Lawless Gangster (Myanmar Tra...

By ViVianKhin

40.8K 7.6K 490

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55

Episode 45

464 95 6
By ViVianKhin

အပိုင္း ၄၅

Zawgyi

အစပိုင္းမွာ ဂုတ္နားသာ နာေနေသာ္ျငား ေနာက္ပိုင္း ႏွာေခါင္းထဲသို႔ တျဖည္းျဖည္းဝင္လာတဲ့ေရတို႔ေၾကာင့္ အသက္႐ႈၾကပ္ကာ ေခ်ာင္းထဆိုးမိတယ္။

အခန္းထဲတြင္ မီးေရာင္က မိွန္ပ်ပ်သာ။ ေ႐ွာင္းလီ အခုထိမ်က္လံုးမဖြင့္ႏိုင္ေသးေသာ္လည္း ေဘးနား႐ွိ ရင္းႏီွးေနေသာ အသံကိုေတာ့ျဖင့္ ၾကားေနရတယ္။

" ကြၽန္ေတာ္ ေျပာသားပဲ။ သူ သံုးစကၠန္႔အတြင္းႏိုးလာမွာပါလို႔။ "

ယန္မင္ရဲ႕ ဂုဏ္ဆာေနေသာ အသံ။

" သူ႔ခႏၶာကိုယ္ ဘာထိခိုက္မႈမွ မ႐ွိတာ ေသခ်ာလား။ "

လီ႐ွီခ်င္း အသံက တိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္တယ္။

" ခ်န္းဝူကို ဖုန္းထပ္ဆက္ျပီး ေမးလိုက္ဦး။ "

ယန္မင္ ေတာက္ေခါက္ရင္း

" စိုးရိမ္တတ္တာကေတာ့ အရင္အတိုင္းပဲ။ "

အခန္းထဲကေန ထြက္သြားတဲ့ ေျခသံေတြ တိတ္သြားၿပီးေနာက္မွာ ယန္မင္တစ္ေယာက္ ဖုန္းေခၚေနပံုရတယ္။
ေ႐ွာင္းလီ မ်က္လံုးဖြင့္ကာ အခန္းတစ္ပတ္ေဝ့ၾကည့္လိုက္ေတာ့ လီ႐ွီခ်င္းရဲ႕ ဧည့္ခန္းထဲက ဆိုဖာေပၚေရာက္ေနတယ္ဆိုတာ သူ႔ကိုယ္သူ သတိျပဳမိတယ္။

တိုင္ကပ္နာရီက ည ႐ွစ္နာရီဆိုတာကို ၫႊန္ျပလ်က္။

ေ႐ွာင္းလီ အားျပဳကာ ထထိုင္ဖို႔ႀကိဳးစားၾကည့္ေသာ္လည္း အခ်ည္းႏွီးသာ။ သူ႔ခႏၶာကိုယ္က အခုထိ အားမ႐ွိေသး။ တစ္ကိုယ္လံုး ကိုင္႐ိုက္ခံထားရသလို နာက်င္လို႔ေနတယ္။
႐ုတ္တရက္ သူ႔ျမင္ကြင္းကို အရိပ္တစ္ခုက ကြယ္လာတာေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့ လီ႐ွီခ်င္းက ကိုယ္ကိုကိုင္းကာ သူ႔အေျခအေနကို လာအကဲခတ္ေနတာကို ျမင္လိုက္ရတယ္။ မ်က္ႏွာထက္ဝယ္ အမ်ိဳးအမည္ေျပာလို႔မရတဲ့ အမူအရာနဲ႔။

" ခ်င္းရယ္ "

ေ႐ွာင္းလီ ထိုလူရဲ႕ခ်ဳပ္ကိုင္ထားမႈေအာက္က လြတ္ေျမာက္ေအာင္ အားတင္းကာ ကိုယ္ကို ေဘးဘက္ဆီ ေရႊ႕လိုက္မိတယ္။

လီ႐ွီခ်င္းက သူ႔ေမးေစ့ကို ကိုင္ကာ မ်က္ႏွာကို ဆြဲလွည့္လိုက္ၿပီး မထင္မွတ္ရေလာက္ေအာင္ တည္ၿငိမ္ေနတဲ့ေလသံနဲ႔

" ေက်းဇူးတင္ေၾကာင္းေတာင္ မေျပာေတာ့ဘူးလား။ "

" ကြၽန္ေတာ့္ကို ကယ္ထုတ္လာခဲ့ေပးလို႔.... ခ်င္းရယ္ကို ေက်းဇူးတင္ပါတယ္။ "

ပါးစပ္က ေက်းဇူးတင္စကားဆိုေနေသာ္ျငား ကိုယ္ကေတာ့ လီ႐ွီခ်င္းနဲ႔ အတတ္ႏိုင္ဆံုး ေဝးေအာင္ ေဘးကို ေရႊ႕ေနမိတယ္။

" ဒါေပမယ့္ ကြၽန္ေတာ္ နားမလည္...... "

" ငါကေတာ့ အရမ္းနားလည္တယ္။ "

လီ႐ွီခ်င္းက သူ႔လက္ကို ျပန္႐ုတ္ကာ ေလသံမေျပာင္းလဲစြာနဲ႔ဆက္ေျပာတယ္။

" လုဝူ ပိုင္နက္ထဲကို ေဆးသယ္သြားတယ္။ လင္းက်ီဆီက ေဆးရၿပီးေတာ့ လက္စမေဖ်ာက္ပဲ ဒီအတိုင္းထားတယ္။ မင္းကို ငါသိလာတာ ဘယ္ႏွႏွစ္႐ွိေနၿပီလို႔ ထင္လဲ။ "

" ခ်င္းရယ္၊ ကြၽန္ေတာ္ တကယ္...... "

ေ႐ွာင္းလီ စကားမဆံုးခင္မွာပဲ လီ႐ွီခ်င္းက သူ႔နားကို တစ္ဖန္ကပ္လာျပန္တယ္။ ထိုလူရဲ႕ ဝင္သက္ထြက္သက္က သူ႔မ်က္ႏွာကို လာ႐ိုက္ခတ္ေနခ်ိန္ သူကေတာ့ မ်က္လံုးစံုမိွတ္လို႔ ပါးစပ္ပိတ္ေနမိတယ္။

" မင္း ငါ့ကို အျပစ္ျမင္ေနလား။ "

ေ႐ွာင္းလီ သံသယမ်က္ဝန္းတို႔ျဖင့္ ၾကည့္ေနလိုက္တယ္။

" ငါ့ကို အျမဲနာခံၿပီး ဘယ္ေတာ့မွ သစၥာမေဖာက္ပါဘူးလို႔ မင္းကတိေပးခဲ့တယ္။ ဒါေပမယ့္ ထြက္မသြားပါဘူးလို႔ေတာ့ မင္း မေျပာခဲ့ဖူးဘူး။ မင္းညီ တျခားနယ္မွာ တကၠသိုလ္သြားတက္ေတာ့ အဲ့ဒါကိုအေၾကာင္းျပၿပီး မင္းထြက္သြားမယ္လို႔ ငါထင္ခဲ့ဖူးတယ္။ ငါ အခ်ိန္အၾကာႀကီး သတိေတြ ထားေနခဲ့ေပမယ့္ မင္းဘက္က ဘာမွ လႈပ္႐ွားမႈမ႐ွိခဲ့ဘူး။ ေနာက္ သူ ႏိုင္ငံျခားထြက္သြားတဲ့အခ်ိန္မွာလည္း မငိးဂိုဏ္းက ထြက္သြားမယ္လို႔ ငါထင္လိုက္ေသးတယ္။ ဒါေပမယ့္ အဲ့အခ်ိန္မွာပဲ မင္းက ငါ့ကို အေ႐ွ႕ပိုင္းနယ္တစ္ခြင္မွာ အာဏာရလာေအာင္ ကူညီေပးခဲ့ျပန္တယ္။ ငါနားမလည္ဘူး... ဘာလို႔ အခုလဲ။ မင္းဂိုဏ္းကေန ထြက္ရေအာင္ ငါ့ေဘးက ထြက္သြားရေအာင္ ဘာေတြမ်ားျဖစ္ခဲ့သလဲ။ "

