🍀 အမုန်းများရဲ့ အလွန် 🍀

By MoMo_1030

386K 11.1K 120

မာနတွေပြိုင်ကြရင်း တည်ဆောက်ဖြစ်ခဲ့တဲ့ နေ့ရက်ဆက် နဲ့ ပုံရိပ်ထင်တို့ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းလေး ❤️❤️ More

🍀 အပိုင်း 1 🍀
🍀 အပိုင်း 2 🍀
🍀 အပိုင်း 3 🍀
🍀 အပိုင်း 4 🍀
🍀 အပိုင်း 5 🍀
🍀 အပိုင်း 6 🍀
🍀 အပိုင်း 8 🍀
🍀 အပိုင်း 9 🍀
🍀 အပိုင်း 10 🍀
🍀 အပိုင်း 11 🍀
🍀 အပိုင်း 12 🍀
🍀 အပိုင်း 13 🍀
🍀 အပိုင်း 14 🍀
🍀 အပိုင်း 15 🍀
🍀 အပိုင်း 16 🍀
🍀 အပိုင်း 17 🍀
🍀 အပိုင်း 18 🍀
🍀 အပိုင်း 19 🍀
🍀 အပိုင်း 20 - ပထမပိုင်း 🍀
🍀 အပိုင်း 20 - ဒုတိယပိုင်း🍀
🍀 အပိုင်း 21 🍀
🍀 အပိုင်း 22 🍀
🍀 အပိုင်း 23 🍀
🍀 အပိုင်း 24 🍀
🍀 အပိုင်း 25 🍀
🍀 ဇာတ်သိမ်းပိုင်း 🍀
❤️ အသိပေးဖြေရှင်းခြင်း ❤️

🍀 အပိုင်း 7 🍀

10.1K 371 1
By MoMo_1030

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 7 🍀

ပုံရိပ် သင်္ချာပုစ္ဆာတွေ ပြန်တွက်နေတုန်း မေမေက အိုဗာတင်းတစ်ခွက်ရယ်
ကိတ်မုန့်၂ချပ်ရယ်ကို ဗန်းလေးနဲ့ ယူလာသည်.....

"သမီး မုန့်လေးစားပြီးမှ ဆက်တွက်တော့ ... ညစာလဲ ကောင်းကောင်းမစား
ဘူး "

"ဟုတ်ဟုတ်မေမေ ... သမီးပြီးမှ စားလိုက်မယ်နော် "

"ပြီးမှ စားမယ်မလုပ်နဲ့ .... အခုမေမေ့
ရှေ့မှာစား .... သမီးမှာ အစာအိမ်အခံရှိတယ်ဆိုတာ မမေ့နဲ့နော် .... မြန်မြန်လေး
စားလိုက် ပြီးမှ ဆက်တွက်တော့ "

ဥာဏ်စမ်းပုစ္ဆာတွေတွက်ဖို့က အများကြီးကျန်နေသေးတာကို မေမေက အတင်း
မုန့်စားခိုင်းနေတာမို့ ပုံရိပ် လက်ထဲမှ ခဲတံ
ကို ခဏချထားလိုက်ပြီး ကိတ်မုန့်တစ်ချပ်
မြန်မြန်၀ါးလိုက်ပြီး အိုဗာတင်းကိုပါ တစ်ခါထဲ မော့သောက်လိုက်သည်.....

"ရပြီနော်မေမေ"

"ကိတ်မုန့်ကျန်တာလေး စားလိုက်ဦးလေ
သမီး "

"ဟင့်အင်း တော်ပြီ မေမေ .... သမီးတကယ် ဗိုက်၀သွားပြီ "

" နားနားပြီးလုပ်ပါ သမီးရယ်.... သမီး တွက်နေတာ ဘယ်လောက်ကြာပြီလဲ
အခု ၁၀နာရီထိုးနေပြီ .... ၁၂ နာရီဆိုရင်
တော့ ရပ်မှရမယ်နော် "

"ဟုတ်ဟုတ်မေမေ "

"သင်္ချာဆိုတာက ခေါင်းကြည်နေမှ တွက်နိုင်တာ သမီးရဲ့ ..... ၁၂ ထိုးရင်တော့ တကယ် တော်တော့နော်.... မေမေ့သမီး
က စာမေးပွဲနားနီးမှ စာလုပ်တဲ့ သူမှ မဟုတ်တာ .... ကိုယ့်ကိုယ်ကို စာရနေပြီ
ဆိုတဲ့ ယုံကြည်ချက်လေးသွင်းထား ....
ဟုတ်ပြီလား ဘာမှ မကြောက်နဲ့နော်"

"ဟုတ်မေမေ "

ပုံရိပ် မေမေစိတ်ချမ်းသာအောင် ဟုတ် လို့ပြောလိုက်ရသော်လည်း တကယ်တမ်း
ကျတော့ အခု ပုံရိပ်တွက်ရန်လုပ်ထားသော ဥာဏ်စမ်းတွေကို တွက်မည်ဆိုပါက
မနက် ၁နာရီခွဲလောက်မှ ပြီးမှာ ဖြစ်သည်
......

မေမေ့စကားနားမထောင်ချင်လို့ မဟုတ်ပါ
ဘူး မေမေရေ .... ဒါတွေအကုန်တွက်ထားမှ မနက်ဖြန် မေးလာမယ့် မေးခွန်းတွေ ဖြေနိုင်မှာမို့ပါ ....

သင်္ချာမှာ နေ့ရက်ဆက်ကဖြတ်ထိုးဥာဏ် တအားကောင်းသည် ..... ပုစ္ဆာတစ်ပုဒ်မြင်သည်နှင့် ဘယ်လိုဖြေရှင်းရမလဲဆိုတာ တန်းသိပြီး ခဏလေးအတွင်း အ​ဖြေထွက်သည်... ပုံရိပ်က သူ့လို မဟုတ်တာမို့
မေးခွန်းမြင်တာနဲ့ ဘယ်လိုတွက်ရမလဲဆို
တာသိအောင် များများတွက်ပြီး များများ
လေ့ကျင့်မှ ဖြစ်မည် .....

မေမေက အိပ်ခိုင်းနေပြီ ပုစ္ဆာတွေက တွက်ဖို့ကျန်နေသေးသည်ဟူသောစိတ်ကကြီးစိုး လာသောအခါ တွက်နေသည့်ပုစ္ဆာ
ပင် ပုံရိပ် ဆက်မတွက်တတ်တော့ပေ....

စိုးရိမ်စိတ်တွေနဲ့ ပူလောင်ရသောအခါ
ငိုချင်လာပြီး မျက်ရည်က အလိုလို ကျလာသည်...

ပုံရိပ်သာ မနက်ဖြန် သင်္ချာကို အပုဒ်စေ့
မဖြေနိုင်ဘူးဆိုရင် .... ဟင့်အင်း မဖြေနိုင်ဘူးဆိုတာ မဖြစ်ရဘူး ဖြေကို ဖြေနိုင်ရမယ်.....

ပုံရိပ်ထင် ကြိုးစားထား နင်လုပ်နိုင်ရမယ်......

*•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°*

စာမေးပွဲခန်းထဲ ဆရာမက အဖြေလွှာ စာရွက်တွေ သိမ်းသွားပြီးချိန်အထိ ထိုင်ခုံ
မှာ ပုံရိပ်ငူငူကြီး ထိုင်နေမိသည်.....

ပုံရိပ် ဘယ်လိုဖြစ်သွားခဲ့ရတာလဲ ...
ကိုယ့်ကိုယ်ကိုလဲ တကယ် မယုံနိုင်ပါ....

ဒီမနက် မေးသွားသော သင်္ချာမေးခွန်းသည် ပုံရိပ်ညက မနက်တစ်နာရီခွဲအထိတွက်ထားခဲ့သော ပုစ္ဆာများထဲမှ တစ်ပုဒ်မှ မေးမသွားပါ ..... အားလုံးဖြေနိုင်လောက်
မယ့် မေးခွန်းတွေပဲ မေးသွားသည်....

ဒါပေမဲ့ ပုံရိပ် မဖြေနိုင်ခဲ့ပါ .... ခက်တဲ့ ပုစ္ဆာတွေပဲ ဖိတွက်ခဲ့လို့ အရမ်းလွယ်ပြီး
အားလုံးဖြေရှင်းနိုင်လောက်မည့် ထိုပုစ္ဆာလေးကို ပုံရိပ် ရင်းနှီးနေခဲ့ပေမယ့် နောက်ဆုံးအချိန်ထိ ဘယ်လိုအစဖော်ပြီး တွက်ရမလဲ မသိခဲ့လို့ အဲ့တစ်ပုဒ်ကို ချန်ထားခဲ့ရသည်......

