🍀 အမုန်းများရဲ့ အလွန် 🍀

By MoMo_1030

397K 11.2K 120

မာနတွေပြိုင်ကြရင်း တည်ဆောက်ဖြစ်ခဲ့တဲ့ နေ့ရက်ဆက် နဲ့ ပုံရိပ်ထင်တို့ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းလေး ❤️❤️ More

🍀 အပိုင်း 2 🍀
🍀 အပိုင်း 3 🍀
🍀 အပိုင်း 4 🍀
🍀 အပိုင်း 5 🍀
🍀 အပိုင်း 6 🍀
🍀 အပိုင်း 7 🍀
🍀 အပိုင်း 8 🍀
🍀 အပိုင်း 9 🍀
🍀 အပိုင်း 10 🍀
🍀 အပိုင်း 11 🍀
🍀 အပိုင်း 12 🍀
🍀 အပိုင်း 13 🍀
🍀 အပိုင်း 14 🍀
🍀 အပိုင်း 15 🍀
🍀 အပိုင်း 16 🍀
🍀 အပိုင်း 17 🍀
🍀 အပိုင်း 18 🍀
🍀 အပိုင်း 19 🍀
🍀 အပိုင်း 20 - ပထမပိုင်း 🍀
🍀 အပိုင်း 20 - ဒုတိယပိုင်း🍀
🍀 အပိုင်း 21 🍀
🍀 အပိုင်း 22 🍀
🍀 အပိုင်း 23 🍀
🍀 အပိုင်း 24 🍀
🍀 အပိုင်း 25 🍀
🍀 ဇာတ်သိမ်းပိုင်း 🍀
❤️ အသိပေးဖြေရှင်းခြင်း ❤️

🍀 အပိုင်း 1 🍀

46.9K 704 1
By MoMo_1030

Unicode:

အမုန်းများရဲ့ အလွန် ~
🍀 အပိုင်း 1 🍀

ရန်ကုန်မြို့ရှိ Novotel Hotel Ballroom တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပနေသော စီးပွားရေးလုပ်ငန်းရှင်များရဲ့  လေလံပွဲတစ်ပွဲ .....

ဒီတစ်ခေါက်ခေါ်မည့် လေလံက ခန်းမထဲ
တွင်ရှိနေသော လူအားလုံး စိတ်၀င်စားနေသော အရာဖြစ်သည်....ထို့အတွက်
ကြောင့် ခန်းမကျယ်ကြီးထဲ လူအပြည့်ရှိနေသော်လည်း အပ်ကျသံပင် ကြားရလောက်တဲ့အထိ ငြိမ်သက်မှုကကြီးစိုးနေသည်....

"ဟုတ်ကဲ့.... အခုကျွန်တော်တို့ လေလံပွဲ
ကနေနောက်ဆုံးမိတ်ဆက်ပေးမယ့် လေလံပစ္စည်းကတော့ သီလ၀ါဆိပ်ကမ်း
နားမှာ တည်ရှိတဲ့ မြေနေရာ 10 ဧက တိတိကျယ်၀န်းတဲ့ မြေကွက်ပဲ ဖြစ်ပါတယ်....

အဆိုပါ မြေကွက်ဟာဆိုရင်သီလ၀ါဆိပ်ကမ်းနဲ့လဲ နီးသည့်အတွက်
မိမိတို့ပစ္စည်းတွေ သိုလှောင်ဖို့ ဂိုဒေါင်အနေနဲ့ သင့်တော်သလိုမျိုး အိမ်ရာစီမံကိန်း Project တွေအတွက်လဲ အဆင်ပြေပါတယ်.... ဘာမှ မလုပ်ချင်ဘူး
ဆိုပြီး ဒီအတိုင်းထားထားလဲ တစ်ရက်ပြီး တစ်ရက် တန်ဖိုးတက်လာမယ့် ရွှေလို နေရာမျိုးပဲဖြစ်ပါတယ်.....

ဟုတ်ကဲ့အဲ့တာဆို အဆိုပါမြေကွက်ကို
လေလံစျေး မြန်မာငွေ သိန်း ၁၀၀၀၀ နဲ့
စတင်ပါပြီဗျ..... "

"သိန်း ၁၁၀၀၀"

"ဟုတ်ကဲ့ အာကာမြင့်မိုရ်ကုမ္ပဏီက သိန်း ၁၁၀၀၀ ပေးထားပါတယ်ဗျ "

သိန်း ၁၂၀၀၀ .... ၁၅၀၀၀ .... ၁၈၀၀၀
..... သိန်း ၂၀၀၀၀ .....

"ဟုတ်ကဲ့ နိုင် မိသားစုက သိန်း ၂၀၀၀၀
ပေးထားပါတယ်ဗျ.... နောက်ထပ် ပိုပေးနိုင်တဲ့ သူများရှိသေးလားမသိ "

"သိန်း ၃၀၀၀၀ "

ပုံရိပ်အသံလေးက ခန်းမကျယ်ကြီးထဲ ကျယ်လောင်စွာ ပေါ်ထွက်လာသည်....

"ဟုတ်ကဲ့ "Htin" Group ကတော့
သိန်း ၃သောင်း ပေးထားပါတယ်
ခင်ဗျ .... ပိုပေးချင်တဲ့သူ ရှိလားမသိဘူး
....ကျွန်တော်တို့က ဒီလေလံပွဲကို တိုက်ရိုက် ထုတ်လွှင့်နေတာမို့ ဒီခန်းမထဲက မဟုတ်လဲ ဖုန်းနဲ့ လှမ်းပြီး ဆက်သွယ်လို့ရပါတယ်ဗျ....."

"........"

"စျေးထပ်ပေးမယ့်သူမရှိတော့ဘူးဆိုတော့သိန်း ၃သောင်း တစ်ကြိမ်.... သိန်း၃သောင်း နှစ်ကြိမ်..."

ထိုစဥ် presenter အိတ်ကပ်ထဲမှ ဖုန်းသံမြည်လာသည်....

"တောင်းပန်ပါတယ်ခင်ဗျာ..... ဖုန်းလေး
တစ်ချက်ဖြေလိုက်ပါဦးမယ်....

ဟုတ်ကဲ့ခင်ဗျ .... အခုကတော့ သိန်း၃သောင်းနဲ့ နောက်ဆုံး စျေးတင်ထားပါတယ်ခင်ဗျ....ဟုတ်ကဲ့ တစ်ချက်လောက် ကိုင်ထားပေးပါနော် အားလုံးကြားအောင် ကျွန်တော် ဖုန်း speaker လေး ဖွင့်လိုက်ဦးမယ်ခင်ဗျ ...."

Presenter က ဖုန်း speaker ဖွင့်လိုက်တော့ ဖုန်းထဲမှ ကြည်လင်ပြတ်သား
သော အမျိုးသား အသံတစ်သံ ထွက်ပေါ်
လာသည်.....

"သိန်း ၄သောင်း ပေးမယ် "

ပုံရိပ်ရဲ့ မျက်၀န်းလှလှလေးတွေဟာ ပုံမှန်ထက် ပိုပြီး၀ိုင်းစက်သွားရသည်....

"ဟုတ်ကဲ့ပါခင်ဗျာ .... Day Construction က သိန်း ၄သောင်း
ပေးပါတယ်ခင်ဗျာ.... သိန်း၄သောင်း
ထက် ပိုပေးချင်တဲ့သူ ရှိပါသေးလားခင်ဗျာ....."

Day Construction.... အခု Day Construction လို့ပြောလိုက်တာလား.... တဆတ်ဆတ်တုန်ရင်လာသည့်
ပုံရိပ်လက်တွေကို ထိန်းချုပ်ရန် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်....