ေ႐ွာင္းလီကေတာ့ တိတ္ဆိတ္ေနဆဲ။

" မင္း ငါ့ကို အျပစ္ျမင္ေနလား။ လုဝူပိုင္နက္ထဲကေန မင္းညီကို ကယ္မေပးတာကို အျပစ္တင္ခ်င္တာလား။ ဟန္က်ားကို လုဝူလက္ အပ္ၿပီး စီးပြားေရး အလဲအလွယ္လုပ္တာအတြက္ အျပစ္တင္ခ်င္တာလား။ "

ထို႔ေနာက္ လီ႐ွီခ်င္းက ႐ုတ္တရက္ ထရယ္ကာ

" မင္း လုဝူပိုင္နက္ထဲ အသက္နဲ႔ရင္းၿပီး ေျပးသြားတာ မဆန္းပါဘူးေလ။ မင္းက လည္သားပဲ။ အရင္ႏွစ္ခါလိုပဲ ျဖစ္မယ္လို႔ မင္းထင္ေနတာမဟုတ္လား။ ငါ့ေနာက္ေက်ာကို ဓားနဲ႔ထိုးမယ့္ သတင္းအခ်က္အလက္ေတြနဲ႔ အလဲအလွယ္လုပ္ၿပီး လုဝူဆီကေန မင္းကို ျပန္ေခၚမယ္လို႔ မထင္ထားဘူး မဟုတ္လား။ "

ဒါကိုၾကားေတာ့မွ ေ႐ွာင္းလီက

" ခ်င္းရယ္ အေတြးမ်ားေနၿပီ။ "

" မင္းငါ့ကို လိမ္စရာမလိုပါဘူး။ မင္း ဟန္က်ားကို သြားကယ္တုန္းက အသက္ေတာင္စြန္႔ထားခဲ့တာပဲဟာ။ ငါ့ကို အျပစ္မျမင္ပဲ ဘယ္ေနမွာလဲ။ ဒါေပမယ့္ ငါ့အေနအထားကိုလည္း မင္းနားလည္သင့္တယ္။ အလုပ္ႀကီးအကိုင္ႀကီးလုပ္ေနခ်ိန္မွာ အေသးအဖြဲေတြ ဝင္ေႏွာက္ခံလို႔မရဘူးေလ။ လုဝူကို အာခံလို႔ ဂိုဏ္းအတြက္ ဘာေကာင္းတာမွ မ႐ွိဘူး။ ဒါေပမယ့္လည္း.... "

လီ႐ွီခ်င္း လက္ဆန္႔ကာ ေ႐ွာင္းလီမ်က္ႏွာေပၚက အမာရြတ္ကို ထိရင္း

" မင္းကေတာ့ မတူဘူးေပါ့။ "

လီ႐ွီခ်င္း မ်က္ဝန္းထဲက အေမွာင္ရိပ္တို႔က ေ႐ွာင္းလီကို ေၾကာက္ရြံ႕လာေစကာ ျပန္တြန္းလွန္ဖို႔ ခြန္အားတို႔ကို ႐ုတ္ေလ်ာ့ေစတယ္။

ေစာေစာကထက္စာရင္ အားနည္းနည္းျပန္ျပည့္လာၿပီဆိုေပမယ့္ လီ႐ွီခ်င္းကို ဘယ္လိုမွ ျပန္မခုခံႏိုင္။ အံႀကိတ္ၿပီး တင္းခံရံုသာ။

ဒါကိုသိတဲ့ လီ႐ွီခ်င္းက မဲ့ျပံဳးျပံဳးတယ္။ ေ႐ွာင္းလီရဲ႕ ပါးႏွစ္ဖက္ကိုတင္းၾကပ္စြာ ဆုပ္ကိုင္ကာ ႏႈတ္ခမ္းလႊာတို႔ပြင့္ဟ လာေစရန္ နာက်င္ေအာင္ကိုက္ၿပီး လ်ွာျဖင့္တိုးဝင္တယ္။
အေတြ႔အၾကံဳမ်ားတဲ့ လီ႐ွီခ်င္းတစ္ေယာက္ အခုေတာ့ စိတ္လႈပ္႐ွားလို႔ေနတယ္။ လီ႐ွီခ်င္းရဲ႕လ်ွာက ေ႐ွာင္းလီ ပါးစပ္ထဲ ေမႊေနာက္လို႔ေနကာ မလြတ္ေျမာက္ႏိုင္တဲ့အဆံုး မ်က္ေမွာင္သာ တင္းေနေအာင္ ၾကံဳ႕ထားလိုက္တယ္။

တစ္ေယာက္က ႐ုန္းကန္လ်က္ တစ္ေယာက္က ဖိအားေပးလ်က္နဲ႔ လံုးေထြးေနစဥ္ ေနာက္ကေန ေခ်ာင္းဟန္႔သံထြက္ေပၚလာတယ္။

လီ႐ွီခ်င္း စိတ္အလိုမက်စြာ ေခါင္းေမာ့ၾကည့္ေတာ့ တံခါးေဘးမွာ ဖုန္းကိုေျမႇာက္ျပေနတဲ့ ယန္မင္ကိုေတြ႔ရတယ္။

" ကြၽန္ေတာ္ တမင္လာေႏွာက္ယွက္တာ မဟုတ္ဘူးေနာ္ ဦးေလး။ လုဝူက သူ႔လူေတြသံုးၿပီး ေ႐ွာင္းလီလြတ္ေအာင္ လုပ္ေပးထားရတာကို တန္ရာတန္ေၾကး ျပန္လိုခ်င္ေနၿပီတဲ့။ "

လီ႐ွီခ်င္းက ေ႐ွာင္းလီကိုၾကည့္ကာ

" မင္းအတြက္နဲ႔ ဒီပိုင္နက္ကို လုဝူဆီေပးလိုက္ရတယ္ဆိုတာကို မေမ့တာ အေကာင္းဆံုးပဲ။ "

ယန္မင္ရဲ႕အၾကည့္ေတြကိုေတာင္ ေ႐ွာင္မေနေတာ့ပဲ ေ႐ွာင္းလီရဲ႕ ႏႈတ္ခမ္းတို႔ကို ခပ္ဖြဖြကိုက္ရင္း

" ငါ တျခားၿမိဳ႕ကေနျပန္ေရာက္တာနဲ႔ မင္းဒီကိုေျပာင္းလာခဲ့ေတာ့။ "

