်လောက်တောင် သွေးပျက်လိုက်မလဲဗျာ .... သနားပါတယ် "
ရပ်ကွက်ထဲမှ လူကြီးတစ်ယောက်ရဲ့ စကား
အဆုံး နေ့ရက်ရင်ထဲလဲ အမျိုးအမည်
မသိသော ခံစားချက်ဝေဒနာကြီး ပေါ်လာ
ခဲ့သည်..... ဒီခံစားချက်ကို အခုချိန်မှာ
ဘယ်လိုမျိုးလဲဆိုတာ သူ မဆန်းစစ်ချင်သေးပါ ...... အခုချိန်မှာ သူအလုပ်သင့်
ဆုံး အရာက မေမေတို့ ဖေဖေတို့နဲ့အတူ
သူမအနား အတူတူရှိနေရင်း အားပေးဖို့ ပင် ဖြစ်သည်.....
~~~~
မနက် ရက်လည်ဆွမ်းကျွေး ရေစက်ချ
အမျှဝေဆုတောင်းရန် ဘုန်းဘုန်းတွေ ကြွလာပြီး တရားနာကြသည် .....
နေ့ရက် တရားနာနေရင်းနဲ့ကို ရှေ့တွင်ရှိ
နေသော ပုံရိပ်ကိုပဲ စိတ်မချနိုင်စွာ
ကြည့်ကြည့်နေမိသည်.....
ပုံရိပ်ပုံစံက တကယ်ကို အဖြူလျော့လျော့
လေးနဲ့ လေတိုက်ရင်တောင် လဲကျသွား
မှာကို စိုးရိမ်ရလောက်သည့် အခြေအနေ ဖြစ်သည်......
ရေစက်ချနေရင်း တသိမ့်သိမ့် ရှိုက်ငိုနေရှာသည့် သူမကို ကြည့်ပြီး သူ့ရင်ထဲမှ ခံစားချက်တွေကို ပိုပြီး သေချာစွာသိခဲ့ရသည်....
တရားနာအပြီး ဧည့်သည်တွေလဲ ပြန်သွားသည့်အချိန် အလုပ်သမားတွေက ပန်းကန်ခွက်ယောက်တွေ သိမ်းနေတုန်း နေ့ရက် မေမေနဲ့လဲ အတူရှိမနေသည့် အဖြူရောင် အရိပ်လေးကိုအသည်းအသန် လိုက်ရှာနေမိသည်.....
"မေမေ ပုံရိပ်ထင်ရော "
"သမီးလေး အခန်းထဲမှာသား .... မေမေ တက်နားခိုင်းထားတယ် "
"ဒါဆို သား ခဏ တက်ကြည့်လိုက်ဦစမယ် မေမေ "
"ဟဲ့သား .... ဘာလုပ် "
သူမစကားပင် မဆုံးသေး သားက အိမ်ပေါ်ထပ်ကို ခြေလှမ်းကြီးတွေနှင့် ကျော်လွှားကာ အလျင်အမြန် တက်သွားသည်......
ပုံရိပ် အခန်းရှေ့ရောက်တော့ နေ့ရက် ခြေလှမ်းတွေကို တုံခနဲ ရပ်လိုက်ပြီး
အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်
သည် ..... ပြီးသွားမှ တံခါးကို သာသာလေး ခေါက်လိုက်သည်.....
တံခါးကို ပထမတစ်ခါခေါက်ပြီး အထဲက ဘာမှ ပြန်မထူးတာမို့ နောက်တစ်ခါထပ်ခေါက်တော့လဲ ဘာမှ မတုံ့ပြန်လာပါ....
အိပ်နေတာများလား ..... ဘာပဲဖြစ်ဖြစ်
စိတ်ချရအောင်ဆိုပြီး တံခါးလက်ကိုင်ကို
အသာတွန်းပြီး ဖွင့်လိုက်တော့ တံခါးက
ပွင့်သွားသည်.....
အထဲကိုလှမ်းကြည့်တော့ အခန်းထဲမှာ
လဲ ရှိမနေပါ ..... မေမေပြောတော့ အခန်းထဲမှာ နားနေတယ်ဆိုပြီး အခုအခန်းထဲမှာမရှိတော့ ဘယ်မှာများရှိနေ
မလဲ .....
သူမပုံစံကြောင့် အလိုလို စိတ်မချဖြစ်နေရပါသည်ဆိုမှ အခုလို လိုက်ရှာလို့မတွေ့ရ
သည့်အခါ နေ့ရက်ရင်ထဲ ဗလောင်ဆူ
လာရသည်.....
ခြံထဲမှာလဲမရှိ အောက်ထပ်မှာလဲ မတွေ့
အခု အပေါ်ထပ်က အခန်းထဲမှာလဲ မရှိဘူးဆိုတော့ သူမ ဘယ်မှာများရှိနေမလဲ ..... ပုံရိပ်တို့အိမ်က ၂ထပ်တိုက်မြင့်ဖြစ်တာမို့ နေရာတွေက ကုန်နေပြီ ဖြစ်သည်...... ဘယ်နေရာ ကျန်သေးလို့လဲ.....ရုတ်တရက် သူသတိရသွားသည်က
အပေါ်ထပ်ဆုံး ခေါင်မိုးထပ်လေး ဖြစ်သည်.....
ဟင့်အင်း မဖြစ်နိုင်ပါဘူးလို့တွေးမိပေမယ့်လဲ လူက ချက်ချင်းပဲ အရေးပေါ်လှေကားကနေ ခေါင်မိုးထပ်ကို တက်သွားသည်....
ခေါင်မိုးထပ် အပေါ်ကိုရောက်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ခန္ဓာကိုယ်ထဲရှိသွေးတွေ ပြောင်းပြန်
စီးဆင်းသွားသလို ခံစားလိုက်ရသည်....
အုတ်ဘောင်ပေါ်မှာ ရှိနေသည့် ပုံရိပ်ဟာ
သူ့အသံကြားသည်နှင့် လန့်ပြီးပဲဖြစ်ဖြစ်တစ်ခုခုဖြစ်မှာ ကျိန်းသေသည်.....
သူဘာလုပ်သင့်လဲ .....