"သိန်း၄သောင်း တစ်ကြိမ်.... သိန်း၄သောင်း နှစ်ကြိမ်... သိန်း၄သောင်း
သုံးကြိမ်.... ဟုတ်ကဲ့အခုဆိုရင်တော့
10ဧကတိတိကျယ်၀န်းတဲ့ ဒီအဖိုးတန်
မြေကွက်ကြီးကို Day Construction
က မြန်မာငွေ သိန်းပေါင်း ၄သောင်းနဲ့ ပိုင်ဆိုင်သွားပြီလဲ ဖြစ်ပါတယ် .... "

လေလံပွဲပြီးသွားတာနဲ့ ခန်းမကြီးထဲရှိ လူအများဆီမှ တီးတိုးစကားတွေ အလီလီ ထွက်ပေါ်လာသည်....

-Day Construction ရဲ့ ဥက္ကဌ က
လူငယ်လေးမလား ....

-မောင်နေ့ရက်ဆက်လေဗျာ....
တလောကတောင် ကျုပ်တို့နဲ့ dinner မှာဆုံခဲ့ဖူးတဲ့လူငယ်လေဗျာ....

-ဪ အဲ့တာကြောင့် ဒီနာမည်ကြားဖူး
ပါတယ်လို့ တွေးနေတာ.... တော်တော်ရင်းရဲတဲ့ လူငယ်ဗျာ.... ငွေ သိန်း ၄သောင်း ဆိုတာ နည်းနည်းနောနော ပမာဏလားဗျ....

-ခင်ဗျားကလဲ သူ ရင်းရဲ လုပ်ရဲ ကိုင်ရဲလို့
အခု သူတို့ Construction group
ဆိုတာက ဆောက်လုပ်ရေးလောကမှာ
ထိပ်ဖြစ်နေတာလေ.... ဒီလူငယ်က သူ့
အဖေ့ထက် အများကြီးသာတယ်ဗျ ....
စီးပွားရေး အမြင်ရှိသလို ပညာကလဲ
မသေးဘူးဗျ.... ဆယ်တန်းအောင်ပြီးထဲက UK ထွက်သွားတာ .... UK မှာ engineering ဘွဲ့ယူပြီးမှ ဒီကိုပြန်လာ
ပြီး ဦးစီးနေတာတဲ့ .....

-ဒီလိုလူမျိုး သမက် မတော်လိုက်ရတာ နာတာပဲဗျာ .....

-ဟားဟားဟား ကိုလူမောင်ကတော့
နောက်ပြီဗျာ....ဟိုက ကလေး၂ယောက်အဖေဗျ........

အနားမှလူကြီး၂ယောက် စကားကို အော်ကျယ်အော်ကျယ်ပြောပြီး ထွက်သွားတော့မှ ပုံရိပ် အသံကျယ်ကျယ်နဲ့ တောက်တစ်ချက်ခေါက်လိုက်မိသည်....

နေ့ရက်ဆက်.....ရှင့်ကို ဒီတစ်ခါလဲ ကျွန်မထပ်ရှုံးရပြန်ပြီလား .....

"ပုံရိပ် နင် အဆင်ပြေရဲ့လား "

"ငါ့ပုံစံက အခု အဆင်ပြေတဲ့ပုံပေါက်နေလို့လား ၀တ်မှုံ.... "

"နင်ကလဲ စိတ်ကို လျှော့ပါဟယ် "

"မလျှော့နိုင်ဘူး ၀တ်မှုံ.... ဒါ သူ သက်သက် ငါ့ကို အနိုင်နဲ့ပိုင်းတာ.....သူ
ဒီပွဲမှာ မရှိပေမယ့် ဒီအစီအစဥ်က တိုက်ရိုက်ထုတ်လွှင့်နေတာ... ငါ..ငါ စျေးပြောလိုက်မှ သူကငါ့ထက် စျေးပိုပေးလိုက်တာ ဘာအချိုးချိုးတာလဲ "

"ပုံရိပ်ရယ် "

"ဒီကိစ္စကို ငါလုံး၀မကျေနပ်ဘူး.... ဒီမြေနေရာကို ငါလိုချင်နေမှန်းသိနေလို့
မတန်တဆစျေးနဲ့ပေး၀ယ်ပြီး ငါ့လက်ထဲ ကလုလိုက်တာ..... သူ သပ်သပ်ယုတ်မာတာ....."

"သူလဲ နင့်လိုပဲ project တစ်ခုခု ရှိလို့နေမှာပေါ့ ပုံရိပ်ရယ် လာပါဟာ ကားထဲ အရင်သွားရအောင်နော် .... ငါတို့ကို လူတွေ၀ိုင်းကြည့်နေကြပြီ ...."

အရမ်းလိုချင်သည့်နေရာကို လက်လွှတ်လိုက်ရတာရော .... နေ့ရက်ဆက်အပေါ် အရှုံးပေးလိုက်ရပြန်တာရောနှင့် အကုန်စုပေါင်းပြီး ပုံရိပ်ဒေါသထွက်လွန်း၍ အသားတွေပါ တဆတ်ဆတ်တုန်လာသည်....

"ငါသူ့ကို ရှုံးရပြန်ပြီ ၀တ်မှုံ.... ငါဘာတွေများ လိုအပ်နေသေးလို့လဲဟာ .... နင်​ပြောပါ ....သားကို မွေးပြီးပြီးချင်း
အမေရိကမှာ ခက်ခက်ခဲခဲနဲ့ MBA ကိုယူပြီး ငါ့အချိန်တွေ ပေးဆပ်ခဲ့ရတာ ဒီနေ့ဒီလိုအချိန်မှာ ငါသူ့ကို ရှုံးနေဖို့ မဟုတ်ဘူးလေ.....

ငါဘာတွေလိုအပ်နေသေးလို့လဲ .... ငါ
ဘာတွေထပ်ပြီး ပြင်ဆင်မှ သူ့ကိုနိုင်မှာလဲ ၀တ်မှုံ.... နင်သိလား .... အခု .... အခု ငါ့စိတ်ထဲမှာ အရမ်းကို ပူလောင်နေရပြီ ....
အဲ့မြေကွက်ကို ရအောင်၀ယ်ပြီးရင် လုပ်မယ်ဆိုပြီး ကြိုစဥ်းစားထားတဲ့ ငါ့ Plan တွေအကုန်လုံး အခု....အခုသူ့ကြောင့် ရေစုန်မျောသွားရပြီ ..... "

"ပုံရိပ်ရယ် နင့်စိတ်ကို အေးအေးထားစမ်းပါ.... နင်က အခုမှ အမေရိကက ပြန်လာပြီး ဒီမှာစီးပွားရေး စလုပ်တာလေ....
နေ့ရက်က သူ့အသိုင်းအ၀ိုင်းမှာ သူ့ဟာနဲ့ သူအ​ခြေကျပြီးပြီ .... အဲ့တော့ သူနင့်ထက် အမြဲတစ်ကွက်ကြိုမြင်နေတာ
မဆန်းပါဘူးဟာ.... အခုနင့်စိတ်ကို အေးအေးထား ဒေါသတွေအဲ့လောက်ထိ
မထွက်နဲ့တော့ ဟုတ်ပြီလား ..... နင်
ကုမ္ပဏီ၀င်ဦးမလား ဒါမှမဟုတ် အိမ်ကိုပဲ တန်းပြန်မလား .... "

"အိမ်ကိုပဲ ပြန်တော့မယ် "

"အေးအေး "

၀တ်မှုံ ကားကို ပုံရိပ်အိမ်ဘက် ဦးတည်လိုက်သည်....