နေ့ရက် ဘောပင်တွေခဲတံတွေသိမ်းရင်း
ဘာရယ်မဟုတ် အနောက်ကို လှည့်ကြည့်
မိတော့ ငေးငေးလေး ထိုင်နေသည့်
ပုံရိပ်ထင် ......မျက်နှာက မသာမယာနဲ့ ဘယ်လိုဖြစ်တာလဲ ...... မဖြေနိုင်လို့လား
ဟင့်အင်း မဖြစ်နိုင်ပါဘူး .....မေးခွန်းက ဒီလောက်လွယ်တာ .... သူအကုန်ဖြေနိုင်
မှာပါ .....

နေပါဦး သူကအခု ပုံရိပ်ထင်ကို စိတ်ပူပေးနေတာလား ..... နေ့ရက်ဆက် မင်း စိတ်ကိုထိန်းစမ်း .... သတိလေးဘာလေး ထားဦး ....

ဆရာမက အခန်းထဲမှ ထွက်လို့ရပြီဆိုတာနဲ့ ပုံရိပ်ထင်အကြောင်း တွေးမနေတော့
ဘဲ ချက်ချင်းထထွက်လာခဲ့သည်.....

သင်္ချာဖြေပြီး ကျန်တဲ့၃ဘာသာ ဖြေရန် ကျန်နေသေးသော်လည်း စနေ တနင်္ဂနွေ နှစ်ရက် ပိတ်သည်မို့ နေ့ရက် ဒီနေ့တော့ စာလုပ်မှာ မဟုတ်ပေ .....

ပုံရိပ် စာမေးပွဲခန်းထဲမှ ထွက်လာတော့
နေ့ရက်ဆက်က သူ့သူငယ်ချင်း ၂ယောက်ကိုလည်ပင်းဖက်ပြီး ရယ်မောနေသည်....

သူကတော့ ပျော်နေမှာပေါ့ ပုံရိပ်မှာသာ ရင်ဘတ်တစ်ခုလုံး မွန်းကြပ်ဆို့နင့် နေပြီး အသက်ရှူမ၀တော့သလို ခံစားနေရသည်....

"ပုံရိပ်ရေ... "

နောက်မှ ၀တ်မှုန်ခေါ်သံကြောင့် ပျက်နေသည့် မျက်နှာကို ချက်ချင်းပြင်ပြီး ပုံရိပ်
ပြုံးပြလိုက်သည်.....

"ဖြေနိုင်တယ်မလား ပုံရိပ် ဒီနေ့လွယ်တယ်နော် .... "

"အေး ဟုတ်တယ် "

"ငါကလေ အရမ်းခက်တာကြီးတွေ ပါလာမှာဆိုးတာဟာ .... အခုတော့ တော်သေး
တယ် လွယ်လွယ်လေးတွေပဲ မေးလာလို့
.... မနေ့က ဆရာမကြီးက အင်္ဂလိပ်စာ
ကို ခက်ထားတော့ ဒီနေ့ သင်္ချာကို လွယ်ပေးလိုက်သာ ဖြစ်မယ်နော် ပုံရိပ် "

"အင်း ဟုတ်လောက်မယ် "

ပုံရိပ် မချိပြုံးပြုံးရင်း ၀တ်မှုန်ကို စကားပြန်ပြောနေရသည်.... ဒီနေ့ ဖြေနိုင်လို့ အကုန်လုံး ပျော်နေကြသည့် အချိန် ပုံရိပ်ကတော့ အသုံးမကျလိုက်တာ..... ၀တ်မှုန်ရှေ့တွင် မျက်ရည်ကျလာမည်ဆိုး၍ နှုတ်ခမ်းအတွင်းသားကို သွားနဲ့ဖိကိုက်ပြီး မနည်းထိန်းထားရသည်....

"၀တ်မှုန် ငါ့အိမ်က ကားလာကြိုပြီ...  ငါသွားတော့မယ်နော် "

"အေးအေး နင်အိမ်ပြန်ရောက်ရင် ခဏ
နားဦးနော် ကျောင်းနှစ်ရက်ပိတ်တာပဲ
ဟာကို ဟုတ်ပြီလား "

ပုံရိပ် ... ၀တ်မှုန်ကို လှမ်းဖက်လိုက်ပြီး

"ကျေးဇူးပါဟာ "

၀တ်မှုန်က ပုံရိပ်ကျောလေးကို ပုတ်ပေးပြီး "ငါ့သူငယ်ချင်းလေး စာတွေပိပြီး
လူလဲ သေးသေးလေးပဲ ရှိတော့တယ်...
စာမေးပွဲပြီးမှ နင်ငါသွားသမျှ မုန့်ဆိုင်
တွေ အကုန်လိုက်ရမယ်နော် "

"အေးပါဟာ.... ငါသွားပြီနော် ....
တာ့တာ"

"အေးအေး တာ့တာ .... "

ပုံရိပ် ကားပေါ်ရောက်မှ ၀တ်မှုန်ရှေ့ အဆင်ပြေတဲ့ပုံစံ ဟန်ဆောင်ထားရသည့်
စိတ်ကိုလျှော့ချလိုက်ရသည်.....

ထိုစဥ် ကားထဲက ရေဒီယိုမှ လွှင့်သည့် သီချင်းက အဆိုတော် မေဆွိရဲ့  အတ္တ ဖြစ်နေသည်....

"ငယ်စဥ်ကတည်းက ရိုးသားဖြူစင်ခဲ့
ရေလိုကြည်လင်အေးမြလို့ သာယာနေတဲ့ကိုယ့်ဘ၀ကို ဘယ်သူ၀င်ကာ ဆေးဆိုးလိုက်ပြီလဲ .....

အိုး....စဥ်းစားမရတော့ဘူး ကိုယ့်စိတ်တွေ
လေထဲမှာလွင့်မျောကာ ထိန်းမရနိုင်ဘူး
ကိုယ့်မျက်လုံးတွေလဲ အမြင်တွေမှုန်ရီဝေ၀ါး မသဲကွဲတော့ဘူး ... ရေး

ဆန္ဒများနဲ့ စိတ်ဓာတ်ကိုဖိစီး ခန္ဓာကိုယ်က သွေးဆဲလ်နဲ့ တည်ငြိမ်နေတဲ့နှလုံးသားထဲ
ဘယ်သူ၀င်ကာအဆိပ်ခတ်လိုက်ပြီလဲ
အို...အိပ်လို့မရတော့ဘူး ညညတွေ
ရင်မောကာနေရတာ စိတ္တဇလိုပဲ ကူညီကြပါဦး ဒီမှာကယောင်ချောက်ခြား အတွေးများနဲ့ရူး.... ရူး

အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွှမ်းကာ
ကိုယ့်အရိပ်ကို ရန်သူထင်တယ် ဦးနှောက်ထဲမှာ လိုချင်တာပဲသိ .... ဘယ်အရာတွေ
ဘယ်လို အို... ကောင်းသလား ဆိုးမှာလား
ကိုယ်ကိုယ်တိုင်လည်း ခွဲခြားမသိတော့ဘူး
အတ္တများနဲ့ အဆိပ်တက်လို့ အခန်းကျဥ်း
ထဲမှာ ကိုယ်တစ်ယောက်ထဲရူး..... "

အန်တီမေဆွိရယ် ..... ပုံရိပ်ကိုများ ကြည့်ပြီး ဆိုလေသလား ..... သီချင်းလေးထဲက
အတိုင်း ပုံရိပ်တစ်ကိုယ်လုံး အတ္တတွေနဲ့ အဆိပ်သင့်ပြီထင်ပါတယ် .... ရင်မောကာ နေရတဲ့ တကယ့် စိတ္တဇဘ၀လိုပဲ ပူလောင်
ရလွန်းတယ် .....ပုံရိပ်မသိခင်မှာပဲ မျက်ရည်ပူတွေဟာ ပုံရိပ်ပါးပေါ် စီးကျသွားခဲ့သည်......

အိမ်ရောက်တော့ မေမေ့ကို ဖြေနိုင်တယ်ပဲ ပြောပြီး အခန်းထဲ တန်း၀င်လာခဲ့သည်
...... အင်္ကျီလဲပြီးတာနဲ့ အိပ်ရာထဲ တစ်ခါ
ထဲ လှဲအိပ်လိုက်သည်.... ပုံရိပ် အိပ်ပျော်
အောင် အိပ်မှ ဖြစ်မည် .... မွန်းကြပ်နေတဲ့ ပုံရိပ်စိတ်ထဲက ပြန်ပြီး လွတ်မြောက်
ဖို့ဆိုတာ ပုံရိပ် အိပ်ပျော်သွားမှ ဖြစ်မည်....