နှစ်ထပ်တိုက်ဆိုပေမယ့် အတော်ကိုမြင့်
သည့်တိုက်မို့ ပုံရိပ်စိတ်ပိုင်းဖြတ်လိုက်သည်နှင့် တကယ်ဒုက္ခရောက်သွားနိုင်
သည့် အနေအထားဖြစ်သည် .....
အခုချိန်မှာ သူစိတ်တည်ငြိမ်နေမှ ဖြစ်မည်.... သူ့စိတ်ကိုသူ အငြိမ်ဆုံးထားပြီး
ပုံရိပ်နောက်ဆီကို ခြေသံလုံလုံနှင့်
သွားပြီး ပုံရိပ်အနောက်ရောက်ပြီဆိုမှ
ခါးကိုဖက်က ဘေးဘက်ကို အားနဲ့ ဆွဲလှဲချပစ်လိုက်သည်......
အားနဲ့ ဆွဲချလိုက်သည်မို့ ကြမ်းပြင်ပေါ် ကျသွားသည်မှာ ပစ်စလတ်ခတ်....
ထိုအခါမှ သူ့ကိုယ်ပေါ်ရှိနေသည့် ပုံရိပ်က အသိ၀င်သည့် ပုံစံဖြင့် နေ့ရက်ရင်ခွင်ထဲမှ အတင်းရုန်းနေသည်....
"ငါ့ကိုလွှတ်စမ်း နေ့ရက်ဆက် "
"နင်ရူးသွားပြီလား ပုံရိပ်ထင် ....အခု နင်ဘာလုပ်ဖို့ ကြံနေတာလဲဆိုတာကိုရော နင်သိရဲ့လား..... "
"နင့်အပူလုံး၀မပါဘူး ..... ဖယ်စမ်း ငါ့လမ်းမှာ ၀င်မရှုပ်နဲ့ .... "
ပုံရိပ်ပုံစံက လုံး၀ကို သွေးပျက်ဖွယ်အတိနဲ့
တွန်းဖယ်ရုန်းကန်နေသည်မို့ ထိန်းမရ
သည့်အဆုံး ဖြောင်းခနဲ မြည်သံနှင့်အတူ
ပုံရိပ်ပါးကို နေ့ရက်ရိုက်ချပစ်လိုက်သည်
......
ယောကျာ်းအားနဲ့ ရိုက်လိုက်သည်မို့ ပုံရိပ်မှာ နေရာမှာတင် ခွေခနဲ လဲကျသွားရသည်....ပြီးတော့ ထို ပုံလျက်သားလေးနဲ့ပင် တအီအီ ငိုကြွေးနေသည်မို့ နေ့ရက်
မကြည့်ရက်တော့ဘဲ ပုံရိပ်အနား
ဒူးထောက်ချကာ ယဲ့ယဲ့လေးပဲ ရှိတော့
သည့် ပုံရိပ်ကိုယ်လေးကို နွေးထွေးစွာဖြင့် သူ့ရင်ခွင်ထဲ ခိုလှုံစေသည်....
"ငါ့ကို လွတ်လပ်ခွင့်ပေးပါတော့
နေ့ရက်ဆက်ရယ်.....ဖေဖေရော မေမေရော မရှိတော့တဲ့ ဘ၀မှာ ငါဘယ်လိုမျိုး ရပ်တည်ရမလဲ .... ငါဘယ်လိုမျိုး အသက်ရှင်ရတော့မလဲ .... ကျေးဇူးပြုပြီး ငါ့ကို လွတ်မြောက်ခွင့်ပေးပါတော့...... ငါ့မှာ ဘယ်သူမှ မရှိတော့ဘူးလေ... ငါတကယ် အသက်မရှင်ချင်တော့လို့ပါ ...."
"နင့်မှာ ဘယ်သူမှ မရှိတော့ဘူးလို့
ဘယ်သူပြောလဲ .... နင့်ဆီမှာ နင်သိပ်ချစ်
တဲ့ နင့်သူငယ်ချင်း ၀တ်မှုန်ရှိတယ်လေ...
နင့်ကို သိပ်ချစ်တဲ့ ငါ့အဖေနဲ့ အမေလဲ
ရှိတယ်လေ .... ပြီးတော့ ငါလဲ ရှိပါသေး
တယ် .... ဒါတောင် နင့်ဆီမှာ ဘယ်သူမှ
မရှိဘူးလို့ပြောဦးမို့လား ..... ပြဿနာကနေရှောင်ပြေးတာ ပြဿနာကို ဖြေရှင်း
တာ မဟုတ်ဘူး ပုံရိပ်ထင် .... ငါပြောတာကို နားလည်လား .... "
ပုံရိပ်က သူပြောတာကို တွေတွေလေး
နားထောင်နေသည်.....
"လာနော် .... ငါနဲ့အတူ အောက်ပြန်ဆင်းကြမယ်နော် "
ဘာမှ မတုံ့ပြန်လာတော့သည်မို့ သူကပဲ
ကိုယ်လုံးသေးသေးလေးကို စွေ့ခနဲ ပွေ့ချီရင်း ဒီတစ်ခါတော့ အရေးပေါ်လှေကား
မသုံးပဲ ရိုးရိုးလှေကားကနေပဲ အောက်ကိုပြန်ဆင်းလာသည်....
ပုံရိပ်ကိုပွေ့ချီရင်း လှေကားကနေ ဆင်းလာသည့် သူ့ကို မြင်တော့ မေမေက
အံ့သြတကြီးနှင့် ကြည့်နေသည်....
မေမေ့ကို သူဘာမှ ပြန်မပြောနိုင်သေးဘဲ အရင်ဆုံး ပုံရိပ်အခန်းတံခါးကို ဖွင့်ခိုင်းရသည်..... ပုံရိပ်ကို အရင်ဆုံး အိပ်ရာပေါ်
ချပေးပြီး စောင်လေးခြုံပေးကာ အိပ်စေသည်.... ထိုအချိန်ထိ မေမေက သူတို့
၂ယောက်ကို ပွဲကြည့် ပရိတ်သက်လို
ကြည့်နေတုန်း .....
ပုံရိပ်မှေးခနဲ အိပ်ပျော်သွားတာ သေချာသွားပြီဆိုမှ မေမေ့ကိုခေါ်ပြီး ပုံရိပ်အခန်းထဲက သူထွက်လာခဲ့သည်.....