••°°••°°••°°••°°••°°••°°••°°••°°••°°••

"နင် အိမ်ထဲ၀င်ပြီး တခုခုသောက်ဦးလေ"

"မသောက်တော့ပါဘူးဟာ....အဲ့တာဆို ငါသွားတော့မယ်နော် "

"အေးအေး "

ပုံရိပ်ခေါင်းငြိမ့်ပြလိုက်ပြီး အိမ်ထဲ၀င်လာတော့ လက်ကိုလာမှန်တဲ့ ရာဘာဘောလုံးလေးတစ်လုံး ....

"မေမေ အဲ့တာ မောင်မောင်လေးဘောလုံးပါ.... လီလီတို့ ဆော့နေရင်း ဖြစ်သွားတာပါ "

ဘောလုံးကသူမကို မှန်သွားသည်မို့
သမီးရဲ့နောက်တွင် မိဘုတ်က သားကို
ချီပြီး မျက်နှာငယ်လေးနှင့် ရပ်နေသည်...
သားလေးကတော့ စိတ်ရှုပ်နေသည့် ပုံစံ
ဖြင့် လက်လေးနှင့် မျက်နှာလေးကို
ပွတ်သပ်နေသည်....

ပုံရိပ် ဘာမှပြောမနေတော့ဘဲ
ဘောလုံးကို ကောက်လိုက်ပြီး သမီးလက်ထဲထည့်ပေးလိုက်ချိန် ကြားလိုက်ရတဲ့ အသံတိုးတိုးလေးကြောင့် ရှေ့ဆက်သွား
မည့် ခြေလှမ်းတွေ ရပ်တန့်သွားသည်....

"ကျေးဇူးပါ မေမေတဲ့ "

တခြားသူတွေကြားရင်တော့ သားအမိကြား သိပ်ကို သူစိမ်းဆန်တဲ့ စကား
တစ်ခွန်းပေါ့.... ဒါပေမဲ့လဲ ကလေးတွေနဲ့ သူမကြားက ဒီလို အခြေအနေတွေက
ပုံမှန်ပါပဲ .....

အိမ်ထဲမ၀င်ခင် ခြံထဲမှာ အမြဲကြားနေရသည့် ရယ်မောသံဆာဆာလေးတွေက သူမ အိမ်ထဲ၀င်လိုက်တာနဲ့ မီးကိုရေနဲ့ငြိမ်းလိုက်သလိုမျိုး ငြိမ်ကျသွားတတ်တာ....

အလုပ်လဲ အဆင်မပြေလာတာမို့ ပုံရိပ် စိတ်အ​ခြေအနေ ပုံရိပ်ပဲ သိတာမို့ ဘာစကားမှ ပြောမနေတော့ဘဲ အခန်းထဲသာ အမြန်၀င်လိုက်သည်....

အခန်းထဲရောက်တာနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် အ၀တ်တွေကို အရင်လဲလိုက်ပြီး
အိပ်ရာထဲလှဲချလိုက်သည်....

အခုလို စိတ်ထဲအရမ်းမွန်းကြပ်လာသည့် အချိန်အတိုင်း ပုံရိပ်လုပ်နေကျအရာမှာ  အိပ်ပျော်အောင် အိပ်လိုက်ခြင်းပင်ဖြစ်သည်...

ထိုသို့ အိပ်လိုက်မှ စိတ်ထဲမွန်းကြပ်နေတဲ့အရာတွေဆီကနေ ခဏလေးပဲဖြစ်ဖြစ် လွတ်မြောက်နိုင်မှာ ဖြစ်သည်.....

ပုံရိပ်အိမ်ရောက်ပြီးမကြာမီ နေ့ရက်လဲ
အိမ်ပြန်ရောက်လာသည်.....

အိမ်ရှေ့ကားသံကြားသည်နှင့် ဆော့နေ
သည့် လီလီလေးနဲ့ ဂွန်းလေးက ခေါင်းလေးထောင်လာပြီး ချက်ချင်းကုန်းထသည်....

လီလီ မောင်ဖြစ်သူ ဂွန်းလေးလက်ကို ဆွဲပြီး အိမ်ရှေ့ကို အမြန်ထွက်လာလိုက်သည်.....

"ဖေဖေ.... "

"ဖေ့... ဖေ့"

နေ့ရက်ဆက် သူ့ကားသံကြားသည်နှင့် အိမ်ရှေ့ထွက်ကြိုနေတတ်သည့် သားနှင့်သမီးကို ပြုံးပြလိုက်ပြီး ကားထဲမှ သားနဲ့ သမီးအတွက်၀ယ်လာသည့် မုန့်တွေ
ကို ထုတ်လိုက်သည်....

ပြီးတော့ မုန့်တွေကို မိဘုတ်ကို ပေးလိုက်ပြီး သားနဲ့ သမီးကို တစ်ဖက်စီ ပွေ့ချီလိုက်သည်.....

"မိဘုတ်...  ဒီမှာ ကလေးတွေကြိုက်တဲ့
ဖက်ထုပ်... အခုတစ်ခါထဲ ထည့်လာခဲ့ ကျွေးရအောင် "

"ဖေဖေ ဟိုတစ်ခါ လီလီလေးတို့ သွားစားတဲ့ဆိုင်က ဖက်ထုပ်လားဟင် "

"ဟုတ်တယ်လေသမီးရဲ့ .... ဖေဖေက
ဒီနေ့ အဲ့ဘက်မှာ အလုပ်ရှိလို့ရောက်ဖြစ်တာနဲ့ သမီးရယ် မောင်လေးရယ်အတွက် ၀ယ်လာတာ ..."

"ဖက် ထုပ် ... သား သား ... ကြိုက်ကြိုက်"

စကားကို တစ်လုံးချင်းစီပဲ ပြောတတ်သေးသည့် သားရဲ့ ပါးဖောင်းဖောင်းလေးတွေကို နေ့ရက် ရွှတ်ခနဲမြည်အောင်နမ်းလိုက်သည်.....

"ကြိုက်ရင် စားရမှာပေါ့ သားရဲ့ .... ဖေဖေ က အများကြီး၀ယ်လာတာ "

နေ့ရက် သားနဲ့သမီးကို ချီလျက်နဲ့ပဲ
ဧည့်ခန်းထဲမှ sofa ပေါ်၀င်ထိုင်လိုက်တော့ သားနဲ့သမီးက သူ့ကို အမောပြေ ပြိုင်တူ kiss လေးပေးသည်.....

"ဖေဖေ့သားနဲ့သမီးက ချစ်ဖို့ကောင်းလိုက်တာကွာ....."

"အစ်ကိုလေး ဒီမှာရပြီ "

"အေးအေး အဲ့မှာ ချထားလိုက်"

ဖက်ထုပ်ပေါင်းတွေက အခုထိပူနေသေးသည်မို့ နေ့ရက် ဖက်ထုပ်တစ်ခုကို ခက်ရင်းနဲ့ ထိုးကာ အေးသွားအောင်
မှုတ်ပေးပြီး သမီးလေးကို ပေးလိုက်သည်
....

ဖက်ထုပ်က တစ်ခုဆို ဆိုသလောက် အကြီးကြီးပဲမို့ သားလေးကိုကျတော့ နည်းနည်းချင်းစီ ဖဲ့ကာ ကျွေးရသည်.....

"ဖေဖေ"

"ဟင် ပြောလေ သမီး "

"မေမေပြန်ရောက်နေပြီ "

ဖက်ထုပ်ကို ဖဲ့နေသည့် နေ့ရက်လက်တွေ ခေတ္တခဏ တုံ့ဆိုင်းသွားရသည်....