ဘာမှ တွေးမနေတော့ဘဲ ပုံရိပ်မျက်လုံးတွေသာ မှိတ်ချလိုက်သည်....

••°°••°°••°°••°°••°°••°°••°°••°°••°°

ဒီတစ်ခါတော့ မှားလို့လုံး၀မဖြစ်တော့ဘူးဆိုသည့်စိတ်နှင့် စနေ တနင်္ဂနွေကို အားတင်းကျော်ဖြတ်ရင်း Chemistry ရော Physics ရော ဖြေပြီးသွားခဲ့သည်
......

9တန်းကျောင်းသူဘ၀ရဲ့ နောက်ဆုံး
စာမေးပွဲ နောက်ဆုံးနေ့တွင် ပုံရိပ်ဘ၀ရဲ့ တစ်သက်တာမမေ့နိုင်သော အဖြစ်ဆိုးမျိုး
ကြုံခဲ့ရသည်......

Bio ဖြေနေရင်း ဗိုက်က ထိုးအောင့်လာ
သည်မှာ လက်ကကိုင်ထားသည့် ဘောပင်
ပါလွတ်ကျသည်.....

စာမေးပွဲဖြေစဥ်တစ်လျှောက် အစားစားချိန် မမှန်ခဲ့မှုများသည် အခုတော့ ပုံရိပ်
ကို ကောင်းကောင်းကြီး ဒုက္ခပေးနေပြီ ဖြစ်သည်.....

အားတင်းပြီးရေးနေပါသော်လည်း
ဗိုက်ကထိုးအောင့်လာတာ ချွေးစေးတွေပါ
ကျသည်... လက်ရေးတွေလဲ အကုန် စုတ်ပြတ်ကုန်သည် ...

စာရေးတာ ခဏနားပြီး အသံကို
ခပ်ပြင်းပြင်း ရှူထုတ်မိသည်....ဒါလဲ
မသက်သာပါ .... သူမအခုချိန် ဆရာမကို
လှမ်းခေါ်လိုက်ရင် စာသင်နှစ် တစ်နှစ်နောက်ကျသွားလိမ့်မည်..... ဟင့်အင်း
အဲ့လို ဖြစ်လို့မရပါ .... အားတင်းပြီး ဖြေပေမယ့် အချိန်ပြည့်ဖို့က ၅မိနစ်သာလိုတော့သည်..... ပုံရိပ် အခုမှ ၆၀ ဖိုးကျော်ကျော်ပဲ ဖြေရသေးသည်..... စာသင်နှစ်
တစ်နှစ်မအောက်ရရင်တောင် ပုံရိပ် အခြေအနေက သွား​ပြီပေါ့ .....

ဗိုက်အောင့်သည်မှာ အခြေအနေ ဘယ်လောက်ဆိုးလဲဆိုလျှင် အမြင်တွေပါ
ဝေ၀ါးလာသည်..... အချိန်ပြည့်ကြောင်း
ခေါင်းလောင်းသံ မြည်လာသည့်အခါတွင်
ပုံရိပ်ခေါင်းတွေ ချာချာလည်အောင်
မူးနေသည်.....

ဆရာမက ပုံရိပ်ဆီမှ အဖြေလွှာယူပြီး
ပုံရိပ်ဘေးမှ ဖြတ်အသွား ပုံရိပ်နှုတ်ဖျားမှ
တီ.....ချယ်.....

ပုံရိပ်ကမ္ဘာကြီး မှောင်မိုက်သွားရတော့သည်.....

"သမီး .... သမီး ပုံရိပ် "

နေ့ရက်ပစ္စည်းတွေသိမ်းနေတုန်း နောက်မှ ဘုန်းခနဲ လဲကျသံကြီးကြောင့်
လှည့်ကြည့်တော့ ပုံရိပ်ထင် လဲကျသွားတာဖြစ်သည်.....

ဆရာမက လှုပ်နှိုးနေပေမယ့် သတိပြန်လည်မလာပေ.....

ဆရာမတွေအကုန် ပြာယာတွေ ခတ်ကုန်ကြပြီး ဆေးရုံကားကို ချက်ချင်းလှမ်းခေါ်
ပြီး ဆေးရုံအမြန်ပို့ရသည်....

ပုံရိပ်ထင် ဘာတွေဖြစ်သွားခဲ့တာလဲ ....

***•°•°•°***•°•°•°***•°•°•°***

၁လခန့် ကြာသောအခါ ~

နေ့ရက် ကျူရှင်ပိတ်ရက်မို့ ခြံထဲတွင်
ဂစ်တာတီးနေတုန်း ဘာရယ်မဟုတ် စိတ်က ပုံရိပ်ထင်ကိုသတိရသွားသည်.....

မနေ့က ကောင်းခန့်တို့လာတုန်းက ပြောသွားတာ ပုံရိပ်ထင်တစ်ယောက် လာမယ့်
၁၀တန်းကို မေမြို့က စိုးစံဘော်ဒါမှာပဲ
တက်ဖြစ်မှာမို့ ဟိုနေ့က သူ့အမေနဲ့ ကျောင်းမှာ ကျောင်းပြောင်းလက်မှတ်
လာယူသွားသည်တဲ့ ....

စာမေးပွဲနောက်ဆုံးနေ့ bio ​ဖြေတုန်းက
လဲကျသွားသည့်အကြောင်းရင်းမှာ အစာ
စားချိန် မမှန်ခဲ့၍ အူအတက်ပေါက်သွား
ခြင်း ဖြစ်သည်.....

အဲ့လိုဖြစ်သွားတော့လဲ သူ့မှာ
စိတ်မကောင်းပါ.... တကယ်တော့ ပုံရိပ်ထင် စာမှစာ ဖြစ်သွားရသည့် အဓိက အကြောင်းရင်းမှာ သူမဟုတ်လား.....

တကယ်တော့ သူနဲ့ဇာခြည် ပြတ်သွားတာ
ပုံရိပ်ထင်ကြောင့်ဆိုပြီး အဲ့ဒီအချိန်တုန်းက အထိနာစေမည့် စကားလုံးအချို့နှင့်
ပုံရိပ်ထင် မခံချင်အောင်ပြောခဲ့မိသည်....

တကယ်တော့ သူလိုချင်တာ ပုံရိပ်ထင်နှင့်
မျှမျှတတ ယှဥ်ပြိုင်မှု ဖြစ်သည်.... အခုတော့ ပုံရိပ်ထင် က ကျောင်းပြောင်း
သွားတဲ့အထိ ​​ဖြစ်သွားခဲ့တာဆိုတော့
သူလဲ တကယ်စိတ်မကောင်းပေ .....

ခြံထဲ ဂစ်တာပိုက်ပြီး အတွေးလွန်နေတုန်း

"သားရေ"

"ဗျာ မေမေ "

"ဂိုက်ဆရာလေး လာတော့မယ်နော်....
ရေချိုးထားဦးလေ "

"ဟုတ်ကဲ့ မေမေ လာပြီ လာပြီ "