သူေျပာခ်င္တာေျပာၿပီးတာနဲ႔ အခန္းထဲကေန ထြက္သြားတယ္။ ယန္မင္လည္း အေနာက္ကေန အတူလိုက္ထြက္မလို႔လုပ္ေပမယ့္ လီ႐ွီခ်င္းက လက္ခါျပကာ

" မင္း ဒီမွာ ေ႐ွာင္းလီနဲ႔ေနခဲ့။ သူ႔ကို ထြက္မေျပးေစနဲ႔။ "

ယန္မင္ လီ႐ွီခ်င္းကို အခန္းဝထိ လိုက္ပို႔ ႏႈတ္ဆက္ဖို႔ထြက္သြားခ်ိန္ ေ႐ွာင္းလီလည္း အားယူကာ ဆိုဖာေပၚထထိုင္တယ္။ ထို႔ေနာက္ ရြံ႐ွာေလဟန္ျဖင့္ လက္ခံုနဲ႔ သူ႔ႏႈတ္ခမ္းတို႔ကို သုတ္ပစ္လိုက္ေသာ္လည္း မလံုေလာက္ေသးသလိုခံစားရတာေၾကာင့္ ထေဆးဖို႔ျပင္တယ္။ ထိုအခ်ိန္ ယန္မင္က အခန္းထဲျပန္ဝင္လာတာနဲ႔ ၾကံဳတယ္။

ယန္မင္က တံခါးဝ႐ွိ အပင္ေဘးမွာရပ္ရင္း စီးကရက္တစ္လိပ္ကိုခဲကာ ဘာလုပ္မလို႔လဲ ဟူေသာ အမူအရာနဲ႔ၾကည့္တယ္။

ေ႐ွာင္းလီ ေခါင္းခါျပေတာ့ မ်က္ႏွာခ်င္းဆိုင္က ဆိုဖာေပၚမွာ လီ႐ွီခ်င္းလို ယံုၾကည္မႈလြန္ကဲေနတဲ့အမူအရာနဲ႔ လာထိုင္တယ္။

" ငါနဲ႔သာလက္တြဲမယ္ဆို မင္းဒီလို ေဒါသထြက္ခံရမွာမဟုတ္ဘူး။ "

ေရွာင္းလီကေတာ့ သစ္သားတံုးလို မလႈပ္မယွက္ျဖင့္သာ။

" ကံဆိုးတဲ့ ငါ့ဦးေလးကေတာ့ မင္းဂိုဏ္းကေနထြက္ခ်င္လြန္းလို႔ ေသေအာင္လို႔ တျခားနယ္ေျမထဲ သြားတယ္လို႔ ထင္ေနတုန္းပဲ။ အမွန္တရားကို ေျပာျပရင္ေတာင္ သူကေတာ့ ယံုမယ္မထင္ဘူး။ "

" တျခားေျပာစရာမ႐ွိရင္ ငါျပန္ေတာ့မယ္။ "

" သေဘာပဲ။ ငါ့ဦးေလး ျပန္ေရာက္တဲ့အခ်ိန္ မင္း ဒီၿမိဳ႕ထဲမွာ ႐ွိေနရင္ ရၿပီ။ သူျပန္ေရာက္တဲ့အခ်ိန္ မင္းမ်ိဳး႐ိုးနာမည္က သူနဲ႔တူသြားမွာ စိုးပါရဲ႕ကြာ အဟားဟားဟား.... ။ "

ေ႐ွာင္းလီ ခြန္းတံု႔ျပန္မေနေတာ့ပဲ ေအးစက္စက္အမူအရာနဲ႔ အခန္းထဲကသာ ထြက္လာလိုက္တယ္။ အခန္းျပင္ေရာက္ခါမွ အထဲက ယန္မင္ရဲ႕ ေအာ္ေျပာတဲ့စကားကို ၾကားလိုက္ရေသးတယ္။

" မင္း ငါနဲ႔လက္မတြဲခ်င္ဘူးဆိုလည္း ပါးစပ္ေတာ့ သတိထားေနာ္။ တစ္ခုခုေျပာမယ္ဆို ေျပာသင့္ မေျပာသင့္ ခ်င့္ခ်ိန္ဦး။ မင္းညီကပစ္မွတ္ထားရလြယ္တာမင္းသိပါတယ္။ "

ေ႐ွာင္းလီ ႏႈတ္ခမ္းတင္းတင္းေစ့လို႔ လီ႐ွီခ်င္းရဲ႕ ဗီလာကေန ထြက္လာတယ္။

အျပင္ဘက္မွာေတာ့ မႈန္မႈိင္းေနကာ မိုးတိမ္မည္းတို႔ လႊမ္းျခံဳလ်က္႐ွိတယ္။

ေ႐ွာင္းလီ အက်ႌအိတ္ထဲက ဖုန္းကိုထုတ္ၿပီး သူ႔စိတ္ထဲမွာေပၚလာတဲ့ တစ္ခုတည္းေသာ နာမည္ကို ေရရြတ္ကာ ထိုလူဆီ ဖုန္းေခၚလိုက္တယ္။

" ခ်ီ႐ႈိ႕ယြမ္ "

ဖုန္းသံရပ္သြားေသာ္လည္းတစ္ဖက္က မကိုင္။

" ဖုန္းကိုင္စမ္းပါ...... ဖုန္းကိုင္ပါ။ "

ခ်ီ႐ႈိ႕ယြမ္ စုစုဆီကေန ဖုန္းလာၿပီးတာနဲ႔ ဖုန္းကို ဘယ္နားထားခဲ့မိမွန္းမသိေတာ့။ သူေရာက္သြားေတာ့ အမ်ားသံုးဖုန္းရံုထဲမွာ ဘယ္သူမ႐ွိေနတာေၾကာင့္ အလြန္အမင္း ထိတ္လန္႔သြားရကာ Taxi ထဲကေန ေျပးထြက္လာမိတယ္။
လမ္းမွာ လူသိပ္မ႐ွိ။ ေဘးက ျဖတ္သြားတဲ့ လမ္းသြားလမ္းလာႏွစ္ေယာက္ကို စုစုအားေတြ႔မိေသးလားဟု ေမးၾကည့္ေသာ္လည္း ေခါင္းသာခါျပၾကတယ္။

အခ်ိန္အေတာ္ၾကာတဲ့အထိ ဟိုဟိုဒီဒီ လိုက္႐ွာေနရင္း လမ္းၾကားေလးတစ္ခုထဲေရာက္မွ စုစုရဲ႕အရိပ္အေယာင္ကို ျမင္လိုက္ရတယ္။ လမ္းေဘးမွာရပ္ထားတဲ့ ကားအနက္ေရာင္ထဲမွ လူတစ္ေယာက္ကို သူမအတင္းဆြဲကာ ကားထဲသြင္းဖို႔ႀကိဳးစားေနတာကို ႐ုန္းကန္ေနပံုရတယ္။

" စုစု!"