"ဟုတ်လား အခုရော အခန်းထဲမှာပဲလားသမီး .... အပြင်ကို မထွက်လာဘူးလား"

"ဟင့်အင်း မထွက်လာတော့ဘူး ဖေဖေ...
လီလီ သွားကြည့်တော့ မေမေက အိပ်နေပြီ... ဒီနေ့ မေမေပြန်ရောက်တာလေ
မျက်နှာမကောင်းဘူး သိလားဖေဖေ....
မေမေဖျားနေတယ်ထင်တယ် ... ဖေဖေ ပြီးရင် သွားကြည့်လိုက်ပါဦးနော်.... "

"အွန်းပါ သမီးရဲ့ ဖေဖေပြီးမှ သွားကြည့်
လိုက်မယ်နော် .... အခု ဖက်ထုပ်လေးတွေ နွေးနေတုန်း စားဦး ..... အေးသွားရင် စားကောင်းတော့မှာမဟုတ်ဘူး "

"ဟုတ်....  ဖေဖေ၀ယ်လာပေးလို့လားမသိ ဖက်ထုပ်လေးက အရမ်း အရမ်း အရမ်းကို စားကောင်းပဲ ....."

စကားတတ်လွန်းသည့် သမီးဖြစ်သူကို
ပြုံးကြည့်ရင်း နေ့ရက် ထင့်အကြောင်း
တွေးမိသွားသည်.....

ဒီနေ့ လေလံပွဲမှာ သူ သီလ၀ါဆိပ်ကမ်းနားက မြေကို ၀ယ်လိုက်တာနဲ့ပတ်သက်ပြီး ထင် သူ့ကို စိတ်ဆိုးဒေါသထွက်နေမယ်ဆိုတာ ကျိန်းသေသည်.....

နေ့ရက် သားနဲ့သမီးကို ဖက်ထုပ်ကျွေးပြီး
တော့ ကာတွန်းကားဖွင့်ပြကာ သူကတော့ ထင့် အခန်းဆီလျှောက်လာသည်....

သူတို့သားအဖတွေက အိမ်အပေါ်ထပ်က အခန်းမှာနေပေမယ့် ထင် ကတော့
အမေရိက ကပြန်ရောက်ထဲက အောက်ထပ် အခန်းမှာ သပ်သပ်ခွဲနေသည်....

ထင် နဲ့ သူက လက်ထပ်လိုက်တဲ့အချိန်ကနေ သမီးလေး မမွေးခင် အချိန်ထိ အဆင်ပြေနေခဲ့သော်လည်း သမီးလေးမွေးပြီးတဲ့ အချိန်မှာတော့ ထင့်ရဲ့ အထင်လွဲမှုတွေဟာ သူ့ဆီ ဆက်တိုက်ဆိုသလို ရောက်ရှိလာခဲ့သည်....

သူတို့သားအဖကိုထားပြီး ထင် အမေရိကမှာ MBA သွားတက်ဖို့ပြင်ဆင်ခဲ့သည့်
အချိန် သူ့ဘက်မှ ချစ်လွန်း၍ သူတို့သားအဖကို ထားမသွားအောင် ထင့်ကို ဆေးခတ်ပြီး သားလေးကိုရယူလိုက်တဲ့ အချိန်မှာတော့ ထင်ဟာ သူ့ကို လူယုတ်မာ
တစ်ယောက်လို ခါးခါးသီးသီး ဆက်ဆံခဲ့ပြီး သားလေးမွေးပြီး အမေရိကကို ထွက်သွားလိုက်တာ အခု MBA ယူပြီး
ပြန်လာသည့်အခါမှာတော့ ထင်ဟာ
သူတို့သားအဖနှင့် တကယ့်ကို စိမ်းသက်သည့် သူစိမ်းတစ်ယောက်လိုမျိုး ဖြစ်သွားခဲ့ရသည်.....

သူဆိုတဲ့ကောင်ကလဲ ဘယ်လောက်ပဲ ချစ်ချစ် မာနထိခိုက်မှာကို နည်းနည်းလေးမှ လက်မခံနိုင်သည်မို့ သူနဲ့ ထင်ကြား သားနဲ့ သမီးက အပြစ်မရှိသည့် မြေစာပင်လေး
တွေဖြစ်ခဲ့ရသည်.....

ဖေဖေနဲ့ မေမေကတော့ ထင် ဒီကို ပြန်ရောက်ထဲက ကိုယ့်မိသားစုကို ကိုယ့်ဘာသာ ပုံဖော်တော့ဆိုပြီး စိတ်အေးလက်အေးနှင့် ပြင်ဦးလွင်အိမ်တွင် အနားသွားယူကြပြီဖြစ်သည်....

အခု သူနဲ့ ထင်အဖြစ်က လက်ထပ်စာချုပ်ပေါ်တွင် လက်မှတ်ထိုးလက်ထပ်ထားကြသည့် လင်မယားအဖြစ်ကလွဲ၍ သူစိမ်းတွေလား .... ရန်သူတွေလား .... စီးပွားပြိုင်ဖက်တွေလား သူကိုယ်တိုင်တောင် သေချာမသိသည့် အခြေအနေဖြစ်သည်
......

နေ့ရက် အခန်းတံခါးကို အသာတွန်းဖွင့် ပြီး အထဲကို လှမ်းကြည့်တော့ ထင် က ကလေးလေးတစ်ယောက်လို နှစ်ခြိုက်စွာ အိပ်မောကျနေသည်....

ထင် အိပ်နေသည့်ဘေး တစောင်းလေး
၀င်ထိုင်လိုက်ပြီး ထင့် မျက်နှာပေါ် ၀ဲကျနေသည့် ဆံနွယ်လေးတွေကို အသာ သပ်တင်ပေးလိုက်သည်....

ချောင်ကျနေသည့် မျက်နှာလေးပေါ်တွင်
အထင်းလိုက်ရှိနေသော မျက်ရည်
စီးကြောင်းကြီးကို မြင်တော့ သူသက်ပြင်း
အသာချမိသည်.....

မင်းသိလား ထင် ....အဲ့ဒီမြေကွက်ကို
မင်းသာ၀ယ်လိုက်မိရင် ကိုယ်လေ
ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာ
မဟုတ်ဘူး.... တော်သေးတာပေါ့ မင်းထက်အရင် လက်မတင်လေး ကိုယ်၀ယ်လိုက်နိုင်လို့ .... မင်းကတော့ မင်းလုပ်မယ့် အလုပ်တွေကို ရှေ့ကနေ လိုက်ဖျက်ဆီးနေတဲ့ ကောင်ဆိုပြီး ကိုယ့်ကို အမုန်းကြီးမုန်းနေမှာပေါ့ .... မင်း သိသိ မသိသိ
မင်းရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေကို မင်းရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးဖို့ ​ကိုယ့်မှာတာ၀န်ရှိတယ် ....

ဘာလို့လဲသိလား .... နေ့ရက်ဆက်ဆိုတဲ့ ကိုယ်က မင်းကို သိပ်ချစ်လို့လေ ....

🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင်း 2 မျှော်~

Zawgyi:

အမုန္းမ်ားရဲ့ အလြန္ ~
🍀 အပိုင္း 1 🍀

ရန္ကုန္ၿမိဳ႔ရိွ Novotel Hotel Ballroom တြင္ ႀကီးက်ယ္ခမ္းနားစြာ က်င္းပေနေသာ စီးပြားေရးလုပ္ငန္းရွင္မ်ားရဲ့  ေလလံပြဲတစ္ပြဲ .....

ဒီတစ္ေခါက္ေခၚမည့္ ေလလံက ခန္းမထဲ
တြင္ရိွေနေသာ လူအားလံုး စိတ္၀င္စားေနေသာ အရာျဖစ္သည္....ထို႔အတြက္
ေၾကာင့္ ခန္းမက်ယ္ႀကီးထဲ လူအျပည့္ရိွေနေသာ္လည္း အပ္က်သံပင္ ၾကားရေလာက္တဲ့အထိ ၿငိမ္သက္မႈကႀကီးစိုးေနသည္....