နေ့ရက်မေမေ့ကို အသံပြန်ပြုရင်း
အိမ်ထဲပြန်၀င်ခဲ့သည်.....

~~~~

"သမီး တခုခု ကိစ္စရှိတာပဲဖြစ်ဖြစ်
လိုချင်တာပဲဖြစ်ဖြစ် မေမေတို့ကို ချက်ချင်း ဖုန်းဆက်နော် "

"ဟုတ်ကဲ့ပါ မေမေရဲ့ .... သမီး လိုတာ ရှိတာနဲ့ ချက်ချင်း ဖုန်းဆက်လိုက်မယ်နော်"

"မေမေ့သမီးလေးကို မေမေစိတ်မချဘူး
..... အခုမှ နေပြန်ကောင်းတာ ဘယ်လောက်ရှိသေးလို့လဲ .... သမီး
အဆောင်ဟင်း အဆောင်ထမင်း မစား
ချင်ဘူးဆိုရင် မေမေလုပ်ပေးထားတဲ့
ဟင်းအခြောက်အခြမ်းလေးတွေနဲ့ စားနော်..... ဟင်း မကြိုက်ဘူးဆိုပြီး မစားဘဲ
မနေနဲ့နော် ..... သမီး အစာအိမ်က
အဆာခံလို့ မဖြစ်ဘူးဆိုတာ သိတယ်
မလား"

"သမီး သိပါတယ်မေမေရဲ့ ..... သမီး
နောက်တစ်ကြိမ် အဖြစ်မခံတော့ပါဘူး
လို့ "

"ခင်ရယ် .... သမီးလေး နားပါစေဦး
မင်း ပူညံပူညံလုပ်နေတာနဲ့ သမီးလေး
စိတ်ညစ်နေပါဦးမယ်...."

"အို .... ရှင်ကလဲ ခင်ကမှ သမီးလေးကို
စိတ်မချတာ .... ဖြစ်နိုင်ရင် သမီးလေးကို
ခင် ရင်ငွေ့အောက်မှာပဲထားချင်တာ...
သမီးလေးက ဒီမှာတက်ချင်တယ်ဆိုလို့သာ ခွင့်ပြုလိုက်ရတာ ...."

"ကဲပါ ခင်ရယ် ကိုယ်တို့ သွားကြရအောင်
..... သမီး ဖေဖေတို့ သွားမယ်နော်
သမီး မေမေပြောသလိုပဲ တခုခု လိုတာနဲ့
ဖေဖေတို့ဆီ ဖုန်းတန်းဆက်နော် "

"ဟုတ်ဖေဖေ.... "

မေမေကတော့  ပုံရိပ်ကို စိတ်မချသည့် ပုံမို့ မျက်ရည်လေး ခပ်၀ဲ၀ဲနှင့် .... မေမေ့ကို
ကြည့်ပြီး ပုံရိပ်လဲ စိတ်မကောင်းပါ....
ဒါပေမဲ့ မေမေရယ် ပုံရိပ်ကို မွန်းကြပ်စေတဲ့ အရာတွေကနေ ပုံရိပ် လွန်မြောက် ချင်ပြီမို့ မေမေကပဲ နားလည်ပေးပါ.....

မေမေနဲ့ ဖေဖေကားလေး ဘော်ဒါ၀င်း
ထဲမှ ထွက်သွားသည်အထိ ပုံရိပ် ကြည့်
နေမိသည်.... သူမ ဘ၀မှာ တစ်ခါမှ
မေမေနဲ့ဖေဖေတို့နှင့် မခွဲဖူးပါ .... အခုတော့ အားလုံးကို ပြီးဆုံးချင်သည့် စိတ်နှင့်
ပုံရိပ် မေမေတို့ ဖေဖေတို့နဲ့ရော ၀တ်မှုန်
နဲ့ပါ ခွဲလာခဲ့ရသည် ~

•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°*

ဥတုရာသီ အလီလီပြောင်းလဲလာပြီးတဲ့
နောက်မှာတော့ ပုံရိပ်တို့ပင် ဆယ်တန်း
စာမေးပွဲကြီး ဖြေပြီးခဲ့ပြီး အောင်စာရင်းကိုစောင့်မျှော်နေရပြီဖြစ်သည်.....

ဒီတောအတွင်း အခြားသူနဲ့ ပြိုင်ချင်ဆိုင်ချင်တဲ့ စိတ်ကို ချိုးနှိမ်ပြီး ကိုယ့်ဘာသာ
အကောင်းဆုံးစိတ်နဲ့ ကြိုးစားခဲ့သောကြောင့် ပုံရိပ် စာမေးပွဲကို သေချာလေး ဖြေနိုင်ခဲ့ပါတယ် .... နေ့ရက်ဆက်ကိုတော့ ကျောင်းက Top 10 အထိ မှန်းနေကြတယ်လို့ ပုံရိပ် ၀တ်မှုန်ဆီက ပြန်ကြား
ရပါသည်.....

နေ့ရက်ဆက်အကြောင်း ခေါင်းထဲ၀င်လာ
သည်နှင့် ပုံရိပ်ခေါင်းကို ခါထုတ်လိုက်
သည်..... သူ့ကြောင့် ပုံရိပ်ရဲ့ တစ်နှစ်တာ
ဟာ ဘယ်လောက်ထိ ခက်ခဲပင်ပန်းခဲ့ရလဲ...... ဒါပေမဲ့လဲ အခုတော့ ပြီးသွားပြီ
ထင်ပါတယ် .....

အောင်စာရင်းထွက်ရင်လဲ ပုံရိပ်က စီးပွားရေးပဲ ၀ါသနာပါသည်မို့  ဖွင့်တာ
မကြာသေးသည့် NMC College က Business Management major ပဲ ယူမှာဖြစ်သည့်အတွက် သူနဲ့ထပ်တွေ့
စရာ အကြောင်း မရှိတော့ပါ .....

"သမီးရေ .... ဘာလုပ်နေလဲ "

"ဒီမှာ ပန်းပင်တွေရေလောင်းနေတာ မေမေ ..... ဘာဖြစ်လို့လဲဟင် "

"ဪ သမီးကလဲ အဲ့တာတွေ ခဏ ထားခဲ့ပါကွယ် ..... သွား ....ရေမြန်မြန်သွားချိုးတော့ ..... တော်ကြာနေ
ဧည့်သည်တွေရောက်လာကြတော့မယ် "

"ဘယ်က ဧည့်သည်တွေလဲ မေမေရဲ့ .... "

"မေမေရဲ့ အချစ်ဆုံး သူငယ်ချင်းမိသားစု
လေ ..... ကွဲသွားတာ ကြာလှပေါ့ သမီး
ရယ် အဲ့တာ ဟိုနေ့ကမှ အမှတ်မထင် ယုဇနပလာဇာမှာ ပြန်တွေ့ကြတာ ....
အဲ့တာ အခု ဒီနေ့အိမ်ကို ထမင်းစား ဖိတ်ထားတယ်လေ .... အဲ့တော့ သမီးလေး
ရေချိုးပြီး လှလှလေး ပြင်ထား .... မေမေက မေမေ့သမီးလေးကို ကြွားချင်လို့ "

"မေမေကတော့လေ "

မေမေဟာ တစ်ခါတလေ ပုံရိပ်ထက်ပင် ကလေးဆန်ချင်ပါသေးသည်.... အခုတော့ မေမေ့အလိုကျ ပုံရိပ် အိမ်အပေါ်ထပ်မှ အခန်းဆီပြန်တက်လာရသည်......

~~~~

ပုံရိပ်ပြင်ဆင်ပြီး အောက်ဆင်းဖို့လုပ်တော့ အောက်မှာ ဧည့်သည်တွေရောက်နေကြ
ပြီထင်သည်......

"ဒါ ချို့ သားလေ ခင် ..... "

"သားက အချောလေးပဲနော် .... ဒီနှစ်
ဆယ်တန်းဖြေထားတာဆိုတော့ သမီး
လေးနဲ့ အတူတူပေါ့ "

" ဟုတ်တယ်ခင်ရေ .... ဒါနဲ့ ခင့်သမီးလေးရော မတွေ့ပါလား "

" ဟောဟိုမှာ ဆင်းလာပါပြီ ချိုရေ.....
သား ဟိုမှာ အန်တီသမီးလေ.... နာမည်
က ပုံရိပ်ထင်တဲ့ "

"ဗျာ "

နေ့ရက် အလန့်တကြားနှင့် နောက်ကို
လှည့်ကြည့်တော့ တကယ်ပဲ သူသိသည့်
ပုံရိပ်ထင် ဖြစ်နေသည်.....

🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင်း 8 မျှော်~

Zawgyi:

အမုန္းမ်ားရဲ့ အလြန္~

🍀 အပိုင္း 7 🍀

ပံုရိပ္ သခ်ၤာပုစၧာေတြ ျပန္တြက္ေနတုန္း ေမေမက အိုဗာတင္းတစ္ခြက္ရယ္
ကိတ္မုန္႔၂ခ်ပ္ရယ္ကို ဗန္းေလးနဲ႔ ယူလာသည္.....