"သမီးလေးက ဘာဖြစ်လို့လဲသား "
သူ မေမေ့မျက်နှာကို သေချာကြည့်ပြီး
ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည့်
အချိန်တွင်တော့ မေမေက ရင်ဘတ်လေး
ဖိကာ ဘုရားတသည်.....
"မဖြစ်ဘူး မဖြစ်ဘူး ဒါဆို မေမေတို့ သမီး
လေးကို တစ်ယောက်ထဲလွှတ်ထားလို့
ဘယ်လိုမှ မဖြစ်တော့ဘူး .... မေမေတို့
ဘယ်လိုလုပ်ရင် ကောင်းမလဲသား "
"ဒီအိမ်မှာဆို သူ အန်တီနဲ့ အန်ကယ် ကို ပြန်သတိရရင်း အခုလိုမျိုး ထပ်ဖြစ်နေဦး
မှာပဲ မေမေ ..... အကောင်းဆုံးကတော့
ပုံရိပ်ထင်ကို သားတို့ အိမ်ခေါ်ထားလိုက်တာက စိတ်အချရဆုံးပဲ မေမေ "
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
ရက်လည်ကိစ္စတွေ အကုန်ပြီးစီးသွားသည်နှင့် မေမေက သူပြောသည့်အတိုင်း ပုံရိပ်
ကို သူတို့အိမ်ကို မရမက ခေါ်လာသည်....
အခုချိန်ထိ သူမ စိတ်အခြေအနေက အကောင်းပကတိလုံးလုံး မဖြစ်သေးပေ
မယ့်လဲ တော်တော်လေးတော့ အခြေအနေ ကောင်းနေပြီဟု ပြောလို့ရသည်.....
အခုဆို နေ့ရက်က ကျောင်းပိတ်ရက်စေ့နေပြီမို့ နောက်အပတ်ထဲ ဟိုကို ပြန်သွား
ရတော့မည်ဖြစ်သည် ..... ဟိုကို ပြန်ရတော့မည်ဆိုမှ စိတ်ထဲ နောက်ဆံတင်း
နေသည်မှာ ဘာကြောင့်လဲဆိုတဲ့အဖြေကို
သူ့နှလုံးသားသူ ပြန်ဆန်းမစစ်လဲ သိနေ
ပါပြီ .....
ဟိုကောင်တွေ ကျောင်းတုန်းက အမုန်းပြီးရင် အချစ်တွေလာလိမ့်မယ်လို့ ပြောခဲ့တုန်းက အသည်းအသန်ငြင်းခဲ့သည့် သူပုံစံနဲ့ အခု သူ့ပုံစံသည် လားလားမှ မဆိုင်တော့ပါ...... သူ့အဖြစ်ကိုသူလဲ သဘောကျမိကာ နေ့ရက် အသံတိတ်ရယ်မိသည်.....
ဒါပေမဲ့ သူ့ခံစားချက်တွေကို သူမ သိအောင် ဖော်ထုတ်ပြမည်မဟုတ်ပါ.... သူမ
သူ့ကို အထင်လွဲသွားမည်ကို အင်မတန်မှ
စိုးထိတ်ရပါသည်.....
အပြင်ကနေ သူမအတွက် အမဲစွပ်ပြုတ်
၀ယ်လာသည်မို့ သူမနေ့လယ်စာစားပြီးပြီ
လာဆိုတာ မိဘုတ်ကို မေးရန် ထမင်းစား
ခန်းထဲသို့ ၀င်လာသည်......
ထမင်းစားခန်းထဲရောက်တော့ ထမင်း
စားပွဲမှာ ငူငူငိုင်ငိုင်ထိုင်နေသည့် သူမနှင့်
တခုခုလုပ်ရန်ပြင်နေသော မိဘုတ်ကို တွေ့ရသည်.....
"ဘာစားပြီးပြီလဲ ပုံရိပ်ထင် "
သူမေးလိုက်တော့ ပုံရိပ်က သူ့ကို မျက်လုံး
လေး လှန်ကြည့်ပြီး ဘာမှ ပြန်မဖြေပါ....
"မမလေးက ထမင်း မစားချင်ဘူးဆိုလို့ မြူစွမ်လေးပြုတ်ပေးမို့ အစ်ကိုလေး "
"ဒါဆို ပြုတ်မနေနဲ့တော့ ..... ငါ အမဲစွပ်ပြုတ်၀ယ်လာတယ် .... ဒါပဲပြင်ပြီး
ထည့်ပေးလိုက် "
"ဟုတ်ဟုတ် အစ်ကိုလေး "
သူပုံရိပ်ကို တစ်ချက်ကြည့်ပြီး ....
"ငါအပေါ်မှာ အ၀တ်သွားလဲဦးမယ် "
သူမဆီမှ ဘာအဖြေမှ မကြားရသည်မို့
နေ့ရက် သက်ပြင်းတစ်ချက်ချပြီးသာ
အပေါ်ထပ် တက်သွားရသည်.....
•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°*
ပုံရိပ် ညနေဘက် နေ့ရက်ဆက်တို့ ခြံထဲမှ
ဒန်းလေးပေါ်ထိုင်ရင်း မေမေတို့ကို သတိရနေတုန်း ပုံရိပ်ဆီလျှောက်လာ
သည့် နေ့ရက်ဆက်ကို မြင်ရသည်....
ပုံရိပ် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားသည့်နေ့မှ စပြီး အခုချိန်ထိ ပုံရိပ်ပေါ်
ဆက်ဆံသည့် နေ့ရက်ဆက် ပုံစံတွေ ပြောင်းလဲနေပါသည်.....
ဒီရက်ပိုင်း စိတ်ထောင်းကိုယ်ကြေဖြင့်
ဘာဆိုဘာမှ စားလို့မ၀င်ခဲ့ပေမယ့်
ဟိုတနေ့က သူ၀ယ်လာသည့် အမဲစွပ်ပြုတ်ကိုတော့ တော်တော်လေး စား၀င်ခဲ့ပါသည်.....
ပြီးတော့ ပုံရိပ် ဒီအိမ်စရောက်ထဲက သူ့ပုံစံ
က ပုံရိပ်ကို မြင်တာနဲ့ အရင်လို လှောင်ချင်နေသည့် အကြည့်မျိုးတွေ မရှိတော့
ဘဲ နွေးနွေးထွေးထွေး နူးနူးညံ့ညံ့
ခံစားချက်မျိုးကိုသာ ခံစားနေမိသည်....