"ဟုတ္ကဲ့.... အခုကြၽန္ေတာ္တို႔ ေလလံပြဲ
ကေနေနာက္ဆံုးမိတ္ဆက္ေပးမယ့္ ေလလံပစၥည္းကေတာ့ သီလဝါဆိပ္ကမ္း
နားမွာ တည္ရိွတဲ့ ေျမေနရာ 10 ဧက တိတိက်ယ္၀န္းတဲ့ ေျမကြက္ပဲ ျဖစ္ပါတယ္....

အဆိုပါ ေျမကြက္ဟာဆိုရင္သီလဝါဆိပ္ကမ္းနဲ႔လဲ နီးသည့္အတြက္
မိမိတို႔ပစၥည္းေတြ သိုေလွာင္ဖို႔ ဂိုေဒါင္အေနနဲ႔ သင့္ေတာ္သလိုမ်ိဳး အိမ္ရာစီမံကိန္း Project ေတြအတြက္လဲ အဆင္ေျပပါတယ္.... ဘာမွ မလုပ္ခ်င္ဘူး
ဆိုၿပီး ဒီအတိုင္းထားထားလဲ တစ္ရက္ၿပီး တစ္ရက္ တန္ဖိုးတက္လာမယ့္ ေရႊလို ေနရာမ်ိဳးပဲျဖစ္ပါတယ္.....

ဟုတ္ကဲ့အဲ့တာဆို အဆိုပါေျမကြက္ကို
ေလလံေစ်း ျမန္မာေငြ သိန္း ၁၀၀၀၀ နဲ႔
စတင္ပါၿပီဗ်..... "

"သိန္း ၁၁၀၀၀"

"ဟုတ္ကဲ့ အာကာျမင့္မိုရ္ကုမၸဏီက သိန္း ၁၁၀၀၀ ေပးထားပါတယ္ဗ် "

သိန္း ၁၂၀၀၀ .... ၁၅၀၀၀ .... ၁၈၀၀၀
..... သိန္း ၂၀၀၀၀ .....

"ဟုတ္ကဲ့ ႏိုင္ မိသားစုက သိန္း ၂၀၀၀၀
ေပးထားပါတယ္ဗ်.... ေနာက္ထပ္ ပိုေပးႏိုင္တဲ့ သူမ်ားရိွေသးလားမသိ "

"သိန္း ၃၀၀၀၀ "

ပံုရိပ္အသံေလးက ခန္းမက်ယ္ႀကီးထဲ က်ယ္ေလာင္စြာ ေပၚထြက္လာသည္....

"ဟုတ္ကဲ့ "Htin" Group ကေတာ့
သိန္း ၃ေသာင္း ေပးထားပါတယ္
ခင္ဗ် .... ပိုေပးခ်င္တဲ့သူ ရိွလားမသိဘူး
....ကြၽန္ေတာ္တို႔က ဒီေလလံပြဲကို တိုက္ရိုက္ ထုတ္လႊင့္ေနတာမို႔ ဒီခန္းမထဲက မဟုတ္လဲ ဖုန္းနဲ႔ လွမ္းၿပီး ဆက္သြယ္လို႔ရပါတယ္ဗ်....."

"........"

"ေစ်းထပ္ေပးမယ့္သူမရိွေတာ့ဘူးဆိုေတာ့သိန္း ၃ေသာင္း တစ္ႀကိမ္.... သိန္း၃ေသာင္း ႏွစ္ႀကိမ္..."

ထိုစဥ္ presenter အိတ္ကပ္ထဲမွ ဖုန္းသံျမည္လာသည္....

"ေတာင္းပန္ပါတယ္ခင္ဗ်ာ..... ဖုန္းေလး
တစ္ခ်က္ေျဖလိုက္ပါၪီးမယ္....

ဟုတ္ကဲ့ခင္ဗ် .... အခုကေတာ့ သိန္း၃ေသာင္းနဲ႔ ေနာက္ဆံုး ေစ်းတင္ထားပါတယ္ခင္ဗ်....ဟုတ္ကဲ့ တစ္ခ်က္ေလာက္ ကိုင္ထားေပးပါေနာ္ အားလံုးၾကားေအာင္ ကြၽန္ေတာ္ ဖုန္း speaker ေလး ဖြင့္လိုက္ၪီးမယ္ခင္ဗ် ...."

Presenter က ဖုန္း speaker ဖြင့္လိုက္ေတာ့ ဖုန္းထဲမွ ၾကည္လင္ျပတ္သား
ေသာ အမ်ိဳးသား အသံတစ္သံ ထြက္ေပၚ
လာသည္.....

"သိန္း ၄ေသာင္း ေပးမယ္ "

ပံုရိပ္ရဲ့ မ်က္၀န္းလွလွေလးေတြဟာ ပံုမွန္ထက္ ပိုၿပီးဝိုင္းစက္သြားရသည္....

"ဟုတ္ကဲ့ပါခင္ဗ်ာ .... Day Construction က သိန္း ၄ေသာင္း
ေပးပါတယ္ခင္ဗ်ာ.... သိန္း၄ေသာင္း
ထက္ ပိုေပးခ်င္တဲ့သူ ရိွပါေသးလားခင္ဗ်ာ....."

Day Construction.... အခု Day Construction လို႔ေျပာလိုက္တာလား.... တဆတ္ဆတ္တုန္ရင္လာသည့္
ပံုရိပ္လက္ေတြကို ထိန္းခ်ဳပ္ရန္ က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္....

"သိန္း၄ေသာင္း တစ္ႀကိမ္.... သိန္း၄ေသာင္း ႏွစ္ႀကိမ္... သိန္း၄ေသာင္း
သံုးႀကိမ္.... ဟုတ္ကဲ့အခုဆိုရင္ေတာ့
10ဧကတိတိက်ယ္၀န္းတဲ့ ဒီအဖိုးတန္
ေျမကြက္ႀကီးကို Day Construction
က ျမန္မာေငြ သိန္းေပါင္း ၄ေသာင္းနဲ႔ ပိုင္ဆိုင္သြားၿပီလဲ ျဖစ္ပါတယ္ .... "

ေလလံပြဲၿပီးသြားတာနဲ႔ ခန္းမႀကီးထဲရိွ လူအမ်ားဆီမွ တီးတိုးစကားေတြ အလီလီ ထြက္ေပၚလာသည္....

-Day Construction ရဲ့ ဥကၠဌ က
လူငယ္ေလးမလား ....

-ေမာင္ေန့ရက္ဆက္ေလဗ်ာ....
တေလာကေတာင္ က်ဳပ္တို႔နဲ႔ dinner မွာဆံုခဲ့ဖူးတဲ့လူငယ္ေလဗ်ာ....

-ဪ အဲ့တာေၾကာင့္ ဒီနာမည္ၾကားဖူး
ပါတယ္လို႔ ေတြးေနတာ.... ေတာ္ေတာ္ရင္းရဲတဲ့ လူငယ္ဗ်ာ.... ေငြ သိန္း ၄ေသာင္း ဆိုတာ နည္းနည္းေနာေနာ ပမာဏလားဗ်....

-ခင္ဗ်ားကလဲ သူ ရင္းရဲ လုပ္ရဲ ကိုင္ရဲလို႔
အခု သူတို႔ Construction group
ဆိုတာက ေဆာက္လုပ္ေရးေလာကမွာ
ထိပ္ျဖစ္ေနတာေလ.... ဒီလူငယ္က သူ႔
အေဖ့ထက္ အမ်ားႀကီးသာတယ္ဗ် ....
စီးပြားေရး အျမင္ရိွသလို ပညာကလဲ
မေသးဘူးဗ်.... ဆယ္တန္းေအာင္ၿပီးထဲက UK ထြက္သြားတာ .... UK မွာ engineering ဘြဲ႔ယူၿပီးမွ ဒီကိုျပန္လာ
ၿပီး ၪီးစီးေနတာတဲ့ .....