ခ်ီ႐ႈိ႕ယြမ္ အသံက်ယ္က်ယ္နဲ႔ ေအာ္ကာ ေျပးသြားေတာ့ ကားထဲကလူက စုစုလက္ကို လႊတ္ခ်လိုက္တာမို႔ ေျမေပၚ ဖင္ထိုင္ရက္လဲက်သြားရတယ္။ ခ်ီ႐ႈိ႕ယြမ္ စုစုနားေရာက္ေတာ့ ကားကေမာင္းေျပးသြားေခ်ၿပီ။

ကားေနာက္မလိုက္ႏိုင္ေတာ့တာေၾကာင့္ ေျမေပၚမွာ လဲက်ေနတဲ့ စုစုကိုသာ ေဖးမကာ မတ္တပ္ရပ္ဖို႔ ကူေပးလိုက္တယ္။ ႐ုတ္တရက္ ထိတ္လန္႔ဖြယ္ရာကို ၾကံဳေတြ႔လိုက္ရတာေၾကာင့္ သူမမ်က္ႏွာက ေသြးဆုတ္ျဖဴေရာ္လ်က္႐ွိတယ္။

စုစုကို တြဲလ်က္ ေလ်ွာက္လာရင္း လူမ်ားတဲ့လမ္းေပၚ ေရာက္မွ Taxiငွါးကာ ေဆးရံုကို တန္းသြားလိုက္တယ္။

လမ္းတစ္ေလ်ာက္ စုစုကေတာ့ မ်က္လံုးေၾကညက္လ်က္သားျဖစ္လို႔ေနကာ ေၾကာက္လန္႔ေနၿပီး သူမအစ္ကိုရဲ႕ အက်ႌစကိုသာ တင္းေနေအာင္ ဆုပ္ကိုင္ထားတယ္။ ဘာေတြျဖစ္သြားသလဲလို႔ ခ်ီ႐ႈိ႕ယြမ္ေမးတာေတာင္ ျပန္မေျဖႏိုင္။
ေဆးရံုေရာက္ခ်ိန္မွာေတာ့ စုစု စိတ္နည္းနည္းသက္သာလာပံုရတယ္။ စစ္ေဆးစမ္းသပ္မႈေတြ လုပ္အၿပီး ဆရာဝန္က သူမဟာ အေၾကာက္လြန္သြားတာျဖစ္ၿပီး အခ်ိန္တစ္ခုေလာက္ထိ ဂ႐ုစိုက္ေပးဖို႔လိုေၾကာင္း ေျပာတယ္။

ဆရာဝန္ အမွာစကားတို႔ကို ဂ႐ုတစိုက္နားေထာင္ၿပီးေနာက္ ေဆးရံုခန္းထဲဝင္လာေတာ့ ေခါင္းငိုက္စိုက္ခ်လ်က္ သူ႔ကိုေစာင့္ေနတဲ့ ညီမျဖစ္သူကို ေတြ႔ရလို႔ သူ႔ကိုယ္သူသာ အျပစ္တင္မိတယ္။

စုစုေခါင္းကို အသာအယာပြတ္သပ္ၿပီးေနာက္ စိတ္ၿငိမ္ေဆးတိုက္ကာ သက္ျပင္းေမာေတြ တသီႀကီးခ်ရင္းနဲ႔ သူမကိုေက်ာပိုးလ်က္ အိမ္သို႔ျပန္လာခဲ့တယ္။

အိမ္အျပန္လမ္း Taxi ေပၚမွာေတာ့ ခ်ီ႐ႈိ႕ယြမ္ တစ္ေနကုန္ေျပးလႊားေနရလို႔ ေမာဟိုက္ႏြမ္းလ်မႈကို ခံစားေနရတယ္။ အရင္က သူနဲ႔သူ႔ညီမ ဘဝက အလြန္ကိုေအးခ်မ္းခဲ့ၾကကာ ရန္သူရယ္လို႔လည္း မ႐ွိခဲ့။ အခု သူ႔စိတ္ထဲ သံသယဝင္မိသူကိုျပပါဆိုရင္ စြန္းက်ဲယြီနဲ႔ လီ႐ွီခ်င္းပင္။

စြန္းက်ဲယြီက သူ႔ကိုႏႈတ္ပိတ္ေစခ်င္လို႔ လက္႐ွိသူ႔ရာထူးကို အထိခိုက္ခံၿပီး စုစုကို ျပန္ေပးဆြဲတာလား။ ဒါမွမဟုတ္ ေ႐ွာင္းလီနဲ႔သူရဲ႕ ပတ္သက္မႈေၾကာင့္ လီ႐ွီခ်င္းက စုစုကိုပါ ဆြဲထည့္ခ်င္တာလား။ တကယ္သာဆိုရင္ ခ်ီ႐ႈိ႕ယြမ္ ရဲတိုင္လိုက္မယ္ဆို လီ႐ွီခ်င္းအတြက္ ပိုအခက္မေတြ႔ႏိုင္ဘူးလား။

ေတာင္ေတာင္အီအီ ေတြးရင္း စြန္းက်ဲယြီဆီ ဖုန္းေခၚမယ္ၾကံကာ အိတ္ကပ္ထဲက ဖုန္းကို ထုတ္ဖို႔လုပ္ေတာ့မွ ဖုန္းေပ်ာက္ေနမွန္း သတိရမိတယ္။ သူ႔ညီမကို ထိတ္လန္႔ေစမိတဲ့ သူ႔ကိုယ္သူ အျပစ္တင္ေနရင္းက ေ႐ွာင္းလီထံသာ စိတ္ေရာက္သြားျပန္တယ္။ အခုေနဆို ေဘးကင္းေနရဲ႕လား သိခ်င္မိတယ္။

ေ႐ွာင္းလီအေၾကာင္းေတြးမိတာနဲ႔ ခ်ီ႐ႈိ႕ယြမ္ ေသာကတို႔ လိႈက္တက္လာရတယ္။ အခုလို စြန္းက်ဲယြီနဲ႔ လီ႐ွီခ်င္းလို လူမ်ိဳးေတြနဲ႔ရင္ဆိုင္လိုက္ရၿပီးခ်ိန္မွာ ေ႐ွာင္းလီရင္ဆိုင္ေနရတဲ့ အခက္အခဲကေရာ ဘယ္ေလာက္ေတာင္ ဆိုးရြားမလဲ မွန္းဆမၾကည့္ရဲေတာ့။

ကားက အိမ္ေ႐ွ႕ေရာက္ေတာ့ မိုးဖြဲက်စျပဳေနၿပီ။ စုစုကို တြဲကာ အိမ္ေပၚတက္လာခ်ိန္ သူ႔ေခါင္းထဲက ဗ်ာပါဒေတြလည္း လြင့္စင္သြားေခ်ၿပီ။

သူ႔အိမ္မွာ ဟန္က်ားရဲ႕ဖုန္းနံပါတ္႐ွိတာေၾကာင့္ လီ႐ွီခ်င္းလိပ္စာကိုေမးကာ ေ႐ွာင္းလီကို သြား႐ွာရန္ စိတ္မွာ အစီအစဥ္ ခ်လို႔ေနတယ္။

ေလွကားနားက မီးေရာင္ထဲ လူရိပ္ေတြ႔လိုက္လို႔ သံသယစိတ္ျဖင့္ ခ်ီ႐ႈိ႕ယြမ္ ရပ္လိုက္ေသာ္လည္း........