ပုံရိပ်ဆီတည့်တည့်လျှောက်လာသည့်သူက ပုံရိပ်ထိုင်နေသည့် ဒန်းလေးမှာ ၀င်ထိုင်သည်.....ပြီးတော့ ပုံရိပ်လက်ထဲ ကံ့ကော်ပန်း တစ်ပွင့် ထည့်ပေးသည်....
"ရှူကြည့်လိုက် .... စိတ်ထဲလန်းသွားလိမ့်
မယ်.... "
သူယူလာသည့်ပန်းကို ခပ်တည်တည်နဲ့ ရှူမွှေးခိုင်းနေသည့် နေ့ရက်ဆက်ကို အမှန်တကယ်ပင် ပုံရိပ်နားမလည်တော့ပါ....
သူဘာဖြစ်ချင်နေတာလဲ ..... ပုံရိပ်ဘက်က ဘာမှမပြောသည်မို့ သူကပဲ စကားပြန်စသည်.....
"နင် ငါ့ကို အခုထိ မုန်းနေတုန်းပဲလား
ပုံရိပ်ထင်"
ပုံရိပ်သူ့ကို ကြည့်လိုက်တော့ သူက ပုံရိပ်မျက်နှာကို ခပ်တွေတွေလေး စိုက်ကြည့်
နေသည်.....သူ့အကြည့်တွေဆီကနေ
တစ်မျိုးတမည်သော အဓိပ္ပါယ်တွေ ပုံရိပ် ခံစားမိနေသည်.....
"နင်က ငါ့ကို မုန်းနေမလား မသိပေမယ့်
ငါကတော့ နင့်အပေါ် မမုန်းတော့ဘူးဆိုတာကို နင်သိစေချင်တယ်.... အခုဆို ငါ့အဖေရော အမေရောက နင့်ကို သမီး အဖြစ် မွေးစားလိုက်ပြီလေ .... အဲ့တော့
နင့်အနေနဲ့ ငါ့အပေါ် အရင်က ခံစားချက်
တွေပြေပျောက်သွားတဲ့တစ်နေ့ အစ်ကို
တစ်ယောက်လိုမျိုး ယုံကြည်အားကိုးလို့
ရတယ်...... "
ပုံရိပ်သူပြောသည့် စကားကို မယုံနိုင်စွာ
နှင့် သူ့ကိုလှည့်ကြည့်တော့ သူက ပုံရိပ်ကို အချိုသာဆုံးပြုံးပြသည်.....
🍀 ** ** ** ** ** ** ** ** ** 🍀
အပိုင်း 10 မျှော်~
Zawgyi:
အမုန္းမ်ားရဲ့ အလြန္~
🍀 အပိုင္း 9 🍀
ဖေယာင္းတိုင္တစ္တိုင္စီရယ္ ေရတစ္ခြက္
စီရယ္ ထမင္းပန္းကန္ေလးေတြနဲ႔
ေမေမနဲ႔ ေဖေဖ ရဲ့ ဓာတ္ပံုကိုပဲ ေသလူတစ္ေယာက္လို ေတြေတြႀကီး ပံုရိပ္ ထိုင္ၾကည့္ေနမိသည္ .....
ေန့ရက္ဆက္က ပိတ္ရက္အေနနဲ႔ ဒီကိုခဏ ျပန္လာသည့္အခ်ိန္ တိုက္တိုက္
ဆိုင္ဆိုင္ ဒီလိုျဖစ္သြားေတာ့ ေမခ်ိဳတို႔ တစ္မိသားစုလံုး ဒီကိုခဏေျပာင္းလာကာ
နာေရး ကိစၥကို ေန့ရက္ဆက္နဲ႔ေဖထြန္းက
ၪီးေဆာင္ၿပီး ေမခ်ိဳကေတာ့ သူမကို ေဘးနားကေန တဖြဖြ ႏွစ္သိမ့္ေနရွာသည္.....
လာသမ်ွ ဧည့္သည္ေတြကိုလဲ ေမခ်ိဳတို႔ မိသားစုကပဲ ဧည့္ခံေနရသည္.....
ပံုရိပ္ကေတာ့ ေဖေဖနဲ႔ ေမေမ့ ဓာတ္ပံုကိုပဲ တစ္ဖဝါးမခြာဘဲ ၾကည့္ေနမိသည္.....
"သမီးေလး ေန့လယ္စာေလး နည္းနည္း
ျဖစ္ျဖစ္ စားလိုက္ပါလားသမီး "
ပံုရိပ္ ေမခ်ိဳကို ေခါင္းပဲခါျပသည္.....
"ဒီလိုကေန လဲသြားေတာ့မွာပဲ သမီးေလး
ရယ္..... သမီးေလးခံစားေနရတာကို
ေမခ်ိဳ အျပည့္အ၀သိပါတယ္ကြယ္....
ဒါေပမဲ့ သြားေလသူေတြက သြားၿပီမဟုတ္
လား ..... သမီး ဒီလို ပံုစံျဖစ္ေနတယ္ဆိုရင္ သမီး ေဖေဖေရာ ေမေမေရာ စိတ္ေျဖာင့္ေျဖာင့္နဲ႔ သြားႏိုင္မယ္ထင္လား သမီး "
ေမခ်ိဳ ထိုကဲ့သို႔ေျပာေတာ့ ပံုရိပ္
အလန္႔တၾကားၾကည့္မိသည္....
"သမီး ေဖေဖေရာ ေမေမေရာကို ဘ၀ကူး
ေကာင္းေအာင္ သမီးေလးက လုပ္ေပး
ရမွာေလ "
မ်က္ရည္ေတြမွာ ပံုရိပ္ မ်က္၀န္းထဲ တရိပ္ရိပ္တက္လာၿပီး ေခါင္းေလး
တဆတ္ဆတ္ၿငိမ့္ရွာသည္......