-ဒီလိုလူမ်ိဳး သမက္ မေတာ္လိုက္ရတာ နာတာပဲဗ်ာ .....

-ဟားဟားဟား ကိုလူေမာင္ကေတာ့
ေနာက္ၿပီဗ်ာ....ဟိုက ကေလး၂ေယာက္အေဖဗ်........

အနားမွလူႀကီး၂ေယာက္ စကားကို ေအာ္က်ယ္ေအာ္က်ယ္ေျပာၿပီး ထြက္သြားေတာ့မွ ပံုရိပ္ အသံက်ယ္က်ယ္နဲ႔ ေတာက္တစ္ခ်က္ေခါက္လိုက္မိသည္....

ေန့ရက္ဆက္.....ရွင့္ကို ဒီတစ္ခါလဲ ကြၽန္မထပ္ရႈံးရျပန္ၿပီလား .....

"ပံုရိပ္ နင္ အဆင္ေျပရဲ့လား "

"ငါ့ပံုစံက အခု အဆင္ေျပတဲ့ပံုေပါက္ေနလို႔လား ၀တ္မႈံ.... "

"နင္ကလဲ စိတ္ကို ေလ်ွာ့ပါဟယ္ "

"မေလ်ွာ့ႏိုင္ဘူး ၀တ္မႈံ.... ဒါ သူ သက္သက္ ငါ့ကို အႏိုင္နဲ႔ပိုင္းတာ.....သူ
ဒီပြဲမွာ မရိွေပမယ့္ ဒီအစီအစဥ္က တိုက္ရိုက္ထုတ္လႊင့္ေနတာ... ငါ..ငါ ေစ်းေျပာလိုက္မွ သူကငါ့ထက္ ေစ်းပိုေပးလိုက္တာ ဘာအခ်ိဳးခ်ိဳးတာလဲ "

"ပံုရိပ္ရယ္ "

"ဒီကိစၥကို ငါလံုး၀မေက်နပ္ဘူး.... ဒီေျမေနရာကို ငါလိုခ်င္ေနမွန္းသိေနလို႔
မတန္တဆေစ်းနဲ႔ေပး၀ယ္ၿပီး ငါ့လက္ထဲ ကလုလိုက္တာ..... သူ သပ္သပ္ယုတ္မာတာ....."

"သူလဲ နင့္လိုပဲ project တစ္ခုခု ရိွလို႔ေနမွာေပါ့ ပံုရိပ္ရယ္ လာပါဟာ ကားထဲ အရင္သြားရေအာင္ေနာ္ .... ငါတို႔ကို လူေတြ၀ိုင္းၾကည့္ေနၾကၿပီ ...."

အရမ္းလိုခ်င္သည့္ေနရာကို လက္လႊတ္လိုက္ရတာေရာ .... ေန့ရက္ဆက္အေပၚ အရႈံးေပးလိုက္ရျပန္တာေရာႏွင့္ အကုန္စုေပါင္းၿပီး ပံုရိပ္ေဒါသထြက္လြန္း၍ အသားေတြပါ တဆတ္ဆတ္တုန္လာသည္....

"ငါသူ႔ကို ရႈံးရျပန္ၿပီ ၀တ္မႈံ.... ငါဘာေတြမ်ား လိုအပ္ေနေသးလို႔လဲဟာ .... နင္​ေျပာပါ ....သားကို ေမြးၿပီးၿပီးခ်င္း
အေမရိကမွာ ခက္ခက္ခဲခဲနဲ႔ MBA ကိုယူၿပီး ငါ့အခ်ိန္ေတြ ေပးဆပ္ခဲ့ရတာ ဒီေန့ဒီလိုအခ်ိန္မွာ ငါသူ႔ကို ရႈံးေနဖို႔ မဟုတ္ဘူးေလ.....

ငါဘာေတြလိုအပ္ေနေသးလို႔လဲ .... ငါ
ဘာေတြထပ္ၿပီး ျပင္ဆင္မွ သူ႔ကိုႏိုင္မွာလဲ ၀တ္မႈံ.... နင္သိလား .... အခု .... အခု ငါ့စိတ္ထဲမွာ အရမ္းကို ပူေလာင္ေနရၿပီ ....
အဲ့ေျမကြက္ကို ရေအာင္၀ယ္ၿပီးရင္ လုပ္မယ္ဆိုၿပီး ႀကိဳစဥ္းစားထားတဲ့ ငါ့ Plan ေတြအကုန္လံုး အခု....အခုသူ႔ေၾကာင့္ ေရစုန္ေမ်ာသြားရၿပီ ..... "

"ပံုရိပ္ရယ္ နင့္စိတ္ကို ေအးေအးထားစမ္းပါ.... နင္က အခုမွ အေမရိကက ျပန္လာၿပီး ဒီမွာစီးပြားေရး စလုပ္တာေလ....
ေန့ရက္က သူ႔အသိုင္းအဝိုင္းမွာ သူ႔ဟာနဲ႔ သူအ​ေျခက်ၿပီးၿပီ .... အဲ့ေတာ့ သူနင့္ထက္ အၿမဲတစ္ကြက္ႀကိဳျမင္ေနတာ
မဆန္းပါဘူးဟာ.... အခုနင့္စိတ္ကို ေအးေအးထား ေဒါသေတြအဲ့ေလာက္ထိ
မထြက္နဲ႔ေတာ့ ဟုတ္ၿပီလား ..... နင္
ကုမၸဏီ၀င္ၪီးမလား ဒါမွမဟုတ္ အိမ္ကိုပဲ တန္းျပန္မလား .... "

"အိမ္ကိုပဲ ျပန္ေတာ့မယ္ "

"ေအးေအး "

၀တ္မႈံ ကားကို ပံုရိပ္အိမ္ဘက္ ၪီးတည္လိုက္သည္....

••°°••°°••°°••°°••°°••°°••°°••°°••°°••

"နင္ အိမ္ထဲ၀င္ၿပီး တခုခုေသာက္ၪီးေလ"

"မေသာက္ေတာ့ပါဘူးဟာ....အဲ့တာဆို ငါသြားေတာ့မယ္ေနာ္ "

"ေအးေအး "

ပံုရိပ္ေခါင္းၿငိမ့္ျပလိုက္ၿပီး အိမ္ထဲ၀င္လာေတာ့ လက္ကိုလာမွန္တဲ့ ရာဘာေဘာလံုးေလးတစ္လံုး ....

"ေမေမ အဲ့တာ ေမာင္ေမာင္ေလးေဘာလံုးပါ.... လီလီတို႔ ေဆာ့ေနရင္း ျဖစ္သြားတာပါ "

ေဘာလံုးကသူမကို မွန္သြားသည္မို႔
သမီးရဲ့ေနာက္တြင္ မိဘုတ္က သားကို
ခ်ီၿပီး မ်က္ႏွာငယ္ေလးႏွင့္ ရပ္ေနသည္...
သားေလးကေတာ့ စိတ္ရႈပ္ေနသည့္ ပံုစံ
ျဖင့္ လက္ေလးႏွင့္ မ်က္ႏွာေလးကို
ပြတ္သပ္ေနသည္....

ပံုရိပ္ ဘာမွေျပာမေနေတာ့ဘဲ
ေဘာလံုးကို ေကာက္လိုက္ၿပီး သမီးလက္ထဲထည့္ေပးလိုက္ခ်ိန္ ၾကားလိုက္ရတဲ့ အသံတိုးတိုးေလးေၾကာင့္ ေရ႔ွဆက္သြား
မည့္ ေျခလွမ္းေတြ ရပ္တန္႔သြားသည္....