ေ႐ွာင္းလီ

ေ႐ွာင္းလီက သူ႔အိမ္ေ႐ွ႕တံခါးကို မီွကာ ေဆးလိပ္ကို ပါးစပ္မွာခဲရင္း ရပ္ေစာင့္ေနတာကို ျမင္လိုက္ရတယ္။ ခ်ီ႐ႈိ႕ယြမ္ကို ျမင္သြားေတာ့ မ်က္ႏွာထက္ ေႏြးေထြးတဲ့အျပံဳးေလးေပၚလာကာ စိတ္ေအးသြားသလိုအမူအရာကို သိသာစြာေတြ႔လိုက္ရတယ္။

သူ႔ေ႐ွ႕က ႐ွည္လ်ားလ်ားသြင္ျပင္ကို ၾကည့္ၿပီး ခ်ီ႐ႈိ႕ယြမ္ အားကုန္လာရကာ နည္းနည္းမွ မလႈပ္ႏိုင္ေတာ့ေခ်။ ေ႐ွာင္းလီရဲ႕ ေတာက္ပတဲ့မ်က္ႏွာေလးကို အေဝးကေနျမင္ရေတာင္မွ ေစာေစာက ခံစားခဲ့ရတဲ့ ေၾကာက္လန္႔မႈ၊ ခက္ခဲမႈ၊ ေသာကနဲ႔ အျပစ္တင္စိတ္တို႔ ေလထဲ ေပ်ာက္ကြယ္သြားရတယ္။

ထို႔ေနာက္ ခ်ီ႐ႈိ႕ယြမ္ အားယူျပံဳးကာ ဘယ္လိုအခက္ခဲမ်ိဳးၾကံဳေတြ႔ပါေစ ရင္ဆိုင္ႏိုင္ေစေလာက္တဲ့ စြမ္းအားကိုေပးစြမ္းေသာ ထိုလူသားဆီ ဦးတည္ေလ်ွာက္လွမ္းလိုက္ေတာ့တယ္။

---------------------------------------------
T/N
စာလံုးေပါင္း ျပန္မစစ္ထားပါဘူး႐ွင့္။ Update ၾကာသြားရလို႔ ေသြ႔ပုခ်ိေနာ္။ 💓💓💓

**********************************

အပိုင်း ၄၅

Unicode

အစပိုင်းမှာ ဂုတ်နားသာ နာနေသော်ငြား နောက်ပိုင်း နှာခေါင်းထဲသို့ တဖြည်းဖြည်းဝင်လာတဲ့ရေတို့ကြောင့် အသက်ရှုကြပ်ကာ ချောင်းထဆိုးမိတယ်။

အခန်းထဲတွင် မီးရောင်က မှိန်ပျပျသာ။ ရှောင်းလီ အခုထိမျက်လုံးမဖွင့်နိုင်သေးသော်လည်း ဘေးနားရှိ ရင်းနှီးနေသော အသံကိုတော့ဖြင့် ကြားနေရတယ်။

" ကျွန်တော် ပြောသားပဲ။ သူ သုံးစက္ကန့်အတွင်းနိုးလာမှာပါလို့။ "

ယန်မင်ရဲ့ ဂုဏ်ဆာနေသော အသံ။

" သူ့ခန္ဓာကိုယ် ဘာထိခိုက်မှုမှ မရှိတာ သေချာလား။ "

လီရှီချင်း အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။

" ချန်းဝူကို ဖုန်းထပ်ဆက်ပြီး မေးလိုက်ဦး။ "

ယန်မင် တောက်ခေါက်ရင်း

" စိုးရိမ်တတ်တာကတော့ အရင်အတိုင်းပဲ။ "

အခန်းထဲကနေ ထွက်သွားတဲ့ ခြေသံတွေ တိတ်သွားပြီးနောက်မှာ ယန်မင်တစ်ယောက် ဖုန်းခေါ်နေပုံရတယ်။
ရှောင်းလီ မျက်လုံးဖွင့်ကာ အခန်းတစ်ပတ်ဝေ့ကြည့်လိုက်တော့ လီရှီချင်းရဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်ရောက်နေတယ်ဆိုတာ သူ့ကိုယ်သူ သတိပြုမိတယ်။

တိုင်ကပ်နာရီက ည ရှစ်နာရီဆိုတာကို ညွှန်ပြလျက်။

ရှောင်းလီ အားပြုကာ ထထိုင်ဖို့ကြိုးစားကြည့်သော်လည်း အချည်းနှီးသာ။ သူ့ခန္ဓာကိုယ်က အခုထိ အားမရှိသေး။ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို နာကျင်လို့နေတယ်။
ရုတ်တရက် သူ့မြင်ကွင်းကို အရိပ်တစ်ခုက ကွယ်လာတာကြောင့် မော့ကြည့်လိုက်တော့ လီရှီချင်းက ကိုယ်ကိုကိုင်းကာ သူ့အခြေအနေကို လာအကဲခတ်နေတာကို မြင်လိုက်ရတယ်။ မျက်နှာထက်ဝယ် အမျိုးအမည်ပြောလို့မရတဲ့ အမူအရာနဲ့။

" ချင်းရယ် "

ရှောင်းလီ ထိုလူရဲ့ချုပ်ကိုင်ထားမှုအောက်က လွတ်မြောက်အောင် အားတင်းကာ ကိုယ်ကို ဘေးဘက်ဆီ ရွှေ့လိုက်မိတယ်။

လီရှီချင်းက သူ့မေးစေ့ကို ကိုင်ကာ မျက်နှာကို ဆွဲလှည့်လိုက်ပြီး မထင်မှတ်ရလောက်အောင် တည်ငြိမ်နေတဲ့လေသံနဲ့

" ကျေးဇူးတင်ကြောင်းတောင် မပြောတော့ဘူးလား။ "

" ကျွန်တော့်ကို ကယ်ထုတ်လာခဲ့ပေးလို့.... ချင်းရယ်ကို ကျေးဇူးတင်ပါတယ်။ "

ပါးစပ်က ကျေးဇူးတင်စကားဆိုနေသော်ငြား ကိုယ်ကတော့ လီရှီချင်းနဲ့ အတတ်နိုင်ဆုံး ဝေးအောင် ဘေးကို ရွှေ့နေမိတယ်။

" ဒါပေမယ့် ကျွန်တော် နားမလည်...... "

" ငါကတော့ အရမ်းနားလည်တယ်။ "

လီရှီချင်းက သူ့လက်ကို ပြန်ရုတ်ကာ လေသံမပြောင်းလဲစွာနဲ့ဆက်ပြောတယ်။

" လုဝူ ပိုင်နက်ထဲကို ဆေးသယ်သွားတယ်။ လင်းကျီဆီက ဆေးရပြီးတော့ လက်စမဖျောက်ပဲ ဒီအတိုင်းထားတယ်။ မင်းကို ငါသိလာတာ ဘယ်နှနှစ်ရှိနေပြီလို့ ထင်လဲ။ "

" ချင်းရယ်၊ ကျွန်တော် တကယ်...... "

ရှောင်းလီ စကားမဆုံးခင်မှာပဲ လီရှီချင်းက သူ့နားကို တစ်ဖန်ကပ်လာပြန်တယ်။ ထိုလူရဲ့ ဝင်သက်ထွက်သက်က သူ့မျက်နှာကို လာရိုက်ခတ်နေချိန် သူကတော့ မျက်လုံးစုံမှိတ်လို့ ပါးစပ်ပိတ်နေမိတယ်။