"သမီး မုန္႔ေလးစားၿပီးမွ ဆက္တြက္ေတာ့ ... ညစာလဲ ေကာင္းေကာင္းမစား
ဘူး "

"ဟုတ္ဟုတ္ေမေမ ... သမီးၿပီးမွ စားလိုက္မယ္ေနာ္ "

"ၿပီးမွ စားမယ္မလုပ္နဲ႔ .... အခုေမေမ့
ေရ႔ွမွာစား .... သမီးမွာ အစာအိမ္အခံရိွတယ္ဆိုတာ မေမ့နဲ႔ေနာ္ .... ျမန္ျမန္ေလး
စားလိုက္ ၿပီးမွ ဆက္တြက္ေတာ့ "

ဥာဏ္စမ္းပုစၧာေတြတြက္ဖို႔က အမ်ားႀကီးက်န္ေနေသးတာကို ေမေမက အတင္း
မုန္႔စားခိုင္းေနတာမို႔ ပံုရိပ္ လက္ထဲမွ ခဲတံ
ကို ခဏခ်ထားလိုက္ၿပီး ကိတ္မုန္႔တစ္ခ်ပ္
ျမန္ျမန္ဝါးလိုက္ၿပီး အိုဗာတင္းကိုပါ တစ္ခါထဲ ေမာ့ေသာက္လိုက္သည္.....

"ရၿပီေနာ္ေမေမ"

"ကိတ္မုန္႔က်န္တာေလး စားလိုက္ၪီးေလ
သမီး "

"ဟင့္အင္း ေတာ္ၿပီ ေမေမ .... သမီးတကယ္ ဗိုက္၀သြားၿပီ "

" နားနားၿပီးလုပ္ပါ သမီးရယ္.... သမီး တြက္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ
အခု ၁၀နာရီထိုးေနၿပီ .... ၁၂ နာရီဆိုရင္
ေတာ့ ရပ္မွရမယ္ေနာ္ "

"ဟုတ္ဟုတ္ေမေမ "

"သခ်ၤာဆိုတာက ေခါင္းၾကည္ေနမွ တြက္ႏိုင္တာ သမီးရဲ့ ..... ၁၂ ထိုးရင္ေတာ့ တကယ္ ေတာ္ေတာ့ေနာ္.... ေမေမ့သမီး
က စာေမးပြဲနားနီးမွ စာလုပ္တဲ့ သူမွ မဟုတ္တာ .... ကိုယ့္ကိုယ္ကို စာရေနၿပီ
ဆိုတဲ့ ယံုၾကည္ခ်က္ေလးသြင္းထား ....
ဟုတ္ၿပီလား ဘာမွ မေၾကာက္နဲ႔ေနာ္"

"ဟုတ္ေမေမ "

ပံုရိပ္ ေမေမစိတ္ခ်မ္းသာေအာင္ ဟုတ္ လို႔ေျပာလိုက္ရေသာ္လည္း တကယ္တမ္း
က်ေတာ့ အခု ပံုရိပ္တြက္ရန္လုပ္ထားေသာ ဥာဏ္စမ္းေတြကို တြက္မည္ဆိုပါက
မနက္ ၁နာရီခြဲေလာက္မွ ၿပီးမွာ ျဖစ္သည္
......

ေမေမ့စကားနားမေထာင္ခ်င္လို႔ မဟုတ္ပါ
ဘူး ေမေမေရ .... ဒါေတြအကုန္တြက္ထားမွ မနက္ျဖန္ ေမးလာမယ့္ ေမးခြန္းေတြ ေျဖႏိုင္မွာမို႔ပါ ....

သခ်ၤာမွာ ေန့ရက္ဆက္ကျဖတ္ထိုးဥာဏ္ တအားေကာင္းသည္ ..... ပုစၧာတစ္ပုဒ္ျမင္သည္ႏွင့္ ဘယ္လိုေျဖရွင္းရမလဲဆိုတာ တန္းသိၿပီး ခဏေလးအတြင္း အ​ေျဖထြက္သည္... ပံုရိပ္က သူ႔လို မဟုတ္တာမို႔
ေမးခြန္းျမင္တာနဲ႔ ဘယ္လိုတြက္ရမလဲဆို
တာသိေအာင္ မ်ားမ်ားတြက္ၿပီး မ်ားမ်ား
ေလ့က်င့္မွ ျဖစ္မည္ .....

ေမေမက အိပ္ခိုင္းေနၿပီ ပုစၧာေတြက တြက္ဖို႔က်န္ေနေသးသည္ဟူေသာစိတ္ကႀကီးစိုး လာေသာအခါ တြက္ေနသည့္ပုစၧာ
ပင္ ပံုရိပ္ ဆက္မတြက္တတ္ေတာ့ေပ....

စိုးရိမ္စိတ္ေတြနဲ႔ ပူေလာင္ရေသာအခါ
ငိုခ်င္လာၿပီး မ်က္ရည္က အလိုလို က်လာသည္...

ပံုရိပ္သာ မနက္ျဖန္ သခ်ၤာကို အပုဒ္ေစ့
မေျဖႏိုင္ဘူးဆိုရင္ .... ဟင့္အင္း မေျဖႏိုင္ဘူးဆိုတာ မျဖစ္ရဘူး ေျဖကို ေျဖႏိုင္ရမယ္.....

ပံုရိပ္ထင္ ႀကိဳးစားထား နင္လုပ္ႏိုင္ရမယ္......

*•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°*

စာေမးပြဲခန္းထဲ ဆရာမက အေျဖလႊာ စာရြက္ေတြ သိမ္းသြားၿပီးခ်ိန္အထိ ထိုင္ခံု
မွာ ပံုရိပ္ငူငူႀကီး ထိုင္ေနမိသည္.....

ပံုရိပ္ ဘယ္လိုျဖစ္သြားခဲ့ရတာလဲ ...
ကိုယ့္ကိုယ္ကိုလဲ တကယ္ မယံုႏိုင္ပါ....

ဒီမနက္ ေမးသြားေသာ သခ်ၤာေမးခြန္းသည္ ပံုရိပ္ညက မနက္တစ္နာရီခြဲအထိတြက္ထားခဲ့ေသာ ပုစၧာမ်ားထဲမွ တစ္ပုဒ္မွ ေမးမသြားပါ ..... အားလံုးေျဖႏိုင္ေလာက္
မယ့္ ေမးခြန္းေတြပဲ ေမးသြားသည္....

ဒါေပမဲ့ ပံုရိပ္ မေျဖႏိုင္ခဲ့ပါ .... ခက္တဲ့ ပုစၧာေတြပဲ ဖိတြက္ခဲ့လို႔ အရမ္းလြယ္ၿပီး
အားလံုးေျဖရွင္းႏိုင္ေလာက္မည့္ ထိုပုစၧာေလးကို ပံုရိပ္ ရင္းႏွီးေနခဲ့ေပမယ့္ ေနာက္ဆံုးအခ်ိန္ထိ ဘယ္လိုအစေဖာ္ၿပီး တြက္ရမလဲ မသိခဲ့လို႔ အဲ့တစ္ပုဒ္ကို ခ်န္ထားခဲ့ရသည္......

ေန့ရက္ ေဘာပင္ေတြခဲတံေတြသိမ္းရင္း
ဘာရယ္မဟုတ္ အေနာက္ကို လွည့္ၾကည့္
မိေတာ့ ေငးေငးေလး ထိုင္ေနသည့္
ပံုရိပ္ထင္ ......မ်က္ႏွာက မသာမယာနဲ႔ ဘယ္လိုျဖစ္တာလဲ ...... မေျဖႏိုင္လို႔လား
ဟင့္အင္း မျဖစ္ႏိုင္ပါဘူး .....ေမးခြန္းက ဒီေလာက္လြယ္တာ .... သူအကုန္ေျဖႏိုင္
မွာပါ .....

ေနပါၪီး သူကအခု ပံုရိပ္ထင္ကို စိတ္ပူေပးေနတာလား ..... ေန့ရက္ဆက္ မင္း စိတ္ကိုထိန္းစမ္း .... သတိေလးဘာေလး ထားၪီး ....

ဆရာမက အခန္းထဲမွ ထြက္လို႔ရၿပီဆိုတာနဲ႔ ပံုရိပ္ထင္အေၾကာင္း ေတြးမေနေတာ့
ဘဲ ခ်က္ခ်င္းထထြက္လာခဲ့သည္.....

သခ်ၤာေျဖၿပီး က်န္တဲ့၃ဘာသာ ေျဖရန္ က်န္ေနေသးေသာ္လည္း စေန တနဂၤေနြ ႏွစ္ရက္ ပိတ္သည္မို႔ ေန့ရက္ ဒီေန့ေတာ့ စာလုပ္မွာ မဟုတ္ေပ .....

ပံုရိပ္ စာေမးပြဲခန္းထဲမွ ထြက္လာေတာ့
ေန့ရက္ဆက္က သူ႔သူငယ္ခ်င္း ၂ေယာက္ကိုလည္ပင္းဖက္ၿပီး ရယ္ေမာေနသည္....