"ဒီေန့ကို စိတ္ထဲရိွတဲ့အတိုင္းသာ ငိုခ်လိုက္ေနာ္ သမီးေလး .... ၿပီးရင္ မနက္ျဖန္ ရက္လည္ဆြမ္းေကြၽးမွာ
ေမခ်ိဳတို႔ ေကာင္းမႈကုသိုလ္ေလးေတြ
လုပ္ၿပီး သမီးေဖေဖနဲ႔ ေမေမ ဘ၀ကူး
ေကာင္းေအာင္ လုပ္ေပးၾကမယ္ေနာ္ "
ေမခ်ိဳထိုသို႔ေျပာမွ ပံုရိပ္မွာ ေမခ်ိဳရင္ခြင္ထဲ ပံုက်ကာ တအိအိ ငိုပါေလေတာ့သည္.....
"သနားစရာေကာင္းလိုက္တဲ့ ေမခ်ိဳ႕ သမီး
ေလးရယ္ .... "
ေန့ရက္ နာေရးလာသည့္ ဧည့္သည္မ်ား
ကို ဧည့္ခံေနရင္း ပံုရိပ္ကိုလွမ္းၾကည့္ေတာ့ ေမေမရိပ္ခြင္ထဲမွာ ငိုေနရွာသည္....
သူမေလးရဲ့ ဒီလိုပံုကို ျမင္ရတာ သူ႔ရင္ထဲလဲ မခ်ိပါ .....
"ေကာင္မေလးက အခုမွ တကၠသိုလ္ ပထမႏွစ္ပဲရိွေသးတာဆို .... မေအေရာ
ဖေအေရာကို တၿပိဳင္နက္ ဆံုးရႈံးလိုက္ရ
တာ ဘယ္ေလာက္ေတာင္ ေသြးပ်က္လိုက္မလဲဗ်ာ .... သနားပါတယ္ "
ရပ္ကြက္ထဲမွ လူႀကီးတစ္ေယာက္ရဲ့ စကား
အဆံုး ေန့ရက္ရင္ထဲလဲ အမ်ိဳးအမည္
မသိေသာ ခံစားခ်က္ေဝဒနာႀကီး ေပၚလာ
ခဲ့သည္..... ဒီခံစားခ်က္ကို အခုခ်ိန္မွာ
ဘယ္လိုမ်ိဳးလဲဆိုတာ သူ မဆန္းစစ္ခ်င္ေသးပါ ...... အခုခ်ိန္မွာ သူအလုပ္သင့္
ဆံုး အရာက ေမေမတို႔ ေဖေဖတို႔နဲ႔အတူ
သူမအနား အတူတူရိွေနရင္း အားေပးဖို႔ ပင္ ျဖစ္သည္.....
~~~~
မနက္ ရက္လည္ဆြမ္းေကြၽး ေရစက္ခ်
အမ်ွေဝဆုေတာင္းရန္ ဘုန္းဘုန္းေတြ ႂကြလာၿပီး တရားနာၾကသည္ .....
ေန့ရက္ တရားနာေနရင္းနဲ႔ကို ေရ႔ွတြင္ရိွ
ေနေသာ ပံုရိပ္ကိုပဲ စိတ္မခ်ႏိုင္စြာ
ၾကည့္ၾကည့္ေနမိသည္.....
ပံုရိပ္ပံုစံက တကယ္ကို အျဖဴေလ်ာ့ေလ်ာ့
ေလးနဲ႔ ေလတိုက္ရင္ေတာင္ လဲက်သြား
မွာကို စိုးရိမ္ရေလာက္သည့္ အေျခအေန ျဖစ္သည္......
ေရစက္ခ်ေနရင္း တသိမ့္သိမ့္ ရိႈက္ငိုေနရွာသည့္ သူမကို ၾကည့္ၿပီး သူ႔ရင္ထဲမွ ခံစားခ်က္ေတြကို ပိုၿပီး ေသခ်ာစြာသိခဲ့ရသည္....
တရားနာအၿပီး ဧည့္သည္ေတြလဲ ျပန္သြားသည့္အခ်ိန္ အလုပ္သမားေတြက ပန္းကန္ခြက္ေယာက္ေတြ သိမ္းေနတုန္း ေန့ရက္ ေမေမနဲ႔လဲ အတူရိွမေနသည့္ အျဖဴေရာင္ အရိပ္ေလးကိုအသည္းအသန္ လိုက္ရွာေနမိသည္.....
"ေမေမ ပံုရိပ္ထင္ေရာ "
"သမီးေလး အခန္းထဲမွာသား .... ေမေမ တက္နားခိုင္းထားတယ္ "
"ဒါဆို သား ခဏ တက္ၾကည့္လိုက္ဦစမယ္ ေမေမ "
"ဟဲ့သား .... ဘာလုပ္ "
သူမစကားပင္ မဆံုးေသး သားက အိမ္ေပၚထပ္ကို ေျခလွမ္းႀကီးေတြႏွင့္ ေက်ာ္လႊားကာ အလ်င္အျမန္ တက္သြားသည္......
ပံုရိပ္ အခန္းေရ႔ွေရာက္ေတာ့ ေန့ရက္ ေျခလွမ္းေတြကို တံုခနဲ ရပ္လိုက္ၿပီး
အသက္ကို ခပ္ျပင္းျပင္းရႉထုတ္လိုက္
သည္ ..... ၿပီးသြားမွ တံခါးကို သာသာေလး ေခါက္လိုက္သည္.....
တံခါးကို ပထမတစ္ခါေခါက္ၿပီး အထဲက ဘာမွ ျပန္မထူးတာမို႔ ေနာက္တစ္ခါထပ္ေခါက္ေတာ့လဲ ဘာမွ မတံု႔ျပန္လာပါ....
အိပ္ေနတာမ်ားလား ..... ဘာပဲျဖစ္ျဖစ္
စိတ္ခ်ရေအာင္ဆိုၿပီး တံခါးလက္ကိုင္ကို
အသာတြန္းၿပီး ဖြင့္လိုက္ေတာ့ တံခါးက
ပြင့္သြားသည္.....
အထဲကိုလွမ္းၾကည့္ေတာ့ အခန္းထဲမွာ
လဲ ရိွမေနပါ ..... ေမေမေျပာေတာ့ အခန္းထဲမွာ နားေနတယ္ဆိုၿပီး အခုအခန္းထဲမွာမရိွေတာ့ ဘယ္မွာမ်ားရိွေန
မလဲ .....