"ေက်းဇူးပါ ေမေမတဲ့ "

တျခားသူေတြၾကားရင္ေတာ့ သားအမိၾကား သိပ္ကို သူစိမ္းဆန္တဲ့ စကား
တစ္ခြန္းေပါ့.... ဒါေပမဲ့လဲ ကေလးေတြနဲ႔ သူမၾကားက ဒီလို အေျခအေနေတြက
ပံုမွန္ပါပဲ .....

အိမ္ထဲမ၀င္ခင္ ၿခံထဲမွာ အၿမဲၾကားေနရသည့္ ရယ္ေမာသံဆာဆာေလးေတြက သူမ အိမ္ထဲ၀င္လိုက္တာနဲ႔ မီးကိုေရနဲ႔ၿငိမ္းလိုက္သလိုမ်ိဳး ၿငိမ္က်သြားတတ္တာ....

အလုပ္လဲ အဆင္မေျပလာတာမို႔ ပံုရိပ္ စိတ္အ​ေျခအေန ပံုရိပ္ပဲ သိတာမို႔ ဘာစကားမွ ေျပာမေနေတာ့ဘဲ အခန္းထဲသာ အျမန္၀င္လိုက္သည္....

အခန္းထဲေရာက္တာနဲ႔ ေပါ့ေပါ့ပါးပါး ျဖစ္ေစမယ့္ အ၀တ္ေတြကို အရင္လဲလိုက္ၿပီး
အိပ္ရာထဲလွဲခ်လိုက္သည္....

အခုလို စိတ္ထဲအရမ္းမြန္းၾကပ္လာသည့္ အခ်ိန္အတိုင္း ပံုရိပ္လုပ္ေနက်အရာမွာ  အိပ္ေပ်ာ္ေအာင္ အိပ္လိုက္ျခင္းပင္ျဖစ္သည္...

ထိုသို႔ အိပ္လိုက္မွ စိတ္ထဲမြန္းၾကပ္ေနတဲ့အရာေတြဆီကေန ခဏေလးပဲျဖစ္ျဖစ္ လြတ္ေျမာက္ႏိုင္မွာ ျဖစ္သည္.....

ပံုရိပ္အိမ္ေရာက္ၿပီးမၾကာမီ ေန့ရက္လဲ
အိမ္ျပန္ေရာက္လာသည္.....

အိမ္ေရ႔ွကားသံၾကားသည္ႏွင့္ ေဆာ့ေန
သည့္ လီလီေလးနဲ႔ ဂြန္းေလးက ေခါင္းေလးေထာင္လာၿပီး ခ်က္ခ်င္းကုန္းထသည္....

လီလီ ေမာင္ျဖစ္သူ ဂြန္းေလးလက္ကို ဆြဲၿပီး အိမ္ေရ႔ွကို အျမန္ထြက္လာလိုက္သည္.....

"ေဖေဖ.... "

"ေဖ့... ေဖ့"

ေန့ရက္ဆက္ သူ႔ကားသံၾကားသည္ႏွင့္ အိမ္ေရ႔ွထြက္ႀကိဳေနတတ္သည့္ သားႏွင့္သမီးကို ၿပံဳးျပလိုက္ၿပီး ကားထဲမွ သားနဲ႔ သမီးအတြက္၀ယ္လာသည့္ မုန္႔ေတြ
ကို ထုတ္လိုက္သည္....

ၿပီးေတာ့ မုန္႔ေတြကို မိဘုတ္ကို ေပးလိုက္ၿပီး သားနဲ႔ သမီးကို တစ္ဖက္စီ ေပြ့ခ်ီလိုက္သည္.....

"မိဘုတ္...  ဒီမွာ ကေလးေတြႀကိဳက္တဲ့
ဖက္ထုပ္... အခုတစ္ခါထဲ ထည့္လာခဲ့ ေကြၽးရေအာင္ "

"ေဖေဖ ဟိုတစ္ခါ လီလီေလးတို႔ သြားစားတဲ့ဆိုင္က ဖက္ထုပ္လားဟင္ "

"ဟုတ္တယ္ေလသမီးရဲ့ .... ေဖေဖက
ဒီေန့ အဲ့ဘက္မွာ အလုပ္ရိွလို႔ေရာက္ျဖစ္တာနဲ႔ သမီးရယ္ ေမာင္ေလးရယ္အတြက္ ၀ယ္လာတာ ..."

"ဖက္ ထုပ္ ... သား သား ... ႀကိဳက္ႀကိဳက္"

စကားကို တစ္လံုးခ်င္းစီပဲ ေျပာတတ္ေသးသည့္ သားရဲ့ ပါးေဖာင္းေဖာင္းေလးေတြကို ေန့ရက္ ရႊတ္ခနဲျမည္ေအာင္နမ္းလိုက္သည္.....

"ႀကိဳက္ရင္ စားရမွာေပါ့ သားရဲ့ .... ေဖေဖ က အမ်ားႀကီး၀ယ္လာတာ "

ေန့ရက္ သားနဲ႔သမီးကို ခ်ီလ်က္နဲ႔ပဲ
ဧည့္ခန္းထဲမွ sofa ေပၚ၀င္ထိုင္လိုက္ေတာ့ သားနဲ႔သမီးက သူ႔ကို အေမာေျပ ၿပိဳင္တူ kiss ေလးေပးသည္.....

"ေဖေဖ့သားနဲ႔သမီးက ခ်စ္ဖို႔ေကာင္းလိုက္တာကြာ....."

"အစ္ကိုေလး ဒီမွာရၿပီ "

"ေအးေအး အဲ့မွာ ခ်ထားလိုက္"

ဖက္ထုပ္ေပါင္းေတြက အခုထိပူေနေသးသည္မို႔ ေန့ရက္ ဖက္ထုပ္တစ္ခုကို ခက္ရင္းနဲ႔ ထိုးကာ ေအးသြားေအာင္
မႈတ္ေပးၿပီး သမီးေလးကို ေပးလိုက္သည္
....

ဖက္ထုပ္က တစ္ခုဆို ဆိုသေလာက္ အႀကီးႀကီးပဲမို႔ သားေလးကိုက်ေတာ့ နည္းနည္းခ်င္းစီ ဖဲ့ကာ ေကြၽးရသည္.....

"ေဖေဖ"

"ဟင္ ေျပာေလ သမီး "

"ေမေမျပန္ေရာက္ေနၿပီ "

ဖက္ထုပ္ကို ဖဲ့ေနသည့္ ေန့ရက္လက္ေတြ ေခတၲခဏ တံု႔ဆိုင္းသြားရသည္....

"ဟုတ္လား အခုေရာ အခန္းထဲမွာပဲလားသမီး .... အျပင္ကို မထြက္လာဘူးလား"

"ဟင့္အင္း မထြက္လာေတာ့ဘူး ေဖေဖ...
လီလီ သြားၾကည့္ေတာ့ ေမေမက အိပ္ေနၿပီ... ဒီေန့ ေမေမျပန္ေရာက္တာေလ
မ်က္ႏွာမေကာင္းဘူး သိလားေဖေဖ....
ေမေမဖ်ားေနတယ္ထင္တယ္ ... ေဖေဖ ၿပီးရင္ သြားၾကည့္လိုက္ပါၪီးေနာ္.... "

"အြန္းပါ သမီးရဲ့ ေဖေဖၿပီးမွ သြားၾကည့္
လိုက္မယ္ေနာ္ .... အခု ဖက္ထုပ္ေလးေတြ ေနြးေနတုန္း စားၪီး ..... ေအးသြားရင္ စားေကာင္းေတာ့မွာမဟုတ္ဘူး "

"ဟုတ္....  ေဖေဖ၀ယ္လာေပးလို႔လားမသိ ဖက္ထုပ္ေလးက အရမ္း အရမ္း အရမ္းကို စားေကာင္းပဲ ....."