သူကေတာ့ ေပ်ာ္ေနမွာေပါ့ ပံုရိပ္မွာသာ ရင္ဘတ္တစ္ခုလံုး မြန္းၾကပ္ဆို႔နင့္ ေနၿပီး အသက္ရႉမ၀ေတာ့သလို ခံစားေနရသည္....

"ပံုရိပ္ေရ... "

ေနာက္မွ ၀တ္မႈန္ေခၚသံေၾကာင့္ ပ်က္ေနသည့္ မ်က္ႏွာကို ခ်က္ခ်င္းျပင္ၿပီး ပံုရိပ္
ၿပံဳးျပလိုက္သည္.....

"ေျဖႏိုင္တယ္မလား ပံုရိပ္ ဒီေန့လြယ္တယ္ေနာ္ .... "

"ေအး ဟုတ္တယ္ "

"ငါကေလ အရမ္းခက္တာႀကီးေတြ ပါလာမွာဆိုးတာဟာ .... အခုေတာ့ ေတာ္ေသး
တယ္ လြယ္လြယ္ေလးေတြပဲ ေမးလာလို႔
.... မေန့က ဆရာမႀကီးက အဂၤလိပ္စာ
ကို ခက္ထားေတာ့ ဒီေန့ သခ်ၤာကို လြယ္ေပးလိုက္သာ ျဖစ္မယ္ေနာ္ ပံုရိပ္ "

"အင္း ဟုတ္ေလာက္မယ္ "

ပံုရိပ္ မခ်ိၿပံဳးၿပံဳးရင္း ၀တ္မႈန္ကို စကားျပန္ေျပာေနရသည္.... ဒီေန့ ေျဖႏိုင္လို႔ အကုန္လံုး ေပ်ာ္ေနၾကသည့္ အခ်ိန္ ပံုရိပ္ကေတာ့ အသံုးမက်လိုက္တာ..... ၀တ္မႈန္ေရ႔ွတြင္ မ်က္ရည္က်လာမည္ဆိုး၍ ႏႈတ္ခမ္းအတြင္းသားကို သြားနဲ႔ဖိကိုက္ၿပီး မနည္းထိန္းထားရသည္....

"၀တ္မႈန္ ငါ့အိမ္က ကားလာႀကိဳၿပီ...  ငါသြားေတာ့မယ္ေနာ္ "

"ေအးေအး နင္အိမ္ျပန္ေရာက္ရင္ ခဏ
နားၪီးေနာ္ ေက်ာင္းႏွစ္ရက္ပိတ္တာပဲ
ဟာကို ဟုတ္ၿပီလား "

ပံုရိပ္ ... ၀တ္မႈန္ကို လွမ္းဖက္လိုက္ၿပီး

"ေက်းဇူးပါဟာ "

၀တ္မႈန္က ပံုရိပ္ေက်ာေလးကို ပုတ္ေပးၿပီး "ငါ့သူငယ္ခ်င္းေလး စာေတြပိၿပီး
လူလဲ ေသးေသးေလးပဲ ရိွေတာ့တယ္...
စာေမးပြဲၿပီးမွ နင္ငါသြားသမ်ွ မုန္႔ဆိုင္
ေတြ အကုန္လိုက္ရမယ္ေနာ္ "

"ေအးပါဟာ.... ငါသြားၿပီေနာ္ ....
တာ့တာ"

"ေအးေအး တာ့တာ .... "

ပံုရိပ္ ကားေပၚေရာက္မွ ၀တ္မႈန္ေရ႔ွ အဆင္ေျပတဲ့ပံုစံ ဟန္ေဆာင္ထားရသည့္
စိတ္ကိုေလ်ွာ့ခ်လိုက္ရသည္.....

ထိုစဥ္ ကားထဲက ေရဒီယိုမွ လႊင့္သည့္ သီခ်င္းက အဆိုေတာ္ ေမဆြိရဲ့  အတၲ ျဖစ္ေနသည္....

"ငယ္စဥ္ကတည္းက ရိုးသားျဖဴစင္ခဲ့
ေရလိုၾကည္လင္ေအးျမလို႔ သာယာေနတဲ့ကိုယ့္ဘ၀ကို ဘယ္သူ၀င္ကာ ေဆးဆိုးလိုက္ၿပီလဲ .....

အိုး....စဥ္းစားမရေတာ့ဘူး ကိုယ့္စိတ္ေတြ
ေလထဲမွာလြင့္ေမ်ာကာ ထိန္းမရႏိုင္ဘူး
ကိုယ့္မ်က္လံုးေတြလဲ အျမင္ေတြမႈန္ရီေဝ၀ါး မသဲကြဲေတာ့ဘူး ... ေရး

ဆႏၵမ်ားနဲ႔ စိတ္ဓာတ္ကိုဖိစီး ခႏၶာကိုယ္က ေသြးဆဲလ္နဲ႔ တည္ၿငိမ္ေနတဲ့ႏွလံုးသားထဲ
ဘယ္သူ၀င္ကာအဆိပ္ခတ္လိုက္ၿပီလဲ
အို...အိပ္လို႔မရေတာ့ဘူး ညညေတြ
ရင္ေမာကာေနရတာ စိတၲဇလိုပဲ ကူညီၾကပါၪီး ဒီမွာကေယာင္ေခ်ာက္ျခား အေတြးမ်ားနဲ႔ရူး.... ရူး

အတၲစိတ္ဟာ လူတစ္ကိုယ္လံုးဖံုးလႊမ္းကာ
ကိုယ့္အရိပ္ကို ရန္သူထင္တယ္ ၪီးေနွာက္ထဲမွာ လိုခ်င္တာပဲသိ .... ဘယ္အရာေတြ
ဘယ္လို အို... ေကာင္းသလား ဆိုးမွာလား
ကိုယ္ကိုယ္တိုင္လည္း ခြဲျခားမသိေတာ့ဘူး
အတၲမ်ားနဲ႔ အဆိပ္တက္လို႔ အခန္းက်ဥ္း
ထဲမွာ ကိုယ္တစ္ေယာက္ထဲရူး..... "

အန္တီေမဆြိရယ္ ..... ပံုရိပ္ကိုမ်ား ၾကည့္ၿပီး ဆိုေလသလား ..... သီခ်င္းေလးထဲက
အတိုင္း ပံုရိပ္တစ္ကိုယ္လံုး အတၲေတြနဲ႔ အဆိပ္သင့္ၿပီထင္ပါတယ္ .... ရင္ေမာကာ ေနရတဲ့ တကယ့္ စိတၲဇဘ၀လိုပဲ ပူေလာင္
ရလြန္းတယ္ .....ပံုရိပ္မသိခင္မွာပဲ မ်က္ရည္ပူေတြဟာ ပံုရိပ္ပါးေပၚ စီးက်သြားခဲ့သည္......

အိမ္ေရာက္ေတာ့ ေမေမ့ကို ေျဖႏိုင္တယ္ပဲ ေျပာၿပီး အခန္းထဲ တန္း၀င္လာခဲ့သည္
...... အက်ႌလဲၿပီးတာနဲ႔ အိပ္ရာထဲ တစ္ခါ
ထဲ လွဲအိပ္လိုက္သည္.... ပံုရိပ္ အိပ္ေပ်ာ္
ေအာင္ အိပ္မွ ျဖစ္မည္ .... မြန္းၾကပ္ေနတဲ့ ပံုရိပ္စိတ္ထဲက ျပန္ၿပီး လြတ္ေျမာက္
ဖို႔ဆိုတာ ပံုရိပ္ အိပ္ေပ်ာ္သြားမွ ျဖစ္မည္....

ဘာမွ ေတြးမေနေတာ့ဘဲ ပံုရိပ္မ်က္လံုးေတြသာ မိွတ္ခ်လိုက္သည္....

••°°••°°••°°••°°••°°••°°••°°••°°••°°

ဒီတစ္ခါေတာ့ မွားလို႔လံုး၀မျဖစ္ေတာ့ဘူးဆိုသည့္စိတ္ႏွင့္ စေန တနဂၤေနြကို အားတင္းေက်ာ္ျဖတ္ရင္း Chemistry ေရာ Physics ေရာ ေျဖၿပီးသြားခဲ့သည္
......

9တန္းေက်ာင္းသူဘ၀ရဲ့ ေနာက္ဆံုး
စာေမးပြဲ ေနာက္ဆံုးေန့တြင္ ပံုရိပ္ဘ၀ရဲ့ တစ္သက္တာမေမ့ႏိုင္ေသာ အျဖစ္ဆိုးမ်ိဳး
ႀကံဳခဲ့ရသည္......