သူမပံုစံေၾကာင့္ အလိုလို စိတ္မခ်ျဖစ္ေနရပါသည္ဆိုမွ အခုလို လိုက္ရွာလို႔မေတြ့ရ
သည့္အခါ ေန့ရက္ရင္ထဲ ဗေလာင္ဆူ
လာရသည္.....
ၿခံထဲမွာလဲမရိွ ေအာက္ထပ္မွာလဲ မေတြ့
အခု အေပၚထပ္က အခန္းထဲမွာလဲ မရိွဘူးဆိုေတာ့ သူမ ဘယ္မွာမ်ားရိွေနမလဲ ..... ပံုရိပ္တို႔အိမ္က ၂ထပ္တိုက္ျမင့္ျဖစ္တာမို႔ ေနရာေတြက ကုန္ေနၿပီ ျဖစ္သည္...... ဘယ္ေနရာ က်န္ေသးလို႔လဲ.....ရုတ္တရက္ သူသတိရသြားသည္က
အေပၚထပ္ဆံုး ေခါင္မိုးထပ္ေလး ျဖစ္သည္.....
ဟင့္အင္း မျဖစ္ႏိုင္ပါဘူးလို႔ေတြးမိေပမယ့္လဲ လူက ခ်က္ခ်င္းပဲ အေရးေပၚေလွကားကေန ေခါင္မိုးထပ္ကို တက္သြားသည္....
ေခါင္မိုးထပ္ အေပၚကိုေရာက္ေတာ့ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ သူ႔ခႏၶာကိုယ္ထဲရိွေသြးေတြ ေျပာင္းျပန္
စီးဆင္းသြားသလို ခံစားလိုက္ရသည္....
အုတ္ေဘာင္ေပၚမွာ ရိွေနသည့္ ပံုရိပ္ဟာ
သူ႔အသံၾကားသည္ႏွင့္ လန္႔ၿပီးပဲျဖစ္ျဖစ္တစ္ခုခုျဖစ္မွာ က်ိန္းေသသည္.....
သူဘာလုပ္သင့္လဲ .....
ႏွစ္ထပ္တိုက္ဆိုေပမယ့္ အေတာ္ကိုျမင့္
သည့္တိုက္မို႔ ပံုရိပ္စိတ္ပိုင္းျဖတ္လိုက္သည္ႏွင့္ တကယ္ဒုကၡေရာက္သြားႏိုင္
သည့္ အေနအထားျဖစ္သည္ .....
အခုခ်ိန္မွာ သူစိတ္တည္ၿငိမ္ေနမွ ျဖစ္မည္.... သူ႔စိတ္ကိုသူ အၿငိမ္ဆံုးထားၿပီး
ပံုရိပ္ေနာက္ဆီကို ေျခသံလံုလံုႏွင့္
သြားၿပီး ပံုရိပ္အေနာက္ေရာက္ၿပီဆိုမွ
ခါးကိုဖက္က ေဘးဘက္ကို အားနဲ႔ ဆြဲလွဲခ်ပစ္လိုက္သည္......
အားနဲ႔ ဆြဲခ်လိုက္သည္မို႔ ၾကမ္းျပင္ေပၚ က်သြားသည္မွာ ပစ္စလတ္ခတ္....
ထိုအခါမွ သူ႔ကိုယ္ေပၚရိွေနသည့္ ပံုရိပ္က အသိ၀င္သည့္ ပံုစံျဖင့္ ေန့ရက္ရင္ခြင္ထဲမွ အတင္းရုန္းေနသည္....
"ငါ့ကိုလႊတ္စမ္း ေန့ရက္ဆက္ "
"နင္ရူးသြားၿပီလား ပံုရိပ္ထင္ ....အခု နင္ဘာလုပ္ဖို႔ ႀကံေနတာလဲဆိုတာကိုေရာ နင္သိရဲ့လား..... "
"နင့္အပူလံုး၀မပါဘူး ..... ဖယ္စမ္း ငါ့လမ္းမွာ ၀င္မရႈပ္နဲ႔ .... "
ပံုရိပ္ပံုစံက လံုး၀ကို ေသြးပ်က္ဖြယ္အတိနဲ႔
တြန္းဖယ္ရုန္းကန္ေနသည္မို႔ ထိန္းမရ
သည့္အဆံုး ေျဖာင္းခနဲ ျမည္သံႏွင့္အတူ
ပံုရိပ္ပါးကို ေန့ရက္ရိုက္ခ်ပစ္လိုက္သည္
......
ေယာက်ာ္းအားနဲ႔ ရိုက္လိုက္သည္မို႔ ပံုရိပ္မွာ ေနရာမွာတင္ ေခြခနဲ လဲက်သြားရသည္....ၿပီးေတာ့ ထို ပံုလ်က္သားေလးနဲ႔ပင္ တအီအီ ငိုေႂကြးေနသည္မို႔ ေန့ရက္
မၾကည့္ရက္ေတာ့ဘဲ ပံုရိပ္အနား
ဒူးေထာက္ခ်ကာ ယဲ့ယဲ့ေလးပဲ ရိွေတာ့
သည့္ ပံုရိပ္ကိုယ္ေလးကို ေနြးေထြးစြာျဖင့္ သူ႔ရင္ခြင္ထဲ ခိုလႈံေစသည္....
"ငါ့ကို လြတ္လပ္ခြင့္ေပးပါေတာ့
ေန့ရက္ဆက္ရယ္.....ေဖေဖေရာ ေမေမေရာ မရိွေတာ့တဲ့ ဘ၀မွာ ငါဘယ္လိုမ်ိဳး ရပ္တည္ရမလဲ .... ငါဘယ္လိုမ်ိဳး အသက္ရွင္ရေတာ့မလဲ .... ေက်းဇူးျပဳျပီး ငါ့ကို လြတ္ေျမာက္ခြင့္ေပးပါေတာ့...... ငါ့မွာ ဘယ္သူမွ မရိွေတာ့ဘူးေလ... ငါတကယ္ အသက္မရွင္ခ်င္ေတာ့လို႔ပါ ...."
"နင့္မွာ ဘယ္သူမွ မရိွေတာ့ဘူးလို႔
ဘယ္သူေျပာလဲ .... နင့္ဆီမွာ နင္သိပ္ခ်စ္
တဲ့ နင့္သူငယ္ခ်င္း ၀တ္မႈန္ရိွတယ္ေလ...