" မင်း ငါ့ကို အပြစ်မြင်နေလား။ "

ရှောင်းလီ သံသယမျက်ဝန်းတို့ဖြင့် ကြည့်နေလိုက်တယ်။

" ငါ့ကို အမြဲနာခံပြီး ဘယ်တော့မှ သစ္စာမဖောက်ပါဘူးလို့ မင်းကတိပေးခဲ့တယ်။ ဒါပေမယ့် ထွက်မသွားပါဘူးလို့တော့ မင်း မပြောခဲ့ဖူးဘူး။ မင်းညီ တခြားနယ်မှာ တက္ကသိုလ်သွားတက်တော့ အဲ့ဒါကိုအကြောင်းပြပြီး မင်းထွက်သွားမယ်လို့ ငါထင်ခဲ့ဖူးတယ်။ ငါ အချိန်အကြာကြီး သတိတွေ ထားနေခဲ့ပေမယ့် မင်းဘက်က ဘာမှ လှုပ်ရှားမှုမရှိခဲ့ဘူး။ နောက် သူ နိုင်ငံခြားထွက်သွားတဲ့အချိန်မှာလည်း မငိးဂိုဏ်းက ထွက်သွားမယ်လို့ ငါထင်လိုက်သေးတယ်။ ဒါပေမယ့် အဲ့အချိန်မှာပဲ မင်းက ငါ့ကို အရှေ့ပိုင်းနယ်တစ်ခွင်မှာ အာဏာရလာအောင် ကူညီပေးခဲ့ပြန်တယ်။ ငါနားမလည်ဘူး... ဘာလို့ အခုလဲ။ မင်းဂိုဏ်းကနေ ထွက်ရအောင် ငါ့ဘေးက ထွက်သွားရအောင် ဘာတွေများဖြစ်ခဲ့သလဲ။ "

ရှောင်းလီကတော့ တိတ်ဆိတ်နေဆဲ။

" မင်း ငါ့ကို အပြစ်မြင်နေလား။ လုဝူပိုင်နက်ထဲကနေ မင်းညီကို ကယ်မပေးတာကို အပြစ်တင်ချင်တာလား။ ဟန်ကျားကို လုဝူလက် အပ်ပြီး စီးပွားရေး အလဲအလှယ်လုပ်တာအတွက် အပြစ်တင်ချင်တာလား။ "

ထို့နောက် လီရှီချင်းက ရုတ်တရက် ထရယ်ကာ

" မင်း လုဝူပိုင်နက်ထဲ အသက်နဲ့ရင်းပြီး ပြေးသွားတာ မဆန်းပါဘူးလေ။ မင်းက လည်သားပဲ။ အရင်နှစ်ခါလိုပဲ ဖြစ်မယ်လို့ မင်းထင်နေတာမဟုတ်လား။ ငါ့နောက်ကျောကို ဓားနဲ့ထိုးမယ့် သတင်းအချက်အလက်တွေနဲ့ အလဲအလှယ်လုပ်ပြီး လုဝူဆီကနေ မင်းကို ပြန်ခေါ်မယ်လို့ မထင်ထားဘူး မဟုတ်လား။ "

ဒါကိုကြားတော့မှ ရှောင်းလီက

" ချင်းရယ် အတွေးများနေပြီ။ "

" မင်းငါ့ကို လိမ်စရာမလိုပါဘူး။ မင်း ဟန်ကျားကို သွားကယ်တုန်းက အသက်တောင်စွန့်ထားခဲ့တာပဲဟာ။ ငါ့ကို အပြစ်မမြင်ပဲ ဘယ်နေမှာလဲ။ ဒါပေမယ့် ငါ့အနေအထားကိုလည်း မင်းနားလည်သင့်တယ်။ အလုပ်ကြီးအကိုင်ကြီးလုပ်နေချိန်မှာ အသေးအဖွဲတွေ ဝင်နှောက်ခံလို့မရဘူးလေ။ လုဝူကို အာခံလို့ ဂိုဏ်းအတွက် ဘာကောင်းတာမှ မရှိဘူး။ ဒါပေမယ့်လည်း.... "

လီရှီချင်း လက်ဆန့်ကာ ရှောင်းလီမျက်နှာပေါ်က အမာရွတ်ကို ထိရင်း

" မင်းကတော့ မတူဘူးပေါ့။ "

လီရှီချင်း မျက်ဝန်းထဲက အမှောင်ရိပ်တို့က ရှောင်းလီကို ကြောက်ရွံ့လာစေကာ ပြန်တွန်းလှန်ဖို့ ခွန်အားတို့ကို ရုတ်လျော့စေတယ်။

စောစောကထက်စာရင် အားနည်းနည်းပြန်ပြည့်လာပြီဆိုပေမယ့် လီရှီချင်းကို ဘယ်လိုမှ ပြန်မခုခံနိုင်။ အံကြိတ်ပြီး တင်းခံရုံသာ။

ဒါကိုသိတဲ့ လီရှီချင်းက မဲ့ပြုံးပြုံးတယ်။ ရှောင်းလီရဲ့ ပါးနှစ်ဖက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ကာ နှုတ်ခမ်းလွှာတို့ပွင့်ဟ လာစေရန် နာကျင်အောင်ကိုက်ပြီး လျှာဖြင့်တိုးဝင်တယ်။
အတွေ့အကြုံများတဲ့ လီရှီချင်းတစ်ယောက် အခုတော့ စိတ်လှုပ်ရှားလို့နေတယ်။ လီရှီချင်းရဲ့လျှာက ရှောင်းလီ ပါးစပ်ထဲ မွှေနောက်လို့နေကာ မလွတ်မြောက်နိုင်တဲ့အဆုံး မျက်မှောင်သာ တင်းနေအောင် ကြုံ့ထားလိုက်တယ်။

တစ်ယောက်က ရုန်းကန်လျက် တစ်ယောက်က ဖိအားပေးလျက်နဲ့ လုံးထွေးနေစဉ် နောက်ကနေ ချောင်းဟန့်သံထွက်ပေါ်လာတယ်။

လီရှီချင်း စိတ်အလိုမကျစွာ ခေါင်းမော့ကြည့်တော့ တံခါးဘေးမှာ ဖုန်းကိုမြှောက်ပြနေတဲ့ ယန်မင်ကိုတွေ့ရတယ်။

" ကျွန်တော် တမင်လာနှောက်ယှက်တာ မဟုတ်ဘူးနော် ဦးလေး။ လုဝူက သူ့လူတွေသုံးပြီး ရှောင်းလီလွတ်အောင် လုပ်ပေးထားရတာကို တန်ရာတန်ကြေး ပြန်လိုချင်နေပြီတဲ့။ "

လီရှီချင်းက ရှောင်းလီကိုကြည့်ကာ

" မင်းအတွက်နဲ့ ဒီပိုင်နက်ကို လုဝူဆီပေးလိုက်ရတယ်ဆိုတာကို မမေ့တာ အကောင်းဆုံးပဲ။ "

ယန်မင်ရဲ့အကြည့်တွေကိုတောင် ရှောင်မနေတော့ပဲ ရှောင်းလီရဲ့ နှုတ်ခမ်းတို့ကို ခပ်ဖွဖွကိုက်ရင်း

" ငါ တခြားမြို့ကနေပြန်ရောက်တာနဲ့ မင်းဒီကိုပြောင်းလာခဲ့တော့။ "