စကားတတ္လြန္းသည့္ သမီးျဖစ္သူကို
ၿပံဳးၾကည့္ရင္း ေန့ရက္ ထင့္အေၾကာင္း
ေတြးမိသြားသည္.....

ဒီေန့ ေလလံပြဲမွာ သူ သီလဝါဆိပ္ကမ္းနားက ေျမကို ၀ယ္လိုက္တာနဲ႔ပတ္သက္ၿပီး ထင္ သူ႔ကို စိတ္ဆိုးေဒါသထြက္ေနမယ္ဆိုတာ က်ိန္းေသသည္.....

ေန့ရက္ သားနဲ႔သမီးကို ဖက္ထုပ္ေကြၽးၿပီး
ေတာ့ ကာတြန္းကားဖြင့္ျပကာ သူကေတာ့ ထင့္ အခန္းဆီေလ်ွာက္လာသည္....

သူတို႔သားအဖေတြက အိမ္အေပၚထပ္က အခန္းမွာေနေပမယ့္ ထင္ ကေတာ့
အေမရိက ကျပန္ေရာက္ထဲက ေအာက္ထပ္ အခန္းမွာ သပ္သပ္ခြဲေနသည္....

ထင္ နဲ႔ သူက လက္ထပ္လိုက္တဲ့အခ်ိန္ကေန သမီးေလး မေမြးခင္ အခ်ိန္ထိ အဆင္ေျပေနခဲ့ေသာ္လည္း သမီးေလးေမြးၿပီးတဲ့ အခ်ိန္မွာေတာ့ ထင့္ရဲ့ အထင္လြဲမႈေတြဟာ သူ႔ဆီ ဆက္တိုက္ဆိုသလို ေရာက္ရိွလာခဲ့သည္....

သူတို႔သားအဖကိုထားၿပီး ထင္ အေမရိကမွာ MBA သြားတက္ဖို႔ျပင္ဆင္ခဲ့သည့္
အခ်ိန္ သူ႔ဘက္မွ ခ်စ္လြန္း၍ သူတို႔သားအဖကို ထားမသြားေအာင္ ထင့္ကို ေဆးခတ္ၿပီး သားေလးကိုရယူလိုက္တဲ့ အခ်ိန္မွာေတာ့ ထင္ဟာ သူ႔ကို လူယုတ္မာ
တစ္ေယာက္လို ခါးခါးသီးသီး ဆက္ဆံခဲ့ၿပီး သားေလးေမြးၿပီး အေမရိကကို ထြက္သြားလိုက္တာ အခု MBA ယူၿပီး
ျပန္လာသည့္အခါမွာေတာ့ ထင္ဟာ
သူတို႔သားအဖႏွင့္ တကယ့္ကို စိမ္းသက္သည့္ သူစိမ္းတစ္ေယာက္လိုမ်ိဳး ျဖစ္သြားခဲ့ရသည္.....

သူဆိုတဲ့ေကာင္ကလဲ ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ မာနထိခိုက္မွာကို နည္းနည္းေလးမွ လက္မခံႏိုင္သည္မို႔ သူနဲ႔ ထင္ၾကား သားနဲ႔ သမီးက အျပစ္မရိွသည့္ ေျမစာပင္ေလး
ေတျြဖစ္ခဲ့ရသည္.....

ေဖေဖနဲ႔ ေမေမကေတာ့ ထင္ ဒီကို ျပန္ေရာက္ထဲက ကိုယ့္မိသားစုကို ကိုယ့္ဘာသာ ပံုေဖာ္ေတာ့ဆိုၿပီး စိတ္ေအးလက္ေအးႏွင့္ ျပင္ၪီးလြင္အိမ္တြင္ အနားသြားယူၾကၿပီျဖစ္သည္....

အခု သူနဲ႔ ထင္အျဖစ္က လက္ထပ္စာခ်ဳပ္ေပၚတြင္ လက္မွတ္ထိုးလက္ထပ္ထားၾကသည့္ လင္မယားအျဖစ္ကလြဲ၍ သူစိမ္းေတြလား .... ရန္သူေတြလား .... စီးပြားၿပိဳင္ဖက္ေတြလား သူကိုယ္တိုင္ေတာင္ ေသခ်ာမသိသည့္ အေျခအေနျဖစ္သည္
......

ေန့ရက္ အခန္းတံခါးကို အသာတြန္းဖြင့္ ၿပီး အထဲကို လွမ္းၾကည့္ေတာ့ ထင္ က ကေလးေလးတစ္ေယာက္လို ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနသည္....

ထင္ အိပ္ေနသည့္ေဘး တေစာင္းေလး
၀င္ထိုင္လိုက္ၿပီး ထင့္ မ်က္ႏွာေပၚ ဝဲက်ေနသည့္ ဆံႏြယ္ေလးေတြကို အသာ သပ္တင္ေပးလိုက္သည္....

ေခ်ာင္က်ေနသည့္ မ်က္ႏွာေလးေပၚတြင္
အထင္းလိုက္ရိွေနေသာ မ်က္ရည္
စီးေၾကာင္းႀကီးကို ျမင္ေတာ့ သူသက္ျပင္း
အသာခ်မိသည္.....

မင္းသိလား ထင္ ....အဲ့ဒီေျမကြက္ကို
မင္းသာ၀ယ္လိုက္မိရင္ ကိုယ္ေလ
ကိုယ့္ကိုယ္ကို ခြင့္လႊတ္ႏိုင္မွာ
မဟုတ္ဘူး.... ေတာ္ေသးတာေပါ့ မင္းထက္အရင္ လက္မတင္ေလး ကိုယ္၀ယ္လိုက္ႏိုင္လို႔ .... မင္းကေတာ့ မင္းလုပ္မယ့္ အလုပ္ေတြကို ေရ႔ွကေန လိုက္ဖ်က္ဆီးေနတဲ့ ေကာင္ဆိုၿပီး ကိုယ့္ကို အမုန္းႀကီးမုန္းေနမွာေပါ့ .... မင္း သိသိ မသိသိ
မင္းရင္ဆိုင္ႀကံဳေတြ့ရမယ့္ အခက္အခဲေတြကို မင္းေရ႔ွကေန မားမားမတ္မတ္ရပ္တည္ၿပီး ေျဖရွင္းေပးဖို႔ ​ကိုယ့္မွာတာ၀န္ရိွတယ္ ....

ဘာလို႔လဲသိလား .... ေန့ရက္ဆက္ဆိုတဲ့ ကိုယ္က မင္းကို သိပ္ခ်စ္လို႔ေလ ....

🍀 ** ** ** ** ** ** ** ** ** 🍀

အပိုင္း 2 ေမ်ွာ္~

Continue Reading

You'll Also Like

95.9K 2.4K 43
သက်တံ့နေ့သစ်💕ချစ်လွန်းပြည့်စုံ သက္တံ့ေန႕သစ္💕ခ်စ္လြန္းျပည့္စုံ
1.3M 44K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
230K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
20.2K 806 13
"စိတ္​ခ်ပါ မိန္​းက​ေလး မင္​းကို ကိုယ္​ မ​ေတြ႔​ေတြ႔​ေအာင္​႐ွာပါ့မယ္​ ကို႔ကို ခြင္​့မလႊတ္​ပါန႔ဲ မင္​းရ႕ဲက္ိုယ္​​ေပၚက စကူရာ ပန္​းနံ​ေလးန႔ဲ​ေပါ့....."