နင့္ကို သိပ္ခ်စ္တဲ့ ငါ့အေဖနဲ႔ အေမလဲ
ရိွတယ္ေလ .... ၿပီးေတာ့ ငါလဲ ရိွပါေသး
တယ္ .... ဒါေတာင္ နင့္ဆီမွာ ဘယ္သူမွ
မရိွဘူးလို႔ေျပာၪီးမို႔လား ..... ျပႆနာကေနေရွာင္ေျပးတာ ျပႆနာကို ေျဖရွင္း
တာ မဟုတ္ဘူး ပံုရိပ္ထင္ .... ငါေျပာတာကို နားလည္လား .... "
ပံုရိပ္က သူေျပာတာကို ေတြေတြေလး
နားေထာင္ေနသည္.....
"လာေနာ္ .... ငါနဲ႔အတူ ေအာက္ျပန္ဆင္းၾကမယ္ေနာ္ "
ဘာမွ မတံု႔ျပန္လာေတာ့သည္မို႔ သူကပဲ
ကိုယ္လံုးေသးေသးေလးကို ေစြ့ခနဲ ေပြ့ခ်ီရင္း ဒီတစ္ခါေတာ့ အေရးေပၚေလွကား
မသံုးပဲ ရိုးရိုးေလွကားကေနပဲ ေအာက္ကိုျပန္ဆင္းလာသည္....
ပံုရိပ္ကိုေပြ့ခ်ီရင္း ေလွကားကေန ဆင္းလာသည့္ သူ႔ကို ျမင္ေတာ့ ေမေမက
အံ့ၾသတႀကီးႏွင့္ ၾကည့္ေနသည္....
ေမေမ့ကို သူဘာမွ ျပန္မေျပာႏိုင္ေသးဘဲ အရင္ဆံုး ပံုရိပ္အခန္းတံခါးကို ဖြင့္ခိုင္းရသည္..... ပံုရိပ္ကို အရင္ဆံုး အိပ္ရာေပၚ
ခ်ေပးၿပီး ေစာင္ေလးၿခံဳေပးကာ အိပ္ေစသည္.... ထိုအခ်ိန္ထိ ေမေမက သူတို႔
၂ေယာက္ကို ပြဲၾကည့္ ပရိတ္သက္လို
ၾကည့္ေနတုန္း .....
ပံုရိပ္ေမွးခနဲ အိပ္ေပ်ာ္သြားတာ ေသခ်ာသြားၿပီဆိုမွ ေမေမ့ကိုေခၚၿပီး ပံုရိပ္အခန္းထဲက သူထြက္လာခဲ့သည္.....
"သမီးေလးက ဘာျဖစ္လို႔လဲသား "
သူ ေမေမ့မ်က္ႏွာကို ေသခ်ာၾကည့္ၿပီး
ျဖစ္ေၾကာင္းကုန္စင္ကို ရွင္းျပလိုက္သည့္
အခ်ိန္တြင္ေတာ့ ေမေမက ရင္ဘတ္ေလး
ဖိကာ ဘုရားတသည္.....
"မျဖစ္ဘူး မျဖစ္ဘူး ဒါဆို ေမေမတို႔ သမီး
ေလးကို တစ္ေယာက္ထဲလႊတ္ထားလို႔
ဘယ္လိုမွ မျဖစ္ေတာ့ဘူး .... ေမေမတို႔
ဘယ္လိုလုပ္ရင္ ေကာင္းမလဲသား "
"ဒီအိမ္မွာဆို သူ အန္တီနဲ႔ အန္ကယ္ ကို ျပန္သတိရရင္း အခုလိုမ်ိဳး ထပ္ျဖစ္ေနၪီး
မွာပဲ ေမေမ ..... အေကာင္းဆံုးကေတာ့
ပံုရိပ္ထင္ကို သားတို႔ အိမ္ေခၚထားလိုက္တာက စိတ္အခ်ရဆံုးပဲ ေမေမ "
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
ရက္လည္ကိစၥေတြ အကုန္ၿပီးစီးသြားသည္ႏွင့္ ေမေမက သူေျပာသည့္အတိုင္း ပံုရိပ္
ကို သူတို႔အိမ္ကို မရမက ေခၚလာသည္....
အခုခ်ိန္ထိ သူမ စိတ္အေျခအေနက အေကာင္းပကတိလံုးလံုး မျဖစ္ေသးေပ
မယ့္လဲ ေတာ္ေတာ္ေလးေတာ့ အေျခအေန ေကာင္းေနၿပီဟု ေျပာလို႔ရသည္.....
အခုဆို ေန့ရက္က ေက်ာင္းပိတ္ရက္ေစ့ေနၿပီမို႔ ေနာက္အပတ္ထဲ ဟိုကို ျပန္သြား
ရေတာ့မည္ျဖစ္သည္ ..... ဟိုကို ျပန္ရေတာ့မည္ဆိုမွ စိတ္ထဲ ေနာက္ဆံတင္း
ေနသည္မွာ ဘာေၾကာင့္လဲဆိုတဲ့အေျဖကို
သူ႔ႏွလံုးသားသူ ျပန္ဆန္းမစစ္လဲ သိေန
ပါၿပီ .....
ဟိုေကာင္ေတြ ေက်ာင္းတုန္းက အမုန္းၿပီးရင္ အခ်စ္ေတြလာလိမ့္မယ္လို႔ ေျပာခဲ့တုန္းက အသည္းအသန္ျငင္းခဲ့သည့္ သူပံုစံနဲ႔ အခု သူ႔ပံုစံသည္ လားလားမွ မဆိုင္ေတာ့ပါ...... သူ႔အျဖစ္ကိုသူလဲ သေဘာက်မိကာ ေန့ရက္ အသံတိတ္ရယ္မိသည္.....
ဒါေပမဲ့ သူ႔ခံစားခ်က္ေတြကို သူမ သိေအာင္ ေဖာ္ထုတ္ျပမည္မဟုတ္ပါ.... သူမ
သူ႔ကို အထင္လြဲသြားမည္ကို အင္မတန္မွ
စိုးထိတ္ရပါသည္.....
အျပင္ကေန သူမအတြက္ အမဲစြပ္ျပဳတ္
၀ယ္လာသည္မို႔ သူမေန့လယ္စာစားၿပီးၿပီ
လာဆိုတာ မိဘုတ္ကို ေမးရန္ ထမင္းစား
ခန္းထဲသို႔ ၀င္လာသည္......