သူပြောချင်တာပြောပြီးတာနဲ့ အခန်းထဲကနေ ထွက်သွားတယ်။ ယန်မင်လည်း အနောက်ကနေ အတူလိုက်ထွက်မလို့လုပ်ပေမယ့် လီရှီချင်းက လက်ခါပြကာ

" မင်း ဒီမှာ ရှောင်းလီနဲ့နေခဲ့။ သူ့ကို ထွက်မပြေးစေနဲ့။ "

ယန်မင် လီရှီချင်းကို အခန်းဝထိ လိုက်ပို့ နှုတ်ဆက်ဖို့ထွက်သွားချိန် ရှောင်းလီလည်း အားယူကာ ဆိုဖာပေါ်ထထိုင်တယ်။ ထို့နောက် ရွံရှာလေဟန်ဖြင့် လက်ခုံနဲ့ သူ့နှုတ်ခမ်းတို့ကို သုတ်ပစ်လိုက်သော်လည်း မလုံလောက်သေးသလိုခံစားရတာကြောင့် ထဆေးဖို့ပြင်တယ်။ ထိုအချိန် ယန်မင်က အခန်းထဲပြန်ဝင်လာတာနဲ့ ကြုံတယ်။

ယန်မင်က တံခါးဝရှိ အပင်ဘေးမှာရပ်ရင်း စီးကရက်တစ်လိပ်ကိုခဲကာ ဘာလုပ်မလို့လဲ ဟူသော အမူအရာနဲ့ကြည့်တယ်။

ရှောင်းလီ ခေါင်းခါပြတော့ မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာ လီရှီချင်းလို ယုံကြည်မှုလွန်ကဲနေတဲ့အမူအရာနဲ့ လာထိုင်တယ်။

" ငါနဲ့သာလက်တွဲမယ်ဆို မင်းဒီလို ဒေါသထွက်ခံရမှာမဟုတ်ဘူး။ "

ရှောင်းလီကတော့ သစ်သားတုံးလို မလှုပ်မယှက်ဖြင့်သာ။

" ကံဆိုးတဲ့ ငါ့ဦးလေးကတော့ မင်းဂိုဏ်းကနေထွက်ချင်လွန်းလို့ သေအောင်လို့ တခြားနယ်မြေထဲ သွားတယ်လို့ ထင်နေတုန်းပဲ။ အမှန်တရားကို ပြောပြရင်တောင် သူကတော့ ယုံမယ်မထင်ဘူး။ "

" တခြားပြောစရာမရှိရင် ငါပြန်တော့မယ်။ "

" သဘောပဲ။ ငါ့ဦးလေး ပြန်ရောက်တဲ့အချိန် မင်း ဒီမြို့ထဲမှာ ရှိနေရင် ရပြီ။ သူပြန်ရောက်တဲ့အချိန် မင်းမျိုးရိုးနာမည်က သူနဲ့တူသွားမှာ စိုးပါရဲ့ကွာ အဟားဟားဟား.... ။ "

ရှောင်းလီ ခွန်းတုံ့ပြန်မနေတော့ပဲ အေးစက်စက်အမူအရာနဲ့ အခန်းထဲကသာ ထွက်လာလိုက်တယ်။ အခန်းပြင်ရောက်ခါမှ အထဲက ယန်မင်ရဲ့ အော်ပြောတဲ့စကားကို ကြားလိုက်ရသေးတယ်။

" မင်း ငါနဲ့လက်မတွဲချင်ဘူးဆိုလည်း ပါးစပ်တော့ သတိထားနော်။ တစ်ခုခုပြောမယ်ဆို ပြောသင့် မပြောသင့် ချင့်ချိန်ဦး။ မင်းညီကပစ်မှတ်ထားရလွယ်တာမင်းသိပါတယ်။ "

ရှောင်းလီ နှုတ်ခမ်းတင်းတင်းစေ့လို့ လီရှီချင်းရဲ့ ဗီလာကနေ ထွက်လာတယ်။

အပြင်ဘက်မှာတော့ မှုန်မှိုင်းနေကာ မိုးတိမ်မည်းတို့ လွှမ်းခြုံလျက်ရှိတယ်။

ရှောင်းလီ အင်္ကျီအိတ်ထဲက ဖုန်းကိုထုတ်ပြီး သူ့စိတ်ထဲမှာပေါ်လာတဲ့ တစ်ခုတည်းသော နာမည်ကို ရေရွတ်ကာ ထိုလူဆီ ဖုန်းခေါ်လိုက်တယ်။

" ချီရှို့ယွမ် "

ဖုန်းသံရပ်သွားသော်လည်းတစ်ဖက်က မကိုင်။

" ဖုန်းကိုင်စမ်းပါ...... ဖုန်းကိုင်ပါ။ "

ချီရှို့ယွမ် စုစုဆီကနေ ဖုန်းလာပြီးတာနဲ့ ဖုန်းကို ဘယ်နားထားခဲ့မိမှန်းမသိတော့။ သူရောက်သွားတော့ အများသုံးဖုန်းရုံထဲမှာ ဘယ်သူမရှိနေတာကြောင့် အလွန်အမင်း ထိတ်လန့်သွားရကာ Taxi ထဲကနေ ပြေးထွက်လာမိတယ်။
လမ်းမှာ လူသိပ်မရှိ။ ဘေးက ဖြတ်သွားတဲ့ လမ်းသွားလမ်းလာနှစ်ယောက်ကို စုစုအားတွေ့မိသေးလားဟု မေးကြည့်သော်လည်း ခေါင်းသာခါပြကြတယ်။

အချိန်အတော်ကြာတဲ့အထိ ဟိုဟိုဒီဒီ လိုက်ရှာနေရင်း လမ်းကြားလေးတစ်ခုထဲရောက်မှ စုစုရဲ့အရိပ်အယောင်ကို မြင်လိုက်ရတယ်။ လမ်းဘေးမှာရပ်ထားတဲ့ ကားအနက်ရောင်ထဲမှ လူတစ်ယောက်ကို သူမအတင်းဆွဲကာ ကားထဲသွင်းဖို့ကြိုးစားနေတာကို ရုန်းကန်နေပုံရတယ်။

" စုစု!"