Bio ေျဖေနရင္း ဗိုက္က ထိုးေအာင့္လာ
သည္မွာ လက္ကကိုင္ထားသည့္ ေဘာပင္
ပါလြတ္က်သည္.....

စာေမးပြဲေျဖစဥ္တစ္ေလ်ွာက္ အစားစားခ်ိန္ မမွန္ခဲ့မႈမ်ားသည္ အခုေတာ့ ပံုရိပ္
ကို ေကာင္းေကာင္းႀကီး ဒုကၡေပးေနၿပီ ျဖစ္သည္.....

အားတင္းၿပီးေရးေနပါေသာ္လည္း
ဗိုက္ကထိုးေအာင့္လာတာ ေခြၽးေစးေတြပါ
က်သည္... လက္ေရးေတြလဲ အကုန္ စုတ္ျပတ္ကုန္သည္ ...

စာေရးတာ ခဏနားၿပီး အသံကို
ခပ္ျပင္းျပင္း ရႉထုတ္မိသည္....ဒါလဲ
မသက္သာပါ .... သူမအခုခ်ိန္ ဆရာမကို
လွမ္းေခၚလိုက္ရင္ စာသင္ႏွစ္ တစ္ႏွစ္ေနာက္က်သြားလိမ့္မည္..... ဟင့္အင္း
အဲ့လို ျဖစ္လို႔မရပါ .... အားတင္းၿပီး ေျဖေပမယ့္ အခ်ိန္ျပည့္ဖို႔က ၅မိနစ္သာလိုေတာ့သည္..... ပံုရိပ္ အခုမွ ၆၀ ဖိုးေက်ာ္ေက်ာ္ပဲ ေျဖရေသးသည္..... စာသင္ႏွစ္
တစ္ႏွစ္မေအာက္ရရင္ေတာင္ ပံုရိပ္ အေျခအေနက သြား​ၿပီေပါ့ .....

ဗိုက္ေအာင့္သည္မွာ အေျခအေန ဘယ္ေလာက္ဆိုးလဲဆိုလ်ွင္ အျမင္ေတြပါ
ေဝ၀ါးလာသည္..... အခ်ိန္ျပည့္ေၾကာင္း
ေခါင္းေလာင္းသံ ျမည္လာသည့္အခါတြင္
ပံုရိပ္ေခါင္းေတြ ခ်ာခ်ာလည္ေအာင္
မူးေနသည္.....

ဆရာမက ပံုရိပ္ဆီမွ အေျဖလႊာယူၿပီး
ပံုရိပ္ေဘးမွ ျဖတ္အသြား ပံုရိပ္ႏႈတ္ဖ်ားမွ
တီ.....ခ်ယ္.....

ပံုရိပ္ကမ႓ာႀကီး ေမွာင္မိုက္သြားရေတာ့သည္.....

"သမီး .... သမီး ပံုရိပ္ "

ေန့ရက္ပစၥည္းေတြသိမ္းေနတုန္း ေနာက္မွ ဘုန္းခနဲ လဲက်သံႀကီးေၾကာင့္
လွည့္ၾကည့္ေတာ့ ပံုရိပ္ထင္ လဲက်သြားတာျဖစ္သည္.....

ဆရာမက လႈပ္ႏိႈးေနေပမယ့္ သတိျပန္လည္မလာေပ.....

ဆရာမေတြအကုန္ ျပာယာေတြ ခတ္ကုန္ၾကၿပီး ေဆးရံုကားကို ခ်က္ခ်င္းလွမ္းေခၚ
ၿပီး ေဆးရံုအျမန္ပို႔ရသည္....

ပံုရိပ္ထင္ ဘာေတျြဖစ္သြားခဲ့တာလဲ ....

***•°•°•°***•°•°•°***•°•°•°***

၁လခန္႔ ၾကာေသာအခါ ~

ေန့ရက္ က်ူရွင္ပိတ္ရက္မို႔ ၿခံထဲတြင္
ဂစ္တာတီးေနတုန္း ဘာရယ္မဟုတ္ စိတ္က ပံုရိပ္ထင္ကိုသတိရသြားသည္.....

မေန့က ေကာင္းခန္႔တို႔လာတုန္းက ေျပာသြားတာ ပံုရိပ္ထင္တစ္ေယာက္ လာမယ့္
၁၀တန္းကို ေမၿမိဳ႔က စိုးစံေဘာ္ဒါမွာပဲ
တက္ျဖစ္မွာမို႔ ဟိုေန့က သူ႔အေမနဲ႔ ေက်ာင္းမွာ ေက်ာင္းေျပာင္းလက္မွတ္
လာယူသြားသည္တဲ့ ....

စာေမးပြဲေနာက္ဆံုးေန့ bio ​ေျဖတုန္းက
လဲက်သြားသည့္အေၾကာင္းရင္းမွာ အစာ
စားခ်ိန္ မမွန္ခဲ့၍ အူအတက္ေပါက္သြား
ျခင္း ျဖစ္သည္.....

အဲ့လိုျဖစ္သြားေတာ့လဲ သူ႔မွာ
စိတ္မေကာင္းပါ.... တကယ္ေတာ့ ပံုရိပ္ထင္ စာမွစာ ျဖစ္သြားရသည့္ အဓိက အေၾကာင္းရင္းမွာ သူမဟုတ္လား.....

တကယ္ေတာ့ သူနဲ႔ဇာျခည္ ျပတ္သြားတာ
ပံုရိပ္ထင္ေၾကာင့္ဆိုၿပီး အဲ့ဒီအခ်ိန္တုန္းက အထိနာေစမည့္ စကားလံုးအခ်ိဳ႕ႏွင့္
ပံုရိပ္ထင္ မခံခ်င္ေအာင္ေျပာခဲ့မိသည္....

တကယ္ေတာ့ သူလိုခ်င္တာ ပံုရိပ္ထင္ႏွင့္
မ်ွမ်ွတတ ယွဥ္ၿပိဳင္မႈ ျဖစ္သည္.... အခုေတာ့ ပံုရိပ္ထင္ က ေက်ာင္းေျပာင္း
သြားတဲ့အထိ ​​ျဖစ္သြားခဲ့တာဆိုေတာ့
သူလဲ တကယ္စိတ္မေကာင္းေပ .....

ၿခံထဲ ဂစ္တာပိုက္ၿပီး အေတြးလြန္ေနတုန္း

"သားေရ"

"ဗ်ာ ေမေမ "

"ဂိုက္ဆရာေလး လာေတာ့မယ္ေနာ္....
ေရခ်ိဳးထားၪီးေလ "

"ဟုတ္ကဲ့ ေမေမ လာၿပီ လာၿပီ "