ထမင္းစားခန္းထဲေရာက္ေတာ့ ထမင္း
စားပြဲမွာ ငူငူငိုင္ငိုင္ထိုင္ေနသည့္ သူမႏွင့္
တခုခုလုပ္ရန္ျပင္ေနေသာ မိဘုတ္ကို ေတြ့ရသည္.....
"ဘာစားၿပီးၿပီလဲ ပံုရိပ္ထင္ "
သူေမးလိုက္ေတာ့ ပံုရိပ္က သူ႔ကို မ်က္လံုး
ေလး လွန္ၾကည့္ၿပီး ဘာမွ ျပန္မေျဖပါ....
"မမေလးက ထမင္း မစားခ်င္ဘူးဆိုလို႔ ျမဴစြမ္ေလးျပဳတ္ေပးမို႔ အစ္ကိုေလး "
"ဒါဆို ျပဳတ္မေနနဲ႔ေတာ့ ..... ငါ အမဲစြပ္ျပဳတ္၀ယ္လာတယ္ .... ဒါပဲျပင္ၿပီး
ထည့္ေပးလိုက္ "
"ဟုတ္ဟုတ္ အစ္ကိုေလး "
သူပံုရိပ္ကို တစ္ခ်က္ၾကည့္ၿပီး ....
"ငါအေပၚမွာ အ၀တ္သြားလဲၪီးမယ္ "
သူမဆီမွ ဘာအေျဖမွ မၾကားရသည္မို႔
ေန့ရက္ သက္ျပင္းတစ္ခ်က္ခ်ၿပီးသာ
အေပၚထပ္ တက္သြားရသည္.....
•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°*
ပံုရိပ္ ညေနဘက္ ေန့ရက္ဆက္တို႔ ၿခံထဲမွ
ဒန္းေလးေပၚထိုင္ရင္း ေမေမတို႔ကို သတိရေနတုန္း ပံုရိပ္ဆီေလ်ွာက္လာ
သည့္ ေန့ရက္ဆက္ကို ျမင္ရသည္....
ပံုရိပ္ ကိုယ့္ကိုယ္ကို အဆံုးစီရင္ဖို႔ ႀကိဳးစားသည့္ေန့မွ စၿပီး အခုခ်ိန္ထိ ပံုရိပ္ေပၚ
ဆက္ဆံသည့္ ေန့ရက္ဆက္ ပံုစံေတြ ေျပာင္းလဲေနပါသည္.....
ဒီရက္ပိုင္း စိတ္ေထာင္းကိုယ္ေၾကျဖင့္
ဘာဆိုဘာမွ စားလို႔မ၀င္ခဲ့ေပမယ့္
ဟိုတေန့က သူ၀ယ္လာသည့္ အမဲစြပ္ျပဳတ္ကိုေတာ့ ေတာ္ေတာ္ေလး စား၀င္ခဲ့ပါသည္.....
ၿပီးေတာ့ ပံုရိပ္ ဒီအိမ္စေရာက္ထဲက သူ႔ပံုစံ
က ပံုရိပ္ကို ျမင္တာနဲ႔ အရင္လို ေလွာင္ခ်င္ေနသည့္ အၾကည့္မ်ိဳးေတြ မရိွေတာ့
ဘဲ ေနြးေနြးေထြးေထြး ႏူးႏူးညံ့ညံ့
ခံစားခ်က္မ်ိဳးကိုသာ ခံစားေနမိသည္....
ပံုရိပ္ဆီတည့္တည့္ေလ်ွာက္လာသည့္သူက ပံုရိပ္ထိုင္ေနသည့္ ဒန္းေလးမွာ ၀င္ထိုင္သည္.....ၿပီးေတာ့ ပံုရိပ္လက္ထဲ ကံ့ေကာ္ပန္း တစ္ပြင့္ ထည့္ေပးသည္....
"ရႉၾကည့္လိုက္ .... စိတ္ထဲလန္းသြားလိမ့္
မယ္.... "
သူယူလာသည့္ပန္းကို ခပ္တည္တည္နဲ႔ ရႉေမႊးခိုင္းေနသည့္ ေန့ရက္ဆက္ကို အမွန္တကယ္ပင္ ပံုရိပ္နားမလည္ေတာ့ပါ....
သူဘာျဖစ္ခ်င္ေနတာလဲ ..... ပံုရိပ္ဘက္က ဘာမွမေျပာသည္မို႔ သူကပဲ စကားျပန္စသည္.....
"နင္ ငါ့ကို အခုထိ မုန္းေနတုန္းပဲလား
ပံုရိပ္ထင္"
ပံုရိပ္သူ႔ကို ၾကည့္လိုက္ေတာ့ သူက ပံုရိပ္မ်က္ႏွာကို ခပ္ေတြေတြေလး စိုက္ၾကည့္
ေနသည္.....သူ႔အၾကည့္ေတြဆီကေန
တစ္မ်ိဳးတမည္ေသာ အဓိပၸါယ္ေတြ ပံုရိပ္ ခံစားမိေနသည္.....
"နင္က ငါ့ကို မုန္းေနမလား မသိေပမယ့္
ငါကေတာ့ နင့္အေပၚ မမုန္းေတာ့ဘူးဆိုတာကို နင္သိေစခ်င္တယ္.... အခုဆို ငါ့အေဖေရာ အေမေရာက နင့္ကို သမီး အျဖစ္ ေမြးစားလိုက္ၿပီေလ .... အဲ့ေတာ့
နင့္အေနနဲ႔ ငါ့အေပၚ အရင္က ခံစားခ်က္
ေတြေျပေပ်ာက္သြားတဲ့တစ္ေန့ အစ္ကို
တစ္ေယာက္လိုမ်ိဳး ယံုၾကည္အားကိုးလို႔
ရတယ္...... "
ပံုရိပ္သူေျပာသည့္ စကားကို မယံုႏိုင္စြာ
ႏွင့္ သူ႔ကိုလွည့္ၾကည့္ေတာ့ သူက ပံုရိပ္ကို အခ်ိဳသာဆံုးၿပံဳးျပသည္.....
🍀 ** ** ** ** ** ** ** ** ** 🍀
အပိုင္း 10 ေမ်ွာ္~