ချီရှို့ယွမ် အသံကျယ်ကျယ်နဲ့ အော်ကာ ပြေးသွားတော့ ကားထဲကလူက စုစုလက်ကို လွှတ်ချလိုက်တာမို့ မြေပေါ် ဖင်ထိုင်ရက်လဲကျသွားရတယ်။ ချီရှို့ယွမ် စုစုနားရောက်တော့ ကားကမောင်းပြေးသွားချေပြီ။

ကားနောက်မလိုက်နိုင်တော့တာကြောင့် မြေပေါ်မှာ လဲကျနေတဲ့ စုစုကိုသာ ဖေးမကာ မတ်တပ်ရပ်ဖို့ ကူပေးလိုက်တယ်။ ရုတ်တရက် ထိတ်လန့်ဖွယ်ရာကို ကြုံတွေ့လိုက်ရတာကြောင့် သူမမျက်နှာက သွေးဆုတ်ဖြူရော်လျက်ရှိတယ်။

စုစုကို တွဲလျက် လျှောက်လာရင်း လူများတဲ့လမ်းပေါ် ရောက်မှ Taxiငှါးကာ ဆေးရုံကို တန်းသွားလိုက်တယ်။

လမ်းတစ်လျောက် စုစုကတော့ မျက်လုံးကြေညက်လျက်သားဖြစ်လို့နေကာ ကြောက်လန့်နေပြီး သူမအစ်ကိုရဲ့ အင်္ကျီစကိုသာ တင်းနေအောင် ဆုပ်ကိုင်ထားတယ်။ ဘာတွေဖြစ်သွားသလဲလို့ ချီရှို့ယွမ်မေးတာတောင် ပြန်မဖြေနိုင်။
ဆေးရုံရောက်ချိန်မှာတော့ စုစု စိတ်နည်းနည်းသက်သာလာပုံရတယ်။ စစ်ဆေးစမ်းသပ်မှုတွေ လုပ်အပြီး ဆရာဝန်က သူမဟာ အကြောက်လွန်သွားတာဖြစ်ပြီး အချိန်တစ်ခုလောက်ထိ ဂရုစိုက်ပေးဖို့လိုကြောင်း ပြောတယ်။

ဆရာဝန် အမှာစကားတို့ကို ဂရုတစိုက်နားထောင်ပြီးနောက် ဆေးရုံခန်းထဲဝင်လာတော့ ခေါင်းငိုက်စိုက်ချလျက် သူ့ကိုစောင့်နေတဲ့ ညီမဖြစ်သူကို တွေ့ရလို့ သူ့ကိုယ်သူသာ အပြစ်တင်မိတယ်။

စုစုခေါင်းကို အသာအယာပွတ်သပ်ပြီးနောက် စိတ်ငြိမ်ဆေးတိုက်ကာ သက်ပြင်းမောတွေ တသီကြီးချရင်းနဲ့ သူမကိုကျောပိုးလျက် အိမ်သို့ပြန်လာခဲ့တယ်။

အိမ်အပြန်လမ်း Taxi ပေါ်မှာတော့ ချီရှို့ယွမ် တစ်နေကုန်ပြေးလွှားနေရလို့ မောဟိုက်နွမ်းလျမှုကို ခံစားနေရတယ်။ အရင်က သူနဲ့သူ့ညီမ ဘဝက အလွန်ကိုအေးချမ်းခဲ့ကြကာ ရန်သူရယ်လို့လည်း မရှိခဲ့။ အခု သူ့စိတ်ထဲ သံသယဝင်မိသူကိုပြပါဆိုရင် စွန်းကျဲယွီနဲ့ လီရှီချင်းပင်။

စွန်းကျဲယွီက သူ့ကိုနှုတ်ပိတ်စေချင်လို့ လက်ရှိသူ့ရာထူးကို အထိခိုက်ခံပြီး စုစုကို ပြန်ပေးဆွဲတာလား။ ဒါမှမဟုတ် ရှောင်းလီနဲ့သူရဲ့ ပတ်သက်မှုကြောင့် လီရှီချင်းက စုစုကိုပါ ဆွဲထည့်ချင်တာလား။ တကယ်သာဆိုရင် ချီရှို့ယွမ် ရဲတိုင်လိုက်မယ်ဆို လီရှီချင်းအတွက် ပိုအခက်မတွေ့နိုင်ဘူးလား။

တောင်တောင်အီအီ တွေးရင်း စွန်းကျဲယွီဆီ ဖုန်းခေါ်မယ်ကြံကာ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ဖို့လုပ်တော့မှ ဖုန်းပျောက်နေမှန်း သတိရမိတယ်။ သူ့ညီမကို ထိတ်လန့်စေမိတဲ့ သူ့ကိုယ်သူ အပြစ်တင်နေရင်းက ရှောင်းလီထံသာ စိတ်ရောက်သွားပြန်တယ်။ အခုနေဆို ဘေးကင်းနေရဲ့လား သိချင်မိတယ်။

ရှောင်းလီအကြောင်းတွေးမိတာနဲ့ ချီရှို့ယွမ် သောကတို့ လှိုက်တက်လာရတယ်။ အခုလို စွန်းကျဲယွီနဲ့ လီရှီချင်းလို လူမျိုးတွေနဲ့ရင်ဆိုင်လိုက်ရပြီးချိန်မှာ ရှောင်းလီရင်ဆိုင်နေရတဲ့ အခက်အခဲကရော ဘယ်လောက်တောင် ဆိုးရွားမလဲ မှန်းဆမကြည့်ရဲတော့။

ကားက အိမ်ရှေ့ရောက်တော့ မိုးဖွဲကျစပြုနေပြီ။ စုစုကို တွဲကာ အိမ်ပေါ်တက်လာချိန် သူ့ခေါင်းထဲက ဗျာပါဒတွေလည်း လွင့်စင်သွားချေပြီ။

သူ့အိမ်မှာ ဟန်ကျားရဲ့ဖုန်းနံပါတ်ရှိတာကြောင့် လီရှီချင်းလိပ်စာကိုမေးကာ ရှောင်းလီကို သွားရှာရန် စိတ်မှာ အစီအစဉ် ချလို့နေတယ်။

လှေကားနားက မီးရောင်ထဲ လူရိပ်တွေ့လိုက်လို့ သံသယစိတ်ဖြင့် ချီရှို့ယွမ် ရပ်လိုက်သော်လည်း........

ရှောင်းလီ

ရှောင်းလီက သူ့အိမ်ရှေ့တံခါးကို မှီကာ ဆေးလိပ်ကို ပါးစပ်မှာခဲရင်း ရပ်စောင့်နေတာကို မြင်လိုက်ရတယ်။ ချီရှို့ယွမ်ကို မြင်သွားတော့ မျက်နှာထက် နွေးထွေးတဲ့အပြုံးလေးပေါ်လာကာ စိတ်အေးသွားသလိုအမူအရာကို သိသာစွာတွေ့လိုက်ရတယ်။

သူ့ရှေ့က ရှည်လျားလျားသွင်ပြင်ကို ကြည့်ပြီး ချီရှို့ယွမ် အားကုန်လာရကာ နည်းနည်းမှ မလှုပ်နိုင်တော့ချေ။ ရှောင်းလီရဲ့ တောက်ပတဲ့မျက်နှာလေးကို အဝေးကနေမြင်ရတောင်မှ စောစောက ခံစားခဲ့ရတဲ့ ကြောက်လန့်မှု၊ ခက်ခဲမှု၊ သောကနဲ့ အပြစ်တင်စိတ်တို့ လေထဲ ပျောက်ကွယ်သွားရတယ်။

ထို့နောက် ချီရှို့ယွမ် အားယူပြုံးကာ ဘယ်လိုအခက်ခဲမျိုးကြုံတွေ့ပါစေ ရင်ဆိုင်နိုင်စေလောက်တဲ့ စွမ်းအားကိုပေးစွမ်းသော ထိုလူသားဆီ ဦးတည်လျှောက်လှမ်းလိုက်တော့တယ်။

---------------------------------------------
T/N
စာလုံးပေါင်း ပြန်မစစ်ထားပါဘူးရှင့်။ Update ကြာသွားရလို့ သွေ့ပုချိနော်။ 💓💓💓

Continue Reading

You'll Also Like

436K 10.5K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
289K 16.7K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
46.1K 7.8K 112
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...