ေန့ရက္ေမေမ့ကို အသံျပန္ျပဳရင္း
အိမ္ထဲျပန္၀င္ခဲ့သည္.....

~~~~

"သမီး တခုခု ကိစၥရိွတာပဲျဖစ္ျဖစ္
လိုခ်င္တာပဲျဖစ္ျဖစ္ ေမေမတို႔ကို ခ်က္ခ်င္း ဖုန္းဆက္ေနာ္ "

"ဟုတ္ကဲ့ပါ ေမေမရဲ့ .... သမီး လိုတာ ရိွတာနဲ႔ ခ်က္ခ်င္း ဖုန္းဆက္လိုက္မယ္ေနာ္"

"ေမေမ့သမီးေလးကို ေမေမစိတ္မခ်ဘူး
..... အခုမွ ေနျပန္ေကာင္းတာ ဘယ္ေလာက္ရိွေသးလို႔လဲ .... သမီး
အေဆာင္ဟင္း အေဆာင္ထမင္း မစား
ခ်င္ဘူးဆိုရင္ ေမေမလုပ္ေပးထားတဲ့
ဟင္းအေျခာက္အျခမ္းေလးေတြနဲ႔ စားေနာ္..... ဟင္း မႀကိဳက္ဘူးဆိုၿပီး မစားဘဲ
မေနနဲ႔ေနာ္ ..... သမီး အစာအိမ္က
အဆာခံလို႔ မျဖစ္ဘူးဆိုတာ သိတယ္
မလား"

"သမီး သိပါတယ္ေမေမရဲ့ ..... သမီး
ေနာက္တစ္ႀကိမ္ အျဖစ္မခံေတာ့ပါဘူး
လို႔ "

"ခင္ရယ္ .... သမီးေလး နားပါေစၪီး
မင္း ပူညံပူညံလုပ္ေနတာနဲ႔ သမီးေလး
စိတ္ညစ္ေနပါၪီးမယ္...."

"အို .... ရွင္ကလဲ ခင္ကမွ သမီးေလးကို
စိတ္မခ်တာ .... ျဖစ္ႏိုင္ရင္ သမီးေလးကို
ခင္ ရင္ေငြ့ေအာက္မွာပဲထားခ်င္တာ...
သမီးေလးက ဒီမွာတက္ခ်င္တယ္ဆိုလို႔သာ ခြင့္ျပဳလိုက္ရတာ ...."

"ကဲပါ ခင္ရယ္ ကိုယ္တို႔ သြားၾကရေအာင္
..... သမီး ေဖေဖတို႔ သြားမယ္ေနာ္
သမီး ေမေမေျပာသလိုပဲ တခုခု လိုတာနဲ႔
ေဖေဖတို႔ဆီ ဖုန္းတန္းဆက္ေနာ္ "

"ဟုတ္ေဖေဖ.... "

ေမေမကေတာ့  ပံုရိပ္ကို စိတ္မခ်သည့္ ပံုမို႔ မ်က္ရည္ေလး ခပ္ဝဲ၀ဲႏွင့္ .... ေမေမ့ကို
ၾကည့္ၿပီး ပံုရိပ္လဲ စိတ္မေကာင္းပါ....
ဒါေပမဲ့ ေမေမရယ္ ပံုရိပ္ကို မြန္းၾကပ္ေစတဲ့ အရာေတြကေန ပံုရိပ္ လြန္ေျမာက္ ခ်င္ၿပီမို႔ ေမေမကပဲ နားလည္ေပးပါ.....

ေမေမနဲ႔ ေဖေဖကားေလး ေဘာ္ဒါ၀င္း
ထဲမွ ထြက္သြားသည္အထိ ပံုရိပ္ ၾကည့္
ေနမိသည္.... သူမ ဘ၀မွာ တစ္ခါမွ
ေမေမနဲ႔ေဖေဖတို႔ႏွင့္ မခြဲဖူးပါ .... အခုေတာ့ အားလံုးကို ၿပီးဆံုးခ်င္သည့္ စိတ္ႏွင့္
ပံုရိပ္ ေမေမတို႔ ေဖေဖတို႔နဲ႔ေရာ ၀တ္မႈန္
နဲ႔ပါ ခြဲလာခဲ့ရသည္ ~

•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°*

ဥတုရာသီ အလီလီေျပာင္းလဲလာၿပီးတဲ့
ေနာက္မွာေတာ့ ပံုရိပ္တို႔ပင္ ဆယ္တန္း
စာေမးပြဲႀကီး ေျဖၿပီးခဲ့ၿပီး ေအာင္စာရင္းကိုေစာင့္ေမ်ွာ္ေနရၿပီျဖစ္သည္.....

ဒီေတာအတြင္း အျခားသူနဲ႔ ၿပိဳင္ခ်င္ဆိုင္ခ်င္တဲ့ စိတ္ကို ခ်ိဳးႏိွမ္ၿပီး ကိုယ့္ဘာသာ
အေကာင္းဆံုးစိတ္နဲ႔ ႀကိဳးစားခဲ့ေသာေၾကာင့္ ပံုရိပ္ စာေမးပြဲကို ေသခ်ာေလး ေျဖႏိုင္ခဲ့ပါတယ္ .... ေန့ရက္ဆက္ကိုေတာ့ ေက်ာင္းက Top 10 အထိ မွန္းေနၾကတယ္လို႔ ပံုရိပ္ ၀တ္မႈန္ဆီက ျပန္ၾကား
ရပါသည္.....

ေန့ရက္ဆက္အေၾကာင္း ေခါင္းထဲ၀င္လာ
သည္ႏွင့္ ပံုရိပ္ေခါင္းကို ခါထုတ္လိုက္
သည္..... သူ႔ေၾကာင့္ ပံုရိပ္ရဲ့ တစ္ႏွစ္တာ
ဟာ ဘယ္ေလာက္ထိ ခက္ခဲပင္ပန္းခဲ့ရလဲ...... ဒါေပမဲ့လဲ အခုေတာ့ ၿပီးသြားၿပီ
ထင္ပါတယ္ .....

ေအာင္စာရင္းထြက္ရင္လဲ ပံုရိပ္က စီးပြားေရးပဲ ဝါသနာပါသည္မို႔  ဖြင့္တာ
မၾကာေသးသည့္ NMC College က Business Management major ပဲ ယူမွာျဖစ္သည့္အတြက္ သူနဲ႔ထပ္ေတြ့
စရာ အေၾကာင္း မရိွေတာ့ပါ .....

"သမီးေရ .... ဘာလုပ္ေနလဲ "

"ဒီမွာ ပန္းပင္ေတြေရေလာင္းေနတာ ေမေမ ..... ဘာျဖစ္လို႔လဲဟင္ "

"ဪ သမီးကလဲ အဲ့တာေတြ ခဏ ထားခဲ့ပါကြယ္ ..... သြား ....ေရျမန္ျမန္သြားခ်ိဳးေတာ့ ..... ေတာ္ၾကာေန
ဧည့္သည္ေတြေရာက္လာၾကေတာ့မယ္ "

"ဘယ္က ဧည့္သည္ေတြလဲ ေမေမရဲ့ .... "

"ေမေမရဲ့ အခ်စ္ဆံုး သူငယ္ခ်င္းမိသားစု
ေလ ..... ကြဲသြားတာ ၾကာလွေပါ့ သမီး
ရယ္ အဲ့တာ ဟိုေန့ကမွ အမွတ္မထင္ ယုဇနပလာဇာမွာ ျပန္ေတြ့ၾကတာ ....
အဲ့တာ အခု ဒီေန့အိမ္ကို ထမင္းစား ဖိတ္ထားတယ္ေလ .... အဲ့ေတာ့ သမီးေလး
ေရခ်ိဳးၿပီး လွလွေလး ျပင္ထား .... ေမေမက ေမေမ့သမီးေလးကို ႂကြားခ်င္လို႔ "

"ေမေမကေတာ့ေလ "

ေမေမဟာ တစ္ခါတေလ ပံုရိပ္ထက္ပင္ ကေလးဆန္ခ်င္ပါေသးသည္.... အခုေတာ့ ေမေမ့အလိုက် ပံုရိပ္ အိမ္အေပၚထပ္မွ အခန္းဆီျပန္တက္လာရသည္......

~~~~

ပံုရိပ္ျပင္ဆင္ၿပီး ေအာက္ဆင္းဖို႔လုပ္ေတာ့ ေအာက္မွာ ဧည့္သည္ေတြေရာက္ေနၾက
ၿပီထင္သည္......

"ဒါ ခ်ိဳ႕ သားေလ ခင္ ..... "

"သားက အေခ်ာေလးပဲေနာ္ .... ဒီႏွစ္
ဆယ္တန္းေျဖထားတာဆိုေတာ့ သမီး
ေလးနဲ႔ အတူတူေပါ့ "

" ဟုတ္တယ္ခင္ေရ .... ဒါနဲ႔ ခင့္သမီးေလးေရာ မေတြ့ပါလား "

" ေဟာဟိုမွာ ဆင္းလာပါၿပီ ခ်ိဳေရ.....
သား ဟိုမွာ အန္တီသမီးေလ.... နာမည္
က ပံုရိပ္ထင္တဲ့ "

"ဗ်ာ "

ေန့ရက္ အလန္႔တၾကားႏွင့္ ေနာက္ကို
လွည့္ၾကည့္ေတာ့ တကယ္ပဲ သူသိသည့္
ပံုရိပ္ထင္ ျဖစ္ေနသည္.....

🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင္း 8 ေမ်ွာ္~

Continue Reading

You'll Also Like

267K 11.1K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
7K 216 11
မင်းနဲ့တွေ့မှ .... မင်းနဲ့တွေ့မှ ချစ်တတ်သွားတဲ့ ကိုယ့်ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ ကလေးရယ် ~~စိုင်း~~ စိုင်းသာ လက်ခံရင် အိမ့်အတွက်က ဘာနဲ့ပဲရင်ဆိုင်...
43.4K 1.3K 16
သူဘယ်သူမှန်း မသိလဲ ချစ်ခွင့်ရှိတယ်မလားးး။ ဘယ်သူတွေ ကိုယ့်ကို ရူးပါတယ် ထင်ထင်။ သူ့ကိုပဲ ချစ်နေမယ်။ ယသော်ထက်
1M 44.2K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...